Ch 10
Viewers 3k

အပိုင်း(10) ငါCloseကလွဲပြီး ဘာမှမလိုချင်ဘူး။ 


မျက်နှာဖြတ်ရိုက်ခံရတာက မြန်လွန်းလို့ ဒီချိုင်ကောတောင်မှ စွံ့အသွားမတက်ပဲ။ 


ဘာလုပ်ရမလဲ။ 


သူအခုလေးတင် အရှိန်ဝါအပြည့်နဲ့ ဖောက်ခွဲပစ်လိုက်တာလေ။ ဒါကိုရုတ်တရက်ကြီး သူ့ရဲ့ခေါင်းကိုဖြတ်ပြီး ဘောလုံးတစ်လုံးလိုမျိုး ဝေ့ရှောင်းကို ကန်ခိုင်းရတော့မှာလား။ 


သူတကယ်ပဲ ဒီလောက်ထိကံဆိုးဖို့ လိုအပ်လို့လား။ 


ဘာကိုမှ မသိသေးသော ဝေ့ရှောင်းသည် ပြင်းပြင်းထန်ထန် ကြိုးစားနေသေးသည်။ 


“ချိုင်ကော ငါမင်းရဲ့အထောက်ပံ့အဖြစ် ကစားပေးမယ်လေ အဆင်ပြေလား”


ရဲဘော် ပိုင်ချိုင်သည် တရုတ်ပြည် ပြိုင်ပွဲနယ်မြေ၏ ထိပ်တန်းအဆင့် အထောက်ပံများထဲမှ တစ်ယောက်ဖြစ်ပြီး သူ့ကိုထောက်ပံ့ကူညီပေးမည့် Jungler ဘုရင်ရှိခြင်းအား အမြဲတစေ သဘောကျလေ့ရှိသည်။ 


သူ၏ ကိုယ်ပိုင်မိသားစု jungler ဘုရင် Close သည် လောက၏ နံပါတ်၁ ဖြစ်သည်။ ထို့ကြောင့် ပိုင်ချိုင်သည် သူ့အားမတောင်းဆိုရဲချေ။ သူ၏ အရှေ့မှ တစ်ဝက်ခန့်ဖုတ်ထားသော မတောက်တခေါက်သမားသည် professional luge တွင် မကစားခဲ့ချေ။ သို့သော် သူ၏အဆင့်ဟာ မနှိမ့်ပါချေ။ ဝေ့ရှောင်းအား သူ၏အထောက်အပံ့ဖြစ်လုပ်ခိုင်းရခြင်းက...အဟွတ် အနည်းငယ် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသည်။ 


ချိုင်ကောသည် နောက်တစ်လှမ်းဆုတ်မည့် အခွင်းရေးရသွားသည်။ 


“ငါ့ကို သူခိုးယူပေး”


ဒီလောင်ဇီက gameတစ်ပွဲလုံး အသယ်ခံတော့မှာ။ 


ဝေ့ရှောင်း : “ရတယ်”


သူသည် heroရွေးချယ်မှုတွက် ပထမဖြစ်သည်။ ထို့ကြောင့် အပိုစကားမဆိုလေပဲ အရိပ်သူခိုးကို ယူလိုက်သည်။ 


ချိုင်ကော၏ နှုတ်ခမ်းများက တွန့်သွားသည်။ 


“ပါဝါ သူခိုးက ပျော်စရာ မကောင်းလို့လား”


အရိပ်သူခိုးများသည် Glory တွင် ကိုင်တွယ်ရ အခက်ခဲဆုံးသော heroများထဲမှ တစ်ခုခုစဥ်းစား ဆင်ခြင်၍ရသည်။ ချိုင်ကောသည် ငြိမ်းငြိမ်းချမ်းချမ်း နူးနူးညံ့ညံ့အထောက်ပံ့လုပ်ရခြင်းအား သဘောကျသည်။ ဒါကို သူကဘာလို့ ဒီလို ရုတ်ရက်ကြီး ဒီလိုသားရတစ်အုပ်လိုမျိုး သတ်ဖြတ်နေရမှာလဲ။ 


‌ ဝေ့ရှောင်းကသက်ပြင်းချသည်။ 


“အာ ချိုင်ကောရဲ့ လက်အရှိန်နှုန်းက အမှီမလိုက်နိုင်ဘူးဆိုတာကို ငါမေ့သွားတယ်”


ပိုင်ချိုင် : “.....”


မင်းသောက်ကျိုးနည်း အမေ...video ကို လိုချင်တာလား၊မလိုချင်ဘူးလား။ 


ဖာ့ခ်။ သူဆန္ဒမရှိလည်း သူဝေ့ရှောင်းကိုပေးရဦးမှာပဲ။ ထိုအချက်က သူ့ကိုပို၍ပင် ဒေါသထွက်စေသည်။ 


ဝေ့ရှောင်း : “အဆင်ပြေပါတယ်။ ငါ့ရဲ့အထောက်ပံ့နဲ့ဆိုရင် ဘာများကြောက်စရာရှိမှာလဲ”


ပိုင်ချိုင်က သည်းခံရင်း မေးလာသည်။ 


“မင်းက ဘယ်heroကို အထောက်အပံ့ဖြစ်လို့ချင်လဲ”


ဝေ့ရှောင်း : “တော်ဝင်ဘုန်းတော်ကြီးပေါ့”


တော်ဝင်ဘုန်းတော်ကြီးသည်လည်း ချိုင်ကောနာမည်ကြီးသော hero များထဲမှ တစ်ခုဖြစ်သည်။ 


တစ်သင်းစာအတွက် လက်တစ်ဆုပ်စာသော နို့များကတင် အခြားတစ်ဖက်ခြမ်းက သူတို့၏ ဘဝအဓိပ္ပါယ်ကို မီးခိုထုတ်ရ‌စေရန် လုံလောက်သည်။ ကြမ်းတမ်းစွာဖြင့်ပင် သူတို့သည် damageအများကြီး ယူနိုင်နေပြီးသားဖြစ်သည်။ 


ဒါကိုဘာလို့ သူ့တို့ရဲ့ပြိုင်ဖက်တွေက health ပြန်ပြည့်သွားရပြန်တာလဲ။ 


ပိုင်ချိုင်က လှောင်လိုက်၏။ 


“မင်းက တော်ဝင်ဘုန်းတော်ကြီးလည်း ကစားနိုင်တာလား”


ဝေ့ရှောင်းက အသာပြုံးသည်။ 


“ပြဿနာမရှိဘူး”


သူတို့၏ အသင်းဖော်များသည် heroများရွေးချယ်၍ ပြီးသွားလေပြီ။ ပိုင်ချိုင်ကမူ ဝေ့ရှောင်း၏ interface ကို click နှိပ်ဝင်လိုက်ပြီးနောက် heroလဲလှယ်ရန် တောင်းဆိုလိုက်သည်။ 


အသင်းဖော်များသည် ကိုယ့်heroကိုယ် အရင်လုကြခြင်းသည်။ ထို့ပြင် အခြားသူများအတွက်လည်း ကူလုပေးနိုင်၏။ ထို့နောက် gameမစခင် hero ပြန်လဲလို့ရသည်။ 


ပိုင်ချိုင်က လဲလှယ်မည်ဆိုသော ခလုတ်ကိုနှိပ်သည်။ သို့သော် ဝေ့ရှောင်းက လက်မခံချေ။ ပိုင်ချိုင်ကထပ်နှိပ်သည် ‌ဝေ့ရှောင်းက မလှုပ်သေးချေ။ 


5 4 3 2 1 


Gameထဲသို့ ဝင်ရောက်သွားပြီး‌နောက် ဝေ့‌ရှောင်းက နောက်ဆုံးကြိမ်ပြောလာသည်။ 


“အာ ငါသန့်စင်ခန်းသွားလိုက်တာ။ heroချင်းလဲဖို့မေ့သွားတယ်”


ပိုင်ချိုင် : “မင်း မအေ...မင်းရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာပဲ”


သူအခုတွေးနေရုံလေးပဲရှိသေးတယ် ဒီသား‌ကောင် ဝေ့ရှောင်းက ဒီအသိုင်းဝိုင်းကို ဝင်ပြီးထဲက အထောက်ပံ့တွေနဲ့ ကစားခဲ့ဖူးတာမှမဟုတ်တာ။ ဒါကိုဘယ်လိုများသူ့ကို ထောက်ပံ့ပေးမှာလဲ။ 


ဝေ့ရှောင်းက မငြင်းပေ။ သူသည် ကောက်ကျစ်စွာပြုံးသည်။ 


“သူခိုးကို အထောက်ပံ့အဖြစ်သုံးလို့မရဘူးလို့ ဘယ်သူပြောလဲ”


ပိုင်ချိုင်ကမူ သောက်ကျိုးနည်းပင်ယုံကြည်ပေ။ 

10 02

“မင်း killတွေမယူဘူးလား”


ဝေ့ရှောင်း : “အားလုံး မင်းအပိုင်ပဲ”


ပိုင်ချိုင် : a’ဖာ့ခ် လောင်ဇီက healerနော်။ ငါက ဒီkillsတွေကို ဘယ်နေရာမှာ သွားသုံးရမှာလဲ”


ဝေ့ရှောင်း : “ ပူစီဖောင်းမှုတ်ဖို့သုံး”


တော်ဝင်ဘုန်းတော်ကြီးသည် အဖွဲ့လိုက် ထိန်းချုပ်သည့် skillကို ပိုင်ဆိုင်ထားသောကြောင့် လူအုပ်ပတ်ပတ်လယ် အနှံ့ ခုန်ပေါက် နေ၍ရသည်။ 


ထိန်းချုပ်ထားနိုင်သော အချိန်က မကြာရှည်ပေ။ သို့သော် ကောင်းကောင်းသုံးနိုင်လျှင် သေစေနိုင်လောက်သည်။ 


အစပိုင်းတွင် ပိုင်ချိုင်သည် ဝေ့ရှောင်းဟာ အမှိုက်လိုစကားများ ပြောနေသည်ဟု ထင်လိုက်မိသည်။ 


ဒီအကောင်က အထောက်ပံ့အဖြစ် မစားချင်တာနဲ့ပဲ ကောင်စုတ်လေးလိုလာပြီး သရုပ်ဆောင်ပြနေတယ်။ သို့သော် နောက်ပိုင်းတွင်မူ....


First blood…two kills, killing spree, Legendary.


Game တစ်ပွဲအတွင်း ချိုင်ကောသည် season တစ်ခုလုံးတွင် ပေးခဲ့ရသော killsများထက်ပင် ပိုများသော ပမာဏကို ဆွဲချနိုင်ခဲ့သဖြင့် အလွန်ကျေနပ်ကာ မာနတကြီးဖြစ်ပြီး ဂုဏ်ယူသွားသည်။ 


Defeat 


ဟင်....


မြေပုံတစ်ခုလုံးအနှံ့ ကြွားဝါ၍ မပြီးဆုံးသေးသော ချိုင်ကောသည် kills ၂၂ခု ယူပြီးနောက်တွင် gameပွဲ ရှုံးနေလျက် အဆုံးသက်သွားသည်။ 


ဝေ့ရှောင်းက သက်ပြင်းချသည်။ 


“အဆင့်တက်တဲ့ ပွဲစဥ်တွေမှာတောင် ဒီလိုခက်ခဲမှုမျိုးက ရှိနေတာပဲ”


ဒါသည် တူညီသောလမ်းကြောင်းသာဖြစ်သည်။ သို့သော် အဆင့်နှိမ့် gameပွဲမျိုးတွင်မူ ထိုသို့သာ အသုံးပြု၍ရသည့်တိုင် အဆင့်တက်ပွဲစဥ်မျးတွက်မူ အသုံးမဝင်ချေ။ လူတိုင်း၏ game အပေါ်အာရုံခံနိုင်စွမ်းအားက healerများအား ထိုမျှအထိ မောက်မာထောင်လွှားခွင့် မပြုထားပေ။ 


ထို့အပြင်သူသည်လည်း ‌ကြေးနီရောင် ကဏ္ဍမှ မီးမှော်ဆရာကဲ့သို့သော heroမျိုးကသာ professional အထောက်ပံ့ကစားသမားများထက် သူ၏နောက်မှ အမှီလိုက်နိုင်သည်ဟု ခံစားရသည်။ 


သူစိတ်ကူးယဥ်မိတာပဲ ဖြစ်မှာပါ။ 


သူ့ရဲ့သူဌေးက ချစ်စရာကောင်းတဲ့ ကလေးလေးတစ် အိုး လူသစ်လေးပေါ့။ 


သူတို့သည် ဒီgameပွဲတွင် ရှုံးသွားသော်လည်း ပိုင်ချိုင်ကမူ killsအများကြီး ယူနိုင်ခဲ့ငည့်အတွက် စိတ်အခြေနေကောင်းမွန်နေသည်။ ထို့ကြောင်သူသည် ထိုအ‌ခြေနေကို အခွင့်ကောင်းယူပြီး ကမ်းလှမ်းလိုက်သည်။ 


“မင်းရဲ့ ကြိုးစားမှုအတွက် ငါမင်းကို လက်ဆောင်ကြီးပေးမယ်”


ဝေ့ရှောင်းက ရယ်မောရင်းပြန်ဖြေသည်။ 


“ငါ Close ကလွဲပြီး ဘာမှ မလိုချင်ဘူး”


မင်းရဲ့ အဆုံးနားမှာ videoဆိုတာလေး ထည့်ပေးလို့ရမလား။ မသိရင်မင်းက တော်တော်လေးကို ဒုက္ခများစေလွန်းတဲ့စကားကြီးပြောနေသလိုပဲ။ 


ပိုက်ချိုင်၏ နှလုံးသားကမူသေဆုံးသွားသည်။ ထိုနည်းအားဖြင့် သူသည် Forward ဆိုသော စကားလုံးကို click နှိပ်လိုက်သည်။ 


“WeChat ကိုစစ်ကြည့်လိုက်”


ဝေ့‌ရှောင်းကမူ အလေးနက်မထားချေ။ 


“ငါ့ကို စာအိပ်နီတွေ ပို့မနေနဲ့။ မင်းငါ့ကို ပိုက်ဆံပို့ပေးချင်ရင် တိုက်ရိုက်ပဲ...ဖာ့ခ်”


ပိုင်ချိုင် : “ဟမ့်”


ဝေ့‌ရှောင်းသည် video file ပို့ဆောင်မှုကို လက်ခံရရှိပြီးနောက်တွင် သူ၏ အချစ်ကို တုံ့ဆိုင်းမနေပဲ ဖော်ပြသည်။ 


“လောင်ပိုင် ငါမင်းကိုချစ်တယ်”


ပိုက်ချိုင်ကမူ ထိုအချစ်ကို လက်မခံနိုင်ချေ။ 


“ထွက်သွား ထွက်သွား”


တစ်မိနစ်နီးပါးခန့် ကြာပြီးနောက် သူ့ကိုချစ်ကြောင်းပြောသော သားရဲကောင်က အသံ messageပို့လာသည်။ 


ဝေ့ရှောင်းသည် ပိုက်ချိုင်၏ အသံကို တုပထားသည်။ 


“စဥ်းတောင် မစဥ်းစားနဲ့ ငါ့ရဲ့ခေါင်းကို ခုတ်ဖြတ်ခံရမယ်ဆိုရင်တောင်မှပဲ ငါမင်းကို အဲ့ဒီခေါင်းကိုပေးလိုက်မယ်။ မင်း ဘော်လုံးလုပ်သလို ကစားရင်ကစားပါစေ။ ဒါတောင်ဟအသင်းရဲ့ လျို့ဝှက်ချက်ကို မင်းလိုအပြင်လူတစ်ယောက်ကို မျှဝေမ‌ပေးနိုင်ဘူး”


သူသည် စကားလုံးတစ်လုံးကိုမျ မလွဲချော်ခဲ့သလို စကားလုံးတစ်လုံးကိုမှ မခြားထားခဲ့ချေ။ မသိလျှင် copyကူးထားသလားပင်ထင်ရသည်။ 


ပိုင်ချိုင်သည် မျက်လုံးများကို မှိတ်လိုက်ပြီး သေချင်ယောင်ဆောင်လိုက်သည်။ 


တအားခက်ခဲတာပဲ။ သူ့အတွက် တအားကိုခက်ခဲလာတယ်။ 


FTW အခြေစိုက် စခန်း


လေ့ကျင့်ရေးခန်းထဲမှ ထွက်ပြီးနောက် လုဖုန်းက အပေါ်ထပ်သို့တက်သည်။ 


ချန်းဖုန်းသည် Replayကို ပြန်ကြည့်ပြီး ပြင်ဆင်ရဦးမည်ဖြစ်သည်။ ရှမ်းလျှိုက လုဖုန်း၏ အနောက်မှ လိုက်လာသည်။ 


“အဆင်ပြေသေးရဲ့လား”


လုဖုန်းက မျက်မှောင် အသာကျုံ့သည်။ 

10 03

“အဆင်ပြေတယ်”


ရှမ်းလျှိုက အသံတိုးသည်။ 


“မင်းရဲ့ ပုခုံး...”


လုဖုန်း၏ ခြေလှမ်းက ရပ်တန့်သွားပြီး တိတ်တဆိတ်ပြောလာသည်။ 


“အခြေစိုက်စခန်းထဲမှာ ဒီအ‌ကြောင်းရာက်ိုမပြောလာနဲ့”


ရှန်းလျှို၏ နှလုံးသားထဲသည် စိုးရိမ်စိတ်မှုများပြည့်လာသည်။ 


“မင်း လောင်ချမ်းကိုတော့ ပြောသင့်တယ်”


ဒီကောင်က အရူးလိုမျိုး လေ့ကျင့်ရေးပွဲစဥ်တွေကို ဆက်ပြီးစီစဥ်နေတုန်းပဲ။ သူက Close ရဲ့အခြေနေကို စဥ်းစားပေးမှာ မဟုတ်ဘူး။ 


လုဖုန်းက သူ့ကိုလှည့်ကြည့်သည်။ 


“ရှမ်းလျှို”


ရှမ်းလျှို၏ နှလုံးသားက တုန်ရင်သွားသည်။ လုဖုန်းကဆက်ပြောသည်။ 


“ငါအဆင်ပြေတယ်လို့ပြောနေတယ်။ ငါ့အခြေနေ ငါကောင်းကောင်းနားလည်တယ်”


ရှန်းလျှိုကမူ အပိုစကားမ‌ပြောရဲချေ။ သူ၏ အရှေ့မှဟလူငယ်သည် FTW၏ ထောက်တိုင် ဖြစ်နေရုံသာ မကသေးလေပဲ သူ၏သူဌေးလည်းဖြစ်သည်။ သူက သက်ပြင်းချလိုက်သည်။ 


“အတိုချုံးပြောရရင် ပြန်တွေးကြည့်ပါဦး။ ငါရူပ ကုထုံးဆရာကိုခေါ်လိုက်မယ်”


လုဖုန်းကဆက်မ‌ပြောတော့ချေ။ သူသည် ဘယ်ဖက် ပုခုံးကို အသာ‌မြှောက်လိုက်သည်။ သူ၏ ပုခုံးထံမှ စူးရှသော နာကျင်မှုက ယာယံစွာ ပျံ့နှံ့သွား၏။ ထိုသို့ဖြင့်သူ၏ တံတောင်နားအထိပင်ရောက်လာသည်။ 


….


ဝေ့ရှောင်းသည် videoကို computerထဲသို့ ခက်မြန်မြန် loadingထည့်လိုက်ပြီးနောက် သူ၏ huskyကို ဖက်လျှက် ခေါင်းကိုပွတ်ရင်း video ၏ replayကို ပြန်ကြည့်သည်။ 


Gameက ၄ ပွဲဖြစ်သည်။ အချိန်က မိနစ် ၁၅၀ ကြာသည်။ ဂါရီသည် game တစ်ပွဲကို ထိုမျှထိ အချိန်ဆွဲနိုင်ခဲ့သည်မှာ အံ့အားသင့်းရာပင်ကောင်းသည်။ သူသည် ထာဝရ ဒုတိယဖြစ်ထိုက်၏။ 


သူတို့နှစ်ယေက်လုံးသည် ပထမပွဲတွင် သူခိုးheroများကို ယူလိုက်သည်။ လုဖုန်း၏ သူခိုးကို မြက်ချိန်တွင် ဝေ့‌ရှောင်း၏ မျက်လုံးက တောက်ပသွားပြီးကြယ်ရောင်များပင် တောက်ပလာသည်။ 


“ဒီနောက်ပြန်ထိုးချက်က တော်တော်လေး အံ့သြဖို့ကောင်းတယ်”


“အလင်း စက်ဝိုင်းကွေးနဲ့ ကိုယ်ပျောက်သွားတာ။ ပဲပိစပ် ကြည့်စမ်း closeကအလင်းစက်ကွင်း ကိုးကွင်းတောင် ဖန်တီးနိုင်တာ။ မင်းရဲ့အဖေက ၈ ကွင်းပဲ လုပ်နိုင်သေးတာ”


ပဲပိစပ် : “အာဝု”


ထိုစကားကိုသာ ဘာသာပြန်ရလျှင် တစ်စုံတစ်ရာကို ဆိုလိုလောက်သည်...အတိကျပဲ။ 


“Gary မဆိုးပါဘူး။ အလင်းကွင်း ၈ ကွင်းနဲ့။ သောက်ကျိုးနဲ့ လောင်အ့ ကတော်တော်သန်မာတာပဲ”


“ဒီနောက်ပြန်ထိုးချက်က “


ဝေ့ရှောင်းသည် husky ၏ အမွေူဖွားများကို တစ်ချက်ဆွဲလိုက်ရင် စိုးရိမ်တကြီးပောသည်။ 


“အမှားနယ်နိမိတ်က ၀.၀၁ စက္ကန့်ထက်တောင်မပိုနေဘူး။ နေဦး ငါနည်းနည်းပြန်ကြည့်ဦးမယ်”


ပဲပိစပ် : “အာဝူး”


ဝေ့ရှောင်းသည် clickထပ်နှိပ်လိုက်သည်။ သည်နည်းအားဖြင့် အစမှ ပြန်ကြည့်၏။ သူသည် အချိန်ကို နှေးကွေးလိုက်ပြီး ဆယ်ကြိမ်ကျော်မက ပြန်ကြည့်သည်။ 


“Close ကပိုပြီး အက်အားကြီးလာပြီ”


Videoသည် နှစ်နာရီခွဲကြာသည်။ သို့သော် ဝေ့ရှောင်းကမူ ၆နာရီ နီးပါးခန့် အချိန်ယူကာ ကြည့်လိုက်သည်။ 


သူသည် ညနေ ၆နာရီတွင် စကြည့်ခဲ့ပြီး ည ၁၂နာရီထိ ဆက်တိုက်ကြည့်သည်။ 


ထိုပွဲစဥ်သည် ပြီးပြည့်စုံပြီး ပြစ်ချက်ကင်းသည်။ မေးခွန်းထုတ်ရန်ပင်မလိုအပ်ချေ။ 


Closeသည် Close သာဖြစ်နေသေးသည်။ သူသည် ထိပ်ဆုံးသို့ ဆက်တိုက်တက်နိုင်သော သူဖြစ်သည်။ ဂါရီကမူ သူ့ကိုယှဥ်တိုက်ခိုက်နိုင်သောသူ အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။ 


ဝေ့ရှောင်းက မဲမှောင်နေသော computer ဖန်သားပြင်ကို ကြည့်ပြီး ကုလားထိုင်နောက်ဖက်သို့ မှီချလိုက်သည်။ 


ပဲပိစပ်သည်လည်း ကုလားထိုင်နားတွင် အိပ်ပျော်သွားပြီ ဖြစ်သည်။ ဝေ့‌ရှောင်းက မျက်နှာကျက်ကို ကြည့်ရင်း သူ၏ လက်များကို လက်သီးအဖြစ်ဆုပ်လိုက်သည်။ 


သူသာ လွန်ခဲ့တဲ့ နှစ်နှစ်က မထွက်သွားခဲ့ရင်....


Close နဲ့တိုက်ခိုက်နေတာက သူဖြစ်လောက်တယ်။ 


သူကမှ Closeရဲ့ အစစ်မှန် ပြိုင်ဖက်ပဲ။ သူက သေချာပေါက်နိုင်မှာ။ 


ဒါပေမဲ့...


ဝေ့ရှောင်းက သူ၏လက်ကို‌မြှောက်ပြီး မျက်လုံးကိုအုပ်သည်။ 



သူ၏နားအတွင်း အဖွားတစ်ယောက်၏ ခပ်တိုးတိုးပြောသံက အိပ်မက်ဆိုးဖြစ်နေသည်။ 

10 04

“မလုပ်...အလားတူ...အဲ့ဒီလို မလုပ်နဲ့။ တည်တည်ငြိမ်ငြိမ်နဲ့ စာကို ကောင်းကောင်းလေ့လာ။ တည်ငြိမ်တဲ့ အလုပ်ကို ရအောင်ယူ။ ဒီလိုနဲ့ ရိုရှင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝမှာနေ”


ဝေ့ရှောင်းက လေများကို ညှင်သာစွာမှုတ်ထုတ်လိုက်ပြီး ထထိုင်လိုက်သည်။ 


“ပဲပိစပ် လာ အစာပြေ ညလယ်စာစားမယ်”


Huskyက ညလယ်စာဟူသော စကားကိုကြားချိန်တွင် အမှီးကိုခါရမ်းလျက် ကောင်းကင်သို့ ထိုးတက်မတက် ခက်မတ်မတ်ထိုင်လိုက်သည်။ 


ဝေ့‌ရှောင်းက သူ့အတွက် ခေါက်ဆွဲပြုတ်လိုက်သည်။ ထို့နောက် ခွေးစာခွက်ထဲတွက်လည်း အစာများ လာဖြည့်ပေး၏။ သူက ဒေါသကြီးကြီးပြောသည်။ 


“မင်း နည်းနည်းလေး သေချာစားလို့မရဘူးလား”


ပဲစိစပ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ပို၍ ပျော်ရွှင်စွာ စားသည်။ ခွေးစာက ခွက်အတွင်း တစ်ဝက်ခန့်သာ ကျန်တော့သည်။ ကျန်တစ်ဝက်က ကြမ်းပြင်ပေါ်တွင်ဖြစ်သည်။ 


ဝေ့ရှောင်း:”မင်း ခွေးလိုကောင်”


သူသည် ဆူချင်ဆူပေလိမ့်မည်။ သို့သော် ထိုအကောင်အား စိတ်ကျေနပ်သည့်အတိုင်း လုပ်ခွင့်ပြုထားတတ်သည်။ 


စားသောက်ပြီးနောက် ဝေ့‌ရှောင်းက videoကို ပြန်ဖွင့်သည်။ သူသည် ၆နာရီးလုံးလုံးကြည့်ပြီးသောကြောင့် အသေးစိတ်အခြေနေများကို နားလည်နေပြီဖြစ်သည်။ ထို့‌ကြောင့် L&Pအသင်းမှ နည်းပြအသင်းထက်ပင် အသေးစိတ်ကျကျ နားလည်သေးသည်။ 


နောက်ထက် တစ်နာရီလုံးအတွက်ကမူ‌ ဝေ့ရှောင်းသည် Close၏ များပြားလွန်းသော လွန်ကဲလွန်းသည့် စီမံလည်ပတ်ပုံများကို ထက်တလဲလဲ ကြည့်လိုက်သည်။ 


“ဖာခ့်”


မနက်တစ်နာရီထိုးချိန်တွင် ဝေ့ရှောင်းက videoကို ပတ်လိုက်ပြီး cellphone ကိုထုတ်ကာ ပိုင်ချိုင်ကို ခေါ်သည်။ 


“လောင်ပိုင်”


ပိုင်ချိုင်က မအံသြချေ။ သူသည် တစ်စုံတစ်ရာကိုပင်ပြေချင်နေသည်။ 


လာပြီ လာပြီ။ 


ဝေ့‌ရှောင်း “ငါ့ကို ကူညီပြီး လူစီစဥ်ပေး။ ငါ soloလုပ်ချင်တယ်”


ပိုင်ချိုင်က မျက်လုံးလှန်သည်။ 


“မင်း သောက်ကျိုးနည်း စောစောပြောလို့ မရဘူးလား”


သူVideoပို့ထားထာ ညနေ ၆နာရီထဲကလေ။ အခုမနက် ၁နာရီတောင်ထိုးပြီ။ ဒီချိန်ထိ ကြည့်လို့မပြီးသေးဘူးလား။ 


ဝေ့ရှောင်းက တိုက်ရိုက်သာပြောသည်။ 


“Group တစ်ခုဖွဲ့လိုက်။ မင်းဆက်သွယ်လို့ရသမျှ လူတိုင်းကိုသာ ဆက်သွယ်လိုက်။ တန်ကြေးက တစ်ဝက်နဲ့ပဲ။ နောက်ပြီး အထူး easter egg ရှိသေးတယ် “


ပိုင်ချိုင်ကမူ ထိုသို့ ဖြစ်လောက်မည်မှန်း သိထားပြီးသားဖြစ်သည်။ Close ၏ ပွဲစဥ်ကို ကြည့်ပြီးတိုင်းလိုလို သူသည် ထိုသို့ဖြစ်လာတက်၏။ 


သို့သော် ဒီတစ်ကြိမ်တွင်မူ easter eggကပါလာသည်။ ပိုင်ချိုင်ကမေးသည်။ 


“ဘယ်လို ကြက်ဥလဲ”


ဝေ့‌ရှောင်းက ခပ်ရေးရေး ရယ်သည်။ 


ဘယ်သူပဲ ဖြစ်ဖြစ် သူတို့ ငါ့ကိုနိုင်တာနဲ့ ငါ အဲ့ဒီသူရဲ့ တစ်ဘဝလုံးစာ လေ့ကျင့်ဖော် လုပ်ပေးမယ်”

++++++