Ch 24
Viewers 3k

အပိုင်း(၂၄) သူတို့က သူ့နောက်လိုက်ပြီး သူနဲ့ပူးပေါင်းချင်တယ်။ 


ပိုင်ချိုင်က အော်ရယ်လိုက်သည်နှင့် ဖူးကနဲအသံက ထွက်လာသည်။ 


ဒါက တကယ်ကို သားရဲကောင်ပဲ။ လွန်ခဲ့သော ၂နှစ်ခန့်က သူနှင့်အတူ မြောက်ပိုင်းမှ တောင်ပိုင်းအထိ ဘေးချင်းယှဉ်တွဲ တိုက်ခိုက်ခဲ့သော ချိုင်ကောသည် အမျိုးမျိုးသော ခံစားချက်များကိုပင် ရလိုက်သည်။


ဝေ့ရှောင်းသည် ရူးသွပ်စွာ လုပ်‌ဆောင်တတ်သော လူတစ်ယောက် ဖြစ်သည်။ သို့သော် ဒါသည် သူ၏အင်အားပေါ် မသက်ရောက်သွားချေ။ 


ထောင်လွှားတာကို ကိုင်တွယ်ရတာက ကိစ္စကြီး မဟုတ်သေးဘူး။ ပိုပြီး သည်းမခံနိုင်စေတာက ဒီကောင်က သူ့ရဲ့ထောင်လွှားမှုကို နောက်ခံအဖြစ် ပေးနိုင်တဲ့ စွမ်းအင်မျိုး အမှန်တကယ် ရှိနေတာပဲ။ 


ဂါရီသည် နှစ်စက္ကန့်ခန့် မှင်သက်သွားသည်။ “???”


ဝေ့ရှောင်း၏ စိတ်အခြေအနေက တည်ငြိမ်သွားသည်။ သူသည် နောက်ထပ်စကားလုံးအနည်းငယ်ကို ရိုက်လိုက်သေးသည်။


(Your dad)


ဒီတစ်ကြိမ်တွင် ပိုင်ချိုင်ပင် မဟုတ်ချေ။ နင်ကျယ်ဟန်ကပင် သဘောတကျ ရယ်သည်။


ထန်ချန်းက သူ့ကိုယ်သူ ဒုက္ခိတအဖြစ် ဟန်ဆောင်ရန်ပင် မစိုးရိမ်တော့ချေ။ သူသည်‌ ဝေ့ရှောင်း၏ ပုခုံးကို လာပုတ်သည်။ 


“ကောင်စုတ်လေး မင်းက တော်တော် တော်တာပဲ”


သူမှာ သောက်ကျိုးနည်းစကေးတော့ အမှန်တကယ် ရှိနေတယ်။ တရုတ်ဘာသာကိုပဲ သုံးပြီး လောင်ချီကို ရန်စတာ မလုံလောက်လို့ နားမလည်မှာစိုးပြီး အင်္ဂလိပ်ကိုတောင် ပြောင်းလိုက်သေးတယ်။ သောက်ကျိုးနည်း badass


 လုဖုန်း၏ နူတ်ခမ်းထောင့်စွန်းများကပင် ကော့တက်သွားသည်။


“စမယ်”


ချန်းဖုန်းသည် နဖူးကို ပွတ်သည်။ သူသည်( EVE) နာကျင်ကိုက်ခဲမှု‌ ပျောက်ဆေးကို မှီခိုရလိမ့်မည်ဟုပင် သံသယဝင်လာသည်။ ထိုအရူးလေးက အသင်းထဲသို့ ဝင်ရောက်လာပြီးနောက် သူ၏ခေါင်းကိုက်ရောဂါက  ကုသ၍ မရလောက်ချေ။ 


ဂါရီသည် အနည်းငယ် စိတ်ရှုပ်နေသေးသည်။ 


ကံဆိုးသည်မှာ သူတို့သည် PP Interface ကို ဝင်ထားပြီးသား ဖြစ်သည့်အပြင် ဘာမှထပ်မပြောနိုင်တော့ချေ။ 


FTWမှ လေထုအခြေအနေက ယခင်နှင့် ခြားနားသွားသည်။ 


ချန်းဖုန်းက ခေါင်းကိုက်နေသော်လည်း ဝေ့ရှောင်းသည် လူတိုင်းကို လှုံ့ဆော်နိုင်သော စွမ်းအင်မျိုးဖြင့် မွေးဖွားလာသည်ဟု ဝန်ခံရပေမည်။


သူတို့သည် ‘သေဆုံးပြီးကာစ အခြေအနေ’ကို ရင်ဆိုင်နေရသော်လည်း ဝေ့ရှောင်းက စာရိုက်ပြီး ပို့လိုက်သော စကားလုံး နှစ်လုံးတည်းကတင် အသင်း၏ စိတ်ဓာတ်ကျနေသော စိတ်ခံစားချက်ကို ဖယ်ချလိုက်နိုင်သည်။


သာမာန်လူများကသာ ယခုလို အခြေအနေမျိုးကို ကြုံတွေ့ရမည်ဆိုလျှင် ထိုသို့အမှိုက်လို စကားများကို ပြောနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့၏ ဘယ်လက်၊ ညာလက်များကို မည့်သည့်နေရာတွင် ထားသင့်ကြောင်းကိုပင် မသိချေ။ သို့သော် ထိုအကောင်လေးကမူ _ _ _


သို့သော် ထိုအကောင်းလေးက ကြီးလွန်းသဖြင့် မည်သူကမှ လိုက်မမှီနိုင်လောက်ချေ။


ချန်းဖုန်းက အသာအသက်ရှူလိုက်ပြီး ဝေ့ရှောင်းကို ပြောသည်။


“မင်း နတ်စစ်သည်တော် သုံးနိုင်လား”


ထိုဟီးရိုးသည် ရည်ရွယ်ချက် အစုံသုံးနိုင်သော Top Tenဟီးရိုး ဖြစ်သည်။ လက်ရှိဂိမ်းဗားရှင်းအတွက် အတော်လေး အင်အားကြီးသည်။


ဝေ့ရှောင်း “ပြဿနာမရှိဘူး”


လုဖုန်းက ဘာစကားမှ မပြောချေ။ သူသည် L&P၏ အရူးလို ပစ်မှတ်ထားမှုကို ဆက်တိုက်ခံရသေးပြန်သဖြင့် နောက်ဆုံးတွင် တောထဲတွင် ကစားနိုင်သည့် DPSမရှိသော အင်ဂျင်နီယာကိုသာ ရွေးလိုက်ရသည်။


နောက်ပိုင်းလာသော ဟီးရိုးဆလက်ရှင်က သံသယဝင်စရာပင် မလိုအပ်ချေ။ L&P၏ Janglerက အချိန်တစ်ခုကြာအောင် တိတ်ဆိတ်သွားပြီးနောက် ဟီးရိုးတစ်ခုကို ‌ရွေးလိုက်သည်။ လောင်ဂျီက ဝေ့ရှောင်း၏ အမှိုက်လို စကားသံကို အနည်းငယ် စိတ်ရှုပ်သွားပုံရပြီး သူ့အား ပြန်လည်ကိုင်တွယ်ချင်ပုံ ပေါ်သည်။ နောက်ဆုံးတွင် လောင်ဂျီသည် DPS   ထံ တိုက်ရိုက်သွားနိုင်သော မိစ္ဆာတစ်ခုကို ရွေးချယ်လိုက်သည်။ သူသည် ခပ်ရိုင်းရိုင်း ကစားချင်ကြောင်း ရှင်းလင်းလွန်းနေသည်။

24 02

ထိုCustom လေ့ကျင့်ခန်းသည် ပရော်ဖက်ရှင်နယ် ကစားသမားများအကြားမှ လေ့ကျင့်ရေး ပွဲစဉ်အတွက်သာ ဖန်တီးထားခြင်းဖြစ်ပြီး ဂိမ်းအော်ဂနိုင်စာများကလည်း ထောက်ပံ့ကူညီပေးထားသည်။ ထို့ကြောင့် အတွင်းသို့ဝင်ရောက်ပြီးနောက် အရာအာလုံးသည် အစစ်အမှန် ဂိမ်းကွင်းပြင်နှင့် အမှန်တကယ် တူညီနေပေလိမ့်မည်။  ထိုကြောင့် နှစ်ဖက်က ပွဲစဉ်အတောအတွင်း စကားပြောရန်ပင် မဖြစ်နိုင်ပေ။ သူတို့သည် တည်ငြိမ်စွာသာ လည်ပတ်ကိုင်တွယ်မှုကို ပြုလုပ်ရပြီး သွေးပူသော တိုက်ပွဲများကို တိုက်ခိုက်ရသည်။ သူတို့ကသာ စကားပြောချင်လျှင် သူတို့၏ ကိုယ်ပိုင်အသင်းအတွင်းသာ ပြောဆိုနိုင်လေသည်။


လုဖုန်းက အသင်း၏ အမိန့်ပေးသူ ဖြစ်နေကြ ဖြစ်သည်။ သူသည် စကားအများကြီး မပြောချေ။ သူ ပြောသော စကားလုံးတိုင်းက တိကျသည်။


“ပိုင်ရွှမ် ဘော့တွန်လိန်း နောက်ကိုလိုက်”


“ကောင်းပြီ”


လုဖုန်းက ပထမဦးဆုံးသော တောcrept တက်ပြီးသွားပြီးနောက် ဝေ့ရှောင်းကို ပြောသည်။


“ငါ ခဏနေ Top Laneကို လာပြီး gank လုပ်မယ်”


ဝေ့ရှောင်းက Top Laneတွင် ဖြစ်ပြီး တစ်ဖက် Top Lanerနှင့်အတူ တပ်ဖွဲ့များအတွင်း တိုက်ခိုက်နေခြင်း ဖြစ်သည်။


“သေချာတာပေါ့ ဒီကောင်လေးက နည်းနည်းတော့ အမှီလိုက်နိုင်တယ်”


သူသည် ထိုသို့ပြောပြီးကာစ အချိန်တွင်ပင် တစ်ဖက် Top Laneကို ချိန်ရွယ်ပြီး ဟစ်ယူလျက် သူ၏ဟဲဆန့်မန့်ကို ရိတ်သိမ်းပေးလိုက်သည်။


Top Lanerက အနည်းငယ် မှင်သက်သွားသည်။ သိသာစွာပင် သူသည်လည်း ပရော်ဖက်ဆာက ထိုမျှအထိ အသေးစိတ်ကျကျ စီမံခန့်ခွဲနိုင်မည်ဟု မထင်ထားမိပေ။ 


ထန်ချန်းသည် တရုတ်တွင် ကျော်ကြားသော Top Laner  တစ်ယောက်ဟု စဉ်းစားဆင်ခြင်၍ ရနိုင်သည်။ ထိုအစားထိုးအသစ်လေး၏ ego သည် တစ်ဖက်သူကို လဲကျသွားအောင် ဖိအားပေးနိုင်ခဲ့ပြီးနောက် အနည်းငယ် ဖောင်းတက်လာပြီ ဖြစ်သည်။ သူသည်လည်း ထိုပရော်ဖက်ဆာ အသစ်သည် ဒီအတိုင်း ပေါက်ကရ ပြောတတ်သော ပါးစပ်နှင့် ခင်းတစ်ယောက်ဟုသာ ထင်ထားသည်။


ဒါက ဘယ်သူက ထင်ထားမှာလဲ။


_ _ _ 


Fist blood 


စနစ်မှ အသံက ထွက်လာသောအခါ ချန်းဖုန်းကပင် ကြောင်သွားသည်။


ဝေ့ရှောင်းက _ _ _ ဂယ်ရီကို သတ်လိုက်ပြီ။


မြောက်အမေရိက L&P အခြေစိုက်စခန်း တစ်နေရာတွင် ဂယ်ရီက ဆဲသည်။


“ဖာ့ခ်”


လေ့ကျင့်ရေးခန်း၏ ထောင့်နားတွင် အနက်ရောင်ဆံပင်နှင့် ဆိုဖာပေါ်တွင် ထိုင်လျက် ရှိနေသော အမျိုးသားက ဖန်သားပြင်ကို စိုက်ကြည့်လိုက်သည်။


“မဆိုးပါဘူး ကြည့်ရတာ Closeက ရတနာကို ရှာတွေ့ထားတာပဲ” 


ယခု ပြသသွားသော စီမံလည်ပတ်ပုံ အနေအထားက အလွန်အမင်း မျက်စိဖမ်းစားနိုင်သည်။ 


ဝေ့ရှောင်းနှင့် L&P ၏ Top Lanerတို့သည် သူတို့၏ လိန်းတွင် အလွန်အမင်း ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် တစ်ဖက်သူမှ မိုက်ရူးရဲဆန်ပြီး စိတ်ထင်တိုင်း လုပ်တတ်သည်ဟု ထင်လောက်သည်။ သူ၏ အရှိန်အဝါကလည်း ကစားချင်စိတ် အပြည့်ဖြစ်ကြောင်း ဖော်ပြလျက် ဟာကွက်အပြည့်နှင့် ဖြစ်သည်။


လောင်ဂျီသည် ဂိမ်းအစပိုင်းကတည်းက ရက်စက်ခံထားရသောကြောင့် ‌ဝေ့ရှောင်းကို ပြိုလဲကျသည်အထိ gank လုပ်ရန် စဉ်းစားထားပြီးသား ဖြစ်သည်။


ထို့ကြောင့် သူသည် Top Lane သို့ ချက်ချင်းလိုလို တက်သွားလိုက်သည်။ 


သို့သော် မထင်ထားသည်မှာ _ _ _ 


ဝေ့ရှောင်း၏ တိုက်ကွက်များဟာ ကြမ်းတမ်းပြီး မိုက်ရူးရဲ ဆန်ကောင်းဆန်ပေလိမ့်မည်။ သို့သော် သူ၏အနံ့ခံနိုင်စွမ်းရည်ကမူ အလွန်အမင်း အကင်းပါးသည်။


လောင်ဂျီသည် မြက်ခင်းပြင်ထဲတွင် ဆောင့်ကြောင့်လေးပြီး တစ်ဖက်သူကို ချုံခို တိုက်ခိုက်မည့်အချိန်တွင် ဝေ့ရှောင်းက အ‌ရှေ့သို့ ဖြတ်သွားချင်ဟန် ဆောင်လိုက်သည်။ ထို့နောက် L&P၏ Top Laner အနားသို့ flashစကေးကို သုံး၍ ရောက်သွားကာ ဂါရီကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ 


Gloryတွင် ဟီးရိုးကြားမှ ချုပ်ထိန်းမှု ဆက်ဆံရေးတစ်မျိုး ရှိသည်။ ဥပမာအားဖြင့် Janglerက စီပိုဆက်ရှင်းနေရာကို ခြိမ်းခြောက်ထားစဉ်တွင် Top Laneဟီးရိုးများက သူတို့၏ Janglerများကို ဖိအားပေးနိုင်သည်။


ဝေ့ရှောင်း၏ ရုတ်ချည်းတိုက်ခိုက်မှုက လောင်ဂျီကိုပင် သတိလက်လွတ် ဖြစ်သွားစေခဲ့သည်။


နတ်ဆိုးသူခိုးသည် အစောပိုင်းအဆင့်တွင် ဖော်ပြန်ရန် ခက်ခဲလောက်အောင် အားနည်းသည်။ သူသည် နတ်စစ်သည်တော်ထံမှ စကေးတစ်စုံနှင့် ဖောက်ခွဲမှုကို ခံရသောအခါ တုံ့ပြန်ချိန်ပင် မရှိပဲ နေရာတွင်ပင် ပေါက်ကွဲသွားသည်။


ဝေ့ရှောင်း “Close မြန်မြန်လာ ဂေ့စ်တွေက ပျံသန်း ထွက်သွားတော့မယ်”


လုဖုန်းက လောင်ဂျီ မြေပြင်သို့ လဲကျသွားသည့် အခိုက်အတန့်တွင်ပင် ရုတ်တရက် ပေါ်လာပြီး ယခု‌လေးတင် မျှော်စင်အနောက်ဘက်သို့ ခုန်ရှောင်လိုက်သည့် L&P၏ Top Laner၏ အသက်ကို ယူသွားလိုက်သည်။


ဂိမ်းသို့ ဝင်ရောက်ပြီး ‌ခြောက်မိနစ်သာ ရှိသေးသော်လည်း FTWက ခေါင်းနှစ်ခေါင်း ရိုက်လိုက်သည်။


အားသာချက်ကြီးပဲ။


ဝေ့ရှောင်းက ရယ်သည်။


“ဒီသားက မသိတတ်တာပဲ။ သူက မြစ်ထဲမှာ ဆောင့်ကြောင့်ထိုင်စောင့်ဖို့ပဲ တွေးနေတယ်။ ဒီလိုနဲ့ သူ့အဖေကို ပြန်တိုက်ခိုက်လိုက်တယ်”


L&Pက သူတို့ရဲ့ စကားပြောခန်းကို မကြားနိုင်သည်မှာ ကံကောင်းသွားသည်။ သို့မဟုတ်လျှင် လောင်ဂျီ၏ စိတ်အခြေအနေဟာ ပေါက်ကွဲသွားလောက်သည်။ သူသည် ဂိမ်းတစ်ပွဲလုံးအတွက် လက်လျော့ပြီး ဝေ့ရှောင်းနှင့်ပင် ခါးသီးစွာ တိုက်ခိုက်ရင်း အဆုံးသတ်သွားလောက်သည်။

24 03

လောင်ဂျီအနေဖြင့် ဂိမ်းထဲတွင် အနည်းငယ် လိုက်မှီလာသည်မှာလည်း မှန်ကန်သေးသည်။ ချန်းဖုန်းက ‌အေးစက်စွာ ကြည့်နေရင်း Close၏ ခန့်မှန်းချက်ကို လေးစားမိသွားသည်။


ဝေ့ရှောင်းသည် ကံကောင်းမှုဖြင့်သာ ကြုံတွေ့နိုင်သော ပါရမီကြီးသည့် ကစားသမား တစ်ယောက်ဖြစ်ပြီး မည်သို့ပင် ကြိုးစားကြိုးစား တော်တန်ရုံ ရှာမတွေ့နိုင်ချေ။


သူ၏ ပါဆင်နယ် အဘယ်လတီကို အမြင့်ဆုံး အတိုင်းအတာအထိ ထုတ်သုံးနိုင်စွမ်းရည် ရှိသည့်အပြင် ထိုအမြင့်ဆုံး လက်နက်ကလည်း ပို၍မြင့်နေသေးသည်။ ပို၍ဆိုးသည်မှာ သူ့တွင် မွေးရာပါ စီမံခန့်ခွဲနိုင်သည့် အင်အားရှိနေသည်။ 


တင်းမ်ဂိမ်းတွင် လူတစ်ယောက်ဟာ မည်မျှ ကြောက်မက်ဖွယ် ကောင်းနေစေကာမူ လက်တစ်ဖက်တည်းနှင့် လက်ခုပ်တီးရန် ခက်သည်။


သို့ရာတွင် ဂိမ်းထဲတွင် နေမင်းတစ်စင်း ပေါ်လာသည်နှင့် အသင်း၏ အရှိန်အဝါကို တောက်ပအောင် အလင်းပေးနိုင်စွမ်းရည်ဟာ ခြားနားသွားပေလိမ့်မည်။


E sportသည် ကစားသမားများ၏ အရည်အသွေးကို စမ်းသပ်ခြင်း ဖြစ်သည်။ အရည်အသွေးသည် သူ့၏ စီမံလည်ပတ်ပုံ၊ဂိမ်း၏ နားလည်ပုံကို အခြေခံထားခြင်း မဟုတ်ပဲ သူတို့၏ အသင်းတိုက်ပွဲတွင် လုပ်ဆောင်နိုင်စွမ်းရည်ကို ပို၍အာရုံစိုက်သည်။


ပေါင်းစပ်စွမ်းရည်၊ ခြုံခို အမိန့်ပေးနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်မှု၊ ခေါင်းဆောင်မှု_ _ _ 


ထိုထဲက မည်သည့်စွမ်းအင်ကိုမဆို ကျွမ်းကျင်ရပေမည်။


ပြောင်မြောက်ထူးချွန်သော အမိန့်ပေးသူသည် အသင်းကို အမိန့်ပေးနိုင်စွမ်းရည် ရှိရုံသာ မကသေးလေဘဲ အသင်းထဲသို့ အချိန်မ‌ရွေး ဝင်ရောက်လျက် ဟာကွက်မရှိဘဲ ထွက်ခွာနိုင်ရပေမည်။


သူတို့ကသာ လူငါးယောက်လုံး အမိန့်ပေးနိုင်သည့် တစ်သင်းကို တည်ဆောက် နိုင်မည်ဆိုလျှင် ထိုအသင်းသည် အလွန်အမင်း ဟာကွက် မရှိလောက်အောင် တင်းကြပ်စွာ တည်ရှိနေသည့် အသင်းတစ်သင်း ဖြစ်လာပြီး မည်သူကမှ ဖောက်မဝင်နိုင်သည့် သံမဏိအကာအရံတား တစ်ခုကို တည်ဆောက်နိုင်ပေလိမ့်မည်။ 


ဝေ့ရှောင်းသည် အသင်း၏ ခံစားချက်များကို အလွယ်တကူ စုစည်းနိုင်သော စွမ်းအင်မျိုး ရှိနေသည်။ သူ၏မွေးရာပါ စိတ်အားထက်သန်မှုနှင့် တိုက်ခိုက်လိုစိတ် ဆန္ဒက တခြားသူများကို အလွယ်တကူ လွှမ်းမိုးနိုင်လေသည်။


သူနှင့်အတူ တိုက်ခိုက်နေသော အသင်းဖော်များကို မဆိုထားဘိ ဘေးမှ ရပ်ကြည့်နေသော ချင်ဖုန်းကပင် ခံစားနိုင်သည်။ သူတို့သည် သူ၏နောက်သို့လိုက်ပြီး သူနှ င့်ပူးပေါင်းလိုကြသည်။ သူတို့၏ အရှေ့က ပိုပြီးတောက်ပလာသည်။


မိနစ်ငါးဆယ်ခန့် ကြာပြီးနောက် FTWသည် L&P၏ ပိုက်နက်နယ်မြေထဲသို့ တောက်လျောက် တိုးဝင်သွားနိုင်ခဲ့သည်။  သူတို့သည် လူတိုင်းကို သူတို့၏ ဓားအောက်သို့ ရောက်အောင် ခုတ်ချနိုင်အောင် စီစဉ်ထားနိုင်ခဲ့ပြီး အခြားတစ်ဖက်ခြမ်းက ခက်ထန်ကြမ်းတမ်းစွာ ဒေါသတကြီး ခုခံနေခဲ့သည့်တိုင်အောင် အနိုင် အရယူလိုက်နိုင်သည်။


အနိုင်


နင်ကျယ်ဟန်သည် စိတ်လှုပ်ရှားစွာ အော်သည်။


“ငါတို့ နိုင်ပြီ”


သူတို့ နိုင်သွားတယ်။


သူတို့သည် မနှစ်က Global Finalမှ ဒုတိယနေရာကို ရင်ဆိုင်ရင်း နိုင်သွားသည်။


ထိုသတင်းကသာ ပေါက်ကြားသွားခဲ့လျှင် တရုတ်Glory အသိုင်းအဝိုင်းကြီး တစ်ခုလုံးက ပေါက်ကွဲလောက်သည်။ 


လွန်ခဲ့သည့် နှစ်နှစ်အတွင်း နှစ်နှစ်လုံးအတွင်း မျိုးစေ့အသင်းနှစ်သင်းလုံး ဖိုင်နယ်လစ်ပြိုင်ပွဲအတွင်းသို့ မဝင်‌ရောက်နိုင်ခဲ့လေရာ အစစ်အမှန် ဖိုင်နယ်သို့ တက်ရောက်ရန်ပင် ဝေးကွာခဲ့သည်။ 


သို့သော် ယခုမူ သူတို့သည် Global Finalမှ Winner upကို နိုင်သွားသည်။


ဒါသည် လေ့ကျင့်ရေးပွဲစဉ်မျှသာ ဖြစ်သည့်တိုင်အောင် L&P ACE ဖြစ်သည့် ယွမ်ဇယ်က မပါဝင်သေးသည့်တိုင်အောင် သူတို့သည် နိုင်သေးသည်။ 


ဝေ့ရှောင်းက စိတ်အခြေအနေ ကောင်းသွားသည်။ သူသည် သုံးနာရီဆက်တိုက် ဆိုလိုနိုင်မည့် အခြေအနေကို တွေးခြင်းအားဖြင့် သူ၏စိတ်အခြေအနေဟာ ပို၍ကောင်းလာသည်။


“ဒါက ဒီအတိုင်း လေ့ကျင့်‌ရေး ပွဲစဉ်လေးပဲ မဟုတ်ဘူးလား ထပ်လုပ်မယ်”


သွေးဆူလာတယ် ဆိုတာကို ဘယ်လိုခေါ်လဲ ဒါပဲ။


နင်ကျယ်ဟန်၏ ပါးကပင် နီလာသည်။


“သွားမယ် သွားမယ်။ လာ ထပ်လုပ်မယ်”


လူတိုင်း ယုံကြည်မှုရှိရန် လိုသည်။ သူတို့က ယုံကြည်မှု ရှိသွားသည်နှင့် သူတို့၏ စွမ်းရည်ကို နှစ်ရာ ရာခိုင်နူန်းအပြည့် ထွက်နိုင်လာပေလိမ့်မည်။ 


ချန်းဖုန်းက သူတို့၏ ကိုယ်ပေါ်သို့ ရေအေးများ လောင်းချလိုက်သည်။


“  L&Pက လူလဲလိုက်”


ယခင်အစားထိုးဂိမ်းက ထွက်သွားပြီး  အသစ်က ပေါ်လာသည်။ L&P မာရှယ်


မာရှယ်သည် တရုတ်လို ယွမ်ရွှိမ် ဖြစ်သည်။ 


L&P၏ မာရှယ်သည် ၏ FTW ၏မာရှယ် ဖြစ်ခဲ့ဖူးသည်။ ထိုအမျိုးသားသည် Top Laneနတ်ဘုရားဟု ဂုဏ်သတင်းနှင့် ထိုက်တန်သော ယွမ်ဇ ယ်ဖြစ်သည်။


ထန်ချန်း၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ် ကောင်းသော အလင်းက ပြည့်လာသည်။


“ဖာ့ခ် ဒီခွေး ယွမ်ဇယ်က ရည်ရွယ်ချက်ကောင်းကို မရှိဘူး”


သူ ယခု စင်ပေါ်သို့ တက်လာခဲ့သည်မှာ ဝေ့ရှောင်း၏ အရှိန်အဝါကို ဖိနှိပ်ရန် ဖြစ်သည်။ ပို၍ခပ်ပြတ်ပြတ် တိတိကျကျ ပြောရသော် သူ၏ပန်းတိုင်သည် ဝေ့ရှောင်းကို ပိတ်လှောင်သွားအောင် ရိုက်နှက်ရန် ဖြစ်သည်။


ဟွန့် ဒီအိုနေတဲ့ကောင်က ဆိုးယုတ်လိုက်တာ။ 


ချန်းဖုန်းက လုဖုန်းကို ကြည့်သည်။ ထို့နောက် ဝေ့ရှောင်းကို ပြန်ကြည့်သည်။

24 04

“သူ မင်းကို အရူးလို ပစ်မှတ်ထားတော့မှာ”


ဝေ့ရှောင်းက လက်ချောင်းများကို အကြောဆန့်သည်။


“ဒီထက် ပိုကောင်းတာ မရှိတော့ဘူး”


လုဖုန်း “စမယ်”


သူ၏အသံသည် ပေါ့ပါးစွာရှိပြီး မစိုးရိမ်ပေ။


ချန်းဖုန်းက တစ်ခဏခန့် ရပ်တန့်သွားသည်။ သို့သော် ဘာစကားမှ မပြောလိုက်ချေ။ ယွမ်ဇယ်၏ ယခင်အသင်းဖော်တစ်ယောက် အနေနှင့် သူသည် ယွမ်ဇယ်၏ အကျင့်ဆိုးတိုင်းကို ကောင်းမွန်စွာ နားလည်သည်။


ယွမ်ဇယ်သည် ၂၀၁၇တွင် ဆင်ဂယ် ချန်ပီယံရှင် ဖြစ်သည်။ ထိုအချိန်က FTW၏ ပန်းတိုင်သည် ချန်ပီယံရှစ် သရဖူတိုင်းကို သူတို့၏ အိတ်ထဲသို့ ထိုးထည့်ပြီး တစ်ခုကိုမှ အလွတ်မပေးရန် ဆုံးဖြတ်ထားသည်။


တစ်သင်းလျှင် တစ်ယောက်တည်းကသာ ဆင်ဂယ်ပွဲကို ဝင်ပြိုင်နိုင်သည်။ ထိုအချိန်တွင် Closeသည် အသင်းသို့ ဝင်ကာစဖြစ်ပြီး အတွေ့အကြုံ မရှိသေးချေ။ နည်းပြအသင်းကလည်း သူ၏နေရာကို ပယ်ချလိုက်သည်။ ထို့ကြောင့် အဖွဲ့တွင် လူလေးယောက်သာ ကျန်သည်။ ထိုထဲတွင် သူ၏အထောက်အပံ့နေရာ အပါအဝင် လူတိုင်းက ဆင်ဂယ်လုပ်နိုင်စွမ်းအင် ရှိသည်။ 


သူတို့သည် လူတစ်ယောက်တည်းကသာ ဝင်ပြိုင်နိုင်သည်။ ထိုအချိန်တွင် အသိုင်းအဝိုင်းထဲမှ လူတိုင်းကလည်း FTWမှ အမတများ၏ ပြိုင်ပွဲကို ကြည့်ရတော့မည်ဟု စဉ်းစားထားကြသည်။


ထိုပြိုင်ပွဲတွင် အမှန်တကယ်ပင် နတ်ဘုရားများနှင့် အမတများကြားမှ တိုက်ပွဲဖြစ်ပြီး ယွမ်ဇယ်ကသာ အသင်းကို ကိုယ်စားပြုနိုင်သောသူ ဖြစ်သွားသည်။


ထို့အပြင် သူသည် သံသယဝင်ရန် မလိုလောက်‌အောင် ဆင်ဂယ်ခေါင်းစဉ်ကို ရသွားသည်။


ထိုသို့ဖြင့် ယခုယွမ်ဇယ်၏ အင်အားက မည်မျှအင်အား ကြီးနေကြောင်း တိုင်းတာရန်ပင် ခက်ခဲသွားသည်။ ကျန်းဝူက သူသည် နောက်ပိုင်းတွင် ဆင်ဂယ်ပြိုင်ပွဲတိုင်းကို ဝင်ပါခဲ့သောကြောင့် ဖြစ်သည်။ သို့ရာတွင် သေချာနေသော အချက်တစ်ချက် ရှိသည်။ သူသည် အနည်းဆုံး လုဖုန်း နည်းတူ တော်သည်။


ယခုအချိန်တွင် ငယ်ရွယ်သေးသော ဝေ့ရှောင်းသည် သေချာပေါက် သူ့ကို မယှဉ်နိုင်ချေ။ 


အချက်အလက်များကလည်း မှန်ကန်ကြောင်း သက်သေပြသည်။


ယွမ်ဇယ်က ဝင်ရောက်လာပြီး L&P၏BP အများကြီး ဖြစ်သလို နိုင်သွားသည်။ သူတို့သည် လုဖုန်းကို အထူးတလည် ရည်ရွယ်ချက် ထားမနေတော့ချေ။ ထို့အစား BPကို ပုံမှန်အတိုင်း လည်ပတ်သွားစေသည်။ FTWထက် အများကြီး ပေးထားသည်။


ရှန်းဖုန်းသည်လည်း အရည်အချင်း ပြည့်မှီသည်။ သူသည် လက်ရှိ ဂိမ်းဗားရှင်းအရ အင်အားကြီးသော ဟီးရိုးသုံးခုကို ဆက်တိုက်ရွေးလိုက်သည်။ ထိုသို့ဖြင့် ယွမ်ဇယ်ကိုသာ ပစ်မှတ်ထားလိုက်သည်။


ဟီးရိုးရွေးချယ်သည့် ရှုထောင့်မှတဆင့် ယွမ်ဇယ်၏ ဓားအမြောက်သည် ဝေ့ရှောင်း၏ နတ်ဆိုးစစ်သည်တော်ထက် အားနည်းကြောင်း ပြသသည်။ သို့ရာတွင် ဂိမ်းအစပိုင်းတွင်ပင် ယွမ်ဇယ်သည် Top Laneတောက်လျောက် ထိုးတက်သွားသည်မှာ နတ်ဆိုးစစ်သည်တော်ကိုပင် ဂရုမစိုက်ခဲ့ချေ။


ဝေ့ရှောင်းသည် သူ့ကို ထပ်ခါတလဲလဲ တိုက်ခိုက်ရန် ကြိုးစားသည်။ သို့သော် ယွမ်ဇယ်ကမူ ငါးတစ်ကောင်အလား ချော်ထွက်နေခဲ့၏။ သူသည် စစ်သည်တော်တစ်ယောက်ကိုမှ အလွတ်မပေးခဲ့သည့်အပြင် ဟဲဒဇက်ပင် ဆုံးရှုံးသွားသည်။


ထိုသို့ဖြင့် အင်အားချင်း ကွာခြားခြင်းအား ဖော်ပြသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိန်းချုပ်သည့် စွမ်းရည်က ကွာဟရုံသာ မကသေးလေပဲ အတွေ့အကြုံပါ ကွာသည်။


ချန်းဖုန်းက သက်ပြင်းချသည်။ သူသည်လည်း အဆုံးသတ်ကို မြင်နိုင်‌လေ၏။ 


ထန်ချန်းလည်း ဂိမ်းမစခင်ကတည်းက ပြောထားသည်။ ယွမ်ဇယ်သည် ဝေ့ရှောင်းကို ပစ်မှတ်ထားလိမ့်မည်။


ဂယ်ရီသည် ဂိမ်း၏အချိန်အများစုတွင် Top Laneကို အထူးတလည်လာပြီး အများကြီး ထောက်ပံ့ ပေးမနေချေ။ ထို့အစား သူသည်  မစ်ဒယ်လိန်းနှင့် ဘော်တွန်လိန်းကိုသာ ထပ်ဖိအားပေးခံလိုက်ရသည်။ ထိုသို့ဖြင့် လုဖုန်းသည် ဂိမ်းတွင် အခြားသော အသင်းများမှ အာရုံစိုက်ပြီး ထောက်ပံ့ပေးနိုင်ခြင်း မရှိသည့်အတွက် Top Laneသို့ မတက်နိုင်ချေ။


ထိုအတွက်ကြောင့် Top Laneတွင် ယွမ်ဇယ်နှင့် ဝေ့ရှောင်းသာ ရှိသည်။


ဂိမ်း၏ အစောပိုင်းတွင် ဝေ့ရှောင်းသည် ဓားအမြောက်ကို မဖိနှိပ်နိုင်ချေ။ နောက်ပိုင်းတွင် ပို၍ပင် မဖိနှိပ်နိုင်တော့လေပဲ တောက်လျောက် အရိုက်ခံရသည်။ 


မိနစ်တစ်ဆယ်ခန့် ကြာပြီးနောက် မာရှယ်က ပရော်ဖက်ဆာကို သတ်လိုက်ပြီ။


မာရှယ်က ပရော်ဖက်ဆာကို သတ်လိုက်ပြီ


မာရှယ်က ပရော်ဖက်ဆာကို သတ်လိုက်ပြီ

...... 


ယခင်က ဂယ်ရီသည် လုဖုန်းကို ၁၀ကြိမ် သတ်ချင်သည်ဟု ပြောခဲ့သည်။ ဒီပွဲတွင် ယွမ်ဇယ်က ဝေ့ရှောင်းကို ၁၀ကြိမ် သတ်လိုက်သည်။


ချန်းဖုန်း၏ နှလုံးသားက အေးစိမ့်သွားသည်။ သူသည်လည်း ဝေ့ရှောင်း၏ နှလုံးသားဟာ ကြီးကြောင်း သိသည်။ သို့သော် ယခုလို ခွေးအိုကြီး ယွမ်ဇယ်က အသင်းထဲသို့ ဝင်လာပြီးနောက်တွင် _ _ _


ပရော်ဖက်ဆာက မာရှယ်ကို သတ်လိုက်ပြီ။


ထန်ချန်းက အထိတ်တလန့် ထ‌‌အော်သည်။


“ဖာ့ခ် ဒီကောင်လေးက တကယ် လုပ်လိုက်နိုင်တာပဲ”


ချန်းဖုန်းက ကြောင်သွားပြီး ဖန်သားပြင်ကို စိုက်ကြည့်လိုက်သည်။


ဝေ့ရှောင်းသည် ယွမ်ဇယ်ကို လက်ဗလာနှင့် သတ်လိုက်သည်။


သူသည် ၁၀ကြိမ်လုံးလုံး အသတ်ခံပြီး အနိုင်ကျင့် ခံလိုက်ရသည်။ သို့သော် ပြန်လည် တိုက်ခိုက်နိုင်စွမ်းရည် ရှိသေးသည်။ 


ကံဆိုးသည်မှာ FTWသည် တောက်လျောက်ထိုးကျနေခဲ့ပြီးသား ဖြစ်သည်။ ဝေ့ရှောင်းက ဖိအားပေးခံရရုံသာ မကသေးလေဘဲ နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့တို့သည်လည်း လွှမ်းမိုးခံထားရသည်။

24 05

လုဖုန်းက ဂယ်ရီကို ထိန်းထားနိုင်သေးသည့်တိုင်အောင် သူ့အနေဖြင့် ခံတပ်တစ်ခုလုံးကို ထိန်းထားရန် ခက်ခဲသွားသည်။


အရှုံး


FTWက နောက်ဆုံး လေ့ကျင့်ရေးပွဲစဉ်တွင် ရှုံးသွားသည်။ 


ဂိမ်းက ပြီးသွားသည်။ သို့သော် Custom mic Battle roomကမူ မပိတ်သေးချေ။ 


ထို့အပြင် ချက်စ်ဘောက်တွင်လည်း စာတစ်ကြောင်းပေါ်လာသည်။ 


မာရှယ် _ _ _.. “တစ်ဖက်ခြမ်းက ကလေးက တအားတော်တယ်။ မင်း L&Pကို လာချင်လား”


ထန်ချန်းက ဒေါသထွက်သွားသည်။


“ဒီတိရိစ္ဆာန်အို ယွမ်ဇယ်ကောင် နည်းနည်းပိုပြီး အရှက်မဲ့ပေးလို့ ရမလား”


ဝေ့ရှောင်းကလည်း ခံစားချက်မဲ့စွာနှင့် စာရိုက်လိုက်သည်။ 


“ရတာပေါ့”


ချန်းဖုန်း၊ ထန်ချန်း၊ နင်ကျယ်၊ ယွဲ့ဝမ်လဲ့ “???”


ပိုင်ချိုင်ကမူ တက်ကြွနေသည်။ “အိုး လာတော့မယ် လာတော့မယ်


ဝေးကွာလွန်းသော မြောက်အမေရိက မှ လူများကလည်း စိတ်ရှုပ်ထွေးသွားကြောင်း၊ ဝေ့ရှောင်းက သူ၏စာများကို အဆုံးသတ်သည်။


“ငါလည်း L&Pကို ဖောက်ခွဲရေး ပစ္စည်းတွေ နည်းနေပြီလားလို့ မေးချင်တာ။ ငါ ဖောက်ခွဲရေးပစ္စည်း နည်းနည်းလောက် ငါနဲ့အတူ သယ်လာပြီး မင်းတို့ကို နေရာမှာတင် မြှောက်တက်သွားအောင် လုပ်ပေးမယ်လို့ အာမခံပေးနိုင်တယ်”


******