Ch 1
Viewers 4k

အပိုင်း ၁


ငါနဲ့မင်းက အစကတော့ စုံတွေ့ဖို့ ကံကြမ္မာတွေမရှိဘူးပေါ့။ ငါပိုက်ဆံသုံးလိုက်လို့သာ ငါတို့ စုံကြတာ။ 


“အောင်း…”


အဖြူအနက် husky တစ်ကောင်အိပ်ရာပေါ်သို့ ခုန်တက်လိုက်ချိန်တွင် အာရုံတက်ခါစသာ ရှိသေးလေသည်။ ပေါင် ၄၀ မှ ၅၀ ခန့်ရှိလောက်သည့် ခွေးကြီးတစ်ကောင်က အိပ်ရာပေါ်သို့ ခုန်တက်လိုက်သော ခံစားချက်ဟာ လူအများစုအနေဖြင့် ကိုယ်တိုင် ကြုံတွေ့ခံစားရမှသာ နားလည်နိုင်သော အခြေအနေမျိုး ဖြစ်သည်။ 

 

ဝေ့ရှောင်းသည် ထို husky ၏ ခုန်အုပ်မှုကို ခံလိုက်ရပြီး ငြီးညူသံကိုပင် ထုတ်လိုက်မိသည်။ သူသည် လူသတ်ချင်စိတ်ပင် ပေါက်လာခဲ့သည်။ 


“ဆင်း”


ထိုခွေးသည် သခင်ဖြစ်သူ၏ ဆိုးရွားသော စိတ်နေသဘောထားကို ကျင့်သား ရနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် တစ်ဖက်သူသည် အိပ်ရာထခါစအချိန်တွင် ထိုကဲ့သို့သာပြုမူတတ် သဖြင့် သူသည် အမှုထားမနေပဲ သူ၏လက်လေးများကိုသုံးပြီး အိပ်ရာထဲမှ ဆွဲထုတ်ရန် ကြံစည်သည်။ 


ဝေ့ရှောင်း၏ အနက်ရောင်ဆံပင်များက စောင်အောက်တွင် ရှုပ်ထွေးစွာ ပြန့်ကျဲနေရင်းမှ တဖြည်းဖြည်းချင်းစီနှင့် သူ၏ ဖျော့တော့သော ပါးပြင်က ပေါ်လာသည်။ အမြဲတစေ နောက်ကျမှ အိပ်သောကြောင့် သူ၏မျက်လုံးအောက်တွင် အနက်ရောင် အကွင်းများ ရှိနေပြီး ရန်လိုသော အရှိန်ဝါကလဲ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ လွှမ်းခြုံ နေသေးသည်။ 


ထိုခွေးသည် သိသာစွာပင် သူ၏ခေါင်းကို ဖင်ဖြင့် လာပေါက်နေခြင်း ဖြစ်သည်။ 

 

ဝေ့ရှောင်း၏ လည်ပင်းကပင် ထို husky ၏ အမွှေးများကြောင့် ယားယံလာသည်။ 


“ဒီသခင်လေးက မင်းလိုခွေးမျိုးကို ဘယ်လိုများ မွေးခဲ့မိတာလဲ”


အစစ်မှန် ခွေးလို သတ္တဝါကမူ တစ်ချက် နှာမှုတ်သံပေးပြီး ၊ ခြေကန်ချက်များကို ထုတ်ကာ ဝရုန်းသုန်းကားလုပ်ပြရင်း အပြင်ဘက်သို့ ထွက်ချင်ကြောင်း အမူအရာ ပြသည်။ 


ဝေ့ရှောင်းသည် ဒေါသတကြီး ထိုခွေး၏ ခေါင်းကို တစ်ချက်ခေါက် လိုက်သည်။ သို့သော်ကံ ဆိုးသည်မှာ အစစ်မှန် အင်အားများ မထုတ်ရက်ချေ။ ထို Husky သည်လဲ သခင်ဖြစ်သူက သူ့ကို စနေသည်ဟုထင်လိုက်ပြီး သူ၏ လျှာကြီးကိုထုတ်လျှက် ပို၍ နီးကပ်လာကာ တဟဲဟဲ အသက် ရှူပြသည်။ ဝေ့ရှောင်းသည် ဆက်လက်ပြီး သည်းမခံ နိုင်တော့သဖြင့် စောင်ကိုမပြီး အိပ်ရာအပြင်သို့ ထွက်လိုက်ရသည်။ 


သူသည် ဘောင်းဘီတို တစ်စုံကိုသာ ဝတ်ထားသည်။ သူ၏ ထွက်နေသောခြေထောက် နှစ်ဖက်လုံးမှာ ရှည်လျှားကာ ဖြောင့်မတ်နေသည်။ သူ၏ ခန္ဓာကိုယ်သည် ပိန်သည်။ သို့သော် အထိမခံလောက်အောင် အားနည်းသော ပုံစံမျိုးမဟုတ်ချေ။ အကြောင်းမူကား သူသည် ငယ်ရွယ်သေးသောကြောင့် လူငယ်ဆန်သောဆယ်ကျော်သက်အရွယ် ရဲရင့် ပြတ်သား တက်ကြွမှု အပြည့်ကို ပိုင်ဆိုင် ထားလေသည်။ 


“ငါသုံးနာရီပဲ အိပ်ရသေးတယ်။ ပဲပိစပ်ခေါင်း မင်း မြန်မြန် လုပ်ရင်ကောင်းမယ်”


သူသည် ဘောင်းဘီရှည် တစ်ထည်ကို ကောက်ဆွဲ ယူဝတ်လိုက်သည်။ ထို့နောက် sweaterကို ခေါင်းစွပ် ထိုးဝတ်လိုက်ပြီး လမ်းလျှောက်ထွက်သည့် ကြိုးကိုယူကာ အငြိမ်မနေနိုင်သော ထိုခွေးကို ဖမ်းထိန်းကာ ချည်ပြီးနောက် အပြင်ဘက်သို့ ဂရုထားကာ ခေါ်လာခဲ့လိုက်သည်။ 


ထိုအခြေအနေသည် ခွေးမွေးသည့် ဆိုးကျိုးများထဲမှ တစ်ခုဖြစ်သည်။ မနက်အစောပိုင်းတွင် အပြင်ဘက်သို့ခေါ် ထုတ်ရန် လိုအပ်သည်။ ထိုသို့ ခေါ်ထုတ်ခြင်းအားဖြင့် ဝေ့ရှောင်းကဲ့သို့သော လူမျိုးကို နေ့နှင့် ည ပြောင်းပြန် လည်ပတ်နေသော သူအတွက်အလွန်ပင် ဆိုးရွားသော အခြေအနေမျိုး ဖြစ်သည်။ အကြောင်းမူကား ထိုသို့ မနက်စောစော လမ်းလျှောက်ထွက်ရန် ခေါ်ထုတ်ပေးခြင်းဖြင့် ထိုခွေး၏ ရုပ်ပိုင်းဆိုင်ရာပြသနာများကို ဖြေရှင်းနိုင်လေသည်။ 


သူက အပြင်ရောက်သည်နှင့် အေးစက်သောလေက သူ၏ လည်ဂုတ်ထံသို့ တိုက်ရိုက် ဝင်ရောက် တိုက်ခတ်လာနေရာ ဝေ့ရှောင်း၏ တစ်ကိုယ်လုံးက အေးစိမ့်လွန်းသွားပြီး အိပ်ချင်စိတ်ကပင် အလုံးစုံ ပျောက်ကွယ် သွားသည်။ သူ၏ နှလုံးထဲသားမှ ထိုခွေးကို နှပ်ပြစ် ချင်စိတ်က မြင့်မား လာခဲ့သည်။ 


Husky တွေက အရသာ ရှိလောက်လား။ 


ပဲပိစပ်သည် သခင်ဖြစ်သူ၏ အချစ်ကို အာရုံခံမိပုံရပြီး လျှာကို ထုတ်လျှက် အမြှီးကို တနှံ့နှံ့ ရမ်းပြသည်။ ထိုကြောင့် ဝေ့ရှောင်းသည် ထိုအကြံကို လက်လျှော့လိုက်သည်။ 


ဒီခွေးကို နှပ်လို့တော့ မရဘူး။ ဒါကို စားလိုက်ရင် သူ့ရဲအသိဉာဏ် လျှော့ကျသွားလိမ့်မယ်။ 


သူသည် ခွေးက ရုပ်ပိုင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းနေချိန်တွင် သူကိုယ်တိုင်ကလဲ ပျင်းပျင်းရှိလာသဖြင့် ဖုန်းကို ဆွဲထုတ်ပြီး အချိန်ဖြုန်းရန် ဆုံးဖြတ်လိုက်သည်။ 


အပြင်ဘက်တွင် ခဲမတတ် အေးနေသောကြောင့် သူသည်သူ၏ လက်နှစ်ဖက်လုံးကို အင်္ကျီ လက်ထဲသို့ ဖွက်ထားလိုက်သည်။ ညာဘက်လက်မှ လက်ညိုးလေးတစ်ချောင်းကိုသာ ထုတ်ပြီး ဖုန်းကို ဆွဲရန်အသုံးပြုလေသည်။ 

1 02

သူသည်မနေ့ညက အိပ်ရာနှင့်ခေါင်းထိပြီးပြီးချင်း အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ gaming platform အကောင့်ထဲမှ log out ထွက်ရခြင်း မရှိသေးချေ။ ထိုအချိန်တွင် သူ၏ account သည် စာအမြောက်အများ ရထားသည်။ 


“ဂိမ်းတစ်ပွဲကို နှစ်ရာဟုတ်လား”


“ဂိမ်းတစ်ပွဲကို နာရီဝက်ကြာမှာဆိုတော့ တစ်နာရီကို ယွမ် ၄၀၀ ဟုတ်လား။ ဘာလို့ ဘဏ်ကိုပဲ သွားမလုတာလဲ” 


“ပေါက်စျေးကို ကြည့်လိုက်ဦး ဟုတ်ပြီလား။ အခြားအဖော်ပြုပေးတဲ့ ကစားသမားတွေက ဂိမ်းတစ်ပွဲ ကို ၁၅ ယွမ်ပဲယူတာ ၊ မင်းက ဘယ်လိုကြောင့် ဒီလောက်စျေးနဲ့ တန်နေရတာလဲ”


ဝေ့ရှောင်းသည် ငှားရမ်း၍ရသည့် အဖော်ပြုကစားသမား တစ်ယောက် ဖြစ်သည်။ 


အဖော်ပြုကစားသမားဆိုတာ ဘာလဲ။ သူဌေး တစ်ယောက်ယောက်က သူတို့ကို အဖော်ပြုပေးဖို့ ပိုက်ဆံပေးမယ်။ သူတို့နဲ့ စကားပြောခိုင်းမယ်။ အဲ့ဒီနောက် သူတို့နဲ့ ranking တက်အောင် ကူညီပြီး မြှင့်ပေးမယ်။ ဂိမ်းကစားတာနဲ့ ပတ်သက်ပြီး လုပ်လို့ရသမျှ အစုံလိုက်ပေါ့။ ဒါက gaming အသိုင်းဝိုင်းထဲမှာ offshoot လုပ်လို့ ရတယ်လို့လဲ စဥ်းစားလို့ ရသေးတယ်။ ဒါပေမဲ့ ဒီလိုလုပ်ပြီးရတဲ့ ပိုက်ဆံက တော်တော်လေး နည်းတယ်။ ဘာလို့လဲဆိုရင် တစ်ပွဲကိုမှ ယွမ် ၁၀ ဝန်းကျင်လောက်ပဲ ရနိုင်တာကို။ ဒါကြောင့် ရည်မှန်းချက် နည်းနည်း ပိုရှိတဲ့ သူတွေက တိုက်ရိုက် ထုတ်လွှင့်ပြီး ကစားပြတဲ့ streamer တွေပဲ သွားလုပ်ကြတယ်။ ဝေ့ရှောင်း နှူတ်ခမ်းများက အသာကော့တက်သွားသည်။ သူသည် လက်လေးတစ်ချောင်းတည်းနှင့် keyboard တစ်ခုကို တစ်တိတိ တို့ပြီး ရိုက်နေခဲ့သည့် တိုင်အောင် သူ၏ typing အရှိန်ကို မသက်ရောက်သွားခဲ့ချေ။ မျက်တောင် တစ်မှိတ်အချိန်အတွင်း စာများအားလုံးကို ပြန်ဖြေ၍ ပြီးသွားသည်။ 


“ငါက တောဘုရင် ၊ မှော်ပညာရှင်တွေရဲ့ ဘုရင်လဲ ဟုတ်တယ်။ ဘာကိုမဆို လုပ်လို့ရတဲ့ ဘုရင်တစ်ပါးပဲ။ မင်းရဲ့ပိုက်ဆံ ယွမ် ၂၀၀ မရှုံးစေရဘူး။ ဒီတန်ကြေးနဲ့ ဘယ်နေရာမှာမှ ရှာမရဘူး။ “


“နာရီဝက် မလိုပါဘူး။ တကယ်လို့ သူဌေး ကသာအလျှင်လိုရင် ငါ ဆယ်မိနစ်တည်းနဲ့ တခြားတစ်ဘက်ခြမ်းက ခွေးခေါင်းကို ပေါက်ထွက်သွားအောင် လုပ်ပေးနိုင်တယ်”


“ဘာလို့ ဒီလောက်ထိ စျေးကြီးနေရတာလဲ ဟုတ်လား ငါလဲ မသိဘူးလေ။ ငါ တအားချောလို့လည်း ဖြစ်နိုင်တာပဲ”


စာများသည် မနက်သုံးနာရီလေးနာရီခန့်က ပို့ထားခြင်း ဖြစ်သည်။ ထိုအချိန်ကနေဆိုလျှင် နှစ်နာရီကျော် ကြာသွားခဲ့ပြီ ဖြစ်သည်။ မည်သူကမှလဲ စာပြန်ရန် စောင့်နေလိမ့်မည် မဟုတ်ချေ။ သို့တိုင်အောင် ဝေ့ရှောင်းကမူ အမြဲတစေ ဝန်ဆောင်မှု ကောင်းကောင်းပေးပြီး အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားသော အဖော်ပြု ကစားသမားတစ်ယောက် ဖြစ်လေသည်။ သူဌေးများ၏ စာများကို သဘာဝအ လျောက်ပင် ဂရုထားကာ ဖြေဆိုရန် လိုအပ်လေသည်။ 


Husky က ခပ်တိုးတိုး အော်သည်။ ဝေ့ရှောင်းသည်လည်း ထိုခွေးကို သတ်ချင်စိတ်ကို ထိန်းချုပ်ပြီး နောက်မှ လိုက်ကာ ကိုင်တွယ် ပေးလိုက်ရသည်။ ခွေးက ပန်းခြံထဲထိ ထွက်ပြီး ကစားချင်သေးသည်။ သို့သော် ဝေ့ရှောင်းကမူ အကန့်အသန့်သို့ ရောက်နေသဖြင့် ထိုခွေးကို တိုက်ခန်းသို့သာ တရွတ်တိုက် ဆွဲခေါ်လာခဲ့လိုက်သည်။ 


လေ့ကျင့်ခန်း မလုပ်သော လူငယ်တစ်ယောက်ပီပီ ထိုင်မနေလျှင် အမြဲတစေ လှဲအိပ်နေသောသူ ဖြစ်လေရာ ခွေးကို ထိုသို့ဆွဲခေါ်ရန်အတွက်ပင် သူ၏ လက်မောင်းကြွက်သားများကို စစ်ထုတ်ပြီး လှုပ်ရှားမှုတွင် နှစ်မြုပ်ထားရင်းနှင့် လေ့ကျင့်ခန်း လုပ်သလို သတ်မှတ်နိုင်လေသည်။ 


ထိုသို့ဖြင့် အိမ်သို့ ခက်ခက်ခဲခဲ ပြန်ရောက်ပြီး သူ၏ အနောက်ဘက်ရှိ လုံခြုံရေးတံခါးကို ပိတ်ပြီးနောက်တွင် ဝေ့ရှောင်းသည် အိပ်ချင်စိတ် မရှိတော့ချေ။ 


သူသည် အဝတ်များချွတ်ပြီး ရေသွားချိုးသည်။ ပြန်ထွက်လာပြီး နောက်တွင် ရေခဲသေတ္တာဆီ သွားကာ ပေါင်မုန့်တစ်တုံးကို ကောက်ယူလိုက်သည်။ ထို့နောက် ပဲပိစပ်အတွက် ခွေးစာအချို့ကိုလဲ လောင်းထည့်ပေးလိုက်၏။ 


“အား မင်း…မင်းရဲ့အဖေထက်တောင် မင်းကို မွေးရတာပိုပြီး စျေးကြီးနေသေးတယ်”


ခွေးသားကမူ ခွေးစာများကို အပြည့်အဝ ပျော်ရွှင်စွာ စားနေသည်။ 


ဝေ့ရှောင်း “…..”


ဒီလောကမှာ လူတွေက ခွေးတွေထက်တောင် အမှန်တကယ် နိမ့်ကျနေတာပဲ။ ဝေ့ရှောင်းသည် အေးစက်နေသော ပေါင်မုန့်ကို ခပ်မြန်မြန် ရှင်းလိုက်ပြီး computer ရှေ့တွင် ပြန်ထိုင် ချလိုက်သည်။ 


အိပ်ရတာထက် ဂိမ်းကစားရတာ ပိုကောင်းတယ်......ဆိုသော စကားသည် internet ကို စွဲလမ်းနေသောသူ၏ ဝေါဟာရစကားလုံး ဖြစ်သည်။ 


သူ၏ ရှင်းလင်းနေသော computer screen desktop တွင် icon တစ်ခုတည်းသာ ရှိသည်။ အထွတ်အမြတ် အလင်းတန်း တစ်တန်း၏ လွမ်းခြုံမှုအောက်တွင်ရပ်နေသော စစ်သည်တော်တစ်ယောက်၏ ကျောပြင်ပုံပါသည့် သေးငယ်သော icon ငယ် လေးသာ ဖြစ်သည်။ ထို image သည် တည်ငြိမ် ပြတ်သားလွန်းသည့်အပြင် အောက်ဘက်တွင်လည်း Glory ဆိုသော စကားလုံးတစ်လုံးတည်းကိုသာ ရေးသား ထားသည်။ 

1 03

ကစားသမား အမြောက်အများနှင့် ကစားရသည့် ဂိမ်းအမျိုးစား တစ်ခု ဖြစ်သည့်အပြင် ထိုဂိမ်းကို အများကစားရန် ထုတ်ထားပေးသည်မှာ ဆယ်စုနှစ်တစ်ခု ကြာသွားပြီ ဖြစ်သည်။ သို့တိုင်အောင် ယခုချိန်ထိ online gaming လောကတွင် အထွတ်ထိပ်တွင် ရပ်တည်နေသေးသည်။ ထို့နောက် ဝေ့ရှောင်းသည် ဂိမ်းထဲသို့ log in ဝင်လိုက်သည်။ ပထမဦးဆုံး ပေါ်ထွက်လာသည်မှာ video တစ်ခု ဖြစ်သည်။ video ၏ နာမည်က အလွန်မျက်စိ ဖမ်းစား လွန်းနေသည်။ 


ဂုဏ်ယူပါတယ်။ Close (လုဖုန်း) က ၂၀၂၀ခုနှစ် ကမ္ဘာ့ Champion ကို အနိုင်ရရှိသွားပါပြီ။ 


လေးနှစ်ဆက်တိုက် Championship ရတာပဲ။ 


Close သည် လောက၏ ပထမဆိုသော ဘွဲ့နာမည်နှင့် အမှန်တကယ် ထိုက်တန်သည်။ 


Video clip ကိုဂိမ်းထဲက ယူထားခြင်း ဖြစ်သည်။ 

Game ကို operation လုပ်နေသော ထိုသူခိုးသည် critical healthအနေထားမျိုးတွင်ပင် ultimate beakသို့ရောက်အောင်သွားလျက် နောက်ပြန် ထိုးချက်ကို သုံးပြီး ပြန်လည် တိုက်ခိုက်ရင်း တစ်ဖက်သူကို ဆွဲချလိုက်သည်။ ထို့နောက် ဖန်သားပြင်က ဂိမ်းထံမှ ဖြတ်တောက် ခံလိုက်ရသည်။ သို့သော် တောက်ပသော စင်မြင့်အလင်းများအောက်တွင် အနက်ရောင်team uniform ကိုဝတ်ထားသည့် အမျိုးသား တစ်ယောက်က ပေါ်လာသည်။ သူသည်အရပ်ရှည်သည်။ သူ၏ မျက်လုံးမျက်ခုံးက အေးစက်သည်။ သူသည် ရှင်းလင်းစွာပင် အဆင့်မြင့် စင်မြင့်ကြီးပေါ်တွင် ရပ်ပြီး အမြင့်ဆုံးသော ကျော်ကြားမှုကို ကိုယ်စားပြုသည့် ဆုဖလားကြီးကို ကိုင်ထားသည့်အပြင် ထောင်ပေါင်းများစွာသော ချီးကျူးသံနှင့် လက်ခုပ်သံများကို မွေ့လျော် ခံစားနေရချိန် ဖြစ်သည်။ ထို့သော် ရှင်းလင်းစွာပင် သူ၏မျက်နှာဟာ ခံစားချက် ကင်းမဲ့သလို ဖြစ်နေသည်။ ထိုချောမောသော မျက်နှာသည် ပရိသတ်များ၏ ကောင်းကင်ဘုံသို့ ရောက်မတတ် ချီးမွန်းမှုကို ခံနေရသည့်တိုင်အောင် အနည်းငယ်သော ခံစားချက်များနှင့် မည်သည့်အမူရာကိုမှ ထုတ်မပြချေ။ 


ထို video တွင်လည်း comment များဟာ အလိုအလျောက် ပေါ်လာသည်။ 


“Closeက တော်လိုက်တာ။ သူက တကယ် အံသြဖို့ ကောင်းတာပဲ။ Close က ဒဏ္ဍာရီပဲ။ Close က အရာအားလုံးကို အဆုံးသတ်ပေးနိုင်တယ်”


“နတ်ဘုရားအလား ၊ လုကလည်း Champion ဆုကို ထပ်ရသွားပြန်ပြီ။ နောက်ထပ် နောက်ထပ် နောက်ထပ် ထပ်ရနေပြန်ပြီ။ သူက သောက်ကျိူးနည်း သန်မာလွန်းတယ်”


“တရုတ်နိုင်ငံမှာ နံပါတ်တစ် ၊ ကမ္ဘာ့မှာ နံပါတ်တစ် တိုင်းပြည်အတွက် ဂုဏ်ဆောင်ပေးတဲ့ သောက်ကျိုးနည်း နတ်ဘုရားလေ”


“အလွန်အကျူး ချီုးကျူးမနေကြနဲ့ ဟုတ်ပြီလား။ ဒါက ရှက်စရာ မကောင်းဘူးလား။ ဒါက ရှက်စရာ မကောင်းဘူးလား။ Individual ပြိုင်ပွဲ championship ကမှ အစစ်မှန် champion လို့စဥ်းစားသင့်တာ မဟုတ်ဘူးလား။ “


“ဟဟား Close က တရုတ်တစ်ပြည်လုံးမှာ အတော်ဆုံးဖြစ်ပြီး ထင်းထွက်နေခဲ့တာ။ သူကသာ ဒီလိုစွမ်းရည်မျိုး ရှိရင် သူရဲ့အသင်းဖော်တွေကို Global final ကို ခေါ်သွားပြီး တကယ့်အစစ်မှန် championship ကို ဆွဲယူပြီး အနိုင် ယူရမှာလေ။ “


“အခုထွက်သွားလိုက် အခု ထွက်သွားလိုက် “


“ပရိသတ်တွေက စတင်ပြီး မုန်းတီးမှုပွဲကို ဖန်တီးလာတော့မယ်။ သူတို့ရဲ့ နတ်ဘုရားလုက လူပေါင်းများစွာကို မသယ်နိုင်ဘူးလို့ ပြောနေဦးမှာပဲ။ ကိုးယောက် တစ်ယောက် ရင်ဆိုင်ရတာက နည်းလမ်း မရှိဘူးလေ။ ဘယ်လို နည်းနဲ့မဆို သူရဲ့အသင်းဖော်တွေက သောက်ကျိူးနည်း အသုံးမကျ ဖြစ်နေတာ။ တရုတ်နိုင်ငံရဲ့ ပြိုင်ပွဲနယ်မြေက သောက်ကျိုးနည်း အသုံးမကျ ပြန်ဘူး။ Close တစ်ယောက်တည်းကတော့ တော်တယ်တဲ့လေ”


တောက်လျှောက် လှိမ့်တက်နေသော ထို comment များသည် သိပ်သည်း လွန်းသဖြင့် video အတွင်းမှ လူကိုပင် အပြည့်အဝ ပိတ်လိုက် နိုင်သည်။ 


ဝေ့ရှောင်းက စုတ်သတ်သည်။ သူ၏ ရှည်လျား သွယ်လျသော လက်ချောင်းများသည် keyboard ပေါ်တွင် စတင်ကာ လှုပ်ရှား ပြေးလွှားသည်။ သူ၏ keyboard မှအသံများသည် မကျယ်ချေ။ သို့သော် ထွက်လာသော စကားလုံးများသည် ရေကြီးသလိုပင် ဒလဟော ဖြစ်နေသည်။ 


“Closeက အသက် ၁၇နှစ်အရွယ်မှာ FTW မှာ ပွဲဦးထွက်တယ်။ အသင်းပြိုင်ပွဲမှ ပထမဦးဆုံး ကမ္ဘာ့ Championship ကို အနိုင်ရယူခဲ့တယ်။ အသက် ၁၈နှစ်မှာ သူက အရေးကြီးဆုံး အချိန်မှာ ခက်ခဲတဲ့ တာဝန်တစ်ခုကို ယူပြီး FTT ကို ဦးဆောင်လို့ တရုတ်နိုင်ငံက ထွက်ပြီး အာရှပြိုင်ပွဲဇုန်ကို သွားနိုင်တဲ့ တစ်ခုတည်းသော အသင်းဖြစ်အောင် လုပ်ပေးနိုင်ခဲ့သလို Global team ပြိုင်ပွဲအထိကို ရောက်သွား နိုင်ခဲ့တယ်။ ၈ ဖွဲ့မှာ ၄ ဖွဲ့သာ တက်နိုက်သည့် semi-final အထိ တက်ရောက်သွားနိုင်ခဲ့တဲ့ Close က သူရဲ့ သူခိုး character ကို ယူပြီး အရင် champion ဆဲ့ဆဲ့ရဲ့ ဦးခေါင်းခွံကို ထုံထိုင်းသွားစေခဲ့တဲ့အထိ ကြွားဝါ ပြခဲ့သေးတာ။ ဒုတိယပွဲမှာဆိုရင် Closeက သူရဲ့သေဆုံးခြင်းသူရဲကောင်းကို ယူလို့ အခြေအနေ တစ်ခုလုံးကို ကျွမ်းကျင်စွာ ကိုင်တွယ်၍ ဒီရေကို ပြောင်းပြန် လှန်ခဲ့တာ မဟုတ်လား။ 

တတိယပွဲမှာဆိုရင် ......”

1 04

သူသည်အလွန်မင်း လျှင်မြန် ကျွမ်းကျင်စွာနှင့် စကားလုံးရာကျော်ကို ရေးချလိုက်သည်။ Message တစ်စောင်ချင်းစီတိုင်းအတွက် စကားလုံး အရေအတွက်က တောက်လျှောက် လှိမ့်တက်နေသော commentများအတွက်မူ အကန့်အသတ်နှင့် ရှိသည်။ ထို့ကြောင့် သူသည် အပိုင်းများခွဲကာ ပို့နေရသည်။ ထိုသို့ဖြင့် ထိုဖန်သားပြင်တစ်ခုလုံးတွင် Close ၏ senior အမာခံ fan များကိုပင် နိမ့်ကျသည်ဟု ခံစားရစေသည်အထိ သူ၏ ကျွမ်းကျင်မှု professional ကျမှုများကို ပြည့်ပြည့်စုံစုံ ရေးပို့ထားသော စာများဖြင့်သာ ပြည့်နှက် သွားလေသည်။ 


Hater များသည် ဆက်၍ မုန်းချေဦးမည်။ သို့သော် ကံဆိုးသည်မှာ သူတို့သည် ဝေ့ရှောင်း၏ typing အရှိန်ကို မမီ မလိုက်နိုင်ပေ။ ဒုတိယအချက်ကမူ သူတို့၏ သမိုင်းတွင် ဗဟုသုတများက ဝေ့ရှောင်းလောက် မကြွယ်ဝချေ။ သူတို့သည် စာကြောင်း တစ်ကြောင်း ပို့ပြီးချိန်များတွင် ဒီလိုဆယ်ကြောင်းကို ပြန်လည် ရရှိလိုက်သည်။ Hater များအနေဖြင့် အခြားတစ်ဖက်ခြမ်းတွင် လူသန်းပေါင်းများစွာ ထိုင်နေပြီး စက်သေနတ် တစ်လက်တည်းကို သုံးလျှက် သူတို့၏ ဦးခေါင်းကို ကျိမ်းတက်လာစေသည်အထိ တောက်လျှောက် ချိန်ပစ်နေသည်ဟူ၍ ခံစား လိုက်ရသည်။ 


ထို တောက်လျှောက် ပေါ်နေသော commentများကို သန့်စင်ပြီးနောက် ဝေ့ရှောင်းသည် ပျော်ရွှင်စွာ videoကို ပိတ်လျှက် အဆင့်တက်ပွဲစဥ်အတွက် တန်းစီ နေလိုက်သည်။ 


Gloryသည် မျှော်စင်ဖြို game အမျိူးစားမျိုး ဖြစ်သည်။ ကစားသမားဆယ်ယောက်က နှစ်သင်းအဖြစ် ဝင်ရောက်ပြီး တစ်သင်း၏ အိမ်အခြေစိုက်စခန်းကို ဖောက်ခွဲရင်းနှင့် ကစားပွဲကို အဆုံးသတ်ရသည်။ 


5 vs 5 ကစားပွဲ ဖြစ်သည့်အလျှောက် တစ်ခုတည်းသော အသင်းလိုက် game ပြိုင်ပွဲဟုဆိုလျှင်လည်း အကြောင်းပြချက် သင့်တော်သေးသည်။ သို့ရာတွင် Glory သည် ကစားသမား၏ စီမံလည်ပတ်ပုံနှင့် ဂိမ်းကို အာရုံခံနိုင်စွမ်းအားကို အထူးတလည် စမ်းသပ်နေခြင်း ဖြစ်သလို ကစားသမား တစ်ယောက်ချင်းစီတိုင်းက သူတို့၏ ကျွမ်းကျင်သော ပါရမီ လုပ်ဆောင်နိုင် စွမ်းအား၊ ပစ္စည်းကို ကောင်းမွန်စွာ အသုံးပြုနိုင် စွမ်းအား စသည်ဖြင့် အရာအားလုံးကို ထုတ်ပြရန် လိုအပ်သေးပြန်သည်။ ထို့အပြင် single နှင့် double ပြိုင်ပွဲများလည်း ရှိသည်။ 


Global ပြိုင်ပွဲကို ဥပမာအားဖြင့် ကြည့်ရမည်ဆိုလျှင် individual (single) championship အတွက် ဆုကြေးသည် USD ၂သန်းဖြစ်ပြီး double championship အတွက်ဆုကြေးကမူ USD ၃သန်းဖြစ်သည်။ အသင်း championship ဆုကြေးကမူ USD သန်း ၃၀ အထိမြင့်နေသေးသည်။ ထို့ကြောင့် ပိုက်ဆံပမာဏ ကို အခြေခံကြည့်ခြင်းအားဖြင့် အသင်းပြိုင်ပွဲကသာ အစစ်မှန် Mother Load ဖြစ်ကြောင်း သိရမည် ဖြစ်သည်။ 


ငြီးငွေ့စရာ ကောင်းသည်မှာ တရုတ်ပြည်သည် လွန်ခဲ့သော နှစ်နှစ်ခန့် အတောအတွင်း Global final အတွင်းသို့ ဝင်ရောက်နိုင်ရန် မကြိုးစား နိုင်ခဲ့ချေ။ ထို့အပြင် Champion တစ်ကြိမ်နိုင်ရန်ပင် မဖြစ်နိုင်ခဲ့ချေ။ 


Closeကဲ့သို့ တရုတ်နိုင်ငံ မှ နတ်ဘုရားအဆင့် ကစားသမား တစ်ယောက်တည်းကသာ Global single တွင် သုံးနှစ်ဆက်တိုက် championship ကို အနိုင်ယူခဲ့သည်။ 


တရုတ်ပြည်သည် သူ၏ အသင်းပြိုင်ပွဲတွင် ပထမဦးဆုံး Championship ရရှိမှုကြောင့် championship ဂုဏ်ထူးကို လေးနှစ်ဆက်တိုက် ပိုင်ဆိုင်နေခြင်းဖြစ်သည်ဟု အမြဲတစေ ပြောတတ်လေသည်။ 


ကမ္ဘာ့ championshipသည် Closeတစ်ယောက်တည်း အပိုင်မဟုတ်ချေ။ FTWအသင်းကြီး တစ်ခုလုံးအပိုင်ဖြစ်ပြီး တရုတ်ပြိုင်ပွဲ နယ်မြေတစ်ခုလုံး အပိုင်လည်း ဖြစ်သည်။ 


သို့ရာတွင် သုံးနှစ်ဟာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်…။ 


တရုတ်ပြည်သည် နောက်ထပ် global team ပြိုင်ပွဲ champion ဖလားကို မယူနိုင်ခဲ့ချေ။ ဝေ့ရှောင်းသည် ပွဲစဥ်အတွက် တန်းစီနေရင်း character selection screen ထဲသို့ ဝင်လိုက်သည်။ သူ၏ စိတ်တွင် လုဖုန်းက videoထဲတွင် အသုံးပြုသွားသော သူခိုးကသာ ပြည့်နှက် နေသည်။ ထို့ကြောင့် သူသည် နှစ်ကြိမ် တွေးတော မနောဘဲ ထိုအရာကို ရွေးလိုက်သည်။ 


တစ်စုံတစ်ယောက်က အတင်းဆက်သွယ်၍ channelတွင် ချက်ချင်း တင်လို့ ပြောလာသည်။ 


“ရှောင်တကော ငါ့ကို လာ မကစားနေနဲ့။ သူခိုးက ဒီရက်တွေမှာ တအား အားနည်းနေတာ။ နတ်ဘုရားလုလိုမျိူး လူက လွဲပြီး ဘယ်သူကများ ဒါကို သုံးပြီး ကြွားပြနိုင်လို့လဲ”


“video ကြည့်ပြီးတော့ အရမ်းစိတ်လှုပ်ရှား မလွန်သွားနဲ့။ မင်းရဲ့ သူခိုးနဲ့ close ရဲ့သူခိုး က မတူတဲ့ သတ္တဝါတွေပဲ”


“ညီကိုရေ နိုးထတော့။ ငါတို့က professional ကစားသမားတွေ မဟုတ်ဘူး” ဝေ့ရှောင်းက သူ၏ keyboardတွင် စကားလုံး အနည်းငယ်ကို ရိုက်လိုက်သည်။ 


“ကောင်းကောင်း လဲအိပ်နေလိုက်”


အသင်း၏ channelက သုံးစက္ကန့်ခန့် ရပ်တန့် သွားပြီးနောက်တွင် တစ်စုံတစ်ယောက်က စတင်ကာ ပြောဆိုသည်။ “နွားတွေ ပျံနေပြီ...”


“မြေပြင်က လူတွေကတောင် ပေါက်ကွဲ ထွက်ကုန်ပြီ”


“လေလိုမျိုး သရုပ်ဆောင်နေပြီ...”


“သူတို့၏ မျက်နှာမနာခင်အထိ ပေါက်ကွဲ ထွက်တော့မှာ”

1 05

ဝေ့ရှောင်းက သူ၏ လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး နောက်ထပ် စကားလုံး တစ်ကြောင်းကို ပို့လိုက်သည်။ 


“မစိုးရိမ်နဲ့။ ငါသာ သူခိုးနဲ့ဆိုရင် အရှေ့မှာ close ကို ရင်ဆိုင်ရရင်တောင် နိုင်နိုင်တယ်”


“နတ်ဘုရားလုကို ရင်ဆိုင်ရရင် နိုင်တယ်။ ဟုတ်လား”


“ဘာလို့ မင်း စကြာဝဠာကြီး တစ်ခုလုံးကို ကယ်တင်ခဲ့တာလို့ မပြောတာလဲ”


အပြင်ဘက်တွင် တစ်ကြိမ်သော်မှ မစုံဖူးသည့် အင်တာနက်ပေါ်မှ လူလေးယောက်က တစ်ချိန်တည်းလိုလို ပြောလာကြသည်။ 


“ညီအစ်ကို မင်း နည်းနည်းလေး လျော့ပြီး အရှက်မဲ့ ပေးလို့ရမလား”


မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက်တွင် ထိုလေးယောက်၏ အမူအယာများဟာ ရစ်မူးသလို ဖြစ်သွားသည်။ အသင်း channelတွင် စကားပြောသည့် styleကပင် ရုတ်တရက် ပြောင်းသွားသည်။ 


“ရှောင်းတကော အာ… မဟုတ်သေးပါဘူး။ နတ်ဘုရားကြီး။ နတ်ဘုရားကြီး ခြေထောက်မှာ အဆင်တန်ဆာတွေများ လိုသေးလား။ ဒီအတိုင်း လဲအိပ်နေရုံနဲ့ အဆင့်က တက်သွား ပေးမှာမျိုးလေ။ နောက်ပြီး စကားလည်း မများပါဘူး။ အပိုစကားတွေလည်း မပြောဘူး”


“နတ်ဘုရားကြီး အထောက်အပံ့များ မလိုဘူးလား။ ငါ ဘုန်းကြီးနေရာကလည်း ကစားနိုင်တယ်။ နတ်ဆရာလား ဒါမှမဟုတ် ဘုန်းတော်ကြီးလား။ ဘယ်နေရာမဆို ရတယ်နော်။ ပြီးတော့ မင်း လူကြိုက်သလောက် သတ်လို့ရတယ်။ မင်းရဲ့ healthက တစ်စက်တောင် မလျော့စေရဘူး။ အာမ ခံပေးနိုင်တယ်”


“သောက်ကျိုးနည်း”


“ဒီလို တိုက်ပွဲ တိုးတက်မှုများနဲ့ဆိုရင် ဒါက Closeရဲ့ ALTတော့ မဟုတ်ပါဘူးနော်။ ဟုတ်တယ်မလား”


ဝေ့ရှောင်းသည် အခွင့်ရေး အရယူပြီး ကြေငြာ လိုက်သည်။ : “မဲ့မဲ့တာ အဖော်ပြုကစားသမား ID 7758521 သူဌေးတွေ အော်ဒါ နံပါတ်လာယူဖို့ စောင့်နေပါတယ်”


ကစားသမားလေးယောက်: “????”


ဒီနတ်ဘုရားက နောက်ပြီး ဒီသောက်ကျိုးနည်း အံ့သြဖို့ကောင်းတဲ့ သူခိုးက တကယ်တော့ အဖော်ပြု ကစားသမားတဲ့လား။ 


နောက်ပြီး စျေးက ကောင်းကင် တက်၊ မတက် အံအားသင့်စရာ လောက်အောင် အဖော်ပြု ကစားသမားတစ်ယောက်။ 


သူတို့သည် မူလကမူ ချိန်းဆိုမှု ယူချင်ခဲ့သည်။ သို့သော် gameတစ်ပွဲတွင် ယွမ်၂၀၀ ဆိုသော မြင့်မားသော စျေးကို မြင်ပြီးနောက်တွင် တိတ်တဆိတ် နှုတ်ဆက် လိုက်ကြသည်။ 


သောက်ကျိုးနည်း ဒါကဘာလဲ။ တစ်ပွဲကို ၂၀၀ ဟုတ်လား။ 


ဘာလို့ ဒီတိုင်း ကောင်းကင်ပေါ် မတက်သွားတာလဲ။ 


တစ်ပွဲ ကစားပြီးနောက်တွင် ဝေ့ရှောင်းသည် အနည်းငယ်ပင် အိပ်ချင်လာသည်။ 


သူသည်လည်း မတက်နိုင်ပေ။ ပြိုင်ဖက်များကို ခြေမွှသည့် ဖြစ်စဥ် တောက်လျောက် ရပ်တန့်၍ မရခဲ့ချေ။ သို့သော် ထိုအခြေအနေကတင် သူ့ကို အိပ်ချင် လာစေသည်။ 


ဝေ့ရှောင်းသည် သူ၏ ခွေးကို အိပ်ခန်းအပြင်ဖက်သို့ မောင်းထုတ်လိုက်ပြီး အိပ်ယာပေါ် ခုန်တက်ကာ အိပ်မည့် အချိန်တွင် ဖုန်းက တဗြည်းဗြည်း မြည်လာသည်။ 


“အိုး ကျစ် သူ့ရဲ့ ပလဖောင်း accountထဲက logoutကို မေ့သွား ပြန်တာပဲ။ တစ်ယောက်ယောက် စာပို့တာများလား”


ဝေ့ရှောင်းသည် ချက်ချင်းဆိုသလို ဖုန်းကို ဆွဲဖွင့်လိုက်သောအခါ လူတစ်ယောက်သည် အော်ဒါ ယူသွားကြောင်းတွေ့လိုက်ရသည်။ 


professional leagueက အဲ့ဒီသားရဲကောင်တွေက လွဲပြီး တစ်ပွဲကို ယွမ်နှစ်ရာနဲ့ သူ့ကို အော်ဒါတင်တဲ့ တစ်စုံတစ်ယောက်က ရှိသေးတာလား။ 


ဝေ့ရှောင်းသည် ပြင်းပြစွာနဲ့ ကြည့်လာပြီး မှင်သက် သွားသည်။ 


customer လုက gameပွဲ တစ်သောင်းစာ အော်ဒါ တင်သွားပါတယ်။ အော်ဒါကို လက်ခံ လိုပါသလား။ 


gameပွဲ တစ်သောင်း ဟုတ်လား။ 


ဝေ့ရှောင်းသည် မျက်လုံးကို ပွတ်လိုက်ပြီး ဂရုစိုက် ရေတွက် ကြည့်သည်။ ထို့နောက် ပြန်ရေတွက် ကြည့်၏။ သုညသည် လေးလုံး ဖြစ်သည်။ သိသာစွာဖြင့် ဒါသည် gameပွဲ တစ်သောင်း ဖြစ်သည်။ 


တစ်ပွဲကို နှစ်ရာ။ 


ဒါဆိုရင် ယွမ် နှစ်သန်းပေါ့။ 


ယွမ်နှစ်သန်းသည် အလွန်တောက်ပပြီး မျက်စိကျိန်း မတက် ဖြစ်သည်။ 


******