အပိုင်း(16)ဝေ့ရှောင်း နမ်းငါ့ကိုနမ်း ငါမင်းကိုချစ်တယ်။
ပိုင်ချိုင်သည် အထောက်ပံ့ဖြစ်သည်။ သူ၏ အရှက်မဲ့မှုများကြောင့် သူသည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်း ထိုမျှအထိ ကျော်ကြားမှုကိုရရှိခဲ့ခြင်းဖြစ်သည်။ Professoinal ကစားသမားများအားလုံးသည် အလားတူဖြစ်သည်။ အခြားသောနေရာမှ လူများသည် ကောင်းကင်ပေါ်တက်မတက် ကြွားဝါပြနိုင်သော်လည်း အထောက်ပံ့ကစားသမားများအတွက်မူ အရေးကြီးသောကိစ္စသည် တည်ငြိမ်မှုဖြစ်ပြီး အံ့အားသွင့်ဖွယ်ကောင်းသော ကစားဟန်ဖြင့် ဖောက်ထုတ်မှုအားကို ပြနိုင်ခြင်းမဟုတ်ချေ။ ချိုင်ကောသည် အလွန်တည်ငြိမ်သည်။ သူသည် မဟာမိစ္ဆာဘုရင်၏ ပလ္လင်တွင် ဧကရီထိုင်ခုံကို အလွန်တည်ငြိမ်စွာ ထိုင်နေခဲ့ပြီး ညီမငယ် ပရိတ်သတ်များ၏ စိတ်ကူးယဥ်မှုကို အကန့်သက်မဲ့အောင် တိုးမြင့်လျက် ဒီနေ့ဒီအချိန် လက်ရှိပိုင်ဆိုင်ထားသည့် ကျော်ကြားမှုကိုရရှိနိုင်သည်အထိ တိုးတင်လာခဲ့ခြင်းဖြစ်သည်။
ယခုအခါ...
ချိုင်ကောသည် အနောက်ဆောင်မီးလောင်သည်ဆိုသော ဝေါဟာရကို သေချာနားလည်လိုက်ရသည်။
“ချိုင်ချိုင် မင်းရဲ့ ကုံး(seme)က မင်းရဲ့အချစ်သစ်နဲ့ ထွက်ပြေးသွားပြီ”
“မဟာမိစ္ဆာ ဘုရင်ကြီးက ဧကရီကို ကန်ထုတ်ပြီး သူ့ရဲ့အချစ်ပြိုင်ဘက်ကို သိမ်းယူလိုက်တာပဲ”
“ဒီအသိုင်းဝိုင်းဟာ တကယ်ကိုရှုပ်ထွေးနေတာပဲ ငါတောင်မှ အမှီလိုက်ဖို့ ဦးနှောက်အင်အား မလုံလောက်တော့ဘူး”
ပိုင်ချိုင်သည် ဆက်တိုက်ဆိုသလို ထိုးတက်လာသော comment များကို ရိုးရှင်းစွာသာပိတ်လိုက်ပြီး သေချင်ဟန်ဆောင်နေလိုက်သည်။
နင်ကျယ်ဟန်သည် သူ့အားအသင်း requestပို့လာသည်။ ပိုင်ချိုင်က လက်ခံလိုက်၏။
ရှောင်နင်:”ချိုင်ကော”
ပိုင်ချိုင်:”အင်း”
“ဖုန်းကောက လုပ်စရာတစ်ခုရှိလို့ ကောနဲ့အရင်နှစ်ယောက်အတူဝင်တိုးခိုင်းလိုက်တယ်”
“ကောင်းပြီလေ”
ပိုက်ချိုင်သည် commentများကို ကြည့်ရန်မလိုအပ်ပေ။ သူတို့၏ စကားများကို နားလည်နိုင်သည်။
“ဒါက အသင်းထဲကနေ မျက်နှာသာပေးမှု ပျောက်ဆုံးသွားတဲ့ အသင်းဖော်နှစ်ယောက်လား”
“လူလေးယောက် ကြားက ပုံပြင်တစ်ပုဒ်ပဲ။ ငါတို့ cpမှားပြီးများ ထောက်ခံအားပေးနေမိတာလား”
ပို၍ အကျိုးကြောင်းသင့်သော comment တစ်ခုပင်ပါသေးသည်။
“နတ်ဘုရားလုက ဒီjunglerဘုရင်ကို လက်မှတ်ထိုးချင်တာတော့ မဟုတ်ပါဘူးနော်။ ဟုတ်တယ်မလား”
“ဟူး သောက်ကျိုးနည်း ဖြစ်နိုင်တာလား”
“ဒီ Jingler ဘုရင်က တကယ်ပဲ ဘယ်နေရာကနေ ရောက်လာတာလဲ”
“weiboက တစ်ယောက်ကတော့ တူးစွနေပြီ။ ဒီမီးအိမ် မဟာဆရာသခင် တစ်ပါးဆိုတာက သောက်ကျိုးနည်းတော်တာတဲ့”
နှမြောစရာကောင်းသည်မှာ ပိုင်ချိုင်သည် commentများကို ပိတ်ထားသည်။ သို့မဟုတ်လျှင်သူသည် တိုက်ရိုက်ထုတ်လွှင့်မှုကို စောစောရပ်ပြီး weibo သို့သွားကာ အများအမြင်ကို လမ်းကြောင်းပေးလိမ့်မည်။
ကံဆိုးသည် မှာ သူသည် တိုက်ရိုက် ထုတ်လွှင့် မှုကိုအချိန်အကြာကြီး လွှင့်မိသွားသည် ။ သူက ပြီးဆုံးသွားသည့်အချိန်တွင် မီးအိမ် မဟာဆရာသခင်ဆိုသော အကြောင်းရာက ရှာဖွေမှု အများဆုံးစာရင်းတွင်းရောက်ရှိနေလေပြီ။
ဒါသည် နောက်ပိုင်းဖြစ်မည့်ကိစ္စ ဖြစ်ပြီး လက်ရှိအခါတွင်မူ ဝေ့ရှောင်းရှောင်းက အလွန်မင်းကောင်းမွန် ယုံကြည်စွာ နှင့်ဖိအားများလေသည်။
ဝေ့ရှောင်းသည် သူ၏ ၁၉ နှစ်သား ရှင်သန်ခဲ့သော ကာလအတွင်း မည်သူ့ကိုမှ မကြောက်ဖူးသော လူမျိုးဖြစ်သည်။
သူကလေး ဘဝက ကျောင်းခြံဝန်းအတွင်း အနှံ့ကစားရင်း ပြိုင်ဘက်ကင်းခဲ့လေသည်။ အရွယ်ရောက်လာသောအခါ ကျောင်းလူမိုက်နှင့် လေ့လာရေး လူမိုက်တစ်ယောက်ဖြစ်လာနိုင်သည်။ နောက်ပိုင်းတွင် သူသည် game ကစားမှုကို စွဲလန်း လာခဲ့သည်။ သို့သော် နတ်ဘုရားများနှင့်တွေ့ကြုံသောအခါ နတ်ဘုရားများကို သတ်နိုင်ပြီး၊ ဗုဒ္ဓနှင့် တွေ့ကြုံသောအခါ ဗုဒ္ဗ ကိုပင်သတ်နိုင်လာသည်။
သူသည် လု့ဖုန်းဟု ခေါ်သော သံမဏိပြားကို ကိုင်မိသည်အထိ ထိုသို့ဆက်ဖြစ်နေခဲ့၏။ သူသည် ၄၈ နာရီဆက်တိုက်ရှုံးပြီးနောက် ဝေ့ရှောင်းသည် မကြောက်လန့်သွာခဲ့ချေ။ ထို့အစား တိုက်ခိုက်လိုစိတ်အပြည့်ရှိလာလေပြီး တစ်ဖက်သူ ကိုအနိုင်ယူရန် အိပ်မက်ပင်မက်လာသည်။ သို့သော်သူသည် ထွက်ပြေးသွားခဲ့ရသည်။
ထိုအချိန်က လုဖုန်းသည် သူ့အတွက် မျှော်လင့်စောင့်စားမှု အပြည့်၊ မျှော်လင့်ချက်အပြည့် ဖြင့်ရှိနေခဲ့သော်လည်း သူကမူ ထွက်သွားခဲ့သည်။
16 02
သူသည် လု့ဖုန်းကိုကြောက်သည်ဟု ပြောလျှင်မလွန်ပေ။ ကြောက်သည်ထက် အပြစ်မကင်းစိတ်နီင့် ကိုယ့်ကိုယ် အပြစ်တင်စိတ်က ပိုများသည်ဟု ဆို၍ရသည်။
သူ၏ လက်ရှိအခြေနေကို အချက်လက်ကျကျ ဖော်ပြရမည်ဆိုလျှင်သူသည် sex လုပ်ပြီးနောက် သူ၏ ex ကောင်မလေးကို ထားရစ်လျက် ထွက်ပြေးသွားခဲ့သော အမှိုက်ကောင် နှင့်ကောင်မလေးတို့ အကြား၏ ပြန်လည်တွေ့ဆုံခန်းနှင့် ပင်တူသည်။ ဝေ့ရှောင်းက အမှိုက်ကောင်ဖြစ်သည်။ လု့ဖုန်းက သူ၏ ex ကောင်မလေးဖြစ်သည်။
“ ဖာခ့်”
ဝေ့ရှောင်းက မိုးကြိုးအပြစ်ခံရသလို ခံစားလိုက်ရသည်။ သူ၏ အပြင်ပန်းက မဲတူးနေပြီး အတွင်းပိုင်းက ကြွပ်ယွသွားသည်။
“ ငါပြောတာကြားလား”
လု့ဖုန်းက voice channel ကိုဖွင့်လိုက်သည်။
ဝေ့ရှောင်း : “!”
နှစ်နှစ် နီးပါးကြာသွားခဲ့သော်လည်း သူသည် လု့ဖုန်း၏ အသံနှင့် စိမ်းကားမနေချေ။ မည်သို့ပင်ဆိုစေ သူသည် FTW ၏ ပြိုင်ပွဲတိုင်းကို တောက်လျောက်ကြည့်ခဲ့ပြီး လု့ဖုန်း interview တိုင်းကိုနားထောင်ခဲ့သည်။ သူသည် တစ်ဖက်သူ၏ studio တိုက်ရိုက်ထုတ်လွှင့်မှုတွင်ပင် ဆောင့်ကြောင့်ထိုင်စောင့်လေ့ရှိပြီး လက်ဆောင်အချို့ပင် ပေးတတ်သေး၏။ လု့ဖုန်းက စကားပြောခဲသော်လည်း သူ၏ အသံကို ကြားနေရသေးသည်။
“ ငါကြားရတယ်”
ဝေ့ရှောင်း က စကား ပြောသောအခါ အလွန်သတိထားနေသည်။ လု့ဖုန်းကလည်း မလိုလားအပ်သော စကားများကို ပြောမနေပေ။
“ ဒါဆိုရင်လည်း စမယ်။”
သူသည် အမည် မသိ mode ဖြင့် game ပွဲကိုစတင်ရန်ရွေးချယ်လိုက်သည်။
ဝေ့ရှောင်း “ ကောင်းပြီလေ”
Interface သည် ကစားသမားများကို စတင်ကာ ရှာနေသည်။ စကားလုံးများဖြင့် ပေါက်ကွဲမတတ် တက်ကြွတတ်သော ဝေ့ရှောင်း သည် ယခုအခါမူ ခွေးရူးတစ်ကောင်လို အလွန်နာခံနေသည်။
ဒါပေါ့ ဒါက သူ့ရဲ့ခေါင်းထဲက အရူးမုန်တိုင်းကို တော့ သက်ရောက်မှု မရှိစေဘူးပေါ့။
ဒါကဘာကို ဆိုလိုတာလဲ။ Close က ဘာကိုဆိုလိုတာလဲ။
ပိုင်ချိုင် ကိုမောင်းထုတ်ပြီး သူနှင့်အတူ နှစ်ယောက်တည်း လာတိုးတယ်။ ဒါက သူဒုက္ခရောက်တာလား။ သူဒုက္ခရောက်တော့မှာလား။ ဒုက္ခရောက်နေတာလား။
လု့ဖုန်းသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ကိစ္စကို သာအမှန်တကယ်မေးလာခဲ့သော်…
လု့ဖုန်းက သာ ကြည့်ချင်တယ်ဆိုရင်သူ new oriental က diploma ကို ဘယ်နေရာကနေသွားယူရမှာလဲ။
စားဖိုမှူး ဖြစ်ဖြစ် မဖြစ်ဖြစ် ဝေ့ရှောင်းမှာသာ ဒီလိုအိပ်မက်မျိုးရှိရင် နေ့တိုင်း ပေါင်မုန့်ကိုပဲ ဝါးစားနေခဲ့မှာ မဟုတ်ဘူး။
သူတို့၏ အဆင့်ကမြင့်မားလာလေလေ အခြားသော ကစားသမားနှင့် match လုပ်ရန် ခက်ခဲလေလေဖြစ်သည်။
ပိုင်ချိုင်ကို သယ်ရန်အလို့ငှာ ဝေ့ရှောင်းသည် သူ၏ အဆင့် ၅၀၀အထိရောက်ရှိနေသော Alt account ကို သုံးထားသည်။ သို့သော် လု့ဖုန်း၏ မြင့်မားလွန်းသော အဆင့်ကိုမတားနိုင်သေးချေ။ သာမန် အားဖြင့်ဆိုရသော် ဒီ matching time သည်အလွန်နှေးနေပေလိမ့်မည်။ တစ်မိနစ် နှစ်မိနစ် သုံးမိနစ်…
သုံးမိနစ်ခန့်တိတ်ဆိတ်နေပြီးနောက် ဝေ့ရှောင်းက ဆက်လက်ပြီး သည်းမခံနိုင်တော့ချေ။
ဝေ့ရှောင်း “ ဒီတော့ …”
“ so… “
လု့ဖုန်း “ solo မဟုတ်ဘူး”
ဝေ့ရှောင်း “…”
သူပြောမှာကို ဘယ်လိုသိနေတာလဲ။
လု့ဖုန်း “ ငါတို့ 5 Vs 5 ဘယ်တော့မှ အတူမကစားဖူးဘူးနော်။ ဟုတ်လား”
ဝေ့ရှောင်း က ရပ်တန့်သွားသည်။
“ မကစားဖူးဘူး”
ပြောရရင် သူတို့ ကစားခဲ့ဖူးတယ်။
16 03
လု့ဖုန်း၏ တိုက်ရိုက်ထုတ်လွှင့်မူ studio က ပရိတ်သတ်များထံမှ မဲနှိုက်ပြီး 5 Vs 5 game ပွဲများ အတူကစားရန် ပွဲတစ်ခုစီစဥ်ဖူးသည်။ ဝေ့ရှောင်းသည် လည်း ကံကောင်းပြီးမဲပေါက်သွား၏ ထိုသို့ဖြင့်သူ သည် ညီမငယ်လေးတစ်ယောက်လို အသံပြောင်းရင်း လု့ဖုန်း၏ အထောက်ပံ့လုပ်ခဲ့သည်။
လု့ဖုန်း “ ငါတို့ ကစားဖူးတာလား”
ဝေ့ရှောင်း “ !”
ဒီလူက သူ့ရဲ့နှလုံးသားထဲမှာ အလိမ်ဖော်စက် တပ်ထားတာဖြစ်ရမယ်။ ဘယ်လောက် ထိ အာရုံစူးရှနေတာလဲ။
“ မဟုတ်တာ”
ဝေ့ရှောင်းသည်လည်း ဦးနှောက်ကို ပျက်စီးစေမည့် အနက်ရောင်သမိုင်း ကိုမထုတ်ဖော်ချင်ပေ။ ထို့ကြောင့် သူသည် စတင်ပြီးပေါက်ကရ စကားများကို ပြောသည်။
“ ငါတို့ကသာ နှစ်ယောက်အတူ double ဝင်တိုး မယ်ဆိုရင် အခြားတစ်ဖက်ခြမ်းက သလင်းဓါးက ကိုယ့်ကိုဖောက်ထုတ်ရင် အဆုံးသတ်သွား မှာ မဟုတ်ဘူးလား”
လု့ဖုန်း “ ဖြစ်ချင်မှ ဖြစ်မှာ”
ဝေ့ရှောင်း ၏ တိုက်ခိုက်လိုစိတ်က မြင့်တက်လာသည်။
“ 100% ပဲ။ သူတို့က သာကိုယ့်ကိုယ် ပိတ်လှောင်သွားတဲ့အထိ ငါသူတို့ကို မထုရိုက်နိုင်ဘူးဆိုရင် ငါ…”
သူသည် အရင်းနှီး လုပ်လိုစိတ်အပြည့်နှင့် ပြောရန်ပြင်ပြီးကာမှ ပါးစပ်ကို ပြန်ပိတ်လိုက်ရသည်။
ယခုလေးတင် သူတို့သည် အခြားသော ကစားသမားများနှင့် match ဖြစ်ပြီး game ပွဲထဲသို့ဝင်လာကြောင်းမြင်လိုက်ရသည်။
အန္တရာယ် များတယ်။ အန္တရာယ် များတယ်။
ဝေ့ရှောင်းသည် စကားလျှော့ပြောရန် ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။ သည်နည်းအားဖြင့် ပြဿနာလျော့နိုင်၏။ သူကသာ စကားမပြောလျင်လည်း ပြသနာတက်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ပါးစပ်ပိတ်ထားသင့်သည်။
လု့ဖုန်းက သူ၏ စကားလုံးများနောက်သို့ မလိုက်လာပဲ မေးရုံသာမေးသည်။
“ မင်းဘယ်နေရာကနေ ကစားမှာလဲ”
Glory တွင် နေရာ ၅ ခုရှိသည်။ Top lane၊ Middle lane၊ Jungler၊ Bottom lane နှင့်အထောက်ပံ့တို့ဖြစ်သည်။
ဝေ့ရှောင်း သည် jungler နေရာတွင် အတော်ဆုံးဖြစ်သည်။ သို့သော် လု့ဖုန်းကမူ တရုတ်ပြည်တွင် နံပါတ် ၁ jungler ဖြစ်သည်။ သူတို့နှစ်ယောက် လုံးသည် တူညီသောနေရာတွင် ကစားကြသည်။
ဝေ့ရှောင်း “ ငါဘာမဆိုရတယ်”
ထိုသို့ပြောလိုက်ပြီးနောက် သူသည် ရုတ်တရက် သူ၏ ပါးစပ်ကို ထပ်ပြီး မထိန်းနိုင်ပြန်ကြောင်း နားလည်လိုက်သဖြင့် ပြောင်းပြောလိုက်သည်။
“ ငါဆိုလိုတာက ငါ ဘာနှင့်မဆို အဆင်ပြေတယ်လို့ပါ”
လု့ဖုန်း က အသာရယ်သည်။
“ မင်းဘာမဆိုလုပ်နိုင်မှန်း ငါသိတယ်”
ဝေ့ရှောင်း “…”
ကိုယ်တိုင်က အရာအားလုံးလုပ်နိုင်ကြောင်း ပြောခြင်းက တစ်ကဏ္ဍဖြစ်ပြီးတစ်လောကလုံးက အင်အားကြီးကြောင်း အသိမှတ်ပြုခြင်း က တစ်ကဏ္ဍဖြစ်သည်။
ဘာလို့ သူ့ရဲ့ ဒီလောက်ထူတဲ့ အရေပြားကတောင် ပူလာသလို ခံစားလာရတာလဲ။
“ ပြောရမယ်ဆိုရင် ငါက အားလုံးတော့ တော်တာ မဟုတ်ပါဘူး”
“ ဒီအတိုင်း ငါက hero ၁၁ ခုနင့် talent specs ၁၃၀ ကိုပဲ ကျွမ်းကျင်ရုံပါပဲ”
“ ၁၃၀ ဟုတ်လား။ ၁၄၀ပါ ဖာခ့်”
ဝေ့ရှောင်းက နောက်ဆုံးတွင် သတိထားမိသွားသည်။ Glory တွင် talent specs ၁၄၀ ရှိသည်။ သို့သော် လွန်ခဲ့သော နှစ်နှစ်ခန့်က ၁၃၀ သာရှိသည်။ လု့ဖုန်း၏ စကားလုံးများက ဝေ့ရှောင်း ၏ လွန်ခဲ့သော နှစ်နှစ်ခန့်မှ အမှိုက်လို စကား ကို ပြန်ထပ်ပြောနေခြင်းဖြစ်သည်။
သူမှတ်မိနေသေးတယ်။
16 04
ဝေ့ရှောင်းသည်လည်း Close ဟာ သူထင်ထားသည်ထက် သူ၏ နှလုံးသားအတွင်း ဒေါသပိုများလောက်ကြောင်း ခံစားလိုက်ရသည်။
“ ဒါဆိုရင်လည်း မင်း Jungler လုပ်လိုက်”
လု့ဖုန်းက ပြောသည်။
ဝေ့ရှောင်းက သူ၏ ပါးစပ်ကို သူထိန်းချုပ်ချင်သွားသည်။
“ မဟုတ်တာ။ ငါ Jungler ကစားရင် နိုင်ဖို့ တအားလွယ်တယ်”
လု့ဖုန်း “ ဒါဆိုရင် ငါကစားရင်ရော”
ဝေ့ရှောင်းက သည်းသွားသည်။
ကောင်းပြီလေ။ မင်း Jungler ကစားရင်လည်း နိုင်ဖို့ လွယ်ရုံတင်မဟုတ်ဘူး။ အခြာတစ်ဖက်ခြမ်းက game ရဲ့အတွေ့ကြုံတွေ ရမှာမဟုတ်ဘူး။
ဝေ့ရှောင်းက ခပ်တိုးတိုး ရေရွတ်နေရင်း သူခိုးကို လုလိုက်သည်။
“ ဒါကြောင့် ငါပြောတာလေ။ ဘာလို့ အဆင့်တက်မှာလဲ။ solo က ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်”
လု့ဖုန်း က မည်သည့်စကားမှ မဆိုပဲ ဖုတ်ကောင် စစ်သည်တော်ကိုယူလိုက်သည်။
ဝေ့ရှောင်းသည် မအံသြချေ။ လု့ဖုန်းသည် ဘာမဆိုလုပ်နိုင်သော်လည်း သူ့တွင် အနည်းငယ်နူးညံ့သည့် hero များလည်းရှိသေးသည်။
Remote poke hero များနှင့်ယှဥ်သော် လု့ဖုန်းသည် အဓိက တိုက်ခိုက်သည့် လုပ်ကြံသတ်ဖြတ်သော hero များတွင် ပိုတော်သည်။
သူသည် လုပ်ကြံသတ်ဖြတ်သူ hero အမျိုးစားတွင် အတော်ဆုံးဖြစ်သည်။ ထိုနောက် စစ်သည်တော်များက ကပ်လိုက်သည်။ ဒါပေါ့ သူက ထိပ်တိုက်
နပန်းလုံး နိုင်တဲ့ မှော်ဆရာ တွေမှာ လည်းတော်တာပဲ။ ရေတို အကွာဝေးကို ပစ်ခတ်နိုင်တဲ့ မုဆိုးတွေဆိုလည်း ရတာပဲ။
Game ပွဲစတင်သောအခါ ဝေ့ရှောင်းက အနည်းငယ် စိတ်လွှတ်နေသည်။
သူသည် team game ကိုအထင်သေးခြင်းမဟုတ်ချေ။ ပြောရမည်ဆိုလျှင် သူသည် 5 Vs 5 ကို အမှန်တကယ်ချစ်သည်။ အသင်းကိုဦးဆောင်လျက် အနိုင်ရ အောင်လုပ်ရခြင်းက အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး သူသည်လည်း အမှန်တကယ်သဘောကျသည်။ ထို့ကြောင့် သာမဟုတ်လျှင် သူသည် မည်သည့်လေ့ကျင့်ရေးစခန်းတွင် လူငယ် လေ့ကျင့်ရေးအသင်းကို ဦးဆောင်လျှက် နေရာတိုင်းတွင် လိုက်လံ တိုက်ခိုက်ခဲ့မည်မဟုတ်ပေ။ သူည် ဒီအတိုင်း လု့ဖုန်းအား 5 Vs 5 တောင်ကြားက လု့ဖုန်းကိုကန့်သတ်ထားသလို ခံစားရတယ်။
ကောင်းကင်ဘုံရောက်သည်အထိ ကစားနိုင်သော အမျိုးသားတစ်ယောက် အနေနှင့် ယခုလို ကျဥ်းမြောင်းသော လှောင်အိမ်အတွင်း အပိတ်ခံထားရခြင်းက ဖိအားပေးလွန်းရာရောက်သည်။ မြင်ရုံနှင့် လူအများကို ဒေါသထွက်နိုင်လောက်သည်။
လု့ဖုန်းသည် အလွန်အင်အားကြီးသည်။ သူ၏ အသင်းဖော်များက အမှီမလိုက်နိုင်ပေ။
ပြည်တွင်းgame ပွဲများတွင် ထင်ရှားအောင်မသိသာပေ။ သို့သော် Grand final သို့တက်သွားပြီး ပို၍ အင်အားကြီးများသော ပြိုင်ဘက်များက နေရာနှံ့ရောက်ရှိလာရုံနှင့် FTW ၏ အားနည်းချက်က အလွန်မင်းရှင်းလင်းလာတတ်သည်။
လု့ဖုန်းသည်လည်း သူ၏ အသင်းဖော်များကိုထောက်ပံ့ကူညီပေးရသည်။ သို့ကြောင့် ပြိုင်ဘက်များကို ယှဥ်ပြိုင်နိုင်ရန် နည်းလမ်းမရှိချေ။
လု့ဖုန်းက ရှုံးသွားခဲ့လျှင် တစ်သင်းလုံး က ပူးပေါင်းဆောင်ရွက်မှု လျှော့သွားနိုင်ပြန်ပြီး FTW ၏ လုပ်တောင်မှုက ပို၍ ဆိုးသွားပေလိမ့်မည်။
Hater များသည် လု့ဖုန်းအား ထိုအချက်ကို မကြာခဏဆိုသလို စွပ်စွဲအကဲဖြတ်လေ့ရှိသည်။ တစ်နည်းအားဖြင့်သူသည် အသင်း၏ cancer ဟု ပြော၏။ လေးတောင့်တွင်း အတွင်းရှိ လုံးဝိုင်းသော အမှတ်သား နေရာတွင် နံပါတ်တစ်ရရှိနေခြင်းဟုသာ ပြောကြ၏။ သူတို့သည် သူ့အား အသင်းပြိုင်ပွဲများ ကို ခပ်မြန်မြန် လက်လျှော့ရန်ပြောတတ်ကြပြီး FTW ကိုရှုံးထွက် ထွက်စေလိုသည်။
ဝေ့ရှောင်းသည်လည်း ထိုကဲ့သို့သောအကြောင်းရာမျိုးကို မြင်ချိန်တိုင်းတွင် အလွန်ဒေါသထွက်ရသည်။ သူသည်လည်း စာကြောင်းပေါင်းများစွာ ဆက်တိုက်ပို့ပြီး တိုက်ခိုက်တတ်၏။ သည်နည်းအားဖြင့် Haterများကို နှာခေါင်းများ ပြာနှမ်းလျက် မျက်နှာများယောင်ကိုင်းစေလျက် ချန်ထားရစ်တတ်သည်။ သို့သော်လည်း သူတို့သည် အံကိုကျိတ်ရင်း လက်လွှတ်ရန်ငြင်းဆန် နေသေးပြန်သည်။
Closeတွင်လည်း ထိုကဲ့သို့သောစွမ်းအင်မျိုးရှိလျှင် အသင်းကို championship ရအောင်ယူဆောင် လာသင့်ကြောင်း ဆက်၍ ပြောကြသည်။
Individual championship ဆိုတာက ဘာလဲ။ အရူး fans တွေကပဲ သူ့ကိုကောင်းကင်အထိ ရောက်အောင် အမွှန်းတင်နေကြမှာ။
16 05
Close ထံမှ individual championship သာမရှိလျင် တရုတ်ပြည်ပြိုင်ပွဲရေး ဇုန်သည် အောက်ခံဘောင်းဘီပင် ဆုံးရှုံးရလောက်သည် အထိအဖြစ်ဆုံရှုံးသွားးလောက်သည်။
ထိုအကြောင်းရာကိုတွေးမိသော သူသည် ပြန်လည်ပြီးဒေါသ ထွက်သွားပြန်သည်။ ဝေ့ရှောင်း ၏ အစပိုင်း မှတိုက်ကွက်များ က ပို၍သာကြမ်းတမ်းလာသည်။
အခြားတစ်ဖက်ခြမ်းရှိ အမြှောက်တပ်သားသည် သတိလက်လွတ်ဖြစ်သွားပြီး နှစ်ကြိမ်နီးပါးခန့် အသတ်ခံရကာ စိတ်လွတ်မတတ်ဖြစ်သွားသည်။
မဟုတ်တာ။ ဒီjunglerက ဘာဖြစ်တာလဲ။ ဒီလောင်ဇီက Close နဲ့တောင်ယှဥ်နိုင်တာလား။ သူတို့သည် အမည်မသိ mood ကိုရွေးချယ်ထားသောကြောင့် အတူဝင်တိုးသော ကစားသမားများကပင် ပြိုင်ဘက်များ၏ Id ကိုမမြင်နိုင်ချေ။ ထို့အစား code name ကိုသာမြင်ရသည်။
မင်းကတကယ်ကို Close နဲ့ယှဥ်နိုင်တယ်။ မင်းက Close နဲ့တော့ အတူ match နေတာပဲ။ ဒါပေမဲ့ သူက ဖုန်ကောင် စစ်သည်တော်သုံးနေတာ။ ဝေ့ရှောင်းက public channel တွင် စာရိုက်လိုက်သည်။
“လိမ်မာ။ daddy က မင်းတို့အားလုံးကိုချစ်တယ်”
တစ်ခြားတစ်ဖက်ခြမ်းက အမြှောက်တပ်သား “ … သေစမ်း။ မင်းစောင့်နေ”
နောက်ပိုင်းတွင် အမြှောက်တပ်သားသည် အမှန်တကယ် ဖွင့်ဖြိုးတိုးတက်လာခဲ့ပြီး Damage အချို့ကို ယူဆောင်လာနိုင်သည်။ သို့သော် ဝေ့ရှောင်းအနေဖြင့် အခြားတစ်ဖက်ခြမ်း ၏ အထောက်ပံ့ ကိုကျော်ဖြတ်သွားပြီး သူ့ကို ခုတ်ဖြတ်ချရန် အလွန်ခက်ခဲလာသည်။ သို့ရာတွင် …
“မင်းရဲ့ဘက် က ဖုတ်ကောင်စစ်သည်တော်က တစ်ဖက်အခြမ်းက အမြှောက်တပ်သားကို သတ်ဖြတ်လိုက်ပြီ…”
ဝေ့ရှောင်းသည် ဖောက်မဝင်နိုင်ချေ။ သို့သော် ဖုတ်ကောင်စစ်သည်တော်ကမူ တစ်ချိန်လုံးတိတ်ဆိတ် နေခဲ့ရာမှ တည်တည်ငြိမ်ငြိမ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး game ၏ ဒုတိယ တစ်ဝက်တွင် မတ်တပ်ထရပ်နိုင်လောက်အောင် မြင့်မားလာသည်။ ထိုသို့ဖြင့် မြေပုံကြီးတစ်ခုလုံး၏ အစစ်မှန်daddyကြီးဖြစ်လာသည်။
Killing spree Rampage Invisible Dominating… Legendary
စနစ်၏ ကြော်ငြာချက်အတန်းလိုက် ထွက်ပေါ်လာပြီးချိန်တွင် လု့ဖုန်းသည် သူ၏ ဖုတ်ကောင် စစ်သည်တော်ကိုအသုံးပြုလျှက် အခြားတစ်ဖက်ခြမ်း၏ ပြန်လည်ရှင်သန်ရေး သလင်းတုံးကို အဆုံးသတ်လိုက်သည်။
သူတို့က အသင်း၏ အခန်း interface ကိုပြန်ရောက်လာသောအခါ လု့ဖုန်းက ပြောသည်။
“ Top lane ကပျော်စရာပဲ”
ဝေ့ရှောင်း “…”
မင်းကပျော်နေတယ်။ ငါရဲ့ gameplay အတွေ့ကြုံကဘယ်မှာလဲ။
လု့ဖုန်းက စိတ်အခြေနေ အလွန်ကောင်းနေသည်။
“ ဆက်မလား”
ဝေ့ရှောင်းသည်လည်း game၏ ဒုတိယပိုင်းတွင် ဘာကိုမှ မလုပ်ခဲ့ရသည့်တိုင်အောင် သူသည်လည်း ကစားရပျော်ခဲ့သည်။
“ နိုင်ငံတကာ server ကိုသွားမလား”
ငါတို့ကစားမယ်ဆိုမှတော့ အကြီးကြီးချချင်တာပေါ့။
လု့ဖုန်း “ ကောင်းပြီလေ။ မင်း jungler ပဲ ကစား”
ဝေ့ရှောင်း “ ပြဿနာ မရှိဘူး”
ဝေ့ရှောင်းသည် အခန်းထဲမှ ထွက်ရန်ပြင်ချိန်တွင် လု့ဖုန်းက လှမ်းပြောသည်။
“ ငါ့ကို Wechat မှာ လာaddဦး”
ဝေ့ရှောင်၏ နှလုံးသားက ခုန်လှုပ်သွားသည်။
လု့ဖုန်းက အလွန်ပင် အကျိုးကြောင်းသင့်သည်။
“ ငါမင်းကို Wechat ကနေ အခန်းရဲ့ link ပို့လိုက်မယ်”
ဒါလည်းဟုတ်တာပဲ။ သူတို့က နိုင်ငံတကာ server မှာ friend တွေမဟုတ်ဘူးလေ။ တကယ်လို့ အတူဝင်တိုးချင်တယ်ဆိုရင် တစ်ယောက်အခန်း link ကနေ နောက်တစ်ယောက် ကို ဖိတ်ခေါ်မှပဲ ရမှာ။
ဝေ့ရှောင်းက တစ်ခဏခန့်ရပ်တန့်ပြီး နောက် သူ၏ Wechat ID account “Wh7758521” ကိုစာရိုက်ပို့လိုက်သည်။
16 06
(Wh7758521 က ဝေ့ရှောင်း နမ်း ငါ့ကိုနမ်း။ ငါမင်းကိုချစ်တယ် နှင့် အသံထွက်တူတယ်)
လု့ဖုန်းက တဖြည်းဖြည်း ခြင်းစီ ကျယ်ကျယ်ဖတ်သည်။
“ ဝေ့ရှောင်း နမ်းငါ့ကိုနမ်း။ ငါမင်းကိုချစ်တယ်။ ဟုတ်လား”
ဝေ့ရှောင်း “ ဖာ့ခ်”
အခန်းထဲမှ ထွက်ပြီးနောက် ဝေ့ရှောင်း၏ cell phone က ချက်ချင်းဆိုသလို friend အသစ် add လာကြောင်း noti တက်လာသည်။
Close ဆိုသော နာမည်ကိုမြင်သော အခါသူသည် မျက်လုံးကိုမှိတ်လိုက်ပြီး လက်ခံလိုက်သည်။
သူ professional ကစားဖို့က မဖြစ်နိုင်ဘူး။ ဒါပေမယ့် Close နဲ့ အတူဝင်တိုးတဲ့ game ပွဲတွေကို ကစားရတာက…
Close သည် သိပ်မကြာခင် အခန်း link ကိုပို့လာသည်။ ဝေ့ရှောင်းက click နှိပ်ဝင်လိုက်၏။ သူတို့ နှစ်ယောက် နိုင်ငံတကာ server သို့သွားကြသည်။ နိုင်ငံတကာ server သည် ပြည်တွင်း srver ထက်ပို၍ ပင် ကြမ်းတမ်းသည်။ အထူးသဖြင့် အဆင့်တက်ပွဲစဥ်များနှင့် ပတ်သတ်လာလျှင်ဖြစ်သည်။ ထိပ်ဆုံးအဆင့် အယောက် ၃၀၀ သည် professional ကစားသမားများ ဖြစ်လုနီးပါးဖြစ်နေသည်။
ထို့ကြောင့် သူတို့ ကျပန်းmatch များတွင်ပင် celebrity များနှင့်တွေ့နိုင်သည်။
လု့ဖုန်းသည်လည်း အမည်မသိ mood ကို ဆက်သုံးနေသေးသည်။ ဒီအချိန်တွင် သိပ်မကြာခင် game ပွဲအသစ်တစ်ခုကို လက်ခံရရှိလိုက်သည်။ ဝေ့ရှောင်း ကJungler ဖြစ်ပြီး လု့ဖုန်းကမူ Top lane တွင်ကစားသည်။
Position နေရာနှစ်ခုက အတူဝင်တိုးရန်အတွက် မသင့်တော်ပေ။ အကြောင်းမူကား game ရဲ့အစောပိုင်းတွင် ထိုနေရာနှစ်ခုအကြားရှိ ပူးပေါင်းမှုများက ထင်သလောက်မများနိုင်သော ကြောင့်ဖြစ်သည်။ Top lane နေရာသည် single lane ဟုအခေါ်ခံရသည်မှာ အထီးကျန်လွန်းသောကြောင့်ဖြစ်သည်။
အချိန်များစုတွင် jungler က middle lane သို့မဟုတ် bottom lane hero များထံသို့သာ သွားရောက် ကူညီပေးနေရသည်။ သူတို့ကသာ C position နေရာကို အဓိက ထိန်းထားနိုင်မည် ဆိုလျှင် game ၏ အပိုင်းအများစုတွင် နိုင် နိုင်ပေလိမ့်မည်။
Top laner ၏ တာဝန်က တဖက်ခြမ်းရှိ top laner နှင့် solo ရင်ဆိုင်ရခြင်းဖြစ်သည်။ သူတို့သည် ကိုယ့်အင်အားဖြင့်ကိုယ် သတ်နိုင်ရင် အကောင်းဆုံးဖြစ်သည်။ မသတ်နိုင်ခဲ့လျှင်မူ အသက်တစ်ခုကိုရှုံးသလောက် မရိုးရှင်းချေ။
သည်နည်းအားဖြင့် လု့ဖုန်းသည် Top lane အတွက် အလွန်သင့်တော်သည်။ အကြောင်းမူကား သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းရည်က အလွန် အင်အားကြီးမားလွန်းသည်။ ကမ္ဘာ့ လက်ရှိ အင်အားအကြီးဆုံး top lane Y နတ်ဘုရားကပင် လု့ဖုန်းနှင့် 1 vs 1 တိုက်ခိုက်မည်ဆိုလျှင် မည်သည့်အကျိုးမြတ်မှ မရရှိနိုင်ချေ။
နှမြောစရာကောင်းသည်မှာ လု့ဖုန်း သည် Top lane position ကို မရယူနိုင်ခဲ့ချေ။ အကြောင်းမူကား top laner များသည် game ကို အမိန့်ပေးရာတွင် မသင့်လျော်ချေ။ ထို့အပြင် game ပွဲအတွင်း အသင်း၏ ဟန်ချက်ကို လည်း ဦးဆောင်ရန် ခက်ခဲလွန်းနေသေးသည်။ ချန်းဖုန်းက ပြောသည့်အတိုင်း လု့ဖုန်းသည် FTW ၏ ပြိုင်ဘက် ကင်းအရေးကြီးဆုံးသော အမြူတေ ဖြစ်သည်။ သူကသာ top lane position ကိုသွင်းယူခဲ့ပါက FTW သည် ကျောရိုးပျောက်သွားသည်နှင့် တူပြီး ကစားပုံ ကဆင့်ကလျား ဖြစ်သွားပေလိမ့်မည်။
ဒါပေါ့ ကျပန်း match ပွဲတွေမှာတော့ ဒီလိုအခြေနေမျိုးကို စိုးရိမ်စရာမလိုဘူးလေ။
ဝေ့ရှောင်းက jungler ဖြစ်သည်။ လု့ဖုန်းက top lane သို့သွား၏။ သူတို့နှစ်ယောက်သည် သူတို့သွားလိုသော နေရာတိုင်းတွင် ရှိသမျှ အနှောက်ယှက်များကိုရှင်းလင်း သွားလိုက်ကြသည်။
သူတို့သည် ဆက်တိုက် ဆိုသလို အတူဝင်တိုးကြပြီး လေးနာရီဆက်တိုက် ကစားခဲ့ကြသည်။ ဝေ့ရှောင်းက လုံးဝ နစ်ဝင်သွားပြီး အခန်းသို့ပြန်ရောက်သည်နှင့် တိုက်တွန်းလေ့ရှိသည်။
“ နောက်တစ်ပွဲ နောက်တစ်ပွဲ”
သူတို့ သည် မတော်တဆ နောက်ဆုံး game ပွဲတွင် ရှုံးသွားသည်။ အကြောင်းမူကား သူတို့၏ အသင်းဖော်က နောက်ဆုံး အသင်းတိုက်ပွဲအတောအတွင်း ဖုန်းသွားဖြေ၍ ဖြစ်သည်။ ထို့ကြောင့် ဒီလို ၄ ယောက် ၅ယောက် ရင်ဆိုင်ရသည့် ခြေနေမျိုးတွင် နိုင်ရန်မဖြစ်နိုင်တော့ပေ။ ဝေ့ရှောင်းနှင့် လုဖုန်းကပင် သူတို့ရဲ့ အသင်းဖော်တစ်ယောက်က တိုက်ပွဲအစကတည်းက kill တခုကို အလကားပေးလိုက်သည့် အခိုက်တန့်မျိူးတွင် မကယ်ဆယ်နိုင်တော့ချေ။
လု့ဖုန်း “ အချိန်လည်း မစောတော့ဘူး။ ငါအရင်ထွက်တော့မယ်”
ဝေ့ရှောင်း “ မင်းက log out တော့မှာလား။ ဘယ်အချိန်ရှိသေးလို့လဲ…”
သူကအချိန်ကိုကြည့်လိုက်ပြီး မနက်တစ်နာရီပင် ထိုးနေကြောင်း အံအားသင့် စရာကောင်းလောက်အောင်တွေ့လိုက်ရသည်။
ဒီလောက်မြန်တာလား။ သူဘာမှတောင် မသိလိုက်ဘူး…
16 07
သူတို့ game နည်းနည်းလေးပဲ ကစားရသေးတာမဟုတ်ဘူးလား။
ဝေ့ရှောင်း၏ နှလုံးသားများက စိတ်ပျက်မှု အပြည့်နှင့်ဖြစ်သည်။ သို့သော်သူသည် မည်သည့်စကားကိုမှ အမှန်တကယ်ထုတ်မပြောနိုင်ချေ။ လု့ဖုန်း ကgame ထဲမှ ထွက်သွားသည်။ ဝေ့ရှောင်းက သူ့ဘာသာသည သူ တစ်ပွဲဝင်တိုးလိုက်သည်။ သို့သော် ပျော်ရွှင်မှုများ သိပ်မရှိတော့ချေ။
ဝေ့ရှောင်းက အပျင်းကြောဆန့်သည်။ ထို့နောက် cell phone က beep ခနဲ အသံကိုကြားလိုက်ရသည်။ သူက ကောက်ယူလိုက်သောအခါ Close ထံမှလာသော Wechat စာဖြစ်သည်။
“မင်း Jungler ကစားတာ အရမ်းတော်တယ်”
ဝေ့ရှောင်း၏ မျက်လုံးများက ဖွေးသွားပြီး အလားတူပြန်လည် ချီးကျူးလိုက်သည်။
“ မင်းရဲ့ top lane ကလည်း အရမ်းသန်မာတာပဲ”
Close “ မနက်ဖြန် အတူဝင်တိုးမလား”
ဝေ့ရှောင်း “ တိုးမယ်၊ တိုးမယ်”
Close “ မင်း jungler ပဲကစားသေးလား”
ဝေ့ရှောင်း “ ရတာပေါ့”
Close “ solo ချင်လား”
ဝေ့ရှောင်း ၏ နှလုံးသားသည် လည်မြိုတွင် တစ်လာသည်။
“ solo ချင်တာပေါ့”
Close “ မင်း FTW ဆီလာချင်လား”
ဝေ့ရှောင်း က ချောမွေ့စွာဖြေလိုက်သည်။
“ လာချင်တာပေါ့”
သို့သော် စက္ကန့် တစ်ဝက်ခန့်ကြာပြီးနောက်
“ ဖာခ့်”
++++++