Ch 4
Viewers 3k

အပိုင်း (၄)ဝေ့ရှောင်း မင်းသူ့ကို သုံးပြီးနောက်တော့ လွှတ်ပြစ်လိုက်တယ်ပေါ့။ 


ဒီအတိုင်းအတူအိပ်ခဲ့ရုံပါ …


ပိုင်ချိုင်၏ ဦးခေါင်းခွံက ထုံထိုင်းသွားသည်။ သူသည် ချက်ချင်းဆိုသလို အသံကိုမြှင့်ပြီး အော်လိုက်သည်။ 


“မင်း မအေ… နဲ့ နတ်ဘုရား လုနဲ့က…”


ဒီကောင်က စည်းမျဥ်းတွေအတိုင်း မလုပ်တော့ဘူးဆိုတာ သူ အစောကတည်းက သိပြီးသား။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်အသက်ကိုတောင် မလိုချင်တော့အောင် ဖြစ်နေလိမ့်မယ်လို့တော့ သူလုံးဝ မျှော်လင့်မထားခဲ့မိဘူး။ 


ဝေ့ရှောင်းက သန်းရင်း စိုးရိမ်စိတ်ပြင်းပြစွာပြောလိုက်သည်။ 


“ ဘာလဲ မင်းရဲ့ နတ်ဘုရားလုက လူမဟုတ်ဘူးလား။ သူလဲ အိပ်ဖို့ မလိုလို့လား”


ဒါက အိပ်ဖို့လိုတာ မလိုတာကို ဆိုလိုနေတာ မဟုတ်ဘူးလေ။ 


ပိုင်ချိုင်၏ ဦးနှောက်တစ်ခြမ်းကပင် ကိုက်လွန်းသဖြင့် စကားကပင် ထစ်ငေါ့ လာသည်။ 


“ မင်း မင်းတို့တကယ်ပဲ အိပ်… အိပ်…”

ငလူး...


ငါ ဒါကို အကျယ်ကြီးတောင် မပြောရဲဘူး။ 


“ အင်း”


ဝေ့ရှောင်းက တစ်ချက်ထရယ်သည်။ 


“ ငါ သူ့ရဲ့ လက်မောင်းကိုတောင် ခေါင်းအုံးခဲ့သေးတယ်။ ငါ ကြားတာတော့ Close ရဲ့ online ကောင်မလေး ပရိတ်သတ်တွေက ဒီလိုအခြေအနေမျိုးကို အိပ်မက် မက်နေတာဆိုတာပဲ” 


ပိုင်ချိုင် : “ …..”


ဝေ့ရှောင်းသည် သူ၏ ညီအစ်ကိုကောင်းအား သေအောင် မခြောက်လှန့်နိုင်မည့် အခြေအနေကို စိုးရိမ်ပုံမရပဲ ဆက်လက်ပြီး ပြောသည်။ 


“သူ့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက တကယ်ကောင်းတာနော်။ 8 pack တောင်ရှိတာ တစ်တုံးမှ လျှော့မနေဘူး။ ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့် ပြောရမယ်ဆိုရင် ငါတော်တော်လေးတော့ နားမလည်ဘူး။ သူ့ရဲ့ အရည်အချင်းတွေအရ သူက ဒီလို လာပြီး ဂိမ်းကစားနေတာထက် ဖျော်ဖြေရေး အသိုင်းဝိုင်းမှာ ပွဲဦးထွက်တာက ပိုပြီးအကျိူးမြတ် မရစေလောက်ဘူးလား”


ပိုင်ချိုင်သည် အကြောင်းရာ အပြောင်းခံရသဖြင့် စိတ်ပျံ့လွင့် သွားလေသည်။ 


“ မင်းရဲ့ပိုက်ဆံ လုယူနေကျ အမြင်ကို သုံးပြီး နတ်ဘုရားလုရဲ့ပုံစံကို အဓိပ္ပာယ် မသတ်မှတ်စမ်းနဲ့”


ဝေ့ရှောင်းက သဘောမတူပေ။ 


“ ငါဒါကို နားထောင်ရတာ သဘောမကျဘူး။ ဖျော်ဖြေရေးအသိုင်းဝိုင်းက ဒါနဲ့ယှဥ် ရင်ဘယ်လိုများ နိမ့်ကျနိုင်မှာလဲ”


“ငါက သောက်ကျိုးနည်း သဘောကျတာတွေ စိတ်ကူးယဥ်ပုံစံတွေကို ပြောနေတာ။ နတ်ဘုရားလုက ပိုက်ဆံလိုနေလို့လား....ငါလူး”


ပိုင်ချိုင်သည် နောက်ဆုံးတွင် စကားပြောခန်း အကြောင်းအရာက Pacific သမုဒ္ဒရာသို့ သွားသည့် လမ်းကြောင်းတောက်လျှောက် နစ်မြုပ်သွားကြောင်း သတိထား လိုက်မိသဖြင့် ခက်မြန်မြန် ပြန်ဆွဲ ဆယ်ရသည်။ 


“ငါရဲ့ စကားကို ဖြတ်မပြောစမ်းပါနဲ့။ မင်းနဲ့… နတ်ဘုရား လုနဲ့ အတူအိပ်တယ်ဆိုတဲ့ အကြောင်းကို ပြောစမ်းပါ” 


ဝေ့ရှောင်းက အံသြ သွားသည်။ 


“ မင်းက အသေးစိတ် ကြားချင်တာလား”


ပိုင်ချိုင်သည် ယခုအခါမှသာ ကျောက်တုံးကို မြှောက်ပြီး ကိုယ့်ခြေထောက်ကိုယ် ပြန် ဖိချရသည့်အဓိပ္ပါယ်ကို အမှန်တကယ် နားလည်သွားသည်။ သူ မကြားချင်ပါဘူး။ သူရဲ့ နားကန်းသွားမှာကိုတောင် ကြောက်မိပါသေးတယ်။ 


“ Closeကို သူ့ရဲ့အေးစက်တဲ့ ပုံစံကို ကြည့်ပြီး မဆုံးဖြတ်နဲ့။ ပြောရမယ်ဆိုရင် သူ့ရဲ့ စိတ်နေသဘောထားက တော်တော်လေကောင်းမွန်တယ်။ တော်တော်များများ သည်းခံနိုင်တယ်။ ငါ သူ့ကို မှီအိပ်တာတောင်မှ ဒေါသမထွက်ဘူး”


ပိုင်ချိုင်က ရူးမတတ် ဖြစ်လာသည်။ 


“ မင်း… နတ်ဘုရားလုရဲ့ ခန္ဓာကိုယ်ကိုတောင် မှီအိပ်ခဲ့တယ်”


ဝေ့ရှောင်း : “ မဟုတ်ရင် ဘာဖြစ်ရမှာလဲ။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ သူ့သာ ငါ့ကို မှီအိပ်ခဲ့ရင် အိပ်ရာပေါ်ကနေတောင် ထွက်နိုင်ပါ့ဦးမလား။ အပေါ်မှာ ပြားကပ်နေလောက်ပြီ”


“ လောင်ဝေ့မင်း ဒီနေ့အထိ ဘယ်လိုများရှင်သန်ခဲ့တာလဲ”


ဝေ့ရှောင် : “ အာ”


ပိုင်ချိုင်သည် ယုံသွားသည်။ သူ၏ waibo alt အကောင့်တွင် ရှိသောအတင်းဖျင်း ပြောစကားများနှင့်သာ ထိုအကြောင်းရာကို နှိူင်းယဥ်လိုက် မည်ဆိုလျှင် ပုဂ္ဂိုလ် ကြီးတစ်ယောက်၏ အရှိန်အဝါနှင့် အငယ်တန်း ဘောလုံးကစားသမားတစ်ယောက်ကို နှိူင်းယှဥ် သလိုဖြစ်နေပေလိမ့်မည်။ ယှဥ်လို့ကို မရဘူး။ 


“မင်း ဒီအတွက်ကြောင့် FTW နဲ့ လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တာ မဟုတ်လား”


ပိုင်ချိုင်သည် သူအမှန်တရားကို သိလိုက်သလို ခံစားလိုက်ရသည်။ သူသည် လွန်ခဲ့သော နှစ်နှစ်ခန့်တွင် ထူးထူးခြားခြား ဆူးရှတောက်ပနေသော ကြယ်စင်တစ်တန်းလို ဝေ့ရှောင်းသည် သူ၏ နာမည်အတိုင်း တောက်ပပြီး ရဲရင့်သည်မှာ အလွန်အကျူးပင် ဖြစ်ခဲ့သည်။ ဒီနှစ်ခေတ် လူသစ်ဘုရင် နင်ကျယ်ဟန်ကပင် ထိုမျှမြင့်သော တန်ကြေးပင် လက်မှတ် ထိုးကောင်းထိုးနိုင် ခဲ့သေးသည်။ သို့သော် သူသည် လူတိုင်း၏ အာရုံကိုဆွဲဆောင် နိုင်လောက်အောင် ထင်သလောက် မတောက်ပသေးချေ။ 

4 02

လူသစ်လေ့ကျင့်ရေး စခန်းတွင် ဝေ့ရှောင်းသည် တောက် ပနေခဲ့ရုံသာမက သေးလေပဲ ခြေပျောက်လက်ပျောက်ဖြစ်သော အသင်းဝင်များကိုပင် သယ်ပြီး လေကျင့်ရေး ပွဲစဥ်များတွင် ပါဝင်ဆင်နွဲခဲ့ရင်း အဓိက ပြိုင်ပွဲဝင်အသင်းတိုင်း၏ အစားထိုး အသင်းပွဲစဥ်များတိုင်းကို တောက်လျှောက် မြောင်းတူးသလို တူးဆွပြီး ဖယ်ရှား သုတ်သင် နိုင်ခဲ့သည်။ 


အဓိက ပွဲစဥ်အသင်းများ၏ အစားထိုးအသင်းများ၏ အင်အားသည် ပွဲဦးထွက် ကစားသည့် live app အဖွဲ့များမှင့်မနှိုင်းယှဥ်နိုင်သော်လဲ သူတို့သည်လဲ ခိုင်မာသော ပုံမှန်တပ်ဖွဲ့ဝင်များ ဖြစ်နေသေးသည်။ 


သူတို့အတွက် လူသစ်လေ့ကျင့်ရေးစခန်းမှ အသင်းတစ်သင်းသည် ကြေး နေရာအဆင့် ကစားသမားများ ဘုရင်အဆင့်များနှင့် ယှဥ်ရသည်နှင့် မခြားနားလောက်ချေ။ 


သူတို့ဟာ game ထဲကို ဘယ်လို skill များ ယူလာပေးနိုင်မှာမလို့လဲ။ 


သို့ရာတွင် ဝေ့ရှောင်းသည် တိုက်တိုက်ဆိုင်ဆိုင် တစ်သင်းလုံး၏ အင်အားကို အတူဆွဲစုစည်းယူပြီး သူ၏ အသင်းဖော်များကို သူ၏အင်အား ၂၀၀ ရာခိုင်နှုန်းအထိ ထုတ်ဖော် ကစားနိုင်အောင် လုပ်ပေးနိုင်ရင်း တစ်ပွဲ ပြီးတစ်ပွဲနိုင်သည့် လေ့ကျင့်ရေးပွဲစဥ်များကို အရယူနိုင်ခဲ့သည်။ 


ထိုအချိန်က ပိုင်ချိုင်သည် သူ၏ အထောက်ပံ့ ဖြစ်ပြီးသူ၏ အသင်းဖော် ဖြစ်သည်။ ထိုကြောင့် ထိုအချိန်က ဝေ့ရှောင်းသည် မည်မျှ စိတ်အားထက်သန်ခဲ့ကြောင်းအား သူ့ထက် မည်သူကမှ ပိုပြီးမသိနိုင်ချေ။ 


ထိုအချိန်တွင် များပြားလှသော အသင်းများက အမျိုးမျိုးသော ကမ်းလှမ်းချက်များ လုပ်ပြီး ဝေ့ရှောင်းကို အရယူနိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် သူသည် နှစ်ကြိမ်ပင် မစဥ်းစားပဲ FTW၏ အခြေစိုက်စခန်းကို ဝင်သည်။ အကြောင်းပြချက် မရှိပါပဲ သူသည် ဒီအတိုင်း လုဖုန်းနှင့် solo ကစားချင်ခဲ့ခြင်းသာ ဖြစ်သည်။ 


နောက်ပိုင်းတွင် …


လက်မှတ်မထိုးခင် တစ်ရက်မှာ ဝေ့ရှောင်း ထွက်ပြေး သွားတယ်။ မည်သူကမှ ထိုအကြောင်းပြချက်ကို မသိကြချေ။ မည်သူကမှလဲ မည်သို့ ဖြစ်ပျက်သွားကြောင်း မသိကြပေ။ သို့သော် ထို ၁၈အရွယ် ကောင်စုတ်လေးကို မည်သူကမှ မဆက်သွယ် နိုင်ခဲ့ကြပေ။ 


တရုတ်ပြိုင်ပွဲဇုန်၏ Polaris ဟုပင် လူသိများထင်ရှားသော ထိုလူသစ်ဘုရင်သည် ပေါ်လာပြီးသည်နှင့် တောက်လျှောက် တောက်ပ ထိန်လင်းနေခဲ့ပြီးနောက် သဲလွန်စပင် မရှိအောင် ပျောက်ကွယ် သွားလေတော့သည်။ ထိုအချိန်တွင် သူသည် ရှာဖွေမူ အများဆုံး စာရင်းသို့ပင် ထိုးတက်သွားခဲ့သည်။ သို့သော် မြောက်များလှစွာသော အမျိုးမျိူးသော အသင်းများကမည်မျှ ထိုးဖောက်ရှာဖွေပြီး မည်မျှမြင့်မားသော လက်မှတ်ရေးထိုးခြင်း bonus များကို ထည့်တွင်း ကတိပေးနေစေခဲ့ကာမူ ဝေ့ရှောင်းသည် ဘယ်သောအခါမှ ပြန်ပေါ်မလာခဲ့ချေ။ 


Esport လောကကြီးသည် ဖျော်ဖြေရေးအသိုင်းဝိုင်းထက် ပို၍ ရက်စက်သည်။ Refresh ဖြစ်သောအရာများ၏ အရှိန်သည် ပြိုင်ဘက်ပင် ကင်း၏။ 


ထို့ကြောင့် season အသစ်စတင်သောအချိန်တွင် ဝေ့ရှောင်ဆိုသော နာမည်သည် မေ့လျှော့ခံလိုက်ရပြီ ဖြစ်သည်။ မည်သူကမှ ဂရုမစိုက်တော့ချေ။ နောက်ပိုင်းတွင် ပိုင်ချိုင်သည် ဂိမ်းထဲတွင် တိုက်တိုက်ဆိုင်ဆိုင် ဝေ့ရှောင်းနှင့် ပက်ပင်းတိုးမိသွားသည်။ တစ်ဖက်သူသည် jungle ( တောတွင်းတွင်) သူရူး တစ်ယောက်လို ကစားသော ပုံစံကို မြင်လိုက်ရသောအခါ သူ၏ လက်ချောင်းများက ကျိန်းတက်လာပြီး နာကျင်မှုကို ပင်ခံစားလိုက်သည်။ 


ထိုအချိန်က ဝေ့ရှောင်းကို အမှီလိုက်ပြီး သူ၏ ပါးစပ်အပြည့်နို့များ ထိုးသွင်းနိုင်ရန် အလို့ငှာ သူသည် keyboard အများစုကိုပင် ချိုးခဲ့မိသေးသည်။ 


အိပ်မက်ဆိုးလို စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးကြီးက သူ့အားတစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုသားရဲကောင်ကို မှတ်မိသွားစေသည်။ ဂိမ်းပွဲပီးနောက် ပိုင်ချိုင်သည် သူ့အား friend အပ်လိုက်သည်။ တစ်ခြားတစ်ဖက်ခြမ်းက သူ့အား ချက်ချင်းဆိုသလို လက်ခံပေးသည်။ 


မိတ်ဆွေဟောင်းများက ထပ်တွေ့သည်။ ပိုင်ချိုင်၏ စိတ်အခြေအေနက ရှပ်ထွေးနေသည်။ သူ၏ ခံစားချက်များသည် တစီစီမြည်နေသေးသည်။ 


ဒါပေမဲ့ ဝေ့ရှောင်းက ရုတ်တရက်ကြီး ဒီလိုပြောလာမယ်လို့ ဘယ်သူတွေးထားမှာလဲ။ 


“ညီငယ်လေး အဖော်ပြု ကစားသမား လိုအပ်တာလား။ တော်ဝင်ညီမလေးတစ်ယောက် ၊ lolita လေးတစ်ယောက် ၊ ဆွဲဆောင်မှု ပြင်းထန်တာမျိုးလား ဒါမှမဟုတ် ချိုမြိန်တဲ့ အမျိုးအစားလား ဘယ်လိုအမျိုးအစားမဆို ရတယ်။ ဒီကစားဖော်က မကစားနိုင်တာ မရှိဘူး”


ထိုသို့ဖြင့်…တစီစီမြည်နေသော ငရဲလိုအရာက ပြွတ်ခနဲ ပေါက်ကွဲသွားသည်။ 


ဒီသားရဲကောင်က “ငါလူး” ဆိုတဲ့စကားနဲ့ပဲ တန်တယ်။ 


ဝေ့ရှောင်း : “ ဟေးညီငယ်လေး စိတ်အေးအေးထား ငါတို့ကဒီအတိုင်း အဖော်ပြု ကစားတာနော်။ သောက်ကျိုးနည်း… လုပ်တာမှ မဟုတ်တာ”


ပိုင်ချိုုင်သည် voice message ပို့လိုက်သည်။ 


“ဝေ့ရှောင်း လူစကားကိုသုံး ပြော”


အခြားတစ်ဖက်ခြမ်းက ၂ စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် မေးခွန်းသင်္ကေတ အတန်းလိုက် ပို့လိုက်သည်။ 


“ လောင်ပိုင်လား”


ပိုင်ချိုင်၏ လည်မျိုတွင် အလုံးတစ်လုံး လာတစ်သလို ခံစားရပြီး သူက ကျိမ်ဆဲလိုက်သည်။ 

4 03

“ မင်းက သင့်လျှော်တဲ့ professional ကစားသမားလုပ်ဖို့ကို ငြင်းဆန်ပြီး ထွက်ပြေးသွားပြီးတဲ့နောက်မှာ အဖော်ပြု ကစားသမား လုပ်နေတယ်ဟုတ်လား”


ထိုအချိန်တွင် ဝေ့ရှောင်းသည် တစ်စုံတစ်ရာကို သုတ်ပြန်ပြီး ပြောဆိုခဲ့သည်။ 


အိုး အဲ့ဒီအကောင်က ကောင်းကောင်းမွန်မွန်နဲ့ ဖြေခဲ့တာလဲ ဖြစ်နိုင်တာပဲ။ သူက ဒီအတိုင်း အကြောင်းရာကို ကျွမ်းကျွမ်းကျင်ကျင် ကျော်သွားပြီး သူ့ကို partnership လုပ်ဖို့အတွက် ဖျားယောင်းသွားတာ။ 


ထိုသို့ဖြင့်သူတို့ နှစ်ယောက်သည် အခြားသော professional ကစားသမားကိုလမ်းညွှန်ပြသပေးမှု စတင်ခဲ့ခြင်းဖြစ်သည်။ 


ပိုင်ချိုင်သည် ထိုအကြောင်းရာကို တစ်ခဏခန့် တွေးတောလိုက်ပြီး ရုတ်တရက် အမှန်တရားကို နားလည်သလို ခံစားလိုက်ရသည်။ 


ဒါဆိုရင် ဒီကလေးရဲ့ လိင်စိတ်တိမ်းညွှတ်မှုက အမျိုးသားတွေဆီမှာ ဖြစ်နေတာလား။ 


သူက နတ်ဘုရားလုကို အပြစ်ပြုမိလိုက်ပြီး အလင်းရောင်ကို မြင်လိုက်ပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကြောင့် ထွက်ပြေးသွားတာများလား။ 


သေစမ်း...ဝေ့ရှောင်း မင်း မင်း ဟာ အမှိုက်ကောင် ယောကျာ်းတစ်ယောက်လို အပြုမူတွေ ရှိနေတာပဲ။ 


နောက်ပြီး ပိုပြီးဆိုးတာက နတ်ဘုရားလုပါ မှတ်မိနေသေးတယ်။ သူ့ကို သိနေသေးတယ် ဟုတ်လား။ 


နှစ်နှစ် ကြာပြီးသွားတာတောင်မှ အသံလေးကို ကြားလိုက်ရုံနှင့် မှတ်မိနေသေးတယ်။ 


နောက်ပြီး ဒီအမှိုက်စကားတွေ အပြည့်ပါတဲ့ video တခုလုံးကို လာသိမ်းဆည်းသွားတဲ့အပြင် ဝေ့ရှောင်းကို ဝယ်ဖို့ နှစ်သန်းသုံးခဲ့သေးတယ်။ 


ငါလူး...ဝေ့ရှောင်း မင်းက သူ့ကိုသုံးပြီးနောကိ လွှင့်ပစ်လိုက်တာပဲ။ 


ပိုင်ချိုင်၏ ဦးနှောက်တခုလုံးဟာ ပေါက်ကွဲမတတ် ဖြစ်ပြီး အတွင်းတွင် ဆူပွက်နေသော ရေများအလား ပူစီဖောင်းများပင် ထလာသည်။ 


“လောင်ပိုင်”


ဝေ့ရှောင်းဟာ ပဟေဠိ ဖြစ်သွားသည်။ 


“ မင်းရဲ့အတွေးတွေ ဘယ်နေရာသွားတာလဲ။ ဒီတိုင်းအတူ အိပ်ရုံပဲ မဟုတ်ဘူးလား။ ဒီလောက်ထိ အံသြဖို့ လိုအပ်လို့လား”


နားထောင်ကြည့်စမ်း။ နားထောင်ကြည့်စမ်း။ ဒါ လူစကားလား။ 


“ ငါတို့လဲ အတူအိပ်မိသလို ဖြစ်ခဲ့တာပဲ မဟုတ်ဘူးလား” 


ဝေ့ရှောင်း၏ စကားတစ်ခွန်းက ပိုင်ချိုင်၏ စိတ်ထဲတွင် ပွက်ပွက်ဆူနေသော ရေများကို အေးစက် သွားစေသည်။ 


“ မင်း ငါ အိပ်ရင် လမ်းထလျှောက်တတ်တဲ့ အကျင့်ကို သိတယ် မဟုတ်ဘူးလား”


ပိုင်ချိုင် : “ဘာ”


ဝေ့ရှောင်း : “ ငါ FTW ကိုစရောက်တုန်းက အဆောင်ခန်းတွေ အလွတ် မရှိတော့ဘူးလေ။ ဒီတော့ Closeက သူ့ရဲ့ အိပ်ဆောင်အခန်းမှာ အိပ်ခိုင်းတာလေ။ ငါလဲ ငါ့ရဲ့ပြဿနာကို ငါသိတော့ တံခါးကို သေချာ ပိတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘယ်သူသိမှာလဲ ငါ့ရဲ့ အိပ်နေရင်း လမ်းထလျှောက်တတ်တဲ့ ပြဿနာက အဆင့်တောင် တက်သွားပြီး တံခါးကိုတောင် ဖွင့်လိုက်မယ်လို့လေ။ အဲဒီလိုနဲ့ ငါနိုးလာတဲ့အချိန်မှာ Closeကို မျက်နှာချင်းဆိုင် တွေ့ရတာပဲ။ ငါကတော့ ကောင်းကင်ကြီး ပြိုကျပြီလို့ထင်လိုက်တာ”


ပိုင်ချိုင် : “…..”


ဝေ့ရှောင်း : “ ဒါပေမဲ့ Close ရဲ့စိတ်နေသဘောထားကတော့ တကယ်ကောင်းတာ။ သူက ငါ့ကို သူ့အတင်းဖိထားတာကို ဖယ်လို့ ပြောတယ်။ ဒါမဲ့ သေတဲ့အထိ ရိုက်သတ်မသွားဘူး”


ပိုင်ချိုင် : “ ဝေ့ရှောင်း”


ဝေ့ရှောင်း : “ အင်း” 


ပိုင်ချိုင်သည် ရူးသွပ်လုနီးပါး ဖြစ်လာသည်။ 


“ငါလူး...မင်းအဖေ…”


ဝေ့ရှောင်းသည် ဖုန်းကို နားနှင့် ခပ်ဝေးဝေး ခွာလိုက်သည်။ သူ၏ အသံသည် သင့်တော်မှုပင် မရှိသေးချေ။ 


“ချိုင်ကောရဲ့ အရသာခံနိုင်စွမ်းအားက တော်တော်လေး အငံဓာတ် များနေတာပဲ။ ဒါပေမဲ့ ငါကတော့ မင်းကို ပေးစရာ daddy မရှိပါဘူး။ “


ပိုင်ချိုင်သည် နှူတ်ခမ်းတစ်ချက် သပ်ရင်း ဖုန်းချလိုက်သည်။ 


တစ်ယောက်နေ တိုက်ခန်းအတွင်းတွင် ဝေ့ရှောင်းသည် ကျွတ်စုတ်သပ်လိုက်ရင်းဖုန်းကို ဘေးဖက်သို့ ပစ်ချလိုက်သည်။ 


သူသည် နူးညံ့သော အိပ်ရာအပေါ်သို့ ပြန်လှဲချလိုက်ပြီး မျက်နှာကြပ်ကို ကြည်သည်။ သူသုံးနာရီပဲ အိပ်ရသေးတယ်။ 


သို့ရာတွင် သူသည် အိပ်ချင်စိတ်မရှိတော့ပေ။ 


ည တစ်နာရီခွဲဖို့ အများကြီးလိုနေသေးတယ်။ 


ထို့ကြောင့်ဝေ့ရှောင်းသည် ဖုန်းကိုကောက်ယူလိုက်ပြီး ပိုင်ချိုင်ကို ဆက်လက်ပြီး ဒုက္ခ ပေးသည်။ 


“ မင်းက ဘာဖြစ်တာလဲ။ ငါမင်းကို ငါ့ရဲ့ ချစ်စရာကောင်းတဲ့ သူဌေးလေး အကြောင်း ပြောနေတာလဲ။ ဒါပေမဲ့ မင်းက ရုတ်တရက်ကြီး အတိတ်က အကြောင်းရာ ဟောင်းတွေကို ဆွဲလာတယ်။ နောက်ပြီး အခု မနက် ၇နာရီတောင်ခွဲတောင် ရှိနေပြီ မင်းဘာလို့ မအိပ်သေးတာလဲ”

4 04

သူသည် စကား မြန်မြန်ပြောသည်။ သူ၏ typing ရိုက်နှုန်းသည် ပို၍ပင် မြန်သေး၏။ ထို့ကြောင့် စာတစ်ပိုဒ်လုံးက ရိုက်ပြီး သွားသည်။ မျက်တောင် တစ်ခတ်အချိန်တွင် ပို့ပြီးသား ဖြစ်သွားသည်။ 


ပိုင်ချိုင်၏ ဦးနှောက်ကပင် နာလာသည်။ 


သူ ယခုလေးတင် ရလိုက်သည့် WeChatက စာကို ကြည့်ပြီး သူ့ဦးနှောက်က ပို၍ပင် နာလာသည်။ 


ဒီသောက်ကျိုးနည်း ချစ်စရာကောင်းတဲ့ သူဌေးလေးအကြောင်းကို ဆက်ပြောနေတယ်။ 


ညီအစ်ကို မင်းကို မဟာမိစ္ဆာ ဘုရင်ကြီးက မျက်စိကျနေပြီကွ။ 


ကံဆိုးသည်မှာ သူမပြောနိုင်ပေ။ 


လုဖုန်းသည်သူ့အား ဝေ့ရှောင်းကို မပြောရန်ပြော ထားသည်။ 


သူသည်လည်း မည်သည့်အတွက်ကြောင့် မပြောရန်ဖြစ်ကြောင်း မသိသည့်တိုင်အောင် ပိုင်ချိုင်သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချ၍ မပြောရဲပါချေ။ 


ဝေ့ရှောင်းကသာ သူ့ကို ရောင်းလိုက်မှန်းသိသွားခဲ့ရင် ချက်ချင်းပြန်လှည့်လာပြီး သူ့အကြောင်း ပြန်ဖော်လောက်တယ်။ 


သူတို့၏ ရင်းနှီးမှုသည် အချင်းချင်း ခြိမ်းခြောက်မှုများမှ စတင်ခဲ့ခြင်းဖြစ်သည်။ 


ထို့ကြောင့် အကြောင်းအရာပေါ်သွားသည်နှင့် သူတို့၏ ချစ်ကြည်ရေးလှေက နောက်ပြန် လှည့်၍ မရနိုင်တော့ချေ။ 


“ ဘာမှမဟုတ်ပါဘူး”


ပိုင်ချိုင်က သနားစဖွယ်ဖြစ်ဟန် ဆောင်လိုက်ပြီး အကြောင်းအရာကို ပြောင်းသည်။ 


“ ငါ လူသစ်ဘုရင်အသစ်ကို တွေ့လ်ိုက်ရတယ် မဟုတ်လား။ ဒါကြောင့် နည်းနည်း စိတ်လှုပ်ရှားသွားတာ ဖြစ်မှာပေါ့”


ဝေ့ရှောင်းသည်လည်း လူသစ်ဘုရင်နှင့် ပတ်သက်နေတဲ့ တစ်ဖက်သူသည် စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးရှိနေကြောင်း နားလည်သဖြင့် ပြောလိုက်သည်။ 


“ စိတ်အေးအေးထား။ ရှောင်လင်က တော်တော်လေးတော့ ကောင်းတဲ့ကောင်ပါ။ သူက မင်းကို အနောက်ကနေ ကန်ထုတ်ပြီးထွက်ပြေးသွားမဲ့ သားရဲကောင်ဟောင်း မဟုတ်သလို မင်းသိမ်းထားတဲ့ မုန့်ဖိုးသန်း ကျော်ကိုလိုချင်နေတဲ့ နှလုံး သားမဲ့တဲ့ သူမျိုးလည်း မဟုတ်ဘူး။ သူ့ကိုကောင်းကောင်း ဂရုစိုက်လိုက်။ ငါတို့ရဲ့ စီးပွားရေးက သူ့အပေါ် မူတည်နေသေးတယ်”


ပိုင်ချိုင်က နားထင်ကို ပွတ်သည်။ 


သူသည် ပထမဦးဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်ဟာ ကိုယ့်ကိုယ် သားရဲကောင်ကြီးအဖြစ် သဘာ ကျကျ ကျွမ်းကျွမ်းကျင်ကျင် သုံးပြုခြင်းအား တွေ့ရခြင်း ဖြစ်သည်။ 


“ မင်းနှစ်သန်း ယူပြီးပြီမဟုတ်ဘူးလား။ တခြားသူတွေအတွက် အချိန်ရှိသေးလို့လား”


ဘယ်လိုတောင် နှလုံးသားလဲ။ မျိုးမစစ်ကောင်လေး။ 


ဝေ့ရှောင်းက ပြောသည်။ 


“ မတူဘူးလေ ငါ့ရဲ့ချမ်းသာတဲ့ ချစ်စရာလေးက professional ကစားသမားမှ မဟုတ်တာ။ သူက ကစားပွဲတွေကို နေ့တိုင်း ဘယ်လို ကစားနိုင်မှာလဲ။ ငါ့ရဲ့ ခန့်မှန်းချက်အရ အနည်းဆုံးတော့ တစ်ရက်ကို နှစ်နာရီ သုံးနာရီလောက်ပဲ ရှိနေပေးနိုင် လောက်တယ်။ ကျန်တဲ့ငါ့ရဲ့တစ်ချိန်လုံးကို ငါတို့ တရုတ်ပြည်ရဲ့ ပြိုင်ပွဲရေး နယ်မြေကြီးကို ပေးဆပ်ထားမယ်လေ” 


ပိုင်ချိုင်ကမူ သူ၏ မျက်လုံးများဟာ ထိုချစ်စရာလေးဆိုသော စကားလုံးကြောင့် ပို၍ နာကျင်ပူတက်လာသလို ခံစားလိုက်ရသည်။ 


“ ဒီလိုနဲ့ အဲဒီဘက်က မိန်းကလေးလို့ ဒီအတိုင်းပဲ ဆုံးဖြတ်ချက် ချလိုက်တာပေါ့”


“ လောင်ပိုင် မင်း အသက်ကြီးလာတဲ့နောက်မှာ ဦးနှောက်တော့ ရှိလာတယ် မဟုတ်လား”


ပိုင်ချိုင် : “ …..”


ဝေရှောင်း : “ ငါ ငါရဲ့ platform ပေါ်မှာ ငါ့ရဲ့အကောင့်ကိုအမျိုးသားလို့ ထည့်ထားပြီးသား။ နောက်ပြီး ငါကသိ သိသာသာ ထူးခြားချောမွန်းလွန်းတဲ့ profile imageကိုလဲ ထည့်ထားသေးတယ်။ ဒီတော့ order လာတင်တဲ့ သူက သေချာပေါက် မိန်းကလေးပဲ ဖြစ်မှာပေါ့။ အဲဒီလိုမှ မဟုတ်ရင် ဘာလဲ။ Gay လား”


ပိုင်ချိုင်သည် ထိုစကားလုံးများကို ထပ်ကာ တလဲလဲကြည့်လိုက်သည်။ ရုတ်တရက် သူသာ ထိုစကားလုံးများကို နတ်ဘုရားလုထံ forward ပေးလိုက်မည်ဆိုလျှင် မနက်ဖြန် တွင် ဝေ့ရှောင်းအသားနှပ်ကို စားရလောက်သည်။ 


“ ဟားဟား” 

4 05

ပိုင်ချိုင်က သူ့ကိုစကားသုံးလုံး ပို့သည်။ 


“ ကိုယ့်ကိုယ်ကို ကောင်းကောင်းသိ”


ဝေ့ရှောင်း : “ မင်းဒီနေ့ နည်းနည်းလေး ထူးဆန်းနေတယ်လို့ ငါခံစားနေရတယ်”


ပိုင်ချိုင် : “ မင်း ထင်ယောင်ထင်မှား ဖြစ်တာပါ”


ဝေ့ရှောင်းက သတိ အပြည့် ကပ်သွားသည်။ 


“ မဟုတ်ဘူး။ မင်းငါ့ဆီကနေ တစ်ခုခု ကိုဖုံးကွယ်ထားတယ်”


ပိုင်ချိုင် : “ ငါ သောက်ကျိုးနည်း မင်းဆီကနေ ဘာကို ဖုံးကွယ်ထားလို့ ရမှာလဲ”


ဝေ့ရှောင်း : “ ဟုတ်နေတာပဲ”


“ဟုတ်နေတာပဲ” ဆိုသော စကားကိုမြင်သောအခါ ပိုင်ချိုင်သည် အမှန်တရားဟာ ပေါ်သွားမည့် အခြေအနေကို အမှန်တကယ်စိုးရိမ် သွားသဖြင့် အကြောင်းရာကို ခပ်မြန်မြန် အဆုံးသတ်သည်။ 


“ ငါအိပ်တော့မယ်။ တာ့တာ” 


ဝေ့ရှောင်း : “ အိပ်မက် လှလှလေးမက်ပါစေ မဲ့မဲ့တာ”


ပိုင်ချိုုင်သည် နောက်ဆုံးစကားလုံးကို အချိန်အတန်ကြာအော င်စိုက်ကြည့်နေပြီးနောက်တွင် သူဌေးအသစ်ကြီး၏ အရှေ့တွင် ရူးသွပ်စွာ ပြုမူရန် သူ့အား သတိပေးချင်နေသည်။ သို့သော်.....


“ မေ့လိုက်ပါတော့ မေ့လိုက်ပါတော့” 

ကိုယ့်ပျော်ရွှင်မှု ကိုယ်ရှာပါ။ ရဲဘော်ဝေ့။ 


ဝေ့ရှောင်းသည် အချိန်အနည်းငယ် အနားယူနိုင်ခဲ့သည်။ သူသည် သူ၏ နာရီ alarm ကို 12:30 ပြောင်းပေးထားလိုက်သည်။ 


သူသည် အိပ်ရာမှ နိုးလာပြီးနောက်တွင် ပဲပိစပ်ကို အစာကြွေးလိုက်ပြီးနောက် မုန့်မှာလိုက်သည်။ လူနှင့်ခွေးတို့ နှစ်ယောက်လုံး ဗိုက်ပြည့်သည်အထိစားပြီးနောက် တွင် ထိုသူဌေးဖြစ်သူ online သို့တက်လာမည့် အချိန်ကိုစော င့်လိုက်ကြသည်။ 


“ပဲပိစပ်”


ဝေ့ရှောင်းသည် ထို Husky ၏ ခေါင်းကို ပွတ်လိုက်ပြီးနောက်ပြောသည်။ 


“ ဒါက ငါ့ရဲ့အစစ်မှန်စီးပွားရေးရဲ့ ပထမပိုင်းအစပဲ”


သူက အဖော်ပြုကစားသမားအဖြစ် လုပ်နေတာ ကြာပြီဆိုပြီး မဆုံးဖြတ်လိုက်နဲ့နော်။ 


သူ ပုံမှန် order တွေကို ဘယ်တော့မှ အမှန်တကယ် ယူခဲ့ဖူးတာ မဟုတ်ဘူး။ 


သူ့၏ တစ်ပွဲနေရင် ယွမ်၂၀၀ဆိုသော မိုးထိုး တက်နေသည့် တန်ကြေးကို အခြေခံ ကြည့်ခြင်းအားဖြင့် မည်သည့်ကစားကမှ ရူးပြီး သူ့အပေါ်တွင် ပိုက်ဆံလာဖြုန်းကြမည် မဟုတ်ပေ။ 


ဆိုတော့သူက မင်္ဂလာ ဝေါယာဥ်ပေါ်မှာထိုင်နေတဲ့ လက်မထပ်ရသေးတဲ့ ငယ်ရွယ်တဲ့ အမျိုးသမီးလေးလိုမျိူး..... ဒါက သူ့ရဲ့ပထမဆုံးအကြိမ်ပဲ။ 


“ရောက်လာပြီ” 


ဝေ့ရှောင်း၏ ချမ်းသာသော ချစ်စရာလေးသည် အချိန်မှီ online တက်လာသည်။ တစ်မိနစ်ပင် မနောက်ကျသလို စောမနေခဲ့ချေ။ တစ်နာရီခွဲအတိတွင် log in ဝင်လာခဲ့ခြင်း ဖြစ်သည်။ 


ဝေ့ရှောင်းသည် မင်္ဂလာ ညနေခင်းပါဆိုသော emoji ပုံလေးပို့လိုက်သည်။ တစ်ဖက်သူက ပေါ့ပေါ့ပါးပါးသာ ပြန်လည် နှုတ်ဆက် လာသည်။ 


“ Hello “


စကားပြောတဲ့ ပုံစံကိုက အရမ်းကိုအလေးအနက် ထားပြီး ကောင်းကောင်းမွန်မွန် နေတတ်တဲ့ ချစ်စရာကောင်းတဲ့ ညီမလေး ပုံစံမျိုးပဲ။ 


ဝေ့ရှောင်းသည် တစ်ဖက်က စကားပြောလာသဖြင့် အသင်းဖိတ်ကြားခြင်း linkကိုသာ ပို့လိုက်သည်။ 


သူသည် အချိန်တန်ကြာအောင် စောင့်သည်။ သို့သော် မည်သူကမှ ဝင်မလာချေ။ ဝေ့ရှောင်းသည် ဂိမ်းထဲမှ tab တချက်နှိပ်ကာ ထွက်လိုက်ပြီး ရှင်းပြပေးလိုက်သည်။ 


“ Game ကိုအရင်ဆုံး login ဝင်လေ။ အဲ့ဒီနောက် ငါ့ရဲ့ အသင်းထဲကို join ဖို့ဒီ link ထဲကိုဝင်လိုက်” 


တစ်ဖက်သူက ခဏခန့် တိတ်ဆိတ်သွားသည်။ 


“ ငါရောက်နေပြီ”


သေချာပေါက်ကိုပဲ လုံးဝကို ချစ်စရာကောင်းတဲ့ အသစ်လေး။ 

4 06

ဝေ့ရှောင်းသည် အလွန်ပညာရှင် ဆန်သည်။ ထို့ကြောင့် စိတ်ရှည်စွာ ပြောပြ၏။ 


“ အလျှင်မလိုဘူး အလျှင်မလိုဘူး။ မင်းအချိန်ယူ။ နားမလည်တာရှိရင်လည်း မေးပေါ့”


လု : “ အင်း”


ဝေ့ရှောင်းသည် game ကို ဖွင့်လိုက်သည်။ 


“ ငါမင်းကို အရင်ဆုံး ဒီgame ကိုနားလည်အောင် လိုက်ပြပေးမယ်”


ပြိုင်ပွဲဂိမ်း ဖြစ်သည့်အလျှောက် Gloryသည် သဘာဝအလျောက်ပင် လှေကားလိုမျိုတစ်ဆင့်ချင်းဆီ တက်သွားရခြင်း ဖြစ်သည်။ ထို့ကြောင့် ranking အပိုင်းများ သည်လည်း ရိုးရှင်းကာ ရှင်းလင်းသည်။ 


ကြေးနီရောင်အဆင့် ၊ ငွေ အဆင့် ၊ ရွှေအဆင့် ၊ ရွှေဖြူအဆင့် ၊ စိန်အဆင့် ၊ ဘုရင်အဆင့်။ 


ဘုရင်အဆင့်တွင် individual ranking ရှိသည်။ Region နယ်မြေတစ်ခုခြင်းစီတိုင်းတွင် ကိုယ်ပိုင် ranking ရှိသည်။ ထို့အပြင် ကမ္ဘာ အဆင့် ranking လဲရှိသည်။ 


Major region များသည် ဂိမ်း server သီးသန့်သာ ကန့်သတ်ထားခြင်းမဟုတ်သလို international ပြိုင်ပွဲနယ်မြေများကပင် အကျုံးဝင်သည်။ ဥပမာအားဖြင့် Asia ၊ Europe ၊ North America စသည်ဖြင့်ဖြစ်သည်။ 


လက်ရှိအနေအထားအရ ပြိုင်ပွဲဝင်နယ်မြေဇုန် တစ်ခွင်အနှံ့တွင် သတ်မှတ်နေရာတွင် ကောင်းမွန်စွာ ထိုက်တန်သည်မှာ FTW ၏ ခေါင်းဆောင်လုဖုန်း ဖြစ်သည်။ 


ဒီအမျိုးသားက individual ပြိုင်ပွဲ မှာသုံးကြိမ်ဆက်တိုက် championship ဖလားကို ရထားပြီး သူနှင့် ဒုတိယနေရာက သူအကြားက ကွာဟချက်ကို champion အမှတ်လုံလောက်အောင် ခြားထားနိုင်ခဲ့တယ်။ 


သို့ရာတွင် ထိုအခိုက်အတန့်တွင် ကမ္ဘာ့ နံပါတ်တစ်ပုဂ္ဂိုလ်ကြီးသည် အကောင့်သစ်တစ်ခုကို ဖွင့်ထားသည်။ Individual rankingကို မဆိုထားပေ။ ထိုအကောင့်သည် ranking segment ကိုပင် မစရသေးချေ။ 


Gameသည် matching interface အတွင်းသို့ ဝင်ရောက်သွားသည်။ သို့သော် ဝေ့ရှောင်းသည် တန်းစီရမည့် ခလုတ်ကို ရုတ်တရက် ပိတ်လိုက်သည်။ 


“ ခဏနေဦး။ ငါ skin တစ်ခု သွားဝယ်လိုက်ဦးမယ်”


သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် alt အကောင့်ကို သုံးကာ ထိုသူဌေးကို အဖော်ပြုပေးခြင်း ဖြစ်သည်။ 


ထိုအကောင့်သည် hero လုံလောက်သော်လဲ skin တခုမှ မရှိချေ။ 


ဝေ့ရှောင်းသည် သိပ်မကြာမီ ပြန်ရောက်လာသည်။ 


“ငါမင်းကို ဒီနှစ်ရဲ့ champion skin ပြမယ်”


ကမ္ဘာ့ ဖလားပွဲတစ်ပွဲခြင်းစီတိုင်း၏ အဆုံးသတ်တွင် ထို game ကိုဖန်တီးသူများသည် champion အတွက် အထူး skin ဖန်တီးပေးပေလိမ့်မည်။ ဒီနှစ်၏ single champion သည် လုဖုန်းဖြစ်နေသေးသည်။ 


ဒါသည် လုဖုန်း၏ လေးခုမြောက်အထူး skin ဖြစ်သည်။ ထို့အပြင် အရိပ်သူခိုး… ကောင်းကင်နီ ဓားသွားအပိုင်း ဖြစ်သည်။ 


အသင်း၏ interface တွင် display စာမျက်နှာကို ပြသနေသည်။ ဝေ့ရှောင်းသည် သူ၏ သူခိုး heroကို ထိန်းချုပ်လိုက်ပြီး အလွန်လန်းသော post တခုကိုထုတ်လိုက်သည်။ 


“ ဘယ်လိုထင်လဲ။ တအားမိုက်နေပြီမဟုတ်လား”


လုဖုန်း : “ …”


ဝေ့ရှောင်း၏ keyboardသည် စာရိုက်နေသည့်အလျှောက် တစ်တောက်တောက် မြည်ဟီးနေသည်။ 


“ ဒီတော့ ဒါက Close ရဲ့ championship skill လေးခုထဲမှာ လှူံ့ဆော်မှု အပြင်းထန်ဆုံး တစ်ခုလို့ထင်တာပဲ။ သူ့ရဲ့ခြုံလွှာကို ကြည့်။ သူ့ရဲ့ အဲဒီအနီရောင်ဓားသွား နောက်ပြီး သူ့ရဲ့ ဒီအထူး special effectsကို ကြည့်ဦး …”

 

နေ့တစ်ဝက်ခန့်နီးပါး ချီးကျူးပြီးနောက် နောက်ဆုံးတွင်သူသည် အသိဝင်သွားသည်။ 


“စကားမစပ် Closeက ဘယ်သူဆိုတာ မင်းသိတယ်မဟုတ်လား။ ကမ္ဘာ့ champion နတ်ဘုရား လု ၊ FTW ရဲ့ခေါင်းဆောင် လုဖုန်းလေ”


လုဖုန်းသည် ခဏခန့် တိတ်ဆိတ်သွားပြီး စာရိုက်သည်။ 


“ အင်း “


ဝေ့ရှောင်း : “ သူကြောင့် မင်းက ဒီဂိမ်းကို စ ကစားတာတော့ မဟုတ်လောက်ပါဘူးနော်။ အား ရတယ်၊ ရတယ် ငါနားလည်တယ်။ မင်းတို့ မိန်းမငယ်လေးတွေက သူ့ရဲမျက်နှာကို ကြည့်တာနဲ့ အကုန်လုံး ရူးသွပ်သွားကြတာပဲ။ ပြောရမယ်ဆိုရင် Gloryရဲ့ အမျိုးသမီးကစားသမား တစ်ဝက်ကျော်ကျော်လောက်က သူ့ကြောင့် ဂိမ်းကစားလာကြတယ် ဆိုတာကို လူတိုင်းသိထားကြတာပဲလေ”

4 07

လုဖုန်းသည် စကားတစ်စက်မှ မပြောပေ။ 


ဝေ့ရှောင်းက ထပ်ဖြည့်ပြောသည်။ 


“ ရိုးရိုးသားသား ပြောရရင် Close ကတော်တော်လေးတော့ ချောတယ်။ ဒီ championship skinထက်တောင် ပိုကြည့်ကောင်း နေသေးတယ်။ ငါသာ အမျိုးသမီးတစ်ယောက် ဆိုရင်သူ့ကို သေချာပေါက် လက်ထပ်ချင်မှာပဲ”ဪ


******