အပိုင်း (၁၉)
သူက သာ တစ်ဖက်ခြမ်းမှ သူသည် ဝေ့ရှောင်း၏ ကောင်မလေးအဖြစ် အမည်တပ်ခံရသည့် ပုဂ္ဂိုလ်မှန်းသာ သိလျင် ထိုမျှထိ လန်းသည်ဟု မခံစားရလောက်ချေ။
လုဖုန်း က သဘောတကျ ပြုံးသည်။
“ ကောင်မလေး ဟုတ်လား”
မဟာမိစ္ဆာဘုရင်သည် မဟာမိစ္ဆာဘုရင်ဖြစ်နေရသည့် အကြောင်းပြချက် ရှိသည်။ ပထမဦးဆုံးအနေနှင့် လုဖုန်း အလွန်အင်အားကြီးသည်။ သူသည် ကိုယ်ပိုင် အင်အားကို သုံးပြီး ကမ္ဘာ အနှံ့ တွင် ရှိသော professional ကစားသမားများကို ချေမွနိုင်သည်။ သူကသာ မိစ္ဆာဘုရင်မဟုတ်လျင် မည်သူကမှ ကိုယ့်ကိုကိုယ် ဘုရင်ဟု မသတ်မှတ်ဝံ့လောက်ချေ။ ဒုတိယအချက်အနေဖြင့် သူသည် အေးစက်သည်။ ဖာသိဖာသာ နေတတ်သည့် အကျင့်စရိုက်မျိုး ရှိသည်။ ထို့ကြောင့် သူ၏ စိတ်ကူးယဥ် ပရိတ်သတ်များ၏ ဗျူဟာကျကျ ခဲခြားစိတ်ဖြာမှု အရ တစ်နှစ်ပါတ်လုံး Close ၏ နှုတ်ခမ်းကော့တက်သွားမှုကို ဖြစ်နိုင်ချေသည် ဥက္ကာခဲ တုံးက ကမ္ဘာပေါ်သို့ ပြုတ်ကျသည့်နှင့် အလားသဏ္ဍန်တူသည်။
“ ကောင်းပြီ နည်းနည်းလေးတော့ ချဲ့ကားရာ ရောက်တယ်ဆိုပေမယ့်လည်းပေါ့...”
ထိုသိူ့ဖြင့် လုဖုန်း သည် ပြုံးပြချင်းအား မည်မျှ သဘောမကျရာ ရောက်ကြောင်း ဖော်ပြရာ ရောက်သည်။
ယခုအခါတွင်မူ Close သည် ဝေ့ရှောင်းနှင့် ေတွ့လာသောအခါ ဥက္ကာခဲ ကြီး၏ မိခင်ဂြိုလ်ကို ဝင်ဆောင့်တိုက်သော အကြိမ်ရေက အလွန်အမင်း များလာသည်။
ဝေ့ရှောင်းက ယခုသူသည် အသက်၁၉ နှစ်ထဲနှင့် ကောင်မလေး ရနေသည့် အကြောင်းရာကိုတွေးမိသော် တိုးတိတ်စွာမနေလေပဲ ထုတ်ကြွားရန် ထိုက်တန်သည်ဟု ခံစားလိုက်ရသည်။
“ အဆင့်တက် ပွဲစဥ်တက်ရုံလောက်ပါ။ ဒီတိုင်းကို အဖော်ပြုပြီး ကစားပေးရုံပါပဲ”
လု့ဖုန်း “ ဒါဆိုရင်လည်း မနှောက်ယှက်တော့ပါဘူး။ ဟုတ်ပြီလား”
ဝေ့ရှောင်း “ မဟုတ်ဘူးလေ။ သူမက အရမ်းအလုပ်များတာ ပွဲစဥ်အနည်းငယ်လောက် ကစားပြီးတော့ အခြားကိစ္စ တစ်ခု လုပ်စရာရှိလို့ ထွက်သွားတယ်”
လု့ဖုန်း “ ကျောင်းသူလား”
ဝေ့ရှောင်းကလည်း ချဲ့ကားပြန်သည်။
“ အလုပ်လုပ်နေပြီ။ အင်အားကြီးမားတဲ့ အမျိုးသမီးတစ်ယောက်ပေါ့”
ပိုက်ဆံ နှစ်သန်းသုံးပြီး အဖော်ပြုကစားသမားတစ်ယောက်ရှာနိုင်ရန် အလို့ငှာ သူ၏ သူဌေးသည် ဥက္ကဋ ကြီးတစ်ယောက် ဖြစ်နေသည်။
လု့ဖုန်း “ အင်း”
လု့ဖုန်းထံမှ ထိုစကားလုံးကို ရင်ဆ်ုင်ရသော အခါ ဝေ့ရှောင်းသည် ထပ်၍ မရှင်းပြဘဲ မနေနိုင်ပေ။
“ သူမက အလုပ်လုပ်နေတဲ့အချိန်မှာ အလွန်အင်အားကြီးတာ။ သီးသန့်အချိန်မှာတော့ တအားချစ်ဖို့ ကောင်းနေပြန်ရော။ အထူးသဖြင့် ဂိမ်းကစားတဲ့အချိန်မှာပေါ့။ အလွန်ညဏ်ကောင်းပြိး နာခံတတ်တယ်”
လု့ဖုန်း “ ….”
ဝေ့ရှောင်းသည် ပျော်ရွှင်စွာ ဖြင့် ထိုကိစ္စများကို ချဲ့ကားပြောပြသည်။
“ မီးမှောဆရာအဖြစ် ကစားတဲ့အချိန်မှာ ချစ်စရာအကောင်းဆုံးပဲ။ ဘေးပတ်ပတ်လည် ခုန်ပေါက်နေတာလေ။ အဲဒီနောက် ငါရဲ့နှလုံးသားထဲကို တိုက်ရိုက်ခုန်ဝင်လာရောပဲ”
ကစားသမားတစ်ယောက်ပုံစံဆောင်ရန်အလို့ငှာ လု့ဖုန်းသည် လု့ ဟူသော အကောင့်ကို သုံးပြီး ဝေ့ေရှာင်းနှင့် ကစားရာတွင် မီးမှော်ဆရာ တစ်မျိုးတည်းကိုသာ သုံးနိုင်သေးလေသည်။
ဝေ့ရှောင်းက ချောင်းဟန့်သည်။
“ အဟွတ်။ ငါ့ကို မကြည့်နဲ့တော့။ အခု စကစားသင့်ပြီ ထင်တယ်။ ငါ စကားပြောတာများသွားတယ်”
လု့ဖုန်း “ ရပါတယ်”
အဆုံးတတ်နားတွင် သူသည် စကားတခွန်း ထပ်ဖြည့်ပြောလိုက်သည်။
“ မင်း မနက်ဖြန် အခြေစိုက်စခန်းကို နှစ်ယောက်လုံး အတူလာလို့ ဖြစ်လား”
ဝေ့ရှောင်း “ !”
“ မဖြစ်ဘူး မဖြစ်ဘူး”
ဝေ့ရှောင်း အလျင်စလို ပြန်ဖြေသည်။
“ သူမက တအားအလုပ်များတယ်”
လု့ဖုန်း “ မနက်ဖြန်က တနဂ်နွေ”
ဝေ့ရှောင်းက အံကျိတ်သည်။
“ အင်အားကြီးတဲ့ အမျိုးသမီးတွေအတွက် ပိတ်ရက်ဆိုတာ မရှိဘူး”
19 02
လု့ဖုန်း “ ဒါဆိုရင်တော့ သူက ဒီလောက် အလုပ်များနေတာတောင် မင်းနဲ့အတူ ကစားပေးတယ်ဆိုတော့ မင်း တန်ဖိုးထားသင့်တယ်”
ဝေ့ရှောင်းက သူ ဆိုသော စကားလုံးကို စိုက်ကြည့်မိသွားသည်။
လု့ဖုန်း “ အို မှားရိုက်တာ”
ဝေ့ရှောင်းသည်လည်း သေချင်လောက်အောင် အပြစ်မကင်းသလို ဖြစ်သွားသည်။
“ ခေါင်းဆောင်လုရဲ့ စာလုံးမှားရိုက်တာက တကယ်ကို သေလောက်တယ်”
လု့ဖုန်းက စာကိုပြန်ရုတ်သွားပြီးနောက် type ရိုက်ပြီး ပြန်ပို့လာသည်။
“ ဒီလောက် အလုပ်များနေတဲ့အချိန်မှာ မင်းနဲ့အတူ game ကစားပေးတယ်ဆိုတော့။ မင်း တန်ဖိုးထားသင့်တယ်”
ဝေ့ရှောင်းက ထိုစာကို ဖတ်ပြီး ထပ်ခါတလဲလဲ ထပ်ဖတ်သည်။ ထို့နောက် လုဖုန်းသည် သူ ကို စာရိုက်မှားသွားခြင်း မဟုတ်လေပဲ တကယ်တန်ဖိုးထား သင့်သည်ဆိုသော စကားလုံးကို ပြောင်းသုံးထားကြောင်း တွေ့လိုက်ရသည်။
မဟုတ်တာ စာကြောင်းမှန်တာ သေချာရဲ့လား။ လု့ဖုန်းက နောက်ထပ် စာတစ်ကြောင်း ပို့လာသည်။
“ မှားနေတုန်းပဲ။ ဒီတိုင်း ဖြည့်တွေးလိုက်”
ဝေ့ရှောင်း “ …”
“ သူမ”
ဝေ့ရှောင်း က အမှန်ပြင်ပေးလိုက်သည်။
“ သူမ ဖြစ်ရမှာ”
လု့ဖုန်း “ ငါ သိပြီ”
ဝေ့ရှောင်းကမူ တစ်ဖက်သူသည် အမှန်တကယ် မသိဟု ခံစားနေရသည်။ သေချာပေါက်ကိုပဲ။ လူတစ်ယောက်က စကားကို ပေါက်ကရ မပြောသင့်ဘူး။ ပေါက်ကရ ပြောလိုက်တာနဲ့ အသေးငယ်ဆုံးသော ကိစ္စမှာတောင် စားပွဲအလှန်ခံရတဲ့ ရင်းနီးမူမျိူးကို ကြုံရနိုင်တယ်။
မေ့လိုက်တော့။ မေ့လိုက်တော့။ သူ့ရဲ့ လက်ရှိဘဝကို ကြွားနေမယ့်အစား…ဝေ့ရှောင်းက မေးလိုက်သည်။
“ ဝင်တိုးကြမလား”
လု့ဖုန်း “ အရင်သွားစား”
လု့ဖုန်းကမူ မနေ့က ကောင်းကောင်း မကစားခဲ့ရချေ။ ဒီနေ့တွင်မူ ပျော်ရွှင်ခြင်း စိတ်အပြည့်ဖြင့် ဖြစ်နေသည်။
“ ငါ မှာထားတဲ့ မုန့်တွေကလည်း မရောက်သေးဘူး။ အရင်တစ်ပွဲဆော့ရအောင်”
လု့ဖုန်းက သဘောတူသည်။
သောကြာနေ့တိုင်းလိုလို Update ပေးသည့် အစီစဥ်ကလည်း ရှိသည်။ ထို့ကြောင့် ထိန်းသိမ်းရေးထံမှ data package အသစ်များကို download လုပ်သသည့်အချိန်တွင် လုဖုန်းက မေးလိုက်သည်။
“ ငါ stream မယ်ဆိုရင် ကိစ္စ မရှိဘူး မဟုတ်လား”
ဝေ့ရှောင်းသည် professional glory အသိုင်းဝိုင်းတွင် မရှိနေသော်လည်း သူသည် professional ကစားသမားများလို အလွန်မင်း ကောင်းမွန်စွာနားလည်ထားသည်။ သူတိူ့သည် ပြိုင်ပွဲများ ကစားရန် လိုအပ်သည်။ သင့်တော်သော အချိန်တွင်လည်း စားသောက်ရသေးသည်။ Fans များနှင့်လည်း အဆက်သွယ်ပြတ်၍ မရချေ။ ထို့အပြင် သူတိူ့၏ live stream နာရီကလည်း အိပ်ရာဝင်အိမ်စာ အလား ဖြစ်နေသေးသည်။
သူက စိတ်ထဲမထားပေ။
“ရတယ်လေ။ ကြိုက်သလောက် stream လိုက်”
သူသည် ပိုင်ချိုင် streaming လုပ်နေချိန်တွင် မကြာခဏဆိုသလို အဖော်ပြုနေကြ ဖြစ်သည်။ ကျေနပ်နေပြီးသား ဖြစ်သည်။ သို့ရာတွင် တစ်ဖက်သူသည် အထောက်ပံ့ ဇနီးလေး မဟုတ်ဘဲ Esport ၏ မဟာမိစ္ဆာ ဘုရင်ကြီးဖြစ်ကြောင်း မေ့နေသည်။
လု့ဖုန်း၏ live studio သည်ဖွင့်ခါစ သာရှိသေးပြီး Weibo တွင်ပင် မ hare ရသေးခင် ကြည့်ရှုသူများက ချက်ချင်းဆိုသလို တန်းကျော်သွားသည်။
“ စောင့်ဆိုင်းတဲ့သူတွေက အရာအားလုံး ရနိုင်တာပဲ။ ငါနောက်ဆုံး တော နောက်ယောင်ခံလိုက်တာက အဆင်ပြေသွားပြီး နတ်ဘုရားလု တိုက်ရိုက်ထုတ်လွင့်တဲ့အချိန်ထိ စောင့်လိုက်နိုင်ပြီ”
“ အား နတ်ဘုရားလု က သူ့ရဲ့ life stream studio က မြက်တွေကို ဆွဲနှုတ်လိုက်ပြီ”
“ အို၊ အိုး။ ဘုရားရေ ဘုရားရေ။ ငါရဲ့ ဒီဘဝမှာ နတ်ဘုရားလု့ကို ပြန်ထပ်မြင်နိုင်ပြီပဲ။ ဒီအဘွားကြီးကတော့ ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်ပါပြီ”
“ မဟုတ်တာ။ ဒီနေ့မိုးလည်း မရွာပါဘူး။ ဘာလို့ ရုတ်တရက်ကြီး Closeက အပေါ်ကနေ ပြုတ်ကျလာတာလဲ”
Comments များသည် ရူးသွပ်လောက်အောင် ဖြတ်ပြေးသွားသည်။ အများစုကမူ စစ်မှန်သော ချစ်ခြင်းအကြောင်း အော်ဟစ်နေပြီး အမျိုးမျိုးသော ဖွင့်ဟချက်များ၊ အာကာသထဲအတွင်း လက်ထပ်ရန်အတွက် သွားရောက်ယှဥ်ပြိုင်ရန် တောင်းဆိုမှုများဖြင့် ပြည့်နှက်သွားသည်။
ပျင်းထန်ပြီး ရူးသွပ်နေသော comment များ၊ အကျိုးကြောင်း သင့်တင့်တွေးတော နိုင်သော ပရိတ်သတ်အချို့နှင့်အတူ ပေါ်လာသည်။
“ နတ်ဘုရားလု cameraကို လှည့်မှာလား”
ထိုစကားလုံးများထွက်လာသည်နှင့် အားလှိုင်း သန်းကျော် သွားသည်။ ကောင်မလေး ပရိတ်သတ်ပင် ဖြစ်စေ၊ အိမ်ကြီးရှင်မ ပရိတ်သတ်ပင် ဖြစ်စေ၊ မာမား ပရိတ်သတ်ပင် ဖြစ်စေ၊ cp fanပင် ဖြစ်စေ၊ အဆိပ်ရှိ ပရိတ်သတ်ပင် ဖြစ်စေ အားလုံးက တပြိုင်တည်း တညီတညာတည်း တောင်းဆိုကြသည်။
“ ကင်မရာကို ဖွင့်လိုက်။ ကင်မရာကို ဖွင့်လိုက်”
လု့ဖုန်းက mic ကိုသာ ဖွင့်သည်။
“ နည်းနည်းတော့ လေ့ကျင့်စရာ ရှိသေးတယ်။ ငါဒီအတိုင်း သာမန်ပွဲပဲ ဆော့မှာ”
19 03
သူ၏ မျက်နှာကို မမြင်နိုင်သော်လည်း သူ၏ အသံတစ်ခုတည်းက တင် သူ၏ live stream studio အတွင်းရှိ မြောက်များလှစွာသော ပရိတ်သတ်များကို လှုပ်ခါရန် လုံလောက်သည်။
“ တန်တယ်။ ဒီသောကြာကတော့ အတော်တန်တယ်”
“ ဝူး ဝူး ဝူး ဝူး။ နားထောင်ကောင်းလွန်းလှတဲ့ အသံလေးပါလား”
“ ညီအမတို့ ထိန်းထား။ မင်းတို့ ဘာကို recording လုပ်ကြမှာလဲ”
Data package အသစ်ကို download လုပ်ပြီး install ချပြီးနောက်တွင် လု့ဖုန်းက game အတွင်း login ဝင်လျက် အသင်းခန်းကို ဖွင့်သည်။
Studioထဲမှ ပရိတ်သတ်များကမူ ကိစ္စကြီး တစ်ခုဖြစ်ပျက်လောက်ကြောင်း မသိကြသေးချေ။ သူတို့သည် ဒီအတိုင်း သူတို့အချင်းချင်းပျော်ပျော်ရွှင်ရွှင် ဆွေးနွေးနေကြသေးသည်။
“ နတ်ဘုရားလု့က ဘာကစားမှာလဲ။ ငါကတော့ ဘာမဆို အဆင်ပြေတယ်။ ဒီနေ့က နှစ်သစ်ကူးနေ့လိုပဲ”
လု့ဖုန်းသည် သူ၏ friend list ထဲမှ လူတစ်ယောက်ကို invite လိုက်သည်။
Id... professor
တိုက်ရိုက် ထုတ်လွှင့်မူ အတွင်း လှိမ့်တက်နေသော comments များက စက္ကန့် တစ်ဝက်ခန့် ရပ်တန့်သွားပြီး နောက် ရုတ်တရက် ပေါက်ကွဲသည်။
professor
professor
မဟာဆရာသခင်
ရှာဖွေမှု အများဆုံး ခေါင်းစည်းကြီးက မပြောင်းသေးချေ။ တစ်ဖန်ထပ်ပြီး ပေါ်မည့်ပုံစံဖြစ်လာသည်။
“ သောက်ကျိုးနည်း ဒါက တကယ်ပဲလား။ မဟာဆရာသခင်က FTW ကို တကယ်ပဲ ဝင်တော့မှာလား”
“ သူတို့နှစ်ယောက်က မနေ့ညကတင် နှစ်ယောက်အတူ ဝင်တိုးပြီးကာစ မဟုတ်လား။ ဒါကိုမှ ရုတ်တရက်ကြီး သူတို့ရဲ့ game ကို stream လုပ်ရင်းနဲ့ ဖွင့်ဟ ဝန်ခံနိုင်တယ်”
အတင်းဖျင်းများကို လိုက်မမှီနိုင်သေးသော တစ်စုံတယောက်က ရှိနေသေးသည်။
“ ဘယ်သူက မဟာဆရာသခင် လဲ”
လူတစ်ယောက်က ချက်ချင်းဆိုသလို ရှင်းပြပေးသည်။
“နောက်ကွယ်က ပရိတ်သတ်တွေအားလုံး ကို ယူကြုံးမရဖြစ်စေပြီး gloryအသိုင်းဝိုင်း က အမျိုးသားတိုင်းကို မုန်းတီးစေတဲ့သူတစ်ယောက်ပေါ့”
“ ငါ့ရဲ့ အသိုင်းဝိုင်းထဲက ထိပ်တန်းအဆင့် ပြိုင်ပွဲဝင်တွေအားလုံးကို ဘယ်သောအခါမှ မမေ့နိုင်စေလောက်မယ့် မြင်းရိုင်းတစ်ကောင်ပေါ့”
“ ပွဲဦးမထွက်ရသေးတောင်မှ ကြောက်လန့်မှု ဇာတ်ကြိုးကို ဆွဲထားတဲ့ အမျိုးသားတစ်ယောက်လေ”
ကံကောင်းသည်မှာ ဝေ့ရှောင်းသည် comments များကို မမြင်နိုင်ပေ။ သို့မဟုတ်လျင် သူသည် သေချာပေါက်… သူ့ကိုယ်ကိုကိုယ်သူ ကောင်းကောင်း ကြော်ငြာပေလိမ့်မည်။
တစ်ပွဲ ၂၀၀ က မလုံလောက်တော့ဘူး။ တစ်ပွဲ ၅၀၀ ကသူရဲ့ လက်ရှိကျော်ကြားမှု နောက်ခံနဲ့ ကိုက်ညီတော့မှာပေါ့။
ပြောရမည်ဆိုလျင် လည်း သူ၏ သူဌေးသည်လည်းအမြင်ကောင်းသည်။ ထို့ကြောင့် အနိမ့်ဆုံးသော စျေးနှင့် ဂိမ်းပွဲ ၁သောင်းကို ဝယ်ယူသွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အရှုံးမရှိဘဲ တည်ငြိမ်သော အကျိုးမြတ်ကို ရလိုက်ခြင်းဖြစ်သည်။
ဝေ့ရှောင်းက mic ဖွင့်လိုက်သည်။
“ ကြားရလား”
သူသည် live stream လုပ်နေသောအခါ စကားလုံးများကို ကောင်းကောင်း သုံးတတ်သည်။
လု့ဖုန်း “ အင်း”
ဝေ့ရှောင်း “ စမယ်လေ။ ငါကတော့ အသင့်ပဲ”
လု့ဖုန်း “ တစ်ပွဲပဲ။ အဲဒီနောက် မင်း သွားစားလိုက်ဦး”
ဝေ့ရှောင်း “ ရပါတယ်။ ငါ ဗိုက်မဆာဘူး”
လု့ဖုန်းက တိတ်သွားသည်။
ဝေ့ရှောင်းက ခပ်မြန်မြန် ပြောသည်။
“ ကောင်းပြီ။ ကောင်းပြီ။ ကောင်းပြီ။ မင်းပြောသလိုပဲပေါ့”
လု့ဖုန်း “ အင်း”
ရိုးရှင်းသော စကားပြောခန်းသာ ဖြစ်သည်။ သို့သော် comments များကမူ ရုးသွားသည်။
“ ဒါကငါ့ရဲ့ မဟာမိစ္ဆာဘုရင်လား။ ငါ့ရဲ့အရိုင်းဆန်ပြီး ခံစားချက်မဲ့တဲ့ မဟာမိစ္ဆာဘုရင် လိုမျိုး live streaming လုပ်တာ နာရီဝက် ကြာသွားတာတောင် စကားတစ်လုံးပဲ ပြောတဲ့သူက ဘယ်ရောက်သွားလဲ”
“ မဟုတ်တာ… သူက အေးစက်ပြီး ဘာကိုမှ ထင်ရင်မထင်သလို ဖြစ်နေရမှာ မဟုတ်ဘူးလား။ အမြဲတမ်းကျောက်ရုပ်၊ ရိုသေလေးစားမှုအပြည့်နဲ့ မော်ကြည့်ရုံပဲ တတ်နိုင်တဲ့ တောင်တန်း ထိပ်က တစ်စုံတစ်ယောက် မဟုတ်ဘူးလား။ စကားလုံးတစ်လုံးတည်းနဲ့ အခြားသူ ကို ပိတ်လှောင်သွားအောင် လုပ်နိုင်တဲ့ လူလေ”
“ နေဦးနေဦး ။ ငါရဲ့ FTW က ခဏနေ တကယ်ပဲ လေ့ကျင့်ရေး ပွဲစဥ် ရှိတာလား။ နတ်ဘုရားလု့က game တစ်ပွဲပဲ ကစားမယ်ဆိုတာက မဟာဆရာသခင် မုန့်သွားစားနိုင်အောင်လို့တော့ မဟုတ်လောက်ပါဘူးနော်။ ဟုတ်တယ်မလား”
“ နတ်ဘုရားလုရဲ့ အဲဒီတိတ်ဆိတ်မှုက နည်းနည်းလေး … နောက်ပြောင် သလိုမျိုးလို့တောင် ခံစားနေရတယ်”
“ မဟာဆရာသခင်က တကယ်ကို… သူပြောတဲ့အတိုင်း လုပ်နေတာပဲ”
19 04
“ ပရိတ်သတ်ဟောင်း တစ်ယောက်အနေနှင့် တစ်စုံတစ်ရာကိုတော့ အတည်ပြု ပေးရမယ်ထင်တယ်။ မဟာဆရာသခင်ရဲ့ မင်းပြောသလိုပဲ ဆိုတာက ချိုင်ချိုင် ကို ဆယ်ကြိမ်ထက် မနည်းပြောဖူးတယ်။”
….
Glory အသိုင်းဝိုင်းထဲက အမျိုးသားတွေ ဆိုတဲ့ အတိုင်းပဲ သူတို့လမ်းကြောင်းကသာ ကောက်ကွေ့နေတာ”
“သေချာပေါက်ကိုပဲ အမျိုးသားတစ်ယောက် ကောင်ဆိုးလေးတစ်ယောက်မှ မဟုတ်လျှင် အခြားသောအမျိုးသားတွေက ချစ်မှာ မဟုတ်တော့ဘူး”
gameပွဲ အတွင်းတွင် လုဖုန်းက ဝေ့ရှောင်းကို မေးသည်။
“Top laneကို စမ်းကြည့်မလား”
“ပြဿနာ မရှိဘူး”
လုဖုန်းက jungler နေရာကို ယူလိုက်ပြီး အမည်ပုဂ္ဂိုလ် ရွေးလိုက်ပြန်သည်။
ဝေ့ရှောင်းကမူ Top laneက လွဲပြီး မည်သည့်နေရာတွင်မဆို ကစားနိုင်သော သူမျိုး ဖြစ်သည်။
ဒါပေါ့ သူ မလုပ်ဘဲ ကျွမ်းကျင် ချဲ့ကား နေရာတစ်ခုကိုတော့ အထူးတလှယ် နူးညံ့ညင်သာ ပေးတာပေါ့။
လုဖုန်းက အနီးကပ်တိုက်ခိုက်သည့် heroများတွင် အထုးတလှယ်တော်သလိုမျိုး ဝေ့ရှောင်းသည်လည်း အလားတူဖြစ်သည်။
သူကသာ jungler မကစားနိုင်လျှင် ဝေ့ရှောင်း၏ နောက်ထပ် သဘောအကျဆုံးက Top lane ဖြစ်သည်။ Top lane jungler ပိုင်တွင် သုံး၍ရသည့် heroများလည်းရှိသည်။ ထိုheroများကို ရွေးချယ်မှုက lane upနှင့် ဆိုင်သည်။
အဆင့်နှိမ့်အဆင်းတက်ပွဲစဥ်တိုင်းတွင် ထိုကိစ္စများကို စာရင်းထဲ ထည့်စဥ်းစားရန် မလိုအပ်ချေ။ သို့သော် အဆင့်မြင့်ပိုင်းတွင်မူ လိုအပ်လာသည်။
အထူးသဖြင့် indivitual အင်အားက မည်သို့ဖြစ်နေခဲ့စေကာမူ line upက သူတို့ကို ချုပ်ထိမ်းထားခဲ့လျှင် ကမ္ဘာ့ကစားသမား နံပါတ်တစ်ကပင် 5v5ကို မကိုင်တွယ်နိုင်ပေ။
လုဖုန်းသည် သူခိုးမယူချေ။ ထို့အစားသူသည် တစေ ဘာလာဒင်ကို ယူသည်။
ထိုheroသည် top laneအတွက် ပို၍ သင့်တော်သည်။ သို့သော် junglerတွင်လည်း သုံး၍ရသည်။
ဝေ့ရှောင်းသည်လည်း သူနှင့် ပူးပေါင်းသောအားဖြင့် သူခိုးကိုယူပြီး top laneတွင် ကစားသည်။
တစ္ဆေဘာလာဒင်၏ DPSက အတန်သင့်ငယ်သည်။ သို့သော် damage အထောက်ပံ့ပေးနိုင်သော သူခိုးနှင့် လိုက်ဖက်သည်။
Commentများကလည်း အတန်ငယ် တည်ငြိမ်သွားသည်။ နည်းပညာ ဧကရာဇ်အချို့ကမူ စတင်ကာ ခွဲခြားစိတ်ဖြာပြနေပြီ ဖြစ်သည်။
“အခုတလော closeက top lane heroတွေကို ရွေးနေတယ်နော်”
“Jungler နေရာအတွက် တစ္ဆေဘာလာဒင်ကို ရွေးတာက ဘာမှားနေလို့လဲ”
“L and P ကလည်း ဒီနှစ်finnalမှာ ဒီလိုနည်းလမ်း သုံးသားသေးတာပဲ”
“ဒီ season မှာ အပြာကော်လန် jungler တွေက အစစ်မှန် jellyတွေပဲ။ အေးစက်တဲ့ ခုံစောင်းမှာ သံနဲ့အရိုက်ခံထားရတဲ့ သူခိုးက မရှိတော့တာကြာပြီ”
“FTWမြန်မြန်လေး မင်းတို့ရဲ့ တွေးပုံတွေးနည်းလေးကို ပြောင်းစမ်းပါ။ jungler အမြူတေ(အသင်းရဲ့ အဓိကနေရာ Jungler တစ်ခုတည်းအဖြစ်သုံးခြင်း)ကို သုံးနေတာ ၃နှစ်ဆက်တိုက်ကြာသွားပြီ။ ဒါတောင်မှ မင်းတို့က ကမ္ဘာ finnalကိုတောင် မဝင်နိုင်သေးဘူး”
Hater များသည် စတင်ပြီး လူလုံးထွက်လာပြန်သည်။
“လုံလောက်ပြီ။ ကမ္ဘာ့ နံပါတ်တစ် ကစားသမား။ FTWရဲ့ အဓိက ကစားသမားက တစ်ဘဝလုံးမှာ သူပဲ ဖြစ်နိုင်တော့မယ်”
“ဒီ frofessor ရဲ့ဆုတွေကတော့ မဆိုးပါဘူး။ ဒါပေမဲ့ ကံဆိုးတာက FTWကို ဝင်လိုက်တော့ လမ်းဆုံးတာပဲ”
“ကလေး daddy အကြံပေးတာကို နားထောင်။ မင်း ဘယ်နေရာကိုမဆို သွားလို့ရတယ်။ ဒါပေမဲ့ FTWကိုတော့ မသွားနဲ့။ အနှေးနဲ့ အမြန်ပေါ့ နတ်ဘုရားလုက သွေးစုပ်တာကိုပဲ ခံရလိမ့်မယ်”
Gameပွဲက နာရီဝက်ပင်မကြာပေ။ အဆုံးသက်သွားသည်။ ဝေ့ရှောင်းသည် မနိုင်ခင်အထိ သူ၏စွမ်းရည်များကို အကောင်းဆုံးမညိနိုင်ခဲ့သေးချေ။
လုဖုန်း “ကောင်းပြီ သွားစားတော့”
19 05
လုဖုန်းက ငြင်းလိုသေးသည်။
“soloတစ်ပွဲလောက်ဆိုရင်ရော”
လုဖုန်း “သေချာ...”
ဝေ့ချောင်ူက ချက်ချင်းလိုလို ခုန်ပေါက်လုနီးပါး ဖြစ်သွားသည်။
“သွားမယ်”
လုဖုန်းက စကားကို ဆုံးအောင် ပြောသည်။
“မင်း ဘယ်အချိန် စခန်းဝင်လာမှာလဲ”
ဝေ့ရှောင်း”???”
လုဖုန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပြီး ပြောသည်။
“မနက်ဖြန်မှ တွေ့မယ်”
ဝေ့ရှောင်း၏ နှလုံးသားဟာ ယားယံလာသည်။
“အဲဒီကိစ္စက ...”
သူတို့ ဘယ်နေရာမှာ မဆို soloလို့ ရတယ်လေ။ ဘာလို့ စခန်းမှာမှ ဖြစ်မှာလဲ
ဝေ့ရှောင်းက တဖြေးဖြေးချင်းဆီပြောသည်။
“ငါတို့မှာ L and Pနဲ့ လေ့ကျင့်ရေးပွဲစဥ် ၃ပွဲတောင်ရှိတာ။ FTWက တစ်ပွဲနိုင်တိုင်း ငါမင်းနဲ့ ၃နာရီဆက်တိုက် soloပေးမယ်”
ဝေ့ရှောင်း”!!!”
လုဖုန်းက ဆက်ပြောသည်
“၃ပွဲဆက်တိုက်နိုင်ရင် ၉နာရီပဲ”
လုဖုန်းနှင့် soloရန် အိပ်မက်မက်နေခဲ့သော တွေးစလွန်းသော လူငယ်၏ သိတ်ဆန္ဒများက ခေါင်းသို့ထိုးတက်သွားသည်။
ဝေ့ရှောင်း “ကတိနော် ကတိပဲ”
လုဖုန်း “အင်း”
စိတ်လှုပ်ရှားပြီးသော ကာလက ကျော်လွန်သွားသောအခါ ဝေ့ရှောင်းဟာ စိတ်မြန်မြန် ငြိမ်သွားသည်။
တစ်ခုခုတော့ မဟုတ်သေးသလိုပဲ။
L and P သည် မြောက်အမေရိကတွင် အင်အားအကြီးဆုံးဖြစ်သည်။ မနှစ်က globel finnalတွင် runner upဖြစ်သည်။ FTWသည် နိုင်ငံတကာပြိုင်ပွဲတွင်ပင် Rown tallလုပ်နိုင်ခဲ့သည်။ သို့သော် finnal၏ runner upကိုမူ ယဥ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင်...
FTWသည် ဒီနှစ်အများကြီး ပြောင်းလဲထားသည်။
သူတို့၏ mid laneက တစ်နှစ်ပါတ်လုံး ပြေးလွှားပြီးနောက်မှ transfer စာရင်းတွင် ဝင်ရောက်နေခဲ့ခြင်းသည် ကစားသမားသစ် နင်ကျယ်ဟန်က ပြည်တွင်း လေ့ကျင့်ရေး ပွဲစဉ်မှ တဆင့် ပိတ်လှောင်ခံလိုက်ရသည်အထိ ရိုက်နှက် ခံလိုက်ရသေးသည်။ ထို့အပြင် Global Finalမှ Runner upနှင့် လေ့ကျင့်ရေး ပွဲစဉ်ကစားမည် ဆိုသော အချက်ကို ထည့်မတွက်ရ သေးချေ။ ရှောင်နင် က လျှင်မြန်စွာတိုးတက်လာခဲ့ပြီး middle lane ကို အမှီ ထိန်းထားနိုင်ခဲ့ မည်ဆိုလျင်ပင် FTWက Top lane ကစားသမား လိုအပ်နေသေးသည်။
နတ်ဘုရားထန်ကမှ မရှိတော့တာ။ FTWက နောက်ထပ် လူသစ်ကို လက်မှတ် မထိုးရသေးဘူး မဟုတ်လား။
ဒါမှမဟုတ် သူတို့က ဒီနေရာကို ဖြည့်ဖို့ အတွက် reserve က တစ်စုံတစ်ယောက်ကိုများ ပြောင်းယူတော့မှာလား။
ဝေ့ရှောင်းက reserve အသင်းက ကစားသမားများကို အထင်သေးချင်း မဟုတ်ဘဲ enemy က အင်အားကြီးလွန်းနေခြင်းကြောင့်ဖြစ်သည်။ solo ၉ နာရီ ဆိုတာက ဘာလဲ။ Close က သူ့ကိုလာ စနေတာပဲ။ FTW က နိုင်ဖို့ အခွင့်ရေးမှ မရှိတာ။ မဟုတ်မှ …
သူ၏ နှလုံးသားအတွင်း အကြံဆိုး တစ်ခုက ဝင်ရောက်လာသည်။ သူ သာ ထိုနေရာကိုသွားပြီး top lane နေရာကို အစားထိုး ဝင်ယူသင့်သလို မျှော်လင့်ချက် အနည်းငယ် ရှိလာသေးသည်။
တစ်ပွဲလောက် နိုင်ရုံဆိုလျင်ပင် အဆင်ပြေနိုင်သေးသည်။
ဒါဆိုရင် သူ သုံးနာရီဆက်တိုက် solo နိုင်မှာပဲ။
******