Ch 17
Viewers 3k

အပိုင်း(၁၇)ဝေ့ရှောင်း:”အမျိုးသားတွေနဲ့ ပတ်သက်လာရင် ငါကအကောင်းဆုံး တစ်ယောက်ပဲ”


ယခင်က professional ကစားသမားတစ်ယောက် ဖြစ်ခဲ့ဖူးသော သူတစ်ယောက်အနေနှင့် ဝေ့ရှောင်း၏ လက်အရှိန်နှုန်းသည် ဦးနှောက်ထက်ပင် မြန်သေးသည်။ သူသည်စာကို မည်သည့်အချိန်ကပြန်လည် ဖျက်သိမ်းလိုက်ကြောင်းပင် မသိပေ။ သို့သော် စာကိုပြန်လည် ဖျက်သိမ်းပြီးသွားပြီဖြစ်သည်။ 


Close:”လိပ်စာ”


စာကိုပြန်ဖျက်သိမ်းလိုက်တာက ဘာများအသုံးဝင်လို့လဲ။ 


လက်ရှိ professional ကစားသမားဖြစ်သော လုဖုန်း၏ dynamite အမြင်အာရုံသည် လက်အရှိန်နှုန်းထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသေးသည်။ 


Close:”?”


ဝေ့ရှောင်းက မေးခွန်း‌သင်ကေတကို စိုက်ကြည့်လိုက်ပြီး သူ၏နှလုံးသားက ဗုံးအလားလှုပ်ခါလာသည်။ 


သူသည် ထိပ်လန့်လွန်းသဖြင့် husky ကို ဆွဲဖက်ပြီး သူ၏ ခက်ပွပွအမွှေးများကို ပွတ်သက်လိုက်သည်။ 


“ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ”


ပဲပိစပ်ကမူ ထိုအကြောင်းရာများကို နားမလည်နိုင်ပေ။ သူသည် သူ၏လက်သည်းလေးဖြင့် cell phoneလေးကို တစ်ချက်လှမ်းတို့ရင်း အဖေဖြစ်သူကို အာရုံများစေသည့် ထိုမကောင်းသောအရာကို ဘေးဖယ်လိုသည်။ တစ်နည်းအားဖြင့် သူ၏အဖေက သူနှင့်ကစားပေးပေလိမ့်မည်။ 


တိုက်တိုက်ဆိုင်ဆိုင်...


ကြီးမားနူးညံ့သော လက်ဖဝါးလေးက ဖန်သားပြင်ကို ဖြတ်ကနဲ့ပွတ်လိုက်သည့် အခိုက်တန့်တွင် emoticon တစ်ခုကို တိုင်တိုက်ဆိုင်ဆိုင်ပို့မိသွားသည်။ 


ဝေ့ရှောင်း၏ emoticon စုစည်းမှုများသည် သူ့နည်းတူဖြစ်သည်။ 


ကြွားဝါလွန်းခြင်းမရှိသော်လည်း မောက်မာထောင်လွှားပြီး ချဲ့ကားလွန်းသော emoticonများဖြစ်ကာ အရှက်မဲ့ဟန်ဆောင်ရန် သုံးနေကျ emoticonများ ဖြစ်သည်။ 


ထို့ကြောင့် ပဲပိစပ်လေးက မတော်တဆပို့လိုက်သော emoticonသည်ပင် အလားတူဖြစ်သည်။ 


ထို emoticonသည် အလွန်ကြီးသော pandaကြီးလို လူတစ်ယောက် emoticonဖြစ်သည်။ သူ၏ နှုတ်ခမ်းထောင်စွန်းများက အရိုင်းဆန်သော စွဲဆောင်မှု ပုံစံတစ်မျိုးနှင့် ကော့ညွှန့်ကော့တက်နေပြီး နီရဲရဲပါးနှစ်ဖက်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထို့အပြင်အောက်ဖက်တွင် ကြီးမားသော စာကြောင်းကြီးက ရှိနေသည်။ 


'အမျိုးသားတွေနဲ့ ပတ်သက်လာရင် ငါကပဲ အကောင်းဆုံးပဲ'


ထိုစာကြောင်း၏ အချက်တွင် သေးငယ်သော frontလေးဖြင့် ပို၍ ရန်စနိုင်သည့် စကားများကို ရေးသားထားသေးသည်။ 


“helloအားလုံးပဲ ငါကလူလိမ်ပါ။ ငါက အနမ်းတွေ လိုချင်တာ။ လှည့်စားခံဖို့ ဆန္ဒရှိတဲ့သူတွေ အလိမ်ခံရတာမျိုးကို သဘောကျတဲ့သူတွေ ကျေးဇူးပြုပြီး အနမ်းတစ်ခုကိုပေးလို့ ဘဝသင်ခန်းစာ တစ်ခုကို ဝယ်သွားပါ။ အခြားသူတွေက ပိုက်ဆံလိမ်နေတံ့အချိန်မှာ ငါကဘာလို့အနမ်းကို လိမ်လဲလို့ မမေးနဲ့နော်။ ဘာလို့လည်းဆိုတော့ ငါက လူရမ်းကားကြီးမလို့လေ'


ထိုတစ်စက္ကန့်တွင် 

ဝေ့ရှောင်းသည် သူ၏ဖြောင့်မတ်မှန်ကန်မှုများကို သယ်ဆောင်ရင်း လောကတစ်ခုလုံးကို ဖျက်ဆီးချင်သွားသည်။ 


စာကို မြန်မြန်ရုတ်သိမ်းလိုက် မြန်မြန်။ 


ဒါက ဘာအသုံးဝင်လို့လဲ။


သူယခင်ကပို့သော စကာတစ်လုံးတည်းကိုပင် မြင်သွားခဲ့သည်။ ယခုလောက်ကြီးသောexpiration packကြီး ဆိုလျှင်ပို၍ ဆိုးသည်။ 


Close က ‌ေနာက်ထပ်မေးခွန်း သင်္ကေတ တစ်ခုပို့လိုက်သည်။ 


ဝေ့ရှောင်းက သေချင်သွားသည်။ 


“ငါပြောရင် မင်းယုံမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့ရဲ့ခွေးက ဒီemojiကို ပို့လိုက်တာ”


Closeက တခဏခန့် တန့်သွားသည်။ 


“အနမ်းတစ်ခုပဲဟာ ခွေးအဖြစ်ဟန်ဆောင်ဖို့ လိုလို့လား”


ဝေ့ရှောင်း”...”


ယခုလေးတွင် အိပ်ယာထဲတွင် ဒူးထောက်နေသည့် ရှောင်းကောသည် ထိုအခိုက်တန့်အတွင်း သူ၏ဦးနှောက်အတွင်း စာတစ်ကြောင်းတည်းကိုသာ တွေးနိုင်တော့သည်...


သဘာဝ နိယာမ အရ အရာအားလုံးက စက်ကွင်းတစ်ပတ်လည်လိမ့်မယ်။ ကောင်းကင်ဘုံက ဘယ်သူ့ကိုမှ ညှာတာပေးမှာမဟုတ်ဘူး။ 


သူအတိတ်က ကျန်းဟူအတွင်း မြင်းဒုန်းဆိုင်းစီကာ မိုက်ရူးရဲဆန်သော ကိစ္စမျိုးကို လုပ်ခဲ့ချိန်က ပျော်ရွှင်ခဲ့လောက်သော် ယခုမူ သူ၏ ဦးနှောက်အတွင်း ရေများသာ ပြည့်နှပ်လာပြီ ဖြစ်သည်။ 


ဝေ့ရှောင်းက husky၏ ပုံကိုခပ်မြန်မြန်ပို့လိုက်သည်။ 


“ကြည့် ငါ့မှာခွေးရှိတယ်”

17 02

Close “အိုး”


ဝေ့ရှောင်း”သူက emoticonကို တကယ်ပို့လိုက်တာ”


Close “အင်း”


ဝေ့ရှောင်းသည် အဝါရောင်‌မြစ်ထဲသို့ ခုန်ချမည်ဆိုလျှင်ပင် ကိုယ့်ကိုသန့်ရှင်းအောင် ဆေးကြောနိုင်တော့မည်မဟုတ်ဟု ခံစားရသည်။ 


Closeက screenshotတစ်ခုပို့လာသည်။ 


“ဒါလည်း သူပို့တာလား”


ဝေ့ရှောင်းက screenshotကို ကြည့်လိုက်ပြီး ယခုလေးတင်ရှူသွှင်းထားသော လေများက လည်မျိုတွင်တစ်သွားသည်။ 


'အင်း'


ကိုယ်ပို့ပြီး ပြန်ဖျက်သိမ်းခဲ့သည့် စာကြောင်းကို ြမင်လိုက်သောအခါ သူသည် ကျိန်ဆဲချင်သွားသည်။ သူသည် ထိုစကားကိုပို့ခဲ့ပြီး ကြားထဲတွင် Fuckဟုသာ ဆဲရေးလိုက်နိုင်သေးသည်။ သို့သော် ချက်ချင်းဆိုသလို ပြန်လည် ရုပ်သိမ်းခဲ့သည်။ သို့သော်ကြားထဲတွင် ဆယ်စက္ကန့်ပင် မကြာချေ။ သို့သော် Closeကမူ screenshotကို အမိအရ ရိုက်နိုင်ခဲ့‌သည်။ 


အံသြစရာပဲ။ တကယ်အံ့သြဖို့ကောင်းလွန်းတယ်။ 


Gloryရဲ့ မဟာမိစ္ဆာဘုရင်ရဲ့လက်အရှိန်နှုန်းကတော့ ကျော်ကြားမှုနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်။ 


အာ ဖာ့ခ်။ 


ဝေ့ရှောင်းက သူ၏ကိုယ်ပိုင်ဆံပင်များကို ဆုပ်ကိုင်လိုက်ပြီး ဘာပြောချင်မှန်းကို မသိပေ။ 


Close”လိပ်စာ”


ဝေ့ရှောင်းသည် သူ့အားလိပ်စာမပေးရဲချေ။ သူသည် အချိန်တန်ကြာအောင် စိုက်ကြည့်နေမိပြီး သူ၏နှလုံးသားက ခပ်ကြမ်းကြမ်း ခုတ်ဖွင့်ခံရသောကြောင့် စိတ်ရှုပ်ထွေးးချိန်ကိုပင် မပေးစွမ်းတော့လေပဲ ခပ်မြန်မြန် ဆုံးဖြတ်ချက်ရန် ဖြစ်လာသည်။ သူသည် ဆုံးဖြတ်ချက်ဟန် တင်ပလ္လင် ချိတ်ထိုင်လိုက်ပြီး အလွန်အမင်း လေးနက်တည်ကြည်စွာ ဂရုစိုက် စာရိုက်သည်။ 


“နတ်ဘုရားလု မင်းရဲ့ ‌ေကာင်းမွန်တဲ့ ရည်ရွယ်ချက်က ကြောက်လန့်စေလောက်ပါတယ်။ FTWက အရမ်းကို ကောင်းမွန်တဲ့အသင်းပါ။ မင်းကလည်း အရမ်းကိုတော်လွန်းတဲ့ ခေါင်းဆောင်ကောင်း တစ်‌ယောက်ပါပဲ။ ဒါပေမဲ့ ငါရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြာင်းပြချက်တွေ အကြောင်းကြောင်းနဲ့ တကယ်ကို နည်းလမ်းမရှိ...”


သူသည် ရှည်လျားလွန်းသော စာကြောင်းကိုစတင်ရေးရုံသာရှိသေးသည်။ Closeက နောက်ထပ်ပုံတစ်ပုံ ပို့လာသည်။ 


ပုံသည် L and Pနှင့် FTW၏ လေ့ကျင့်ရေးပွဲစဥ်အတွက် အချိန်ဖြစ်သည်။ 


နေ့ရက်သည် သဘက်ခါမှသာဖြစ်သည်။ ဝေ့ရှောင်းက ကြောင်သွားသည်။ သူသည်စာရိုက်မှုကို ရပ်တန့်လိုက်သည်။ 


Close”မင်းသာ လေ့ကျင်းရေးပွဲကို လာကြည့်မယ်ဆိုရင် တစ်နာရီလောက် ကြိုရောက်ရင် အကောင်းဆုံးပဲ”


Close “မစိုးရိမ်နဲ့။ လေ့ကျင့်ရေးပွဲရဲ့ videoက လွှင့်လို့မရဘူးဆိုပေမဲ့လည်း မင်းကကိုယ်တိုင်လာကြည့်တာဆိုရင်တော့ စည်းမျဥ်းဖောက်ဖြတ်ရာ မရောက်ဘူး”


ဝေ့ရှောင်းက ထိုစာကြောင်း နှစ်ကြောင်းကို ကြည့်ပြီးနောက် ထပ်ခါတလဲလဲ စဥ်းစားသေးသည်။ 


ထို့နောက်သူသည် ရေးထားသမျှစာများကို ခပ်မြန်မြန်ဖြတ်လိုက်ပြီးနောက် စာကိုပြောင်းလိုက်သည်။ 


“ဒါဆိုရင် မင်းက FTWမှာ လေ့ကျင့်ရေးပွဲစဥ် ကြည့်ဖို့ ဖိတ်ခေါ်ချင်တာလား”


Close”အင်း”


ဝေ့ရှောင်း”.....”


Close “ဒါမှမဟုတ် မင်းမနက်စောစော ထနိုင်တယ်ဆိုရင် ငါမင်းကို စခန်းတစ်ဝိုက် လိုက်ပြလို့ရတယ်လေ”


ထိုအချိန်တွင် ဝေ့ရှောင်း၏ နှလုံးသားက roller coaster စီးရသလို ဖြစ်သွားပြီး အပေါ်ဖက်သို့ ထိုးထိုး ထိုးထိုး တက်ရာမှ အောက်သို့ ဆက်တိုက် ထိုးထိုး ထိုးထိုး ဆင်းကျသည်။ ကျလွန်းသဖြင့် မရပ်တပ်နိုင်လုနီးပါးပင် ဖြစ်သွားသည်။ 


ဆိုတော့ Closeက သူ့ကို FTWကို ဝင်စေချင်တာမဟုတ်ပဲ FTWကိုလာပြီး ပွဲကြည့်စေချင်တာပေါ့။ 


ဝေ့ရှောင်းက ...မင်းFTWကိုလာချင်ရင်...ဆိုသော စာကြောင်းကို စိုက်ကြည့်မိသွားသည်။ 


အမှန်ပင် ထိုစာကြောင်းတွင် ဝင် ဆိုသောစကားလုံးက မပါဝင်ခဲ့ချေ။ 


ဒါလည်း ဟုတ်တာပဲ။ ဘယ်လိုဖြစ်ပြီး ဒီလိုအသင်းကြီးကို ပူးပေါင်းတဲ့ကိစ္စက သာမန်ကာလျှံကာ ဆုံးဖြတ်လို့ရနိုင်မှာလဲ။ ဝေ့ရှောင်းက စိတ်အေးစွာ သက်ပြင်းချသည်။ 


Close”စခန်းက ပြောင်းသွားပြီ။ နောက်ပြီး ဒီနေရာကို taxiစီးဖို့ကလည်း မလွယ်ဘူးဆိုတော့ ငါမင်းကိုခေါ်ဖို့ ကားစီစဥ်လိုက်မယ်”


ဝေ့ရှောင်းက ရပ်တန့်သွားပြန်သည်။ 


သူ့အား FTW၏ အခြေစိုက် စခန်းသို့ ခေါ်ချင်သည့် ဝေ့ရှောင်းဖြစ်နေသောကြောင့်သာ မဟုတ်လျှင် သူသည် ဒီတစ်ဘဝလုံး သေသည်အထိ အရိုက်ခံရမည်ဆိုလျှင်ပင် Gloryကို ဖြတ်ရမည်ဆိုလျှင်ပင် ထိုနေရာသို့ ဘယ်သောအခါမှ သွားရဲလိမ့်မည် မဟုတ်ပေ။ 


သို့သော် ယခုမူ...

သူ့အား ဖိတ်ခေါ်သူက Close ဖြစ်သည်။ Closeသည် သူ့အား FTWနှင့် ယခင်နှင့် Final runner up L and P၏ လေ့ကျင့်ရေးပွဲစဥ်ကိုပင် ကြည့်ခိုင်းသေးသည်။ 


ဝေ့ရှောင်းက မငြင်းနိုင်တော့ချေ။ သူသည် လေ့ကျင့်ရေးပွဲစဥ်ကို အမှန်တကယ် ကြည့်ချင်သည်။ သူသည် Closeကို ငြင်းရန်လည်း နည်းလမ်းမရှိပါချေ။ 


လက်ကို ဖြတ်ရိုက်ပြီး ထွက်ပြေးခဲ့သောသူက သူဖြစ်သည်။ Closeနှင့်သူက ထပ်တွေ့သောအခါ Closeက သူ့ကို သေသည်အထိ မရိုက်သတ်ရုံသာမကသေးလေပဲ အလွန်မင်း ကြင်နာစွာ ဆက်ဆံပေးနေသေးသည်။ သူ၏အကျိုးကြောင်း သိစိတ်နှင့် ခံစားချက်များကပင် သူ့ကိုငြင်းခွင့်မပြုတော့ချေ။ 

17 03

ဝေ့ရှောင်းက Closeကို နေရာတစ်ခုပို့လိုက်သည်။ 


Close”စောစောအိပ်တော့။ သဘက်ခါမှ တွေ့ကြတာပေါ့”


လေ့ကျင့်ရေးပွဲစဥ်သည် သဘက်ခါမှသာ စမည်ဖြစ်သည်။ 


ဝေ့ရှောင်း”goodnight”


Close “ချိုမိန်တဲ့ အိပ်မက်တွေ မက်ပါစေ”


phoneကိုချပြီးနောက်တွင် ဝေ့ရှောင်း၏ ခန္တာကိုယ်တစ်ခုလုံးက နူးညံ့သောအိပ်ရာပေါ် အရိုးမရှိသလို ပြိုလဲကျသွားသည်။ 


ဒါက ဒီအတိုင်း လေ့ကျင့်ရေးပွဲစဥ်ကြည့်ဖို့ ဖိတ်ခေါ်ရုံလေးပဲ။ 


သူသည် သူ၏ တံတောင်ကို မြှောက်လျက် မျက်လုံးကို အုပ်လိုက်သည်။ သို့သော် သူ၏နှလုံးသားဟောင်းဆီမှ လိမ့်တက်လာသည့် ဆုံးရှုံးသွားသော ခံစားချက်ကို မဖာထေးနိုင်ချေ။ 


တကယ်လို့ Closeက သူ့ကို professionalတစ်ယောက်အဖြစ် ကစားဖို့ ခေါ်တာဆိုရင် ဘယ်လိုလုပ်မလဲ။ 


သူသဘောတူနိုင်မှာလား။ 


မဟုတ်ဘူး။ 


အဖွားဖြစ်သူက သေဆုံးသွားသည့် အိပ်ရာပေါ်တွင် သူ၏လက်ကိုကိုင်ပြီး ပြောသွားခဲ့သောစကားများကို သူတစ်ဘဝလုံး မေ့နိုင်လိမ့်မည်မဟုတ်ပေ။ 


“ရှောင်ရှောင် မင်းရဲ့အဖေလိုမလုပ်နဲ့။ မင်းလက်လှမ်းမမှီနိုင်တဲ့ အရာတွေကိုပဲ တွေးမနေနဲ့။ အဖွားပြောတာ နားထောင်။ သားရဲ့ တက္ကသိုလ် အမှတ်တွေက အရမ်းကောင်းတာ။ တက္ကသိုလ်ကောင်းတစ်ခုကိုဝင်။ ကောင်းကောင်းစာလေ့လာ။ တည်ငြိမ်တဲ့ အလုပ်ကို ရအောင်ယူပြီး ရိုးရိုးရှင်းရှင်း ပျော်ရွှင်တဲ့ ဘဝမှာနေပါ”


ဟုတ်တယ်။ သူ သူ့အဖေလို လုပ်လို့မရဘူး။ 


သူဘယ်တော့မှ သူ့အဖေလို ဖြစ်လို့မရဘူး။ 


နောက်တစ်ရက်တွင် ပိုင်ချိုင်အိပ်ယာနိုးလာသောအခါ weiboဟာ ပေါက်ကွဲနေပြီဖြစ်သည်။ 


ပိုင်ချိုင်သည် သူ၏ Alt account ပေါ်တွင် ပုံပြင်သေးလေးတစ်ခုကို စီစဥ်ပြီး သူ၏ အဓိက account သို့ ပြောင်းပြီးကာစဖြစ်သည်။ သူ၏ inboxအတွင်း ဝင်နေသော သီးသန့်စာပေါင်း မြောက်များစွာကြောင့် အံ့အားသင့်လွန်းသွားပြီး acoountမ‌ပြောင်းရသေးဟုပင် သံသယဝင်သွားမိသည်။ သူ၏ Alt accountသည် နှစ်နှစ်ပတ်လုံး ညီမငယ်လေးများ၏ ဝေမျှမှုများနှင့် ပြည့်နှက်နေတက်သည်။ သူ၏ သီးသန့်စာများသည်လည်း နေ့စဥ်နဲ့အမျှ ပေါက်ကွဲအတက် ပြည့်နှက်နေတက်ပြန်သည်။ သူသည် ကျင့်သားရနေပြီးသား ဖြစ်သည်။ သို့သော် သူ၏ အဓိက account ကဲ့သို့ FTW-White ဟု verfied လုပ်ထားပြီးသား အဓိက account ကြီးက တစ်ရင်တွင်း သီးသန့်စာ ရာပေါင်းများစွာ လက်ခံရရှိမည်ဟု မထင်ထားမိချေ။ 


ဘာတွေ ဖြစ်နေတာလဲ။ 


မနေ့ညက 'လေးထောင့်အချစ်'က ဒီလောက်ထိ‌တော့ မပေါက်ကွဲသင့်ဘူး။ ဟုတ်တယ်မလား။ 


ပိုင်ချိုင်သည် စာများထဲမှ တစ်ခုကို ဒီအတိုင်း ကြုံသလိုဖွင့်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ သူ၏ လက်ထဲတွင် ကိုင်ထားသော သွားပွတ်တံကပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ 


“နတ်ဘုရားပိုင် သူတို့က ပြောတယ်။ မင်းက မီးအိပ်မဟာဆရာသခင်ကို သိတယ်တဲ့။ တကယ်ပဲ သူက ဘယ်သူလဲ။ ငါကြားထားတဲ့အတိုင်းဆိုရင် သူက Gloryအသိုင်းဝိုင်းကြီးတစ်ခုလုံးကို ပေါက်ကွဲမတက် ဖြစ်စေတဲ့အထိ တူနဲ့ ထုရိုက်ခဲ့တာဆို။ မင်းတောင်မှ သူ့ဆီကနေ အရိုက်ခံခဲ့ရသေးတယ် မဟုတ်လား။ တကယ်ပဲ သူက ဘယ်သူလဲ။ ဟေး ဘယ်လိုကြောင့် သူက ဒီလောက်ထိ တော်နေရတာလဲ။ ငါတို့ရဲ့ FTWက သူ့ကို တကယ်ပဲ လက်မှတ်ထိုးတော့မှာလား”


“ကြွယ်ဝမှုနတ်ဘုရား...မီးအိမ်မဟာဆရာသခင်က professional ကစားသမားများလား။ အနားယူထားတဲ့ သူလား။ ဝန်ဆောင်မှုပေးတဲ့သူလား။ ဒါမှမဟုတ် သူက live stream anchorလား”


“လနတ်ဘုရားနဲ့ အခြားသူတွေပြောတာက မှန်တာလား။ မှားတာလား။ သူက professional ကစားသမားတွေကိုတောင် ပိတ်လှောင်သွားအောင်တောင် ထုရိုက်နိုင်တာဆို။ သူကတကယ်ပဲ အဲဒီလောက်ကြီးထိ အင်အားကြီးတာလား”


ကောင်းမွန်လွန်းတဲ့ နတ်ဘုရားရေ ရောက်နေတဲ့စာ အဆောင်ရာကျော်လုံးက မီးအိမ်မဟာဆရာသခင်အကြောင်း ပြောထားတာတဲ့လား။ 


ပိုင်ချိုင်က ပဟေဠိ ဖြစ်သွားသည်။ ရှောင်နင်၏ လျှာကချော်ထွက်သွားပြီး မျန့ညက မဟာဆရာသခင်အကြောင်း ထည့်ပြောခဲ့သော်လည်း သူနှင့်လောင်ဝေ့တို့သည် အလွန်သိုသိပ်စွာပင် နေခဲ့ကြသည်။ လွန်ခဲ့သော နှစ်နှစ်အတောအတွင်း သူတို့သည် professonal ကစားသမားကိုသာ ဖိနှိပ်ရိုက်သတ်ရန်သာ စိတ်ရောက်နေခဲ့ကြပြီး Live stream anchor အသိုင်းအဝိုင်းတွင်းတွင် ဘယ်သောအခါမှ သွေးမုန်တိုင်းမထန်စေခဲ့ချေ။ ဒါကို ဘယ်လိုဖြစ်ပြီး ပရိတ်သတ်တွေက တစ်ဘဝလုံးရူးသွတ်သွားတော့မလို ဖြစ်လောက်အောင် သိချင်သွားတာလဲ။ 


မျက်နှာသစ် ပလုတ်ကျင်းမှုကို အလျှင်စလို လုပ်လိုက်ပြီးနောက် ပိုင်ချိုင်က အကျိုးအပြစ်နှင့် သက်ရောက်မှုများကို ရှာဖွေလေ့လာရန် အလွန်ဂရုစိုက် phoneဖွင့်ကြည့်မိလိုက်သည်။ 


ရှာဖွေမှု အများဆုံး စာရင်းဝင်နေသော အကြောင်းရာ ခေါင်းစဥ်များထဲမှ အဓိက keywordများသည် ပြဿနာကို ဖော်ထုတ်ပြသနေသည်။ 


Close၊ မီးအိမ်မဟာဆရာသခင်၊ ပိတ်လောင်ခြင်း။ 


လနတ်ဘုရား၊ မီးအိမ်တစ်ခု၊ ပိတ်လောင်မှု။ 


Eurostar၊ မဟာဆရာသခင်၊လမ်းကြောင်းပြောင်း။ 


အိပ်စက်ခြင်းနတ်ဘုရား၊မဟာဆရာသခင်၊ မျက်လုံးဖွင့်။ 


ကောင်းလိုက်တာ။ 


တရုတ်ပြည်ရဲ့ Glory အသိုင်းဝိုင်းက ပုဂ္ဂိုလ်ကြီးတွေ အားလုံးက မီးအိမ်မဟာဆရာသခင်နဲ့ ပူပေါင်းချည်နှောင်ထားခံရတာပဲ။ သောက်ကျိုးနည်း internet ပါ မပေါက်ကွဲမှ ထူးဆန်းမှာ။ 

17 04

ဒီအသိုင်ဝိုင်းနှင့် စမ်းသက်‌သွားသော လူများကမူ စိတ်ရှုပ်ထွေးသော မျက်နှာထားမျိုးနှင့် အကြောင်းရာများကို လိုက်မေး‌နေလောက်သည်။ 


အခြေခံအားဖြင့် ဖျော်ဖြေရေးအသိုင်းဝိုင်းအတွင်းမှ သာမန်ကစားသမားတစ်ယောက်သည် ဧကရာဇ်(Close)၏ သိမ်းသွင်းဖိနှိပ်မှုကို ခံရသော ပုံစံမျိုးကို ယှဥ်နိုင်သလို၊သံစဥ်နတ်ဘုရား(Moonlit)ကို ပိတ်လှောင်အောင် လုပ်ခြင်းနှင့် ရုပ်ရှင်ဧကရာဇ်(Euroster)ကို ရုပ်ရှင်မရိုက်နိုင်တော့‌အောင် အတင်းတိုက်တွန်းနိုင်ခဲ့သော ဖြစ်စဥ်မျိုးနှင့် ယဥ်နိုင်သည်။ ထို့အပြင် Idol တစ်ယောက်အလား အများပြ်သူ၏ အသိမှတ်ပြုကို ခံထားရသော(အိပ်စက်ခြင်းနတ်ဘုရား)ကလည်း လူတိုင်း၏ အာရုံကို စွဲဆောင်ခဲ့သေးသည်။ 


တစ်ညတာတည်းနှင့် အဖြစ်အပျင် အပြောင်းလဲများစွာ ဖြစ်သွားခဲ့လေသည်။ 


အစပိုင်းတွင်မူ ရှောင်နင် လျှာချော်သွားရုံသာဖြစ်သည်။ ထို့နောက် Closeက ပိုင်ချိုင်ကို အခန်းထဲမှ ကန်ထုတ်လိုက်ပြီး မဟာဆရာသခင်နှင့် နှစ်ယက်တည်းစကားသွားပြောသည်။ ထို့နောက် တစ်စုံတစ်ယောက်က Closeနှင့် မဟာဆရာသခင်တို့ နိုင်ငံတကာ severတွင် နှစ်ယောက်အတူ doubleဝင်တိုးခဲ့ချိန်က chat recordကိုဖော်လိုက်သညိ။ 


သူတို့သည် gameကို အမည်မဲ့ codeများနီင့် ဝင်တိုးခဲ့ကြ‌သာ်လည်း သူတို့၏ Idများသည်လည်း နောက်ဆုံးစာမျက်နှာ အဆုံးနားတွင် ပေါ်ထွက်သေးလေသည်။ 


ထို့ကြောင့် သာမှန်ကစားသမားများအနေဖြင့် ထိပ်ဆုံး အယောက် ၃၀၀စာရင်းအထိ ဝင်တိုးပြီး နိုင်ငံတကာ serverမှ အဆင့်တက်ပွဲစဥ်များတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် အလွန်မင်းခက်ခဲသည်။ သို့သော် အဓိက live stream anchorများကမူ ထိုသို့လုပ်နိုင်သည်။ 


နာမည်ကြော် anchorတစ်ယောက်သည် တိုက်တိုက်ဆိုင်ဆိုင် doubleတိုးရင်း ထိုနှစ်ယောက်နှင့်စုံသွားသည်။ 


နောက်ဆုံးစာမျက်နှာဖြစ်သည့် settelment interfaceတွင် Closeဆိုသော နာမည်ပေါ်လာသည့် အခိုက်တန့်တွင် ထိုanchorကိုယ်တိုင်ကလည်း အလွန်မင်း စိတ်လှုပ်ရှားသွားလေသည်။ 


ထို့နောက် အချို့သော ပရိတ်သက်များသည်လည်း Closeသည် နီစ်ယောက်အတူ ဝင်တိုးနေကြောင်းတွေ့လိုက်သည်။ တစ်ဖက် IDကမူ အလွန်တိုက်ရိုက်ကျသည်။ ထိုနာမည်သည် englishလို professorဟုခေါ်သည်။ တိုက်ရိုက်ဘာသာပြန်လိုက်သော် မဟာဆရာသခင်ဖြစ်နေသေးလေသည်။ 


ပြောရလျှင် ဝေ့ရှောင်းသည် ထိုIDနာမည်အကြောင်း တွေးခဲ့ချိန်က မဟာဆရာသခင်ဟု ထင်မိခဲ့ခြင်းမဟုတ်ချေ။ ဒီအစား သားရဲလို့ခေါ်ဟု ခက်ရိုင်းရိုင်းတွေးမိခဲ့သေးသည်။ သို့သော် အိပ်ပျက်ညများကို ပိုင်ဆိုင်ထားသည့်အပြင် သူရေတွက် မြောက်များစွာအကောင်းတွေးမိပြီး တရားမဝင်သည့် အတွေးမျိုးမရှိလောက်စေရန် အလို့ငှာ ထိုသို့ မလုပ်နိုင်ခဲ့ချေ။ 


သို့သော် ထိုအချေနေက မီးကိုလောင်စာထည့်လိုက်သလို ဖြစ်သွားသည်။ လျှို့ဝှက်ဆန်းကျယ်သော ကစားသမား မဟာမီးအိမ်ဆရာသခင်ဆိုသောလူက လူတိုင်း၏ စိတ်ကို လောင်စာ မြိုက်လိုက်သည်။ 


ညဆယ်နာရီပြီးနောက်ကာလသည် Onlineတွင် အစည်ကားဆုံး အချိန်ဖြစ်နေသေးသည်။ ထို့အပြင် off season တစ်ခု ဖြစ်နေသည့်အတွက် ထိုအချိန်ကာလ အတောအတွင်း ကစားသမား အများစုက Live stream လုပ်ပြီး လေ့ကျင့်နေလေ့ရှိသည်။ 


ပရိတ်သတ်များသည်လည်း သီတင်းကို ခပ်မြန်မြန်ဖြန့်လိုက်ကြပြီး studioတစ်ခုပြီးတစ်ခုအနှံ့ပြန့်လျက် သူတို့၏ ကလေးများကို လိုက်မေးကြသည်။

 

“လနတ်ဘုရား လနတ်ဘုရား။ မင်းတကယ်ပဲ မီးအိမ်မဟာဆရာသခင်ကို သိတာလား”


ထို commentက ပေါ်လာသည်နှင့် moonlitက လက်ကို‌မြှောက်ရင်း ခေါင်းများကိုကောက်နေရာက ရုတ်တရက်ပြောလာသည်။ 


“မီးအိမ်သူခိုးဟုတ်လား”


Commentများ”ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့ကြားထားတဲ့အတိုင်းဆို FTWက သူ့ကိုလက်မှတ်ထိုးချင်နေတာ။ သူကအရမ်းအင်အားကြီးတာ”


Moonlitက မူလကမူ midlaneမှ ခွေးအသက်တစ်ခုကိုယူရန် စီစဥ်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအခိုက်တန့်တွင် တိုက်ရိုက်ပင် မျှော်စင်ထံ တစ်ဖြောင့်တည်းသွားပြီး သတ်ဖြတ်လိုက်သည်။ သူ၏အသံသည် လက်ထဲမှ ရေခဲတုတ်တံထက်ပင် အေးစက်နေသေးသည်။ 


“သူက professional လာကစားတော့မယ် ဟုတ်လား။ အရမ်းကောင်းတယ်။ ပြိုင်ပွဲမှာ သူနဲ့သာတွေ့ရင် ငါတို့ luageပွဲတွေကို အရှုံးခံလို့ရတယ်။ ဒါပေမဲ့ ဒီမီးအိမ်ကတော့ သေရမယ်”


ပြောရန်ပင် မလိုလောက်အောင် ထိုပြောကြားချက်က မုန်းတီးမှုများပြည့်နှက်နေပြီး ရက်စက်လိုသော စိတ်ဆန္ဒအပြည့်ပါဝင်နေလေ‌ရာ ကြည့်ရှုသူများ၏ ဦးခေါင်းခွံကို ထုံထိုင်းကျိန်းတက်သွားစေသည်။ 


နောက်ထပ် star ကစားသမားတစ်ယောက်ဖြစ်သော Euroနတ်ဘုရားသည်လည်း အလားတူ commemtကို လက်ခံရရှိလိုက်သည်။ Euro၏ အသံက ညှင်သာပြီး ကျင်နာသည်။ 


“မီးအိမ်တစ်စင်းဟုတ်လား။ ဒါပေါ့ ငါသူ့ကို သိတာပေါ့”

17 05

Commentများ”သူက အင်အားကြီးလား။ သူကအင်အားကြီးလား”


Euroကရယ်သည်။ 


“လွန်ခဲ့တဲ့ တစ်နှစ်ကငါ Top lane ကနေ bottom laneကို ဘာလို့ပြောင်းလိုက်လဲဆိုတာ မင်းတို့သိကြလား”


လိမ့်တက်နေသော commemtများ “!!!”


Eurostarကရယ်သည်။ ထိုအသံသည် အလွန်ပျော်နေပုံပေါက်သည်။ 


“သူ့ကြောင့်ပဲ”


Commentများဟာ secondတစ်ဝက်လောက် တိတ်ဆိတ်သွားပြီးနောက်တွင် Euroနတ်ဘုရား၏ tratemark များနှင့် ပြည့်နှက်သွားသည်။ 


အနာဂါတ်တစ်ရက်တွင် သူသည် လက်ထဲတွင် သေနတ်တစ်လက်ကို ကိုင်ထားရင်း လောကရှိ top laneမှ ခွေးတိုင်းကို သတ်မည်ဟု ကျိန်ဆိုခဲ့သည်။ 


အတိတ်တွင် fanများ၏ အမျိုးမျိုးသော ထင်မြင်ချက်များရှိခဲ့ကြသည်။ သူတို့သည် Euroနတ်ဘုရားသည် အချို့သော toplaneများ၏ အနိုင်ကျင့်မှုများကို ခံခဲ့ရပြီးနောက်တွင် သူ၏ ဓားကိုစွန့်ပစ်လိုက်လျှက် သေနတ်ကောက်ကိုင်ခဲ့သည်ဟု ထင်ခဲ့ကြသည်။ သူသည် Top lameနှင့် ပတ်သတ်လျှင် အလွန်ပဲ အထိမခံဖြစ်ခဲ့သည်။ သို့သော် ထို Top lanerဟာ မည်သူဖြစ်ကြောင်း မည်သူကမီ မသိခဲ့ကြချေ။ 


ယခုမူ...


သူတို့ လူသတ်သမားကို ရှာတွေ့ပြီ။ 


FTW၏ ပရိတ်သတ်များက သက်ပြင်းချကြသည်။ 


“မဟာဆရာသခင်ရဲ့ Top laneက ဒီလောက်ထိ အင်အားကြီးတာ ငါတို့ရဲ့ FTWက နောက်ဆုံးတော့ ရှေ့တန်းကို တက်နိုင်တော့မှာပေါ့”


ဒါပေါ့။ ရေကိုလာနောက်မဲ့ haterတွေလည်း ရှိတာပေါ့။ 


“မင်းတို့ရဲ့ WTFက ထန်ချန်းက အင်အားကြီးတယ်မဟုတ်ဘူးလား။ ဒါကဘာများအသုံးဝင်လို့လဲ။မင်းတို့တွေ cancerဖြစ်တဲ့ closeကို မကိုင်တွယ်နိုင်သေးသမျှ ငါတို့ရဲ့ Glory အသိုင်းဝိုင်းကြီးတစ်ခုလုံးက ‌တောက်ပတဲ့ အနာဂါတ်ကို မြင်ရမှာတောင်မဟုတ်ဘူး”


Starပါဝင်သူ နှစ်ယောက်သည် မီးအိမ်မဟာဆရာသခင်ကို ‌ရေလှိုင်း၏ ရှေ့တန်းသို့ တွန်းပို့လိုက်နိုင်သည်။ နောက်ဆုံးသော ထင်းမီးများကို မီးတောက်အတွင်းသို့ ထည့်ခဲ့သောသူက traffic အမြင့်ဆုံးဖြစ်နေသည့် အသစ်ကလေး Asleepဖြစ်သည်။ 


သူ၏ နာမည်အတိုင်း အိပ်စက်ခြင်းနတ်ဘုရားသည် အိပ်စက်ခြင်းဆိုသော စကားလုံးနှင့် အလွန်လိုက်ဖက်ညီသည်။


ထိုလူသည် idolဖြစ်ရန် မွေးဖွားလာသော မျက်နှာထားဖြင့် မွေးဖွားလာသူဖြစ်ပြီး e sportလက်တစ်စုံကို ပိုင်ဆိုင်ထားကာ သူ၏အကြီးမားဆုံးသော ရည်မှန်းချက်က အိပ်စက်ရန်ဖြစ်သည်။ 


စားသောက်ခြင်းနှင့် game ကစားခြင်း အပြင် သူ၏ ကျန်ရှိသေး အချိန်အားလုံးတွင် အိပ်စက်ရန်သာ အသုံးပြုလေ့ရှိသည်။ 


သူသည် stream လုပ်နေခဲ့သည့်တိုင်အောင် တိုက်ရိုက်ထုတ်လွှင့်ရင်း အိပ်နေတက်သေးသည်။ 


သို့သော် အိပ်စက်ခြင်းနတ်ဘုရားသည် ကြည့်ကောင်းသည်။ ပါရမီကလည်း မြင့်သည်။ အင်အားကလည်းမြင့်သည်။ ထို့ကြောင့် သူသည် တိုက်ရိုက်ထုတ်လွှင့်ရင်း အိပ်နေလျှင်ပင် သူ၏ကျော်ကြားမှုဟာ မြင့်နေပြန်သည်။ 


ထိုနေ့တွင် သူသည် အိပ်ပျော်နေခဲ့ရာမှ ရုတ်တရက် မျက်လုံးကိုဖွင့်လာသည်။ commentများကလည်း မဟာဆရာသခင်များနှင့် ပြည့်နှက်နေ၏။ 


Asleepက စကားကို ရွှေအလား တန်ဖိုးထားသည်။ ပုံမှန်အားဖြင့် သူ၏ဒုခေါင်းဆောင်ကသာ သူ့အတွက် အစားဖြေပေးလေ့ရှိသည်။ သို့သော် ယခုတစ်ခေါက်တွင်မူ သူသည်ကိုယ်တိုင်ကိုယ်ကျထုတ်ပြောလာသည်။ 


“သူက အရမ်း အင်အားကြီးတယ်”


သူ၏ လူငယ်ဆန်သောအသံက ပျင်းရိလေး‌တွဲနေပြီး အိက်ချင်စိတ် ပြည့်နေသေးပုံရသည်။ 


“သူနဲ့သာ soloခြင်းလုပ်ရမယ်ဆိုရင် ငါတစ်နေ့လုံးတစ်ညလုံး မအိပ်ရလည်းရတယ်”


Gloryအသိုင်းဝိုင်းအတွင်း ကျော်ကြားမှုမြင့်နေသော ကစားသမားတစ်ယောက် ဖြစ်သည်နှင့် သူ့ကိုတိုက်ပွဲဝင် ပရိတ်သတ်‌ပေါင်း မြောက်များစွာက ထောက်ပံ့ပေးထားသည်။ ဒီစကားလုံးများက ထွက်လာသည်နှင့် မဟာဆရာသခင်အတွက် မကျော်ကြားချင်လျှင်ပင် မကျော်ကြားရန်ပင်ခက်ခဲပေလိမ့်မည်။ 


ပိုင်ချိုင်သည် အကျိုးအပြစ်နှင့် သက်ရောက်မှုများအားလုံးကို စုစည်းလျက် ဝေ့ရှောင်းထံပို့လိုက်သည်။ 


ယခုလေးတင် အိပ်ရာနိုးပြီး ငိုက်မြည်းနေသောဝေ့ရှောင်း”ဘာ”


ပိုင်ချိုင်”ရှောင်းကော ငါတို့ကညီအစ်ကိုတွေဆိုတာ မင်းသိတယ်မဟုတ်လား။ မင်းငါ့ကို သိတယ်လို့မပြောနဲ့”


ဝေ့ရှောင်းက clickနှိပ်ပြီး ဖွင့်ကာတစ်ချင်ကြည့်လိုက်သည်။ ထို့နောက် ဖန်သားပြင်အနှံ့ပြည့်နှက်နေသော တိုက်ခိုက်လိုစိတ် ဆန္ဒများကြောင့်အံ့သြသွားသည်။ 


သူ့အဘွက သူ့ကိုတကယ်မလိမ်ဘူးပဲ။ Professional အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ရူးပြီး gameကစားတာက သောက်ကျိုးနည်း သူအသက်မရှင်နိုင်တဲ့ နည်းလမ်းပဲ။

++++++