Ch 10
Viewers 8k

🥬 Chapter 10

🥬 The Unscrupulous Tea Merchant (2)




အကယ်၍ ၎င်းတို့ အခြားသီးနှံများကိုဝယ်ပါက စုလင် စိတ်ထဲ ရှိမည်မဟုတ်သော်လည်း လက်ဖက်ဖြစ်နေသည်။ သူ အနည်း ငယ်ပြုံးလိုက်ပြီး ဗိုက်ပူနေသော ချီယွဲ့ အားကြည့်ကာပြောလိုက်သည်။


"ကျွန်တော် မှတ်မိတာမှန်ရင် ခင်ဗျား ခုနကပြောသွားတဲ့ သာ မန်အရည်အသွေးရှိတဲ့ ယွီလုလက်ဖက်ရဲ့ဈေးကွက်ပေါက် ဈေးက တစ်ကတ်တီကို ယွမ် ၃၀၀၀ ကျော် မဟုတ်ဘူးလား ? ဒီနှစ်အစောပိုင်းက ကျွန်တော့်မိသားစုက ပရီမီယံတစ်ဗူးဝယ်ခဲ့တာ၊ ယွမ် ၁၀၀၀၀ ကျော်ကျတယ်၊ အရသာကတော့ ကောင်းပါတယ်"


သူ ပြောသည်ကိုကြားသောအခါ ချီယွဲ့သည် ၎င်းမျက်နှာပေါ်ရှိ အပြုံးကို မနည်းထိန်းထားလိုက်ရသည်။ 


"စု... သခင်လေးစုက လက်ဖက်ခြောက်အ‌ကြောင်း နားလည်တာလား ?"


စုလင် ခေါင်းညိတ်လိုက်သည်။ 


"ကျွန်တော်က လက်ဖက်တော့မစိုက်တတ်ဘူး၊ ဒါပေမဲ့ လက် ဖက်အရသာခံစားတာတော့ အဆင်ပြေတယ်၊ ကျွန်တော့် မိသားစုထဲက လူကြီးတွေက လက်ဖက်ရည်အရမ်းကြိုက်တော့ ကျွန်တော်လည်း ဆယ်နှစ်ကျော်လောက် သောက်လာခဲ့တာ၊ အနံ့၊ အရသာနဲ့ အရောင်ကိုကြည့်ပြီး လက်ဖက်ရဲ့အရည် အသွေးကိုခွဲခြားနိုင်ပါတယ်"


အမှန်တော့ စုလင်ကိုယ်တိုင် လက်ဖက်ကိုစိတ်ဝင်စားသည်။

သူသည် လက်ဖက်အရည်အသွေးအား အရမ်းရွေးချယ်တတ် သည်။ ပရီမီယံမှလွဲ၍ တခြားမသောက်တတ်ပေ။ ကံကောင်းစွာဖြင့် သူသည် ယွီလုလက်ဖက်ရည်အား မကြာခဏသောက်ဖူးပြီး ၎င်း၏ဈေးနှုန်းကိုကောင်းကောင်းသိသည်။


ဟွမ်ရှင်းနှင့် ကျန်းကျုံး တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ၊ ဒီနေ့ကိစ္စ မလွယ်တော့မှန်း သိလိုက်ကြသည်။ ၎င်းတို့သည် အရာအားလုံးတွက်ချက်ခဲ့သော်လည်း ဖိုးဖိုးစုမြေးသည် လက်ဖက်ရည်အရသာခံစားရာတွင် ကျွမ်းကျင်သူ ဖြစ်မှန်းမသိခဲ့ကြပေ!


ချီယွဲ့ ဖုံးကွယ်လိုဟန်ဖြင့် ချောင်းဟန့်လိုက်ပြီး- "လက်ဖက်‌ေခြာက်ဈေးနှုန်းက အချိန်နဲ့အမျှ အတက်အကျရှိတယ်။ လတိုင်းမတူဘူး၊ နှစ်အစပိုင်းမှာ လက်ဆောင်ပေးတာများတော့ ဈေးနှုန်းမြင့်တာက ပုံမှန်ပါပဲ၊ အခုဧပြီလဆိုတော့ ဈေးကျနေပါပြီ"


ကျန်းကျုံး ဆက်ပြောလာသည်- "ပြီးခဲ့တဲ့လနဲ့ ဒီလရဲ့ကွာခြားချက်က ယွမ်ဆယ်ဂဏန်းလောက်ပဲရှိတာပါ"


ဟွမ်ရှင်း လက်များကို ပွတ်သပ်ပြီးပြောလာသည်။


"လက်ဖက်ခူးတာနဲ့ လုပ်ဖို့လည်းအချိန်ယူရသေးတယ်။ ဈေး ကွက်ထဲရောက်ဖို့က ဇွန်လ၊ ဇူလိုင်လလောက်မှရောက်မှာ အဲဒီအချိန်ကျရင် ဈေးက ပိုတောင်ကျသွားဦးမယ်"


ရွာလူကြီးကျင်း နှာခေါင်းရှုံ့လိုက်သည်- "ဘယ်လောက်ပဲ ကျကျ၊ ကုန်ကျစရိတ်အောက်တော့ မကျသင့်ဘူး မဟုတ်လား ? သခင်ကြီးစု သတ်မှတ်ထားတဲ့ဈေးနှုန်းက အသင့်တင့်ရှိပြီးသား၊ လက်ဖက်စိမ်းတစ်ကတ်တီကို ယွမ် ၅၀ ပဲရောင်းတာ ခင်ဗျားတို့ ဘယ်လောက်အမြတ်ရလဲဆိုတာ ကိုယ့်ဘာသာ တွက်ကြည့်လိုက်ကြဦး"


ချီယွဲ့သည် စိုးရိမ်စွာပြောလိုက်သည်- 


"ရွာလူကြီး၊ ကုန်ကျစရိတ်က အဲ့လိုတွက်ရတာမဟုတ်ဘူး!လက်ဖက်ခြောက်တစ်ကတ်တီထွက်ဖို့ လက်ဖက်စိမ်းလေးကတ်တီ ဒါမှမဟုတ် ငါးကတ်တီလိုတယ်၊ ရေဓာတ်များရင် ပိုပြီးတောင်လိုသေးတယ်၊ အလုပ်သမားခ၊ သယ်ယူပို့ဆောင်ခ၊ ထုပ်ပိုးမှုစရိတ်၊ ကြော်ငြာခ အဲ့တာတွေပါထည့်တွက်ရင် ကုန်ကျစရိတ်ကမြင့်မှာပဲ၊ နိမ့်မှာ မဟုတ်ဘူး"


ရွာလူကြီးကျင်းမှ "ရှောင်စု ခုနကပြောတာ မကြားဘူးလား ? သာမန်အရည်အသွေးတောင် တစ်ကတ်တီကို ယွမ် ၃၀၀၀ ကျော်ရတယ်၊ ဒါဆို ခင်ဗျားတို့ ယွမ် ၁၀၀၀ ကုန်ကျရင်တောင် ယွမ် ၂၀၀၀ ကျော်အမြတ်ရနေပြီ မဟုတ်ဖူးလား ? ဒါ့အပြင် ငါတို့ ဖီးနစ်တောင်က ယွီလုလက်ဖက်ရဲ့အရည်အသွေးက ပထမတန်းစားအထက်မှာရှိပြီးသား၊ အဲ့လိုဆို မင်းတို့ရောင်းဈေးက ပိုမြင့်မှာ‌ပေါ့ အဲ့လိုဆို ပိုအမြတ်များများရနေမဟုတ်ဖူးလား!"


"မဟုတ်ဘူး" ချီယွဲ့သည် မချိပြုံးပြုံးလိုက်သည်- ရွာလူကြီးကျင်း၊ ခင်ဗျားက ဈေးကွက်ကိုနားမလည်တော့... သဘော ပေါက်ဦးမှာ မဟုတ်ဘူး..."


"ဘာလို့ ငါ နားမလည်ရမှာလဲ" 


ရွာလူကြီးကျင်းသည် စိုက်ကြည့်ပြီး သူ့မုတ်ဆိတ်အားမှုတ်ထုတ်လိုက်သည်။ 


"သခင်ကြီးစု မသေခင် လက်ဖက်စိမ်းတစ်ပိဿာကို ယွမ် ၁၀၀ နဲ့ပေးဖို့ ငါ့ကို လွှဲထားခဲ့တယ်၊ အဲဒီဈေးအောက် ငါတို့ မရောင်းနိုင်ဘူး!"


၎င်းတို့ ရန်ဖြစ်တော့မလို ဖြစ်နေသည်ကိုမြင်သောအခါ စုလင်သည် သူ့အင်္ကျီအိတ်ထဲမှ ဖုန်းကိုထုတ်လိုက်ပြီး အလျင်စလို မဟုတ်ဘဲ အကြံပြုလိုက်သည်- "ကျွန်တော့်မှာ လက်ဖက်လုပ် ငန်းလုပ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ ကျွန်တော် သူ့ကို ဖုန်းဆက်ပြီး မေးကြည့်လိုက်မယ်"


ကျန်းကျုံး ချီယွဲ့အင်္ကျီထောင့်စကိုခိုးဆွဲပြီး မျက်စပစ်ပြလိုက်သည်။


ချီယွဲ့ အံကြိတ်ကာပြောလိုက်ရသည်- "ရှစ်ဆယ်! ယွမ် ၈၀ တစ်ကတ်တီနဲ့ ကျွန်တော်တို့ ယူမယ်!"


ကျန်းကျုံး ထောက်ခံသည်- "ရှီးရှီရွာရဲ့ လမ်းတွေက သွားရတာမလွယ်ဘူး၊ ကားကြီးတွေ ဝင်လို့မရဘူး၊ ကျွန်တော်တို့ နှစ်တိုင်း လက်နဲ့သယ်ရတဲ့အတွက် သယ်ယူစရိတ်အများကြီးကုန် တယ်"


စုလင် ဖုန်းချလိုက်ပြီး ရွာလူကြီးအား မေးလိုက်သည်- "ဖိုးဖိုးကြီးနဲ့ သူတို့ကြား စာချုပ်ရှိလား"


"ရှိတယ်" 


ရွာလူကြီးကျင်းသည် စားပွဲအံဆွဲထဲမှ စာရွက်တစ်ထပ်ကို ထုတ်ယူ၍ စုလင်အားပေးလိုက်သည်။ 


"ရှီးရှီရွာကနေ မြို့ကိုသွားတဲ့လမ်းက တကယ်ခက်ခဲတယ်၊ ဒါပေမယ့် သခင်ကြီးစု သတ်မှတ်ထားတဲ့ ဈေးနှုန်းထဲမှာ သယ် ယူပို့ဆောင်ခတွေမပါဘူး"


စုလင်သည် စာချုပ်ကိုယူ၍အမြန် ဖတ်ရှုလိုက်ရာ ဈေးနှုန်းထဲ ရွာပြင်အထိ သယ်ပို့ခမပါသည်ကိုတွေ့လိုက်ရသည်။ သို့ဖြစ်ရာ ဈေးနှုန်းတိုးမြှင့်ရန် အခွင့်အလမ်းရှိရာ ပိုဈေးတင်ပြီးရောင်းချရပေမည်။


စာချုပ်ကိုချထားလိုက်ပြီးနောက် စုလင် သက်လတ်ပိုင်း  ဦးလေးကြီး သုံးဦးကိုကြည့်၍ နှစ်လိုဖွယ်အပြုံးဖြင့်ပြောလိုက်သည်။ 


"ကျွန်တော့်အမြင်အရတော့ လက်ဖက်စိုတစ်ကတ်တီကို ယွမ်တစ်ရာဆိုတာ အရမ်းဈေးပေါတယ်၊ ယွမ်နှစ်ရာကတော့အရမ်းဈေးမကြီးဘူး၊ ဦးလေးတို့က ကျွန်တော့်အဘိုးနဲ့ ရေရှည်လက်တွဲဖော်တွေဆိုတော့ ကျွန်တော်ကပဲ မျက်နှာ သာပေးတဲ့အနေနဲ့ တစ်ကတ်တီကို ယွမ်တစ်ရာ့ရှစ်ဆယ်နဲ့ရောင်းချပေးမယ်၊ အဲ့ထဲမှာ ရွာပြင်အထိ သယ်ပို့စရိတ်လည်းပါတယ်၊ ဘယ်လို သဘောရလဲ"


ယွမ်တစ်ရာ့ရှစ်ဆယ် ?


ဈေးနှိမ်ရန်ကြိုးစားနေခြင်း မဟုတ်ဘဲ၊ အဘယ်ကြောင့် ဈေးတက်လာရသနည်း ??


စုလင်စကားကို ကြားရသောအခါ လက်ဖက်ဝယ်သူ သုံးဦး၏ မျက်လုံးများသည် ပြူးထွက်မတတ်ဖြစ်သွားရသည်။


"ဒီလိုတော့ မပြောပါရစေနဲ့... သခင်ကြီးစုရှိတုန်းက ဒီလိုဈေးမြှင့်တာမျိုးမရှိခဲ့ဘူး၊ ယွမ်တစ်ရာ့ငါးဆယ်က အမြင့်ဆုံးပဲ၊ မစ္စတာစုက တစ်ခါတည်းနဲ့ ယွမ်တစ်ရာ့ရှစ်ဆယ်တန်းပြောလိုက်တော့၊ ဒါ... ဒါ လိမ်နေတာ မဟုတ်လား" 


ကျန်းကျုံး မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့်အော်ဟစ်လိုက်သည်။


"ယွမ်တစ်ရာ့ငါးဆယ်က အကောင်းဆုံးလား ? အဲ့ဒီထဲ ရွာပြင်အထိ သယ်ပို့စရိတ်မပါဘူးမှတ်လား" 


စုလင် မျက်ခုံးအနည်းငယ် ပင့်လိုက်ရာ သူ့မက်မွန်ပန်းမျက်လုံးများတောက်ပလာရသည်။ 


"သယ်ယူပို့ဆောင်ခပါ ထည့်ပေါင်းလိုက်ရင် ယွမ်တစ်ရာ့ရှစ်ဆယ်ထက်ကျော်သွားနိုင်တယ်၊ ယှဉ်ကြည့်ရင် သယ်ပို့ခပါ တဲ့ ယွမ်တစ်ရာ့ရှစ်ဆယ်က ဦးလေးတို့အတွက် လျှော့ထားပေးထားပြီးသားပါ"


ဟွမ်ရှင်း ခမျာအံ့အားသင့်သွားရသည်။ သူတို့ ဘယ်လိုလုပ်ပြီး ယွမ်တစ်ရာ့ရှစ်ဆယ်ထိ ရောက်သွားရသနည်း ?? သူတို့ လာရောက်စဉ်က သုံးဦးစလုံးသည် ဈေးနှုန်းအား ယွမ်ရှစ်ဆယ်အောက်ထိ နိမ့်ရန်ရှင်းရှင်းလင်းလင်းသဘောတူထားကြသည်။


၎င်းတို့ တွေဝေနေသည်ကို မြင်သောအခါ စုလင် နောင်တရသကဲ့သို့ပြောလာသည်။ 


"ဦးလေးတို့က ကျွန်တော့် ဒုတိယအဘိုးနဲ့ ဆယ်နှစ်ကျော် လက်တွဲခဲ့ကြတာ မှန်တယ်၊ ဦးလေးတို့မှာ ပထမဦးဆုံးဝယ်ယူခွင့်ရှိပေမဲ့ တခြားလက်ဖက်ဝယ်သူတွေကို မရောင်းရဘူးလို့ စာချုပ်ထဲမှာပြဋ္ဌာန်းထားတာမရှိဘူး၊ အရည်အသွေးမြင့် ယွီလုလက်ဖက်စိုကို တစ်ကတ်တီ သုံးရာ၊ လေးရာနဲ့ ပေးဝယ်မယ့်သူတွေမှ အများကြီးပဲ၊ ဒါကြောင့် ကျွန်တော် ထင်တာတော့... ဦးလေးတို့ မယူဘူးဆိုရင်..."


"မစဉ်းစားပါနဲ့! ယူပါ့မယ်! ယွမ်တစ်ရာ့ရှစ်ဆယ် ယူပါ့မယ်!"


ချီယွဲ့က စုလင်စကားကိုဖြတ်၍ ပထမဆုံးလက်ခံလိုက်သည်။ ဖုန်ဟွမ်းတောင်မှထွက်သော ယွီလုလက်ဖက်၏အရည်အ သွေးမြင့်မားမှုကြောင့်သာ ၎င်းတို့ သခင်ကြီးစုနှင့် ဆယ်နှစ်ကျော်လက်တွဲခဲ့ခြင်းပင်။ 


ပထမအဆင့်ထွက်ကုန်နှင့် ဒုတိယအဆင့်ထွက်ကုန် ဈေးနှုန်းများသည် အလွန်ကွာခြား၏။ အထူးထုတ်ကုန်အဖြစ် ထုပ်ပိုးပါက ငွေများစွာရရှိမည်ဖြစ်သည်။ နှစ်ပေါင်းများစွာ သူတို့ အမြတ်အစွန်းများစွာရရှိခဲ့ကြပြီးဖြစ်ရာ၊ ဤအဆီတဝင်းဝင်းနှင့် အသားပိုင်းအား မည်သို့စွန့်လွှတ်မည်နည်း။


ချီယွဲ့ လက်လျှော့လိုက်သည်ကိုမြင်သောအခါ ဟွမ်ရှင်းနှင့် ကျန်းကျုံးတို့သည်လည်း အံကြိတ်ကာသဘောတူလိုက်ကြသည်။


စုလင်သည် နှုတ်ခမ်းကို ဖိ၍သက်ပြင်းချလိုက်သည်။ 


"ယွမ်တစ်ရာ့ရှစ်ဆယ်ထဲမှာ ပို့ဆောင်ခပါထည့်ပေးလိုက်ရတော့ ကျွန်တော် အရှုံးပေါ်သွားသလိုပဲ"


"မရှုံးပါဘူး! လုံးဝ မရှုံးပါဘူး!" 


ချီယွဲ့ သူ မရောင်းမည်ကိုစိုးရိမ်သောကြောင့် ပြုံး၍ ပြောလိုက်သည်။ 


"ဒါဆို ဒီလိုပဲလုပ်ကြတာပေါ့၊ အခု စာချုပ်ချုပ်ကြရအောင်၊ သဘက်ခါ... မဟုတ်သေးဘူး၊ မနက်ဖြန် လက်ဖက်လာယူဖို့ လူလွှတ်လိုက်မယ်၊ မစ္စတာစု ဘယ်လိုသဘောရလဲ"


စုလင်သည် ချက်ချင်းမဖြေဘဲ ကျေးရွာလူကြီးအား အရင် မေးလိုက်သည်။ 


"ရွာလူကြီးကော ဘယ်လိုထင်လဲ"


အဘယ်ကြောင့်ဆိုသော် လက်ဖက်ခြံကိစ္စများကို ဒုတိယအဘိုးမှ ကျေးရွာလူကြီးအား အပ်နှံထားခဲ့ခြင်းကြောင့် သူသည် ကျေးရွာလူကြီး၏သဘောထားကို မေးမြန်းရမည်ဖြစ်သည်။

ကျေးရွာလူကြီးသည် သူ့ မုတ်ဆိတ်မွှေးကို အလေးအနက် ပွတ်သပ်ပြီး ဖြည်းညင်းစွာခေါင်းညိတ်လိုက်သည်။ 


"မင်းပဲ ဆုံးဖြတ်ပါ"


ဒီကလေးငယ်က ငယ်ပေမယ့်၊ ဦးနှောက်ကောင်းတယ်၊ စကားနည်းနည်းလေးနဲ့တင် လူတွေကိုလက်ခံလာအောင် စွမ်းဆောင် နိုင်တဲ့ အရည်အချင်းရှိတယ်။


ကျေးရွာလူကြီး ခွင့်ပြုချက်ရရှိပြီးနောက် စုလင် တုံ့ဆိုင်းခြင်းမရှိဘဲပြောလာသည်။ 


"ကောင်းပါပြီ၊ ဒါဆို စာချုပ်ချုပ်တာ‌ပေါ့"


သူ လက်ဖက်စို ဈေးကွက်အားနားမလည်သော်လည်း အချော ထည် ဈေးနှုန်းကိုသိသည်။ အချောထည်နှင့် နှိုင်းယှဉ်ပါက လက်ဖက်စို တစ်ကတ်တီ ယွမ်တစ်ရာ့ရှစ်ဆယ်သည် တကယ်ဈေးပေါလှသည်။ သို့သော် လင်ဖုန်း တစ်ချိန်ကပြောခဲ့ဖူးသကဲ့ သို့ စီးပွားရေးစကားပြောဆိုခြင်းသည် စိတ်ပိုင်းဆိုင်ရာစစ်ပွဲတစ်ရပ်ပင်။ ထို့အပြင် တစ်ဖက်လူ၏အမူအရာနှင့် စကားလုံးများကိုကြည့်၍ အသုံးဝင်သော အချက်အလက်များကိုရယူတတ်ရန် ပိုအရေးကြီးသည်။



သူတို့က လက်ဖက်စိုတစ်ကတ်တီအား ယွမ်ရှစ်ဆယ်အထိ နှိမ်ဖို့ရဲရဲတင်းတင်းကြိုးစားခဲ့ကြသည်။ စုလင်ကလည်း ယွမ်တစ်ရာ့ရှစ်ဆယ်အား ရဲရဲတင်းတင်းပြောဆိုလိုက်သည်။ ပို့ဆောင်ခအား ထည့်သွင်းပေးလိုက်သည်မှာ စိတ်ပိုင်းဆိုင်ရာလှည့်ကွက်တစ်ခုအဖြစ် အသုံးပြုလိုက်ခြင်းပင်။ ထိုသို့ဖြင့် တစ်ဖက်လူကို ၎င်းတို့ဈေးနှုန်းမြင့်သည့် ယွမ်တစ်ရာ့ငါးဆယ်မှအမြတ်ရသွားသည်ဟု ခံစားစေရန်ပြုလုပ်လိုက်သည်။



စုလင်သည် ဈေးနှုန်းအား တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။ ၎င်းစိတ်ထဲ ယုံကြည်မှုရှိသည်။ ထိုယုံကြည်မှုသည် ဈေးဆစ်ရာတွင် ပိုမိုအားသာချက်များပေးသည်။


မည်သို့ပင်ဆိုစေ အရေးကြီးဆုံးအချက်မှာ ဤလက်ဖက်ကုန် သည် သုံးဦးသည် သခင်ကြီးစုနှင့် ဆယ်နှစ်ကျော်တိုင်အောင် လက်တွဲလုပ်ကိုင်လိုခြင်းပင်။ ယင်းက ဖုန်ဟွမ်းတောင်မှ ထွက်ရှိသော ယွီလူလက်ဖက်၏အရည်အသွေး ကောင်းမွန်ကြောင်းကို ပြသလိုက်သည်။ ထို့အပြင် အချောထည်ကိုဈေးမြင့်မြင့်ဖြင့် ရောင်းချနိုင်သည်။ အမြတ်အစွန်းရှိသရွေ့ ၎င်းတို့ လွယ်လွယ်နှင့်လက်လျှော့မည်မဟုတ်ပေ။


တစ်ကတ်တီကို နှစ်ရာ၊ သုံးရာတင်ပြောဖို့အတွက် သူ အရမ်းရှေးရိုးဆန်နေခဲ့သည်။ စီးပွားရေးလုပ်ဖို့ရန် တကယ်ပါရမီမရှိသော သူ ဖြစ်နေခဲ့သည်။