အပိုင်း(၈)လုဖုန်း : “ သူနဲ့ solo တဲ့အခါ ငါအားလုံးထုတ်သုံးဖို့ လိုအပ်တယ်”
ချန်ဖုန်းသည် လုဖုန်းကို လစ်လျူ ရှုပြီး video ကိုသာဆက်ကြည့်နေသည်။
သူ၏ skill ကိုအသုံးပြုသောစွမ်းရည်သည် အံအားသင့်ဖွယ်ကောင်းသည်ဟု ပြောရန်လုံလောက်သည်။ သူ၏ game အပေါ် အသိစိတ်သည်လည်း သန်မာသည်။ သူ၏ နားလည်နိုင်စွမ်းရည်လည်း မြင့်မား၏။ သို့သော် ထိုကလေး ဝေ့ရှောင်းသည် နှလုံးသားမဲ့၏။
ထို pentakill ဆိုသော လက်ဆောင်အိတ်ကြီးသည် အမျိုးမျိုးသော skill နှင့်အခြေအနေတိုင်းကို စီစဥ်ပြိီးမှ အဆုံးသတ်နားတွင်ချပေး နိုင်ခြင်းဖြစ်သည်။
အပေါ်ယံတွင်မူ ထို video သည် သူခိုးက အခြားသောသူများကို ထိုးနှက်သော video မျှသာဖြစ်သည်။ သို့သော် အမှန်တိုင်းဆိုရသော် ပွဲစဥ်တခုလုံးအနှံ့ ထို pentakill ရလာရန်အခိုက်အတန့် အတွက် အုတ်မြစ်ကိုချထားပေးနေခဲ့ခြင်းဖြစ်သည်။
ပထမဦးဆုံးအနေနှင့် သူသည် အခြားသော သူများ၏ အာရုံကို လွဲပြောင်းထားသည်။ ထိုသို့ဖြင့် အခြားသော သူများ၏ စိတ်အခြေအနေက ပြိုလဲကျပီး ပေါက်ကွဲသည်အထိ အမိအရ ဖမ်းဆုပ်ထားခဲ့သည်။
အခြားတစ်ဖက်ခြမ်းကမူ တစ်ယောက်တည်း လှုပ်ရှားခြားရမံ့ အခြေနေကိုကြောက်ရွံ့ လာကြပြီး အဖွဲ့လိုက်ရောက်ရှိလာကြသည်။ တစ်နည်းအားဖြင့် သူတို့သည် 5 Vs 1 အခြေအနေ တွင် အခွင့်အရေးအရယူပြီးရှင်သန် နိုင်မည်ဟု ယုံကြည်ထားကြသည်။
သို့ရာတွင် ထိုအခြေအနေက ဝေ့ရှောင်း၏ လက်မောင်းထဲသို့ ခုန်ဝင်လာခြင်းဖြစ်နေသည်။ သူတို့သည် အဖွဲ့လိုက်သာ မလာခဲ့လျှင် ဝင်သက်တစ်ကြိမ်အတွင်း လူ၅ ယောက်ကို ခုတ်ဖြတ်ချနိုင်လိမ့်မည်မဟုတ်ပေ။
အရိပ်သူခိုးများသည် ကိုယ်ရောင်ဖျောက်နိုင်သော စွမ်းရည်များရှိသည်။ ကိုယ်ရောင်ဖျောက်သွားသော အခါ ပစ်မှတ်၏ခေါင်းနေရာအပေါ်နားတွင်သေးငယ်သော သဲလွန်စလေးရှိလောက်သော်လည်း သူခိုးက skill ကိုထုတ်ပြိီးသည် နှင့် ထိုနေရာတွင်ပြန်ပေါ်လာရန် စက္ကန့်အနည်းငယ်တော့ အချိန်ယူရသေးသည်။
ဝေ့ရှောင်းသည် ထိုစက္ကန့်အနည်းငယ်ကို အမိအရ အခွင့်ရေးအရယူပြီး နောက်ကွယ်မှနေ၍ တိုက်ခိုက်သည်။
ထိုသူများအားလုံးကို စုစည်းလျှက် နောက်ကျောကိုဓားနှင့်ထိုးလိုက်ခြင်းအားဖြင့် ကစားသမား ၅ ယောက်စလုံးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေလိုက်သည်။
အခြားတစ်ဖက်ခြမ်း၏ အထောက်အပံ့ နှင့် စစ်သည်တော်များသည် health ပိုများသဖြင့် ပြေးချင်ကြသည်။ သို့သော် ဝေ့ရှောင်းသည် စိုးရိမ်စိတ်များမနေချေ။
သူသည်အရင်ဦးဆုံး မီးမှော်ဆရာအား ကျန်သော သုံးယောက်ကို အရင်ဆွဲချခိုင်းလိုက်သည်။ ထို့နောက် စစ်သည်တော်၏ နောက်ကို လိုက်ပြီးအေထာက်အပံ့၏ အရှိန်နှုန်း ကို နှေးသွားစေသော အကွက်ကိုသုံလိုက်ခြင်းအားဖြင့် လိပ်တစ်ကောင်သာသာ အရှိန်နှုန်းဖြင့် ရှေ့ဆက်သွားစေလိုက်သည်။ ထိုအခါမီးမှော်ဆရာ သည် ချက်ချင်း ခုန်ဝင် လာပြီး ခုန်အုပ်ကာ သာမန် skill ကိုသုံးပြီး အလိုလျှောက် တစ်ကြိမ်မျှ တိုက်ခိုက်ရန်လိုအပ်သည်။
Pentakill
အရာအားလုံးသည် ပြီးပြည့်စုံလွန်းစွာ အတူတကွ ဖြစ်တည်လာသည်။
တိကျလွန်းသဖြင့် ထိုထက် တိကျ၍ပင် မရတော့ချေ။
တစ်ဖက်သူကို ဖျက်စီးရန်မခက်ခဲချေ။ ထိုနည်းအားဖြင့် pentakill ကို ယူလိုက်နိုင်သည်။ ကြေးနီရောင်အပိုင်းတွင် မရေမတွက်နိုင်သော လူပေါင်းများစွာက ထိုသို့လုပ်နိုင်လောက်သည်။
သို့သော် ဒီပွဲတွင် ခြောက်ခြားဖွယ်အကောင်းဆုံးအချက်ကမူ သူသည် ဒီအခြေအနေတစ်ခုလုံးတွင် သူသည် kill တခုကိုမျှ မယူသွားခဲ့ချေ။ သို့သော်သူ၏ ရွှေနှင့်အရင်းမြစ်များက ပြိုင်ဘက်များထက် သုံးဆခန့် များသည်။ သူသည် သူ၏ ပွဲစဥ်တောက်လျှောက် သူ၏ skill များကိုထုတ်သုံး ရာတွင် အမှားတခုကိုမျှ မလုပ်သွားခဲ့ချေ။ သူ၏ တစ်ဖက်သူများ၏ health ကို ထိန်းချုပ်နိုင်စွမ်းသည် ရူးသွပ်နိုင် သော အဆင့်သို့ပင်ရောက်ရှိနေခဲ့သည်။
သူသည် မီးမှော်ဆရာကို kill တိုင်းပေးလိုက်သည်။ Damage တိုင်းကို ကွက်တိ တွက်ချက်ထားရုံမျှသာ မကသေးလေပဲ မီးမှော်ဆရာ၏ တိုက်ခိုက်နိုင်သော ဝန်းကျင်အတွင်း ပြီးပြည့်စုံစွာ အခွင့်ရေးကောင်းများဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
သူသည် game ပွဲကစားနေသည်နှင့်မတူတော့ချေ။ ထို့အစား Glory ၏ တောင်ကြားတစ်ခုလုံးကို စစ်တုရင်စကားပွဲအသွင် ပြောင်းလဲလိုက်
ပြီး သူတစ်ယောက်တည်းကသာ နယ်ရုပ်တိုင်းကို ထိန်းချုပ်ထားသူနှင့်တူသည်။
ချန်းဖုန်းက video ကိုနှစ်ကြိမ်ဆက်တိုက်ကြည့်သည်။ ထို့နောက် မျက်မှောင်ကို ကျုံ့သည်။
8 02
“ သူရဲ့ individual အင်အားကတော့ တော်တော်လေးမြင့်တယ်”
ထိုအခြေနေသည် ကြေးနီရောင်အပိုင်းစတွင်သာ ဖြစ်သော်လည်း ထို video ထဲတွင် ပါဝင်သော စီမံလည်ပတ်ပုံ များကိုသာ အပြင်တွင် ထုတ်ပြလိုက်ပါက professional အသိုင်းဝိုင်းကြီးတစ်ခုလုံး ကိုပင် သုံးကြိမ်ခန့် တုန်ခါသွားစေလောက်သည်”
လုဖုန်း : “အင်း”
သူ၏ တုံ့ပြန်မှု သည် ပေါ့ပါးသည်။ ရှင်းလင်းကြည်လင်နေပြီး သိပ်မစိုးရိမ်ပုံရသည်။ သို့သော် သူ၏ မျက်လုံးများကမူ ဖန်သားပြင်ကိုမျက်တောင်ပင်မခတ်ပဲ စိုက်ကြည့်နေသည်။
အစည်းဝေးခန်းက မှောင်သည်။ ဖန်သားပြင်အလင်းရောင်ကမူ တောက်ပ၏။ မဲနက်သော မျက်ဝန်းတစ်စုံသည် တစ်ဖက်တွင်ပြန်ပေါ်လာသောအခါ မီးတောင်အလင်းဖွားများပင် လောင်မြိုက်နေသေးသည်။
ချန်းဖုန်းသည်လည်း ထိုမျက်လုံးကိုမြင်လိုက်ပြီး သူ၏ ရင်ဘတ်အတွင်း သွေးများပူပြင်းလျှက် စိတ်လှုပ်ရှားစွာ ပေါက်ထွက်မတတ်ဖြစ်လာသည်။
ပြိုင်ပွဲဝင်စိတ်ဆန္ဒ
ဒါက… လုဖုန်းရဲ့ မျက်လုံးထဲမှာတိုက်ခိုက်လိုစိတ်ရှိနေတာပဲ။
သူဒါကို မမြင်ရတာ ဘယ်လောက်လောက်ကြာသွားပြီလဲ။
လုဖုန်းသည် ကမ္ဘာ့ နံပါတ်တစ် ဖြစ်လာပြီးကတည်းက ဖြစ်လောက်သည်။ ချန်းဖုန်းအနေဖြင့် လုဖုန်း၏ မျက်လုံးထဲတွင် ထိုအချိန်မှ စတင်ပြီး ယခုလိုခံစားချက်မျိုးကို မမြင်ရတော့ချေ။
ထိုခံစားချက်များက တိုက်ခိုက်လိုခြင်း ဆန္ဒ ၊ အနိုင်ယူလိုချင်စိတ် ဆန္ဒ ၊ တိုက်ပွဲတွင် အပြည့်ဝဖောက်ခွဲလိုစိတ် ဆန္ဒ ဖြစ်သည်။ သူသည် ကြာရှည်စွာစောင့်ဆိုင်း နေရသော ပြိုင်ဘက်နှင့် တိုက်ခိုက်လိုစိတ် ရှိနေသည်။
ချန်းဖုန်း၏ နှလုံးသားက ကျယ်လောင်စွာအော်ဟစ် ခုန်လှူပ်လာသည်။
ဝေ့ရှောင်း FTW ကိုလာတာ တကယ်ပဲ အဆင်ပြေမှာလား။
“ ငါ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အင်အားကိုတော့ အသိမှတ်ပြုတယ်”
ချန်းဖုန်းက တည်ငြိမ်သွားသည်။
“ ဒါပေမဲ့ ငါတို့လိုအပ်တာက အသင်း”
FTW သည် individual ကမ္ဘာ့ championship များလုံလောက်အောင်နိုင်ပြီးလေပြီ။ သူတို့သည် အစစ်မှန် championshipကို လူတိုင်းထက်ပိုလိုချင်သေးသည်။
ပုဂ္ဂိုလ်ရေး ဆိုင်ရာ အင်အားသည် လိုအပ်သော်လည်း ထိုကဲ့သော အင်အားမျိုးတွင် မည်သူပမှ လုဖုန်းကိုမယှဥ်နိုင်ပေ။
သူတို့ ပို၍ လိုအပ်သည်မှာ ကြိုးတစ်ချောင်းတည်းဖြင့် အတူတကွ ချည်နှောင်ထားပြီးအသင်းဝင် ၅ ယောက်လုံး စုစည်းလျှက် အဆုံးစမဲ့သည့် အင်အားမျိုးကို ကြိုးစားထုတ်ဖော်နိုင်သည့်အသင်းဖြစ်သည်။
လုဖုန်းက အကြည့်ကို ပြန်ရုတ်သည်။
“ သူလုပ်နိုင်တယ်”
ချန်းဖုန်းသည် ဝေ့ရှောင်းကိုအလွန်မင်း ကောင်းမွန်စွာနားလည်သည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က ချန်းဖုန်းသည်လည်း လုဖုန်းသည်လည်း တစ်ဖက်သူကို လက်မှတ်ထိုးချင်သောအခါ အလွန်မင်းထောက်ခံပေးခဲ့သည်။
ဝေ့ရှောင်း ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အင်အားက လူသစ်ဘုရင်ဆိုသော အနေထားမျိုးကို အသိမှတ်ပြုခြင်းမဟုတ်လေပဲ တစ်ဖက်သူ၏ လူသစ်လေ့ကျင့်ရေးစခန်းမှ တစ်ဆင့် major club များမှ အသင်းများနှင့် စိန်ခေါ်ရဲသော သတ္တိကို လေးစားခြင်းဖြစ်သည်။
ပြောင်မြောက်ထူးချွန်သော လူသစ်များသည်နေရာတိုင်းတွင် တည်ရှိနေသည်။ သို့သော် လွန်ခဲ့သောနှစ်နှစ်အတွင်း ထိုကဲ့သို့လုပ်ရဲခဲ့သော သူက ဝေ့ရှောင်းတစ်ယောက်တည်းသာရှိသည်။
သူသည် မာနကြီးသည်။ လုပ်ရဲကိုင်ရဲစိတ်ရှိသည်။ သို့သော် သူ၏ အရှိန်ဝါသည် အသင်းဖော်တိုင်း၏ တိုင်ခိုက်လိုသော ဆန္ဒ ကို လောင်မြိုက်ပေးနိုင်၏။ တစ်နည်းအားဖြင့် မရင့်ကျက်သော အသင်းတစ်သင်းက သူတို့ ရဲ့ ကိုယ်ပိုင်စွမ်းရည်ထက် ကျော်လွန်သော လုပ်နိုင်စွမ်းရည်ကို ထုတ်ဖော်ပြသပြီး တစ်ကြိမ်ပြီးတစ်ကြိမ် နိုင်အောင် ကစားနိုင်ခဲ့သည်။
ဝေ့ရှောင်းသည် အလင်းများလွှတ်ထုတ်သော လူတစ်ယောက်နှင့်တူသည်။ သူ၏ အသင်းဖော်များကို သူသည် ကြင်နာစွာပင်ထိုအလင်းများကို ဖြန့်ဝေပေးနိုင်သည်။
အတိတ်တွင် သူ၏ ထိုကဲ့သို့သောအရည်အသွေးကြောင့် အဓိက club တိုင်းက သူ့ကို အကျိတ်နယ် လုခဲ့ကြခြင်းဖြစ်သည်။ သို့သော် ကံဆိုးသည်မှာ သူသည် ကျော်ကြားမှု အထွတ်ထိပ်ကာလတွင် ရုတ်သိမ်းလျက် သဲလွန်စ ပင်မချန်ထားရစ်ခဲ့ပဲ ပျောက်ကွယ်သွားခဲ့သည်။
8 03
ချန်းဖုန်းက သက်ပျင်းချပြီး လုဖုန်းကို တိုက်ရိုက်ကြည့်သည်။
“ လွန်ခဲ့တဲ့ နှစ်နှစ်က မင်းတို့အကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ”
ထိုအခြေအနေ သည် သူနားမလည်သော အပိုင်းဖြစ်သည်။ ဝေ့ရှောင်းသည် အသင်းတစ်ခုလုံးကိုစုစည်းနိုင်သော စွမ်းရည်ရှိသည်မှာ မှန်ကန်သည်။ သို့သော်သူ နှင့် လုဖုန်းအကြား ရန်ငြိုးရှိနေခဲ့သော ထိုအခြေအနေ ကိုဆက်ပြောရန်မလိုအပ်တော့ချေ။
FTW တွင် လုဖုန်းသည် အမြဲတစေ အချက်ချာ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပေလိမ့်မည်။
လုဖုန်းနှင့် မပူးပေါင်းနိုင်သော သူသည် တစ်ဖက်သူ အင်အားက မည်မျှမြင့်မားစေကာမူ တန်ကြေးမရှိချေ။
လုဖုန်းက ချန်းဖုန်းကို ကြည့်သည်။
“ သူက ငါ့ကြောင့် professional ကွင်းကို လက်လျှော့လိုက်တာမဟုတ်ဘူး”
ထိုစကားကမူ တစ်ခြားသော လူများကို အတွေးများစေလောက်သည်။ သူသည် အဖြစ်ပျက်ကိုတိုက်ရိုက်မပြောလေပဲ သူ့အတွက်ကြောင့် မဟုတ်ကြောင်းကို သာပြောသည်။ ချန်းဖုန်းက အလွန်ပင်အလေးနက်ထားကာ ပြောလာသည်။
“ ငါ ကမင်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်လက်တွေကို အတင်းကြပ် ရှာဖွေစစ်ဆေးနေချင်တာမဟုတ်ဘူး။ ဒီအတိုင်း ဖုံးကွယ်ထားတဲ့ အန္တရာယ် တွေမဖြေရှင်း ရသေးဘူးဆိုရင် ငါဝေ့ရှောင်း ကို မယုံကြည်နိုင်ဘူး”
ပြောရမည် ဆိုလျှင် သူ၏ ထင်မြင်ချက် သည် လုဖုန်းကို မလွမ်းမိုးနိုင်ပေ။ သို့သော် လုဖုန်းကသာ ဝေ့ရှောင်းကို လိုချင်လျှင်မူ သူသည်လည်းမတတ်နိုင်ပေ။
ဒါပေမဲ့ နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်လာသောအတွက်ကြောင့်နဲ့ ချန်းဖုန်း သည်လည်း သူပြောလိုသမျှကို ပြောလိုက်လေသည်။
“ သူအခြေစိုက်စခန်းမှာ သုံးရက်နေသွားတယ်”
လုဖုန်းက ပါးစပ်ကို တဖြည်းဖြည်း ဟပြီးပြောပြသည်။
ချန်းဖုန်းက ပြောသည်။
“ ဒီသုံးရက်လုံးလုံး သူကမင်းနဲ့ပဲ တစ်ချိန်လုံးရှိနေခဲတာ”
လုဖုန်းကပြန်ဖြေသည်။
“ ဟုတ်တယ်”
“ ဒါဆိုရင် မင်းတို့တွေ”
ချန်းဖုန်းသည်လည်း ထိုအကြောင်းအရာကို တချိန်လုံးသိချင်နေခဲ့ခြင်းဖြစ်သည်။
အဲ့ဒီ သုံးရက်အတွင်းဘာတွေ ဖြစ်သွားခဲ့တာလဲ။
ဝေ့ရှောင်းသည် သူတို့၏ club သို့လာရောက်ကာ သတင်းပို့ခဲ့သောအချိန်က FTW တွင်သူတို့၏ အရင် စခန်းဟောင်းတွင်သာ ရှိနေသေးသည်။ ထိုနေရာသည် ယခုလောက်မကျယ်သော သုံးထပ်တိုက် အဆောက်ဦးငယ်လေးဖြစ်သည်။
ထိုအချိန်တွင် ပထမ အသင်းနှင့် အစားထိုး အသင်းတို့ အဆောက်က်ဦးတစ်ခုတည်းတွင် ပေါင်းနေရချိန်ဖြစ်သည်။ ထိုကြောင့်နေရာက ကြပ်သည်။ ထိုအတွက်ကြောင့် လုဖုန်းသည်လည်း သုံးလွှာတွင်ရှိသည့် သူ၏ suite သို့ခေါ်သွားခဲ့ခြင်းဖြစ်သည်။
Suite ဟုခေါ်ကောင်းခေါ်လောက်သော်လည်း တစ်ဖက်ခြမ်းတည်းတွင် အိပ်ခန်းနှင့် ဧည့်ခန်း ကပ်လျက်ရှိခြင်းဖြစ်သည်။ ထို့နေရာ တစ်ခုလုံးကိုခြုံငုံကြည့်လိုက်သော် ယခုအခြေစိုက်စခန်း အသစ်မှ တစ်ယောက်အိပ် အိပ်ခန်းလောက်ပင်မကျယ်ပေ။
ဝေ့ရှောင်း က အပေါ်ထပ်တက်သွားပြီးချိန်မှ စတင်ပြီး ဘယ်သောအခါမှ ပြန်မဆင်းလာတော့ချေ။ သုံးရက်ခန့်ကြာပြီးနောက်တွင် New Oriental တွင် အိပ်မက်နောက်သို့ လိုက်မည်ဆိုပြီး ဝေ့ရှောင်းက ချန်ထားခဲ့သော စာကိုသာမြင်ရတော့လေသည်။
FTWအခြေစိုက်စခန်းတွင်ဝေ့ရှောင်နှင့် အဆက်သွယ်ရှိခဲ့သော တစ်ဦးတည်းသော လူက လုဖုန်းဖြစ်သည်။
လုဖုန်းသည်လည်း စကားအများကြီးမပြောခဲ့ပဲ Season သစ်အတွက် ပြင်ဆင်နေခဲ့သည်မှာ အရာအားလုံး ပုံမှန်ဖြစ်နေသည့်အလားဖြစ်သည်။ ယခုအခါ ချန်းဖုန်းသည် ထိုအမှန်တရားကိုသိချင်လာသည်။
“ သူအမြဲတမ်း ငါနဲ့ solo ချင်ခဲ့တာ”
လုဖုန်းက တည်ငြိမ်စွာပြောသည်။
“ ဒီတော့ ငါတို့တွေ 48 နာရီ လုံးလုံး solo ခဲ့ကြတယ်”
ချန်းဖုန်း ၏ အမူရာက ပျက်ယွင်းသွားသည်။
“ဘာ”
လုဖုန်းက ခပ်ပြတ်ပြတ်ပြောသည်။
“ ငါ့မှာပွဲစဥ် တွေရဲ့ recording တွေရှိသေးတယ်။ ကြည့်ချင်လား”
“ မကြည့်ပါဘူး”
ချန်းဖုန်းကမကြည့်ချင်ပင်။
သူ့ကို ပို၍ အံသြစေခဲ့သည်မှာ
“ … ၄၈နာရီလုံးလုံး solo ခဲ့ကြတယ်ဟုတ်လား”
လုဖုန်း : “ ကြားထဲမှာ ထမင်းစားတာ ၊ ရေသောက်တာ ၊ အိမ်သာသွားတာတွေ တော့နားတယ်”
ချန်းဖုန်း ၏ အသံက ပြိုကွဲလုနီးပါးဖြစ်လာသည်။
“ အိပ်တာကရော”
လုဖုန်း : “ ငါတို့မပင်ပန်းဘူး”
ချန်းဖုန်း : “…”
ဒါက ဘယ်လောက်တောက် လျို့ဝှက်ဆန်းကျယ်တဲ့အမှန်တရားလဲ။
8 04
ဝေ့ရှောင်းသည် သူတို့၏ အခြေစိုက်စခန်း တွင်သုံးရက်နီးပါးနေခဲ့ပြီး သုံးရက်လုံးလုံး အောက်သို့မဆင်းခဲ့သည်မှာ လုဖုန်းနှင့် solo နေသောကြောင့်ဖြစ်လေသည်။
ထိုအရူးကောင်လေးက ဒီနေရာသို့ လာခဲ့သည်မှာ လုဖုန်းကြောင့်ဖြစ်သည်။ ထိုကြောင့် ထိုသို့လုပ်သည်မှာ အံသြစရာမကောင်းပေ။
ဒါပေမဲ့ ဘာလို့ လုဖုန်းကလည်း ဒိီလောက်အကြာကြီး လိုက်လုပ်ပေးတာလဲ။ နောက်ပြီး ၄၈ နာရီတောင်။
တခြားဘာကိုမှ မပြောနဲ့ဦး ဒီကောင်တွေမပင်ပန်းဘူးလား။
“ နိုင် နိုင် နိုင်တဲ့အခြေအနေက ဘယ်လိုလဲ”
ချန်းဖုန်း ကမေးသည်။
လုဖုန်းက ခဏခန့် ရပ်တန့်သွားသည်။
ချန်းဖုန်းသည် အတိတ်တွင် လူသစ် ဝေ့ရှောင်းအကြောင်း ပြန်တွေးမိလိုက်သည်။ ထိုအချိန်တွင် လုဖုန်းသည်လည်း အထွတ်ထိပ် အခြေနေတွင်သည်။ ထို့ကြောင့်သူကသံကို ထပ်ထုရိုက်လိုက်သည်။
“ ဒါက သူတစ်ပွဲမှ မနိုင်သွားတာတော့ မဟုတ်ပါဘူးနော်”
လုဖုန်း၏ နှူတ်ခမ်းက အသာကော့သွားသည်။
“ သူနောက်ဆုံးပွဲတော့နိုင်သွားတယ်”
ချန်းဖုန်း : “ …”
လုဖုန်းက ထပ်ဖြည့်ပြောသည်။
“ သူခိုးကို သုံးပြီး ငါ့ကို နိုင်သွားတာ”
ချန်းဖုန်းက မျက်လုံးလှန်ချင်သည်။
“ ဖာခ့် ၄၈ နာရီတောင်။ မင်း မင်း က ကစားတာ ပင်ပန်းလို့ရှုံးသွားတယ်ပေါ့”
လုဖုန်း : “ ငါမပင်ပန်းပါဘူး”
ချန်းဖုန်း : “ မင်းစိတ်မရှုပ်ဘူးလား”
လုဖုန်း : “ သူနဲ့ solo ဝင်ရတာ ပျော်ဖို့ကောင်းတယ်”
ချန်းဖုန်းသည် တစ်လောကလုံးက ရူးသွပ်သွားသည်ဟုပင်ခံစားလိုက်ရသည်။
“ ဒါဆိုရင် ဘာလို့ မင်းရှုံးသွားတာလဲ။ အထွတ်ထိပ်အခြေနေမှာ မင်းရဲ့သူခိုးက ဘယ်လိုရှုံးမှာလဲ”
လုဖုန်းက မျက်လွှာချသည်။
“ ငါနည်းနည်း စိတ်လွင့်သွားလို့”
ချန်းဖုန်းက ကုလားထိုင်ပေါ်မှပြုတ်ကျမတတ် ဖြစ်သွားသည်။
“ အာ”
လုဖုန်းသည်လည်း သူနားမလည်မည့်အခြေအနေကို နားလည်လိုက်သဖြင့် ဆက်လက်ရှင်းပြသည်။
“ ငါနေရာချထားတဲ့နေရာမှာ စိတ်လွင့်ပြိီး အမှားလုပ်မိသွားလို့ အသတ်ခံလိုက်ရတာ”
ချန်းဖုန်းက လုဖုန်း၏ ရှင်းပြချက်ကို တစ်ဘဝလုံးဆက်လက်ပြီးနားမထောင်ချင်တော့ပေ။
“ မင်းက သောက်ကျိုးနည်း တစ်ဖက်သူ ကို ၄၈ နာရီလုံးလုံးအနိုင်ကျင့်နှိပ်ဆက်ပြီးတဲ့ နောက်ဆုံး တစ်ပွဲမှာမှ စိတ်လွင့်သွားတယ်ဟုတ်လား”
ချန်းဖုန်းသည် ထိုမြင်ကွင်းကိုတွေးတောမြင်ယောင်ပြီး သူ၏ နှလုံးသားဟာကွဲအက်သွားသည်ဟုပင် ခံစားလိုက်ရသည်။
ဒါက လူသားတစ်ယောက် လုပ်တဲ့လုပ်ရပ်လား။
၁၈ နှစ်အရွယ် ဝေ့ရှောင်ရှောင်းလေးက ဘာများ အမှားလုပ်ခဲ့လို့လဲ။ နောက်ပြီးအသင်းကို မဝင်ရသေးခင်မှာတောင် ဒီလိုအနိုင်ကျင့် နှိပ်ဆက်တာကိုခံလိုက်ရေသးတယ်။
ဒီလိုဖြစ်နေတာတောင်မှ လုဖုန်းက ဝေ့ရှောင်း professional ကွင်းကို စွန့်လွှတ်ခဲ့တာက သူ့ကြောင့်မဟုတ်ဘူးပြောသေးတာလား။
သူသာ ဆိုရင် ပြိုင်ပွဲအကြောင်းကို မပြောနှင့် သူသုံးထပ်ကပင်တိုက်ရိုက် ခုန်ချလိုက်လောက်ပြီ။
“ မင်း လိုပြုမူတဲ့သူများရှိသေးလို့လား”
8 05
ချန်းဖုန်းသည် ဝေ့ရှောင်း စကားတစ်ခွန်းမဆိုပဲ ထွက်သွားသည့်အတွက် အမြဲတစေ ထင်မြင်ချက် အမျိုးမျိုးကို ဗိုက်အပြည်သယ်ဆောင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ နောက်ဆုံးတွင် လုဖုန်းကိုသာ ဝေဖန်အကဲဖြတ်ချင်သွားသည်။
“ လူသစ်တစ်ယောက် ကို ဒီလိုဆက်ဆံတဲ့ တခြားသာသူများရှိသေးလို့လား”
လုဖုန်းက ခေါင်းခါသည်။
“ သူနဲ့ solo တဲ့အချိန်မှာ ငါအားကုန်ထုတ်ဖို့ပဲ တတ်နိုင်တယ်”
ချန်းဖုန်းက ကြောင်သွားသည်။
လုဖုန်း၏ မျက်လုံးများသည် မြင်သာမူ တစ်စွန်းတစ်စပင်မရှိချေ။
“ သူကနိုင်ချင်ရုံတင် မဟုတ်ဘူး။ လေးစားလည်း ခံချင်တာ”
ထို ၄၈ နာရီအတောအတွင်းတွင် လုဖုန်းသည် ဝေ့ရှောင်းအားအနိုင်ယူခွင့်ပေးသည့်အနေဖြင့် မရေမတွက်နိုင်တဲ့ အခွင့်ရေးများပေနးနိုင်ခဲ့သည်။
ဒါပေမဲ့ ဒီလူနှစ်ယောက်အကြားက သာမန်တိုက်ပွဲတွေမှာ နိုင်တယ်ရှုံးတယ်ဆိုတာက ဘယ်လိုများအရေးကြီးမှာလဲ။
သို့သော် သူထိုသို့မလုပ်နိုင်ခဲ့ချေ။
သူသည် ထိုလူငယ်၏ တိုက်ပွဲဝင် စိတ်ဆန္ဒ အဖြစ်လောင်ကျွမ်းကာ တောက်ပနေသော မျက်ဝန်းတစ်စုံကို မြင်လိုက်ချိန်တိုင်းလိုလို စိတ်မအေးနိုင်ခဲ့ချေ။
အနိုင်ကအရေးမကြီးဘူး။
သူ့အတွက်ပိုပြီးအရေးကြီးတာက ပြိုင်ဘက်ကိုလေးစားပေးတာပဲ။
နောက်ဆုံးဂိမ်းပွဲတွင် လုဖုန်းသည် ဝေ့ရှောင်းအား ဆက်တိုက်ရှုံးစေသောကြောင့် စိတ်လွင့်သွားခဲ့ခြင်းမဟုတ်ချေ။ ဝေ့ရှောင်း၏ လက်များက အနည်းငယ်တုန်နေခဲ့သည်။ သို့တိုင်အောင်သူသည်ဆက်တိုက် အတိုက်ခံကြိုးစားပြီး သူ၏ character ကိုပြီးပြည့်စုံစွာထိန်းချုပ်နိုင်နေသော အချက်ကြောင့် စိတ်လွင့်သွားခြင်းဖြစ်သည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာအင်အား က သူ့အားအမှီ မလိုက်နိုင်တော့ချေ။ သို့သော်သူ၏ စိတ်ဓာတ်အင်အားကမူ မယိမ်းယိုင်သေးချေ။ လုဖုန်းသည် ဝေ့ရှောင်းဟာ အစမှ အဆုံးထိ ဘယ်သောအခါမှ လက်မလျော့ခဲ့ပဲ လေးလေးနက်နက် ကစားခဲ့ခြင်းကြောင့် စိတ်လွင့်ခဲ့ရခြင်းဖြစ်သည်။
နောက်ဆုံး ဂိမ်းပွဲတွင် လုဖုန်းသည် အမှားလတစ်ခုကို လုပ်မိသွားသည်။ ဝေ့ရှောင်းမှာမူ အလွန်ပင် မောပန်းနွမ်းနွယ်နေခဲ့သည့်တိုင်အောင် ထိုအခိုက်တန့်ကို အမိရ ဖမ်းယူလိုက်နိုင်သည်။
ဒီလိုနဲ့ သူ့ကို အမှန်တကယ်နိုင်သွားတာပဲ။
နောက်ပြီး သူခိုးကိုသုံးပြီး Close ကိုနိုင်သွားတာ။
လုဖုန်းသည် သေချာမှုအပြည့်ဖြင့်ဖြစ်သည်။ ဝေ့ရှောင်းသည် ၄၈ နာရီလုံးလုံးရှုံးခဲ့သောကြောင့်ထွက်သွားခဲ့ခြင်းမဟုတ်ပေ။
အကြောင်းမူကားနောက်ဆုံး game ပွဲစဥ်ပြီးချိန်တွင် gaming ကုလားထိုင်ပေါ်တွင် ခွေလဲသွားသော လူငယ်က သူ့ကိုပြောခဲ့သေးသည်။
“ တကယ်အံသြစရာပဲ။ မင်းက တကယ်သန်မာတယ်”
လုဖုန်းသည်သူ့ကို ကြည့်သည်။ လူငယ်၏ မျက်နှာမှာဖျော့တော့နေပြီးမောပန်း နွမ်းနွယ်မှုကြောင့်သွေးပင် မဲ့နေ၏။ သို့သော် ထိုမျက်လုံးကမူ မနက်ခင်း ကြယ်စင်များတောက်ပနေသေးသည်။
“ တစ်ရက်မှာတော့ ငါမင်းကိုအနိုင်ရအောင်ယူမှာ”
FTW : အနိုင်အတွက်။
လူအများစုသည် လုဖုန်းဟာ FTW အတွက်မွေးဖွားလာသည်ဟု ဆိုကြသည်။ လုဖုန်းသည်လည်း သူ့အရှေ့မ လူငယ်ကမူ အနိုင်အရယူ ရန်မွေးဖွားလာကြောင်း နားလည်လိုက်သည်။
******