အပိုင်း(၂၆.၁) သေချာပေါက်ကိုပဲ _ _ _ သူက Closeကို အကြိုက်ဆုံးပဲ
ဝေ့ရှောင်းသည် အပြန်လမ်းတောက်လျောက် အပြေးသွားလိုက်သည်။ သူသည် တစ်ချိန်တည်းတွင်ပင် ခြေသုံးလှမ်းခန့်ကို ခုန်ပေါက်သွားရင်း သီချင်း ညည်းသွားလေသည်။
ထိုသို့ဖြင့် အဓိကခန်းမအတွင်း ယွဲ့ဝမ်လဲ့နှင့် တိုးသည်။ လောင်ရွဲ့က လမ်းတွင်ရပ်လျက် သူ့အား စိုက်ကြည့်နေသော ပုံစံက သူ့ကိုပင် ကျောရိုးတောက်လျောက် စိမ့်တက်သွားစေသည်။
“မင်း တစ်ညလုံး နေမှာလား”
ထိုအခါမှသာ သူသည် ဝေ့ရှောင်းအား ပြဿနာ တစ်ခုကို သတိရသွားမိစေသည်။
ဟုတ်သားပဲ အခုက ညရှစ်နာရီ ဖြစ်နေပြီ။ သူနှင့် လုဖုန်းက လေးနာရီဆက်တိုက် soloပြီးရင် ညသန်းခေါင် ဖြစ်သွားမှာ။ အဲ့ဒီလိုဆိုရင် အိမ်ပြန်ဖို့ မလွယ်လောက်တော့ဘူး။
စခန်းက ဒီလောက်ကြီးတာ ငါအတွက် အိပ်စရာနေရာ တစ်နေရာစာ ရှိလို့လား။
ပင်ကိုယ်အသိစိတ်နှင့် ပက်သက်လာပြီး ဝေ့ရှောင်ရှောင်းအား မည်သူကမှ အလဲမထိုးနိုင်ချေ။
ယွဲ့ဝမ်လဲ့က ကျောချမ်းဖွယ် ကောင်းသော ပုံစံမျိုးဖြင့် ရယ်ရင်း သူ၏ချောမောသော မျက်နှာဖြူလေးအား ဆိုက်ကိုသမား ဆန်သွားစေသည်။ သူကမူ သူကိုယ်သူ ဆွဲဆောင်မှုပြင်းသော ပုံစံဟု ထင်နေပုံရသည်။
“ဒါဆိုရင် ကောင်းတယ်။ ငါ မင်းကို စောင့်နေမယ်”
ဝေ့ရှောင်းက တုန်ယင်သွားသည်။
“Closeက ငါ့ကို ရှာနေတယ်။ ငါ အရင်တက်သွားတော့မယ်”
ယွဲ့ဝမ်လဲ့ “ဒါဆိုလည်း သွားပါ”
ဝေ့ရှောင်းက ခေါင်းကို ငုံ့ရင်း ပိုင်ချိုင်အား ဝီချက် စာပို့လိုက်သည်။
“လောင်ပိုင် မင်း ဒီည ငါ့ကို ကာကွယ်ရမယ်”
ပိုင်ချိုင် “ဘာလို့လဲ”
ခွေးတစ်ကောင်ကို ဆွဲထားရသောကြောင့် လက်တစ်ဖက်တည်းနှင့် စာရိုက်ရန် ခက်လေသည်။
ဝေ့ရှောင်း “_ _ _ “
“ငါ့ရဲ့ Virginity ကို မထိန်းထားနိုင်မှာ စိုးရိမ်ရတယ်”
ပိုင်ချိုင်က အံ့ဩသွားသည်။
“မင်း သောက်ကျိုးနည်း ဘာဖြစ်ပြန်ပြီလဲ”
ဝေ့ရှောင်း “..”
“သွားစမ်း လောင်ဇီရဲ့ virgin ခန္ဓာကိုယ်က သန့်စင်ပြီး မွှေးပျံ့နေတုန်းပဲ”
ပိုင်ချိုင် “_ _ _”
သူသည် ထိုကိစ္စအကြောင်း အမှန်တကယ် မကြားချင်ပေ။
တကယ်ပါ သူ တကယ်ကို မကြားချင်ဘူး။ သူ့ရဲ့နားကိုတောင် ရေဆေး လိုက်ချင်တယ်။ ဒီသူခိုးကြောင့် သူ့ရဲ့ဦးနှောက်ကတောင် လုပ်ကြံ သတ်ဖြတ်ခံရမှာကို စိုးရိမ်ပါသေးတယ်။
ဝေ့ရှောင်းသည် ဆက်ပြောနေသေးသည်။
“ငါ ပြောသလိုပဲ။ မင်းတို့ရဲ့ နတ်ဘုရားလဲ့က အမျိုးသားတွေကို သဘောကျနေတာ ထင်တယ်။ သူ ငါ့ကို အခုလေးတင် ကြည့်လိုက်တဲ့ အကြည့်ကြီးဆိုရင်လေ ဖော်ပြဖို့ခက်တဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေ အပြည့်ပဲ။ ငါ ဒီနေ့ ဒီည ဒီမှာအိပ်မှာလားလို့တောင် မေးသေးတယ်။ Closeနဲ့ ငါက နောက်ကျတဲ့အထိ solo မယ်ဆိုတော့ ငါ ပြန်လို့လည်း မရဘူးလေ။ ဒီတော့ ငါ ဘာပြောရမှာလဲ။ အဲ့ဒီနောက် သူ ဘာပြန်ပြောတယ်ထင်လဲ။ သူက ငါ့ကို စောင့်နေမယ်တဲ့လေ။ သူက ညသန်းခေါင်ကြီး ငါ့ကို ဘာလုပ်ဖို့ စောင့်နေမှာလဲ။ ငါက ဒီကောင် ငါ့ အိပ်ယာပေါ် ကုန်းတက်ချင်တဲ့ ဆန္ဒရှိမယ်ဆိုလို့တောင် စိုးရိမ်ရတယ်”
ပိုင်ချိုင်ကမူ အသံမက်ဆေ့ချ်ကို နားထောင်ပြီးနောက် သူ၏ဦးနှောက်က ကျုံ့သွားသလိုပင် ခံစားလိုက်ရသည်။
ဝေ့ရှောင်း “..”
ဝေ့ရှောင်း “..”
ပိုင်ချိုင် “ အခုချက်ချင်း ထွက်သွားစမ်း အား...”
“မင်း အခု အသစ်တစ်ယောက် ရပြီဆိုတော့ အသင်းဖော်ဟောင်းတွေကြားက ခံစားချက်တွေကို မေ့သွားပြီပေါ့လေ။ ငါ ဒီလိုနဲ့ ပြုတ်ကျပြီး သေဆုံးသွားမှာကို မင်းက ဂရုမစိုက်တော့ဘူးပေါ့။ ငါ ဒီည Closeနဲ့ပဲ အိပ်လိုက်တော့မယ်”
ပိုင်ချိုင် .. “???”
ဝေ့ရှောင်းက တွေးလေလေ အကျိုးအကြောင်းသင့်လေလေဟု ခံစားရလေလေ ဖြစ်သည်။
“နှုတ်ဆက်ပါတယ်။ မင်းက အသုံးမဝင်ဘူး။ ငါ Closeရဲ့ စောင်အောက်ကိုပဲ ဒိုင်ဗင်ထိုးဝင်သွားတော့မယ်”
ပိုင်ချိုင် “...”
_ _ _
ထိုအခိုက်အတန့်တွင် ပိုင်ချိုင်သည် မည်သည့်ကိစ္စအတွက် စိတ်ဓာတ်ကျသင့်ကြောင်းကိုပင် မသိလောက်ချေ။
သူသည် အတွေးလွန်နေခြင်း ဖြစ်လောက်မည်ဟုသာ ထင်နေသည်။ သူ့ရဲ့ခေါင်းဆောင်ကတော့ ဒီသားရဲလေးအပေါ် အဲ့ဒီလို ဆန္ဒမျိုး မရှိလောက်ပါဘူးနော်။ အဲ့ဒီလိုမှ မဟုတ်ရင် _ _ _
ရှစ် ဒါက ဘယ်လိုလူသားတွေရဲ့ ဒုက္ခဆင်းရဲတစ်မျိုးလဲ။
တစ်စုံတစ်ယောက်သည် လူသားဆန်သော လူတစ်ယောက်ကို သဘောကျမည်ဆိုလျှင် ဒီအတိုင်း ကိုယ့်ကိုယ်ကို ထက်ထက်မြန်မြန် ရှိအောင်သာ ထိန်းသိမ်းထားရန် လိုအပ်လေသည်။ သို့သော် သားရဲတစ်ကောင်ကို သဘောကျလျှင်မူ သူတို့ရဲ့ အနာဂတ်ကမူ မသေချာတော့ချေ။
26.1 02
အခြားတစ်ဖက်ခြမ်းတွင် ယွဲ့ဝမ်လဲ့သည် ရုတ်တရက် အကြိမ်အရေ အမြောက်အမြား ဆက်တိုက်နှာချေနေသည်။ နင်ကျယ်ဟန်က စိုးရိမ်သွားသည်။
“လဲ့ကော အအေးမိတာလား”
ယွဲ့ဝမ်လဲ့က ခေါင်းခါသည်။
“မဟုတ်ဘူး။ ငါ အရမ်းစိတ်လှုပ်ရှားနေလို့ ဖြစ်မယ်”
နင်ကျယ်ဟန် “စိတ်လှုပ်ရှားတယ် ဟုတ်လား”
ယွဲ့ဝမ်လဲ့က ခေါင်းခါသည်။
ယွဲ့ဝမ်လဲ့က single soloအခန်းထဲသို့ ဝင်လာရင်း မဲမှောင်သော လေသံနှင့် ပြောသည်။
“ငါ မီးအိမ်နဲ့ လေးနာရီဆက်တိုက် soloဖို့ ရှိတယ်။ ဒီနေ့ ၂၀၂၁ ဇန်နဝါရီ ၂၁ရက်နေ့မှာ ငါ ယွဲ့ဝမ်လဲ့ရဲ့ အရှက်တရားကို ဆေးနိုင်တော့မယ်”
တစ်နှစ်ကြာသွားပြီ။ သူ အခုနောက်ဆုံးတော့ သူကိုယ်ကို သက်သေပြဖို့ အခွင့်အရေး ရပြီ။
နင်ကျယ်ဟန် “.. “
သူ့ရဲ့အရှက်တရားကို တကယ်ဆေးနိုင်မှာလား ဒါမှမဟုတ် နောက်ထပ် အရှက်တရား ထပ်တင်နိုင်မှာလား။
မီးခိုးရောင်အဖွား၏ နှလုံးသားက မှန်ကန်သော နေရာတွင် ရှိသည်။ သူသည် လက်သီးကို ဆုပ်ရင်း အားပေးသည်။
“ကော ကောလုပ်နိုင်တယ်”
ဝေ့ရှောင်းက doubleလေ့ကျင့်ရေး အခန်းထဲသို့ အရင်တိုးဝေ့ ဝင်သွားလိုက်သည်။ လုဖုန်းက ရောက်နေပြီ ဖြစ်သည်။
ဝေ့ရှောင်းက သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း သူ၏မျက်လုံးက လခြမ်းကွေးအလား ကွေးသွားသည်။
“သွားရအောင်”
လုဖုန်းက မျက်လွှာဝင့်ရင်း သူ့ကိုကြည့်သည်။
“မင်း ပြေးလာတာလား”
လူငယ်၏ ပါးပြင်က နီရဲနေပြီး အသံကလည်း အနည်းငယ် ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။
လုဖုန်းက သူ့ကို မျက်လုံး ဝေ့ပြသည်။
“ငါက ဘာလို့ မင်းကို အကြာကြီး စောင့်ခိုင်းရမှာလဲ”
လုဖုန်းက ရပ်တန့်သွားသည်။
ဝေ့ရှောင်းသည် ဂိမ်းထဲသို့ log in ဝင်ရင်း ပြောလိုက်သည်။
“ငါ မင်းအကြောင်းကို နှစ်နှစ်လုံးလုံး တွေးနေခဲ့တာ။ ဒါပေါ့ ငါ တစ်မိနစ်၊ တစ်စက္က့န့်တောင်မှ အချိန်မဆွဲချင်တော့ဘူး”
လုဖုန်း “..”
“ငါ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ငါ့ရဲ့ဆဲလ်ဖုန်းနံပါတ်ကို မပြောင်းထားဘူး”
အတိတ်က ဝေ့ရှောင်းသည်လည်း သူ၏ဆက်သွယ်ရမည့် အချက်အလက်များကို ရရှိခဲ့ဖူးသည်။ ဝေ့ရှောင်းက သူသည် နူတ်ဆက်စကားပင် မဆိုဘဲ ထွက်သွားသော အကြောင်းကို တွေးမိသော် အရှက်မဲ့စွာ ပြောလိုက်သည်။
“ငါက မင်းကို ဘယ်လိုများ ဆက်သွယ်ရမှာလဲ”
လုဖုန်းက ဖန်သားပြင်ကို စိုက်ကြည့်သည်။
“အိုး”
ဝေ့ရှောင်းက ဆက်ပြောနေသေးသည်။
“စ_ _ _”
‘ တိုက်ပွဲသုံးရာ အောင်မြင်မှုပွဲစဉ်’ကပင် သူ၏ပါးစပ်ထဲကပင် မထွက်ရသေးခင် လုဖုန်းက မဲမှောင်သော လေသံနှင့် ဆက်ပြောလိုက်သည်အား တွေ့လိုက်ရသည်။
“ကြည့်ရတာ မင်းက ငါ့အကြောင်း လုံလောက်အောင် မတွေးဘူးထင်တယ်”
ဝေ့ရှောင်း.. “ “
သူ၏ပါးစပ်ကို သုံးလျက် ကောင်းကင်တစ်ခွင် လှည့်ပတ်ပြေးနိုင်သော ဝေ့ရှောင်ရှောင်းက ထိုစကားကို ကြုံးရုံနှင့် သံမဏိပြားကို ကန်မိရင်း အဆုံးသတ်သွားသည့် ဖြစ်စဉ်ကိုပင် မေ့သွားသည်။
လုဖုန်း၏ တည်ငြိမ်သော မျက်နှာတွင် အမူအယာ အပြောအလဲ မရှိချေ။ သူသည် သူ၏ ခြေမွသည့် ဖြစ်စဉ်ကိုပင် နားလည်မှုအပြည့်နှင့် စနေသည်။
“ငါ မင်းကို invite လိုက်မယ်”
လုဖုန်းက ဂိမ်းထဲသို့ သည်။ ထို့ကြောင့် ပွဲအတွက် invitationကို ပို့လိုက်သည်။
ဝေ့ရှောင်းသည် ချက်ချင်းလိုလို အာရုံလွှင့်သွားသည်။
“ကောင်းပြီ”
နှစ်နှစ်။
သူ နှစ်နှစ်လုံးလုံး တွေးနေတဲ့ soloက နောက်ဆုံးတော့ ရောက်လာပြီ။
ဝေ့ရှောင်းသည်လည်း ဒီလောက်ကြာပြီးမှ Closeကို ပြန်တွေ့ရမည်ဟု မထင်ထားမိချေ။ ထို့အပြင် သူသည် ကျဉ်းမြောင်းသော တောင်ကြားလေး အတွင်းတွင် တွေ့ရသည်။
ဖာ့ခ် သူ့ရဲ့နှလုံးသားက တကယ်ကြီးကို ဒီလောက်မြန်မြန်နဲ့ ခုန်နေတာပဲ။
ဒါက ခွဲခွာပြီးတဲ့နောက်မှာ ပြန်လည်တွေ့ဆုံတဲ့အခါ ပျားရည်ဆမ်းသလို ချိုမြိန်တယ်ဆိုတဲ့ ဒဏ္ဍာရီလာ စကားလား။
26.1 03
လုဖုန်းသည်လည်း ဝေ့ရှောင်းက မည်သည့်ဟီးရိုးကို ကစားချင်ဆုံး ဖြစ်ကြောင်း မျက်လုံး မှိတ်ထားလျှင်ပင် သိနိုင်သည်။
သူ၏ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ခြင်းအားဖြင့် အရိပ်သူခိုးကို ယူပေးလိုက်သည်။
Solo သည် တူညီသော ဟီးရိုး၊ တူညီသော တဲလန့်ကို ပိုင်ဆိုင်ထားသည့် လူနှစ်ယောက် ကစားရခြင်း ဖြစ်သည်။ သို့သော် နည်းပါးသော လူနည်းစုကသာ Closeကို ရင်ဆိုင်ရာတွင် အရိပ်သူခိုးကို သုံးရန် ခေါင်းမာသည်။ ပထမဦးဆုံးအနေနှင့် ထိုတဲလန့် သည် ဆိုလိုဂိမ်းပွဲများနှင့် ပက်သက်လာလျှင် အင်အားအကြီးဆုံး မဖြစ်နိုင်ချေ။ ပထမအချက် အနေနှင့် Close၏ လက်ထဲမှ အရိပ်သူခိုးက ဝင်ပူးခံရသလို ဖြစ်သွားတတ်သည်။
တစ်ယောက်အနေနှင့် Closeနှင့် ဆိုလိုဂိမ်း ရင်ဆိုင်ရာတွင် အရိပ်သူခိုးကို သုံးကတည်းက ခေါင်းအလွန်မာသည်ဟု ဖော်ပြရာ လုံလောက်သည်။
လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ဝေ့ရှောင်းသည် ခေါင်းမာသောဝေ့ ဟူ၍ နာမည်ပြောင် ရရှိခဲ့သည်။
သူသည် လူသစ်လေ့ကျင့်ရေး စခန်းမှ အသင်းကို တောက်လျောက် ယူလျက် အဓိက ကလပ်တိုင်းကို စိန်ခေါ်ခဲ့သည်။
သူနှင့်ခေါင်းမာမှုခြင်း ယှဉ်မယ်ဆိုလျှင် ဘယ်သူက ဘာယှဉ်ရဲမှာလဲ။
သူသည် လုဖုန်း၏ အရိပ်သအခိုးကို မြင်သောအခါ ဝေ့ရှောင်း၏ သွေးများကပင် ဆူပွက်လာသည်။
“မင်း ကိစ္စတစ်ခု လုပ်ပေးဖို့ မျှော်လင့်တယ်”
လုဖုန်းက လူငယ်၏ သလင်းကျောက်သား တောက်ပသော မျက်လုံးကို ကြည့်လိုက်သည်။
“ဟင်_ _ _ “
“သေချာပေါက်ကို _ _ _ “
ဝေ့ရှောင်း၏ နူတ်ခမ်းက ကော့တက်သွားသည်။
“ငါ့ကို အလျော့မပေးပါနဲ့”
လုဖုန်း၏ အေးစက်သော မျက်လုံးထဲတွင် ရှားရှားပါးပါး အရယ်အပြုံးကို သတိပြုမိနိုင်သည်။ သူက ခပ်တိုးတိုး ပြောသည်။
“ကောင်းပြီ”
တကယ်ကိုပဲ သူ သူ့ကို ပေါ့သေးသေး သဘောမထားပါဘူး။
နှစ်နှစ်ကြာပြီးနောက် ဝေ့ရှောင်းသည် ယခင်က ခံစားခဲ့ဖူးသည့် ဦးခေါင်းခွံကိုပင် ကြိမ်းတက်သွားစေသော စိတ်လှုပ်ရှားမှုနှင့် လှုံ့ဆော်မှုကို တစ်ဖန်ပြန်လည်ပြီး ခံစားလိုက်ရသည်။
ဝေ့ရှောင်းသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ပရော်ဖက်ရှင်နယ်အဖြစ် မကစားခဲ့ချေ။ သို့သော် သူသည် ပရော်ဖက်ရှင်နယ် ကစားသမားနှင့် ဆက်တိုက် solo လေ့ရှိသည်။ ကြီးထွားမှုကလည်း အလွန်အမင်း သိသာပြန်သည်။ သူသည် လွန်ခဲ့သောနှစ်နှစ်ကနှင့် ပို၍ ပို၍ ရင့်ကျက် လာပေလိမ့်မည်_ _ _။
သူက အရွယ်ရောက်လာသည်။ သို့သော် လုဖုန်းကလည်း အရွယ်ရောက်လာသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က သူသည် Glory၏ မျက်နှာကျက်တွင် ရှိသော မဟာမိစ္ဆာဘုရင် ဖြစ်နေသည်။ ယခုမူ ပို၍အင်အားကြီးလာသည်။
ယခင်က လုဖုန်းသည် ယွဲ့ဝမ်လဲ့၏ အကောင့်နှင့် ကစားခဲ့ချိန်က အလွန်အမင်း အတည်အကြည် ကစားခဲ့ခြင်း မဟုတ်ချေ။ ယခုအခါ သူက လေးနက်တည်ကြည် သွားသောအခါ သူ၏အင်အားက အမှန်တကယ်ပင် ပေါက်ထွက်လာသည်။
ငါးမိနစ်တည်းနှင့် ဝေ့ရှောင်းက ပြင်းထန်လွန်းသော ဖိနှိပ်ခံရသည့် ခံစားချက်မျိုးကို ခံစားနေရပြီ ဖြစ်သည်။ ရှည်လျား ကျဉ်းမြောင်းသော တောင်ကြားအတွင်းတွင် တစ်ဖက်ခြမ်းမှ အရိပ်သူခိုးက အနက်ရောင် မြူထုတစ်ခုလုံးလို အားလုံးကို ဖုံးကွယ်ထားသည်။ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းသော စွမ်းအားက သူ့ကို ဖိအားပေးနေလေရာ ဝေ့ရှောင်း၏ လက်ချောင်းထိပ်များကပင် စိတ်လှုပ်ရှားမှုကြောင့် တုန်လာသည်။
“သေချာပေါက်ကိုပဲ_ _ _ “
“Closeက အင်အားအကြီးဆုံးပဲ သေချာပေါက်ကိုပဲ_ _ _”
ကမ္ဘာ့နံပါတ်တစ်ကို ဘယ်သူကမှ မယှဉ်နိုင်ဘူး။ သေချာပေါက်ကိုပဲ _ _ _
သူ Closeကို သဘောအကျဆုံးပဲ။
ပွဲစဉ်က အဆုံးသတ်သွားသည်။ ဝေ့ရှောင်းက သံသယဝင်ရန် မလိုလောက်အောင် ရှုံးသွားသည်။ သို့ရာတွင် သူသည်လည်း အလွန်ပျော်နေသည်။ ထိုကဲ့သို့သော ပျော်ရွှင်မှုသည် အခြား မည်သည့်ပရော်ဖက်ရှင်နယ် ကစားသမားကမှ သူ့အား မပေးနိုင်ချေ။
“စိတ်လှုပ်ရှားစရာပဲ”
ဝေ့ရှောင်းက ခပ်တိုးတိုး အသက်ရှူထုတ်ရင်း ပြောသည်။
“ထပ်လာ”
သူသည် လေးနာရီ၏ တစ်စက္ကန့်ကိုမှ မဖြုန်းလိုချေ။
လုဖုန်းက ပြောသည်။
“ငါ ဓားအမြောက်တပ်သား ယူလိုက်မယ်”
ဝေ့ရှောင်းက ချက်ချင်းလိုလို နားလည်လိုက်သည်။
“ကောင်းပြီလေ ဒါဆိုရင် ငါက နတ်စစ်သည် ပြောင်းယူမယ်”
FTWနှင့် L&P ၏ နောက်ဆုံးသော လေ့ကျင့်ရေးပွဲစဉ်တွင် ရွမ်ဇယ်က တစ်ဖက်ခြမ်းမှ ဓားအမြောက်တပ်သားကို ယူခဲ့သည် ဝေ့ရှောင်းက နတ်စစ်သည်တော်ကို ကစားခဲ့သည်။ ထိုပွဲစဉ်တွင် ဝေ့ရှောင်းက ရွမ်ဇယ်၏ ဖိနှိပ်မှုကို ခံရပြီး ဆယ်ကြိမ်ဆက်တိုက် ခေါင်းပျောက်သွားသည်။ ယခုအခါ လုဖုန်းသည်လည်း သူ၏ ဆိုလိုမက်ရှ်တွင် ထိုဂိမ်းမျိုးကို ပြန်လည်ဖန်တီပေးသည်။ ပေးရသော် ဓားအမြောက် တပ်သားသည် ဆိုလိုဂိမ်းပွဲတွင် နတ်စစ်တော်ကို သေချာပေါက် မနိုင်နိုင်ချေ။
နတ်စစ်သည်တော်သည်လည်း တိုက်ပွဲအတွင်းမှ နတ်ဘုရားကို စဉ်းစား ဆင်ခြင်ရသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် အရင်လုပ်ယူရသော စစ်သည်တော်နှင့် ထိပ်တိုက် ရင်ဆိုင်ရသောအခါ သူသည် ဖရုံသီးလှီးရသလို၊ အရွက်များ ခုတ်သင်ရသလိုမျိုး ကိုင်တွယ်နိုင်သင့်လေသည်။
26.1 04
“ဒါပေါ့_ _ _”
ဟီးရိုး၏ အင်အားသည် ဟီးရိုးကို သုံးနေသော လူအပေါ် အများကြီး မူတည်နေသည်။
လုဖုန်း၏ လက်ထဲသို့ ရောက်သွားသောအခါ ဓားအမြောက်တပ်သားသည် ယွမ်ဇယ်နှင့် အဆီအနှစ် တူသွားသည်။
5 vs 5တွင် စဉ်းစားဆင်ခြင် တွေးထုတ်ရမည့် အချက်အလက် ပေါင်းများစွာ ရှိသည်။ ထို့အပြင် solo matchesတွင် လူနှစ်ယောက်ကသာ ထိပ်တိုက် ရင်ဆိုင်ရခြင်း ဖြစ်သွားသည်။
ထို့ကြောင့် သူတို့က တစ်ဖက်သူကို နိုင်ခြင်းရှိမရှိဆိုသော အချက်ကမူ ကိုယ်ပိုင်ကိုင်တွယ် အသုံးပြုပုံကို မူတည်သွားသည်။
ဝေ့ရှောင်းသည် ဂိမ်းပွဲအတွင်းတွင် စိတ်ကို နှစ်မြုပ်ထားသည်။ ထိုသို့ဖြင့် သူတို့သည် သုံးနာရီဆက်တိုက် ပြီးသော solo ပြီးသော အချက်ကို မေ့သွားသည်။
ပထမပွဲစဉ်က လွဲပြီး လုဖုန်းသည် ကျန်သော ပွဲစဉ်တိုင်းတွင် တစ်ချိန်လုံးလိုလို ဓားအမြောက်တပ်သားကိုသာ သုံးခဲ့သည်။ လုဖုန်းသည်လည်း တစ်ချိန်လုံးလိုလို နတ်စစ်သည်တော်ကိုသာ သုံးလာသည်။
သူတို့နှစ်ယောက်သည် တူညီသော ဟီးရိုးကို ထပ်ခါတလဲလဲ သုံးပြီး အချင်းချင်း ထိပ်တိုက် ရင်ဆိုင်သည်။
ထိုသိုဖြင့် ဝေ့ရှောင်းက လှုပ်ရှားမှု အဆက်လိုက်ထုတ်သော နောက်ဆုံးပွဲစဉ်အထိ _ _ _
First blood
ဝေ့ရှောင်းသည် first kill ယူလိုက်နိုင်သည်။ သူသည် Close၏ ဓားအမြောက်တပ်သားကို ဦးဆောင်ကာ သတ်လိုက်နိုင်သည်။
လုဖုန်း၏ နူတ်ခမ်းထောင့်က အသာမြင့်တက်သွားသည်။
“တော်တယ်”
ဝေ့ရှောင်းက ပို၍ပင် စိတ်လှုပ်ရှားနေသေးသည်။
“နောက်တစ်ပွဲ နောက်တစ်ပွဲမှာ မင်းကို သေချာပေါက်နိုင်မှာ။
လုဖုန်းက အချိန်ကို ကြည့်သည်။
“၁၂နာရီထိုးပြီ”
ဝေ့ရှောင်း “အာ”
သူသည် မှင်သက်စွာ မော့ကြည့်လိုက်သည်။ ဘေးဘက်ခြမ်းတွင် ရှိသော ကြီးမားသည့် လျှပ်စစ်နာရီတွင် ပြနေသော နံပတ်များသည် ၁၂:၀၀:၀၀ ဖြစ်နေသည်။
ကပွဲမှ စင်ဒရဲလားလိုမျိုး ဝေ့ရှောင်းသည်လည်း လုံလောက်အောင် ကမပြီးသေးခင် ခန်းမထဲမှ ထွက်သွားရန် လိုအပ်သည်။
ဝေ့ရှောင်းက ဘယ်လို ဆန္ဒရှိမှာလဲ။
သူက အလျင်စလို ပြောလိုက်သည်။
“တစ်ပွဲပဲ တစ်ပွဲလေးပဲ”
လုဖုန်းက အခန်းထဲမှ ထွက်သည်။
“ပင်ပန်းသွားပြီ”
ဝေ့ရှောင်းက ထိုင်ခုံပေါ်မှ ခုန်ပေါက်နေသည်။
“မင်းက ဘယ်လို ပင်ပန်းနိုင်မှာလဲ”
လုဖုန်းက ဆက်ပြောရန်ပင် မလိုအပ်ပါလေbJ ဝေ့ရှောင်းက သူ၏အနောက်ဘက်သို့ ဝင်လျှောက်သွားသည်။
“မင်းရဲ့ လည်ပင်းက ညောင်းလာလို့လား။ ပုခုံးက ညောင်းလာလို့လား။ ကျောလား ငါ နှိပ်ပေးမယ်”
ထို့သို့ပြောပြီး လုဖုန်း၏ လည်တိုင်ပေါ်သို့ အေးစက်သော လက်တစ်ဖက်က ကျရောက်လာသည်။ လုဖုန်းက ဝေ့ရှောင်း၏ လက်ကောက်ဝတ်ကို ကိုင်သည်။
ဝေ့ရှောင်းက တောင့်တင်းသွား၏။ လုဖုန်းသည် ချက်ချင်းလိုလို လွတ်လိုက်ပြီးနောက် လည်တိုင်ကို လှည့်ကာ သူ့ကို ကြည့်သည်။
“ဝေ့ရှောင်း”
ဝေ့ရှောင်းက အနည်းငယ် အံ့ဩသွားသည်။ လုဖုန်း၏ လက်သည် အလွန်အင်အားကြီးသည်။ သူ၏ လက်ကောက်ဝတ်ကတင် ဆုပ်ကိုင်မှုကြောင့် ကြောင်အ သွားသည်။
“ဟင်”
လုဖုန်းက သူ၏မျက်လုံးကို စိုက်ကြည့်သည်။
“မင်း နိုင်ချင်လား”
ဝေ့ရှောင်းလည်း ဘာကြောင့်ရယ်မသိ တစ်ဖက်သူကို စိုက်မကြည့်ရဲသလို ဖြစ်သွားသည်။
“အင်း”
လုဖုန်း “မင်း ငါ့ကိုပဲ နိုင်ချင်တာလား”
ဝေ့ရှောင်းသည် ထိုတစ်ခဏတွင် ချက်ချင်းလိုလို ဆွံ့အ သွားရသည်။
******
26.2 01
အပိုင်း(၂၆.၂) နတ်ဘုရားလု မင်းရဲ့လေသံက ဘယ်လိုဖြစ်ပြီး ဖွင့်ပြောသလိုမျိုး ဖြစ်နေတာလဲ။
လုဖုန်းက မတ်တပ် ထရပ်လိုက်သည်။ သူသည် ဝေ့ရှောင်းထက် ခြောက်စင်တီမီတာ သို့မဟုတ် ခုနစ်စင်တီမီတာခန့် အရပ်ပိုရှည်သည်။ သူသည် ပုံမှန်အားဖြင့် အေးစက်ကာ ထီမမြင်သော မျက်နှာထားမျိုးနှင့် ဖြစ်သည်။ ထို့ကြောင့် မျက်လွှာချလိုက် လူများကို ကြည့်လိုက်သောအခါ လူအနည်းစုကသာ သူ့ကို ပြန်လည် ရင်ဆိုင်နိုင်ကြသည်။
ဝေ့ရှောင်းက ကြွားဝါသော စကားလုံးများ ပြောလျှင်ပြောပေလိမ့်မည်။ သို့သော် သူက သဘာဝကျကျ နာခံနားထောင်ပေးမည့်လူများ ရှိသေးသည်။
ဥပမာအားဖြင့် သူသည် ငယ်ရွယ်စဉ်ကတည်းက အဖွားဖြစ်သူကို အလွန်ကြောက်သည်။ သူ့အဖွားက ဒေါသထွက်လာသောအခါ သူသည် အသံပင် မထွက်ရဲချေ။ ခေါင်းကိုသာ ငုံ့ပြီး မှားကြောင်းသာ ဝန်ခံခဲ့သည်။
ဥပမာအားဖြင့် သူသည် လုဖုန်းနှင့် ရင်ဆိုင်ရသောအခါ ဝေ့ရှောင်းသည်လည်း အနည်းငယ်ပင် ဖိနှိပ်ခံရသေးသည်။
အပြစ်မကင်းစိတ်က လွဲပြီး အခြားသော အကြောင်းပြချက် မရှိပါပေ။ လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် ဖြစ်စေ၊ နှစ်နှစ် ကြာပြီးနောက် ဖြစ်စေ လုဖုန်းသည် သူ့ကို အလွန်အမင်း ကောင်းမွန်စွာ ဆက်ဆံပေးသည်။
ဒါပေမဲ့ သူကတော့ _ _ _
ဝေ့ရှောင်းသည် သူက two fole ပြန်ပေးသောကြောင့် အခြားသူများက သူ့ကို အလွန်အမင်း ကောင်းမွန်သော ဆက်ဆံပေးမည့် အခြေအနေကို မကြောက်ရွံ့ချေ။ သို့သော် လုဖုန်းနှင့် ပတ်သက်လာသော် ထိုသို့ မလုပ်နိုင်တော့ချေ။
လုဖုန်း တကယ်လိုချင်တာကို သူ မပေးနိုင်ဘူး။
သာမာန်အခြေအနေမျိုးတွင် အလွန်အမင်း စိတ်ဓာတ်တက်ကြွပြီး မည်သည့် အခြေအနေမှ မယိမ်းယိုင်သွားသည့် လူငယ်တစ်ယောက် အနေနှင့် ယခုလိုမျိုး စိတ်ဓာတ်ကျလျက် ခေါင်းလေးငုံ့သွားသော မြင်ကွင်းက လုဖုန်း၏ နှလုံးသားကို အရည်ပျော်စေသည်။
“ဒီနေ့လည်က လေ့ကျင့်ရေးပွဲစဉ်နဲ့ ပတ်သက်ပြီး မင်း မကျေနပ်ဘူး မဟုတ်လား”
သူ၏အသံဟာ တိုးသည်။ ဝေ့ရှောင်းက ခေါင်းညိတ်သည်။ လုဖုန်းက ဆက်ပြောသည်။
“ယွမ်ဇယ်က အရမ်းအင်အားကြီးတယ် မဟုတ်လား”
ဝေ့ရှောင်းက လက်သီးကို ဆုပ်သည်။
“ဟုတ်တယ်”
လုဖုန်း “ သူ့ထက် အင်အားကြီးတဲ့သူတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ဘယ်သူကမှ singleတွေ ရအောင် မလုပ်နိုင်ဘူး “
ယခင်က FTW ၏ နတ်ဘုရား အသင်းထဲတွင် စတင်ကစားခဲ့သော နတ်ဘုရားငါးယောက်သည် ကောင်းကင်ကို ဖီဆန်နိုင်လောက်အောင် အင်အား ကြီးမားနေခဲ့ပြီးသား ဖြစ်သည်။
Closeသည် ထိုအချိန်က အသင်းထဲတွင် အငယ်ဆုံး ကစားသမား ဖြစ်သည်။ ထို့ကြောင့် အားအနည်းဆုံး တစ်ယောက်ဟု စဉ်းစားဆင်ခြင်နိုင်သည်။ သို့သော် ယခု Closeသည် ဆင်ဂယ်ချန်ပီယံရှစ်ကို သုံးကြိမ်ဆက်တိုက် ရထားသည်။
ထို့ကြောင့် Closeသည် ထိုသို့ချန်ပီယံရှစ် ရခဲ့သည်မှာ အခြားသော လေးယောက်က singleများကို လက်လျော့ထားသောကြောင့်ဟု ပြောသောသူများ ရှိသည်။ သူတို့ကသာ ပါဝင်ယှဉ်ပြိုင် လက်မှတ်ထိုးခဲ့သော မည်သူက နိုင်ပြီး မည်သူက ရှုံးမည် ဆိုသော အချက်က မသေချာနိုင်ကြောင်း ပြောကြသည်။
Closeသည် လျင်မြန်စွာ ကြီးပြင်းလာပြီး အခြားသော လေးယောက်ကို ဖိအားပေးလာသည်မှာ လောကမှ အင်အားနှင့် ပြိုင်ဘက်ကင်းတစ်ယောက်ဟု ဆိုကြသည်။ သို့ရာတွင် အရာအားလုံးက သက်သေပြရန် မဖြစ်နိုင်ပေ။
အကြောင်းမူကား သူကသာ လူလေးယောက်ကို ထိပ်တိုက်ရင်ဆိုင်လိုလျှင် အသင်းလက်ရည်ချင်း တူသည့် 5 vs 5 ပွဲတွင်မှ ဖြစ်နိုင်ပေလိမ့်မည်။
FTW တစ်ခုလုံးအတွက်ကမူ ဘယ်သောအခါမှ global final သို့ မဝင်ရောက်နိုင်ချေ။
Closeက FTW တွင် ဆက်နေခဲ့သော Close ပိုပြီးအင်အားကြီးမားခဲ့သည်လော၊ FTWက ထွက်သွားခဲ့သော လေးယောက်က ပိုပြီး အင်အားကြီးမားခဲ့သည်လော ဘယ်သူကမှ မသိနိုင်ပေ။
လုဖုန်းက ဝေ့ရှောင်းကို ဆက်မေးသည်။
“မင်း တကယ်ပဲ ငါ့ကို အသေ နိုင်ချင်တာလား”
ဝေ့ရှောင်း၏ လက်သီးက အသားကုန် ဖိညစ်ထားသည်။ သူသည် စကားမပြောနိုင်ပေ။ လုဖုန်းက ဆက်ပြောသည်။
“ဒါမှမဟုတ် မင်း လူတိုင်းကို နိုင်ချင်တာလား”
စကားလုံး တစ်ခုချင်းစီတိုင်း၊ စကားစု တစ်ခုချင်းစီတိုင်းက ဝေ့ရှောင်း၏ နှလုံးသားထဲသို့ လေးလံလွန်းသော တူများဖြင့် ဆက်တိုက် ထုခြေခွဲနေသလို ခံစားရသည်။
Closeသည် အချိန်ကာလတို တစ်ခုသာ အချင်းချင်း သိထားခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်က သုံးရက်၊ သုံးညတွင် ဒီနေ့အတွက် ၁၀နာရီပင် မကြာသေးသည့် ကာလတိုသာ ရှိသည်။ သို့ရာတွင် Closeသည် သူ့ကို နားလည်သည်။ လူတိုင်းထက်ပင် သူ့ကို နားလည်သေး၏။
ဝေ့ရှောင်း၏ သွားက ခပ်ပြင်းပြင်း ကြိတ်ထားပြီး အသံကပင် အနည်းငယ် တုန်နေသည်။
“ငါ တောင်းပန်ပါတယ် ငါ လူတစ်ယောက်ကို ကတိပေးထားရင် ငါ ဘယ်တုန်းကမှ_ _ _ ”
လုဖုန်းက သူ၏စကားမဆုံးသေးခင် ပြောလိုက်သည်။
“ငါ မင်းရဲ့အိမ်ကို သွားလိုက်သေးတယ်”
ဝေ့ရှောင်းဟာ ခေါင်းကို ချက်ချင်းမော့သည်။ မျက်လုံးဟာ ပြူးကျယ်နေသည်။ အရာအားလုံးက သူ့အား မသက်မသာ ဖြစ်စေသည်။
လုဖုန်း၏ နှလုံးသားက သူ့အား ဖိနှိပ်ထားသလို ခံစားရကာ ပို၍ပင် ညင်သာလာသည်။
“မင်းရဲ့အဖွားက မင်းကို အရမ်းချစ်တာ။ သူမက မင်းကို ဒီလောက်ချစ်တယ် ဆိုကတည်းက မင်း တစ်ခုခု လုပ်တာကို တားမှာ မဟုတ်ဘူး”
ဝေ့ရှောင်း၏ နူတ်ခမ်းက လှုပ်သွားသည်။ သူ၏မျက်လုံးက နီလာသည်။
26.2 02
“အဖွား”
သူ အဖွားနှင့် ပတ်သက်ပြီး ဘာကိုမှ မကြားရဲဘူး။
လုဖုန်းက သူ၏လက်ကို ကိုင်လိုက်ပြီး လေ့ကျင့်ရေးခန်းထဲမှ ခေါ်ထုတ်လျက် အပေါ်ထပ်သို့ ခေါ်သွားသည်။
“သူမက မင်းကို မင်းရဲ့အဖေလို လူမျိုး ဖြစ်စေချင်ရုံပဲ။ ဒါပေမဲ့ မင်း သဘောကျတဲ့အရာတွေ လုပ်တာကို မတားပါဘူး။ ဒါပေမဲ့ မင်းအနေနဲ့ ရေရှည်ကို ပိုပြီးမြင်နိုင်ဖို့ မျှော်လင့်ထားတာ။ သူမက မင်းကို ကိစ္စတစ်ခုတည်းကြောင့်နဲ့ မင်းရဲ့ဘဝကို လစ်လျူမရှုဖို့ မျှော်လင့်ထားရုံပါ”
ဝေ့ရှောင်းသည် သစ်သားတုံးကြီးအလား ဖြစ်သည်။ သူသည်လည်း နှစ်နှစ်လုံးလုံး နှစ်နှစ်အပြည့် မည်သူကမှ သူ့အား ဒီအကြောင်းအရာ လာမပြောကြချေ။ သူသည်လည်း ထိုအကြောင်းအရာအား မည်သူနှင့်မှ စမပြောခဲ့ချေ။
သူသည်လည်း အဖွားနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာကို ကြားခဲ့လိုက်သော် ဒေါသထွက်မည်ဟု ထင်ထားသည်။ ယခုမူ _ _ _
သူ ဒေါသမထွက်ဘူး။ သူ၏ လက်ကို ကိုင်ထားသော လက်သည် အလွန်ပူသည်။ လက်ဖဝါးပေါ်တွင် အသားမာ အလွှာပါးပါး ရှိပြီး သူ့အား ကလေးဘဝကို တွေးမိစေသည်။
သူ၏အဖွားသည် အလွန်ကြမ်းသည်။ သို့သော် အလွန်နွေးသေးသည်။ သူ အပြင်က ပြန်လာသော အချိန်တိုင်းလိုလို သူမသည် သူ၏လက်ကို ကိုင်ပြီး ပွတ်သပ်ရင်း ပြောတတ်သည်။
“ရှောင်ရှောင်းက တအား ဉာဏ်ကောင်းတာပဲ။ အဖွားကို ကူပြီး ပစ္စည်းတွေ ဝယ်ပေးနိုင်ပြီ”
ဝေ့ရှောင်းသည် သူ၏ဘဝတွင် အကျေနပ်ဆုံးအချိန်များ ပိုင်ဆိုင်လိုက်ရသည်ဟု ခံစားခဲ့ဖူးသည်။ သူသည် တောက်လျောက် ပတ်ပြီး နေခဲ့ရသောကြောင့် မည်မျှ ပင်ပန်းစေကာမူ၊သို့မဟုတ် သူ ခံစားရသော ခံစားချက်က မည်မျှ ပြင်းထန်စေကာမူ၊ အခြားသော သူများက သူ့ကို မည်မျှလှောင်ရယ်စေကာမူ သူ အိမ်ပြန်ရောက်သည်နှင့် သူ၏အဖွားက သူ၏လက်ကို ကိုင်ပြီး ပြုံးပြလိုက်ရုံနှင့် မည်သည့်ကိစ္စမှ အရေးမကြီးတော့သလို ခံစားရတတ်သည်။
ဒီတော့ သူ့မှာ အမေနဲ့အဖေ မရှိတော့ရော ဘာဖြစ်လဲ။ သူ့မှာ အဖွားရှိတယ်။ သူ့အဖွားက သူ့ကို လူတိုင်းထက်တောင် ပိုချစ်ပေးသေးတယ်။
လုဖုန်းသည် ဝေ့ရှောင်းအား ဝေ့ရှောင်းအဖေက ပေးခဲ့သည့် ပစ္စည်းများကို ပြလိုက်သည်။ ဝေ့ရှောင်းက သေတ္တာကို ဖွင့်လိုက်သောအခါ သူ၏ မျက်ရည်များက အကျမရပ်တော့ချေ။
အတွင်းတွင် ပန်းချီကား တစ်ချပ်ရှိသည်။ ထိုပန်းချီကားချပ်သည် ပို၍ငယ်ရွယ်သော အဖွား၏ ပန်းချီကားလေး ဖြစ်ပြီး ဝေ့ရွှမ်၏ လက်မှတ်ပါသည်။ ထိုပန်းချီကားချပ်ကို ဝေ့ရှောင်း၏ အဖေဖြစ်သူက အသက်၁၇နှစ်အရွယ်တွင် ဆွဲထားခြင်း ဖြစ်သည်။ အဖွားဖြစ်သူက နှစ်၃၀ပင် သိမ်းထားသည်။
ဝေ့ရှောင်းသည်လည်း ကလေးဘဝက ထိုပန်းချီကားကို မြင်ဖူးသည်။ ထိုအချိန်တွင် အဖွားဖြစ်သူက သူ့အား အမြဲတစေ ဂုဏ်ယူကာ ပြောတတ်၏။
“မင်းရဲ့အဖေကလေ။ ပန်းချီဆွဲတာ တကယ် တော်တာ။ မင်းအဖွားရဲ့ ပန်းချီပုံကိုပဲ ကြည့်။ အသက်ဝင်နေသလိုနဲ့ မတူဘူးလား။ ဘယ်လောက် လှလိုက်လဲ”
ဝေ့ရှောင်းသည်လည်း သူ ရောက်လာပြီးနောက် ထိုပန်းချီကားကို ဆက်မမြင်ရတော့ချေ။ အဖွားဖြစ်သူက ရင်ကွဲသောကြောင့် ထိုပန်းချီကားကို လွှတ်ပစ်လိုက်သည်ဟု ထင်လိုက်သည်။ သို့သော် အမှန်တိုင်း ပြောရလျှင် သူမ အမြဲတစေ သိမ်းထားသည်။ ဒီအတိုင်း ရတနာကဲ့သို့ ဂရုတစိုက် သိမ်းထားသေးသည်။
ပန်းချီကား၏ ဘေးတွင် ခပ်ထူထူ မှတ်စုစာအုပ် ရှိသည်။ ဝေ့ရှောင်းက ထိုစာအုပ်ကို အလွန်ရင်းနှီးသည်။
သူကိုယ်တိုင်လည်း မူလကတန်းကျောင်း ပထမနှစ်တက်သောအခါ ဆရာမက မိဘများအား ကလေးငယ်များ၏ ကြီးပြင်းခြင်း ဂျာနယ်တစ်ခုကို အတူသင်ခိုင်းသည်။
အဖွားဖြစ်သူက အသက်ကြီးနေလေပြီ။ ထို့ကြောင့် ဒီလိုကိစ္စများကို နားမလည် နိုင်တော့ချေ။ သူမသည် ကျောင်းသို့ အပြေးသွားပြီး ဆရာကိုပင် သွားမေးခဲ့သည်။ ဆရာဖြစ်သူကလည်း အကြောင်းအရာ ခပ်ရေးရေးကိုသာ ပြောပြလိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုမိန်းမအိုကြီးကမူ အမြဲတစေ မှတ်သားထား၏။ သူမက အဓိကအချက်ကို ခွဲထုတ်ပြီး မြေးဖြစ်သူအတွက် ဒဏ္ဍာရီ စသိမ်းတတ်လာသည်။
ထိုအချိန်က စတင်ပြီး စကားလုံး အမြောက်အမြားကို မရေးတတ်သော အဖွားဝေ့က အဘိဓာန်ကို တဖြည်းဖြည်းချင်းစီ လှန်လျက် ဝေ့ရှောင်းအတွက် ဂျာနယ် လုပ်ပေးတတ်လာသည်။ ဝေ့ရှောင်းသည် မူလတန်းကျောင်းတွင် ဘွဲ့ရသောအခါ ထိုစာအုပ်လေးကို မြင်ဖူးသည်။ အဖွားက ထိုနောက်ပိုင်း ထိုစာအုပ်ကို မသိမ်းလောက်တော့ဘူးဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ သူ ဖတ်ကြည့်လိုက်သောအခါ _ _ _
အတွင်းတွင် မူလကျောင်းသားတစ်ယောက်က ရေးထားသည်နှင့် တူသော ချစ်စရာကောင်းသော လက်ရေးလေးများ ပြည့်ကျပ်လျက် ရှိကြောင်း တွေ့လိုက်ရသည်။
26.2 03
အဖွားသည် အမြဲတစေ ဂျာနယ်ဆက်လုပ်ခဲ့ပြီး သူမသည် ဆက်ရေးသည်။ ဝေ့ရှောင်း၏ ဘဝနှင့် ပတ်သက်သော ကိစ္စအကြီးအသေးများကို စုဝေးထည့်ပေးထားသည်။
၂၀၁၈ ဖေဖော်ဝါရီ ၉ရက်
ရှောင်ဝေ့က ဒီနေ့ ပြိုင်ပွဲ သွားပြိုင်တယ်။ လတ်စသတ်တော့ ဂိမ်းပြိုင်ပွဲ ဖြစ်နေတာပဲ။ ရှောင်ဝေ့လေးက တအားတော်တာပဲ။ ပွဲတိုင်းနိုင်တယ်။ ရှောင်ဝေ့က တကယ် လုပ်နိုင်တယ်။ သူ ဘာကိုမှ မကြောက်ဘူး။
၂၀၁၈ ဖောဖော်ဝါရီ ၁၃
နှစ်သစ်ကူးနေ့တောင် ရောက်တော့မယ်။ ရှောင်ဝေ့လေး အိမ်ပြန်မလာတာ တစ်ပတ်တောင် ကြာပြီ။ ဟူး အဖေတူသားဆိုတဲ့ အတိုင်းပါပဲ။ သူတို့က သူတို့ သဘောကျတဲ့ တစ်စုံတစ်ရာကို တွေ့သွားရင် အတူတူပဲ။
၂၀၁၈ ဖေဖော်ဝါရီ ၁၅
ကြီးလိုက်တဲ့ ကျောက်ပုဇွန်ကြီး သူက ပြိုင်ပွဲမှာ ကစားပြီး နိုင်ပြီး ပိုက်ဆံ ရှာလာနိုင်တာတဲ့လေ။ ရှောင်ဝေ့လေးက တကယ်လုပ်နိုင်တာပဲ။
၂၀၁၈ ဖေဖော်ဝါရီ ၁၈
ဘေးအိမ်က လောင်ယန်က တအား ပါးစပ်ဆိုးတာပဲ။ E sport က ဘာဖြစ်လို့လဲ။ ငါတို့ရဲ့ ရှောင်ဝေ့လေးက ဂိမ်းဘယ်လို ကစားရမလဲ ဆိုတာကိုတောင် သိတာ မဟုတ်ပါဘူးနော်။ သူက ချန်ပီယံရှစ် ဖြစ်ချင်တာ။
၂၀၁၈ ဖေဖော်ဝါရီ ၂၁
ရှောင်ဝေ့ အဖွားက မင်းကို တအားလွမ်းနေပြီ။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ကလေးတွေက အိမ်က ကလေးတွေက အရွယ်ရောက်တာနဲ့ အိမ်က ထွက်သွားရတာပဲ။
၂၀၁၈ ဖေဖော်ဝါရီ ၂၂
အဖွား သားကို အချိန်အကြာကြီး အဖော်ပြုနိုင်လောက်တော့ဘူး။
၂၀၁၈ ဖေဖော်ဝါရီ ၂၃
မင်းရဲ့အဖေလို မဖြစ်စေနဲ့။ အဖွားကတော့ သားကို သဘောကျတဲ့ ကိစ္စကို လုပ်နိုင်စေဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့လည်း ဘဝမှာ ကိစ္စတစ်ခုတည်းကိုပဲ အာရုံစိုက်မိလို့ အခြားကိစ္စတွေကို မေ့မသွားစေချင်ဘူး။ သားဘေးက လူတွေကို ကြည့်ဦး။ မိတ်ဆွေများများဖွဲ့ နောက်ပြီး သားကို တကယ်ချစ်တဲ့သူကို ရှာ။ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုးရိုးရှင်းရှင်း နေသွား။
၂၀၁၈ ဖေဖော်ဝါရီ ၂၄
နူတ်ဆက်ပါတယ် ရှောင်ဝေ့
စာရွက်ကို အဆုံးသတ်နားထိ လှန်ကြည့်ပြီးနောက်တွင် ဝေ့ရှောင်းသည် ထိုမှတ်စုစာအုပ်ကို သူ၏လက်မောင်းများဖြင့် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
တစ်ချိန်လုံး ဘေးဘက်တွင် ရပ်နေပေးခဲ့သော လုဖုန်းက သူ့အား ရင်ဘက်နားသို့ ဆွဲကပ်ကာ ပွေ့ဖက်ထားလိုက်သည်။ သူ၏ အမြင်က မဲမှောင်သွားပြီးနောက် ဝေ့ရှောင်းသည် ဘာကိုမှ ထိန်းမထားတော့ပဲ စိတ်ဓာတ်ကျစွာ ငိုသည်။
“ငါ့ရဲ့ အမှားပါ”
ဝေ့ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်းရင်း စပြောသည်။
“ငါ ဆောင်းတွင်း ပိတ်ရက်တွေမှာ အိမ်မပြန်ဖြစ်ဘူး”
လုဖုန်းက သူ၏ကျောကို အသာပုတ်ပေးသည်။
ဝေ့ရှောင်းသည် သူ့ထံမှ အဖြေလည်း မလိုပါချေ။ ဒီအတိုင်း သူ တစ်ချိန်လုံး နှလုံးသားထဲသို့ ထိုးထည့်ဖိချထားသော စကားလုံးများကို ထုတ်ပြောချင်ရုံသာ ဖြစ်သည်။
“ငါ့အဖွားရဲ့ဘဝက တအား ခါးသီးတာ။ သူဟာ အမြဲတမ်း ငါ့အတွက် ကောင်းတဲ့ပစ္စည်းကို ချန်ထားပေးပြီး ကောင်းကောင်းလည်း မစားသလို ကောင်းကောင်းလည်း ဝတ်ဆင်တာ မဟုတ်ဘူး။ စာလေ့လာဖို့အတွက်လည်း အမြဲတမ်း ငါ့ကို ကူညီပေးနိုင်ဖို့အတွက်လည်း ကြိုးစားပေးသေးတယ်။ ငါ ပြန်ပြီး ပေးဆပ်ချင်တာပါ။ ငါ ရှာလို့ရသမျှ ပိုက်ဆံတွေ အားလုံးလည်း ပေးချင်တယ်။ ငါ သူမကို ကောင်းမွန်တဲ့ဘဝမှာ နေစေချင်တယ်။ ဒါပေမဲ့_ _ _”
သူသည် လက်မှတ်ထိုးကြေး နှစ်သန်း ရတော့မည် ဖြစ်သည်။ သို့သော် အဖွားက ရုတ်တရက် သေသွားသည်။
နေ့တိုင်းလိုလို ဆိုးရွားသော ကျန်းမာရေးဒဏ်မှ ခံစားနေရသည့် အဖွားဖြစ်သူက သူမကိုယ်တိုင်အတွက် ပိုက်ဆံသုံးရမည့် အခြေအနေကို ဆေးရုံသို့ သွားရန် ငြင်းဆန်သည်။ နောက်ပြီး အချိန်မှီသာ ကုသလျှင် ထိန်းချုပ်နိုင်လောက်မည့် ရောဂါကြောင့် သူ့အဖွားက သေသွားရတာ။
သူသည် ဘာကိုမှ မသိခဲ့ချေ။ သူမ၏ အနားတွင်မူ မရှိနိုင်ခဲ့ချေ။
သူသည် အိမ်ကို အလျင်အမြန် ပြန်သွားခဲ့သည်။ သူသည် သေပြီးသော အဖွားကိုသာ ရက်လည်ကြောင်း တွေ့လိုက်ရသည်။
သူသည်လည်း သေပြီးသော အဖွားက သူ၏လက်ကို ဆုပ်ကိုင်ပြီး _ _ _ မင်းရဲ့အဖေလို မဖြစ်စေနဲ့ အဲ့ဒီလောက်ထိ မဆိုးရွားစေနဲ့ ရှောင်ဝေ့ သား ပျော်ရမယ်_ _ _ စသည်ဖြင့် ပြောသော စကားလုံးများကို ကြားလိုက်ရသည်။
မင်း ကြိုက်တဲ့အရာတွေကို မင်းလုပ်။ ဒါပေမဲ့ အယူသီးစိတ် ပြင်းထန်လွန်းတဲ့ အတွက်ကြောင့် ဆိုးရွားတဲ့ အခြေအနေမျိုး သတိမပြုနဲ့_ _ _
အစကနေ အဆုံးအထိ အဖွားဖြစ်သူသည် သူ့အား အကန့်အသတ်မဲ့သည့် ချစ်စိတ်များကိုသာ ချန်ထားရစ်ခဲ့သည်။
လုဖုန်းက သူ့အား တစ်ချိန်လုံး အဖော်ပြုပေးသည်။
ဝေ့ရှောင်းသည် မနက် ၁၂နာရီမှ ၂နာရီအထိ ငိုသည်။ သူသည် သူ၏ကလေးဘဝအကြောင်း ဆက်တိုက်ပြောသည်။ သူ၏အဖွား အကြောင်းကို ပြောပြီး မှတ်ဉာဏ်ဟောင်းများကို ပြန်လည် တူးဆွသည်။
လုဖုန်းကလည်း လေသံတိုးတိုးနှင့် ပြန်လည်တုံ့ပြန်ပြီး အကောင်းဆုံး နားထောင်ပေးသည်။
ဝေ့ရှောင်း၏ နှလုံးသားအတွင်း တစ်ချိန်လုံး ဆွဲထားသော ဝန်ထုပ်ဝန်ပိုးများ အားလုံးက ထိုညတွင် ကွဲအက်လာသည်။
မနက်၃နာရီတွင် ဝေ့ရှောင်းက အဖွားနှင့် အတူရှိခဲ့သည့် အကောင်းဆုံး မှတ်ဉာဏ်များ အားလုံးကို ပြန်လည်စုစည်းလိုက်နိုင်သည်။ သူသည် ငိုသည်။ ထို့နောက် ငိုသည်။ ထို့နောက် ပြန်ရယ်သည်။ ထို့နောက် ရယ်သထက် ရယ်ရင်း ပြန်ငိုပြန်သည်။
26.2 04
၁၉နှစ်အရွယ် လူငယ်လေးက ၁၉နှစ်လုံးလုံး သန်မာခဲ့လေရာ ပထမဦးဆုံးအကြိမ်အဖြစ် သူသည် ကလေးတစ်ယောက်လို ပြုမူပြီး ချုပ်ထိန်းမှု ကင်းမဲ့စွာနှင့် ငိုလိုက်ရယ်လိုက် လုပ်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်တွင် နေရာက စထွက်လာသောအခါ ဝေ့ရှောင်းသည် ထွက်လာသော နေ၏ အလင်းရောင်သစ်များဖြင့် လွှမ်းခြုံခြင်း ခံလိုက်ရသည်။
သူသည် တစ်ညလုံး အရူးလို ငိုနေခဲ့သောကြောင့် ဝေ့ရှောင်းက ကို့ရို့ကားယား ပြောသည်။
“အာ တောင်းပန်ပါတယ်_ _ _ မင်းရဲ့အဝတ်တွေ ဖာ့ခ်”
သူက ရေနဲ့ လုပ်ထားတာလား။ ဘာလို့ ဒီလောက်ထိ ငိုနေတာလဲ။
သူ အရမ်းငိုလွန်းလို့ လုဖုန်းရဲ့ အဝတ်တွေတောင် စိုရွှဲကုန်သည်။ လုဖုန်းသည် သူ၏နဖူးကို အသာတို့သည်။
“ဆက်မငိုတော့ဘူးလား”
ဝေ့ရှောင်း “.. “
သူသည်လည်း ရှက်လွန်းသောကြောင့် သေသွားသင့်သည်ဟု တွေးလိုက်မိသည်။ လုဖုန်းက အသာရယ်မောရင်း သူ၏နာမည်ကို ညင်သာစွာ ခေါ်သည်။
“ဝေ့ရှောင်း”
ဝေ့ရှောင်းက တစ်ကိုယ်လုံး မသက်မသာဖြစ်သွားသည်။
“ဘာလဲ”
လုဖုန်းက သူ၏မျက်လုံးကို စိုက်ကြည့်သည်။
“ မင်း FTW ကို လာပြီး ငါ့ရဲ့အသင်းဖော် ဖြစ်ချင်လား”
ဝေ့ရှောင်း “_ _ _ “
သူ ငြင်းဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဝေ့ရှောင်းက အတတ်နိုင်ဆုံး ရှက်ရွံ့မှု ပယ်ဖျက်ရန် ကြိုးစားလိုက်သည်။
“နတ်ဘုရားလု မင်းရဲ့လေသံက ဘယ်လိုဖြစ် ငါ့ကို ဖွင့်ပြောတာနဲ့ တူနေတာလဲ”
******