အပိုင်း(၂၇)လုဖုန်း .. “တစ်ရက်မှာ ရှိတဲ့ ၂၄နာရီလုံးကို ငါက မင်းအတွက်ပေါ့လေ”
လုဖုန်း “ .. “
ဝေ့ရှောင်းသည်လည်း စိတ်ပြန်အေးသွားသလို ခံစားလိုက်ရပြန်သည်။ အခြားသော သူများကို ရှက်ရွံ့စေလောက်သော စကားလုံးများသည် သူတို့အား မြေပြင်တွင် လိမ့်သွားအောင် လုပ်ရန်လုံလောက် လောက်သော်လည်း သူနှင့် ပက်သက်လာသောအခါ ကိုရိုကားယားနိုင်မှုများကို ပြေလျော့စေရန်အလို့ငှာ အမှန်တကယ် အသုံးဝင်လေသည်။
အနည်းငယ် တိတ်ဆိတ်နေပြီးနောက် လုဖုန်းက ဆက်ပြောသည်။
“ဒါဆိုရင် မင်း လက်ထပ်မှာလား လက်မထပ်ဘူးလား”
“အာ”
သူ၏အရှေ့တွင် သံမဏိပြား ရှိသည်။ ဝေ့ရှောင်ရှောင်းကမူ ခေါင်းနှင့် ဝင်ဆောင့်တိုက်မိရင်း ကြီးမားသော ဘုကြီးထွက်ကာ အဆုံးသတ်သွားသည်။ လုဖုန်းက ခပ်ဟဟ ရယ်သည်။
“မင်း FTW ကို ဝင်မှာလားလို့ မေးနေတာ”
သူသည် ရည်ရွယ်ချက် ဝင်ဆိုသော စကားလုံးကို ဆွဲကာ ပြောလိုက်သည်။ တရုတ်ဘာသာစကား၏ နက်နဲသိမ်မွေ့မှုအရ လက်ထပ်ခြင်းနှင့် ဝင်ဆိုသော စကားလုံးက အသံခပ်ရေးရေး တူနေသည်။
ဝေ့ရှောင်းသည်လည်း သူ့အား လုဖုန်းက စနေသည်ဟု ခံစားနိင်သည်။ သူ့ထံ အနိုင်လို စိတ်ဆန္ဒက လှုံ့ဆော်ခံရနိုင်သည်။
soloပွဲတွင် ရှုံးနိမ့်လျှင် အဆင်ပြေသည်။ သို့သော် အရှက်မဲ့မှုနှင့်ယှဉ်သော် သူသည် ပြိုင်ဘက်ကင်းသည်။
ဝေ့ရှောင်း “ လက်ထပ်မယ်”
လုဖုန်းက ရယ်ချင်စိတ်အပြည့်နှင့် ဖြစ်သည်။
“ဟင်”
ဝေ့ရှောင်း၏ မျက်လုံးများသည် ရန်စမှုအပြည့်နှင့် ဖြစ်သည်။ သူသည် ကျယ်လောင်စွာပင် ပြောလိုက်သည်။
“ငါ ဆန္ဒရှိတယ် ငါက FTWထဲကို လက်ထပ်ဖို့ ဆန္ဒရှိတယ်”
လှေကားထစ်နားတွင် မျက်နှာဖြူလေးမှ သွေးစုပ်ဖုတ်ကောင် မျက်နှာအဖြစ် ပြောင်းလဲသွားသော လောင်ယွဲ့ _ _ _သူသည် ဒီနေရာတွင် လေးနာရီဆက်တိုက် စောင့်နေခဲ့ခြင်း ဖြစ်သည်။
“???”
သူ၏ ဝေဝါးလွန်းနေသော စိတ်ရှုပ်ထွေးမှု အတွင်းတွင် _ _ _ သူ အခု ဘယ်လောက်တောင် အံ့ဩဖို့ကောင်းတဲ့ သတင်းမျိုးကို ကြားလိုက်ရတာလဲ။
လက်ထပ်မယ် ဟုတ်လား
လက်ထပ်မယ်တဲ့
ဖာ့ခ်
သူ အစကတော့ လေးတွေ၊ မြှားတွေ အသင့်ပြင် သယ်လာပြီး အရသာရှိတဲ့ ကြက်အစပ်သားကို တောက်လျောက် ပစ်မလို့လေ။ ဒါပေမဲ့ အခုတော့_ _ _
သောက်ကျိုးနည်း ဘာကိုပစ်မှာလဲ။
နတ်ဘုရားတမျှ တော်သော မက်စ်မန်း ယွဲ့ဝမ်လဲ့သည် စိတ်ပျက်အားငယ်စွာ ထွက်လာခဲ့လိုက်ရသည်။ သူသည်လည်း ကြောက်သည်။ သူသည်လည်း မလုပ်ရဲချေ။ သူ မြှားနက်ပေါင်းများကို ပစ်လိုက်လျှင် အဆုံးသတ်သွားမည့် အခြေအနေကိုလည်း ကြောက်သည်။
တစ်ညလုံးနီးပါး ငိုနေပြီးနောက် ဝေ့ရှောင်းက ပင်ပန်းသွားသည်။ ထို့ကြောင့် သူသည် နေ့လည်၂နာရီထိ အိပ်လိုက်သည်။ သူ နိုးလာသောအခါ လန်းဆန်းသွားသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
အဖွား၏ ဓာတ်ပုံဘုတ်ပြားသည်လည်း ကော်ဖီစားပွဲပေါ်တင် တင်ထားသေးသည်။ သူသည် တစ်ချက်ကြည့်လိုက်ရုံနှင့် သူ၏နှာခေါင်းထိပ်က ချဉ်တက်လာပြန်သည်။ သူသည် ဆက်မငိုနိုင်တော့ချေ။
ဝေ့ရှောင်းက ထလျှောက်သွားရင် ပန်းချီကားကို ထိတွေ့ကြည့်လိုက်သည်။ သူ၏နူတ်ခမ်းတွင် ညင်သာသော အပြုံးက ပေါ်လာသည်။
“ကျေးဇူးတင်ပါတယ် အဖွား”
သူ့ရဲ့အဖွားက အသက်ရှင်နေတဲ့ အချိန်မှာ သူမမှာ ရှိတဲ့ အရာအားလုံး ပေးပြီး သူ့ကို ချစ်ပေးခဲ့တာ။ သူ့ရဲ့အဖွားက အခု ကောင်းကင်ပေါ် တက်သွားပြီ။ ဒါပေမဲ့ အခုအချိန်ထိ သူ့ကို ကြည့်ပေးနေတုန်းပဲ။
ကုန်လွန်ခဲ့သော နှစ်နှစ်ကျော်အတွင်း ဝေ့ရှောင်း၏ နှလုံးသားအတွင်း တောက်လျောက် ဖိချခံထားရသော ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်နှင့် အပြစ်မကင်းစိတ်များက လွှင့်ထုတ်၍ မရခဲ့ချေ။ သူသည် နှစ်ပေါင်းများစွာကြာအောင် မိဘများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ သူသည်လည်း ထိုလူများနည်းတူ တစ်ကိုယ်ကောင်းဆန်သောပေ။ သို့တိုင်အောင် ထိုအသက်၁၇နှစ် ဆောင်းတွင်းပိတ်ရက် အတောအတွင်း သူသည် ဝေ့ရွှမ်နှင့်တူသော ကိစ္စတစ်ခုကို လုပ်မိခဲ့သည်။
သူမ၏ သေဆုံးချိန်တွင် အဖွားဖြစ်သူ၏ နောက်ဆုံးပြောခဲ့သော စကားများဖြစ်သည့် အဖေဖြစ်သူနှင့် မတူရန်ဆိုသော စကားဟာ ဝေ့ရှောင်း၏ နှလုံးသားထဲသို့ ဓားဖြင့် ထိုးစိုက်လိုက်သလို ဖြစ်သွားခဲ့သည်။
ဝေ့ရွှမ်နဲ့ မတူစေနဲ့။
ဝေ့ရွှမ်လို မဖြစ်စေနဲ့။
ဝေ့ရှောင်းသည် ချက်ချင်းလိုလို စိတ်ကြည်လင်သွားသည်။ သူသည် သူ၏အဖွားကို ပစ်ထားခဲ့ပြီး တစ်ချိန်လုံး တစ်ယောက်တည်း နေနေခဲ့၏။ ထိုသို့ဖြင့် သူ၏ ပြင်းထန်သော ပန်းတိုင်သို့ ရောက်ရန် အလို့ငှာ နေရာညပါ ကြိုးစားအားထုတ် နေခဲ့သည်။
ဒါဆိုရင် သူနဲ့ဝေ့ရွှမ်က ဘာများကွာခြားနေတော့လို့လဲ။
27 02
သူသည် ပရော်ဖက်ရှင်နယ်အဖြစ် ကစားပြီး ပိုက်ဆံရှာချင်ခဲ့သည်။ ဒီနည်းအားဖြင့် ဒီပိုက်ဆံကို သုံးပြီး အဖွားဖြစ်သူကို ကောင်းမွန်သော ဘဝတွင် နေထိုင်နိုင်အောင် လုပ်ပေးလိုခဲ့သည်။
သို့သော် နက်နက်ရှိုင်းရှိုင်း တွေးကြည့်သော် သူက ထိုအလုပ်ကို အမှန်တကယ် သဘောကျသောကြောင့်သာ ဖြစ်သည်။
သူသည် ပြိုင်ပွဲဆိုသော ခံစားချက်မျိုးကို ကြိုက်သည်။ ယှဉ်ပြိုင်ရသည့် စိတ်လှုပ်ရှားမှုကို ကြိုက်သည်။ သွေးပွက်ပွက် ဆူနေသော ပြင်းထန်သည့် တင်းအားနှင့် အရာအားလုံး ထုတ်သုံးပြီး အနိုင်ကို ရရှိလိုက်သည့် အခိုက်အတန့်ကို သဘောကျသည်။
သူသည် သူ၏နှလုံးသားထဲမှ စိတ်ဆန္ဒကို လစ်လျူမရှုနိုင်ခဲ့ပေ။ ထိုသို့ဖြင့် အဖွားဖြစ်သူကို လစ်လျူရှုမိသွားသည်။
ဒီလိုဆိုရင် သူနဲ့ဝေ့ရွှမ်က ဘာများခြားနားတော့မှာလဲ။ သူသည် ဝေ့ရွှမ်ကို မုန်းတီးသည်။ သူသည်လည်း အဆုံးတွင် အဖွားဖြစ်သူကို ဆိုးရွားအောင် လုပ်မိသွားသည်။
သို့သော် ထိုအခိုက်အတန့်တွင် ဝေ့ရှောင်းသည် သူ၏ကိုယ်ပိုင် အပြစ်မကင်းစိတ်နှင့် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်များကြောင့် အရှုံးကို ရင်ဆိုင်လိုက်ရသည်။
သူသည် ပရော်ဖက်ရှင်နယ် e sport အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို လက်လျော့ခဲ့သည်မှာ သူ့ကိုယ်သူ အပြစ်ပေးခြင်း ဖြစ်သည်။
နောက်ပြီး မနေ့ညက _ _ _
ဝေ့ရှောင်းသည် အဖွားဖြစ်သူက သူ့အတွက် ချန်ထားရစ်ခဲ့သော ဒိုင်ယာရီကို ဖတ်လိုက်ပြီး သူ၏နှလုံးသားအတွင်း အမြဲတစေ ရစ်ဝဲနေခဲ့သည့် ဝေဝါးသော ခံစားချက်က နောက်ဆုံးတွင် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
လတ်စသတ်တော့ အဖွားက သူ့ကိုမှ အပြစ်မတင်ဘဲ။
လတ်စသတ်တော့ အဖွားက သူ့ကို တစ်ချိန်လုံး ထောက်ပံ့အားပေးနေခဲ့တာပဲ။
ထို့သို့ ထောက်ပံ့အားပေးခြင်းသည် သူသဘောကျသော အရာကို လုပ်ရန်ဖြစ်ပြီး သူ့အား ဘဝတွင် နေနိုင်ရန် ထောက်ပံ့အားပေးခြင်း ဖြစ်သည်။ သူမ၏ တစ်ခုတည်းသော လိုအပ်ချက်က သူသည် လမ်းသွားရင်း လမ်းမှရှုခင်းများကိုလည်း ကြည့်သွားပေးရန်သာ ဖြစ်သည်။ ဒီနည်းအားဖြင့် နာကျင်မှုက လွဲပြီး ဘာမှမရနိုင်သည့် အယူသီးခြင်း မရှိနေရန်သာ ဖြစ်သည်။
“မင်းရဲ့အဖေလို မဖြစ်စေနဲ့။ မင်းရဲ့အိပ်မက်ကို ချောက်ကမ်းပါး ဖြစ်မသွားစေနဲ့” အဖွားဝေ့သည် ထိုစကားလုံးများကိုသာ ပြောလိုခဲ့သည်။ ဝေ့ရှောင်းက ပန်းချီကားကို ခပ်တိုးတိုး နမ်း၍ ရေရွတ်လိုက်သည်။
“မစိုးရိမ်ပါနဲ့ ငါ တကယ်ကို ပျော်ပျော်ရွှင်ရွှင် နေမှာပါ”
သူသည် သူမ မျှော်လင့်ထားသည့်အတိုင်း နေထိုင်သွားပေမည်။ ဒီနည်းအားဖြင့် သူမက သူ့ကို ပေးခဲ့သော ဘဝအတိုင်း ရရှိအောင် ကြိုးစားသွားရပေမည်။
လုဖုန်းက ဝင်လာသောအခါ ဝေ့ရှောင်းက ပန်းချီကားကို နမ်းနေသော မြင်ကွင်းကို မြင်လိုက်ရသည်။
နွေးထွေးသော နေ့လည်ခင်း နေရောင်က လူငယ်လေးပေါ် ကျဆင်းလာသောအခါ သူ့အား ရွှေရောင်ဖြင့် လွှမ်းခြုံထားသလို ထင်ရစေသည်။ သူ့တွင် မဲနက်သော ခပ်တိုတိုဆံပင် ရှိသည်။ ရှည်လျားသော မျက်နှာနှင့် ပိတ်ထားသော မျက်လုံးများက ယူကြုံးမရ ဖြစ်စိတ်များကို ဖုံးကွယ်ထားရင် ကလေးဆန်မှုကို လွှတ်ထုတ် ပေးထားသည်။
၁၉နှစ်
ဒါက အပြစ်ကင်းစင်ပြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့စိတ်ပဲ ရှိသေးတာ။ ဒါတောင်မှ သူက သေရေးရှင်ရေး ခွဲခွာမှုဆိုတဲ့ အတွေ့အကြုံကို ခံစားလိုက်ရပြီး။
လုဖုန်းသည် သူ၏အကြည့်ကို ရွှေ့ရင်း တံခါးကို ခေါက်လိုက်သည်။ ဝေ့ရှောင်းက မော့ကြည့်သည်။
တောက်ပကာ သန့်စင်လွန်းသော မျက်လုံးတစ်စုံကဲ့သို့ အမြဲတစေ အသက်စွမ်းအား အပြည့်ရှိနေခဲ့သော ထိုမျက်ဝန်းကို မြင်သောအခါ လုဖုန်း ရင်က အနည်းငယ် ပူလာသည်။
ဒါက ဆူးချွန်တွေ အပြည့် ကြမ်းတမ်းတဲ့နေရာမှာ မွေးဖွားလာတဲ့ကောင်လေး တစ်ယောက်။ ဒါတောင်မှ သူ့ရဲ့ကိုယ်ပိုင်အလင်းရောင်နဲ့ တလောကလုံးကို လင်းထိန်ပေးအောင် လုပ်ဖို့ မစောင့်နိုင်ဘူး ဖြစ်နေတယ်။
တကယ်ကို လှတယ်။
“ငါ ရေချိုးလိုက်ဦးမယ်”
ဝေ့ရှောင်းက အဝတ်ကို ယူသည်။
“ငါ့မှာ လဲစရာ အဝတ်တွေ မပါဘူးဆိုတော့ မင်းရဲ့အဝတ်တွေကိုပဲ ဝတ်လိုက်မယ်”
သူသည် လုဖုန်းထက် အရပ်အနည်းငယ် ပုသည်။ သို့သော် ထိုကဲ့သို့ တီရှပ်နှင့် ဘောင်းဘီရှည်များသည် ပုံမှန်အားဖြင့် ပွလေသည်။ ထို့ကြောင့် သူက ဝတ်လိုက်လျှင်လည်း ပြဿနာ မရှိပေ။
လုဖုန်းက အကြည့်ကို ရွေ့ရင်း ပြောသည်။
“ဒါဆိုရင်လည်း ဝတ်လိုက်လေ”
လုဖုန်းသည် မနေ့ညက စိတ်ရှုပ်ထွေးသော အနေအထားမျိုးတွင် ရှိနေခဲ့ပြီး ကောင်းကောင်း မတွေးနိုင်ခဲ့သည့် ကိစ္စများစွာ ရှိခဲ့သည်။ ထိုအခိုက်အတန့်တွင် သူသည် အပြည့်အဝ နိုးလာသည့်အလျောက် သူ၏စိတ်ထဲတွင် မေးခွန်းသင်္ကေတက အသုတ်လိုက် ရှိနေပြီ ဖြစ်သည်။
“ခေါင်းဆောင်”
သူသည် လက်မှတ်မထိုးရသေးသော်လည်း သူ၏ ခေါ်ညွှန်းသည့် modeကိုပင် ခပ်မြန်မြန် ပြောင်းလိုက်သေးသည်။ အဓိကအားဖြင့် လုဖုန်းက သူသည် စကားရပ်မည့် အခြေအနေကို ကြောက်၍ ဖြစ်သည်။ လုဖုန်းကပင် အနည်းငယ် အေးခဲသွားသည်။
“ဟင်”
လူငယ်က အနားသို့ ငုံ့ကိုင်းလာရင်း တက်ကြွသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“မင်း ငါ့ကို တကယ်ပဲ လက်မှတ်ထိုးမှာလား”
လုဖုန်းက သူ ဒီထက်ပိုပြီး မနီးကပ်လာစေရန် အလို့ငှာ နို့ဘူးလေးကို ပေးလိုက်သည်။
27 03
ဝေ့ရှောင်းက နို့ဘူးကို ယူသည်။ သို့သော် သောက်ရန် စိတ်မဝင်စားချေ။ ထို့အစား လုဖုန်းကိုသာ မျက်တောင်မခတ်ပင်ပဲ ကြည့်လိုက်သည်။
လုဖုန်းက နို့ဘူးကို ကြည့်သည်။
“ဘာလဲ နောင်တရသွားပြီလား”
ဝေ့ရှောင်း “ငါလား ငါက မင်း နောင်တရမှာကို စိုးရိမ်တာ”
လုဖုန်းက သူ့ကို ကြည့်သည်။
“ဘာလို့လဲ”
ဝေ့ရှောင်းက ချိုမြိန်သော နို့များကို တစ်ငုံသောက်လိုက်သေးသည်။ သို့သော် သူ၏ စကားလုံးများထဲတွင် အချဉ်ဓာတ်ကို မတားထားနိုင်ချေ။
“ငါတို့ရဲ့ အသင်းမှာ Top Laner လိုနေတာ မဟုတ်လား။ မင်း တစ်စုံတစ်ယောက်ကို မျက်စိကျနေတာ ကြာပြီ မဟုတ်ဘူးလား။ ငါ အခု လက်မှတ်ထိုးလိုက်မယ်ဆိုရင် ငါက အစားထိုး ဖြစ်သွားမှာပေါ့။ အစားထိုး ဖြစ်တာကိုတော့ စိတ်ထဲမထားပါဘူး။ ဒါပေမဲ့ ငါ သူနဲ့ soloရင်ဆိုင်ဖို့ အခွင့်အရေးတော့ ပေးရမယ်။ နိုင်တဲ့သူက Top Laneရရင် ဘယ်လိုလဲ”
လုဖုန်း “.. “
လုဖုန်းက တုံံ့ဆိုင်းနေကြောင်း မြင်သောအခါ ဝေ့ရှောင်းသည်ပင် အနည်းငယ် ချဉ်စုပ်သလို ခံစားလာရသည်။
“ငါ ဂရုမစိုက်ဘူး။ မင်း မနေ့ညက ဖိတ်ခေါ်ခဲ့ပြီးသား။ ငါက သဘောတူခဲ့ပြီးသား။ ရေးထားတဲ့ စကားလုံးတွေထဲမှာ အဖြူနဲ့အမည်း ရှိနေရင်တောင်မှ ငါကတော့ နောက်မဆုတ်နိုင်ဘူး”
လုဖုန်းက ရယ်သည်။
ဝေ့ရှောင်းသည်လည်း အထူးတလည် ထိတ်လန့်လာ၏။ သူအနေဖြင့် သူ၏နှလုံးသားထဲမှ အထုံးကို ဖြည်ရန် မလွယ်ကူခဲ့ချေ။ ဒီနည်းအားဖြင့် သူသည် ပရော်ဖက်ရှင်နယ်အဖြစ် ကစားရန် ဆုံးဖြတ်လိုက်သည်။ သူသည် FTWသို့သာ ဝင်ချင်သည်။ အခြားသော အသင်းများသို့ မသွားလိုပေ။
သို့ရာတွင် လုဖုန်းကသာ သူ့ကို မလိုချင်လျှင် သူ့တွင် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ချေ။
ထိုအကောင်က ခေါင်းဆောင် ဖြစ်နေရုံသာ မကသေးလေပဲ ကလပ်၏ ခေါင်းဆောင်လည်း ဖြစ်နေသေးသည်။ သူ၏ စကားလုံးတိုင်းက အလေးချိန် စီးပေလိမ့်မည်။
လုဖုန်းက သူ၏အပြုံးကို ဘေးဖယ်လိုက်ပြီး သူ့အား ဂရုတစိုက် ကြည့်သည်။
“သူက ထူးချွန်တယ်”
_ _ _
လုဖုန်းက ဆက်ပြောသည်။
“သူ့မှာ ပြင်းထန်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းအင်လည်း ရှိသေးတယ်”
ထိုစကားလုံးများသည် ရင်းနှီးသလို ခံစားလိုက်ရသည်။ သူ၏ လုဖုန်းသည်လည်း သူတို့ ကားထဲတွင် ရှိနေခဲ့ချိန်က ထိုစကားလုံးများကို ပြောခဲ့ဖူးသည်။
လုဖုန်း “ သူက ငယ်တယ်။ အတွေ့အကြုံ မရှိဘူး ဒါပေမဲ့ သူ့ရဲ့အနာဂတ်ကတော့ အလားအလာကောင်းတယ်”
ဝေ့ရှောင်းက အချဉ်ဓာတ်များနှင့်အတူ သေချင်သွားသည်။
ငါလူး
Closeက သူ့ကို တကယ်ပဲ မလိုချင်တော့ဘူးလား။
လုဖုန်းက ဆက်ပြောသည်။
“ ငါ သူ့ကို အရမ်းတန်ဖိုးထားတာ။ ဘာလို့လဲဆိုတော့ သူနဲ့ တန်လို့ “
ဝေ့ရှောင်း “_ _ _ “
သွားပြီ သူတော့ အဆုံးသတ်ပြီ။ သူ့ရဲ့အသက်မွေးဝမ်းကြောင်းက မစတင်ခင်ကတည်းက အဆုံးသတ်သွားပြီ။
လုဖုန်း “သူ့ကို နှစ်ကြိမ်တောင် ဖိတ်ခေါ်ဖို့ လုံလောက်တယ်။ နှစ်နှစ်လောက် စောင့်ဖို့လည်း ထိုက်တန်သေးပြန်တယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီး အခြေစိုက် သင်တန်းကို လာအောင် ချော့မြူဖို့တောင် တန်သေးတယ်”
ဝေ့ရှောင်း “!!”
လုဖုန်းက သူ့ကိုကြည့်ရင်း ခပ်တိုးတိုး ပြောသည်။
“မင်း သူ့နာမည်ကို သိလား”
ဝေ့ရှောင်းက နှစ်စက္ကန့်ခန့် သစ်သားတုံးလို ဟန်ဆောင်လိုက်ပြီးနောက် သူ့ကိုယ်သူ လက်ညိုးထိုးသည်။
လုဖုန်း “အင်း”
ထိုလေသံလေး တစ်ခုကို ပရိတ်သတ်များက အေးစက်ပြီး ထီမထင်သော အသံတုံးဟု ပြောကြသည်။ သို့တိုင်အောင် ဝေ့ရှောင်း၏ နှလုံးသားက ပျော်ရွှင်မှုကြောင့် ပေါက်ကွဲသွားသည်။
လုဖုန်း “ဆိုတော့ မင်း မျက်စိကျနေတဲ့ ဆိုတဲ့တစ်ယောက်က ငါပေါ့။ မင်း လိုချင်တာ ငါပေါ့ ဟုတ်လား။ မင်းက ငါ့ကို ထူးချွန်တဲ့ ပြင်းထန်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းအင် ရှိတယ်လို့ ပြောတာပေါ့လေ။ နောက်ပြီး ငါက ငယ်ပြီး အတွေ့အကြုံ မရှိပေမဲ့လည်း အံ့ဩစရာကောင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတယ်လို့ ပြောချင်တာ မဟုတ်လား_ _ _ “
လုဖုန်း “…”
ဝေ့ရှောင်းက အပျော်များကြောင့် ရူးမတတ်ဖြစ်သွားသည်။ သူ၏ ဆက်ပြီးဖိပြန်သည်။
“ဟုတ်လား ဟုတ်လား ဟုတ်လား ဟုတ်လား”
လုဖုန်းက သဘောတကျ ပြုံးသည်။
27 04
“ဟုတ်တယ်”
ဝေ့ရှောင်း၏ မှတ်ဉာဏ်သည် ထိုအခိုက်အတံ့တွင် အထူးတလည် ထက်မြက်သွားသည်။ သူသည် ဆက်ပြောသည်။
“ မင်းက ငါ့ကို အနာဂတ်မှာ မင်းထက်တောင် သာမယ်လို့ ထင်တယ်ပေါ့”
လုဖုန်းကလည်း လိုက်ပြောပေးသည်။
“အင်း”
ဝေ့ရှောင်း၏ နှလုံးသားဟာ တောက်ပမှု အလင်းများဖြင့် ပေါက်ကွဲသွားသည်။
“ရိုးရိုးသားသား ပြောရရင်”
လုဖုန်းသည်လည်း နောက်ထွက်လာသည့် စကားလုံးများက မကောင်းနိုင်ကြောင်း ခံစားလိုက်ရသည်။
သေချာပေါက်ပင် ဝေ့ရှောင်း၏ ပါးစပ်က ဆိုးသွားပြန်သည်။
“ငါ့ရဲ့လက်ရှိအခြေအနေအရ ငါ ငါ့ရဲ့ ခရက်ရှ်ဆီကနေ ဖွင့်ပြောခံရတာထက်တောင် ပိုပျော်နေသေးတယ်”
လုဖုန်းကလည်း မနေနိုင်ပဲ နဖူးကို တစ်ချက်ရိုက်သည်။
“တော်ပြီ”
လုဖုန်းက ရှေ့တိုးလာပြန်သည်။
“ငါ့အထင် ငါ မင်းကို ဖိချနိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားဖို့ လိုအပ်လိမ်မယ်ထင်တယ်။ ငါတို့ဘာလို့ _ _ _”
လုဖုန်း “အောက်ထပ်ဆင်း စား “
ထိုသို့ပြောပြီးနောက် သူသည် နောက်လှည့်ထွက်သွားသည်။ ဝေ့ရှောင်းက လိုက်လာသည်။
“ဟေး စားပြီးရင်_ _ _ “
လုဖုန်းက ရှေ့ဆက်သွားသည်။
“စားပြီးရင် စာချုပ်ချုပ်ရမယ်”
ဝေ့ရှောင်း “လက်မှတ်လေးတစ်ခုပဲ လိုတဲ့ဟာ။ သိပ်မကြာပါဘူး”
“သိပ်မကြာပါဘူး”
ဝေ့ရှောင်းက လမ်းလျှောက်မှုကို ရပ်တန့်လိုက်ပြီး သူ့ကို လှည့်ကြည့်သည်။
“မင်းရဲ့လက်မှတ်ထိုးကြေးက ဘယ်လောက်လဲဆိုတာကို မသိချင်ဘူးလား”
ဝေ့ရှောင်ရှောင်းက သူ၏အကြံကို အာရုံစိုက်ထားသည်။
“ဒီလိုဆိုရင် ဘယ်လိုလဲ။ မင်းက ငါနဲ့တစ်ရက်ကို ၂၂နာရီလောက် soloပေးမယ်ဆိုရင် ငါ တစ်ပြားမှ မယူဘူး”
လုဖုန်းက သူ၏ ယခင် ၂၁နှစ်အရွယ်က မြင်ခဲ့ရချိန်ထက်ပင် ပိုပြီး ပြုံးလာသေးသည်။
“ဝေ့ရှောင်း”
ဝေ့ရှောင်းက သူ့အား မျက်တောင်မခတ်ပဲ ကြည့်သည်။
“ဟင်”
“မင်း FTWကို လာတာက ငါ့ရဲ့ အသင်းဖော် ဖြစ်ဖို့ ဟုတ်တယ်”
လုဖုန်း “အသင်းဖော်ဆိုတာက ဘေးချင်းယှဉ်တွဲ တိုက်ခိုက်တာ။ သူတို့က နေ့ရောညပါ မsoloကြဘူး”
ဝေ့ရှောင်းက သူ၏အချက်ပြမှုကို ဆက်လက်ပြီး အရယူသေးသည်။
“ဒါဆိုရင် ငါတို့တွေ ၁၂နာရီလုံး အတူတကွ တိုက်ခိုက်ပြီးနောက် ၁၂နာရီ soloရင်ရော”
လုဖုန်း “ဆိုတော့ ငါက မင်းအတွက် တစ်ရက်တာမှာ ရှိတဲ့ ၂၄နာရီလုံးပေါ့လေ”
ဝေ့ရှောင်းက ကြောင်သွားပြီးနောက် အနည်းငယ် ရှက်သွားသည်။
“မင်းလည်း တွေ့တာပဲ။ ငါလည်း မင်းကို င့ါရဲ့ ၂၄နာရီလုံး ပေးထားတာ မဟုတ်ဘူးလား”
“ဒါက အပြန်အလှန်လေ”
လုဖုန်းကမူ တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် အေးစက်စွာ ငြင်းသည်။
“မလိုပါဘူး”
ဝေ့ရှောင်း “ဒါဆိုရင် ဆွေးနွေးရအောင်။ တစ်ရက်ကို အားချိန် ၂နာရီဆိုရင် ဘယ်လိုလဲ”
“မင်း ဆန္ဒရှိရင် မင်း ငါနဲ့ solo လို့ရတယ်”
ငါ မိစ္ဆာဘုရင်က သူ၏နာမည်နှင့် ထိုက်တန်သည်။ ထိုအရူးလေးကို အထူးတလည် ကိုင်တွယ်နိုင်သည်။
“ငါတို့ ဘယ်ပုံမှန် ပွဲစဉ်မဆို နိုင်အောင် ဆော့နိုင်တာနဲ့ ၃နာရီရမယ်”
ဝေ့ရှောင်း “! “
လုဖုန်းက ဆက်ပြောသည်။
“ငါတို့ကသာ play off တစ်ပွဲနိုင်ရင် ၁၀နာရီရမယ်။ တရုတ်ပြည်ရဲ့ ချန်ပီယံရှစ်ရရင်တော့ နာရီ၁၀၀ “
ဝေ့ရှောင်းသည် အမှန်ကတယ် စိတ်ဝင်စားသွားသည်။
“ဒါဆိုရင် ကမ္ဘာ့ချန်ပီယံရှစ်ဆိုရင်ရော”
လုဖုန်းက သူ့ကို တစ်ချက်ကြည့်သည်။
“မင်း ကြိုက်သလောက်ရတယ်”
ဝေ့ရှောင်း “!!! “
27 05
လုဖုန်း “အချိန်က မင်းအတွက် ဖြစ်သွားပြီ။ ငါ မင်းကို အချိန်မရွေး အဖော်ပြုပေးနိုင်တယ်”
ဝေ့ရှောင်း “ဖာ့ခ်”
ဒီလိုသာဆိုရင် သူဘယ်လိုတောင် စောင့်နေမှာလဲ။ ဒါဆိုရင် အမြန်သွားပြီး လေ့ကျင့်မယ်လေ။
FTW၏ အခြားသော စတက်တာ သုံးယောက်ကမူ ယခုမှ အိပ်ယာနိုးကာစ ဖြစ်သည်။ သူတို့ကလည်း သူတို့တွေ့ကြုံရမည့် အခြေအနေကို မသိလောက်ချေ။
“အိုး ရဲ့ စတက်တာတKF မဟုတ်သေးဘူးပဲ။ တရုတ်ပြည် ပြိုင်ပွဲနယ်မြေ ဒါမှမဟုတ် ကလိုရီရဲ့ ပြိုင်ပွဲနယ်မြေ ၁၆ခုလုံးက ဒီနေ့က ထူးခြားနေ့ရက် ဆိုတာကို သတိထားမိသွားကြလိမ့်မယ်”
ထို့နေ့တွင် မဟာမိစ္ဆာဘုရင်ကြီးက အလွန်အမင်း ပေါက်ကွဲစေသည့် ပစ္စည်းတစ်ခုကို ကိုယ်တိုင် မီးမြိုက်လိုက်လေသည်။
ဝေ့ရှောင်းသည်လည်း သူ၏လက်မှတ်ထိုးခြင်းဟာ မည်မျှဖြစ်ကြောင်း ဂရုမစိုက်သော်လည်း လုဖုန်းကမူ သူအား ဆိုးရွားစွာ မဆက်ဆံပေ။
ဝေ့ရှောင်းကဲ့သို့ အသိုင်းအဝိုင်းအတွင်းမှ နှစ်နှစ်ပင် ထွက်သွားခဲ့သော လူအတွက် အမှန်တကယ် တန်ဖိုးမရှိတော့ဟု ဆို၍ရသည်။
သို့ရာတွင် ယွဲ့ဝမ်လဲ့၏ လက်မှတ်ထိုးခြင်းနှင့် ယှဉ်သော် လုဖုန်းသည် သူ၏ကိုယ်ပိုင် ပိုက်ဆံကို ၁၀ရာခိုင်နူန်း ထပ်ထည့်ပေးပြီး စာချုပ်ချုပ်ဆိုပေးလိုက်သည်။
သူ ဘယ်လောက်ရရ ဂရုမစိုက်သော ဝေ့ရှောင်းကပင် ပမာဏကို မြင်သောအခါ အံ့ဩသွားသည်။
လုဖုန်း “ဒါက အခြေခံ လက်မှတ်ထိုးကြေးပဲ။ ပြိုင်ပွဲအတောအတွင်းမှာ ဆုကြေးတွေ ရှိသေးတယ်။ ဆုကြေးတွေကိုတော့ စကားသမားတွေ အားလုံးအတွက် ခွဲဝေပေးမှာပါ”
ကလိုရီပွဲမှ ဆုကြေးသည် မှင်သက်ဖွယ်ကောင်းလောက်အောင် မြင့်သည်။ ဥပမာ Global Finalသည် US ဒေါ်လာ သန်းသုံးဆယ်ဖြစ်ပြီး မရေမတွက်နိုင်သည့် လူပေါင်းများစွာကို ရူးသွားစေလောက်သည်။
ဝေ့ရှောင်းသည်လည်း ထိုအရာများကို ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်မှာ
“ငါအထင်_ _ _စာချုပ်ထဲမှာ အသေးစိတ် အချက်အလက်ကို ထည့်ရေးသင့်တယ် ထင်တယ်”
လုဖုန်း “ဘယ်လိုမျိုးလဲ”
သူသည်လည်း စာချုပ်ကို ကိုယ်တိုင်ပြင်ဆင်ခြင်း ဖြစ်သည်။ မည်သည့် အချက်အလက်ကိုမှ မလွတ်စေခဲ့ရပေ။ ဝေ့ရှောင်းက အလေးအနက်ထားကာ ပြောသည်။
“ဥပမာ အနေနဲ့ ငါတို့သာ ကလိုဘယ်ဖိုင်နယ်ကို နိုင်ရင် ငါ ဆန္ဒရှိသလောက် ဘယ်လောက်ကြာကြာ မင်း ငါ့ကိုအဖော်ပြုရမယ် ဆိုတာလေ။ ဒါကို စာချုပ်ထဲမှာ ထည့်မရေးသင့်ဘူးလား”
အစည်းအဝေး အခန်းအတွင်းတွင် စာချုပ်ကို လက်မှတ်ထိုးရန်အတွက် တာဝန်ယူထားသော FTWကလပ်မှ ဝန်ထမ်းကမူ သူ၏ဘောပင်ထိပ်ကိုပင် ချိုးလိုက်မိသည်။
******