Ch 29
Viewers 3k

အပိုင်း(၂၉.၁) သူက မင်းနဲ့လမ်းမခွဲချင်ဘူးလား။


ထိုမျှ ကြီးမားသော ဗုံးကြီးကို ပစ်ချပြီးနောက် ဝေ့ရှောင်းက သူ၏ဝေ့ပေါ်၏ စာမျက်နှာကို ပိတ်လိုက်ပြီး ပိုင်ချိုင်နှင့်အတူ နှစ်ယောက် ဝင်တိုးသည်။


ဝေ့ပေါ်မှ ကွန့်မန့်များသည် ပွက်ပွက်ဆူနေသော ရေများအလား ဆက်တိုက် လိမ့်တက်နေပြီး တစ်အိုးလုံးကို ပေါက်ကွဲသွားစေသည်။


“တအား လန်းတာပဲ”


“ဘယ်လောက်တောင်များ ထောင်လွှားလိုက်သလဲ။ သူက သံလက်အိတ်ကြီး တစ်ခုလုံးကို ပစ်ချလိုက်တာ”


“သွား သွား သွား လနတ်ဘုရားရေ သွား သွား သွား သူ့ဆီသွား”


“ပစ် ပစ် ပစ် euroနတ်ဘုရား သူ့ကို သေတဲ့အထိ ပစ်သတ်လိုက်”


“ခုတ် ခုတ် ခုတ် အိပ်စက်ခြင်း နတ်ဘုရား သူ့ကို သွားပြီး ခုတ်ပိုင်းပစ်လိုက်”


“ဘာလို့ ဒီပရိတ်သတ်တစ်အုပ်က မလျော်ကန်တဲ့ စကားတွေကို ပြောနေတာလဲ။ မင်းတို့က ရန်စမှု သေးသေးလေးနဲ့ ပိုဆိုးအောင် လုပ်နေကြတာပဲ”


အကျိုးအကြောင်းသင့်သင့် တွေးတောနိုင်သည့် ပရိတ်သတ်များသည်လည်း ခွဲခြမ်းစိတ်ဖြာ ပြသည်။ 


“ FTWက ဒီ အသစ်က ဘယ်အဆင့်မှာ ရှိနေသလဲ ဆိုတာ မရှင်းလင်းဘူး။ ဒါပေမယ့် သူက သူ့အတွက်သူ ဘယ်လို hypလုပ်ရမလဲ ဆိုတာတော့ သိသားပဲ”


“ဒါပေမယ့် သူက အထောက်အပံ့ ကောင်းကောင်း ရှိမရှိဆိုတဲ့အပေါ်မှာ မူတည်သွားပြီ”


“သဘက်ခါမှ ဘယ်တစ်ယောက်မှ သူ့ရဲ့ စတူဒီယိုကို သွားမှာ မဟုတ်ဘူးလို့ ငါ ဆယ်ယွမ်ကြေး လောင်းတယ်”


“အရူးပဲ သွားမှာ။ သူတို့က ဆယ်သန်းကျော် ထိုက်တန်တဲ့ ပုဂ္ဂိုလ်ကြီးတွေပဲ။ ဘာလို့ အဲ့ဒီကို သွားပြီး လူသစ်လေးတစ်ယောက်နဲ့ ကစားပေးနေရမှာလဲ”


“ဒါပေမယ့် သူက အော်ဟစ်နေတာ။ သူ @တပ်ထားတဲ့ သူတွေက တိုက်ခိုက်ဖို့ သဘောမတူဘူးဆိုရင် ကြောက်သလို မဖြစ်သွားဘူးလား”


Anti -fanများသည် ချက်ချင်းလိုလို စကားပြောခန်းကို ကောက်ထုတ်လိုက်ကြသည်။


“တရုတ်Glory အသိုင်းအဝိုင်းက တကယ်ပဲ ငကြောက် အသိုင်းအဝိုင်းကြီး ဖြစ်နေတာလား။ ကြောက်တာကတော့ ပုံမှန်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံခြားသားတွေကြောင့် မြေပြင်မှာ ဖောက်ခွဲခံထားရတဲ့ အရူးတစ်ဖွဲ့ပဲလေ”


“FTWရဲ့ Top Laner အသစ်က ဘာမှလဲ စိတ်လှုပ်ရှားဖို့  ကောင်းဖို့မကောင်းပါဘူး။ သူက အိမ်ကွင်းမှာပဲ ခြောက်ခြားဖို့ ကောင်းလောက်တဲ့ စွမ်အင်မျိုး ရှိလောက်တယ်။ အဲ့ဒီနောက် သူအပြင်ကို ရောက်သွားကြည့်ပါလား။ ဟွန့် မျိုးနွယ်ခြား ကစားသမားတွေနဲ့ သွားရှုပ်ကြည့်ပါလား”


“သူ့မှာသာ အဲ့ဒီအဆင့်စွမ်းရည်မျိုး ရှိမယ်ဆိုရင် သူ Gloryအသိုင်းအဝိုင်းထဲမှာ ကောင်းကောင်း လှုံ့ဆော်နေဖို့ လိုအပ်ပါ့မလား။ အဲ့ဒီအစား သူ နိုင်ငံခြားအင်အားစုတွေနဲ့ သွားပေါင်းပြီးတာ ကြာပေါ့”


ဝေ့ရှောင်းသည် ကွန့်မန့်များကို မဖတ်ခဲ့ချေ။ သို့သော် FTWမှ  PL team ကမူ အထူးတလည် အာရုံစိုက်ပေးသည်။


ရှန်းလျိုသည် မိုးထိုးတက်နေသော ဝေးပေါ်ဖန် အရေအတွက်များနှင့် ဖော်ဝါ့များကို ကြည့်ပြီး ခံစားချက်အပြည့်နှင့် သက်ပြင်းချသည်။


“ကိစ္စတစ်ခုခုသာ မရှိဘူးဆိုရင် Quiet ရဲ့ ကြေငြာကြေးက တော်တော်လေးကို အံ့ဩဖို့ ကောင်းလာလိမ့်မယ်”


သူသည် တရားဝင် ပွဲဦးမထွက်သေးချေ။ သို့တိုင်အောင် သူ၏ကျော်ကြားမှူကမူ ကောင်းကင်သို့ တက်နေလေပြီ။ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းကတင် ကိုယ်စားပြုမှုကို စေလွှတ်လျက်  သဘက်ခါတွင် ပထမဦးဆုံး ထုတ်လွှင့်မှုအတွက် ကြေငြာအကြောင်း ဆွေးနွေးနေလေပြီ။


ဘယ်လူသစ်တစ်ယောက်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကများ ဒီလောက်ထိ ဆက်ဆံမှုမျိုးကို ရဖူးလို့လဲ။


ဒါက ဘယ်လိုမှ မရဖူးတဲ့ အခြေအနေမျိုးပဲ။


သို့ရာတွင် ရှန်းလျိုကလည်း ဒါက သေးငယ်သည့် စတင်မှုတစ်ခုသာ ဖြစ်ကြောင်း ခံစားနေရသည်။ ပို၍ကြီးမားသော အံ့အားသင့်မှုများက ရောက်လာလောက်သေးသည်။


ဝေ့ရှောင်းကို လက်မှတ်ထိုးပြီးနောက် ရှန်းလျိုသည် သက်ရောက်မှု မြန်ဆန်သော နှလုံးဆေးများကိုပင် ဝယ်ထားသည်။


သူအတွက်ပင် မဟုတ်ချေ။ သူသည် FTW  စီမံခန့်ခွဲမှု တစ်သင်းလုံးအတွက် ဆေးများကို ဝယ်ထားသည်။ ဝေ့ရှောင်းနှင့် ပိုင်ချိုင်တို့သည် နှစ်ပွဲပြီးကာစသာ ရှိသေးသည်။ ပိုင်ချိုင်က သူ့ကို အထင်တသေး ပြောသည်။

29.1 02

“သွား ငါနဲ့လာထပ်ပြီး ဝင်တိုးမနေနဲ့တော့”


ဝေ့ရှောင်းက သည်းမခံနိုင်သလို ဖြစ်သွားသည်။


“လောင်ပိုင် မင်း ပြောင်းလဲသွားပြီ။ မင်း အရင်က ဒီလိုမဟုတ်ပါဘူး”


ပိုင်ချိုင်က မျက်လုံးလှန်သည်။


“မင်းက သောက်ကျိုးနည်း Top Lanerလေ။ ဘယ်လိုများ ငါ့ဆီလာပြီး လောင်ဇီကို လိုက်ပါ ပို့ဆောင်ပေးနိုင်မှာလဲ။ ဒီလောင်ဇီက အထောက်အပံ့။ မင်းလို Top Lanerနောက်ကို မလိုက်နိုင်ဘူး ဟုတ်ပြီလား”


ဝေ့ရှောင်းက သက်ပြင်းချသည်။


“Top Laneက လူတွေရဲ့ဘဝက ခါးသီးလိုက်တာ။ အေးစက်ပြီး အထီးကျန်ဆန်နေတာ။ ဆောင်းတွင်းနှင်းစက်တွေလိုပဲ အာ”


ပိုင်ချိုင် “ငါ လောင်ယွဲ့ကိုပဲ သွားရှာလိုက်တော့မယ် မင်းဘာသာပဲ ကစားနေတော့”


ဝေ့ရှောင်းက လက်ကာပြလိုက်သည်။ 


“မင်း မင်းကို လိုက်မပို့တော့ဘူး ကျေးဇူး မသိတတ်တဲ့လူ”


ပိုင်ချိုင်၏ နူတ်ခမ်းက တွန့်သွားသည်။ သူသည် တွေးလိုက်၏။


အနှေးနဲ့အမြန် မင်းရဲ့ပါးစပ်က မင်းကို သေအောင် ဒုက္ခပေးလိမ့်မယ်။ 


ဝေ့ရှောင်းသည် တစ်ယောက်တည်း ဝင်တိုးကာစသာ ရှိသေးသည်။ 


သူဌေးက လိုင်းတက်လာကြောင်း တွေ့လိုက်ရသည်။ 


ယခုလေးတင် နှစ်သန်းရထားသော ဝေ‌ရှေင်းက အလျင်စလိုပင် သွားရောက်တို့လိုက်သည်။ 


“သူဌေး”


လု ”ရှိတယ်”


ဝေ့ရှောင်းသည် ပေါက်က ရစကားပြောရန် အချိန်ဖြုန်းမနေခဲ့ချေ။ ထို့အစား သူ၏ရည်ရွယ်ချက်ကို ဖော်ပြလိုက်ပြီး ဝမ်းနည်းကြောင်း အီမိုဂျီကို အတန်းလိုက် ပို့လိုက်သည်။


သူသည် ပိုက်ဆံအပြည့် ရီဖန်းပြန်ပေးမည် ဖြစ်သော်လည်း အဆုံးသတ်တွင်မူ သူကသာ သဘောတူညီမှုကို ဖောက်ဖျက်ခဲ့သူ ဖြစ်နေသေးလေသည်။ 


သူဌေးက သူ့အား အဖော်ပြုကစားသမား အတွက်ကြောင့်နှင့် ယွမ်နှစ်သန်းကို အသုံးပြုနိုင်ခဲ့လျှင် ပိုက်ဆံမရှားသောသူမျိုးကို ပိုက်ဆံပေးလျော်လျှင်ပင် လျော်ကြေးပေးရာ မရောက်ချေ။ လုက ခဏခန့်ရပ်တန့်ပြီးနောက် စာရိုက်ပို့လိုက်သည်။ 


“ဂုဏ်ယူပါတယ်”


ထိုစကားလုံးက ဝေ့ရှောင်း၏ရင်ကို နွေးသွားစေသည်။ 


“သူဌေး မင်းက လူကောင်းပဲ”


သူက သဘောတူညီမှုကို ဖျက်လုနီပါးဖြစ်သည်။ မည်သို့တိုင်အောင် သူဌေးကမူ သူအား သူ၏အသက်မွေးဝမ်းကြောင်းအတွက် စိုးရိမ်ပေးနေသေးသည်။ ထိုလူသည် ကြွယ်ဝသော လူကောင်းတစ်ယောက် ဖြစ်သည်။ ဝေ့ရှောင်းက ခပ်မြန်မြန် လိုက်ပြောပေးလိုက်သည်။ 


“င့ါကို အကောင့်နံပါတ်ပေးလေ။ ငါ ပိုက်ဆံပြန်လွှဲလိုက်မယ်”


လု  “မလိုပါဘူး”


ဝေ့ရှောင်း “???”


လု “ငါနဲ့ဆက်ပြီး ကစားပေးဦးလေ”


ဝေ့ရှောင်းက ကြောင်သွားသည်။ ထို့နောက် စိတ်ရှည်စွာရှင်းပြ၏။


“ပရော်ဖက်ရှင်နယ် ကစားသမားတွေက နေ့တိုင်းလေ့ကျင့်ဖို့ အချိန်အားလုံးနီးပါး သုံးရတာဆိုတော့ ငါစိုးရိမ်တာက ...


လု “တစ်ရက်ကို နာရီဝက်လောက်တောင် မရဘူးလား”


ဝေ့ရှောင်း “...”


လု “တစ်ပတ်ကို သုံးပွဲ လေးပွဲလောက်ဆိုလဲရတယ်”


ဝေ့ရှောင်း၏ လက်ချောင်းများဟာ ဆဲဖုန်းပေါ်ကြာသွားသည့်တိုင်အောင် သူသည် စာမရိုက်နိုင်ခဲ့ချေ။ သူဟာ ပိုင်ချိုင်ကို လှမ်းကြည့်လိုက်သည်။


“‌လောင်ပိုင်”


ပိုင်ချိုင်ကလည်း သူ့ကို အလေးအနက် လာကြည့်သည်။


“အာ”


ဝေ့ရှောင်းက ဖော်ပြရန် ခက်ခဲလောက်အောင် ခံစားသွားရသည်။


“ငါ့ရဲ့သူဌေးက အရမ်းကောင်းတာပဲ။ သူက တကယ်ကို ကောင်းလွန်းတယ်။ သူ ဘာပြောလဲ ကြည့်စမ်း။ ငါသာ မိန်းကလေးဆိုရင် သေချာပေါက် သူ့ကို လက်ထပ်ပြီး အိမ်ခေါ်လာမှာ”


ပိုင်ချိုင်၏ လက်က တုန်သွားသည်။ သူသည် သူ၏ကိုယ်ပိုင် ဂျန်ဂလာကိုပင် first blood နှင့် kill ယူရန်အတွက် လွှတ်ထုတ်လိုက်မိရင်း အဆုံးသတ်သွားသည်။


ဝေ့ရှောင်းကမူ စာကို ကျယ်ကျယ်လောင်လောင် ဖတ်ပြပြန်သည်။


“သူက ဘာပြောလဲ ကြည့်ပါဦး_ _ _ တစ်နေ့ကို နာရီဝက်တောင် မရဘူးလား။ ဒါမှမဟုတ် တစ်ပတ်ကို သုံးပွဲ၊ လေးပွဲတဲ့”


ပိုင်ချိုင်သည်လည်း သူ၏အသက်အရွယ်တွင် သတိမထားသင့်သည့် အမှန်တရားတစ်ချို့ကို သိထားသည်။ 


သူ့အတွက် ခက်ခဲလွန်းလိုက်တာ။


ဝေ့ရှောင်း “ ငါ ဘာလုပ်ရမလဲ ငါ သူ့ကို မငြင်းရက်ဘူး”


ဂိမ်းပွဲတွင် သေပြီးကာစ ပိုင်ချိုင်က ရိုးရှင်းစွာပင် နောက်သို့လှည့်လျက် ကြည့်သည်။

29.1 03

“ငါ မင်းကို နားမလည်ဘူး”


ဝေ့ရှောင်း “ဟင်”


ပိုင်ချိုင်သည် တစ်ချိန်လုံး သူ၏နှလုံးသားအတွင်း လှည့်ဖျား‌နေသော မေးခွန်းကို ထုတ်မေးလိုက်သည်။


“မင်းရဲ့သူဌေးက သူ့ကိုယ်သူ ယောက်ကျားတစ်‌ယောက်လို ပြောထားပြီးသား။ ဒါကို မင်းက ဘာလို့ သောက်ကျိုးနည်း ကောင်မလေးဆိုပြီး ခေါင်းဆောင်ကို ပြောလိုက်တာလဲ”


ဖာ့ခ် အကြင်နာ မမဲ့လွန်းစမ်းပါနဲ့ အရူးကောင်ရဲ့။


ဝေ့ရှောင်းက ရိုးသားစွာ ပြန်ဖြေသည်။


“ဒီအတိုင်း ငါ သေတဲ့အချိန်ထိ ငါ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းထားချင်လို့လေ။ အခု ငါ ငါ့ရဲ့အမှားတွေအတွက် ဆိုးဆိုးရွားရွား ခံစားနေရပြီ ထင်တယ်”


ပိုင်ချိုင်သည်လည်း ထိုအကောင်ဟာ ဖွတ်ကျားကာရိုက်တာ ရှိထားပြီးသား သိသည်။


ဝေ့ရှောင်းက သတိအပြည့်ကပ်လိုက်သည်။


“ခေါင်းဆောင်ကို မပြောနဲ့တော့။ ဟေး လောင်ဇီက solo ဂိမ်းပွဲတွေမှာ သူ့ကို မနိုင်ဘူး။ ဒီအတိုင်း သူ့ကို နိုင်နိုင်မယ့် တစ်ခုခု ရှာပေးရုံပဲ မဟုတ်လား။


ပိုင်ချိုင်က လှောင်သည်။


“အခြေအနေနဲ့ ပတ်သက်ပြီး မင်း သူ့ကို နိုင်ချင်တာလား”


ဝေ့ရှောင်းက လည်ချောင်းရှင်းသည်။


“ဒီအသိုင်းအဝိုင်းအတွင်းမှာ Closeက အသက်၂၁လုံးလုံး စင်ဂယ်ဖြစ်နေတာ လူတိုင်း သိထားတဲ့ကိစ္စပဲ။ ဒီလိုအခြေအနေမျိုးမှာ ငါက လှပပြီး နာခံသိတတ်တဲ့ အိုး နောက်ပြီး ကြွယ်ဝချမ်းသာတဲ့ ကောင်မလေးကို အသက်၁၉နှစ်နဲ့ ပိုင်ဆိုင်တာ မလန်းဘူးလား”


လန်းတယ် လန်းလွန်းလို့ မင်း ငိုရတော့မှာ။ 


ပိုင်ချိုင်က သူ့ကို လစ်လျူရှုလိုက်တော့သည်။


“ငါ အဆင့်သွားတက်တော့မယ်။ ကျေးဇူးပြုပြီး ငါ့ကို မနှောက်ယှက်ပါနဲ့”


ဝေ့ရှောင်းသည်လည်း သူ၏သူဌေးအကြောင်း ကြွားချင်ရုံသာ ဖြစ်သည်။ သူ့ထံမှ ထင်မြင်ချက် အမှန်တကယ် မလိုအပ်ပါချေ။


ဝေ့ရှောင်းက လုကို စာရိုက်ပို့လိုက်သည်။


“ဒါက မင်းအတွက် မမျှတဘူး”


လု “ မဟုတ်ဘူး ငါလည်း အခုတလော တော်‌တော်လေး အလုပ်များနေတာ။ နောက်ပြီး ဂိမ်းကစားဖို့ အချိန်မရှိဘူး”


ဝေ့ရှောင်းက သူဌေးသည် လူကောင်းတစ်ယောက် ဖြစ်ကြောင်း ပို၍ပင် ထူးထူးခြားခြား ခံစားလာရသည်။


“ဒီလိုဆိုရင် ဘယ်လိုလဲ။ ငါ မင်းကို ပိုက်ဆံ ပြန်လွှဲပေးမယ်။ နောက်ပြီး ငါ့မှာ အချိန်ရှိတဲ့အချိန်မှာ မင်းနဲ့အတူ အဆင့်တက်ပေးမယ်”


သူတို့က ဒီအတိုင်း မိတ်ဆွေတွေ ဖြစ်နိုင်တာပဲလေ။ ပိုက်ဆံက အရေးမကြီးပါဘူး။


လု “ဒီလိုဆိုရင် မင်းအတွက် အလုပ်များလွန်းလိမ့်မယ်”


ဝေ့ရှောင်း “ အဆင်ပြေပါတယ် မိတ်ဆွေအချင်းချင်း ခေါ်ပြီး အဆင့်တက်ပေးတာပဲ မဟုတ်လား”


လု “ မိတ်ဆွေ ဟုတ်လား”


ဝေ့ရှောင်း “ ဟုတ်တယ်လေ မိတ်ဆွေလုပ်ရအောင်”


လု “ကောင်းပြီ”


ဝေ့ရှောင်းက ပျော်သွားသည်။


“ဒါဆိုရင် မင်းရဲ့အကောင့်နံပါတ်ပေး ငါ မင်းကို ပိုက်ဆံလွှဲလိုက်မယ်”


လု “မင်းပဲ ငါတို့က မိတ်ဆွေတွေလို့ ပြေတာ မဟုတ်ဘူးလား”


ဝေ့ရှောင်း “ ဟုတ်တယ်လေ”


လု “ငါတို့က မိတ်ဆွေတွေဆိုရင် ပိုက်ဆံအကြောင်း မပြောနဲ့”


ဝေ့ရှောင်း “???”


လု “ပိုက်ဆံအကြောင်း ပြောတာက နာကျင်စေတယ်”


ဝေ့ရှောင်း “??????”


သူ့သူဌေးရဲ့ လော့ဂျစ်က _ _ _ သရဲများ ဝင်ပူးခံနေရတာလား။


လု “ဒီအတိုင်းပဲ ထားရအောင်။ ငါလည်း လုပ်စရာ ရှိသေးတယ်။ ဒီတော့ အရင်ထွက်ပြီ”


ဝေ့ရှောင်း “ဟေး”


ကံဆိုးသည်မှာ တစ်ဖက်ခြမ်းမှ ပရိုဖိုင်အင်းမေ့ချ်လေးက မဲသွားသည်။ 


သူ ဝေ့ရှောင်ရှောင်းကဲ့သို့ သူ နေ့စဉ်နှင့်အမျှ လုပ်ချင်သော အရာကို အခြားသော သူကို လုပ်ခိုင်းနိုင်သောသူက အဆုံးသတ်တွင် အခြားသော သူ၏လှည့်ကွက်အောက်သို့ ကျရောက်၍ အဆုံးသတ်သွားရလိမ့်မည်ဟု မထင်ထားမိချေ။ 


အဓိကသော့ချက်ကမူ ထိုလှည့်ကွက်က _ _ _ 


မက်ရှ်မယ်လိုတွေထက်တောင် ပိုပြီး ဗိုက်ပြည့်စေသေးသည်။


ဝေ့ရှောင်းသည် လှုပ်ရှားရန်အကွက်ပင် မကျန်ရစ်ခဲ့သဖြင့် အပေါ်ထပ်သို့ တက်ကာ လုဖုန်းကို သွားရှာရသည်။ 


လုဖုန်းက အောက်ထပ်သို့ ဆင်းလာကာစ ဖြစ်ပြီး နှစ်ယောက်သား ထိပ်တိုက်ဆုံသည်။ ဝေ့ရှောင်း၏ အသံဟာ အတွေးအပြည့်နှင့်ဖြစ်သည်။ 


“ခေါင်းဆောင်_ _ _ “

29.1 04

ဝေ့ရှောင်း “ ဒီလိုရှိတယ်_ _ _ ငါ့ကောင်မလေးကလေ ပိုက်ဆံ မလိုချင်ဘူးတဲ့”


ငါလူး...


သူသည် ကောင်မလေးကို သုံးပြီး လန်းချင်ဟန် မဆောင်တော့ဘူးလို့ ပြောပြီးကာစပဲ ရှိသေးတယ်။ ဒါတောင်မှ သူကြမ်းတမ်းတဲ့ သရုပ်ဆောင်မှုကို လုပ်လိုက်ရတယ်။ 


လုဖုန်းက နူတ်ခမ်းက သိသိသာသာပင် ကော့တက်သွားသည်။ 


“သူက မင်းနဲ့ လမ်းမခွဲချင်တာလား”


ဝေ့ရှောင်းက ချက်ချင်းဆိုသလို အပြေးအလွှား သရုပ်ဆောင်သည်။


“ဟုတ်တယ် ဟုတ်တယ် သူမက ပြောတယ်။ ငါ တစ်ပတ်ကို သုံးလေးပွဲလောက်ပဲ အဖော်ပြုကစားပေးနိုင်ရင်တောင်မှ အဆင်ပြေတယ်တဲ့”


လုဖုန်း “မင်းမှာလည်း ဆွဲဆောင်မှု နည်းနည်း ရှိတာပဲ”


ဝေ့ရှောင်း “ဟူး ငါက ချောမောစွာနဲ့ မွေးဖွားလာခဲ့တာ ဆိုတော့လည်း_ _ _”


လုဖုန်းက ရယ်သည်။


“ကောင်းပြီ ကောင်းပြီ မင်း မလုပ်ချင်ရင်လည်း လမ်းမခွဲနဲ့ပေါ့။ ကလပ်ကလည်း မန်ဘာတွေ ဒိတ်တင်းလုပ်တာကို မတားထားဘူး”


ဝေ့ရှောင်းက ဆုတ်ဖြဲခံလိုက်ရသည်။


“ဒါပေမယ့် ငါကတော့ သူမအတွက် မမျှတဘူးလို့ ထင်တယ်”


လုဖုန်း “ ပျော်ရွှင်ရတယ်ဆိုရင် ပြဿနာ မရှိဘူးလေ”


ဝေ့ရှောင်းက တစ်ခဏခန့် ရပ်တန့်သွားသည်။


လုဖုန်းက ဆက်ပြောသည်။


ဒ့ါအပြင် အခုက off season ပဲ။  မင်း သူ့ကို များများအဖော်ပြုပေးဖို့ အချိန်ရှိတာပေါ့”


ဝေ့‌ရှောင်းက တွေးကြည့်သည်။ 


ဒါလည်း ဟုတ်တာပဲ။


လုဖုန်းက ဆက်ပြောသည်။


“season ဆော့ရင်တောင်မှ မင်းမှာ လုံလောက်တဲ့ အားချိန်တွေ ရှိဦးမှာပဲ။ ဒီတော့ ကိစ္စတွေကို ကောင်းကောင်း ကိုင်တွယ်ပေါ့”


ထိုသို့ပြောပြီးနောက် ဝေ့ရှောင်း၏ အတွေးများဟာ ရုတ်တရက် ကြည်လင်သွားသည်။


သူကသာ အတွေးလွန်သော သူ ဖြစ်လောက်သည်။ သူဌေးသည်လည်း အလုပ်များသော သူ ဖြစ်သည်။ သူသည်လည်း တစ်ပတ်လျှင်လည်း သုံးပွဲ၊လေးပွဲလောက် ကစားပေးနိုင်ခြင်းက သူဌေးအတွက် မတရားလွန်းသလို ခံစားနေရသည်။ သို့သော် သူက ဂရုတစိုက် တွေးကြည့်သော် သူတို့သည် ယခုအခါ အချိန်တစ်ခု ကြာပြီးမှသာ တွေ့ဖြစ်လေသည်။ ထို့အပြင် အားလုံးပေါင်း ကစားထားသည့် ပွဲရေကလည်း များပြားသေးခြင်း မရှိချေ။


သို့ရာတွင် ဒီနှစ်အတိုင်းဆိုရင် သူတို့ကသာ ဂိမ်းပွဲတစ်သောင်းကို ပြီးဆုံးလိုပါက_ _ _


ကောင်းပြီလေ အရာအားလုံးက ကျရှုံးသွားပြီဆိုရင်လည်း သူ တစ်ဖက်လူက မကစားချင်တော့တဲ့အထိ ဒါမှမဟုတ် မကစားနိုင်တော့တဲ့အထိ အ‌ဖော်ပြုပေးရုံပေါ့။


အဲ့ဒီနောက်ပိုင်းမှ ပိုက်ဆံကျန်သေးတယ် ဆိုရင်လည်း ဒီအတိုင်း ပြန်ပေးလိုက်တာပေါ့။


အတိုချုပ်ဆိုရလျှင်လည်း သူသည် သူဌေးအား မနစ်နာရအောင် ကြိုးစားရပေမည်။


ဝေ့ရှောင်းသည် နောက်ပိုင်း လုပ်စရာ မရှိသေးချေ။ ထို့အပြင် သူသည် လုဖုန်းကိုလည်း အလွန်ကျေးဇူးတင်နေသေးမိသည်။


“ခေါင်းဆောင် ခေါင်းဆောင်က ငါ့ရဲ့စိတ်ပိုင်းဆိုင်ရာ မန့်ချာပဲ”


လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က သူ၏နှလုံးသားထဲမှ အထုံးကိုလည်း လုဖုန်းက ဖြည်ပေးသည်။ ယခုအခါ သူဌေး၏ စီးပွားရေး ကိစ္စကိုပင် ခေါင်းဆောင်၏ အကူအညီဖြင့် ဖြေရှင်းရသည်။ သူသည် ကမ္ဘာ့နံပါတ်တစ် အမှန်တကယ် ဖြစ်ထိုက်ပေသည်။


အားပြင်းလွန်းတယ်။


လုဖုန်းသည်လည်း ကော့တက်လာချင်သည့် သူ၏နူတ်ခမ်းများကို အသာဖိချရင်း ပြောလိုက်သည်။


“အခြား ကိစ္စရှိသေးလား”


ဝေ့ရှောင်းသည် တုတ်တိုင်ကို သုံးပြီး ကုန်းတက်သောအခါ မည်သူကမှ မယှဉ်နိုင်သည့် ပါရမီရှင်မျိုး ဖြစ်သည်။


“ရိုးရိုးသားသား ပြောရရင် ငါ့ရဲ့စိတ်ထဲမှာ မင်းရဲ့စိတ်ပိုင်းဆိုင်ရာ ကူညီမှုနဲ့ ရှင်းလင်းရမယ့် အစင်းကြောင်း နည်းနည်းရှိတယ်”  


လုဖုန်း “   ”


လုဖုန်း ထွက်ပြေးလောက်ကြောင်း ခံစားမိသောအခါ ဝေ့ရှောင်း ထပ်ပြီး ပြောသည်။


“သေးငယ်တဲ့ အစင်းလေးပါပဲ  သေးသေးလေပဲ”


“ခေါင်းဆောင် ခေါင်းဆောင်က ငါနဲ့ နှစ်ပွဲလောက် soloပေးမယ်ဆိုရင် မဟုတ်ဘူး သုံးပွဲလောက်ပဲ soloပေးမယ်ဆိုရင် အစပိုင်းကတည်းက ရှင်းသွားမှာပဲ”


လုဖုန်း “မင်း ပုံမှန် season match ပွဲကို နိုင်ပြီးပြီလား”


ဝေ့ရှောင်း “_ _ _”


လုဖုန်း “play off ကို နိုင်ပြီးပြီလား”


ဝေ့ရှောင်း “_ _ _ “


 လုဖုန်းက သူ၏နဖူးကို ပုတ်သည်။


“သွား 5 Vs 5လုပ်”


ဝေ့ရှောင်းသည်လည်း ဆန္ဒမရှိသည့်တိုင်အောင် နောက်ဘက်မှ လိုက်လာရသည်။ ထို့နောက် ပြောလိုက်၏။


“ခေါင်းဆောင် ငါ့မှာ ပြဿနာ တစ်ခုရှိတယ်”


လုဖုန်း  “အင်း”


ဝေ့ရှောင်း “ တကယ်ပါ ခေါင်းဆောင်ကပဲ ကယ်တင်ပေးနိုင်မယ့် ပြဿနာကြီးပဲ”


လုဖုန်း၏ စိတ်အခြေအနေကမူ cross talk ပြောနေသော လူတစ်ယောက်အကြောင်းကို နားထောင်နေရသလို ဖြစ်နေသည်။


“ဘယ်လိုမျိုးလဲ”


******


29.2 01

အပိုင်း(၂၉.၂) သမိုင်းသွေး


ဝေ့ရှောင်းက သူ ဝေ့ပေါ်ပေါ်တွင် အမှိုက်လိုစကား အပြည့်ပါသော ပို့စ်ကို မည်သို့မည်ပုံ တင်ခဲ့ကြောင်းအား သနားစဖွယ်ကောင်းအောင် ဟန်ဆောင်ရင်း အလျင်စလို ရှင်းပြလိုက်သည်။


“သူတို့က သေချာပေါက် ငါ့ဆီ အရူးလို  ချီတက်လာပြီး လာရောက်ဖြေရှင်းမှာ သေချာတယ်။ ငါကပဲ အဆုံးသတ်မှာတော့ မျက်ရည်ကျတဲ့အထိ အနိုင်ကျင့်ခံရမှာပေါ့”


လုဖုန်းကလည်း သူ၏ဝေ့ပေါ်ပို့စ်ကို မြင်ပြီးသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် သူ့အား မျက်လုံးများ မှေးကျင်းကာ ကြည့်လိုက်သည်။ 


“မင်းက မျက်ရည်ကျတဲ့အထိ အနိုင်ကျင့်ခံရမယ် ဟုတ်လား”


သူကတောင် ငိုအောင် မလုပ်ရသေးဘူး။ ဘယ်သူက လုပ်နိုင်မှာလဲ။


ဝေ့ရှောင်ရှောင်းက သူ၏ကြိုးစားအားထုတ်မှုများကို နှစ်ဆခန့် တိုးမြင့်လိုက်သည်။


“ဒါက အရမ်းဖြစ်နိုင်ချေ ရှိတာပေါ့။ ခေါင်းဆောင် ခေါင်းဆောင် တွေးကြည့်ပါဦး။ ငါ အရင်က သူတို့ကို အနိုင်ကျင့်ခဲ့တဲ့ အချိန်က သူတို့က ဒီအတိုင်း reserp teamက အကောင်ပေါက်လေးတွေ ဒါမှမဟုတ် လူသစ်လေကျင့်ရေးစခန်းက အကောင်ပေါက်တွေပဲလေ ဒါပေမယ့် အခု သူတို့အားလုံးက သူတို့ရဲ့ အသင်းအသီးသီးမှာ စတက်တာတွေ ဖြစ်နေကြပြီ။ နောက်ပြီး ပြိုင်ပွဲတွေမှာ အတွေ့အကြုံ အများကြီးရှိတဲ့ စတား ကစားသမားတွေလေ။ ဒီတော့ သူတို့ရဲ့အဆင့်က အများကြီး ခုန်ပျံကျော်လွှားတက်သွားမှာပဲ”


“ငါ့အတွက်ကတော့”


ဝေ့ရှောင်းက မျက်ရည်တုဆေးကိုပင် ယူပြီး မျက်ရည်အတုများ ကျချင်သွားသည်။


“ငါက နှစ်နှစ်တောင် ထွက်သွားခဲ့တာဆိုတော့ နှစ်တိုင်းလိုလို အသစ်ကလေးတွေကိုပဲ အနိုင်ကျင့်ပြီး အသက်ရှင်နိုင်နေရတာလေ။ ဒီတော့ တိုးတက်မှုက မရှိပါဘူး”


သူ ပြောသော အနိုင်ကျင့်ခံရသည့် အသစ်ကလေးများသည် ထိုစကားကို ကြားပါက သူ့ကို အမှန်တကယ် သတ်ချင်လောက်သည်။


လုဖုန်းက အချိန်တစ်ခုခန့် အမှန်တကယ် ယိမ်းယိုင်သွားသည်။ 


ဝေ့ရှောင်သည် မီးထဲသို့ ဆီလောင်းထည့်သည်။


“ခေါင်းဆောင် ဒါက ငါ့ကို ကူညီပေးနိုင်ရုံတင် မဟုတ်ပဲ ငါတို့ရဲ့ FTWကို ကူညီနေတာ ဖြစ်မှာနော်။ ငါကသာ ဝမ်းနည်းစရာ ကောင်းလောက်‌အောင် အနိုင်ကျင့်ခံလိုက်ရမယ်ဆိုရင် FTWရဲ့ ဂုဏ်သိက္ခာကတော့ သက်ရောက်ခံရမှာပဲ”


ဒါပေါ့ သူနိုင်ဖို့ သေချာပေါက်ယုံကြည်မှု ရှိတာပေါ့။


ဘယ်သူပဲဖြစ်ဖြစ်ပါ။ Closeသာ မဟုတ်ရင် အားလုံးက သူ့ရဲ့ ညီငယ်လေးတွေပဲ။


သို့ရာတွင် ဝေ့ရှောင်းသည် လုဖုန်းထံမှ solo match ပွဲအချို့ကို ညစ်ထုတ်နိုင်ရန် အလို့ငှာ ထိုညီငယ်လေး ဟန်ဆောင်ရန်လည်း ဆန္ဒရှိလေသည်။


‌လုဖုန်းက သူ့ကို ငုံ့ကြည့်လေသည်။ 


ဝေ့ရှောင်က သနားစဖွယ်လေး ပြန်ကြည့်သည်။


“ခေါင်းဆောင်”


သူသည် နောက်ဆုံးအသံကိုပင် ဆွဲလိုက်သေးသည်။


“လုဖုန်း_ _ _ “


ဝေ့ရှောင်းက လက်ခုပ်တီးသည်။


“ကျေးဇူးပြုပြီး”


လုဖုန်းသည် ဘေးသို့ တစ်ချက်လှည့်လိုက်လျက် double tranning အခန်းထဲသို့ သွားလိုက်သည်။ 


ဝေ့ရှောင်းက ဒါကို ဘယ်လိုများ နားမလည်ပဲ နေမှာလဲ။


သူသည် ချော်ထွက်လာသော ငါးတစ်ကောင်အလား ချက်ချင်းလိုလို လျောဝင်လိုက်ပြီး နောက်ဘက်မှ တံခါးကိုပင် ချက်ချင်းလိုလို သော့ပိတ်လိုက်သည်။


ဝေ့ရှောင်းက ပြုံးဖြီးဖြီး ရယ်သည်။ 

“ဒီည ဒီတံခါးကနေ ထွက်သွားဖို့ မစဉ်းစားနဲ့”


ထိုအခိုက်အတံ့တွင် လုဖုန်း၏ လက်များကပင် အနည်းငယ် ယားယံလာသည်။


အခြားတစ်ဖက်ခြမ်းတွင် လေ့ကျင့်မှုများအားလုံးကို ပြီးဆုံးသွားကာစ ယွဲ့ဝမ်လဲ့သည် ရှပ်တိုးလေ့ကျင့်ရေး အခန်းထဲသို့ သူ၏ အာလူးကြော်ထုပ်လေးများကို ကိုင်ရင်း ချီတက်လာသည်။


နင်ကျယ်ဟန်က အခန်းထဲမှ ထွက်လာကာစ ဖြစ်သည်။ သူက ထိုအခြေအနေကို မြင်သောအခါ လှမ်းမေးသည်။


“လဲ့ကော လဲ့ကောက_ _ _”


ယွဲ့ဝမ်လဲ့က စားပွဲပေါ်သို့ အားလူးကြော်ထုပ်များကို တင်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် တစ်ထုပ်ကို ဆွဲဖွင့်လိုက်ကာ အားလူးကြော် တစ်ပြားကို ဝါးစားရင်း ပြောသည်။


“ငါ ဝေ့ရှောင်းကို စောင့်နေတာ”


နင်ကျယ်ဟန်က မျက်တောင်ခတ်သည်။


“soloအတွက်လား”      


ယွဲ့ဝမ်လဲ့ “ဟုတ်တယ်”


နင်ကျယ်ဟန်က အံ့ဩသွားသည်။


“ကောတို့တွေ_ _ _ကြိုပြီး ပြောထားသေးလား”


“မပြောဘူး” 

29.2 02

ယွဲ့ဝမ်လဲ့က ငြင်းသည်။ သို့သော် သူသည် အလွန်သေချာနေ၏။


သူ သေချာပေါက် ငါ့ဆီ လာလိမ့်မယ်။


နင်ကျယ်ဟန်က ပဟေဠိ ဖြစ်သွားသည်။


“ဘာကြောင့်လဲ”


ယွဲ့ဝမ်လဲ့က ယုံကြည်မှုအပြည့်နှင့် ဖြစ်သည်။ 


“သူ ဝေ့ပေါ်ပေါ်မှာ အမှိုက်လိုစကား အပြည့်ပြောပြီး gloryရဲ့ အသိုင်းအဝိုင်း တစ်ဝက်လောက်ကို လွှင့်ထွက်သွားအောင် လုပ်ထားတာလေ။ သဘက်ခါမှာ ကစားရမယ့် soloပွဲတွေ အတွက်ကြောင့်နဲ့ သေချာပေါက် သွေးပူအောင်လုပ်ဖို့ လူတော့ လိုမှာပါ”


သံသယဝင်ရန် မလိုလောက်အောင် ထိုလူသည် သူဖြစ်သည်။


နင်ကျယ်ဟန် “_ _ _  “


ယွဲ့ဝမ်လဲ့က သူ့ကို ကြည့်သည်။


“မင်းရဲ့ပုံစံက ဘာလဲ”


နင်ကျယ်ဟန်သည် အလွန်တွန့်ဆုတ်နေသည်။ သို့သော် သူသည် အမှန်တရားကိုသာ ပြောလိုက်ရ၏။


“အခုလေးတင် အခု အခုလေးတင် ခေါင်းဆောင်နဲ့ ဝေ့ကောတို့ soloနေတာကိုတွေ့ခဲ့တယ်”


ခရက်ရှ်


လောင်ယွဲ့၏ လက်ထဲမှ အာလူးကြော်များက ချက်ချင်းဆိုသလို အရသာပျက်သွားသည်။


ဝေ့ရှောင်ရှောင်းသည်သာ ထိုညဟာ မည်မျှပင် ကြောက်ရွံ့ရိုသေဖွယ်ကောင်းကြောင်း သိလောက်သည်။


သူသည်လည်း gloryအသိုင်းအဝိုင်းထဲတွင် ပရော်ဖက်ရှင်နယ် ကစားသမား အလွန်များလွန်းသော အကြောင်းအရာကို အလွန်အမင်း ကျေးဇူးတင်သင့်သည့်ဟု ခံစားရသည်။ သူသည် နာမည်တစ်ခုချင်းစီ ပြော၏။ လုဖုန်းကလည်း သူ ပြောသော နာမည်ပိုင်ရှင်များက ကျော်ကြားသည့် ဟီးရိုးများကို သုံးပေးပြီး သူနှင့် soloပေးသည်။ အဆုံးသတ်တွင် _ _ _ 


လုဖုန်းက သူ့ကို ကြည့်သည်။


“ဘယ်သူကျန်သေးလဲ”


ဝေ့ရှောင်းသည် သူကြိုတွေးထားပြီးသား gloryမှ စတက်တာများ၏ နာမည်တိုင်းကို ရွတ်ပေးလိုက်သည်။


“ဒီမှာ ရှိသေးတယ် ရှိသေးတယ်”


၁၂နာရီ ထိုးသည်အထိ သူသည် ဆက်လက်ကစားချင်နေသေးသည်။


လုဖုန်း “နာမည်”


ဝေ့ရှောင်းသည် တွေးရလွန်းသဖြင့် ခေါင်းကိုပင်ကွဲလုနီးပါး ဖြစ်အောင် လုပ်နေပြီ။ နောက်ဆုံးတွင် နာမည်တစ်ခုက ထွက်လာ၏။


“ပိုင်ချိုင်”


လုဖုန်း “ _ _ _ _”


ဝေ့ရှောင်းက အရှက်မဲ့သော သူအဖြစ် ပြောင်းလဲသွားသည်။


“ခေါင်း‌ဆောင် ခေါင်းဆောင် ချိုင်ကောကို အထင်သေးလို့ မရဘူး‌နော်။ ချိုင်ကောက တရုတ်ပြည်ရဲ့ ထိပ်တန်းအဆင့် အထောက်အပံ့။ သူက ကျော်ကြားပြီး မြင့်မားလွန်းတဲ့ နတ်ဘုရားပိုင်ပဲ”


လုဖုန်းက သူ၏ပုခုံးကို အသာလှုပ်သည်။


“သူက ဘေးခန်းမှာ။ ငါ သူ့ကို မင်းအတွက် ခေါ်ပေးမယ်”


ဝေ့ရှောင်း “ဟေး_ _ _”


လုဖုန်းက သူ့ကို ကြည့်သည်။


“ကောင်းကောင်း solo ပိုင်ချိုင်ဆီမှ မရှုံးစေနဲ့”


ဝေ့ရှောင်း “_ _ _ “


ဘယ်သူက အဲ့ဒီအားယားနေတဲ့ ပိုင်ချိုင်နဲ့ soloချင်မှာလဲ။


ယခု‌လေးတင် ပဲပိစပ်လေးနှင့် သူ၏ဆက်ဆံ‌ရေးကို တိုးတက်အောင် လုပ်ပြီးကာစ ချိုင်ကော “ ဟက်ချိုး”


ပဲပိစပ် “အားဝူး”


ချိုင်ကောက သူ၏ခေါင်းကို ပုတ်ပေးသည်။


“ငါ နှာချေရင် ၁၀ကြိမ်မှာ ၉ကြိမ်ဟာ မင်းအဖေ ငါ့ရဲ့ သောက်ပေါက်ကရ အကြောင်း ပြောနေတာပဲ ဖြစ်မယ်”


နောက်ဆုံးတွင် FTW@Quietသည် သူ၏အသက်မွေးဝမ်းကြောင်းတွင် ပထမဦးဆုံးသော တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လေသည်။


စတော်ဘယ်ရီ ပလက်ဖောင်းသည် အများ၏အာရုံကို ဖမ်းစားရန် အလို့ငှာ တစ်သုတ်ပြီး တစ်သုတ် ကြေငြာချက် ထုတ်ထားသည်။


ပြောရမည်ဆိုလျှင် ကြေငြာချက် မလိုအပ်ချေ။ မရေမတွက်နိုင်သော ပရိတ်သတ်များက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ဆောင့်ကြောင့် ထိုင်စောင့်ပြီး ပွဲကြည့်ရန် အသင့်စောင့်နေပြီးသား ဖြစ်သည်။


မည်သူကမှ မမြင်ဖူးသလို၊ မည်သို့သော ရုပ်ရည်မျိုး ရှိလောက်ကြောင်းပင် မသိသော အသစ်စက်စက် လူသစ်လေးတစ်ယောက်က ထိုမျှ လွှမ်းမိုးမှုကို ပိုင်ဆိုင်ထားသည်။

29.2 03

ထိုအခြေအနေသည် gloryတွင် သမိုင်းပင်တွင်လောက်သည်။ တရုတ်တွင်ပင် မဟုတ်လောက်ချေ။ ပြိုင်ပွဲ၏ နယ်မြေ ၁၆နယ်မြေတွင်ပင် မည်သူကမှ ထိုသို့ မလုပ်နိုင်ခဲ့ဖူးလောက်သေးချေ။


တိုက်ရိုက်ထုတ်လွှင့်မှုက စတင်ရန် အချိန်ကျလာသည်။


ဝေ့ရှောင်း၏ အမူအယာက ခိုင်ခိုင်မာမာ ရှိပြီး အလွန်အမင်း တည်ငြိမ်နေသည်။ သို့သော် ဘေးဘက်မှ စောင့်ကြည့်နေသော ပိုင်ချိုင်က အမှန်တကယ်ပင် စိုးရိမ်လာသည်။


သေစမ်း နှလုံးသားတွေ၊ သတ္တိတွေနဲ့ ပက်သက်လာရင် သူတို့က အရွယ်အစား မတူဘူးထင်တယ်။


ပုံမှန်အားဖြင့် ပိုင်ချိုင်သည် လုံလောက်သော သတ္တိကို ပိုင်ဆိုင်ထားသည်။ သို့သော် ထိုသားရဲကောင်လေးနှင့် ယှဉ်သော် သူ၏နှလုံးသားသည်  မျက်လုံးထဲမှ ပင်အပ်အရွယ်အစားခန့်အထိ ကျုံ့နေသည်ဟု ခံစားရသည်။


ဝေ့ရှောင်းက မိုက်စ်ကို ဖွင့်သည်။


“အသံကြားရလား”


ချက်ချင်းဆိုသလိုပင် ဖြတ်ကနဲလက်လျက် ကွန့်မန့်များက ပေါက်ကွဲထွက်သွားသည်။


“အိုး ဒီအသံက အရမ်းကောင်းတာပဲ”


“ငယ်သေးမယ့်ပုံပဲ”


“မဟာဆရာသခင်က လက်စသတ်တော့ ညီငယ်‌လေးလား”


“မင်းတို့ကောင်တွေက သူ့ကို မဟာဆရာသခင် မဟာဆရာသခင်ဆိုပြီး ဟိုဟိုဒီဒီလျှောက်ခေါ်နေတာ။ ငါက သူ့ကို တအားအိုနေမယ်ထင်နေတာ”


အချို့သော အမျိုးသမီး ပရိတ်သတ်များက စတင်ကာ စဉ်းစားတွေးတောနေကြပြီ ဖြစ်သည်။ 


“နတ်ဘုရားကျူ ဗီဒီယိုလေးများ မဖွင့်ချင်ဘူးလား”


“သူ့ရဲ့အသံက တော်တော်လေးကို နားထောင်ကောင်းတယ်ဆိုတော့ သူ့ရဲ့ရုပ်ရည်ကိုလည်း သိချင်နေကြပြီ”


ဝေ့ရှောင်း “မဖွင့်တာ ကောင်းမယ်ထင်တယ်”


glory၏ အသိုင်းအဝိုင်းထဲတွင် ရှေ့တန်းအသင်းတစ်သင်း ဖြစ်သည့်အလျောက် FTWသည် anit fan အလွန်များသည်။ ထိုအချိန်တွင် သူတို့အားလုံးက သူတို့၏ အမြှောက်များကို ချက်ချင်းလိုလို မီးပြေးရှို့ကြသည်။


“ကြည့်ရတာ သူက ရုပ်ဆိုးတဲ့ပုံပဲ”


“ရုပ်ဆိုးတဲ့ ချွေးမလေးက သူ့ရဲ့ယောက္ခမနဲ့ တွေ့ဖို့ အချိန်လိုသေးတာပဲ။ ကင်မရာကို ဖွင့်လိုက်။ အနှေးနဲ့အမြန် ခုံရုံးပေါ် တက်ရမှာပဲ”


ဝေ့ရှောင်းက အရင်က မမြင်ဖူးတဲ့ အကွက်ကြီးကြီးတွေက ဘယ်မှာရှိမှာလဲ။


သူသည် လူများကို ဒေါသထွက်‌အောင် လောင်စာထည့်ပေးခြင်းနှင့် ပက်သက်လာသော anit fan များက တုန်ယင်လျက်‌ ကြောက်ရွံ့မှုဖြင့် နေက်ဆုတ်သွားရပေလိမ့်မည်။


ဒါပေါ့ သူက အခု ပရော်ဖက်ရှင်နယ် ကစားသမား ဆိုတော့လည်း ပညာရှင်ဆန်ဆန်လေး နေဖို့ အာရုံစိုက်ရတာပေါ့။


ဝေ့ရှောင်း .. “အဓိကအားဖြင့်တော့ ငါကသာ ဒီဗီဒီယိုကို ဖွင့်လိုက်မယ်ဆိုရင် စိုးရိမ်တာက_ _ _ မင်းတို့တွေ ငါ soloကစားတာကို မကြည့်ချင်ကြတော့မှာကိုပဲ”


ဆက်တိုက်လိမ့်တက်နေသော ကွန့်မန့်များက ရုတ်တရက် ရပ်တန့်သွားသည်‌။


ဝေ့ရှောင်းက ဆက်လက်ပြီး ပျင်းရိစွာ ပြောနေသေးသည်။ 


“တွေးကြည့်ပါ ကစားသမားတွေက သူတို့ရဲ့အရှက်တရားကို လာပြီး ဆေးကြောကြမှာ မဟုတ်လား။ ဒါပေမယ့် အဆုံးသတ်မှာတော့ မင်းတို့က ငါ့ရဲ့မျက်နှာကိုပဲ စိုက်ကြည့်နေကြမယ်ဆိုရင် ဒါက မကောင်းဘူးလေ ဟုတ်တယ်မလား”


သူသည် သူ၏ကိုယ်ပိုင်မေးခွန်းကို ပြန်ဖြေသည်။ 


“ဒါပေါ့ မကောင်းဘူးပေါ့ သေချာပေါက် မကောင်းဘူး”


အမာခံ ပရိတ်သတ်ပင် ဖြစ်စေ၊ anti fanပင် ဖြစ်စေ၊ ဖြတ်လျှောက်ပင် ဖြစ်စေ အရေးမကြီးပေ။ သူတို့အားလုံး ..”_ _ _   “ 


FTW က တော့လိန်းနာကို ပြန်ခေါ်လိုက်တာလား။ အမှိုက်စကားပြော ဘုရင်ကို ခေါ်လိုက်တာလား။


ဝေ့ရှောင်းသည် ဂိမ်းထဲသို့ လော့အင်ဝင်ရုံသာ ရှိသေးသည်။ ဖရန့်ရီကွက် အမြောက်အမြားကို လက်ခံရရှိလိုက်သည်။


တစ်စုံတစ်ယောက်နှင့် soloလိုလျှင်  friend အရင် အပ်ထားမှသာ ပို၍အလျဉ်းသင့်ပေလိမ့်မည်။


နဂိုက သူ၏စိန်ခေါ်မှုကြောင့် သက်ရောက်ခံရလျှင် ရောက်လာမည့် ပရော်ဖက်ရှင်နယ် ကစားသမား မရှိလောက်ဟု ထင်ထားကြသော ပရိတ်သတ်များသည် အံ့အားသင့်မှုအပြည့်နှင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။


rr@moonlitက friend အဖြစ် အပ်ဖို့ တောင်းဆိုထားတယ်။


tpt@ouru starက friend အဖြစ် အပ်ဖို့ တောင်းဆိုထားတယ်။


3U@asleep က friend အဖြစ် အပ်ဖို့ တောင်းဆိုထားတယ်_ _ _


သောက်ကျိုးနည်း သူတို့အားလုံး ရောက်လာတာပဲ။ ဒီအဓိက ကလပ်တွေက မန်နေဂျာတွေ ရူးကုန်ကြပြီလား။ သူတို့ ကိုယ့်ကစားသမားကို မထိန်းနိုင်တော့ဘူးလား။


မပြောနဲ့ သူတို့ တကယ် မထိန်းနိုင်တာ။


မနေ့ညက_ _ _


Rr base တွင် မန်နေဂျာချန်းက ခါးသီးစွာ တောင်းပန်လေသည်။ 

29.2 04

“ယွဲ့ယွဲ့ မင်း မနက်ဖြန် တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယိုကို မသွားလို့ရမလား”


Moon lit က နှာခေါင်းရှုံ့သည်။


“စိန်ခေါ်တဲ့ အဲ့ဒီသံလက်အိတ်က ငါ့ရဲ့မျက်နှာကို တိုက်ရိုက်ထိထားတာ။ ငါက သွားလို့ မရဘူးဟုတ်လား”


မန်နေဂျာချန်းသည်လည်း ယခင်က ရီပလေး ဗီဒီယိုကို မြင်ဖူးလေသည်။


“မစ်လိန်းနေရာက ကစားသမားက soloဖို့ သင့်တော်တာ မဟုတ်ဘူး။ မင်း အဲ့ဒီလောက်ထိ အာရုံစိုက်မနေပါနဲ့။ မင်းရှုံးသွားရင် ဘယ်လိုလုပ်မလဲ”


မှော်ဆရာ ဘုရင်ယွဲ့သည် ချက်ချင်းဆိုသလိုပင် ခက်ထန်လာသည်။


“ငါက အရှုံးကို ကြောက်လို့လား”


မန်နေဂျာချန်း “  “


မင်းတော့ မကြောက်ဘူး။ ငါတော့ ကြောက်တယ်။


မွန်းလစ်သည် သူ့ကိုယ်သူ အလွန်ကြမ်းတမ်းသည်။


“ငါ ရှုံးသွားရင် နေ့တိုင်း ငါ့အတွက်ငါ လေ့ကျင့်ချိန် နှစ်နာရီ ထပ်ထည့်ပေးမယ်”


မန်နေဂျာချန်း “ အွန်း_ _ _ ”


မွန်းလစ်က သူ၏စိတ်ထဲသို့ တိုက်ရိုက်စိုက်ကြည့်ပြီး နှိုးဆွလိုက်သလိုမျိုး ဖြစ်သွားသည်။


“လတိုင်းလိုလို တိုက်ရိုက်ထုတ်လွှင့်မှုအချိန်ကို ဆယ်နာရီထပ်ထည့်ပေးမယ်”


မန်နေဂျာချန်း “သဘောတူတယ်”


 TBT base 


နည်းပြလောင်ဝမ်က ပြောသည်။


“မင်း မက်စ်မန်းအဖြစ် မကစားချင်တော့ဘူးလား”


Ouru star သည် ယခင်က အလွန်တော်သော တော့လိန်းနာ ဖြစ်ခဲ့သည်။ သို့သော် သူသည်မှာ မဟာဆရာသခင်ကြောင့် ပိတ်လှောင်သွားသည်အထိ အထုရိုက်ခံရပြီးနောက် ဘော်တွန်လိန်းသို့ ပြောင်းခဲ့သည်။


ယခုအခါ_ _ _


Ouru star က တည်ငြိမ်နေသည်မှာ တရားထိုင် ကျင့်ကြံနေကြ ဘုန်းတော်အိုကြီးအလား ထင်ရသည်။


“ငါ မက်စ်မန်းကို ပြောင်းခဲ့တာကြောင့်ပဲ သူ့ကို မျက်နှာချင်းဆိုင်ဖို့ကို လိုတာ”


လောင်ဝမ် “ငါ ကြားတာတော့ သူ့ရဲ့သူခိုးက အင်အားအကြီးဆုံးတဲ့။ သူခိုးက နဂိုကတည်းက လေးသည်‌တော်တွေအတွက် အားသာချက် ရှိနေပြီးသားပဲ။ မင်း ဒီအတိုင်း မင်းရဲ့ခေါင်းကို ငွေရောင်ပန်းကန်ပြားပေါ် တင်ပေးသလို ဖြစ်မနေဘူးလား”


Ouru star က သက်ပြင်းချသည်။


“ငါသာ အခု ဖရန့်ရီကွက်ကို မပို့လိုက်ရင် နောက်တစ်ကြိမ် ပြိုင်ပွဲမှာ တွေ့တဲ့အချိန်ထိ စောင့်နေရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် FTWမှာ မိစ္ဆာဘုရင်နှစ်ယောက် ရှိနေတဲ့ အခြေအနေကို ငါ ကျင့်သားရအောင် လုပ်ဖို့ လိုအပ်နေပြီ”


လောင်ဝမ် .. “_ _ _”


ဒါဟာ တော်တော်လေးကို ဝမ်းနည်းပြီး သနားဖို့ကောင်းတယ်။ သူတောင်မှ မ‌ဖြောင်းဖြရက်တော့ဘူး။


3U အခြေစိုက်စခန်း


Asleep .. “zzzzz_ _ _ “


မန်နေဂျာကျိုးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူတို့၏ အသင်းခေါင်းဆောင်ကို ကြည့်ပြီး မျက်တောင်များကပင် တုန်ယင်လာသည်။


“အဲ့တာက_ _ _ “


3U၏  ဒုခေါင်းဆောင် .. “ခေါင်းဆောင်က ပြောတယ်။ သူသွားမှာတဲ့။ သူ သေချာပေါက် သွားမှာ”


သူတို့ 3Uတွင် ဖြေရှင်း၍ မရသည့် လျို့ဝှက်ဆန်းကြယ်သော ကိစ္စနှစ်ရပ်ရှိသည်။ 


#1 သူတို့ရဲ့ခေါင်းဆောင်က ဘာလို့ ဒီလောက် အအိပ်ကြိုက်နေရတာလဲ။ ဒါပေမယ့် သူက ဒီလောက်ထိ အင်အားကြီးနေတုန်းပဲ။


#2 သူတို့ရဲ့ ဒုခေါင်းဆောင်က ဘယ်လိုကြောင့် အိပ်မက်မက်နေတဲ့ ခေါင်းဆောင်ရဲ့ စကားလုံးတွေကို တိတိကျကျ ဘာသာပြန်ပေးနိုင်တာလဲ။ 


အပြင်လောက က နားမလည်နိုင်သေးရုံသာ မကသေးလေပဲ 3U team မှ အဓိက ကစားသမားများကပင် နားမလည်ကြချေ။ 


ထိုသို့ဖြင့် မြောက်မြားလွန်းသော စတားကစားသမားများက အလုံးအရင်းနှင့် ဝင်ရောက်လာသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု၏ ကျော်ကြားမှုက အော်ဖစ်ရှယ် ပလေးအော့အဆင့်သို့ ရောက်သည်အထိ ကျော်ကြားသွားသည်။


ဖြတ်လျှောက်များကပင် ထိုအခြေအနေကို မြင်သောအခါ အံ့ဩသွားပြီး အံ့အားတကြီး ပြောကြသည်။


“ဘာ_ _ _ gloryက ပလေးအော့တွေ စနေပြီလား”


“မစသေးပါဘူး ဒါပေမယ့် သာမန်ပွဲစဉ်တွေထက်တောင် စိတ်လှုပ်ရှားမှု မလျော့ဘူး”


ဝေ့ရှောင်းသည် ဖရန့်ရီကွက်များကို တစ်‌ယောက်ပြီးတစ်ယောက် လက်ခံပေးသည်။ ၁၀ယောက်ကျော်ကို လက်ခံပြီးနောက် နောက်ဆုံးတစ်ယောက်သည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ပြည်သူများအားလုံးကို အံ့ဩသွားစေသည်။

29.2 05

L&P.မာရှယ်က ဖရန့်အဖြစ် အပ်ဖို့ တောင်းဆိုတယ်။


ချက်ချင်းဆိုသလိုပင် လိမ့်တက်လာသော ကွန့်မန့်များက ရူးသွပ်လောက်အောင် မြောက်များလာလေရာ စတော်ဘယ်ရီ ပလက်ဖောင်းက လုတ်တင်းပိုင်းကို တောင့်ခံနိုင်ရုံသာ တတ်နိုင်တော့သည်။


“သောက်ကျိုးနည်း မြောက်အမေရိက ပြိုင်ပွဲနယ်မြေဇုန်က L&Pရဲ့  ယွမ်ဇယ် မဟုတ်လား”


အသက် ၁၉နှစ်မှာ ကလိုဘယ် ချန်ပီယံ ဖြစ်သွားတယ်။ အသက်၂၀မှာ ကလိုဘယ် ရန်းနားအပ် ဖြစ်တယ်။ ဒီလိုမျိုး gloryရဲ့ ဘုရားကျောင်းထဲမှာတောင် နာမည်ထွင်းထားရမယ့် ပုဂ္ဂိုလ်မျိုးက ဘယ်လိုကြောင့် ဒီနေရာကို‌ ရောက်လာတာလဲ။


ဟမ့် အတုကြီး မဟုတ်လား။ သေချာပေါက် အတုပဲ ဖြစ်မယ်။


“ဘယ်လိုအတု ဖြစ်ရမှာလဲ။ gloryက ပရော်ဖက်ရှင်နယ် ကစားသမားတိုင်းရဲ့ အိုင်ဒီတိုင်းကို သေချာစာရင်း သွင်း‌ပေးထားပြီးသား။ သာမာန်ကစားသမားတွေက ဒီလိုနာမည်ကို ဆန္ဒရှိရင်တောင် သုံးလို့မရဘူး”


“တကယ့်နတ်ဘုရားရွမ်ပေါ့”


“ဘာ နတ်ဘုရားယွမ်လဲ ဒါက နိုင်ငံသစ္စာဖောက်”


ပြည်ပအသင်းကို ဦးဆောင်လျက် ကိုယ်ပိုင်ပြိုင်ကွင်းဇုန်ကို ဖောက်ခွဲသော တရုတ်ပြည်သားတစ်ယောက် အနေနှင့် ယွမ်ဇယ်သည်လည်း မြေကမ္ဘာကိုပင် သုံးကြိမ်ခန့် ပတ်၍ရလောက်သော anti fan  များကို ပိုင်ဆိုင်ထားသည်။


ထိုကဲ့သို့သော သမိုင်းသွေးကို ပိုင်ဆိုင်ထားသော အမျိုးသားတစ်ယောက်က ဒီနေရာတွင် အမှန်တကယ် ပေါ်လာသည်။ ထိုသို့ဖြင့်  တိုက်ရိုက်ထုတ်လွှင့်မှု စတူရီယိုကြီး တစ်ခုလုံးက အမှန်တကယ် ပေါက်ကွဲသွားမည့်ပုံ ပေါ်နေလေသည်။ 


******