Ch 14
Viewers 3k

အပိုင်း (၁၄)ပိုင်ချိုင်: “ ဒါက အသင်းဖော်ပဲ။ မင်းကတော့ အရူး”


ဝေ့ရှောင်း က တစ်ခဏခန့်စိတ်ရှုပ်သွားသည်။ 


ဘယ်လိုဖြစ်ပြီးတော့လဲ။


Close က လေ့ကျင့်ရေး အဖော်မလိုဘူး။ အဲဒီ အစား… အာ မဟုတ်သေးပါဘူး။


ဝေ့ရှောင်းက ချက်ချင်းဆိုသလို ပျော်သွားသည်။


“ သူဌေး သူဌေး ၊ သူဌေး က စကားတကယ်ပြောတတ်တာပဲ။ ငါ့ကိုပြောပြပါဦး”


လု့ဖုန်းကလည်း တစ်ဖက်သူကပေးသော ပေါက်ကရ ဥပမာနောက်လိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။ 


“ ဒါက သူတို့ရဲ့ စိတ်ထဲက အခြေအနေ ပေါ့။ မင်းက tutor ဆိုတာထက်အရေးကြီးတာကိုပြောပြတာ”


ဝေ့ရှောင်း : “ အေး။ ဒါလည်း ဟုတ်တာပဲ”


သူ၏ နှလုံးသားထဲမှ သုန်မှုန်မှု အများစုက တံမျက်စည်းနှင့် အလှဲခံလိုက်ရပြီး ဦးနောက်ကပင် ကြည်လင်သွားသည်။


သူ၏ အတွေးများသည် ဦးတည်ရာဘက်အမှား ဘက်သို့ရောက်နေခဲ့ခြင်း ဖြစ်လောက်သည်။


လု့ကသာ လာမပြောခဲ့လျှင် သူသည်ပင် သူ၏ သိုဝှက်ထားသော နောက်ခံ ကိုမေ့သွားလောက်ပြီ။


Close ၏ ရှု့ထောင့်ဘက်မှ ကြည့်သော် သူနှင့် solo နေသောသူက မီးအိမ် မဟာဆရာသခင်ဆိုသော သူစိမ်းတစ်ယောက်သာဖြစ်သည်။


Close သည်လည်း တစ်ဖက်သူကို အမှန်တကယ်မလိုပါချေ။ 


ဒါကို Close က သူနှင့် ဝေ့ရှောင်း ဘယ်လိုများ စပ်ဆက်ပြီးတွေးမိမှာလဲ။ 


လောင်ပိုင်က သူ့ရဲ့ ဒီလျှို့ဝှက်ထားတဲ့ နောက်ခံကို မထုတ်ဖော်ခဲ့ရင်ပေါ့ ။


 ဝေ့ရှောင်းက အဖြေကို အသည်းသန် တောင်းဆိုလိုစိတ်ကို ဖိနှိပ်လိုက်ပြီး စိတ်ရှည်စွာပြောလိုက်သည်။ 


“ ဒါဆိုရင် လည်း ဆက်လုပ်ရအောင်။ ဆက်ပြီးအဆင့်တက်ကြမယ်”


ဒီသူဌေးက ဒီလောက်ကောင်းတဲ့သူပဲ။ သူသေချာပေါက် သင့်လျှော်သလို ပေးဆပ်ရမယ်။ 


လု့ “ မင်းရဲ့ ကောင်မလေးကြောင့် ကောင်းကောင်းမအိပ်ရသေးဘူး မဟုတ်လား။ အရင်သွားအိပ်လိုက်ပါ”


ဝေ့ရှောင်း “ ရတယ် ၊ ရတယ်။ ငါနောက်ကျတဲ့အထိ နေနေ ကြ”


လု့ “ သွားအိပ်”


ရိုးရှင်းသော စကားလုံးနှစ်လုံးသာ ဖြစ်သော်လည်း ဝေ့ရှောင်းကမူ ရှင်းပြရန်ခက်ခဲလောက်အောင် ရင်းနီးမှု ကိုခံစားလိုက်ရသည်။



သူနှင့် လု့ဖုန်း၏ အစစ်မှန်ဆက်သွယ်မူ က သုံးရက်နှင့် သုံးညသာ ကြာသော်လည်း သူတို့၏ ဆက်သွယ်မှု၏ သိပ်သည်းအားဟာ လု့ဖုန်း ကိုအလွန်မင်းကောင်းမွန်စွာနားလည်သွားစေသည်။


ဥပမာအနေနဲ့ သူပြောတဲ့ စကားရဲ့ အမြဲတမ်း ဆိုလိုရင်း…


ဒီစကားတွေ က အလိုလျောက်ကို ရန်စစေချင်တယ်။ ဝေ့ရှောင်း ကပြောလိုက်သည်။


“ သူဌေး ၊ သူဌေး ရဲ့ လေသံက ငါ့ရဲ့ကောင်မလေးနဲ့တောင် ဆင်နေသေးတယ်” 


လု့ “ …”


ဝေ့ရှောင်းကမူ သူသည် လု့ဖုန်းကို အခွင့်ကောင်းယူလိုက်ရသည်ဟု ခံစားလိုက်ရပြီး ရှင်းပြရန် ခက်ခဲလောက်အောင် ပျော်သွားသည်။ 


“ တကယ် သူမကလည်း အရမ်းကို မဟာ့မဟာ လွှမ်းမိုးတတ်ပြီး လူတွေကိုစီမံခန့်ခွဲပေးရတာကို ကြိုက်တာ”


လု့ဖုန်းက ထိုစကားလုံးများကို အချိန်တန်ကြာအောင် စိုက်ကြည့်နေလိုက်သည်။ 


“ မင်းက မကြိုက်ဘူးလား”


“ အဲဒီလိုတော့ မဟုတ်ပါဘူး။ သူမရဲ့ ပါးစပ် ကကြမ်းပေမယ့်လည်း ပြောရမယ်ဆိုရင် နှလုံးသားက တော့ တအားနူးညံတယ်”


အဲဒီလိုမှ မဟုတ်ရင် သူ့လိုမျိုး လူသစ်လေး တစ်ယောက်ကို ၄၈ နာရီလုံး အဖော်ပြုပြီး solo ပေးမှာတဲ့လား။ နောက်ပြီး ၂၄ နာရီလုံးလုံး သူကဖက်အိပ်ခဲ့သေးတာ မဟုတ်ဘူးလား။ 


ကျွတ် ကျွတ် ကျွတ်။ သူ့ရဲ့ ဘဝ ပထမဦးဆုံးအနေနှင့် အခြားတစ်ယောက်နှင့် အတူအိပ်ခဲ့ဖူးတာပဲ။ ဒီလို ရှု ထောင့်က ကြည့်ရင် Close ကိုသူ့ရဲ့ ကောင်မလေး လို့ တစ်ကြိမ်ခေါ်လိုက်တာကလည်း အတော်လေးသင့်တော်ပြီး အကျိူးကြောင်း သင့်တာပဲ။


လု့ဖုန်းက တစ်ချက်ခေါင်းငုံ့ကာ ကြည့်လိုက်သည်။ ထို့နောက် Keyboard ပေါ်တွက် ရိုက်ထားသော စာများကိုတချက်ဖတ်လိုက်သည်။ 


ဒါဆိုရင် ဘာလို့ထွက်သွားခဲ့တာလဲ။


ဒါပေါ့ သူသည်စာကို ပို့လို့တော့ မဖြစ်ဘူး။

14 02

ထို့ကြောင့် သူသည် ဖျက်သိမ်းမည်ဆိုသော ခလုတ်ကို ပြန်နှိပ်လိုက်ပြီး စာကိုပြောင်းလိုက်သည်။ 


“ ငါဒီမှာ လုပ်စရာရှိနေတာ။ ဒီတော့ အရင် log out သွားတော့မယ်”


ဝေ့ရှောင်းကလည်း လုံလောက်အောင် မကစား ရသေးချေ။ ထို့ကြောင့် အတော်လေး နောင်တရသွားသည်။


“ ဒီလောက်ပဲလား”


လု့ “ အင်း”


ဝေ့ရှောင်း က နောက်ထပ် ရိုင်းပြသော မှတ်ချက်မျိုး ပေးလိုက်မိပြန်သည်။ 


“ ငါလိမ်တာ မဟုတ်ဘူးနော် မင်းရဲ့ အင်း ဆိုတဲ့ အေးစက်စက်တဲ့ ပုံစံ က ကို သူမနှင့်တူတယ်”


လု့ “...”


ဝေ့ရှောင်းသည်လည်း သူဟာ အလွန်ရိုင်းပြသွားကြောင်း ခံစားလိုက်ရပြီး ခပ်မြန်မြန်ရှင်းပြလိုက်သည်။


“ဒါက မင်းကို ငါစနေတာမဟုတ်ဘူး။ အာ … ငါကဒီအတိုင်း… ခဏ နေဦး။ ကြည့် ငါ့မှာ ကောင်မလေး တစ်ယောက်ရှိတယ်။ ဒါပေမယ့် ငါက အဖြောင့်”


သူ့မှာ အမှိုက်လို ပါးစပ်ရှိတာပဲ။ 


လု့ “ ငါသိတယ်”


ထို့နောက်သူသည် အသင်းအခန်းထဲမှ ထွက်သွားသည်။ 


ဝေ့ရှောင်း က ထိုစကားလုံးနှစ်လုံး ကို အချိန်တန်ကြာအောင် စိုက်ကြည့်နေလိုက်


ပြီးနောက် သူ၏ ခေါင်းထဲတွင် ‘ ?’ အတန်းလိုက်ပေါ်လာသည်။ 


သူဌေး ဘာကိုသိတာလဲ။


သို့သော်တစ်ဖက်သူ က သွားပြီဖြစ်သည်။ ထို့ကြောင့် မေး၍ လည်းမရတော့ချေ။ ဝေ့ရှောင်းက သူ၏ စိတ်ထဲမှ အတွေးကြီး၏ သိမ်းယူမှုကို ခံလိုက်ရသည်။


သူသည် FTW ၏ အခြေစိုက်စခန်းကို တိုက်ရိုက်ဖုန်းခေါ်လိုက်သည်။ 


ယခု လေးတင် ရေချိုး အဝတ်စားလဲပြီး ၊ မနက်စာ စားပြီးသောကြောင့် အိပ်ရာပေါ်သို့တက်ခါစ ပိုင်ချိုင် “ ဖာ့ခ်”


ဝေ့ရှောင်း : “ရဲဘော် ပိုင်ချိုင်။ ငါမင်းကိုမေးမယ်။ မင်းဖြေ။ မင်းငါ့ကို လိမ်ရင် နောက်တစ်စက္ကန့်အတွင်း ငါ မင်းကို ရှာဖွေမှု အများဆုံး စာရင်းကို တန်းပို့လိုက်မှာနော်”


‘ Glory ရဲ့ နတ်ဘုရား အဆင့်အထောက်ပံ့ ပိုင်ချိုင်’ ‘အတင်းအဖျင်း ဧကရာဇ်’ ဆိုသော ခေါင်းစဥ် နှစ်ခုကို ပူးကြည့်လိုက်သော် အလွန်ကြော်ကြားနိုင်သည်။ 


ချိုင်ကော ဘယ်လိုများ အိပ်နိုင်တော့မှာလဲ။ 


သူသည် ဖုန်းပေါ်မှ တစ်ခုသော အလုပ်ကိုသာ အထူးတလည်အာရုံစိုက်ပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်လာသည်။


“ မင်းအခု ဘယ်လိုရူးသွပ်မှု အဆင့်ကို ရောက်နေပြန်ပြီလဲ”


Close ပြောလိုက်တဲ့ အဲဒီ စကားကြောင့် အရမ်းကို လွန်လွန်ကျူးကျူး လှုံ့ဆော်ခံလိုက်ရပြီး သူ့ကိုလာပြီး ဒုက္ခပေးတာလား။ သို့သော် ပြဿနာကမူ သူ့ကို လှုံဆော်သွားသောသူမှာ Close ဖြစ်နေသည်။ ဒါကိုဘာလို့ ဝေ့ရှောင်းက သူ့ကို ဘာလို့ဆွဲထည့်တာလဲ။


ဝေ့ရှောင်း “ Close ဘက်ကနေ သူခိုးက ငါဆိုတာ ဘယ်လိုသိတာလဲ”


သူ၏ မေးခွန်းကမူ အလွန်ပညာသားပါသည်။ Close က သိရှိခြင်းရှိမရှိ မေးမြန်းခဲ့ခြင်းမဟုတ်လေပဲ ၊ မည်သို့ သိရှိကြောင်း တိုက်ရိုက်မေးလာခြင်းဖြစ်သည်။ 


တစ်ညလုံး မအိပ်ရသေးသည့်အပြင် သူ့ကြောင့် ကြောက်လန့်နေခဲ့ပြီးသား ပိုင်ချိုင်က ထောင်ချောက်ထဲသို့ကျသွားသည်။


“သူ… သူ…”


ဝေ့ရှောင်း က တစ်ချက်‌လှောင်လိုက်သည်။


 ပိုင်ချိုင်က တုန်သွားသည်။ 


“ သူ သူအစကတော့ မသိပါဘူး။ ဒါပေမယ့် သူgame ကစားနေရင်း လမ်းတစ်ဝက်မှာ မှတ်မိသွားတယ်လေ”


ဖာ့ခ်။ 


လောင်ဇီက တအားကို ဉာဏ်ကောင်းတာပဲ။


 သူဒီလိုအရာမျိုးကိုတောင် ချောချောမွေ့မွေ့နှင့် လိမ်နိုင်တယ်။ 


ဝေ့ရှောင်းက တစ်ခဏခန့် ရပ်တန့်သွားသည်။


ဒီ ဂေါ်ဖီထုပ်ရဲ့ စကားလုံးတွေကလည်း Logic တော့ရှိတာပဲ။ 


သူနှင့် ဝေ့ရှောင်း အကြားရှိ ၄၈ နာရီဆက်တိုက် solo ခဲ့ခြင်းက သူ့အား Close ကို မမေ့နိုင်အောင် ဖြစ်သွားစေသည်။ ထို့ကြောင် Close ၏ မှတ်ဉာဏ်ထဲတွင်လည်း သိသာထင်ရှားနေလောက်သည်။ 


နှစ်နှစ်က ကုန်လွန်သွားသော်လည်း ကစားသည့် style ကို ပြောင်းရန် အလွန်ခက်သည်။ ပြောရမည်ဆိုလျင် သူသည်လည်း Close ကြောင့် လှုံ့ဆော်ခံလိုက်ရသည်။ ထို့အပြင် သူ၏ တိုက်ခိုက်ပုံနည်းလမ်းများကို လည်း ဖုံးကွယ်ရန်ခက်ခဲသည်။ 


ပိုင်ချိုင်က အခွင့်ရေးကို အရယူပြီး သူ၏ နာမည်ကိုရှင်းလင်းသည်။


“ ငါတကယ်မင်းကို မရောင်းထုတ်လိုက်ဘူးနော်။ ငါဘယ်လိုလုပ်ရဲမှာလဲ။ ငါလည်း အလားတူပဲ အရမ်းကို အံသြသွားတာ။ မင်းတို့ နှစ်ယောက် စပြီးတိုက်ခိုက်တဲ့အချိန်မှာ ခေါင်းဆောင်ကပြောလာတာ။ “ ဒါက ဝေ့ရှောင်း လား” တဲ့။ ဘုရားရေ ငါတောင်မှ ကြောက်လွန်းလို့ ဘောင်းဘီထဲသေးထွက်ကျ တော့မလို့ ညီအကို”


ဝေ့ရှောင်း “...”


တော်တော်လေး ကို ပုံစံကျတဲ့ ဖော်ပြချက်ပဲ။ ပြောရမည်ဆိုလျှင် ပိုင်ချိုင်သည်လည်း သူ၏ နှလုံးသားထဲမှ အမှန်တရားကြီးကို အမှန်တကယ်ပြောထုတ်လိုက်ခြင်းဖြစ်သည်။ 


သို့သော် သူသည် ဒီအတိုင်း မြင်ကွင်းနှင့် အချိန်ကိုသာ ပြောလိုက်ခြင်းဖြစ်သည်။ 

14 03

“ ခေါင်းဆောင် ကဒီလောက် သေချာမှု အပြည့်နဲ့ မေးလာတာ။ ငါ့ကိုပြောစမ်းပါ။ ငါဘယ်လိုများ ပြန်ဖြေရမှာလဲ။ ငါဘာမှမပြောရင် တောင်မှ အသုံးမဝင်တော့ဘူးလေ။ ဟုတ်တယ်မလား။ သူက အဖြေကို သိနေပြီပဲ”


ဝေ့ရှောင်း၏ နှုတ်ခမ်းထောင့်စွန်းများကကော့တက်သွားသည်။ 


“ သူက ငါ့ကိုတချက်ကြည့်ရုံနှင့် သိတာလား”


ပိုင်ချိုင် “ တကယ်ပေါ့။ မှန်တာမှ ရွှေနဲ့ ငွေထက်တောင် စစ်မှန်လွန်းနေသေးတယ်။”


ဝေ့ရှောင်း ၏ နှုတ်ခမ်းထောင့်စွန်းများဟာ ပြန်ကျသွားသည်။


“ ဒါဆိုရင် သူက အဲဒီနောက်ဆုံးစကားကို ငါ့ကိုဘာလို့ပြောခဲ့တာလဲ”


ပိုင်ချိုင် “ !”


သူဒါကိို မေ့သွားတာ။


ဝေ့ရှောင်းက အသံကိုတိုးလိုက်ပြီး လု့ဖုန်း၏ အေးစက်သော အသံကို တုပလိုက်သည်။ 


“ ဝေ့ရှောင်းကိုပြောလိုက်။ ငါလေ့ကျင့်ရေးဖော်မလိုဘူး”


ပိုင်ချိုင် “ ….”


သူတကယ် သောက်ကျိုးနည်း တူညီနေတာပဲ။


“ အဟွတ်”


ပိုင်ချိုင်သည်လည်း ထိုကိစ္စနှင့်ပတ်သတ်ပြီး ဝေ့ရှောင်းအတွက်အများကြီး ရင်နာမိသည်။ ထိို့ကြောင့် ဖြောင့်ဖြလိုက်သည်။


“ အတွေးမလွန်ပါနဲ့ ။ ငါ့အထင်…”


ဝေ့ရှောင်း “ ဟင်”


ပိုင်ချိုင်သည် ရေချိုးနေစဥ် ကတည်းက မည်သို့ဖြေရှင်းသင့်‌ကြောင်း စဥ်းစားထားပြီးသားဖြစ်သည်။


“တွေးကြည့်စမ်းပါ။ အဲဒီ အချိန်မှာ ခေါင်းဆောင်က လောင်ယွဲ့ရဲ့ အကောင့်ကိုသုံးနေတာလေ။ သူတကယ်နိုင်သွားခဲ့ရင် မင်းက လောင်ယွဲ့ရဲ့ တစ်ဘဝလုံးစာ လေ့ကျင့်ရေးဖော်ဖြစ်လာမှာ မဟုတ်ဘူးလား”


ဝေ့ရှောင်းက အလွယ်တကူ လမ်းကြောင်းလွှဲ ခံရလိမ့်မည် မဟုတ်ချေ။


“ မင်းက မျက်မြင် သက်သေရှိနေမှတော့ သူသာ ငါ့ကို တကယ်ဖြစ်စေချင်ရင် ငါက ဘာလို့ သူ့ကိုအဖော်မပြုပေးရမှာလဲ”


ပိုင်ချိုင် “…”


သောက်ကျိူးနည်း ဒါက လူစကားလား။


“ ဒီလိုဆိုမှ” 


 ဝေ့ရှောင်း က အဓိက သော့ချက်ကိုဖမ်းမိသွားသည်။


“ ဘာလို့ Close က နတ်ဘုရားလဲ့ လို ဟန်ဆောင်တာလဲ”


ပိုင်ချိုင်ကလည်း တစ်ဖက်ကောင်၏ ထက်ရှလွန်းသော မသိစိတ်ကို အမှန်တကယ်ကြောက်သည်။ 


ထို့ကြောင့် သူသည် ရှေ့ကိုသာပြေးတိုက် လိုက်ရသည်။ 


“ ငါတို့ရဲ့ နတ်ဘုရား လု့က ဘယ်သူမို့လို့လဲ။ သာမန် လူတွေက သူတို့သာ သူနဲ့ solo ရမယ်လို့ ကြားပြိီဆိုရင် အသိလွှတ်မတတ် ကြောက်သွားတတ်တာ မဟုတ်လား”


ဝေ့ရှောင်းကလည်း စဥ်းစားဆင်ခြင် ကြည့်လိုက်သည်။


“ ဒါလည်းဟုတ်တာပဲ။ ပြောရမယ်ဆိုရင် ငါ့လိုမျိုး အမှန်တကယ်ကို သတ္တိရှိပြီးထင်းထွက် ဖြောင့်မတ်မှန်ကန်တဲ့ အမျိုးသားမျိုးက ထင်သလောက်ရှိတာမှ မဟုတ်တာ”


ပိုင်ချိုင် ၏ နှုတ်ခမ်းထောင့်စွန်းများက တွန့်သွားသည်။ သို့သော် သူသည်လည်း အသက်ရှင်ရန် အလို့ငှာ အတတ်နိုင်ဆုံးလိုက်ပြောပေး လိုက်ရသည်။


“ဒါပေါ့”


“ ဒီတော့ ရှေ့ပြန်နောက်ပြန် ပြောပြီးတဲ့နောက်မှာ Close က ဒီအတိုင်း


ငါ့ကို အများကြီးမတွေးမိရုံပဲပေါ့။”


ဝေ့ရှောင်း က သက်ပျင်းချသည်။


ပိုင်ချိုင် ကလည်း ဦးနှောက်များကို အလုပ်ပေးပြီးနောက်တွင် သူ့ကိုနှစ်သိမ့်ပေးရန် နည်းလမ်းရှာမရချေ။ 


“ ဒီလိုတော့ မဟုတ်လောက်ဘူး”


“ ပြော။ ဒါဆိုရင် ဖြစ်နိုင်ချေက ဘာရှိသေးလို့လဲ” 


ဝေ့ရှောင်းက လု့ပြောသော စကားကိုတွေးမိပြီး ပိုင်ချိုင်ကိုပြောသည်။ 


“ Close ကငါ့ကို လေ့ကျင့်ဖော်ဖြစ် မလိုဘူး။ ဒါပေမဲ့ အခြားတစ်နေရာအတွက် လိုအပ်တာများလား”


ပိုင်ချိုင် : “ အာ”


ဝေ့ရှောင်းက လည်ချောင်းကို ရှင်းပြီး ရှင်းပြသည်။


“ ဒီလိုလေ။ ငါက ငါရဲ့ သူဌေးကို အဖော်ပြုပြီး အဆင့်တက်ပေးတယ် မဟုတ်လား။ ငါ့ရဲ့ သူဌေးက အရမ်းကို စဥ်းစားဆင်ခြင်ပေးတတ်ပြီး ကြင်နာတတ်တယ်။ သူက ငါ့ရဲ့ စိတ်ကြည်လင်မှု မမှန်ကန်တာကို မြင်တဲ့အချိန်မှာ နှစ်သိမ့်ပေးသေးတယ်။ ငါ Close ကြောင့် အပြစ်ခံလိုက်ရတယ်လို့တော့ ပြောလို့တော့မရဘူးပေါ့။ ဒါပေမယ့် ဒီအတိုင်း အကြောင်းပြချက်တစ်ခုပေးလိုက်တာ။ ငါ ငါ့ရဲ့ ကောင်မလေး နဲ့ရန်ဖြစ်ထားလိုက်တယ်လို့ပြောလိုက်တာပေါ့”


ပိုင်ချိုင် ၏ မျက်နှာက ပို၍ ပင်လျှို့ဝှက်ဆန်းကြယ်လာသည်။ သောက်ကျိုးနည်း သောက် သောက်ကျိုးနည်း ဘာကြီးလဲ။


သူရဲ့ ဦးနှောက်ပျက်သွားတာ မဟုတ်ရင် ဝေ့ရှောင်းရဲ့ သူဌေးက သူရဲ့ နတ်ဘုရား လု့ပဲ။

14 04

ကောင်စုတ်လေး။ မင်းက နတ်ဘုရားလု့ကို တောင် နတ်ဘုရားလု့ရဲ့ ရှေ့မှာ နတ်ဘုရားလု့ ကို မင်းရဲ့ကောင်မလေးဆိုပြီး ပြန်လိမ်လိုက်တယ်ပေါ့။


ဒါက...ဒါက...


ဝေ့ရှောင်းက သဲလွန်စပေးသည်။ 


“ ငါ့ရဲ့သူဌေး ပြောတဲ့ ဘယ်လိုစကား က အကျိုးကြောင်းသင့်လွန်းတယ်လို့ထင်လဲ”


ပိုင်ချိုင် “...”


ဝေ့ရှောင်း “ လောင်ပိုင် လိုင်းမကောင်းလို့လား”


လိုင်းကတစ်အားကြီးကို မကောင်းတာ။


ပိုင်ချိုင်ကမူ အံ့အားကြီးစွာကောင်းလွန်းသော သတင်းအချက်လက်ကိုလက်ခံရရှိသွားသောကြောင့် ကောင်းမွန်စွာ လည်ပတ်နိုင်ရန် အလို့ငှာ သူ၏ ခေါင်းအတွင်းရှိ သွေးကြောများ ကို plug ထိုး၍ အားဖြည့်ပေးရန်လိုအပ်သည်ဟုပင် ခံစားလိုက်ရသည်။


“… tutor မလိုတာက ကောင်လေးလိုချင်လို့ ဟုတ်လား”


ဒါက သောက်ကျိုးနည်း သူတို့ရဲ့ မဟာမိစ္ဆာ ဘုရင်ကြီး ပြောလောက်မဲ့စကားလား။


 ပိုင်ချိုင်ကမူ ကျန်းဟူမှ အနားပင်ယူချင်တော့သည်။ ( သူရဲ့ alt အကောင့် ကိုဖျက်ချင်တာ)


သူ၏ ဦးနှောက်က ညစ်ထေး ပြီး မသန့်ရှင်းတော့ဘူး။ နောက်ပြီး သူက Glory cycle က ကောင်မလေးတွေများတဲ့ fans အသိုင်းဝိုင်းအတွင်းမှာ အချစ်အမုန်း လွန်ဆွဲတဲ့ ဇာတ်လမ်းတွေကိုတောင်ရေးဖို့ မကျန်တော့ဘူး။


ဝေ့ရှောင်း “ မင်းရဲ့ အခြေစိုက်စခန်းက ဘာဖြစ်တာလဲ။ ရဲတိုက်လိုနေရာမျိုးမှာတောင် နေနေတာ လိုင်းကမကောင်းဘူးလား”


ပိုင်ချိုင် “ ငါ့အထင်...”


ဝေ့ရှောင်းက လျို့ဝှက်ပြီး သဲလွန်စပေးသည်။ 


“ ပြောပြောပြော။ Close က လေ့ကျင့်ရေးအဖော်မလိုဘူးဆိုရင် သူလိုတာက...”


ပိုင်ချိုင်က တုန်ရင်သွားသည်။


“ ကောင်လေးတော့မဖြစ်နိုင်ဘူး”


ဝေ့ရှောင်း “ မင်းက ဘာတွေတွေးနေတာလဲ။ ဒါက ပြိုင်ဘက် လက်ရည်ညီ တိုက်ခိုက်နိုင်မဲ့ ပြိုင်ဘက်ကိုပြောမလို့လေ။ ငါချဲ့ကားပြောနေတာမှ မဟုတ်တာ။ ဒါပေမဲ့ လောင်Gထက် ငါက ပိုပြီးအလားလာကောင်းတယ်လို့ ခံစားရတယ်”


စာကြောင်း ၏ ဒုတိယပိုင်းကမူ အချဥ်ဓာတ် အနည်းငယ်ပါသည်။


“…”


ချိုင်ကော ဟာ နောက်ဆုံးမှသာ အသိပြန်ဝင်သွားသည်။ 


သူ၏ ရှုပ်ထွေးနေသော စိတ်က ကစဥ့်ကလျား အခြေနေများ အတွင်းမှ ယုံကြည်အားကိုး၍ ရလောက်သော အရာတစ်ခုကို ဖမ်းစုပ်နိုင်သွားပြီး လွတ်လမ်းကို ရှာလိုက်နိုင်သည်။


“ ပြိုင်ဘက်တော့ မဟုတ်လောက်ဘူး”


ပိုင်ချိုင်၏ နှလုံးသားဟာ နောက်ဆုံးတွင်တည်ငြိမ်သွားပြီဖြစ်သည်။ 


“ အသင်းဖော်ပဲ။ အရူးကောင် ရဲ့”


ဝေ့ရှောင်းကလည်း ကြောင်သွားသည်။


 ပိုင်ချိုင်သည် အရာအားလုံးကို သေချာစဥ်းစားတွေးတော ပြီးသွားလေပြီ။ ယခုအခါ မှသာ အခြေနေကို အကြမ်းဖျင်းနားလည်သွားပြီး အပြည့်ဝချဲ့ကား ကာပြောလိုက်သည်။


“ နတ်ဘုရား လု့က ပြိုင်ဘက်ကို လိုမှာတဲ့လား။ သူက ကမ္ဘာ့ championship ပွဲစဥ်တွေ မှာ ဆုဖလားအပြည့်ရပြီးတဲ့ သူတစ်ယောက်လေ ဟုတ်ပြီလား။ သူလိုတာက အသင်းဖော်ကွ။ အသင်းဖော် နားလည်လား။ Close က မင်းကို ပြန်လာဖို့ခေါ်နေတာ”


ဝေ့ရှောင်းသည်လည်း အချိန်တန်ကြာမှသာ အသံပြန်ထွက်နိုင်သည်။ 


“ သူက မဟုတ်ဘူး မင်းအတွေးလွန်နေတာဖြစ်မှာပါ”


ပိုင်ချိုင် ကလှောင်သည်။ 


“ ငါအခုပဲ ခေါင်းဆောင်ကို သွားခေါ်ပြီး မျက်နှာချင်းဆိုင် မေးလိုက်မယ်”


ဝေ့ရှောင်း “ မလုပ်နဲ့”


ပိုင်ချိုင် “ ငါအတွေးလွန်နေတယ်လို့ မင်းပြောတယ် မဟုတ်ဘူးလား”


ဝေ့ရှောင်းအနေဖြင့် ပြန်မပြောနိုင်လောက်အောင် စွန့်အသွားသော အခြေအနေမျိူးဟာ ရှားပါးသည်။ သူဟာ တစ်ခဏခန့် သည်းမတက်ဖြစ်သွားပြီးပြောလိုက်သည်။ 


“ ငါ professional အဖြစ် မကစားတော့ဘူး”


ပိုင်ချိုင်က မျက်လုံးလှန်သည်။ 


ဝေ့ရှောင်း “ ကြည့်ဦး။ အခု January ရောက်နေပြီ။ ငါကျောင်းပြန်တက်ရတော့မှာ။ ငါ့အနေ နှင့် ၉၈၅ မှတ်ရဖို့ က လွယ်တာမှမဟုတ်တာ။ ငါက ဒီလိုအခြေနေမျိုးမှာ စာလေ့လာဖို့ကို ဘယ်လိုမျိုးရပ်လိုက်ရမှာလဲ”


သူမပြောခဲ့လျင် ပိုကောင်းသည်။ သို့သော် ပိုင်ချိုင်၏ နှလုံးသားကမူ ပို၍ ပင်တောင့်တင်းသွားသည်။ 


ဒီကလေးရဲ့ game ကစားတဲ့ ပါရမီက တော်တော်လေးကို မြင့်နေပြီးသား။ နောက်ပြီးသူက သင်ကြားရေးလူရမ်းကားကောင်ဖြစ်နေသေးတယ်။


သာမန် လူများနှင့်ယှဥ်ကြည့်ရင် အမှန်ပင် ဒေါသထွက်စေလောက်သည်။ 


“ ရိုးရိုးသားသားပြောရရင် မင်းကျောင်းပြန်မတက်တာကလည်း မှန်ကန်တဲ့ လုပ်ရပ်ပါပဲ။ မင်းလိုလူမျိုး က ဗဟုသုတဒီလောက် ကြွယ်ဝနေတာ အခြားသူတွေကို ဒုက္ခပေးမလို့လား”

14 05

ဝေ့ရှောင်းသည် ကျော်ကြားသော သင်ကြားရေး တက္ကသိုလ် တစ်ခုသို့ဝင်ရောက်နိုင်ခဲ့သည်။ ထိုကဲ့သို့သော အကောင်က အနာဂတ်တွင် စင်ပေါ်မည်သို့တက်ရပ်မည် ဆိုသော အတွေးကိုတွေးမိရုံနှင့် ပိုင်ချိုင်ကမူ တစ်ဖက်ကောင်ဟာ မိခင်နယ်မြေ မှ ပန်းပွင့်များကို ကယ်ဆယ်ရန်အလို့ငှာ E-sport အသိုင်းဝိုင်းထဲသို့ဝင်ရောက်ပြီး professional အဖြစ်ကစားသင့်သည်ဟု သာ ခံစားလိုက်ရသည်။ 


ဝေ့ရှောင်း “ မင်းက ဘာသိလို့လဲ။ ငါက ဆရာဖြစ်ဖို့ အရမ်း သင့်တော်တာ။ သူတို့ကို ကြိုတင်ပြီး social ရိုက်နှက်မှုမျိုးကို လုပ်ထားလိုက်ပြီး ဒါကို တောင့်ခံသွားနိုင်မယ်ဆိုရင် နောက်ပိုင်းထိုးနှက်မှုတွေကို ခံရတဲ့အခါ နာကျင်စေနိုင်ပါတော့မလား”


ပိုင်ချိုင်သည် သူနှင်ပြိုင်ငြင်းရန်ပျင်းလွန်းနေသည်။ 


“ကျောင်းကို အကြောင်းပြချက် အဖြစ် သုံးမနေနဲ့။ မင်းကျောင်းနားချင်တယ်ဆိုရင် FTWကမင်းကို one stop service အနေနဲ့ ထောက်ပံ့ပေးလို့ရတယ်။ 


ဝေ့ရှောင်းက သမ်းသည်။ 


“အား အချိန်မစောတော့ဘူး ငါအိပ်ချင်ပြီ”


ပိုင်ချိုင် “မင်း”


ထို့နောက် clickဆိုသော အသံထွက်လာပြီး တစ်ဖက်ကဖုန်းချသွားသည်။ ဝေ့ရှောင်းက ဖုန်းကိုချလိုက်ပြီး husky၏ ခေါင်းကြီးကိုဖက်ကာ ပွတ်သက်လိုက်သည်။ 


“Close က ငါ့ကို သူ့ရဲ့အသင်းဖော် ဖြစ်စေချင်နေတာ”


“သူက ငါ့ကို လက်မှတ်ထိုးချင်တာ”


ပဲပိစပ်”အောင်း”


ဝေ့ရှောင်းက သူ၏ခေါင်းကြီးကို ရိုက်သည်။ 


“မင်းနားမလည်ပါဘူး။ shit”


သို့သော် သူ၏ နှုတ်ခမ်းထောင်စွန်းများဟာ အလိုလျောက် ကော့တက်နေပြန်သည်။ 


“အိပ်တော့”


ဝေ့ရှောင်းက ပဲပိစပ်ကို လွှတ်ပေးလိုက်ပြီး အိပ်ယာပေါ်သို့ ခုန်တက်ပြီး ဒီတစ်ကြိမ်တွင် သူသည် အလွန်အမင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ အိပ်မက်ပင် မမက်ပေ။ 


သူပြန်နိုးလာချိန်တွင် ညနေခြောက်နာရီထိုးလေနေပြီ။ ပိုင်ချိုင်က သူ့ကို wechatစာပို့ထားသည်။ 


“လာ နှစ်ယောက်တွဲဆော့မယ်”


ဝေ့ရှောင်းသည် တစ်စုံတစ်ရာ စားပြီးကာစ ဖြစ်သည်။ သူက ပြန်‌ဖြေ‌လိုက်သည်။ 


“ငါ့ရဲ့ သူဌေးရှိမရှိ ကြည့်လိုက်ဦးမယ်”


ပိုင်ချိုင်က လေ့‌ကျင့်ရေးခန်းထဲက ခေါင်းဆောင်ကို ကြည့်ပြီး တွေးလိုက်သည်။


သူမရှိတာသေချာတယ်။


ဝေ့‌ရှောင်း “သူဌေးက onlineမရှိဘူး။ စရအောင်”


ပိုင်ချိုင်က သတိပေးသည်။ 


“ငါက streaming လုပ်နေတာနော်။ မင်းရဲ့ပါးစပ်ကိုထိန်း”


ဝေ့ရှောင်း “သိပြီ”


ပိုင်ချိုင်က ဝေ့ရှောင်းကိုခေါ်ပြီး streamingလုပ်သည်မှာ ပထမဦးဆံုး အကြိမ်မဟုတ်ပေ။ သူ၏ ပရိတ်သက်များက ဝေ့ရှောင်းရဲ့ IDကို မြင်ပြီးပြီးချင်း commentများကို ပို့ကြသည်။ 


“Jungler ဘုရင်က ဒီမှာပဲ”


“ချိုင်ချိုင်၊ ချိုင်ချိုင် သူ့ကို သူခိုးယူခိုင်ူလိုက်”


“ချိုင်ချိုင် ရဲ့ ဒီမိတ်ဆွေက တကယ်ပဲ ဘယ်သူလဲ။ သူကတော်တော်လေးကိုတော်ပြီးအရမ်းလည်း အလိုလိုက်တက်တယ်”


“ဟုတ်တယ် ဟုတ်တယ် “


“သူကငါတို့ရဲ့ ချိုင်ချိုင်ကိုခေါ်ပြီး mid lane မှာ ကစားရဲတဲ့ တစ်ဦးတည်းသောသူပဲ”


“အဓိက သော့ချက်က သူ့က ချိုင်ချိုင်ကိုတောင် သယ်သွားနိုင်တာပဲ”


အထောက်ပံ့ဘုရင်တစ်ယောက် အနေနဲ့ ပိုက်ချိုင်သည်လည်း သိသာစွာပင် လိုအပ်ချက်များရှိသည်။ ဥပမာအနေနှင့် သူသည် မှော်ဆရာအမျိုးစား heroများကို မကစားနိုင်ပေ။ 

14 06

သို့ရာတွင် ချိုင်ကောကမူ သယ်သွားမှုကိုခံရသည့် နှလုံးသားကို တားဆီးမနေချေ။ ထို့ကြောင့် ခဏဆိုသလို စိတ်လှုပ်ရှားသော အတွေ့ကြုံကို ရရန်အလို့ငှာ မှော်ဆရာ heroကို ရွေးတက်သည်။ 


အဆင့်မြင့် အဆက်တက် gameပွဲစဥ်မျိုးတွင် ချိုင်ကော၏ မှော်ဆရာသည် သိသာစွာပင် cancer cell မည်သည်။ အသင်းဖော်များသည် ထိုheroကို မြင်သည်နှင့် သေချင်စိတ်‌ပေါက်တက်သည်။ 


သူသည် ဝေ့ရှောင်းနှင့် double ကစားမှသာ အနိုင်ရနိုင်ချေ ရတက်သည်။ ပိုင်ချိုင်က heroကို ရွေးပြီးကာစရှိသေးသည်။ Commentများက ပေါက်ကွဲလာသည်။ 


“သောက်ကျိုးနည်း”


“သောက်ကျိုးနည်း သောက်ကျိုးနည်း သောက်ကျိုးနည်း”


မရေတွက်နိုင်သော အံ့အားသင် emoticonများနှင့်အတူ စာကြောင်းတစ်ကြောင်းက ရောနှောဝင်လာသည်။ 


“ချိုင်ကော မင်းနဲ့ နတ်ဘုရားလုက ကားချင်း ယှဥ်တိုက်ကြမှာလား”


ပိုက်ချိုင်ကလည်း တစ်ချက်ကြည့်ရုံနှင့် မြင်သွားသည်။ 


“ဒါက တအားကို...တိုက်ဆိုင်လွန်းတာမဟုတ်လား”


Commentများက ပြည့်နှက်လာသည်။ 


“နတ်ဘုရားနင်ကလည်း liveလွင့်နေတာ။ သူကနတ်ဘုရားလုနဲ့ အတူဝင်တိုးနေတာလေ”


“ဘယ်လောက်တောင် ရယ်ရသလဲ။ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ။ အချင်းချင်း စစ်ဖြစ်တော့မှာလား။ ဒါက စိတ်လှုပ်ရှားစရာ အကောင်းဆုံးပဲ”


နင်ကျယ်ဟန်သည် အသင်းထဲသို့ ရောက်သည်မှာ မြကာသေးချေ။ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြော်ကြားမှုဟာ ထင်သလောက် မမြင့်ပေ။ မည်သို့ပင်ဆိုစေ အသင်းဖော်များသည် စတင်သည့်ကာလကို ကျော်ဖြတ်ရန်လိုအပ်လေသည်။ ရှန်းလျှိုက လုဖုန်းနှင့် နင်ကျယ်ဟန်တို့ကို နှစ်ယောက်အတူ double ကစားခြင်းအားဖြင့် ရှောင်နင်၏ live streamကို ကျော်ကြားမှုရရှိရန် စီစဥ်ပေူထားခြင်းဖြစ်သည်။ 


သူတို့ တကယ် မမျှော်လင့်ထားစွာပင် ပိုင်ချိုင်နှင့် ဝေ့ရှောင်းနှင့်တိုးလေသည်။


******