Ch 13
Viewers 3k

အပိုင်း (၁၃) သူတို့က ကောင်လေးပဲလိုချင်တာ။


သူ၏ စိတ်အတွင်း ထိုအတွေးဝင်လာသည်နှင့် ဝေ့ရှောင်းသည် သူ၏ ဖန်သားပြင်တွင် ပေါ်နေသော ရေခဲမုဆိုး ကိုကြည့်လိုက်ပြီးနောက် မည်သို့ပင်ကြည့်ကြည့် မျက်စိဆံပင်မွှေး ဆူးနေသလိုခံစားလိုက်ရသည်။


ဝေ့ရှောင်းအနေနှင့် လွန်ခဲ့သော နှစ်နှစ်ခန့်က ၄၈နာရီတွင်း ဖြစ်ခဲ့သမျှအကြောင်းရာများကို မေ့သွားရန် မဖြစ်နိုင်ပေ။ 


သို့ရာတွင် သူက အရိပ်သူခိုးအဖြစ် ကစားနေခဲ့ချိန်က Close ၏ ရေခဲမြှားအောက်တွင် မြေပြင်တွင်ထိုးစိုက်ခံထားရသည့်အခိုက်အတန့်ကိုမူ အလွန်မင်း ရှင်းလင်းစွာမှတ်မိနေသေးသည်။


ထိုအချိန်က သူတို့သည် တနေ့လုံးတစ်ညလုံး solo ခဲ့ကြသည်။ Game ပွဲတစ်ရာနီးပါး ရှုံးသွားသော ဝေ့ရှောင်းသည် နောက်သို့ဆုတ်လိုစိတ် မရှိခဲ့ချေ။ သူသည် လု့ဖုန်းအား အချိန်တိုင်းတွင် နောက်ထပ် Game ပွဲ invitation များဆက်တိုက်ပို့ပြီး နောက်တစ်ပွဲကို ခပ်မြန်မြန်စတင်လေ့ရှိသည်။ 


၁၀၁ ပွဲမြောက်ရောက်သည်အထိ တောက်လျှောက်သွားခဲ့သည်။ ဝေ့ရှောင်းက အရိပ်သူခိုးနှင့် solo king ဘုရင် အရယူခဲ့ပြီး ဝေ့ရှောင်းကမူ ဆန့်ကျင်ဘက်အနေဖြင့် ရေခဲမုဆိုးကို သုံးလျှက် solo ညီငယ်လေး ဘက်ကို ယူခဲ့သည်။ 


ထိုအချိန်တွင် ဝေ့ရှောင်းသည် သူ၏ ခေါင်းကိုဆန့်ထုတ်ပြီး လု့ဖုန်း ကြည့်လိုက်သည်။ 


“ဒါက ဘာကိုဆိုလိုတာလဲ”


လု့ဖုန်း: “ ဟင်”


ဝေ့ရှောင်း : “ ငါ့ကို ပေါ့သေးသေး သဘောမထားနဲ့။ ငါက ရှုံးရမှာကိုကြောက်တာ မဟုတ်ဘူး”


ရေခဲမုဆိုး ကိုရွေးတာက သူ့ကို အထင်သေးတာရှင်းနေတာပဲ။ သူက မညီမျှတဲ့ ကစားကွင်းမှာ solo game ကစားရတာမျိုးကိုစိတ်မဝင်စားဘူး။


တနေ့လုံး တစ်ညလုံး ကစားခဲ့သည့်တိုင်အောင် လု့ဖုန်း ၏ မျက်လုံးနှင့် မျက်ခုံးများက နွမ်းနွယ်မှု များကို မသယ်ဆောင်သေးချေ။ သူ၏ နှုတ်ခမ်းကပင် ကော့တက်သွားသည်။ 


“ ပြိုင်ဘက်ကို အထင်သေးတာကို တားမြစ်ထားတယ်”


ဝေ့ရှောင်းက နှုတ်ခမ်း ဆူသည်။ 


“ ဒါက solo လေ။ အထောက်ပံ့ရဲ့ အကာကွယ်မရှိတဲ့ ရေခဲမုဆိုးက လမ်းကျဥ်းပေါ်မှာ လျောက်သွားနေတဲ့ စစ်သည်တော်တစ်ယောက်ထက်တောင်ဆိုးသေးတယ်”



လု့ဖုန်းက ရှည်ရှည်ဝေးဝေး ရှင်းပြမနေပေ။ 


“ Game ပွဲ စမယ်”


ဝေ့ရှောင်းက စမည်ဆိုသော ခလုတ်ကို နှိပ်လိုက်သည်။ သို့သော် သူ၏ ပါးစပ်ကမူ အထွန့်တက်နေသေးသည်။ 


“ ငါဂရုမစိုက်ဘူး။ ငါဒီပွဲကို နိုင်သွားရင်တောင် ထည့်မတွက်ဘူး။ မင်းငါနဲ့ ဆက်ပြီး soloရမယ်”


တစ်ဖက် computer ဖန်သားပြင်အခြားတစ်ဖက်ခြမ်းတွင် လု့ဖုန်းက ဝေ့ရှောင်၏ အမူရာကိုမမြင်နိုင်ပေ။ သို့သော် လု့ဖုန်း၏ အသံက နူးညံ့သွားသည်။ 


“ ကောင်းပြီ”


ထို့နောက်…


ဝေ့ရှောင်းသည်လည်း အရှုံးကြောင့် သူ၏ ပါးစပ်ကပင် အဟောင်းသားဖြစ်လျက် အံသြ သွားရသည်။ 


“ဒါက ဒါက” လု့ဖုန်းက သူ့ကိုတချက်ကြည့်သည်။


“ ရေခဲမုဆိုးက အားနည်းလား”


ဝေ့ရှောင်း က အံအားသင့်မူမှ မရုန်းထွက်နိုင်သေးချေ။


“ အားနည်းတယ်”


လု့ဖုန်း : “ ဟင်”

13 02

ဝေ့ရှောင်း : “ ရေခဲမုဆိုးက အရမ်းအားနည်းတယ်။ ဒါပေမယ့် မင်းကအရမ်းအင်အားကြီးတယ်။ မင်းက အရာအားလုံးထက်ကို အင်အားကြီးနေတာပဲ ဖာ့ခ်။ Close မင်းက ဘယ်လိုကြောင့် ဒီလောက်ထိ အင်အားကြီးနေတာလဲ”


သူဟာ မတ်တပ် ထရပ်လိုက်သည်။ သူ၏ မျက်လုံးဟာ လု့ဖုန်းထံတွင်သာဖြစ်သည်။ သူ၏ မျက်ဝန်းအတွင်းဘက်ခြမ်းတွင် ဖုံးကွယ်မထားနိုင်သည့် အပူလှိုင်းက ရှိနေသည်။


 ပူလွန်းသဖြင့် သူ၏ နှလုံးသားထိပ်ဖြားများကိုပင် လောင်ကျွမ်းသွားစေနိုင်သည်။


ပိုင်ချိုင် ပြောသော စကားတစ်ခွန်းက မှန်သည်။ 


ဝေ့ရှောင်းက အမှန်တကယ်ပဲ သူ့ကိုသုံးပြီး လွှင့်ပစ်သွားခဲ့တာ။ 


ဒီသုံးတယ်ဆိုတာ က ထင်သလောက် ရည်ရွယ်ချက်မကြီးပေမယ့်ပေါ့။


လွန်ခဲ့သော နှစ်နှစ်ခန့်က ရေခဲမုဆိုး ၏ လွမ်းမိုးခံရပြီးနောက် ကြောက်ရွံ့သည့် ခံစားချက်က ဝေ့ရှောင်း၏ ခေါင်းပေါ်တဖန်ပြန်လည် ဖိချလာပြန်သည်။ 


သို့ရာတွင် သူသည် ကြောက်လန့်မှု၏ လွမ်းမိုးခံရမည့် လူမျိုးမဟုတ်ချေ။ အနှစ်ချုပ်ဆိုရသော် သူ့ကို ဖိအားပေးလေလေ သူက ပို၍ ရဲရင့်လေလေ ဖြစ်သည်။ အင်အားကြီးသော သူကို ရင်ဆိုင်ရမှသာ ထိုသို့သောခံစားချက်မျိုးကိုရတတ်သည်။


ဆယ်မိနစ်ခန့်ကြာ အပြီးနောက်တွင် ရေခဲမုဆိုးက သုံးစုံတွဲကို ပြီးမြောက်သွားသည် ( အဓိက ပစ္စည်းသုံးမျိုး) ။ DPS output ကလည်း ချက်ချင်းဆိုသလို ပေါက်ကွဲမတတ် ထိုးတက်လာ၏။ ဝေ့ရှောင်း၏ ငွေကြေး အခြေအနေက နောက်တွင်မကျန်ရစ်နေခဲ့သည့် တိုင်အောင် ကံဆိုးသည်မှာ သူသည်ရေခဲမုဆိုး၏ DPS gear တိုင်းကြောင့် အနားသို့မကပ်နိုင်ခဲ့ချေ။ 


သူ၏ ငွေကြေးအခြေနေက ပိုကောင်းနေခဲ့လျင် ဝေ့ရှောင်းသည် သူ၏ ခုခံမည့် ပစ္စည်းကို ချက်ချင်း လဲ ပြီး ရေခဲမုဆိုးကို တိုက်ခိုက်ရာတွင် တောက်လျောက်ခ်ိုးသွား၍ ရသည်။ သူက သာ ပေါင်းစပ်ခြင်း skill ကို အသုံးပြုနိုင်သမျှ တဖက်သူကို သတ်နိုင်ပေလိမ့်မည်။


 ကံဆိုးသည်မှာ သူသည် မည်သည့်ရွှေကိုမှ မလုနိုင်ခဲ့ချေ။ သူသည် ရေခဲမုဆိုး၏ လက်ထဲမှ တစ်ဒေါ်လာ ကိုမှ မလုနိုင်ခဲ့ဟုပင် ပြော၍ရလောက်သည်။


ဝေ့ရှောင်းသည်လည်း solo ပွဲ၏ ပိုင်နက်နယ်မြေကို အလွန်မင်းရင်းနှီးလွန်းသည်။ ရင်းနှီးသည်ထက်ပင်ပို၍ ရေခံမုဆိုးကမူ သူ့ထက်ပင် ရင်းနှီးနေလောက်သည်။ 


ဝေ့ရှောင်းသည်လည်း အရိပ်သူခိူးကဲ့သို့သော hero ကို သူ၏ လက်ခုံအလား ကောင်းကောင်းသိသည်။ သို့သော် တစ်ဖက်ခြမ်းမှ ရေခဲမုဆိုးကလဲ သူ၏ အတွေးများကို ကောင်းကောင်းသိနေပြန်သည်။ 


သူက တကယ်ပဲ ဒီလောက်ထိ အင်အားကြီးတာလား။


ကစားသမားတစ်ယောက်က Close ရဲ့အောက်မှာ တစ်နှစ်လောက်နေပြီးတာနဲ့ ပြိုင်ပွဲကြီးတွေမှာ အတွေ့ကြုံရှိပြီးတာနှင့် ဒီလောက်ထိအင်အားကြီးလာလောက်လို့လား။


 ဝေ့ရှောင်း၏ တိုင်ခိုက်လိုစိတ်ဆန္ဒ က လှုံ့ဆော်ခံရသည်။ သူသည် ယခုလိုခံစားချက်မျိုးကို မရသည်မှာ ကြာပြီဖြစ်သည်။


သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများက နိုးထလာပြီး အရိပ်ကလေးများကလဲ လှုပ်ခတ်လာသည်။ သူ၏ ဦးနှောက် ကပင် အလွန်မင်းကြည်လင် တောက်ပသွားသည်။ သူ၏ အာရုံခံနိုင်စွမ်း ငါးခုလုံးဟာ ပို၍ပင်မြင့်မားလာသည်။


သူသည် အပြင်မှအသံများကို မကြားတော့ချေ။ တောင်ကြားအတွင်းမှ ခြေလှမ်းသံများကိုသာကြားသည်။ မြက်ခင်းများ၏ ပွတ်တိုက်သံနှင့် skill ထုတ်လွှတ်ပုံများကို သာ အာရုံစိုက်နိုင်တော့သည်။ 


သူ၏ လက်ချောင်းများက ဥိီးနှောက်နှင့် တိုက်ရိုက်ဆက်သွယ်ထားပုံရသည်။ သူ၏ mouse လှုပ်ရှားမှုတိုင်း၊ ခလုတ်တခုကိုဖိနှိပ်လိုက်ချိန်တိုင်း၊ keyboard ကို ဖိနှိပ်ပြီး ပြန်ကန်ထွက်လာသည့်အချိန်တိုင်းတွင် အလိုလို အရာအားလုံးက အလွန်မင်း တိကျနေသေးသည်။ ဘယ်သောအခါမှ လွန်ကျွံထွက်သွားသည် မရှိချေ။ သူသည် ထိုကဲ့သို့သောခံစားချက်မျိုးကို သဘောကျသည်။ သူသည် ထိုကဲ့သို့သော ခံစားချက်မျိုးကိုသာ အမြဲတစေ ရှာဖွေနေခဲ့ခြင်းဖြစ်သည်။ 


သွေးပူသောတိုက်ပွဲက လွန်ခဲ့သောနှစ်နှစ်ခန့်က Close နှင့် တိုက်ခိုက်နေသော တိုက်ပွဲကို သတိရစေသည်။ 


တောင့်တင်းနေတဲ့သွေးကြောတွေ။ နောက်ပြီးအရမ်း စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ထို့ကဲ့သို့သော စိတ်လှုပ်ရှားမူမျိုးဟာ သူ၏ သွေးကြောတိုင်းကို စုစည်းပစ်လိုက်ပြီး မယိမ်းယိုင်သည့် တိုက်ခိုက်လ်ို စိတ်ဆန္ဒကို လှုံ့ဆော်ပေးလိုက်သည်။ 


အခြားတစ်ဖက်ခြမ်းတွင် …


ပိုင်ချိုင်၏ ဦးခေါင်းခွံ များကပင် ကျိမ်းသည်ထက် ကျိမ်းလာသည်။


သူသည်ဝေ့ရှောင်းဘက်တွင် မဟုတ်သော်လဲ အင်တာနက်ပြင်ကာခြား နေသည့်တ်ိုင်အောင် ဖန်သားပြင်ကို ကြည့်ရုံနှင့် အရိပ်သခိုးထံမှလာသော ရူးသွပ်နေသော စွမ်းအားများကို အမှန်တကယ် ခံစားမိနိုင်သည်။ 


ဒါသည် game အတွင်းရှိ Character များကတဆင့် ပို့ဆောင်ပေးလိုက်သော ဆူပွက်နေသည့် စိတ်အားထက်သန်မှုဖြစ်သည်။ ထိုးတက်လာသော တိုက်ခိုက်လိုသော ဆန္ဒ က အပြည့်ဝလှုံ့ဆော်ခံထားရပုံ ရပြီး ဘယ်သောအခါမှ မလျော့ကျသွားချေ။လူငယ်တစ်ယောက်၏ စိတ်အားထက်သန်မှုနှင့် အနိုင်အတွက် အဆုံးစမဲ့သော ဆန္ဒ ဖြစ်သည်။ 

13 03

ပိုင်ချိုင်သည် လွန်ခဲ့သောနှစ်နှစ်ခန့်က ဝေ့ရှောင်း၏ အထောက်ပံ့လုပ်ခဲ့သည့် ကာလကိုပင် ပြန်လည်တွေးမိသွားသည်။ ထိုအချိန်က သူသည် တစ်ဖက်၏ နောက်သို့လိုက်ပြီး Club တိုင်းကို စိန်ခေါ်ခဲ့သည်။


မောက်မောင်ထောင်လွှားတယ်။ အလဲထိုးမခံဘူး။ မိုက်ရူးရဲဆန်တယ်။ 


ထိုအချိန်က သူတို့သည် မြေဆီလွှာထဲသို့ကျဲချခံလျက် အလိုလျောက်ပေါက်လာသော အပင်များအလားဖြစ်နေပြီး တရုတ်ပြိုင်ပွဲဝင်နယ်ပယ်တခုလုံးကို မရေတွက်နိုင်သော အရှိန်နှုန်းဖြင့် လှီးဖြတ်ခဲ့သည်။


ဟုတ်တယ်။


လု့ဖုန်းက ဒိီလို အရူးကောင်ကိို စိတ်ထဲမှာအမြဲတစေရှိနေပြီး နှစ်နှစ်ကြာသွားတာတောင် မမေ့လျော့တာ အံသြစရာမရှိပါဘူး။


ထူးချွန်လွန်းတဲ့ ကစားသမားတွေက အများကြီး ရှိတယ်။ ဒါပေမယ့် သဘာဝအလျောက် စစ်သည်တော်အဖြစ် မွေးဖွားလာတဲ့သူတွေကို ကံကောင်းမှပဲ ရှာတွေ့နိုင်တာ။ 


ဝေ့ရှောင်းသည် ဓားတစ်လက်လိုမျိုးပြင်ထန်သည့် သတ္တိနှင့် ဓားအိမ်ထဲမှ ဖောက်ထွက်နိုင်သော စွမ်းရည်ရှိသည်။ 


၂၈ မိနစ်ခန့်ကြာသွားပြီဖြစ်သည်။


တိုက်ပွဲ၏ အခြေအနေက အခြေကျလုနီးပါးဖြစ်သည်။ ရေခဲမုဆိုး က အရိပ်သူခိုးက အနိီးကပ်လာမည်ဆိုလျင် ကြောက်ရန်မလိုအပ်သော အနေထားမျိုးအထိ အင်အားကြီးလာသည်။ ထို့ကြောင့် သာမန်ကာရှန်ကာ ပစ်လိုက်သော မြှားတစ်ချောင်းတည်းနှင့်ပင် အရိပ်သူခိုးကို ဆွဲချနိုင်သည်။


အနိုင်နှင့် အရှုံကို သတ်မှတ်ထားပြီးသားဖြစ်သည်။ ရလဒ်နှင့် ပတ်သတ်ပြီး သံသယဝင်ရန်ပင် မရှိချေ။


ပိုင်ချိုင်က ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိပြီးပြောလိုက်သည်။


“ အိုး ဟုတ်သားပဲ။ ဝေ့ရှောင်းက ဒီည Easter egg နဲ့ ကမ်းလှမ်းထားတယ်”


လု့ဖုန်းက ဖန်သားပြင်ပေါ်ရှိ သူခိုးကိုကြည့်သည်။ 


“ Easter egg ဟုတ်လား”


ပိုင်ချိုင် က အလျင်စလိုပြောသည်။


“ ဟုတ်တယ်။ ဒီကောင်လေးက မက်လုံးတွေပေးထားတာလေ။ ဒီနေ့ သူ့ကို ဘယ်သူကနိုင်နိုင် အဲဒီသူရဲ့ တစ်ဘဝလုံးစာ လေ့ကျင့်ရေး အဖော်လုပ်ပေးမယ်တဲ့”


ဘယ်လောက် အံသြစရာကောင်းလဲ။ နတ်ဘုရား လု့ က ဝေ့ရှောင်းကိုနိုင်မှာ သေချာနေတာပဲ။ ဒီမျိုးမစစ်ကောင်လေးက နတ်ဘုရား လု့ရဲ့ တစ်ဘဝလုံးစာ လေ့ကျင့်ရေး လက်တွဲဖော်ဖြစ်ရတော့မယ်။ 


ပိုင်ချိုင် ကမူ သူသည်ကောင်းမွန်သော ကိစ္စ တစ်ခုကို လွှတ်လိုက်သည် ဟုထင်သည်။ ထို့သော်သူသည် ရုတ်တရက် တောင့်ခဲသွားသည်။ 


“ ဘာ ဘာ ဘာ”


ရုတ်တရက် ဖန်သားပြင်တွင် အရှုံးဆိုသော စကားလုံးကြီးက ပေါ်လာသည်။


နတ်ဘုရား လု့က ရှုံးသွားတာလား။


ဒီလောက် အားသာချက်အကြီးကြီး ရရှိထားပြီး ဝေ့ရှောင်းရဲ့ ပြန်လည်ရှင်သန်ရေး သလင်းတုံးကို ကွဲအောင်လုပ်ဖို့ ခြေတစ်လှမ်းပဲလိုတော့တဲ့အချိန်မှာ နတ်ဘုရား လု့က ရှုံးသွားတယ် ဟုတ်လား။ သောက်ကျိုးနည်းဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။


တစ်စက္ကန့်လေးနဲ့ ဘာတွေဖြစ်သွားတာလဲ။


Game က အဆုံးသတ်သွားသည်။ ထို့သို့ဖြင့် သူတို့သည် Match အခန်းထဲသို့ပြန်ရောက်သွားသည်။ Chat box တွင် ဝေ့ရှောင်း၏ စကားလုံးများက ရောက်လာသည်။


“ ဘာဖြစ်တာလဲ။ ဘာလို့အညံ့ခံတာလဲ။”


ပိုင်ချိုင်သည် နောက်ဆုံးတွင် အလင်းကို မြင်လိုက်သည်။ လတ်စသတ်တော့ ခေါင်းဆောင်က အညံ့ခံလိုက်တာလား။


 ဒါပေမဲ့ နေပါဦး ဘာလို့လဲ။ 


ဘာလို့အညံ့ခံလိုက်တာလဲ။ 


သူသည်လည်း ဝေ့ရှောင်းနည်းတူ စိတ်ရှုပ်ထွေးနေသည်။ 


ထိုသို့ဖြင့် လု့ဖုန်းက စကားလုံးတစ်လုံးကိုရိုက်ပြသည်။ 

13 04

“ အနားယူတော့”


ထိုသို့ဖြင့် သူသည် အခန်းထဲမှ ထွက်သွားသည်။ 


ပိုင်ချိုင် “ ???”


ဘာဖြစ်တာလဲ။ သောက်ကျိုးနည်း ဘာဖြစ်တာလဲ။ 


လု့ဖုန်းက မတ်တပ်ထရပ်လိုက်ပြီး သူ၏ အားကစားရေသန့်ဘူး ကိုကောက်ယူလျက်ပြောသည်။ 


“ မင်းလည်း အနားယူတော့”


ပိုင်ချိုင်က မနေနိုင်ပဲ မေးလိုက်မိသည်။


“ ခေါင်းဆောင် ဘာလို့ အညံ့ခံလိုက်တာလဲ”


သူနိုင်တာ သေချာနေတာပဲ။ သူနိင်သွားရင် တစ်ဘဝစာ လေ့ကျင့်ရေး အဖော်ကိုရမှာ မဟုတ်ဘူးလား။


လု့ဖုန်းသည် စကားတစ်ခွန်းကို အလွန်မင်း တည်ငြိမ်စွာပြောလာသည်။ ပိုင်ချိုင်က တောင့်ခဲသွားသည်။ လု့ဖုန်းကမူ ထွက်သွားပြီဖြစ်သည်။ သို့သော် ပိုင်ချိုင် ၏ cell phone က ပေါက်ကွဲမတတ်ဖြစ်နေသည်။ ဝေ့ရှောင်း၏ WeChat စာများက တစ်စောင်ပြီး တစ်စောင်ရောက်လာသည်။ 


“ဘာဖြစ်တာလဲ”


“ ယွဲ့ဝမ်လဲ့ ထွက်သွားပြီလား”


“သောက်ကျိုးနည်း ဘာလို့သူက အညံ့ခံလိုက်တာလဲ”


“ ဒီလောင်ဇီ က မရှုံးရဲတာ မဟုတ်ဘူး”


ပိုင်ချိုင်က လု့ဖုန်း၏ စကားများကို ပြန်တွေးမိပြီး ခေါင်းကိုက်လာသည်။ သူသည် ဖုန်းကိုကောက်ယူလျှက် တွေးတောကာမေးလိုက်သည်။ 


“ မင်းမသိသေးဘူးလား”


 အခြားတစ်ဖက်ခြမ်းက တိတ်ဆိတ်သွားပြီး ဝေ့ရှောင်းက တစ်ခဏခန့် တောင့်ခဲသွားသည်။ ထို့နောက် မိုးကြိုး အပစ်ခံရသလို ကျိန်ဆဲသည်။ 


သူသည် ပိုင်ချိုင်ကို ဖုန်းခေါ်သည်။


“ အခု ရေခဲမုဆိုးသုံးသွားတာက Close လား”


ပိုင်ချိုင်က သက်ပျင်းချသည်။ 


“ ဟုတ်တယ်”


ဝေ့ရှောင်း က အချိန်တန်ကြာ စကားမပြောတော့ချေ။ ထို့နောက်ဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး သူ၏ အသံကအနည်းငယ်တုန်လာသည်။ 


“ သူ သူဘာလို့အညံ့ခံလိုက်တာလဲ”


လွန်ခဲ့တဲ့နှစ်နှစ်က ၄၈ နာရီလုံးလုံး သူတို့တွေ ၁၄၄ ပွဲတောင် တိုက်ခိုက်ခဲ့တယ်။ Close က game ပွဲတိုင်းကို အလေးနက်ထားခဲ့တာ။ 


ဒါကို ဘာလို့ ဒီတစ်ကြိမ်မှ သူဘာလို့ 


ပိုင်ချိုင်က ပင် ခပ်ကျယ်ကျယ် ထုတ်ပြောရန် အနည်းငယ်ခက်ခဲသွားသည်။


“ငါ့ရဲ့ စျေးပေါလွန်းတဲ့ ပါးစပ်ကြောင့်ပဲ”


ဝေ့ရှောင်း “ ဘာ”


ပိုင်ချိုင်က ပြောသည်။


“ ငါသူ့ကို Easter egg အကြောင်းပြောလိုက်တာ”


ဝေ့ရှောင်းက အချိန်တစ်ခုကြာသည် အထိနားမလည်နိုင်ချေ။ 


ပိုင်ချိုင်က မျက်လုံးမှိတ်သည်။ ထို့နောက် လု့ဖုန်းက ပြောသွားသည့် စကားများကို ပြန်ပြောလိုက်သည်။ 


“ ခေါင်းဆောင် လု့က ငါ့ကို မင်းကို ပြောခိုင်းလိုက်တယ်။ သူက လေ့ကျင့်ရေး အဖော်မလိုဘူးတဲ့”


ထိုအခါ ဝေ့ရှောင်းဘက်တွက် mute ဆိုသော ခလုတ် ကို နှိပ်လိုက်သလိုဖြစ်သွားပြီး မည်သည့်အသံမျှ ထွက်မလာတော့ချေ။ ပိုင်ချိုင် က ပင် ထူးထူးဆန်းဆန်း ရင်နာသွားသည်။


“ လောင်ဝေ့ မင်း…”

13 05

ထိုနောက် တီ တီ တီ ဆိုသော အသံကထွက်လာသည်။ တစ်ဖက်က ဖုန်းချသွားသည်။ 


ပိုင်ချိုင် “ …”


တိုက်ခန်းအတွင်းတွင်…


တစ်ညလုံး နေပြီး game ကစားခဲ့သည့်တိုင်အောင် မပင်ပန်း သည့် ဝေ့ရှောင်းက ထိုအခိုက်တန့်တွင် အိပ်ရာ ပေါ်တွင် ပြိုလဲကျနေသည်။


Computer ဖန်သားပြင်ကို ဖွင့်ထားသေးပြီး သူသည် ရှင်းလင်းသောအခန်းတွင်း တစ်ယောက်တည်းဖြစ်သည်။ Chat box တွင်စာနှစ်ကြောင်းတည်းသာရှိ၏။ 


“ ဘာဖြစ်တာလဲ။ ဘာလို့ အညံ့ခံလိုက်တာလဲ”


“ အနားယူတော့ … ခေါင်းဆောင်လု့ က ငါ့ကို မင်းကိုပြောခိုင်းလိုက်တယ်။ သူကလေ့ကျင့်ရေးအဖော်မလိုဘူးတဲ့”


“ ဖာ့ခ်”


ဝေ့ရှောင်း ကခေါင်းအုံးကိုကောက်ယူလိုက်ပြီး သူ၏ နှာဖူးပေါ်ဖိချလိုက်သည်။ 


ဒါက Close ပဲ။ 


သူတို့ နှစ်နှစ်ကြာပြီးမှ ပထမဦးဆုံးအကြိမ် solo ကြတာ။


 Close က အညံ့ခံလိုက်တယ်။ ဘာလို့လဲဆိုတော့ လေ့ကျင့်ရေးအဖော် မလိုလို့တဲ့။ 


သူက သူ့ကို မလိုဘူး။


လွန်ခဲ့တဲ့ နှစ်နှစ်က သူက လက်ကို ခါပြီးထွက်သွားတယ်။ အခြားသူတွေ သူ့ကိုပြောဆိုကြတာက သူ လုပ်ခဲ့တဲ ကိစ္စကြောင့်ပဲ။


သူသည်လည်း အကြောင်းပြချက် များကိုနားလည်သည်။ သူ၏ ဦးနှောက်ကလည်း နားလည်သည်။ သို့သော် ထိုအခိုက်တန့်တွင် ဝေ့ရှောင်း၏ နှလုံးသားက ဓားဖြင့်အထိုးခံရသလိုဖြစ်သွားသည်။ သူသည် ခေါင်းအုံးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားသည်။ သူ၏ လက်ချောင်းများက ပင် ဖြူဖွေးလာသည်။ 


သူက Close ကိုစိတ်ပျက်စေခဲ့တဲ့သူ။ ဘယ်လိုကြောင့် သူက မတရားတွေ ခံစားခွင့် ရှိနေမှာလဲ။


ဝေ့ရှောင်းက ခပ်တိုးတိုး အသက်ရှူထုတ်လိုက်ရင်း မတ်တပ်ထရပ်လိုက်ကာ ရေသွားချိုးသည်။ 


သူသည် ရေ Boiler ကိုကြိုမဖွင့်ထားခဲ့မိသဖြင့် ထွက်လာသော ရေများက အေးစက်နေသည်။


ဝေ့ရှောင်း က စိမ့်တက်သွားပြီး တုန်ရင်လာသည်။ ထို့နောက် ရေချိုးပြီးနောက်တွင် အခန်းထဲသို့ ပြန်ဝင်လာသည်။ 


သူအိပ်ရမယ်။ သူနိုးလာရင်တော့ အဆင်ပြေသွားမှာပါ။


ဝေ့ရှောင်းက ပဲပိစပ်လေးကို ဖက်ရင်း လည်ပင်းကို ပွတ်သတ်ရင်း အိပ်ရန်ကြိုးစားသည်။


ပဲပိစပ်သည် သခင်ဖြစ်သူ၏ စိတ်အခြေနေကို သတိထားမိပုံရပြီး ပထမဦးဆုံးအကြိမ်ဖြင့် နာခံနေသည်။ 


ဝေ့ရှောင်းက လည်း အိပ်မပျော်နိုင်ပေ။ သူအိပ်ချင်နေလေ ပို၍ မအိပ်နိုင်လေလေဖြစ်သည်။ သူက မျက်လုံးမှိတ်လိုက်ချိန်တိုင်း ထိုစကားသုံးခွန်းက ပေါ်ပေါ်လာသည်။ 


သူက မလိုအပ်ဘူး။ သူက မလိုအပ်ဘူး။ သူက မလိုအပ်ဘူး။


“ သောက်ကျိုးနည်း ဘာလို့အိပ်မရတာလဲ”


ဝေ့ရှောင်းက ထိုင်လိုက်သည်။


 ခွေး “ အားဝုး”


ဝေ့ရှောင်းက သူ၏ ခေါင်းကို ရိုက်သည်။ 


“ မင်းအဖေ က ခဏလောက် game သွားကစားလိုက်ဦးမယ်”


ပဲပိစပ်က သူ၏ နောက်မှလိုက်ပြီး အိပ်ရာထဲမှထွက်လာသည်။ ထို့နောက် ခြေရင်းနားတွင် ခွေနေ၏။ 


ဝေ့ရှောင်းက အဆင့်တက် ပွဲစဥ်အတွက် တန်းစီထားလိုက်သည်။ ထိုအချိန်တွင် ခံစာချက်မဲ့သော အဆင့်တက် စက်တစ်လုံးသာ ဖြစ်ချင်လိုက်တော့သည်။


ပထမ game ပွဲက သူ၏ ဖုန်းမြည်လာသည့်အချိန်တွင်ပင် အဆုံးသတ်သွားသည်။ ဝေ့ရှောင်းက ဖုန်းကို ကောက်ကိုင်လိုက်သည်။ အဖော်ပြု ကစားသမား platform မှဖြစ်သည်။

13 06

လု့ “ အစောကြီးလား”


ဝေ့ရှောင်းသည်လည်း အဖော်ပြုကစားသမားလုပ်ရန် စိတ်အခြေအနေ ကောင်းမနေပေ။ သို့သော် သူသည် ပိုက်ဆံ ယူထားပြီးနေပြီ။ ထို့ကြောင့် တာဝန်ကိုနားလည်ရန်လိုအပ်၏။


“ မင်္ဂလာ နံနက်ခင်းပါ သူဌေး။ ကစားချင်လို့လား”


အခြားတစ်ဖက်ခြမ်းက တစ်ခဏခန့် ရပ်တန့်သွားသည်။


“ တစ်ညလုံး မအိပ်ဘူးလား”


ဝေ့ရှောင်းက ခံစားချက်မဲ့စွာ စာရိုက်သည်။


“ မဟုတ်တာ။ အခုမှ နိူးလာတာ 😊”


လု့ “ ကောင်းပြီ။ ခဏလောက် ကစားတာပေါ့”


ဝေ့ရှောင်း “ ကောင်းပြီလေ။ ငါ account ပြောင်းလိုက်မယ်”


Closeက သူ့ကိုမလိုဘူးဆိုရင်လည်း ထားပါတော့။ သူ့ကို လိုတဲ့သူကတော့ အမြဲတမ်းရှိနေမှာပဲလေ။ ကြည့်ပါလား။ သူ့ရဲ့ နှစ်သန်းသူဌေးက သူ့ကိုတကယ်ပဲလိုနေတာ။ 


ဝေ့ရှောင်းသည် သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်များကို အလုပ်ပေါ်သက်ရောက်မူ မရှိအောင် ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးလိုက်သည်။ ကံဆိုးသည်မှာ သူ၏ စိတ်အခြေအနေက ထင်သလောက် အလွယ်တကူ မထိန်းချုပ်နိုင်ပေ။ 


သူသည် မည်မျှ ပြင်းပြင်းထန်ထန် ကြိုးစားနေစေကာမူ လေထု အခြေအနေကို တိုးတက်အောင်မလုပ်နိုင်ပေ။ 


တတိယပွဲက အဆုံးသတ်သွားပြီးနောက် လု့က မေးသည်။ 


“ စိတ်အခြေအနေမကောင်းဘူးလား”


ဝေ့ရှောင်း၏ စိတ်အခြေအနေက အမှန်တကယ်ပင် ပုတ်ပွမတတ်ဆိုးနေသည်။ 


“ မကောင်းဘူး”


လု့ “ တစ်ခုခုဖြစ်ထားလို့လား”


ဟူး။


ခေါင်းဆောင်က ချမ်းသာတယ်။ ဂရုလည်း စိုက်တတ်သေးတယ်။ သူကလူကောင်းပဲ။


ဝေ့ရှောင်းက အမှန်တကယ်ပင်


တောင်းပန်လိုက်မိသည်။ 


“ တောင်းပန်ပါတယ်။ ငါမင်းအပေါ် သက်ရောက်စေမိပြီ။ ဒီသုံးပွဲကိုထည့်မတွက်ဘူး”


လု့ “ ရပါတယ်။ မင်း က ကောင်းကောင်းကစားနိုင်တာပဲ။ ငါတို့နိုင်တယ်”


ဝေ့ရှောင်းက စာရိုက်သည်။ 


“ နိုင်တာက ရပြီးသား ကိစ္စပဲ။ မင်းက ဖျော်ဖြေရေးအတွက် ပိုက်ဆံသုံးထားတာ။ ငါမင်းရဲ့ စိတ်အခြေအနေအပေါ် မလွမ်းမိုးသင့်ဘူး”


လု့ “ ဒီလောက်ထိ အလေးနက် မထားပါနဲ့။ မင်းရဲ့စိတ်ထဲမှာ တစ်ခုခု ရှိနေတယ်ဆိုရင် ထုတ်ပြောလိုက်တာပိုကောင်းတယ်။ ဒါပေါ့။ စိတ်မရှိဘူးဆိုရင်ပေါ့”


ဝေ့ရှောင်း ၏ နှလုံးသားက စိတ်ဓာတ်ကျသော ခံစားချက်များနှင့် ပြည့်နှက်နေသည်။ သူသည် သူ၏ အမည်မသိရသော အင်တာနက် မိတ်ဆွေနှင့် စကားပြောရန် အမှန်တကယ်ပင် စိတ်မရှိပါချေ။


“ ဒါကသေးငယ်တဲ့ ကိစ္စပါပဲ”


လု့ “ အင်း”


ဝေ့ရှောင်းက တစ်ခဏခန့်တွေးသည်။ ထို့နောက် အခြားသောနည်းလမ်း တစ်မျိုးကိုသုံးကာ သူ၏ အတွေးများကိုဖော်ပြသည်။ 


“ ဒီလိုလေ… ကောင်းပြီ။ ငါက ငါ့ရဲ့ကောင်မလေးကို အဖော်ပြုပြီး အိမ်စာလုပ်ပေးတယ်ပေါ့။ အဲဒီနောက် ရုတ်တရက် ပုစ္ဆာတစ်ခုကို ရောက်သွာတဲ့အချိန်မှာ ငါက ကောင်မလေးကိုပြောလိုက်တယ်။ သူဖြေနိုင်မယ်ဆိုရင် တစ်ဘဝလုံး tutor လုပ်ပေးမယ်ပေါ့။ အဲဒီနောက် ကောင်မလေးက ဒီပုစ္ဆာကိုဖြေဖို့ လက်လျှော့လိုက်တယ်။ အဲဒီနောက် မလိုဘူးလို့ပြောတယ်”


ထိုသို့ပြောပြီးနောက် ဝေ့ရှောင်း သည်လည်း သူသည် ပါရမီရှင် တစ်ယောက်ဟုပင် ခံစားလိုက်ရသည်။


သူဒီလိုကိစ္စမျိုးကို ဒီလောက်ရိုးရှင်း သောနည်းလမ်းသုံးပြီး ဘာအချက်လက်မှ မထုတ်ဖော်ပဲနှင့် ရှင်းပြလိုက်နိုင်တယ်။

13 07

FTW အခြေစိုက် စခန်း


လု့ဖုန်းက Chat box ကို တစ်ခဏ ခန့် အံအားတကြိီး စိုက်ကြည့်မိသွားသည်။ သူသည် ခေါင်းကို အသာခါပြီး တိတ်တဆိတ်ရယ်သည်။ ထို့နောက် စာရိုက်၏။


“ မင်းနားလည်မူ လွဲသွားတာ”


ဝေ့ရှောင်း “ ဘယ်လိုဖြစ်ပြီးတော့လဲ”


လု့ “ တစ်ဖက်က tutor မလိုဘူးဆိုတာက ကောင်လေးကိုပဲ လိုချင်လို့ပဲ”

******