အပိုင်း(၁၁)
သံသယဝင် စရာကို မလိုဘူး။ ဒီကောင် လုံးဝရူးသွားပြီ။
ပိုင်ချိုင်က ပြန်ငြင်းလိုက်သည်။
“မင်းက ငါ့ရဲ့ တရုတ်ပြည် ပြိုင်ပွဲရေး zone မှာ ဘယ်သူမှ မကျန်တော့သလိုမျိုး ဆက်ဆံနေတာလား။ ယုံချင်ယုံ မယုံချင်နေ။ ငါ အခုချက်ချင်း ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို သွားရှာပြီး မင်းကို ဖောက်ခွဲပစ်မယ်”
ဝေ့ရှောင်းက သက်ပြင်းသာ ချသည်။
“မင်း Closeကိုသာ ဒီနေရာ ခေါ်လာနိုင်ရင် ငါမင်းရဲ့ဘိုးဘေး ၈ ဆက်လုံးကို ကျေးဇူးလာတင်ပေးမယ်”
ပိုင်ချိုင်သည်လည်း တစ်ဖက်သူဟာ သူ့ကိုကျိန်ဆဲနေသည်ဟု သံသယ ဝင်လာသည်။ သို့သော် သူ့တွ င်သက်သေပင်ရှိ၏။
“မင်း တအား ကြမ်းတမ်းတော့မယ်ပေါ့”
ဝေ့ရှောင်းသည် သူ၏လက်ရှိ စိတ်လှုပ်ရှားမှုကို အမီလိုက်နိုင်နေသဖြင့် အလျှင်အမြန် တိုက်တွန်းလိုက်သည်။
“မင်းရဲ့ခြေထောက်ကို တရွတ်တိုက် ဆွဲနေတာ ရပ်ပြီး အခုချက်ချင်း လူ သွားရှာရင်ရှာ။ ရှာမှာလား မရှာဘူးလား။ မရှာဘူးဆိုရင်တော့ ငါမင်းရဲ့ခေါင်းကို မင်းရဲ့ Weiboပေါ် သွားတင် ပေးထားလိုက်ပြီး မင်းရဲ့ ဆယ်သန်းကျော်တဲ့ ပရိတ်သတ်တွေရှေ့မှာ ထုတ်ဖော်ရလိမ့်မယ်”
“ငါလူး”
ပိုင်ချိုင်သည် သူ့အား ကြောက်သွားသည်။
“မင်း စောင့်နေ”
ဝေ့ရှောင်းသည် အမှန်တကယ်ပင် နာခံစွာ စောင့်ပေသည်။ သူသည် သူ၏ Esport ကုလားထိုင်ပေါ်တွင် လှုပ်ရှားမှု ကင်းမဲ့စွာ ထိုင်နေလိုက်သည်။ သူ၏ ခန္ဓာကိုယ်က အရိုးမရှိသလိုမျိုး နောက်သို့ မှီလဲချထာသည်။ သူ၏မျက်လုံးကမူ computer ဖန်သားပြင်တွင် ပေါ်နေသော အနိုင်ဆိုသော စကားလုံးထံတွင်သာ ရှိနေသည်။
အချို့လူတွေက သဘာဝအလျောက်ကို စစ်သည်တော်တွေ ဖြစ်ဖို့ မွေးဖွားလာကြတာ။
သူ၏ဆူပွတ်နေသော အတွေးများသည် ဖောက်ထုတ်ရင် လိုအပ်နေသည်။
ဒါကို သူက ဒီအတိုင်း အနိုင်ကိုများ မျှော်လင့်နေတာလား။
မဟုတ်ဘူး။ သူ လိုချင်တာက သင့်တော်တဲ့ တိုက်ပွဲ။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ပိုင်ချိုင်က အဖွဲ့ကို လူဖြည့်ပေးလိုက်သည်။ အဖွဲ့၏အမည်ကိုလည်း ဖော်ပြရန် ခက်ခဲလောက်အောင် ဖ...ဆန်သည့် ‘အားနေတဲ့ မဟာဆရာသခင်က online ပေါ်တက်ပြီး အနိုင်ကျင့်ခံနေပြီ’ အဖြေ ပြောင်းလဲလိုက်သည်။
မဟာဆရာသခင်ဝေ့ : “ပိုင်ချိုင် မင်းအဖေ ငါလူး…”
ပိုင်ချိုင် : “ မင်းပဲ အားနေတာ မဟုတ်ဘူးလား”
ဝေ့ရှောင်း : “မင်းကိုယ်မင်း သောက်ကျိုးနည်း လုပ်နိုင်စွမ်းရည် ရှိနေတယ်လို့ ထင်နေတာပေါ့”
ပိုင်ချိုင် : “အနည်းဆုံးတော့ ငါ အားယားနေတာက မင်းကို ခစားနေရတာထက် စာရင် သာသေးတယ်လေ”
ဝေ့ရှောင်းသည် သူနှင့် ပေါက်ကရ စကားများ ပြန်ပြောမနေတော့ချေ။ ထို့ကြောင့် အဖွဲ့၏ နာမည်ကို ကိုယ်တိုင် ပြောင်းလိုက်သည်။
ထိုသို့ဖြင့် ယခုလေးတင် ဝင်လာကာစ professional ကစားသမားများသည် ‘အားနေသော မဟာဆရာသခင်က onlineပေါ် တက်ပြီး အနိုင်ကျင့်ခံနေပြီ’ မှ တဆင့် ‘ပြိုင်ဘက်ကင်းသော မဟာဆရာသခင်က အရှုံးကို ရှာဖွေနေပြီ’ အဖြစ် ပြောင်းလဲသွားကြောင်း မြင်လိုက်ရသည်။
ယွီဖေး : “.....”
ချန်းချောင် : “.....”
ရှားတန် : “.....”
Blue : “…..”
ထိုအခိုက်တန့်တွင် မည်သည့် group name ပိုပြီး ဖ...ဆန်ကြောင်း မပြောနိုင်တော့ချေ။
ပိုင်ချိုင်သည်လည်း လူတိုင်း ရောက်နေကြောင်း မြင်လိုက်သဖြင့် ပေါက်ကရ စကားများဖြင့် အချိန်ဖြုန်းမနေတော့ချေ။ သူသည် တိုက်ရိုက်ပင် ပြောလိုက်သည်။
11 02
“ကောင်းပြီ ကောင်းပြီ အားလုံးက customer ဟောင်းတွေပဲ။ ဒီတော့ မဟာဆရာသခင်ရဲ့ ပုံမှန်ရူးသွတ်မှု လမ်းကြောင်းအတိုင်းကို အားလုံး နားလည်နေကြမယ် ထင်တယ်။ အိုး ဒီတစ်ခေါက် အကျိုးမြတ်တွေကို သင့်လျော်သလို ဝေမျှပေးမဲ့ အစီစဥ်ရှိတယ်။ အရင်နည်းလမ်းဟောင်း အတိုင်းပဲ။ တစ်ဝက်စျေးနဲ့ လျော့စျေးရမယ်။ ပတ်ပတ်လည် တိုက်ခိုက်တာမျိုးပေါ့”
ပိုင်ချိုင်သည် ရည်ရွယ်ချက် ရှိရှိပင် တခဏခန့် ရပ်တန့်ပြီးနောက် ကြေငြာသည်။ လူတိုင်းရဲ့ တိုက်ခိုက်လိုစိတ်ကို လှုပ်ခတ်နိုင်ဖို့ အတွက်ကြောင့်နဲ့ ဒီတစ်ခေါက် Easter egg ပါလိမ့်မယ်”
အားလုံးသည် customer အဟောင်းများ ဖြစ်သည်။ မည်သူကမျှလည်း သာမှန် Easter eggမျိုးကို စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။
“မင်းတို့ကသာ solo match မှာ မဟာဆရာသခင်ကို အနိုင် ယူနိုင်မယ်ဆိုရင် ဘယ်သူပဲ နိုင်နိုင်နော်။ မဟာဆရာသခင်က မင်းတို့ကို တစ်ဘဝလုံးစာလေ့ကျင့်ရေး partner အဖြစ် အလကား လုပ်ပေးလိုက်မယ်”
အဖွဲ့ထဲမှ လူများ... “သေစမ်း။ ဒီကမ်းလှမ်းချက်က တအားမြင့်တယ်”
“တစ်ဘဝလုံးစာ လေ့ကျင့်ရေး partner ဟုတ်လား”
“အလကားနော်”
ဝေ့ရှောင်းက တည်ငြိမ်နေသည်။
“ဟုတ်တယ်”
ယွီဖေး၊ ချန်းချောင်နှင့် ရှားတန်တို့၏ သွေးများက ပူတက်လာသည်။ သူတို့က ထိုအခိုက်တန့်တွင် အမိဖမ်းခံလိုက်ရသည်။
“ငါ ပါမယ်”
Blueက တခဏခန့် စဥ်းစားလိုက်သေးသည်။ ထို့နောက် သူ၏သေးငယ်သော ခံစားချက်လေးကို ဆန့်ထုတ်ရင်း ပြောသည်။
“game တစ်ပွဲကို နိုင်ဖို့ကတော့ နည်းနည်းခက်မယ်။ သူ့ကို တစ်ကြိမ် သတ်နိုင်တာမျိုး ဆိုရင် ထည့်တွက်လို့ရလား”
အခြားသော သုံးယောက်က Blue ၏ အရှက်မဲ့မှုကြောင့် အံသြသွားပြီး တစ်ယောက်ပြီး တစ်ယောက် ပြောကြသည်။
“လောင်Blue ဘာဖြစ်တာလဲ”
ယွီဖေး : “တိုင်ပြည်ရဲ့ server မှာ အင်အားအကြီးဆုံး top lanner တစါယောက်အနေနဲ့ မင်းက ဘာလို့ ဒီလောက်ထိ...အမြင်ရှိရတာလဲ”
ချန်းချောင် : “မင်းက ငါ့လို နိုင်ငံတကာ server ပေါ်က မှော်ဆရာဘုရင်ကို အရှက်ရအောင် လုပ်နေတာပဲ။ ဟေး ငါပါမယ်”
ရှားတန် : “မင်းတို့တွေ ရည်မှန်းချက် နည်းနည်းလေးများ မရှိကြဘူးလား။ ကောင်းကောင်းဆိုးဆိုးပေါ့။ ငါတို့အားလုံးက professional ကစားသမားတွေပဲလေ။ ငါတို့ရဲ့ professional ဆန်မှုက ဘယ်မှာလဲ။ ငါတို့ရဲ့ ဂုဏ်သိက္ခာက ဘယ်မှာလဲ။ ငါကတော့ မတူဘူး။ ငါကတော့ ငါ့ရဲ့မြှားတစ်ချောင်းက မဟာဆရာသခင်ကို ထိတာနဲ့ အဲဒီ Easter egg ကို ငါ ရသင့်တယ်လို့ ထင်တယ်”
ပိုင်ချိုင်က မျက်လုံး လှန်လိုက်သည်။ သေချာပေါက်ကိုပဲ သွေးနီရောင် အနားကို ကပ်ရင် နီသွားတက်တယ်။ သူ့လိုမျိုး မင်ရည်နားကို ကပ်နေတဲ့သူကတော့ မဲနက်ကုန်ပြီ။
ပြန်တွေးကြည့်လိုက်တော့ ထိုလေးယောက်သည် ဝေ့ရှောင်းနှင့် စတင်တွေ့ဆုံချိန်က ဘေးဘက်ခြမ်းတွင် ရှိသော လေ့ကျင့်ရေးခန်းတွင် ရှိနေသော မီးခိုးရောင် အဖွားကြီး ဆံပင်ကေနှင့် ကောင်လေးလိုမျိုး အလွန်သန့်စင်ကာ ပစ်ချက်ကင်းခဲ့သည်။ ယခုမူ....
ဒီသားရဲကောင်တွေက ဘယ်နေရာက ရောက်လာတာလဲ။
တရုတ်ပြည်ကြီးရဲ့ ပြိုင်ပွဲရေး zoneက ဒီလောက်အထိ ရေတိမ် နစ်နေတာ မအံ့သြတော့ပါဘူး။ သူတို့က ဒီလို ရည်မှန်းချက် မကြီးတဲ့ အရာတွေပေါ်မှာ မျှော်လင့်ချက်ကို တွန်းတင်ထားပြီး championshipကို ရသွားတော့မှ တော်တော်လေး ထူဆန်းနေမှာ။
ဝေ့ရှောင်းက အပြုံး emoticon လေးပို့လိုက်သည်။
“လာမှာလား။ မလာဘူးလား”
သုံးယောက်လုံးက တပြိုင်တည်းပြောသည်။
“လာမယ်”
သူတို့ စျေးညှိနေလို့လည်း မရဘူးလေ။ အနည်းဆုံးတော့ ဒီတစ်ဝက် လျော့စျေးဆိုတဲ့ discount အခွင့်ရေးကို လက်လွှတ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ။
မည်သို့ပင်ဆိုစေ ဝေ့ရှောင်းသည် သူတို့ထံမှ ဂဏန်း၆လုံးအထိ အရယူဖူးလေသည်။
ဝေ့ရှောင်းက သီးသန့်ခန်းကို စောင့်ဖွင့်လိုက်ရင်း မေးလိုက်သည်။
11 03
“ဘယ်သူ က အရင်လဲ”
ယွီဖေးက လက်မြှောက်သည်။
“ငါ ငါ ငါ”
အခြားသော သုံးယောက်ကလည်း သူ့အား အလိုလျောက်ပင် စာနာသနားသော emoticonsများ ပို့လိုက်သည်။ ယွီဖေးသည် Jungler ဖြစ်သည်။ သူသည် မဟာဆရာသခင်ကို ရင်ဆိုင်ရာတွင် လုပ်ကြံသတ်ဖြတ်သူ အမျိုးအစား hero များကိုသုံးပြီး တိုက်ခိုက်လေ့ ရှိသည်။ အခြားနည်းလမ်းဖြင့် ဆိုရသော် သူသည် ပြေး၍ အသေခံခြင်း ဖြစ်သည်။
သူ့အနေနှင့် ယခုလို အကြောက်လန့်မဲ့စွာ ချီတက်သွားခြင်းဟာ လေးစားစရာလည်း ကောင်းသလို သနားစဖွယ်လည်း ဖြစ်သည်။
ဝေ့ရှောင်းသည် တခဏခန့် ရပ်တန့်လိုက်ပြီးနောက် သူ့အား ရင်းနှီးသောဖြင့် အကြံပေးလိုက်သည်။
“ငါဒီည သူခိုးကိုပဲ သုံးမှာနော်။ မင်း အရင်လာချင်တာ သေချာလား”
ယွီဖေး : “အားးး”
ချန်းချောင်းကလည်း အံ့သြသွားသည်။
“မဟာဆရာသခင် မင်းရဲ့သူခိုးကို သုံးမှာဟုတ်လား”
ရှားတန် : “မဖြစ်နိုင်တာ။ သူခိုးတွေကို defaultက အလိုလျောက် banတယ်လေ”
Blue ကပင် သုန်မှုန်းစွာ ပြောလာသည်။ “သေချာပေါက်ကိုပဲ ဒါကအကြံစည်ကြီးလွန်းတဲ့ ပွဲတော် ဖြစ်နေတာ”
ပိုင်ချိုင်သည် သူတို့ ကျုံ့သည်ထက် ကျုံ့သွားသော မြင်ကွင်းကို ကြည့်ရင်း သူ၏လက်များကပင် ယားလာသည်။ ကံကောင်းသည်မှာ သူတို့သည် သူ၏ အသင်းဖော်များ မဟုတ်ချေ။ သူတို့ကသာ သူ၏အသင်းဖော်များ ဖြစ်နေခဲ့သော် ပြိုင်ပွဲအတွင်း ထိုအကောင်များကို healလုပ်ပေးမည် မဟုတ်သည့်အပြင် သူတို့၏ ခေါင်းပေါ်သို့ပင် အဆိပ်ကွင်းများကို တင်ပေးလိုက်ပေဦးမည်။ ဒီနည်းအားဖြင့် အဆိပ်မိပြီး တန်းသေသွားခြင်းက ပို၍ကောင်းသည်။
မင်းတို့က ရှေ့မှာတောင် လောင်တက်ပြီး ခေါ်ရတဲ့အထိ ကျွမ်းကျင်ကစားသမားတွေ ဒါတောင်မှ အထူးတလှယ် ဝေ့ရှောင်းကို ကြောက်ရွံ့နေသေးသည်။
ဥမာအနေဖြင့် မဟာဆရာသခင်သည် အထောက်ပံများနှင့် ဘယ်သောအခါမှ soloလေ့ မရှိချေ။ အကြောင်းမူကား Jungler ဖြစ်သူအနေနှင့် healerကို ကာကွယ်သည့် အပြုမူပိုင်ဆိုင်ခြင်းဟာ ကျော့ရှင်းကြည့်ကောင်းသော အသရေဖြစ်သည်။ ထိုကဲ့သို့သော အသရေမျိုးကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။
ဥပမာ အနေဖြင့် မဟာဆရာသခင်သည် heroတိုင်း talent specs တိုင်းကို အလွန်ကျွမ်ကျင်ပြီး အလွန်သန်မာသည်။ အခြားသောသူများနှင့် soloသည့် အချိန်တွင်လည်း အခြားသောသူများက ကျွမ်းကျင်သော heroကိုသာ သုံးပြီး တစ်ဖက်သူကို ပြန်လည်ထိုးနှပ်ခြင်းအား လုပ်လေ့လုပ်ထရှိသည်။
ဥပမာ အနေဖြင့် သူတို့၏ နားလည်သဘောပေါက်မှုအရာ မဟာဆရာသခင်သည် သူခိုးများနှင့် အင်အားအကြီးဆုံးဖြစ်သည်။ သို့သော် သူသည် ထိုသူခိုးမျာကို ထုတ်ကာ ကစားလေ့မရှိချေ။ တစ်နည်းအားဖြင့် တစ်ဖက်သူများ ကိုယ့်ကို ပိတ်လှောင်၍ ဘယ်သောအခါမျှ မပြိုင်နိုင်တော့မည်အထိ ထိတ်လှန့်သွားမည့် အခြေနေကို စိုးရိမ်မိသောကြောင့်ပေ။ တစ်နည်းအားဖြင့် ကိုယ့်စီးပွားရေးကို ဒုတ်နဲ့ထိုးကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ယခုမူ...
သူတို့ လေးယောက်လုံးက တပြိုင်တည်းလိုလို တွေးလိုက်ကြသည် : “ အခု ဒီgroupထဲက ထွက်ရင် အချိန် ရှိသေးလား”
ပိုင်ချိုင်က သူတို့၏ အတွေးကို တစ်ချက်ကြည့်ရုံနှင့် မြင်သဖြင့် ပြောလာသည်။
“တစ်ဝက်စျေး discount နော်။ နောက်ပြီး အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ Easter egg ဆိုတာလည်း ရှိသေးတယ်။ မင်းတို့တွေ စိတ်မဝင်စားဘူးဆို ငါနောက်ထက် အခြားသူတွေ သွားခေါ်လိုက်မယ်”
“ငါဝင်မယ် ငါဝင်မယ် ငါဝင်မယ်”
“လူတစ်ယောက်က တစ်စုံတစ်ရာကို လုပ်ဖို့အတွက် အမြဲတမ်း စိတ်ဆန္ဒပြင်းထန်ဖို့ လိုအပ်တယ်။ ဒီလိုဆိုရင် လုပ်နိုင်မှာပဲ”
“ဒါက သူခိုးပဲ မဟုတ်လား။ ငါက အရင်ကဆိုရင် နတ်ဘုရားလုရဲ့ ဓားသွားအောက်မှာတောင် အလောင်းအဖြစ် ရှင်သန်နိုင်ခဲ့တာ”
နောက်ဆုံး ပြောလိုက်သောသူက ရှားတန် ဖြစ်သည်။ သူသည် သူ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို စတင်ကာစက မည်သည့်အကြောင်းရာကိုမှ မကြောက်ရွံ့ခဲ့ပဲ individual ပြိုင်ပွဲကို သတ္တိရှိစွာ စာရင်းသွင်းခဲ့လေသည်။ တစ်ပွဲတည်းနှင့် သူသည် လုဖုန်းနှင့်တွေ့သည်။ ထို့နောက်
အဲဒီနောက် ဘာရှိမှာလဲ။ ဘာမှ မရှိတော့ဘူး။
11 04
ဝေ့ရှောင်း “ဒီလိုဆိုမှတော့လည်း ဥနတ်ဘုရား အရင်လာပါ”
ရှားတန် “အား…”
ဝေ့ရှောင်းသည် သူ့အား match roomထဲသို့ ဆွဲခေါ်သွားသည်။
ရှားတန် “အိုး...သောက်ကျိုးနည်း ငါ အဆင်သင့် မဖြစ်သေးဘူးလေ။ အားးး”
အခန်းနံပါတ်ကို သိရုံနှင့် မည်သူမဆို အတွင်းသို့ ဝင်၍ တိုက်ပွဲကို ကြည့်၍ရသည်။
ဝေ့ရှောင်းနှင့် ရှားတန်တို့သည် တောင်ကြားနေရာထဲသို့ ဝင်ရောက်သွားပြီ ဖြစ်ပြီး အဖွဲ့အတွင်းမှ လူများကလည်း စိတ်အားထက်သန်စွာနှင့် ပြိုင်ပွဲကို ကြည့်ကြသည်။
ယွီဖေး “ငါ စာအိပ်နီ ယွမ် ၂၀၀ချထားတယ်။ ဥနတ်ဘုရားက ဒီတစ်ပွဲမှာတော့ ဆယ်မိနစ်ကျော်လောက်တော့ ခံနိုင်တယ်”
ချန်းချောင် “ငါကတော့ ၄၀၀နဲ့ လောင်းတယ်။ ဥနတ်ဘုရားက အများဆုံး ရှစ်မိနစ်ပဲ ခံမှာ”
ပိုင်ချိုင်က တစ်ထောင် ချလိုက်သည်။
“ငါးမိနစ် “
ယွီဖေး “မဖြစ်နိုင်တာ gameရဲ့ စက်ပိုင်းဆိုင်ရာ နည်းပညာအရ ပြိုင်ဘက်ကို ငါးမိနစ်တည်းနဲ့ တွန်းထုတ်ဖို့က မဖြစ်နိုင်ဘူး”
Blueက လက်တွေ့ကျသည်။
“ဥကော တကယ်လို့ ဥကောက ငါးမိနစ်တည်းနဲ့ အညံ့ခံသွားရင် ဘယ်လိုလဲ”
ဝေ့ရှောင်းသည် ရှားတန်၏ သလင်းကို ငါးမိနစ်အတွင်း ဖယ်ရန် မဖြစ်နိုင်သော်လည်း သူသည် ရှားတန်အား အညံ့ခံသည်အထိ ရိုက်နက်၍ ရနိုင်သေးသည်။
ကစားသမားများသည် solo ပွဲပြီး၍ ငါးမိနစ်ကြာပြီးသည့်အခါ အညံ့ခံ၍ရသည်။ ချန်းချောင်က အံ့သြသွားသည်။
“မဖြစ်နိုင်တာ။ ငါတို့ရဲ့ ဥကောက Gloryရဲ့ ATC ထိပ်တန်းကစားသမား တစ်ယောက်နော်။ Professional ကစားသမားတစ်ယောက်အနေနဲ့ သူရဲ့ ဂုဏ်သိက္ခာက ဘယ်မှာလဲ”
တစ်မိနစ်ခန့် ကြာပြီးနောက် ရှားတန်သည် အော်ဟစ် ငိုယို၍ အဖွဲ့ထဲ ပြန်ပြေးလာသည်။
“တအား ကြမ်းတမ်းတာပဲ။ တအားလည်း ရက်စက်တယ်။ ငါ့ရဲ့ဘဝမှာ နောက်ထပ် သူခိုးတွေကို ထပ်မမြင်ချင်တော့ဘူး။ ဒီ heroနဲ့ ပါတ်သတ်ပြီး ပြဿနာ ရှိနေတာ ဖြစ်မယ်။ gameရဲ့ ဒီဇိုင်နာတွေ ဘာလုပ်နေတာလဲ။ သူတို့ ဒါကို ပြန်လည်ပြီး စဥ်းစားဆင်ခြင် ဆုံးဖြတ်ရတော့မယ်။ မဟုတ်ဘူး။ ဒီheroကိုပါ တိုက်ရိုက် ဖြတ်လိုက်ပါ”
ချန်းချောင်ကမူ စာအိပ်နီ ဆုံးရှုံးသွားသည်။
“မင်း သောက်ကျိုးနည်း အရှက်မဲ့ ပေးလို့ရမလား”
ထို့နောက် မှော်ဆရာဘုရင် ချန်းချောင်က အဖွဲ့ထဲသို့ ဆွဲခေါ်ခံရသည်။
သူ ဝင်သွားသောအခါ ချန်းချောင်သည် မှော်ဆရာဘုရင် ဖြစ်သွားသည်။ သူ ပြန်ထွက်လာသောအခါ နတ်ဘုရားချောင်က သေသွား၏။
ကဗျာ ကောင်းကောင်း ရေးထားသော ယွီဖေးကလည်း အခေါ်ခံရသည်။ ကောင်းသည်လား ဆိုးသည်လားမသိ သူသည် အသင်းလေးသင်းထဲတွင် တစ်ယောက်တည်းသော ထိပ်တန်းအဆင့် Jungler ဖြစ်နေသည်။ နတ်ဘုရားဖေးက ထိန်းထားနိုင်လေပြီး ပြန်လည် တိုက်ခိုက်နိုင်သည့် လက္ခဏာများကိုပင် ပြနိုင်သည်။
သို့ရာတွင် သူခိုးက သူ၏ အလင်းစက်ကွင်း ၈ ကွင်းကို ဆက်တိုက်သုံးပြီး နောက်တွင် နတ်ဘုရားဖေးလည်း ရူးသွပ်သွားသည်။
“ သောက်ကျိုးနည်း မင်းကတကယ်ပဲ ဘယ်သူလဲ။ ဂါရီ လား အင်တာ လား ။ မင်း Closeတေ့ာ မဟုတ်လောက်ပါဘူးနော်။ ဟုတ်တယ်မလား။”
ထိပ်ဆုံးမှာ စာရင်းဝင်နိုင်တဲ့ ဒီ သုံးယောက်ကလွဲပြီး ဒီလို skillကို သုံးနိုင်တဲ့ တခြားတစ်ယောက် ရှိမယ်လို့တောင် သူ မတွေးနိုင်တော့ဘူး။
ထိုသို့ဖြင့် Group chatကလည်း ဆူညံပွက်လောရိုက်နေပြီး ပွက်ပွက်ဆူနေခဲ့ရာက ယခုအခါ ကြက်ပေါက်များ တိတ်ဆိတ်သွားသလို တိတ်ဆိတ်သွားသည်။
ချန်းချောင် “ မဟာဆရာသခင်က တရုတ်ဆိုတာ အရမ်းသိသာတယ်”
ရှားတန် “ နတ်ဘုရား လု ရဲ့ အသံကလည်း ဒီလို မဟုတ်ဘူးဆိုတာ တအားသိသာတာပဲ”
Blue “ ဒါကပဲ ငါ တကယ်ပဲ နားမလည်နိုင်တာပဲ။ ငါတို့ရဲ့ ဖျော်ဖြေရေးzoneမှာ ဒီလောက်ကြီးတဲ့ Daddy ကြီးရှိနေမယ်ဆိုရင် ဘာလို့ ဘယ် club ကြီးကမှ သူ့ကို လာပြီး လက်မှတ် မထိုးကြတာလဲ”
11 05
ပိုင်ချိုင်ကလည်း game ၏ interface ကိုကြည့်ပြီး အလွန်လေးနက်နေသည်။
သူသည်လည်း ဒီညနေခင်းတွင် လု့ဖုန်းနှင့် ဂါရီ တို့၏ လေ့ကျင့်ရေးပွဲစဥ်ကို မြင်ခဲ့သည်။ ထိုပွဲသည် customized game မဟုတ်သောကြောင့် လေ့ကျင့်ရေး match များမှရသော hero များသည် ကျပန်းဖြစ်သည်။ ဂါရီ က ကံဆိုးသည်လား ၊ လု့ဖုန်းက ကံကောင်းသည်လား မသိချေ။ အတိုချုံ့ဆိုရသော် လု့ဖုန်းသည် ပထမပွဲတွင် သူခိုး ရလိုက်သည်။ လု့ဖုန်း၏ လက်ထဲတွင် ထို hero သည် နှစ်သက်ဖွယ် ကောင်းမူများ ပြတ်လတ်ခြင်း မရှိတော့ချေ။
ထိပ်တန်းအဆင့် ကိုင်တွယ်ရေး skill များနှင့်ပတ်သတ်သည့် အချိန်တိုင်းလိုလို ဘယ်သောအခါမှ စဥ်းစားမိမည် မဟုတ်သော အကွက်များက အမြဲတစေ ရှိနေတတ်သေးသည်။ နတ်ဘုရားလု့ မလုပ်နိုင်သော အကွက်များ ဟူ၍ ပင်မရှိချေ။
ကမ္ဘာ့၏ ထိပ်တန်းနတ်ဘုရားအဆင့် ကစားသမား အများစုသည်လည်း ကိုင်တွယ်ရ ခက်ခဲလွန်းသော hero များကို အဆင့်မြင့်မားသော အတိုင်းတာထိ ကစားနိုင်တတ်သည်။ ဥပမာအနေဖြင့် ဂါရီ၏ signature hero သည် အရိပ်သူခိုး ဖြစ်သည်။ သို့ရာတွင်…
သူသည် လု့ဖုန်း၏ လက်တွင် ဆိုးရွားစွာ ရှုံးသွားသည်။
အရိပ်သူခိုး၏ ကိုယ်ဖျောက်နိုင်စွမ်းရည်နှင့် အလင်းစက်ကွင်းများ ထုတ်နိုင်သော အခြေအနေ ဥပမာ ယူကြည့်၍ ရသည်။ သာမာန် ကစားသမားများသည် အလင်းစက်ကွင်း သုံးကွင်းသာ ထုတ်နိုင်သည်။ Professional ကစားသမားများ အများစုက ၅ကွင်းထိ ထုတ်နိုင်သည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က လု့ဖုန်းသည် အလင်းစက်ကွင်း ၈ ကွင်းကို အသုံးပြုလေပြီး ကမ္ဘာ့ championship ကို အနိုင်ရယူခဲ့လျက် လက်ရှိ မှတ်တမ်းကို ချိုးဖျက်ခဲ့သည်။
ထိုအချိန်တွင် data ခွဲခြမ်းစိတ်ဖြာသူများကလည်း ဒါဟာ အကန့်အသတ် ဖြစ်ကြောင်း ဒီထက်ပိုမြင့်၍ မရကြောင်း ဖော်ပြခဲ့သေးသည်။ ယခုမူ
အလင်းစက်ကွင်း ၈ ကွင်း
ဒါသည် ရိုးရှင်းသော ဂဏန်းများဟု ထင်ရလောက်သည်။ သို့သော် ထိုစက်ကွင်းများ ရရန်အတွက် ချွေးများနှင့် မည်မျှသော အားစိုက် ထုတ်မူများကို စိုက်ထုတ် ထားရကြောင်း မည်သူကမှ မသိလောက်ချေ။
ဝေ့ရှောင်းသည် နှစ်နှစ်လုံးလုံး သူ၏ နောက်သို့ လိုက်ပြီး လိမ်ညာ လှည့်စား နေခဲ့သည့်တိုင်အောင် သက်ရောက်မူ မရှိသည်မှာ အံသြစရာ မရှိချေ။ သူတို့က ပြန်လည် တွေ့စုံရန်လည်း မလိုအပ်ချေ။ သို့သော် လု့ဖုန်းကမူ ပို၍ မြင့်မားလွန်းသော နေရာတွင် ရပ်နေနိုင်ခဲ့လေသည်။
Glory ၏ individual ပြိုင်ပွဲများသာ် အရက်စက်ဆုံး ဖြစ်သလို Esport သမိုင်းတွင်လည်း မူရင်းအဆန်ဆုံးပွဲ ဖြစ်သည်။ အကြောင်းမူကား တစ်ယောက်တည်းသာ ရနိုင်၏။ လူတိုင်းကလည်းထို တစ်ယောက်တည်းကိုသာ မော်ကြည့်ရသည်။ အင်အားသည် အင်အားသာဖြစ်ပြီး သံသယ ဝင်ရန်မလိုအပ်ချေ။
မနက် ၇ နာရီ…
ယွီဖေး “ မရတော့ဘူး။ ငါ တကယ်ကို မရတော့ဘူး”
ချန်းချောင် “ လောင်ဥ ငါတို့နှစ်သင်းက ဒီညနေ လေ့ကျင့်ရေးပွဲ ရှိသေးတယ်လေ။ မင်း မအိပ်ချင်ဘူးလား”
ရှားတန် “ Zzzzzzz”
Blue ၏ အကြောင်းပြချက်က စစ်မှန်လွန်းသည်။
“ငါ့ရဲ့ပိုက်ဆံအိတ်က တော်တော်လေး ပြားကပ် သွားပြီဆိုတော့ ငါ သွားတော့မယ်။ ငါ သွားတော့မယ်”
၆ နာရီခန့်ကြာပြီးနောက် ပတ်ပတ်လည် တိုက်ခိုက်နေကြသော လူများအားလုံးက ထွက်ပြေး ကုန်သည်။ သို့သော် တစ်ဖက်ခြမ်းကမူ အင်အားအပြည့် ရှိနေသေးသည်။
ပိုင်ချိုင်က သန်းလိုက်သည်။
သားရဲကောင်…။
သောက်ကျိူးနည်း ဒါက လူမှ မဟုတ်တာ။
၁၉နှစ် ဖြစ်ရတာ ကောင်းလိုက်တာ။ ဟေး သူက ဝေ့ရှောင်းထက် တစ်နှစ်လေးပဲ ကြီးတာပါ။ ဒါမယ့် ဘယ်လိုဖြစ်ပြီး အင်အားခြင်း ကွာခြားချက်က နှစ်တစ်ရာလောက် ကွာသလို ခြားနားနေရတာလဲ။
ပိုင်ချိုင်သည် ဝေ့ရှောင်း အား voice call ခေါ်လိုက်သည်။
“ အကောင့်ထဲမှာ နှစ်သောင်းကျော်နေပြီ။ မင်းကို နည်းနည်း ပြန်လွဲပေးလိုက်မယ်”
ဝေ့ရှောင်း၏ အသံက သြရှ နေသည်။ သူသည်လည်း အနည်းငယ် နွမ်းနယ်လာပုံ ရသည်။
“လောင်ပိုင်”
11 06
ပိုင်ချိုင်သည် reply video များကို စီစဥ်နေချိန် ဖြစ်သည်။ မည်သို့ပင်ဆိုစေ လေ့ကျင့်ရေးခန်းက ရှင်းလင်းနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် speaker ကို တိုက်ရိုက် ဖွင့်ထားလိုက်သည်။
“ဘာလဲ။ ကစားတာ မလုံလောက်သေးဘူးလား”
ဝေ့ရှောင်းက သက်ပျင်း ချသည်။
“ သူတို့တွေ မလုပ်နိုင်ကြဘူး”
ပိုင်ချိုင် “ နိုးထတော့ အခု ကျန်တဲ့လူတွေက အထောက်အပံ့အသင်းက ကလေးတွေ ဒါမှ မဟုတ်ရင်လည်း လူသစ်လေ့ကျင့်ရေးစခန်းက ကလေးတွေပဲ ရှိတော့တယ်။ မင်း ဒီကလေးတွေကိုတော့ လွှတ်ပေးလို့ရမလား”
“အာ”
ဝေ့ရှောင်း၏ အသံက တိုးပြီးတိတ်ဆိတ်သည်။ အနည်းငယ်ပင် သနားစရာ ကောင်းသည်။
“ ငါ Close ကိုပဲ တကယ် လိုချင်တာ”
ထို့နောက် ဗြန်းခနဲ အသံက ထွက်လာသည်။ တစ်စုံတရာက ကြမ်းပြင်ပေါ် ပြုတ်ကျသွားသံဖြစ်၏။
ထို့နောက် ပိုင်ချိုင်က နောက်သို့ လှည့်လိုက်ပြီး အသက်ပျင်းပျင်း ရှူချလိုက်၏။ လေ့ကျင့်ရေးခန်း အပေါက်ဝတွင် လူတစ်ယောက်က ရပ်နေသည်။
အလင်းကို ကျောပေးထားသော်လည်း ထိုအမြင့် ထို ခန္ဓာကိုယ်… ခေါင်ဆောင်လု… နတ်ဘုရားလု…
ဒါက မနက်ပိုင်းအပြေး လေ့ကျင့်တဲ့အချိန်များ ရောက်နေပြီလား။
နောက်ပြီး…
ပိုင်ချိုင်သည် သူ၏ cell phone ကိုကြည့်လိုက်ရာ speaker ဖွင့်ထားကြောင်း တွေ့လိုက်ရသည်။ ထို့ပြင် သူ ဝေ့ရှောင်း၏ စကားလုံးများကို တွေးကြည့်လိုက်မိသည်။
သေစမ်း ။ ဒါက ဘယ်လောက်တောင် အန္တရယ် များလွန်းတဲ့ စကားလုံးတွေလဲ။
******