Ch 21
Viewers 4k

အပိုင်း (၂၁) နှစ်နှစ်ကြာပြီးတဲ့နောက်မှာ သူ အစစ်အမှန်လောကမှာ Close နဲ့ ပထမဦးဆုံးပြန်တွေ့တာထင်တယ်။


‌ဝေ့ရှောင်း ၏ မိသားစုနှင့် ပတ်သက်ပြီး သတင်းအချက်လက်များကို အရ ယူရန် မခက်ခဲချေ။


သူက သူ၏ မိသားစုနေသော နယ်မြို့လေးသို့ သွားလိုက်သည်နှင့် ဆေးဆိုင်တစ်ဆိုင်သို့ သွားပြီး တစ်စုံတစ်ရာကို ဝယ်ယူလိုက်ရန်သာ လိုအပ်သည်။ ထိုသို့ဖြင့် အများကြီး မေးမြန်းရန်ပင် မလိုအပ်လေဘဲ တစ်ဖက်သူက ဝေ့မိသားစုနှင့် ပတ်သက်ပြီး သိကျွမ်းသမျှ သိထားသမျှ အကြောင်းအရာများ အားလုံးကို ပြောပြပေလိမ့်မည်။


ထိုနေရာ သို့မသွားခင် လုဖုန်းသည် ဖြစ်နိုင်ချေ ရှိသော အတွေးအမျိုးမျိုးကို တွေးမိသေးသည်။ သို့ရာတွင် အမှန်တရားက ထိုသို့ဖြစ်နေမည်ဟု မထင်ထားမိချေ။


ဝေ့မိသားစုသည် ထိုနယ်မြေတွင် ကျော်ကြားသည်။ သူတို့သည် ကြွယ်၀ပြီး အင်အားကြီးသောကြောင့် မဟုတ်ဘဲ ထူးဆန်းမှု တစ်မျိုးကြောင့် ဖြစ်သည်။ 


ပြောရမည် ဆိုလျှင် ထိုစကားလုံးကို သုံးပြီး သူတို့ကို ဖော်ပြရန် မသင့်တော်ပေ။ သို့သော် ထိုမြို့ငယ်လေးမှ လူများကမူ ထိုတည်ရှိမှုသည် အခြေအနေ တစ်ခုလုံးမှ ကွဲထွက်နေသောကြောင့် ထူးဆန်းသော အနေအဖြစ် ပြောင်းသုံးခြင်း ဖြစ်သည်။


ဝေ့ရှောင်း၏ အဖေ ဝေ့ရွှမ်သည် မြို့ငယ်လေး၏ လူအများ၏ မျက်လုံးထဲတွင် ထူးဆန်းသော တည်ရှိမှု ဖြစ်သည်။


လူတိုင်းက ထင်း၊ ဆန်၊ ဆီ၊ ဆားများကိုသာ တွေးသော နေရာလေးတစ်ခုတွင် အိပ်မက်နောက်လိုက်ရန် အလို့ငှာ အရာအားလုံးကို အဆုံးရှုံးခံသည့် လူတစ်ယောက်သည် နားလည်ရန် အလွန်အမင်းခက်ခဲသော တည်ရှိမှု တစ်ခုဖြစ်လေသည်။


ဝေ့ရွှမ်သည် ပန်းချီဆရာ တစ်ယောက် ဖြစ်ပေသည်။ သို့မဟုတ် သူသည် ပန်းချီ ဆရာ တစ်ယောက် အမြဲတစေ ဖြစ်ချင်ခဲ့သည်ဟု ပြောသင့်လေသည်။


ပန်းချီဆွဲခြင်းသည် ပိုက်ဆံ မီးရှို့သော အလုပ်တစ်မျိုး ဖြစ်ပြီး ဝေ့မိသားစုသည်လည်း မချမ်းသာပေ။ အဘိုးဝေ့သည် စောစော သေသွားသည်။ အဘွား ဝေ့ က ဝေ့ရွှမ်ကို သူမ ဘာသာပျိုးထောင်ခဲ့သည်။ ထိုကိစ္စကလည်း မလွယ်ကူခဲ့ချေ။


ဝေ့ရွှမ်သည် ခေါင်းမာသော စိတ်နေသဘောထား ရှိသည်။ သူသည် သူဆုံး ဖြတ်ထားပြီးသော ကိစ္စကို အဆုံးထိလုပ်တတ်၏။ ပန်းချီဆွဲခြင်းအပြင် သူသည် မည်သည့်ကိစ္စကိုမှ စိတ်မဝင်စားပေ။ 


ကံကောင်းသည်မှာ သူ့တွင်လည်း ထူးခြားသော လိုအပ်ချက်များ မရှိချေ။ သူသည် စုပ်တံတစ်ချောင်း ဆီဆေးများကိုသာ ရထားမည်ဆိုလျှင် မစားဘဲ နေနိုင်သည်။


အဘွားဝေ့က အစပိုင်းတွင် သူ့ကို တိုက်တွန်းသေးသည်။ သို့သော် နောက်ပိုင်းတွင် မတောင့်ခံ နိုင်တော့ချေ။ ထိုသို့ဖြင့် သူမသည် သူ့အတွက် လက်တွဲဖော်ကောင်း တစ်ယောက်ကို ရှာပေးခဲ့သည်။ သည်နည်းအားဖြင့် သူသည် တာဝန် ယူစိတ်အချို့ကို နားလည်လာပြီး လက်ထပ်ပြီးနောက် မိသားစုကို ထောက်ပံ့နိုင်ရန် သင်ကြားလာရန် မျှော်လင့်ခဲ့လေသည်။


အစပိုင်းတွင်မူ ဝေ့ရွှမ်သည် လက်မထပ်ချင်ခဲ့ချေ။ သို့သော် အမေဝေ့ကို မြင်ပြီးနောက် မြင်မြင်ချင်း ချစ်သွားသည်။


လီဆုသည်လည်း သူ့ကို နားလည်သော လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ပန်းချီဆွဲခြင်းအား အထောက်ပံ့ပေးသည်။ သူမသည်လည်း နယ်မြို့လေးတွင် မွေးဖွားလာသူဖြစ်ပြီး လှပသော အရာများကို တောင့်တသည်။


ဝေ့ရွှမ်၏ ပန်းချီများသည် အကျည်းတန်ပြီး ဖြစ်ကလဲ့ဆန်း နိုင်သည်။ သို့သော် လီဆုကမူ အလွန်လှပသည်ဟု ထင်၏။ သူမသည်လည်း ပိတ်ကားရှေ့တွင် ဆောင့်ကြောင့် ထိုင်နေသော ထိုအမျိုးသားဟာ တောက်ပလွန်းသည် ဟုခံစားရသည်။ 


သူတို့က လက်ထပ်ပြီးနောက် အဘွားဝေ့က မျှော်လင့်ထားသော တာဝန်ယူစိတ် ဆိုသည်မှာ ရောက်မလာခဲ့ချေ။ ထို့အစား ရူးနေသော သားကိုသာ ပို၍ ပင်တိုင်တွန်းမိသလို ဖြစ်သွားသည်။


လီဆုသည်လည်း သူ၏ ပန်းချီဆွဲခြင်းကို အထူးတလည် အပြည့်၀ ထောက်ပံ့ပေးသည်။ သူမသည် မိသားစု အလုပ်များအားလုံးကိုပင် ယူပြီး ပိုက်ဆံရှာရန် အလို့ငှာ နေရာအနှံ့တွင် သွားရောက် အလုပ်လုပ်ခဲ့သေးသည်။ မိသားစုကို ထောက်ပံ့သည်။ သည်နည်းအားဖြင့် သူမ၏ ခင်ပွန်းကအိပ်မက်အနောက်သို့ လိုက်နိုင်ရန် မျှော်လင့်ခဲ့လေသည်။


အဘွားဝေ့ကမူ သူမသည် ဝေ့ရွှမ်ကို ပို၍ပင် အားပေးအားမြောက် လုပ်နေသည့် အတွက် အလွန်ဒေါသ ထွက်သွားခဲ့သည်။ထို့အပြင် သူမက အလွန်ပင်ပန်း လာသည်အထိလည်း စိတ်ဓါတ်ကျသွားသည်။ ထိုအချိန်ကာလတွင် ပျော်ရွှင်စရာ ကိစ္စတစ်ခု ဖြစ်လာသေးသည်။ မိသားစုက ထိုမျှအထိပင်ပန်း ဆင်းရဲနေသော်လည်း၊ ဝေ့ရွှမ်သည် မျှော်လင့်ထားသလို မပြုမူလာသော်လည်း အမျိုးသမီး နှစ်ယောက်ကမူ မိသားစုကို အစီစဥ်တကျ ဖြစ်အောင် ကောင်းကောင်းထိန်းသိမ်းနိုင်ခဲ့သည်။


ထို့နောက် ဝေ့ရှောင်းက မွေးလာသည်။ 


ထိုစုံတွဲသည်လည်း သူတို့၏ ကလေးကို ဂရုမစိုက်ခဲ့ချေ။

21 02

ဝေ့ရှောင်းသည် နှစ်နှစ် အရွယ်သာရှိသေးသည်။ ဝေ့ရွှမ်က ဆက်လက်ပြီး လေ့လာရန်အတွက် အခြားတစ်နေရာသို့ ထွက်သွားသည်။ လီဆုကလည်း သူ့ကို ဂရုစိုက်ရန် အတွက် သူ၏နောက်သို့ လိုက်သွားလေသည်။ ထိုသို့ဖြင့် သူတို့၏ တစ်ဦးတည်းသော သားကို မွေးရပ်မြေတွင် ချန်ထားရစ်ခဲ့သည်။


ဝေ့ရှောင်းတွင် အဖေလည်းရှိ အမေလည်း ရှိသည်။ သို့သော် သူသည် အဘွား၏ ဂရုစိုက်မှု အောက်တွင် ကြီးပြင်းလာရသည်။ 


ဝေ့ရှောင်း၏ အကြောင်းကို ထည့်ပြောသောအခါ ထို store ဆိုင်မှ အမျိုးသမီးကြီးက ခေါင်းကို ခါရင်း သက်ပြင်းချသည်။


“ သူက တကယ့်ကို လိမ်မာတဲ့ ကလေးကောင်းလေးပါ။ သူက နာခံ သိတတ်တယ်။ ဉာဏ်လည်း တော်တော်ကောင်းတဲ့ကလေး။ သူက လေးနှစ် ငါးနှစ် အရွယ်မှာတင် ပစ္စည်းတွေကို ရေတွက် တတ်နေပြီ။ နောက်ပြီး သူ့အဘွားကို ကူညီပြီး ပစ္စည်းတွေကို ဝယ်ပေးတယ်။ ပိုက်ဆံတွေကို ရေတွက်ပေးတယ်။ သူက မူလတန်းကျောင်းမှာတင် တော်တော်လေး ကောင်းကောင်းလုပ်နိုင်ခဲ့တာ။ စာမေးပွဲရှိတယ် ဆိုတဲ့ အချိန်တိုင်း အမှတ်ပြည့်ရတာပဲ။ နောက်ပြီး သူက တော်တော် လေးကို စိတ်ဓါတ်အင်အား ခိုင်မာတယ်။ သူ့ကို ဘယ်သူကမှ အနိုင်မကျင့်ရဲဘူး။ သူက အခြားသူတွေ သူ့ကို ဂရုစိုက်အောင်လည်း အမှန်တကယ် ဂရုစိုက်အောင်လည်း အမှန်တကယ် လုပ်ပေးနိုင်တယ်”


“ ငါ့ကို ပြောစမ်းပါ။ ဒီလောက်တော်တဲ့  ကလေးကို ဒီအတိုင်း ပစ်ထားခဲ့တဲ့ ဦးနှောက်ထဲ ရွှံ့ဝင်နေတဲ့ မိဘတွေ ဘယ်လိုများ ရှိမှာလဲ။ သူတို့က ပန်းချီအချို့ ဆွဲဖို့အတွက်ကြောင့်နဲ့ ဒီလောက်ထိ အတိုက်ခံ ဖြစ်နေကြတယ်လေ” 


“ သူတို့က ပိုက်ဆံရှာနိုင်ရင်လည်း အဆင်ပြေပါသေးတယ်။ ဒါပေမဲ့ နှစ်ယောက်လုံးက တစ်နှပ်စာလောက်ပဲ စားသောက်ပြီး ရှင်သန်နေထိုင် နေကြတယ်။ ဒါက ဘာအရေးကြီးလို့လဲ”


“အာ… ဝေ့ရှောင်းက စံနမူနာ ယူထိုက်တဲ့ ကလေးတစ်ယောက်ပဲ။ သူက အရမ်းကို နာခံ သိတတ်တယ်။ သူ့ရဲ့ ပညာရေးကလည်း အခြေအနေ ကောင်းတယ်။ သူက စိတ်သဘောထားလည်း ကောင်းတယ်။ စကားလည်း ကောင်းကောင်း ပြောတတ်တယ်။ ရယ်လည်း ရယ်တတ်တာ။ နောက်ပြီး အရွယ်ရောက်တဲ့ အခါမှာလည်း အိမ်အလုပ်တွေ ကူလုပ်ပေးတတ်သေးတယ်။ သူ့ရဲ့ အဘွားကိုလည်း မျက်နှာမှာ အပြုံးကြီး ပေါ်လာတဲ့ အထိ ချော့မြူတတ်တယ်” 


“ ငါတို့ အားလုံးက ဒီလိုမြေးကောင်းလေးကို ပိုင်ဆိုင်ထားလို့ ဒီအဘွားကြီးက ဆုကောင်းရတာပဲ လို့ ငါတို့ ပြောကြသေးတယ်။ ဒုက္ခ ခံရတဲ့ အခြေအနေပြီးတဲ့ နောက်မှာ ပျော်ရွှင်မှုက ရောက်လာတာပဲလေ။ ဒီလိုအဖိုးတန်တဲ့ မြေးနဲ့သာဆိုရင် သူမလည်း အနာဂါတ်မှာ‌ ပျော်ပျော်ရွှင်ရွှင်နဲ့ နေရမှာပေါ့”


“ ဒါပေမဲ့ ဒီအဘွားကြီးရဲ့ ဘ၀က ပိုပြီးခါးသီးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူရဲ့ မြေးက တက္ကသိုလ်ကို ဝင်ခွင့်တောင် မရသေးဘူး အဘွားကြီးက သေသွားတယ်လေ”


“ လွန်ခဲ့တဲ့နှစ်နှစ် လောက်က သူပြန်လာပြီး သူ့ရဲ့ ကျန်းမာရေးမကောင်းတဲ့ အဘွားကိုကြည့်တော့ အဲဒီကလေး ဝေ့ရှောင်း…”


မိန်းမကြီးက ပြောနေရင်း မျက်ရည်ကို သုတ်သေးသည်။ 


“ အား။ ပြောရမယ် ဆိုရင် ဒီကလေးက ဘယ်လိုကြောင့် ဘာလို့ဒီလောက်ထိ ကံဆိုးရတာလဲ။ သူ့ရဲ့ဘ၀က ဘာလို့ ဒီလောက်ထိ ခါးသီးလွန်းတာလဲ”


သူသည် အတိတ်က အခြေအနေကို မမြင်နိုင်သော်လည်း၊ လုဖုန်းကမူ ၁၇နှစ်အရွယ် ဝေ့ရှောင်းကို မှတ်မိနေသေးသည်။


အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး လူငယ်တွင် ကြယ်စင်များအလား တောက်ပလွန်းသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည်။


သူသည် သဘောတကျ ရယ်တတ်သည်။ ရှုပ်ရှုပ်ထွေးထွေးလည်း လုပ်တတ်သေး၏။ ထိုသို့ဖြင့် လောကရှိ အရာအားလုံးက အရေးမကြီး သလို ဟန်ဆောင် တတ်သေးသည်။ 


ကြောက်ရွံမှု မရှိ။ အကြောက်လန့်မဲ့ပြီး ခေါင်းမာကာ ဟိတ်ဟန် များလွန်းသော ကောင်လေး….။


ဒီလိုကောင်လေးက ဆူးတွေပြည့်နေတဲ့ နွံလိုနေရာမျိုးမှာ အထောက်အပံ့ မရှိဘဲ ကြီးပြင်းလာရမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။


အဘွားဝေ့သည် ဖျားနာမှုကြောင့် သေသွားသည်။ ထိုရောဂါကိုသာ စောစောသိမည်ဆိုလျှင်  ကုသလို့ ရနိုင်သော ရောဂါမျိုး ဖြစ်သည်။ သို့သော် သူတို့၏ မိသားစု အခြေနေဟာ ဆိုးရွားလွန်းသောကြောင့် အဘွားဝေ့အနေနှင့် သူမ၏ မိသားစုကို ဆွဲချမိမည့် အခြေအနေမျိုးကို စိုးရိမ်ပြီ ဆက်တိုက် တောင့်ခံခဲ့သည်။ နောက်ဆုံးတွင် …။


သူမ သည် ဒီ‌သေမျိုးလောကမှ ထွက်သွားခဲ့ရသည်။ ထိုအချိန်က ဝေ့ရှောင်းသည် လက်မှတ်ထိုးကြေး ယွမ်၂သန်းရရန် ခြေတစ်လှမ်းသာ ဝေးကွာတော့သည်။ သူသည်လည်း ပြောသေးသည်။ သူသည်သူ၏ အဘွားကို ကမ္ဘာအနှံ့ ခရီးပတ် ပို့ချင်သေးသည်ဟုဆိုခဲ့၏။


သူသည်လည်း တစ်ဘ၀လုံး ပင်ပန်းကြီးစွာခံစားခဲ့ရသော အဘွားဖြစ်သူအတွက် ဘ၀ကောင်း တစ်ခုကို တည်ဆောက်ပေးလို ခဲ့သည်။ 

21 03

သို့ရာတွင် အရာအားလုံးဟာ အဆုံးသတ်သွားသည်။ အဘွားဝေ့က သေသွားသည်။ ဝေ့ရှောင်းက ပြန်လာ၏။


သူ၏ ဘ၀ တစ်ဝက်လုံး ပုံရိပ်ယောင် အိပ်မက်နောက်ကို လိုက်ခဲ့သော  အမျိုးသားဟာ နောက်ဆုံးတွင် နိုးထသွားခဲ့ပုံ ပေါ်သည်။ သူသည် တံခါးရှေ့တွင် ဒူးထောက်ပြီး မျက်ရည် အပြည့်နှင့် ဂါ၀ရပြုကာ ကြမ်းပြင်ကို ခေါင်းတိုက်ခဲ့သည်။  


ဝေ့ရှောင်းသည် တံခါးကို တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး သူ့အား ဝင်ခွင့် မပြုခဲ့ချေ။


၁၇နှစ် အရွယ်လူငယ်လေး၏ နှလုံးသားထဲ တွင်သူ၏အရှေ့မှ အမျိုးသားသည် သူ၏ အဖေ မဟုတ်တော့ချေ။ သူ၏ အနီးစပ်ဆုံး ဆွေမျိုးကို သတ်သွားသော လူသတ်သမား ဖြစ်နေသည်။


“ သူရဲ့ အဘွားက သေသွားတာကြောင့်ဟာ မဟုတ်ရင် ဝေ့ရှောင်းက ဆေးဟွား တက္ကသိုလ်ကို  ဝင်ရောက်နိုင်ခဲ့မှာ သေချာတယ်”


အမျိုးကြီးက ညည်းတွားသည်။ 


“ အခုသူ့အဖေက အသိ ဝင်လာပြီး အိမ်မှာ ရိုးရိုးသားသား အလုပ်လုပ်လျှက် ပိုက်ဆံရှာနေတယ်။ ဒါပေမဲ့ နှစ်နှစ်တောင်ကြာသွားပြီ။ ဝေ့ရှောင်း တစ်ကြိမ်တောင် ပြန်လာတာ‌ မတွေ့ရဘူး”


“ နောက်ကျ သွားပြီ။ အားလုံးက နောက်ကျ သွားပြီလေ။ ဒီလို မိဘတွေက နောက်ပြန်လှည့်ပြီး ကိစ္စတွေကို ဘယ်လိုများ ပြန်ပြင်နိုင်တော့မှာလဲ။ သူတို့က အသိမဝင်ခင် သူတို့ရဲ့ ကလေးကို အများကြီး ဒုက္ခ ပေးခဲ့ပြီးပြီ”


လု့ဖုန်းက ဝေ့ရှောင်း၏ မိသားစုသို့ သွားရောက် တွေ့စုံသည်။ ဝေ့ရှောင်း၏  အဖေသည် အိမ်တွင် မရှိချေ။ သူ၏ မိခင် လီဆုသာ ရှိသည်။ သေးငယ်သော သာမန် ချိုင့်‌ဝှမ်းလေးက သပ်သပ်ရပ်ရပ်ရှိပြီး ကောင်းကောင်းထိန်းသိမ်း ထားပုံရသည်။ လီဆုက တံခါးဖွင့်ပေးသည်။ သူမ ၏ ပိန်ပါးသော မျက်နှာက ရုတ်တရက် ပေါ်လာသော သူစိမ်းတစ်ယောက်ကို မြင်ရသောအခါ ထိန့်လန့်နေပုံ ပေါ်သည်။ 


 “ နင်က…”


သူမ၏ အရှေ့မှ လူသည် အလွန်အရပ်ရှည်ပြီး ဝတ်ကောင်းစားလှကို ဝတ်ထားသည်။ သူ၏မျက်နှာက အလွန်ငယ်ရွယ်ပြီး ချောမောနေသေးပြန်၏။ သူသည် TV star တစ်ယောက်နှင့်တူသည်။ 


လု့ဖုန်းက သူ့ကိုကြည့်ရင်း ယဥ်ကျေးစွာနှုတ်ဆက်သည်။ 


“ Hello ငါက ဝေ့ရှောင်းရဲ့ မိတ်ဆွေတစ်ယောက်ပါ”


ထိုပြောကြားချက်နှင့် ပတ်သက်ပြီး မှားယွင်းမှုလည်း မရှိချေ။ 


လီဆုက ရုတ်တရက် ကြောင်သွားသည်။ ထို့နောက် သူမ၏ ထိတ်လန့်သော မျက်နှာတွင် ပျော်ရွှင်မှုက ထင်းဟပ်လာပြီး သူ၏ နောက်ဘက်သို့လှမ်းကြည့်သည်။


“ ဒါဆိုရင် ရှောင်ဝေ့က…”


လု့ဖုန်း “ ငါ တစ်ယောက်တည်း လာခဲ့တာပါ” 


“ အိုး အဲ့ဒီလိုကို” 


လီဆုက သူမ၏ မျက်နှာပေါ်မှာ စိတ်ပျက် လက်ပျက် ဖြစ်သွားသော မျက်နှာထားကို မထိန်းလိုက်နိုင်ချေ။ သူမသည် တစ်ဖန်ပြန်လည် တက်ကြွသွားပြီး သူ့ကို အတွင်းသို့ ဖိတ်ခေါ်သည်။


“ ဝင်လာခဲ့ပါ။ မြန်မြန် ဝင်လာခဲ့။ အပြင်ဘက်က အေးတယ်”


လု့ဖုန်းက သူမ၏ အနောက်မှ လိုက်ဝင်လိုက်သည်။ သို့သော် ဟောင်းနွမ်းသည့် တိုင်အောင် သန့်ရှင်းသော အခန်းကို မြင်လိုက်ရသည်။ လီဆုက သူ့အား ရေနွေးကြမ်း ပြင်ပေးသည်။ လု့ဖုန်းက ကျေးဇူးတင်လိုက်သည်။


 လီဆုသည် လု့ဖုန်းကို ရင်ဆိုင်ရသောအခါ အနည်းငယ်ထိန့်လန့်နေသလို ခံစားလိုက်ရသည်။ သူမက ခပ်တိုးတိုးမေး၏။ 


“ နင် ကိစ္စတစ်ခုခု အတွက် လာတာလား”


လု့ဖုန်း က သူ့ကိုယ်သူ မိတ်ဆက်ပေး၏။


“ ငါ့ရဲ့ နာမည်ကတော့ လုဖုန်းပါ”


သူက လီဆုအား သူ၏ စီးပွားရေးကဒ်ကိုပေးလိုက်သည်။ 


လီဆုက လက်နှစ်ဖက်လုံးဖြင့်ယူပြီးနောက် တစ်ချက်ကြည့်ကာ ငေးငိုင်သွားသည်။ 


“ E.. esport ဟုတ်လား”


လု့ဖုန်းက FTW e sport club ရဲ့ ခေါင်းဆောင်ပေါ့။ 


လုဖုန်"ဒီအသိုင်းဝိုင်းနဲ့ ပတ်သက်ပြီး တစ်ခုခု သိထားလို့လား"

21 04

လီဆုက တခဏခန့် ရပ်တန့်သွားသည်။


“ ငါ နည်းနည်းတော့ သိတယ်”


လု့ဖုန်းက ဆက်ပြောသည်။ 


“ ဝေ့ရှောင်းက အရမ်း ပါရမီ ကြီးတယ်။ ငါတို့က သူ့ကို ငါတို့ရဲ့ club ထဲကို ဝင်ပြီး  ပြိုင်ပွဲတွေမှာ ကစားစေချင်တယ်”


လီဆုက သူမ၏ လက်ထဲမှ စီးပွားရေး ကဒ်ကို ငေးငိုင်စွာကြည့်လိုက်မိသည်။ သူမ၏ လက်ဟာ တောင့်တင်းလွန်းသဖြင့် သူမ၏ လက်ဆစ်များကပင် အနည်းငယ် ဖြူလာသည်။ 


“သူ...ရှောင်ဝေ့က သဘောကျတာလား”


လု့ဖုန်းက အနည်းငယ် ကြောင်အသွားသည်။ သူမက ထိုမေးခွန်းမျိုးကို မေးလိမ့်မည်ဟု မထင်ထားခဲ့ချေ။ လီဆုက ရုတ်တရက် လုဖုန်းကို ကြည့်သည်။ 


“ သူက ဒီလိုအရာမျိုးကို ကြိုက်တာလား”


လုဖုန်းက သူမကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။  


“ ဟုတ်တယ်”


လီဆု၏ တောင့်တင်းနေသော မျက်နှာထားက အနည်းငယ် ပြေလျော့သွားသည်။ သူမ၏ မျက်လုံးထဲတွင်ပင် အပြုံးက ပေါ်လာ၏။ 


“ ကောင်းလိုက်တာ။ သူ ကြိုက်ရင် အဆင်ပြေတယ်”


သူမသည် ထိုစီးပွားရေးကဒ်ကို ရတနာ တစ်ခုလို ကိုင်ထားသည်။ ထိုရတနာသည် သူမ၏ ‌ ဝေးကွာနေသော သားနှင့် ချိတ်ဆက်မှုရှိသည်။


လု့ဖုန်း “ ငါ ဒီကို မလာခင် မင်းတို့ရဲ့ အခြေအနေကို စုံစမ်းခဲ့တယ်”


လီဆုက မအံဩချေ။  သူမ၏ အသံက တုန်ရင်နေသည်။ 


“ ငါတို့က သူနဲ့ ပတ်သက်ပြီး ဘာမှပြောပိုင်ခွင့် မရှိပါဘူး"


လုဖုန်းက ဆက်ပြောသည်။ 


"ပြောရမယ်ဆိုရင် ငါတို့ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက သူ့ကို ငါတို့ရဲ့ အသင်းထဲကို ၀င်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ သူက လက်မှတ် ထိုးခါနီးအချိန်မှာ  ရုတ်တရက် ထွက်သွားတယ်”


လီဆုက တစ်ခဏ ခန့်တောင့်တင်းသွားပြီးနောက် မျက်နှာက ဖြူ‌ဖျော့သွားသည်။


“ ငါ တောင်းပန်ပါတယ်”


“ သူ့အနေနဲ့ ကုန်လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး Professional အဖြစ် ကစားဖို့ အခွင့်ရေး အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ သူက အားလုံးကို ငြင်းထားတာ”


လီဆုက အံဩသွားသည်။ 


“ သူက ပြိုင်ပွဲ စင်မြင့်ကို ကြိုက်တယ်။ အင်အားကြီးမားတဲ့ ပြိုင်ဘက်ကိုလည်း တောင့်တတယ်။ ဒါပေမဲ့ သူဒီခြေလှမ်းကို လုံး၀မလှမ်းခဲ့ဘူး” 


လုဖုန်းက လီဆုကို ကြည့်ပြီး ဆက်ပြောသည်။ 


“ သူက ပြောတယ်။ သူ့အဘွားက သူ့ကို Professional ကျကျ မကစားစေချင်ဘူးတဲ့”


ထိုမှတ်ချက်က ထွက်လာပြီးပြီးချင်း တချိန်လုံး သူမ၏ ခံစားချက်ကို ဖိနှိပ်ထားသော လီဆုက ထိန်းချုပ်မှု ပျောက်ကင်းသွားသည်။


သူမသည် သူမ၏ စီးပွားရေးကဒ်ကို နောက်ဆုံးသော အသက်ကယ်ကောက်ရိုးမျှင် တစ်ခုအလား တင်းတင်းကြပ်ကြပ် ဖိကိုင်ထားပြီးနောက် တိတ်တဆိတ် ငိုနေလေသည်။ 


“ မဟုတ်ဘူး။ သူ့အဘွားက သူ့ကို သူ့အဖေလိုမျိုး မဖြစ်စေချင်ရုံပါ။ သူမသာ ဒီအတိုင်း…” 


လု့ဖုန်းက ဘာစကားမှ မပြောတော့ချေ။ သူသည်လည်း အဖြေကို သိလိုက်သည်။ 


လီဆုက ရှုံ့ငိုနေရင်းနောက် နောက်ဆုံးတွင် ထုတ်ပြောသည်။


“ သူ့အဘွားက သူ့ကို အချစ်ဆုံး။ သူဘာပဲ လုပ်ချင် လုပ်ချင် သေချာပေါက် ထောက်ပံ့ပေးမှာ။ ဒီအတိုင်း သူ့ကို ပျော်ရွှင်စေချင်ရုံပဲ။ သူ့ကို မခံစားစေချင်ရုံပဲ။ ဒါတွေအားလုံးက ငါတို့ရဲ့အမှားပါ။ ငါတို့ကသာ မှားတာပါ”


သူတို့၏ အရှုံးပြီးနောက် အမျိုးမျိုးသော နောင်တများက သူတို့ကို ရိုက်နှက်လာပြီး နှလုံးသားကို ကျိတ်ချေရန် ကြိုးစားလာသည်။


လု့ဖုန်းက သူ့အား tissue တစ်ထုပ်ပေးလိုက်သည်။ 


“ ငါ တောင်းပန်ပါတယ်။ ဒါဟာ နည်းနည်းတော့ ကြောင်တောင်တောင် နိုင်တယ်” 


လု့ဖုန်း “ ရပါတယ်”


လီဆု၏ စိတ်အခြေအနေဟာ အနည်းငယ်တည်ငြိမ်သွားသည်။ သူမက ခေါင်းကို မော့လျှက် လု့ဖုန်းကို ကြည့်သည်။ 


“ Esportက ဘာလည်းဆိုတာကိုတော့ ငသေချာ နားမလည်ဘူး။ ဒါပေမဲ့ ရှောင်းရှောင်းက သဘောကျတယ်ဆိုရင်လည်း ငါ…”


သူမက အားတင်းစွာ ပြောသည်။ 


“ သူ့အဖေ နဲ့ ငါ့မှာ ‌ဝင်ပြောပိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ သူ့အဘွားကတော့ သေချာပေါက် ထောက်ပံ့ပေးမှာပဲ။ သူနဲ့ သူ့အဖေက မတူပါဘူး။ သူတို့က နည်းနည်းလေးတောင် မတူဘူး။ လူကြီးမင်းလု့ ငါ့ကို ကူညီပြီး သူ့ကို ဖြောင့်ဖြပေးပါလား။ ငါတို့ကြောင့်နဲ့ သူ့အပေါ် အများကြီး မသက်ရောက်စေချင်တော့ဘူး။ ရှောင်းရှောင်းက… ဒီကလေးက လုံလောက်အောင် ခံစားခဲ့ရပြီးပြီ”


လု့ဖုန်း၏ အသံက တိုးညှင်းသွားသည်။


“ ငါ လုပ်မှာပါ”


လီဆုက ရုတ်တရက် ထရပ်လိုက်သည်။ 


“ ခဏ နေဦး။ နင်ကနေတစ်ဆင့် သူ့ကို ပေးလိုက်ချင်တဲ့ ပစ္စည်းတစ်ခုရှိတယ်။ ဒါကို သူ့အဘွား ချန်ထားရစ်ခဲ့တာ”


လု့ဖုန်းက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ 

21 05

“ ကောင်းပါပြီ” 


 သူက မြို့ငယ်လေးက ထွက်လာသော အခါ လု့ဖုန်းသည် လက်ထဲတွင် ဗူးတစ်ဗူးကို ကိုင်လာသည်။ အတွင်းတွင် ပန်းချီကားတစ်ချပ်နှင့် မှတ်စု စာအုပ်လေးပါသည်။ သူသည် ဝေ့ရှောင်းကိုပေးရန်အတွက် သင့်တော်သော အခွင့်ရေးကို ရှာရပေလိမ့်မည်။ 


ဝေ့ရှောင်းသည်လည်း မနက် ၈ နာရီတွင်ပင် တစ်စုံတစ်ယောက်ဟာ သူ၏ တံခါး bell ကို လာခေါက်လိမ့်မည်ဟု မထင်ထားမိချေ။ 


၈နာရီဟုတ်တယ်။


ဝေ့ရှောင်းသည် ဖုန်းတွင် ပေါ်နေသော နာရီကို ကြည့်လိုက်ပြီးနောက် ဟာသကြီးတစ်ခုကို ကြုံတွေ့လိုက်ရသလို ခံစားလိုက်ရသည်။


သူတို့သည် သင့်တော်သော ဆောင်းတွင်းပိတ်ရက်မျိုးတွင် ဖြစ်သည်။ 


သောက်ကျိုးနည်း ဘယ်လိုကြောင့် သူက မနက် နေထွက်ခါစ ၈ နာရီလောက်မှာတင် ထရမှာလဲ။ 


Husky ကလည်း သူနိုးလာကြောင်း မြင်သောအခါ လမ်းလျှောက်ထွက်ရန် ခေါ်ထုတ်ပေးတော့မည်ဟု ထင်လိုက်ပြီး သူ့ကို ချက်ချင်းဆိုသလို ပျော်ရွှင်စွာ ခုန်အုပ်လိုက်သည်။ 


ဝေ့ရှောင်းက သည်းမခံနိုင်ပဲ သူ့ကို ကန်ထုတ်သည်။ 


“ သွားစမ်း။ သွားစမ်း။ မင်းရဲ့ daddyက မနက်စောစော ဘယ်လိုကောင်က ငါ့ကိုလာပြီး အနှောင့်ယှက်လာပေးသလဲ ဆိုတာကို သွားကြည့်လိုက်ဦးမယ်”


သူသည် သူ၏ ဖိနပ်ပါးထဲသို့ ခြေထောက်ထိုးထည့်လိုက်ပြီးနောက် တံခါးကို သွားဖွင့်သည်။ သူ၏ မျက်နှာတွင် ဒေါသ အပြည့်နှင့် ဖြစ်သည်။ သူကမူ ပိုင်ချိုင်ကိုသာ တွေ့လျှင် ထိုအကောင် ကို ပုတ်ပွသော အရွက်များဖြစ်သည် အထိ ထုခြေရမည်ဟု တွေးထားလိုက်သည်။ 


တံခါးက ပွင့်သွားသည်...။


ထို့နောက် ဗြန်းခနဲ မြည်သံက ထွက်လာ၏။ ဝေ့ရှောင်း ကမူ သူတံခါးကို ဖွင့်လိုက်ချိန်တွင် သရဲ တစ်ကောင်ကို မြင်လိုက်ရသလို ခံစားလိုက်ရပြီး တံခါးကို ချက်ချင်းပြန်ပိတ်လိုက်သည်။


Husky “ အာဝူး”


ဘာဖြစ်တာလဲ။ သူတို့ထွက် ကစားမှာ မဟုတ်ဘူးလား။


ဝေ့ရှောင်းက ၂ စက္ကန့်ခန့် စိတ်ရှုပ်သွားသည်။ ထို့နောက် အသက်ကို ပြင်းပြင်းရှူ၏။  


“ Close“ 


နှစ်နှစ် ကြာပြီးတဲ့နောက်မှာ သူ အစစ်မှန်ဘ၀မှာ ပထမဦးဆုံးအကြိမ် ပြန်တွေ့တာ ထင်တယ်။ 


မနက် ၈ နာရီတွင် သူ၏ ရှုပ်ပွနေသော ခွေးအိမ်လို‌နေရာမျိုးတွင် သူ၏ ဆံပင်များက ပို၍ ရှုပ်ပွနေသော အနေထားမျိုးနှင့် သူသည်Close ကို တွေ့လိုက်ရသည်။ 


“သေစမ်း”


ဝေ့ရှောင်းသည် သူ၏ လက်ချောင်းများကို သူ၏ ဆံပင်ထဲသို့ အကြိမ်အနည်းငယ် ထိုးထည့်လိုက်ပြီးနောက် သပ်ရပ်အောင်လုပ်လျှက် တံခါးကို ပြန်ဖွင့်သည်။ 


လုဖုန်းသည် အရောင်ရင့် ပလိပ်သား coat တစ်ထည်ကို ဝတ်ထားသည်။ထို့အပြင် သူ၏ ကော်လံ နားတွင် မာဖလာ တစ်ထည်ကိုလည်း ပတ်ထားသေးသည်။ သူ၏ မျက်ခုံးနှင့် မျက်လုံးများက အေးစက်ပြီး ယခင်အတိုင်း ထီမထင်သော အနေထားမျိုးနှင့် ဖြစ်သည်။ ထို့ကြောင့် အပြင်ဘက်မှ လူအများစုက သူ့ကို ကြည့်လိုက်ရုံနှင့် အေးစိမ့်မှုကို ခံစားရနိုင်သည်။ 


Glory ရဲ့ Cooling Agent 


ဒီနာမည်နဲ့တော့ ထိုက်တန်ပါပေတယ်။


“ Morning” 


လု့ဖုန်းက သူ့ကို မျက်တောင် မခတ်ဘဲ ကြည့်သည်။


ဝေ့ရှောင်းက သူ့အား ပြန်ပြောလိုက်သည်။


“ Morning” 


အရူးခွေးကမူ လေထုအခြေအနေဟာ မည်သို့ ဖြစ်နေကြောင်းကိုပင် မသိလေဘဲ ချက်ချင်းဆိုသလို အတင်းတိုးထွက်လာသည်။


 လု့ဖုန်း ၏ အကြည့်က အောက်ဘက်သို့ရောက်သွားသည်။


“ ဒါက အနမ်း လိုချင်တယ်ဆိုတဲ့ ခွေးလား” 

21 06

ဝေ့ရှောင်း “….”


ယခင်က ပဲပိစပ် ၏ အသားလက်ဖုဝါး လေးက မျက်ကန်း လျှောက်ထိရင်း လု့ဖုန်းအား အနမ်းလိုချင်သည်ဆိုသည့် emoticon လေးကို ပို့ခဲ့ဖူးသည်။ 


သေစမ်း။


ဝေ့ရှောင်းကမူ ဒီနေ့ တစ်စုံတရာဟာ မှားယွင်းနေသည် ဟုခံစားလိုက်ရသည်။ 


ဘယ်လိုနေ့မို့လို့ မနက်အစောမှာတင် မိုးခြိမ်းနေတာလဲ။ ထို့နောက် Husky ၏ အကျင့်ဆိုးများက ပြန်ထွက်လာပြန်သည်။ သူသည် တချက်အော်ဟစ်လိုက်ပြီးနောက် လုဖုန်းထံ ခုန်အုပ်ရန် ကြိုးစားလိုက်သည်။ 


လု့ဖုန်း က အံအားတကြီး ဖမ်းလိုက်ရသည်။


ဝေ့ရှောင်းက ခွေးရူးကို ဆွဲခွာသည်။ 


“ ပဲပိစပ် စိတ်ငြိမ်ငြိမ် ထားစမ်း”


လုဖုန်းသည် တစ်နှစ်ပတ်လုံး လေ့ကျင့်ခန်းလုပ်ခဲ့သော အမျိုးသား ဖြစ်ထိုက်ပေးသည်။ သူသည် ထို့သက်ရောက်မှုကိုပင် ထိန်းနိုင်၏။


“ဒါ...”


ဝေ့ရှောင်း၏ ဂုဏ်သိက္ခာများသည် ထိုခွေးကြောင့် လွှင့်ပစ်ခံလိုက်ရသည်။ 


“ ငါ မင်းကို ပြောရင် မင်းယုံမှာ မဟုတ်ဘူး။ သူက တကယ်ကို လျက်တတ်လွန်းတဲ့ ခွေးပဲ”


လုဖုန်းကမူ နားမလည်ပေ။


“ ဟင်” 


ဝေ့ရှောင်းကမူ ထိုအခြေအနေကို မည်သို့ရှင်းပြသင့်ကြောင်းပေ မသိတော့ချေ။ 


“ သူက အရမ်းကို ကြည့်ကောင်းတဲ့ လူတစ်ယောက်ကို တွေ့တဲ့ အခါ အတင်းခုန်အုပ်ပြီး လျက်တတ်တယ်”


တကယ့် လျက်တတ်တဲ့ ခွေးဆိုတာ သံသယ ဝင်ဖို့တောင် မလိုဘူး။


သေစမ်း သူ ဒီလိုခွေးကောင်ကို ဘယ်လိုများမွေး ထားတာလဲ။ 


လုဖုန်း “ …”


ဝေ့ရှောင်းသည် ပဲပိစပ်ကို နောက်ဆုံးတွင် ထိန်းချုပ်နိုင်သွားသည်။ ထိုကိစ္စကလည်း မလွယ်ကူပေ။သူ၏ တစ်ကိုယ်လုံး ချွေးတစ်၀က်ခန့်ပင် ချွဲသွားသည်။


“ သူပုံမှန်အားဖြင့် ဒီလောက်ထိ စိတ်မလှုပ်ရှား တတ်ပါဘူး။ ဒါပေမဲ့ မင်းက တအားကို ဆွဲဆောင်မှု ပြင်းနေလို့ ဖြစ်မယ်”


လု့ဖုန်း “ ….”


ဝေ့ရှောင်းသည်လည်း သူ ပြောလိုက်သော စကားတွင် တစုံတစ်ရာဟာ မမှန်ကန်ကြောင်း သတိထားမိလိုက်သည်။


“ငါ ဆိုလိုတာက ဒီခွေးက မင်းကို တအားဆွဲဆောင်မှု ရှိတယ်လို့ထင်… မဟုတ်သေးပါဘူး… မင်းက တအားချောလို့ နောက်ပြီး ငါလည်းထင် … ဖာခ့်”


သူက ရှင်းပြလေလေ ပို၍ toxic ဆန်လာ လေလေဖြစ်သည်။ 


လု့ဖုန်းက ပဲပိစပ်၏ ခွေးခေါင်းကို အသာဖိချရင်း ပြောလိုက်သည်။ 


“ အမြင် ကောင်းတယ်”


ဝေ့ရှောင်း : “ …”


မင်းက ပဲပိစပ်ကို ပြောတာလား။ ဒီခွေးရူးကိုလေ ဟုတ်လား”


လု့ဖုန်းက သူ့ကို တစ်ချက်ကြည့်သည်။ 


“ ငါ မနက်စာ ဝယ်လာတယ်။ စားချင်လား”


Husky “ အောင်း”


သူ ဘာကိုမှတော့ နားမလည်ဘူး။ ဒါပေမဲ့ မနက်စာ၊ နေ့လည်စာ၊ ညစာ ဆိုတဲ့ စကားကိုတော့ သူ ကောင်းကောင်း နားလည်တယ်။


မနက်စာကို စားပွဲပေါ်သို့ တင်လိုက်ပြီးသောအခါတွင်ပင် ဝေ့ရှောင်းက ရေချိုးပြီးခါစ အနေအထားမျိုးတွင်ပင် အနည်းငယ် စိတ်ရှုပ်နေသေးသည်။ 


“ နတ်ဘုရားလု ဘယ်လိုကြောင့် ငါ့ကို မနက်စောစော လာရှာတာလဲ”


ဝေ့ရှောင်းက လိုရင်းကို တန်းမေးလိုက်သည်။

21 07

လု့ဖုန်းက သူ၏ စိုစွတ်ပြီး ရေတစက်စက် ကျနေသော ဆံပင်ကို ကြည့်လျှက် ပြောသည်။ 


“ မင်းကို အခြေစိုက်စခန်းကို ခေါ်သွားမလို့”


ဝေ့ရှောင်းက တောင့်ခဲသွားသည်။ 


“ မဟုတ်တာ”


လု့ဖုန်းက သူယခင်က ပြောသော စကားကို ထပ်ပြောသည်။ 


“ စခန်းက ပြောင်းသွားပြီ။ အဲ့ဒီနေရာက taxi ရှာဖို့လည်း မလွယ်ဘူး။ ဒီတော့ ငါမင်းကို လာခေါ်ဖို့ ကားစီစဥ်ပေးမယ်” 


ဝေ့ရှောင်းက မျက်တောင် ခတ်သည်။


“ ဆိုတော့ မင်းက ကိုယ်တိုင် လာတာလား”


လု့ဖုန်း “ အင်း”


ဝေ့ရှောင်းကမူ ဖက်ထုပ်ဟင်းချို ကိုက်စားထားရသလိုမျိုး ရယ်စရာ ကောင်းသော မျက်နှာထားမျိုး ဖြစ်သွားသည်။ 


“ အရင်စား” 


လု့ဖုန်းကမူ ထို Huskyကို အလွန်စိတ်၀င်စားနေသည်။ 


“ သူက အပြင်ထွက်ပြီး ကစားချင်တာလား။ ငါ အောက်ထပ်ကို ခေါ်သွားလိုက်မယ်” 


ဝေ့ရှောင်းက သူ့အား မင်သေသေ ကြည့်ရင်းပြောလိုက်သည်။ 


“ အိုး ကြိုးက စင်ပေါ်…” 


ဝေ့ရှောင်းက တံခါးပိတ်သွားသော အခါမှသာ အမှန်တကယ် အသိ၀င်လာသည်။


“ သောက်ကျိုးနည်း ဒါက ဘယ်လိုအခြေအနေလဲ။ 


သူမှတ်မိတာသာ မမှားဘူးဆိုရင် လု့ဖုန်းက FTW ရဲ့ ဝှက်ဖဲ ဖြစ်နေရုံတင် မကသေးဘဲ သူက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဒီ  club ရဲ့ ပိုင်ရှင်ဖြစ်လာတာနော်။ 


ဆိုတော့ သူက ကိုယ်တိုင်ကိုယ်ကျ လာပြီး သူ့ကို စခန်းကိုခေါ်သွားမယ်ပေါ့။


သူ့ကို ဒီ‌လောက်အထိ ကောင်းပေးတဲ့ ‌တစ်ယောက်ယောက်များ ရှိသေးရဲ့လား။


သူကမူ ရှေ့တွင် လှည့်ကွက် အချို့ကို ကြုံတွေ့ရနိုင်သည်ဟု ခံစားနေရသည်။  


နာရီ၀က်ခန့် ကြာပြီးနောက် ဝေ့ရှောင်းက ဒီကိစ္စများဟာ ပို၍ပင် စိတ်ကူးယဥ် ဆန်လွန်းသည်ဟု ခံစားနေရသည်။ 


လု့ဖုန်းသည် cullinam    ronns-roycesuv ကို မောင်းလာသည်။ ထိုကားကို  တက္ကသိုလ်မြို့အတွင်းရှိ သူ၏ တစ်ယောက်နေတိုက်ခန်း အောက်ထက်တွင် ရပ်ထားခြင်းက အလွန်ပင် မျက်စိ ဖမ်းစားလွန်းသည်။


သို့သော် ဒါသည် လိုရင်း အချက်မဟုတ်သေးချေ။ မည်သို့ပင် ဆိုစေ နတ်ဘုရားလုသည် ပိုက်ဆံ မရှားကြောင်း လူသိများသော အခြေအနေ ဖြစ်နေသေးသည်။ သူသည် မည်သည့် ကားမဆို တတ်နိုင်သည်။ မည်မျှ စျေးကြီးကြီး တတ်နိုင်သည်။ သို့သော် ပြသနာကမူ…။


ဝေ့ရှောင်းက ဖော်ပြရန် ခက်ခဲသော ပုံစံမျိုးနှင့်ပြောလိုက်သည်။


“ ရင်နှီးနေတဲ့ အနေနဲ့ သတိပေးမယ်နော်။ ပဲပိစပ်ကသာ ဒီကားထိုင်ခုံတွေကို ကုတ်လိုက်မယ်ဆိုရင် ငါ ပြန်မလျော်နိုင်ဘူး”


လုဖုန်းကလည်း စိတ်လှုပ်ရှားနေသော Huskyကို ကားနောက်ခုံထဲသို့ ထည့်လိုက်သည်။


“ ရတယ်”


ဝေ့ရှောင်းက ဖိအား များသွားသည်။ 


“ သူက ဘာမဆို လုပ်နိုင်တယ်နော်။ Husky တွေက အိမ်ကို တောင်ဖြို နိုင်တယ်လို့ပြောကြတာ။ တကယ်မှန်တယ်”


လုဖုန်းက ရယ်သည်။ 


“ စခန်းက တအားကြီးတယ်”


ဝေ့ရှောင်း “ ???”


ဘာကို ဆိုလိုတာလဲ။ ဘာကို ဆိုလိုတာလဲ။ စခန်းက အရမ်းကြီးတယ်ဆိုတာ ဘာကိုပြောချင်တာလဲ။ ဒီအရူးခွေးကို စိတ်ကျေ‌နပ်သလို လုပ်နိုင်တယ်လို့ ဆိုလိုတာလား။

21 08

ဝေ့ရှောင်းကမူ သူသည်ထို Huskyကို သူနှင့်အတူ ခေါ်လျှက် FTW သို့ သွားရောက်လည်ပတ်ပြီး လေ့ကျင့်ရေး ပွဲစဥ်တစ်ပွဲကို ကြည့်ရလိမ့်မည်ဟု မထင်ထားမိချေ။ 


ဘယ်သူ သိမှာလဲ။ Glory ရဲ့အသိုင်းဝိုင်း တစ်ခုလုံးမှာ မဟာမိစ္ဆာ ဘုရင်လို့တောင် လူသိများတဲ့ ဘာကိုမှ ထီမထင်ပဲ ခံစားချက်မဲ့တဲ့ နတ်ဘုရားက ဒီလျက်တတ်လွန်းတဲ့ ခွေးတစ်ကောင်ကို ဒီလောက် အကျွမ်းတ၀င် ဖြစ်ပြနေမယ်လို့လေ။ 


…..


စာရေးသူမှာ ပြောစရာရှိပါတယ်။


ပြဇာတ်ငယ်လေး။ 


ဝေ့ရှောင်း : ငါကတော့ ရှေ့မှာတွင်းတစ်တွင်းရှိတယ်လို့ ခံစားနေရတယ်။


လု့ဖုန်း : ခုန်မှာလား မခုန်ဘူးလား။


 ပဲပိစပ်ကမူ ရှေ့သို့ ခုန်ထွက်သွားပြီး တွင်းထဲ သို့ အရင်၀င်သွားလိုက်သည်။


“ အောင်း”


******