Ch 6
Viewers 3k

အပိုင်(၆) ချစ်စရာကောင်းတဲ့ ကောင်မလေးက အမျိုးသားတစ်ယောက် ဖြစ်သွားတယ်။ 


အမျိုး အမျိုး အမျိုးသားဟုတ်လား....


ဝေ့ရှောင်းသည် ရူးကြောင်ကြောင်ဖြစ်လောက်အောင် အံဩသွားလေသည်။ သူသည် တစ်ညလုံး ညီမငယ်လေးဆိုသော စကားကို ဆက်တိုက်ခေါ်နေခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်ဖက်သူသည် အမျိုးသားတစ်ယောက်ဖြစ်နေသည်။ 


Teamအခန်းထဲတွင် သူတစ်ယောက်တည်းသာ ကျန်ရစ်သည်။ လုသည် offlineထွက်သွားပြီ ဖြစ်သည်။ 


မူလကမူ ဝေ့ရှောင်းသည် သူ၏အဓိက အကောင့်သို့ပြောင်းပြီး အဆင့်တက်ပွဲစဉ် အနည်းငယ် ကစားချင်ခဲ့သည်။ သို့သော် ယခုမူ....


သောက်ကျိုးနည်း အဆင့်တက်ပွဲစဉ်လား။ 


သူ၏ သုံးဖက်မြင် အမြင်ကပင် အလုံးစုံအက်ကွဲသွားသည်။ 


အဆင်ပြေပါ့မလား။ 


ဝေ့ရှောင်းသည် ပိုင်ချိုင်ကို ဖုန်းခေါ်လိုက်သည်။ 


ပိုင်ချိုင်သည် အိပ်ယာနိုးခါစဖြစ်သည်။ သူ၏ cellphone ဖန်သားပြင်ပေါ်တွင် လောင်ဝေ့ဆိုသော စကားလုံးနှစ်လုံးကို မြင်သောအခါ သူ၏ဦးနှောက်က တွန့်သွားမှုကိုပင် ခံစားလိုက်ရသည်။ 


“hello”


“သွားပြီ။ လောင်ပိုင် ငါတော့သွားပြီ”


ဝေ့ရှောင်း၏ အော်ဟစ်သံက ပိုင်ချိုင်၏ ခန္တာကိုယ်အနှံ့ စိမ့်တက်သွားစေသည်။ 


“ဘာ ဘာ ဘာဖြစ်တာလဲ”


မဟုတ်သေးပါဘူး။ ခေါင်းဆောင်က ဒီလိုနဲ့ ကိုယ့်အကြောင်းကိုယ် ဖော်လိုက်ပြီလာ။ 


သူပြောတော့ သူ့ရဲ့နောက်ခံကို လျှို့ဝှက်ထားဖို့ လိုအပ်တယ်ဆို။ 


ပိုင်ချိုင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ လောင်ဝေ့သည် သူ၏ပြစ်မှုများအတွက် သူ့ကိုအပြစ်ပေးရန် လာရှာမည့် အခြေနေကို စိုးရိမ်သွားမိသည်။ 


“ငါ့ရဲ့ ချစ်စရာလေးက....ဖွီ ငါ့ရဲ့ အဲဒီသူဌေးက တကယ်တော့....”


ပိုင်ချိုင်၏ နှလုံးသားဟာ တဆတ်ဆတ်တုန်လာသည်။ သူသည် မြေကြီးထဲသို့ တစ်ဝက်ခန့် ဝင်မြှုပ်နေပြီးလေပြီ။ 


“အမျိုးသားတစ်ယောက်တဲ့”


ဝေ့ရှောင်းသည် သူ၏အံအားသင့်မှုကို exclamation markပေါင်း မြောက်များစွာဖြင့်ပင် ဖော်ပြ၍ မရနိုင်ပေ။ 


ပိုင်ချိုင်: “....”


သေစမ်းတကယ် တကယ်ကြီးလား.....


သူက ပိုက်ဆံလို အပ်နေတာကြောင့်သာ မဟုတ်ရင် ဒီသားရဲကောင်နဲ့ အဆက်သွယ်တွေ အားလုံးကို ဖြတ်လိုက်ချင်တယ်။ 


ဒီတိုင် ဆက်ဖြစ်နေမယ်ဆိုရင် တစ်ရက်ပြီး တစ်ရက်ကြာတဲ့အခါ သူအနှေးနဲ့ အမြန် နှလုံးရောဂါရပြီး ကြောက်လို့သေရမှာပဲ။ 


“ငါမင်းကို အရမ်းကြီး အယုံကြည်မလွန်ပါနဲ့လို့ အရင်ကတည်းက သတိပေးထားခဲ့သားပဲ”


သူ၏အကြောင်းရာက မပေါ်သေးကြောင်း ကြားလိုက်ရသည့်အချိန်တွင် ပိုင်ချိုင်၏ နှလုံးသားက တည်ငြိမ်သွားသည်။ ထို့ကြောင့် အနည်းငယ်ပင် ပျော်ရွှင်နေမိလေသည်။ 


သားရဲဝေ့မှာလည်း ဒီလိုနေ့ရက်မျိုးရှိမယ်လို့ ဘယ်သူက တွေးရဲမှာလဲ။ 


အရာအားလုံးကို နိုင်တဲ့သူဆိုတာ ရှိတယ်ဆိုတဲ့ ကိစ္စက တကယ် မှန်ကန်နေတာပဲ။ သူတောင်မှ လက်မခံချင်တောင် ဒီလိုအခြေနေမျိုးကို လက်ခံရမှာပဲ။ 


ဝေ့ရှောင်းသည် သူ၏အံဩမှုကို ဖောက်ထုတ်ရန် အလျှင်လိုနေသည်။ 


“သူက ယောကျာ်းတစ်ယောက်တဲ့။ ဒါဆိုရင် ဘာလို့ ငါနဲ့အတူ gameပွဲ တစ်သောင်း ကစားဖို့ လာဝယ်ရတာလဲ။ နောက်ပြီး ဘာလို့သူ့ကို အဖော်ပြုကစားမဲ့ ကောင်မလေး တစ်ယောက်ကို သွားမရှာတာလဲ။ သူက အမျိုးသားတစ်ယောက်လေ။ ဒါကို ဘာလို့ ငါက သူ့ကို ညီမငယ်လေးလို့ မရေမတွက်နိုင်အောင် ခေါ်နေခဲ့တာကို ပြန်မငြင်းခဲ့တာလဲ”


သူသည် အမျိုးမျိုးသော အချက်လက်တိုင်းကို စာရင်းထုတ်လိုက်သည်။ ဝေ့ရှောင်း၏ အသေးစိတ်ကျကျ တွေးတော နိုင်စွမ်းရည်သည် ကြောက်စရာပင် ကောင်းသည်။ 


ပိုင်ချိုင်၏ အတင်းပြောချင်စိတ်ဟာ အသားကုန် ခုန်ထွက်လာသည်။ သူက မေးလိုက်၏။ 


“မင်းက သူကို ညီမငယ်လေးလို့ မရေမတွက်နိုင်အောင်ကို ခေါ်ခဲ့တယ် ဟုတ်လား”


အဖေဝေ့ရေ မင်းက တကယ်ကို ရဲရင့်ပြတ်သားတဲ့ အမျိုးသားတစ်ယောက်ပဲ။ 


Leagueတစ်ခုလုံကို ကြည့်လိုက်စမ်း။ မင်းတစ်ယောက်တည်းကပဲ မဟာမိစ္ဆာဘုရင်ကြီးကို ဒီလိုသုံးနှုန်း ပြောဆိုရဲတဲ့ လူမျိုးပဲ။ 


“ငါသူ့ကို ညီမငယ်လေးလို့ တင်ခေါ်တာမဟုတ်ဘူး”


ဝေ့ရှောင်း၏အသံသည် ယူကြုံးမရဖြစ်လောက်အောင် ဝမ်းနည်းသံအပြည့်နှင့်ဖြစ်သည်။ 


“သူ့ကို ချော့မြူနှစ်သိမ့်ပေးပြီး ပျော်ရွှင်အောင် လုပ်ပေးဖို့အတွက် ငါသူ့ကို .....”


Game၏video Replayမရှိနေသော်လည်း ဝေ့ရှောင်းသည် သူ၏ အလွန်အမင်း ထူးခြားသော ဇာတ်ကြောင်းကို ပြန်ပြောနိုင်သည့် စွမ်းရည်ကို သုံးပြီး ပိုင်ချိုင်၏ မျက်လုံးထဲ အပြည့်မြင်လောက်အောင် gameတွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံကို ဖော်ပြပေးလိုက်သည်။ 


ပိုင်ချိုင်သည် ယဉ်ကျေးမနေပဲ မသားကုန် ကုန်းအော်ရယ်သည်။ 


“မင်း မင်းကတော့ တကယ်ကို လောင်ဝေ့ မင်းကတကယ် အံ့ဩစရာပဲ။ pentakillက မင်းအပိုင်ပဲ မင်းကတော့  ငါ့အပိုင် ဆိုပြီးတော့တောင်  သွားပြောသေးတယ် ဟုတ်လား။ ဟား ဟား ဟားဟား”

6 02

ဝေ့ရှောင်းသည် အိပ်ရာပေါ်သို့ နောက်ပြန်လဲကျသွားသည်။ 


“ငါ မှားသွားတယ်။ ငါ တကယ် မှားသွားတယ်”


ပိုင်ချိုင်သည် အစာအိမ်အောင့်လာသည်ထိ ကုန်းရယ်သည်။ ထို့ပြင် မရိုးသားသော လေသံဖြင့် နှစ်သိမ့်ပေးလိုက်၏။ 


“ကောင်းပြီ ကောင်းပြီ။ အဆင်ပြေတယ်။ အဆင်ပြေတယ်”


ဝေ့ရှောင်းသည် အိပ်ရာပေါ်မှ ပြန်ခုန်ချလိုက်သည်။ 


“ဘယ်လို အဆင်ပြေမှာလဲ။ သူက အမျိုးသားတစ်ယောက်လေ”


ပိုင်ချိုင်: “ဆိုတော့ ဘာဖြစ်လဲ။ သူက အမျိုးသားဆိုရင် အမျိုးသားပေါ့”


ဝေ့ရှောင်း၏ စိတ်ဟာ ပုံမှန်လောက် မကြည်လင်ပင်။ 


“သူက ငါ့ကို သဘောကျနေတာ များလာ။ ဒါမှမဟုတ် တစ်ခုခုလား။ သူက ငါ့ရဲ့ profile pictureမှာတင်ထားတဲ့ ပုံကိုကြည့်ပြီး တအားရစ်မူးသွားတာများလား။ ဒါနဲ့ သူ ဒီနှစ်သန်းနဲ့ ငါ့ကို လာဝယ်ချင်တာ များလား”


ပိုင်ချိုင်၏ နှုတ်ခမ်းက တွန့်သွားသည်။ 


“မင်း အတွေး လွန်နေပြီ”


ဝေ့ရှောင်းက သူ့ကို အကျိုးကြောင်း ပြောပြသည်။ 


“ဒါဆိုရင် သူကဘာလို့ ငါ့ဆီကို ပိုက်ဆံလာပစ်ပေးတာလဲ”


ပိုင်ချိုင်က စိတ်ထဲတွင် တွေးနေသည်။ 


သူ မင်းရဲ့စွမ်းရည်နဲ့ အင်အားကို သဘောကျတာလည်း ဖြစ်နိုင်တာပဲ။ 


အပြည့်ဝနိုးလာပြီးနောက်တွင် ပိုင်ချိုင်သည် စိတ်တည်ငြိမ်သွားပြီ ဖြစ်သည်။ 


ခေါင်းဆောင်က ပါရမီရှင်တွေကို အမြဲတမ်း တန်ဖိုးထားတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကဆိုရင် သူက ဝေ့ရှောင်းကို ကိုယ်တိုင် ကမ်းလှမ်းခဲ့သေးတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ဒီကောင်လေးက ထွက်ပြေးသွားတယ်။ 


အဲဒီနေ့က သူလက်မှတ်ထိုးကြေး ဘယ်လောက်ရလိုက်လဲ။ အိုး ဟုတ်သားပဲ နှစ်သန်းထင်တယ်။ 


ထိုအချိန်က ယခုအချိန်နဲ့ မတူချေ။ ဝေ့ရှောင်း မတိုင်ခင်က ဆိုလျှင် ကစားသမားများအနေနှင့် အသင်းတစ်ခုချင်းစီတိုင်းတွင် လက်မှတ်ထိုးလျှင် အမြင့်ဆုံးရနိုင်သော တန်ကြေးက ငါးသိန်းထက် မပိုခဲ့ချေ။ ဝေ့ရှောင်းသည် ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ကိုယ်ပိုင်သွေး ခေါင်းမာမှုနှင့် တက်ကြွသော စိတ်ဓာတ်အင်အားကို အပြည့်သုံးလျက် အထောက်အပံ့ အသင်းတိုင်းကို အပြောင် ရှင်းလင်းပစ်ရင်း ကိုယ်ပိုင်တန်ကြေးကို အဆပေါင်းများ မြင့်တင်နိုင်သည်အထိ အံ့အားသင်စရာ ကောင်းလောက်အောင် လုပ်နိုင်ခဲ့သည်။ 


ထိုအချိန်က အဓိက clubများက တစ်သန်းအထိ လေလံဆွဲကာ ကြေးတိုးမြင့်ပေးနေခဲ့ချိန်တွင် FTWက မြင့်မားလွန်းသော ယွမ် နှစ်သန်းကို တိုက်ရိုက် ကမ်းလှမ်းခဲ့သည်။ အခြားသော clubများက ချက်ချင်းပင် တိတ်ဆိတ် သွားရ၏။ 


ပြောရမည်ဆိုလျှင် ဝေ့ရှောင်းသည်လည်း FTWကိုသာ ပူးပေါင်းရန် စိတ်ဝင်စားကြောင်း အစောပိုင်းထဲက ဖော်ပြခဲ့ပြီးသား ဖြစ်သည်။ ကံဆိုးသည်မှာ သူသည် ထိုအချိန်က leagueအတွင်း စာရင်းဝင်နေခဲ့သောကြောင့် ထိုထဲတွင် ဝင်ပါနိုင်စွမ်းရည် မရှိခဲ့ချေ။ 


FTW သည်လည်း သူ့ကိုစိတ်မပျက်စေခဲ့ချေ။ ထိုသို့ဖြင့် မှတ်တမ်းကိုပင် ချိုးနိုင်သော တန်ကြေးဖြင့် သူ့ကို အရလုနိုင်ခဲ့သည်။ 


သို့ကြောင့် esport အသိုင်းဝိုင်းအတွင်းတွင် ကောင်းမွန်လွန်းသော ပုံပြင်တစ်ပုဒ် ဖြစ်ခဲ့သည်။ လူတိုင်းကလည်း ထိုဝံပုလွေပေါက်လေးက FTWကို သွေးအသစ် ယူဆောင်လာပေးမဲ့ အချိန်ကို မျှော်လင့်စောင့်စား ခဲ့ကြသည်။ ဒီနည်းအားဖြင့် တရုတ်နိုင်ငံ၏ ပြိုင်ပွဲဝင်နယ်မြေအတွက် မျှော်လင့်ချက်တစ်ခုကို တောင်းတ ခဲ့ကြသည်။ 


သို့ရာတွင်....


စာချုပ်လက်မှတ်မထိုးခင်လေးတင် ဝေ့ရှောင်းက ပျောက်သွားတယ်။ ထိုသို့ဖြင့် ပုံပြင်များက ထူးဆန်းသော အတင်းအဖျင်းများအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် လျှင်မြန်စွာ ဖြစ်ပေါ်လာသော အဖြစ်ပျက်များ၏ အလေးချိန်အောက်တွင် မြုပ်သွားသည်။ 


တည်ငြိမ်စွာ ပြန်လည်တွေးတောပြီးနောက်တွင် ပိုင်ချိုင်သည် လုဖုန်း၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။ 


နှစ်နှစ်တာ ကုန်လွန်သွားသော်လည်း ဝေ့ရှောင်းသည် professional ကစားသမားများနှင့် ကြာရှည်စွာ  လေ့ကျင့်နေခဲ့သည့် အကြောင်းပြချက်ကြောင့် အလွန်မြင့်မားလွန်းသော skill ကို ဆက်လက် ထိန်းသိမ်းနိုင်နေခဲ့သည်။


6 03

ဒါမှမဟုတ် သူက ပိုပြီးအင်အား ကြီးလာတယ်။ သူက အခုဆို ပိုပြီးတော့တောင် မြန်ဆန်လာတယ်။ အရင်က ချုပ်ထိမ်းလို့မရတဲ့ လူသစ်ဘုရင်ထက်တောင် သာလာသေးတယ်။ 


ဝေ့ရှောင်းသည် အခြာသော သူများကို ကူညီပေးနေရင်း ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်နေခဲ့ခြင်းဖြစ်သည်။ 


ယခုအချိန်အတွက်မူ FTW၏ starting line upတွင် လူတစ်ယောက်လိုနေသည်။ သူတို့ကသာ ဝေ့ရှောင်းကိုအသင်းထဲသို့ ပြန်ခေါ်နိုင်မည်ဆိုလျှင် ရုတ်တရက် အံအားသင့်ဖွယ် ကောင်းသော တပ်ဖွဲ့တစ်ခုကို ထုတ်ဖော်နိုင်ပေလိမ့်မည်။ သူတို့သည် နောက်ဆုံး အကန့်သန့်ကို တိုက်ရိုက်ကျာ်ဖြတ်ပြီး ကမ္ဘာ့ final အထိ တလျှောက်သတ်ဖြတ်ရင်း တက်သွားနိုင်လောက်၏။ 


တကယ့်အစစ်မှန် ကမ္ဘာ့ championship…။


တရုတ်ပြိုင်ပွဲဝင် နယ်မြေကြီးသည် ထိုဖလားတစ်ခုကို လိုအပ်နေခဲ့သည်မှာ ကြာလှလေပြီ။ 


ပိုင်ချိုင်သည်လည်း ခေါင်းဆောင် အကူညီပေးရန် အလွန်အမင်း ဆန္ဒရှိသည်။ ဒီနည်းအားဖြင့် ထိုမျိုးမစစ် ကောင်စုတ်လေးကို ပြန်ဖမ်းနိုင်ရန် ကူညီပေးလိုသည်။ ပိုင်ချိုင်က သူ့ကို ပြန်ဖြေလိုက်သည်။ 


“မင်းက ပိုက်ဆံ ပစ်ပေးတယ်လို့ ထင်နေတယ်။ ဒါပေမဲ့ အဲဒီလို ဟုတ်ချင်မှလည်း ဟုတ်မှာလေ။ ဘာပဲဖြစ်ဖြစ် နွားကိုးကောင်ဆီကနေ ထိုးထောင်နေတဲ့ အမွှေးတစ်ချောင်းလည်း ဖြစ်နိုင်တာပဲ”


ဝေ့ရှောင်းက အံ့ဩသွားသည်။ 


“အဲ့နွားက ဘယ်လောက်ကြီးလို့ ဒီလောက်တုတ်ခိုင် ထူထဲလွန်းတဲ့ အမွှေးကို ပိုင်ဆိုင် ထားတာလဲ”


သူ နှစ်ပေါင်းများစွာ တည်တန့်လာပြီးနောက်တွင် ပိုင်ချိုင်သည် ထိုအကောင်စုတ်၏ ဦးနှောက် circuit များကို ကျင့်သားမရနိုင်သေးပေ။ 


နွားက ဘယ်လောက်ကြီးလဲ ဟုတ်လား။ 


နတ်ဘုရားလုက လုံလောက်အောင် မကြီးဘူးလား။ 


ပိုင်ချိုင်: “...ငါလူး”


ဝေ့ရှောင်း:”???”


ပိုင်ချိုင်သည် ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ထိန်းလိုက်သည်။ 


သူသည် ထိုအကောင်စုတ် သူ့ကိုယ်သူ ယိမ်းယိုင်သွားခွင့် သို့မဟုတ် တိမ်းစောင်းသွားခွင့် မပြုနိုင်ပေ။ ထို့ကြောင့် အလွန်ပင် ရိုးသားလွန်းစွာ ပြောလိုက်သည်။ 


“ဒီလိုဆိုရင် ဘယ်လိုလဲ။ ငါတို့ကိုယ်ငါတို့ သူတို့ရဲ့နေရာမှာ ဝင်ခံစားကြည့်ပြီး တွေးကြည့်ရင်ရော”


ဝေ့ရှောင်းသည် အလွန်အမင်းနာခံစွာ တုန့်ပြန်လာသည်။ 


“ပိုင်လောင်ရှစ် ကျေးဇူးပြုပြီး ပြောပါ”


ပိုင်ချိုင်က လည်ချောင်းကို ရှင်းလျက် သူ့ကိုမေးသည်။ 


“မင်းကသာ ပိုက်ဆံတွေအများကြီးရှိတဲ့ လူသစ်တစ်ယောက် Gloryကို စကစားကြည့်ဖို့ အဖော်ပြု ကစားသမားတစ်ယောက်ကို ရှာဖွေနေတဲ့ သူဆိုရင်  ယောကျာ်းကို ရွေးမလား၊ မိန်းမကို ရွေးမလား”


ဝေ့ရှောင်း: “အင်း”


ပိုင်ချိုင်သည် ဆက်လက်ပြီး လမ်းညွှန်ပြပေးသည်။ 


“မင်းက အဆင့်မြင့်တဲ့ တစ်ယောက်ကို ရှာမှာလား။ ပိုတောက်ပတဲ့ တစ်ယောက်လား။ နောက်ပြီး Gloryကို ထူခြားတယ်လို့ ခံစားမိစေမဲ့ လူတစ်ယောက်ကို ရှာမှာလား”


ဝေ့ရှောင်းသည် နက်ရှိုင်းစွာ တွေးတောပြီး အဖြေကို ပြန်ပေးသည်။ 


“ဒီလိုဆိုရင် ငါကတော့ အဖော်ပြုကစားသမား လေးယောက်ရှာရမယ်။ တစ်ယောက်က ငါ့ကို သယ်သွားဖို့၊ နောက်ထပ် တစ်ယောက်ကတော့ ငါနဲ့ စကားပြောဖို့၊ နောက်ထပ် နှစ်ယောက်ကတော့ ငါနားထောင်ဖို့အတွက် ဟာသ dialogueတွေ ထိုင်ပြောပေးမဲ့ သူတွေပဲ။ 


ပိုင်ချိုင်: “....”


သူတို့ ဒီအကောင်ကို အသင်းထဲကို တကယ်ပဲ ပြန်ခေါ်ရမှာလား။ 


ဘာလို့ ဝေ့ရှောင်းကသာ ပြန်လာမယ်ဆိုရင် သူတို့ရဲ့FTW အသင်းကြီးက WTF(သောက်ကျိုးနည်း)အသင်းဖြစ်သွားမယ်လို့ ခံစားနေမိတာလဲ။ 


လူအိုကြီးပိုင်က အံကြိတ်ပြီး 


“တကယ်လို့ မင်း အဖော်ပြု ကစားသမားတစ်ယောက်တည်းပဲ ရွေးကို ရွေးရမယ်ဆိုရင်ရော”


ဝေ့ရှောင်း:”တကယ်လို့ ငါက ချမ်းသာမယ်ဆိုရင်တော့ ဘာလို့တစ်ယောက်တည်း ရွေးနေမှာလဲ”


ပိုင်ချိုင်: “ဘာသာရပ်တစ်ခုရဲ့ ပါရမီပါတာအနေနဲ့ စဉ်းစား”


“ကောင်းပြီလေ”


အတန်းဖော်ဝေ့က နောက်ဆုံးတွင် ဘာသာရပ်ကို အာရုံ ပြန်စိုက်လာသည်။ 


“အမျိုးသားပဲ”


ပိုင်ချိုင်က စိတ်အေးသွားသည်။ 


“တွေ့လား။ မင်းတောင်မှ အမျိုးသားပဲ ရွေးမှာမဟုတ်လား။ ဟုတ်တယ်မလား။ အထူးသဖြင့် မင်းရဲ့တန်ကြေးက တအားကို ဈေးကြီးနေကတည်းက တစ်ချက် ကြည့်လိုက်ရုံနဲ့ အင်အားကြီးတယ်ဆိုတာ နားလည်သွားလိမ့်မယ်။ ပိုက်ဆံမရှားတဲ့ နတ်ဘုရားအဆင့် ကြွယ်ဝသူတစ်ယောက်အနေနဲ့ သေချာပေါက် မင်းကိုပဲ ရွေးမှာပေါ့”


ဝေ့ရှောင်းက တွေးတွေးစစရေရွတ်သည်။  “ဒါလည်း ဟုတ်တာပဲ”


ပိုင်ချိုင်သည်လည်း ခေါင်းဆောင်၏ နာမည်ကို ရှင်းပေးလိုက်နိုင်သည်ဟု ခံစားလိုက်ရသည်။ 


“ဆိုတော့ ထူးဆန်တဲ့အရာတွေ လျှောက်တွေးမနေနဲ့။ အမျိုးသားတစ်ယောက်ကို အဖော်ပြုကစားပေးဖို့ ခေါ်တိုင်း gay နေတာ မဟုတ်ဘူး”

6 04

ဝေ့ရှောင်းက မယုံကြည်နိုင်သလို နှာခေါင်းရှုံ့သည်။ 


ပိုင်ချိုင်: “ဘာလဲ။ လက်မခံသေးဘူးလား”


ဝေ့ရှောင်း၏ အသံသည် အနည်းငယ် ကျောချမ်းဖွယ် ဖြစ်သည်။ 


“ငါ့ကို ကိုးကားမှု အနေနဲ့သုံးပြီး ဘာသာရပ်တွေကို ကူးချလို့တော့ မရဘူး”


ပိုင်ချိုင်သည် မကောင်းသော ခံစားချက် ရလိုက်သည်။ 


“ဘာလို့လဲ”


ဝေ့ရှောင်း: “ဘာလို့လည်းဆိုတော့ ငါကိုယ်တိုင် gay မ gay မသေချာလို့ပဲ”


ပိုင်ချိုင်: “....”


ဝေ့ရှောင်းက သူ၏ အခြေအနေကို ပြောပြသည်။ 


“ငါ့ကို ကြည့်စမ်းပါ။ ငါက အသက် ၂၀ အရွယ်ကို ရောက်နေပြီ။ ဒါတောင်မှ တစ်ခါမှ ရည်းစားမထားဖူးသေးဘူး။ ဘယ်သူ့ကိုမှလည်း မကြိုက်ဖူးဘူး။ ကြိတ် crush နေတာမျိုးလည်း မရှိဘူး။ ဘယ်သူ့ကိုမှ မပိုးပန်းဖူးဘူး”


ပိုင်ချိုင်၏ ဦးနှောက်ဟာ ပေါက်ထွက်မတတ် ဖြစ်လာသည်။ 


“မင်း ဒီမနက်လေးတင် အဲဒီချစ်စရာလေးကို ဖွင့်ပြောချင်ခဲ့တာ မဟုတ်ဘူးလား”


ဝေ့ရှောင်း: “ဟုတ်တယ်။ ဒါပေမဲ့ ဒီချစ်စရာလေးက အမျိုးသားတစ်ယောက်လေ။ ငါ့ရဲ့ နှလုံးသားက တစ်ကြိမ်တစ်ခါလေး လှုပ်ရှားသွားတာ။ လက်စသက်တော့ ဒီလိုဖြစ်နေတယ်”


ပိုင်ချိုင်သည် သူ့ကိုအလွန်ကောင်းစွာ နားလည်သည်။ 


“နှစ်သန်းကြောင့် မင်းရဲ့နှလုံးသား လှုပ်ရှားသွားတာ မဟုတ်တာသေချာလား”


ဝေ့ရှောင်း: “အဟွတ်....မင်း ဘယ်လောက်ကြီးတဲ့ အမှန်တရားကို လျှောက်ပြောနေတာလဲ”


ပိုင်ချိုင်က မျက်လုံး လှန်လိုက်သည်။ 


“မင်းရဲ့ ညီအစ်ကို ပြောတာကို နားထောင်စမ်းပါ။ ဒီတိုင်း လိမ်လိမ်မာမာနဲ့ ကောင်းမွန်တဲ့ အဖော်ပြုကစားသမားပဲ ဆက်လုပ်နေလိုက်။ မင်းရဲ့ သူဌေးက သေချာပေါက် အဖြောင့် ဖြစ်လောက်တယ်။ တအားကို ဖြောင့်နေလောက်တယ်။ ဖြောင့်လွန်းလို့ သံမဏိလိုတောင် ထောင်မတ် နေလောက်သေးတယ်။ သူကသာ မင်းကို အခြားအကြံတွေ ရှိနေခဲ့ရင် ငါ....”


ထိုသို့ပြောနေရင်း ပိုင်ချိုင်၏ ရှင်သန်လိုစိတ်ဟာ ရုတ်တရက် ပေါက်ထွက်လာသည်။ သူသည် စကားကို အလွန်ကျွံပြောမိမည့် အခြေနေကို အနည်းငယ် ကြောက်သွား၏။ 


ဝေ့ရှောင်း၏ အာရုံခံနိုင်စွမ်းက စူးရှသည်။ 


“မင်း ငါမသိတဲ့ တစ်ခုခုကို သိထားတာလား”


ပိုင်ချိုင်သည် အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ 


“ငါက ဘယ်လိုသိနိုင်မှာလဲ”


ဝေ့ရှောင်း၏ မျက်လုံးဟာ ကျဉ်းမြောင်းသွားသည်။ 


“ပိုင်ချိုင်ချိုင်...”


“သေစမ်း”


ပိုင်ချိုင်သည် ဝေ့ရှောင်း၏ နတ်ဘုရားလို အာရုံခံနိုင်စွမ်းရည်ကို အလွန်ပင် ကြောက်လေသည်။ သူသည် အင်အားအပြည့်သုံးပြီး အကြောင်းရာကို လမ်းကြောင်းမှန်ပေါ် ပြန်တင်သည်။ 


“တကယ်လို့ မင်းကသာ မင်းရဲ့ ကိုယ်ပိုင် လိင်စိတ်တိမ်းညွှန့်မှုကို မသိဘူးဆိုရင် အဲ့ဒီနောက် ငါ့ရဲ့ microvlogဆီ လာပြီး ဝတ္ထုတိုတွေ လာဖတ်စမ်းပါ။ ဒါတွေကို ဖတ်လို့ စိတ်ဝင်စားမှုက ထိုးတက်လာတယ်လို့ ခံစားရရင် ကျေးဇူးပြုပြီး နောက်ပိုင်း ငါနဲ့ အကွာဝေး ခြားနေပေးပါ။ မင်းကိုယ်မင်း မိုးကြိုးပစ်ခံ လိုက်ရသလိုမျိုး ထုံထိုင်းသွားတယ်လို့ ခံစားရရင်တော့ ဂုဏ်ယူပါတယ် မင်းအဖြောင့်ပဲ”


ထို့နောက် clickဆိုသော အသံထွက်လာသည်။ ချိုင်ကောသည် ဖုန်းချသွားသည်။ 


ဝေ့ရှောင်းသည် သူ၏ cellphone ကိုစိုက်ကြည့်လိုက်သည်။ 


လောင်ပိုင် သူ့ကို ရောင်းမထုတ် လောက်ပါဘူးနော်။ ဟုတ်တယ်မလား။ 


ဒီကောင်ရဲ့ ဘဝက သူ့ထက်တောင် မုန်တိုင်းရဲ့ သွားကြားထဲတောင် ရောက်နေသေးတယ်။ သူ့မှာဒီလိုလုပ်ရဲတဲ့ သတ္တိတော့ မရှိသင့်ဘူး။ 


ဝေ့ရှောင်းသည် weibo ကို အမှန်တကယ် သွားဖွင့်ပြီး ပိုင်ချိုင်၏ Altအကောင့်ကိုကြည့်သည်။ 

6 05

ထိုနေရာတွင် Glory e-sport အသိုင်းဝိုင်းမှ ဒဏ္ဍာရီလာပုဂ္ဂိုလ် နှစ်ယောက်ရှိသည်။ တစ်ယောက်သည် မီးအိမ်မဟာဆရာသခင်ဆိုပြီး လူသိများ ကျော်ကြားသည့် ကောင်းကင်ကိုပင် အန်တုရန် လုံလောက်သော အင်အားကြီးမားသည့်တို င်အောင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ မဖော်ထုတ်သေးသူ ဖြစ်ပြီး တခြားတစ်ယောက်သည် အတင်းအဖျင်း ဧကရာဇ်ဆိုပြီး professional ကစားသမားများ ကြားတွင် ပုန်းကွယ်နေသော သူဖြစ်သည်။ သူသည် YY ကိုသာ ရင်းနှီး မြှုပ်နှံထားပြီး ကစားသမားများ၏ လှို့ဝှက်ချက်ကို သိသဖြင့် Cp fanများ၏ ကောင်းကင်ဘုံထိ မြှောက်တင်ခံထားရသူ ဖြစ်သည်။ သို့သော် ကစားသမားများကမူ ထိုတစ်ယောက်ကို မုန်းကြသည်။ 


မီးအိမ်ဆရာသခင်သည် ဝေ့ရှောင်းဖြစ်သည်။ အတင်းအဖျင်း ဧကရာဇ်ကမူ ပိုင်ချိုင်ဖြစ်သည်။ 


သူတို့နှစ်ယောက်သည် ပေါင်းလိုက်ပြီးမှ အံဩစရာမရှိ တစ်ယောက်သည် ရက်စက်သည်။ professionalကစားသမားများအား ငိုသွားစေသည်အထိ အနိုင်ကျင့်နိုင်သော လှည့်စားလွန်းသော သူလည်းဖြစ်သည်။ အခြားတစ်ယောက်ကမူ မည်သည့် အသိစိတ်နှင့် စည်းဘောင်များကိုပင် မချန်ထားပေးသော professional ကစားသမား တစ်ယောက် ဖြစ်သည်။ 


သူတို့နှစ်ယောက်လုံးသည် အခြားသော သူများအနေဖြင့် ချက်ချင်း လိုလိုဆွဲထုတ်ပြီး ရိုက်ချင်လောက်သော တည်ရှိမှုများ ဖြစ်သည်။ ထို့ကြောင့် သူတို့အချင်းချင်း အလွန်တည့်စွာဖြင့် ယုံကြည်ကြသည်။ 


ထို့ကြောင့် ဝေ့ရှောင်းသည် အနည်းငယ် သံသယဝင်နေသေးသည့် တိုင်အောင် အများကြီး မတွေးမိပေ။ 


သူ၏မီးအိမ် မဟာဆရာသခင်ဆိုသော နောက်ခံနှင့် ယှဉ်သော် အတင်းအဖျင်း ဧကရာဇ်ဆိုသော နောက်ခံက ပို၍ပင် မုန်းခံရချေသည်။ 


သူသည် နောက်ဆုံးသော post ကို တစ်ချက် ကြည့်လိုက်သည်။ 


နတ်ဘုရားလုနဲ့ နည်းပြချမ်းဖုန်းတို့ရဲ့ သေချာပေါက် မျှဝေကို မျှဝေရမဲ့ ချိုမြိန်လွန်းတဲ့ လေးထောင့်ကွက်ကိုးကွက်။ 


ကပ်ပါနေသော ပုံများသည် ပွဲမှမြင်ကွင်းများ ဖြစ်သည်။ 


ကစားသမားတစ်ယောက်၏ individual ပြိုင်ပွဲတွင် အတူပါသော အသင်းဖော်သည် သူတို့၏ နည်းပြဖြစ်သည်။ 


တောက်ပလွန်းသော final စင်မြင့်တွင် ချမ်းဖုန်းသည်သာ လုဖုန်း၏နောက်တွင်ရပ်နေသော တစ်ဦးတည်းသောသူ ဖြစ်နေသည်။ 


ထိုဓာတ်ပုံများ၏ ရှုထောင့်သည် အလွန်အမင်း လွန်ကဲလွန်းသည်။ ဓာတ်ပုံတစ်ပုံတွင် ချမ်းဖုန်းသည် ကိုယ်ကိုကုန်းလျက် လုဖုန်း၏ computerဖန်သားပြင်ကို ငုံ့ကြည့်နေပုံ ဖြစ်သည်။ နောက်တစ်ပုံသည် လုဖုန်း၏ နောက်သို့ လှည့်ကြည့်သောပုံ ဖြစ်သည်။ သူသည် ချမ်းဖုန်းအား တစ်စုံတစ်ရာ မေးနေပုံ ဖြစ်၏။ အလယ်မှ ဓာတ်ပုံကမူ လူနှစ်ယောက်၏ မျက်လုံးလေးလုံးက အချင်းချင်း စိုက်ကြည့်နေပုံဖြစ်သည်။ ဝေ့ရှောင်းသည် တုန်ယင်သွားသည်။ 


သူသည် ပိုင်ချိုင်ကို wechatစာပို့လိုက်သည်။ 


“ငါ အခုသေလောက်အောင် အံဩသွားတယ်။ ငါ့ရဲ့ ကြက်သည်းထနေတဲ့ အရေပြားတွေကတောင် ဆွဲခွာခံရသလိုပဲ”


ပိုင်ချိုင်: “မင်းအခု ကိုယ့်ကိုယ်နားလည်ပြီလား။ မင်းက အဖြောင့်မဟုတ်လား”


ဝေ့ရှောင်းက လက်မပြန်ပို့လိုက်သည်။ 


“အကျိုးသင့်အကြောင်းသင့် ပြောရမယ်ဆိုရင် ငါ မင်းကို တကယ်လေးစားတယ်။ Closeနဲ့ ချမ်းကောရဲ့ ဆက်ဆံရေးက တအား သန့်ရှင်းလွန်းတယ်။ ဒါတောင်မှ မင်းဒီလို အခြေစိုက်စခန်းရဲ့ bromance ပုံစံမျိုးကို ဖန်တီးခဲ့သေးတယ်”ပိုင်ချိုင်က သူ့ကို မျက်လုံးလှန်ပြသော emoticonကို ပို့လိုက်သည်။ 


“သူတို့က မသန့်ရှင်းရင် ငါဒီလို တင်ရဲ့ပါ့မလား “


Leagueတစ်ခုလုံးသည်လည်း အဆင်းအဖျင်းဧကရာဇ်သည် အကန့်သတ်ကို မသိဟု ထင်နေကြသော်လည်း ပြောရမယ်ဆိုလျှင် ပိုင်ချိုင်သည် အကန့်သက်ကို အလွန်ပင် ဂရုစိုက်သည်။ 


သူဖန်တီးသော Cpများအားလုံးသည် ဖြူစင်လွန်းသဖြင့် ဒီထက်ပင် ပိုဖြူ၍ပင် မရတော့လောက်သော ဆက်ဆံရေးကို ပိုင်ဆိုင်ထားသည့် လူများဖြစ်နေသည်။ 


ဝေ့ရှောင်းသည် ဆက်၍ဖတ်မနေတော့ချေ။ သူသည် weibo ကိုပိတ်လိုက်သည်။ 


“ငါ စိတ်အေးသွားပြီ။ ငါက အဖြောင့်ပဲ”


ဓာတ်ပုံကိုးပုံကို ကြည့်ပြီးနောက် သူ၏ဦးခေါင်းခွံက ကျိမ်းသည်ထက်ပိုသည်။ တစ်ကိုယ်လုံး ထုံထိုင်းသွားခြင်းဖြစ်သည်။ 


Close ရဲ့ အကြည့် အား.....

ချိုင်ကော ဓာတ်ပုံ ရိုက်ထားတဲ့ ဒီအကြည့်က.....တအားကို အဆိပ်ပြင်းလွန်းတယ်။ 

******