Ch 2
Viewers 3k

အပိုင်း(၂)-ဂိမ်းတစ်ပွဲကို နှစ်ရာနဲ့ အာရုံတက်တဲ့အထိမင်းကို အဖော်ပြုပေးမယ်။ 


တစ်ဖက်သူသည် online တွင်ရှိနေသေးသည်။ ထို့ကြောင့် ဝေ့ရှောင်းသည် သူ့အား private message ပို့လိုက်သည်။ 


“ သူဌေး မတော်တဆ များ သုည တစ်လုံးပိုထည့်လိုက်မိသေးတာလား”


အမှန်တိုင်းရိုးရိုးသားသားပြောရမယ်ဆိုရင် ဝေ့ရှောင်းကိုယ်တိုင်တောင်မှ သပ်သပ်ရပ်ရပ်နှင့် အတန်းလိုက်ရှိနေတဲ့ သုည ခြောက်လုံးကျော်ကြောင့် မျက်စိမူးသွားသေးတယ်။ 


တစ်ဖက်သူသည်အလွန်အမင်းလျှင်မြန်လွန်းစွာ ပြန်လာသည်။ စကားလုံးများကိုလည်း ရွှေထည်အလား တန်ဖိုးထာသေးသည်။ 


“မထည့်ဘူး”


ဝေ့ရှောင်း၏စိတ်သည် မယုံသလိုဖြစ်သွားသေးသည်။ 


“ မင်းက ငါ့ကို ဂိမ်းပွဲတစ်သောင်းအတွက် အဖော်ပြုပေးစေချင်တယ် ဟုတ်လား”


လု : “ အင်း” 


ဝေ့ရှောင်း : “ …..”


သူသည်ဖုန်းကို ထားလိုက်ပြီး မတ်တတ် ထရပ်ကာ တံခါးကိုထဖွင့်သည်။ 


ပဲပိစပ်သည် သူ့အားအော်ဟစ်သံတစ်ချက်နှင့်အတူခုန်အုပ်သည်။ ဝေ့ရှောင်းက သူ၏ ခေါင်းကိုဖမ်းလိုက်ပြီး အသာပွတ်ပေးကာ ခွေး၏ အမွှေးများအရပ်မျက်နှာအနှံ့ထောင်တက််ကုန်သည်အထိပွတ်သပ်ပေးလိုက်သည်။ 


ဝေ့ရှောင်း : “ အင်း အိမ်မက်မဟုတ်ဘူး “


ပဲပိစပ် : “ အောင်း” 


ဝေ့ရှောင်းသည်ရူးကြောင််ကြောင် Husky အားဘေးဘက်သို့ တွန်းဖယ်လိုက်ပြီးတံခါးကို ဗန်းခနဲ ပြန်ပိတ်လိုက်သည်။ သူ၏ အေးစက်ပြီး ရက်စက်သောပြုမူက တစ်ဖက်သူနှင့်ကိစ္စပြီးသည်နှင့် ချက်ချင်းဆိုသလိုအသိမှတ်ပြုရန် ငြင်းဆန်သော အမှိူက်ကောင်လိုယောကျာ်းမျိူးနှင့်ပင်တူနေသေးသည်။ 


ခွေး နှာခေါင်းလေး တံခါးနှင့်တိုက်မတတ်ဖြစ်ပြီးလန့်သွားသော ပဲပိစပ် : “ အားဝု အားဝု အားဝု “


သူအိပ်မက်မက်နေတာမဟုတ်ဘူး။ တကယ်ဖြစ်နေတာပဲ။ တကယ်ကို အရူးလေးပဲ။ 


အာ မဟုတ်သေးပါဘူး ပိုက်ဆံနှစ်သန်းသုံးပြီးသူနှင့် ဂိမ်းပွဲတစ်သောင်းကစားချင်တဲ့ သူဌေးပဲ။ 


“ဖာ့ခ်”


ဝေ့ရှောင်းသည်စိတ်ငြိမ်သွားပြီး နိုင်ချင်မှုကိုပင်ခံစားလိုက်ရ၏။ platform သည် ကိုင်တွယ်ကြေး 10% ကိုယူပေလိမ့်မယ်။ ဒါဆိုရင် သူမျက်တောင်တစ်မှိတ်အချိန်အတွင်း ယွမ် နှစ်သိန်းကို ဆုံးရှုံးလိုက်ရတာမဟုတ်ဘူးလား။ 


ဒါက ယွန်နှစ်သိန်းအပြည့်နော်။ 


Skin တစ်ခုဆို ၂၈ ယွမ်နဲ့ရတယ်။ ဒါဆိုရင် Skin 7142 ခုတောင်မှ ဝယ်ဖို့တောင်လုံလောက်နေပြီ။ 


ဝေ့ရှောင်းသည် သူ၏ အရေပြားလှီးဖြတ်ခံရသလို နာကျဥ်မှုမျိုးဖြင့်မေးလိုက်သည်။ 


“ ဆိုတော့ ငါအရင်က မင်းနဲ့ ကစားဖူးသလားလို့မေးပါရစေ”


ဝေ့ရှောင်းသည် အဖော်ပြုကစားသမားလုပ်နေသည်မှာကြာပြီဖြစ်သည်။ သို့သော်အရင်က customer များကိုဒီလိုနွေးထွေးသော လေသံမျိုးဖြင့်မသုံးဖူးချေ။ သူ၏ ယခင် customer များသာ ထို စကားကိုကြားမည်ဆိုလျှင် သွေး ၃ liters လောက် အန်နိုင်ချေ 80% အထိရှိသည်။ 


လု : “ မကစားဖူးဘူး “


ဝေ့ရှောင်း : “မင်းနဲ့ငါနဲ့ အရင်က တစ်ကြိမ်တောင်မကစားဖူးဘဲနဲ့ မင်းကငါ့ဆီကနေ ဂိမ်းပွဲစဥ်အများကြီးအတွက် ဝယ်လိုက်တယ်ဟုတ်လား”


လု : “ အင်း”


ဝေ့ရှောင်း ၏ မျက်နှာတွင်စိတ်ရှုပ်ထွေးမှုများဖြင့်ပြည့်နှပ်လာသည်။ “ အင်း “ က ဘာကိုဆိုလိုတာလဲ။ 


ဒီစကားလုံးရဲ့နောက်ကွယ်မှာ လျှို့ဝှက်အဓိပ္ပါယ်တွေအများကြီးပဲနော်။ 


သူသည်စိတ်ရှည်စွာထပ်မေးလိုက်သည်။ 


“ငါမင်းကိုလှည့်ဖျားမှာကိုမကြောက်ဖူးလား။ 


လု : “ မကြောက်ဘူး”


“ ငါ့ရဲ့ skill က သောက်ကျိုးနည်းနေရင်ဘယ်လိုလုပ်မလဲ”


“ မင်းလုပ်နိုင်တယ်”


“မင်းကဒီလိုနဲ့ ငါ့ကိုယုံတာပဲလား” 


“ အင်း” 


ဝေ့ရှောင်း၏ မျက်နှာက လျှို့ဝှက်ဆန်းကြယ်သလိုဖြစ်သွားသည်။ သူသည် သူ၏ ရင်ထဲမှာ မေးခွန်းကိုမေးလိုက်သည်။ 


“ ဘာလို့လဲ” 


လု : “အင်း “ 


ဝေ့ရှောင်း : “ ငါဆိုလိုတာက ဘာလို့ ငါ့ကိုရွေးတာလဲ”


တစ်ဖက်သူက စကား ရပ်တန့်သွားသည်။ ထို့နောက် ဝေ့ရှောင်း၏ မျက်နှာထားကိုပင်ထိန်းချုပ်မှု လွတ်ကင်းစေသည့် အကြောင်းပြချက်မျိူးပေးလာသည်။ 

2 02

“ ဘာလို့လဲဆိုတော့ မင်းကစျေးကြီးလို့ “


ဝေ့ရှောင်း : “ ဘာ”


ဒီလျှို့ဝှက်ဆန်းကျယ်တဲ့ လု ဆိုတဲ့တစ်ယောက်ကအရင်က အတိုင်းတည်ငြိမ်နေတုန်းပါလား။ 


“ မင်းပေးတဲ့ အတိုင်း ပြန်ရမှာပေါ့ “ 


ဝေ့ရှောင်းသည် သုံး စက္ကန့်ခန့် စွန့်အ သွားသည်။ ထို့နောက် မေးလိုက်၏။ 


“ တန်ကြေးက ပစ္စည်းနဲ့ မထိုက်တန်မှာကို မစိုးရိမ်ဘူးလား”


လုသည် သည်တစ်ကြိမ်တွင် စာမရိုက်လာချေ။ ထို့အစား သူ့အား ဝေ့ရှောင်း၏ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ထားသည့် screenshot ကို ပို့ပေးလာသည်။ 


တောတွင်းဘုရင် ၊ မှော်စရာတွေရဲ့ ဘုရင် ၊ အရာအားလုံးလုပ်နိုင်တဲ့ ဘုရင်တစ်ပါး ...မင်းမရှုံးစေရဘူး နောက်ပြီး ဒီတန်ကြေးနဲ့ အလိမ်ညာကိုလည်း မတွေ့စေရဘူး။ 


ဝေ့ရှောင်း : “ ….”


Internet ပေါ်မှာ hater တွေကို ဆွဲဖြဲနိုင်တဲ့ နတ်ဘုရား ဝေ့အနေနဲ့ ဒီလို အခြေအနေမျိုးကို တစ်ကြိမ်တောင်မှ မကြုံဖူးဘူး။ 


သူက game တွေထဲမှာ hater တွေကို ဖိနှိပ်နိုင်တယ်။ ဆွဲဖြဲနိုင်တယ်။ ဒါတောင်မှ ပြန်မဖြေ နိုင်လောက်အောင် စွန့်အ သွားရလေသည်။ 


“ဒါဆိုရင် .....”


ဝေ့ရှောင်းက တက်တက်ကြွကြွ မေးလိုက်သည်။ 


“ တစ်ပွဲလောက်ကစားကြမလား “ 


လု : “ အလျှင်မလိုဘူး “ 


အာ....


 မင်းက ပိုက်ဆံနှစ်သန်းသုံးပြီး အဖော်ပြုကစားသမားကိုရှာပြီးတဲ့နောက်မှာတောင်မှ ကစားဖို့အလျှင်မလိုဘူး ဟုတ်လား။ 


 ဝေ့ရှောင်း : “ ဒါဆိုရင် သူဌေး က ဘယ်တော့အားမှာလဲ “


လု : “ ညတစ်နာရီခွဲ “


ဝေ့ရှောင်းသည် အချိန်ကို ကြည့်လိုက်သည်။ ယခုကား မနက်၇နာရီ ဖြစ်သည်။ ထို့ကြောင့် သူသည် နောက်ထပ် ၆နာရီခန့် အိပ်၍ ရသည်။ 


 ကောင်းလိုက်တာ။ 


“ ဒါဆိုရင်လဲ တစ်နာရီခွဲမှ တွေ့မယ်”


လု : “ ကောင်းပြီ “


Chat interfaceမှ ထွက်ပြီးနောက်တွင် ဝေ့ရှောင်းသည် cell phoneကို လက်ဖြင့် ကိုင်ပြီး ခဏခန့် ကြောင်နေမိသည်။ 


သူအိပ်ရင်း ငရဲသွားတာပဲ ကောင်းမယ်ထင်တယ်။ 


ဒီလောက် ကိစ္စကြီး ဖြစ်သွားပြီးတဲ့နောက်မှာ သူ ဘယ်လိုများ အိပ်ရမှာလဲ။ 


 ဝေ့ရှောင်းသည် အဖော်ပြု gaming platforထဲမှ တစ်ချက် တောက်ကာ ထွက်လိုက်ပြီး wechatကို ဖွင့်သည်။ ထို့နောက် အသံkey ကိုဖိထားရင်း ခပ်မြန်မြန် ပြောသည်။ သောက်ကျိူးနည်း လောင်ပိုင်။ ငါ သောက်ကျိုးနည်းအိမ်မှာ ဒီတိုင်း ထိုင်နေရင်းနဲ့ ကောင်းကင်ပေါ်ကနေ ပိုက်ဆံတွေ ကျလာတယ်။ ဘယ်လို ချစ်စရာ ကောင်းတဲ့အရာလေးက ငါနဲ့ ပွဲစဥ် တစ်သောင်းကစားဖို့ နှစ်သန်းပေးပြီး ဝယ်သွားလဲ မသိပါဘူး။ Platform ပေါ်မှာတောင် order တိုက်ရိုက် တင်လိုက်တာ လုံးဝ တုံ့ဆိုင်း မနေဘူး။ လုံးဝလည်း အချိန်ဆွဲ မနေဘူး။ ဒီထဲမှာ စမ်းသပ်ကစားပွဲတွေတောင် မရှိဘူး။ တိုက်ရိုက် ငါ့ရဲ့ပညာကို ပိုက်ဆံ နှစ်သန်းနဲ့ ကောက်ပေါက် ပစ်လိုက်တာ။ ဒီလို နေ့ရက်မျိုးက ငါ့ဆီမှာ တစ်ရက်မှာ ဖြစ်ပျက် လာလိမ့်မယ်လို့ မတွေးဖူးဘူး။ ဒီတော့ လက်စသတ်တော့ သကြားကလေး ဖြစ်တယ်ဆိုတာက ဒီလို ခံစားရတာကို။ ငါ ဆက်လက်ပြီး မတိုက်ခိုက်ချင်တော့ဘူး။ ငါ ဒီအတိုင်း ဒီသူဌေးကိုပဲ တစ်ဘဝလုံး အဖော်ပြု သွားတော့မယ်။ အိုး။ ငါက ကံကောင်းပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့ တွေ့တယ် မင်းထင်လား။ ဟေးဟေဟေး။ ဘာမှ ပြောစရာ မရှိတာ့ဘူး။ ငါ သွားပြီး ဖွင့်ပြောတော့မယ်။ 


လောင်ပိုင်၏ မျိုးရိုးနာမည်သည် ပိုင်ဖြစ်သည်။ သူ၏ နာမည်ကမူ ချိုင်ဖြစ်သည်။ နာမည်ပြောင်သည် ချိုင်ကော ဖြစ်သည်။ 

2 03

ပိုင်ချိုင်နှင့် ဝေ့ရှောင်းတို့သည် သိကျွမ်းကြသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးသည် လူငယ်လေ့ကျင့်ရေး စခန်းတွင် ရှိနေခဲ့ချိန်က အပေါ်ကုတင် အောက်ကုတင် အိပ်သည်အထိ ရင်းနှီးသော ဆက်ဆံရေးမျိုး ဖြစ်သည်။ နှစ်နှစ်ခန့် ကြာပြီးနောက် တစ်ချိန်က လူသစ်များ၏ ဘုရင်ဖြစ်ခဲ့သော ဝေ့ရှောင်း ယခုအခါ စင်ပေါ်မတက်နိုင်သည့် အဖော်ပြု ကစားသမား ဖြစ်လာသည်။ လူသစ်များ၏ ဘုရင်ကို ထောက်ပ့ပေးသော ပိုင်ချိုင်ကမူ ယခုအခါ FTWK ဘက်မှ dancer အသင်းထဲသို့ ဝင်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် နာမည်ကျော် ကြားသော မဟာမိစ္ဆာဘုရင် လုဖုန်း၏ အသင်းဖော် တစ်ယောက် ဖြစ်သည်။ 


နှစ်ယောက်ကြားမှာ ကွာခြားချက်ကြီး ကောင်းကင်နှင့် မြေကြီးအလား ဖြစ်နေပြီး လူအများကိုပင် သက်ပျင်း ချမိစေရန်ပင် လုံလောက်သည်။ 


သို့ရာတွင် ပိုင်ချိုင်ကမူ ထိုကိစ္စကို မရယ်ချေ။ ထို့အစား ငါလူး... သူ လန့်လွန်းလို့ ဘောင်းဘီထဲတောင် သေးထွက်ကြတော့မယ်။ 


“ ဝေ့ရှောင်း”


ကြားလိုက်ရုံဖြင့် ကိုယ်ဝန် ရအောင်ပင် လုပ်နိုင်သည်ဟု ပရိတ်သတ်များက စွဲမြဲစွာ ယုံကြည်ထားသည့် နက်ရှိုင်း သြရှသော ထိုအသံက ပိုင်ချိုင်၏ ဘက်မှ ထွက်လာသည်။ 


သူတို့ ကိုယ်ဝန်မရဘူး။ ဒါပေမဲ့ ကိုယ်ဝန်ပျက်ကျမဲ့ လက္ခဏာတော့ ရတယ်။ 


“ ဟုတ်တယ် ဟုတ်တယ် “


ပိုင်ချိုင်သည် စက္ကန့်သုံးဆယ်ခန့် ရှည်သော voice message ကို ကြည့်လိုက်ပြီး စိတ်ထဲ ရိုးသားစွာ ဆုတောင်းလိုက်သည်။ 


လောင်ဝေ့ မင်း ပေါက်ကရ လျှောက်ပြောတာ မဟုတ်ရင်ပိုကောင်းမယ်။ 


လုဖုန်း : “ သူ ဘာပြောတာလဲ”


ပိုင်ချိုင် : “ ဒါက.....”


လုဖုန်း၏ မျက်ခွံက အသာလှုပ်သွားသည်။ “ အဆင်ပြေလို့လား “ ပိုင်ချိုင်က အသံတစ်ချက် ပြုလိုက်ပြီး သူ၏လက်သည် ဦးနှောက်ထက် လျှင်မြန်စွာနှင့် voice message click ကို နှိပ်မိလိုက်သည်။ 


“ သောက်ကျိုးနည်း လောင်ပိုင် ...ချစ်စရာ ကောင်းတဲ့ အရာလေးက ... သကြားကလေးလေး ... တစ်ဘဝလုံးစာ ... သကြားကလေးလေး ... ငါသွားပြီး ဖွင့်ပြောတော့မယ်”


ပိုင်ချိုင် : “ ....” 


“ဆုတောင်းက ဘာအသုံးဝင်လဲ။ ဒီအတိုင်း ဒီသားရဲကောင်လိုမျိုး ပါစပ်မှာ censor မရှိတဲ့ အရာက ပုံမှန်စကားမျိူး ဘယ်တော့မှ မပြောဘူးဆိုတာကို သူ တွေးမိဖို့ပဲ လိုအပ်တာ။ 


နောက်ပြီး ချစ်စရာကောင်းတဲ့အရာလေး .... ချစ်စရာ ကောင်းတဲ့ကောင်မလေး နောက်ပြီး ဖွင့်ပြောမယ်လို့တောင် ထည့်ပြော လိုက်သေးတယ်။ ဝေ့ရှောင်း မင်း မီးပန်းဘဝကနေ ပြန်လည် မွေးဖွားလာတာ မဟုတ်လား... နေ့တိုင်း ကောင်းကင်ပေါ် တက်ချင်နေတာ မဟုတ်လား။ 


လောင်ပိုင်ကမူ ထိုကောင်နှင့် သူ၏ ဆက်ဆံရေးကို တွေးတောခြင်းအားဖြင့် အနည်းငယ် ကယ်တင်ပေးရန် ဆုံးဖြတ်လိုက်သည်။ 


 ”ဒါက....”


သူ၏ စကား မစသေးခင် မင်သက်သွားသည်။ 


သောက်ကျိုးနည်း 


ငါလူး...


 Closeက ပြုံးလိုက်တယ်။ မဟာမိစ္ဆာဘုရင်ကြီးက ပြုံးနေတယ် .....။ 


ကမ္ဘာ့ champion ဖလားကို ရခဲ့ချိန်ကပင် Final စင်မြင့်တွင် မျက်နှာသေဖြင့် ရပ်နေခဲ့သော ထိုအမျိုးသားဟာ အမှန်တကယ် ပြုံးနေသည်။ 


အပြုံးဟာ သိသာလွန်းနေသည်တော့ မဟုတ်ပေ။ သို့သော် သူ၏ နှူတ်ခမ်း ထောင့်စွန်းများက ကော့တက် နေသည်။ အပြုံးသည် ပေါ့ပါးသည်။ သို့သော် သူ၏ အနက်ရောင် မျက်ဝန်းကို အနက်ရှိုင်းဆုံးအပိုင်း အတွင်းကပင် အရိပ်အမြွက် ထွက်ပေါ်လာသေးသည်။ 


ပိုင်ချိုင်သည် ခေါင်း ကျိမ်းသွားသလို ခံစားလိုက်ရသည်။ 


သူသည် ထိုပုံကိုသာ ဓာတ်ပုံ ရိုက်ယူထားမည်ဆိုလျှင် လုဖုန်း၏ ဇနီး ပရိတ်သတ်များ၊ သခင်မ ပရိတ်သတ်များ၊ ကောင်မလေး ပရိတ်သတ်များက သူ့အား သန်းတစ်ရာလောက်ပေးနိုင်လောက်သည်။ 


နှမြောစရာပဲ ....။ 


သူ့မှာ ပိုက်ဆံ ရှာတတ်သည့် ဦးနှောက်ရှိပေမဲ့လဲ အမှန်တကယ် လုပ်ရဲတဲ့ သတ္တိမရှိဘူး။ 


“ မပြန်ဘူးလား “ လုဖုန်းက သူ့ကို မေးသည်။ 


ပိုင်ချိုင်သည် သူ၏ ဆိုးယုတ်သော အတွေးများကို ဘေးဖယ်ထားလိုက်ရင်း အလျှင်အမြန် ပြန်ပြောလိုက်သည်။ 

2 04

“ မပြန်တော့ပါဘူး။ ငါသူ့ကို ဒီလိုအခြေနေမျိူးမှာ ပြန်လိုက်ရင် ငါ မျှစ်ကို ရိုက်ရင်း မြွေကို ခြောက်ထုတ်သလို ဖြစ်သွားလိမ့်မယ်”


မနက် ၇ နာရီသည် esport ကစားသမားများအတွက် သာမန်လူများ၏ မနက် ၂နာရီ ၃နာရီနှင့်တူသည်။ သူတို့ ဒီအချိန်တွင် မအိပ်သေးမှသာ သံသယ ဝင်ဖွယ်ရာ ဖြစ်နေလိမ့်မည်။ လုဖုန်းက တွေးလိုက်သည်။ 


“ ဟုတ်တယ်။ သူ့ကို အိပ်ခိုင်းလိုက်ပါ” 


ပိုင်ချိုင် : “ ….. “


သူဝတ္ထုတိုတွေ အများကြီး ရေးခဲ့မိတာကြောင့် များလား။ ဘယ်လိုကြောင့်ကိစ္စတွေက နည်းနည်းလေး ကို့ရို့ကားယား ဖြစ်နေသလို အမြဲတစေ ခံစားနေမိတာလဲ။ 


လုဖုန်းသည် စကား ဆက်မပြောတော့ပဲ အပေါ်ဘက်သို့ လှည့်တက်သွားသည်။ 


ပိုင်ချိုင်က စိတ်အေးသွားပြီး သက်ပျင်းအရှည်ကြီးကို ချလိုက်ပြီး သူ၏ ခုံပေါ် အရုပ်ကြိုးပျက် လဲချလိုက်သည်။ 


စိတ် မကောင်းပါဘူး။ အားး လောင်ဝေ့ ....မင်းရဲ့ညီကိုက မင်းကို ရောင်းထုတ်လိုက်တာ မဟုတ်ပါဘူး။ ဒီအတိုင်း မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ပြီးတဲ့နောက်ပိုင်းမှာ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ထပ်ဖြစ်လာလို့ .... အားလုံးက တိုက်ဆိုင်မှုပါပဲ။ 


ကောင်းပြီလေ။ သူ နည်းနည်းလေး နည်းနည်း များများလေးတော့ မှားတယ် ဆိုတာတော့ ဝန်ခံပါတယ်။ သူ တကယ်ကို လေ့ကျင့်ရေးစခန်းထဲမှာ ဝက်ခြံ မညှစ်နေသင့်ဘူး။ 


ထို ကိစ္စကို ရှင်းပြရမည်ဆိုရင် မနေ့ညက ဆက်ရ ပေလိမ့်မယ်။ 


…….



ဒီနေ့အတွင်း အသင်းဝင်တစ်ယောက်သည် FTWသို့ ပူးပေါင်း ဝင်ရောက်လာသည်။ ပုန်ကန်တတ်သော လူငယ်တစ်ယောက် ဖြစ်ပြီး အဘွားကြီးလိုလို မီးခိုးရောင် ဆံပင် အရောင်ဆိုးထားသည့် ထိုကောင်ငယ်လေး၏ နာမည်က နင်ကျယ်ဟန် ဖြစ်သည်။ သူသည် mid lane ကစားသမားဖြစ်သည်။ 


Gloryသည် esport တွင် 10 နှစ်ကျော် လည်ပတ်တည်ရှိနေခဲ့ပြီး professional ကစားသမားများအတွက် ရင့်ကျက်သော ကစားနည်းစနစ်ကို ဖွဲ့စည်း ပြီးခဲ့သည်မှာ ကြာညောင်းခဲ့ပြီ ဖြစ်သည်။ 


အားလုံး ယုံကြည် လက်ခံ ထားကြသော အမိန့်ပေး လေ့ကျင့်ရေး စနစ်သည် အမျိုးမျိုးသော clubများမှ ပူးပေါင်းဖွဲ့စည်း ထားသည့် လူသစ် လေ့ကျင့်ရေးစခန်း ဖြစ်သည်။ ပွဲစဥ် မရှိသော off season တိုင်းတွင် ပြိုင်ပွဲများ ကျင်းပ ပေးလေ့လည်းရှိ၏။ လွန်ခဲ့သော နှစ်နှစ်ခန့်က ဝေ့ရှောင်းသည် လူသစ်ဘုရင် ဖြစ်ခဲ့သည်။ ဒီနှစ်တွင် နင်ကျယ်ဟန် ဖြစ်သည်။ 


ထိုကလေးသည် skill အနည်းငယ် ရှိသည်။ သူသည် မိုက်ရူးရဲဆန်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ် လို၏။ သို့သော် ပြောရမည်ဆိုလျှင် သူ့တွင် တည်ငြိမ်သော ကစားသည့်ပုံစံ ရှိပြီး လိုအပ်သည့်အခါ ရှေ့တိုးနောက်ဆုတ် လုပ်နိုင်သည်။ ထို့အပြင် သူသည် မှော်ဆရာလဲ ဖြစ်သဖြင့် သေနတ်ပစ် သမားများအကြားတွင် လွတ်လပ်ပေါ့ပါးစွာ လှုပ်ရှား သွားနိုင်စွမ်းအားရှိပြီး လိုက်ရောညီထွေ လုပ်နိုင်စွမ်းရည် မြင့်သည်။ 


လူသစ် လေ့ကျင့်ရေးစခန်း အဆုံးသတ်သွားသည်နှင့် အသင်းများအားလုံးက လူသစ်များကို တိုက်ခိုက်ကြသည်။ FTWသည်လည်း မြင့်မားသော တန်ကြေး သုံးသန်းနှင့် လက်မှတ် ထိုးခဲ့ခြင်း ဖြစ်သည်။ 


လူသစ်တစ်ယောက်အတွက် ထိုတန်ကြေးကို ရနိုင်ခဲ့ကတည်းက မည်မျှ တော်ကြောင်း သိနိုင်သည်။ 


နင်ကျယ်ဟန်သည် အသက် ၁၈နှစ်သာ ရှိသေးသည်။ ထိုနည်းလမ်းဖြင့် ချီးကျူးမှုများ ကြားတွင် သူဟာ ယုံကြည်မှု လွန်ကဲသွားသော ဖြစ်ရပ်က လွှဲရှောင်၍ မရချေ။ ထို့ကြောင့် သူသည် FTWသို့ ရောက်လာသောအခါ သူသည် တိုင်းပြည်အတွက် ကျော်ကြားမှုများ ရအောင် လုပ်ပေးနိုင်ပြီး ကမ္ဘာ့ champion ဖလားနှင့် ပြန်လာနိုင်မည်ဟု အမှန်တကယ် ယုံကြည်ခဲ့သည်။ သို့သော် ရလဒ် အနေဖြင့် အသင်းတွင် နှစ်ရက်ခန့် ဝင်ပြီးနောက် နင်ကျယ်ဟန်သည် စိတ်ဓာတ် ကျပြီး ထုကန်လိုစိတ် များသွားသည်။ 


ကိုးပွဲဆက်တိုက် လေ့ကျင့်ပြီးနောက်တွင် သူသည် လူတိုင်းကို နောက်ပြန်ဆွဲသော တည်ရှိမှု ဖြစ်သွားသည်။ သူသည် အသင်း၏ ဟန်ချက်အတိုင်း မလိုက်နိုင်ခဲ့ချေ။ သူ၏ game အသိစိတ် သည်လည်း ညံ့ပြီး သူက ဂုဏ်အယူဆုံးဖြစ်ခဲ့သည့် နည်းပညာနှင့် skill များကပင် လေးနှစ်ဆက်တိုက် championရရှိထားသော မဟာမိစ္ဆာဘုရင် နှင့် ထိပ်တိုက် ရင်ဆိုင်ရာတွင် တချက်ကို မျက်တောင် မခတ်နိုင်ခဲ့ပေ။ 


ဒီလောက် အင်အားကြီးတဲ့လူက ဘယ်လိုများ တည်ရှိနေရတာလဲ။ 


ဒီလိုတည်ရှိမှုက ကောင်းကင်ကိုတော င်ဖီဆန်နေသလို ဖြစ်နေပြီ မဟုတ်ဘူးလား။ 


သူတို့နှစ်ယောက်တွင် လက်နှစ်ဖက်သာ ပါသည်။ 


ဒါကို ဘာလို့ ကွာဟချက်က ဒီလောက်ထိ ကြီးနေရတာလဲ။ 


နင်ကျယ်ဟန်၏ အဘွားကြီးလို မီးခိုးရောင်ဆံပင်များက အရောင်ပင် ပျောက်သွားသည်။ သူသည် အစစ်မှန်အဘွားကြီးဖြစ်သွားသည်။ 

2 05

ပိုင်ချိုင်သည် ထိုအခြေအနေကို မြင်ဖူးသည်။ ကုန်လွန်ခဲ့သော နှစ်များတွင် ကိုယ့်ကိုကိုယ် ပါရမီကြီးသည်ဟု ထင်သားသော ကစားသမားများက FTWသို့ ဝင်ပြီးနောက်တွင် တစ်ကိုယ်လုံးပြာနှံ့ သည်အထိ အရိုက်ခံရပြီးနောက် ပိတ်လှောင်ရင်း ပျောက်ဆုံးသွားခဲ့ရသည် ချည်းသာလျှင် ဖြစ်လေသည်။ 


သူက ချဲ့ကားနေတာ မဟုတ်ဘူးလား။ ဒါပေမဲ့ နတ်ဘုရားလုက အကောင်းဆုံး ကြိုးစား ထားတာတောင် မဟုတ်သေးဘူး။ သူကသာ သူကိုယ်သူ လွှတ်ပေး လိုက်မယ်ဆိုရင် leagueရဲ့ ထိပ်ဆုံးမှာ ရှိတယ်လို့ ပြောနေတဲ့ အဲဒီလို အကောင်ကြီးကြီးတွေ တောင်မှ သူ့ရဲ့ ဟန်ချက်ကို မလိုက်မှီ နိုင်လောက်ဘူး။ 


အိုး... လွန်ခဲ့တဲ့ နှစ်နှစ်က ဝေ့ရှောင်းကတော့ ရှိတယ်…။ 


ကံဆိုးတာက အဲ့သားရဲကောင်က professional အသိုင်းဝိုင်းမှာ လာပြီး မကစားတော့ဘူးလေ။ 


ဘယ်လိုပဲ ဖြစ်ဖြစ်ပါ နင်ကျယ်ဟန်ကတော့ မလုပ်နိုင်ဘူး။ သူတို့က လူသစ် ဘုရင်တွေဆိုပြီး ဘက်လိုက် ဆုံးဖြတ်ချက် ချလို့တော့ မရဘူး။ 


ဒီနှစ်များတွင် ပိုင်ချိုင်သည် လူသစ်ဘုရင်များနှင့် ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးပင် စတင်ရနေပြီ ဖြစ်သည်။ 


၁၈နှစ်အရွယ် လူငယ်တစ်ယောက် အနေနှင့် ကိုယ့်ကိုယ် ပိတ်လှောင် လိုက်တယ်ဆိုတာက တော်တော်လေး ဆိုးရွားတယ် ဆိုပေမဲ့လည်း သူသွားပြီး မနှစ်သိမ့်ပေးချင်ဘူး။ ဒီအတိုင်း ဘာမှ မဖြစ်သလိုမျိုးပဲ ဘာမှ မမြင်လိုက် သလိုမျိုးပဲ ဆက်နေခဲ့ ဖြစ်တယ်။ 


ဒါပေမဲ့ ဒီလို လစ်လျှူရှု ထားတာတောင်မှ အဲ့ဒီကလေးက သူ့ကို အလျှင်လက်ဦးမှု ယူပြီးလာရှာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ 


“ ချိုင်ကော ငါကြားတာတော့ …”


သူ၏ စကားလုံးများသည် အထစ်ထစ်အငေါ့ငေါ့နှင့် ဖြစ်နေသည်။ သူသည် အလွန်အမင်း မသက်မသာ ဖြစ်နေပုံရသည်။ 


ပိုင်ချိုင်သည်လဲ စကားကို ကြားပြီးပြီးချင်း နားလည် သွားသည်။ သို့သော် သူရည်ရွယ်ချက်ရှိရှိပင် နားမလည်ဟန် ဆောင်လိုက်သည်။ 


“ ဟမ် မင်းဘာကြားတာလဲ”


နင်ကျယ်ဟန်က စကားပြောရန် တုံ့ဆိုင်း သွားသည်။ 


ပိုင်ချိုင်သည် သူ၏ ပုခုံးကိုပုတ်လိုက်ရင်းပြောလိုက်သည်။ 


“အများကြီး တွေးမနေနဲ့။ ဒီအတိုင်း လေ့ကျင့်တဲ့ ကစားပွဲစဥ် အနည်းငယ်ပါပဲ။ ရှုံးတာ အဆင်ပြေပါတယ်”


ဒါပေမဲ့ ပြဿနာက သူတို့ သူ့ကြောင့် ရှုံးတာလေ။ 


နင်ကျယ်ဟန်၏ မျက်နှာမှာ ဖြူဆုတ်သွားသည်။ 


ပိုင်ချိုင်သည် သဘောတကျ ပြုံးရယ် နေသေးပြီး သူ၏ စကားလုံးများဟာ မည်မျှ စိတ်ဓာတ် ကျစရာ ကောင်းနေကြောင်း သတိမထားမိပုံ ရသည်။ 


နင်ကျယ်ဟန်က သူ၏ အောက်နှူတ်ခမ်းကို ကိုက်ချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အားမွေးကာပြောသည်။ 


“ငါ ကြားတာတော့ မင်း နတ်ဘုရားအဆင့် လေ့ကျင့်ရေး partner တစ်ယောက်ကိုသိတယ်တဲ့”


“ အဲဒီလောက်ကြီးလဲ မဟုတ်ပါဘူး”ပိုင်ချိုင်က လက်ကို ရမ်းလိုက်သည်။ 


“ သူကဒီအတိုင်း အဖော်ပြုကစားသမား တစ်ယောက်ပါပဲ။ နတ်ဘုရားအဆင့်ရယ်တော့ မဟုတ်ပါဘူး”


နင်ကျယ်ဟန်က အလွန်လေးနက်သည်။ 


“ ဒါပေမဲ့ သူက leagueက professional ကစားသမား 90% နှုန်းလောက်ကို အလဲထိုးခဲ့တာ မဟုတ်ဘူးလား။ TPT အသင်းရဲ့ ဒုခေါင်းဆောင်တောင်မှ သူ့ဆီမှာ ရှုံးသွားတဲ့ ပြိုင်ဘက်တွေထဲက တစ်ယောက်ဆို”


ပိုင်ချိုင်က တီးတိုး ရေရွတ်သည်။ 


“ အဲဒါ ကတော့...”


နင်ကျယ်ဟန်သည် ယခုအခါ မသက်မသာ ခံစားနေရပုံ မပေါ်တော့ချေ။ သူ၏ စကားက ပိုကျယ်လာသည်။ သူသည် အလွန်ပင် လိုချင်တောင့်တနေပုံ ရသည်။ 


“ ငါလူသစ်လေ့ကျင့်ရေး စခန်းမှာကတည်းက သူနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီအကြောင်း ကိုကြားထားတာ။ သူ့ရဲ့နာမည်ကို ဘယ်သူမှ မသိဘူး။ သူ့ကိုလည်း ဘယ်သူမှ မမြင်ဖူးဘူး။ ဘယ်သူကမှ သူ့ရဲ့အစစ်မှန်နောက်ခံကို မသိဘူး။ ဒါပေမဲ့ သူက တရုတ် ပြိုင်ပွဲဇုန်ထဲမှာ နောက်ကွယ်က အင်အားကြီးဆုံး ကစားသမားဆိုတာကို လူတိုင်း သိကြတယ်။ မရေမတွက်နိုင်တဲ့ ကစားသမားတွေက သူ့ရဲ့လက်အောက်မှာ အရွယ်ရောက် ကြီးပြင်း တိုးတက်လာကြတယ်။ မရေတွက်နိုင်တဲ့ ဒုခေါင်းဆောင်တွေနဲ့ တစ်ချို့ team ခေါင်းဆောင်တွေတောင်မှ သူ့ဆီမှာ ဖိနှိပ်ခံပြီးရင် သူကစားတဲ့ ပုံစံကို နားလည်သွားလေ့ ရှိကြတယ်”

2 06

ပိုင်ချိုင်က ထိုစကားကို ကြားသောအခါ သွားကျိမ်းလာသည်။ ထိုစကားက မှန်ကန်သော်လည်း ဝေ့ရှောင်းဆိုသော ကောင်လေး၏ လုပ်တတ်ပုံ ကိစ္စများကို လုပ်တတ်ပုံ တွေးမိလိုက်သောအခါ…


သူနဲ့ မတန်ဘူး။ 


နင်ကျယ်ဟန်က ခိုင်မာစွာ ပြောသည်။ 


“ ချိုင်ကော ချိုင်ကော ငါ့ကို သူနဲ့ဆက်သွယ်ပေးပါလား။ ငါလဲ အင်အားကြီးချင်တယ်”


ပိုင်ချိုင်က ရေရွတ်လိုက်သည်။ မင်းက မင်းကိုယ်မင်း ဒုက္ခပေးစေချင်နေတာပဲ။ 


“ သူကတကယ်တော့ အဖော်ပြု ကစားသမားတစ်ယောက်သပ်သပ်ပါပဲ”


ပိုင်ချိုင်က သက်ပျင်းချပြီး စိတ်ဓာတ်ကျဟန်ဖြင့်ပြောသည်။ 


“ ဒီအတိုင်း ပိုက်ဆံယူပြီး မင်းနဲ့ ကစားမဲ့သူ” 


နင်ကျယ်ဟန် “ အာ”


ပိုင်ချိုင်သည် အဖော်ပြုကစားသမားတစ်ယောက်ဆိုသော စကားကို အလဟဿ ထပ်ပြောမနေတော့ချေ။ သူသည် လိုရင်းအချက်ကိုသာ အမှန်တကယ် ပြောရန် ကြိုးစားလိုက်သည်။ 


“ တစ်ပွဲကိုနှစ်ရာ အာရုံတက်တဲ့အထိ အဖော်ပြုပေးလိမ့်မယ်”


နင်ကျယ်ဟန် : “ …..”


******