Ch 12
Viewers 3k

အပိုင်း(၁၂) သူကလုပ်ချင်တာနဲ့ပဲ မင်းက လုပ်ပေးလိုက်တာလား။ 


ဝေ့ရှောင်း၏ အသံကလည်း သူ၏ phone speaker ကထွက်လာသည်။ “ဒါက ဘာသံလဲ လောင်ပိုင်။ မင်း မင်းရဲ့မျက်နှာနဲ့ keyboardကို ရိုက်ခွဲလိုက်တာလား”


သောက်ကျိုးနည်း သူ့ရဲ့မျက်နှာနဲ့ Keyboard ကို ရိုက်ခွဲရမှာလား။


 ဒါက မင်းရဲ့ နတ်ဘုရားလု ကိုင်ထားတဲ့ ရေပုလင်းက မင်းရဲ့ စကားလုံးတွေကြောင့် အံ့အားသင့်မှု အပြည့်နဲ့ ကြမ်းပြင်‌ကို ပြုတ်ကျသွားတာလေ။ 


သို့သော် လောင်ပိုင်သည် ထိုစကားများကို ထုတ်မပြောရဲပါချေ။ 


သူအသက်ပြင်းပြင်းတောင် မရှူရဲဘူး။ လုဖုန်းက ငုံ့ကိုင်းလျက် သူ၏ ရေပုလင်းကို တိတ်တဆိတ် ပြန်ကောက်လိုက်သည်။ 


ပိုင်ချိုင်သည် ပါးစပ်ဟလိုက်ပြီး နှုတ်ဆက်စကားပြောလို၏။ သို့သော် လုဖုန်းကမူ သူ၏လက်ညိုးကို ပါးစပ်နားကပ်လျက် အမူယာပြသည်။ 


ပိုင်ချိုင် “…..”


ဖာ့ခ်


Phone ၏ အခြာတစ်ဖက်မှ ဝေ့ရှောင်းသည် ဘာကိုမှ မသိသောကြောင့် စိတ်ပျက်သွားသော အနေထားမျိုးနှင့်ဖြစ်သည်။ 


“သူတို့အားလုံးက professional ကစားသမားတွေကြီးပဲ။ ဒါကို ဘာလို့ ဒီလောက်ထိ ကွာခြားချက်က ကြီးနေရတာလဲ။ ယွီဖေးနဲ့ အခြား ၃ယောက် ပေါင်းတာတောင်မှ Closeရဲ့ လက်ညိုးတစ်ချောင်းကိုတောင် မယှဥ်နိုင်ဘူ”


ထိုစကားကို ကြားသောအခါ လုဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများက အသာကော့တက်သွားသည်။ 


ပိုင်ချိုင်ကလည်း အလွန်ရှင်းလင်းစွာ မြင်လိုက်နိုင်သည်။ သူထွက်ပြေးချင်သည်။ သူ၏ အသက်ကို ထိမ်းသိမ်းရန် လိုအပ်သေး၏။ 


“ပြော Closeက ဘာလို့ဒီလောက်ထိ အင်အားကြီးတာလဲ။ လွန်ခဲ့တဲ့ နှစ်နှစ်က သူကငါ့ကို နောက်ဆုံး ဝင်သက်ကိုတောင် ဆုံးရှုံးသွားတဲ့ထိ ဖိအားပေးနိုင်တယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာ…အို သူကတော့ ငါဘယ်သူလဲဆိုတာ မေ့နေလောက်ပါပြီ”


ပိုင်ချိုင်ကမူ စိတ်ထဲတွင် တွေးနေသည်။ 


သူမှတ်မိတယ်။ သူမှတ်မိတယ်။ အရမ်းကို ရှင်းရှင်းလင်းလင်းကို မှတ်မိနေတယ်ကောင်လေး။ မင်းစကားကို တစ်ဝက်ပဲပြောသင့်တယ်။ သူက မင်းကို နှစ်သန်းနဲ့ ကောက်ပေါက်ထားတာလေ။ 


ဝေ့ရှောင်းသည် ခံစားချက်များစွာနှင့် သက်ပြင်းချဘိုက်သည်။ 


“လူတွေက တကယ်ကို ခြားနားတာပဲ။ Closeလို ပါရမီရှင်တစ်ယောက်ကပဲ ကံကောင်းလို့ ရှာတွေ့နိုင်ခဲ့တာ။ ကျန်တဲ့လူတွေကိုတော့ လိုချင်ရင်ျတာင် ရှာလို့မတွေ့နိုင်ဘူး”


ပိုင်ချိုင်သည် မျက်လုံးလှန်ချင်နေသည်။ 


မင်းလိုမျိုး စကားလုံးအကြီးနဲ့ ရေးထားတဲ့ ပါရမီရှင်လို လူက ဒီလိုစကားမျိုးကို ပြောစရာလား။ 


‌”လောင်ပိုင်” ဝေ့ရှောင်းကပြောသည်။ 


“မင်းဘာလို့ စကားမပြောတာလဲ”


ပိုင်ချိုင်က လုဖုန်းကို ကြည့်ပြီး ညွှန်ကြားချက် တောင်းခံသည်။ 


လုဖုန်းက ပိုင်ချိုင်၏ phoneကို တစ်ချက် ကြည့်လိုက်ပြီး ပြန်‌ဖြေသင့်ကြောင်း အမူယာပြသည်။ 


ဒီဂေါ်ဖီထုပ်လေးက ဘယ်လိုလုပ်ရမှာလဲ။ 


သူ့ကိုယ်ကိုယ်ပဲ သံမဏိလို မာကြောအောင်လုပ်ပြီး ရှေ့တန်းကို ချီတက်ဖို့ပဲ လုပ်နိုင်တယ်။ 


လုဖုန်းနှင့် တစ်နှစ်ကျော်နီးပါးခန့်တွင် သူသည်လည်း အနည်းငယ်နားလည်လာသည်။ 


လုဖုန်း၏ ရည်ရွယ်ချက်ကို နားလည်လိုက်ပြီး သူ၏စိတ်ထဲတွင်လည်း ကျန်ဆဲလိုက်သေးသည်။ 


“မင်းက Close ကို လိုချင်တာဆိုရင်…”


ပိုင်ချိုင်၏ နှလုံးသားက တုန်ယင်သွားသည်။ သို့သော် အတက်နိုင်ဆုံး သူ့ကိုယ်သူ တည်ငြိမ်အောင် ထိမ်းလိုက်ရသည်။ 


“ဒါဆိုရင်လည်း FTWကိုလာ”


ဝေ့ရှောင်းက တိတ်ဆိတ်သွားသည်။ 


ပိုင်ချိုင်က လုဖုန်းကို တစ်ချက် ခိုးကြည့်လိုက်ပြီးနောက် တစ်ဖက်သူသည် သူ၏ cellphoneကိုသာ ကြည့်နေကြောင်းသိလိုက်ရသည်။’ဧကရာဇ်ရဲ့ဆန္ဒ’ကိုသူသည် အတန်သင့် နားလည်နိုင်သဖြင့် ဆက်လက်ပြီး ကိုယ့်ကိုယ်ကိုသာ တွန်းအားပေးလိုက်ရသည်။ 


“FTWရဲ့ starting line up မှာ တိုက်တိုက်ဆိုင်ဆိုင် လူတစ်ယောက်လိုနေတာ မင်းအဲဒီနေရာကို လာဖြည့်လို့ရတယ်”


“မင်းက ဒါကို ဆုံးဖြတ်နိုင်လို့လား”


ဝေ့ရှောင်းက သဘောမပျစွာနှင့် မှတ်ချက်ချပြီး အချဥ်ပေါက်စွာပြောသည်။ 


“Closeက အဲဒီနေရာအတွက် လူဆုံးဖြတ်ပြီးပြီ မဟုတ်ဘူးလား။”

12 02

ဒါပေါ့ အဲဒီလူက မင်းလေ။ ပိုက်ချိုင်က ထိုစကားကို အကျယ်ကြီး ထုတ်မပြောရဲသဖြင့် ဝေ့လည်ကြောင်ပတ် ကြည့်လိုက်ရင် ပြောသည်။ 


“စာချုပ်မှာ လက်မှတ် မထိုးရသေးသမျှ အားလုံးဖြစ်နိုင်တယ်”


ဝေ့ရှောင်းက ကိုယ့်ကိုယ်ကို အပြစ်တင်သည်။ 


“လက်မှတ်ထိုးခါနီးမှ အခြေစိုက်စခန်းကနေ ထွက်ပြေးရင်လည်း ဖြစ်နိုင်သေးတာပဲ”


သူက သူ့‌အ‌ကြောင်း ပြောနေတာပဲ။ 


ပိုင်ချိုင်သည်လည်း သမိုင်းဟောင်းကို ထုတ်ဖော်လာမိပြီး လုဖုန်းကို မပျော်မရွှင် ဖြစ်သွားစေမည့် အခြေနေကို စိုးရိမ်သဖြင့် ဖြတ်ပြောလိုက်သည်။ 


“မင်းလာမှာလား၊ မလာဘူးလား။ မင်းလာချင်တာနဲ့ သဘောတူညီမှု ရအောင်လုပ်ပေးမယ်လို့ ငါကတိပေးနိုင်တယ်”


ဝေ့ရှောင်း “မလာဘူး”


ဒီနှလုံးသားမဲ့တဲ့ သားရဲလိုကောင်


ပိုင်ချိုင်က လုဖုန်းကို ကြည့်ပင်မကြည့်ရဲတော့ချေ။ သူသည်လည်း သူ၏‌ကျောက အေးလာသလိုပင် ခံစားလိုက်ရ၏။ လေ့ကျင့်ရေးကြမ်းပြင်မှ အပူပေူမှု သိသိသာသာပင် ပျောက်သွားသည်။ 


“မင်းက ဘာလို့ တွန့်ဆုတ်နေတာလဲ။ မင်းရဲ့အဆင့်အရဆိုရင် FTWက မင်းကို သာမှန် solo match တစ်ပွဲပေါ် အခြေခံကြည့်ပြီး လက်မှတ် ထိုးလိုက်မှာပဲ။ အခုဆို လက်မှတ်ထိုးတဲ့ကြေးက လွန်ခဲ့တဲ့ နှစ်နှစ်ကနဲ့ ယှဥ်ရင် အရမ်းမြင့်နေပြီ။ ရှောင်နင်တောင်မှ သုံးသန်းရတာ။ မင်းသာလာမယ်ဆိုရင်…ဒီထက် ပိုမြင့်နိုင်ဘူးလား”


ပိုင်ချိုင်သည်လည်း ထိုကိစ္စနှင့် ပါတ်သတ်ပြီး အလွန်ယုံကြည်မှုရှိသည်။ ခေါင်းဆောင်လုသည် ရှေ့ပြေးအနေနဲ့ အသုံးပြုခဲ့သော နှစ်သန်းကို အခြေခံကြည့်ခြင်းဖြင့် ထိုကောင်စုတ်လေး ဝေ့ရှောင်က ပိုက်ဆံ အလွန်တန်လောက်သည်။ 


ဝေ့ရှောင်းက လွန်ဆွဲနေသေးသည်။ 


“Professionalအဖြစ် ကစားတာဘာတွေများ ကောင်းနေလို့လဲ။ ငါက Championshipလည်း မရချင်ပါဘူး။ နောက်ပြီး အသင်းပြိုင်ပွဲတွေကိုလည်း စိတ်မဝင်စားဘူး။ ပိုက်ဆံအတွက်ကတော့ ငါ အခုသုံးလို့ မကုန်လောက်အောင် အများကြီး ရှာထားနိုင်တယ်။ အရမ်းများနေရင် ဝန်ထုတ်ဝန်ပိုးပဲ ဖြစ်မှာ”


ပိုင်ချိုင်၏ နှုတ်ခမ်းကပင် တွန့်သွားသည်။ 


မင်းက တကယ်ကို ရည်မှန်းချက်မရှိတာပဲ။ 


ဘဝမှာ ဘာကိုမှ မလိုချင်တဲ့ မီးအိမ်မဟာဆရာသခင် တစ်ယောက်လိုပဲ။ 


သို့ရာတွင်…


ပြဿနာက မင်းရည်မှန်းချက် မကြီးတာ ဘာကိုမှ မလိုချင်တာ မဟုတ်ပဲနဲ့ သောက်ကျိုးနည်း ညလယ်ခေါင်းကြီး professional ကစားသမား လေးယောက်ကို အနိုင်ကျင့်ပြီး သူတို့ရဲ့ပိုက်ဆံအိပ် ပြောင်မသွားအောင် လုပ်လို့ရမလား။ 


ပိုင်ချိုင်က သူ့အား တူကြီးကြီးဖြင့် ထုချင်သွားသည်။ 


“FTWမှာ Closeရှိတယ်”


ဝေ့ရှောင်းက အာ ဟုသော အသံပြုသည်။ အသံကို အခြေခံခြင်းအားဖြင့် ဝမ်းနည်းသွားပံရသည်။ 


ပိုင်ချိုင်ကလည်း သူ၏အားနည်းချက်ကို ထက်ထိုးလိုက်သည်။ 


“မင်းသာ FTWကိုလာပြီး တစ်ချိန်လုံး ခေါင်းဆောင်လာကို တွေ့နေမယ်ဆိုရင် မင်းဆန္ဒရှိတဲ့ အချိန်တိုင်း သူနဲ့ အတူsoloလို့မရဘူးလာ။ ငါချဲ့ကားပြောနေတာ မဟုတ်ဘူးနော်။ ငါတို့ရဲ့ နတ်ဘုရားလုက ကမ္ဘာအဆုံးသတ်ထိ မင်းကို အဖော်ပြုဖို့ ကတိပေးနိုင်တယ်”


ဝေ့ရှောင်းက ခပ်တိုးတိုး ပြောသည်။ 


“သူတကယ် လုပ်နိုင်လောက်တယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားက ငါတွေ့ဖူးသမျှ ဘယ်သူ့ထက်မဆို သာတယ်”


ပိုင်ချိုင်:”…..”


ဘာလို့ သာမှန်စကားလုံးတွေက ဒီကောင့်ရဲ့ ပါးစပ်ထဲကထွက်လာရင် ခြားနားတဲ့ အရသာတွေပါလာတာလဲ။ 


“ဆိုတော့…”သံမဏိကို ပူတုန်းထုသည်။ 


“မင်း FTWကို လာမှာလား မလာဘူးလား”


ဝေ့ရှောင်းက စက္ကန့် တစ်ဝက်ခန့် ရပ်သွားသည်။ 


“လောင်ပိုင် ဘဝနဲ့ လူသားရေးရာ ကိစ္စကြားမှာ ဟန်ချက်ညီမှု ရှာဖို့က ခက်တယ်”


ပိုင်ချိုင်:”???”


ဝေ့ရှောင်းက သက်ပြင်းရှည်ကြီးကိုချသည်။ 


“ငါ့အနေနဲ့ professional အဖြစ် ကစားဖို့က မဖြစ်နိုင်ဘူး။ ဒီတိုင်း Closeကို ငါ့ရဲ့ဘဝက မရရှိနိုင်တဲ့ အရာတစ်ခုအဖြစ် သက်မှတ်လိုက်ရအောင်”


ပိုင်ချိုင်:”?????”


သူအတက်နိုင်ဆုံးကြိုးစားပြီး ဆယ်မိနစ် နီးပါးလောက် ဖျောင်းဖျနေတာရဲ့ နောက်ဆုံးသော ရလဒ်က ဒါလား။ 


ပိုင်ချိုင်က လုဖုန်းကို လှည့်ကြည့်သည်။ 


လုဖုန်း၏ အပြုမူတွင် ခြားနားမှု မရှိပေ။ သူသည် အံ့သြမှုလည်း မရှိသလို ဒေါသလည်းမထွက်ချေ…မထွက်လောက်ပေ…။ 


ပိုင်ချိုင်၏ နှုတ်ခမ်းက တိတ်တဆိတ် လှုပ်ခက်သွားပြီး နောက်ထက်ညွှန်ကြားမှုများကို တောင်းခံသည်။ 


လုဖုန်းက သူ၏ phone မှတ်စုတွင် စာတစ်ကြောင်းရိုက်ပေးသည်။ 


“ယွဲ့ဝမ်လဲ့က နိုးလာလို့ သူနဲ့အတူ soloချင်နေတယ်”


ပိုင်ချိုင်က ချက်ချင်းလိုလို နားလည်သွားသည်။ 

12 03

“အာ ငါ အခုလေးတင် လောရွဲ့ကို တွေ့လိုက်ပြီ”


ပိုင်ချိုင်၏ သရုပ်ဆောင်စွမ်းရည်ဟာ မှတ်သားပြုဖွယ်လောက်သည်။ 


ဝေ့ရှောင်းက သန်းသည်။ 


“နတ်ဘုရားလဲ့က ဒီလောက်စောစောနိုးလာတာလား။ မင်းအမြင်မှားတာ မဟုတ်ဘူးလား။ ဒီလိုအခြေနေမျိုးဆိုရင် Closeပဲ မနက်ပိုင်း ပြေးဖို့ထလာတက်တာလေ”


ပိုင်ချိုင်က တော်လွန်းသော သောက်ကျိုးနည်း ‌အကောင်စုတ်ကို အမှန်တကယ် ကြောက်သွားသည်။ 


“ငါ့ကို ကန်းနေတယ်လို့များ မင်းကဆက်ဆံနေတာလား။ နတ်ဘုရားလုက ၁.၉ မီတာ။ လောင်ယွဲ့က ၁.၈မီတာ။ ငါ ခြားနားချက်ကို မပြောနိုင်ဘူးလို့များ ထင်နေတာလား”


ဝေ့ရှောင်း “မင်း ပြောတာမှန်တယ်”


ပိုင်ချိုင်က သူ့ကို တိုက်တွန်းသည်။ 


“မင်း ငါ့တို့ zoneရဲ့ နံပါတ် တစ် ATCတစ်ယောက်နဲ့ ကစားချင်တာsoloမလား”


FTWသည် ၂၀၁၉ တရုတ်ပြိုင်ပွဲနယ်‌မြေတွင် champion အသင်းဖြစ်သည်။ Starting team၏ ATCတစ်ယောက်ဖြစ်သည့် အလျောက် ယွဲ့ဝမ်လဲ့သည်လည်း နံပါတ်တစ် ဆိုသော နာမည်နှင့် ထိုက်တန်သည်။ 


ပိုင်ချိုင်က ဆက်ပြောသည်။


“လောင်ယွဲ့က ရှားတန်ထက် အဆင့်အများကြီးပိုမြင့်တယ်”


ဝေ့ရှောင်းသည် ချက်ချင်လိုလို တက်ကြွသွားသည်။ 


“ကောင်းပြီလေ။ သူလာမှာလား”


ယွဲ့ဝမ်လဲ့သည် အထောက်အပံ့ အသင်းတွင် ကစားနေခဲ့ချိန်က ဝေ့ရှောင်းကြောင့် ဖောက်ခွဲခံရဖူးသော်လည်း ထိုအချိန်က skillများသည် ယခု အချိန်skillများနှင့် မတူညီချေ။ ယွဲ့ဝမ်လဲ့က ပြိုင်ပွဲကြီးပေါင်းများစွာကို အတွေ့အကြုံ ရှိပြီးသည့် အလျောက် ယခင်ကကဲ့သို့ မည်သည့်အတွေ့ကြုံမှ မရှိသည့် လူသစ်လေးမဟုတ်တော့ချေ။ သူသည်လည်း အမှန်တကယ် မျှော်လင့် စောင့်စားမိသွားသည်။ 


ပိုင်ချိုင်က လုဖုန်းကို တစ်ချက်ကြည့်ပြီး ပြောသည်။ 


“ငါ သွားမေးလိုက်မယ်”


ဝေ့ရှောင်း “မြန်မြန်လုပ်”


ပိုင်ချိုင်က ထိုင်ခုန်ကို တွန်းဖယ်ဟန်ဆောင်၍ အဝေးသို့လှမ်းအော်သည်။ 


“လောင်ယွဲ့”


သူသည် ဝေ့ရှောင်းထံ ပြန်လာရင်းပြောသည်။ 


“ငါ phone အရင်ချလိုက်မယ်။ စာပို့ပြီး ဆက်သွယ်လိုက်မယ်”


ဝေ့ရှောင်း “ကောင်းပြီ”


Phoneချပြီးနောက် ပိုင်ချိုင်က သက်ပြင်းရှည်ကြီးကို ချသည်။ လုဖုန်းက မေးသည်။ 


“တစ်ညလုံး မအိပ်သေးတာလား “


သူ့ရဲ့ ဆိုလိုခြင်းကို ပိုင်ချိုင်က ဘယ်လိုများနားမလည်ပဲ နေမှာလဲ။ 


သူသည် အလျှင်မြန် ရှင်းပြရသည်။ 


“ဒီကောင်က မင်းနဲ့ ဂါရီရဲ့ပြိုင်ပွဲကို ကြည့်ပြီး စွမ်းအင်တွေက သူ့ရဲ့ခေါင်းထိ ထိုးတက်သွားတယ်ထင်ပါတယ်။ သူ တစ်ညလုံး လူတွေနဲ့ soloနေတာ “


လုဖုန်း “သူ ဘယ်သူတွေကို ရှာတာလဲ”


ပိုင်ချိုင်က တွေးတောပြီးနောက် ပြော၍လည်း အဆင်ပြေသည်ဟု ခံစားရသဖြင့် သူ၏ customer ဟောင်းတိုင်းကို ရောင်းထုတ်လိုက်သည်။ 


လုဖုန်း “မှတ်တမ်းရော ရှိလား”


“ဝေ့ရှောင်း အကုန်နိုင်သွားတာ”


လုဖုန်း “အင်း”


စကားလုံး တစ်လုံးသာ ဖြစ်သော်လည်း ပိုင်ချိုင်ကမူ “ဒီလိုပဲ ဖြစ်သင့်တယ်”ဆိုသော အဓိပ္ပါယ်ကိုပင် နားလည်သလိုလို ရှိသည်။ 



သူအတွေးလွန်တာ ဖြစ်မှာပါ။ သူ သေ‌ချာပေါက် အတွေးလွန်နေတာ။ 


သူတို့ရဲ့ မဟာမိစ္ဆာဘုရင်က ဘာခံစားချက်မှမရှိတဲ့ championစက်တစ်လုံးနဲ့ ဘယ်လိုကြောင့်များ ဒီလိုခံစားချက် ကြွယ်ဝနိုင်မှာလဲ။


ပိုင်ချိုင်က တက်တက်ကြွကြွမေးသည်။


“ ခေါင်းဆောင် သူနှင့် solo မလို့လား”


လု့ဖုန်းက computer ရှေ့တွင်ထိုင်နေပြီဖြစ်သည်။ သူက computer ကိုဖွင့်လိုက်ရင်း တစ်ခါတည်း စစ်ဆေးလိုက်သည်။ 


“ သူ လုပ်ချင်တယ် မဟုတ်ဘူးလား”


ပိုင်ချိုင် “ …..”


သူက လုပ်ချင်တာနဲပဲ မင်းက လုပ်ပေးတော့မလို့လား။


ဖာ့ခ်။


ဒါက ဘယ်လောက်တောင် Gay ဆန်တဲ့ ကိစ္စလဲ။ 


အဖြောင့်တစ်ယောက်အနေနှင့် သူ cp ဖွဲ့ဖို့ ကောင်မလေးတွေကိုပဲ သွားပြီး အဖော်ပြုသင့်တာ ထင်တယ်။ 


သူ့ရဲ့ ဦးနှောက် circuit က ပုံမှန်တိုင်းမလည်ပတ်တော့ဘူး။


ဝေ့ရှောင်း၏ Wechat က ရောက်လာသည်။ 

12 04

“ ဘယ်လိုဖြစ်တာလဲ။ ဘယ်လိုဖြစ်သွားလဲ။”


ပိုင်ချိုင်သည်လည်း အမှန်တကယ်ပင် နားမလည်နိုင်ပေ။ 


တစ်ညလုံး solo ထားတဲ့ ဝေ့ရှောင်းက ဘယ်လိုများ ဒီလောက် အင်အား တက်ကြွနေနိုင်သေးတာလဲ။


နောက်ပြီးသူ့ရဲ့ အဘိဓာန်မှာ ပင်ပန်းတယ်ဆိုတဲ့ စကားလုံးက မရှိတာများလား။


Internet ကိုစွဲလန်းလွန်းသော လူငယ်များသည် အမှန်တကယ်ပင်ရန်စ၍ မရချေ။


“ သူလာပြီ။ ငါမင်းကို invite လိုက်မယ်”


ပိုင်ချိုင် က ဝေ့ရှောင်းကိုပြောသည်။ 


ဝေ့ရှောင်းက စိတ်အခြေအနေ ကောင်းနေသည်။ 


“ နတ်ဘုရား လု့ကို လေးစားမှု ပြသဖို့ကောင်းတယ်။ ငါ သူခိုးကိုသုံးမယ်”


ပိုင်ချိုင်၏ နှူတ်ခမ်းက တွန့်သွားသည်။


မင်း အပြစ်ပေးခံဖို့ပဲစောင့်နေစမ်းပါ ကောင်စုတ်လေး။


ပိုင်ချိုင်က လု့ဖုန်းကိုမေးသည်။


“ Custom mode ပဲလား ခေါင်းဆောင်။ ဘာသုံးမှာလဲ။”


လု့ဖုန်း “ ရေခဲမုဆိုး “


ထို hero သည် ယွဲ့ဝမ်လဲ့ ကျော်ကြားသော hero ဖြစ်ပြီး ဝေ့ရှောင်းက အသားကုန်ဖိချလျက် မြေပြင်အနှံ့ ပေါက်ကွဲအောင်လုပ် နိုင်ခဲ့သော hero လည်းဖြစ်သည်။ 


ဝေ့ရှောင်းသည် ယွဲ့ဝမ်လဲ့ ရွေးချယ်သော hero ကိုမြင်သောအခါ သူ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမူများ က discount အပေးခံလိုက်ရသလို ဖြစ်သွားသည်။ 


သူခိုးများသည် မုဆိုးများနှင့်ယှဥ်သော် သဘာဝအားဖြင့် အားသာချက်မရှိတတ်ချေ။ သို့သော် အရိပ်သူခိုးသည် ရေခဲမုဆိုး၏ အိပ်မက်ဆိုးဖြစ်လာနိုင်သည်။


အနီးကပ်တိုက်ခိုက်ရာတွင် မုဆိုးများအတွက် talent builds အချို့ရှိသည်။ အရိပ်သူခိုးကို ထိပ်တိုက်ယှဥ် တိုက်ခိုက်ရန်အတွက် အင်အားများ ပိုင်ဆိုင်ထားသော ဆင့်ခေါ်သူအမျိုးစား builds များကရှိသေး၏။ ရေခဲမုဆိုးကမူ ထိပ်တိုက်ရင်ဆိုင်သော အနေထားမျိူးတွင် အရိပ်သူခိုးကို မယှဥ်နိုင် သည့် hero တစ်မျိုး ဖြစ်နေရုံသာဖြစ်သည်။ ယွဲ့ဝမ်လဲ့သည် တရုတ်ပြိုင်ပွဲဝင် zone ၏ Top ADC တစ်ယောက်ဖြစ်သော်လည်း


ပြိုင်ပွဲသည် 5 Vs 5 ဖြစ်သည်။ 


အသင်းပြိုင်ပွဲများနှင့် individual match ပွဲများသည် ကွာဟချက်ကြီးသည်။ ဥပမာ အနေဖြင့် ရေခဲမုဆိုး builds မျိုးနှင့်ဖြစ်သည်။ Solo match များတွင် အသာစီး အရယူရန် ခက်ခဲသော်လည်း အသင်းလိုက်ပွဲများတွင်မူ အဖေကြီးတစ်ယောက်ဖြစ်သွားနိုင်သည်။


သူ့ကို ကာကွယ်ပေးမည့် အထောက်အပံ့ တစ်ယောက်က ရှိနေသည်နှင့် ရေခဲမုဆိုးက အင်အားပြည့်ရှိသွားပြီး ထုတ်လွှတ်လိုက်သည့် ရေခဲမြှားတိုင်းက ကောင်းကင်ကိုပင် အက်ကွဲစေလျက် မြေပြင်ကိုပင် ဖျက်စီးနိုင်လောက်သည်။ 


အားနည်းသော သူခိုးကို မဆိုထားပြီး မဟာအာလာဒင် ဆိုလျင်ပင် ထိုမြှားများအောက်တွင် ရှင်သန်ရန် လမ်းကြောင်းမရှိပါပေ။


ယွဲ့ဝမ်လဲ့သည် အမှန်ပင် အင်အားကြီးပြီး တရုတ်ပြိုင်ပွဲရေး zone တွင်… မဟုတ်သေးဘူး ကမ္ဘာ့ အဆင့် အကျော်ကြားဆုံးသော ADC များတွင်ပင် တစ်ယောက်အပါဝင်ဖြစ်သည်။


သို့ရာတွင် သူသည် ရေခဲမုဆိုး ကိုသုံးပြီး အရိပ်သူခိုးကို သုံးသော ဝေ့ရှောင်းဖြင့် solo ရန်ကျိုးစားနေခြင်းက ကြက်ဥ ကို ကျောက်တုံးနှင့် ထုနေသကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။


Loading interface ကိုမြင်သောအခါ ဝေ့ရှောင်းက စိတ်ပျက်သွားသည်။


ရေခဲမုဆိုးကို သုံးပြီး သူ့ရဲ့ အရိပ်သူခိုးကို အနိုင်ရယူမယ်…။


လောကမှာ ဒီလိုလုပ်နိုင်တာ တစ်ယောက်ပဲရှိတယ်။ 


ဒါက လွန်ခဲ့တဲ့ နှစ်နှစ် က Close ပဲ။


ဟော၊ ဘာလို့များသူ Close နှင့်တွေ့ခဲ့ရတာလဲ။


အထက်တန်း တတိယနှစ် ဆောင်းတွင်း


ပိတ်ရက်အတွင်းတွင် သူသည် သစ်ယဥ်လွန်းသော အခိုက်တန့်တစ်ခုအတွက် ကြောင့်နှင့် Global final ကိုတိုက်ရိုက်ထုန်လွှင့်မှုအား ဖွင့်ဝင်ကာ မကြည့်ခဲ့သင့်ပေ။ 


အတွေးများ ကပေါက်ကချာဖြစ်နေသော ဝေ့ရှောင်း သည် ရေခဲမုဆိုးကို ထိပ်တိုက်ရင်ဆိုင်သော အခါ ခြားနားချက်အချို့ကို တွေ့လိုက်ရသည်။ ဒီရေခဲမုဆိုးက… အရမ်းကိုအသေးစိတ်ကျတယ်။


သူသည်လည်း အဆင့်တစ်တွင်ရှိနေချိန်က ဝေ့ရှောင်းဟာ သူ့ကို နောက်ယောင်ခံလိုက်မည်ဖြစ်ကြောင်း သိနေလောက်သည်။ သူ၏ လှုပ်ရှားမူ များကအလွန်မင်း အနုစိတ်ကျလျက် တိုက်ခိုက်လာနိုင်မည့် ရှုထောင့်တိုင်းကို ပြီးပြည့်စံုစွာ ရှောင်ရှားသွားချိန်တွင် စစ်သည်တော် တစ်ယောက်ကိုမှ မလွတ်သွားစေခဲ့ချေ။


ထိုသေးငယ်သော စစ်သည်တော်လေးများက အတွေ့ကြုံနှင့် ပိုက်ဆံများရသည်။ အတွေ့ကြုံသည် အဆင့်မြှင့်တင်ရန်အတွက် အသုံးပြုနိုင်သည်။ Skill များကိုမြှင့်တင်၍ ရသည်။ ပိုက်ဆံကမူ DPS ကိုမြှင့်တင်ရန်အတွက် ပစ္စည်းများဝယ်၍ ရသည်။


MOBA အမျိုးစား game များတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ပိုင်skill နှင့် game ကိုအာရုံခံနိုင်စွမ်းအား ကျွမ်းကျင်နိုင်စွမ်းအားများကသာ အရေးကြီးသည်။ ထို့အပြင် ငွေကြေးမရှိလေပဲ စကားကြီးစကား


ကျယ်ပြောသလိုသာ ဖြစ်နေပေလိမ့်မည်။ 

12 05

ထို့ကြောင့် individual ကစားသမား တစ်ယောက်ချင်းစီတိုင်း၏ စွမ်းရည်များသည် အဆင့် ၁ တွင် အဆင့် ၁၀ ကိုဆွဲချနိုင်စွမ်းရည်မျိုးမရှိသေးပါချေ။ သို့သော် professional ကစားသမားများ၏ အခွင့်ရေးကို အမိရဖမ်းဆုပ်လျက် အရင်းမြစ် များကို ထိန်းချုပ်နိုင်သောစွမ်းရည်ကို ပို၍ အာရုံစိုက်ပြီး ဆက်တိုက်ဆိုသလို farm လုပ်နေခဲ့ရင်း တက်နိုင်သမျှ အဆင့်တက်သွားလျှင် အရာအားလုံးက ဖြစ်နိုင်သည်။ ထိုသို့ဖြင့် သူတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင် စွမ်းရည်ကို ထည့်ပေါင်းစပ် အသုံးပြုချင်း အားဖြင့် တဖြည်းဖြည်းချင်းစီ ပြသ သွားနိုင်ပေလိမ့်မည်။


ဝေ့ရှောင်းသည် ပိုက်ဆံလု ခြင်းနှင့် ပတ်သတ်သော အလွန်မင်းထူးခြားသော ပါရမီမျိုးရှိနေသောကြောင့် professional ကစားသမားများကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။ 


လမ်းများကို ဖိအားပေးခြင်း ၊ စစ်သည်တော်များကို သတ်ခြင်း၊ တောအတွင်း ရှိ creeps များကိုထိန်းချုပ်ခြင်းနှင့် ခုခံရေးမျှော်စင်အတွက် နောက်ဆုံးသော သံကိုထုရိုက်ခြင်း တို့အတွက် အရာအားလုံးသည် သူကိုယ်တိုင်အတွက် လမ်းကြောင်းချထားရင်း ထိန်းသိမ်းထားရသည့် အခြေအနေမျိုးဖြစ်သည်။


အသေးစိတ်တွေကို အထင်မသေးနဲ့နော်… ငွေကြေးအခြေနေကလည်း ဒီလိုမျိုးတဖြည်းဖြည်းချင်းစီ တက်ယူရတာပဲ။


ဝေ့ရှောင်း ပထမဦးဆုံးတိုက်ကွက်ကမူ ရေခဲမုဆိုးကို တစ်ချက်ကြည့်ရုံသာဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် သူသည် ရေခဲမြှားတစ်ချောင်းကြောင့် သူ၏ health အတုံးလိုက် ကျသွားသည်။


“ မဆိုးဘူး”


ဝေ့ရှောင်းက ခပ်မတ်မတ်ထိုင်လိုက်သည်။


သူသည်အချိန်ကို တစ်ချက် တွက်ချက်လိုက်ပြီး ချုံပုတ်များထံမှ ထွက်လာမည့် ထို creep လေးများက ဘယ်ဘက်ခြမ်းသို့သွားမည့် အနေထားကို စစ်ဆေးကြည့်ရာ သူမျော်လင့်ထားသလိုပင် မုဆိုးက အေးဆက်သော ရေခဲမြှားတစ်ချောင်းကိုပစ်လိုက်သည်။


 ပထမဆုံး အကြိမ်ဖြင့် သူ၏ ကိုယ်ပိုင် health နှင့် damange ကိုအတတ်နိုင်ဆုံး ထိန်းချုပ်နိုင်သော ဝေ့ရှောင်း ဟာ ပြန်လည်တွက်ချက်ခံရသည့်အခြေနေမျိုးကို ကြုံတွေ့လိုက်ရသည်။


သူ၏ အခြေခံတိုက်ခိုက်မှုများက ရေခဲမုဆိုးက အခိုးခံရမည့် creeps များကိုတွေ့ရသည့်အချိန်တွင် မတိုက်ခိုက်နိုင်ခဲ့ချေ။


နောက်ဆုံးသော hit သည် အတွေ့ကြုံနှင့် ရွှေများအတွက် ထည့်တွက်မည်ဖြစ်သည်။ ဝေ့ရှောင်းက သူ့အတွက် ကြိုးစားရင်း အလုပ်များသွားချိန်တွင် အခြားတစ်ယောက်ကို အကျိုးမြတ်များ အားလုံးပေးလိုက်ရင်းဖြင့် အဆုံးသတ်သွားရသည်။


“ ပြိုင်ပွဲ ကြီးတွေမှာ အတွေ့ကြုံရှိတာက ခြားနားချက်တကယ်ကြီးတာပဲ”


ဝေ့ရှောင်းက စိတ်ငြိမ်သွား ပြီး အခွင့်ရေးကို ပြန်ရှာသည်။ သူ၏ မျက်လုံး များက ရေခဲမုဆိုး တွင်အမြဲတစေရှိနေခဲ့ပြီး နေရာချထားမူ စီမံလည်ပတ်မူနှင့် skill များကို အသုံးပြုပုံအပြင် တစ်ဖက်သူ၏ cd ( skill cooldown) ဖြစ်ချိန် ကိုပင်တွက်ချက်လိုက်သည်။ တချို့သော အကြောင်းပြချက်များကြောင့် သူသည်လည်း ရင်းနှီးကျွမ်းဝင်မူ ကို ပြင်းထန်စွာခံစားနေရသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က သူသည်လည်း ယခုလိုမျိူး ရေခဲမုဆိုး ကြောင့် အစိပ်စိပ်အပိုင်းပိုင်းဖြစ်သည် အထိဖောက်ခွဲခံခဲ့ရသည်။ ဒီလိုချိန်တွင် ထိုသို့လုပ်နိုင်သည်မှာ Close ဖြစ်သည်။


ဒါပေမယ့် အခုက ယွဲ့ဝမ်လဲ့လေ။ လူကမှ မတူတာ။ ဒါမယ့် ဘာလို့ဒီလောက်ထိ တူတာတွေ များနေတာလဲ။ 


ထိုသို့ဆိုလျှင် အဖြေတစ်ခုသာ ရှိသည်။ Close ရဲ့အသင်းဖော်တစ်ယောက် အနေနှင့် ယွဲ့ဝမ်လဲ့သည် Close နှင့် soloနိုင်ပေလိမ့်မည်။ 


ယွဲ့ဝမ်လဲ့၏ လက်ရှိကစားသော style ကိုလည်း Closeက ကိုယ်တိုင်ကိုယ်ကျ သင်ထားပေးခြင်း ဖြစ်လောက်သည်။ 


ဝေ့ရှောင်း၏ ရင်အတွင်း မီးတောက်က တောက်လောင်သွားသည်။


သေစမ်း။


သူ လိုချင်ပေမယ့် မရနိုင်တဲ့အရာက တစ်ခြားတစ်ယောက် စိတ်ကြိုက်ရနိုင်နေတဲ့ အရာ ဖြစ်နေတာလား။

++++++