အပိုင်း(၂၈.၁) ငါက Closeရဲ့ စီပီထောင်ကျော်ထဲမှာ အားလုံးကို အလဲထိုးတဲ့ သွေးလမ်းကို ဖောက်ချင်တယ်
ဝေ့ရှောင်းသည် မည်သူဟာ ခေါင်းဆောင်ဟာ ဖြစ်ကြောင်း အလွန်ရှင်းလင်းစွာ နားလည်သည်။ ထို့ကြောင့် လုဖုန်းကိုသာ စိုက်ကြည့်လိုက်သည်။
လုဖုန်း “_ _ _”
ဝန်ထမ်းများသည် ခေါင်းမော့ရန်ပင် ကြောက်ရွံ့နေလေသည်။ ထို့ကြောင့် စာချုပ်ထဲတွင် အပေါက်များ ဖြစ်မတတ်ပင် စိုက်ကြည့်နေကြသည်။
သောက်ကျိုးနည်း ဒါက ဘာလဲ။
ဒီနှစ်ယောက်က ဘာလဲ။
လူငယ်လောက က တအားကြောက်ဖို့ ကောင်းတာပဲ။
လုဖုန်းသည်လည်း ရှင်းမပြခဲ့ချေ။ ထို့ကြောင့် ဝေ့ရှောင်းကိုသာ ပြောခဲ့သည်။
“ဒါက မင်းနဲ့ငါ့ရဲ့အကြားက သီးသန့်သဘောတူညီမှုပဲ။ စာချုပ်ထဲမှာ ရေးထားဖို့ မလိုပါဘူး”
ဝန်ထမ်းများ _ _ _ .. ဖာခ့်
ဝေ့ရှောင်းသည်လည်း တွေးတောကြည့်လိုက်ပြီး ထိုသို့ဖြစ်သင့်ကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် လုဖုန်းကိုသာ ကတိပေးလိုက်သည်။
“ဒါဆိုရင် ကတိတည်ရမယ်နော်”
လုဖုန်း “အင်း”
ထို့နောက် ဝေ့ရှောင်းက ထိုနေရာတွင် ထိုင်နေသော ဝန်ထမ်းကို လှမ်းပြောလိုက်သည်။
“ဒါဆိုရင်လည်း ကျေးဇူးပြုပြီး သက်သေအဖြစ် လုပ်ပေးပါ”
ဝန်ထမ်းအဖွဲ့ဝင်များ “.. “
ဘာကို သက်သေလဲ။
မင်း စိတ်ကျေနပ်သလောက် အဖော်ပြုပေးရမယ် ဆိုတာကို သက်သေအဖြစ် ဘယ်သူက လုပ်ပေးချင်မှာလဲ။
သူ၏နှလုံးသားထဲမှ ကြီးမားသော ကြီးကို ကိုင်တွယ်ပြီးနောက်တွင် ဝေ့ရှောင်းသည် လက်မှတ်ထိုးရမည့် စာမျက်နှာတွင် သူ၏နာမည်ကို ခေါင်းမာစွာ ရေးထိုးလိုက်သည်။ သူ၏နာမည်ကိုပင် ခပ်နှိပ်ပေးလိုက်၏။
ထို့ကြောင့် ဝေ့ရှောင်းသည် နှစ်နှစ်တာ ပတ်လျှောက်နေပြီးနောက်တွင် FTWသို့ တရားဝင် ဝင်ရောက်နိုင်လိုက်လေသည်။
ဝေ့ရှောင်းသည် တက္ကသိုလ် တက်နေသေးသည်။ သူသည် တရုတ်ပြည်မှ နာမည်ကြီး ပုံမှန်တက္ကသိုလ်ကို ဝင်ခွင့်ရထားသည်။ သူသည် အချို့သော် တစ်စုံတစ်ယောက်ကဲ့သို့ နန်ကျဉ်းတက္ကသိုလ်မှ ကျောင်းထွက်ရလောက်သည်အထိ လေးစားဖွယ် မကောင်းသော်လည်း လေးနက်တည်ကြည်သော ပါရမီရှင် ကျောင်းသားတစ်ယောက် ဖြစ်နေသေးလေသည်။
လုဖုန်း “ကျောင်းနားတဲ့ ကိစ္စကတော့ အလျင်လိုစရာ မလိုပါဘူး။ နှစ်သစ်ပြီးမှ ငါတို့ ကိုင်တွယ်လိုက်မယ်”
ဝေ့ရှောင်းက လွန်ခဲ့သော နှစ်နှစ်လုံးလုံး အပြင်ဘက်တွင် တက်တက်ကြွကြွ နေသော်လည်း စိတ်ထဲတွင်မူ ပိတ်လှောင်နေခဲ့ခြင်း ဖြစ်သည်။ သူသည်ကျောင်းတွင် မိတ်ဆွေများ မရှိပေ။ ထို့ကြောင့်လည်း နောင်တကိုလည်း ခံစားရချေ။
“ကောင်းပြီ”
သူတို့နှစ်ယောက်က အစည်းအဝေးခန်းထဲမှ ထွက်လိုက်ကြသည်။ လုဖုန်းက မေး၏။
“မင်းရဲ့ ဂိမ်းအိုင်ဒီနဲ့ ပတ်သက်ပြီး ဘာတွေးထားတာ ရှိလဲ”
ပရော်ဖက်ရှင်နယ် ကစားသမား ဖြစ်လာသောအခါ အိုင်ဒီတစ်ခုကို စာရင်းသွင်းရန် လိုအပ်သည်။ Glory သည် နိုင်ငံတကာ ပွဲများ ရှိသည်။ ထို့ကြောင့် ပြိုင်ပွဲကော်မတီကလည်း အားလုံးကို စည်းကမ်းတကျ လုပ်ထားရသည်။ ကစားသမား၏ အိုင်ဒီသည် English ဖြစ်ရန် လိုအပ်ပြီး တိုင်းပြည်များအကြား ဆက်သွယ်ရန်၊ အဆင်ပြေရန် မျှော်လင့်ထားသည်။
ဝေ့ရှောင်း၏ ယခင်က အင်တာနေရှင်နယ် ဆာဗာအိုင်ဒီက ပရော်ဖက်ဆာဖြစ်ပြီး တရုတ်တွင် ဆရာဆိုသော အဓိပ္ပာယ်ကို သယ်ဆောင်ထားသည်။ အခြားတစ်ဖက်ခြမ်းတွင် သူသည် ပုံမှန်က္ကသိုလ်တစ်ခုတွင် ဆရာတစ်ယောက် ဖြစ်ရန်လည်း ဆုံးဖြတ်ချက် ချထားသေးပြီး သူ့ကိုယ်သူ ပရော်ဖက်ရှင်နယ်ဂိမ်းမင်း နယ်မြေထဲသို့ စိတ်မနှစ်မြှပ်ထားရန် ကိုယ့်ကိုယ်ကို အသိပေးခဲ့ခြင်း ဖြစ်သည်။ အခြားတစ်ဖက်ခြမ်းတွင်မူ ပရော်ဖက်ဆာသည် တရုတ်လို သားရဲလို့ ခေါ်ဆိုသော အသံထွက်နှင့် တူသဖြင့် ဆရာထက် ပို၍ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လေသည်။
ယခု သူ၏အိုင်ဒီသည် မဟာဆရာဟု ရည်ရွယ်ခြင်း မဟုတ်ပါချေ။ မည်သို့ပင်ဆိုစေ မဟာဆရာဆိုသည့် နာမည်ပြောင်က သူက ငိုသွားအောင် အနိုင်ကျင့်ထားသော အကောင်ပေါက်လေးများက ဖန်တီးထားသော အကြောင်းအရာ ဖြစ်ပြီ ဝေ့ရှောင်းနှင့် သက်ဆိုင်ခြင်း မရှိပေ။
ဝေ့ရှောင်းသည် ကျင်းကျိုး၏ လက်ရာများကို မဖတ်နိုင်သော အခြေအနေအထိ မဟုတ်သေးသော်လည်း မိမိ၏ မဟာဆရာသခင်ဆိုသော ဆိုလိုရင်းကို မသိဘဲ မနေပေ။ ပိုင်ချိုင်သည်လည်း သူ့အား ရှင်းပြချက်ကို ပိုင်တု၏ လင့်နှင့်တကွ ပို့ပေးခဲ့သေးသည်။
ထို့အပြင် မိမိ၏ မဟာဆရာသခင်ဆိုသော အလွန် အဓိပ္ပာယ် လေးနက်လေသည်။ သို့ရာတွင် သူသည်လည်း သူ၏ နောက်ခံနှင့် လျို့ဝှက်စွာ ကိုက်ညီသည်ဟု ခံစားမိသဖြင့် ပျော်ပျော်ရွှင်ရွှင် အသိအမှတ် ပြုပေးခဲ့ခြင်း ဖြစ်သည်။ ယခုမူ _ _ _
ဝေ့ရှောင်းတွင် အကြံတစ်ခု ရှိသည်။
Quiet
သူသည် ပရော်ဖက်ရှင်နယ်အဖြစ် ဆော့ရန် ဆန္ဒမရှိဟု ပြောကောင်း ပြောလောက်သည်။ သို့သော် အမှန်တိုင်းပြောရသော် သူသည် ထိုအိုင်ဒီကို နှစ်နှစ်လုံးလုံး တွေးနေခဲ့ခြင်း ဖြစ်သည်။
လုဖုန်း “Quiet ဟုတ်လား”
ဝေ့ရှောင်း “ ဟုတ်တယ်”
28.1 02
Quietသည် အမှန်တကယ်ပင် ကောင်းသည်။ သို့သော် ဝေ့ရှောင်းနှင့် အမှန်တကယ် မလိုက်ဖက်ချေ။ အမှိုက်လို စကားပြောတတ်တဲ့ ဘုရင်ကို Quietလို့ ခေါ်မယ်။ ဘယ်လိုပဲ ကြည့်ကြည့် သူက သံမဏိရောင် တောက်ပပြီး ရန်စမှု အပြည့်နဲ့ပဲလေ။
ဝေ့ရှောင်းက လုဖုန်းကို ရှင်းပြသည်။
“မင်းက အိုင်ဒီက Close ငါက Quiet။ တစ်ယောက်က ပိတ်လှောင်သွားအောင် လုပ်နိုင်တယ်။ တစ်ခြားတစ်ယောက်ကတော့ တိတ်သွားအောင် လုပ်နိုင်တယ်။ နှစ်ခုပေါင်း အဓိပ္ပာယ်ကတော့ အခြားတစ်ခြမ်းက စကားမပြောနိုင်လောက်အောင် ရိုက်နှက်ပြီး တိုက်ရိုက်ပိတ်လှောင်သွားစေမယ်ပေါ့”
လုဖုန်း “_ _ _”
ဝေ့ရှောင်းက စိတ်လှုပ်ရှားနေသေးသည်။
“ငါ ဒါကို လွန်ခဲ့တဲ့ နှစ်နှစ်က ကတည်းက တွေးခဲ့တာ။ အစကတော့ မင်းရဲ့နာမည်နဲ့ လိုက်အောင် အိုပန်းဆိုပြီး သုံးမလို့ပဲ။ ဒါပေမယ့် အဲ့ဒီနောက် အိုပန်းဆိုတာ တအားကို အိုပန်း ဖြစ်လွန်းအားကြီးတယ်။ ဒါကြောင့် ငါ တစ်ညလုံးနီးပါး အင်္ဂလိပ်အဘိဓာန်ထဲမှာ လိုက်ရှာခဲ့ပြီးနောက်မှ ဒီ Quietဆိုတဲ့ စကားလုံးက တော်တော်လေး သင့်တော်တယ်လို့ ထင်လိုက်တာ။
လုဖုန်းက တိတ်တဆိတ် ပြောသည်။
“နှစ်ခုလုံး ကောင်းပါတယ်”
ဝေ့ရှောင်း “ဟင်”
လုဖုန်းက ထိုသို့ပြောသည်။
“မင်းရဲ့ ဘယ်နာမည်ကမဆို ကောင်းတယ်”
ဝေ့ရှောင်းက ပျော်သွားသည်။
“ဒါဆိုရင်လည်း ငါတို့ Quietပဲ သုံးရအောင်”
လုဖုန်း “အင်း”
ဝေ့ရှောင်းသည်လည်း သူ၏ဦးနှောက်ဟာ အမှန်တကယ် အံ့ဩသည်ဟု ခံစားလိုက်ရသည်။ အနာဂတ်တွင် သူနှင့်လုဖုန်းတို့က ပိတ်လှောင်ခြင်း CP ဖြစ်လာနိုင်သည်။ ဒါက သိပ်မကောင်းသေးဘူး။
ဒါက အရမ်း မကောင်းတဲ့ဘက် ရောက်နေရင် ဘယ်လိုလုပ်မလဲ။ CPကတော့ အလျင်မလိုပါဘူး။ သူ နောက်မှ လောင်ပိုင်လို ကျွမ်းကျင်တဲ့ သူကို သွားရှာကြည့်မယ်။
ဝေ့ရှောင်းသည်လည်း ခဏနေလျှင် တစ်ဖက်သူနှင့် စာရင်းရှင်းရန် ကြံစည်နေသေးသည်။
“လောင်ပိုင် ဘယ်နေရာ ရောက်သွားလဲ။ အခု နေ့လည်စာ စားတော့ သူ့ကို မတွေ့ပါဘူး”
လုဖုန်း “သူ ဒီအချိန်ဆိုရင် လေ့ကျင့်ရေး အခန်းရေးထဲမှာ ဖြစ်မယ်”
ဝေ့ရှောင်း “ငါ သူနဲ့ ဆွေးနွေးစရာ ရှိသေးတယ်”
အဲ့ဒီခွေးသားက Gloryရဲ့ TOP LANER အသစ်က သူဆိုတာကို သေချာပေါက် သိထားမှာပဲ။ ဒါတောင်မှ သူ့ကို ဖုံးထားပြီး သူ့ရဲ့ဆာလောင်စိတ်ကို ဖျားယောင်းနေခဲ့သေးတယ်။
ဝေ့ရှောင်းက ချက်ချင်းလိုလို ပြေးထွက်သွားသည်။ လုဖုန်းက ရောက်ရာနေရာတွင် ရပ်လျက် သူ၏ကျောပြင်ကို စိုက်ကြည့်ရင်း ကျန်နေရစ်ခဲ့သည်။
ဝေ့ရှောင်း၏ စကားလုံးများက သူ၏နားအတွင်း ပိတ်မိနေသေးသည် _ _ _ ငါ တစ်ညလုံး အဘိဓာန်ထဲမှာ ရှာထားတာလေ။ Quietဆိုတဲ့ စကားလုံးက တော်တော်လေး ကောင်းတယ်လိ့ ထင်တယ်_ _ _
အသက်၁၇နှစ်အရွယ် လူငယ်လေးက တစ်ညလုံး မအိပ်ပဲ နေခဲ့သော ပုံရိပ်က ပေါ်လာသည်။ သို့သော် သူသည် ဂိမ်းကစားနေခဲ့ခြင်း မဟုတ်သော်လည်း အင်္ဂလိပ်အဘိဓာန်ကို တောက်လျောက်လှန်လှောနေသော ပုံရိပ်က သူ၏ စိတ်အတွင်း ထင်းထွက်လာသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က FTWသည် ဝေ့ရှောင်းကို လိုချင်ခဲ့သည်။ ဝေ့ရှောင်းကလည်း FTWသို့ ဝင်ရန် စိတ်အားထက်သန်ခဲ့သည်။ မမျှော်လင့်စရာ ကောင်းသည်မှာ လောက၏ ကိစ္စများသည် ထင်တိုင်း မဖြစ်တတ်ချေ။ သူတို့သည် ထိုအခွင့်အရေးကို လွှဲချော်ခဲ့ကြသည်။
ထိုအချိန်တွင် လုဖုန်းသည် ကိုယ်ပိုင်ကိစ္စရပ်ကို ကိုင်တွယ်ရန် ရှိနေသလို ထွက်သွားသော ဝေ့ရှောင်းနောက်သို့ လိုက်မကြည့်နိုင်ခဲ့ခြင်း၊ သူသာ ထိုအချိန်ကတည်းက ဝေ့ရှောင်း၏ အိမ်သို့သွားပြီး အခြေအနေကို စစ်ဆေးခဲ့မည်ဆိုလျှင် ကိစ္စကို သိခဲ့မည်ဖြစ်သည်။
လုဖုန်းကလည်း မျက်လွှာချလိုက်သည်။ သူသည်လည်း သူ၏ စိတ်အတွင်းမှ ကပြောင်းကပြန် ဖြစ်နေသော အတွေးများကို ရုတ်သိမ်းလိုက်သည်။
28.1 03
အတိတ်နှင့်ပတ်သက်ပြီး နောင်တတရားကို ခံစားနေရန် မလိုအပ်ပေ။ သူဟာ လက်ရှိကို တန်ဖိုးထားပြီး အနာဂတ်တွင် နောင်တပင် မကျန်ရစ်အောင် သေချာစေရပေမည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က သူသည်လည်း ဝေ့ရှောင်းကို ထိန်းထားနိုင်ရန် အင်အားမရှိချေ။ ယခုအခါ နှစ်နှစ်ကြာပြီးနောက် သူသည် တစ်ဖက်သူ့ကို ပြန်တက်နိုင်ရန် စင်ပေါ် တင်ပေးနိုင်လေသည်။
ပိုင်ချိုင်ကမူ ဝေ့ရှောင်းကို ပုန်းနေခြင်း ဖြစ်သည်။ သူက သူ၏ခြေထောက်ကို သုံးပြီး သွေးမည်ဆိုလျှင်ပင် ခေါင်းဆောင်က ထိုသားရဲကို သေချာပေါက် ခေါ်ထားမည်ဖြစ်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။ သူသည် ခေါင်းဆောင်နှင့် ပူးပေါင်းရန် အလို့ငှာ ဝေ့ရှောင်းကို မည်သို့သော စကားလုံးများ ပြောပြီး လှုံ့ဆော်မိကြောင်း တွေးမိသောအခါ ပိုင်ချိုင်သည်လည်း သူဟာ အဆုံးသတ်ပြီဟု ခံစားလိုက်ရသည်။
သူ တကယ်ကို အဆုံးသတ်လောက်ပြီ။
တစ်စုံတစ်ယောက်သော သူ၏ဒေါသကို ပြေလျော့သွားစေရန် အလို့ငှာ ပိုင်ချိုင်သည် ခွေးကြိုးကို ကောက်ယူလိုက်ပြီး အောက်ထပ်သို့ ဆင်းလျက် ပဲပိစပ်လေးနှင့်အတူ လမ်းလျှောက် ထွက်ရန် ဆုံးဖြတ်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် တံခါးဝတွင် ဝေ့ရှောင်းက ပိတ်လှောင်ခြင်းနှင့် တိုးသည်။
ပိုင်ချိုင်.. “!”
ဝေ့ရှောင်းသည် သူ၏ခွေးသားကို မြင်သည်နှင့်ချက်ချင်းဆိုသလို စအော်သည်။
“မင်း ပဲပိစပ်ကို ခွေးလို့ သုံးတာအတွက်ကြောင့်နဲ့ ငါ မင်းကို လွှတ်ပေးမယ်လို့ မတွေးလိုက်နဲ့ “
ပိုင်ချိုင်သည် စက္ကန့်တစ်ဝက်ခန့် တိတ်နေပြီးမှ ပေါက်ကွဲသည်။
“ဖာ့ခ် မင်း အဖေကို_ _ _ငါက ကြင်ကြင်နာနာနဲ့ မင်းရဲ့ခွေးကို ခေါ်ပြီး လမ်းလျှောက်ပေးမလို့။ ဒါတောင်မှ မင်းက ငါ့ကို သောက်ကျိုးနည်း လာပြီး ပြောဆိုဆဲရေးနေတယ် ဟုတ်လား”
ဝေ့ရှောင်း “မင်းလို သောက်ကျိုးနည်း အိမ်တွင်းပုန်းတစ်ကောင်က ခွေးခေါ်ပြီး အရင်လမ်းလျှောက်ထွက်ဖို့ စဉ်းစားထားတယ် ဟုတ်လား။ မင်းမှာ မသက်မသာ ဖြစ်နေတဲ့ ပင်ကိုယ်အသိစိတ် ရှိနေတယ်ဆိုတာကို ဖော်ပြနေတာပဲ”
ပိုင်ချိုင် “ဒီလောင်ဂျီက ကောင်းတဲ့စိတ်ဆန္ဒ။ ဒါပေမယ့် ဒီလိုမကောင်းတဲ့ စိတ်ဆန္ဒအဖြစ် တန်ဖိုးထားခံလိုက်ရတယ်”
ဝေ့ရှောင်း “ မင်းရဲ့ကောင်းတဲ့ စိတ်ဆန္ဒ ဟုတ်လား။ မင်း သောက်ကျိုးနည်း နှလုံးမဲ့တဲ့ သရဲကောင်ရဲ့။ လောင်ပိုင် မင်းမှာ မိတ်ဆွေသစ်တွေ အများကြီး ရှိတာနဲ့ပဲ ငါ တစ်ယောက် အနားမှာ မရှိတော့တာကို မလွမ်းတော့ဘူး ဟုတ်လား။ မင်း ငါ့ဆီကနေ ကိစ္စတော်တော်များများကို သေချာပေါက် ဖုံးထားရမယ်”
ပိုင်ချိုင်၏ အသည်းက နာလာသည်။
“မင်းက မင်းဘာသာတောင် ရူးနေတာ။ မင်းဘာသာ တစ်ယောက်တည်း ရှာလကာရည်သောက်ပြီး ကပ်တွယ်ပြီး သဝန်တိုနေတာလေ။ လောင်ဇီက အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းကို တစ်ဘဝလုံးတောင် ရယ်နိုင်သေးတယ်”
ဝေ့ရှောင်း “ ငါလူး”
28.1 04
“ပိုင်ချိုင် မင်းနဲ့ အဆုံးသတ်ပြီ”
အုတ်အုတ်သောင်းနင်း အခြေအနေကို ကြားသဖြင့် လေ့ကျင့်ရေး အခန်းထဲမှ ထွက်လာသော နင်ကျယ်ဟန်က ပါးစပ်အဟောင်းသား ပွင့်လျက် ကျန်နေရစ်ခဲ့သည်။
ယွဲ့ဝမ်လဲ့သည် တိုက်တိုက်ဆိုင်ဆိုင် သူ၏ အာလူးကြော်ကို စားရင်းပြောသည်။
“ငါ အသင်းကို ဝင်တာ တစ်နှစ် ကြာသွားပြီ။ ဒါပေမယ့် ချိုင်ကောကို ဒီလောက်အင်အား တက်ကြွနေတာမျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်ဖူးတာပဲ”
နင်ကျယ်ဟန်သည် နောက်ပိုင်းမှ အသင်းသို့ ဝင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒီအသိုင်းအဝိုင်းအတွင်းမှ အဖွဲ့ဝင်တစ်ယောက် အနေနှင့် အမျိုးမျိုးသော ပရော်ဖက်ရှင်နယ် ကစားသမားများအကြောင်းကို အများအပြး သိထားလေသည်။
ဥပမာအနေနှင့် FTW၏ လက်ထောက် ပိုင်ချိုင်သည် ဗုဒ္ဓလို လူငယ်ဆိုပြီး ကျော်ကြားလေသည်။ သူသည် အမြဲတစေ ငြင်သာသိမ်မွေ့ ကျော့ရှင်းလျက် မည်သည့် အခြေအနေ ဖြစ်စေကာမူ ပြုံးနေတတ်သည်။ သူသည် အရာအားလုံး အဆင်ပြေသည် စကားလုံးများကို ရေးသားထားရန်ပင် မျှော်လင့်နေလောက်၏။
သို့သော် ယခုမူ _ _ _
ချိုင်ကောသည် ဗုဒ္ဓနှင့်ပင် မတူတော့ချေ။ သူသည် သိသာစွာပင် တာအိုကလေးမျှသာ ဖြစ်သည်။ သူနှင့် ဝေ့ရှောင်းတို့ ဖလှယ်နေသော စကားလုံးများကိုလည်း တွေးတွေးဆဆ တွေးထားပုံ မရချေ။
ယွဲ့ဝမ်လဲ့ကပင်တစ်ယောက်သော သုံးသပ်မှတ်ချက်ပေးသူ၏ စကားလုံးများကိုပင် သတိရသွားသည်_ _ _ နတ်ဘုရားပိုင်က ဝိဉာဉ်ပျောက်နေတယ်။
ဟုတ်တယ် အခု ကြည့်ရတာတော့ နတ်ဘုရားပိုင်ရဲ့ ပျောက်နေတဲ့ ဝိဉာဉ်က ပြန်ရောက်လာပြီထင်တယ်။
သူတို့နှစ်ယောက်သည် အချိန်အတန်ကြာအောင် အချင်းချင်း ပြောဆိုနေလိုက်သည်။ ထို့နောက် ပဲပိစပ်လေးက နောက်ဆုံးတွင် ကြိုးထဲမှ လွတ်သွားပြီး ထွက်ပြေးသွားလေသည်။
ဝေ့ရှောင်းနှင့် ပိုင်ချိုင် “ .. ဖာ့ခ်”
နှစ်ယောက်လုံးဟာ ခွေးနောက်မှ အပြေးလိုက်ကြသည်။
တစ်ကိုယ်လုံး ချွေးများ စိုရွှဲသွားကြပြီးနောက် ပိုင်ချိုင်သည် ဥယျာဉ်အတွင်း ပတ်ပြေးနေသော ပဲပိစပ်လေးကို အရယူ ဖမ်းဆွဲလိုက်နိုင်ခဲ့သည်။ ဝေ့ရှောင်းကမူ သူ၏အားနည်းသော ကြက်ပေါက်လို ခန္ဓာကိုယ်ကို အရယူရင်း သူတို့၏ စကားတိုက်ပွဲကို ဆက်ရန် ပျင်းရိသွားပုံ ဟန်ဆောင်လိုက်သည်။
28.1 04
ပိုင်ချိုင်၏ ဖန်အသိုင်းအဝန်းအတွင်းမှ အကျင့်စရိုက်သည် ငြင်သာသိမ်မွေ့ပြီး စိတ်သဘောထား ကောင်းမွန်သော လူဖြစ်သည်။ glory အသိုင်းအဝိုင်း၏ ခေါင်းဆောင်ရှို့တစ်ယောက် အနေနှင့် သူသည်လည်း အသင်း၏ ဧကရာဇ်ဆိုသော သူ၏လုပ်ဆောင်မှုများနှင့် ကျော်ကြားမှုများကို သိုဝှက်စွာ ဖုံးကွယ်ထားပြီး သူ၏ သရုပ်ဆောင်မှုဟာလည်း ပြီးပြည့်စုံနေသည်။
ဒါပေါ့ သူ့ဘာသာသူ အိပ်မှာပဲနေပြီး လေ့ကျင့်ခန်း လုပ်ရတာကို မကြိုက်ဘူးဆိုတဲ့ အချက်ကလည်း ရှိတာပေါ့။
အားနည်းချင်ဟန်ဆောင်တာက မကောင်းဘူးလား။ ဘာပဲ ဖြစ်ဖြစ် သူ ကိုယ့်ကိုယ်ကို အပင်ပန်းခံစရာ မလိုတော့ဘူးလေ။
ထိုအရာသည် ချိုင်ကော၏ ဘဝအသိဉာဏ်ဖြစ်သည်။ ဝေ့ရှောင်းက ပဲပိစပ်လေး၏ ကြိုးကို လှမ်းဆွဲလိုက်ရင်း ပိုင်ချိုင်အား အသက်ရှူချိန် ပေးလိုက်သည်။ ပိုင်ချိုင်က အငမ်းမရ အသက်ရှူနေပြီး သူ့ကို တစ်ချက်ကြည့်သည်။
“မင်း နောက်ဆုံးတော့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း တွေးနိုင်သွားပြီပေါ့”
ဝေ့ရှောင်း “အင်း”
နှစ်နှစ်ကြာသွားပြီ။ သို့သော် ပိုင်ချိုင်ကမူ ဘယ်သောအခါမှ မမေးခဲ့ချေ။
မင်း ဘာကြောင့်လဲ _ _ _ သူတို့နှစ်ယောက်သည် ပူးပေါင်းခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် ရှင်းလင်းသည်ထက် မပိုနိုင်တော့ချေ။
သို့သော် လွန်ခဲ့သော နှစ်နှစ်ခန့်က အဖြစ်အပျက်ကိုမူ အချင်းချင်း ပြန်မပြောခဲ့ကြချေ။
ဝေ့ရှောင်းက သက်ပြင်းချပြီး မနေ့ညက အဖြစ်အပျက်များကို အသေးစိပ်ကျကျ ပြောပြပေးလိုက်သည်။
လတ်စသတ်တော့ သူတစ်ချိန်က ရင်မဆိုင်နိုင်ခဲ့တဲ့၊ မထိတွေ့နိုင်ခဲ့တဲ့ အရာတွေက ထင်သလောက်လဲ ခြောက်ခြားစရာ မကောင်းဘူးပဲ။
သူ့ရဲ့မိဘတွေ၊ သူ့ရဲ့အဖွား_ _ _
သူ့ရဲ့ကိုယ်ပိုင်နောင်တအပြည့်၊ အပြစ်မကင်းစိတ်နဲ့ အပြစ်တင်စိတ်နဲ့ အရှုံးတွေ
အားလုံးကို ခပ်ကျယ်ကျယ် ထုတ်ပြောလို့ ရနိုင်သွားတယ်။
အဖွားသည် သူ့အား ပျော်ရန် မျှော်လင့်ခဲ့သည်။ ဝေ့ရှောင်းသည် ပြိုင်ပွဲစဉ်ကို စွန့်လွှတ်ပြီးကတည်းက ပျော်ရွှင်ခြင်းနှင့်ပင် အဆက်အသွယ် ပြတ်သွားသည်။
ဆိုတော့ သူ ပြန်လာပြီ။
ပိုင်ချိုင်သည် အံ့ဩသွားသည်။ လေးပင် ကြောင်အလာ၏။ ဝေ့ရှောင်းသည် မိဘများနှင့် အဆင်မပြေကြောင်းကို ခပ်ရေးရေး သိထားသည်။ သို့သော် ထိုမျှအတိုင်းအတာအထိ ဖြစ်နေမည်ဟု မထင်ထားမိချေ။
ဝေ့ရှောင်းသည် ပိုင်ချိုင် သိသင့်သည်ဟု ထင်သဖြင့်သာ အချို့အရာများကို ပြောပြလိုက်ခြင်း ဖြစ်သည်။
လွန်ခဲ့သောနှစ်နှစ် အတောအတွင်း ပိုင်ချိုင်ကသာ ရှိမနေခဲ့ပါက သူသည် မည်သို့ အဆုံးသတ်သွားလောက်ကြောင်း သူကိုယ်တိုင်ပင် မသိလောက်ပါချေ။
ပိုင်ချိုင်သည် ပိုက်ဆံကို လောဘကြီးသည်။ သို့သော် FTW မှ staff team ကစားသမား တစ်ယောက် အနေနှင့် အဖော်ပြု ကစားသမား စီးပွားရေးထံမှ ရမည့် နည်းပါးသော ကော်မရှင်ခကို အမှန်တကယ် ဂရုမစိုက်လောက်ချေ။
သူဒါကို ဝေ့ရှောင်းအတွက် လုပ်ပေးခဲ့တာ။
သူက တစ်ချိန်က သူ့ကို သူတို့ လေ့ကျင့်ရေးစခန်းမှာ ရှိနေခဲ့တဲ့ အချိန်က မြောက်ပိုင်းကနေ တောင်ပိုင်းအထိ တောက်လျောက်ခေါ်ပြီး တိုက်ခိုက်ပေးခဲ့တဲ့ ထိုအရူးလို ငပေါခေါင်းဆောင်ကို ဒီအတိုင်း မလွတ်ပေးထားနိုင်ရုံပဲ။
“ဘာပဲဖြစ်ဖြစ် ငါတို့ အခု တစ်သင်းတည်း ပြန်ဖြစ်သွားပြီ”
ဝေ့ရှောင်းက ပိုင်ချိုင်၏ ရင်ဘတ်ကို လက်သီးဖြင့် အသာထိုးလိုက်သည်။ ပိုင်ချိုင်ကမူ သူ၏နှလုံးသားကမူ လောင်ကျွမ်းသည်ဟု ခံစားလိုက်ရသည်။ သူသည် ဝေ့ရှောင်းကဲ့သို့ လေပေါ် မတက်နိုင်သေးချေ။ သူက ပြောလိုက်သည်။
“ဒါက သောက်ကျိုးနည်း ငါနဲ့ ဘယ်လို သက်ဆိုင်လို့လဲ”
ဝေ့ရှောင်း ရယ်သည်။
“အိုး ဟုတ်သားပဲ။ ငါက အခု Junglerလည်း မဟုတ်ဘူး။ မက်စ်မန်းလည်း မဟုတ်ဘူးဆိုတော့ မင်းကို ပြန်တပ်ကို ခေါ်သွားပေးလို့ မရတော့ဘူး”
ပိုင်ချိုင်က လှောင်သည်။
28.1 05
“ပေါက်ကရတွေ မင်းက Junglerဖြစ်နေရင်တောင်မှ အဲ့ဒီတော့ ဘာဖြစ်လဲ။ မင်းက Closeလောက်သန်မာမှာ ဟုတ်လို့လား။ Closeတောင် မပျံနိုင်ဘူး”
“Closeက တစ်ယောက်ထဲ မသယ်သွားပေးနိုင်ဘူး။ ဒါပေမယ့် မင်း Quiet ဆိုတဲ့တစ်ယောက်ကို သေချာပေါက်တော့ ထပ်ထည့်ပေးရမယ်။ အိုး ငါ့ရဲ့အိုင်ဒီအသစ်က Quietတဲ့ မကောင်းဘူးလား။ စကားမဆက် မင်းရဲ့ altအကောင့်ပေါ်မှာ hype လုပ်ဖို့အတွက် ငါ့ကို CP Name မြန်မြန် ရှာပေးစမ်း”
ပိုင်ချိုင်က စက္ကန့်တစ်ဝက်ခန့် ခဲသွားသည်။
“ဘာ CP Name လဲ”
ဝေ့ရှောင်းက အလွန်တည်ငြိမ်ပြီး ခပ်ပြတ်ပြတ် ပြောသည်။
“ငါနဲ့ Closeပေါ့ သေချာပေါက် အားပါရမယ်။ double phone CPထက် ပိုပြီ ခမ်းနားထည်ဝါပြီး မင်းရဲ့အဲ့ဒီ အသီးအရွက်နှပ်(လုအိပ်စ်ချိုင်CP)ထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းရမယ်။ ငါ Closeရဲ့ CPထောင်ကျော် ကြားမှာ သွေးလွှမ်းတဲ့ လမ်းကြောင်းကို လျှောက်ပြီး အနိုင်အရ ယူရမယ်”
ပိုင်ချိုင် _ _ _ “ဖာ့ခ်”
စာချုပ်ကို လက်မှတ်ထိုးပြီးပြီလား။ ခေါင်းဆောင် ကျေးဇူးပြုပြီး ပြန်ပြီး စဉ်းစားပါဦး။ ငါတို့ အရှက်မဲ့တဲ့ သားရဲကောင်ကြီးကို အသင်းထဲကို တကယ်ခေါ်လို့ မဖြစ်ဘူးနော်။
******
28.2 01
အပိုင်း( ၂၈.၂)
လုဖုန်း “.. FTWက လွပ်လွပ်လပ်လပ် ချစ်ကြိုက်ခွင့်ပြုထားတယ်”
ခွေးနဲ့အတူ အိမ်ထဲသို့ ပြန်လျှောက်လာပြီးနောက် ယွဲ့ဝမ်လဲ့က ဝေ့ရှောင်းကို စိုက်ကြည့်ရင်း သူစားနေသည့် အာလူးကြော် နှစ်ထုပ်ကို ဖိခြေချလိုက်သည်။
ဝေ့ရှောင်းက သတိကပ်လျက် နူတ်ဆက်လိုက်သည်။
“နတ်ဘုရားလဲ့”
ယွဲ့ဝမ်လဲ့ “ ငါ မနေ့ညက မင်းကို တစ်ညလုံး စောင့်နေခဲ့တာ”
ဝေ့ရှောင်းက ခြောက်ကပ်စွာ ရယ်သည်။
“စောင့်တယ်။ ငါ့ကိုလား ဘာအတွက်လဲ”
ယွဲ့ဝမ်လဲ့က အာလူးကြော်ကို ကိုက်ချပြီး တကြွပ်ကြွပ် မြည်လာစေသည်။
“မင်းနဲ့ငါ solo နိုင်ဖို့ စောင့်နေတာပေါ့”
သူ မနက်တစ်နာရီကနေ မနက်ခြောက်နာရီအထိ စောင့်နေခဲ့တာ။
ထိုအချိန်အတောအတွင်း ယွဲ့ဝမ်လဲ့၏ နှလုံးသားအတွင်းမှ ခရီးလမ်းကို မည်သူကမှ နားမလည်နိုင်ချေ။
ဝေ့ရှောင်း “..”???
ဝေ့ရှောင်းက စိတ်အေးစွာ သက်ပြင်းချသည်။
“အိုး solo မင်း စောစောက ပြောသင့်တယ် ငါက _ _ _”
မင်း အိပ်ယာပေါ် ကုပ်တက်ချင်တယ်လို့ ထင်နေတာ။
ပိုင်ချိုင်က မျက်လုံးလှန်သည်။
ဝေ့ရှောင်းသည် သူ၏လည်ချောင်းကို ရှင်းလိုက်ပြီး ယွဲ့ဝမ်လဲ့၏ ပုခုံးကို လှမ်းဖက်လိုက်သည်မှာ ညီအစ်ကိုကောင်းများအလား ထင်ရသည်။
“မင်း စောစောက ပြောသင့်တာပေါ့။ ငါတို့က အနာဂတ်မှာ တစ်သင်းတည်းဖြစ် နေတော့မှာလေ။ ဒါကြောင့် မင်း solo ချင်တဲ့အချိန်တိုင်း ငါ့ကို လာရှာလို့ ရတယ်။ ငါ မင်း သတိလစ်သွားတဲ့အထိ soloပေးမယ်”
ယွဲ့ဝမ်လဲ့ “ “
သူ သတိလစ်ရဦးမယ်။
ဝေ့ရှောင်းက ယွဲ့ဝမ်လဲ့ကို Closeက တစ်နှစ်လုံး လေ့ကျင့်ပေးထားသည့် အချက်ကို တွေးတောလိုက်ပြီးနောက် သူ၏ လက်က ဖော်ပြရန် ခက်ခဲလောက်အောင် ယားလာသည်။
“ငါတို့ဘာလို့ အခု တစ်ပွဲလောက် သွားမဆော့ရမှာလဲ”
ယွဲ့ဝမ်လဲ့ကလည်း ချက်ချင်းလိုလို ကြက်သွေးများဖြင့် အဖြည့်ခံလိုက်ရသည်။
“သွား_ _ _”
ရုတ်တရက် သူတို့၏ နောက်ဘက်မှ အေးစက်သော အသံက ထွက်လာသည်။
“သူ မအားဘူး”
ယွဲ့ဝမ်လဲ့၏ ကျောက အေးစက်သွားသည်။ သူဟာ နောက်လှည့်ကြည့်လိုက်သောအခါ ထိုနေရာတွင် ရပ်နေသည့် သူ၏ ကိုယ်ပိုင်ခေါင်းဆောင်ကို မြင်လိုက်ရသည်။
ဝေ့ရှောင်းက အနည်းငယ် နောင်တရသွားသည်။
“နတ်ဘုရားလဲ့ မင်း လုပ်စရာရှိတာ သွားလုပ်ပါ”
လုဖုန်းက အနားသို့ လျှောက်လာပြီး ဝေ့ရှောင်းကို စိုက်ကြည့်သည်။
“မင်း မအားတာ”
ဝေ့ရှောင်းက မျက်တောင်ခတ်သည်။
“ဘာ ငါက ဘာလုပ်စရာ ရှိသေးလို့လဲ။
သူတောင် မသိရပါလား။
လုဖုန်းက သူ၏ ပဲပိစပ်လေးကို ငုံ့ကြည့်သည်။
“မင်း မင်းရဲ့အိပ်ခန်းအသစ်ကို မကြည့်ချင်ဘူးလား”
ပဲပိစပ်လေးသည် Closeနှင့် အလွန်အမင်း နီးကပ်ရခြင်းအား အလွန်အမင်း ယစ်မူးနေပုံရသည်။ သူသည် အလွန်ကြီးသော ခွေးကြီးဖြစ်သည်။ သို့တိုင်အောင် အဖက်ခံချင်နေသေးသည်။
“အားဝူး”
သူက ကိစ္စမရှိပါဘူးလို့ ပြောတယ်။ သူ အနေနဲ့ ဒီလိုဆွဲဆောင်မှု ကောင်းနေတာကတင် လုံလောက်နေပြီ။
ဝေ့ရှောင်းက အသိစိတ် ပြန်ဝင်သွားသည်။
“အိုး ဟုတ်သားပဲ ငါ အိမ်ပြောင်းရဦးမှာပဲ”
လုဖုန်း .. “မင်းရဲ့တိုက်ခန်းမှာ အရေးကြီးတာ ဘာတွေရှိတာလဲ”
ဝေ့ရှောင်းက တွေးကြည့်သည်။
“ကွန်ပျူတာရယ်၊ ကီးဘုတ်ရယ်၊ မောက်စ်ရယ်”
လုဖုန်း “ဒီမှာ အားလုံးပြင်ထားပေးပြီးသား”
28.2 02
ဝေ့ရှောင်းဟာ အလွန်စိတ်လှုပ်ရှားသွားသည်။ သို့သော် သူသည် ကိုယ်ကိုယ်ကို ထိန်းလိုက်ပြီး စတွေးသည်။
“ဒီလိုဆိုရင် ငါ အဝတ်နည်းနည်းတော့ ပြန်ယူသင့်တယ် ထင်တယ်”
သူက သူ လက်ရှိဝတ်ထားသော အဝတ်အစားကို လက်ဟန်ပြရင်း ပြောသည်။
“ငါ မင်းရဲ့အဝတ်တွေကိုပဲ နေ့တိုင်းဝတ်လို့ မရဘူးလေ”
ယွဲ့ဝမ်လဲ့ကမူ သူ မနက်က ကြားလိုက်ရသည့် စကားလုံးများကို ပြန်တွေးမိပြီး ဝင်ပြောသည်။
“မင်း အလုပ်များနေတယ်ဆိုလည်း ငါ အရင်သွားပြီး runk တက်နေလိုက်မယ်”
ဝေ့ရှောင်းက သူ့ကို လွှတ်ပေးသည်။
“ကောင်းပြီလေ အရှေ့မှာ အချိန်တွေ အများကြီး ရှိနေသေးတာပဲ”
ယွဲ့ဝမ်လဲ့ “_ _ _”
တစ်ဖက်ခြမ်းမှ Junglerကင်း၏ စောင့်ကြည့်ခြင်းကို ခံရသော အေးစက်သော ခံစားချက်မျိုးကိုပင် ခံစားလိုက်ရသည်။
ထင်ယောင်ထင်မှား ဖြစ်နေတာ ထင်ယောင်ထင်မှား ဖြစ်တာပဲ နေမှာပါ။
ဝေ့ရှောင်း၏ အဆောင်ခန်းသည် ပိုင်ချိုင်၏ အခန်းနှင့် နီးသည်။
ပိုင်ချိုင်သည်လည်း သူ၏နောက်မှ လိုက်တက်လာသည်။ တစ်ခုခု လိုအပ်သည်ရှိသော် သူ၏နေရာမှပင်ယူပြီး ဝေ့ရှောင်းကို ပေးရန် စဉ်းစားထားသည်။
ဝေ့ရှောင်းက အခန်းကို တွန်းဖွင့်လိုက်သည်။ ပဲပိစပ်လေးက အရင် ပြေးဝင်သွားသည်။
“အားလုံး ရှိနေတာပဲ”
ဝေ့ရှောင်းကပင် အံ့ဩသွားသည်။
ပိုင်ချိုင် “ “
သူ အတွေးများလွန်းနေတာ ဖြစ်မယ်။
ခေါင်းဆောင်က တစ်စုံတစ်ရာ လိုအပ်နေတဲ့ အဆောင်ခန်းကို ဘယ်လိုများ ပေးလိုက်မှာလဲ။
ထိုနေရာကို အဆောင်ခန်းဟုသာ နာမည်တပ်ထားခြင်း ဖြစ်သည်။ ပြောရမည်ဆိုလျှင် အသေးစား တိုက်ခန်းနှင့်ပင် တူသည်။
FTW အသင်းဖော်များ အားလုံးနေသော အဆောင်ခန်းများသည် အလားတူဖြစ်သည်။ အိပ်ခန်းငယ်လေး တစ်ခန်းနှင့် သီးသန့်သန့်စင်ခန်း ပါသည်။ ပြင်ဆင်မှုများ အားလုံးကလည်း တွေးဆကောင်းမှု ရှိပြီး သက်တောင့်သက်သာ ရှိစေသည်။
ဝေ့ရှောင်း၏ အဆောင်ခန်းသည် ပိုင်ချိုင်တို့ အားလုံးနှင့်ပင် အနည်းငယ် ခြားနားသေးသည်။
သူ၏ အိပ်ခန်းငယ်လေးတွင် ခွေးအတွက် နေစရာ အပိုပါသည်။ ခွေးအိမ်ကြီး ရှိနေရုံသာ မကသေးလေပဲ အမျိုးမျိုးသော ကစားစရာများနှင့် ခွေးစာများကိုပင် ပြင်ပေးထားသေးသည် ။
ဝေ့ရှောင်းက ပတ်ပတ်လည် လိုက်ကြည့်ပြီးနောက် ကျွတ် စုပ်သပ်သည်။
“ခေါင်းဆောင် ခေါင်းဆောင် ဒီအခြေအနေကို ပြင်ထားတာ ကြာနေတဲ့ပုံပဲ”
ဒါကို ညတွင်းချင်း ပြင်လို့ရတာမှ မဟုတ်တာ။ Closeက အခန်းကို ပြင်ဆင်ဖို့ လူကြိုလွတ်ထားတာ ဖြစ်ရမယ်။ ဒီလိုနဲ့ သူလာမဲ့ အချိန်ကို စောင့်နေတာ ဖြစ်မယ်။
လုဖုန်းက “ အင်း” အသံသာ ပေးသည်။ ဝေ့ရှောင်းက သဘောကျသွားသည်။
“မင်း တွေးတွေးဆဆ ပြင်ထားတာပဲ။ ငါ မလာခဲ့ရင် ဘယ်လိုလုပ်မလဲ”
လုဖုန်းက သူ့ကို ကြည့်သည်။
“မင်းက ဒီမှာ ရှိနေတာပဲ မဟုတ်လား”
ဝေ့ရှောင်းက ပို၍ပင် ပျော်ပျော်ရွှင်ရွှင် ရယ်သေးသည်။
“ဟူး ငါက အမှန်တကယ်ကို အလားအလာ ကောင်းနေတာပဲ။ မင်းက ငါ့ကိုတကယ် ဖမ်းမိသွားတယ်”
ပိုင်ချိုင် “_ _ _”
မင်း သောက်ကျိုးနည်း ကိုယ့်ကိုယ်ကို ပင်ကိုယ်အသိစိတ် ရှိနေတာပဲ။ နောက်ပြီး သူ အခု ထွက်သွားလို့ ရပြီလား။ သူ တော်တော်လေးကို ဒီနေရာမှာ ဆက်မနေချင်တော့ပါဘူး။
လုဖုန်း၏ မျက်လုံးထဲတွင် အပြုံးက ရှိနေသည်။
“အင်း တစ်ခုခု လိုအပ်လား သွားကြည့်လိုက်ပါဦး”
ဝေ့ရှောင်းက အခန်းထဲသို့ ဝင်ပြီး ဘေးပတ်ပတ်လည်ကို လိုက်ကြည့်သည်။ သူ ပို၍ပို၍ပင် ကျေနပ်လာသည်။
“ဘာမှမလိုဘူး ငါ့ရဲ့တိုက်ခန်းစာချုပ်ကလည်း ပြည့်တော့မှာလေ။ မသိရင် ဒါက တကယ်ကို “
သူဟာ တစ်စုံတစ်ရာကို ပြောချင်လာသည်။ အရာအားလုံးဟာ အလွန်အမင်း ချောမွေ့အဆင်ပြေနေ၏။ သူသည် ပြိုင်ပွဲစတင်မည့် အချိန်ကိုသာ စောင့်ရန် လိုအပ်သည်။ သို့သော် ရုတ်တရက် အခြားကိစ္စတစ်ခုကို သတိရသွားသည်။
သူ့ရဲ့သူဌေး။
သူ၏ အဖော်ပြု ကစားသမားဆိုသော စီးပွားရေးသည် ထိုဝန်ဆောင်မှု ပေးရမည့် သူဌေးတစ်ယောက်ကို ပိုင်ဆိုင်ထားသေးသည်။ ပရော်ဖက်ရှင် e sport ကစားသမားများ၏ အဓိက သော့ချက် ဝိသေသ လက္ခဏာများသည် အလုပ်များခြင်း ဖြစ်သည်။
28.2 03
Off season အတွင်းပင် မရပ်တန့်နိုင်သေးချေ။ matches ပွဲများ စတင်သည်နှင့် တစ်နေ့လျှင်ပင် ၄၈နာရီ ရှိလျှင်ပင် လုံလောက်လောက်မည် မဟုတ်ပေ။ ၄၈နာရီလုံးကိုပင် လေ့ကျင့်နေရလောက်သည်။
ဒါကို ဝေ့ရှောင်းက ဘယ်လိုလုပ် သူ့ရဲ့သူဌေးက ဂိမ်းကစားနိုင်မှာလဲ။
ဝေ့ရှောင်းက ပိုက်ဆံနှစ်သန်းကို လောဘမကြီးပေ။ သူသည်လည်း ထိုပိုက်ဆံမျာ’ကို ပြန်ပေးပြီး စာချုပ်ဖျက်လိုသည်။ အဖော်ပြု ကစားသမား ပလက်ဖောင်းမှ ယွမ်နှစ်သန်း ဆုံးရှုံးမည့် အခြေအနေကလည်း မထူးခြားနားပါချေ။
ထိုအခြေအနေက နာကျင်လောက်သော်လည်း အခြားနည်းလမ်းလည်း မရှိပေ။ ဘဝတွင် ရွေးချယ်စရာ တစ်ခုကိုသာ လိုအပ်သည်။
သို့ရာတွင်_ _ _
ပြဿနာ ပိုများလေသော ကိစ္စကမူ ထိုပလက်ဖောင်းက တစ်လချင်းစီ တွက်ယူခြင်း ဖြစ်သည်။ သူဌေးက သူ့ကို ပေးထားသော ယွမ်နှစ်သန်းသည် ပလက်ဖောင်းထံ တွင်သာ ရှိနေသေး၏။ ထို့ကြောင့် ဝေ့ရှောင်းအနေဖြင့် မရသေးချေ။
သူကသာ စာချုပ်ကို ဖျက်လိုလျှင် ထိုယွမ်နှစ်သန်းကို သူဌေးဆီ အရင်လွှဲပေးရလိမ့်မည်။ သို့သော် သူ၏လက်ထဲတွင် ဝင်ငွေ မလုံလောက်ချေ။
သူက စုဆောင်းထားသော သုံးသန်းသည် ပိုင်ချိုင်ကိုသာ တမင်တကာ ကြွားဝါထားခြင်း ဖြစ်ပြီး ပလက်ဖောင်းပေါ်မှ နှစ်သန်းရှိပြီးမှသာ သုံးသန်းဖြစ်မည် ဖြစ်သည်။
ဝေ့ရှောင်းက လုဖုန်းကို မေးလိုက်သည်။
“ငါ ကိစ္စတစ်ခု ရှိတယ်။ ငါ ငါ့ရဲ့လခကို အရင်ကြိုထုတ်လို့ရလား”
သူသည် လွတ်လပ်သော ကစာသမား ဖြစ်သည်။ သူ၏ လက်မှတ်ထိုးကြေးသည် လခနှင့် တူသည်။ ထို့ကြောင့် သူ့ကို တစ်လချင်းစီတိုင်း လွှဲပေးပြီး တစ်ပြိုင်နက် ရလိမ့်မည် မဟုတ်ပေ။
လုဖုန်း “ အင်း”
“ဘယ်လောက်လိုလို့လဲ”
“နှစ်သန်း_ _ _”
ဝေ့ရှောင်းက သူ၏ကိုယ်ပိုင်စုဆောင်းထားသော ပိုက်ဆံကို တွေးလိုက်ပြီး ခပ်မြန်မြန် ပြန်ဖြည့်ပြောသည်။
“တစ်သန်းဆိုလည်း ရတယ်”
ထိုပမာဏက မနည်းချေ။ လုဖုန်းက မေးသည်။
“ဘာပြဿနာရှိလို့လဲ”
ပိုင်ချိုင်ကလည်း ဘေးဘက်မှ နားထောင်နေရင်းမှ ရုတ်တရက် နားလည်သွားသည်။
“သေစမ်း ခေါင်းဆောင်က သူ့ရဲ့ နောက်ထပ်နောက်ခံကို မပြောရသေးဘူးလား”
သူ ထွက်သွားချင်နေပြီ သူ တကယ်ကို ထွက်သွားချင်နေပြီ။
ဝေ့ရှောင်းက တစ်ခဏခန့် ရပ်တန့်ပြီးနောက် သူ၏မူလက အလိမ်အညာများကို သတိရသွားကာ အလွန် နောင်တရသွားသည်။
သူ ဘာလို့များ အရမ်းလန်းသလို ဟန်ဆောင်ချင်ခဲ့ရတာလဲ။ သူ ဘာလိုများ ဘဝတစ်ခုကို လိမ်ညာဟန်ဆောင်ခဲ့ရတာလဲ။ ဘာလို့များ သူ့ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားချင်ရတာလဲ_ _ _
အခုတော့ အလိမ်အညာတစ်ခုက နောက်ထပ်ဆယ်ခုကို ဆက်ခေါ်ထုတ်တော့မယ်။
ကံကောင်းသည်မှာ သူ၏ဦးနှောက် လုံလောက်အောင် လျင်မြန်သည်။
“ဒီအတိုင်း_ _ _ ငါ အရင်ပြောဖူးတယ် မဟုတ်လား ငါ့မှာ ကောင်မလေး ရှိတယ်ဆိုတာလေ_ _ _ “
လုဖုန်းက အနည်းငယ် ကြောင်သွားသည်။ လုဖုန်းသည် အမှန်ပင် ကောင်မလေး နှစ်ယောက်ပင် ရှိ၏။ နှစ်ယောက်လုံးသည် သူဖြစ်သည်။
ဝေ့ရှောင်းက သက်ပြင်းချသည်။
“ငါ အခု ပရော်ဖက်ရှင်နယ်အဖြစ် ကစားတော့မှာဆိုတော့ e sport မှာ ဆက်ဆံရေး ရှိတာမျိုးက မရဘူးလေ။ ဒါကြောင့် ငါ သူမကိုလည်း မဆွဲတားချင်လို့ လမ်းခွဲချင်တယ်”
လုဖုန်းက နားလည်သွားသည်။ ပိုင်ချိုင်ကလည်း နားလည်သည်။
ဝေ့ရှောင်းက ဆက်ပြောသည်။
“ငါ ဒီလိုမျိုးကြီးတော့ လမ်းမခွဲချင်ဘူး။ ဒါကြောင့် ကောင်းကောင်းဆိုးဆိုး ပိုက်ဆံလျော်ကြေး ပေးချင်တယ်”
လုဖုန်း .. “ ”
ပိုင်ချိုင်.. “ ”
ဝေ့ရှောင်းကသာ အမှန်တရားကို သိသွားခဲ့သော် သူ သေလောက်သည်။
ဝေ့ရှောင်းက လည်ချောင်းရှင်းသည်။
“နှစ်သန်းက အဆင်ပြေလောက်ပါတယ်။ ပြောရမယ်ဆိုရင် ငါတို့ အတူရှိတာ သိပ်ကြာသေးတာမှ မဟုတ်တာ။ သူသည အရာအားလုံးကိုပင် အတူဆွဲခေါ်လိုက်သေးသည်။ ဝေ့ရှောင်းက လေးစားဖွယ် ကောင်း၏။ သူသည် သူ၏ကိုယ်ပိုင်စကေးထက်ပင် လေးစားဖွယ် ကောင်းလွန်းသေးသည်။
လုဖုန်းက ရပ်တန့်သွားသည်။
သူက ပြောသည်။
“တကယ်တော့ လမ်းခွဲစရာ မလိုပါဘူး”
ပိုင်ချိုင်ကသာ တံခါးကို မကိုင်ထားခဲ့လျှင် သူသည်ပင် လဲကျသွားလောက်သည်။
ဝေ့ရှောင်းက ကြောင်သွားသည်။
28.2 04
လုဖုန်း “FTWက လွပ်လွပ်လပ်လပ် ချစ်ကြိုက်ခွင့် ပြုထားတယ်။ ဒါကြောင့် လေ့ကျင့်မှုကို မသက်ရောက်သမျှ အဆင်ပြေတယ်။
ဝေ့ရှောင်းက အနည်းငယ် ဖိအားများသွားသည်။
“မဟုတ်တာ မဟုတ်တာ မဟုတ်တာ ငါက ချန်ပီယံရှစ်ကိုပဲ စိတ်နှစ်မြှပ်ထားချင်တာ။ အချစ်အတွက် ဘာအခန်းမှ မရှိဘူး”
လုဖုန်း “ရတယ် ငါ မင်းကို Finance ဘက်ကနေ နှစ်သန်းလွှဲခိုင်းလိုက်မယ်။ ဒါပေမဲ့ လမ်းခွဲကြေးတော့ မလိုပါဘူး။ ဒီအတိုင်း နှစ်သိမ့်ကြေးပဲ သဘောထားပါ။ ဘာပဲဖြစ်ဖြစ် တိတိကျကျ တွေးတောကြည့်မယ်ဆိုရင် အချိန်တွေကို မင်းဘာသာမင်း စီစဉ်နိုင်တာပဲလေ”
ဝေ့ရှောင်းက စိတ်အေးစွာ သက်ပြင်းချလိုက်သည်။
“ကောင်းတယ် ကောင်းတယ် သူ လခကြိုရရင် ပိုကောင်းတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို ဖြေရှင်းရမယ်။နောက်ပြီး ဘယ်တော့မှ ကောင်မလေး ရှိဟန်မဆောင်တော့ဘူး။ တော်တော်လေးကို ခက်ခဲတယ်။
လုဖုန်းက ဆက်ပြောသည်။
“ဒါဆိုရင်လည်း ဘာလိုနေလဲ တစ်ချက်ကြည့်လိုက်ဦး။ ငါ သွားပြီး စီမံလိုက်ဦးမယ်”
ဝေ့ရှောင်း “ကောင်းပြီ”
ပိုက်ဆံရလာတဲ့အခါ သူ သူဌေးကို ဆက်သွယ်ရမယ်။ ထိုတစ်ကြိမ်တွင် ပိုင်ချိုင်သည် ဝေ့ရှောင်းကို မျက်နှာချင်းမဆိုင်ရဲသဖြင့် ခိုးထွက်ရန် ကြံစည်လိုက်သည်။
ပိုင်ချိုင် .. “ခေါင်းဆောင်_ _ _ “
လုဖုန်း .. “ရှင်းပြဖို့ မလိုဘူး”
သူသည် မူလကမူ Luဆိုသော အိုင်ဒီကို သုံးပြီး ဝေ့ရှောင်းကို အဖော်ပြုကစားအဖြစ် ခေါ်လျက် ဝေ့ရှောင်းနှင့် နီးကပ်ရင်း ပရော်ဖက်ရှင်နယ် စင့်မြင့်မှ စွန့်ခွာသွားသည့် အကြောင်းပြချက်ကို သိချင်လိုခဲ့သည်။
ယခုအခါ သူ ပြန်လာသောကြောင့် ထို့သို့ဖုံးကွယ်ရန် မလိုအပ်တော့ပေ။
ဒီအတိုင်း ဝေ့ရှောင်းအား ထိုအကွက်သစ်ကို ထုတ်မပြောခဲ့ရန် အချိန်မရှိခဲ့ရုံသာ ဖြစ်သည်။
ပိုင်ချိုင်၏ ဦးနှောက်က နာလာသည်။
“အခုတော့ မပြောပါနဲ့ဦး။ ငါ တောင်းပန်ပါတယ် မရှင်းပြပါနဲ့”
ပိုင်ချိုင်က သူ့အား ခွဲခြမ်းစိပ်ဖြာပြသည်။
“မင်း သူ့ကို ပြောလိုက်ရင် သူ ငါ့ကို ဓားနဲ့ သေအောင်ထိုးသတ်မှာ။ ဒါက ပြဿနာ သေးသေးလေးပဲလေ။ ပြဿနာ ပိုကြီးတာက သူ မင်းကို ၁၀ရက်၊ ၁၀ညလုံးလုံး soloဖို့ ကပ်နေလိမ့်မယ်”
လုဖုန်း “_ _ _”
ဒါလည်း ဖြစ်နိုင်ခြေ ရှိတာပဲ။
လုဖုန်းသည်ပင် ခေါင်းကိုက်လာသည်။
“ဖြည်းဖြည်းချင်း လုပ်တာပေါ့”
ရှင်းပြရန်အတွက် အမှန်ပင် အလျင်းမသင့်ချေ။ မည်သို့ပင်ဆိုစေ ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်ပြီးလျှင် ဝေ့ရှောင်းက ရှက်ရွံ့သွားပြီး တစ်ဖန်ထပ်ပြီး ထွက်ပြေး သွားလောက်သေးသည်။ သူ့အား ပြန်ချော့ခေါ်ရန် မလွယ်ကူခဲ့ချေ။ ထို့ကြောင့် အစိတ်အပိုင်းများကို အရင်ဦးဆုံး တည်ငြိမ်အောင် လုပ်ရပေမည်။
ထိုညတွင် FTW Official ဘလော့က ကြေငြာချက် တစ်ခုကို ထုတ်ပြန်သည်_ _ _။
FTWက Quiet ကို အသင်းထဲက ကြိုဆိုပါတယ်။
ထိုဝေ့ပေါ်ပို့စ် ထွက်လာသည်နှင့် Gloryအသိုင်းအဝိုင်း တစ်ခုလုံးက မိနစ်ပိုင်းတည်းနှင့် ပေါက်ကွဲသည်။
ဆွေးနွေးနယ်မြေတွင် တစ်စက္ကန့်လျှင် ကွန်မန့်ရာကျော်နူန်းဖြင့် တက်လာပြီး Quiet ဟာ မည်သူဖြစ်ကြောင်း မေးနေကြသည်။ သိပ်မကြာခင် တစ်စုံတစ်ယောက်က ယေဘုယျ ဗဟုသုတများကို မျှဝေသည်။
“မဟာဆရာသခင် မဟာဆရာသခင်ပဲ ဖြစ်ရမယ်”
ထို့နောက် ဝေ့ပေါ် မတက်သည်မှာ အချိန်အတန်ကြာပြီဖြစ်သော Closeကပင် ထိုပို့စ်ကို ဖော်ဝ့ါ လုပ်ပေးသေးသည်။ အဖော်ပြုလာသော စာကမူ ရိုးရှင်ကာ တစ်လုံးတည်းဖြစ်သည်_ _ _ ကြိုဆိုပါတယ်။
ထိုအခြေအနေကတင် လုံလောက်သည်။ ပရိတ်သတ်များ အနေဖြင့် ကောင်းကင်ဘုံသို့ ခုန်တက်သွားရန် လုံလောက်သည်။
ဝေ့ရှောင်း၏ ဝေ့ပေါ်အကောင့်ကိုလည်း ဖွင့်ပြီးလေပြီ။ သူက Close၏ စာကို ဖော်ဝါ့လိုက်၏။ သူ၏ စာပါ အကြောင်းအရာများကမူ ပို၍ ရိုးရှင်းသည်။
ဟဲလို အားလုံးပဲ ငါက FTW@Quietပါ။
ကွန့်မန့်ကဏ္ဍာတွင် ပိုင်ချိုင်၊ ယွဲ့ဝမ်လဲ့နှင့် နင်ကျယ်ဟန်တို့ အားလုံးက တစ်ယောက်ပြီးတစ်ယောက် စာချန်သွားကြသည်။
FTWက ပရိတ်သတ်များ၊ anti-fan များ၊ Gloryအသိုင်းအဝိုင်းအတွင်း ပရော်ဖက်ရှင်နယ် haterများ အားလုံးက ညတွင်းချင်း အလင်းကဲ့သို့ လျှင်မြန်သော အရှိန်နူန်းဖြင့် လာကြသည်။
ဝေ့ရှောင်း၏ ဝေးပေါ်ဖန် အရေအတွက်သည် ဒုံးကျည်များအလား ထိုးတက်သွား၏။ ကွန့်မန့်များနှင့် ဖော်ဝါ့လုပ်သော အရေအတွက်များက သူ့အား မိနစ်ပိုင်းတည်းနှင့် ရှာဖွေမှုအများဆုံး စာရင်းထဲသို့ ခုန်တက်သွားစေရန် လုံလောက်သည်။
Gloryအသိုင်းအဝိုင်းကို နေရာတွင်ပင် ပေါက်ကွဲ သွားစေခဲ့သည်မှာ _ _ _
28.2 05
တရုတ်ပြိုင်ပွဲ၏ နယ်မြေအတွင်းတွင် မြင့်မားလှစွာသော ပရော်ဖက်ရှင်နယ် ကစားသမားများ အားလုံးက စာလာချန်သွားကြခြင်း ဖြစ်သည်။
စာပါအကြောင်းအရာများက သပ်သပ်ရပ်ရပ်ရှိပြီး အစီအစဉ်တကျ ရှိသည်။
rr.moonlit .. ပြုံးနေသော အီမိုဂျီ
tpt.oustar ..ပြုံးနေသော အီမိုဂျီ
3U .. asleep .. ပြုံးနေသော အီမိုဂျီ _ _ _
_ _ _
ကောင်းကင်ကိုပင် လှုပ်ခါစေလောက်သော အိုင်ဒီအတန်းလိုက်၏ အောက်ဘက်တွင် ပရိတ်သတ်များဟာ ပေါက်ကွဲ ထွက်ကုန်သည်။
“အိုး ဘုရားရေ ငါ့ရဲ့နတ်ဘုရား ဘာလို့ ဒီအပြုံးထဲမှာ ဓားတစ်လက် ဝှက်ထားတယ်လို့ ငါ ခံစားမိနေတာလဲ”
“ဒါက ဝှက်ထားတဲ့ ဓား ဘယ်လို ဖြစ်မှာလဲ။ ဒါက ဖောက်ခွဲရေး ပစ္စည်းပဲ”
“ဒီလောက် အင်အားကြီးတဲ့ အငြိုးတရား_ _ _ မဟာဆရာသခင်က ပြေးစရာ နေရာမရှိတော့ဘူး။ ဒီQuietက မီးအိမ် မဟာဆရာသခင်ဆိုတာ ရှင်းလင်းနေတာပဲ။ သူက တရုတ်Glory အသိုင်းအဝိုင်းကြီး တစ်ခုလုံးအနှံ့ အနိုင်ကျင့်ခံရတော့မှာ”
ထိုသို့ဖြင့် စစ်မှန်သော အမှိုက်စကားလုံးများက ရောက်ရှိလာသည်။
ဝေ့ရှောင်းသည် နောက်ထပ် ဝေးပေါ်စာ တင်လိုက်ပြန်သည်။
“ငါ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှု စတိုဒီယိုက အိုင်ဒီ ..7758521တဲ့။ သဘက်ခါမှာ စပြီး ထုတ်လွှင့်မယ်။ အဆင့်နိမ့် ဂိမ်းပွဲတွေကို ကစားမှာ မဟုတ်ဘူး။ ဒီအတိုင်း တောက်လျောက် solo ဖို့ စဉ်းစားထားတယ်။ အားလုံးပဲ လာရောက်ပြီး ကလဲ့စားချေဖို့ ကြိုဆိုပါတယ်။ ဘယ်သူလာလာ ငြင်းမှာ မဟုတ်ပါဘူး”
ထိုသို့ဖြင့် သူသည် သူ၏ယခင်ပို့စ်တွင် စာချန်ခဲ့ကြသော ပရော်ဖက်ရှင်နယ် ကစားသမားများအားလုံးကို @တပ်ပြီး မန်းရှင်းထားလိုက်သည်။
******