အပိုင်း (၃) “နမ်း ငါ့ကို နမ်း ငါမင်းကိုချစ်တယ်။ ”
နင်ကျယ်ဟန်၏ ပူတက်နေသော အတွေးများကပင်
အလွန်အေးကျသွားသည်။ နတ်ဘုရားအဆင့် အဖော်ပြုကစားသမားနှင့် ပတ်သက်သော ဒဏ္ဍာရီပေါင်းများစွာ ရှိသည်။ သူသည် e-sport လောကတွင်
အလင်းပေးနိုင်သော တစ်ယောက်တည်းသော မဟာဆရာသခင်ဖြစ်ပုံ......professional
ကစားသမားလောတစ်ခွင်လုံးအနှံ့ နတ်ဘုရား
တစ်ပါးလို အနေထားမျိုးတွင်ရှိပုံ၊ သူသည်
မဟာ မိစ္ဆာဘုရင်ကို ထိပ်တိုက်ရင်ဆိုင်ပြီး အနိုင်ယူသည်နှင့် သူ့ကို အနိုင်ယူသည်က မည်သို့မည်ပုံ တူညီပုံ.....
သို့သော် ထိုနှစ်နာရီထဲတွင် ပိုက်ဆံအကြောင်းမပါပေ။
သို့ရာတွင် တခြားသော ရှုထောင့် တစ်ခုမှ ကြည့်သော် အဖော်ပြု ကစားသမားသည်လည်း ကောင်းမွန်ပေသည်။ သို့မဟုတ်လျှင် Trainer ပင်ဖြစ်နိုင်၏။ သူတို့သည် သူတို့ဝမ်းစာအတွက် ပိုက်ဆံရှာရန် လိုအပ်သေးလေသည်။ ထို့ကြောင့် တန်ကြေး ယူခြင်းကလည်း သာမှန်သာဖြစ်သည်။
နင်ကျယ်ဟန်၏ မဟာဆရာသခင်ကို ကြောက်ရွံ့ရိုသေစိတ်က အနည်းငယ် ပုဂ္ဂိုလ်ရေးအရ ဆိုင်သွားသည်။
“ဒါလည်း
အဆင်ပြတယ်”
ပစ္စည်းပို့ပြီးရင် ပိုက်ဆံ ပေးချေတာက ကောင်းတာပါပဲ။ ဘယ်သူကမှ ဘယ်သူ့အပေါ်
အကြွေး မတင်ဘူးပေါ့။
ပိုင်ချိုင်: “တစ်ပွဲနှစ်ရာဆိုတာက solo ( 1 Vs 1 )ကို
ရည်ညွှန်းတာ”
နင်ကျယ်ဟန် : “ဒါပေါ့”
Professional
ကစားသမားများသည် သူတို့၏
တစ်ဦးချင်း အင်အားကို မြင့်တင်
မွမ်းမံနိုင်ရန် အလို့ငှာ
မီးခွက် မဟာ ဆရာသခင်၏
အလင်းရောင်အောက်သို့ ဝင်လိုကြသည်။ အသင်းပြိုင်ပွဲများတွင်ပင် စဥ်းစားဆင်ခြင်ရန် လိုအပ်သော ကိစ္စများသည်။ သို့သော် မဟာဆရာသခင်သည်
လူတစ်ယောက်တည်းသာ ဖြစ်သည်။ ထို့ကြောင့် အသင်းလိုက်
ပြိုင်ပွဲ ဝင်ပေးနိုင်စွမ်းရည် မရှိချေ။
ပိုင်ချိုင်က အသာပြုံးသည်။ “ကောင်းပြီလေ။ ဒါဆိုရင် ငါမင်းအတွက်သူ့ကို ဆက်သွယ် ပေးမယ်”
ထိုအချိန်တွင် နင်ကျယ်ဟန်သည် ချိုင်ကောဟာ
မြေခွေးအိုကြီးလို ပြုံးနေသည်ဟုသာ ခံစားနေရသည်။ သို့သော် သူ၏
ပိုက်ဆံအိတ်ဟာ မည်မျှ ခံစားရမည် ဖြစ်ကြောင်း နားမလည်သေးပေ။
ပထမ
game ပွဲ ပြီးနောက်.........
နင်ကျယ်ဟန်က ပါးဖောင်းနေသည်။ “ဒါက
တအား.....”
သူပြင်းထန်တဲ့ စကားလုံးတွေတောင်
မသုံးနိုင်တော့ဘူး။ ဒါက တအားကို ပုံမှန် မဟုတ်နေတာပဲ။
1 Vs 1
ထိပ်တိုက်ရင်ဆိုင်ခြင်းသည် 5 Vs 5 ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် ခြားနားသည်။ gameပွဲ စတင်ပြီးနောက် ကစားသမားနှစ်ယောက်လုံးက ရှည်လျားသော
မြေပုံထဲသို့ ဝင်ရောက်ပြီး တစ်ယောက်ချင်းဆီ ကိုယ်ပိုင် ပြန်လည်ရှင်သန်ခြင်း သလင်းတုံးကို စောင့်ကြပ် ရပေလိမ့်မည်။ ထို့နောက် အခြေဆိုက်
စခန်းမှ ထွက်ရုံနှင့် စတင်တိုက်ခိုက် နိုင်သည်။
သို့သော် သာမှန် solo ပြိုင်ပွဲများတွင် ကစားသမားများသည် တစ်ယောက်ကို တစ်ယောက် ဖွံ့ဖြိုးတိုးတက်ချိန် အနည်းငယ် ပေးလေ့ရှိသည်။ တစ်နည်းအားဖြင့် talent point များနှင့်
ပစ္စည်းများကို တည်ဆောက်ရန် အချိန်ရမည် ဖြစ်သလို သူတို့နှစ်ယောက်လုံး အဆင့်တစ်ဆယ်အထိ ရောက်ရှိပြီးမှသာ တိုက်ခိုက်လေ့ ရှိကြသည်။ နင်ကျယ်ဟန်သည် အဆင့်တစ်သို့
ရောက်ပြီးရုံသာ ရှိသေးသည်။ အဆင့်နှစ်၏ ပြန်လည်ရှင်သန်သော သလင်းတုံးသို့ အတင်းကျပ်တွန်းပို့ကာ ပြန်ခိုင်းခြင်းကို ခံရသည်။ ထို့နောက် အဆင့်လေး၏......
ထို့နောက် game က over ဖြစ်သွားသည်။
တိုတောင်းလွန်းသော ငါးမိနစ်တည်းနှင့် မရေမတွက်နိုင်သော ကစားသမားများထဲတွင် ထင်းထွက် ရပ်တည်နိုင်ခဲ့သော
Top အသင်းဖြစ်သည့် FTWနှင့်ပင် သုံးသန်းတန်
စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သော နင်ကျယ်ဟန်သည်
ခက်ကြမ်းကြမ်း ရိုက်ခံလိုက်ရ၍ ဖရဲစေ့
အခွံကွာသလို ကွာထွက်သွားသည်။
“ထပ်လုပ်မယ်”
နင်ကျယ်ဟန်သည် နှစ်ကြိမ်ပင်မတွေးပဲ game ခန်းထဲသို့
ပြန်ဝင်သည်။
ပိုင်ချိုင်က အလွန်တည်ငြိမ်သည်။
“အရင်ပေးမလား”
3 02
နင်ကျယ်က ဖုန်းကိုထုတ်ပြီး “ငါမင်းဆီ လွှဲပေးလိုက်မယ်”
ပိုင်ချိုင်: “ကောင်းပြီ”
ထို့နောက် သူ၏ အကောင့်ထဲသို့
ယွမ် တစ်ထောင် ဝင်လာကြောင်း
တင် ခနဲအသံမည်သည်။
တစ်နာရီခန့် ကြာပြီးနောက်....
နင်ကျယ်ဟန်၏ တစ်ကိုယ်လုံးက ချွေးပြန်နေသည်။ သူ၏ အဖွားကြီးလို မီးခိုးရောင်ခေါင်းက နေရာတိုင်းတွင် စေးကပ်နေသည်။
ငါးမိနစ်တစ်ပွဲ ဖြစ်သောကြောင့် ၁၂ပွဲနီးပါး ကြာသွားသည်။ သူသည် မနိုင်ရုံသာ မကသေးလေပဲ
တစ်ဖက်သူကို တစ်ကြိမ်ပင် မသတ်နိုင်ခဲ့ပေ။
ဒီတစ်နာရီလုံးလုံး သူသည်
ဦးခေါင်းခွံ တင်းကြပ်ထုံထိုင်း
သွားသည်ထိ
ကစားခံခဲ့ရသည်။ သူ့ဘဝအား သံသယ ဝင်စေသော အချက်မှာ သူတော်သမျှ mid-lane hero တိုင်းကို
ရွေးချယ်ခဲ့သည့်တိုင်အောင် တစ်ဖက်ခြမ်းသည် သူနှင့် အလားတူသော
heroများကို သုံးပြုခြင်း ဖြစ်သည်။
သူက တော်ပါသည်ဟု
ဂုဏ်အယူရဆုံးသော heroများကြောင့် ရှုံးရခြင်း ဖြစ်သည်။
“ထပ်လာခဲ့”
နင်ကျယ်ဟန်၏ လက်က စတုန်လာသည်။
ပိုင်ချိုင်က သူ့ကိုကျေနပ်စွာ သတိပေးသည်။
“မင်း ဒီနေ့
၂၄၀၀တောင် သုံးပြီးသွားပြီနော်”
gameတစ်ပွဲကို
၂၀၀။ ၅မိနစ်ကို တစ်ပွဲ ဆိုတော့
တစ်နာရီကို ၂၄၀၀။
နင်ကျယ်ဟန်သည် တခဏခန့် ကြောင်သွားသည်။
သူသည် ရုတ်တရက် ပိုင်ချိုင် အရင်က ပြောဖူးသော စကားကို သတိရသွားသည်။ တစ်ပွဲကို ၂၀၀။ အာရုံတက်တဲ့ထိ အဖော်ပြုပေးမယ်
သူ ထိုအချိန်ကမူ ဂရုမစိုက်ခဲ့ချေ။ ဒါဟာ နှစ်ရာဟုသာ ထင်ခဲ့သည်။ ယခုမူ.....
သေစမ်း
ဒါက လမ်းပေါ် တက်ပြီး လုယက်တာ မဟုတ်ဘူးလား။ ပိုင်ချိုင်ကမူ သူ့ကို နှစ်သိမ့်ပေးသည်။
“အလျှင်စလိုမလုပ်နဲ့ အချိန်ယူ ။ ဒီညအတွက်ကတော့ အရင်ဦးဆုံး....”
ဆယ်ကျော်သက်များသည် ထိုခဲ့သို့သော
စကားလုံးများကို မကြားချင်ဆုံးဖြစ်သည်။
“ထပ်လာမယ်။ ငါ
အခုပဲ ငါးထောင် လွှဲပေးမယ်”
“ကောင်းပြီ”
ပိုင်ချိုင်သည် ပိုင်ဆံကို လက်ခံယူရန်
Click နှိပ်လိုက်ပြီးနောက် ၃၀/၇၀
အချိုးနဲ့ ဝေ့ရှောင်းကို လွှဲပေးလိုက်သည်။ တစ်ချိန်တည်းပင် သူက ဆဲရေးလိုက်လေသည်။
“မင်း သောက်ကျိုးနည်း နဲနဲလေးတောင် မထိန်းပေး နိုင်ဘူးလား။ ဒီ ကလေးက ဂေါ်လူ မတရားကို
ပစားပေးထားတဲ့ ကလေးနော်။ မင်းသူ့ကို ဖျက်စီးလိုက်ရင် တာဝန်ယူမှာလား”
ဝေ့ရှောင် : “ Closeကသူ့ကို သဘောကျတယ်ဟုတ်လား”
ပိုင်ချိုင်း နှလုံးသားက ခုန်လှုပ်သွားသည်..။
သေစမ်း ငါစကားပြောမှားသွားပြီ။
ဝေ့ရှောင်းသည် သူ့အား ကြင်နာပြီး ချစ်စဖွယ် ပြုံးနေသော မျက်နှာပုံ emoticonပုံလေးကို ပို့လာသည်။
“မစိုးရိမ်နဲ့။ သူ လေဒဏ်မိုးဒဏ်ကိုမှ မခံနိုင်ရင်
သက်တံ့ကို ဘယ်လိုများ မြင်နိုင်မှာလဲ”
ပိုင်ချိုင် : “.....”
သူ နင်ကျယ်ဟန်အတွက် စပြီး
စိတ်မကောင်း ဖြစ်လာပြီ။ ၁၈နှစ်အရွယ်ပဲ ရှိသေးတဲ့ အဖွားကြီးလို
မီးခိုးရောင်ဆံပင်နဲ့ ဒီကောင်လေးက
ဒီညမှာတော့ သူ့ရဲ့ အသက်ရွယ်နဲ့တောင် မတွေ့ကြုံလောက်သင့်တဲ့ ရက်စက်မှု
အဆင့်မျိုးကို တွေ့ကြုံခံစား ရတော့မယ်။
မနက်တစ်နာရီ.....
သူသည် ယွမ်တစ်သောင်းကို
သုံးပြီး
gameပွဲ ၅၀ရှုံးပြီးနောက်တွင် အဖွားကြီးလို
မီးခိုးရောင် ဆံပင်နှင့်ကောင်လေးသည် အော်ငိုသည်။
“ဒါ မမျှတဘူး”
“ဟုတ်နေတာပဲ”
“သူတကယ် ငိုသွားတာ”
အတွေ့ကြုံရှိပြီး ဗဟုသုတ
ကြွယ်ဝသော ပိုင်ချိုင်သည်လည်း ထူးဆန်းလွန်းသည့် ရင်နာသလိုလို ခံစားချက်မျိုးကို ရလာသည်။
“တကယ်တော့....”
နင်ကျယ်ဟန်သည် ကလေးဘဝကပင် ယခုလို
မငိုဖူးလောက်ချေ။
“သူ...သူ....”
“ပိုင်ချိုင်က
သူ့အား ကူညီပြီး ဆဲရေးပေးသည်။ ဒီကောင်က တအားရက်စက်တယ်။
နှလုံးသားမဲ့တဲ့ သားရဲကောင်။ မင်း.....”
“သူက
တကယ်ကို တအားသန်မာတာပဲ” နင်ကျယ်ဟန်က
နှာခေါင်း တရှုံ့ရှုံ့လုပ်ရင်း ငိုကာပြောသည်။
လူတွေရဲ့ အလွန်မှာ လူတွေ ရှိတယ်ဆိုတာ အမှန်ပဲ။ ကောင်းကင်ဘုံရဲ့အလွန်မှာလည်း ကောင်းကင်ဘုံ
ရှိလောက်တယ်။ ငါ့ရဲ့ skillက
နိမ့်ပါတယ်။ ငါမနက်ဖြန် လေ့ကျင့်ရေးချိန်ကို ပိုတိုးတော့မယ်။ ငါ ပြင်းပြင်း ထန်ထန်
ကြိုးစားဖို့ လိုအပ်နေပြီ။ ငါ ငါရဲ့
ကိုယ်ပိုင် အင်အားကို တိုးတက်အောင်
လုပ်တော့မှာ။ ဒီလိုနည်းနဲ့မှပဲ ငါလိုက်မှီ နိုင်တော့မှာ.....”
ပိုင်ချိုင် : “.....”
3 03
ဒီမအေ...က ဝေ့ရှောင်းကြောင့် ဖရဲစေ့လို အခွံတွေ
ကွာထွက်တဲ့အထိ အနွှာခံရပြီးတဲ့
နောက်မှာ
လေ့ကျင်းရေးပွဲစဥ်တွေ ရှုံးပြီးတဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာ ပိတ်ဆို့မှုကို ကျော်လွန် သွားနိုင်တာပဲလား.....
နင်ကျယ်ဟန်က ထွက်သွားသည်။ ပိုင်ချိုင်သည် ဝေ့ရှောင်းအား
voice message ပို့ပြီး အော်ဟစ်သည်။
“မင်း
ကလေးတွေကို အနိုင်ကျင့်ရတာ တကယ်ပဲ
ပျော်စရာ ကောင်းတယ်လို့ ထင်တာလား။ သူငိုသွားတယ်။ သူအော်ဟစ်ပြီး ငိုယိုသွားတာ။ ဒီသခင်ကြီးက လူတွေ ငိုတာကို အမုန်းဆုံးပဲ။ မင်းသိလား”
ဝေ့ရှောင်းရဲ့ အသံဟာ ပျင်းရိသံ ပေါက်နေသည်။ “နင်ကျယ်ဟန် မဟုတ်လား။ သူက
အတော်လေးတော့ ပါရမီ ရှိပါတယ်။
”
ပိုင်ချိုင်သည် ထိုစကားလုံးများကြောင့် သီးလွန်းသဖြင့် သေမတတ် ဖြစ်သွားသည်။ သူက တိုက်ပွဲတိုင်း ရှုံးသွားတယ်။ သောက်ကျိုးနည်း ဘယ်နေရာက
ပါရမီပါတာလဲ။
ဝေ့ရှောင်းသည် စိတ်ထင်နဲ့ အလွန်ကောင်းနေ ပုံရသည်။
“
Closeရဲ့ ပါရမီတွေကို ကြည့်တဲ့မျက်လုံးက ဒီတစ်ကြိမ်တော့ မဆိုးရှာဘူးပဲ။ နောက်ပိုင်း game အနည်းငယ်မှာဆို ငါရှုံးတော့မလို့”
ပိုင်ချိုင်က ထိုသောက်ကျိုးနဲ စကားကို
မယုံပေ။
“မင်း
တစ်ညလုံး လုပ်ကြံ သတ်ဖြတ်သူတွေကိုတောင် မသုံးသွားဘူးနော်”
ဝေ့ရှောင်း၏ အားအနည်းဆုံး hero များသည်
mid-lane hero များဖြစ်သည်။ ဒီညတွင် သူသည်
မင်ကျယ်ဟန်အား သူ၏ ကိုယ်ပိုင်အားနာချက် အဖြစ်လက်ခံထားသော heroများကို သုံးကာ အလဲထိုးသွားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင်
ထိုကလေးကို ငိုအောင် လုပ်လိုက်နိုင်သည်။
ဝေ့ရှောင်းက ရယ်ပြီး ပြောသည်။
“ငါသာ
လုပ်ကြံသတ်ဖြတ်သူ heroတွေကို
သုံးရင် ကလေးကို အနိုင်ကျင့်တာနဲ့ တူမနေဘူးလား”
ပိုင်ချိုင် : “.....”
မင်းသူ့ကို တစ်ညလုံး အနိုင်ကျင့်
ပြီးပါပြီ။ ဒါတောင်မှ ဒီလိုပြောရဲတဲ့ ပါးစပ်ရှိသေးတယ်ပေါ့
“နောက်ကျနေပြီ”
ဝေ့ရှောင်းကသန်းသည်။
“ငါ
logout တော့မယ်”
ပိုင်ချိုင် : “ ထွက်သွား
ထွက်သွား ထွက်သွားတော့”
မနက် တစ်နာရီတွင် ပိုင်ချိုင်သည် မအိပ်သေးချေ။ သူသည် သူ၏
တိုက်ရိုက် ထုတ်လွင့်သည့် နာရီများကို
ဖာထေးပေးရန် အလို့ငှာ live လွင့်ရပေဦးမယ်။ ထို့အပြင် ထိုနေ့က ပွဲစဥ်အရေအတွက်ကိုလည်း မဖြည့်စီးရသေးချေ။
ထို့ကြောင့်
သူက ဒီလိုအခြေနေတွင် အခွင့်ရေးယူပြီး
Ranking တက်ထားရန် ဆုံးဖြတ်ထားသည်။
သူသည် စတင် ကစားလိုက်သည့်အချိန်မှ မနက်ငါးနာရီ
မထိုးမချင်း မရပ်တန့်ခဲ့ချေ။
ပိုင်ချိုင်က gameထဲမှထွက်ပြီး
computer ကို
shutdown လုပ်မည့်အချိန်တွင် မဖတ်ရသေးသည့်
e-mailကို တွေ့သွားသည်။
ထို
e-mailကို သုံးနာရီထဲက ပို့ထားခြင်း
ဖြစ်သည်။ ပို့သူသည် ဝေ့ရှောင်း ဖြစ်သည်။ အကြောင်းရာ...တစ်သောင်းယွမ်
Customer အထူးသီးသန့် : sale service အပြီးနောက်မှာ
ချိုမြိန်မှုတွေ ချက်ချင်း ပြင်းထန်သွားစေမယ်။
ပိုင်ချိုင်၏ နှုတ်ခမ်းက တွန့်သွားသည်။
“တအား ရိုင်းပြနေတာက မင်းကို မသတ်နိုင်ဘူးလား”
သူသည် emailကို clickနှိပ်ကာ
ဖွင့်လိုက်သောအခါ အတွင်းတွင်
video နှစ်ခုသာ ရှိသည်။ ပထမတစ်ခုကို ဖတ်လိုက်သည်။ ဝေ့ရှောင်း၏ နွမ်းနယ်မှုကြောင့် ပျင်းရိသံ ပေါက်နေသော အသံက ထွက်လာသည်။
“နေရာချထားတာက
တအား စောလွန်းတယ်။ အဆိပ် အသုံးပြုသူရဲ့
အနှစ်သာရက အကွာအဝေးကို Casting လုပ်တဲ့
နေရာမှာ ထိန်းချုပ်နိုင်စွမ်းရည်
ရှိတာပဲ။ ရောက်သွားနိုင်တဲ့ အတိုင်းတာ တိုတောင်းနေတာက နီးကပ် သွားစေတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ အဲဒီအစား Character ကို အဝေးဆုံးသော
အတိုင်းတာမှာ လှမ်းပြီး
ထိန်းချုပ် ပေးနိုင်တာကမှ အင်အားအကြီးဆုံးသော DPS ရအောင်
ကစားနိုင်စွမ်းရှည် ရှိတယ်လို့ ဆိုလိုတာပဲ
“
ထို
Videoသည် မိနစ် ၃၀နီးပါးကြာသည့်
Replay ပြန်ပြပြီး ခွဲခြမ်း စိတ်ဖြာပြသည့် Videoဖြစ်သည်။
ဝေ့ရှောင်းသည် ညဦးပိုင်းတွင်ကစားခဲ့သည့် soloပွဲစဥ်
အပွဲ ၅၀ထံမှ တစ်ဆင့်
အမှားအခု ၂၀ကို ဖြတ်ညှပ်ကပ်လုပ်ကာ ခွဲခြားစိတ်ဖြာမှု ပြုပေးထားခြင်း ဖြစ်သည်။ တစ်ခုချင်းစီတိုင်း၏ standard သည်
professional နည်းပြများကိုပင် ယှဥ်နိုင်သည်။
3 04
ပိုင်ချိုင်က save ထားရင်း
လှောင်လိုက်သည်။
“ရှောင်နင် တကယ်တော့
မင်းရဲ့ ယွမ်တစ်သောင်းက ရှုံးတော့မရှုံးပါဘူး”
ဒုတိယ Videoကမူ Fileပိုကြီးသည်။ တစ်နာရီစာ
material တစ်ခုလုံးပါသည်။ ပိုင်ချိုင်၏ မသိစိတ်အရသူသည် မဖွင့်ကြည့်သင့်ဟု ပြောနေသည်။ သို့သော် သူ၏ စျေးပေါသော
လက်ကို မတားလိုက်နိုင်ချေ။
ထိုသို့ဖြင့်သူသည်
နှိပ်ဖွင့်မိသွားသည်။
“ယခုပြမှာကတော့
ပြောင်းပြန်လှ န်သင်ကြားပေးတဲ့ materialပေါ့။ အခုဆိုရင်
mid-lane မဟာဆရာ သခင်ရဲ့ highlight အပိုင်းတွေကို
ကြည့်ရှုပေးပြီး ပျော်မွှေ့နိုင်ပါပြီ”
ပိုင်ချိုင်သည် မိနစ် တစ်ဝက်သာကြည့်နိုင်သည်။ “ငါလူး”
ထိုတစ်နာရီစာ ယှဥ်ပြိုင်ပွဲသည် ဝေ့ရှောင်းဟာ
နင်ကျယ်ဟန်ကို မည့်သို ကစားပုံ
အပြည့်ပါနေသည်။
သူတို့သည် တူညီသော heroကို
ကိုင်ထားပြီး တူညီသော Talent pointများကို
ပိုင်ထားသည်။ သို့သော် တစ်ယောက်ကမူ
ကောင်းကင်ဘုံသို့ ပျံတက်နိုင်လောက်အောင် တော်ပြီး အခြားတစ်ယောက်ကမူ မြေပြင်တွင်ပြားကပ်အောင် လဲနေရသည်။ ထိုသို့ ဆန့်ကျင်ဖက်ဖြစ်လွန်းသော ခပ်ပျက်ပျက်ဆန်သည့် ကွာဟချက်က သူကဲ့သို့
ကြည့်ရှုသူအား ကိုယ့်ကိုကိုယ် ပိတ်လှောင်ပြီး ငိုချင်စိတ် ပေါက်စေသည်။
ဒါတောင်မှ After sale serviceပြီးရင်
ချိုမြိန်မှုနှင့် ချစ်ခြင်းတွေ
ပြည့်စေရမယ်လို့ ခေါ်သေးတာဆိုပဲ။
နင်ကျယ်ဟန်သာ ဒီဒုတိယမြောက် Videoကို တွေ့သွားရင် သူတို့လေ့ကျင်းရေး အခြေစိုက်
စခန်းက အဆောက်အဦးကြီးရဲ့ ထိပ်ဆုံးကနေ
ခုန်ချပြီး အဆုံးသတ် လောက်တယ်။
ပိုင်ချိုင်သည် Videoကို
ပိတ်မည့်အချိန်တွင် သူ့ရဲ့
အနောက်ဖက်မှလာသည့် ခက်တိုးတိုး
မေးသံကို ကြားလိုက်ရသည်။
“ဒါက
ဝေ့ရှောင်းလား”
ပိုင်ချိုင်: “....”
သူသည် တစ်ဘဝလုံးစာ အတွင်းတွင်ပင်
အမြန်ဆုံးသော လက်အရှိန်နှုန်းကိုသုံးပြီး Videoကို ပိတ်လိုက်သည်။
ကံဆိုးသည်မှာ နောက်ကျလွန်းသွားသည်။
လုဖုန်းသည် ခပ်ပူပူလဖက်ရည်ခွက်ကို ကိုင်ထားပြီး
သူ့အား အပေါ်စီးမှ ငုံ့ကြည့်သည်။
ဝေ့ရှောင်းက နင်ကျယ်ဟန်ကို သိတာလား။
ပိုင်ချိုင်၏ ကျောက တောင့်တင်း
သွားသည်။ သူသည်
ခေါင်းကို တဖြည်းဖြည်းချင်း
လှည့်သည်။
“ခေါင်းဆောင်....ခေါင်းဆောင်က...လောင်ဝေ့ကို
မှတ်မိနေသေးတာလား”
သူက မှတ်မိယုံတင် မဟုတ်ဘူး။
အသံကို နားထောင်ရုံနဲ့ ဘယ်သူလဲဆိုတာကို ပြောနိုင်တယ်။ ဒါက မှတ်မိရုံတ င်မဟုတ်တော့ဘူး မဟုတ်မလား။
လုဖုန်း၏ အကြည့်ဟာ အေးစိမ့်လာပြီး အသံသည်အနည်းငယ်အေးလာသည်။
“
Videoကို ဖွင့်လိုက်”
ပိုင်ချိုင်: “.....”
လုဖုန်းသည် သူ့အား ငုံ့ကြည့်သည်။
ပိုင်ချိုင်က
တုန်ရင်သွားပြီး ဒုတိယမြောက်
Videoကို
clickနှိပ်လိုက်ရသည်။
Videoသည်
ပိတ်လိုက်သော နေရာမှ ပြန်ပွင့်သည်။ ထိုသို့ဖြင့် ဝေ့ရှောင့်၏ ပျင်းရိသော်လည်း မာဏတကြီးဖြစ်နေသော အသံကထွက်လာသည်။
“ငါက
ဘယ်လိုတောင် ဒီလောက်ထိ တော်နိုင်ရတာလဲ။
ဂါထာတွေ ရွှတ်လိုက်တဲ့ အကြားက ကွာဟချက်ကို ကြည့်လိုက်ဦး။ ၀.၁ တစ်စက္ကန့်တောင် အမှားမပါဘူး။ လောင်ပိုင် ငါတကယ်ကို
နားမလည်တော့ဘူး။ ဒီလောကမှာ ဘယ်လိုတောင်
ထူးချွန်လွန်းတဲ့ ငါလို လူမျိုးက ရှိနေရတာလဲ” ပိုင်ချိုင်က မျက်နှာ အုပ်လိုက်သည်။
သူသည် စားပွဲအောက်ကို ဝင်ပြီး ပုန်းနေချင်သည်။
သူ့ကို ပို၍ ပြိုလဲကျစေသည်မှာ....
ထိုရှည်လျားလွန်းသော Videoသည်
တစ်နာရီ ကြာသည်။ လုဖုန်းသည် တစ်နာရီလုံး
မရပ်တန့်ပဲ ကြည့်သည်။ အနည်းငယ်မြန်ပြီး မကြည့်သလို
ရပ်လည်းမရပ်ချေ။ စကားတစ်ခွန်းပင် မဆိုချေ။
ပိုင်ချိုင်ကမူ အများရှေ့တွင် အပြစ်ပေးခံလိုက်ရသလိုပင် ခံစားနေရ၏။ သူ၏ ဂုဏ်သိက္ခာက
တဖြည်းဖြည်းချင်းစီ ပွတ်တိုက်စားခံနေရသည်။
“ဒါက...ဝေ့ရှောင်းက
အဖော်ပြု ကစားသမားလုပ်နေတာလေ”
3 05
လုဖုန်း၏ မျက်လုံးသည် ဖန်သားပြင်တွင်သာ ရှိနေသည်။ လက်ရှိပြသနေသည်မှာ ကစား၍
ပြီးသွားပြီးနောက် နောက်ဆုံးဘောင် ပြသနေသော အခိုက်တန့်ဖြစ်သည်။
ထိုနေရာတွင်
ကြီးမားသော အနက်ရောင်စကားလုံးများ ရှိနေသည်....ငါ့ကို ဆင့်ခေါ်သူတွေရဲ့ ဘုရင်လို့ခေါ်ပေးပါ။
“အဖော်ပြု
ကစားသမားဟုတ်လား”
ပိုင်ချိုင်သည် ထိုရူးကြောင်ကြောင် Videoကို
အမှန်တကယ် ပိတ်ချင်နေသည်။
“ဟုတ်တယ်
သူက အခြားသူတွေကို gameကစားဖို့
အဖော်ပြုပေးတာ”
လုဖုန်းသည် ထိုကဲ့သို့သော ကိစ္စမျိုးကို
အတန်ငယ် သိသည်။
“ဘယ်
Platform ကလဲ”
ပိုင်ချိုင်သည် ဝေ့ရှောင်းနှင့် သူ၏စီးပွားရေးဆိုင်ရာ သဘောတူညီချက်ကို တွေးလိုက်မိသည်.....။
ထားလိုက်ပါတော့။ ထားလိုက်ပါတော့။ သူ သူ့ကိုယ်သူ
မကယ်နိုင်ဘူး ဆိုမှတော့လည်း အခြားသူကို
ကယ်ပေး မနေတော့ဘူး။
ပိုင်ချိုင်က သူ၏ညီအစ်ကိုကောင်းကို ထိုသို့ဖြင့် ရောင်းလိုက်သည်။
“မဲ့မဲ့တာ
Platform”
လုဖုန်းက တစ်ခဏခန့်ရပ်တန့်ပြီးပြောသည်။
“ID”
ပိုင်ချိုင်၏ မျက်နှာဟာ ပူတက်လာသည်။
“7758521...”
နမ်း ငါ့ကိုနမ်း ငါမင်းကို ချစ်တယ်
: ဝေ့ရှောင်းရှောင် မင်း
နဲနဲလေးများ အသိစိတ်လေး ပေါင်းထည့်
ထားပေးလို့ရမလား။ (မှတ်ချက်
: ဝေ့ရှောင်းရဲ့ IDက နမ်း
ငါ့ကိုနမ်း ငါမင်းကို ချစ်တယ်ဆိုတဲ့
အသံထွက်နဲ့တူညီနေတာ)
လုဖုန်း : “.....”
အသက်ရှင်လိုစိတ် ရှိသော ပိုင်ချိုင်သည် သူ့ကိုယ်သူ ကယ်တင်ရန်
ကြိုးစားသည်။
“သူက
ရှောင်နင်အတွက် Reply videoလေး
လုပ်ထားပေးသေးတယ်။ ဒီတစ်ခုလေ”
သူသည် လုဖုန်းအတွက် အလျှင်အမြန်
ဖွင့်ပြပေးလိုက်သည်။
လုဖုန်းသည် မျက်နှာသေနှင့် Videoကို
ဆုံအောင်ကြည့်ပြီးနောက်တွက် သူ၏လက်ထဲမှ
ပူနေသေးသော လက်ဖက်ရည်မှာ အေးသွားသည်မှာ ကြာပြီ ဖြစ်သည်။
ပိုင်ချိုင်သည် မဟာမိစ္ဆာဘုရင်က မည်သည့် အကြောင်းရာများကို တွေးတောနေကြောင်း မသိသဖြင့်
သူ၏ အသက်ရှူသံကိုပင် အတက်နိုင်ဆုံး
ထိန်းညှိပြီး လျော့ထား လိုက်သည်။
ပေါ့ပါးလွန်းသဖြင့် သူ အသက်ရှူနိုင် လုနီးပါးသာ
ရှိသည်။
“မဆိုးပါဘူး”
လုဖုန်းက ထိုစကားလုံး နှစ်လုံးကိုသာ ပြောသည်။
ပိုင်ချိုင်က အနည်းငယ် စိတ်အေးသွားသည်။
“ရှောင်နင်က
ဒီတစ်ကြိမ်တော့ မရှုံးလောက်ပါဘူး။
ဒါက....”
သူ၏ စကားမဆုံးသေခင် လုဖုန်းက
ဆက်ပြောသည်။
“ဝေ့ရှောင်းရဲ့
mid-lane heroတွေက မဆိုးဘူး”
ပိုင်ချိုင် : “???”
လုဖုန်းက Replayရဲ့ ခွဲခြမ်းစိတ်ဖြာမှုက ကောင်းတယ်လို့ တွေးတယ်လို့ ထင်နေတာ။ ဒါပေမဲ့ သူက အဲဒီသားရဲ
ဝေ့ကောင် ကောင်းကောင်း ကစားနိုင်တယ်လို့ လာပြောနေတာလဲ။
“ငါ့ကို
Video ပို့ပေး”
လုဖုန်းက ခွက်ကို ချပြီး ဖုန်းကို ထုတ်သည်။
ပိုင်ချိုင်က ကြောင်သွားသည်။
သူ မနေနိုင်ဘဲ
မေးလိုက်သည်။
“ဘယ်တစ်ခုလဲ”
လုဖုန်း : “ဒုတိယတစ်ခု”
ပိုင်ချိုင် : “.....”
ဒါ ကတော်တော်လေးကို ကောင်းတဲ့
ပြီးပြည့်စုံတဲ့ Replay videoပါ။ ဒါတောင်မှ
မလိုချင်ဘူးလား။ ဘာလို့ အဲ့ဒီဝေ့ရှောင်း အရူးကောင်ရဲ့ တစ်ကိုယ်တော်
show videoကို လိုချင်ရတာလဲ။
3 06
ထို့နောက် လက်ရှိကာလသို့ ပြန်လည်ရောက်ရှိလာသော်....
မနက်အစောပိုင်း၏ နာရီအနည်းငယ်သာ ကုန်လွန်ပြီးသေသောအချိန်တွင် ချိုင်ကော၏
ဆံပင်များသည် အပြုတ်ခံရပြီး ဖြူဖွေးစွတ်နီးပါး ဖြစ်လာသည်။
သူသည် သူ၏နှလုံးသာကို တည်ငြိမ်အောင်
ထိမ်းပြီးနောက် ဝေ့ရှောင်း၏ WeChat messageကို
ပြန်နားထောင်လိုက်သည်။
သူ၏အာရုံသည် ချစ်စရာကောင်းတဲ့အရာလေး ၊
သကြားဘေဘီ ၊ တစ်ဘဝစာ
ဖွင့်ပြောမယ် စသော စကားစုများအောက်တွင် အာရုံစိုက်မိသွားသောကြောင့် စာပါတစ်ဖက်အကြောင်းအရာများကို သိပ်ပင်အာရုံမစိုက်မိခဲ့ချေ။
ထပ်နားထောင်ပြီးမှသာ အဓိက
သော့ချက်ကို အမိဖမ်းလိုက်နိုင်သည်။
Game ပွဲစဥ်
တစ်သောင်း နှစ်သန်းဟုတ်လား။
နတ်ဘုရားလုက ဝေ့ရှောင်းကို အဖော်ပြု ကစားသမားအနေနဲ့ gameပွဲစဥ် တစ်သောင်းစာအတွက် ဝယ်လိုက်တာပဲ။
ခေါင်းဆောင်က သူ့ရဲ့ဖုန်းနဲ့ အော်ဒါ တင်လိုက်သလိုပဲ။
ပိုင်ချိုင်သည် Video နဲ့ပါတ်သက်သည့် ကိစ္စကို တစ်ခေါက်ပြန်တွေးမိသွားသည်။
သူ အမှန်တိုင်းတော့ ထုတ်ပြောလို့တော့ မရဘူး။
သူသည် ဝေ့ရှောင်းကို Wechat စာပြန်ပို့လိုက်သည်။
“ငါ့ကို ရိုးရိုးသားသား ပြောစမ်း။ လွန်ခဲ့တဲ့နှစ်နှစ်က မင်းနဲ့
နတ်ဘုရားလုအကြားမှာ တစ်ခုခုဖြစ်ပျက်ခဲ့သေးလား”
ဝေ့ရှောင်း၏ Reply သည်လည်း
အလွန်မြန်သည်။ “မင်း မအိပ်ရသေးဘူးလား”
ပိုင်ချိုင်၏ မျက်နှာဟာ ခက်ထန်လာသည်။
“ပြန်ဖြေစမ်း”
ဝေ့ရှောင်းက ရှက်ရွံ့သော emoticon လေးကိုပို့လာသည်။
“ငါနဲ့
Close အကြားမှာ ဘာမှမရှိပါဘူး။
ငါတို့
ဒီအတိုင်း အတူ အိပ်ခဲ့ရုံပါပဲ”
******