Ch 20
Viewers 8k

🥬 Chapter 20

🥬 Someone is Hating Me (2)




လက်မထပ်မီတွင် စုလင် သူ့အစ်ကိုကြီးများ၏ပန်းချီပြပွဲများသို့ မကြာခဏတက်ရောက်ခဲ့သည်။ သို့သော် လက်ထပ်ပြီးနောက်တွင်မူ အကြိမ်ရေလျော့နည်းသွားခဲ့သည်။ တစ်နှစ်နီးပါးမျှ သူ ရင်ကွဲနာဖြင့် ပင်ပန်းခဲ့ရပြီး သူ့ ဖန်တီးမှုစိတ်ကူးများခန်းခြောက်သွားခဲ့သည်။ သူ စိတ်ဓာတ်ကျကာ ပန်းချီဆွဲနိုင်ခြင်းမရှိခဲ့သလို၊ သူ့ဆရာများနှင့် အစ်ကိုကြီးများကိုလည်း ရှက်ရွံ့သဖြင့်သွားမတွေ့ဝံ့ခဲ့ပေ။


ယခုအခါတွင်မူ သူ့စိတ်ဓာတ်ကျမှုများ လွင့်ပြယ်သွားခဲ့ပြီး အသိဉာဏ်ပွင့်လင်းလာသည်ဟု ခံစားရသည်။ သူ စုတ်တံအား လှူပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းမှာ အလွန်လျင်မြန်စွာနှင့် လှပပြေပြစ်သောပုံစံဖြင့် ရေးဆွဲသွားလေတော့သည်။


သူ နောက်တစ်ကြိမ် ကျောင်းသားများစုဝေးပွဲသို့ တက်ရောက်ရန် ယုံကြည်မှုအပြည့်အဝ ရရှိသွားခဲ့သည်။


စုလင် စားပွဲရှည်ပေါ်တွင် ရွှမ်စက္ကူအား ဖြန့်ခင်းလိုက်ပြီး မှင်ကျောက်ထဲသို့ ရေအနည်းငယ်ထည့်ကာ မှင်ကိုဖြည်းညှင်းစွာ သွေးလိုက်သည်။


(T/N- ရွှမ်စက္ကူသည် တရုတ်ရိုးရာ ပန်းချီနှင့် လက်ရေးအလှရေးသားရာအတွက် အသုံးပြုသော အရည်အသွေးအမြင့်ဆုံး၊ ကြာရှည်ခံသော လက်လုပ်စက္ကူဖြစ်သည်။)


ခွေးပေါက်လေး စားသောက်ပြီးနောက် ရေဝသွားသဖြင့် သခင်၏အနံ့အား ရသောအခါ အိမ်မကြီးမှ ရေကန်နားရှိနားနေဆောင်သို့ ပြေးလာသည်။ စုလင် ခြေရင်း၌ထိုင်လျက် အမြီးအား နှံ့နေသည်။


စုလင် လက်ရှည်အင်္ကျီအား လက်ကောက်ဝတ်အထိ ခေါက်တင်လိုက်ပြီး ခွေးလေးအား “ငြိမ်ငြိမ်နေ၊ ပြဿနာ မရှာနဲ့” ဟု ပြောလိုက်သည်။


“ဝုတ်!” 


ထိုခွေးလေး နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ အပြင်သို့ ပြေးထွက်သွားသည်။ ခဏအကြာတွင် အရုပ်တစ်ခုအား ပါးစပ်ဖြင့် ကိုက်ကာ ပြန်ရောက်လာပြီး စတူဒီယို၏ ထောင့်တစ်နေရာတွင် ထိုင်လျက် အရုပ်ကို ဝါးနေတော့ သည်။


စုလင် သူ့အား လျစ်လျူရှုလိုက်ပြီး စုတ်တံကို ကောက်ကိုင်လိုက်သည်။ မှင်ထဲသို့ တို့လိုက်ကာ ပန်းချီဆွဲရန် စတင်တော့မည့်အချိန်တွင် တံခါးဘဲလ် မြည်လာသည်။ သူ စုတ်တံအား ချထားပြီး တံခါးဖွင့်ရန်ထွက်သွားရတော့သည်။


တံခါးဖွင့်လိုက်သောအခါ ရွာသူကြီးကျင်း ဖြစ်နေသည်။ သူ မနက်ပိုင်း ကျေးရွာကော်မတီတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စအတွက် စုလင်အား တောင်းပန်စကားပြောကြားလေသည်။


“...လီယွဲ့အာက ငါတို့ထဲမှာ ပညာအတတ်ဆုံးလေ၊ မင်းရဲ့ အဘိုးက သူ့ရဲ့ အသေးစိတ် ကျွမ်းကျင်မှုကို တန်ဖိုးထားတာမို့ သူ့ကို ကြီးကြပ်ရေးအလုပ်လွှဲအပ်ခဲ့တာ၊ နောက်ကွယ်မှာ လူတွေ တီးတိုးပြောဆိုနေတာကြားဖူးပေမဲ့ ငါတော့ သူ့ကို အပြစ်ရှာမတွေ့ခဲ့ဘူး၊ ရွာသားတွေကလည်း ငါ့ကို လာပြောပ့တာမျိုးလည်းမရှိခဲ့ဘူး၊ ကိုယ်ကျိုးစီးပွားအတွက် အာရုံစိုက်ပြီး ဒီလောက်အထိလုပ်ရဲလိမ့်မယ်လို့ ငါ လုံးဝမမျှော်လင့်မိဘူး၊ သူက သူ့တာဝန်ကိုလျစ်လျူရှုရုံတင်မကဘူး ငွေကြေးကိုအလွဲသုံးစားလုပ်ခဲ့တယ်၊ ငါ သူ့ကို ပြင်းပြင်းထန်ထန်ဆူပြီးသတိပေးခဲ့သလို၊ သူ့ အလုပ်ကိုလည်းဆိုင်းငံ့ထားလိုက်ပြီ”


ရွာသူကြီးကျင်း ဧည့်ခန်းထဲထိုင်ရင်း သူ့ပေါင်အား ဒေါသတကြီး ရိုက်ကာပြောလိုက်သည်။


စုလင် သူ့အတွက် လက်ဖက်ရည်တစ်ခွက်ဖျော်ပေးပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။


 â€œá€’ဎကိစယစက ရွာသူကြီးရဲ့အပြစ် မဟုတ်ပါဘူး၊ စီမံခန့်ခွဲမှုဆိုတာ အနုပညာတစ်ရပ်ပဲ၊ ကုမ္ပဏီကြီးတွေတောင် မှားတတ်သေးတာ၊ စနစ်တကျ လေ့ကျင့်မှုမရရှိသေးတဲ့ ရွာကော်မတီအရာရှိတွေအတွက် ပြောစရာမလိုပါဘူး၊ ညွှန်ကြားရေးမှူးလီက လူနှစ်ရာကျော်ရဲ့အလုပ်တက်ရောက်မှုစာရင်းကိုလက်နဲ့ အချိန်အကြာကြီး တိကျစွာမှတ်တမ်းတင်နိုင်တာက သူ့မှာ အရည်အချင်းရှိပြီး တာဝန်ယူစိတ်ရှိတယ်ဆိုတာ ပြနေတာပဲ၊ အလုပ်သဘောအရတော့ သူ လုပ်တဲ့အရာအားလုံးကို အသေးစိတ်ဂရုစိုက်မှုရှိပြီး လေးစားထိုက်ပါတယ်”


ရွာသူကြီးကျင်း လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ ထို့နောက် ခေါင်းခါလျက်ပြောလိုက်သည်။


 â€œá€žá€°á€ˇá€›á€˛á€ˇ လုပ်ငန်းစွမ်းရည် ဘယ်လောက်ပဲ ကောင်းကောင်း စိတ်ဓာတ်ချို့ယွင်းနေရင် ကြီးကြပ်ရေးအလုပ်ကို သူ့ကို ဆက်လုပ်ခိုင်းဖို့ မဖြစ်နိုင်တော့ဘူး”


စုလင် မေးလိုက်သည်။ 


"ဒါဆိုရင်—ရွာသူကြီးမှာ တခြားလူ အစားထိုးရွေးချယ်စရာရှိသေးလို့လား ?”


ရွာသူကြီးကျင်း သက်ပြင်းချသည်။ 


"မရှိပါဘူး၊ အဲဒါကြောင့်ပဲ ငါ မင်းနဲ့ လာဆွေးနွေးတာပါ”


စုလင် ခဏစဉ်းစားပြီး ပြောလိုက်သည်။


"ဒီလိုဆိုရင် ညွှန်ကြားရေးမှူးလီကိုပဲ ကြီးကြပ်ရေးအလုပ်ကို ဆက်လက်လုပ်ကိုင်ခွင့်ပေးလိုက်ပါ၊ ကျွန်တော် သူငယ်ချင်းတစ်ယောက်ဆီကနေ အီလက်ထရွန်နစ် ပစ္စည်းအချို့ဝယ်ပြီး တပ်ဆင်လိုက်တာနဲ့ အားလုံးအဆင်ပြေသွားပါလိမ့်မယ်”


ရွာသူကြီးကျင်း သူ့မုတ်ဆိတ်အား ပွတ်သပ်လိုက်ပြီး သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လူငယ်ကိုကြည့်ကာ စဉ်းစားလိုက်သည်။


 â€œá€™á€„်း ပြောတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေက စိတ်ချရပါ့မလား ?”


ခေတ်ကာလသည် အလွန်မြန်ဆန်စွာတိုးတတ်ပြောင်းလဲနေ သည်။ သူ ကျေးရွာကနေအပြင်ထွက်တိုင်း ပြင်ပကမ္ဘာဟာ လျင်မြန်စွာတိုးတက်နေတယ်လို့ ခံစားရသည်။ ဥပမာ- စမတ်ဖုန်းတွေ ရုတ်တရက် နေ့ချင်းညချင်းပေါ်လာသလိုမျိုး ဖြစ်နေပြီး လူတိုင်းအသုံးပြုနေကြသည်။


စုလင် ပြုံးလိုက်သည်။ 


"လုံးဝ စိတ်ချရပါတယ်၊ ကျွန်တော့်သူငယ်ချင်းက  အိုင်တီကုမ္ပဏီပိုင်ထားတာဆိုတော့ မျက်နှာမှတ်ထားတဲ့ စာရင်းပေးစနစ်၊ ဝင်ထွက်မှုကို အလိုအလျောက်မှတ်တမ်းယူတဲ့စနစ်၊ လုံခြုံရေးကင်မရာတွေကော အဲ့လိုမျိုးခေတ်မီတဲ့စက်တွေ အကုန်တပ်ဆင်လို့ရတယ်”


ရွာသူကြီးကျင်း မျက်မှောင်ကြုတ်လိုက်သည်။


"ဒါဆိုရင် ငွေအများကြီးကုန်မှာ မဟုတ်ဘူးလား?”


"ကျွန်တော် ဝယ်မယ်ဆိုရင်တော့ သူငယ်ချင်းဈေးနှုန်းနဲ့ပဲ ဖြစ်လိမ့်မယ်”


တောင်ပေါ်တွင် ကြီးကြပ်ရေးအတွက်ကင်မရာစနစ် တပ်ဆင်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။ သူ တောင်ခြေတွင် စောင့်ကြည့်ရေးအခန်းတစ်ခုပါ ဆောက်လုပ်ရန်လိုအပ်သည်။ စနစ်တစ်ခုလုံးအတွက် ယွမ်တစ်သန်းကျော်ကုန်ကျမည် ဖြစ်သည်။


စုလင် လက်ဖက်ရည်ခွက်နှုတ်ခမ်းအား ပွတ်သပ်ရင်း စိတ်ထဲ၌ တွက်ချက်နေသည်။ ကျေးလက်ဒေသသို့ ရောက်ရှိနေ သည်မှာ တစ်လပင် မပြည့်သေးသော်လည်း ဝင်ငွေနည်းပြီး သုံးစွဲရသည်ကများနေသည်။


သူ့တွင် အစီအစဉ်တစ်ခုရှိနေသည်ကို မြင်သောအခါ ရွာသူ ကြီးကျင်း များများစားစားမပြောတော့ဘဲ အလျင်အမြန် ထွက်ခွာသွားလေသည်။


တစ်ချိန်တည်းမှာပင် လီယွဲ့အာအိမ်တွင် ထိုင်ကာသက်ပြင်း ချနေသည်။ သူမ မောင်ဖြစ်သူအား လက်ညှိုးထိုးပြီး မရပ်မ နားဆူပူနေသည်။


"နင်သာ နည်းနည်းလေးပဲ အားထုတ်မှု ရှိခဲ့ရင် ငါ ဒီလိုလုပ်စရာလိုပါ့မလား၊ ဟမ် ? မင်း အသက်သုံးဆယ်ကျော်နေပြီ၊ ဘာမှ မပြီးမြောက်သေးဘူး၊ တခြားလူတွေက မြို့တက်ပြီး အလုပ်လုပ်၊ ပိုက်ဆံရှာနေကြတာ၊ နင်ကျတော့ ပိုက်ဆံရှုံးရုံမက ရန်ဖြစ်ပြီး ထောင်ထဲပါဝင်ရလုနီးပါးဖြစ်ခဲ့တယ်! ငါတို့ ရွာကိုပြန်လာတော့ နင့်အတွက် အလုပ်ရှာပေးတယ်၊ တခြားသူတွေ ရှစ်နာရီအပြည့် လုပ်နေချိန်မှာ နင်က ခြောက်နာရီပဲ လုပ်တာလား ? နင် ပိုက်ဆံဘယ်လောက်လျော့သွားလဲဆိုတာ ကိုယ့်ဘာသာ တွက်ကြည့်၊ အရင်တုန်းကဆို ငါ မျက်နှာ ပြောင်တိုက်ပြီး နင့်အတွက် အလုပ်လုပ်ပေးလို့အဆင်ပြေခဲ့တာ၊ အခု မြို့ကလာတဲ့ ဒီသူဌေးသားလေးနဲ့တော့ ငါ လိမ်လို့ မရတော့ဘူး၊ ငါ့ မျက်နှာပျက်ရတဲ့အပြင် အလုပ်ပါဆုံးရှုံးခဲ့ရပြီ၊ ရွာသူကြီး အရမ်းဒေါသထွက်ပြီး ငါ့ကိုအလုပ်ဖြုတ်ပစ်မလိုဖြစ်ခဲ့ရတယ်!"


လီကောချိုက် ခေါင်းငုံ့ကာ အစ်မဖြစ်သူ၏ ဒေါသတကြီး ဆူပူမှုအား အူကြောင်ကြောင်နှင့် နားထောင်နေသည်။


"တော်ပြီ၊ တော်ပြီ၊ နည်းနည်းပဲပြောတော့” 


အသက်ခုနစ်ဆယ်အရွယ် မိခင်ကြီးမှာ သူမ သားအား သနားသောစိတ်ဖြင့် ဝင်ပြောလိုက်သည်။


"အမေ!" 


လီယွဲ့အာ မိခင်အား အကူအညီမဲ့စွာ ကြည့်လိုက်သည်။ သူမ မိခင်သာ မောင်ငယ်အား အလိုလိုက်ခဲ့ခြင်းမရှိခဲ့ပါက ဤမျှ အသုံးမကျဖြစ်နေမည် မဟုတ်ပေ။


အမေအိုကြီးမှ ပြောသည်။ 


"ငါ ရွာသူကြီးကျင်းဆီ သွားပြောပြီး ချွင်းချက်အနေနဲ့ ခွင့် လွှတ်ပေးဖို့ တောင်းဆိုပါ့မယ်၊ သမီး ကြီးကြပ်ရေးမှူးအလုပ်ကို ဆုံးရှုံးလို့မဖြစ်ဘူး”


လီယွဲ့အာ မိခင်အား အလောတကြီးတားလိုက်သည်။ 


“သမီး ကိုယ်တိုင်သွားပါ့မယ်၊ အမေ မသွားပါနဲ့!”


သူမ အမေသာ သွားခဲ့လျှင် ဘာဖြစ်မည်နည်း။ အမေ သေချာ ပေါက် ကိစ္စရှုပ်ထွေးအောင်လုပ်မည်ဖြစ်ပြီး ရွာသူရွာသား တစ်ရွာလုံးသိသွားလိမ့်မည်။ ကြီးကြပ်ရေးမှူးအလုပ်ကိုတော့ သူ လက်လွှတ်ခံနိုင်မည် မဟုတ်သည်မှာ သေချာသည်။ တစ်လကို ယွမ်နှစ်ထောင့်ငါးရာ၊ တစ်နှစ်လျှင် ယွမ်သုံးသောင်း။ ထိုမျှသော ငွေကြေးအား သူမ စွန့်လွှတ်ရန် မည်သို့ဆန္ဒရှိမည်နည်း ?


သို့သော် စုလင် သူမအား လူအများရှေ့တွင် မျက်နှာပျက်အောင်လုပ်ခဲ့သည့်အတွက် စုလင်အပေါ် မကျေနပ်စိတ် အချို့တော့ကျန်ရှိနေသေးသည်။