အပိုင်း (၂၃.၁) လောင်ဇီကရန်ငြိုးကြီးတဲ့ ယောကျာ်း
ဝေ့ရှောင်း၏ စိတ်အခြေအနေက ရှုပ်ထွေးသွားသည်။ သူသည် ထန်ချန်းအတွက် ယူကြုံးမရ ဖြစ်မိသလို Closeအတွက် ပို၍ပင် ယူကြုံးမရ ဖြစ်မိလေသည်။
သူက ကမ္ဘာနံပါတ် ၁ ထိပ်ဆုံးမှာ ရောက်နေတဲ့ တစ်ယောက်။ ဘာလို့ လူသစ်တစ်ယောက်က အခွင့်အရေး ယူတာကို ခံရမှာလဲ။
Closeက ကိုင်တွယ်ဖြေရှင်းဖို့ အရမ်းလွယ်နေလို့လား။ သူက အေးစက်ပြီး ထီမထင်တဲ့ ရက်စက်လွန်းတဲ့ မဟာမိစ္ဆာဘုရင် ဖြစ်ရမှာလေ။
ထို့နောက် ဝေ့ရှောင်းသည် လွန်ခဲ့သော ၂နှစ်ခန့်က အဖြစ်ပျက်များကို သတိရသွားသည်။
ထိုအချိန်က Closeသည် မရေမတွက်နိုင်သော professional ကစားသမားအတွက် မိုးထိုးတက်နေသည့် မြင့်မားလွန်းသော တောင်တန်းကြီး ဖြစ်နေခဲ့ပြီးသားဖြစ်သည်။
ဝေ့ရှောင်းသည် သူ၏ ကမ္ဘာ finnalမှ single player matchပွဲကို ပြသသည့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးနောက် လူသစ် လေ့ကျင့်ရေးစခန်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
သူခိုးထံမှ ဓားခုတ်ချက်က ပွဲစဥ်တစ်ခုလုံး၏ စားပွဲများကို တောက်လျှောက် လှန်လာခဲ့ခြင်းအားဖြင့် Championညကို တောက်လျှောက် ထိုးဖောက်သွားပြီး ဝေ့ရှောင်း၏ သွေးများကို ဆူပွက်စေခဲ့သည်။
ပြောရမည်ဆိုလျှင် သူသည်် Gloryကို အချိန်တန်ကြာအောင် ကစားနေခဲ့ပြီး ဖြစ်သည်။ သို့သော် သူ၏အနီးနားဝန်းကျင်ရှိ ကျောင်းသားများ၏ အဆင့်က ထိုမျှသာ ဖြစ်သည်။ သာမှန်သာဖြစ်၏။ ထို့ကြောင့် သူ့ကိုသာ အမြဲဖမ်းဆွဲထားပြီး daddyဟုသာ တောက်လျှောက် ခေါ်လျှက် သူ့အား ပြန်သတ်နိုင်ရန် သယ်သွားပေးရန် တောင်းပန်တတ်ကြသည်။ အနိုင်ရဖို့က တအားလွယ်တယ်။ ထို့ကြောင့် ဝေ့ရှောင်းသည် သိပ်မကြာခင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားတတ်သည်။
ဒါက သင်္ချာပုစ္ဆာတွေလောက်တောင် မခက်တာ ဘာတွေများ ပျော်စရာကောင်းမှာလဲ။
ထို့နောက် သူသည် Closeကို တွေ့လိုက်သည်။
ပတ်ပတ်လည် လျှောက်ပျံသန်းပြီး ဖြစ်နိုင်သမျှသော အခွင့်အရေးတိုင်းကို လိုက်ရှာနေခဲ့သော် သူခိုးတစ်ယောက်က အရိပ်သူခိုး၏ ကောင်းကင်အနှံ့ ပြည့်နှက်သွားသည့် အလင်းစက်ကွင်းများကို မြင်လိုက်ရသလို ဝိဉာဥ်သူခိုး၏ ၁၆ကြိမ် ဆက်တိုက်ထိနိုင်သော compoun ကိုလည်းတွေ့ လိုက်ရသည်။
မရေမတွက်နိုင်သော လွန်ကဲလွန်းသည့် စီမံလှည့်ပတ်ပုံများသည် ဝေ့ရှောင်း၏ ဦးခေါင်းခွံကိုပင် ကြိမ်းတက် သွားစေခဲ့သည်။
သူသည် လေ့ကျင့်ရေးစခန်းတွင် တစ်ညလုံးနီးပါးနေပြီးနောက် Close၏ hero skillများကို ကိုင်တွယ်ပုံကို တုပရန် အရမ်းခက်ခဲကြောင်းကို ရှာတွေ့လိုက်သည်။
မလုပ်နိုင်ဘူးဆိုတဲ့ အရာကို လုပ်နိုင်တာကမှ စိတ်လှုပ်ရှားဖို့ကောင်းတာ။
ထိုအချိန်က နိုင်ငံတကာ serverတွင် ကင်းထောက် တစ်ယောက်ရှိသည်။ ဝေ့ရှောင်းကလည်း လေ့ကျင့်ရေးစခန်းလိုက်မည်လောဟု မေးမြန်းခြင်းကို ချက်ချင်းလိုလို သဘောတူလိုက်သည်။
လူသစ်လေ့ကျသ့်ရေူစခန်းက အဆုံးသတ်သွားပြီးနောက် သူသည်လည်း သူ၏ ဆန္ဒပြည့်သွားပြီး Closeနှင့် တွေ့ခွင့်ရသည်။ ထို့နောက် သူနှင့် သိတ်ကြိုက် soloခွင့် ရသည်။
သူသည် ၄၈နာရီဆက်တိုက် ကစားပြီး ပွဲစဥ်တိုင်း ရှုံးသည်။ သို့သော် ဝေ့ရှောင်းကို ပို၍ပင် စိတ်လှုပ်ရှားစေသေးသည်။သို့ရာတွင်...
ဝေ့ရှောင်းက သူ၏ မှတ်ဉာဏ်များကို အတင်း ပြန်ထိုးထည့်လိုက်ပြီးနောက် Closeသည်လည်း အမှန်တကယ် စကားပြောရလွယ်ကြောင်း သိလိုက်သည်။
သူ၏ ရူးကြောင်ကြောင် တောင်းဆိုမှုကို Closeသည် သဘောတူခဲ့ ယုံသာမကသေးလေဘဲ သု့ကိုပင် အဖော်ပြုပေးကာ ၄၈နာရီလုံးလုံး ကစားပေးရဲသည်။
နောက်ပိုင်းတွင် သူ၏ အိပ်နေရင်း လမ်းလျှောက်တတ်သော ကိစ္စက စလာပြန်သည်။ Closeက သူ့ကိုအိပ်ယာထဲမှ မကနိထုတ်ရုံသာ မကသေးလေပဲ တစ်ညလုံးသူ့ကို လက်မောင်းထဲတွင်ဖြင့် အိပ်ခွင့်ပြုသေးသည်။
ဝေ့ရှောင်းက သူ၏နှလုံးသားထဲတွင် ကိစ္စများကို တွေးတောလေလေပို၍ပင် မပျော်မရွှင် ဖြစ်လာလေလေ ဖြစ်သည်။
အေးစက်တဲ့မျက်နှာ အေးစက်တဲ့ နှလုံးသားနဲ့ မဟာမိစ္ဆာဘုရင်က အတွင်းဘက်မှာတော့ တအားကို နူးညံ့နေတာ။ ဒါကို အခြားသူက ရှာတွေ့သွားတာပေါ့။
သေစမ်း
သောက်ကျိုးနည်း လူသစ်က ဘယ်ကောင်လဲ။
23 02
ဝေ့ရှောင်းသည် ရှာလကာရည်ကိုသာ အာရုံစူးစိုက်၍ ထက်နေခဲ့သောကြောင့် သူ၏ခွေးသားက အလှလေးနောက် လိုက်သွားပြီ ဖြစ်ကြောင်း မသိသေးပေ။
huskyက အော်ပြီး ချန်းဖုန်းကို ခုန်အုပ်ပြန်သည်။
နည်းပြချန်းဖုန်းသည်ပင် အပြေးလာသော ခွေးကို မြင်ပြီး ကြောင်သွားသည်။
ဝေ့ရှောင်းက လည်ပတ်ကြိုးကို ကိုင်ထားသောကြောင့် နောက်မှ တရွတ်တိုက် ပါသွားသည်။ ထိုအခါမှသာ သူ့ရဲ့ သတ္တိပြန်ဝင်လာသည်။
“ပဲပိစပ် နာခံစမ်း”
ရုပ်ချောသူများကို အလွန်အကျူး ကြိုက်သော ခွေးတစ်ကောင် အနေနဲ့ ပဲပိစပ်သည် ချန်းဖုန်းကို ပို၍စိတ်ဝင်စားသွားလေပြီး သူ့ဆီအပြေးသွားရန် ကြိုးစားလျှက် နမ်းရန် ကြံစည်နေသည်။
ချန်းဖုန်းက ပင့်သက်ရှိုက်လိုက်သည်။
“Hus...Hus Hus Huskyလား”
ဝေ့ရှောင်းက အသားကုန် ကြိုးစားပြီးမှသာ ထိုပဲပိစပ်၏ စိတ်အခြေအနေကို တည်ငြိမ်အောင် လုပ်လိုက်နိုင်ပြီး သူကပြောသည်။
“မကြောက်နဲ့ ချန်းကော။ သူက မကိုက်တတ်ဘူး။ ဒီတိုင်းနဲနဲလေး အရမ်းကို လူကပ်ရုံပဲ”
ချန်းဖုန်းကမူ သူ၏ပရိသတ်များ၏ အရှင်သခင် ဘုရင်မဟုပင် ခေါ်ဆိုခံရသောသူ ဖြစ်သည်။ ထိုသို့ ခေါ်ဆိုခံရသည်မှာ သူ၏ထက်ရှလွန်းသော လျှာကြောင့်မဟုတ်ပဲ သူ၏ မျက်နှာကြောင့်လဲပါသည်။
Double ဖုန်း(လုဖုန်း၊ချန်းဖုန်း) cpက ဘာလို့ နာမည်ကြီးနေတာလဲ။ သေချာပေါက် ရုပ်ရည်ကြောင့်ပေါ့။
Husky၏ အလွန်အမင်း ရူးသွပ်နေသော မျက်နှာကို တစ်ချက်ကြည့်လိုက်ရုံနှင့် နည်းပြချန်းဖုန်း၏ မျက်နှာဟာ မည်သို့ဖြစ်ကြောင်း သိရန်လွယ်ကူသည်။
ပိုင်ချိုင်က အောက်ထပ်သို့ဆင်းလာသောအခါ ပဲပိစပ်ကို မြင်ပြီး ကြောင်သွားသည်။
“လောင်ဝေ့ မင်းလာတာတင် လုံလောက်ပြီလေ။ ဘာလို့ ရုတ်တရက် မင်းရဲ့မိသားစုကိုပါ ခေါ်လာတာလဲ”
ဝေ့ရှောင်း၏ အသံက သတ္တိနည်းသွားသည်။
“ဟွန်း မင်း ဘယ်လို ကောင်းကောင်း ပြုမူသင့်သလဲ သိတယ်မလား”
ပိုင်ချိုင်က သဘောကျသွားပြီး လူတိုင်းကို ရှင်းပြပေးသည်။
“နည်းပြ မထိတ်လန့်နဲ့။ ဒီကောင်က တကယ်ကို မျက်နှာအရမ်းလိုက်တဲ့ခွေး။ သူက ကြည့်ကောင်းလွန်းတဲ့ လူကို မြင်တဲ့အခါ ခြေထောက်တောင် မလှုပ်တော့ဘူး။ လောင်ဝေ့ တိရစ္ဆာန်လေးတွေ ရောင်းတဲ့ဆိုင်ကို သွားတုန်းကဆိုရင် သူအစက ကြောင်မွေးချင်တာ။ ဒါပေမဲ့ ရလဒ်အနေနဲ့ ဒီ huskyက ခုန်တက်ပြီး မလွှတ်ပေးတော့ဘဲ အတင်းဖက်တွယ်ထားတယ်လေ။ ဆိုင်ပိုင်ရှင်ကတောင်မှ ဘာမှ မတတ်နိုင်လို့ ခွေးကိုပဲ တစ်ဝက်စျေးနဲ့ ရောင်းလိုက်ရတာ။ လောင်ဝေ့က အဲ့ဒီလိုနဲ့ ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ကောက်လာခဲ့တာပေါ့”
ဝန်ထုတ်ဝန်ပိုးတစ်ခု ကောက်လာတယ် ဟုတ်လား။
ဝေ့ရှောင်းသည် ဆိုင်ရှင်က သူ့ကို လှည့်စားလိုက်သည်ဟုပင် မကြာခဏ သံသယ ဝင်လေ့ရှိသည်။
“ပဲပိစပ် ကိုယ့်ကိုယ်ကို ထိန်းချုပ်စမ်း”
ဝေ့ရှောင်းက ထိုအကောင်ကို အတင်းဆွဲထားရင်း စိတ်လွှတ်လုနီးပါးပင် ဖြစ်လာသည်။ ပိုင်ချိုင်သည်လည်း ပဲပိစပ်နှင့် အလွန်ရင်းနှီးလွန်းသဖြင့် အနားသို့ သွားပြီး ခေါင်းလေးကို ပုတ်လိုက်သည်။
“ပဲပိစပ် မင်း မဟာမိစ္ဆာဘုရင်ကြီးက အတင်းဆွဲပြီး ပြန်ပေးဆွဲတာကို ခံလာရတာလား”
ပဲပိစပ်”အောင်း”
သူက ချိုင်ကောကို လုံလောက်အောင် မြင်ဖူးသည်။ ထို့ကြောင့် ရင်းနှီးကျွမ်းဝင်သော ပုံစံမျိူးဖြင့် နှုတ်ဆက်သလိုမျိုး အသာဝင်တိုက်ပြီးမှ ချန်းဖုန်းထံ အပြေးသွားသည်။
ပိုင်ချိုင်က ရယ်ရင်းဆူသည်။
“မင်း မျိုးမစစ်လေး။ မင်းလှပဲတဲ့ မျက်နှာလေး တစ်ခုအတွက်ကြောင့်နဲ့ ငါတို့ရဲ့ နှစ်ပေါင်းများစွာ ရင်းနှီးမှုကို လွှင့်ပစ်လိုက်တာလား”
သူသည် ဝေ့ရှောင်းကို တစ်ချက်ကြည့်သည်။
23 03
ဝေ့ရှောင်းသည် သူ၏ ဝေဝေဝါးဝါး အချင်ပြမှုကို မရသလိုမျိုး ပဲပိစပ်ကို အတင်းဆွဲရင် အလုပ်များနေသည်။
ထိုအချိန်တွင် နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့တို့လည်း ရောက်လာသည်။
ပဲပိစပ်သည် အဖွားခေါင်းကို တစ်ချက်ကြည့်သည်(နင်ကျယ်ဟန်၏ ဆံပင်)။ ထို့နောက် မျက်နှာဖြူလေးကို ကြည့်ပြီး နှစ်ယောက်အကြား ဝေခွဲမရ ဖြစ်သွားသည်။
ပိုင်ချိုင်က သဘောကျသွားသည်။
“အစ်ကို ပဲပိစပ်ရေ အစ်ကိုက တကယ်တော်တာပဲ။ အနောက်တန်းဆောင်အတွက်တောင် ရွေးရခက်နေသေးတယ်ပေါ့”
ဝေ့ရှောင်းက ရူးမတက် ဖြစ်လာသည်။
“သောက်ကျိုးနည်း မြန်မြန်လာပြီး ငါ့ကို ကူညီချင် ကူညီ။ ဒီလောင်ဇီက ဒီကောင့်ကို မထိန်းနိုင်တော့ဘူး”
ပိုင်ချိုင်ကလည်း ဂရုမစိုက်ပါပေ။ သူသည် ရယ်ရသည်ဟု ခံစားရသဖြင့် ပွဲကြည့်ရင်း ရယ်နေသည်။
ပဲပိစပ်သည် ရုန်းကန်မှုကို ရပ်တန့်လိုက်ပြီး မျက်နှာချင်းဆိုင်ဘက်သို့ ခုန်လိုက်သည်။
ဝေ့ရှောင်းက ချက်ချင်းဆိုသလို ပါသွားပြီး ယိုင်ထိုးလျှက် လဲကျမတက်ဖြစ်သွား...
“သတိထား”
ဝေ့ရှောင်းက အတင်းပြန်ဆွဲရင်း လဲမကျအောင် ထိန်းလိုက်ရသည်။
ပဲပိစပ်သည် သူ၏ ပိုင်ရှင်က ဘာလုပ်လုပ် ဂရုမစိုက်ပဲ အော်ဟစ်သံ တစ်ချက်နှင့်အတူ ခုန်အုပ်လိုက်သည်။
ထိုသို့ဖြင့် ဝေ့ရှောင်းသည်လည်း သူ၏ ကိုယ်ပိုင်ခွေးသားကြောင့် တရွတ်တိုက် အဆွဲခံရရင်း အနောက်ဘက်မှ လူ၏ လက်မောင်းအတွင်းသို့ အတွန်းထည့်ခံရရင်း အဆုံးသတ်သွားသည်။
လုဖုန်းက လူတစ်ယောက်နှင့် ခွေးတစ်ကောင်ကို ဖမ်းထထိန်းရင်း ခပ်တိုးတိုးပင် ငြီးငြူလိုက်ရသည်။
ဝေ့ရှောင်းက ဖိအားများသွားသည်။
“ပဲပိစပ် ငါမင်းကို ဒီနေ့မှာ မနှပ်ဘူးဆိုရင် ငါ...”
“လိမ္မာ”
ထိုတိုးလျသော အသံက ကြည်လင်ပြီး ပေါ့ပါးလျှက် ဝေ့ရှောင်း၏ နားကို တွန်းတိုက်လာသည်။
လုဖုန်း၏ ဘယ်လက်သည် သူ၏ ခါးတွင်ဖြစ်ပြီး ညာလက်ကမူ နောက်ဘက်သို့ ဆန့်ထုတ်လျှက် ဝေ့ရှောင်း၏ လက်ထံမှ ကြိုးကိုယူပြီး ဝေ့ရှောင်း၏ ခန္တကိုယ်က သံမဏိအလား တောင့်တင်းသွားသည်။
လုဖုန်းက ရုန်းရင်းဆန်ခက် ဖြစ်နေသော ခွေးကို ထိန်းထားသည်။
“လိမ္မာ”
ပဲပိစပ်သည် မျက်နှာ အလှလေးများအား အလွန်ကြိုက်သော ခွေးဖြစ်သည့် အလျောက် တစ်ဖက်သူက ပြောချိန်တွင် အလွန်ပင် နာခံသွားပြီး ရိုးရိုးသားသား ထိုင်လိုက်သည်။ သူ၏လျှာက ပါးသပ်ထဲမှ တစ်လစ်ထွက်လျှက် ညှင်သာသိမ်မွေ့သော အကောင်ပေါက်လေး ဖြစ်သွားသည်။
ပိုင်ချိုင်၏ မေးစေ့ကမူ မြေပြင်သို့ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။
သူ့ရဲ့ပုံပြင်လေးတွေထကိတောင် ပိုပြီး ပြင်းထန်နေသေးတယ်။
စခန်းထဲတောင် မဝင်ရသေးဘူး။ မိသားစု၃ယောက် ဖြစ်သွားပြီလား။
သူ တကယ်ကို လက်ခံနေမိပြီ။
ချိုင်ကော၏ မျက်လုံးတစ်စုံက အရာအားလုံးကို ဖောက်မြင်နိုင်လွန်းသည်။
ဝေ့ရှောင်းက နောက်လှည့်လိုက်သောအခါ လုဖုန်းကို တွေ့လိုက်ရသည်။
လုဖုန်းက ကားကို ပါကင်သွားထိုးခြင်း ဖြစ်သည်။
“သူ့ကို အမြဲတမ်း ဒေါသ ထွက်မနေပါနဲ့။ မင်း စိတ်လွှတ်သွားရင်တောင်မှ သူက ရူးနှံ့နှံ့ ဖြစ်နေဦးမှာပဲ”
ဝေ့ရှောင်း:”.....”
လုဖုန်းက ဝေ့ရှောင်းကို လွှတ်ပေးပြီး Huskyကို သွားစသည်။
“မင်း ဥယျာဥ်ထဲမှာ သွားပြီး ကစားချင်လား”
Husky”အောင်း”
လုဖုန်း”ငါမင်းကို ခေါ်သွားပေးမယ်”
Husky:”အာဝူး”
ဝေ့ရှောင်းက ခြေလှမ်း အနည်းငယ် ရွှေ့လိုက်ပြီး ပိုင်ချိုင်၏ ဘေးဖက်သို့ ရောက်သွားသည်။ သူက ခပ်တိုးတိုးပြော သည်။
“မင်းတို့ခေါင်းဆောင်က တအားတော်တာပဲ။ သူ ခွေးဘာသာ စကားတောင် သိတယ်”
ပိုင်ချိုင်က သူ့ကို တစ်ချက်ကြည့်သည်။
“ဒါက ပဲပိစပ် ဖြစ်နေလို့ပဲ”
ဒီခွေးကသာ မင်းရဲ့ခွေး မဟုတ်ရင် ဘယ်လိုကြောင့်များ ဒီစခန်းရဲ့ gateထဲကို ကျော်ဖြတ်လာခွင့် ရှိမှာလဲ။
ဝေ့ရှောင်းက ခေါင်းခါသည်။
“ပဲပိစပ်နဲ့ Closeက ဒီလောက်ထိ အဆင်ပြေပြေအတူရှိနိုင်မယ်လို့ ငါ တကယ် မမျှော်လင့်ထားဘူး။ လျက်တတ်တဲ့ခွေူတွေက ဘာမှ မကျန်တဲ့ထိ လျက်လိမ့်မယ်လို့ ပြောကြတယ် မဟုတ်လား”
ပိုင်ချိုင်”.....”
ဝေ့ရှောင်းက မှတ်ချက် ပေးသည်။
23 04
“ပဲပိစပ်က ဘဝရဲ့ အောင်နိုင်သူအဖြစ် အမှန်တကယ် မွေးဖွားလာတာပဲ”
ပိုင်ချိုင်သည် လုပ်ရမည့် တာဝန် ရှိနေသေးသည်။
“လေ့ကျင့်ရေး ပွဲစဥ်က နေ့လယ်စမှာ။ ငါမင်းကို လိုက်ပြပေးမယ်”
ဝေ့ရှောင်းသည် တစ်စုံတစ်ယောက်၏ စိူက်ကြည့်မှုကြောင့် ကျောပြင်တွင် အပေါက်ဖြစ်မတက် ဖြစ်လာသဖြင့် ထွက်သွားချင်နေလေပြီ။
“သေချာတာပေါ့”
ပိုင်ချိုင်ကလည်း လူတိုင်းကို အသိပေးလိုက်ပြီးနောက် ဝေ့ရှောင်းကို ခေါ်လျှက် ထွက်သွားသည်။
ဝေ့ရှောင်းထွက်သွားသည်နှင့် နက်ကျယ်ဟန်က မနေနိုင်ဘဲ ပြောလိုက်သည်။
“မဟာဆရာသခင်က ငါ မျှော်လင့်ထားတာနဲ့ တကယ်ခြားနားတာပဲ။ သူက တအားငယ်ပြီး တအား ကြည့်ကောင်းတယ်”
ယွဲ့ဝမ်လဲ့က သွားယားလာသည်။
“ငါ ဒီမျက်နှာကို မှတ်ထားတယ်”
ထန်ချန်းကမူ အရွယ်ရောက်သည်ဟု ခံစားရသည်။
“လဲ့လဲ့ လေသံလေး နည်းနည်းလျော့ပါလား။ မင်း သူ့ကို ခြောက်လိုက်ရင် ခေါင်းဆောင် မင်းဆီ လာလိမ့်မယ်”
ယွဲ့ဝမ်လဲ့က ဝေ့ရှောင်းကိုကြည့်ပြီး မဲမှောင်သော လေသံနှင့်ပြောသည်။
“ထန်းကော မင်းနားမလည်ပါဘူး။ သားရဲတွေက ဘယ်တော့မှ ကြောက်ပြီး မထွက်သွားတတ်ဘူး။ ဟွန့် အခက်ခဲကို ရင်ဆိုင်ရမှ ခုန်အုပ်လာတတ်တာ”
ရှုထောင့် တစ်ခုမှ ကြည့်သော် လောင်ယွဲ့သည် ဝေ့ရှောင်းကို အလွန်ကောင်းစွာ နားလည်သည်။
ဝေ့ရှောင်းသည် ပိုင်ချိုင်နှင့်အတူ လျှောက်ထွက်သွားပြီးနောက် လေသံကို တိုးလာပြောသည်။
“မင်းတို့ရဲ့ နတ်ဘုရားလဲ့က ယောကျာ်းတွေကို ကြိုက်တာလား”
ပိုင်ချိုင်ကမူ ထိုစကားကို ကြားပြီးပြီးချင်း ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။
“သောက်ကျိုးနည်း အသိဝင်စမ်း”
ဝေ့ရှောင်းက လည်ချောင်းရှင်းသည်။
“သူငါ့ကို ကြည့်နေတဲ့ အဲ့ဒီ အကြည့်ကို ကြည့်စမ်းပါ။ အမှန်တကယ်ကို နွေးထွေးနေတာ။ မသိရင် မြင်မြင်ချင်း ချစ်သွားသလိုပဲ”
ပိုင်ချိုင် “ သူ စောင့်ကြည့် အသင်းထဲမှာရှိနေတဲ့ အချိန်က သူ ငိုသွားအောင် အထိ မင်းက သူ့ကို ထုရိုက်ခဲ့တာလေ။ သူက အဲ့ဒီလိုနဲ့ ရှောင်နင် ဘ၀ကနေ လောင်နင်အထိ ဖြစ်လာပြီ။ မင်းရဲ့ သောက်ကျိုးနည်း နှလုံးသားထဲမှာ ဘယ်လိုအခြေအနေ ရှိသလဲဆိုတာကို နားမလည်နိုင်ဘူးလား”
ထိုအချိန်က ဝေ့ရှောင်းသည်လေ့ကျင့်ပြီးနောက် ဂိမ်းပွဲကို ပြန်လည် review လုပ်သော အလေ့အကျင့် ရှိနေပြီ ဖြစ်သည်။ ထိုအချိန်က ပိုင်ချိုင်က တုံးလွန်းသဖြင့် သူဌေးများ ဆီသို့ တိုက်ရိုက်မပို့ခင် ထို account ဆီ ပြမိသွားသည်။
ယဲ့၀မ်လဲ့က လက်ရှိ နင်ကျယ်ဟန်နှင့်အတူ သန့်စင် အပြစ်ကင်းပြီး သိချင်စိတ် အပြည့်ရှိတတ်သော ကလေးသာသာ ဖြစ်ခဲ့သည်။ သူသည် ကိုယ့်ကိုယ်ကို ပိတ်လှောင်သည် အထိ ထုရိုက်ခံရသော်လည်း မဟာဆရာသခင်ကို သူ၏ စိတ်ရင်းဖြင့် လေးစားသည်။ ထို့ကြောင့် သူ၏ စွမ်းရည်က နိမ့်ကျသည်ဟု ထင်ပြီး ပို၍ ပြင်းပြင်းထန်ထန် ကြိုးစားသင့်သည် ဟုထင်ပြီး ဆုံးဖြတ်ချက် ချလိုက်သည်။ မဟာဆရာသခင်က သူ့အား after sale video များပို့ ပေးခဲ့သည်။ ပထမ တစ်ခုကို ကြည့်ပြီးနောက် ရိုးရှင်းစွာ အပြစ်ကင်းစင်သော ယွဲ့၀မ်လဲ့ဟာ အလွန်အမင်း ခံစားသွားရသည်။ သူ၏ နှလုံးသား မလေးစားမှု ဖြင့်ဆက်တိုက် ခုန်လှုပ်လာ၏။ သူ၏ ယွမ်တစ်သောင်းတည်းသာ သုံးသည်ဟု ခံစားလိုက်ရသော်လည်း ယခုလောက် ကောင်းမွန်သော mental တစ်ယောက် မိတ်ဆွေကောင်း တစ်ယောက်ကို တွေ့လိုက်ရသည် ဟု ခံစားလိုက်ရပြီး အလွန်အမင်း အဖိုးတန်သော ပစ္စည်းတစ်ခုကို ရလိုက်သလိုမျိုး တွေးမှတ်ခဲ့သည်။
ထိုအတွေးနှင့် အတူသူသည် ဒုတိယ မြောက် video ကို click နှိပ်ကာ ၀င်ကြည့်ခဲ့သည်။ ထိုသို့ဖြင့် မဟာဆရာသခင်၏ သဘောကျသော အကွက်များကို ကြွား၀ါပြသည့် အကွက်မျိုးနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသည်။ ထို့အပြင် သူ မျက်နှာပျက်ရသည့် အခြေအနေတောက်လျောက်ကို ဖော်ပြထားသည့် ကြမ်းပြင်ပေါ်တွင် အဆုံးသတ်ရသည့် အခြေအနေကိုလည်း ဖော်ပြနေသည်။
ထို review video သည် မိနစ်သုံးဆယ်သာ ရှည်ပြီး၊ သူ၏ သာလွန်သော အခြေအနေကို ကြွားဝါပြသော video ကမူ တစ်နာရီခွဲ ကြာ၏။
Fan မှ hater အဖြစ် ပြောင်းလဲသွားသည် ဟု ဆို၍ရသည်။ အပြောင်းအလဲများအတွက် တစ်နာရီခွဲသာ ကြာသည်။
23 05
သောက်ကျိုးနည်း manchering လုပ်တာလား။ သောက်ကျိုးနည်းကို ရင်းနှီးမှု။ ဒါက သားရဲကြီးက သူ့ကို မြေပြင်ပေါ်ကို ပစ်ချ ရိုက်ခွဲတာမျိုး မဟုတ်ဘူးလား။
ထိုသို့ဖြင့် social beating ကို ရလိုက်သည့် လဲ့လဲ့သည် လောင်ယွဲ့အဖြစ် ကြီးပြင်းလာရသည်။ သူ၏ နှလုံးသားများကပင် မဲသွားသည်။ သူ၏ လက်များကလည်း ခုံရုံးတွင် တက်ရောက်နေသည့် အလား ကြမ်းတမ်းလာသည်။ ဝေ့ရှောင်းကမူ ဖြစ်စဥ် တစ်ခုလုံးတွင် သွယ်ဝိုက်၍ သက်ရောက်မှု ရှိနေသည်။
ဒီနေ့ ယွဲ့၀မ်လဲ့သည် မဟာဆရာသခင်ကို သူ၏ ကိုယ်ပိုင် မျက်လုံးနှင့် မြင်လိုက်ရသည်။ ထိုခံစားချက်က …။
သူ၏ ကိုယ်ပိုင်အသက်မွေး၀မ်းကြောင်း လုပ်ငန်းတွင် အောင်မြင်လာပြီးသော လူတစ်ယောက်က သူ၏ကျောင်းဟောင်းမှ ကိစ္စတစ်ခုကို ပြန်လည်တူးစွရင်း သူ့ကို အနောက်မှ ပြေးလိုက်ကာ ရိုက်နှက်ခဲ့ဖူးသော ဆရာကို ပြန်တွေ့လိုက်ရသည့် ခံစားချက်မျိုး ဖြစ်သည်။
ဒီလိုအချစ်က နက်ရှိုင်း ဟောင်းနွမ်းပြီး မေ့လို့တောင် မရနိုင်ဘူး။
ဝေ့ရှောင်း က သက်ပြင်းချသည်။
“ မင်း တို နတ်ဘုရားလဲ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက ထင်သလောက် မလုံလောက်သေးဘူးပဲ။ ဟိတ် လူတွေက အရှေ့ကိုပဲ ကြည့်ရတယ်။ နောက်ကို ပြန်မကြည့်ရဘူး”
ပိုင်ချိုင်ကမူ လှောင်ရယ် ရယ်လိုက်သည်။ သူကလည်း တွေး၏။
ဆိုးရွားလွန်းတဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး တော်တော်လေးကို ဆိုးနေတာ။
မင်း ပြန်လာပြီးမှ တဖြည်းဖြည်းချင်းဆီ အပြည့်အ၀ ခံစားပေါ့။
“ ဒါက လေ့ကျင့်ရေး အခန်းပဲ”
ပိုင်ချိုင်က တံခါးကို ဖွင့်ပြီး ဝေ့ရှောင်းကို ပြသည်။
“ ဒီမှာ setting သုံးမျိုး ရှိတယ်။ Individual special training, double traning နဲ့ လူငါးယောက် training ပေါ့။ နေရော ညရော အမျိုးမျိုး လေ့ကျင့်ပုံတွေရှိတာပဲ”
ဝေ့ရှောင်း : “ တကယ်ကို Championship အသင်းဆိုတဲ့ အတိုင်းပဲ။ လေထုအခြေအနေက တောင် ကြွယ်၀ပြီး အားကောင်းနေတယ်”
လေ့ကျင့်ရေး အခန်းသည် အလွန် မျက်စိဖမ်းစားလွန်းသည်။ အတွင်းရှိ ပစ္စည်းများသည် ထိပ်တန်း အဆင်များဖြစ်ပြီး၊ keyboard နှင့် mic များကပင် တစ်ခုချင်းစီ ကိုပင် ယွမ်နှစ်သောင်းမှ သုံးသောင်းအထိ ရှိသည်။
အံဩစရာပဲ။
ပိုင်ချိုင်သည် ရည်ရွယ်ချက်ရှိရှိ ဖြင့်သူ၏ စိတ်၀င်စားမှုကို သိလိုက်သည်။ သို့သော် ထပ်ပြရန် ငြင်းဆန်လိုက်သည်။
“ ဒါက အစည်ဝေးခန်းလေ။ နောက်ပြီး ဒါက စာကြည့်တိုက်။ ဒါက GYM။ ဒါက ဖျော်ဖြေရေးအခန်း…”
သူတို့သည် တစ်ထပ်ပြီး တစ်ထပ် တောက်လျှောက် ဆင်းလာသည်။ ဝေ့ရှောင်းကမူ စွန့်အသွားသည်။
“လောင်ပိုင် မင်းဒီလောက် ကြွယ်၀တဲ့ စံအိမ်ကြီးမှာ နေထိုင်နေရတာပဲ။ ဒါကိုဘာလို့ ပိုက်ဆံကို လောဘ တက်နေသေးတာလဲ”
ပိုင်ချိုင်က သူ့ကို လှောင်သည်။
“ ပိုက်ဆံ အရများလွန်းလို့ အထွန့်တက်တဲ့ သူရှိလို့လား”
ဝေ့ရှောင်း : “ ရှိတယ်”
ပိုင်ချိုင်က ဘယ်အရူးလဲ ဟုမေးမည့် အချိန်တွင် ဝေ့ရှောင်းက ထပ်ဖြည့်ပြောလိုက်သည်။
“ ငါ့ကို ကြည့်လေ။ ငါဆိုရင် စုဆောင်းထားတာ သုံးသန်းရှိတယ်။ ဒါပေမဲ့ ငါ ဘယ်လို သုံးရမလဲ မသိဘူး”
ပိုင်ချိုင်က မထိန်းနိုင်တော့ချေ။
“ မင်းအရူးကောင်”
ဒီကောင်ရဲ့ ဘ၀ mossionက ပေါက်ကရတွေလုပ်ဖို့ပဲ။
ဝေ့ရှောင်းက သူ့ကို အမှန်ပြင်ပေးသည်။
“ စုဆောင်းထားတာ သုံးသန်းရှိတဲ့ ဒီအရူးက ဖြုန်းတီးဖို့ စိတ်မ၀င်စားဘူး”
ပိုင်ချိုင် : “ …”
23 06
သူ၏ ဘ၀တွင် လုပ်ခဲ့မိသော အမှားများထဲတွင် အကြီးမားဆုံး အမှားသည် ထိုသားရဲကောင် နှင့် သိကျွမ်းခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်သည် အချင်းချင်း စကားပြောဆိုနေရင်း ဝေ့ရှောင်းက တစ်စုံတရာကို တွေးမိသွားသည်။
“ မင်းတို့ရဲ့ Top lane အသစ်က ဘာဖြစ်တာလဲ။ သူက အရမ်းကို အံဩဖို့ ကောင်းလွန်းနေလို့ လေ့ကျင့်ရေးပွဲစဥ်ကိုတောင် မလာဘူးလား”
ပိုင်ချိုင်ကလည်း အခွင့်အရေးကို အရယူပြီး အကြောင်းအရာကို ပြန်စွဲကာ အဓိက အကြောင်းအရာဆီ ပြန်သွားသည်။
“ သူက တော်တော်လေး တော်တယ်”
ဝေ့ရှောင်းက စိုးရိမ်သည်။ တစ်ပြိုင်တည်းတွင်ပင် ၀မ်းနည်းသွားသည်။
“ Closeက သူ့ကို တကယ် သဘောကျတာလား”
ပိုင်ချိုင်၏ နှုတ်ခမ်းတောင့်စွန်းများက ကော့တက်သွား၏။
“ ငါခေါင်းဆောင်ရဲ့ ကိစ္စတွေကိုတော့ မှတ်ချက် မချနိုင်ပါဘူး”
ဝေ့ရှောင်းကမူ သူ၏စကားလုံးထဲမှ အချဥ်ဓါတ်ကို မထိန်းနိုင်ချေ။
“ ငါ လွန်ခဲ့တဲ့နှစ်နှစ်အတော အတွင်းက လူသစ်တွေအားလုံးရဲ့ စာရင်းကိုကြည့်ပြီးသား။ Closeက အာရုံစိုက်ရလောက်အောင် ထိုက်တန်တဲ့ သူတစ်ယောက်မှ မရှိဘူး”
ပိုင်ချိုင်က သူ့ကိုယ်သူ ရွတ်လိုက်သည်။
မင်းဘာလို့လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကို ပြန်မကြည့်တာလဲ။
ဒါပေါ့ သူ ဒါကို ထုတ်ပြောလို့ မရဘူးပေါ့။ အချိန်မကျသေးဘူးလေ။
“ လေသံကို နည်းနည်းလျှော့”
ပိုင်ချိုင်က သူ့ကို အထင်တသေး ကြည့်သည်။
“ ရှာလကာရည်အနံ့က ကောင်းကင်ထိတောင် ရောက်တော့မယ်”
ဝေ့ရှောင်းက သီးသွားသည်။
ပိုင်ချိုင် : “ မင်း အခု ဘယ်လိုပုံစံနဲ့ တူနေလဲမင်းသိလား။ အရမ်းကို ရန်ငြိုးကြီးလွန်းတဲ့ မိန်းမလိုပဲ”
ဝေ့ရှောင်းက တိုက်ပွဲကိုရှုံးရသည်ထက် သူ၏ တပ်ဖွဲ့၀င်များကိုသာ အရှုံးခံမည့် လူမျိုးဖြစ်သည်။
“ဒီလောင်ဇီက ဘယ်လို ရန်ငြိုးကြီးတဲ့ မိန်းမကြီးဖြစ်မှာလဲ…”
ပိုင်ချိုင် “ … မင်းရဲ့ လက်ရှိပုံစံကို ပြန်ကြည့်လေ။ မင်းက နယ်စပ်က အိပ်ခန်းဆောင် ၀င်ရမဲ့ အမျိုးသမီးလို… “
သူ၏ စကားမဆုံးသေးခင် ဝေ့ရှောင်းက သူ၏ စကားမဆုံးခင် ချက်ချင်းဆိုသလို ရှင်းပြသည်။
“ ဒီလောင်ဇီ က ရန်ငြိုးကြီးတဲ့ ယောင်္ကျား”
ပိုင်ချိုင် : “ ???”
ဝေ့ရှောင်းက အတည်ပြုသည်။
“အထွန့်တက် တတ်လွန်းတဲ့ ယောင်္ကျား။ ဟုတ်ပြီလား။ ယောင်္ကျား။ မိန်းမ မဟုတ်ဘူး”
ငါလူး။ ဒါက လိုရင်းလား။
ချိုင်ကောဟာ လက်လျှော့လိုက်သည်။ ပိုင်ချိုင်အနေနှင့် ဓါတ်လှေကားသို့ သွားနေသည့် လမ်းတွင်ပင် စွန့်အစွာနှင့် လဲကျလုမတတ် ဖြစ်သွားရစေသည်မှာ ဝေ့ရှောင်းသည် သက်ပြင်း ကိုချပြီး ဆက်ပြောလေခြင်း ဖြစ်သည်။
“ လောင်ပိုင် ဘယ်လိုသောက်ကျိုးနည်း လူသစ်တစ်ယောက်က ဒီလို ကံကောင်းလွန်းနေတာလဲ။ ငါ တအားကို သ၀န်နေပြီ။ တကယ်ပါ”
ဝေ့ရှောင်း ပြောသော စကားလုံးများသည် ပိုင်ချိုင် အနေနှင့် ဝတ္ထုတိုထဲတွင်ပင် ထည့်မသုံးရဲသော စကားလုံးများ ဖြစ်နေသည်။
သူသာ ဒါတွေကို ရေးလိုက်ရင် fan တွေက သူ့ကိုသောက်ကျိုးနည်း ပေါက်ကရတွေ ပြောနေတယ်။ အစစ်မှန် မဆန်ဘူး။ အမှားတွေ လိုက်ရေးနေတယ်ဆိုပြီး ဆူပူလောက်တယ်။
သို့ရာတွင် အရာအားလုံးဟာ မှန်ကန်နေသည်။ မှန်ကန်လွန်းသဖြင့် သူ၏ နားကိုပင် ပိတ်ထားချင်မိပြီး ကန်းသွားချင်မိသည် အထိဖြစ်သည်။
******
23.2
အပိုင်း (၂၃.၂)
“အဲဒီသောက်ကျိုးနည်း လူသစ်ကောင်က နောက်ဆုံးတော့ ထွက်လာချင်စိတ် ရှိသွားပြီလား”
လေ့ကျင့်ရေးပွဲသည် ညနေမှ ဖြစ်သည်။ နေ့လည်သို့ ရောက်သည်နှင့် လူတိုင်းက သွေးပူရန် အလို့ငှာ matchပွဲ တစ်ပွဲ ဝင်တိုးရန် စိတ်ဆုံးဖြတ်လိုက်ကြသည်။ ဝေ့ရှောင်းသည်လည်း စမ်းသပ်ကြည့်ရှုလိုစိတ် ပြင်းထန်နေသည်။ သို့သော် သူ၏ ပွဲစဉ်ကိုသာ လာကြည့်ခြင်း ဖြစ်ပြီး ဘေးဘက်မှသာ မျက်လုံး ပြူးလျှက် ကြည့်ရုံသာ တတ်နိုင်သည်။
ထန်ချင်းကလည်း တာဝန်သိစွာနှင့် သူ၏ သနားစရာ ကောင်းသော သရုပ်ဆောင် စွမ်းရည်ကို ထပ်သုံးပြန်သည်။
“ဝူး…ဝူး..”
သူသည် ဝေ့ရှောင်းကို တစ်ချက်ကြည့်သည်။
ဝေ့ရှောင်က သတင်းကို ရသဖြင့် သူ့အား ကူပြီး ဆဲပေးလိုက်သည်။
“အဲဒီသောက်ကျိုးနည်း spicy chickenလူသစ်ကောင်”
ထန်ချန်းက ဆက်လက်ပြီး သူ့ကို အရူး လုပ်သည်။
“အူး..ဝူး..ဝူး..”
ဝေ့ရှောင်းက သူကို ကူပြီး ဆူပူ ပေးပြန်သည်။
“သူက ပျင်းတဲ့အကောင်ပဲ။ လေ့ကျင့်ရေးပွဲစဉ်ကိုတောင် မလာဘူး”
ထန်ချန်းက ဆက်လက်ပြီး ခက်ခက်ခဲခဲ သရုပ်ဆောင်သည်။
“အား…အား..”
ဝေ့ရှောင်းသည် နတ်ဘုရားထန်အတွက် အလွန်စိတ်ဓာတ် ကျသွားသည်။
“ငါလူး သောက်ကျိုးနည်း -စ်လိုကောင်”
ဝေ့ရှောင်း အနေဖြင့် သူ့စိတ်ထဲကအတိုင်း ထိုကောင်ကို ဆဲရေးနိုင်သည်မှာ ကံကောင်းလေသည်။
ချန်းဖုန်းက ဆက်မကြည့်နိုင်တော့ချေ။
ဒါကို သရုပ်ဆောင်တယ်လို့တောင် ခေါ်နိုင်သေးရဲ့လား။
သူက ထန်ချန်းကို တစ်ချက် ကြည့်လိုက်သည်။
“မင်း ဝမ်းချုပ်နေတာလား”
ထန်ချန်း “…”
ချန်းဖုန်း “ မင်းရဲ့ လည်ပင်းက မကျိုးသေးဘူးဆိုရင် ဆက်လုပ်လိုက်။ မင်းရဲ့လည်ပင်းက ကျိုးသွားတာ မဟုတ်ဘူးဆိုရင် ရသေးတယ်”
ထန်ချန်းက ဝေ့ရှောင်းကို ထပ်ကြည့်သည်။ သူသည် အမှန်တကယ်ပင် စငိုချင်နေလေပြီ။
ဝေ့ရှောင်းကမူ မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“မဟုတ်မှ ဒီလို …” လူတိုင်းက သူ့အား ကြည့်လိုက်ကြသည်။ သူတို့ရဲ့အကြည့် အရာအားလုံးက အကြောင်းအရာ တစ်ခုအပေါ်သို့ ပုံအောထားလိုက်သည်။
လုဖုန်းကဲ့သို့ ကီးဘုတ်ကို ပြင်ဆင်နေရင်း သူ၏ရှည်သွယ်သော လက်ချောင်းများကို ကီးဘုတ်ပေါ် ပေါ့ပါးစွာ နှိပ်နေသော လူက လွဲပြီး ကျန်သော လူတိုင်းက အာရုံ စိုက်ထားကြသည်။
ဝေ့ရှောင်း “ငါ နတ်ဘုရားထန်အတွက် နောက်မှီ သွားရှာပေးရမလား”
အခန်းထဲရှိ လူများ “…”
ထန်ချန်း “သေစမ်း”
ဝေ့ရှောင်း “အာ..”
ထန်ချန်းက အလျင်စလို ထပ်ဖြည့် ပြောလိုက်သည်။
“ငါ ဆိုလိုတာက ကျေးဇူးတင်ပါတယ်လို့ပါ။ ဒါပေမဲ့ မလိုပါဘူး။ ငါ အဆင်ပြေတယ်။ ငါ လုပ်နိုင်တယ်။ ပြဿနာမရှိဘူး”
သူ၏ အားတင်းပြုံးထားသော အပြုံးနှင့် သူ၏အသံထဲမှ ယူကြုံးမရ ဖြစ်နေသော အခြေအနေကို နားထောင်ခြင်းအားဖြင့် ရင်နာလာသည်။
23.2 02
အမှန်တရားကို သိသော သူများကမူ ရင်နာပြီး စိတ်ဓာတ်ကျသလို မခံစားရပေ။
နတ်ဘုရားထန်သည် ကိစ္စတစ်ခုက်ို သိထားသည်။ သူသည် ဒီဘဝတွင် ဂိမ်းကစားရန်သာ သင့်လျော်ကြောင်း နားလည်၏။ သရုပ်ဆောင်ခြင်းနှင့် အခြားကိစ္စများကိုမူ ပရာ်ဖက်ရှင်နယ်များကိုသာ လွှဲထားသင့်သည်။
ထို့ကြောင့် အချိန်ကျလာသောအခါ L&P၏ ကာစတန်အခန်းကို တည်ဆောက်ပြီး FTWကို ဖိတ်ခေါ်လိုက်ကာ စတင်နိုင်သည်။ ဝေ့ရှောင်းက ချန်းဟွေ့၏ ဘေးဘက်တွင်ထိုင်ပြီး အလယ်နေရာမှ projection ကိုကြည့်သည်။
နှစ်သင်းစလုံးက အခန်းအတွင်းသို့ ဝင်သည်။ ဝေ့ရှောင်းက L&P၏ line upကို တွေ့လိုက်သည်။ မနှစ်က championship၏ winner upအနေဖြင့် L&P သည် ဂုဏ်သတင်းကောင်းနှင့် ထိုက်တန်သော အင်အားကြီးသော အသင်းဖြစ်သည်။ အသင်း၏အဖွဲ့ဝင် ၅ ယောက်သည် ကမ္ဘာ့ Ranking စာရင်းတွင် အသီးသီး ဝင်ထားကြသည့် ဆယ်လီများ ဖြစ်သည်။ ဂါရီသည် L&P၏ အင်အားအကြီးဆုံး ကစားသမား ဖြစ်သည်။ သို့သော် သူသည် L&P၏ အသင်းခေါင်းဆောင် မဟုတ်ချေ။
ရယ်စရာပဲ။ မြောက်အမေရိကအသင်းအတွက် L&Pရဲ့အသင်းခေါင်းဆောင်က တရုတ်လူမျိုးတဲ့လေ။
ယွမ်ဇယ်။
သူသည် တစ်ချိန်က FTWတွင် ပြိုင်ဘက်အကင်းဆုံး TOP Lane ဖြစ်ခဲ့ဖူးသည်။ဒီနည်းအားဖြင့် သူ၏ အသွားနှစ်ဖက်ပါသော ဓားတစ်လက်ထဲဖြင့် တောင်ကြားကို စောင့်ကြပ်ခဲ့ဖူးသည်။ သူကသာ ဝင်ပေါက်ကို စောင့်ကြပ်ထားမည်ဆိုလျှင် စစ်သည်တော်တစ်သောင်းကပင် ထိုနေရာကို ဖောက်ထွက်သွားရန် မလုံလောက်ချေ။ မာရှယ်ကျောင်းတော်။ သူသည် Closeကို ဂရုအစိုက်ဆုံး စီနီယာတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ Closeကို Gloryထဲသို့ ခေါ်ပြီး သူနဲ့အတူ ကမ္ဘာ့ဖလားရအောင် လုပ်ပေးခဲ့သည်။ ဒီနည်းအားဖြင့် သူတို့ အတိတ် အောင်မြင်မှုများအား အထွတ်အထိပ်သို့ ပို့ပေးခဲ့ပြီးနောက် ထားခဲ့သည်။ မနှစ်က ယွမ်ဇယ်သည် L&P၏ ကစားသမားအဖြစ် ပွဲဦးထွက်ခဲ့ပြီး သူ၏အဖွဲ့ဟောင်း FTWကို Final၏ Round Tripသို့ ပို့ခဲ့သည်။
ထိုနှစ်တွင်ပင် သူသည် လုဖုန်းက ပြိုင်ပွဲဝင်ကြောင်း ကြားသည်နှင့် Individual ပြိုင်ပွဲမှ သူ၏နေရာကို လက်လျော့ခဲ့ပြီး နောက်ပိုင်းတွင်လည်း ထို Individual ပြိုင်ပွဲများတွင် ဘယ်သောအခါမှ စာရင်း မသွင်းတော့ချေ။ L&Pအတွက် Individual ပြိုင်ပွဲတိုင်းကို ဂါရီကသာ ဝင်ပြိုင်ရင်း လုဖုန်း၏ ဓားများကို တစ်ကြိမ်ပြီး တစ်ကြိမ် ခံနေရသည်။ သိုရာတွင် FTWသည် L&Pကို မနိုင် နိုင်သေးချေ။ လုဖုန်းသည် ယွမ်ဇယ်ကို ထိပ်တိုက် ရင်ဆိုင်ပြီး အနိုင်ယူရန် အခွင့်အရေး မရှိချေ။
ဒီကြင်နာမှု၊ ကျေးဇူးတင်စိတ်၊ ဒီရန်ငြိုး ၊ ဒီအမုန်းတရားတွေက Gloryရှိ လူတိုင်း သိပြီးသော ကိစ္စဖြစ်သည်။ ဝေ့ရှောင်းသည် မှတ်ဉာဏ်များထဲမှ အရာအားလုံးကိုပင် ပြန်ရွတ်နိုင်သည်။ သူက IDများကို ကြည့်ပြီး မျက်မှောင် ကြုတ်သည်။
“ယွမ်ဇယ်က မကစားဘူးလား”
ချန်းဖုန်းက လှောင်ရယ်ပြီး “သူတို့ရဲ့ ဒုတိယအသင်းက လူတွေအားလုံးကို မပို့ထားတာကတင် ငါတို့ကို လေးစားမှု ပြသရာ ရောက်နေပြီ”
ဝေ့ရှောင်း “…” သူသည် ဒေါသထွက်ချင်လှသည်။ သို့သော် FTWနှင့် L&P လူတွေကြားမှ ကွာဟချက်သည် သိသာ ထင်ရှား လွန်းနေသည်မှာ မှန်ကန်နေ၏။ သူတို့ကသာ သူတို့၏ ဒုတိယအသင်းကို ကစားခိုင်းခဲ့ခြင်း ဆိုလျှင်ပင် FTW က နိုင် မနိုင် ပြောရန် ခက်သေးသည်။
L&P ဘက်တွင် သူတို့၏ Top lane ကလွဲပြီး လူတိုင်း က Standard Line up များဖြစ်သည်။ အထူးသဖြင့် ဂါရီနှင့် ပတ်သက်လာသော သူသည် လုဖုန်းကို မြင်ရုံနှင့် အလွန်အမင်း စိတ်လှုပ်ရှားလာပြီး သူ၏ ဒုက္ခိတ ဖြစ်နေသော တရုတ်စာလုံးများကို ရိုက်ပို့ လာသည်။
“Close ငါ မင်းကို ဖောက်ခွဲမှာကို စောင့်နေ”
လုဖုန်းက သူ့ကို လျစ်လျူရှု လိုက်သည်။
လောင်ဂျီက သူ့ဘာသူ သဘောကျနေသည်။
“ရှီ..ငါမင်းကို ဆယ်ကြိမ် ဖောက်ခွဲမှာ”
ချန်းဖုန်းသည် အလွန် အထင်သေးမိသွားသည်။
“ဂါရီက တရုတ်ဆရာ ပြောင်းလိုက်တာလား။ ဘာလို့ သူ့ရဲ့ဒီလေသံက မြောက်ပိုင်းသားလေသံထက် ပြည်မက မဟုတ်တဲ့ တစ်စုံတစ်ယောက်ရဲ့ လေသံမျိုးနဲ့ တူနေတာလဲ”
ဝေ့ရှောင်း “ဒါက ပြည်မကြီးက မဟုတ်တဲ့လူရဲ့ လေသံတောင် မဟုတ်ဘူး”
ချန်းဖုန်း “ဟင်”
ဝေ့ရှောင်း “တွေးကြည့်လေ။ ဂရုတစိုက် တွေးကြည့်။ သူ မျက်ကန်း တုပနေတယ်ဆိုတာ ရှင်းလင်းနေတာပဲ”
“…”
ယဉ်ကျေးမှုကို ဘယ်လို သတ်ဖြတ်ရမလဲဆိုတာကို အရမ်းကို ရှင်းရှင်းလင်းလင်း နားလည်ထားတဲ့ ဝေ့ရှောင်းရှောင်းကို ကြည့်ပြီး ချန်းဖုန်းက အလွန် စိုးရိမ်သွားသည်။
23.2 03
အသုံးပြု user-define battle မျိုး ဖြစ်နေသောကြောင့် နှစ်သင်းစလုံးသည် BP Inter face သို့ သိပ်မကြာခင် ဝင်ရောက်ရမည် ဖြစ်သည်။ 1. BPဟုခေါ်သော အပိုင်းသည် MOBA ဂိမ်းအတွက် အရေးပါသော အပိုင်း ဖြစ်သည်။
Glory တွင် Hero 11 မျိုးရှိပြီး Talent 100 ကျော် ရှိသည်။ ကစားသမားများသည် အမျိုးမျိုးသော ရွေးချယ်မှုများ မရေမတွက်နိုင်သော ဗျူဟာများကို ထုတ်နိုင်နေ၏။
BP သည် Burn and Pick အပိုင်းလည်း ပါသည်။ Burnကမူ Matchပွဲမှ Hero အမျိုးအစားတစ်မျိုးကို မပါအောင် ပိတ်ပင်ခြင်း နောက်ပိုင်း Pick ကမူ Hero များကို ရွေးချယ်ခြင်းဖြစ်သည်။ နာမည်အတိုင်းပင် BPသည် Heroများကို ဖယ်ရှားခြင်း ရွေးချယ်ခြင်း အပိုင်း ဖြစ်နေလေသည်။ သူတို့သည် တောင်ကြားထဲသို့ တရားဝင် ဝင်ရောက်ရခြင်း မရှိသေးသော်လည်း Warfare ပျောက်ကျားတိုက်ခိုက်မှု၏ မီးပွားစများကမူ တောက်လောင်နေပြီ ဖြစ်သည်။
Heroအခြေအနေတွင် တောက်လျှောက် လေ့လာရခြင်းက Burningအပိုင်း ဖြစ်ပြီး Heroများကို ရွေးချယ်ရခြင်းက ကျောင်းတွင် ပညာသင်ကြားရခြင်းထက်ပင် ကြီးကျယ်လေသည်။
Burningအပိုင်းကို ကောင်းကောင်း အသုံးပြုနိုင်ခဲ့လျှင် အခြားတစ်ဖက်ခြမ်းကို သူတို့တွေ Live Up Setup အပိုင်းတွင် ချုပ်ထိန်းထားနိုင်ပြီ ဖြစ်ပြီး အောင်မြင်သွားခဲ့လျှင် ဂိမ်းတစ်ပွဲနိုင်ပြီဟု ယူဆလို့ ရတာ သေချာသည်။ သူတို့ကသာ MOBA ဂိမ်းတွင် ထိုကဲ့သို့သော ဗျူဟာများကို အသုံးပြုခဲ့လျှင် ဂိမ်းကစားရန် အရည်အချင်း မပြည့်မှီချေ။
ဝေ့ရှောင်းက projection ကိုကြည့်ပြီး သူ၏နှလုံးသားက အေးစက်သွားသည်။
L&Pသည် အလွန် ညစ်ပတ်လာသည်။ သူတို့သည် Burnနေရာ ၆ခုရထားသည်။ အားလုံးကို Closeအတွက် ရည်ရွယ်ထား၏။ ထို့ကြောင့် လုဖုန်းက အင်အားအကြီးဆုံးအဖြစ် ရွေးချယ်နိုင်သည့် Heroတိုင်းနီးပါးက အဘမ်းခံလိုက်ရသည်။
လုဖုန်း၏ Heroဖူးသည် အလွန်နက်သည်။ Single ပြိုင်ပွဲမှ championရှင် အနေနှင့် သူ အသုံးမပြုနိုင်သည့် Heroများ မရှိပေ။ သို့ရာတွင် အသုံးပြုနိုင်ခြင်းက ယခုလိုမျိုး အသုံးပြု၍ ရသည်ဟု မဆိုလိုသေးချေ။
Hero Line up ချုပ်ထိန်းမှုနှင့် လက်ရှိဗားရှင်းတွင် အင်အားအကြီးဆုံးဆိုသော အရာကို 5 vs 5 ပွဲအတွင်း အားလုံး ထည့်သွင်းစဉ်းစားရန် လိုအပ်နေသေးသည်။
တကယ်လို့ ဆိုရသော် ထည့်သွင်း စဉ်းစားဆင်ခြင်ရမည့် အခြေအနေ မြောက်များစွာ ရှိနေသေးသည်။ ထိုသို့ ဖြစ်နေခဲ့သည်မှာ အသုံးပြုနိုင်သော Junglar Heroများက များပြားလွန်းနေသောကြောင့် ထိုသို့ စဉ်းစားဆင်ခြင်နေရခြင်း ဖြစ်သည်။
လုဖုန်းကသာ သူ၏ အဓိကHeroများက အဘမ်းခံရပြီးနောက် အခြားသော Heroများကို အသုံးပြုနိုင်သေးလျှင်ပင် FTW၏ခိုး Line upကို သုံးနိုင်သည်ဟု မဆိုလိုနိုင်သေးချေ။
L&P၏ BP setup သည် FTWကို အမှန်တကယ် တိုက်ခိုက်နေခြင်း ဖြစ်သည်။
လုဖုန်းကသာ ဖိနှိပ်ခံလိုက်ရလျှင် ထို့နောက် FTWသည်လည်း လမ်းတစ်ဝက်တွင် ရှုံးသွားမည် ဖြစ်သည်။ ထိုစကားအရ နိုင်ငံတကာ ပြိုင်ပွဲတွင် အချိန်တန်ကြာအောင် လှည့်ပတ်နေခဲ့ပြီးသား ဖြစ်သည်။
ဝေ့ရှောင်းက ကြည့်နေရုံနှင့် အလွန်ဒေါသ ထွက်လာသည်။ သို့သော် သူသည်လည်း မတတ်နိုင်ချေ။
FTWက လုဖုန်းကို သူတို့၏ ပြိုင်ဘက်ကင်း အမြုတေအဖြစ် သဘောထားသည်။ သူတို့၏ အမြုတေဖြစ်သည့်အလျှောက် ထိုသို့ ဖိနှိပ်ခံရ နိုင်ပြန်သည်။ ပြည်တွင်းတွင် ပြိုင်ပွဲများ ရင်ဆိုင်ရာတွင်လည်း အခြားသောအသင်းများက FTWကို ထိုသို့ ကိုင်တွယ်လေ့ ရှိသည်။ သို့သော် ကစားသမားများကမူ ခြားနားသော စွမ်းရည်မျိုး ရှိနေကြသည်။ထို့ကြောင့် ပြည်တွင်းမှ အသင်းများက ထိပ်တန်းအတင့် ကစားသမားတစ်ယောက် မရှိလေဘဲ လုဖုန်းကို ထိုသို့ ဆက်တိုက် ပစ်မှတ်ထား၍ မရပေ။ သူတို့က လုဖုန်းကို သေသည်အထိ ပစ်မှတ် မထားနိုင်လေသမျှ FTWကလည်း အနိုင်ရနိုင်သေးသည်။ မိဘခေါင်းဆောင်ဖြစ်သည့် အလျှောက် ချန်းဖုန်းသည် BPဌာနတွင် အတွင်းမှ ပြောရေးဆိုခွင့် ရှိသူဖြစ်သည်။ သူသည်လည်း မည်သူအား မည်သည့် Heroများကို ရွေးချယ်ပါဟု ဖိအားမပေးချေ။ သို့သော် ပွဲကြည့်သူတစ်ယောက် ဖြစ်သည့် အလျှောက် အခြားအဖွဲ့အခြမ်းမှ အခြေအနေကိုလည်း မြင်နိုင်သေးသည်။ ထိုအခြေအနေသည် အလွန်အရေးကြီးသည်။ မည်သို့ပင်ဆိုစေ သူသည် ကစားသမားများအား ပို၍တိကျသော ဆုံးဖြတ်ချက်များ ချနိုင်အောင် အကြံပေးရန် လိုအပ်လာသည်။
23.2 04
ထိုသို့ ရှေ့ပြန် နောက်ပြန် ဖြစ်သည့် ဆယ်မိနစ် ပြီးဆုံးပြီးနောက် Line upကို ဆုံးဖြတ်၍ ပြီးသွားသည်။
လုဖုန်းက ဖိနှိပ်ခံရသော်လည်း လောင်ဂျီက ထင်သလောက် မလွယ်ကူခဲ့ချေ။
သူတို့သည် Junglarကို အဆုံးသတ်ထိ ပစ်မှတ် ထားရပေလိမ့်မည်။ ထို့ကြောင့် ကျန်သော အိုမင်း အားနည်း ဖျားနာ ဒုက္ခိတဖြစ်နေသော Heroရွေးချယ်မှုအပိုင်းများ အားလုံးကလည်း သူတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အင်အားများအပေါ် မူတည်သွားသည်။
ပြိုင်ပွဲက စတင်ပြီးနောက် ဝေ့ရှောင်းက မျက်တောင် ခတ်ရန် မေ့သွားသည်။
Professional ကစားသမားများသည် ဖြတ်လျှောက် ကျပန်း ကစားသမားများကဲ့သို့ စဉ်းစားဆင်ခြင်ဉာဏ်မဲ့စွာ ကမူးရှူးထိုး ပြေးသွားတတ်သည့် ပုံစံမျိုးကို ဘယ်သောအခါမှ လုပ်လိမ့်မည် မဟုတ်ချေ။ သူတို့က လှမ်းသော ခြေလှမ်တိုင်း လုပ်ဆောင်မှုတိုင်းသည် ကြိုတင်တွေးတော ထားပြီးသားဖြစ်သည်။ အထောက်အပံ့ ပိုင်ချိုင်သည် မြင်ကွင်းကို ချဲ့ပေးပြီး အခြားသောအသင်း၏ တည်ရှိရာ နေရာတိုင်းကို ပြောပြပေးရန် တာဝန်ယူထားလေသည်။နင်ကျယ်ဟန်ကမူ သတိအပြည့်ဖြင့် ရှေ့သို့ထွက်လျှက် အဆင့်တက်ရန် အာရုံစိုက်ထားရင်း ကျန်သော အသင်းဝင်များကြားမှ တိုက်ရိုက်လွှင့်များအပေါ် မျက်စ်ထောင့်ဒေါက် ကြည့်ထားရသေးသည်။
Botton ပိုင်းမှ ယဲ့ဝမ်လဲ့ကမူ အလွန်အမင်း အေးအေးဆေးဆေး နိုင်သည်။ ပြောရမည်ဆိုလျှင် Junglarများသည် အစောပိုင် အဆင့်တွင် အားနည်းသော ADCများကို ပစ်မှတ်ထားရခြင်းအား သဘောကျတတ်သောကြောင့် သူ၏နေရာက ရင်းနှီးမှု အများဆုံး ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုJunglarများသည် နောက်ပိုင်းအဆင့်တွင် ရူးသွပ်သွားတတ်သည်။
Junglarသည် လုဖုန်းဖြစ်ပြီး သူသည် Junglar Creeps များကို လျှင်မြန်စွာ အဆုံးသတ်လျှက် သူ၏ အချိန်တစ်စက္ကကိုပင် မဖြုန်းလေဘဲ တောင်ကြားအတွင်း ရသမျှ အရင်းအမြစ်များကို အရယူနိုင်သည်။
Top Laner …
ဝေ့ရှောင်းကမူ ထန်ချန်းအတွက် အနည်းငယ် စိုးရိမ်မိသည်။ သူ၏ လည်ပင်း အခြေအနေက အလွန် ပြင်းထန်နေသည်။ သို့သော် အောင်သူသည် ပြိုင်ဘက် Top Laner၏ health အခြေအနေကို တဖြည်းဖြည်း ကျိတ်ချေနိုင်ရန် အလို့ငှာ အာရုံစိုက်ထားရသေးသည်။ သူသည် ပြင်းထန်သော ဖိအားအောက် ရောက်နေသည်။
L&P ၏ Top Laneသည် ယွမ်ဇယ် မဟုတ်သော်လည်း တစ်ဖက်သူ၏ စီမံခန့်ခွဲသော အဆင့်ကလည်း ထိပ်တန်းအဆင့် ဖြစ်နေသေးသည်။ သူ၏စကေးကလည်း လမ်းကျဉ်းတစ်ခုထဲတွင် တိုက်ခိုက်နေသည့် အတွေ့အကြုံ ရှိသော ထန်ချန်းထက်ပင် အနည်းငယ်သာ နေသည်။
ဝေ့ရှောင်းသည်ပင် အခြေအနေဟာ မကောင်းကြောင်း ခပ်ရေးရေး ခံစားမိလာသည်။ ထို Top Lanerသည် Breakthrough လုပ်ကောင်းလုပ်လောက်သည်။ ထိုသို့ဆိုလျှင် …
ပထမ၁၅မိနစ်အတွင်း နှစ်ဖက်စလုံးက ရှေ့ပြန် နောက်ပြန် တိုက်ခိုက် ရင်ဆိုင်မှုများ ရှိခဲ့သည်။ မည်သူကမှ အားသာချက် ကြီးကြီး မရသေးချေ။ သို့သော် 10 is to 45တွင် ထန်ချန်းသည် L&P၏ Top Laner၏ Soloစကေးကို ခံလိုက်ရသည်။ ထိုသို့ဖြင့် ရုတ်တရက် ခုခံမှုတွင် ဟာကွက်ကြီးကို ပြလိုက်မိသည်။ L&Pသည် သွေးနံ့ရသော ဝံပုလွေအုပ်အလား ချက်ချင်း ဒီကို ပျံသန်းလျှက် FTWကို 5 vs 4 တိုက်ခိုက်ရန် အတင်းဝင် ကြိုးစားလာသည်။
ဝေ့ရှောင်းက ထိုပွဲကို မြင်သောအခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ သူသည် ချက်ချင်း အပြေးဝင် ကစားချင်လိုက်သည်။ သေစမ်း သူတို့က အနိုင်ကျင့်နေတာပဲ။
နတ်ဘုရားထန်က အနားယူထားပြီးသား။ ဒါတောင်မှ ဒီလောက်ထိ ရက်ရက်စက်စက် အနိုင်ကျင့်ဖို့ လိုအပ်လို့လား။ တအားကို ဆိုးရွားလွန်းနေတာပဲ။
L&Pသည် စီမံလည်ပတ်မှု ကောင်းမွန်လွန်းသော အသင်းတစ်သင်း ဖြစ်သည်။ သူတို့ကသာ နှင်းဘောလုံးများ လှိမ့်ရန်အတွက် အခွင့်အရေးများ ရသွားခဲ့ပြီ ဆိုလျှင် ဆက်လက်ပြီး အောက်သို့ ထိုးဆင်းလျှက် နှင်းတောင်ပြိုမည့် အခြေအနေကိုသာ စောင့်သင့်သည်။မိနစ် ၄၀ခန့် ကြာပြီးနောက် FTWသည် အားအင်မဲ့စွာဖြင့် ရှုံးသွားသည်။
23.2 05
လေ့ကျင့်ရေးအခန်းက တိတ်ဆိတ်သွားသည်။ နင်ကျယ်ဟန်၏အတွေ့အကြုံက အကန့်အသတ်နှင့် ဖြစ်သည်။ သူသည် မောက်စ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး မျက်နှာက ဖြူဖျော့သွားသည်။ ယဲ့ဝမ်လန်ကမူ ဖန်သားပြင်ကို ကြည်လင်စွာ စိုက်ကြည့်နေသည်။
ချန်းဖုန်းက ကြည့်လာ၏။
“မဆိုးပါဘူး။ မင်းတို့ကောင်တွေ မိနစ်၄၀အထိ ထိန်းထားလိုက်နိုင်တာပဲ ”
နင်ကျယ်ဟန်က ရှက်သွားသည်။
“ငါအမှားတွေ အများကြီး လုပ်လိုက်မိတာ။ငါ ဂါရီကြောင့် သေတဲ့အထိ ခုတ်သတ်ခံလိုက်ရတာပဲ”
ပထမဆုံးအဖွဲ့လိုက် တိုက်ခိုက်ပွဲတွင် နင်ကျယ်ဟန်သည် အလွန်အမင်း စောစွာ သေသွားခဲ့ပြီး သူက Output ထုတ်သည့် TPSကိုပင် မထုတ်နိုင်ခဲ့ချေ။
သို့ရာတွင် လုဖုန်းသည် L&P၏ မှော်ဆရာကို သတ်လိုက်နိုင်သည်။ ထို့ကြောင့် အခြားတစ်ဖက်ခြမ်းကလည်း အဓိက DPSကို ဆုံးရှုံးလိုက်ရသည်။
ထန်ချန်းသည် ဒီတစ်ကြိမ်တွင် သရုပ်ဆောင်နေခြင်း မဟုတ်ပေ။ သူက ရိုးသားစွာ ပြောလိုက်သည်။
“ငါက အိုနေပြီ မလိုက်နိုင်တော့ဘူး”
FTW၏ ဒီတစ်ကြိမ် Line upသည် နောက်ပိုင်းအဆင့်တွင် မျက်နှာသာ ပေးခံရမည် ဖြစ်သည်။ သူတို့ကသာ နောက်ထပ်၅မိနစ်ခန့်သာ ထိန်းထားနိုင်ခဲ့မည်ဆိုလျှင် အနိုင်အရှုံးကို ပြောရန် ခက်လာလောက်သည်။ ကံဆိုးသည်မှာ…
ချန်းဖုန်းက သူ့ကို ကြည့်သည်။
“အဆင်ပြေသေးလား”
ထန်ချန်း၏လည်ပင်းက အမှန်တကယ်ပင် အနည်းငယ် နာလာသည်။ သူက နားထင်ကို ပွတ်၏။
“ငါ မလုပ်နိုင်တော့ရင် ဘယ်လို လုပ်မလဲ”
ဝေ့ရှောင်းက ဘေးဘက်တွင်ရှိသည်။ သူ၏ နှလုံးသားက ခပ်ကြမ်းကြမ်း ဖျစ်ညစ်ခံလိုက်ရသလို ခံစားရလာ၏။ သူ၏လက်ကိုပင် ပို၍ တင်းကြပ်စွာ ဆုပ်လိုက်မိသည်။ သို့သော် သူ ဘာတတ်နိုင်မှာလဲ။ သူ…သူ ဘာမှ မတတ်နိုင်ဘူး။
ချန်းဖုန်းက လုဖုန်းကို ကြည့်သည်။ လုဖုန်းက ခေါင်းပေါ်တွင် တင်ထားသည့် နားကျပ်ကို ဖြုတ်၍ ချလိုက်၏။
“လူပြောင်းလိုက်”
ဝေ့ရှောင်းက သူ့အား စူးရှစွာ ကြည့်လာ၏။အဲဒီ သောက်ကျိုးနည်း လူသစ်ကောင်က နောက်ဆုံးတော့ ထွက်လာတော့မှာလား။
သို့သော် မမျှော်လင့်ထားစွာပင် လုဖုန်း၏ အကြည့်က သူ့ထံ ရောက်လာသည်။ သူတို့က မျက်လုံးချင်း ဆုံသွားချိန်တွင် ဝေ့ရှောင်း၏ နှလုံးသားက ခပ်ကြမ်းကြမ်း ခုန်လှုပ်လာသည်။
“လာကစားမလား”
ဝေ့ရှောင်းက မျက်လုံး ပြူးသွားသည်။
“ငါလား”
သူဟာ သူ့ကိုယ်သူ လက်ညှိုး ထိုးပြလိုက်သည်။ အခန်းသည် ပို၍ပင် တိတ်သွားသေးသည်။ တိတ်ဆိတ်လွန်းသဖြင့် အခုလေးတင် ဂိမ်းပွဲ ရှုံးသွားသော အခြေအနေထက်ပင် ပိုတိတ်သေးသည်။
လေ့ကျင့်ရေးအခန်းသည် အလွန်ကြီးသည်။ သို့သော် ဝေ့ရှောင်း၏ အသက်ရှူသံကသာ တစ်ခုထဲသော အသံအရင်းအမြစ် အဖြစ် ကျန်ရစ်ခဲ့ပုံရသည်။
လုဖုန်းက သူ့ကို ကြည့်သည်။
“L&Pက အရမ်း အင်အားကြီးတယ်။ မင်း စမ်းချင်လား”
ဝေ့ရှောင်းသည် ထိုမှတ်ချက်ကို ကြားလိုက်ရ ပြီးပြီးချင်း အလွန်သွေးထိုး ခံလိုက်ရသည်။
L&Pက တကယ်ကို အင်အားကြီးတယ်။
လူ ၅ ယောက်လုံးသည် အင်အားကြီးလွန်းသည် ဖြစ်သဖြင့် အစားထိုး Top Lane က နတ်ဘုရားထန်ကို ဖိနှိပ်နိုင်ခဲ့သည်။
ဝေ့ရှောင်းက မသေချာ သေးပေ။
23.2 06
“ငါ ရလို့လား”
ထန်ချန်းက မနေနိုင်ဘဲ ဝင်ပြောသည်။
“ငါလူး မင်းမှ မရရင် ဘယ်သူက ရမလဲ။ မြန်မြန်လေး လာပြီး ဒီနေရာကို ဝင်စမ်းပါ။ ဒီလောင်ဇီရဲ့ လည်ပင်းက ကျိုးတော့မယ်”
သောက်ကျိုးနည်း။ သူသည် ကလေးကို အသားကုန် တွန်းအားပေးဖို့အတွက် မနည်းသရုပ်ဆောင်နေရတာ။ ဘယ်တော့များမှ အမှန်တကယ် လာဆော့မှာလဲ။
ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားသည်ဟု ယူဆ(ဟန်ဆောင်)ထားသော ထန်ချန်းကြောင့် E sport chair ထံသို့ အတင်းဖိချခံလိုက်ရသည့် ဝေ့ရှောင်းက အနည်းငယ် စိတ်ရှုတ်သွားသည်။
“မြန်မြန် မင်းအကောင့်ထဲကို login ဝင်လိုက်”
ဝေ့ရှောင်း “အိုး…”
သူသည် မတုံ့ပြန်နိုင်သေးချေ။
သူ ဘာလို့ အကောင့် ပြောင်းရမှာလဲ။ သူ ထန်ချင်းရဲ့ အကောင့်ကို သုံးရုံပဲ မဟုတ်ဘူးလား။
L&Pဘက်တွင် ပြည်မလေသံဖြင့် စကား မပြောတတ်သော လောင်ဂျီက စတင်ကာ အော်နေသည်။
“ဘာကို ပြောင်းတက်တက်။ ဘယ်သူက Professorလဲ”
ဖတ်ရန်ပင် အလွန်ထက်သော ထိုစကားလုံးများက ဝေ့ရှောင်း၏ မျက်လုံးများကိုပင် ကျိန်းစေသည်။ သူက ကီးဘုတ်ကို ထိရင်း ကိုယ့်ကိုယ်ကို တည်ငြိမ်စေပြီး စကားလုံးနှစ်လုံး ရိုက်လိုက်သည်။ ထို့နောက်…
FTW၏လေ့ကျင့်ခန်းသည် သောက်ကျိုးနည်း တိတ်သွားသည်။
Battle room ၏ Chat box အတွင်းတွင်
ဂါရီ ..“ဘာလို့ ပြောင်းတက်တက်။ ဘယ်သူက Professorလဲ”
Professor “ မင်းအဖေ”
******