Ch 18
Viewers 3k

အပိုင်း(၁၈)လောင်ဝေ့ မင်းတကယ်ပဲ အပြစ်ကြီးတဲ့အမျိုးသားပဲ။ 


ပိုင်ချိုင်သည် တိုက်ရိုက်ထုတ်လွှင့်မှုမှ click တစ်ခုကိုကြည့်ရင်း ကျွတ်ဆုတ်သက်သည်။ 


“လောင်ဝေ့ မင်းက တကယ်ကို အပြစ်ကြီးတဲ့ အမျိုးသားပဲ”


ထို video clickထဲတွင် professional ကစားသမား ဆယ်ယောက်ကျော်ပါသည်။ ထိပ်ဆုံး သုံးယောက်အပြင် ကျန်တဲ့သူများအားလုံးသည် ရှားတန်နှင့် အခြားသော ကစားသမားများ အပါဝင် လူသစ်များ ဖြစ်နေသည်။ 


ရှားတန်သည် သရုပ်ဆောင်ရာတွင် အလွန်တော်သည်။ သူသည် မျက်ကိုပင်သုတ်ကာ ငိုပြသေးသည်။ 


“ရိုးရိုးသားသားပြောရရင် မဟာဆရာသခင်က လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်မှာ အရမ်းကို အားနေခဲ့သေးတယ်။ လောင်ရီနှင့်ငါက ခြောက်နာရီလုံးလုံး ဆက်တိုက် တိုက်ခိုက်ဖို့အတွက် အခေါ်ခံခဲ့ရတယ်လေ”


ယွီဖေးသည်လည်း တိုက်ဆိုက်ဆိုင်သူနဲ့အတူ နှစ်ယောက်တွဲ ဝင်တိုးလေခြင်း ဖြစ်သဖြင့် လိုက်ပါပြောပေးသည်။ 


“နင်းတို့တွေ စိတ်ကူးယဥ်ကြည့်စမ်းပါ။ မင်းတို့ရဲ့ ဥနတ်ဘုရားရဲ့ ကျော်ကြားတဲ့ heroက ဖနှောင့်နဲ့ နင်းချေခံရပြီး မြေပြင်မှာ တစ်စစီ‌‌ခြေမွခံရလို့ ထွက်လာတဲ့ အချဥ်ရနံ့ကို ခံစားနိုင်ကြရဲ့လား”


ရှားတန်ကလည်း အလားတူ သရုပ်ဆောင်သည်။ 


“ဟင်း မင်းတို့ရဲ့ ငါးနတ်ဘုရားကလည်း အရမ်းကိုမြင့်မားထောင်လွှားတဲ့ junglerဘုရင် တစ်ယောက်ဖြစ်ပေမဲ့လည်း မဟာဆရာသခင်ရဲ့ အလင်းစက်ကွင်း ရှစ်ကွင်းနဲ့ တဖြောင်းဖြောင်းမြည်လောက်အောင် ပါးဖြတ်ရိုက်ခံခဲ့ရတယ်လေ”


အင်း...ဒီနှစ်ယောက်က အချင်းချင်း ဆွဲချနေကြတာပဲ။ သူတို့ရဲ့ videoက အရမ်းကို စည်ကားနေတဲ့ပုံပဲ။ 


ကြည့်ရှုသူများကလည်း အဓိကသော့ချက်ကို ဖမ်းမိလိုက်သည်။ 


“မဟာဆရာသခင်က ဘာလို့အားနေတာလဲ”


ရှားတန် “ဒါကတော့ ပြောလို့မရ...”


ယွီဖေး “လျှို့ဝှက်ချက်”


နောက်ထက် Video clickကမူ ပြောရဲဆိုရဲသော အစစ်မှန် အမျိုးသားဖြစ်သည်။ moonlitကလှောင်သည်။ 


“သူလား။ သူက Close နဲ့ ဂါရီရဲ့ လေ့ကျင့်ရေးပွဲစဥ်အကြောင်း ကြားသွားတာလေ”


ပရိတ်သတ်များ”???”


Moonlitက ခံစားချက်မဲ့စွာပြောသည်။ 


'၁၉နှစ်မှာ closeက championship ရသွားတယ်။ သူကတိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ပြီးသွားတဲ့ အချိန်မှာ ငါနဲ့ Eurostarကိုလာရှာပြီး ရှစ်နာရီ ဆက်တိုက် soloခိုင်းတယ်'


ယခုက ၂၀၂၁ဖြစ်သည်။ ၂၀၁၉တွင် moonlitနှင့် Eurostarတို့သည် သူတို့၏ အသင်းများတွင် starting line upပင် မဟုတ်သေးချေ။ 


commentများက ပေါက်ကွဲပြန်သည်။ 


“သေစမ်း သေစမ်း သေစမ်း နောက်ဆုံးတော့ မိပြီပဲ”


နောက်ထပ် video clickက မူ ပြုံးနေသော Eurostarဖြစ်သည်။ 


“ဟုတ်တယ်။ ငါအဲဒီနောက် bottom laneကို ပြောင်းလိုက်တာပဲ”


သူတို့သည် ထိုစကားလုံးများအတွင်းတွင် ပါဝင်သော ပြင်းထန်လွန်းသော အယူသည်းစိတ်ကို မြင်နိုင်သောအခါ ဖြတ်လျှောက်များသည်ပင် ရင်နာလာသည်။ သူတို့ရဲ့ Euroနတ်ဘုရားက ရှစ်နာရီ အတောအတွင်း ဘယ်လောက်တောင် တောင့်ခံခဲ့ရမလဲ။ 


ဝေ့ရှောင်းသည်လည်း ထိုvideo clickကို မြင်သည်။ သူက နှစ်ကြိမ်ခန့်ပင် ကြည့်လိုက်သည်။ ထို့နောက် ပိုင်ချိုင်ကို phoneခေါ်သည်။ 


“ဒီကောင်တွေ ဘာဖြစ်နေတာလဲ။ သူတို့အားလုံးက star ကစားသမားတွေနော်။ Idolတွေ အနေနဲ့ သူတို့၏ တာဝန်ယူမှုရဲ့ ဝန်ထုပ်ဝန်ပိုးနည်းနည်းလေး‌ကိုတောင် မခံစားမိနိုင်ကြဘူးလား”


သူတို့ ဘယ်လိုအကြောင်းရာတွေ လျှောက်ပြောနေတာလဲ။ professional ကစားသမား တစ်အုပ်က သာမှန်ကစားသမားတစ်ယောက်က အနိုင်ကျင့်တာကို ခံရတယ်ဆိုပြီး ပြောနေကြတယ် ဟုတ်လား။ ဒါက လွန်ကြူးလွန်းမနေဘူးလား။ 


ပိုင်ချိုင်ကရယ်သည်။ 


“လူတစ်ယောက်က အနိုင်ကျင့်ခံရပြီး မျက်နှာကို ကရုစိုက်နေသေးနိုင်ပေမဲ့ အနိုင်ကျင့်ခံရတဲ့ တစ်ဖွဲ့လုံးကတော့ အဖွဲ့လိုက်ဆိုတော့ စိတ်လှုပ်ရှားနေကြပြီလေ”


“ပိုဆိုးတာက သူတို့အားလုံးက မင်း professionalအဖြစ် ကစားတော့မှာကို သိနေတယ်။ ဒီတော့ အစောပိုင်းထဲက အုတ်မြစ်ကောင်းကောင်းချပြီး သူတို့ရဲ့ အရှက်တရားကို ဆေးကြောသင့်တာ မဟုတ်ဘူးလား”


 ဝေ့ရှောင်းက တောင့်ခဲသွားသည်။ ထို့နောက် ပြန်ငြင်းသည်။ 


“ငါက professional ကစားတော့မယ်လို့ ဘယ်သူပြောလဲ”

18 02

ပိုင်ချိုင်က အ့သြသွားသည်။ 


“အာ ခေါင်းဆောင်က မင်းကို ဖိတ်ခေါ်ခဲ့တာ မဟုတ်ဘူးလား”


ဝေ့ရှောင်းက သည်းသွားသည်...သူ့ကိုတကယ်တော့ ဖိတ်ခေါ်ခဲ့သည်။ 


ပိုင်ချိုင် “ဖာခ့် ညီကိုမင်းက တကယ်တော်တာပဲ။ မင်းက မဟာမိစ္ဆာဘုရင်ကြီးကို နှစ်ကြိမ်တောင် ငြင်းခဲ့တာပေါ့။ မင်းကတကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ။ ဒါကို သာမန်လူက လုပ်နိုင်တာမဟုတ်ဘူး”


ဝေ့ရှောင်းကမူ အချို့သောအကြောင်းပြချက်များကြောင့် အနည်းငယ် အပြစ်မကင်းသိုဖြစ်သွားသည်။ 


“ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ အဲဒီလို မဖြစ်ခဲ့ဘူး”


ပိုင်ချိုင်”မဟုတ်တာ။ မင်းတို့နှစ်ယောက် နာရီအနည်းငယ် ကြာတဲ့အထိ တစ်ခန်းထဲမှာ အတူရှိနေခဲ့ကြတာလေ။ ခေါင်းဆောင်က မင်းကို ဘာမှမပြောလိုက်ဘူးလား”


ဝေ့ရှောင်းက တစ်ခဏခန့် တိတ်ဆိတ်သွားသည်။ 


“လောင်ပိုင် ငါမင်းကို အရမ်းကို တွန်းပို့လွန်းနေတယ်လို့ ခံစားရတယ်။ ငါ့မှာသက်သေတောင်ရှိတယ်”


ပိုင်ချိုင် “မောင်းနေတဲ့ ယဥ်မောင်းက ကားကိုမြင်တယ်။ ရှောင်းကော မင်စိတ်ကို အရင်သွားဆေးလိုက်”


ဝေ့ရှောင်းက သူနှင့်ဆက်ငြင်းရန် ပျင်းလွန်းနေသည်။ 


“အတိုချုံးပြောရရင် မင်းအတွေးလွန်နေတာပဲ။ တကယ်တော့ ငါက professional ကစားသမားဖြစ်လာမှာ မဟုတ်ဘူး”


ပိုင်ချိုင်၏ စကားလုံးများက သွေးထုတ်ရန် လုံလောက်နေသည်။ 


“ဒါဆိုရင် မင်းတို့ဘာလုပ်မှာလဲ”


ဝေ့ရှောင်းက ရပ်သွားသည်။ 


ပိုင်ချိူင်သည် သံမဏိကို ပူတုန်းထုပြီး သူ့အားခင်မြန်မြန်ထိုးစွသည်။ 


ဒီကောင်က သူ့ပေါင်ကို ဖြတ်မရိုက်ဘူးလို့ ဘယ်သူက သိမှာလဲ။ 


“ဟုတ်ပြီ ငါ professionalအဖြစ် မကစားသမျှ သူတို့ရဲ့ ကလဲ့စားချေမှု မီးတောက်တွေ‌က ငါ့ကို လောင်ကျွမ်းစေမှာ မဟုတ်ဘူး”


ပိုင်ချိုင်”ဟူး”


ဒါက လိုရင်းမဟုတ်ဘူးလေ။ 


သူကဝေ့ရှောင်းကို သူ့ရဲ့ မိုက်ရူးရဲဆန်မှုနဲ့ professional ကစားသမားတစ်ယောက်ရဲ့ အရိုင်းဆန်မှု စူးရှတက်ကြွမှုတွေကို ြမင်စေချင်တယ်။ ဒါပေမဲ့ ဒါကဘာဖြစ်လို့...


ဝေ့ရှောင်း “ညီအစ်ကိုကောင်းရေ ဒီကိစ္စတွေကို ရှင်းလင်းဖို့ မင်းငါ့ကို ကူညီရမယ်”


ပိုင်ချိုင်”.....”


ဝေ့ရှောင်း”ပြောရမယ်ဆိုရင် ဒါက ဒီလိုမျိုးဆိုရင် အဲဒီလောက်ကြီး စိုးရိမ်စရာမလိုဘူးကွာ။ အဲဒီ star playerတွေနဲ့ ဒီတိုင်း ချိန်းဆိုမှု လုပ်လိုက်။ ငါ့အထင် သူတို့က တော်တော်လေးကို မျှော်လင့် စောင့်စားနေကြတဲ့ပုံပဲ။ ငါတို့ တစ်ယောက်ယောက်ကို ပိုပြီး မျက်နှာသာပေးလို့ မဖြစ်ဘူး”


ပိုင်ချိုင်”SCRAM”


ဝေ့ချောင်း “ဟင်”


ပိုင်ချိုင်”ထွက်သွား”


ဝေ့ရှောင်းက အမှန်တကယ် ပင်ထွက်သွားသည်။ ထို့နောက် ပြန်linkဝင်လာ၏။ 


“လောင်ပိုင် မင်းအရင်က အရှက်မဲ့မှန်း ငါသိနေကျပဲ။ ဒါပေမဲ့ ရုတ်တရက်ကြီး မင်းကဒီလောက်ထိ အရှက်မဲ့လိမ့်မယ်လို့တော့ လုံးဝမထင်ထားမိဘူး”


ပိုင်ချိုင်၏ ခေါင်းများကပင် နာကျင်လာသည်။ 


“ဘာဖြစ်ပြန်ပြီလဲ”


ဝေ့ရှောင်းက သူ့အားscreenshot တစ်ခုပို့လာသည်။ 


“ဒါ ဒါ ဒါ ငါ့ကိုမျက်လုံးတွေ ပြန်ပေး”


ထို screenshotသည် ပိုင်ချိုင်၏ ဒီမနက်တင်ထားသော weiboစာကို ဖော်ပြနေသည်။ 


အိုး သူ့ရဲ့အတင်းဖျင်း ဧကရာဇ် Alt account ကနေ တင်ထားတာပဲ။ 


အကြောင်းရာကမူ...


ရိုးရိုးသားသားပြေရလျှင် ပိုင်ချိုင်သည်ပင် ထိုအရာကိုကြည့်ပြီး သူ၏မျက်လုံးက နာလာသလို ခံစားရသည်။ 


“ဝေ့ရှောင်း မင်းတစ်ခုခုမှားနေတာ မဟုတ်လား။ ဘာလို့ငါ့ရဲ့ Alt accoundကို သွားစိုက်ကြည့်နေတာလဲ”


ဝေ့ရှောင်း”ငါက ကြည့်ချင်တယ်လို့ မင်းထင်နေလား။ ငါက ငါ့ရဲ့ ကိုယ်ပိုင် အတင်းဖျင်းကိုရှာနေရုံပဲ။ ဘယ်သူက ထင်ထားမှာလဲ ရုတ်တရက်ကြီး မင်းနဲ့ Closeအကြားက ချိုမြိန်မှုကို မြင်လိုက်ရတာလေ။ စိတ်မရှိပါနဲ့ ငါအံချင်သွားတယ်”


ဝေ့ချောင်းသည် ပိုင်ချိုင်၏ Alt accound ကို မfollowထားချေ။ သူသည် မီးအိမ်မဟာဆရာသခင် အကြောင်းကို ရှာဖွေပြီး သူဖန်တီးထားခဲ့သည့် ရန်သူများ၏ အရေအတွက်ကို မှတ်မိရန် ကြိုးစားရုံသာဖြစ်သည်။ 


ရုတ်တရက် အချို့သော ဆက်စပ်မီသွားသည့် ရှာဖွေမှု တစ်ခုအတွက်ကြောင့်နှင့် ကျော်ကြားသော အတင်းဖျင်း ဧကရာဇ်ကတင်ထားသည့် ရူးသွပ်မှုအချို့က ပေါ်ထွင်လာလေသည်။ 


အတင်းဖျင်း ဧကရာဇ်က တင်ထားသော နောက်ဆုံးသော weibo post သည် သိပ်မကြာခင်ကမှ တင်ထားခဲ့ခြင်းဖြစ်ပြီး comment သောင်းပေါင်းများစွာပိုင်ဆိုင်ထားပြီဖြစ်ကာ ကျော်ကြားမှုက ဆက်တိုက်မြင့်နသေးသည်။ 


ဝေ့ချောင်းက တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် huskyကို ဖက်ပြီး မှင်သက်သွားသည်။ 

18 03

...e sportရဲ့ မဟာမိစ္ဆာဘုရင်ကြီးနဲ့ သူ့ရဲ့ချစ်ရတဲ့ အထောက်အပံ့ ဇနီးလေ...


ပါဝင်သော အကြောင်းရာသာ် ဝေ့ရှောင်းကိုပင် လောင်ကျွမ်းစေနိုင်သေးသည်။ အတင်းအဖျင်း ဧကရာဇ်က မနေ့ညက နှစ်ယောက်အတူတူ ဝင်တိုးပြီး ချေမွခဲ့သည့် ကိစ္စနဲ့ ပါတ်သတ်ပြီး လေးနက်တည်ကြည်စွာ ခွဲခြမ်းစိတ်ဖြာပြသော စာများကို စာရွက်အပြည့်ရေးထားသည်။ 


ပိုင်ချိုင်နှင့် ဝေ့ချောင်းတို့ နှစ်ယောက်အတူ ဝင်တိုးခဲ့သောပွဲနှင့် လုဖုန်းနှင့် နင်ကျယ်ဟန်တို့နှင့် ကားနှစ်စီးတိုက်ရင်ဆိုင်ခဲ့သည့် ပွဲက သေချာစွာ ပါဝင်နေလေသည်။ 


လုဖုန်းသည် ပိုင်ချိုင်ကို ၁၉ ကြိမ် သတ်သွားပြီး ခွဲခြမ်းစိတ်ဖျာမှုအရ သူသည်သဝန်တိုနေခြင်းဖြစ်သည်။ 


လုဖုန်းသည် နင်ကျယ်ဟန်ကို တစ်ကြိမ်ပင် မကာကွယ်နိုင်ခဲ့ချေ။ ခွဲခြမ်းစိတ်ဖြာမှုအရ သူသည် အသင်းဖွဲ့ရန် ဖိအားပေးခံရသောကြောင့် အဖြေပြောင်းလဲသွားသည်။ 


ထို့အပြင် ပိုင်ချိုင်ကို ကန်ထုတ်ခဲ့ပြီး အဆုံးသတ်နားတွင် ဝေ့ရှောင်းနှင့် အတူ နှစ်ယောက် ဝင်တိုးခဲ့သည်မှာလည်း ရှင်းပြချက် အပိုတစ်ကြောင်းပင် ပါသေးသည်။ 


သူက သူ့ရဲ့ပြိုင်ဖက်နှင့် နှစ်ယောက်အတူ soloပြိုင်ချင်တာတဲ့။ 


ဝေ့ရှောင်းသည် ထိုစာကိုမြင်သောအခါ တစ်ကိုယ်လုံး ကြက်သီးများထလာသည်။ 


“လောင်ပိုင် မင်းကတကယ်ကို ရက်စက်တဲ့ အမျိုးသားပဲ။ မင်းက တကယ်ကို ကိုယ့်ကို ရက်စက်ထားတာပဲ”


အတင်းဖျင်း ဧကရာဇ်သည် ပိုက်ချိုင်ဖြစ်ကြောင်း မည်သူကမှ မသိကြချေ။ သို့သော် ပိုင်ကောကမူ သူ၏ စိတ်ဝိဉာဥ်ကို သူ့ကိုသူအတွက် စတေး၍ လူတိုင်းကို ကျေနပ်အောင် လုပ်ပေးထားသည်။ ထိုအ‌ခြေနေက လူတိုင်းအား...အရှက်မဲ့လိုက်တာဟု အော်ချင်သွားစေသည်။ 


ပိုင်ချိုင်၏ နှူတ်ခမ်းထောင့်စွန်းများက တွန့်သွားသည်။ 


“ငါဒီလို တင်ချင်တယ်လို့ မင်းထင်လို့လား”


ဝေ့ရှောင်း”အရာအားလုံးက ကျော်ကြားမှူ အတွက်ပဲ လောင်ပိုင်။ ပိုက်ဆံရဖို့အတွက် မင်းအတွက် တကယ်ကို မလွယ်တာပဲ”


ပိုင်ချိုင် “ shit “


သူသည် အတင်းအဖျင်း ဧကရာဇ် account ၏ သီးသန့်စာများကို ဖတ်လိုက်ပြီး screenshot အတန်းလိုက် ရိုက်ယူသည်။ 


“ကြည့်စမ်း ။ တစ်ချက်ကြည့်စမ်း။ ငါမနေ့က သီးသန့်စာ အဆောင် ၈၀၀တောင် ရရှိထားတယ်။ ၇၀၀က မင်းနဲ့ နတ်ဘုရားလု အကြောင်း YY YY ဆိုတာကြီးပဲ”


သူသည် ထိုသူများ၏ အာရုံကို လွှဲပြောင်းရန် လုံလောက်အောင် ကြင်နာပေးခဲ့သဖြင့် သို့သော် ထိုအကောင်ကမူ အသိမှတ်မပြုပေ။ 


ဝေ့ရှောင်းကမူ ထိုscreenshotများကြောင့် စွံ့အသွားသည်။ 


ညီမငယ်လေးများထံမှ ပို့လာသော သီးသန့်စာများနှင့် ယှဥ်သော် အတင်းအဖျင်းဧကရာဇ်က ပို့ထားသည့် အကြောင်းအရာများက ရေထက်ပင် ကြည်လင်သေးသည်။ 


ပိုင်ချိုင်က ဒေါသထွက်သွားသည်။ 


“သိပြီလား”


ဝေ့ရှောင်း”.....”


ပိုင်ချိုင်က မျက်လုံးလှန်လိုက်သည်။ 


“လောင်ဇီက မင်းကို ကာကွယ်ပေးနေတာ။ ဒါတောင်မှ မင်းကကျေးဇူးမသိတက်ဘူး။ မင်းက တကယ်ကို နှလုံးသားမဲ့...”


“မဟုတ်ဘူး”


ဝေ့ရှောင်းက အလွန်မင်း လေးနက်တည်ကြည်စွာ မေးလာသည်။ 


“ငါကဘာလို့ ရှို့လဲ”


ပိုင်ချိုင်”အာ”


ဝေ့ရှောင်းက အလွန်အမင်း မကျေမနပ်‌ဖြစ်နေသည်။ 


“ဘာလို့လူတွေအားလုံးက ငါ့ကို ရှို့လို့ထင်နေကြတာလဲ။ ငါက အင်အားမကြီးလို့လား။ ငါက အံသြဖို့မကောင်းလို့လား။ ငါက Alphaနဲ့ မတူလို့လား”


ပိုင်ချိုင်”.....”


ဝေ့ရှောင်းသည် ကိုယ့်ကိုယ်ကို ခွဲခြမ်းစိတ်ဖြာပြသည်။ 


“အိုး ငါက Closeထက်တော့ အရပ်ပုတဲ့ပုံပဲ။ ဒါပေမဲ့ ငါက အနည်းဆုံး ၃စင်တီမီတာလောက်တော့ ထက်ပြီး အရပ်ရှည်ဦးမှာပဲလေ။ ၁၈၅ စင်တီမီတာဆိုတာက ပြဿနာတော့မရှိပါဘူး။ အင်း ဒါလည်း Closeထက် အရပ်ပုနေသေးသလိုပဲ”


ပိုင်ချိုင်”လောင်ဝေ့”


ဝေ့ရှောင်း”ဟင်”


ပိုင်ချိုင်”သွား အခုချက်ချင်း ထွက်သွားစမ်း။ အား...”


ထို့နောက် Clickဆိုသော အသံနဲ့အတူ phoneကျသွားသည်။ 


ဘာလို့လဲ...


ဘာလို့ ဘယ်လို သောက်ကျိုးနည်း အပြစ်တွေကို သူကကျူးလွန်ခဲ့လို့ ဒီပိုင်ချိုင်က ဒီအရူးကောင်နဲ့ ညီအစ်ကိုဖွဲ့ပြီး အဆုံးသတ်သွားတာလဲ။ 


ဒေါသထွက်ပြီး ယူကြုံးမရဖြစ်နေသော ပိုင်ချိုင်ကို စွပြီးနောက်တွင် ဝေ့ရှောင်း၏ စိတ်ဝိဉာဥ်ဟာ refreshဖြစ်သွားသည်။ သူသာ် အိပ်ယာထဲမှ ထွက်ပြီး ခွေးကိုလမ်းလျှောက်ခေါ်ထုတ်သွားသည်။ 


ဇန်နဝါရီ အစောပိုင်းသည် အလွန်အေးနေပြီ ဖြစ်သည်။ ဝေ့ရှောင်းကမူ အထူတွေ မဝတ်ထားချေ။ သို့သော် huskyကိုလိုက်ကြောင်းခြင်းက ချွေးပြန်စေရန်လုံလောက်သည်။ 


သူသည် phoneမြည်လာသောအခါတွင် အိမ်သို့ပြန်ရောက်ကာစဖြစ်သည်။ 

18 04

အဖော်ပြုကစားသမား platformပေါ်မှ အသံက ထွက်လာသည်။ ဝေ့ရှောင်းသည် သူ၏ cell phoneကို ထုတ်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ သူဌေးဖြစ်ကြောင်း သိသွားလေသည်။ 


လု”ရှိလား”


ဝေ့ရှောင်းက တိုက်ရိုက်ပင် အသံ messageပို့သည်။ 


“ငါ အိမ်ရောက်တော့မှာ”


သူက ပြေးလာရသောကြောင့် အနည်းငယ် အသက်ရှူမမှန်ဖြစ်နေသည်။ 


လုက တစ်ခဏခန့် ရပ်တန့်သွားသည်။ 


“လေ့ကျင့်ခန်းလုပ်နေတာလား”


ဝေ့ရှောင်း”ခွေးနဲ့ လမ်းလျှောက်တာကို ထည့်တွက်တယ်မဟုတ်လား”


ဝေ့ရှောင်း”သူဌေး ခဏစောင့်ဦး။ ငါအရင် ရေသွားချိုးလိုက်ဦးမယ်”


လု “အလျှင်မလိုပါဘူး”


ဝေ့ရှောင်းက ရေသွားချိုးပြီးနောက် ကိုယ့်ကို သန့်ရှင်းရေးလုပ်နေရင်း မှန်ကိုကြည့်သည်။ 


၁၈၂ စင်တီမီတာက အရပ်ပုတယ်လို့ သက်မှတ်နိုင်တာလား။ နောက်ပြီး သူက ဘာလို့ ရှို့လဲ။ အိုး။ 


ဝမ်ူဗိုက်ကြွက်သားတွေ....


ကျွတ်...


ဝေ့ရှောင်းသည် လုဖုန်း၏ ခန္တာကိုယ်ကို တွေးတောလိုက်ပြီး အနည်းငယ် အချဥ်ပေါက်သွားသည်။


 “internetကို စွဲလမ်းရူးသွတ်တဲ့ လူတစ်ယောက်က ဘယ်လိုများအဲဒီလိုဖြစ်နိုင်မှာလဲ။ ဒါက အရည်သွေးမပြည့်မှီတာပဲ”


သူသည် အဝတ်များကို ဆွဲချပြီးနောက် ခပ်မြန်မြန်အပြင်ထွက်လျှက် phoneကိုသွားယူသည်။ 


“သူဌေး”


လု”ရှိတယ်”


ဝေ့ရှောင်း”ငါloginဝင်လာပြီ”


ဝေ့ချောင်းအတွက် အနှိမ့်စား အဆင့်တက်သော လမ်းကြောင်းက လွယ်ကူသည်။ သူသည် သာမန်ကာလျှံကာ ကစားနိုင်သည်။ တစ်နည်းအားဖြင့် အံအားသွင့်ဖွယ်ကောင်းသော ပွဲအချို့ကိုပင်ထုတ်နိုင်သေး၏။ တစ်ဖက်ခြမ်းကမူ daddyဟု ဆက်တိုင်အော်နေရလောက်သည်။ 


၇ပွဲ ၈ပွဲ အတူကစားပြီးနောက်တွင် သူတို့နှစ်ယောက်သည် ပိုပို၍သာရင်းနှီးလာသည်။ 


ဝေ့ရှောင်းသည် တစ်စုံတစ်ယောက်နှင့် ရင်းနှီးလေလေ ပေါက်ကရပိုပြောလေလေဖြစ်သည်။ အစပိုင်းတွင်မူ သူသည် gameနှင့်ပတ်သက်ပြီး ရေဘူယကိစ္စများကိုသာ ရှင်းပြနိုင်လောက်အောင် လေးနက်တည်ကြည်ပေးနေသည်။ သို့သော် နောက်ပိုင်းတွင်မူ တ‌ဖြေးဖြေးချင်းကြွားလာသည်။ 


“ကြည့် ဒီskillက ကောင်ူကောင်း ချိတ်ဆက်နိုင်မယ်ဆိုရင် အခြားအသင်းရဲ့ အခြေစိုက်စခန်းထဲကို တိုက်ရိုက် တဖြောင့်တည်းဝင်တိုးသွားပြီး အားလုံးကို သတ်နိုင်လိမ့်မယ်”


“ဒီဆိုးရုပ်တဲ့ ရိုက်ချက်ကို ကြည့်စမ်းပါ။ အရမ်းကို မလန်းဘူးလား”


“ရိုးရိုးသားသားကပြောရရင် professional ကစားသမား အများစုတောင် ဒီလိုမလုပ်နိုင်ဘူး”


ထိုသို့ဖြင့် ချဲ့ကားသည်ထက်ချဲ့ကားကာ ကြွားဝါသည်ထက် ကြွားဝါပြီး ရင်းနှီးကျွမ်းဝင်လာပြီး နောက်တွင် လုက စာရိုက်ပို့သည်။ 


“မင်းက အရမ်းအင်အားကြီးတယ်”


ဝေ့ရှောင်း “ဒီလောက် လောက်ပါပဲ။ ငါက ကမ္ဘာ့ နံပါတ်တစ်ထက်တော့ နည်းနည်းလေး နိမ့်သေးတယ်”


လုဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများဟာ အသာကော့တက်သွားပြီး သူကမေး၏။ 


“မင်းက ဒီလောက် အင်အားကြီးနေရင် ဘာလို့ professional အဖြသ်မကစားတာလဲ”


ဝေ့ရှောင်းက ရပ်တန့်သွားသည်။ 


လု”အဖော်ပြကစားသမားအဖြစ် ကစားတာထက် frofessionalကစားတာက ကိုပြီး အနာဂါတ်မကြီးဘူးလား”


အခြားသော တစ်စုံတစ်ယောက်ကသာ ထိုကဲ့သို့သော မေးခွန်းကို မေးလာခဲ့မည်ဆိုလျှင် ထိုလူဟာပိုင်ချိုင်ဆိုလျှင်ပင် ဝေ့ရှောင်းဟာ အခြားသော အကြောင်းရာတစ်ခုဖြင့် အစားထိုးပြောပြီး နှောက်ယှက်လျက် ခပ်မြန်မြန်ကျော်သွားလောက်သည်။ သူသည် တိုက်ရိုက်ပင် သူ၏စိတ်ထဲမှ ခံစားချက်ကို ထုတ်ပြောနိုင်လိမ့်မည် မဟုတ်ပေ။ 


သို့ရာတွင် လုကမူ professional အသိုင်းဝိုင်းမှ မဟုတ်ချေ။ သူသည် ထိုအတိုင်း သာမှန်ကစားသမားဖြစ်သည်။ ထို့အပြင်သူ့ကို အကောင်းဆုံး ကရုစိုက်ပေးသူဖြစ်ပြီး သဘောထားကြီးကာ ကြင်နာတက်သောသူလည်းဖြစ်သည်။ 


ဝေ့ရှောင်းသည် သူ့ကိုလည်း အမှန်တကယ် သဘောကျသဖြင့် အမှန်တရားကို ပြောရန်အတင်ပြေသည်။ 


“မင်း ယုံမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါလွန်ခဲ့တဲ့ နှစ်နှစ်က စာချက်မှာ လက်မှတ်ထိုးလုနီးပါးပါ ဖြစ်သွားတာ။ ငါအဲဒီပိုက်ဆံနဲ့ အဖွားကို တစ်ကမ္ဘာလုံးအနှံ့ခေါ်သွား ချင်တာလေ။ ဒါပေမဲ့ ရလဒ်ကတော့...”


လုဖုန်ူက အနည်းငယ် အံ့သြသွားသည်။ 


‌ဝေ့ရှောင်း “ငါ့အဘွားကလည်း ငါ professional အဖြစ် ကစားချင်တာကိုကြားပြီး ငါ့ကို အစိတ်တွေအပိုင်းပိုင်းဖြစ်အောင် ရိုက်နှက်တော့မလို့လေ”


လု “ရှေးခေတ် လူကြီးတွေကတော့ esportနဲ့ ပါတ်သက်ပြီး နာမလည်ပေးနိုင်တာကတော့အမှန်ပဲ”

18 05

ဝေ့ရှောင်းက နောက်သည်။ 


“ငါက အဖွားနဲ့ အတူကြီးလာတာ။ ငါ့တစ်ဘဝလုံးနီးပါး သူမတစ်ယောက်တည်းကပဲ ငါအကြောက်ဆုံးပဲ။ သူမက ငါ့ကိုမလုပ်ခိုင်းတဲ့ အရာတွေကို မလုပ်ရဲဘူး။ ဒါ့အပြင် professional အဖြစ်ကစားတာကလည်း တော်တော်လေးကို စိတ်ရှပ်စရာပါ။ ဖိအားလည်းများတယ်။ ပင်ပန်းလွန်းတယ်။ ငါပိုက်ဆံ ဘယ်လောက်ရှာနိုင်သလဲ ဆိုတာပဲ မကြည့်နဲ့နော်။ ပိုက်ဆံဖြုန်းဖို့ အချိန်မရှိလောက်အောင် အလုပ်များတာ။ ဒီတော့ရှာနိုင်လည်း အသုံးမဝင်ဘူး”


ယခုလေးတင်သူတို့သည် game ပွဲအသစ်ထဲ သို့ဝင်ကာစဖြစ်သည်။ လု့ဖုန်းက စကားအပိုမပြောတော့ချေ။


ဝေ့ရှောင်းသည် အဘွားဖြစ်သူကို သတိရသွားသဖြင့် နှာခေါင်းကပင်အနည်းငယ် ယားယံလာသည်။ 


သူသည် Husky ကိုလှမ်းဆွဲလိုက်ပြီး အမွှေးကို အကြိမ်အနည်းငယ်ပွတ်ပြီးမှသာ မျက်ရည်များကို ထိန်းထားနိုင်သည်။ သူတို့နှစ်ယောက်သည် နောက်ထပ်သုံးပွဲ လေးပွဲခန့်ဝင်တိုးလိုက်ကြသည်။ ထို့နောက်လု့ဖုန်းကပြောသည်။


“ငါဒီမှာ လုပ်စရာရှိသေးတယ်။ အရင် log off လိုက်မယ်”


အချိန်အတန်ကြာ ကစားပြီးနောက်ဝေ့ရှောင်း၏ စိတ်အခြေအနေ သည်ပြန်လည် သက်သာသွားပြီဖြစ်သည်။ သူသည် အလွန်ပင်သဘောတူသည်။


“ ကောင်းပြီ”


သူဌေးက offline ဖြစ်သွားသည်။ ထို့ကြောင့် သူ၏ အဓိက အကောင့်သို့ပြန်ပြောင်းလိုက်ပြီး တစ်ယောက်တည်း ဝင်တိုးမည့်အချိန်တွင် Wechat မှ စာရောက်လာသည်။


Close “ နှစ်ယောက်အတူ ဝင်တိုးမလား”


ဝေ့ရှောင်း ၏ မျက်ဝန်းက တောက်ပသွား၏။ သူသည် ချက်ချင်းဆိုသလိုပင် သူ၏ individual ဝင်တိူးမှူကို လက်လျှော့လိုက်ပြီးပြန်ဖြေသည်။ 


“ ကောင်းပြီ”


Close “ စားပြီးပြီလား”


ဝေ့ရှောင်း “ မစားရသေးဘူး”


Close က ဆက်မေးသည်။


“ အခုမှ နိုးတာလား”


ဝေ့ရှောင်း “ နိုးတာတော့ ကြာပြီ။ ငါသူဌေးကို အဖော်ပြုနေလို့…”


သူသည် စကားလုံးတစ်လူံးကို ရိုက်ပြီးသာသာ ရှိသေးသည်။ တစ်စုံတရာက မမှန်ကန်ကြောင်း ခံစားလိုက်ရသည်။


သူက အဖော်ပြုကစားသမားအဖြစ် အချိန်ကြာကြီး လုပ်နေတယ်ဆိုပြီး သူ့ကိုအကဲမဖြတ်နဲ့နော်။ သူက အရင်က ဘယ်သူဌေးကို မှ အတိအကျ အဖော်ပြုဖူးတာ မဟုတ်ဘူး။ 


သူ၏ ယခင် ရှာနိုင်သမျှ ပိုက်ဆံများအားလုံးသည် Professional ကစားသမားများကို အနိုင်ကျင့်ပြီး ရလာခြင်း ဖြစ်သည်။


မိမိ၏ မဟာဂုဏ်သတင်းသည် အလွန်လန်းသည်။


ဝေ့ရှောင်းသည်လည်း ပုံမှန်အားဖြင့် အလွန်အရှက်မဲ့နေကြ ဖြစ်သည်။ သို့သော် ရုတ်တရက် Closeကို ကိုင်တွယ်ရသော အခါ ပုံမှန် မဟုတ်သော ဂရုစိုက်မှူကို ခံစားရသည်။ သူသည် လေသံကိုပြောင်းလိုက်သည်။


“ နည်းနည်းတော့ ကြာပြီ။ ငါ ငါရဲ့ ကောင်မလေးနဲ့ ကစားပွဲအချို့ကစားနေတာလေ”


ထိုစာစောင်ကိုပို့ပြီးနောက် ဝေ့ရှောင်းက ကိုယ့်ကိုကိုယ် ချီးကျူးလိုက်သည်။… လောင်ဇီက တကယ်ကိုသောက်ကျိုးနည်း ဉာဏ်ကောင်းတာပဲ။ ဘဝရဲ့ အနိုင်ရသူ တစ်ယောက်လို ကစားတဲ့ပုံစံကို ကြည့်စမ်းပါ။ တကယ်ကို တအားလန်းသွားတယ် မဟုတ်လား။ 


******