Ch 5
Viewers 3k

အပိုင်း (၅)Pentakill က မင်းအပိုင်ပဲ။ နောက်ပြီးမင်းလဲငါ့အပိုင်ပဲ။ 

 

လုဖုန်းသည် ကောင်းမွန် လွန်းသော ထိုစကားလုံး အတန်းလိုက်ကို စိုက်ကြည့်နေပြီးနောက် စကားလုံးအနည်းငယ်ကို ပြင်ရိုက်လိုက်သည်။ 


“ မင်း voice channel ကိုသုံးနိင်လား”


ဝေ့ရှောင်း : “ ရတာပေါ့”


သူသည် voice channel ကိုဖွင့်လိုက်ပြီးနောက် စမ်းကြည့်သည်။ 


“ ငါပြောတာ ကြားရလား”


လုဖုန်းက ဆက်ရိုက်သည်။ 


“ အင်း”


ဝေ့ရှောင်းသည်လဲ တစ်ဖက်သူဟာ မည်သည့်အတွက်ကြောင့် microphone မဖွင့်ကြောင်း မေးလိုသည်။ သို့သော် သူဌေးကသာ အကြီးမြတ်ဆုံး ဖြစ်ကြောင်း သတိရသွားသည်။ သူဌေး ဘာပြောပြော မှန်တယ်။ ထို့ကြောင့် သူသည်လည်း စိတ်ကို ထိန်းလိုက်ပြီး မမေးခဲ့ချေ။ 


“ ဒါဆိုရင် အရင်ဆုံး matching စကြမလား”


ဝေ့ရှောင်းကမေးလိုက်သည်။ 


လုဖုန်းသည် သူ၏ အသံကိုနားထောင်ပြီး chat box တွင် ပေါ်နေသည့် စကားလုံးများကို ကြည့်သည်။ သူ၏ မျက်လုံးဟာ ခံစားချက်များကို ဖုံးအုပ်ထားသလို ဖြစ်သွားသည်။ သူသည် အနည်းငယ် နောင်တရနေသလိုမျိုးဖြင့် စကာလုံးတစ်လုံးကို ထုတ်သည်။ 


“ အင်း”


ဝေ့ရှောင်းသည် game ပွဲကို စတင်ရန်အတွက် Clink နှိပ်လိုက်သည်။ ထို့နောက် matching စာမျက်နှာထဲသို့ ဝင်လိုက်သည်။ 


Ranking နိမ့်သော ပွဲစဥ်များတွင် match လုပ်ပေးမှုသည် အလွန်အမင်း မြန်ဆန်သည်။ သိပ်မကြာခင် သူတို့သည် game ၏ interface ထဲသို့ရောက်သွားသည်။ 


ဝေ့ရှောင်းသည် အကောင့်ထဲသို့ ဝင်လိုက်သောအခါ ထိုသူဌေးသည် game နှင့် အကျွမ်းတဝင်မရှိဘဲ အကောင့်သစ်ကိုသာ သုံးထားသည်ကို သိသဖြင့် စိတ်ရှည်စွာ ရှင်းပြပေးလိုက်သည်။ 


“ Gloryက နားလည်ဖို့ တော်တော်လေး လွယ်ပါတယ်။ အခြား MOBA game တွေမှာဆို heroက ၁၀၀ ကျော်ရှိတယ်။ ဒါပေမဲ့ ဒီမှာတော့ hero က ၁၁ ခုပဲရှိတာ။ ဒီအတိုင်း တော်တော်လေးကို ပါရမီကြီးတဲ့ အနေထားမျိုးတွေ ပါဝင်ရုံလောက်ပါပဲ။ နောက်ပြီး Flexible ဖြစ်အောင်ကစားနိုင်ဖို့ အဆင့်ကတော့ တော်တော်လေးမြင့်တယ်။ ဒါကြောင့် အားလုံး ပေါင်းလိုက်တဲ့အခါ.....”


သူပြောသမျှ အရာအားလုံးသည် လုဖုန်းရင်းနှီးသည်ထက်ပင် မပိုနိုင်သောအကြောင်း အရာများ ဖြစ်သည်။ Gloryတွင် hero 11ခုသာ ရှိလေသည်။ 5 Vs 5 အပြိုင်ပွဲစဥ် ဖြစ်သည့် အလျှောက် hero 11က နည်းလွန်းသည်ဟု ထင်ရသည်။ လူတိုင်းက hero တခုစီ ရွေးချယ်လိုက်လျှင် ဘာမှမကျန်တော့သလောက်နီးပါး ဖြစ်ပေလိမ့်မည်။ ထို့အတွက်ကြောင့် နည်းပညာဆိုင်ရာ စီမံမှုအတွက် မချန်ထားပေးဟုပင်ဆို၍ရသည်။ 


သို့သော် ထိုသို့မဟုတ်ချေ။ Gloryသည် ရှုပ်ထွေးမှု နှင့် အမျိုးမျိုးသော လုပ်နိုင်စွမ်းရည်များကိုမှီခိုပြီး ထိုမျှကြာရှည်အောင် ကျော်ကြားနေခဲ့ခြင်း ဖြစ်သည်။ 


Gameတွင် hero ၁၁ ခုသာ ရှိသည်။ နာမည်အားဖြင့် : မှော်ဆရာ ၊ မှော်ပညာရှင် ၊ နတ်ဆရာ ၊ ဘုန်းတော်ကြီး ၊ ရှေးဟောင်းဘုန်းကြီး ၊ မီးခွက်စောင့် ၊ ဘီလူး ၊ စက်မှုပညာရှင် ၊ မုဆိုး ၊ စစ်သည်တော်နှင့် အမြှောက်တပ်သားတို့ဖြစ်သည်။ 


ထို hero ၁၁ခုချင်းဆီတိုင်းတွင် ပါရမီသစ်ပင်ကြီးလိုမျိုး အစ်ကိုင်းအခက် အလွန်များလောက်အောင် heroများ ခွဲသေးသည်။ 


ဥပမာအားဖြင့် မှော်ပညာရှင်များအတွက် ပါရမီ သစ်ပင်ကြီးတွင် ကိုင်း ၈ ကိုင်းပင် ရှိသည်။ သူတို့သည် မီးမှော်ဆရာ၊ ရေခဲမှော်ဆရာ ၊ မြေသားမှော်ဆရာ ၊ လေမှော်ဆရာ ၊ သစ်သားမှော်ဆရာ ၊ ဓားသွားမှော်ဆရာ ၊ အလောင်းကောင်မှော်ဆရာနှင့် အဆိပ်မှော်ဆရာတို့ ဖြစ်သည်။ 


Hero များသည် အကန့်သတ်နှင့် ဖြစ်သည်။ သို့သော် ကျွမ်းကျင်သော စွမ်းရည်တစ်မျိုးစီကို ပိုင်ဆိုင်ထားသည့်အမျိုးစားမျာကမူ ဆက်တိုက်ဆိုသလို အဆင့်မြှ င့်တင်ခံနေရခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော အနေထားမျိုးတွင် ရွေးချယ်စရာများနှင့် ရွေးချယ်နိုင်သည့် အရာများက များပြားသည်ထက်ပင် ပိုနေသေးသည်။ 


ထိုမျှ များပြားသော ရွေးချယ်စရာများနှင့်ဆိုလျှင် ဗျူဟာများကို ပို၍ပင် ခန့်မှန်းရန် ခက်သွားနိုင်သေးသည်။ ပွဲများသည်လဲ ကြည့်ရန် စိတ်လှုပ်ရှားဖို့ ကောင်းသလို ပျော်စရာလည်း ကောင်းနေသည်။ 


ထိုအတွက်ကြောင့် 1 Vs 1 နှင့် 2 Vs 2 ပွဲစဥ်များသည် ထို talent system မျိုးကြောင့် Glory ကိုစိတ်ဝင်စားစရာ ကောင်းအောင် ဖြစ်နေစေသည်။ 


Single ပွဲများတွင် hero များကို စနစ်က ကျပန်းချပေးမည် ဖြစ်သည်။ သို့သော် Talent build ကို ကစားသမားက ဆောက်နိုင်သည်။ 


ဥပမာအားဖြင့် တစ်ဖက်ခြမ်းသည် မှော်ဆရာတစ်ယောက်ကို ကျပန်းရပြီး တစ်ခြားတစ်ဖက်ခြမ်းသည် အဆင့်အားဖြင့် သူတို့ကို ချုပ်ထိန်းနိုင်သည့် အားသာချက် ရှိသော သူခိုးကို ချထား ပေးခံရမည်ဆိုလျှင် စိုးရိမ်ရန် မလိုအပ်သေးချေ။ အကြောင်းမူကား မြောက်များလှစွာသော hero အခွဲများရှိနေသောကြောင့် ဖြစ်သည်။ သူတို့သည် gameထဲသို့ ဝင်ရောက်ပြီးနောက် ပြိုင်ဘက်ကို ဖျက်စီးနိုင်အောင် ကြိုးစားနိုင်လောက်မည့် သင့်လျှော်သော talent build တစ်ခုရွေးချယ်နိုင်သည်။ 


1 Vs 1 ပွဲစဥ်များသည် ကစားသမားတစ်ယောက်ချင်းစီတိုင်း၏ individual အင်အားကို မီခိုထားခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ပြောင်မြောက်သော skill များကို လိုအပ်ရုံသာမက သေးလေပဲ ခေါင်းအေးအေး ထားနိုင်စွမ်းရည် ရှိရပေမည်။ 

5 02

နေရာချထားခြင်း ၊ ဂါထာရွတ်ခြင်း နှင့် စွမ််းရည်များကို အသုံးပြုခြင်းသည် hardware အဖြစ် သတ်မှတ်မည်ဆိုလျှင် ၊ သူ၏ game အပေါ် နားလည်နိုင်စွမ်းအားသည် software ဖြစ်သည်။ ထိုသို့ဖြင့် နှစ်ခုသည်ခွဲခြား၍ မရဘဲ ဒွန်တွဲနေရပေလိမ့်မည်။ 


ထိုအတွက်ကြောင့် အနိုင်ကျင့်ရန် မသင်ယူချင်သော professional ကစားသမားဟူ၍ မရှိဟု game အတွင်းပြောစမှတ်တွင် ဖြစ်နေခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ထို professional ကစားသမားသည် individual championship ကို သေချာပေါက် နိုင်ချင်ပေလိမ့်မည်။ 


နိုင်ငံတကာ ပြိုင်ပွဲနယ်မြေတွင် ဗျူဟာသုံးပြီး ကစားသော သူများအားလုံးက နှလုံးသား မဲနက်နေကြသည်ဟု ပင်ပြောစမှတ် ရှိသေးသည်။ ထို့အပြင် individual ပြိုင်ပွဲ championကို သုံးကြိမ်ဆက်တိုက် ဆွတ်ခူး ရရှိနိုင်ခဲ့သည့် Close ဆိုလျှင် သူ၏ ရင်ဘတ်တခုလုံးက မဲတူးပြီး ပေါက်ပင် ပေါက်နေလောက်ပေသည်။ 


ထိုပြောစမှတ် စကားက တိုင်းပြည်သို့ ရောက်ရှိလာသောအခါ ရှာဖွေမှု အများဆုံး စာရင်းရောက်သည်အထိ ထိုးတက်သွားခဲ့လေသည်။ အဓိက keywords များမှာမူ “ Close ၊ အနက်ရောင် ၊အပေါက်” ပင်ဖြစ်လေသည်။ 


Game မကစားတတ်သော သူများဆိုလျှင် ရုတ်တရက် ထိုရှာဖွေမှုအများဆုံး tab ကြီးကို မြင်လိုက်သောအခါ အံအားသင့်ပြီး တွေးမိကြသည်။ ဘာ၊ ဘာ၊ ဘာ Close အနက် အပေါက် ဟုတ်လား။ အနက်အပေါက်က ပိတ်လို့ရတာလား။ သိပ္ပံ နည်းပညာကြီးက အံဩဖို့ကောင်းလိုက်တာ... စသည်ဖြင့် ဖြစ်လာသည်။ 


ထို့နောက် ထိုသို့တွေးကာ ခပ်မြန်မြန် click နှိပ်ကာ ဝင်ကြည့်ပြီးနောက်တွင် ...


အား Gaming အပိုင်းပဲ။ 


ထို့နောက် သူတို့သည် Championship ဓာတ်ပုံများကို တွေ့ပြီးနောက်တွင် အာ သောက်ကျိုးနည်း ချောလိုက်တဲ့ ရှောင်ကောကောလေး။ 


“Gloryက Closeကို ကြော်ငြာကြေး ပေးထားတယ်လို့ ငါထင်တယ်။ ဒီအနက်ရောင်အပေါက် မတော်တဆမှု ပြီးတဲ့နောက်မှာ ချစ်သူကောင်မလေး fan ဘယ်လောက်များများ Gloryကို ဝင်သွားကြလဲ ဆိုတာကို ဘယ်သူက မသိလို့လဲ။ ကြေးနီရောင်အဆင့်မှာ matching ဖြစ်တဲ့သူတွေရဲ့ အရေအတွက်က တစ်ချိန်လုံး မြင့်နေတာပဲဆိုတာကို သိလား”


ဝေ့ရှောင်းသည် မူလက မူ game အကြောင်းကို အခြေခံ ရှင်းပြပေးချင်ရုံသာ ဖြစ်သည်။ သို့သော် သူက ပြောနေသည်နှင့်အမျှ တဖြည်းဖြည်းချင်း လုဖုန်းအကြောင်း အခြေခံ ရှင်းပြပေးနေခြင်း အဖြစ် ပြောင်းလဲသွားလေသည်။ 


Voice channelကို ဖွင့်ထားသော လုဖုန်းသည် အနည်းငယ် နောင်တ ရနေမိသည်။ သူသည် သူ၏ အသံအား ကြားနိုင်နေသည့် တိုင်အောင် ကံဆိုးစွာဖြင့် မမြင်နိုင်ပေ။ 


ဝေ့ရှောင်းသည် အကြောင်းအရာကို လမ်းကြောင်းမှန်သို့ ပြန်တွန်းတင်သည်။ 


“ ဒါက မင်းရဲ့ ပထမဦးဆုံး အကြိမ်ကစားတာမျိုးဆိုရင် မီးမှော်ဆရာကို စမ်းကြည့်သင့်တယ်။ ဒီ Talent build က တော်တော်လေးက်ို user friendly ဖြစ်တယ်။ အသုံးပြုသူကို လွယ်လွယ်ကူကူ သုံးနိုင်စေတယ်။ ဒီ မီးမှော်ဆရာက တော်တော်လေးကို ချစ်စရာကောင်း တဲ့ Female skin လေးရှိတယ်။ တော်တော်လေး ချစ်ဖို့ ကောင်းတာ”


ထိုသို့ ပြောပြီးပြီးချင်း team channel မှာ တစ်စုံတစ်ယောက်မှ ပြောလာသည်။ 


“မင်းက ကောင်မလေးကို ခေါ်လာတာလား”


“သေစမ်း...နောက်ထပ် အမှိုက်လို ကစားသမားနဲ့ လာတိုးပြန်ပြီ”


“သွား သွား သွား ကောင်မလေးကို ခေါ်လာတယ်ဆိုရင်လဲ ကြုံရာကျပန်း match ပွဲထဲသာ သွားကစားစမ်းပါ။ အဆင့်တက်ပွဲစဥ်ကို လာပြီး တစ်ခြားသူတွေကို မဖျက်စီးစမ်းပါနဲ့”


ကြုံရာကျပန်း သာမန်ပွဲစဥ်များသည် အဆင့်တက်ပွဲစဥ်များနှင့် တူသည်။ သို့သော် ရှုံးသည့်ဘက်သည် ကြယ်မလျှော့ပေ။ ဒီအတိုင်း ဖျော်ဖြေမှုသီးသန့်သာ ဖြစ်သည်။ 


ဝေ့ရှောင်းသည် team channelကို တစ်ချက်ကြည့်လိုက်သည်။ 


ထိုတွင် ကစားသမား #3 ကပြောနေသည် ဟုပေါ်နေသည်။ 


“ မင်းပထမဦးဆုံးအကြိမ် ကစားပြီး အခုမှ ဘယ်လိုကစားမလဲဆိုတာကို စသင်တာဆိုရင် အဆင့်မတက်ခင်အရင်ဆုံး အချင်းချင်း ကစားနေလိုက်ပါဦး။ ဟုတ်ပြီလား”


“ မင်းကို ဆွဲခေါ်သွားမဲ့လူကို ဘာလို့ပြန်ပြောနေတာလဲ။ မင်းက အမြင့်ဆုံးအဆင့်ကို တက်သွားပြီးတဲ့နောက်မှာ အခြားသူတွေကို ဖျက်ဆီးနိုင်နေဦးမှာလား”


ဝေ့ရှောင်းသည် လုဖုန်းကို သီးသန့်စာ ပို့လိုက်သည်။ 


“ ညီမလေး မကြောက်နဲ့”


ထိုစကားကိုပို့ပြီးနောက် သူသည် team channel တွင်စာရိုက်သည်။ 


“စိတ်မရှိပါနဲ့။ ငါက ကောင်မလေးကို ခေါ်လာတာ မဟုတ်ရပါဘူး။ ဒီညီမလေးက ငါ့ကို ကစားဖို့ ခေါ်လာတာပါ”

5 03

#3 : “ လုံလောက်ပြီ တော်ပြီ။ မင်းပဲ သူမက ပထမဦးဆုံးအကြိမ် စကစားတာ ဆိုပြီးပြောထားတယ်လေ”


ဝေ့ရှောင်း : “ ပထမ ဦးဆုံးအကြိမ် စကစားတယ်ဆိုရင် အခြားသူကို မခေါ်ရဘူးလို့ ဘယ်သူက ပြောတာလဲ”


#3 : “ သူမက hero တွေကိုတောင် မသိတာ မင်းကို ဘယ်လိုသယ်သွားမှာလဲ”


ဝေ့ရှောင်းက ပြုံးနေသော emoticonလေး ပို့လိုက်ရင်း ပြောလိုက်သည်။ 


“ ဒီကောင်မလေးက ငါ့ကို သယ်သွားပေးရုံတင်မဟုတ်သေးပဲ double kill ၊ triple kill ၊ quadra kill ၊ penta kill တွေကိုပါ ဝင်နိုင်ပြီး ဒဏ္ဍရီတွင်တဲ့ အဆင့်ထိ တက်နိုင်တယ်။ 


#3 : “ သောက်ကျိုးနည်း”


အသင်းဖော် #4 ဒီကိစ္စများကိုချောမွေ့အောင်လုပ်ပေးလိုစိတ်ရှိသည်။ 


“ ကောင်းပြီ ကောင်မလေးကို ခေါ်လာလာ ၊ မခေါ်လာလာ အရေးမကြီးဘူး။ #1က သေချာပေါက် အင်းအားကြီးရမယ်”


ဝေ့ရှောင်းသည် #1 ဖြစ်သည်။ 


ဝေ့ရှောင်း : “ ငါက ဒီပွဲမှာ kill တစ်ခုတောင် မယူနိုင်လောက်ဘူး”


သူသည် ထိုသို့ပြောနေရင်း jungler နေရာကိုယူလိုက်သည်။ 


#3 သည်အလွန်ဒေါသ ထွက်သွားသည်။ 


“ငါလူး... ဒါက လူတွေကိုတကယ်ဖျက်စီးတာပဲ”


သူတို့သည် gameထဲသို့ ဝင်တော့မည့် အခြေအနေကို မြင်သောအခါ ဝေရှောင်း၏ လက်က အလွန်အမင်း မြန်ဆန်သွားပြီး နောက်ဆုံး တစ်စက္ကန့်တွင် သူသည် စာတစ်ကြောင်းက်ို တန်းပို့လိုက်သည်။ 


“ မင်းရေတံခွန်မှာပဲ ထိုင်စောင့်နေပြီး ချစ်စရာညီမလေးရဲ့ အရမ်းတော်တဲ့ အကွက်တွေကို စောင့်ကြည့်နေစမ်းပါ”


#3 သည် gameထဲသို့ ဝင်ပြီးပြီးချင်း မလှုပ်တော့ဘဲ စတင်ကာ ရပ်ကြည့်နေသည်။ သူသည် ရေတံခွန်နားတွင် ရပ်ပြီးစာရိုက်၏။ 


“ ဟဟား ဒီကောင်မလေး ဘယ်လောက်တော်လဲ ငါကြည့်မယ်”


ဝေ့ရှောင်းသည် လုဖုန်း တစ်ယောက်တည်းသာ ကြားနိုင်သည့် private team channel ကို ပြောင်းလိုက်ပြီးနောက် ပြောသည်။ 


“ မကြောက်နဲ့ ခဏနေရင် လူတွေရဲ့ခေါင်းကိုလို က်ယူဖို့ပဲ အာရုံစိုက်ထားလိုက်”


လုဖုန်း၏ နှူတ်ခမ်းက လှုပ်သွားသည်။ သူက စာရိုက်၏။ 


“ ဘယ်လိုမျိုးလဲ”


ဝေ့ရှောင်း၏ အသံသည် ပေါ့ပါးနေသည်။ 


“ မင်း ကြိုက်သလိုသာ ယူလိုက်” 


မောက်မာထောင်လွှားတာကို တော့ အများကြီး ထည့်တွက်လို့ မရဘူး။ 


ပိုပြီးဆိုးရွားတာက ဒီအမျိုးသားက သူရဲ့ ဒီအရိုင်းဆန်ပြီး လက်လွှတ်စလွယ် လုပ်တတ်ပြီး မောက်မာထောင်လွှား မူတွေကို နောက်ခံအဖြစ် ပံ့ပိုးပေးနိုင်တဲ့ skill ရှိတယ်။ 


ဝေ့ရှောင်းသည် အရိပ်သူခိုးကို ကစားပြီး ကောင်းကင်နီ ဓားသွား champion skinကို သုံးသည်။ 


သူ ယခင် ကပြောဖူးသလိုပဲ ထိုskin က တော်တော် ကောင်းကောင်း လုပ်ထားတာပဲ။ အနက်သီးသန့် ခြုံလွှာက ညအမှောင်ထုလိုမျိုး သူခိုးကိုအတွင်းဘက်မှာ ပိတ်လှောင်ထားတယ်။ အနီရောင်ဓားတိုတွေကတော့ ရောင်စုံအလင်းတွေကိုပဲ တဖွားဖွားထွက်စေတဲ့ အလင်းသဲ့သဲ့ကို သယ်ဆောင်ထားတာက မဲမှောင်နေတဲ့ ညနက်ထဲက မျက်ဝန်းတစ်စုံလိုမျိုးပဲ။ လူတွေက စိုက်ကြည့်လိုက်မိတာနဲ့ သေလမ်းကိုပဲ သွားရတော့မှာ။ 


ပွဲစဥ်အတွင်း ဝေ့ရှောင်းသည် အမှန်ပင် ခေါင်းတစ်ခေါင်းမှ မယူသွားချေ။ သူသည် ပြိုင်ဘက်၏ healthကို အချိန်တိုင်းလိုလို ၁၀၀ မှတ်အထိ ခုတ်ဖြတ် ချလိုက်သည်။ အမြဲတစေ မပိုသလို မလျှော့ပေ။ ထို့ကြောင့် တိကျ လွန်းသဖြင့် အခြားသော သူများကို ခေါင်းကျိန်း လာစေသည်။ 


မီးမှော်ဆရာသည် အလွန်သန်မာသော DPSကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့်skill များသုံးသောကြောင့်ထွက်လာသော damage သည်အလွန်မင်း မြင့်သည်။ သို့သော် ကစားသမားသည် ရန်သူ၏နေရာတိုင်းကို ခန့်မှန်းနိုင်စွမ်းရည် ရှိရန်လိုအပ်ပေသည်။ 


ထို့ကြောင့် လူသစ်တစ်ယောက်အနေနှင့် ဦးတည်ရာအမှားတစ်ခုသို့ skill ကို ပစ်လွှတ်လိုက်မိနိုင်ခြေကလည်း သာမာန်သာလျှင် ဖြစ်သည်။ ထိုသို့ဖြင့် ပြိုင်ဘက်ကို မထိလျှင်ပင် ပုံမှန်ကိုဖြစ်နေပေလိမ့်မည်။ 


Damageသည် မည်မျှမြင့်နေစေကာမူ ဒါသည် skill သုံးသောကြောင့် ထွက်လာမည်ဖြစ်ပြီး skillက တစ်စုံတရာကို ထိမှသာ damage မြင့်နေပေလိမ့်မည်။ လေကို ထိလျှင် DPS က zero ဖြစ်နေပေလိမ့်မည်။ သို့သော် လုဖုန်းသည် သူ၏ skill များကို သုံးရန် မလိုအပ်ခဲ့ချေ။ သူသည် ဒီအတိုင်း သာမာန်အတိုင်းသာ တိုက်ခိုက်ရန် လိုအပ်သည်။ 


မှော်ဆရာ၏ အလိုလျှောက် တိုက်ခိုက်ရင်း ရသည့် damageသည် အလွန်နိမ့်သည်။ ထို့ကြောင့် ခန့်မှန်းချေအားဖြင့် damage 103 မှတ်သာ ရနိုင်သည်။ ဝေ့ရှောင်းသည် လဲ ပြိုင်ဘက်၏ health bar များကို 100 အေက်သို့ရောက်အောင် ကွက်တိ ထိန်းချုပ် ထားပေးသည်။ 


ထို့ကြောင့် အလိုအလျှောက် တိုက်ခိုက်သော တိုက်ကွက်များသည် ခန့်မန်းချက်များကို ထုတ်ယူရန် မလိုအပ်ချေ။ ကစားသမားက click နှိပ်ထားရုံနှင့် character က အလိုအလျှောက် ပင်အနီးဆုံး တစ်စုံတစ်ရာကိုတိုက်ခိုက်ပေလိမ့်မည်။ 


ထို့ကြောင့်…


ဒီလို kill ယူတာက ကြိုက်ရာ ခေါင်းခုတ် နိုင်သလိုမျိုးပဲ။ 


အစပိုင်းတွင် #3 သည် ဆက်တိုက်ကြိမ်ဆဲ ဆဲရေးနေသည်။ သို့သော်နောက်ပိုင်းတွင် သူသည် အံ့သြသွားသည်။ 

5 04

#3 သာမဟုတ်ချေ။ #4 #5 တို့လည်း မှင်သက်ကုန်ကြ၏။ သူတို့ရဲ့ ပါးစပ်တွေ အဟောင်းသား ပွင့်ထွက်နေကြသည်။ တစ်ဖက်ခြမ်းမှ ကစားသမားများဆိုလျင် နောက်သို့ ဆုတ်ပြီး သီးသန့်ပိတ်နေလိုက်ကြသည်။ 


“ ငါ့ရဲ့နတ်ဘုရားရယ် ဒါက ဘယ်လိုသူခိုးမျိုးလဲ။ ဒီသူခိုးက ဘာဖြစ်နေတာလဲ”


“ မဟုတ်သေးဘူး။ မေးခွန်းက… ငါတို့သုံးယောက်က ဘယ်လိုကြောင့်များ ဒီလို လူတစ်ယောက်တည်းကို မသတ်နိုင် ရတာလဲဆိုတာပဲ”


“သူ့ရဲ့ရွှေကို ကြည်စမ်းပါဦး။ ဟုတ်ပြီလား။ သူ့မှာ ငါတို့သုံးယောက်ပေါင်းပြီး ရထားတဲ့ ရွှေထက်တောင် များနေသေးတယ်”


“ ငါတစ်ခုမှ မရထားဘူးလေ။ သူက မီးမှော်ဆရာ ဆီကို အမြဲ နောက်ဆုံး last hit တွေပဲ ကွက်တိ ပေးနိုင်အောင် ဘယ်လိုများလုပ်နေတာလဲ”


“ သေလိုက်စမ်း… သူခိုး မင်းကောင်မလေး ခေါ်လာတာ မဟုတ်လား”


“ ဘယ်လို သောက်ကျိုးနည်း ကောင်မလေးကို လာခေါ်နေတာလဲ။ ဒါက သက်သက်မဲ့ သူတို့ရဲ့အချစ်ကိုလာကြွားနေတာပဲ။ ငါ့ရဲ့ ဘုရားရေ”


“ ငါ တောင်းပန်ပါတယ်။ ငါဒီအတိုင်း gameပဲ ကစားချင်တာပါ နတ်ဘုရားကြီးရယ်။ ငါ့ကိုခွေး စာတွေတော့ ထိုးထည့်မကျွေးပါနဲ့”


ဝေ့ရှောင်းသည် public chat channelကို ဖွင့်လိုက်ပြီး မြေပုံကို တောက်လျှောက် လှမ်းအော်လိုက်သည်။ 


“ဒီမီးမှော်ဆရာ ညီမလေးက တအားတော်နေကတည်းက ညီအစ်ကိုတို့ ဘာလို့ ဒီကောင်မလေးကို pentakill မပေးလိုက်တာလဲ”


တစ်ဖက်က ကစားသမားများ : “ …”


အသင်းဖော် #4 က “ ဟ ဟ ဟားဟား ဟားဟာ” ကိုအတန်းလိုက် ပို့သည်။ 


ထို့နောက် #5 သည်လဲ အလားတူနောက်မှ ပို့လိုက်သည်။ “ ဟဟ ဟားဟား” ကိုပို့ပြန်သည်။ 


#3 ၏ မျက်နှာကမူ ဖျက်ရိုက် ခံလိုက်ရသဖြင့် ယောင်ကိုင်း ပြာနှမ်းမဲတူးနေသည်။ ထိုသို့ဖြင့် gameမှ တိုက်ရိုက် ထွက်သွားသည်။ 


“ ညီမလေး ဒီကိုလာ”


ဝေ့ရှောင်းသည် သူတို့ကိုအာရုံလှည့်စိုက်မနေပဲ public chat တွင်စာရိုက်လိုက်သည်။ 


“ pentakill က မင်းအပိုင်ပဲ ၊ နောက်ပြီး မင်းက ငါ့အပိုင်ပဲ”


#4 : “ဖာခ့် ညီအစ်ကို မင်းတကယ်ကို ကစားတတ်တာပဲ”


#5 : “ ငါ သင်ယူလိုက်မိပြီ ၊ ငါ သင်ယူလိုက်ပြီ”


တစ်ဖက်ခြမ်းမှ ကစားသမားတစ်ယောက်သည် ခပ်မြန်မြန် စာရိုက်သည်။ 


“ အား ညီအစ်ကိုတို့ မီးတုတ်တွေ မြောက်ပြီး ဒီအကောင်တွေကို မီးရှို့သတ်ရအောင်”


ငါ့ရဲ့ အသက်တမျှ င်ကျန်နေသေးသမျှ ငါစစ်သားတွေ သတ်တာ ခံရင်ခံလိုက်မယ်။ အဲ့ဒီလိုမှ မဟုတ်ရင် ဒီအပြာရောင် daddy ရဲ့ခြေရင်းမှာ သေရင် သေလိုက်မယ်။ ဒါမှမဟုတ်ရင်လဲ အဲ့ဒီ နဂါးရဲ့ တံတွေးခွက်မှာ လဲသေရင် သေလိုက်မယ်။ ဒါပေမဲ့ မင်းတို့ကိုတော့ pentakill မပေးဘူး”


“ ငါကစားနေတာ Glory ဟုတ်ရဲ့လား။ ရုတ်တရက်ကြီး အထီးကျန်ခွေးကို အနိုင်ကျင့်တဲ့ game ဖြစ်သွားတာလဲ”


ဝေ့ရှောင်းသည် လုဖုန်းကို သီးသန့်စာပို့ပြီး အလွန်အမင်း ယဉ်ကျေးစွာ ပြောသည်။ 


“ တစ်မျိုးမထင်နဲ့နော်။ ဟေး ငါကဒီအတိုင်း သူတို့နဲ့ နောက်နေတာ”


လုဖုန်းသည် တစ်ခဏခန့် ရပ်တန့်ပြီးနောက် စာရိုက်သည်။ 


 “အဆင်ပြေပါတယ် “


ဝေ့ရှောင်းက ဆက်ပြောသည်။ ”လာလာလာ အချိန်ရှိသေးသမျှ ကောင်းကောင်း ထိန်းချုပ်ထားလို့ရတယ်။ pentakill ကမခက်ခဲဘူး”


Pentakillသည် အဖွဲ့လိုက် တိုက်ပွဲတစ်ခု အတွင်း လူငါးယောက် ဆက်တိုက် သတ်ပြီးမှသာ ရနိုင်ခြင်း ဖြစ်သည်။ ပြောရမည် ဆိုလျှင် MOBA game များတွင် ကစားသမားတိုင်း၏ ထိပ်ဆုံးပန်းတိုင်ဟုပင် ဆို၍ရသည်။ 


Pentakillကို ယူဆောင်နိုင်ခြင်းသည် အလွန်ဂုဏ်ယူစရာကောင်းသလို လွယ်လည်းမလွယ်ကူပေ။ 


သို့ရာတွင်....


Pentakill

5 05

လုဖုန်းသည် သူ၏ဘဝတွင် အလွယ်ကူဆုံးသော pentakill ကို ရလိုက်သည်။ သူသည် ဒီအတိုင်း မောက်စ်ကို အနည်းငယ်လှုပ်ရုံနှင့် အလိုလျောက် တိုက်ခိုက်သည့်ခလုတ်ကို ငါးကြိမ်သာ click နှိပ်ရန်လိုအပ်ခဲ့သည်။ 


တစ်ဖက်ခြမ်းမှ ကစားသများသည် ရူးကုန်ကြသည်။ 


“ဒါက တရားမဝင်ဘူးနော်။ တကယ်ကို တရားမဝင်ဘူး”


“သောက်ကျိုးနည်း game ရဲ့ အတွေ့ကြုံတွေက ချီးလို ဖြစ်နေတာပဲ။ သေလိုက်စမ်း Glory ရဲ့ hack လို့မရအောင် ကာကွယ်ထားတဲ့ စနစ်ရှိတဲ့ အကြောင်းရာကိုသာ ငါ မသိထားခဲ့ရင် နောက်ပြီး ဒီစနစ်က ကမ္ဘာ့အကောင်းဆုံး အနေထားမျိုး ဆိုတာကို မသိရင် တခြားတစ်ဖက်ခြမ်းက လှည့်စားနေတယ်လို့ တန်းထင်လိုက်မှာပဲ။ 


အသင်းဖော်#4:”သူအဲ့ဒီလို စွမ်းရည် တကယ်သုံးနေတယ်လို့ ငါသံသယဝင်တယ်”


အသင်းဖော်#5: “ဟုတ်တယ်။ သူက အချစ်လို့ခေါ်တဲ့ လှည့်စားမှုမျိုးကိုသုံးနေတာလေ”


ဝေ့ရှောင်းက တစ်ဖက်အသင်း၏ ပြန်လည်ရှင်သန်ရေး သလင်းတုန်းကို ဆွဲချလိုက်ခြင်း မတိုင်မှီ စကားလုံးလေးလုံးကို ရိုက်လိုက်သည်။ 


“ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်”


အခြားတစ်ဖက်ခြမ်း:”.....”


Gameပွဲက အဆုံးသက်သွားပြီးနောက် #3ကို ဘာမှမလုပ်ပဲ ဒီတိုင်းနေခဲ့သဖြင့် report တင်လိုက်ပြီးနောက် တစ်ဖက်သူအား စနစ်က ban လိုက်သော မြင်ကွင်းကို မြင်လိုက်ပြီးနောက် စိတ်အခြေအနေ ကောင်းသွားသည်။ 


သူသည် လုဖုန်းကို မေးသည်။ 


“ဘယ်လို ခံစားရလဲ။ အဆင်ပြေလား”


ဝေ့ရှောင်းသည် ဒီgameပွဲတွင် အလွန်လေးနက်စွာ ကစားခဲ့သည်။ သူယခင်က professionalကစားသမားများကို solo လေ့ကျင့်ပေးတဲ့ အချိန်ကထက်ပင် လေးနက် ပေးသေးသည်။ 


ဒါက သူအနိုင်ယူဖို့ လိုအပ်တဲ့ အနေထားမျိုးမှ မဟုတ်တာ။ ဒီတိုင်း အကြွင်းမဲ့ ထိန်းချုပ်နိုင် စွမ်းရည်ပဲ လိုအပ်တာ။ 


Damageကို အချိန်ကာလ အပိုင်းခြားတစ်ခုချင်းစီတိုင်းတွင် အတိအကျ ထိန်းချုပ်ခြင်း.....ပစ္စည်းတစ်ခုချင်းစီတိုင်း၏ အဆင့်ကိုထိန်းချုပ်ခြင်းနှင့် skill တစ်ခုချင်းစီတိုင်း၏ အဆင့်ကို ကွက်တိထိန်းချုပ်ခြင်းတို့ ဖြစ်သည်။ 


ပြိုင်ပွဲဝင် zone တစ်ခုလုံးအနှံ့ လိုက်ကြည့်မည်ဆိုလျှင် ထိုသို့လုပ်နိုင်သောသူ အလွန်နည်းသည်။ 


လုဖုန်းသည် game၏ Replay videoကို saveလိုက်ပြီးနောက် ဝေ့ရှောင်းကို ပြောသည်။ 


“အရမ်းကောင်းတယ်”


ဝေ့ရှောင်းသည် စိတ်အေး သွားသည်။ သူသည်လည်း ကျွမ်းကျင်ပညာရှင် တစ်ယောက်လို ခံစားချက်မျိုးကို ရလိုက်၏။ သူသည် professional ကစားသမားများထံမှ တစ်ပွဲလျှင် ယွမ် နှစ်ရာ တောင်းခံရာတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်သလို မခံစားရသလို သာမာန်ကစားသမားများထံမှ တစ်နည်းနည်းဖြင့် တောင်းဆိုရမည်။ ထို့ကြောင့် မသင့်တော်သလို မခံစားရချေ။ 


ထို့ကြောင့် သူဌေး၏ ပိုက်ဆံကို အလဟဿ သုံးမိသွားခြင်းမျိုး မဖြစ်စေရန်အတွက် ပြီးပြည့်စုံဆုံးသော ဝန်ဆောင်မှုမျိုးကိုပေးလိုက်ခြင်း ဖြစ်သည်။ 


ဝေ့ရှောင်းက ဆက်မေးသည်။ 


“နောက်တစ်ပွဲ ကစားသင့်လား”


လုဖုန်းက အချိန်ကို ကြည့်သည်။ 


“ငါလုပ်စရာရှိသေးတယ်။ ညနေမှ ဆက်ကစားမယ်”


ဝေ့ရှောင်း: “ ကောင်းပြီ”


မျှော်လင့်ထားတဲ့အတိုင်းပဲ ဒီညီမလေးက အလုပ်များတာပဲ။ 


နောက်ပြီး တစ်ပွဲကစားပြီးရုံနဲ့ လုပ်စရာက ရှိနေသေးတယ်။ 


Offline မဖြစ်သေးခင် လုဖုန်းက စာထပ်ရိုက်ပို့သည်။ 


“အိုး ဟုတ်သားပဲ”


ဝေ့ရှောင်း: “ အင်း “


လုဖုန်း: “ တကယ်တော့ ငါက ညီမလေးမဟုတ်ဘူး”


ဝေ့ရှောင်း: “ အင်း”


လုဖုန်း: “ ငါက ယောကျာ်းလေး”

******