အပိုင်း(၂၂)ဒီလူက Close သဘောကျနေတယ်ဆိုတဲ့ Top lanerတာလား။
ကားထဲသို့ ဝင်ရောက်ပြီးနောက် ဝေ့ရှောင်းသည် စိတ်မအေးနိုင်သေးချေ။
“မင်း တကယ်တော့ ခွေးကို ခေါ်လာဖို့ မလိုပါဘူး။ ပဲပိစပ်က သူ့ဘာသာသူ ဂရုစိုက်နိုင်ပါတယ်”
လုဖုန်း: “မင်းသူ့ကို အပြင်ကို ခဏ ခဏ မခေါ်ထုတ်ဘူးလား”
ဝေ့ရှောင်းသည် gameကစားခြင်းအား စွဲလမ်းနေသူ ဖြစ်သည်။ သူသည် အခြေခံအားဖြင့် တစ်ရက်တွင် မရှိသည့် ၄၈နာရီလုံးကိုပင် အဆင့်တက်ပွဲစဥ်များ ကစားချင်နေချိန် ဖြစ်လေရာ သူ၏ခွေးကို အပြင်ဘက်သို့ ခေါ်ပြီး လမ်းလျှောက်ပေးရန် အချိန်မရှိပေ။
လုဖုန်း:”husky တွေက အင်အားအပြည့် ရှိတတ်တယ်။ မင်း သူ့ကို မင်းရဲ့အိမ်ကို ဖြိုတာမျိုး မလုပ်စေချင်ရင် တစ်ရက်ကို ၅ကီလိုမီတာလောက်တော့ ခေါ်ပြီး ပြေးပေးသင့်တယ်”
ဝေ့ရှောင်း:”???”
လုဖုန်း:”ဒါမှမဟုတ် ၈ကီလိုမီတာပေါ့”
ဝေ့ရှောင်းကမူ ၃စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။
“မလိုပါဘူး။ မလိုပါဘူး။ ဒီလောက်အားစိုက်ထုတ်မှုမျိုးနဲ့ဆိုရင် ငါသူ့ကို နှပ်ပြီး ခွေးသားhot popပဲ စားလိုက်တော့မယ်”
၅ကီလိုမီတာ ၈ကီလိုမီတာ ဟုတ်လား။
ပိတ်လောင်ထားသော နှလုံးသားမျိုးနှင့်ဆိုလျှင် မီတာ၁၀၀ကပင် ကောင်းကင်နှင့် မြေကြီးအကြား အကွာအဝေးဟုပင် ခံစားနေရပြီ ဖြစ်သည်။
လုဖုန်းက နောက်မှန်မှ တစ်ဆင့် သူ့ကိုကြည့်လိုက်သည်။
“ငါ လုပ်နိုင်တယ်”
ဝေ့ရှောင်း:”အာ”
လုဖုန်းက သာမန်စကားပြောသလိုမျိုး လှမ်းပြောသည်။
“ငါတစ်ယောက်တည်း ပြေးတာပဲဖြစ်ဖြစ် ခွေးတစ်ကောင်ကို ခေါ်ပြေးတာပဲဖြစ်ဖြစ် ကွာခြားချက်မှ မရှိတာ”
ဝေရှောင်း:”!”
မင်း ဘာတွေ ပြောနေတာလဲ။ ဘယ်လိုဖြစ်ပြီး ငါက မင်းကို ငါ့ရဲ့ခွေးကို ခေါ်ပြေး ခိုင်းရမှာလဲ။
သို့သော် ထိုအချိန်တွင် huskyက ရစ်မူးနေသော အောင်းဟူသော အသံကိုပင် ထအော်သေးသည်။
ဝေ့ရှောင်းက ခြောက်ကပ်စွာ ရယ်သည်။
“အဟွတ်။ FTWရဲ့ စခန်းက တော်တော်လေးကြီးတယ်။ မင်းအနေနဲ့ ခွေးမွေးတာမျိုး တစ်ကောင်ကောင် မွေးတာမျိုးတော့ စဥ်းစားသင့်တယ်”
လုဖုန်း”အင်း”
ဝေ့ရှောင်းကမူ သူ၏နောက်ထွက််လာမည့် စကားက 'မင်းပဲပိစပ်ကို ဒီမှာထားခဲ့ရင် ဘယ်လိုလဲ'ဆိုသော စကားဖြစ်နေမည့် အခြေအနေကို စိုးရိမ်သွားသည်။
သူသည် ထိုခွေးသားကို နေ့စဥ်နဲ့အမျှ ဆူပူနေသော်လည်း သူနှင့် ပဲပိစပ်အကြား အစစ်မှန် ချစ်ခြင်းက ရှိသေးသည်။ တစ်ဖက်အကောင်တွင် သူသာမရှိလျှင် ထိုအကောင်သည် ကျယ်လောင်စွာ အော်ငိုနေလောက်သည်။
“အို ဟုတ်သားပဲ”
ဝေ့ရှောင်းက အကြောင်းရာကို ခပ်မြန်မြန်ပြော င်းလိုက်သည်။
“လေ့ကျင့်ရေးပွဲစဥ်အတွက် နာမည်စာရင်းက ထွက်ပြီလား”
သူသည် တစ်စုံတစ်ရာကို သာမံကာလျံကာ မေးသလို ထင်ရသည်။ သို့သော် ဝေ့ရှောင်း၏ စိတ်အတွင်းတွင်မူ တစ်စုံတစ်ရာက ရှိနေ၏။ သူသည် အလွန်သိချင်နေသည်။ ပို၍ပင် သိချင်နေသေး၏။ အမှန်တကယ် သိချင်နေသည်။
လုဖုန်း”ရပြီ”
ဝေ့ရှောင်း၏ နှလုံးသားက ဖျစ်ညှစ်ခံရသလို ခံစားလိုက်ရသည်။
“လောင်ပိုင်ပြောတဲ့ အတိုင်းဆိုရင် မင်းက Top lane ကစားသမားတစ်ယောက်ကို မျက်စိ ကျနေတာဆိုပဲ”
လုဖုန်းက သူ၏ လက်တစ်ဖက်တည်းနှင့် စီယာတိုင်ဘီးကို ကိုင်ထားသည်။ သူသည် မျက်တောင်ပင် မခတ်ပေ။
“ဟုတ်တယ်”
ဝေ့ရှောင်းက ခွေးမွှေးကို လှမ်းပွတ်လိုက်သည်။
“ဘယ်သူလဲ။ FTWရဲ့ ဒုတိယ အသင်းကလား ဒါမှမဟုတ် အခုလေးတင် စာရင်းရထားတဲ့ တစ်ယောက်လား”
22 02
Off season သည် transfer ကာလ ဖြစ်သည်။ Gloryသည် ယခုအခါ နှစ်ပေါင်းများစွာ လည်ပတ်ပြီးသည့် အလျောက် အတွေ့ကြုံရှိသည့် Team menagmant ဖြစ်စဥ်ကြီး တစ်ခုလုံးရှိနေပြီ ဖြစ်သည်။ ထို့ကြောင် Global final ပြီးနောက် ပြိုင်ပွဲဝင်နယ်မြေ ၁၆နယ်မြေမှ ကစားသမားများ အားလုံးသည် သူတို့၏ တည်ရှိသော စာချုပ်များအရ ကိုယ်တိုင် လိုလိုချင်ချင်နှင့် စာရင်းပေးချင်လျှင်ပေး၍ ရသည်။ သို့မဟုတ် မပေးချင်လျှင်လည်း ရ၏။ သူတိုကသာ စာရင်းဝင်သွားသည်နှင့် အခြားသော clubများက လေလံ တင်နိုင်သည်။ ထိုသို့ဖြင့် သူတို့သည် အမြင့်ဆုံး လေလံကြေးသော ပေးသောသူ၏ အသင်းသို့ ပြောင်းပူးပေါင်းနိုင်၏။ ဒါသည် မျှတသော ဖြစ်စဥ်လည်း ဖြစ်သည်။
ဝေ့ရှောင်းသည် စာရင်းထဲတွင် ပါသော Top laneကစားသမားတိုင်းကို လှန်လှောကြည့်ရှု ပြီးလေပြီ။ သို့သော် မည်သူ ဖြစ်လောက်ကြောင်း မတွေးနိုင်ချေ။
ဒေတာဧကရာဇ်များနှင့် ခွဲခြမ်းစိတ်ဖြာပြသော ဧကရာဇ်များအပြင် အတွင်းလူများ၏ ပြောစကားအရ ဒီနှစ်သည် တရုတ်ပြိုင်ပွဲရေး နယ်မြေ၏ မြင့်တက်သော နှစ်တစ်နှစ်လောက် ဖြစ်လောက်မည်ဟု ပြောနေကြသည်။ အကျိုးကြောင်း မသင့်သော ဖြေရှင်းချက်မျိုးလည်း မထုတ်လောက်ချေ။
တစ်နှစ်တာ လေ့ကျင့်ပြီးနောက်တွင် moon litနှင့် Eurostarကဲ့သို့သော ကစားသမား တစ်သုတ်သည် အခြေကျနေရာကို ရှာတွေ့သွားကြသည်။ ထိုအပြင် A sleepကဲ့သို့သော မှင်သက်ဖွယ်ကောင်းသော ပါရမီနှင့် လူမျိုးများလည်း ရှိသည်။ FTWက တန်ကြေးမြင့်မြင့်ပေးကာ လက်မှတ်ထိုးထားသော ရှောင်နင်ကပင် ကံကောင်မှုနှင့်မှသာ ရှာတွေ့နိုင်ပါရမီရှင် ကစားသမားမျိုးဖြစ်သည်။
ထိုသို့ ပြောနေရသည်မှာ အချို့သော မျိုးစေ့အသင်းများသည် တဖြေးဖြေးပုံဖော်လာသောကြောင့်လည်း ထိုစာရင်သွင်းကာလက အတော်လေး တောက်ပလာခြင်းဖြစ်သည်။
အသင်းများကသာ အတူတကွ ကောင်ကောင်းပူးပေါင်း ဆောင်ရွက်နိုင်မည် ဆိုလျှင် ကစာသမားများသည်လည်း သူတို့၏ အသင်းမှ မထွက်လိုပေ။ ပိုက်ဆံက မည်သို့ပင် ဖြစ်နေစေကာမူ အရေတွက်က ပိုသာလေသည်။ လူတိုင်းလည်း ရလဒ်ကိုသာ ပို၍ အာရုံစိုက်ကြ၏။
Chpionship အနိုင်ရယူခြင်းသည် မရေမတွက်နိုင်သော တရုတ်ပြိုင်ပွဲဝင်များ၏ နှလုံးသားကို ဖိချထားသောကြီးမားသည့် ဖိအားတုံးကြီး ဖြစ်လောက်သည်။
FTWအတွက်ပင် မဟုတ်ချေ။ တရုတ်ပြိုင်ပွဲဝင် နယ်မြေကြီးတစ်ခုလုံးတွင် အသစ်ဖြစ်နေသော အသင်း၁၆သင်း ရှိသည်။ မည်သည့်အသင်းကမှ နောက်မဆုတ် လိုကြသလို သူတို့တိုင်းပြည်အတွက် ဂုဏ်သိက္ခာကို ဖန်တီးပေးနိုင်စွမ်းရည် ရှိလိုကြသည်။
ထိုအတွေးကြောင့် ဝေ့ရှောင်းသည်လည်း စာရင်းသွင်း ကကစားထဲတွင် သင့်တော်မည့် သူမျိုးကို မခံစားမိပေ။ ထိုသို့ဆိုလျှင်...
လုဖုန်း စိတ်ဝင်းစားနေတာ တကယ်ပဲ ဘယ်သူလဲ။
လုဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“တစ်ယောက်မှ မဟုတ်ဘူး”
ဝေ့ရှောင်းက ကြောင်သွားသည်။
“လူသစ်လား”
လုဖုန်းက မပြောတော့ချေ။
ဝေ့ရှောင်းက အံ့သြနေသည်။
“ဒါက အဆင်ပြေပါ့မလား။ နင်ကျယ်ဟန် တစ်ယောက်ကတင် တော်တော်လေးကို ရင်းနှီးလွန်းရာ ရောက်နေပြီလေ။ မင်းတို့တွေ နောက်ထပ်တစ်ယောက်ကို ထပ်ပြီး ထိမ်းထားနိုင်ပါ့မလား။ ဒါတွေအပြင် ရှောင်နင်အပြင် ဒီနှစ်လူသစ်လေ့ကျင့်ရေးစခန်း ဖက်ကလည်းအရမ်းကို ထူးချွန်လွန်းတဲ့ တစ်ယောက်မှလည်း မတွေ့မိသလိုပဲ”
FTWက အခြေအနေတစ်ခုလုံးကို ကျော်လွှားရတော့မှာနော်။
တရုတ်ပြိုင်ပွဲဝင်မယ်မြေကြီးသည် ကျားများ ဝံပုလွေများ ဝိုင်းနေလေသည်။
ပိုလာဝစ်သည် မြင့်တက်နေပြီ ဖြစ်သည်။ သို့သော် FTWကမူ မည့်သည့် ပြိုင်ပွဲအတွေ့အကြုံမှ မရှိသည့် လူသစ်၂ယောက်ကို မိတ်ဆက် ပေးလိုနေသည်။
ဒါက ကိစ္စကြီး ဖြစ်သွားသည်။
တကယ်လို့ လုဖုန်းက သူတို့အတွက် မကာထားပေးနိုင်ရင် ဘာဖြစ်သွားမှာလဲ။
22 03
5 V 5 ပွဲစဥ်များသည် တစ်သင်းလုံးအပေါ် ကြီးမားသည့် သက်ရောက်မှုရှိပြီး အလွန်အရေးကြီးသည်။ Profession နယ်မြေတွင် လူ၅ယောက်လုံးသည် အတူတကွ လိမ်တွန့် ပြီးနောက်မှသာ သတ္ထုအကာရံတစ်ခု အဖြစ် ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဟာကွက် တစ်စုံတစ်ရာကို ရှာတွေ့သွားခဲ့လျှင် သူတို့သည် အပေါက်ကို ကျယ်သည်ထက်ကျယ်အောင် ဖွင့်ပေးမိသလို ဖြစ်သွားလေးပြီး သူတို့ရှုံးသွားသည်ထိ ပြိုင်ဖက်က သူတို့ကို ထိုးမွှေပေလိမ့်မည်။
FTWသည် အမြဲတစေ နိုင်ငံတကာ championship သို့round tour အနေနဲ့ သွားလေ့ ရှိသော်လည်း ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ သူတို့သည် ပြင်တွင်းပြိုင်ပွဲဝင် Champion ဖြစ်နေသေးသည်။
သူတို့ကသာ အိမ်တွင်းမှ Championshipကိုပင် မယူနိုင်ခဲ့လျှင် ဒီတစ်ကြိမ်....
FTW၏ အသေခံ သစ္စာရှိ Fan တစ်ယောက်အနေနဲ့ ဝေ့ရှောင်း၏ နှစ်မြုပ်ထားသော Professional နှလုံးသားက ပေါက်ကွဲလာသည်။
“ဒါက ရင်းနှီးလွန်းတယ်”
ဝေ့ရှောင်း၏ အသံက အနည်းငယ် မြင့်သွားသည်။
လုဖုန်းက ကားမောင်းရန်သာ အာရုံစိုက်ထားသည်။
“သူက ထူးချွန်တယ်”
ထိုစကားလုံးများကို ကြားသောအခါ ဝေ့ရှောင်း၏ နှလုံးသားက ပေါက်ကွဲသွားရုံသာ မကသေးလေဘဲ ပြိုလဲပင် ကျသွားသည်။
“ဘယ်လောက်တောင် ထူးချွန်တာလဲ”
ဖာ့ခ်
ဘယ်လူသစ်ကောင်က Closeဆီကနေ ဒီလောက် မြင့်မားတဲ့ အသိအမှတ်ပြုမှုကို ခံရနိုင်တာလဲ။
လုဖုန်းက တခဏခန့် ရပ်တန့်သွားပြီးနောက် တည်ငြိမ်စွာ ပြောသည်။
“ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းရည် အင်အားကြီးတာမျိုးပေါ့”
ဝေ့ရှောင်းက သူ့ကို ဖြတ်ပြောသည်။
“သူတို့က ဘယ်သူ့ထက်သာ...”
သူသည် မူလကမူ သူတို့က ငါ့ထက်သာသည်လောဟု ပြောလိုခဲ့သည်။ သို့သော် သူက တွေးတောကြည့်ပြီးနောက် ထိုစကားလုံးများသည် မမှန်ကန်ကြောင်း သိလိုက်၏။ ထို့ကြောင့် အလျှင်စလိုရပ်လိုက်ရသည်။ သူသည် စကားကို ပြောင်းပြောသည်။
“မင်းထက် သာနိုင်လို့လား”
လုဖုန်းက ခက်ဟဟ ရယ်သည်။
“ပြောဖို့ ခက်တယ်”
ဝေ့ရှောင်း”.....”
လုဖုန်း”သူက ငယ်သေးတယ်။ အတွေ့ကြုံလည်း မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့ အနာဂါတ်ကတော့ အလားအလာ ကောင်းတယ်”
ဝေ့ရှောင်း”.....”
Huskyက သူ၏ အမွှေး အဆွဲခံရသောကြောင့် နာကျင်စွာအော်သည်။
“အာဝူး...”
ဝေ့ရှောင်းက ခပ်မြန်မြန် လွှတ်ပေးလိုက်ပြီး အမွှေးလေးကို ပြန်ပွတ်ပေးလိုက်သည်။ သို့သော် သူ၏ နှလုံးသားထဲမှ အမွှေးများကမူ အရပ်မျက်နှာ အနှံ့ပေါ က်ကွဲထွက်သွားသည်။
“Season အသစ်တစ်ခုက စတော့မှာ။ သူ့ကို အတွေ့ကြုံရအောင် တည်ဆောက်ပေးဖို့အတွက် အချိန်လုံ လောက်ရဲ့လား”
လုဖုန်း:”ပြိုင်ပွဲစင်က အကောင်းဆုံးနည်းပြပဲ”
စကားလုံးများနောက်ကွယ်မှ အဓိပ္ပါယ်သည် ပွဲစဥ်များကို ကစားရင်းနှင့် သူ၏ အတွေ့ကြုံများက မြင့်တက်လာပြီး တစ်သင်းလုံးက သူ့ကို ကြီးပြင်းအောင် အဖော်ပြုပေးမည်လို့ ဆိုလိုသည်။
ဝေ့ရှောင်း၏ နှလုံးသားဟာ အချဥ်ဓာတ်များ ပြည့်နှက်သွားသည်။ သူ၏ စကားလုံးထဲတွင် ရှာလကာရည်ပူးပေါင်းများကပင် ပါလာသည်။
“မင်းက သူ့ကို တကယ် တန်ဖိုးထားတာပဲ”
အာ သောကျိုးနည်း ဘယ်ကောင်လဲ။ သူ သွားပြီး တူနဲ့ ထုပစ်လိုက်ချင်တယ်။ သူ့ရဲ့ Hero foodတစ်ခုလုံးကို စုတ်ဖြဲပစ်မယ်။
သူသည် ပြိုင်ပွဲများ ကစားရာမှ အတွေ့ကြုံရယူရန် မလိုအပ်ချေ။ ဝေ့ရှောင်းကမူ အစစ်မှန်က မည်မျှရက်စက်ကြောင်း အရင်ဆုံး ပြလိုက်ချင်သေးသည်။
“အင်း”
လုဖုန်းက နောက်မှန်မှ တစ်ဆင့် သူ့ကိုလှမ်းကြည့်သည်။
“သူက တန်တယ်”
ဝေ့ရှောင်းက ကြောင်သွားသည်။ သူ၏နှလုံးသားထဲမှ အချဥ်ဓာတ်က သူ့ကို ထိုးပြန်သည်။
တန်တယ်။
သူက တန်တယ်။
သူကကော မတန်ဘူးလား။
ဝေ့ရှောင်းက Huskyကို ဖက်လိုက်သည်။ သူ၏အသံဟာ အနည်းငယ် အောရှ သွားသည်။
“ခြေထောက် မလှုပ်နဲ့”
ကောင်းကောင်းမွန်မွန် ထိုင်နေသော နာခံသည့် ပဲပိစပ်လေး”အောင်း”
သူ လှုပ်လည်း မလှုပ်ပါဘူး။ ဒီအတိုင်း သူ့အဖေက တင်းတင်းကြပ်ကြပ် ဖက်ထားတာ မဟုတ်ဘူးလား။
22 04
ဝေ့ရှောင်းကလည်း သူသည် ထိုအရာနှင့် ထိုက်တန်ကြောင်း နားလည်သည်။ သို့သော် စိတ်ထဲတွင် ဝမ်းနည်း နေသေးသည်။
သူ့မှာ မနာလိုပိုင်ခွင့် ရှိပါ့မလား။
အရင်က သူကပဲ အခွင့်ရေးကို မယူခဲ့တဲ့သူ။ အဲ့ဒီအချိန်က Closeက သူ့ကို ဒီလောက်ထိ တန်ဖိုးထားခဲ့သေးတယ်။ ဒါပေမဲ့ သူက ဘာစကားမှ မပြောပဲ ထွက်ပြေးသွားခဲ့တာ မဟုတ်လား။
သူ၏ ပုဂ္ဂိုလ်ရေး စွမ်းရည်က မည်သို့ဖြစ်နေစေကာမူ အနည်းဆုံး ထိုလူသစ် Top laneသည် Closeက အမှန်တကယ် တန်ဖိုးထားသောသူ ဖြစ်သည်။
အနည်းဆုံးတော့ နေရာမှာတင် မပြေးသွားဘူးပေါ့။
FTW စခန်း...
ထန်ချန်းသည် သူ၏ရှေ့တွင်ပေါ်နေသော ကြီးမားသည့် လည်ပင်းအကာကြီးကို တစ်ချက်ကြည့်ပြီး သူ၏နှုတ်ခမ်းများက တွန့်သွားသည်။
ချန်းဖုန်း”မင်း ဝတ်လိုက် မြန်မြန်လေး”
ထန်ချန်းသည် သူ၏ခေါင်းပေါ် ဆွဲဝတ်လိုက်ရင်း ပြောသည်။
“ အခု ငါ့ရဲ့ ပုံစံက လည်ပင်းမကောင်းတဲ့ သူနဲ့ မတူဘူး။ မသိရင် အောက်ပိုင်းသေတဲ့ ဝေဒနာရှင်လိုပဲ”
ချန်းဖုန်း : “ မင်းပဲ drama ထည့်ဖို့ အရင် ပြောတဲ့သူ မဟုတ်ဘူးလား”
ထန်ချန်းက လည်ပင်းအကာ တပ်ထားရသည်။ သူ၏လည်ပင်းက လှုပ်၍မရပေ။
“ လောင်လု ဒီလောက်ထိ စိုးရိမ်တာရှား တယ်လေ။ ငါက ဘာလို့ သူ့ကို မကူညီရမှာလဲ”
လု့ဖုန်းက မျက်မှောင် ကြုတ်သည်။
“ ငါလည်း ဒါကို သိပ်တော့ မသေချာဘူး။ ငါတို့ ဒီလောက်ထိ အတတ်နိုင်ဆုံး ကြိုးစားပြီး အတင်းဆွဲခေါ်သွင်းသွားတဲ့ တစ်ယောက်က အဆုံးသတ်မှာ ငါတို့နဲ့ စာမျက်နှာ တစ်မျက်နှာတည်းမှာ ပေါ်လာနိုင်မှာ မို့လို့လား”
ထန်ချန်း : “ မင်း ဒါကို စိုးရိမ်ဖို့ မလိုဘူး။ ငါ့အထင် ဒီကလေးက သူ့ရဲ့ ဒီဂိမ်းကိုချစ်စိတ်က လူတိုင်းထက်တောင် သာလောက်အောင် အရိုးထဲကို ဆွဲနေတာ။ သူက အသင်းကို ပြန်ရောက်လာတာနဲ့ အမျှ သေချာပေါက် အသင်းရဲ့ ရဲရင့်လွန်းတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လာမှာပဲ”
ချန်ဖုန်းက တစ်ခဏ ခန့်ရပ်တန့်သွားပြီးနောက် သစ်သားတုံးကို ကြည့်သည်။
“ Closeက ဝေ့ရှောင်းကို စိတ်ဝင်စား လွန်းအားကြီးနေတယ်လို့ မင်း မထင်ဘူးလား”
ထန်ချန်းက လည်ပင်းအကာကို ကျင့်သားရရန်အတွက် တစ်ချက်တွန်းလိုက်သည်။
“ မင်းလောင်လု ကို မသိဘူးလား။ သူက အေးစက်ပြီး ဘာကိုမှ ဂရုမစိုက်ဘူးလို့ထင်ရတယ်။ ဒါပေမယ့်ပြောရရင် သူ့ရဲ့ နှလုံးသားက လူတိုင်းထက် နူးညံ့တယ်။ အရင်ကဆိုရင်…”
ချန်ဖုန်းက အကြည့်ကို ပြောင်းလိုက်ပြီး ဒေါသတကြီးဖြင့် ပြောသည်။
“ငါလူး ။ ဒါပေမယ့် သူ သောက်ကျိုးနည်း ဘာက ဆိုးတယ်၊ ဘာက ကောင်းတယ် ဆိုတာကို မပြောနိုင်ဘူး မဟုတ်လား။ အဆုံးသတ်တော့ အဲ့ဒီ မျက်လုံးဖြူ ဝံပုလွေတွေနဲ့ အဆုံးသတ်သွားတာပဲ”
ထန်ချန်းသည် ပို၍ပင် အမြင်ကျယ်သည်။
“ ကောင်းပြီ။ နှစ်တွေအများကြီး ကြာခဲ့ပြီ မဟုတ်ဘူးလား။ ငါတို့ အခု အဆင်ပြေနေတာပဲ မဟုတ်ဘူးလား”
ချန်ဖုန်း ကထိုအကြောင်းကို တွေးမိသောအခါ သူ၏ အသည်းက နာလာသည်။
“ သောက်ကျိုးနည်းနည်း ကောင်းကောင်း အဆင်ပြေနေတာ။ သုံးနှစ် ကြာသွားပြီ။ ငါတို့ Championship ရလို့လား။ ငါတို့ တစ်ခုတောင် ရဖူးလို့လား”
ထန်ချန်း “ အဟွတ်”
ချန်ဖုန်းသည် တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာသည်။
“ သူတို့အားလုံးခွေးတွေပဲ။ တစ်ကောင် တိုင်းက ခွေးစိတ်ပေါက်နေကြတာ။ သူတို့မှာသာ စွမ်းရည်ရှိရင် individual ပြိုင်ပွဲကို သွားပြိုင်ကြပါလား။ Close က သူတို့ရဲ့ ခွေးခေါင်းကို ပွင့်ထွက်မသွားအောင် မခွဲတော့မှ ထူးဆန်းမှာ”
ဒီရန်ငြိုးတွေက တအား ရှုပ်ထွေးလွန်းတယ် …။
ထန်ချန်းသည် မဖြေရဲချေ။ ထို့ကြောင့် သူသည် လည်ပင်းအကာဖြင့် အလိမ်ခံလိုက်ရသလိုသာ ဟန်ဆောင် နေလိုက်သည်။ ပိုင်ချိုင်က အောက်ထက်သို့ သန်းရင်း ဆင်းလာသည်။ သူသည် ထန်ချန်းကို တွေ့လိုက်သောအခါ ကြောင်သွားသည်။
“ နတ်ဘုရား ထန်”
ယွဲ့ဝမ်လဲ့ကလည်း စိတ်ရှုပ်သွားသည်။
“ မင်းက …”
နင်ကျယ်ဟန်က ငယ်ရွယ်သေးသဖြင့် စိတ်ထဲရှိရာ မှန်သမျှ ထုတ်ပြောတတ်သည်။
“ ချန်ကောက ကားတိုက်မှု ဖြစ်လာတာလား”
ထန်ချန်းသည် အဘွားကြီးလို မီးခိုးရောင်ခေါင်းကို လှမ်းရိုက်လိုက်သည်။
“ ကောင်စုတ်လေး”
နင်ကျယ်ဟန်က နောက်ဆုတ်သွားသည်။ သို့သော် သူ့ကို စိုးရိမ်နေသေးသည်။
“ ဂရုစိုက်နော်။ ကောရဲ့လည်ပင်း က …”
ထန်ချန်းက လည်ချောင်း ရှင်းပြီး သူ၏ ဆိုးရွားသော သရုပ်ဆောင်စွမ်းရည်ကို ဖျစ်ညှစ်ထုတ်ရန် ကြိုးစားလိုက်သည်။
“ အဆင်ပြေပါတယ်။ ငါရဲ့ လည်ဂုတ်အရိုးတွေက ဆုတ်ယုတ်လာပြီလေ။ ဒီတော့ ရောဂါတွေက ဖြစ်လာတာပေါ့။ ဒါက E-sport ကစားသမားတွေ အတွက် ဖြစ်နေကျ ကိစ္စလိုပါပဲ။ အထူးသဖြင့် ငါ့လို အနားယူထားတဲ့ တစ်ယောက်ဆိုရင် ပိုဆိုးတာပေါ့။ ဒါကြောင့် ငါ Professional အဖြစ် ကစားတယ်လို့တောင် ပြောရမှာ ရှက်ရွံ့မိပါတယ်”
22 05
ထန်ချန်း၏ လည်ပင်းက စိုးရွားသော ကိစ္စဟာ အသင်း၏ လျှို့ဝှက်ချက် မဟုတ်ပေ။ ပြောရမည်ဆိုရင် ၂၀၂၀ ပြိုင်ပွဲ အတောအတွင်းတွင် ထန်ချန်းသည် မကြာခဏ ဆိုသလို ဖျားတတ်သည်။ သူသည် ဆိုးဆိုးရွားရွား ခေါင်းကိုက်မှုကို ခံစားရတတ်သည်။ သူသည် သူ့ကိုယ်သူ အတင်းတွန်းအားပေးလျှက် ကစားပြီး ဆိုးရွားစွာလုပ်ဆောင်မိလျှက် Hater များ၏ ဆိုးဆိုးရွားရွား ပြောဆိုခံရရင်းဖြင့် ၀မ်းနည်းစရာ ကောင်းလောက်အောင် အဆုံးသတ် ရသေးသည်။
နင်ကျယ်ဟန်သည် ပါးစပ်ဟလိုက်ပြီးနောက် အခန်းထဲမှ ဆင်ကြီးအကြောင်းကို ထည့်ပြောသည်။
“ ထန်ကော။ ထန်ကော အခုတလော ကောင်းလာတာ မဟုတ်ဘူးလား။ ဘာလို ကြောင့်ရုတ်တရက်ကြီး ဘာလို့ဒီလောက်ဆိုးသွားပြန်တာလဲ”
ထန်ချန်းသည် နှစ်လခန့်နီးပါး အနားယူခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် အလွန်သက်သာနေပြီ ဖြစ်သည်။ ယခုမူ…။
ဒါက သူ လိုက်ရမယ့် ဇာတ်ညွှန်းမဟုတ်လား။
….
“ ဟူး”
ထန်ချန်းသည် သူကသာ အခြားသော သူများကို လှည့်ဖျားရန် အတွက် သူ့ကိုယ်သူ အရင်ဆုံးလှည့်ဖြားသင့်သည်ဟု ယူဆလိုက်ပြီး သဘာ၀ကျကျ ပြောလိုက်သည်။
“ ဒီရောဂါက ကုလို့ မရဘူးလေ။ မကြာခဏ ဆိုသလိုပြန်ပြန် ဖြစ်ဖြစ်လာတာပေါ့”
ချန်ဖုန်း က အောက်ထပ်ဆင်းလာပြီး သူ့ကို ကြည့်သည်။
“ မင်း ခဏနေ လေ့ကျင့်ရေးပွဲမှာ ၀င်ပါနိုင်ပါ့မလား”
သူ ဇာတ်ညွှန်းနောက် မလိုက်ဘူးလို့ ပြောတယ်။ ဒါပေမယ့်သူ့ရဲ့ ခန္ဓာကိုယ်ကတော့ ပူးပေါင်းဖို့ အတွက် အရမ်းကို ရိုးသားနေတယ်။ ရှောင်နင်သည် နည်းပြချန်ဖုန်းကို အလွန်ကြောက်သည်။
တရုတ် Glory အသိုင်းဝိုင်းအတွင်းတွင် Closeသည် မဟာမိစ္ဆာဘုရင်ဆိုလျှင် ချန်ဖုန်းကမူ အရှင်သခင်မဧကရီ ဖြစ်သည်။
လူသစ်များသည် မဟာမိစ္ဆာဘုရင်ကို လေးစားကြပြီး နည်းပြချန် ဖုန်းကို ကြောက်ကြသည်။ ထိုသို့ကြောက်ရန်အတွက် အကြောင်းပြချက် တစ်ခုရှိသည်။
မဟာမိစ္ဆာဘုရင်ကြီးသည် ထိတွေ့၍ မရချေ။ လက်လှမ်းလည်းမမှီချေ။ သို့သော် နည်းပြချန်ဖုန်းကမူ လျှာထက်သည်။ မကြာခဏ ဆိုသလို reply များကို review လုပ်ချိန်တွင် သူသည် နွေးထွေးသော အသံနှင့်ညှင်သာလွန်းစွာ စကားပြောနိုင်သည်။ သည်နည်းအားဖြင့် Professioanl ကစားသမား များကို ငိုသွားအောင် လုပ်နိုင်သည်။
နင်ကျယ်ဟန်သည် ယခင်က အတွေ့ကြုံရဖူးသည်။ ထို့ကြောင့် အလွန် ကြောက်သည်။
ပိုင်ချိုင်က အရေထူသည်။ သူ၏ အသားများကလည်း ခန္ဓာကိုယ်အနှံ့ ပြည့်သိပ်စွာ ရှိနေသောကြောင့် ထိုထက်သော လျှာကို immune ဖြစ်နေပြီးသား ဖြစ်သည်။ သူသည် ဘယ်ကြည့် ညာကြည့်လုပ်ပြီးနောက် တံတွေးအနည်းငယ် မျိုလိုက်သည်။
“ဟုတ်တယ်။ နတ်ဘုရားထန်ရဲ့ လည်ပင်းက ဒီလိုမျိူး ဖြစ်နေတာဆိုတော့ လေ့ကျင့်ရေး ပွဲစဥ်ကို မကစားနိုင်တော့ဘူး မဟုတ်လား”
ထန်ချန်းက ကူကယ်ရာမဲ့စွာ ပြောသည်။
“ အခြားနည်းလမ်းလည်း မရှိတော့ဘူ။ အသင်းက Top laner လိုအပ်နေတာ။ လေ့ကျင့်ရေးပွဲက ရှားပါးတဲ့ အခွင့်အရေးပဲ။ ငါတို့ ဒါကို ရွှေ့လို့မဖြစ်ဘူး”
ယဲ့၀မ်လဲ့က အခြေအနေကို နားမလည်သေးချေ။
“ ဘာ။ Top lane အဖွဲ့၀င်အသစ်ကို အခုချိန်အထိ မဆုံးဖြတ် ရသေးဘူးလား”
ချန်ဖုန်း အပြင်ဘက်သို့ ကြည့်သည်။
“ ဆုံးဖြတ်လုနီးပါးပဲ”
ယဲ့၀မ်လဲ့ “ ဒါဆိုရင် သူက ဘာလို့ လေ့ကျင့်ရေးပွဲစဥ်ကို မ၀င်တာလဲ”
ထန်ချန်းက သူ့ကိုယ်သူ တွေးလိုက်သည်…။
“ သူ၀င်တာ မ၀င်တာက ငါ့ရဲ့ ဖျော်ဖြေမှု အပေါ်မှာ မူတည်နေတယ်”
အငြိမ်းစားယူသွားတဲ့ နတ်ဘုရားထန်က သူ့ရဲ့အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို ပြောင်းပြီး သရုပ်ဆောင် ဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
နင်ကျယ်ဟန်သည် အလွန်သိချင်နေသဖြင့် ပြောသည်။
“ အဲ့ဒါက…ငါခေါင်းဆောင်ဆီက ကြားထားတဲ့အတိုင်းဆိုရင် သူက မီးအိမ်မဟာဆရာသခင်ကို လက်မှတ် ထိုးချင်နေတာဆို”
လေ့ကျင့်မှုကိုသာအထူးတလည်အာရုံစိုက်ထားသော ယဲ့ဝမ်လဲ့က လောကကြီးက အရာရာကိစ္စများကို မသိထားချေ။
“ ဘာ”
နင်ကျယ်ဟန်သည် နတ်ဘုရားလဲ့နှင့် မဟာဆရာသခင် ကြားမှ ရန်ငြိုးကို ခက်ရေးရေး သိသည်။ ထို့ကြောင့် ဆက်မပြောရဲတော့ချေ။
ပိုင်ချိုင်က ပြောသည်။
“ မင်း Weibo ကိုမကြည့်ဘူးလား။ Offical ထုတ်ပြန်ချက်ပဲ လိုတော့တာ”
ယဲ့ဝမ်လဲ့ : “ငါလူး အဲ့ဒီသားရဲကောင်က FTWကို လာမှာဟုတ်လား။ သေစမ်း။ ဒီလောင်ဇီက…”
ပိုင်ချိုင်သည် တွေးလိုက်သည်….။
“ လောင်ဝေ့ မင်း professional အဖြစ် မကစားဖို့ ဆုံးဖြတ်တာက အရမ်းကိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်နော်။ မျိုးနွယ်ခြား ရန်သူတွေ ပြည့်နေတဲ့ တောတစ်တော ရှိရုံတင် မကသေးဘဲ မင်းရဲ့ ကိုယ်ပိုင်အသိုက်ထဲမှာတောင် မဖြေရှင်းရသေးတဲ့ အကြွေးတွေ ရှိနေတယ်...”
ဝေ့ရှောင်း အနေနှင့် FTW စခန်းကို ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ သူသည် ယခင်ကတည်းက ကြော်ငြာ flim ကိုကြည့်ဖူးသော်လည်း ထိုကြော်ငြာများသည် အမှန်တကယ်ပင် ရဲတိုက်ကြီးနှင့် တူသည်။
“သေစမ်း။ တအားကြီးတာပဲ”
22 06
စိတ်မရှိပါနဲ့။ သူ ကြော်ငြာ film ကိုတော့ ကြည့်ဖူးတာ ဖြစ်လောက်တယ်။ ဒါပေမဲ့ တကယ့် တကယ်တမ်း မြင်ရတာက အရမ်းကို ပြင်ထန်တဲ့သက်ရောက်မှု ဖြစ်နေတုန်းပဲ။
ကားသည် အတွင်းထဲသို့ တောက်လျှောက် မောင်းဝင်သွားသည်။ သူတို့သည်ရဲ တိုက်ကြီး အရှေ့သို့ရောက်မှသာ ကားထဲမှ ဆင်းသည်။
ဝေ့ရှောင်းသည် Huskyကို ကြိုးပတ်လိုက်ပြီးနောက် ကြီးမားသော လည်ပင်း အကာကြီးကို ပတ်လျှက်ရှိနေသော ထန်ချန်းကို တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်သည်။
“ နတ်ဘုရားထန်… မင်း….”
ကာတိုက်မှု ဖြစ်တာလား။
ထန်ချန်းက ထွက်လာသည်။
“ အား။ ငါ မနေ့က ဆိုင်ကယ်ပေါ်ကပြုတ်ကျတော့ လည်ပင်းထိသွားတာပဲ”
ချန်ဖုန်း “….”
သောက်ကျိုးနည်း အရူးကောင်။ မင်းဒီအရူး ဝေ့ကို ဒီလောက်နဲ့ လှည့်ဖျားလို့ရမယ်လို့ ထင်နေတာလား။
ထန်ချန်း ကဆက်ပြောသည်။
“ အဆိုးဆုံးအပိုင်းကတော့ ငါ ဒီလိုဒဏ်ရာမျိုးနဲ့တောင် လေ့ကျင့်ရေးပွဲကို ကစားရဦးမှာပဲ”
ဝေ့ရှောင်းက စိတ်ရှုပ်သွားသည်။
“ ကောက လေ့ကျင့်ရေး ပွဲကို ကစားမယ် ဟုတ်လား”
ချန်ဖုန်း “…”
တကယ်အလုပ်ဖြစ်တာလား။
ထန်ချန်းသည် အလွန်မင်း ယူကြုံးမရ ဖြစ်နေပုံပေါ်သည်။
“ ဘာလို့ ငါက မကစားရမှာလဲ။ လေ့ကျင့်ရေးပွဲစဥ် ကစားဖို့ရတဲ့ အခွင့်အရေးက လွယ်လွယ်နဲ့ မရနိုင်ဘူးလေ။ ငါ လူတိုင်းကို ဆွဲချ လို့ဘယ်ဖြစ်ပါ့မလဲ”
ဝေ့ရှောင်းကမူ အသေးစိတ်ကို အမိရဖမ်းလိုက်သည်။
“ Top laner အသစ်က ဘယ်မှာလဲ”
ထန်ချန်းက သူ့အား တိတ်တဆိတ်သာ ကြည့်သည်။
ဝေ့ရှောင်းက သူ၏ အကြည့်ကို သတိဖြင့်ကပ်လျှက် ပြန်လည်ခုခံသည်။
ဖာခ့်။
ဒါက ဘယ်လို ပုဂ္ဂိုလ်ကြီးလဲ။ ဘယ်လောက် သွေးကြီးနေလို့ လေ့ကျင့်ရေးပွဲစဥ်ကိုတောင် မလာတာလဲ။
Closeက သဘောကျနေတဲ့ အဲဒီကောင်က ဘိုးဘေးလား ဒါမှမဟုတ် အဲဒီ top laner လား။
******