အပိုင်း(၇)နတ်ဘုရားလုနဲ့ soloမယ် ဟုတ်လား။ ဝေ့ရှောင်ရှောင်းက သူ့ရဲ့အိပ်မက်ထဲမှာတောင် လုပ်ချင်နေလောက်တယ်။
ဝေ့ရှောင်း၏ နှလုံးသာပေါ်သို့ ကျောက်တုံးကြီးက ပြုတ်ကျသွားသည်။
သူဌေးက ကောက်နေရင်တောင်မှ သူကတော့ ဘယ်လေဒဏ် မိုးဒဏ်ကိုမဆို ခံနိုင်လောက်အောင် ဖြောင့်မှန် မာကြောသည့် သံမဏိချောင်း ဖြစ်နေတုန်ပဲ။
ဒီတော့ နှစ်သန်းကို ရှာနိုင်လောက်သေးတယ်။
“ငါသွားပြီး score points တွေသွား ယူတော့မယ်”
ဝေ့ရောင်က ပိုင်ချိုင်ကို နှုတ်ဆက် စကားပြောသည်။
ပိုင်ချိုင်သည် သူနှင့် voice messageချင်း ဖလှယ်ရင်း သွာတိုက်နေခြင်း ဖြစ်သည်။
“အို ဟုတ်သားပဲ”
ဝေရှောင်း : “ ဟင် “
ပိုင်ချိုင် : “ဂယ်ရီက လေ့ကျင့်ရေးပွဲ 1 V 1 အတွက် ချိန်းဆိုမှု ယူထားတယ်”
ဝေရှောင်း: “ လောင်Gကတော့ တကယ်ကို ကြိုးစားလွန်းတာပဲ”
ဂယ်ရီသည် မြောက်အမေရိက ပြိုင်ပွဲရေးzoneဖက်မှ ထိပ်တန်းအဆင့် ကစားသမားများထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏အသင်း L&P သည် အရင်စီစဥ် ကမ္ဘာ့finalတွင် ဒုတိယ နေရာရခဲ့သည်။
သူတို့သည်လည်း ကမ္ဘာ့ထပ်တန်း အသင်းများထဲမှ တစ်သင်းဖြစ်သည်။
သူတို့သည် အသင်းပြိုင်ပွဲများတွင် ထူးချွန်လွန်းသည်။ Individual match များတွင်လည်း မဆိုးရှာပေ။
ဂယ်ရီသည် အသင်းမှအင်အားကြီးဆုံး ကစားသမားဖြစ်သည့် အလျောက် individualပြိုင်ပွဲ၏ finalသို့ တလျောက် လမ်းဖောက်နိုင်ခဲ့သည်။ ထို့နောက်သူသည် လုဖုန်းနဲ့ဆုံသည်။ ထိုသို့ဖြင့် 3-0ဖြင့် စင်ပေါ်မှ ပို့ခံခဲ့ရသည်။
သူတို့သည် အသင်းပြိုင်ပွဲတွင် Runner up နေရာရခဲ့သည်။ Individualပြိုင်ပွဲတွင်လည်း runner up ဖြစ်သည်။ ဒီနှစ် L&P သည် နံပါတ် ၂သူဌေးဟု ခေါ်ရန်ပင် ထိုက်တန်သည်။
ဒါကို ဂယ်ရီက ဘယ်လိုလက်ခံနိုင်မှာလဲ။
ယခုက off season ကာလအတွင်းတွင်သာ ရှိနေသေးသည်။ သို့တိုင်အောင်သူသည် နောက်ထပ် လေ့ကျင့်ရေး ပွဲစဥ်ကို လိုချင်နေသည်။
ပိုင်ချိုင်ကလည်း အလားတူခံစားရပုံ ပေါ်သည်။
“သူက တကယ်ကို ကြိုးစားပြီး တက်တက်ကြွကြွ လှုပ်ရှားလွန်းတယ်။ ဒါပေမဲ့ ငါတို့က အဲလောက်ထိ ကြိုးစားစရာမလိုဘူး”
လုဖုန်းသည် သူ၏လေ့ကျင့်ရေး ပွဲစဥ်ကို သဘောတူပေလိမ့်မည်။
သို့သော် အပြန်အလှန်အနေနှင့် တစ်ခုတောင်းဆိုလိုက်၏။ L&Pနှင့် FTW တို့သည် အသင်းလိုက် လေ့ကျင့်ရေးပွဲစဥ်လည်း ရှိရပေလိမ့်မည်။
တရုတ်ပြိုင်ပွဲရေးဇုန်တစ်ခုလုံးသည် ယခုကာလ အတောအတွင်း နိုင်ငံတကာနယ်မြေသို့ ခရီးတို ပတ်သွားနေခဲ့ရသည်ဟုပင် ပြောရပေလိမ့်မည်။ ထို့ကြောင့် အင်အားကြီးမားသော အသင်းများအားလုံးက သူတို့နှင့် လေ့ကျင့်ရေး ပွဲစဥ်အတွက် အချိန်ဇယား ရခဲသည်။
ယခုအခါတွင်မူ FTWသည် final၏ နံပါတ်နှစ် နေရာတွင် ရရှိသော အသင်းနှင့် လေ့ကျင့်ရေးပွဲစဥ် ရအောင်စီစဥ်နိုင်ခဲ့သည့်အတွက် တရုတ်တစ်ပြည်လုံးရှိ ပြိုင်ပွဲဝင် နယ်မြေတခုလုံးက အလွန် မနာလို ဖြစ်နေကြသည်။
ကံဆိုးသည်မှာ သူတို့သည်လည်း မနာလိုဖြစ်နေလျှင်ပင် မည်သို့မျှ မတတ်နိုင်ချေ။
ဘယ်သူက သူတို့ရဲ့အသင်းထဲမှာ closeကို မရှိစေလို့လဲ။ ဝေ့ရှောင်းက နှစ်သိမ့်ပေးသည်။
“မစိုးရိမ်ပါနဲ့။ မင်းအရင်က အနိုင်ကျင့် မခံဘူးတာလဲ မဟုတ်ဘူး။ ဒီအတိုင်းပိ တ်လှောင်ခံရရုံပဲ မဟုတ်ဘူးလား။ နည်းနည်းလေး ကြိုးစားလိုက်ပါ။ ကြာတော့ ကျင့်သားရသွားမှာပေါ့”
ပိုင်ချိုင်သည် တစ်ဖက်သူ၏ မျက်နှာပေါ်သို့ သူ၏ပါးစပ်ထဲမှ သွားတိုက်ဆေးအမြှုပ် များအားလုံးကို ထွေးထုတ်ချင်သွားသည်။
“မင်းနည်းနည်းလေးစိတ်အား ထက်သန်မှု လျော့နည်းပေးလို့ ရမလား”
ဝေ့ရှောင်း စိတ်အားထက်သန် လွန်းနေသည်။
“ လောင်ချိုင် နာကျင်မှု ကလည်း ပျော်ရွှင်မှုပါပဲ”
ပိုင်ချိုင် သည် သူ၏ စကားလုံးများကြောင့် တစ်ပိုင်း သေလုနီးပါး ဖြစ်သွားသည်။ သူသည် ထိုအကောင်အား ကျိန်ဆဲလို၏။ သို့သော် မနိုင် နိုင်ကြောင်းကိုလဲ သိနေ၏။ ကံကောင်းသည်မှာ သူ၏ အတွေးများသည် ဖျက်လတ်သည်။ ထို့ကြောင့် အတွင်းစိတ်မှ ဗုဒ္ဓကို ရှာနိုင်သွားသည်။
ဝေ့ရှောင်းရှောင်း မင်းဆက်ပြီး လုပ်နေလိုက်စမ်း။ မင်းအသင်းကို ပြန်ရောက်လာမှ နာကျင်မှုက ပျော်ရွှင်မှုဆိုတာကို စောင့်ကြည့်မယ်။
ဝေ့ရှောင်းသည် FTWနှင့် ပတ်သက်ပြီး အတော်လေး စိုးရိမ်နေသဘ်။ ထို့ကြောင့် ဆက်ပြောသည်။
“ နတ်ဘုရား ထန် က ဒီနှစ် အနားယူမှာမှ မဟုတ်တာ။ မင်းတို့ရဲ့အသင်းက Top laner လိုသွားပြီပေါ့”
ပိုင်ချိုင် : “ အင်း”
ဝေ့ရှောင်း : “ Closeက တစ်ယောက်ယောက်ကို ရွေးပြီးသွားပြီလား”
ပိုင်ချိုင်ကတစ်ချက် နှာခေါင်းရှုံ့သည်။
“ ဒါပေါ့”
ဝေ့ရှောင်းသည် ချက်ချင်းဆိုသလို စိတ်ဝင်စားသွားသည်။
“ ဘယ်သူလဲ”
7 02
ပိုင်ချိုင်ကနားလည်ရ ခက်ခဲသောအသံမျိုးဖြင့် ဝိုးဝိုးဝါးဝါးရေရွတ်သည်။
ဝေ့ရှောင်သည် blah blah blah စသည်ဖြင့် နာမည် အတန်းလိုက်ကို ရွတ်ဖတ်ပြပြီး ပြောသည်။
“ မြန်မြန်လေး ငါ့ကို ပြောစမ်း။ ဘယ်သူလဲ ငါသွားပြီး စမ်းကြည့်လိုက်မယ်”
ပိုင်ချိုင်သည် သူ့အား မည်သူ ဖြစ်ကြောင်း မပြောနိုင်ပေ။
“ ဒါက စာချုပ်လက်မှတ်မထိုးခင် သိုဝှက်ထားရမာ”
ဝေ့ရှောင်း : “ငါလူး...ငါတို့က ဒီလိုဆက်ဆံရေးမျိုးတောင် ရှိနေပြီကို။ မင်းက…”
ပိုင်ချင် : “ ဘာကိုဆက်ဆံရေးလဲ။ ဘာဆက်ဆံရေးမှမရှိဘူး”
ဝေ့ရှောင်းက ကျွတ်စုပ်လိုက်သည်။
“လူသစ်လေ့ကျင့်ရေးစခန်းက လူသစ်တော့ မဟုတ်နိုင်ပါဘူးနော်။ ဟုတ်တယ်မလား။ ငါ့ခန့်မှန်းချက်အရတော့ မဖြစ်နိုင်ဘူး။ မင်းတို့ဆီမှာ ရှောင်နင် တစ်ယောက်ရှိနေရင် အဆင်ပြေတယ်။ ဒါပေမဲ့ နောက်ထပ် လူသစ်တစ်ယောက်ကို ထည့်ပေးလိုက်ရင် မင်းတို့ရဲ့ FTW တော့ဒီနှစ်မှာ ကြေမွတော့မှာပဲ”
ပိုင်ချိုင်က တွေးလိုက်သည်။
ငါတို့ရဲ့ FTWလို့ မင်းပြောမဲ့ အချိန် ရောက်လာမှာပါ။
“ ဒီကိစ္စကို မင်းလာပြီး မစိုးရိမ်ပါနဲ့။ ငါတို့ဒီနှစ်မှာ တရုတ်ပြည်အတွင်း နံပါတ်တစ် ဖြစ်နေဦးမှာပဲ”
ဝေ့ရှောင်း : “ မင်းတို့မှာ စွမ်းရည်ရှိရင် ကမ္ဘာ့ နံပါတ်တစ်ကို သွားယူလေ”
ပိုင်ချိုင်က ဒေါသ ထွက်လာသည်။
“မင်းက တအားကို ပေါ့သေးသေး ပြောလွန်းနေတာပဲ။ မင်း လုပ်နိုင်ရင် လာလုပ်လေ”
ဝေ့ရှောင်း : “…”
ပိုင်ချိုင်က ပလုတ်ကျင်း၍ ပြီးသွားနေပြီ။
“ထွက်သွား ထွက်သွား။ ငါ လေ့ကျင့်ရေးအခန်းကို သွားရတော့မှာ”
ဝေ့ရှောင်းက စာမပြန်ပေ။ ပိုင်ချိုင်ကမူ သူ၏ ဒုတိယစာတန်းကို ပြန်ကြည့်လိုက်ပြီး အနည်းငယ် နောင်တ ရသွားသည်။
သူ လွန်သွားပြီလား။
မဟုတ်ဘူး။ ဒါက နည်းနည်းလေးတောင် … ဝေ့ရှောင်းသည် အမှန်တကယ် လုပ်နိင်သည်။ ဒီအတိုင်း မလုပ်ရုံသာ ဖြစ်သည်။
ပြည်တွင်းတွင် ကြွယ်ဝသော club အသင်းတစ်ခုအနေဖြင့် FTW သည် “ ငါတို့ တတ်နိုင်တယ်” ဆိုသော စကားစုဖြင့်တည်ဆောက်ထားခြင်းဖြစ်သည်။
ဒါပေမဲ့ လွန်ခဲ့သော နှစ်နှစ်ခန့်က S မြို့သည် Esport အသိုင်းဝိုင်းကြီး၏ ဖွံ့ဖြိုးတိုးတက်မှု နယ်မြေအပိုင်းစတစ်ခုကို အထူးတလည် ပေးခဲ့ပြီး club ပေါင်းမြောက်များစွာက Glory ပန်းခြံထဲတွင် နေရာချထားလျှက် အခြေစိုက် စခန်းအသစ်များကို ဆောက်ခဲ့သည်။
သို့သော် အခြားသော clupများက သူတို့၏ အခြေစိုက်စခန်းများကို မည်သို့ ဆောက်နေစေခဲ့ကာမူ FTWကို မယှဥ်နိုင်ခဲ့ချေ။
တခြားသော club များက Village များဆောက်လုပ်နေချိန်တွင် FTWသည် ရဲတိုက်ကို ဆောက်နေပြီဖြစ်သည်။
အခြားသောClub များက Glory ပန်းခြံကို ဝေမျှ နေချိန်တွင် FTW ၏ ကိုယ်ပိုင်ပန်းခြံသည်ပင် game၏ တောင်ကြားအတွင်းမှ မွန်းမံထားသော versionတစ်မျိုးအတိုင်း တည်ရှိနေပြီ ဖြစ်ပြီး game အတွင်းရှိ တောင်ကြားတခွင်အနှံ့ ကစားသမားများအား လွတ်လပ်စွာ လျှောက်သွား ခွင့်ပြုထားရုံ သာမကသေးလေပဲ အစစ်မှန် လောကတွင်လည်း လွတ်လပ်ပေါ့ပါးစွာ စိတ်အေးလက်အေး သွားလာ နိုင်သေးလေသည်။
အလွန်ကြီးမားလွန်းသော စံအိမ်ကြီးကို မြင်ရမည်ဆိုလျှင် ဒါသည် FTWအခြေစိုက် စခန်းဖြစ်ကြောင်း သိနိုင်သည်ဖြစ်သည်။ ထို့ကြောင့် ဘေးဘက်မှ အသင်းများသည် မနာလို ဖြစ်လွန်းသဖြင့် ငိုချင်သွားကြသည်။
ဒါမို့ FTW ရဲ့ စခန်းကို Hater တွေကလည်း ပြောဆို စွပ်စွဲခဲ့ကြတာ။ ဥပမာအနေဲ့ …
သူတို့ရဲ့အခြေစိုက်စခန်းကို တည်ဆောက်နိုင်တဲ့ စွမ်းရည်ကတော့ မသေးဘူး။ ဒါပေမဲ့ မင်းတို့မှာ စွမ်းရည်ရှိရင် champion ဖလားကို သွားယူလေ။
“မင်းတို့က ပိုက်ဆံကို ဒီလိုနေရမှာ ဖြုန်းနေမယ်ဆိုရင် နိုင်ငံတကာဂိမ်းပွဲစဥ်တွေမှာ ရောက်လာမဲ့ နောက်ပွဲစဥ်တွေအတွက် ဘာလို့ပြန်ပြီး မသုံးသပ်နေတာလဲ”
“ ဇိမ်ခံမှုကို အပြည့်အဝ ခံစားပြီး နေထိုင်နေရင် အရမ်းကို ချဲ့ကားပြီး လွန်ကဲလွန်းနေသေးတယ်။ မင်းတို့တွေ ဘာကိုမှ မလုပ်နိုင်တာ မအံသြတော့ပါဘူး”
“ လူတစ်ယောက်က နည်းနည်းလေး နာကျင်မှုကို ခံစားရမှ အောင်မြင်လာနိုင်မှာ။ FTWကို အရင်ဆုံး ခွေးအိမ်ထဲမှာ သွားအိပ်ဖို့ အကြံပေးချင်တယ်”
ပြောရမည်ဆိုလျှင် ခမ်းနားထည်ဝါသော စံအိမ်ကြီး ၏ အချို့သော တောင့်နေရာများတွင်လဲ အမှန်တကယ်ပင် ခွေးအိမ်နှင့်တူသည့် နေရာအချို့ ရှိသည်။
ဥပမာအနေနှင့် FTW ရဲ့မူလ marksman ဖြစ်သော ယွဲ့ဝမ်လဲ့ ၏အိပ်ခန်း.....။
ယွဲ့ဝမ်လဲ့၏ နာမည်သည် သူ့အား အလွန်အမင်း စာပေပညာ ကျမ်းကန်နှံ့စပ်ပြီး အနုပညာကို ခံစားတတ်သော ညီငယ်တစ်ယောက်ဟု ခံစားရစေသည်။ သူသည်လဲ အလွန်သန့်ရှင်းသပ်ရပ်သော ရုပ်ရည်ဖြင့် မွေးဖွားလာခဲ့သည်။ သူ့တွင် ကလေးမျက်နှာ ရှိသောကြောင့် သူသည် ငယ်ရွယ်ကာ နူးညံ့ပြီး ၁၅နှစ် ၁၆ နှစ်အရွယ် ကလေးတစ်ယောက်ဟုသာ ထင်ရသည်။
သို့ရာတွင် သူ၏ အိပ်ခန်းတံခါးကို ဖွင့်ပြီးသည်နှင့် အသက်၁၉နှစ်အရွယ်တွင်ပင် pro ကြီးဆိုသော နာမည်ပြောင် အပေးခံရသည့် အကြောင်းပြချက်ကို သံသယ ဝင်လိမ့်မည်မဟုတ်ချေ။
သူက တကယ်ကို...
တကယ်ကို pro ကြီး တစ်ယောက်ပဲ။
ထိုအချိန်တွင် proကြီး... အိုမဟုတ်သေးပါဘူး။ ယဲ့ဝမ်လဲ့သည် လေ့ကျင့်ရေးခန်းအတွင်း အဘွားမီးခိုးရောင်ခေါင်းကို ချော့ယူနေခြင်း ဖြစ်သည်။
7 03
ထိုသို့ဖြင့် senior နှစ်ခု (DPS အချက်ချာ position)ကို နေရာ ယူထားသည့် လူနှစ်ယောက်ဟာ နွေးထွေးမူကို အတူယူဆောင် နေကြသည်။
နင်ကျယ်ဟန်သည် တစ်ညလုံး ငိုထားသည်။ သူ၏မျက်လုံးများကပင် ယောင်နေ၏။
“ ဒီ reply video က...”
ယဲ့ဝမ်လဲ့သည်လည်း တူညီသော အတွေ့အကြုံမျိုး ရခဲ့ဖူးသည်။
“ငိုဖို့က တအား တအား လွယ်တယ်”
နင်ကျယ်ဟန်က ဘေးဖက်ကို အံ့အားတကြီး လှည့်ကြည့်သည်။
“ လဲ့ကောလည်း မီးအိမ်မဟာ ဆရာသခင်ကို သွားရှာခဲ့ဖူးတာလား”
ယဲ့ဝမ်လဲ့သည် သူ၏လက်ထဲမှ အာလူးကြော်ပြား များကိုချလျှက် computer ကိုဖွင့်သည်။
“အင်း”
သူရဲ့ အိပ်ခန်းက အရမ်းကို ရှုတ်ထွေးလွန်းနေပြီး ခွေးအသိုက်နဲ့ တူတယ်ဆိုပြီး ဘက်လိုက်ပြီး ဆုံးဖြတ်ချက် မချနဲ့နော်။ သူ့ရဲ့computer ကတော့ တအားကို သန့်ရှင်းသပ်ရပ် နေတာ။
အပြာရောင် Desktop ဖန်သားပြင်တွင် icon သုံးခုသာရှိသည်။ ပထမတစ်ခုသည် Glory ဖြစ်သည်။ ဒုတိယတစ်ခုသည် replays များဖြစ်သည်။ တတိယ တစ်ခုကမူ သားရဲ ဖြစ်သည်။
အစပိုင်းတွ င်နင်ကျယ်ဟန်သည် replays file ကိုဖွင့်တော့မည်ဟု ထင်လိုက်သည်။ သို့သော် သူသည်ရုတ်တရက် သားရဲဆိုသော file ကိုသာ ဖွင့်သည်။
ထို file သည် video များဖြင့် ပြည့်ကြပ်နေသည်။ တစ်ခုချင်းစီတိုင်၏ အောက်ဖက်တွင် နံပါတ်များရှိသည်။ နင်ကျယ်ဟန်သည်လည်း ဆိုလိုရင်းကို နားလည်နိုင်၏။
ဥပမာ အနေနဲ့အရှေ့ဆုံးက တစ်ခုဆိုရင် နေ့စွဲက ၂၀၁၉ ၁ လပိုင်း ၁၅ ရက် အောက်ဖက်မှာတော့ ၅၀၀၀ ဟုရေးထားတယ်။ ဒါက သုံးမရတဲ့ ပိုက်ဆံ ဖြစ်လောက်တယ်။
နောက်ဆုံး video ကမူလွန်ခဲ့သော တစ်နှစ်နီးပါးခန့် ကဖြစ်သည်။ နင်ကျယ်ဟန်က ပြောလိုက်၏။
“လဲ့ကော ကော အထောက်အပံ့ အသင်းမှာ ရှိနေခဲ့တဲ့ အချိန်က video တွေလား”
ယဲ့ဝမ်လဲ့က ခေါင်းညိတ်သည်။
“ တစ်နှစ်ကြာသွားပြီ။ ဒါပေမဲ့ ငါဒါကို မဖျက်နိုင်သေးဘူး”
သူသည် ခပ်ရေးရေး ပြောနေသော်လည်း နင်ကျယ်ဟန်ထံမှ တစ်ဆင့် သားရဲကောင်ဆိုသော စကားလုံးအတွင်းတွင် အံကြိတ်သံ ပါ၀င်နေမူကို ခံစားမိနိုင်သည်။
နင်ကျယ်ဟန်သည်လည်း အတွေ့ကြုံ မကြွယ်ဝ သေးသဖြင့် နည်းပညာ ကျကျ မေးလိုက်သည်။
“ မဟာဆရာသခင်က တော်တော် ကောင်းမွန်တဲ့လူပါ”
ထိုသို့ဖြင့် ယွဲ့ဝမ်လဲ့က အာလူးကြော်များကို အပိုင်းပိုင်းအခြားခြား ဖြစ်အောင် ဖိချလိုက်သံက ထွက်လာသည်။
“ ဟွင်းဟွင်းဟွင်း”
မီးခိုးရောင်အဘွားခေါင်း : “…”
ယွဲ့ဝမ်လဲ့က အဲ့ဒီအာလူးကြော်တွေကို မဟာဆရာသခင်လို့ မှတ်ယူပြီး စားနေတယ်လို့တောင် သူသံသယ ဝင်လာပြီ။
ယွဲ့ဝမ်လဲ့သည် နင်ကျယ်ဟန်အတွက် video တစ်ခုကို click နှိပ်ဖွင့်ပြသည်။
“ မြေပြင်မှာလှဲ နေတဲ့ ရေခဲ မုဆိုးကို တွေ့လား။ ဒါက ငါ နာမည်ကြီးလာတဲ့ hero ပဲ”
သူတို့ နာမည်ကြီးသော heroကိုသုံးပြီး ဖရဲစေ့အခွံခွာ ခံရသလိုမျိုး ရိုက်ခွဲခံရခြင်းက နင်ကျယ်ဟန် အတွေ့အကြုံရဖူးသော အခြေအနေဖြစ်သည်။
ရှောင်နင်သည် ငိုယိုမိသည်အထိ အနိုင်ကျင့်ခံရဖူးသည်မှာ တစ်ကြိမ်သာရှိသေးသဖြင့် မုန်းတီးမှုကို မခံစားရသေးချေ။ ထို့အခိုက်အတန့်တွင် သူသည် ကိုးကွယ်စည်းကပ်လိုစိတ်ပင်ပေါက်လာသည်။
“မဟာဆရာသခင်ကြီး က တကယ်ကို အင်အားကြီးတာပဲ။ ငါရဲ့မှော်ဆရာက မြေပြင်မှာအဖိခံခဲ့ရတာ။ သူ့ကြောင့် အနွှာခံခဲ့ရတာလေ”
ယွဲ့ဝမ်လဲ့က အာလူးကြော်ကိုသာ တိတ်တဆိတ်စားနေသည်။
နင်ကျယ်ဟန်က video ကိုကြည့်နေလေ ပို၍ပင်ယုံလာသည်။
“ဒီမဟာဆရာသခင်၏ marksman ကလည်း တအားသန်မာတာပဲ”
ယွဲ့ဝမ်လဲ့ : “ သူ့ရဲ့ toplane hero တွေအားလုံးကလည်း အရမ်းသန်မာတယ်”
နင်ကျယ်ဟန် : “ ငါသိတယ်။ TPT ရဲ့ဒုခေါင်းဆောင် ဆိုရင်သူ့ကြောင့် position ပြောင်းသွားတာမဟုတ်လား”
ယဲ့ဝမ်လဲ့ က ခက်ဟဟ ရယ်သည်။
“ ငါ မင်းကို အကြံဉာဏ် နည်းနည်းပေးမယ်”
နင်ကျယ်ဟန် : “ အင်း”
ယွဲ့ဝမ်လဲ့ : “ မင်းသူ့ကို solo ကစားဖို့သွားရှာတဲ့အခါ သူက သူရဲ့ သူခိုး hero ကိုထုတ်လာတာမြင်တာနဲ့ မင်း game ကနေချက်ခြင်းထွက်လိုက်တော့”
နင်ကျယ်ဟန်က အံသြသွားသည်။
“ မဟာဆရာသခင် ရဲ့… “
ယွဲ့ဝမ်လဲ့၏ လေသံဟာ မဲမှောင်လာသည်
“ သူက jungler နေရာမှာ အင်အားအကြီးဆုံးပဲ။ ငါတို့ခေါင်းဆောင်တော်တဲ့ ဘယ်လို hero မျိုးကိုမဆို သူယူသုံးနိုင်တယ်။ အရမ်းကို ကစားနိုင်လွန်းလို့ စိတ်ပျက်သွားနေစေနိုင်တဲ့အထိပဲ”
“Shit!”
7 04
နင်ကျယ်ဟန် သည် မြို့ပြ ဒဏ္ဍရီတစ်ချို့ကိုကြားလိုက်ရသလိုဖြစ်သွားသည်။
“ဒါဆိုရင်… ဒါဆိုရင် သူခေါင်းဆောင်နဲ့ solo ဖူးတာလား”
ယခုလေးတင် လေ့ကျင့်ရေးခန်းသို့ရောက်လာသည့်ပိုင်ချိုင်ကထိုစကားကို ကြားသွားပြီး စကားတခွန်းကိုတွေးလိုက်မိသည်။
နတ်ဘုရား လုနဲ့ solo တယ်ဟုတ်လား။ ဝေ့ရှောင်ရှောင်းက အိပ်မက်ထဲမှာတောင်လုပ်ချင်နေလောက်တယ်။
ပိုင်ချိုင်က တံခါးကိုတွန်းဖွင့်ပြီး အတွင်းသို့ဝင်သည်။ ထို့သို့ဖြင့် သူတို့၏ စကားပြောခန်းကို နှောက်ယှက်သလိုဖြစ်သွားသည်။
နင်ကျယ်ဟန်သည် ငယ်ရွယ်ပြီးအတွေ့အကြုံမရှိသေးချေ။ ထို့ကြောင့် သူသည် သိလိုစိတ်ပျင်းထန်သော ကလေးလေးဖြစ်နေသေးသည်။ သူသည်ပိုင်ချိုင်ကိုနှုတ်ဆက်ပြီးနောက်တွင် ဆက်မေးလိုက်သည်။
“ ချိုင်ကော ချိုင်ကော အရင်ကမဟာဆရာသခင်နဲ့ solo ဖူးတာလား”
ပိုင်ချိုင် : “ သူကဘယ်တော့မှ အထောက်အပံ့တွေနဲ့ solo မလုပ်ဘူး”
နင်ကျယ်ဟန်က အံသြသွားသည်။
“ဘာလို့လဲ”
“ဘာလို့လဲ ဆိုတော့”
ပိုင်ချိုင် က သွားနာလာသလိုပင် ခံစားရသည်။
“သူဘယ်တော့မှ အိမ်မှာမွေးထားတဲ့ တရိစ္ဆန်တွေကိုမသတ်တတ်ဘူးလေ”
နင်ကျယ်ဟန် : “ …..”
FTW အခြေစိုက်စခန်း၆လွှာ…
အသင်း၏ ခေါင်းဆောင်နည်းပြ ချန်းဖုန်းသည် တံခါးကို တွန်းဖွင့်ပြီးဝင်လာသည်။
“ ဆိုတော့ ရွေးချယ်ခံတစ်ယောက်ရှိတာလား”
ဆောင်းတွင်းနေမင်းသည် အလွန်အားနည်းပြီး နေ့လည်တွင်ပင် ထင်သလောက်မတောက်ပချေ။ ပြင်သစ် ပြတင်းပေါက်များကိုကျော်ဖြတ်ပြီး ခပ်ထူထူကော်ဇောပေါ်သို့ ကျလာသောအခါ နွေးထွေးပြီး သက်တောင့်သက်သာရှိသည့်အလင်းမျိုးကိုသာပေးစွမ်းနိုင်သည်။
ချန်းဖုန်းသည် အလင်းများအောက်တွင်ထိုင်နေသည့် အစည်းဝေးခန်းမစားပွဲမှ အမျိုးသားကိုကြည့်လိုက်သည်။
ဝေ့ရှောင်းပြောသော စကားဆယ်ခွန်းတွင် ရှစ်ခွန်းကို အလေးနက်ထား၍ မရချေ။ သို့သော် လုဖုန်းကိုချီးကျုးလေ့ရှိသည့် စကားလုံးများက မူ အကုန်မှန်နေသည်။
Close သည် Glory ၏အမျိုးသမီး ကစားသမားသန်းရာကျော်ကို ထောက်ပံ့နိုင်လောက်သော ရုပ်ရည်မျိုးကိုအမှန်တကယ်ပိုင်ဆိုင်ထားသည်။ အမျိုးသမီးတင်မဟုတ်သေးချေ တချို့သော သာမန်အမျိုးသားများကပင် ကျင့်သားရရန်အနည်းငယ်ခက်ခဲသည်။
သူကဘာလို့ ဒီလောက်ချောနေတာလဲ။
နောက်ပြီး ဘာလို့ game ကစားတာ ဘာလို့ဒီလောက်ထိတော်နေတာလဲ။
နောက်ပြီး champion လဲဖြစ်သေးတယ်။
နောက်ပြီးသောက်ကျိုးနည်းချမ်းသာတယ်။
အခြားသောသူများနှင့်ယှဥ်ကြည့်သော် အမှန်ပင်မနာလိုကြီး၍ သေသွားနိုင်လောက်သည်။
ချန်းဖုန်းသည်တစ်ချိန်က အရပ်ရှည်သန်မာချောမောသော နတ်ဘုရားဖုန်း ဖြစ်ခဲ့ဖူးသည်။ သို့သော် ယခုမူသူသည် ကမ်းစပ်တွင် သေသည်အထိ ရိုက်ခွဲခံလိုက်ရ၏။ အပြည့်ဝ
လက်ခံနိုင်လောက်သည်အထိ ရိုက်ချိုးခံရပြီးသားဖြစ်သည်။ သို့သော်ထိုအခြေအနေသည် ယူကျုံမရဖြစ်စေလောက်သည်။
လုဖုန်းက သူ့ကိုကြည့်သည်။
“ ဝေ့ရှောင်းကိုမှတ်မိသေးလား”
ချန်းဖုန်းကကြောင်သွားသည်။
“ အဲ့ဒီကလေးက new oriental ကိုသွားတာမဟုတ်ဘူးလား”
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဝေ့ရှောင်း သည် FTW အခြေစိုက်သခန်းတွင် ရက်အနည်းငယ်နေသွားသည်။ သူသည်လက်မှတ်ထိုးခဲ့ခြင်းမရှိသည့် တိုင်အောင် free man တစ်ယောက်အဖြစ် သတ်မှတ်၍ရသေးသည်။ ထို့ကြောင့်မည်သည့်စကားမှ မဆိုပဲထွက်သွားရန် မသင့်လျှော်ပေ။ ထို့ကြောင့် သူသည်စာတစ်စောင် ချန်ထားခဲ့သည်။ ထိုစကားသည် အလွန်လှသည်။ စာရွက်သည်လည်း သန့်ရှင်းသည်။ လက်ရေးသည်လည်း ထူးခြားလွန်းသည် သို့သော် စာပါ အကြောင်းရာများကမူ လူတိုင်းကိုဒေါသထွက်လွန်းသဖြင့် expire ဖြစ်စေလောက်သည်။
“အမျိုးမျိုးသော ခေါင်းဆောင်တွေ ငါတောင်းပန်ပါတယ်။ ငါငယ်ငယ်ကတည်းက စားဖိုမှူးဖြစ်ချင်စိတ်ရှိခဲ့တာ။ အခုဆိုရင် ငါ့ရဲ့ new oriental ကိုလျောက်ထားတဲ့ ဝင်ခွင့်ကရောက်လာပြီ။ ငါ ငါ့ရဲ့အိပ်မက်တွေနောက်ကိုလိုက်တော့မယ်။ ဒီတော့ ကျန်းဟူမှာတွေ့ကြမယ်။
လုဖုန်းသည် ထိုအကြောင်းရာကိုသတိရသွားသည်။ ထို့ကြောင့် သူ၏ နှူတ်ခမ်းထောင့်စွန်းများကအသာ ကော့တက်သွားသည်။
“ ကြည့်ရတာ သူဘွဲ့ရသွားပြီထင်တယ်”
ချန်းဖုန်း : “ ???”
ဒီလိုအခြေအနေမျိုးမှာတောင် ပြုံးနိုင်နေသေးတယ် ဟုတ်လား။
ဒါက သူလေးနှစ်လုံးလုံးသိခဲ့တဲ့မဟာမိစ္ဆာ ဘုရင် ဟုတ်ပါရဲ့လား။
“ ဒါက လိုရင်းမဟုတ်ဘူး “
ချန်းဖုန်းက အတွေးများကိုပြန်ယူပြီး အကျိုးအသင့်အကြောင်းသင့်ပြောသည်။
7 05
“ မင်းသူ့ကို အမြဲလေးစားနေခဲ့တာကို ငါသိတယ်။ ဒါပေမဲ့ ဝေ့ရှောင်းက နှစ် နှစ်လောက်လွတ်ထွက်နေခဲ့တာ။ သူက လက်ရှိ စည်းချက်ကို ဘယ်လိုများကျင့်သားရနိုင်တော့မှာလဲ။ မင်းလည်းသိပါတယ်။ ပါရမီဆိုတာက ကိစ္စတခု။ အတွေ့အကြုံဆိုတာ က ပိုပြီးအရေးကြီးတာလေ”
လုဖုန်းက မတ်တပ်ထရပ်သည်။ သူသည် computer ကိုဖွင့်လိုက်ရင်းပြောသည်။
“ ဒီ game ရဲ့ replay ကိုလာကြည့် “
ထို့နောက်သူသည် projector ကိုဖွင့်ပြီး play key ကိုနှိပ်သည်။
ချန်းဖုန်းကကြည့်ပြီး အံအားတကြီးဖြင့်မေးသည်။
“ကြေးနီရောင်အဆင့်လား”
ဒီမှာ ဘာများကြည့်စရာရှိလို့လဲ။
ကြေးနီရောင်အဆင့်ဂိမ်းပွဲကို မပြောနဲ့ဦး ဘုရင်အဆင့် game ပွဲဆိုရင်တောင်မှ အသုံးမဝင်ဘူး။ ကျပန်း match ပွဲတွေနဲ့ professional ပွဲကတအားခြားနားတယ်။ ကျပန်း match ပွဲတွေမှာ ကောင်းကင်ကိုဖီဆန်တဲ့ ဖျော်ဖြေမှုတွေဆိုတာက အဓိပ္ပါယ်မဲ့တာပဲ။
လုဖုန်းသည် ဖန်သားပြင်ကိုသာကြည့်သည်။
“ဆက်ကြည့်”
ချန်ဖုန်းသည်လဲ သူ၏ စိတ်မရှည်မှုကို နားလည်လိုက်သဖြင့် ဆက်ကြည့်လိုက်ရသည်။ ထို game ၏ recording သည် အလွန်ပြည့်စုံသည်။
တောင်ကြားအတွင်း မှ တိုက်ပွဲများကို ပြသထားရုံမျှသာ မကသေးပင်ပဲ chat room မှ စကားလုံးများလည်းပါသည်။ ထို့အပြင် voice chat ကိုပင်ထပ်ပြောရန်မလိုအပ်ချေ။
ြအခြားတစ်ဖက်ခြမ်းမှ လူငယ်လေးရဲ့ အသံကထွက်လာသည်။
ညီမလေး မကြောက်နဲ့ “
ချန်းဖုန်း: “ ! “
ဒီညီမလေးက ဘယ်ကသောက်ကျိုးနည်းတာလဲ။
ဒီလုဆိုတာကြီးက လုဖုန်းရဲ့ Alt အကောင့် မဟုတ်ဘူးလား။
ထို့နောက် chat box ထဲတွင် ငြင်းခုန်မှုများ ရှိလာသည်။ မင်းရဲ့ အဖေဆိုသော Idနှင့် သူခိုးကပြောသည်။
“ ဒီညီမလေးက ငါ့ကိုသယ်ပေးရုံတင်မဟုတ်ပဲ double kill ၊ triple kill ၊ quadra kill ၊ penta kill နဲ့ ဒဏ္ဍရီတွင်အဆင့်ထိတက်နိုင်သေးတယ်”
ဒါကတော့ ပုံမှန်ပဲလေ။ ဘာလို့ဆို ဒါက နတ်ဘုရားလုရဲ့ Alt အကောင့်ကိုး။ ကြေးနီရောင် အဆင့် game ပွဲကိုမပြောနဲ့ professional gameမှာ ဆိုရင်တောင် သူလုပ်နိုင်တယ်။ ထို့နောက် voiceတွင် ချန်းကောကို မှင်သက်စေသည့် အကြောင်းရာကထွက်လာသည်။
ပြီးပြည့်စုံတဲ့ နေရာချထားမှုသန်မာတဲ့ ခြုံခိုသုံးသက်နိုင်စွမ်းရည် အံ့အားသင့်စရာကောင်းလွန်းတဲ့ skillကိုနားလည် သဘောပေါက်မှု ဒါ့အပြင် health pointတွေကို ထိန်းချုပ်နိုင်စွမ်းရည်ကလည်း ပုံမှန်မဟုတ်ဘူး။
ကျပန်း ကစားများသည်ပင် gameအတွင်းမှ သူခိုးဟာ မှင်သက်ဖွယ်ကောင်းပြီး ရူးသွတ်နိုင်လောက်အောင် အမျိုးမျိုးသော လှောင်ရယ်မှုမျိုးကို ထုတ်ပြနိုင်သည်ဟု ခံစားမိလိုက်သည်။
Professional နည်းပြတစ်ယောက်အနေနဲ့ ချန်းဖုန်းသည် မရေတွက်နိုင်သော မဖြစ်နိုင်ချေများကို မြင်လိုက်ရသည်။
“ဒါက....”
ချန်းဖုန်းသည် မျက်တောင်ခတ်ရန်ပင်မေ့သွားသည်။
“ဒီကလေးက....”
လုဖုန်း:”new oriental ရဲ့ သင်ြကားရေးစွမ်းရည်က တကယ်ကောင်းတယ်”
ချန်းဖုန်း:”.....”
ထို့နောက် သူသည်ဝေ့ရှာင်းကပို့လိုက်သည့် chat box ကစာကို ပြလိုက်ရသည်။
“ညီမလေး ဒီကိုလာ။ penta kilက မင်းမပိုင်ပဲ။ မင်းကတော့ ငါ့အပိုင်ပဲ”
လုဖုန်းက သူ့ကိုရှင်းြပသည်။
“အိုး penta killယူသွားတဲ့ အဲ့ဒီမီးမှော်ဆရာက ငါ”
နည်းြပချမ်းက တုန်ရင်သွားသည်။
ဒါကိုဘယ်သူက မပြောနိုင်လို့လဲ။ ဒီလုဆိုတဲ့ IDကြီးက တစ်ချက်ကြည့်လိုက်ရုံနဲ့ ရှင်းလင်းနေတာပဲ။
ဒါတောင်ရှင်းပြစရာမလိုဘူး။ ဒီတိုင်းသိသာ ထင်ရှားနေတဲ့ အချက်ပဲ။
******