အပိုင်း(၂၅)
ငါ ဒီမှာ ဘာကြောင့် ရှိနေတယ်လို့ ထင်လဲ။ ဒါတွေက Closeအတွက်ကြောင့် မဟုတ်ဘူးမလား။
စကားတစ်ခုတည်းကတင် FTWရှိ လူတိုင်းကို ရယ်အောင် လုပ်ပေးနိုင်လောက်သည်။
ဂိမ်းရှုံးသွားသောကြောင့် ဝမ်းနည်းပြီး အပြစ်မကင်းစိတ်ဖြင့် နင်ကျယ်ဟန်ကပင် တက်တက်ကြွကြွ ဖြစ်သွားသည်။
.. chat box သည်ပင် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။
ယွမ်ဇယ်က စာပြန်ရိုက်သည်။
“စိတ်ဝင်စားစရာပဲ။ ငါ သဘောကျတယ်”
ဝေ့ရှောင်း၏ လက်ချောင်းများသည် ပျံနေသည်နှင့် တူသည်။
“ဒီဒယ်ဒီကို သဘောကျတဲ့သူတွေက မြေကမ္ဘာကြီးကို ဝိုင်းပတ်မယ်ဆိုရင်တောင်မှ သုံးကြိမ်လောက် ပတ်ဖို့လောက်အထိ လုံလောက်တယ်။ ဒါပေမဲ့ ငါကတော့ ဒီလောက်သားတွေ အများကြီးကို အသိအမှတ် မပြုနိုင်ဘူး”
ကြည့်ရှုနေသူ ရှောင်နင်က လေအေးများကို ရူရှိုက်လိုက်သည်။
...
တစ်ဖက်ခြမ်းက အရမ်းကို အင်အားကြီးတဲ့ Top Lanerတစ်ယောက်။ ဒါပေမဲ့ ဒီကလိုရီလောကမှာတောင် legend ဖြစ်နေတဲ့တစ်ယောက်။ ဒါတောင်မှ မင်းက သူ့ကို ရန်စရဲသေးတယ်။ မင်းက တအား အံ့ဩဖို့ကောင်းတာပဲ။
ယွမ်ဇယ်က ရယ်နေသော အီမိုဂျီကွန့်လေးကို ပို့လိုက်သည်။ သို့သော် စကားလုံးများက ဝေ့ရှောင်းကို မရည်ရွယ်တော့ချေ။
“Close မင်း ဘယ်နေရာကနေ ဒီရတနာကို သွားမရှာတာလဲ။ သူက ချစ်ဖို့ မကောင်းလွန်းဘူးလား”
မဟာဆရာသခင်အား ချစ်ဖို့ကောင်းသည်ဟု ပြောခဲ့သော ပုဂ္ဂိုလ်သည် နောက်ဆုံးတွင် ပိတ်လှောင်သွားရသည်အထိ တွန်းပို့ခံရပြီးလေပြီ။ ဝေ့ရှောင်းက စတင်ကာ_ _ _
လုဖုန်းက အခန်းကို ပိတ်လိုက်သည်။
Closeသည် အခန်းကို တည်ဆောက်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူသည် dispand ကို နှိပ်လိုက်ရုံဖြင့် အခန်းထဲမှ လူတိုင်းထွက်ပြီးသား ဖြစ်သွားသည်။
ဝေ့ရှောင်း “!!”
သူသည် ခေါင်းကို မော့လျက် လုဖုန်းကို ကြည့်သည်။ လုဖုန်း၏ အရှိန်အဝါသည် အေးစက်ပြီး မထီမြင်သလို ထင်ရသည်။ အခြားသော သူများက သူ၏ခံစားချက်ကို သိရန် ခက်ခဲသည်။
ဝေ့ရှောင်းက လက်မခံလိုသေးပေ။
“ငါ အခုလေးတင် ရိုက်ထားတဲ့ စာတွေကိုတောင် တစ်ဖက်ကို မပို့ရသေး_ _ _ ”
တစ်ဖက်သူကို အနိုင်မပိုင်းနိုင်သေးခင် ထွက်ပြေးသော ပုံစံက သူ၏ပုံစံ မဟုတ်ချေ။
ယခုလိုမျိုး မတိုက်ခိုက်ရသေးခင် ရှုံးနိမ့်သွားသော ခံစားချက်က မလန်းလွန်းသလို ခံစားလိုက်ရသည်။
လုဖုန်းက သူ့ကို တစ်ချက်ကြည့်သည်။
“ဒီလို အရေးမပါတဲ့သူတွေနဲ့ အချိန်ဖြုန်းဖို့ မလိုဘူး”
Closeနဲ့ မာရှယ်က အဆင်မပြေဘူးဆိုတာ မှန်နေတာပဲ။
ဝေ့ရှောင်းသည် စကား ပြောလိုသေးသည်။ သို့သော် လုဖုန်းက ခပ်တိုးတိုး မေးလာသည့် စကားကို ဆက်ကြားလိုက်ရ၏။
“ငါနဲ့ ဆိုလိုရင်း လုပ်ပြီး အချိန်ဖြုန်းတာက ပိုမကောင်းဘူးလား”
ဝေ့ရှောင်း .. “!!!”
သောက်ကျိုးနည်းကို လက်မခံလိုတာလား။ သောက်ကျိုးနည်းကို မာရှယ်_ _ _
ဝေ့ရှောင်း၏ မျက်လုံးနှင့် နှလုံးသားဟာ Closeနှင့်သာ ပြည့်နေခဲ့ခြင်း ဖြစ်သည်။
FTW လေ့ကျင့်ရေး ပွဲတစ်ပွဲနိုင်ထားသည်။ ထို့ကြောင့် သူသည် လုဖုန်းနှင့် သုံးနာရီခန့် ဆိုလိုခွင့် ကစားခွင့် ရထားသည်။
ဖာ့ခ်
ဝေ့ရှောင်း၏ ဦးခေါင်းခွံ့ကပင် ထိုအတွေးကြောင့် ကြိမ်းတက်သွားသည်။
ချန်းဖုန်းက စားပွဲကို တစ်ချက်ခေါက်လိုက်ရင်း ထိုအရူးလေးဝေ့၏ စိတ်အခြေအနေကို အေးစက်သွားအောင် လုပ်လိုက်သည်။
“ဘယ်သူမှ ဘယ်မှ မသွားရဘူး။ ငါတို့ အခုလို လတ်လတ်ဆတ်ဆတ် ဖြစ်နေသေးတဲ့အချိန်မှာ ပွဲစဉ်ကို ပြန်လည်သုံးသပ်ရမယ်”
ဝေ့ရှောင်း၏မျက်လုံးများက စိတ်အားထက်သန်မှုများနှင့် လောင်ကျွမ်းနေသည်။
“ရတယ်လေ”
နောက်ပိုင်းအတွက် သိမ်းထားလည်း အဆင်ပြေတာပဲ။ သူ ဒါကို နှစ်နှစ်တောင် စောင့်ပြီးပြီ။ ဒိလိုအခိုက်အတန့်လေးက အရေးမကြီးပါဘူး။ နောက်ပြီး သူ အရင်ပွဲစဉ်တွေလည်း ကြည့်ချင်တယ်။
အမြင်နှင့်အာရုံခံစွမ်းအားသည် ဂိမ်းတွင် နှစ်မြှပ်ထားသော လူအတွက် အကန့်အသတ်နှင့် ဖြစ်သည်။ ထို့ကြောင့် သူတို့က နေရာနောက်သို့ ခုန်ပြန်ထွက်ပြီး ကိစ္စများအားလုံးကိ Recap အနေဖြင့် ပြန်လည်ကျော်ဖြတ် ကြည့်ရှုလိုက်ပါက ပြဿနာများကို ၍ရှာဖွေတွေ့ရှိလာနိုင်ပေလိမ့်မည်။
သူသည်လည်း သူနှင့် ယွမ်ဇယ်ကြားရှိ ကွာဟချက်ကို မြင်ချင်သည်။
တစ်ဖက်သူအား ရန်မူသည်မှာ ကိစ္စတစ်ရပ် ဖြစ်ပြီး အထင်သေးသည်မှာ အခြားကိစ္စတစ်ရပ် ထပ်ဖြစ်သည်။ မာရှယ်၏ အင်အားကိုမူ အထင်မသေးနိုင်ချေ။ အခွင့်အရေးသာ ရှိမည်ဆိုလျှင် ဝေ့ရှောင်းသည်လည်း တစ်ဖက်သူနှင့် ထိပ်တိုက်ရင်ဆိုင်ကာ တိုက်ခိုက်ချင်သေးသည်။
_ _ _
25 02
ဒါပေါ့_ _ _
ဒါပေါ့_ _ _
ပရော်ဖက်ရှင်နယ်ကျကျ မကစားရသေးတဲ့သူကတော့ ယွမ်ဇယ်နဲ့ မယှဉ်နိုင်လောက်သေးဘူးပေါ့။ သူက တစ်ဖက်သူနှင့် ကံကောင်းပြီး matches up လုပ်နိုင်ခဲ့လျှင်ပင် သိသာထင်ရှားဦးမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ပရော်ဖက်ရှင်နယ် အဆင့်တွင် ရှိသော Team အားနှင့် လှုံ့ဆော်မှုသည် သာမာန်ကျပန်း ဖြတ်လျှောက် ဂိမ်းပွဲများနှင့် အဆင့်မတူချေ။
ချန်းဖုန်းသည် ဗီဒီယိုကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းလိုလို ရီပလေးကို ပြန်နှိပ်ကာ ပြန်ကြည့်သည်။
သူသည် မူလကမူ ကစားသမားများ၏ စိတ်အခြေအနေအရ ချက်ချင်း ရီဖေးပြန်ဖွင့်ပြီး ရီဗျူးလုပ်ရန် မစီစဉ်ထားသေးပေ။
သည်အထိ ထုရိုက်ခံရပြီးနောက် နေရာတွင်ပင် ဂိမ်းကို ပြန်လည်ကြည့်ရှုခြင်းက ကောင်းမွန်သော သက်ရောက်မှု မရှိနိုင်ချေ။
ကစားသမားများသည်လည်း အရှုံးကို ခံစားစိတ်မှ မထွက်နိုင်သေးချေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရီပလေးကို ပြန်ကြည့်သောအခါ အကျိုးအကြောင်းကျကျ စဉ်းစားနိုင်ရန် ခက်ခဲသည်။ သူတို့သည် ကိုယ့်အမှားကို ကိုယ် ရင်ဆိုင်နိုင်စွမ်းရည် မရှိကောင်း မရှိလောက်သလို အချင်းချင်း top ပလေးများကို ပြန်လည်ပြီး ကိုင်တွယ် ရီဗျူးလုပ်နိုင်စွမ်းရည် မရှိလောက်ချေ။ ထို့ကြောင့် အနှစ်ချုပ်ဆိုရသော် သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက မျှခြေမညီသောကြောင့် ထိုသို့ရီဗျူးလုပ်ခြင်းက အင်အားက အချိန်ဖြုန်းနှင့်သာ သွားသည်။
ချန်းဖုန်းသည် ဒီနေ့လိုသော ကိစ္စများနှင့် ကိုယ့်ကိုယ်ကို အတင်းအားထုတ်လျက် စိုးရိမ်ပေး ရန် မလိုအပ်ပေ။ သူသည် ဝေ့ရှောင်းအကြောင်း အလွန်စိုးရိမ်နေသော်လည်း ချန်းဖုန်းအနေဖြင့် ထိုကလေးသည် ‘ လက်ဆောင်’ ကြီးကို အများကြီး ပိုင်ဆိုင်ထားကြောင်း ဝန်ခံရပေမည်။ မာရှယ်၏ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော ဖိအားက မြင့်မားလွန်းသော တောင်တန်းကြီးလောက် ပြင်းထန်နေသော်လည်း ဖိအား၏အောက်တွင် ဝေ့ရှောင်းသည် ဟန်ချက်ပျောက်သွားမည့် လက္ခဏာကို မပြခဲ့သေးသလို သူသည် အမှိုက်လို စကားများကိုလည်း ပေါက်က ရလျှောက်ပြောပြီး တစ်ဖက်သူကို ရန်စလိုက်သေးသည်။ သူ၏နှလုံးသားဟာ အမှန်တကယ် ကြီးသည်။
သူ၏ လတ်လတ်ဆတ်ဆတ်လေးတွင် ထွက်လာခဲ့သော စကားလုံးများက ယွမ်ဇယ်ကိုပင် ရယ်ရခက် ငိုရခက် ဖြစ်သွားအောင် လှုံ့ဆော်ပေးနိုင်သည်။ ၏ စိတ်အခြေအနေကိုလည်း ထိုးတင်ပေးနိုင်သည်။ ထိုသို့ဖြင့် နင်ကျယ်ဟန်ကဲ့သို့ လူသစ်အနေဖြင့် ခံစားချက်များ ရှုပ်ထွေးနေရမှာ ပြောင်းပြန်သက်ရောက်မှုကို ရသွားစေပြီး ဖိအားများကို မေ့လျော့သွားစေနိုင်သည်။
သူသည် ကျနေသော စိတ်ဓာတ်က ခပ်မြန်မြန် ပြန်တက်လာသည်။ သူ၏ပျော်ရွှင်မှုကလည်း ခပ်မြန်မြန် ပြန်တောက်ပ လင်းလက်လာသည်။
ဝေ့ရှောင်းကဲ့သို့ အမှိုက်လို စကားပြောသော စက်တစ်လုံးက အနားတွင် ရှိနေပြီး ရှောင်နင်သည် စိတ်ပိုင်းဆိုင်ရာ အကြံပေးသူနှင့် တွေ့ရန် မလိုအပ်လောက်ချေ။
တစ်သင်းလုံးက စိတ်အခြေအနေ ကောင်းနေကတည်းက ချန်းဖုန်းသည်လည်း သံမဏိကို ပူတုန်း ထုရန် ဆုံးဖြတ်လိုက်ပြီး recap ဖြစ်စဉ်ကို စလိုက်သည်။
သူသည် တတိယပွဲစဉ်ကို ပထမဦးဆုံးအနေနှင့် ပလေးဘက် အနေနှင့် ပြန်ကြည့်သည်။ ထိုပွဲတွင် ယွမ်ဇယ်ပါ၏။
ထိုပွဲသည် အဆိုးဆုံးဂိမ်းပွဲ ဖြစ်သည်။ သို့သော် သူတို့၏အင်အားကို အပြနိုင်ဆုံးလည်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ မာရှယ် ပါဝင်လာသော L&Pသည် အစစ်အမှန်L&P ဖြစ်နေသည်။
ထိုအင်အားကြီးမားသော သည် အစစ်အမှန်ပွဲစဉ် အင်အားကို မပြသွားခဲ့သေးချေ။ သို့သော် သူတိုနှင့်FTW ကြားမှ အစစ်အမှန် အင်အားကွာခြားချက်က အမှန်တကယ် ခြားနားသော အကွာအဝေး ဖြစ်နေသေးကြောင်း ခံစားရနိုင်သည်။
ရီပလေး ပြန်ကြည့်ခြင်းကလည်း မဟုတ်ချေ။ ပြိုင်ပွဲတစ်ပွဲသည် မိနစ်ငါးဆယ်သာ ကြာကောင်းကြာနိုင်သည်။ သို့သော် ရီပလေးကမူ ငါးနာရီ ကြာနိုင်သည်။
ထိုရီပလေးသည် အမျိုးမျိုးသော ရှုထောင့်များမှ သုံးသပ်ပြီး ကြည့်ရှုရန်လည်း လိုအပ်သည်။ ဥပမာအနေဖြင့် ကလိုဘယ်ရှုထောင့်နှင့် လမ်းချင်းတစ်ခုချင်းစီးတိုင်းက ရှုထောင့်ကွဲသေးသည်။ အသေးစိပ် အချက်အလက်များနှင့် ပတ်သက်လာခဲ့သောအခါ အနောက်သို့ ကြိမ်ဖန်များစွာ ပြန်လည် ပလေးဘက် ကြည့်ရပြီး အနှေးပြကွက်ဖြင့်ပင် သုံးသပ်ရသည့် အခိုက်အတန့်မျိုးလည်း ရှိတတ်သည်။
ချန်းဖုန်းသည် နည်းပြ လုပ်သည်မှာ ကြာလေပြီ။
သူ၏ အမြင်သည် အလွန်အမင်း စူးရှသည်။ သူသည် ဗီဒီယိုကို ထပ်ခါတလဲလဲ ရီပလေး မကြည့်ရသေးသည့်တိုင်အောင် ဒီပွဲတွင် မည်သည့်နေရာကို အာရုံစိုက် ထားသင့်ကြောင်း နားလည်သည်။
25 03
ဒီတတိယပွဲတွင် အကြီးမားဆုံးသော တိုတောင်းသွားသည့် ဘုတ်ပြားကမူ ယွဲ့ဝမ်လဲ့၏ နောက်မှလိုက်သော နင်ကျယ်ဟန် ဖြစ်သည်။ ထိုဘုတ်ပြားများက တိုသွားခဲ့သောကြောင့်သာ ထင်သလောက် မြန်မြန် မလျှောက်နိုင်ခြင်း ဖြစ်သည်။ အဓိက GPSကိုင်တွယ်ရသော အမြုတေ စကားသမား နှစ်နေရာ ဖြစ်သည့် စီပိုဇေရှင်း နေရာကို ယူထားသော သူနှစ်ယောက်သည် L&P၏ ပြင်းပြင်းထန်ထန် ဖိထားခြင်းကို ခံရသောကြောင့် ဖိအား အလွန်များသည်။ အထူးသဖြင့် နင်ကျယ်ဟန် ဖြစ်သည်။ Mix Lanerတစ်ယောက် ဖြစ်သည့်အလျောက် သူသည် ဖိအားအောက်သို့ ရောက်သွားပြီးနောက် သူ၏ကိုယ်ပိုင်ဘက်ခြမ်းတွင် ရှိသော jungle တစ်ခုလုံး၏ သုံးပုံတစ်ပုံခန့် ဖြစ်သွားသည်။ ကံကောင်းသည်မှာ လုဖုန်းက Jungler ဖြစ်နေသည်။ အခြားသောတစ်ယောက်သာ ဆိုလျှင် ဂါရီကို ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့သေးလျှင် ပေါက်ကွဲသွားသည်အထိ gank အလုပ်ခံရနိုင်သည်။ ယွဲ့ဝမ်လဲ့၏ ဘက်က ထိန်းထားရုံသာ တတ်နိုင်သည်။ သို့သော် tpsကမူ နောက်ပိုင်းအဆင့်များတွင် ပြင်းထန်သည့် ဒန်းမေ့ချ်များကို ကိုင်တွယ်ရန် ရှိနေသည့်အလျောက် သူသည် အခြားတစ်ဖက်ခြမ်းရှိ မက်စ်မန်းကို အချိန်မှီ မကိုင်တွယ်နိုင်ချေ။ သူတို့သည် သူတို့၏ လမ်းကျဉ်းမှ စစ်သားများထဲမှ အချို့ကို ရှုံးသွားခဲ့ရုံသာ မကသေးလေပဲ သူ၏ပြိုင်ဘက်ကိုလည်း အင်အားကြီးခွင့် ပြုလိုက်သေးသည်။ L&Pက မည်သည့်အမှားများ မလုပ်သည့် အသင်းတိုက်ပွဲဖြစ်သွားအောင် လုပ်ပြီးနောက်တွင် FTW သည် ခြေတစ်လှမ်းချင်းစီ နောက်တွင် ကျန်ရစ်ခဲ့ပြီး ဖြစ်သည်။ အခြားသော အထောက်အပံ့ဘက်ခြမ်းတွင် ချန်းဖုန်းက အများကြီး ပြောစရာ မလိုအပ်ချေ။ ဆိုလိုသည်မှာ ပိုင်ချိုင်သည် အံ့ဩစရာ ကောင်းလွန်းသည် မဟုတ်လေဘဲ သာမာန်ကျလွန်းသောကြောင့် ဖြစ်သည်။
ထိုအချက်သည် ပြဿနာ ဖြစ်သည်။ သူသည် လူများကို ရအောင် မဆွဲသွားခဲ့ချေ။ သို့သော် နောက်ပြန်လည်း မဆွဲပြန်ချေ။ ဒီအတိုင်း သူသည် အင်အားကို မထုတ်သေးသော ခံစားချက်မျိုးကို ရနေသည်။ သို့တိုင်အောင် အမှားမလုပ်သည့်အတွက် အပြစ်တင်ရန် ခက်ခဲသည်။
ထင်မြင်သုံးသပ်ချက် ပေးသူတစ်ယောက်က နတ်ဘုရားပိုင်သည် ဝိဉာဉ်ပျောက်နေသည်ဟုပင် တောက်ပသော စကားလုံးကို သုံးကာ အရွှန်းဖောက်သေးသည်။
သူသည် အလွန်အင်အားကြီးသည်။ သို့မဟုတ်လျှင် FTWက သူ့ကို ခေါ်လာခဲ့လိမ့်မည် မဟုတ်ချေ။ သို့သော် သူသည် ပို၍အင်အားကြီးနိုင်သည်။ သို့ရာတွင် ဘယ်သောအခါမှ သူ၏အင်အားကို မထုတ်တတ်ချေ။ နောက်ဆုံးတွင် ချန်းဖုန်းက ရပ်တန့်လိုက်သည်။
“ပြောင်မြောက်တယ်”
ဒီစကားလုံး တစ်လုံးပဲ သုံးစရာရှိတယ်။ သို့သော် လျှာထက်ပြီး အဆိပ်ပြင်းသော ချန်းဖုန်းထံမှ လာသောအခါ ရှာဖွေမှု အများဆုံးစာရင်းသို့ ဝင်သွားရန်ပင် ထိုက်တန်သေးသည်။
ချန်းဖုန်းက ထင်မြင်သုံးသပ်ချက် ပေးမှုကို ခံထားရသောသူများ အားလုံးသည်လည်း တရုတ်ပြိုင်ပွဲရေး နယ်မြေကြီးတွင် ထောက်တိုင်နေရာဖြစ်သည်။
ဥပမာအနေနှင့် ယခုတလော အများဆုံး ကျော်ကြားနေသည့် asleep ဖြစ်သည်။
အိပ်စက်ခြင်း နတ်ဘုရားသည် ၂၀၂၀တွင် ပွဲဦးထွက်ခဲ့ပြီး သူ၏အသင်းကို တူညီသော နှစ်တွင်မူ ကလိုဘယ်ဖိုင်နယ်သို့ ရောက်အောင် သွားနိုင်ခဲ့သည်။ 3U team သည် အလွန် အလားအလာ ကောင်းသည်။ သူတို့သည် ကန်ထုတ်( ရှုံးထွက်)အဆင့်သို့ တက်နိင်ရန် မျှော်လင့်ထားသည်။
ကံဆိုးသည်မှာ 3Uသည် ကံညံ့သွားပြီး ဖိုင်နယ်လစ်ရောင်းတွင် ဥရောပဘက်မှ ချန်ပီယံနှင့် သွားတွေ့သည်။ ထိုအတွက်ကြောင့် သူတို့သည် သွေးသံရဲရဲ ဖြစ်သည်အထိ အရိုက်ခံရပြီး တရုတ်သို့ ပြန်ပို့ခံရသည်။
သူတို့သည် ရှုံးသွားသော်လည်း asleep၏ ဖျော်ဖြေမှုသည် အမြဲတစေ ဖမ်းစားနိုင်သေးသည်။ သူနှင့် ဒုခေါင်းဆောင်က double ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ပင် တက်သွားသည်။
အဆုံးသတ်တွင် သူတို့သည် တတိယဆုကိုသာ ရခဲ့သည်။ သို့သော် ဒီမျိုးဆက်အတွက် အကောင်းဆုံး ကစားသမား ဖြစ်လာသည်။ တစ်ချိန်တည်းတွင်ပင် တစ်စုံတစ်ယောက်က ချန်းဖုန်း၏ သီချင်းလိုက်စထရင်း ဗီဒီယိုများကို တောက်လျောက် လှန်လော ကြည့်ရှုပြီးနောက် မျက်နှာထား ပက်ကေ့ချ်ကြီးတစ်ခုကို လုပ်လိုက်သေးသည်။ နည်းပြချန်းဖုန်း၏ လှပသော မျက်နှာတွင် ကြည့်မကောင်းသော ရူထောင့်ဟု၍ မရှိလုနီးပါး ဖြစ်သည်။ သူက ပြောင်မြောက်တယ်ဆိုသော စကားကို အလွန်အမင်း အေးစက်ပြီး မှင်သက်ဖွယ် ကောင်းသော မျက်နှာထားမျိုးနှင့် ပြောလိုက်၏။ ချက်ချင်းဆိုသလိုပင် Gloryအသိုင်းအဝိုင်းအတွင်း ကျော်ကြားသွားပြီး လူတိုင်းက သဘောကျရသည့် မျက်နှာထားပက်ကေ့ချ် စတိုးရစ်တစ်ခု ဖြစ်သွားသည်။
ယခုအခါ ချန်းဖုန်းသည် ထိုစကားလုံးအား ဝေ့ရှောင်းကို သုံးပေးသည်။
သူသည် ယွမ်ဇယ်၏ ဆယ်ကြိမ်ခန့် သတ်ဖြတ်မှုကို ခံလိုက်ရသော်လည်း ဝေ့ရှောင်းကမူ တတ်နိုင်သမျှ ကြိုးစားလိုက်သေးသည်။ သူသည် ယွမ်ဇယ်ကို တောက်လျောက် စောက်ကြည့်ပေးနေသည့်အတွက် သူ၏ကိုယ်ပိုင်အသက်ကို စတေးရသည့်တိုင်အောင် တစ်ဖက်သူကို ကြည့်ထားနိုင်သဖြင့် ထိန်းထားနိုင်သေးသည်။ နောက်ဆုံးတွင် သူသည် ယွမ်ဇယ်ကို ပြန်သတ်ရန် အခွင့်အရေးကိုပင် ရှာနိုင်လိုက်သည်။
25 04
တော့လိန်းတွင် ပြိုင်ဘက်ကို တောက်လျောက်စောင့်ကြည့်ထားနိုင်ခြင်းကတင် သူသည် အရည်အချင်း ပြည့်မှီကြောင်း ဖော်ပြရာ ရောက်သည်။ သူကသာ တစ်ဖက်သူကို ဖိနှိပ်နိုင်မည်ဆိုလျှင် သို့မဟုတ် နှစ်ယောက်ပေါင်း ကြည့်ထားနိုင်မည်ဆိုလျှင်ပင် ပေါင်းကာ ကောင်းမွန်လွန်းသည်ဟု စဉ်းစားဆင်ခြင်၍ ရသည်။ သို့ရာတွင် ဝေ့ရှောင်းက ထိပ်တိုက်ရင်ဆိုင်နေရသော Top Lanerက သာမာန်ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် မဟုတ်ချေ။ သူသည် Glory၏ အင်အားအကြီးဆုံးလည်း အဖြစ်၊ ရှိုးကေ့ထဲတွင် ထားရလောက်သော ထိပ်တန်းအဆင့် Top Lanerတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ဝေ့ရှောင်းသည်လည်း ထိုမျှအထိ လုပ်နိုင်ခြင်းကတင် အလွန်မှင်သက်ဖွယ် ဖြစ်နေသည်။
သည် ရီပလေးကို အလေးအနက်ထားကာ ပြန်ကြည့်သည်။ ထိုအချိန်တွင် မြောက်အမေရိက L&Pကလည်း အလားတူ လုပ်နေ၏။
သူတို့က ပထမဦးဆုံး ပြန်ကြည့်သော မက်ချ်ကမူ သူတို့ ရှုံးသွားသော ဒုတိယပွဲ ဖြစ်သည်။ အနက်ရောင်ဆံပင်နှင့် အမျိုးသားက ဖန်သားပြင်ကို မျက်တောင်ပင် မခတ်ဘဲ အချိန်အတန်ကြာ ကြည့်ရင်း သူက ရယ်သည်။
“ဒီမိတ်ဆွေလေးက တော်တော်လေး အင်အားကြီးတယ်”
ဂါရီ၏ တစ်ကိုယ်လုံးက ချဉ်တက်လာသည်။
“ငါတော့ မတွေ့ဘူး”
ယွမ်ဇယ် .. “နတ်စစ်သည်တော် ဆိုတာက သူ့ရဲ့အဓိက ဟီးရိုးတွေထဲက မဟုတ်ဘူး”
ဂါရီက အထင်သေးသံ ပေးသည်။
“နတ်စစ်သည်တော်က သူ့ရဲ့အဓိက ဟီးရိုးတွေထဲက မဟုတ်ဘူးဆိုရင် Top Laneကို ဘယ်လိုသွားရဲတာလဲ”
Top Laneကစားသမားတိုင်းက သုံးနေသော ဟီးရိုးတိုင်းသည် သူတို့အတော်ဆုံးသော ဟီးရိုးများ ဖြစ်ကို ဖြစ်တတ်လေသည်။ အကြောင်းမူကား Play-rate က အလွန်မြင့်လွန်းသောကြောင့် ဖြစ်သည်။ သူတို့ အနေဖြင့် ( ကောင်းကောင်း မလေ့ကျင့် ရသေးလျှင် ကိုင်တွယ်ရန် မဖြစ်နိုင်ချေ။
ယွမ်ဇယ်က အသာရယ်သည်။ ထို့နောက် သူ၏မျက်ဝန်း အနက်ရှိင်းဆုံးအပိုင်းတွင် အလင်းက ဖြတ်ပြေးသွားသည်။
“သူက Jangler”
ဂါရီ “အာ ”
L&P၏ နည်းပြက မျက်မှောင် ကြုတ်သည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ FTW အစားထိုး မလိုဘူးလေ”
“အစားထိုး မဟုတ်ဘူး စတင်သူ”
လောင်ဂျီက ချက်ချင်းလိုလို ခုန်ထသည်။
“Closeက အနားယူတော့မှာလား။ သူက ၂၁နှစ်ပဲ ရှိသေးတာ။ ဒါတောင်မှ အနားယူတော့မှာလား_ _ _”
ယွမ်ဇယ်၏ အကြည့်က အရူးများကို ထိန်းထိန်းသိမ်းသိမ်း နေတတ်အောင် ထိန်းကွပ်ပေးနိုင်သော စွမ်းရည်များထဲမှ တစ်ခု ဖြစ်သည်။
“မင်း Closeထက် ဘယ်နေရာက ပိုပြီးအင်အားကြီးတယ်လို့ စဉ်းစားနိုင်လဲ ဆိုတာကို သိလား”
လောင်ဂျီ _ _ _ ..???
ယွမ်ဇယ်က သူ၏နဖူးကို တစ်ချက်တောက်လိုက်သည်။
“မင်းက သူ့ထက်ပိုပြီး ရူးတယ်”
လောင်ဂျီ “_ _ _ငါလူး”
ယွမ်ဇယ်သည် လူတိုင်းကို လစ်လျူရှုပြီး ဒုတိယပွဲ ရီပလေးကို ပြန်ကြည့်သည်။
နှစ်နာရီနီးပါး ကြာပြီးနောက် သူက သက်ပြင်းချသည်။
“ပါရမီရှင်ပဲ။ လူတွေကိုတောင် မနာလိုဖြစ်စေလောက်တယ်”
သူသည် တရုတ်လို ပြောလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူထံမှ တရုတ်စာကို (တစ်ပိုင်းတစ်စ) မပီမသ သင်ကြားထားသော ဂါရီကမှ လွဲရင် ဘယ်သူကမှ နားမလည်နိုင်ပေ။
_ _ _
ပါရမီရှင်
မာရှယ်အမုန်းဆုံးသည် ပါရမီရှင်များ ဖြစ်သည်။
ထိုကဲ့သို့သော တည်ရှိမှုများက သာမာန်လူများထက် မြင့်သော နေရာက စတင်မွေးဖွားလာသော သူများ ဖြစ်သည့်အလျောက် အလိုလို ဖျက်ဆီးလိုစိတ် ဖြစ်စေသည်။
သူသည် ကိုယ်တိုင်ကိုယ်ကျပင် ဖျက်ဆီးချင်သည်။
ချန်းဖုန်းသည် ဝေ့ရှောင်းကို ချီးကျူးသော်လည်း အမှန်တကယ်အားဖြင့် သူသည် တစ်ဖက်သူကို ထုတ်ပြပေးရမည့် လိုအပ်ချက်မျိုးကိုပင် မတွေ့ချေ။
25 05
သူသည် ဗီဒီယိုအား ဘောင်တစ်ခုချင်းစီတိုင်းမှ ကြည့်သည်။ ဝေ့ရှောင်းသည် အမှားများကို ပို၍ပို၍ပင် ချဲ့ကားကြည့်ပြီး နောက်ပိုင်း ထုတ်ပြောသော စကားလုံးနှင့် စာကြောင်းတိုင်းက လူတိုင်းကို ပြိုလဲကျစေရန် လုံလောက်သည်။ သို့ရာတွင် _ _ _
ဝေ့ရှောင်းက ခေါင်းကို ဆက်တိုက် ညိတ်ပေးနေ သည်။
“ဟုတ်တယ် ငါ ဒီနေရာမှာ ရူးပြီး စိတ်ပိုင်းဆိုင်ရာ လွတ်ထွက်သွားတာ။ အဲ့သောက်ကျိုးနည်း သေနတ်(ဓားအမြှောက်ရဲ့လက်နက်က စက်သေနတ်)က ငါ့ရဲ့ ကြီးမားလွန်းတဲ့ ဓားအောက်ကနေတောင် လှမ်းမြင်နိုင်မယ်လို့ ထင်တယ်။ ဖာ့ခ် ငါ ဘာလို့ ဒီလောက်ရူးနေတာလဲ”
ချန်းဖုန်း _ _ _ “ “
အဆိပ်ပြင်းသော လျှာပိုင်ရှင်ပင် နည်းပြကဲ့သို့ ကစားသမားများကို ငိုသွားသည်အထိ ခပ်ကြမ်းကြမ်း ပြောတတ်သော နည်းပြတစ်ယောက် အနေနှင့် သူကိုယ်တိုင်ကပင် ဝေ့ရှောင်းကို စပ်စုရန် အနည်းငယ် ရှက်သွားသည်။
မည်သို့ပင်ဆိုစေ သူဟာ မည်မျှဆူစေကာမူ တစ်ဖက်သူက ကိုယ့်ကို ဆူသလောက် မကြမ်းတမ်းလောက်ချေ။
သူ ရှုံးသွားတယ်။
နည်းပြချန်းက အဆိပ်ပြင်းသော လျှာချင်း ပြိုင်ယှဉ်ရာတွင် ရှုံးသွားသည်။
ရီပလေးက အဆုံးသတ်သွားပြီးနောက် ဝေ့ရှောင်း၏ စိတ်အားထက်သန်မှုများက ပြန်လည်ထိုးတက်လာပြီ ဖြစ်သည်။ သူသည်လည်း အခုချက်ချင်း အပြေးသွားလျက် L&P နှင့် နောက်တစ်ကြိမ် လေ့ကျင့်ရေးပွဲစဉ်ကို စတင်သည်။ ထိုနည်းအားဖြင့် သူသည် ယခုလေးတင် တွေ့လိုက်သော အမှားများကို ပြန်လည်ဖာတေးလျက် သူ၏ ဂုဏ်သိက္ခာကို ပြန်လည်ကယ်ဆယ်နိုင်ပေလိမ့်မည်။
ဒါပေါ့ မဖြစ်နိုင်ဘူးပေါ့။
လုဖုန်းက မတ်တပ်ထရပ်သည်။
“လုံလောက်ပြီ အားလုံးလည်း ကျေနပ်သလို ဆက်နေလို့ရတယ်”
မည်သို့ပင်ဆိုစေ ယခုက off အစီအစဉ် ဖြစ်သည်။
တစ်ချိန်လုံး တောင့်တင်းနေရန်လည်း မလိုအပ်ချေ။ သင့်တော်သလို ပေါ့ပေါ့ပါးပါး နေထိုင်ရန်လည်း လိုအပ်လေသည်။
သူက ထိုသို့ပြောပြီးသည်နှင့် စိတ်အား ထက်သန်လွန်းသဖြင့်ကို ချက်ချင်းလိုလို ထိပ်တိုက်ရင်ဆိုင်လွန်းနေသည်။
ဝေ့ရှောင်းက ထိုခံစားချက်များကို ချက်ချင်းလိုလို ဖယ်ထုတ်လိုက်ပြီး လုဖုန်းကို တက်ကြွစွာ ကြည့်သည်။
_ _ _
ဆိုလို
လုဖုန်းက သူ့ကိုကြည့်သည်။
“ဗိုက် မဆာဘူးလား”
ဝေ့ရှောင်းက “ မဆာပါဘူး”
လုဖုန်း “ငါတော့ ဆာတယ်”
“အာ”
ဝေ့ရှောင်းက ဆက်ပြီး ပွစိပွစိ ပြောပြန်သည်။
“စားတာက ပြဿနာကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆိုလိုကတော့ ဆိုလိုရမယ်။ ငါတို့ အရင်နှစ်ပွဲလောက် ကစားပြီးမှ __ _ “
လုဖုန်းက လမ်းလျှောက်နေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်သောကြောင့် ဝေ့ဖုန်းသည် သူ၏ကျောနှင့် တိုက်လုမတတ် ဖြစ်သွားသည်။
လုဖုန်းက သူ့ကို လှည့်ကြည့်သည်။
“များများစား> ဒါဆိုရင် တစ်နာရီ ပိုတိုးလို့ရတယ်”
ဝေ့ရှောင်း “တကယ်လား”
Closeက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်နေတာလဲ။
“ဘယ်လောက်ထိ စားတာကို ရေတွက်မှာလဲ”
ဝေ့ရှောင်း စတင်ကာ တွက်ချက်နေပြီ ဖြစ်သည်။
လုဖုန်းက တွေးလိုက်သည်။
“နတ်ဘုရားထန်နဲ့ ယှဉ်ရင်”
ယခုလေးတင် မြေပြင်မှ လဲကျသွားအောင် အပြစ်ခံထားရသည့် အပြစ်ကင်းစင်သော ထျန်ချန်း “??? မင်း ဘာကို ဆိုလိုတာလဲ လောင်လု ဘာကို ဆိုလိုတာလဲ။ ငါ အများကြီးစားတယ်လို့ ဆိုလိုတာလား။ ဝူး ဝူး ဝူး ငါတို့ရဲ့ FTWက ပိုက်ဆံတွေ အများကြီး ရှိလာတာ မဟုတ်ဘူးလား။ မင်း ဒီလောက်ထိ နည်းနည်းလေး ပိုစားတာကို မတတ်နိုင်ဘူးလား”
ထန်ချန်းသည် သရုပ်ဆောင်ခြင်းအား အလွန်ရူးသွပ်နေပုံ ရပြီး ချန်းဖုန်း၏ ပုခုံးပေါ်သို့ပင် ဘေးတိုက်မှီချလိုက် သေးသည်။
“သူ ငါ့ကို စွန့်ပစ်သွားပြီ။ ငါ အနားယူတာကို မြင်တော့ ငါ စားချင်တာကို မပေးတော့ဘူး”
ချန်းဖုန်းက ရုတ်တရက် ပိကျလာသည့် အလေးချိန်ကြောင့် တုန့်ဆိုင်းသွားသည်။
“မင်းက တစ်နပ်စာတည်းနဲ့ ဂဏန်းဘုရင် နှစ်ကောင် စားပြီးတာတောင် မကျေနပ်သေးဘူးလေ။ သောက်ကျိုးနည်း မင်းကို ဘယ်သူက မွေးထားနိုင်မှာလဲ”
ထျန်ကျန်း “ အနားယူသွားတဲ့ သူတွေမှာ အခွင့်အရေး မရှိတော့ဘူး။ ဒီ e sport သိုင်းအဝိုင်းက အေးစက်တဲ့ ဆောင်းတွင်းလိုပဲ တကယ်ကို ရက်စက်လွန်းတာပဲ။
ဝေ့ရှောင်း၏ တဖြတ်ဖြတ်တောက်ပနေသော မျက်လုံးများက ရောက်ရှိလာသည်။
“နတ်ဘုရားထန် သွားစားရအောင်”
ထန်ချန်း “ “
25 06
မင်းရဲ့အကြည့်က မင်း ညစာ စားချင်တာနဲ့ မတူဘူး။ မင်း ငါ့ကို စားချင်နေတဲ့အတိုင်းပဲ။
FTW ၏စားစရာများသည် အလွန်အမင်း အမှန်တကယ် ကောင်းသည်။ သူတို့၏ အထူးစားဖိုမှုးက ပြင်ဆင်ပေးသော ညစာက အရသာရှိပြီး စားချင်စဖွယ် ဖြစ်သည်။ အပြင် ဘေးအိမ်ရှိ အသင်းများကဲ့သို့ နေ့တိုင်းလိုလို အပြင်စာများ မှာစားရသည်နှင့် အမှန်တကယ် ကွာခြားလေသည်။
FTWသည် နာမည်နှင့် လိုက်လောက်အောင် ဒဏ္ဍာရီလာ ကျန်းမာရေးအတိုင်း နေထိုင်ကြလေသည်။
ဝေ့ရှောင်းသည်လည်း ညစာနှင့် ပတ်သက်ပြီး အလွန်အမင်း စိတ်အား ထက်သန်သွားသည်။
သူသည် ပုံမှန်စားသော တစ်နပ်စာ၏ သုံးဆကိုပင် စားလိုက်သည်။
ထန်ချန်းက ခံစားချက်အပြည့်နှင့် သက်ပြင်းချသည်။
ငယ်ရွယ်ပြီး စိတ်အားထက်သန်မှုတွေ ပြည့်နှက်နေတာက ကောင်းလိုက်တာ။
ညစာ စားပြီးသော် လုဖုန်းက ကိုင်တွယ်ရမည့် ကိစ္စနှင့် အလုပ်ရှုပ်နေသည်။
ဝေ့ရှောင်းက ရွေးချယ်စရာ မရှိလေဘဲ ပဲပိစပ်လေးကိုသာ အပြီးတိုင် ဆွဲခေါ်ရင်း အစာစားပြီးနောက် လမ်းလျှောက်သည့် ဖြစ်စဉ်ကို စလိုက်ရသည်။
သူသည် ဒုက္ခခံနေရလျှင်ပင် သူ၏သူငယ်ချင်းများသည့် ဒုက္ခခံသင့်သည်ဆိုသော အချက်အရ ဝေ့ရှောင်းသည် လောင်ပိုင်ကိုပင် တောက်လျောက် ဆွဲခေါ်လာသည်။
ပိုင်ချိုင်ကမူ သူ့ထက်ပင် ပို၍ ငြီးငြူတတ်သည်။
“ဒီသောက်ကျိုးနည်း ပေါက်ကရခွေးနဲ့ လမ်းလျှောက်ချင်နေတာလား။ ဒီလောင်ဇီက မလျှောက်ချင်ဘူးနော်”
ဝေ့ရှောင်း “ ပဲပိစပ်လေးက မင်းကို ဘယ်လောက်ချစ်သလဲ ဆိုတာကို ကြည့်စမ်း။ မင်းက ဒါက အသားမာတက်နေတဲ့ ဦးလေးလို့ ခေါ်ရမှာလား”
ပိုင်ချိုင်က ပဲပိစပ်ကို ကြည့်သည်။
ပဲပိစပ်သည် ယခုအခါ ပို၍ချောသော ကောင်ချောလေးများကို တွေ့ပြီးလေပြီ။ ထို့ကြောင့် ကြည်လင်သော အရွက်ဟင်းချိုအား အလွန်အမင်း အထင်သေးလေသည်။
အားဝူး အားဝူး “
သူ၏အသံက သာမာန်ကာလျှံကာ နိုင်သည်။ ပိုင်ချိုင်က ဒေါသ ထွက်လွန်းသဖြင့် ရင်နာလာသည်။
ဒီခွေးက သူ့ပိုင်ရှင်လိုပဲ တူညီတဲ့ အမျိုးအစားနဲ့ နှစ်ကောင်။
သိပ်မကြာခင် လုဖုန်းက စာပို့လာသည်။
“ငါ ပြီးပြီ”
ဝေ့ရှောင်းသည် ချက်ချင်းဆိုသလိုပင် ပိုင်ရှင်အား ကြိုးပေးလိုက်သည်။
“ကော ငါသားကို မင်းကို အပ်လိုက်ပြီ”
ပိုင်ချိုင်၏ နူပ်ခမ်းက တွန့်သွားသည်။
“မင်း သောက်ကျိုးနည်း အခုက ဘာနဲ့တူနေလဲ သိလား”
ဝေ့ရှောင်း “ အာ”
ပိုင်ချိုင်က သူ့ကို ခပ်ကြမ်းကြမ်း ပြောသည်။
“မင်းက ဆာလောင်_ _ _”
ဝေ့ရှောင်းက မှန်ကန်သည့် စကားလုံးကို သုံးပေးသည်။
“အပျက်မ လိုလား”
ပိုင်ချိုင် _ _ “.._ _ ”
ဖာ့ခ်
ဝေ့ရှောင်းသည် သူ့အား မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။ သူထံမှ စကားလုံး တစ်လုံးချင်းစီတိုင်းက ပိုင်ချိုင်ကို သေအောင် သီးစေနိုင်သည်။
“ငါ ဒီနေရာကို ရောက်နေလို့ ဒီနေရာကို ဘာကြောင့် ရောက်နေတယ်လို့ ထင်လဲ။ ဒါတွေ အားလုံးက Closeရဲ့ _ _ _စကေးတွေကြောင့်မလို့ “
ပိုင်ချိုင် “_ _ _”
သွားပြီး ကြမ်းကြုတ် ရိုင်းစိုင်းတော့ ဆက်ပြီးသား ကြမ်းတမ်းရိုင်းစိုင်းနေတာ အကောင်းဆုံးလေ။
အနှေးနဲ့အမြန် မင်း အိပ်ယာထဲမှာ သေပြီး အဆုံးသတ်မှာပဲ။
******