အပိုင်း(၂၀) သူသာ FTWမှာဆိုရင် Closeကို အခြားသူရှာဖို့ အင်အားရှိခွင့် ဘယ်ပြုနိုင်မှာလဲ။
ဘယ်ဖြစ်နိုင်မှာလဲ။
ဝေ့ရှောင်းက ထိုအကြံသည်၏ စိတ်ထဲမှ ထွက်သွားသည်နှင့် ခေါင်းကို ခပ်မြန်မြန်ခါ လိုက်သည်။
အပြင် လူတစ်ယောက်က FTW ခက်ခက်ခဲခဲရရှိထားတဲ့ လေ့ကျင့်ရေးပွဲစဥ်မှာ ဝင်ကစားလို့ ဘယ်ဖြစ်ပါ့မလဲ။
နောက်ပြီး ဒါက အသင်းကိုမွန်းမံရမဲ့ အခွင့်ရေးကြီးတစ်ခုပဲ။ သူတို့ကသာ အလုံးစုံရှုံးသွားခဲ့ရင်တောင်မှ အကျိုးမြတ်တော့ ရရှိဦးမှာပဲ။
ဖိအားသည် နှစ်ဖက်ဓားသွားနှင့် တူသည်။ ကောင်းကောင်း သုံးနိုင်ခဲ့လျှင် နင်ကျယ်ဟန်နှင့် Top laner အသစ်ကလည်း အလွန် လျှင်မြန်စွာ တိုးတက်လာလောက်သည်။ ယွဲဝမ်လဲ့က အကောင်းဆုံးဥပမာ တစ်ခုဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်ခန့်က သူသည် ဝေ့ရှောင်းကြောင့် မြေပြင်တွင် ပြားကပ်သည်အထိ အရိုက်ခံခဲ့ရသည်။ ယခုအခါတွင် သူ၏လက်ထဲတွင် ရေခဲကိုကိုင်ပြီး professional ကစားသမား အမြောင်အများကို အိပ်မက်ဆိုးဖန်တီးပေး နိုင်နေပြီဖြစ်သည်။
နင်ကျယ်ဟန်၏ ကြီးထွားမှုက လေ့ကျင့်ရေး ပွဲစဥ်ပြီးနောက် ပို၍ပင် အရှိန်နှုန်းမြင့်တက်သွားလောက်လေသည်။ တစ်လအတွင်းတွင် ဝေ့ရှောင်းသည် သူနှင့် solo gameနိုင်ရန်ပင် မဖြစ်နိုင်သေးချေ။
ထို့အပြင် လျှို့ဝှက်ဆန်းကျယ်သော ကစားသမားရှိနေသေးသည်။ အမည်မသိရသော ထောင့်တစ်နေရာတွင် ထိုကံကောင်းသောအကောင်က ပုန်းနေလောက်သည်။ သည်ပွဲစဥ် ဆက်တိုက်ပြီးဆုံးသွားပြီးနောက်တွင် သူသည် မြင်နိုင်စွမ်းအားနှင့် နားလည်နိုင်စွမ်းအား ပို၍မြင့်မားလာကာ ထိုအချိန်မှ စတင်လေပြီး တိမ်ဆိုင်ထိပ်သို့ ထိုးတက်သွားလောက်သည်။
ဝေ့ရှောင်းကတွေးလေလေ သူ၏လက်ထဲမှ ပေါင်မုန့်ကအရသာမရှိလေလေ ခံစားရခြင်းဖြစ်သည်။
“ဒါကဘယ်လိုရူးကြောင်ကြောင်နိုင်တဲ့ ကိစ္စလဲ။ ဒီအရူးလိုမုန့်က dateလွန်နေတာဖြစ်မယ်”
ဘာလို့ ချဥ်စုတ်လာတာလဲ။
ပဲပိစပ်လေးကလည်း ပါမုန့်ကို စားချင်သဖြင့် ခုန်ပေါက်နေသည်။ ဝေ့ရှောင်းက ခေါင်းကို ပုတ်လိုက်သည်။
“သွား ခွေးစာသွားစား”
ပဲပိစပ်”အာဝု”
ဝေ့ရှောင်းက သူ့ကို လစ်လျူရှုပြီး ပေါင်မုန့်ကို အမိုက်ပုံးထဲသို့ ထိုးထည့်လိုက်ပြီး ရှင်းလင်းနေသော ရေခဲ သေတ္တာကိုကြည့်သည်။
“shit ဒီလောင်ဇီက စားစရာခွေးစာတောင်မရှိဘူး”
ဝေ့ရှောင်းသည် အနည်းငယ် ဗိုက်ဆာနေသည်။ သူသည် သေူငယ်သော ကျောက်ပုဇွန်လေး အချို့ကိုမှာလိုက်ပြီးနောက် ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်ရင်း စောင့်နေလိုက်သည်။ သူ၏ cell phoneက မည်လာသည်။
ပိုင်ချိုင်”???”
ဝေ့ရှောင်းက စာမမြင်သလို သရုတ်ဆောင်နေလိုက်သည်။
ပိုင်ချိုင်သည် screenshotတစ်ခုနှင် စာပို့လာသည်။
“မင်းသောက်ကျိုးနည်း ငါ့ကို မင်းရဲ့ညီအစ်ကိုလို့ စဥ်းစား ဆင်ခြင်သေးရဲ့လား။ official အဖြစ်တောင်ကြေငြာတော့မယ်။ ဒါကိုမင်းက ငါ့ဆီကနေ ဖုံးကွယ်ထားတုန်းပဲ ။ ဟုတ်လား။ ကလေးတွေက ပဲငံပြာရည် ချက်ပြီးတဲ့အထိ စောင့်ပြီးမှများ ငါ့ကို လာပြောမှာများလား “
screenshot.ပါ အကြောင်းရာသည် ဝေ့ရှောင်း၏ မျှော်လင့်ထားမှု အတွင်းတွင်ရှိနေသေးသည်။
မဟာဆရာသခင် “ solo တစ်ပွဲဆိုရင် ဘယ်လိုလဲ”
Close “သေချာတာပေါ့”
မဟာဆရာသခင်(စူးရှ တက်ကြွစွာ ခုန်ပေါက်နေခြင်း):”သွားမယ်”
Close (ပြုံးနေခြင်း):” အခြေစိုက်စခန်းကို ဘယ်အချိန်လာမှာလဲ”
တစ်စုံတစ်ယောက်က လုဖုန်းနှင့် သူ၏စကားပြောခန်းကို captionများပင် တပ်ပေးထားသည်။ အထူးသဖြင့် အသေးစိတ်ကျကျကရုစိုက်ပေးထားသည်။ ထို့အပြင် နောက်တန်းတွင် သုံးသော emoticonများကိုပင် ထည့်ပေးထားသည်။
အောက်ဘက်ရှိ comments များကလည်း အပူတက်လွန်းသဖြင့် အပေါ် သို့ပင်ရောက်သွားသည်။
“ သက်သေရှိတယ်။ ဒါက အစစ်မှန် သူကိုင်တဲ့ လူပဲ။ Offical ကြော်ငြာချက်ကိုစောင့်နေတယ်”
“ ဒီ မဟာ ဗိုလ်ချုပ်ကြီးနဲ့ ဆိုရင် ငါတို့ရဲ့ FTW ကတော့ တည်ငြိမ်ပြီ”
“ ဒီနှစ်ရဲ့ တရုတ်ပြည် ပြိုင်ပွဲရေး နယ်မြေကတော့ တော်တော် လေး အင်အားကြီးနေမှာပဲ။ Polaris ကမြင့်တက်လာပြီ”
“ ကြည့်ဖို့တော့ တန်တယ်။ ကြည့်ဖို့တော့ တန်တယ်။ ငါကတော့ National Fianl ကိုမျှော်လင့်စောင့်စားနေပြီ”
“ မင်းပြောတော့ professional အဖြစ် ကစားမယ့် အစားအရိုက်ပဲ ခံလိုက်မှာဆို။ FTW ကို ဘယ်တော့မှ မလာပါဘူးဆို။ မင်းပြောတော့ ငါ့ရဲ့ အသင်းဖော် လုပ်မည့်အစား အငတ်ခံလိုက်မယ်ဆို”
ဝေ့ရှောင်း က ဆံပင်ကို ဆွဲသည်။
“ မင်းနားလည်မှု လွဲနေတာ”
ပိုင်ချိုင် “ ဒီနေရာမှာ recording တောင်ရှိနေတုန်းပဲ။ မင်းက ငါ့ရဲ့ အဆောက် ဦး အောက်ကို ရောက်လာပြီးတဲ့နောက်မှ တရား ဝင် ကစားရင်း ကြွား ဝါ ပြချင်တာလား”
ဝေ့ရှောင်း က သက်ပျင်းချသည်။
20 02
“ ငါ FTW ကိုသွားချင်မှာ မှန်ပေမယ့်လည်း မင်းတို့ရဲ့ လေ့ကျင့်ရေး ပွဲ စဥ် ကိုကြည့်ဖို့ အတွက်ပဲ”
ပိုင်ချိုင် “ ဘာ”
ဝေ့ရှောင်းက သူ့ကို ပုံပြင်တစ်ပုဒ် လုံး ရှင်းပြလိုက်သည်။ ပိုင်ချိုင်က ခေါင်းရှပ်နေသေးသည်။
“ ဆိုတော့ မင်းဆိုလိုတာက…. မင်းကFTW ကို လာလည်မှာပေါ့ “
ဝေ့ရှောင်း “ အင်း”
ပိုင်ချိုင် “ ….”
သူတို့တွေ အင်တာနက် တစ်ခုလုံးကို ပေါက်ကွဲ မတတ် ရှပ်ထွေးအောင် ကန်ကျောက်ထားတာနော်။
ဒါတောင် မှ အသင်းထဲ ကို မဝင် ဘူးလို့ပြောနေတုန်းလား။
ပိုင်ချိုင် က ရုတ်တရက် တစ်စုံတစ်ရာ ကိုနားလည်သွားပြီး သူ၏ နှလုံးသား ဟာ သိမ်းယူခံ ရပြီးလေပြီ။ ပိုင်ချိုင်ကို သာမန်ကာ လျှံကာ မေးလိုက်သည်။
“ အရင် က Close က top laner တစ်ယောက်ကို စိတ်ဝင်စားနေတယ်လို့ မင်းပြောထားတယ် မဟုတ်ဘူးလား”
ပိုင်ချိုင်က တခဏ ခန့် တိတ်ဆိတ်သွားသည်။
“ အင်း”
ဝေ့ရှောင်း ၏ အသံ က ပို၍ပင်သာမန်ဆန်လာသည်။
“ ဘယ်သူလဲ”
“ မင်းလေ”
ပိုင်ချိုင်သည် Glory professional အသိုင်းဝိုင်း ကြီးတစ်ခုလုံးတွင် အသိဆုံးလူတစ်ယောက်ဖြစ်ရန် ထိုက်တန်၏။ သူ၏ ဦးနှောက် ၏ လည်ပတ်ပုံသည် အလွန်မင်းမြန်ဆန်သည်။ သူသည် သိပ်မကြာခင် သူ၏အတွေး အစွန်းနားလေးများကို လှမ်းထိလိုက်နိုင်သည်။
ပိုင်ချိုင် “ လျှိူ့၀ှက်ချက်”
ဝေ့ရှောင်းက ကျွတ်စုပ်လိုက်သည်။
“ ငါလေ့ကျင့်ရေးပွဲစဥ် ကို လာြကည့်တာနဲ့ ငါဘယ်သူလဲ ဆိုတာကိုတန်းသိမှာပဲ မဟုတ်ဘူးလား”
“ ဒါက ငါနဲ့ မဆိုင်ဘူးလေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါပြောတာ မဟုတ်ဘူး”
ဝေ့ရှောင်း က အမှန်ပင် စိုးရိမ်လာသည်။
တွန့်တိုတဲ့ ဂေါ်ဖီထုပ်။
ပိုင်ချိုင် က သူ့အားရည်ရွယ်ချက် ရှိ ရှိ ဖြင့်လှုံ့ဆော်လိုက်သည်။
“ ဆိုတော့ မင်းက ရှာတွေ့သွားတော့ ရောဘာဖြစ်လဲ။ ဘာပဲ ဖြစ်ဖြစ် သူတို့ က မင်းကို လေ့ကျင့်ဖို့ ခေါ်တာမှ မဟုတ်တာ။ သူတို့ က အရံ သင်လေ့ကျင့်ပေးမယ့် Close က ရှိနေပြီးသား။ မင်းနဲ့ solo ကစားဖို့ လာရှာစရာ လိုသေးလို့လား”
ဝေ့ရှောင်း “…”
ပိုင်ချိုင် “ အနာဂါတ်မှာ ရှောင်နင်တောင်မှ မင်းနဲ့ ကစားဖို့ လာရှာတော့မှာ မဟုတ်ဘူး။ Close က အခုတလော သူ့ကို အာရုံစိုက်ပေးနေတယ်”
ဝေ့ရှောင်း “…”
ပိုင်ချိုင် “ မျှော်စင်ရှေ့က ရေတွေက လကို အရင်ဆုံးဖမ်းနိုင်တာလေ။ မင်းကိုကြည့်။ မင်း နတ်ဘုရားလု နဲ့ solo နိုင်ဖို့ အချိန်တွေ အကြာကြီး သုံးထားရတယ် မဟုတ်လား။ ငါတို့ရဲ့ အသင်းခေါင်းဆောင် က အေးဆက်ပြီး ခံစားချက်မဲ့တယ်လို့တော့ မဆုံးဖြတ်လိုက်နဲ့နော်။ သူက သူ့ရဲ့လူတွေဆိုရင် အထူးတစ်လည်ကောင်းပေးတာ”
သေစမ်း။ သူရဲ့ အသိစိတ်နဲ့ ဆန့်ကျင်နေတဲ့ စကားလုံးတွေက သူရဲ့ စိတ်ကိုတောင် ကြောင်တောင်တောင်ဖြစ်သွားစေသေးတယ်။
ဝေ့ရှောင်း ကမူ ဆက်လက်ပြီး နားမထောင်နိုင်တော့ချေ။
“ မင်းပြောချင်တာရှိရင်ပြောလိုက်။ ပြောချင်တာ မရှိရင်လည်း ငါဖုန်းချတော့မယ်”
ပိုင်ချိုင် “ မရှိတော့ပါဘူး။ နှုတ်ဆက်ပါတယ်။ နှုတ်ဆက်ပါတယ်။ မနက်ဖြန်မှ တွေ့မယ်”
ပိုင်ချိုင်က ဖုန်းကို ချလိုက်သည်။ သူက ပို၍ ပင်ဒေါ သ ထွက်လာသည်။
လွန်ခဲ့တဲ့ နှစ်နှစ်က သူသာ…
သူသာ FTW မှာဆိုရင် Close ကို အခြားသူတွေကို သွားရှာဖို့ ရှိစေဖို့ဘယ်လိုများ ခွင့်ပြုနိုင်မှာလဲ။
FTW အခြေစိုက်စခန်း
အသင်းသည် ညနေတွင် လေ့ကျင့်စရာမရှိပေ။ သို့သော် ဝေ့ရှောင်းက မုန့်စားရန်လိုအပ်သောကြောင့် တစ်ပွဲပြီးရုံနှင့် ရပ်တန့်လိုက်သည်။ သို့တွင်လည်း အမှန်တကယ် လုပ်စရာရှိနေသည်။
လေးထပ်မြောက်နည်းပြ အစည်းဝေးခန်းအတွင်းတွင် ချန်းဖုန်းက ဖန်သားပြင်ကို စိုက်ကြည့်နေသည်။ အနားယူသွားပြီးသော ထန်ချန်းသည်လည်း လက်ထောက်နည်းပြ အဖြစ် အသင်းတွင် ဆက်နေမည် ဖြစ်သည်။ ပုံမှန် အားဖြင့် သူသည်လည်း ဒုတိယအသင်းနှင့်အချိန်ပိုဖြုန်းရပေလိမ့်မည်။
လု့ဖုန်းက တံခါးကို တွန်းဖွင့်လာသောအခါ ချန်းဖုန်းက replayကို ကြည့်ပြီးကာစ ဖြစ်သည်။
ထန်ချန်း “ ဝေ့ရှောင်း top laneကို ယူရင်တော့ ပြသနာတော့မရှိဘူး။ သူ အသင်းကို ဝင်ပြီးရင် ငါ့ဆီ လွှတ်လိုက်။ ငါ အထူးတလည် သူ့ကို လေ့ကျင့်ပေးလိုက်မယ်”
မျိုစေ့ကောင်းကို မြင်သော မည်သူကမဆို လေ့ကျင့်ပေးရန် ရိုင်းရန်မတတ် ခံစားရပေမည်။ ချန်ဖုန်းသည် ဘာစကားမှ မဆိုချေ။ သူသည် progress barကိုသာ ကြက်ခြေခတ်နှပ်၍ ပိတ်လိုက်သည်။ လု့ဖုန်း၏ အကြည့်က ဖြတ်ပြေးသွားပြီးနောက် ပြောလိုက်သည်။
“ သူ တောထဲ မှာ ကစားတဲ့ အခါ သူ့ရဲ့ အကြံတွေ က ပိုပြီးရှင်းလင်းတယ်”
20 03
ချန်းဖုန်း “ သူက ပိုပြီး အရိုင်းဆန်လွန်းတယ်”
လု့ဖုန်း “ ဒါကလည်း ဆိုးတာမှ မဟုတ်တာ”
ချန်းဖုန်းက သက်ပျင်းအသာရှူထုတ်သည်။
“ ဒါတော့မှန်တယ်။ ဝေ့ရှောင်းရဲ့ ခပ်ရိုင်းရိုင်းတိုက်ခိုက်တတ်တဲ့ ပုံစံက တစ်ဖက်အသင်းကို ခုခံနိုင်စွမ်းရည် မရှိလောက်အောင် ဖြစ်သွားစေပြီး တော်တော်လေးကိုခက်ခဲ သွားစေတယ်။ ဒါပေမယ့် ဒါကလည်း အရင်းနှီးကြီးတယ်”
လု့ဖုန်း “ အရင်းနှီးနဲ့ အကျိုးမြတ် က အတူရှိတာ”
နောက်ကြမှ လာသဖြင့် နှစ်ယောက် ပြောလိုသည့် စကားကို အမှီလိုက်နေသော နတ်ဘုရား ထန်။
“ ဖာခ့်။ မင်းက ဒီကလေးကို jungler အဖြစ် ကစားစေချင်တာလား”
ချန်းဖုန်း က မျက်လုံးလှန်သည်။
ထန်ချန်း က ကြောင်သွားသည်။ သူ၏ ပါးစပ် ကပင် အဟောင်းသား ပွင့်သွားသည်။
“ မဟုတ်သေးပါဘူး။ လောင်လု ဘာဖြစ်တာလဲ။ သူက top lane ကို သွားမှာလား။ မင်းတို့ကောင်တွေနောက်နေတာ မဟုတ်လား။ လု့ဖုန်း က လေးနှစ် ဆက်တိုက် တောထဲ မှာပဲ တိုက်ခိုက်လာခဲ့တာလေ။ သူရဲ့ အသက်မွေး၀◌မ်းကြောင်းစတင်ပြီး ကတည်းက ဒီလိုပဲ လုပ်ခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ သူ့ကို ရုတ်တရက် နေရာပြောင်းစေချင်တာာလဲ”
ချန်းဖုန်း ကမူ မပျော်တော့ချေ။
“ ငါ သူ့ကို ပြောင်းခိုင်းတာ မဟုတ်ဘူး”
လုဖုန်း ၏ အကြည့်က သွေးဆာ အရိပ်သူခိုးထံ တွင်သာြဖစ်သည်။
“ ေ၀◌့ရှောင်း က jungler နေရာ အတွက် အရမ်း သင့်တော်တယ်”
ထန်ချန်း ၏ အမူရာက မယုံကြည်မှု အပြည့်ဖြင့်ဖြစ်သွားသည်။
“ပြိုင်ပွဲ အသိုင်းဝိုင်း တစ်ခုလုံးမှာ မင်းထက်ပိုပြီး သင့်တော် တာ မရှိဘူး”
လု့ဖုန်း က အသက် ၁၇နှစ် အရွယ်တွင် professional အဖြစ် ကစားခဲ့သည်။ သူသည် FTW သို့ဝင်ရောက်ခဲ့သည့် နေ့မှ စပြီး သူ၏ မူလ တည်နေရာ က jungler သာဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ်သည် FTW အတွက် Highlight နှစ်ဖြစ်သည်။ Club က လူငယ် ပါရမီရှင် ကို ရှာတွေ့ခဲ့ ရုံတင် မကသေးလေပဲ အတိတ်က အင်အားအကြီးဆုံးသော top laner တစ်ယောက် ၊ အင်အားအကြီးဆုံးသော mid laner တစ်ယောက် ၊ Korea မှ championship ရ ယူခဲ့သော ADC အထောက်ပံ့ တစ်ယောက်ကို ပင် ပိုင်ဆိုင်ခဲ့ သေးသည်။
ထိုနှစ်က FTW global final သို့ တက်ရောက်နိုင်ခဲ့ပြီး တရုတ်ပြည်ပြိင်ပွဲရေး ဇုန် အတွင်း ပထမဦးဆုံးသော championship ဖလားကိုပင် အရ ယူပေးနိုင်ခဲ့သည်၊။ ထို့အပြင် single championship ဖလားနှင့် professional runner up ရရှိနိုင်ခဲ့သေးသည်။
ထိုကာလသည် အထွတ်ထိပ် ကာလ ဟု၍ ပင် ဆိုရပေလိမ့မည်။ သူတို့ ၏ အခမ်းနားဆုံးသော နှစ်လည်းဖြစ်သည်။ တောက်ပသော နေ့လည်းဖြစ်သည်။
၂၀၁၇
Glory သည် FTW အပိုင်ဖြစ်သည်။ တရုတ်ပြည် အပိုင်လည်းဖြစ်ပြီး တရုတ်မှ ကစားသမား သန်းရာပေါင်းများစွာ ၏ အပိုင်လည်းဖြစ်သည်။
အထွတ်ထိပ် ကာလတွင် ပေါ်ထွက်ခဲ့သောကြောင့် ယခု Close ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ကံဆိုးသည်မှာ ၂၀၁၇ အကုန်တွင် FTW က ကွဲထွက်သွားသည်။ အသင်းတွင်ပင် ကျန်ရစ် ခဲ့သော ကစားသမားများက အသက် ၁၈ နှစ်ပြည့်ကာစ Close နှင့် အနားယူသွားသော ချန်းဖုန်း။ ထို့အပြင် ထိုအချိန်က အစားထိုးသာဖြစ်ခဲ့သည် ထန်ချန်းသာဖြစ်သည်။
တိမ်များပေါ်က ပြုတ်ကျလာြခင်းက ဆူးများ ပြည့်နှက်နေသာလမ်းပေါ် မရုန်းကန်နိုင်သောလူများ အတွက် အလွန်ပင် မျှော်လင့် ကြီးရန် ခက်ခဲခဲ့သည်။ သူတို့သည် ရွှံ့ ထဲ ပြုတ်ကျသွားခဲ့သည့် တိုင်အောင် ပျင်းထန်သော ဖိအားကို တောင့်ခံနေရသည့်တိုင်အောင် Close ကမူ ဆက်လက်ပြီး အင်အားကြီးလျှက် individual championship သုံးခု အရယူခဲ့သေးသည်။
Anti fans များက သူ့ကို မည်မျှကြိမ်ဆဲ စေကာမှု။
Hater များက သူ့ကို မည်မျှ အညိုးထားစေကာမှု။
သူတို့မငြင်းဆန်နိုင်သည့် အချက်တစ်ချက်ရှိသည်။
ကုန်လွန်ခဲ့သော သုံးနှစ်ကျော်အတွင်း တရုတ်ပြိင်ပွဲ ရေးနယ်မြေကြီးတစ်ခုလုံးတွင် အဓိက ကျောရိုးက Close သာဖြစ်သည်။
20 04
ချန်းဖုန်း၏ နှလုံးသားက ဝမ်းနည်းနေသည်။
“မင်းသာ jungler နေရာကို မယူရင် ပရိတ်သတ်တွေနည်းသွားမှာ”
ထန်ချန်း က ထပ်ဖြည့်ပြောသည်။
“top laner တစ်ယောက် က အသင်းရဲ့ အဓိကဖြစ်ဖို့က တအားခက်တယ်။”
လု့ဖုန်း က အကြည့်ကိုပြောင်းပြီး သူတို့ကို ကြည့်သည်။
“ Glory က ငါတစ်ယောက်တည်း အတွက် ကစားပွဲ မဟုတ်ဘူး”
ထန်ချန်းက ပင်ကြောင်သွားသည်။
ချန်ဖုန်းက ပြောသည်။
“ဟုတ်တယ်။ ဒါပေမယ့် အသင်း ကစားပွဲပဲ။ ကစားသမား ၅ ယောက်လုံး ယှဥ်ပြိုင်ရတဲ့ ကစားပွဲ။ ငါးယောက်ထက် ပိုပြီးကြီးကျယ်တာပေါ့။ ဒါပေမဲ့ မင်းရဲ့ပုဂ္ဂိုလ်ရေးအင်အားကလည်း ရှိနေသေးတုန်းပဲလေ။ ဘယ်သူကမှ မင်းထက်အင်အားမကြီးနိုင်ဘူး”
လုဖုန်းက ဖန်သားပြင်ပေါ်မှ သူခိုးကိုကြည့်သည်။ သူ၏နက်ရှိုင်းသော မျက်ဝန်းအတွင်း ဖျော့တော့သော အလင်းကဖြတ်ပြေးသွားသည်။
ချန်းဖုန်းက သက်ပြင်းချသည်။
“ဝေ့ရှောင်းက အရမ်းအင်အားကြီးတယ်။ ဒါပေမဲ့သူက ပြိုင်ပွဲအတွေ့ကြုံလိုအပ်နေတုန်းပဲ။ အသင်းတိုက်ပွဲ အတွေ့ကြုံကလိုအပ်တာ ဖြစ်လောက်တယ်။ ဒီနေရာက ဘယ်လောက်အရေးကြီးလဲဆိုတာက မင်းကိုပြောစရာမလိုဘူးထင်တယ်။ မင်းသူ့ကိုဒီအတိုင်းပဲ ပေးလိုက်မယ်ဆိုရင် သူကထိန်းနိုင်မှာတဲ့လား”
ထန်ချန်းက ထပ်ဖြည့်ပြောသည်။
“ဒီအရူးကောင်လေးက Top lane နေရာအတွကိ ပိုပြီးသင့်တော်တယ်လို့တော့ထင်တာပဲ။ သူ့ရဲ့အရိုင်းဆန်မှုကို ကြည့်ပါဦး။ သူကသာ Top laneကို တက်သွားရင် ခပ်ကြမ်းကြမ်းရိုင်းဆိုင်းလို့ရတယ်။ သူ့ရဲ့ပြိုင်ဖက်တွေက ကတုံးဖြစ်မဲ့အခြေနေကို စိုးရိမ်စရာတောင်မလိုဘူး”
ချန်းဖုန်းကဝင်ပြောသည်။
“ဟုတ်တယ်။ ဝေ့ရှောင်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အင်အားက အရမ်းကို အင်အားကြီးပြီးသား။ တရုတ်တစ်ပြည်လုံးကိုကြည့်စမ်းပါ။ ဘယ်သူကမှ သူ့ကိုမထိန်းထားနိုင်ဘူး”
လုဖုန်းက ခေါင်းခါသည်။
“ငါက သူ့ထက် Top laneက ပိုပြီးသင့်တော်တယ်”
ချန်းဖုန်းနှင့် ထန်ချန်းတို့က ရပ်တန့်သွားသည်။ လုဖုန်းကဆက်ပြောသည်။
“တရုတ်ပြည်အတွင်တင် မဟုတ်ဘူး။ ပြိုင်ပွဲဝင် နယ်မြေ ၁၆ခုလုံးအတွက် ဘယ်သူကမှ ငါ့ကိုမဆွဲထားနိုင်ဘူး”
ဒီစကားတွေက...
သို့သော် ကမ္ဘာတွင် မည်သူကမျှ ပြိုင်မငြင်းနိုင်လောက်ချေ။
သို့ရာတွင် ပြဿနာကမူ
မင်းက Top laneကိုတက်သွားရင် junglerနေရာက ဘယ်လိုလဲ။ ဒီပုဇွန်ပေါက်လေး ဝေ့ရှောင်းရှောင်းက ကြီးမားတဲ့ အလံကြီးကို သယ်ထားနိုင်မှာလား”
လုဖုန်းက သူတို့ကို တစ်ချက်ကြည့်သည်။
“ငါသွားရတော့မယ်”
ထန်ချင်းက ကြောင်အနေသေးသည်။ လုဖုန်းကမူ စိတ်ရှုပ်ထွေးနေသေးသည်။
“ဒီအရူးလေးဝေ့က အသင်းကိုလာဖို့ သဘောတူလိုက်ပြီလား”
လုဖုန်း”မတူဘူး”
ချန်းဖုန်းက ခက်မတ်မတ်ထထိုင်သည်။
“အား မင်းသူ့ကို မဖြောင်းဖြရသေးဘူးလား”
လုဖုန်းက ကုတ်အင်္ကျီကောက်ယူပြီး ဝတ်လိုက်သည်။
“ငါအခု သူ့ရဲ့အိမ်ကို သွားကြည့်မို့”
ချန်းဖုန်းက မျက်တောင်ခက်သည်။
“သူ့ရဲ့ မိသားစုက သဘောမတူတာ တကယ်လား”
လုဖုန်း၏ ဝေ့ရှောင်းအပေါ် အာရုံစိုက်မှုကို ကြည့်ခြင်းအားဖြင့် လက်မှတ်ထိုးကြေးသည် ဂဏန် ၈လုံးဖြစ်မည်မှာသေချာသည်။ သူတို့အတွက် ထိုမျှအထိ ကမ်းလှမ်းထားပေးပြီး သူ့ကိုဒီအတိုင်း မလွှတ်ပေးနိုင်ချေ။ ထို့အပြင် ထိုအရူးလေးဟာလည်း သေချာပေါက် ချမ်းသာပေလိမ့်မည်။
လုဖုန်းက ဘာစကားမျှ မပြောချေ။ သူသည် လွန်ခဲ့သော ၂နှစ်ခန့်က အချက်အလက်များကို တစ်ချက်စစ်ကြည့်လိုက်ပြီး ဝေ့ရှောင်း၏ အိမ်လိပ်စာကိုတွေ့သွားသည်။ ထို့အပြင် သူပထမဆုံး ရသည့်စာ...
လွန်ခဲ့သော ၂နှစ်ခန့်က ဝေ့ရှောင်း၏ အဖွားက သေသွားသည်။ ထိုအချိန်က ဝေ့ရှောင်းသည် သူ၏အဖေကို အိမ်ထဲသို့ မဝင်ခိုင်းခဲ့ချေ။
++++++