Ch 15
Viewers 3k

အပိုင်း (၁၅) ချိုင်ချိုင် အဖာက်ပြန်ခံရတာ မအံသြတော့ပါဘူး။ ငါသာဆိုလည်း သူ့အတွက် လုပ်နိုင်တယ်။


ဒါပေါ့။ Comment တွေကိုမမြင်ရတဲ့ ဝေ့ရှောင်းကတော့ တစ်ဖက်ခြမ်းက ဘယ်သူလဲဆိုတာကိုမသိနိုင်ဘူးပေါ့။


သူတို့သည် hero ရွေးချယ်သော interface တွင် ပြိုင်ဘက်များ၏ ID များကိုမမြင်နိုင်ချေ။ ဝေ့ရှောင်းသည်လည်း game အတွင်းသို့ ဝင်ရောက်ပြီးမှသာ သိလိုက်သည်။


ပိုင်ချိုင်က မူ ယခုအခါ အရာအားလုံးကို နောင်တရနေသည်။ သူသည် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ပြီးသည့်နောက် နောင်တရသလို သူ၏ လက်ကအမြဲတစေ စျေးပေါလွန်းသဖြင့် မှော်ဆရာကို လုမိသည့်အတွက်လည်း နောင်တရသွားသည်။ 


သိသာစွာပင် သူသည် သူ၏ မျက်လုံးကို မှိတ်ထားလျှင်ပင် သွေးလွမ်းသော သတ်ဖြတ်ကွင်းပြင်ကြီးကိုမြင်နိုင်နေပြီဖြစ်သည်။


သူဘာလို့ ကိုယ့်သေလမ်းကို ရှာပြီး Mid-lane ကိုယူလိုက်မိတာလဲ။


အသက်ရှင်ရတာ မကောင်းလို့လား။ 


သူ ဒီတိုင်းလေး မတ်တပ်လေးထရပ်တုန်းမှာ ဒါပေမဲ့ သူရဲ့ ဝိဉာဥ် ကတော့ ခေါင်းဆောင် ရဲ့ဓားသွားအောက်ကိုရောက်နေပြီပဲ။


ဝေ့ရှောင်းက hero ရွေးနေသေးသည်။ 


“ လောင်ပိုင် မင်းနိုင်ချင်လား”


ပိုင်ချိုင် … သောက်ကျိုးနည်းကို နိုင်။


Comment များဟာပေါက်ကွဲသွားသည်။


“ အာ Jungler ဘုရင်နှင့် ငါတို့ ချိုင်ချိုင် အကြား ကအချစ်က အမှန်တကယ်စစ်မှန်တာပဲ”


“ ငါသိတယ် ငါသိတယ်။ Jungler ဘုရင်က ကြွားဝါတော့မှာ သူငါတို့ရဲ့ ချိုင်ချိိုင်လေးကို သယ်သွားတော့မှာ”


“ ကံဆိုးစွာနှင့် ဆိုးရွားတဲ့ ကံကြမ္မာနှင့် ဒီချစ်သူ စုံတွဲက မဟာမိစ္ဆာ ဘုရင်နဲ့ လာတိုးတာပဲ”


“ ငါရဲ့ ဂေါ်ဖီထုပ်လေးအတွက် ရင်နာနေပြီ”


“ ရင်နာမူ အပြည့်ပါပဲ။ ငါရဲ့ အကောင်ပေါက်လေးကို နှစ်သိမ့်ပေးဖို့အတွက် နက်ရှိုင်းတဲ့ရေပြင်ထဲက ငါးခူ အတမ်းလိုက်ပို့ပေးလိုက်တယ်”

(တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက လက်ဆောင်ပေးခြင်း)


ထို ငါးခူတစ်ကောင်သည် ယွမ်တစ်ရာကုန်ကျသည်။ မျက်တောင်တစ်ခပ် အချိန်တွင်း ပိုင်ချိုင် သည် ငါးခူ ဆယ်ကောင်ကျော်မက ရရှိလိုက်သည်။ ထို့ကြောင့် ငိုရခက် ရယ်ရခက်ဖြစ်သွားသည်။ 


“ ဟေး ဟေး ဟေး မင်းက mid-lane ကစားချင်တာလား”


ပိုင်ချိုင် က ဝေ့ရှောင်းကိုမေးသည်။


Hero ရွေးချယ်သော interface က hero လဲရန်အသုံးပြု၍ ရသည်။ ပိုင်ချိုင် ၏ အသက်ရှင်လို စိတ်က ပေါက်ထွက်လာ၏။ သူသည် ဝေ့ရှောင်းအား ခေါင်းဆောင်၏ ဓားသွားအောက်သို့ရောက်မည့် အတွေ့ကြုံကိုခံစားရန် စေခိုင်းလိုက်သည်။


ဝေ့ရှောင်း က သူခိုး ကစားရခြင်းအား အထူးတလည် နက်နက်ရှိုင်းရှိိုင်း စွဲလမ်းနေသောကြောင့် အရယူပြီးလေပြီ။ 


“ ဘာ မင်း က jungler ကစားမလို့လား”


ပိုင်ချိုင် “ …”


“ မင်းရဲ့ လက်ကို နည်းနည်းလေးနှေးပေးလို့ ရမလား” 


ဝေ့ရှောင်းကမူ streaming လုပ်နေချိန်တွင် ပိုင်ချိုင် ကိုအထူးတလည် အလွန် အလိုလိုက်ပေးသည်။


“ ငါကတော့ ဘာနဲ့မဆိုဖြစ်တယ်။ မင်း ကြိုက်ရာ ကို ကစား”


ထိုသို့ဖြင့် comment များက အားအားအား၊ အုအုအု ၊ အိုအိုအိုး ဆိုသောအသံများဖြင့် ပြည့်နှက်သွားသည်။


ပိုင်ချိုင်သည် တစ်ခဏခန့် စဥ်းစားဆင်ခြင်ပြီးနောက် မှော်ဆရာအဖြစ်နှင့် ခေါင်းဆောင် လက်အောက်တွင် အခုတ်ခံရပြီး သေဆုံးမှုက ပိုကောင်းသလော။ သို့မဟုတ် jungler အဖြစ်နှင့် ခေါင်းဆောင် ကြောင့် ဖောက်ခွဲခံရရင်း ကြမ်းပြင်တွင် တစ်စစီဖြစ်ရခြင်းက ပိုကောင်းသလော မတွေးနိုင်တော့ချေ။ 


သူက ဒီအတိုင်း အရမ်းကိုကောင်းမွန်ပြီး သင့်တော်တဲ့ အထောက်ပံ့လေးပါ။ ဘာလို့ ရုတ်တရက်ကြီး သူအတော်ဆုံး hero ကို မကစားနိုင်ရတာလဲ။ 


သေချာပေါက်ကိုပဲ။


Healer များသည် အသတ်ခံရမည့် အခြေနေကို မတွေးနေသင့်ချေ။ 


“ ဒီအတိုင်း ပဲ သွားတာပေါ့”


ပိုင်ချိုင်သည်လည်း ကောင်းကောင်းဆိုးဆိုး ရေခဲမှော်ဆရာ ကိုကိုင်တွယ်ကစားမည့် နည်းလမ်းအား သိနိုင်သေးသည် ဟု သာ တွေးတောလိုက်ရသည်။ 

15 02

သူသာ အရိပ်သူခိုး ရမယ်ဆိုရင် သူ့ရဲ့ အသင်းဖော် တွေမလှုပ်ရှားနိုင်သေးခင် kills တွေအလကား ကျွေးရင်း အဆုံးသတ်သွားမှာပဲ။


ဝေ့ရှောင်း “ကောင်းပြီလေ” 


ပိုင်ချိုင်သည် သူတို့ဟာ game ထဲသို့ဝင်ရောက်မည် အကြောင်းကို သိလိုက်သော်လည်း နောက်ဆုံးတွင် သတိပေးလိုက်သည်။ 


“ တစ်ဖက်ခြမ်းက နတ်ဘုရား လု့နော်”


ဝေ့ရှောင်းက တောင့်ခဲသွားသည်။


တောင်ကြားက loading ဖြစ်မည့် အခြေအနေကိုစောင့်စားနေရသောကြောင့်စာရိုက် ၍မရချေ။ ထို့အပြင် ပိုင်ချိုင်သည် steaming လုပ်နေသောကြောင့် ဝေ့ရှောင်းသည် voice chat ကို မဖွင့်ရသေးချေ။


 ပိုင်ချိုင်က သူ၏ voice chat ကိုဖွင့်ထားသည်။ သို့သော် စကားအများကြီးပြောရန်မလိုအပ် ပါချေ။ တဖက်ခြမ်းမှ ID သည် loading page တွင် ပေါ်လာပြီဖြစ်သည်။ သူတို့အားလုံးသည် professional league က အသိမှတ်ပြုထားပေးသည့် ထားခြားသော နာမည်များနှင့် အဓိက အကောင့်များကို အသုံးပြုနေကြခြင်းဖြစ်သည်။ FTW. Close ၊ FTW.Silvery 


Close သည် လုဖုန်းဖြစ်ပြီး Silvery ကမူနင်ကျယ်ဟန်ဖြစ်သည်။ 


ဝေ့ရှောင်း၏ မျက်လုံးများဟာ အသာကျဥ်းမြောင်းသွားသည်။ သူတို့က game ထဲသို့ဝင်လိုက်သည့်အခိုက်တန့်တွင် သူသည် စကားလုံးတစ်လုံး ကိုရိုက်လိုက်သည်။ 


“ တိုက်ဆိုင်လိုက်တာ”


ပိုင်ချိုင် က သူ့ကို သဲလွန်စပေးသည်။ 


“ စိတ်အေးအေးထား”


မင်းရဲ့ ခေါင်းကို မပေါက်ထွက်သွားစေနဲ့ ညီအကိုကြီး။ ငါstreaming လုပ်နေတာ။


ဝေ့ရှောင်းသည် တည်ငြိမ်သွားသည်။


“ မစိုးရိမ်ပါနဲ့ ငါ မင်းကိုစစ်ဆေးဖို့ midlane ကို မကြာခဏ လာပေးမယ်”


ထို့နောက် comment ကဏ္ဍတွင် အူးအူး အားအား အသံများကရောက်လာပြန်သည်။ 


“ Jungler king အတွက် တကယ်ကို နှမြောစရာပဲ။ သူက တစ်ကယ့်အစစ်မှန် မိစ္ဆာ ဘုရင်နှင့် ဆုံရတာ”


“ ဝူးဝူးဝူး Jungler king မင်းအတွက် midlane ကိုသွားလည် အသုံးမဝင်ဘူးနော်။ ငါတို့ခေါင်းဆောင် နတ်ဘုရား လု့ရဲ့ ဓားသွားအောက်မှာ ဘယ်မှော်ဆရာကများ အသက်ရှင်လျှက် ကျန်ရစ်နိုင်လို့လဲ”


“ ငါတို့ရဲ့ ချိုင်ကော ကငြိမ်းချမ်းမှုကို ချစ်မြတ်နိုးတဲ့ Healer ဘုရင်တစ်ယောက်။ ဒါကိုဘာလို့ ဒီလို သတ်ဖြတ်မူကို ကြုံတွေ့ရမှ ဖြစ်မှာလဲ”


“ ငါတော့ ငါ့ရဲ့ လု့ပိုင် CP ကနေ အနိုင်ကျင့်နှ်ိပ်ဆက်ပြီး ဝမ်းနည်းဖို့ကောင်းတဲ့ အချစ်ကို နက်နက်ရှိုင်းရှိုင်းခံစား မိနေပြီ။ ဒါက ဘာလဲ။ ဒါက အိမ်အတွင်းအကြမ်းဖက်မှုလား”


“ Double Atultery လုပ်တာပေါ့။ အတူတူ ချေမွကြ။ အဲဒီနောက် မင်းသေမလား ငါသေမလားပေါ့”


“ဟေးဟေး ဘယ်လောက်တောင် ထိန့်လန့် သည်းဖိုဆန်လိုက်သလဲ။ ငါ ငါ့ရဲ့ အကောင် ပေါက်လေးအတွက် နောက်ထပ် ငါးခူတစ်သုတ်ပို့လိုက်မယ်နော်”


ပိုင်ချိုင်က comment များကိုကြည့်ပြီးတွေးသည်။ 


နှိပ်ဆက်တဲ့ ချစ်ခြင်းဆိုတာ က အမှန်တကယ် ရှိတယ်။ အိမ်တွင်းအကြမ်းဖက် မူ လည်းရှိတာပဲ။ Double Atultery နှင့် အချင်းချင်း ချေမွမယ် ဆိုတာကလည်းရှိကောင်းရှိလာနိုင်တယ်။ ဒါပေမယ့် ပြသနာက ခေါင်းဆောင်က သူမဟုတ်တာပဲ။ 


“သူ ပိုင်ချိုင်က အလဟက်သ သေပေးရတာ။ ဟုတ်ပြီလား”


အခြားတစ်ဖက်ခြမ်းမှ နင်ကျယ်ဟန် ကလည်း ပိုင်ချိုင်ကို သတိထားမိသွားသည်။ သူသည် public channelက ကိုပင်သုံးပြီး နှုတ်ဆက်လာသည်။


“ ချိုင်ကော”


ပိုင်ချိုင် “…”


 နင်ကျယ်ဟန်… “ကောနှင့်အတူ နှစ်ယောက် အတူဝင်တိုတာက ဘယ်သူလဲ”


ပိုင်ချိုင် “…”


Comment များ Wowချိုင်ချိုင်က နင်နင်ကို လျစ်လျူရှုထားတယ်။ ငါ့ရဲ့ဂေါ်ဖီထုပ်လေးက ရှာလကာရည်သောက်နေပြီ။ 


ပိုင်ချိုင် “…”

15 03

5 Vs 5 ပွဲစဥ်၏ အစသည် solo game နှင့်ခြားနားသည်။ ဒါဟာ အသင်းလိုက်ပွဲ ဖြစ်၏။ တစ်ဖက်ခြင်းစီတွင် လူငါးယောက်စီရှိပြီး အလုပ်များကိုလည်း သိသာစွာ ခွဲထားရသည်။ သူတို့သည် ကိုယ်ပိုင်တိုးတက်ရာလမ်းကြောင်းရှိပြီး တာဝန်ယူမှုများကို ပိုင်ဆိုင်ထားသည်။


ဥပမာအနေနှင့် midlane မှော်ဆရာဖြစ်သော ပိုင်ချိုင်နှင့် နင်ကျယ်ဟန် တို့သည် mid-lane တွင် အချင်းချင်းတွေ့ကြပြီး အခွင့်ရေးကို အရယူလျက် အချင်းချင်း ချောင်းမြောင်းတိုက်ခိုက်နေရသည်ဖြစ်သည်။ ဝေ့ရှောင်းနှင့် လု့ဖုန်းကမူ jungler များဖြစ်သည်။ သူတို့၏ တာဝန်က တောထဲမှ အရင်းမြစ်များကို လုရန်ဖြစ်သည်။ 


သာမန် အခြေနေမျိုးတွင် အဆင့်မြင့် အဆင့် game ပွဲစဥ်၏ ပထမ နှစ်ဆင့်က အတန်သင့် လုံခြုံသည်။ တွေ့ဆုံနိုင်ခြေ အများစုဟာလည်း တော့အတွင်း မှ အသေးစားတိုက်ပွဲများလောက်သာဖြစ်သည် သူတို့သည် အချင်းချင်း စမ်းသပ် တိုက်ခိုက်နိုင်ကြပြီး အားသာချက်အသေးများ အရယူလျက် ပြန်နောက်ဆုတ်ကြပြီးလေပြီ။ သို့သော် ဝေ့ရှောင်းကမူ ခြားနားသည်။


နင်ကျယ်ဟန်က စစ်သားများကို ရှင်းလင်းနေချိန် ပိုင်ချိုင်နှင့် စာရိုက်ပြီး စကားပြောနေချိန်တွင် ရုတ်တရက် အနီရောင် အလင်းတန်းက ဖြတ်ကနဲ လတ်သွားသည်။ ထို့နောက် တဝ်ီဝီ မြည်နေသော အသံသက်ရာက်မှုက ကပ်လိုက်လာပြီး နင်ကျယ်ဟန်က ထိန်းချုပ်ခံလိုက်ရသည်။


“ ဒါ”


နင်ကျယ်ဟန်သည် gameကို ပေါ့သေးသေး ကစားလွန်းသော်လည်း သူ၏ ကြွက်သားများတွင် တုံ့ပြန်မှုပေါင်းများက စိမ့်ဝင်နေခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပင် ထွက်ပြေးရန်အလို့ငှာ purify ဆိုသော ခလုတ်ကို နှိပ်လိုက်သည်။ 


သို့ရာတွင် ယခု အလိုလျောက်ထွက်လာသော သူခိုးသည် ကိုယ်ဖျောက်ထားသောအခြေအနေ က ထက်ပင် ကြမ်တမ်းနေသေး၏။ သူသည် ဖျက်ခနဲ လတ်ကာ ရှေ့သို့တက်လာပြီးနောက် auto တိုက်ခိုက်သည့် ခလုတ်ကို သုံးတဲ့နင်ကျယ်ဟန်ကို သတ်လိုက်သည်။ 


နင်ကျယ်ဟန် “ !!!”


Comment များကပေါက်ကွဲနေသည်။


“အိုး မာမားရေ jungler ဘုရင်က တအားချောတာပဲ”


“ ချိုင်ချိုင် ကဖောက်ပြန်သွားတာ မအံသြတော့ပါဘူး။ ငါသာဆိုလည်း လုပ်နိုင်တယ်”


“ Game ရဲ့အစမှာ ကတည်းက professional ကစားသမားတစ်ယောက်ကို သတ်သွားတာ။ ဒီလ်ိုကျပန်း jungler ကစားသမားတွေက ဒီလောက်ထိ အံအားသင့်စရာကောင်းနေပြီလား”


တစ်ချိန်တည်းတွင်…


First Blood


First blood ကိုယူလိုက်သူမှာ ဝေ့ရှောင်းမဟုတ်ပဲ ၊ သွေး အပေးခံရသူ နင်ကျယ်ဟန်လည်းမဟုတ်ချေ။ နင်ကျယ်ဟန်သည် မြေပြင်ပေါ်သို့လဲကျသွားသော်လည်း ပိုင်ချိုင်က မူ သူ၏ မျက်နှာချင်းဆိုင်မှ ဖြတ်သွားပြီး သူ့ထက် အနည်းငယ်စောကာ သေသွားသည်။ 


စက္ကန့်များတွင် 0 point ခြားနားနေခဲ့လျင်ပင် သူသည် သူ၏ ကိုယ်ပိုင်ခေါင်းဆောင်ထံ သွေးအရင်ပေးလိုက်ရသည်။ 


Comment များက ချက်ချင်းဆိုသလိုပေါက်ကွဲပြန်သည်။ ယခု အခါ ပို၍ပင်ရူးသွပ်နေသေးသည်။


“ ခေါင်းဆောင်လုက အရက်စက်ဆုံးပဲ”


“ ငါရဲ့ ချိုင်ချိုင် ဘယ်လိုသေသွားလဲဆိုတာကို ဘယ်သူပြောနိုင်လဲ”


“မိစ္ဆာဘုရင်ကြီးက သူရဲ့ နာမည်နဲ့ တကယ်ထိုက်တန်တယ်။ သူက သူရဲ့ ဇနီးလေးကိုတောင် အရမ်းရက်စက်တယ်”


“ အိမ်တွင်း အကြမ်းဖက်မူ မြင်ကွင်းက စစ်မှန်ကြောင်း သက်သေပြလိုက်တာပဲ”


“ငါမှားပါတယ်။ ငါတကယ်မှားပါတယ်။ နတ်ဘုရားလု ခေါင်းဆောင်လု။ မိစ္ဆာဘုရင်ကြီး ငါ့ရဲ့ ရင်ထဲက ကုံး...ချိုင်ချိုင်က မဖောက်ပြန်ခဲ့သင့်ပါဘူး။ တစ်ဖက်သူက ဘယ်လောက်ချောချော Jungler king က ဘယ်လောက် ချိုးချိုး သူမဖောက်ပြန်ခဲ့သင့်ပါဘူး”


ပိုင်ချိုင်က Comment များကိုကြည့်ပြီး ပြန်လည်ရှင်သန်ပြီးနောက် middle lane သို့ပြန်လာသည်။ ထိုနောက် အော်ဟစ်ချင်သွားသည်။ 


“ သောက်ကျိူးနည်း မင်းတို့က ဘာသိလို့လဲ။ အား”


မဟာ မိစ္ဆာဘုရင်ကြီးမှာ ဇနီးလေး ရှိတယ်ဟုတ်လား။ ဘယ်လိုဖြစ်နိုင်မှာလဲ။


မဟာမိစ္ဆာဘုရင်ကြီးရဲ့ မျက်လုံးထဲမှာ အဲသောက်ကျိုးနည်း အရူးလေးပဲရှိတာ။ 


နှစ်ကြိမ်ခန့်သေပြီးနောက် ချောင်နင်သည် ရုတ်တရက်အသိဝင်သွားသည်။ 


“ မဟာဆရာသခင်လား”


တိုက်ခိုက်မှု၏ ရိုးရှင်းသော ထက်ရှမှုများ နေရာချထားပုံနှင့် အမတ ဆန်သော ထိန်းချုပ်မှုက…


တစ်ဖက်သူ၏ ဓားအောက်တွင် ယွမ် တစ်သောင်းပေးပြီး သေခဲ့ရသော နင်ကျယ်ဟန်က ထိုခံစားချက်ကို မှတ်မိနေသေးသည်။ 


နင်ကျယ်ဟန်ဘက်မှ comment များက ချက်ချင်းဆိုသလို ပေါက်ကွဲသည်။ 


အစပိုင်းတွင်မူ “နတ်ဘုရား လု့က အရမ်းအလိုလိုက်တာ ပဲ ။ ရှောင်နင် ၊ ဘေဘီနင် အရမ်းကံကောင်းတယ်”


“ Wow တစ်ဖက်ခြမ်းက jungler ကလဲ skill နည်းနည်းတော့ ရှိတာပဲ”


“ မဟုတ်သေးပါဘူး။ နေပါဦး။ လူသစ် ဘုရင် အဆင့်ကဒါပဲလား။ ပထမဦးဆုံးတိုက်ပွဲမှာတင် ကြုံရာကျပန်း ကစားသမား နဲ့ ချက်ချင်းသတ်တာခံလိုက်ရတယ်။ လွယ်လိုက်တာ”


“ နိုးထတော့၊ နိုးထတော့ ။ အဲဒီ သာမာန် ကစားသမားက ဒီအဆင့်ရောက်နိုင်ပြီး professional ကစားသမားတစ်ယောက်နဲ့ double ကစားနိုင်ကတည်းက သာမှန်မဟုတ်တော့ဘူး”


ထို့နောက်… 


“ သောက်ကျိုးနည်း မဟာဆရာသခင်က ဘာလဲ”

15 04

“ Glory ရဲ့ အသိုင်းဝိုင်းမှာ မဟာဆရာသခင် လို့ခေါ်တဲ့ Professional ကစားသမား ကရှိတာလား”


“အဲဒီလိုဆိုမှ ငါလျို့ဝှက် ကောလဟာလ တစ်ခုကိုကြားထားတယ်။ ပြောကြတာက professional ကစားသမားတွေရဲ့ အသိုင်းဝိုင်းမှာ လျို့ဝှက်ဆန်းကျယ်လွန်းတဲ့ ကစားသမားတစ်ယောက်ရှိတယ်ဆိုတာပဲ”


နင်ကျယ်ဟန်ကလည်း သူသည် စကားမှားသွားကြောင်း နားလည်သွားပြီး စကား ထပ်မပြောရဲတော့ချေ။ သို့ရာတွင် သူ၏ မျက်လုံးဟာ တောက်ပနေပြီး လေးကြိမ်ဆက်တိုက် အသတ်ခံရပြိီးသည့်တိုင်အောင် middle lane သို့အပြေးသွားသေးသည်။ 


တစ်ဖက်ခြမ်းမှ ပိုင်ချိုင် အတွက်ကမူ သူ၏ နှလုံးသားဟာ ပြာဖြစ်ပြီးနေပြီ။


Middle lane ဟုတ်လား။

 

မှော်ဆရာ ဟုတ်လား။

 

ရေခဲမှော်ဆရာ ဟုတ်လား။


သူဒီတစ်ဘဝလုံး ဒီ hero ကို မသုံးချင်တော့ဘူး။ 


ဒီ game သည် ဖော်ပြရန်ခက်ခဲလောက်အောင် ထူးဆန်းသည်ဟု ပြော၍ ရသည်။ 


Top lane နှင့် bottom lane များသည် အလွန်ပင် ငြိမ်းချမ်းသည်။လူတိုင်းကလဲ ကိုယ်ပိုင်စစ်သားများ ကို ရှင်းလင်းရေး လုပ်ပြီး မည်သူ့ကိုမှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်း မပြုချေ။ အထောက်ပံ့က သူတို့ကို လာမကြည့်သည့်တိုင်အောင် ရိုးသားစွာပင် bottom lane တွင်သာနေကြသည်။ 


Comment ပေးနေသော ကြည့်ရှုသူများကလည်း ထိုသုံးယောက်သည် ongoing play ကိုကြည့်ရှုရန်အတွက် မြေပုံကို ဆွဲနေသည်ဟုပင် ခံစားလိုက်ရသည်။ 


ထို lane နှစ်ခုဟာ ငြိမ်းချမ်းချင် ငြိမ်းချမ်းနေပေလိမ့်မည်။ Middle lane ကမူ ကမ္ဘာ့ ငရဲ ဖြစ်နေပေလိမ့်မည်။ 


နှစ်ဖက်ခြမ်းမှ jungler များက ရဲရင့်သောတိုက်ခိုက်သူများ ဖြစ်နေကြသည်။ သူတို့သည် တောအတွင်းမှ creeps အတန်း လိုက်ရှင်းလင်းပြီးသည်နှင့် ချက်ချင်းဆိုသလိုအပြေးလာပြီးkillလုကြပြန်သည်။ 


နှစ်ဖက်လုံးက တစ်ဖက်ခြမ်း၏ မှော်ဆရာများကို အမြဲတစေ စိုက်ကြည့်နေကြပြီးတုံ့ဆိုင်းမနေပဲ တိုက်ခိုက်ကြသည်။ သူတို့၏ ဓားသွားများက ထွက်သွားပြီး တစ်မိနစ်အတွင်း ပြန်ပါလာသည်မှာ ခေါင်းဖြစ်သည်။


ပို၍ အခြေနေဆိုးရွားသည်မှာ သူတို့သည်ခြမ်း၏ မှော်ဆရာများကို သတ်ပြီးနောက် ပြန်ပုံးကြခြင်းဖြစ်သည်။ 


သူခိုးသည် skillတစ်ခုလုံးသုံးပြီး damageကို ပေါက်ထွက်အောင် လုပ်ပြီးနောက်တွင် ထိုမှော်ဆရာပေါ်တွင် skillအားလုံးကို သုံးကုန်သွားသည့်အတွက် coldown ကျချိန် စောင့်ရန် လိုအပ်သေးသည်....။


ဒါပေမဲ့ ဒါက ဘယ်လိုဖြစ်တာလဲ။ 


သေချာပေါက်ပင် မရေတွက်နိုင်သော မှော်ဆရာ အလောင်းများက တစ်ဖက်ခြမ်း(14:17)heraldနှလုံးသားထဲ ပုံလာပေလိမ့်မည်။ တ‌‌ဖြေးဖြေးချင်းစီ commentများလားရာက ပြောင်းလာသည်။ 


“ငါ ဘာကြောင့်မှန်း မသိပေမဲ့ ငါကျိန်စာလိုလို သဲလွန်စ ရနံ့ကို ရနေသလိုပဲ”


“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်”


ငါတို့ နတ်ဘုရားလုနဲ့ ဒီလိုပြိုင်ကွင်းမှာ ယှဥ်နိုင်တဲ့ Junglerက သိပ်များတာမဟုတ်ဘူး။ 


“ဒီမဟာဆရာသခင်က ဘာလဲဆိုတာ သေချာမသိပေမဲ့လည်း ငါကတော့ သူ့ရဲ့ ဒီကျိန်စာကို ထောက်ပံ့ကူညီပေးဖို့အတွက် တစ်စက္ကန့်လောက်တော့ အချိန်ဖြုန်းချင်တယ်”


“ကျိုးကြောင်းသင့်သင့်ပြောရမယ်ဆိုရင် နောက်ကျန်ရစ်ဖို့က နည်းနည်းလွယ်တယ်။ အချစ်ပြိုင်ဖက်တွေ အချင်းချင်းတွေ့ကြတဲ့အခါ ခံစားချက်တွေနဲ့ စိတ်ခံစားမှုတွေက ပွက်လောရိုက်သွားတာပေါ့”


“ငါ့ရဲ့ ဂေါ်ဖီထုပ်လေးက အခုစိမ်းနေပြီ”


“ဂေါ်ဖီထုပ်က ဘယ်အချိန်က မစိမ်းလို့လဲ”


“ငါ့ရဲ့ ဂေါ်ဖီထုပ်ကသာ မစိမ်းရင် သူ့ကို ဘာလို့ ချိုင်ကောလို့ခေါ်နေမှာလဲ”


“Closeက အချစ်ဦးဆိုတာ အမှန်ပဲ။ ဒါပေမဲ့ Gloryရဲ့ အသိုင်းဝိုင်းထဲမှာ နတ်ဘုရားလုရဲ့ herald တွေက တအားများတယ်”


“ဒီသောက်ကျိုးနည်း မဟာမိစ္စာဘုရင်ကြီးနှင့် ဒီကျပန်းကစားသမားက ဘယ်လိုကြောင့် အရမ်းကို လှုံ့ဆော်‌နိုင်စွမ်းရည်ရှိနေတာလဲ”


Comment များကို ကြည်ရင်း ပိုင်ချိုင်က စိတ်ထဲတွင်အော်ဟစ်နေသည်။ 


ဒါက‌ရော ဘာလဲ။ 


၈နာရီမှာလာတဲ့ soap Operaတွေတောင်မှ မင်းတို့‌‌ကောင်တွေလောက် အကြံစည်များလောက်ဘူး။ 


နောက်ဆုံးတွင် ပိုင်ချိုင်နှင့် ဝေ့ရှောင်းတို့၏ အသင်းက ရှုံးသွားသည်။ မည်သို့မှလည်း မနက်နိုင်ပါချေ။ ငါးယောက်အသင်းတွင် သုံးယောက်က ဖရဲစေ့စားပြီး ကြည့်နေကြသူများဖြစ်သည်။ ပိုက်ချိုင်၏ မှော်ဆရာကမူ သူ၏ အမာခံ ပရိတ်သတ်များအားလုံးကပင် “သူတို့၏ မျက်လုံးနာလာပြီ”ဟု ပြောရသည်အထိ အသတ်ခံလိုက်ရသည်။ ကောင်းကောင်းကစားနိုင်သော တစ်ယောက်တည်းသော သူကမူ ဝေ့ရှောင်းဖြစ်သည်။ သို့သော် သူတစ်ယောက်တည်းနှင့် ကစားပွဲကို မလှန်နိုင်ပေ။ 


နင်ကျယ်ဟန်၏ ဘက်တွင်မူ အသင်းဖော်များက ပွဲကြည့်နေကြသည်။ သူတို့သည် နင်ကျယ်ဟန်၏ အစစ်မှန်ပါရမီနှင့် လက်တွေ့ကျသော အတွေ့ကြုံကို စာစီ၍ မရနိုင်ချေ။ ဝေ့ရှောင်းက သူ့ကို ၁၀ကြိမ် သတ်ပစ်သည့် တိုင်အောင် ပြိုလဲကျသွားခြင်းမရှိချေ။ ထို့ကြောင့်သူသည် အခွင့်ရေးကို အရယူပြီး ပိုင်ချိုင်ကိုသတ်ရင်း အခွင့်ရေး အရရှာလိုက်နိုင်သည်။ 


ဝေ့ရှောင်းသည် နောက်ဆုံးတွင် တောထဲတွင် လုဖုန်းနှင့်ဆုံသည်။ သံသယဝင်စရာ ကိစ္စများမရှိချေ။ ဝေ့ရှောင်းသည် လုဖုန်း၏ ဓားသွားအောက်တွင် ပြားကပ်သည်အထိ ခုတ်ခံလိုက်ရသည်။ 


ပိုက်ချိုင်ကမူ နင်ကျယ်ဟန်ကြောင့် ဖိအားပေးခံလိုက်ရသည်။ဝေ့‌ရှောင်းကို လုဖုန်းက ဖိအားပေး၏။ ထိုသို့ဖြင့် မည်သို့ပင်ကြည့်ကြည့် အနိုင်ရနိုင်ချေမရှိပေ။ 

15 05

Comment မှ ကြည့်ရှုသူများအားလုံးကလည်း သူတို့အတွက် မစိုးရိမ်ပါချေ။ ဒီအစား ပျော်ရွှင်တက်ကြွနေကြသည်။ 


“အံသြစရာပဲ။ ဒါက‌ သောက်ကျိုးနည်း အံ့သြဖို့ကောင်းတယ်”


“သူတို့က အတင်နိုင်ဆုံး ကြိုးစားသွားကြသည်။ ဒီ junglerဘုရင်က အတက်နိုင်ဆုံး ကြိုးစားသွားတာ”


“ချိုင်ချိုင် မင်းရဲ့Gay မိတ်ဆွေလေးက တကယ်တော်တယ်နော။ ငါတို့ရဲ့ FTWက လူလိုနေတာ။ ဘာလို့ သူ့ကို မဖိတ်ခေါ်လိုက်တာလဲ”


“ပြဿနာက FTWမှာ Junglerမလိုတော့တာပဲ”


“ဒီ gungler ဘုရင်ရဲ့ ကစားတဲ့ ပုံစံမျိုးနဲ့ဆိုရင် top laneကလည်း ပြဿနာမရှိလောက်ဘူးလေ။ ဟုတ်တယ်မလား”


“ခဏလောက်တော့ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေလိုက်ဦး။ Junglerဘုရင်က ငါ့ရဲ့အသင်းထဲကို ဝင်မယ်ဆိုရင် ငါ့ရဲ့ ချိုင်ချိုင်ရဲ့ အချစ်ဟောင်းနဲ့ အချစ်သစ်က အတူတူရှိသွားမှာ။ ကျွတ် ကျွတ် ကျွတ် ။ မြန်မြန်လေး ဖြစ်လာပါစေ”


ပိုင်ချိုင်၏ နှလုံးသားဟာ အလွန်နွမ်းနယ်လေပြီ ဖြစ်သည်။ သူတို့သည် gameပွဲတစ်ခုထဲကို ကစားထားသော်လည်း gameတစ်ပွဲတည်းသာ ကစားထားသောသူကမူ အနားယူချင်လာသည်။ 


သို့ရာတွင် နောက်ပိုင်းဆက်ဖြစ်သည့် ကိစ္စက သူ့ကိုပို၍ပင် ပြိုလဲကျ စေသည်။ 


သူတို့အသင်း၏ interfaceတွင် စာတစ်ကြောင်းပါလာသည်။ 


FTW.Closeက ဝင်ရောက်ရန်တောင်းဆိုနေခြင်းဖြစ်သည်။ 


ပိုက်ချိုင်”ဘာလဲ”


Commentများက မိုးထိုးတက်သွားသည်။ 


“ဘုရားရေ ငါ့ရဲ့နတ်ဘုရား အား နတ်ဘုရားလုက ရှောင်နင်နင်ကို လွင့်ပစ်လိုက်ပြီး ငါတို့ချိုင်ကောဆီက နှစ်သိမ့်မှုကို လာတောင်းတယ်”


“လုပိုင် ငါပါ အစစ်အမှန်ပဲ။ တကယ့်တကယ်ကို စစ်မှန်နေတာ”


“ငါငိုနေပြီ။ ငါငိုနေပြီ။။ဒီမိန်းမပျိုလေးရဲ့ နှလုံးသားက သကြားလုံးတွေအောက်မှာ မြှုပ်သွားပြီ”


ပိုင်ချိုင်က ဘယ်လိုငြင်းရဲမှာလဲ။ 


ထိုသို့ဖြင့် သူသည် လက်ခံသည်ဟူသော ခလုပ်ကို နှိပ်လိုက်ရသည်။ ထိုသို့ဖြင့် နှစ်ယောက်အသင်းမီ သုံးယောက်အသင်း ဖြစ်သွားသည်။ 


ပိုက်ချိုင်၏ profile imageသည် ဖယောင်းတိုင်ပုံ ဖြစ်သည်။ သူထိုပုံကို အသုံးပြုသည်မှာ အခြားတစ်ဖက်ခြမ်းကို ဖယောင်းတိုင် ထွန်းပေးချင်ခြင်းဖြစ်သည်။ သို့သော် ရုတ်တရက် သူသည် ကိုယ်တိုင်အတွက် ဖယောင်းတိုင် ထွန်းလိုက်ရသည်။ 


သေချာပေါက်ကိုပဲ ကိစ္စတွေက အမြဲတမ်း တစ်ပတ်လည်နေတာ။ 


FTW.Close “ငါ့ကို အခန်းဆရာသခင် လုပ်လိုက်”


ပိုင်ချိုင် “ဟုတ်ကဲ့ ဟုတ်ကဲ့”


ခိုအခိုက်အတန့် commentများက အော်ဟစ်မှုများနှင့် ပြည့်နှက်နေသေးသည်။ သူတို့သည် အားနှစ်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် စိတ်လှုပ်ရှားနေကြသည်။ 


ထို့နောက် တစ်စက္ကန့်တွင်


Commentတွင် question mark များ ပြည့်နှက်သွားသည်။ 


“??????????”


နတ်ဘုရားလုသည် အခန်းဆရာသခင် ဖြစ်သွားပြီးနောက်တွင် ပထမဦးဆုံး လုပ်သည်မှာ သူတို့၏ ချိုင်ကောကို အခန်းထဲမှ ကန်ထုတ်ခြင်းဖြစ်သည်။ လုဖုန်းနှင့် ဝေ့ရှောင်းတို့သည် streaming လုပ်‌ေနကြခြင်း မဟုတ်ချေ။ ထို့ကြောင့် နောက်ပိုင်းဖြစ်သည့် ကိစ္စများကို ဘယ်သူကမှ မသိနိုင်တော့ချေ။ 


ကန်ထုတ်ခံလိုက်ရသော ပိုင်ချိုင်”...”


မမေးနဲ့ သူသေသွားပြီ။

++++++