Ch 19
Viewers 8k

🥬 Chapter 19

🥬 Someone is Hating Me (1)



စုလင်  သူ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို အလွန်တန်ဖိုးထားသည်။ သူ ဟင်းသီးဟင်းရွက်ခင်းရှေ့တွင် ဒူးထောက်ကာ ၎င်းတို့အားငေးမောနေသည်။ စူးစမ်းချင်စိတ်ပြင်းထန်သော ခွေးပေါက်လေးမှာ ပြေးလာပြီး မြေကြီးထဲမှ အစိမ်းရောင် အညှောင့်လေးများအား မြင်သောအခါ သူ့ခြေထောက်ဖြင့် ပုတ်ရန် ရွယ်လိုက်သည်။ သို့သော် စုလင် ချက်ချင်းကောက်ချီလိုက်သည်။


"မင်းရဲ့ မသန့်ရှင်းတဲ့ ခြေသည်းတွေနဲ့ မလုပ်နဲ့!”


“ဝုတ်! ဝူး!”


ခွေးပေါက်လေး ရုန်းကန်လိုက်သော်လည်း မလွတ်မြောက်နိုင်မှန်း သိသောအခါ လက်လျှော့လိုက်သည်။ သူ့သခင် နွေးထွေးစွာ ပွေ့ဖက်ထားသည်ကို ခံယူရင်း ဦးခေါင်းလေးဖြင့် ပွတ်သပ်နေသည်။ ရွှံ့ထဲတွင် လမ်းလျှောက်ခဲ့သော စိုစွတ်နေသည့် ခြေဖဝါးများမှာ စုလင်အင်္ကျီပေါ်တွင် အမှတ်အသား များကျန်ရစ်ခဲ့သည်။


စုလင် အောက်သို့ ငုံ့ကြည့်လိုက်ရာ ရယ်လည်းရယ်ချင်၊ ဒေါသလည်းဖြစ်ကာ ရှုပ်ထွေးနေသည်။


"ကလေးလေး၊ နောက်တစ်ခါ ခြံနောက်ဖေးကို မလာရဘူးနော်”


အိမ်ထဲတွင် ကော်ဇောခင်းထားသည်၊ ရွှံ့ပေနေသော ခြေဖဝါးများကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း ?


“ဝုတ်!”


 á€á€˝á€ąá€¸á€•á€ąá€Ťá€€á€şá€œá€ąá€¸á€™á€žá€Ź နားမလည်ဟန်ဖြင့် ပျော်ရွှင်စွာ အမြီးခါနေပြီး၊ သူ့ခြေဖဝါးလေးများအား လှုပ်ရှားလိုက်ရာ စုလင် အင်္ကျီပေါ်တွင် ခြေရာလေးခု သို့မဟုတ် ငါးခုခန့် ထပ်မံပေါ် လာသည်။


ထိုဆိုးသွမ်းကောင်လေး ပြဿနာရှာနေသဖြင့် စုလင် ခြံအလုပ်အား စောစီးစွာအဆုံးသတ်ခဲ့ရသည်။ ခွေးပေါက်လေး၏ ခြေဖဝါးများအားအဝတ်စဖြင့် သုတ်ပေးပြီးနောက် အိမ်ထဲ၌ ဆော့ကစားရန် ခွင့်ပြုလိုက်သည်။


အရင်တစ်ခါ မြို့သို့ သွားခဲ့စဉ်က သူ ခွေးလေးအား တိရစ္ဆာန်ဆေးကုခန်းသို့ ခေါ်သွားကာ စစ်ဆေးမှုအပြည့်အစုံနှင့် ကာ ကွယ်ဆေးများ ထိုးပေးခဲ့သည်။ ထို့နောက် အိမ်မွေးတိရစ္ဆာန်ဆိုင်သို့ သွား၍ ပစ္စည်းအများအပြား ဝယ်ယူခဲ့သည်။ ယခုအခါ စားသောက်ခန်းထောင့်တွင် ခွေးစာခွက်နှင့် အလိုအ လျောက် ရေသောက်စက် ရှိနေပြီး၊ ဧည့်ခန်းထဲတွင်မူ နူးညံ့သက်တောင့်သက်သာရှိသော ခွေးအိပ်ရာနှင့် အရုပ်အမျိုးမျိုးတို့ဖြင့် ပြည့်နေသည်။


တစ်မနက်လုံး ဆော့ကစားထားသည့် ထိုခွေးလေးမှာ ယခုအခါ ပင်ပန်းနေပုံရပြီး စုလင် ရင်ခွင်ထဲ၌ ငိုက်မျဉ်းနေသည်။ စုလင် သူ့အား ခွေးအိပ်ရာပေါ်သို့ချပေးလိုက်ရာ ခွေးကလေး သမ်းဝါးလိုက်ပြီး ခေါင်းမော့လျက် အိပ်ချင်စိတ်အားမနည်းထိန်းချုပ်နေသည်။ စုလင် သူ့ကိုယ်လုံးသေးသေးလေးအား ဖွဖွလေးပွတ်သပ်ပေးရင်း တိုးတိုးလေး ပြောလိုက်သည်။


 "အိပ်လိုက်၊ ငါ မင်းနားမှာ နေပေးမယ်”


ခွေးကလေး နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ စုလင်၏နူးညံ့သော အထိအတွေ့ကြောင့် မကြာမီပင် တိုးတိုးလေး ဟောက်သံပြုရင်း အိပ်ပျော်သွားသည်။ ခဏအကြာတွင် ဗိုက်ဖြူလေးကိုဖော်ကာ ခြေဖဝါးများအား လေထဲသို့ ထောင်လျက် လှိမ့်လိုက်သည်။


စုလင် စောင်သေးသေးလေးတစ်ထည်ယူ၍ ၎င်းအား ဖွဖွလေးဖုံးပေးလိုက်သည်။ ထိုသို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံအားမြင်သောအခါ သူ့ရင်ထဲ နူးညံ့သွားရသည်။


ဤခွေးကလေးအား ရရှိပြီးနောက်ပိုင်း သူ့ဘဝမှာ ပိုအရောင်အသွေး စုံလင်လာခဲ့သည်။ သူ့ အာရုံစူးစိုက်မှု ပြောင်းလဲသွားပြီး အချို့သောအရာများအား တွေးတောခြင်းမှ ရပ်တန့်နိုင်ခဲ့သည်။


အိပ်ငိုက်ခြင်းမှာ ကူးစက်တတ်သည့်အတိုင်း စုလင်လည်း ပျင်းရိစွာ သမ်းဝါးလိုက်ပြီး တံခါးပိတ်ကာ နေ့ခင်းအိပ်ရေးဝဝအိပ်ရန် အပေါ်ထပ်သို့ တက်သွားသည်။


သူ့အိပ်ခန်းမှာ ယခုအခါ ပျော့ပျောင်းသော သားရေကုတင် အသစ်ရှိနေသည်။ အဟောင်းဖြစ်သည့် သစ်သားကုတင်ကိုတော့ အန်တီကျန်းအား ပေးလိုက်သည်။ သားမွေးကော်ဇောတစ်ခု ကြမ်းပြင်အား ဖုံးအုပ်ထားပြီး ပြတင်းပေါက်နံဘေးတွင် သားမွေးထည် ဆိုဖာတစ်ခု ရှိသည်။ ဗီရိုအသစ်နှင့် အလှဆင်ပစ္စည်း သေးသေးလေးများကိုလည်း ထပ်မံ ထည့် သွင်းထားသောကြောင့် အခန်းမှာ သက်သောင့်သက်သာရှိပြီး နွေးထွေးနေသည်။


စုလင် ခွေးကလေးကြောင့် ပေကျံနေသည့် အင်္ကျီအား ချွတ်လိုက်ပြီး ရေချိုးခန်းထဲရှိ အဝတ်လျှော်ခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်သည်။ အိပ်ရာမဝင်မီ ရေချိုးရန် ရည်ရွယ်ထား သည်။ ရေချိုးခန်း အပူပေးစက်နှင့် ရေနွေးပေးစက်များ တပ်ဆင်ထားသည့်အတွက် သူ အအေးဒဏ်အား စိုးရိမ်ခြင်း မရှိတော့ပေ။


ရေနွေးဖြင့် ရေချိုးပြီးနောက် စုလင် ဆံပင်အား ဆံပင်အခြောက်ခံစက်ဖြင့် အခြောက်ခံလိုက်သည်။ ကုတင်ပေါ်သို့ တက်လိုက်ပြီး လေအေးပေးစက်ကို ဖွင့်ကာ အသစ်ဝယ်ထားသော ပိုးသားစောင်အား လုံခြုံစွာ ခြုံလိုက်သည်။ နူးညံ့သော ခေါင်းအုံးများကို မှီကာ ခေါင်းရင်းမှ အရုပ်ဝက်ဝံကြီးအား ဆွဲယူ၍ ပွေ့ဖက်လိုက်ပြီး စိတ်အေးလက်အေး မျက်လုံးများမှိတ်ကာ အနားယူလိုက်သည်။


သူ နေ့ခင်းသုံးနာရီအထိ အိပ်ပျော်သွားသည်။ စုလင် အောက်ထပ်မှ ခွေးကလေး ဟောင်သံအား ဝိုးတဝါးကြားလိုက်ရသည်။ သူ ပခုံးအထိရှည်သော၊ သဘာဝအတိုင်းကောက်ကွေးသည့် ဆံပင်အား ကုတ်လိုက်ပြီး သမ်းဝါးကာ အိပ်ရာမှ ထလိုက်သည်။


"ဝူး~ ဝုတ် ဝုတ်—” 


ခွေးပေါက်လေးမှာ လှေကားအောက်ခြေတွင် မရပ်မနား ဟောင်နေသည်။ သူ လှေကားထစ်များအား တက်ရန်ကြိုး စားနေသော်လည်း ခြေထောက်များမှာတိုလွန်းသဖြင့် အလန့် တကြားပတ်ချာလည်နေလေသည်။


စုလင် ချောင်ချိသော အဝတ်အစားများကို ဝတ်ဆင်လိုက်ပြီး အောက်ထပ်သို့ ဆင်းလာသည်။ ခွေးလေး၏မိုက်မဲသော အမူရာအား မြင်သောအခါ သူ မရယ်ဘဲမနေနိုင်တော့ပေ။


"ဝုတ် ဝုတ် ဝုတ်!” 


ခွေးလေးမှာ သူ့သခင်အား မြင်သည်နှင့် ပျော်ရွှင်စွာ အမြီးနှံ့လာသည်။


စုလင် ကိုယ်ကိုင်းညွှတ်ပြီး သူ့အား ကောက်ချီလိုက်သည်။


 â€œá€”ိုးနိုးခဝင်း ဆူညံနေရောပဲ၊ ခဏလောက် အရုပ်တွေနဲ့ ဆော့လို့မရဘူးလား?”


“ဝုတ် ဝုတ်!” 


ခွေးလေးမှာ လျှာထုတ်ကာ သူ့မေးစေ့အားလျက်လိုက်သည်။ စုလင် ယားယံသွားသဖြင့် ရှောင်တိမ်းလိုက်ရသည်။


သူ ခွေးလေးအား ပွေ့ချီကာ ဧည့်ခန်းသို့ ရောက်လာသည်။ ခွေးကလေးမှာ ရုတ်တရက် သူ့လက်ထဲမှ ခုန်ထွက်သွားပြီး ထမင်းစားခန်းဘက်သို့ ခုန်ပေါက်ပြေးဝင်သွားသည်။ စုလင် နောက်မှ လိုက်သွားသောအခါ သူ ခွေးစာခွက်ရှေ့တွင် သေ သေချာချာ ထိုင်နေပြီး အစာစားရန်စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။


ဟမ်~ ထပ်ပြီး ဗိုက်ဆာပြန်ပြီလား ?


ဒီကောင်လေးကတော့ အစားချင်စိတ် အရမ်းကောင်းတာပဲ!


စုလင် ကြောင်အိမ်ထဲမှ ခွေးစာနှင့် ဆိတ်နို့မှုန့်အား ထုတ်ယူလိုက်သည်။ ၎င်းတို့ကို ရေနွေးနွေးဖြင့် ရောစပ်ကာ ခွေးစာ ခွက်ထဲသို့ ထည့်ပေးလိုက်သည်။ ခွေးပေါက်လေးမှာ အနံ့ရသည်နှင့် စိတ်အားထက်သန်စွာ ခုန်အုပ်လိုက်ပြီး ခွက်ထဲသို့ ခေါင်းမြှုပ်ကာ စားသောက်တော့သည်။


စုလင် သူ သောက်ရန် ကော်ဖီတစ်ခွက် ကြိတ်ပြီးနောက် ရေကန်ဘက်ရှိနားနေဆောင်သို့ ယူလာခဲ့သည်။ 


ထိုရေကန်ဘက်ရှိနားနေဆောင်မှာ ၈၀ စတုရန်းမီတာခန့် ကျယ်ဝန်းပြီး ပတ်လည်လေးမျက်နှာလုံးတွင် တံခါးများနှင့် ပြတင်းပေါက်များပါရှိသည်။ နွေရာသီတွင် လေဝင်လေ ထွက်ကောင်းစေရန်အလိုငှာ ၎င်းတို့အား ဖွင့်ထားနိုင်ပြီး၊ နွေဦး၊ ဆောင်းဦးနှင့် ဆောင်းရာသီတို့တွင် နွေးထွေးစေရန် ပုံမှန်အားဖြင့် ပိတ်ထားလေ့ရှိသည်။ စုလင် ဤနေရာအား စတူ ဒီယိုနှင့် အနားယူခန်းအဖြစ် ပြောင်းလဲထားသည်။


ဖန်သားပြင်တစ်ခုဖြင့် နေရာနှစ်ခုအားပိုင်းခြားထားသည်။ အနားယူခန်းတွင် ရေစိုခံတာတာမီဖျာများကို ခင်းထားပြီး၊ ၎င်းပေါ်တွင် လက်ဖက်ရည်စားပွဲငယ်များ၊ ခေါင်းအုံးငယ်များနှင့် ဗီရိုငယ်များထားရှိသည်။ စတူဒီယိုတွင် စားပွဲရှည်တစ်ခုပါရှိပြီး ဆေးရေးပစ္စည်းများ၊ မှင်၊ စက္ကူ၊ မှင်ကျောက်များ၊ ပန်းချီကားတင်ခုံများ၊ ဆေးရောင်စင်များနှင့် ပြခန်းဗီရိုများ အစုံအလင်အားထည့်သွင်းထားသည်။


စုလင် တာတာမီဖျာပေါ်ထိုင်ကာ ကော်ဖီသောက်ခြင်းကို နှစ်သက်သည်။ ဘေးနားရှိ တံခါးငယ်တစ်ခုမှ လှမ်းကြည့်လိုက်လျှင် ကြည်လင်သော ရေကန်အား တိုက်ရိုက်မြင်နိုင် သည်။ ရေကန်ထဲတွင် ဝဖြိုးသော ရောင်စုံငါးများ အေးအေး လူလူကူးခတ်နေကြသည်။


လီတဟိုင် ပြောကြားချက်အရ ထိုရောင်စုံငါးများမှာ လေးနှစ်ငါးနှစ်ခန့် စောင့်ရှောက်ထားပြီး၊ အကြီးဆုံးငါးသည် တစ်ပေခန့် ရှည်လျားကာ တစ်ခုလုံး နီရဲနေသည်။ ၎င်း၏ရေယပ်များနှင့် အမြီးများမှာ ပိုးသားပါးလွှာသကဲ့သို့ ယိမ်းနွဲ့နေသည်။ စုလင် ပထမဆုံးမြင်လိုက်ရသည့်အချိန်ကတည်းက ထိုအလှတရားကြောင့် ချက်ချင်းဆိုသလိုစွဲမက်သွားခဲ့ရသည်။


ကော်ဖီ တစ်ဝက်ခန့်သောက်ပြီးနောက် သူ ငါးစာအချို့အား ထုတ်ယူကာ ရေကန်ထဲသို့ ဖြူးလိုက်သည်။ မကြာမီပင် ငါး နှစ်ဆယ်၊ သုံးဆယ်ခန့် စုဝေးလာကြပြီး အစာလုရန် ပါးစပ်များဖွင့်ကာ ပြေးလာကြသည်။ ရုတ်တရက် ရေများလွင့်စင်သွားပြီး တောက်ပသော အနီရောင်ငါးတစ်ကောင် ရေထဲမှ ထိုးထွက်လာကာ အခြားငါးများအားတွန်းဖယ်၍ အစာများကို လျင်မြန်စွာလုယူလိုက်သည်။


“အခုထိ အာဏာပြချင်တုန်းပဲ” 


စုလင် ခေါင်းခါလိုက်သည်။ ငါးစာများအား ပစ်ချပြီးနောက် သူ လက်ခါလိုက်သည်။ ကော်ဖီအား ကုန်အောင်သောက်ပြီးနောက် ထရပ်ကာ  စတူဒီယိုသို့ လျှောက်သွားသည်။


ကျေးလက်ဒေသသို့ ရောက်ရှိပြီးနောက် သူ့ဖန်တီးမှု စိတ်ကူးများမှာ ပေါက်ကွဲထွက်လာခဲ့သည်။ လဝက်အတွင်းမှာပင် မှင်ပန်းချီကားနှစ်ချပ်အား ရေးဆွဲပြီးစီးခဲ့ပြီဖြစ်သည်။


ပန်းချီကားတစ်ချပ်မှာ ရိုးရှင်းသော နွေဦးထယ်ထိုးခန်းဖြစ်ပြီး နောက်တစ်ချပ်မှာ မှုန်မှိုင်းနေသော မိုးရေထဲမှ ရှုခင်းပန်းချီဖြစ်သည်။


စုလင် ပန်းချီဆွဲရာတွင် ထူးခြားသော အရည်အချင်းရှိသူ ဖြစ်သည်။ ပထမနှစ်ကျောင်းသားဘဝ၌ပင် သူ့ပါမောက္ခမှ တရုတ်ရိုးရာပန်းချီပညာရှင်ကြီး ကျန်းချီရန်ထံသို့ သူ့အား အကြံပြုခဲ့သည်။ ကျန်းချီရန်သည် အသက် ခုနစ်ဆယ့်ရှစ်နှစ်ရှိနေပြီဖြစ်ပြီး တပည့်များ လက်ခံခြင်းကို ကြာမြင့်စွာကတည်းက ရပ်ဆိုင်းထားခဲ့သည်။ သို့သော် စုလင်၏ ပန်းချီကားများကိုမြင်တွေ့ပြီးနောက် မကြုံစဖူး ချွင်းချက်အနေဖြင့် သူ့အား တပည့်အဖြစ်လက်ခံခဲ့သည်။  ဆယ့်ရှစ်နှစ်သား စုလင်မှာ သူ့နောက်ဆုံးတပည့်ဖြစ်လာခဲ့သည်။


ကျော်ကြားသော ဆရာ၏လမ်းညွှန်မှုဖြင့် စုလင် တရုတ်ရိုး ရာပန်းချီပညာ၌ လျင်မြန်စွာတိုးတက်လာခဲ့သည်။ သူ့အစ်ကိုကြီးများ သို့မဟုတ် အကြီးတန်းကျောင်းသား ခုနစ်ဦးစလုံးမှာ သူ့အား ချီးကျူးဂုဏ်ပြုကြသည်။ သူ့ထက် အသက်ကြီးသော ထိုအကြီးတန်းကျောင်းသားများမှာ ၎င်းတို့၏ငယ်ရွယ် သောညီငယ်လေးအား အတော်လေးထူးခြားသည်ဟု ယူဆကြပြီး ဂရုတစိုက်ကြည့်ရှုစောင့်ရှောက်ခဲ့ကြသည်။