အပိုင်း(၉)ဝေ့ရှောင်း : “ ငါကအခြေခံအားဖြင့် FTW ရဲ့ မိသားစုဝင်ထဲက တစ်ယောက်ဖြစ်နေတုန်းပဲ”
“ ဒါဆိုရင် သူက ဘာလို့ထွက်သွားတာလဲ”
ချန်းဖုန်းဟာ ပဟေဠိဖြစ်နေသည်။
၄၈ နာရီလုံးလုံး soloing လုပ်ခြင်းက ကြားရသူတိုင်းအတွက် အလွန်ပင် မတရားလွန်းရာ ရောက်သည်။ ထပ်ပြောရန်ပင် မလိုအပ်ချေ။ သို့သော် ထိုကလေးက ထိုဂိမ်းထံမှ သူ့ကိုယ်သူ မရုန်းထွက်နိုင်လောက်အောင် စိတ်နှစ်ထားပုံကိုမူ မြင်နိုင်သေးလေသည်။
အဆင့်မြင့် အဆင့်တွင်ရှိသော ကစားသမားများအကြားရှိ solo game ပွဲတစ်ပွဲစီသည် မိနစ် ၂၀ ခန့်သာအများဆုံးကြာမြင့်သည်။
ဒါကို 144 ပွဲလုံးရှုံးထားတဲ့ ဝေ့ရှောင်းက ဘယ်လိုများလက်ခံနိုင်တာလဲ။
သူ၏ ရူးကြောင်ကြောင် character ကို အခြေခံကြည့်ခြင်းအားဖြင့် သူ၏ အရှုံးတချို့ကို ပြန်လည်ရရှိရန် အလို့ငှာ FTW တွင် ဆက်နေသင့်သေးသည်။
… တစ်ရက်မှာ ငါသေချာပေါက် မင်းကိုနိုင်ရမယ်… ဆိုတဲ့စကားကို ငါပြန်ပြောရဦးမယ်။
ဒီလိုမျိုး ရှင်းရှင်းလင်းလင်း စစ်ကြေငြာသွားသင့်တာ။ ပုံမှန်အခြေအနေမျိုးမှာဆိုရင် ဝေ့ရှောင်း က သေချာပေါက်သူ့ရဲ့ skill ကိုဆက်တိုက်ကြိုစားအားထုတ်ပြီး လေ့ကျင့်ရင် လုဖုန်းကို အမြဲတမ်းကပ်တွယ်နေရမှာ မဟုတ်ဘူးလား။ ဒါကို ဘယ်လိုများထွက်သွားနိုင်ရတာလည်း။
သူတို့က အဲ့ဒီ အခြေအနေကို ခြေတစ်သောင်းလောက်လှမ်းပြီး ပြန်ကြည့်မည်ဆိုလျှင် ဝေ့ရှောင်းက ပြိုင်ပွဲမှာ လုဖုန်းကို ထိပ်တိုက်ရင်ဆိုင်ချင်ရင် အခုလ်ိုမျိုး စားဖိုမှူး လုပ်ဖို့ New Oriental ကို သွားမဲ့အစား အခြား club တစ်ခုကိုပဲ သွားသင့်တာ။
ဒါလည်းမဟုတ်သေးဘူး။
ချန်းဖုန်းက တွေးတောရင်း မေးလိုက်သည်။
“ ပြသနာက … သူ့ရဲ့ မိသားစုနှင့် ပတ်သက်တာလား”
E-sport အသိုင်းအဝိုင်း၏ လျှင်မြန်စွာ တိုးတက်မူနှင့် ကြောက်စရာကောင်းလောက်အောင် မြင့်မားသည့် ဝင်ငွေ တွေအပြင် ဒီအသိုင်းအဝိုင်းကို အသိမှတ်မပြုသေးသော လူများလည်းရှိနေသေးသည်။
ဝေးကွာလွန်းတဲ့ကိစ္စကို ထည့်ပြောရန်မလိုအပ်ချေ။ အနီးကပ်ဆုံး ဥပမာ သည် အနားဝန်းကျင်တွင်ပင်ရှိသည်။
ဘေးအိမ်မှ အသင်းခေါင်းဆောင် မော့ ဆ်ိုလျှင် သူသာ game ကောင်းကောင်း မကစားနိုင်လျှင် အိမ်ပြန်၍ သန်းရာကျော်တန်သော မိသားစုစီးပွားရေးကို အမွေဆက်ခံ၍ ရသည်။ ထို့အပြင် E-sport အသိုင်းဝိုင်းအတွင်း ဝင်ရောက်ရန်အတွက် တောင်ပိုင်း တက္ကသိုလ်မှပင်ထွက်ခဲ့ပြီး မိသားစုနှင့် ဆက်ဆံရေးဖြတ်တောက်ခဲ့သည့် နတ်ဘုရား ဖူ လည်းရှိနေသေးသည်။
ဒါပေါ့ သူတို့ရဲ့ နတ်ဘုရား လုက အကောင်းဆုံး ဥပမာဆိုတော့ ကြော်ဖြတ်သွားလို့တော့ မရဘူး။
လုဖုန်း ၏ မိသားစုနှင့် မည်သည့်အဖြစ်ပျက်များဖြစ်ပျက်ခဲ့
ကြောင်းကို မည်သူကမှ မသိသော်လည်း သူသည် အသက်၁၆ နှစ် အရွယ်တွင် အိမ်မှ ထွက်ပြေးလာခဲ့ပြီး ၅ နှစ်လုံးလုံး မိသားစုကိုမဆက်သွယ်ပဲ အဆက်သွယ်အားလုံးကို ဖြတ်တောက်ခဲ့သော သူဖြစ်သည်။
ချန်းဖုန်း သည် အတတ်နိုင်ဆုံး ကြိုးစားပြီး ရေကို စမ်းကြည့်လိုက်သည်။
“ ဝေ့ရှောင်ရှောင်းက ချမ်းသာတဲ့ ဒုတိယမျိုးဆက်များ ဖြစ်နေတာလား”
ယွမ်နှစ်သန်း လက်မှတ်ထိုးခြင်းကို ရင်ဆိုင်ရတာတောင်မှ မလိုချင်ပဲနဲ့ ဒီလိုထွက်သွားနိုင်တာက ချမ်းသာပြီး လေးစားဖို့ကောင်းတဲ့ မိသားစုက လူတွေပဲ လုပ်နိုင်တဲ့အရာမျိုးပဲ။
လုဖုန်း : “ ငါမသိဘူး”
ချန်းဖုန်းသည် အများကြီးမတွေးနိုင်ချေ။ သူတို့နှစ်ယောက် သည် သုံးရက်နှင့် သုံးညသာ သိလိုက်သည်။
ဒါကို အရမ်းကိုလေးနက်တဲ့ ပြဿနာက ဘယ်လိုရှိနိုင်မှာလဲ။
နောက်ပြီး လုဖုန်း မသိတာက ပုံမှန်ပါပဲ။
ပြောရမည် ဆိုလျှင် လုဖုန်းသည် အနည်းငယ်တော့ အရိပ်အခြည် သိထားသည်။
၄၈ နာရီခန့် soloing လုပ်ပြီးနောက် မောပန်းနွမ်းနွယ်မူ နှင့်ညအိပ်ချင်စိတ်များက ချက်ချင်းဆိုသလိုပင် ဝင်ရောက်လာသည်။
လုဖုန်း ကဲ့သို့ပြောင်မြောက်ထူးချွန်သော ခန္ဓာကိုယ် အခြေအနေ ကို ပိုင်ဆိုင်ထားသောသူက ပင်အနည်းငယ်တောင့်မခံနိုင် ဖြစ်လာသည်။ ထို့ကြောင့် ဝေ့ရှောင်း ကဲ့သို့ ဝင်သက်အနည်းငယ်သာ ကျန်ရစ်လောက်အောင် နွမ်းနွယ်ခဲ့ရသူ ဆိုလျှင် ပို၍ဆိုးသေးသည်။
ထိုသို့ကလေးက အမှိုက် လိုစကားများကို အဆုံးသတ်ပြိီးချိန်တွင် E-sport ပြိုင်ပွဲ ကုလားထိုင်တွင် မျက်လုံးကိုတန်းမှိတ်လိုက်သည်။ လုဖုန်းက သူ့ကိုလှမ်းခေါ်သည်။ ဝေ့ရှောင်းခပ်ဝါးဝါးသာ တုန့်ပြန်သည်။
လုဖုန်းက သူ၏ ပုခုံးကိုအသာတွန်းလိုက်၏။
“ အခန်းပြန်အိပ်”
9 02
ဝေ့ရှောင်း : “ zzzzz…”
ဒိီကလေးကတော့…
လုဖုန်းက အနားကပ်လာရင်း မေးသည်။
ငါမင်းကို အိပ်ခန်းထဲခေါ်သွားပေးဖို့လိုလား။ ဝေ့ရှောင်းက အမှန်တကယ် အိပ်မောမကျသေးချေ။ သူသည် လှုပ်ရှားရန် ပျင်းလွန်းနေသည်သာဖြစ်သည်။ ထို့ကြောင့် ပြန်ပြောသည်။
“ ခေါင်းဆောင် ခေါင်းဆောင် က တကယ်ကို ရက်စက်တာပဲ။ ဘယ်လိုများ ခေါ်သွားရမလားဆိုတဲ့ စကားလုံးကို သုံးရတာလဲ”
လုဖုန်းက ပြောသည်။
မဟုတ်ရင်… ဝေ့ရှောင်းက ဖြောင့်မတ်မှန်ကန်စွာဆိုသည်။
“ သယ်သွားတယ်ဆိုတဲ့စကားလုံးကို သုံးရမှာပေါ့။ ဒါပေါ့ မင်းသမီးတစ်ပါးလို ပွေ့ချီတယ် ဆိုတာကိုသိလား။ အဆင်ပြေတယ်လေ။ ငါကတော့ စိတ်တိုင်းမကျဘူး။ ငါ့ရဲ့ ခြေထောက်တွေက မင်းသမီးတစ်ပါးလို သယ်ယူ ခွင့်ပြုလောက်အောင်ထိန်းချုပ်မှု က လွတ်ကင်းနေပီ”
လုဖုန်းသည်လည်း ထိုကလေးဟာ ပုံမှန်စည်းမျဥ်းများကို မလိုက်နာကြောင်း ကြားထားဖူးပြီးသားဖြစ်သည်။ သို့သော် ကိုယ်တိုင်ကြုံတွေ့ရသောအခါ ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။
“ဖာ့ခ်” ဝေ့ရှောင်းကမူ မတရားခံ ရ သလို ခံစားလိုက်ရ၏။
“ မင်းကငါ့ကို ၄၈ နာရီလုံးလုံး အနိုင်ကျင့်ထားတာတောင် ငါ့ကို အရမ်းဒေါသကြီးနေသေးတယ်”
လုဖုန်း : “…”
ထိုလူငယ်သည် အလွန်လှပသော ရုပ်ရည်မျိုးဖြင့်မွေးဖွားလညသည်။ အထူးသဖြင့် မည်သည့်ခံစားချက်မဆို ဖြည့်၍ ရသော မျက်ဝန်းတစ်စုံနှင့် ဖြစ်နေခဲ့သည်။ ထိုမျက်ဝန်းတစ်စုံ သည် အထူးတလည် ဆွဲဆောင်မှုရှိသည်။
လုဖုန်းက အကြည့်ကိုပြောင်းလိုက်ရင်း အမူရာကို ဖယ်ရှားလိုက်ကာ ပြောသည်။
“ ခေါ်သွားရမလား ၊ လမ်းလျှောက်မလား တစ်ခုခု ကိုရွေး”
ဝေ့ရှောင်းသည် အမိူက်လို စကားများကိုပြောရုံသာဖြစ်သည်။ သူသည် နှစ်ရက်နှစ်ညလုံးလုံး အပြည့်အဝ ရှုံးထားသေးသည့်အတွက် လုဖုန်းကို အနည်းငယ် စိတ်ဒုက္ခပေးချင်ရုံသာဖြစ်သည်။ အမှန်တကယ်လည်း မင်းသမီးတစ်ပါးလို အပွေ့မခံချင်ပါပေ။ ထို့ကြောင့် တဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်သည်။
“ မင်းက တကယ်တကယ်ကို… အာ”
အကျယ်ကြီး ထသန်းလိုက်ခြင်းက မဟာ မိစ္ဆာ ဘုရင်အား မဟာအပျင်းဘုရင် ဖြစ်သွားစေသည်။ ထိုအခိုက်အတန့်တွင် လုဖုန်း ကအနည်းငယ်နောင်တရသွား၏။
သူ ဒီကောင်စုတ်လေးကို FTW မှာ စာချုပ်ချုပ်ခိုင်းလိုက်ရင် သူတို့ရဲ့ စခန်းကြီးက ငြိမ်းချမ်းပါဦးမလား။
သူက FTW ရဲ့ အရမ်းကိုခြောက်ကပ် တိတ်ဆိတ်လွန်းတဲ့ လေထုအခြေနေကို တော့ တိုးတက်အောင်လုပ်ချင်ပါရဲ့။ ဒါပေမဲ့ ကစားကွင်းတော့ မဖြစ်စေချင်ဘူး။
ထိုကောင်လေးကို အိပ်ခန်းထဲသို့ ပို့အပြီးနောက်တွင် လုဖုန်းသည် ရေသွားချိုးသည်။ တစ်နည်းအားဖြင့် အနားယူရန်ပြင်ဆင်လိုက်သည်။
“တင်”
Cell phone ကမြည်လာသည်။ လုဖုန်း ၏ ဖုန်းသည် တစ်နှစ်ပါတ်လုံး silent လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ထူးဆန်းသောအသံထွက် လာသောအခါ သူသည်ပင်အနည်းငယ် ကြောင်သွားသည်။
တ တင် တင် အသံက သုံးကြိမ်ဆက်တိုက် ထွက်လာပြီးနောက် ၊ နောက်ဆုံးတွင် ဝေ့ရှောင်း၏ cell phone မှလာခြင်းဖြစ်ကြောင်းသိလိုက်သည်။
လုဖုန်းက ခါးတွင် တဘက်ပတ်ရင်း computer စားပွဲသို့သွားကာ ဖုန်းကိုယူသည်။ အရေးပေါ်ကိစ္စ ရှိနေသည်လား မသေချာချေ။ ထို့ကြောင့် ဝေ့ရှောင်းကို လိုရမယ်ရ ယူပေးလိုက်ရင် ပိုကောင်းပေမည်။
Cell phone ၏ ဖန်သားပြင်ကို lock မချထားချေ။ ထို့ကြောင့် သူ့ဖုန်း၏ မြင်ကွင်းအတွင်းသို့ စာသုံးကြောင်းလူံး ပေါ်လာသည်။
[ရှောင်ရှောင် မားက မှားပါတယ်။ ကျေးဇူးပြုပြီး ဖုန်း ပြန်ခေါ်ပေးလို့ရမလား]
[ပြန်လာခဲ့ပါ ဟုတ်ပြီလား။ သားရဲ့ မားက အရသာ ရှိတဲ့စားစရာတွေ အများကြီးလုပ်ပေးမယ်လေ။ ]
[ရှောင်ရှောင် အဖေ့ကို အပြစ်မတင်ပါနှင့်။ သူ့အတွက်လည်း တကယ်ကို လွယ်ခဲ့တာမဟုတ်ဘူး။ ]
လုဖုန်းက မျက်မှောင်ကျုံ့သည်။ သူသည် ဖုန်းကိုတစ်ချက်ဆွဲလိုက်ရင်း ပိတ်ချလိုက်သည်။ သည်နည်းအားဖြင့် စာကိုဆက်၍ မဖတ်တော့ချေ။
ဝေ့ရှောင်းက အိမ်ကထွက်ပြေးလာတာလား။
စာချုပ်ကိစ္စကို မိသားစုနှင့် မတိုင်ပင်ခဲ့ဘူးလား။
လုဖုန်း သည် ဧည့်သည်ခန်းထဲသို့ တိုက်ရိုက်သွားလိုက်သည်။ ဝေ့ရှောင်းနိုးသည် အထိစောင့်ပြီးမှသာ ပြောရန်ဆုံးဖြတ်လိုက်၏။
မိဘတွေရဲ့ ခွင့်ပြုချက် မပါပဲ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်နှင့် စာချုပ်ချုပ်တာ…
ဝေ့ရှောင်း က တစ်ခုခုဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် တာဝန်မယူနိုင်ဘူး။
သူသည် ဧည့်သည်ခန်းသို့ရောက်ခါစ သာရှိသေးသည်။ တံခါးကိုပင်မခေါက်ရသေးပဲ အလိုလိုပွင့်သွားသည်။
လူငယ်က အဖြူရောင် T-shirt ကလေးနှင့် ဘောင်းဘီလေးကိုဝတ်ထားပြီး သူ့အရှေ့တွင် ရပ်လျှက်တည်ရှိနေသည်။ လုဖုန်းက အနည်းငယ် အံသြသွား၏။
“ မင်းမအိပ်သေးဘူးလား”
သူကဖုန်းကို လှမ်းပေးလိုက်သည်။ ဝေ့ရှောင်းက ဖုန်းကို ကြည့်ပင်မကြည့်ချေ။ ထို့အစား သူ့စီ တိုက်ရိုက်ချီတက်လာသည်။
9 03
လုဖုန်းက အနည်းငယ် စိုးရိမ်သွားသည်။ ထို့ကြောင့်
“ ဝေ့ရှောင်”
ဝေ့ရှောင်၏ မျက်မောင်းများက သူ့ကို သိုင်းဖက်လာသည်။
“ တအား မာတာပဲ”
လုဖုန်း : “ !”
ဝေ့ရှောင်းက ငြီးတွားသည်။
“ ခေါင်းအုံးက တအားမာတယ်”
လုဖုန်း : “ …..”
ဝေ့ရှောင်းသည် ၄၈ နာရီလုံးလုံး မအိပ်ခဲ့ရချေ။ ထို့နောက်သူသည် နာရီ ၂၀လုံးလုံး ဆက်အိပ်သွားသည်။ လုဖုန်းသည် အိပ်နေရင်း လမ်းထလျှောက်သော ထိုလူငယ်ကောင်စုတ်လေးထံမှ ဖယ်ရှားကာထွက်ပြေးလိုသည်။ သို့သော် နာရီဝက်ခန့်နီးပါးကြိုးစားပြီးနောက်တွင် အလဟက်သဖြစ်သွားရသည်။
သူသည် သူ၏ ကိုယ်ပိုင်အခန်းသို့သည ပြန်ပြီး ဝေ့ရှောင်းကိုသာ ဖက်ရင်းအိပ်လ်ုက်ရသည်။
ဒါက လွန်ခဲ့တဲ့ နှစ်နှစ်က သုံးရက်နှင့်သုံးညလုံးလုံးမှာဖြစ်ခဲ့တဲ့ ကိစ္စတွေပဲ။
“ သောက်ကျိုးနည်း သူက ဘာလို့ထွက်သွားတာလဲ”
ချန်းဖုန်း၏ အသံက လုဖုန်အား အတွေးအားပြန်ခေါ်လိုက်သည်။
လုဖုန်းသည်လည်း ခန့်မှန်းချက်အချို့ရှိသည်။ ဝေ့ရှောင်း၏ ထွက်ခွာသွားမူသည် မိသားစုနှင့်ပတ်သက်သည်မှာ ၉၀ % ခန့်အထိရှိ၏။
အကြောင်းရာ အတိကျကိုတော့ သူမသိဘူး။
နိုင်ချင်စိတ်ပြင်းထန်လွန်းသော ဆယ်ကျော်သက် လေးအား ပြိုင်ပွဲဆင်မြင့်ကို လက်လျော့လျှက် ထွက်သွားစေခဲ့သော ကိစ္စ ဟာ သေးငယ်သောကိစ္စ မဖြစ်နိုင်ချေ။
လုဖုန်းက ပြောသည်။
“ ငါ့ကိုအချိန်နည်းနည်းပေး”
ချန်းဖုန်း : “ ငါတို့ သေချာပြောနိုင်ရင်အကောင်းဆုံးပဲ။ ဒီလိုပါရမီရှင် တစ်ယောက်က အမြှုပ်ခံထားရရင် နှမြောစရာကောင်းမှာပဲ”
လုဖုန်း က သဘောတူကြောင်းအကြံပေးသည်။
ချန်းဖုန်း၏ သိချင်စိတ်က မြင့်တက်လာပြန်သည်။
“ အဲ့ဒီလိုဆိုမှ မင်းသူ့ကိုလဘယ်လိုဆက်သွယ်လိုက်တာလဲ”
လုဖုန်း : “ …”
ချန်းဖုန်း ကပြောသည်။
“ မင်း လောင်ရှမ်းကို လူလုံးထွက်ပြစေချင်သေးလား။ သူက ဒီလိုကိစ္စမျိုးမှာ တော်တယ်လေ”
ရှမ်းလျှိုသည် FTW ၏ မန်နေဂျာဖစ်သည်။ သူသည် လူအများနှင့် ပြောဆိုဆက်သွယ်ရာတွင် အတော်ဆုံးဖြစ်သည်။
“ မလိုဘူး”
လုဖုန်းကပြောသည်။
“ ငါဝေ့ရှောင်း နှင့်ဆက်သွယ်လိုက်မယ်”
ချန်းဖုန်း ကအများကြီးမတွေးခဲ့ချေ။
“ ကောင်းပြီလေ။ သူကမင်းကို စိတ်အဝင်စားဆုံးပဲ။ ငါတို့အားလုံးဝင်ရှုပ်မှာ သူကြောက်သွားလောက်တယ်”
လုဖုန်းက အသာခေါင်းညိတ်သည်။ ချန်းဖုန်းသည် ထွက်သွားခါနီးမှ တစ်စုံတရာကိုတွေးမိပြန်သည်။
“ စကားမစပ် မင်းတို့တွေ နောက်ဆုံးကျန်တဲ့ ၂၄ နာရီမှာ ဘာလုပ်ကြတာလဲ”
လုဖုန်းက တခဏခန့်ရပ်သွားသည်။
“ အိပ်တယ်”
ချန်းဖုန်း က သူ့ခေါင်းသူပုတ်သည်။
“ ဟုတ်သားပဲ နှစ်ရက်နှင့်နှစ်ညလုံးလုံး ကစားပြီးမှတော့ သေချာပေါက်အိပ်ရမှာပေါ့”
သို့သော် လုဖုန်းက နောက်ထပ်မျဥ်း တစ်ကြောင်းထပ်ဖြည့်မည်ဟုမည်သူကမှ ထင်မထားခဲ့ချေ။
“ အိပ်ရာတစ်ခုတည်းမှာ”
ချန်းဖုန်း : “ !!!!!!!!!!”
ဘာ ဘာ ဘာ
လုဖုန်းက သူ့ကိုတည်ငြိမ်စွာကြည့်သည်။
“ ကိစ္စရှိလို့လား”
ချန်းဖုန်း : “ အဲဒါက…”
Shit ဘာကိုဆိုလိုတာလဲ။ ကိစ္စရှိလို့လား ဆိုတာ ဘာကိုဆိုလိုတာလဲ။ သောက်ကျိုးနည်း အရာအားလုံးပဲရှိနေတာပေါ့။ နောက်ပြီးအတူအိပ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အိပ်ရာတစ်ခုတည်းဆိုတာ ဘာကိုဆိုလိုတာလဲ။
မင်းအဲ့ဒီ suite မှာ ဧည့်သည်ခန်း မရှိခဲ့လို့လား။ မင်းတို့ ကောင်တွေ …
ဖာ့ခ် ဖာ့ခ် ဖာ့ခ်။
နည်းပြချန်း၏ ညင်သာသိမ်မွေ့ပြီကျော့ရှင်သော character design ဟာကျိုးပြတ်သွားသည်။
ချန်းဖုန်းသည် အသေးစိတ် အခြေအနေများကို မမေးရဲခဲ့ချေ။
9 04
ဒါက ကြောက်းရာကောင်းလွန်းတယ်။ အရမ်းအရမ်းအရမ်း ကြောက်စရာ ကောင်းတယ်။
သူက ဒီအတိုင်း သာမာန်ရိုးရှင်းတဲ့ နည်းပြလေးပါ။ အဲ့ဒီလောက်ကြီးတဲ့ လှုံ့ဆော်မှုမျိုးကို တောင့်မခံနိုင်လောက်ဘူး။
သုံးရက်တည်းနော်။ ဒီအချိန်က တအားမြန်တယ်။
သူတို့က game ကစားတယ်။ အတူ အိပ်တယ်။ အဲ့ဒီနောက် လမ်းခွဲလိုက်တယ်ပေါ့။
ဒါက အရမ်းကို အရမ်းကို… လုံလောက်တယ်။
နည်းပြ ချန်းသည် အမှန်တရား ကို တွေးတောမိသွားသည်။ သို့သော်သူသည် သူ၏ ခေါင်းထဲမှ ထိုအမှန်တရား ကိုကန်ထုတ်ချင်နေသည်။
Close နှင့် ဂါရီ ၏ လေ့ကျင့်ရေးပွဲစဥ်သည် ညနေသုံးနာရီတွင်ဖြစ်သည်။
လေ့ကျင့်ရေးပွဲစဥ်တိုင်းအတွက် မပေါက်ကြားစေရ ဆိုသော သဘောတူညီမူက ရှိသည်။ game video များကို နှစ်ဖက်အသင်းအတွင်း view ရည်ရွယ်ချက်နှင့်သာ ပြန်လည်ကြည့်ရှုပိုင်ခွင့်ရှိသည်။ အပြင်လူများကို ပြန်လည်ဝေမျှနိုင်ခြင်းမရှိချေ။
Video ကို မျှဝေ ၍မရနိုင်သော်လည်း နှစ်သင်းကြားမှ ပွဲနှင့်ပတ်သက်သော သတင်းများကို ဖုံးကွယ်၍ မရချေ။
ထိုအကြောင်းရာသည် internet ပေါ်တွင် ပွက်လောရိုက်နေပြီဖြစ်ပြီး FTW မှ အသင်းဖော်များအားလုံးကိုပင် လူအများကအသီးသီး အထင်မြင်ကိုလာမေးနေပြီ။
ဒါပေါ့ လုဖုန်းရဲ့ weibo မှာတော့ comment အများဆုံးပဲ။
သို့ရာတွင် သူသည် weibo ပေါ်သို့ ဘယ်သောအခါမှ မတက်လေ့မရှိသောကြောင့် မြင်လိမ့်မည်မဟုတ်ချေ။
ထိုသို့ဖြင့် ပွဲစဥ်က ၃ နာရီတွင် စပြီး ၅ နာရီတွင်အဆုံးသတ်သည်။ သူတို့သည် သုံးပွဲဆက်တိုက် ကစားပြီး နှစ်နာရီကျော်ကြာခဲ့သည်။ 3-0 သာဖြစ်နေသော်လည်း ဂါရီ သည် အမှန်ပင် အင်အားကြီးများနေသည်။ လုဖုန်းကို ထိုအတိုင်းတာသို့တွန်းပို့နိုင်သောလူက မများချေ။
ဂါရီ က ဆက်၍ တိုက်ခိုက်ချင်သည်။ လုဖုန်းက စာရိုက်လိုက်၏။
“ ပင်ပန်းတယ်”
ဂါရီ ကမူ မည်သည့်နေရာကမှန်းမသိသည့် ဘာသာပြန်တစ်ယောက်ကို ခေါ်လာသည်။ သူ၏ စကားလုံးများက အရှေ့မြောက်ပိုင်းသား လေသံမျိုး ပြင်းထန်လွန်းသည်။
“ အဲဒီလိုနှင့် ပင်ပန်းသွားတာလား။ နှစ်နာရီပဲ ကြာသေးတယ် မင်းကပင်ပန်းပြီ ဟုတ်လား။ ဖုန် ငါ့ကို ပေါက်ကရ လာမပြောနဲ့။ ဒီလောင်ဇီက လုံလောက်အောင် မရှုံးရသေးဘူး။ လာမယ် ၊ လာမယ်”
သူသည် အရှေ့မြောက်ပိုင်းသား လေသံရှိရုံသာ မကသေးလေပဲ typo လဲဆန်သည်။
လုဖုန်း : “ အခြေနေ တစ်ခုနှင့် ဆိုရင် နောက်ထပ် game တစ်ပွဲ ကစားလို့ရတယ်”
ဂါရီ ၏ စိတ်လှုပ်ရှားမှုက ခေါင်းထိထိုးတက်သွားသည်။
“ ကောင်းပြီ။ မင်းနောက်ထပ် လေ့ကျင့်ရေးပွဲစဥ် ဆယ်ပွဲထပ်ထည့်ရမယ်ဆိုရင် တောင်မှရတယ်”
လုဖုန်း : “ လေ့ကျင့်ရေးပွဲစဥ် မဟုတ်ဘူး”
ဂါရီ : “ ဒါဆိုရင် ဘာလဲ”
သူသည် လေ့ကျင့်ရေးအသင်းများကို အသုံးပြု၍ လုဖုန်းနှင့် လေ့ကျင့်ရေးပွဲစဥ်ကို ချိန်းဆိုမှု ရယူချင်ခြင်းဖြစ်သည်။ ပြောရမည် ဆိုလျင် ဂါရီသည် ထိုကိစ္စတွင် ဆုံးဖြတ်ချက်မချနိုင်ချေ။ လုဖုန်းသည် ရှမ်းလျှိုနှင့် ဆွေးနွေးရသည်။ ရှမ်းလျှိုသည် တစ်ဖက်သို့လာပြီး သူတို့၏အသင်းနှင့် ဆွေးနွေးရသည်။ မန်နေဂျာ က FTW ဟာမည်သည့်အတွက်ကြောင့် ယခုလိုတောင်ဆိုမှုကြောင်းကို မသိသော်လည်း သဘောတူညီပြီး လက်ခံပေးလိုက်သည်။
ရှမ်းလျှိုသည်လည်း အလွန် ပဟေဠိဖြစ်နေသည်။ သူက ချန်းဖုန်းကိုမေး၏။
“ ဘာလို့ Close က ရုတ်တရက်ကြီး ဒီ Training ပွဲစဥ်ရဲ့ recording ကို အခြားလူတစ်ယောက်စီပို့ချင်သွားတာလဲ”
ဟုတ်တယ်။ လုဖုန်းပြောသော အခြေအနေကမူ သူသည် ဒီနေ့ video ကို မိတ်ဆွေတစ်ယောက်ထံသို့ ပို့ချင်သည် ဆိုပြီးတောင်းဆိုခြင်းဖြစ်သည်။
ချန်းဖုန်း၏ နှလုံးသားက ပြာပုံဖြစ်နေလေပြီ။
“ မသိဘူး”
ရှမ်းလျှို က သူ့ကို အရူးလိုမြင်ရသလိုကြည့်နေသည်။
“ မိတ်ဆွေကြီး မင်းက ဘာဖြစ်တာလဲ။ ဂါရီ ရဲ့ ဆိုးရွားလွန်းတဲ့ တရုတ်ဘာသာစကား ရဲ့လွမ်းမိုးမှုကို ခံလိုက်ရတာလား”
နည်းပြချန်းသည် ဘာကိုမှ မသိသည့် ကံကောင်းလွန်းသော လူနှင့် ကိုင်တွယ်ရန်ပျင်းရိသွားသည်။
အခြားတစ်ဖက်ခြမ်းတွင်FTW တစ်သင်းလုံးက ကိုယ်ပိုင် လေ့ကျင့်မှုအတွင်းတွင် ရှိနေကြသေးသည်။
ပိုင်ချိုင်သည် ဝေ့ရှောင်း၏ အသင်းဖွဲ့ရန်ဖိတ်ကြားမှုကို လက်ခံရရှိလိုက်သည်။ သူသည် မေးခွန်းများပင်မေးရန် မလိုအပ်လောက်အောင် တစ်ဖက်သူ၏ ဆန္ဒ ကိုနားလည်သည်။
…
“ မရဘူး မရှိဘူး။ မပေးဘူး”
ပိုင်ချိုင်၏ ငြင်းဆိုမှုများက ဝေ့ရှောင်း၏ ခေါင်းသို့မြှားသုံးချက်ဆက်တိုက် ပစ်လိုက်သလိုဖြစ်သွား၏။
ဝေ့ရှောင်းသည် ရှားပါးစွာစိတ်ကောင်းဝင်နေသည်။ ထို့ကြောင့်သူသည် နိမ့်ချစွာပြော၏
“ ချိုင်ကော ပိုင်ကော ပိုင်ပိုင်ကော မင်းရဲ့ ညီနောင်လေးရဲ့ ကြိုးစားမှုအတွက်ကြောင့် တစ်ချက်လောက်ကြည့်ခွင့်ပြုပါလား”
ပိုင်ချိုင်သည် ချိုမြိန်လွန်းသော ထိုစကားလုံးများအား ထုံထိုင်းစွာ ကြီးပြင်းလာရခြင်းဖြစ်သည်။
9 05
“ နိုးထတော့။ လေ့ကျင့်ရေးပွဲစဥ်တွေမှာ မပေါက်ကြားစေရဘူးဆိုတဲ့ သဘောတူညီချက်ရှိတယ်ဆိုတာကို မသိဘူးလား။ ဒါကိုအပြင်လူတွေကို ဘယ်လိုပြလို့ရမှာလဲ။ ဒါက စဥ်းမျဥ်းကို ဖောက်ဖျက်တာပဲ”
ဝေ့ရှောင်းသည် အကြောင်းရာတစ်ခုတည်းကြောင့် ထိုမျှလောက်တက်ကြွနေခြင်းဖြစ်သည်။ သူ ဒီအတိုင်း လူ့ဖုန်းနှင့် ဂါရီ အကြားမှ game ပွဲမှတ်တမ်းကိုသာကြည့်လိုခြင်းဖြစ်သည်။
ဝေ့ရှောင်း : “ ငါက အပြင်လူလို့ ဘယ်လိုသတ်မှတ်လို့ရမှာလဲ။ ငါက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက FTW ရဲ့တံခါးထဲကို ဖောက်ဝင်နိုင်ခဲ့တဲ့သူလေ”
ပိုင်ချိုင် : “ မင်းကိုယ်တိုင် လွန်ခဲ့တဲ့ နှစ်နှစ်ကလို့ ပြောထားပြီးသား။ နောက်ပြီး အဲ့ဒီချိန်က ခြေတစ်ဖက်ပဲ ဝင်နိုင်ခဲ့တာ”
ဝေ့ရှောင်း : “ ဟူး။ ငါက FTW ရဲ့အသင်းဖော်မဟုတ်ရင်တောင်မှ FTW ရဲ့မိသားစုဝင်တစ်ယောက်ဖြစ်နေတုန်းပဲ”
ပိုင်ချိုင်ကမူ သူ၏ အရှက်မဲ့မှုကြောင့် အမှန်ပင်မှင်သက်နေသည်။
“ ငါ့မှာ မင်းလို မိသားစုဝင်မရှိဘူး”
ဝေ့ရှောင်း : “ မင်း ဘာတွေလာပြောနေတာလဲ။ ငါက နတ်ဘုရား လု ရဲ့ မိသားစုဝင်လို့ပြောနေတာ။ ဘာပဲ ဖြစ်ဖြစ် ငါတို့က အရင်က အတူအိပ်ခဲ့တာပဲ”
ပိုင်ချိုင် : “ …”
ချိုင်ကော သည် ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲရန်လုံလောက်သွားသည်။ ထို့နောက် သူ၏ ရက်စက်သော စကားလုံးများက ထွက်လာသည်။
“မင်းအခု လက်လျော့လိုက်သင့်တယ်။ ငါ့ရဲ့ခေါင်းကိုအဖြတ်ခံရမယ်ဆိုရင်တောင်မှ ငါမင်းကို ဘောလုံးလို ကစားဖို့ ပေးချင်ပေးလိုက်မယ်။ ဒါပေမဲ့ အသင်းရဲ့ လျို့ဝှက်ချက်တွေကို မင်းလိုအပြင်လူဆီကိုတော့ လုံးဝ သဝမျှပေးမှာမဟုတ်ဘူး”
ငါမင်းကို လျှောက်ပြေးခိုင်းမယ်။ အဲ့ဒီခေါင်းကို ကြာလာရင်မမြင်နိုင်ဖြစ်အောင် ကန်ခိုင်းနိုင်တယ်။
ဒါပေမဲ့ နတ်ဘုရား လုနဲ့ ဂါရီ အကြား က 1V1
လေ့ကျင့်ရေးပွဲစဥ်ကို ကြည့်ချင်တယ် ဟုတ်လား အိပ်မက်မက်နေလိုက်။
ထိုအချိန်တွင် တင် ခနဲ အသံကထွက်လာသည်။
ထို Wechat စာသည် ပိုင်ချိုင်၏ cell phone ကိုလွှတ်ပစ်မတတ် ဖြစ်သွားစေသည်။ သူသည် ငုံ့ကြည့်လိုက်သည်။
ခေါင်းဆောင်လု : “ ဒီ video ကိုဝေ့ရှောင်းကိုပို့လိုက်”
ပိုင်ချိုင်သည် 12/ နှင့် Close vs Gary ဆိုသော video နာမည်ကို တွေ့လိုက်ရသည်။
ဒါက ဒီနေ့ လေ့ကျင့်ရေးပွဲစဥ် video ပဲ။
အာ သဘောတူညီမှုဆိုတာ က ဘယ်ရောက်သွားတာလဲ။ နေပါဦး ဝေရှောင်းက တကယ်ပဲ မိသားစုဝင်လား။
******