30.1 01
အပိုင်း(၃၀.၁) FTW မင်းတို့ရဲ့ ဇာတ်ညွှန်းက တစ်ခုခုတော့ မှားနေသလိုပဲ။
ဝေ့ရှောင်းသည်လည်း ထို friend requestကို သေချာသတိထားမိလိုက်၏။ သို့သော် သူသည်လည်း လစ်လျူရှုလိုက်ပြီး နောက်တစ်ယောက်ကို ကျော်ကာ ယှဉ်ပြိုင်တော့သည်။
“အိုး မနေ့က ငါ့ရဲ့ဝေးပေါ်ပို့စ်မှာ ငါ ဘယ်သူ့ကိုမဆို မငြင်းဘူးလို့ ပြောခဲ့တယ်ဆိုတော့ မငြင်းတော့ဘူး။ ဒါပေမယ့် မာရှယ်ကိုတော့ သဘောမကျလို့ လက်မခံတော့ဘူး”
Anti fanများ “ ....”
သူတို့ နဂိုက သူ့ကို ဝိုင်းပြီးတော့ လောင်စာ ထည့်ပေးချင်တာလေ။ ဘယ်လိုဖြစ်ပြီး သူတို့ရဲ့လောင်စာက မပေါက်ကွဲသွားတာလဲ။
ဝေ့ရှောင်း၏ အကွက်က အမှန်ပင် တောက်ပသည်။ သူကသာ လက်ခံလိုက်လျှင် အပြင်လောကအတွက် သူလျိုအဖြစ် တံဆိပ် တပ်ခံရပေလိမ့်မည်။ ယွမ်ဇယ်၏ haterများက ကောင်းကင်ဘုံသို့ တက်သည့်လမ်းတောက်လျောက် ဝင်ရောက်ပြီး လောင်စာထည့်ပေးလိမ့်မည်။ သူကသာ ငြင်းဆန်လိုက်လျှင်လည်း တရုတ်မှာ ငကြောက်ကြောင်လေးဟု တံဆိပ်တပ်ခံရပေလိမ့်မည်။ FTW၏ haterများကလည်း သူ့ကို ကောင်းကင်ဘုံသို့ သေချာပေါက် ပို့ပေးပေလိမ့်မည်။ ယခုအခါ သူသည် လစ်လျူရှုရန်သာ ရွေးချယ်လိုက်လေသည်။
သူသည် အပြင်လောကအတွက် သူလျို သို့မဟုတ် တရုတ်မှ ကြောက်တတ်သော ကြောင်ဆိုသော့ တံဆိပ်များကို ကြောက်ရွံ့သောကြောင့် မဟုတ်ပေ။ ရိုးရှင်းစွာပင် သူသည် ယွမ်ဇယ်ကို သဘောမကျ၍ ဖြစ်သည်။ သူသည် ရောက်လာသော မည်သူ့ကိုမဆို မငြင်းဟု ပြောထားသည်။ ထို့ကြောင့် ထိုfriend requestကို မငြင်းပယ်ခဲ့ချေ။
စာပေကျကျ လက်ရာမြောက်သော အဓိပ္ပာယ်များနှင့် အတွင်းတွင် ဝေဖန်အကဲဖြတ်မှုကို ခပ်ရဲရဲ သယ်ဆောင်ထားသော နည်းလမ်းမျိုးကို သုံးပြီး သူသည် အခြေအနေတစ်ခုလုံးကို ဘေးဘက်သို့ ထွက်ရပ်လိုက်နိုင်သည်။ haterများကပင် ထိုကလေးသည် အံ့အားသင့်ဖွယ် ကောင်းသော အမှိုက်လို စကားများကို ပြောနိုင်ရုံသာ မကသေးလေဘဲ သူ၏အခြေအနေကို စီမံခန့်ခွဲနိုင်သော စွမ်းရည်က အမှန်ပင် ကောင်းကြောင်း ဆိုရပေမည်။
friend requestများကို ကိုင်တွယ်ပြီးနောက် ဝေ့ရှောင်းက စိတ်အခြေအနေ ကောင်းသွားသည်။
သူ ပရော်ဖက်ရှင်နယ်ကျကျ ကစားနိုင်တော့မယ်။
လူအများက solo matchesပွဲများအတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကတည်းက နောက်ကွယ်မှ မဟာဆရာသခင်တစ်ယောက် ရှိသည်ဆိုသော အခြေအနေထက်ပင် streamingက ပို၍ခံစားချက် ကောင်းနေသေးသည်။ ဝေ့ရှောင်းသည် အနည်းငယ် စိတ်လှုပ်ရှားလာသည်။
သူသည် matching roomထဲ ပြန်သွားလိုက်သောအခါ applications အမြောက်အမြားကို လက်ခံရရှိလိုက်သည်။
“အစီအစဉ်တကျပဲ ဝင်ရအောင် ဘယ်သူ အရင်လာမလဲ ကြည့်မယ်”
ကွန့်မန့်များသည်လည်း ထိုအခြေအနေကို သတိထားမိလိုက်ပြီး ချက်ချင်းလိုလို စိတ်လှုပ်ရှား သွားသည်။
“ဖာ့ခ် နတ်ဘုရားလဲ့ပဲ”
“အိုး ငါ့ကိုသာ လုပ်လိုက်ပါတော့။ မဟာဆရာသခင် မင်း တကယ်တော်တာပဲ။ အပြင်ဘက်မှာ တောအုပ်တစ်ခု စိုက်လို့ ရလောက်အောင် ရန်သူတွေက လုံလောက်အောင် များနေတာပဲ။ နောက်ပြီး အိမ်တွင်းမှာလည်း ရန်လိုမှုအပြည့် ရှိနေသေးတယ်”
“နတ်ဘုရားလဲ့ နတ်ဘုရားလဲ့ နတ်ဘုရားလဲ့လည်း အရင်က မဟာဆရာသခင် အနိုင်ကျင့်တာကိ ခံရဖူးတာလား”
ယွဲ့ဝမ်လဲ့က ဝေ့ရှောင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေခြင်း ဖြစ်သည်။ သူသည် အားလူးကြော်ကို တကြွပ်ကြွပ် မြည်အောင် ဝါးစားရင်း ပြောလိုက်သည်။
“ငါက အနိုင်ကျင့်ခံရဖူးတာ မဟုတ်ဘဲ မျက်ရည် ထွက်တဲ့အထိ အနိုင်ကျင့် နှိပ်စက်ခံခဲ့ရတာ”
သူသည် အသံကို မတိုးထားချေ။ ဝေ့ရှောင်း၏ မိုက်ကလည်း သူ၏အသံကို ရှင်းရှင်းလင်းလင်း ဖမ်းယူလိုက်နိုင်သည်။ ထိုသို့ဖြင့် စကားလုံးတိုင်းကို ကြည့်ရှုသူများက ကြားလိုက်ရသည်။
တိုက်ရိုက်ထုတ်လွှင့် အခန်း၏ လိမ့်တက်နေသော ကွန့်မန့်များက ချက်ချင်းဆိုသလို လေသံပြောင်းသွားသည်။
“အိုး သောက်ကျိုးနည်း ဒီရန်ငြိုးက”
“သေစမ်း ငါ့ရဲ့ လဲ့လဲ့လေးက ဘယ်လိုများ ငိုတာလဲ။ ဒီကျဲကျဲက ကြည့်ရအောင် မြန်မြန်လေး ငိုပြပါဦး”
30.1 02
“ညီအစ်မတို့ ငါ့တော့ FTWမှာ CPအသစ် ရှိပြီထင်တယ်”
“ဝါးစားတယ်ဆိုတဲ့ CPကလည်း မဆိုးဘူးနော်”
ချစ်စရာကောင်းသော ကောင်မလေးများအပြင် လှောင်ပြောင်သော သူများကလည်း ရှိနေသည်။
“FTWက တကယ်ကို ရှေ့ဆက်သွားမယ့် ပုံစံပဲ။ သူတို့က အဟောင်းကိုတောင် ဆိုင်းငံ့ပြီး အသစ်ကို မြှင့်တင်ပေးနေတာ”
“လောင်ယွဲ့ အသင်းပြောင်းတော့ FTWက မင်းကို လူလို မဆက်ဆံဘူး။ ဘာလို့ အဲမှာနေနေမှာလဲ”
“လောင်ယွဲ့ မင်း ခြိမ်းခြောက်ခံထားရတယ်ဆိုရင် မျက်တောင် ခတ်လိုက်”
ကွန့်မန့်ကသာ များပြားနေခြင်း မရှိလျှင် သူသည် အနည်းငယ်ကို ရွေးချယ်ပြီး တုန့်ပြန်၍ ရသေးသည်။ သို့သော် ယခုလို ထောင်ပေါင်းများစွာသော ကွန့်မန့်များနှင့် အခြေအနေကြောင့် သူသည် အားလုံးကို မဖတ်ပြနိုင်ချေ။ ထို့အပြင် ပြန်ရန်လည်း မလိုအပ်ချေ။
ဝေ့ရှောင်းက ခေါင်းကို ထုတ်လျက် ယွဲ့ဝမ်လဲ့ကို လှမ်းကြည့်လိုက်သည်။
“လာမှာလား”
ယွဲ့ဝမ်လဲ့၏ လေသံက မဲမှောင်နေသည်။
“ငါ မင်းကို နှစ်ရက်လုံးလုံး စောင့်နေရတာ”
ဝေ့ရှောင်းက ရှက်သွားသည်။
“တော်တော်လေး အလုပ်များနေလို့ပါ”
ယွဲ့ဝမ်လဲ့က အားလူးကြော်ကို ဝါးစားနေပြန်သည်။
“ခေါင်းဆောင်နဲ့ မင်းက အလုပ်များနေလွန်းလို့ ဘယ်အချိန်လဲဆိုတာ မသိကြတဲ့အထိပဲ”
ထိုစကားလုံးများကို ထုတ်ပြော၍ မရချေ။ ထို့ကြောင့် ယူကြုံးမရ ဖြစ်နေသော ယွဲ့ဝမ်လဲ့က တောင်းဆိုမှု တစ်ခုကို ထည့်လိုက်သည်။
“သူခိုးကို သုံး”
ဝေ့ရှောင်းကို အံ့ဩသွားသည်။
“_ _ _”
သူ၏ နူတ်ခမ်းက လှုပ်သွားပြီး ပါးစပ်က စကားလုံးအချို့ကို ပုံစံဖော်ကာ ပြောပြလိုက်သည်။
“ငါက streaming နေတာနော်။ မင်းရဲ့ သိက္ခာက ဘယ်မှာလဲ”
ယွဲ့ဝမ်လဲ့ကလည်း အမှန်တကယ် နားလည်ပုံရသည်။
“မင်း သူခိုး သုံးရမယ်”
ဝေ့ရှောင်းက သူ၏လူများနှင့် ပက်သက်သော် အမြဲတစေ စိတ်နေသဘောထား ကောင်းသည်။
“ကောင်းပါပြီ ကောင်းပါပြီ ကောင်းပါပြီ”
ပြောရန်မလိုလောက်အောင် ကွန့်မန့်များတွင် စားနေကြသော CP ပရိတ်သတ်များက မတ်တပ်ထရပ်လျက် အောင်ပွဲခံနေကြပြီ ဖြစ်သည်။
လူငယ်ဆန်သော အသံနှစ်သံလုံးသည် ရှင်းလင်းကာ ကြည်လင်ပြီး သန့်စင်လွန်းနေသည်။ နတ်ဘုရားလဲ့၏ တောက်ပကာ နူးညံ့သော ကလေးမျက်နှာလေးကိုပါ ထည့်ပေါင်းလိုက်သော် quiet က ပိုပြီး ဆွဲဆောင်မှု ပြင်းမည့်ပုံပေါ် သည်။
“သေစမ်း အရသာရှိလိုက်တာ”
အချို့သော ကြည့်ရှုသူများက အခြေအနေကို အကျိုးအကြောင်းကျကျ ခွဲခြမ်း စိတ်ဖြာနေကြပြီ ဖြစ်သည်။
“FTWရဲ့ လူသစ်က Top Laner မဟုတ်လား။ သူက သူခိုးနဲ့ တော်တာလား”
“ပုံမှန်ပါပဲ သူခိုးအတွက် တဲလန့် Specs က နည်းတယ်လေ။ ဒီတော့ တော့လိန်းအတွက် သုံးလို့ရတယ်”
“မြန်မြန် မြန်မြန် ငါ အိမ်တွင်း အကြမ်းဖက်တာ ကြည့်ချင်နေပြီ”
အခြားသော လူသစ်များသည် အသင်းသို့ ဝင်ရောက်ပြီး ပွဲဦးထွက်သောအခါ သူတို့၏အသင်းဖော်များက ထောက်ပံ့ပေးခြင်းကို ခံရသည်။ သို့သော် ထိုအခြေအနေက ဝေ့ရှောင်းနှင့် အလွန်ခြားနား၏။ သူတို့၏ အသင်းမန်ဘာဟောင်းများနှင့် နှစ်ယောက်ဝင်တိုးကာ ပွဲဦးထွက်သော ချစ်စရာကောင်းသည့် အသစ်လေးများသည် လေထုအခြေအနေကို ပြတိုက်အလား ချိုမြိန်အောင် လုပ်၍ ပူးပေါင်းဆောင်ရွက်ရင်း ပွဲဦးထွက်ကြခြင်း ဖြစ်သည်။
FTWအတွက်ကမူ _ _ _
ရန်ငြိုးတွေ၊ ခါးသီးတဲ့ အမုန်းတရား နောက်ပြီး ကလဲစားချေဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒ။
တော်တော်လေးကို ခြားနားတာပဲ။ တကယ်ကို ခြားနားတယ်။ တော်တော်ကြီးကို ခြားနားတယ်။
ပထမလေးပွဲက စတင်သည်။ ယွဲ့ဝမ်လဲ့က ရေခဲမုဆိုးကို ရွေးချယ်လိုက်သည်။
ကြည့်ရှုသူများက အိုးဟိုးအသံများ လုပ်ကြသည်။
သတ်ဖြတ်လိုစိတ် အပြည့်ပဲ။
ယွဲ့ဝမ်လဲ့ရဲ့ ရန်ငြိုးတွေက စစ်မှန်နေလောက်တယ်။ သူက ဝေ့ရှောင်းနဲ့ သေတဲ့အထိ တိုက်ခိုက်ချင်နေတာ။
တရုတ်ကလိုရီ အသိုင်းအဝိုင်း အတွင်းတွင် ရေခဲမုဆိုးသည် အခြေခံအားဖြင့် ယွဲ့ဝမ်လဲ့ ကိုယ်တိုင်နှင့် စပ်ဆက်နေခြင်း ဖြစ်သည်။ 5 Vs 5 PB ကဏ္ဍတွင် မဟာမိစ္ဆာဘုရင်ကိုသာ ပစ်မှတ်ထားရန် မလိုအပ်လျှင် သူတို့အားလုံးသည် FTW၏ double ( ၇း၄၂) position များကို ပစ်မှတ် ထားနိုင်လေသည်။
30.1 03
ထို့ကြောင့် လေးစားမှု ပြသသော အနေဖြင့် ယွဲ့ဝမ်လဲ့၏ ရေခဲမုဆိုးသည် အမြဲတစေ တစ်နှစ်ပတ်လုံး ဘန်းနေရာထဲတွင် ရှိနေသဖြင့် ဘယ်သောအခါမှ အသုံးပြု၍ မရနိုင်ချေ။
ကျော်ကြားသော ဟီးရိုးများသည်လည်း သူတို့နှင့်အတူ အရှိန်အဝါတစ်မျိုးကို သယ်ဆောင်ထားလေ့ရှိသည်။ ယွဲ့ဝမ်လဲ့က ကစားသော ရေခဲမုဆိုးသည် အခြားသော ရေခဲမုဆိုးနှင့် ခြားနားသည်။ သို့ရာတွင် _ _ _
သူခိုးများသည် မုဆိုးများအပေါ် အားသာချက် ရှိသည်။ ရေခဲမုဆိုးတွင် အနီးကပ် တိုက်ခိုက်နိုင်စွမ်းရည် ရှိသော သူခိုးကို အရှိန်နှုန်း နိမ့်ကျသွားအောင် လုပ်ပေးနိုင်သော အရှိန်လျော့ချသည့် ဘောနပ်တစ်မျိုး ရှိနေခဲ့သည့်တိုင်အောင် အသင်းဖော်များနှင့် soloပွဲများ ဝင်နေခြင်းမျိုး မဟုတ်ချေ။ ထို့ကြောင့် ရေခဲမုဆိုးအနေဖြင့် အစောပိုင်း အဆင့်များပင် တိုးတက်နိုင်စွမ်းရည် မရှိပေ။
ကြည့်ရှုသူများကလည်း ဝေ့ရှောင်းက ယွဲ့ဝမ်လဲ့ကို အစောပိုင်းအဆင့်ကတည်းက အရူးလို ဖိနှိပ်ပြီး သူ၏ တိုးတက်အောင် လုပ်မည့်အခွင့်အရေးကို ဖယ်ရှားလျက် ၁၀မိနစ်တည်းနှင့် ပွဲကို အဆုံးသတ်မည်ဟု ထင်နေလိုက်ကြည့်သည့် အခိုက်အတန့်တွင်_ _ _
ဝေ့ရှောင်းက အစောပိုင်း ကဏ္ဍတစ်ခုလုံးကို လက်လျော့ပေးထားသည်။
အရိပ်သူခိုးနှင့် ရေခဲမုဆိုးတို့ soloဂိမ်းပွဲတွင် တွေ့ဆုံနေကြသည်_ _ _။
အစောပိုင်းအဆင့်တွင် အရိပ်သူခိုးသည် ဒယ်ဒီဖြစ်ပြီး ရေခဲမုဆိုးကို မတ်တပ်ပင် မရပ်နိုင်သည်အထိ အသာအယာ ဖိနှိပ်နိုင်စွမ်းရည် ရှိသည်။ သို့ရာတွင် နောက်ပိုင်းအဆင့်ထိ စွဲလိုက်မိသောအခါ ရေခဲမုဆိုး၏ နတ်ဘုရားအဆင့် လက်နက်ကို တစ်ချက်ရထားပြီးသည်နှင့် အစစ်အမှန် အကျိုးပေးကြီး ဖြစ်သွားပေလိမ့်မည်။
ရေခဲမုဆိုး၏ မြှားတစ်ချောင်းကတင် သူခိုး၁၀ယောက်ကို ဖောက်ထွက်နိုင်လေသည်။
သူခိုးကသာ အစောပိုင်းအဆင့်တွင် ကောင်းကောင်း ဖမ်းဆုပ်ထားနိုင်ခဲ့လျှင်တောင်မှ အဲ့ဒီအချိန်တွင် သေရန်သာ စောင့်နေရန် လိုအပ်ပေလိမ့်မည်။
ကွန့်မန့်များက သက်ပြင်းချသည်။
“မဟာဆရာသခင်က တော်တယ်လို့ ထင်တယ်။ ဒါပေမယ့် သူက ဒီလောက်ပါပဲ။ သူက သူခိုးကစားတယ်။ ဒါတောင်မှ အစောပိုင်းအဆင့်မှာ ချုပ်ထိန်းလွန်းနေသေးတယ်။ soloပွဲရဲ့ အဓိပ္ပယ်က ဘာလဲ။ ရေခဲမုဆိုးရဲ့ ပစ္စည်းတွေက နေရာတကျ ရောက်သွားပြီးပြီဆိုရင် သူက မြှားတစ်ချောင်းတည်းနဲ့ ပစ်သတ်ခံရတော့မှာပဲ”
“သူ့ရဲ့ဂုဏ်သိက္ခာက အရမ်းကို ချဲ့ကားလွန်းနေတာ မဟုတ်လား။ သူက ပထမပွဲမှာတင် ရှုပ်ထွေးသွားပြီ”
“သူက ကိုယ်ပိုင်အသင်းဖော်ဆီမှာတောင် ရှုံးသွားတာ FTW မင်းတို့ရဲ့ ဇာတ်ညွှန်းက တစ်ခုခုတော့ မှားနေတယ်”
“သွားရအောင် သွားရအောင် ဒီမဟာဆရာသခင်က သောက်ကျိုးနည်း အလကားပဲ။ သူက နာမည်ပဲ ရှိတာ။ ဘာမှမဟုတ်ဘူး”
ပွဲစဉ်စသည်မှာ ၁၅မိနစ် ရှိသွားလေပြီ။ ယခုအခါ အလွန်အမင်း အရေးကြီးသော ကဏ္ဍတွင် ဖြစ်၏။ ယွဲ့လမ်လဲ့ ရေခဲမုဆိုးက ပစ္စည်းသုံးမျိုးကို လုံလောက်အောင် စုပြီးသွားလေပြီ။ ထို့ကြောင့် q scale ကို အသုံးပြုလိုက်သောအခါ အရိပ်သူခိုးကို instet -kill ယူနိုင်ပေလိမ့်မည်။
အနိုင်နှင့်အရှုံးက ဆုံးဖြတ်ချတ်ချထားပြီးသား ဖြစ်သည်။ ထို့ကြောင့် လူတိုင်းကလည်း ထိုသို့ယုံကြည်ထားကြသည်။
ဝေ့ရှောင်း၏ နူတ်ခမ်းများက ကော့တက်သွားသည်။
“အခု မျှတပြီ”
ထိုစကားလုံးများကို ပြောပြီးနောက် သူသည် ချက်ချင်းလိုလို အလင်းတစ်ခုကို ဖျောက်လိုက်သည်။ မည်သူကမှ မတုန့်ပြန်နိုင်နေသေးခင်ချိန်တွင် ရေခဲမုဆိုး၏ ခေါင်းပေါ်တွင် အလင်းစက်ကွင်း ၇ခု ပေါ်လာသည်။ ရေခဲမုဆိုးက Flash စကေးကို သုံးလိုက်သည့်တိုင်အောင် သေရင်း အဆုံးသတ်သွားသည်။
ကွန့်မန့်များက စက္ကန့်တစ်ဝက်ခန့် အေးစက်သွားပြီးနောက် ဖာ့ခ် ဖာခ့် ဖာ့ခ် ဆိုသော ကွန့်မန့်များကသာ ဖန်သားပြင်တွင် ပြည့်သွားသည်။
“အလင်းစက်ကွင်း ၇ပွင့် အံ့ဩစရာပဲ”
“ဒီညီငယ်လေးကလည်း စွမ်းရည်တစ်ချို့ ရှိတာပဲ”
“သူ အဆုံးထိ အဆင့်မှာ ဘာလုပ်နေတာလဲ။ တောထဲမှာ ပန်းတွေ သွားကောက်နေတာလား”
“သူ အခုလေးတင် မျှတပြီလို့ ပြောလိုက်တယ်။ ဆိုတော့ သူက ရေခဲမုဆိုးက တိုးတက်တဲ့အချိန် ထိ စောင့်ပြီးမှ တိုက်ခိုက်တာပေါ့”
“ဖာ့ခ် ဒါက တအား ထောင်လွှားလွန်းတယ်”
နောက် ၆မိနစ်၊ ၇မိနစ်ခန့် အတွက်ကမူ တစ်ဖက်သတ် သတ်ဖြတ်ခြင်း ဖြစ်သည်။
တောင်ကြားထဲမှ ရေခဲမုဆိုးအကြောင်း ထည့်ပြောရန်ပင် မလိုအပ်ပေ။ ကြည့်ရှုသူများကပင် ငိုနေလေသည်။
“သောက်ကျိုးနည်း ဒါက ဘာလဲ”
“ဒါက ဒီအရူးလို သူခိုးက ဘယ်နေရာက ရောက်လာတာလဲ”
“နောက်ပြီး ဒါက ဒါက_ _ _ “
ဂိမ်း၏ ပထမ ၁၅မိနစ်တွင် သူခိုးသည် ရေခဲမုဆိုးကို ဖိနှိပ်နိုင်ခဲ့သည်။ သို့သော် ယခုမူ ရေခဲမုဆိုးက အင်အားကြီးလာသင့်သော ကဏ္ဍသို့ရောက်ရှိသွားသောအခါ ရေခဲမုဆိုးက မြေပြင်သို့ ချက်ချင်းလိုလို ဆုတ်ခွာရပြီး မြေပြင်အနှံ့ ပျံ့ထွက်သွားသည်အထိ ဖောက်ခွဲခံလိုက်ရသည်။
အနိုင်.....
ဝေ့ရှောင်းက နိုင်သွားသည်။
30.1 04
ကွန့်မန့်များက “နတ်ဘုရားလဲ့အတွက် ရင်နာတယ်”ဆိုသော အကြောင်းအရာများနှင့် ပြည့်နှက်သွားသည်။
“လဲ့လဲ့ မငိုနဲ့”
“ပွဲရဲ့ဒုတိယပိုင်းမှာ လူပြောင်းလိုက်တာ ဖြစ်မယ်။ Close ကစားနေတာ မဟုတ်လား”
ဝေ့ရှောင်းက ကွန့်မန့်များကို လစ်လျူရှုပြီး ယွဲ့ဝမ်လဲ့ကို ခေါင်းထုတ်လျက် လှမ်းကြည့်သည်။
“နတ်ဘုရားလဲ့”
သူသည် ယွဲ့ဝမ်လဲ့က ပိတ်လှောင်သွားမည့် အခြေအနေကို စိုးရိမ်မိသော်လည်း ကစားခဲ့ချိန်က မညှာတာမိခဲ့ချေ။
ယွဲ့ဝမ်လဲ့ကလည်း တခဏခန့် မှင်သက်လေသည်။
“သားရဲကောင်”
ဝေ့ရှောင်း “အဟွတ်”
သူ အဆင်ပြေတဲ့ပုံပဲ။
ယွဲ့ဝမ်လဲ့က ကုလားထိုင်ပေါ်သို့ လဲကျလိုက်သည်။
“သေစမ်း ဒီလောင်ဇီက FTWမှာ ရှိနေတာ ကံကောင်းတယ်”
သူသည်လည်း ရုတ်တရက် Ouru star၏ ခံစားချက်ကို သတိရသွားသည်။ မက်စ်မန်းတစ်ယောက် အနေနှင့် team ပွဲစဉ်များတွင် ရိုက်နှက်ခံရပြီး ခုတ်ဖြတ်ခံရသော အခြေအနေက ပုံမှန်သာလျှင် ဖြစ်သည်။ သူသည်လည်း Ouru star၏ ဂရုစိုက်သော အပြုအမူကို အထင်သေးနေကြ ဖြစ်သည်။
ဘာများ ကြောက်စရာရှိလို့လဲ။ ဒီအတိုင်း သေတဲ့အထိ ခုတ်ဖြတ်ခံရရုံပဲ မဟုတ်ဘူးလား။
ယခုအခါမှသာ သူ၏မှတ်ဉာဏ်များက ရီဖရက်ရှ် ဖြစ်သွားပြီး နတ်ဆိုးကောင်၏ လျို့ဝှက်မှု၏ အကြောက်တရားကို မှတ်မိသွားသည်။
ကံကောင်းသည်မှာ သူသည် FTWတွင် ဖြစ်သည်။ သူသာ အခြားအသင်းတွင်ဆိုလျှင် ဝေ့ရှောင်းနှင့် တွေ့သောအခါ သေချင်စိတ်ပေါက်လောက်သည်။ ထို့အပြင် လုဖုန်းကို အထင်သေးရန် မလိုအပ်သေးပေ။
Euro starက အရူးလား။ သူ Top Lanerမှာ နေရတာ မပျော်လို့လား။
ဘာလို့ Button Laneကို ပြောင်းလိုက်တာလဲ။
ဝေ့ရှောင်းသည်လည်း ယွမ်ဝမ်လဲ့၏ အခြေအနေက ကောင်းလောက်သဖြင့် စိတ်အေးသွားပြီး ဆက်လက်ပြီး တိုက်ရိုက်ထုတ်လွှင့်သည်။
“အကြောင်းပြချက် ပေးရမယ်။ solo matches ပွဲတွေမှာ ရေခဲမုဆိုးကိုသုံးပြီး အရိပ်သူခိုးကို သတ်နိုင်တဲ့ လူနှစ်ယောက်ပဲ သိတယ်”
ကွန့်မန့်များက ပြောသည်။
“Close”
ဝေ့ရှောင်းက ပြောသည်။ “ဟုတ်တယ် ဟုတ်တယ် Closeက လုပ်နိုင်တယ်”
ကွန့်မန့်များ “နောက်တစ်ယောက်က ဘယ်သူလဲ”
လူတိုင်းက တွက်ချက်နေကြသည်။ သို့သော် သူတို့သည် ဖြစ်နိုင်ချေကို မတွေးနိုင်ကြချေ။ single player ပြိုင်ပွဲမျိုးတွင် ဟီးရိုးများကို ကျပန်းရွေးချယ်ရခြင်းဖြစ်သည်။ သို့သော် တဲလန့်များကမူ ကစားသမားများအကြိုက် ရွေးချယ်နိုင်၏။ ထို့ကြောင့် မုဆိုးဗွီအက်စ်သူခိုးဟု ကျပန်းရမည်ဆိုလျှင်ပင် လူတိုင်းက ရေခဲမုဆိုးကို မရွေးချယ်ကြချေ။ မည်သို့ပင်ဆိုစေ ထိုဟီးရိုးကိုသုံးကာ သူခိုးကို ရင်ဆိုင်ခြင်းက ပိုင်ပွဲကို လက်လျော့သည်နှင့်တူသည်။
ဝေ့ရှောင်းက သဘောတကျရယ်ပြီး ဖြေသည်။
“ငါလေ”
ကွန့်မန့်များ “???”
ဝေ့ရှောင်းက စိတ်ရှည်ရှည်နှင့် ရှင်းပြပေးသည်။
“Closeအပြင် ငါတစ်ယောက်ထဲကပဲ ဒီsolo matchခွဲတွေမှာ ရေခဲမုဆိုးကို သုံးပြီး အရိပ်သူခိုးကို သတ်နိုင်လောက်တယ်”
ကွန့်မန့်များ “_ _ _”
မဟာဆရာသခင် နည်းနည်းလေး အရှက်မဲ့တာ လျော့ပေးလို့ရမလား။
ဝေ့ရှောင်းက ဆက်ပြောသည်။
“ကောင်းပြီ စည်းမျဉ်းအသစ် ထုတ်ရအောင် ပြတ်တောက်မှုအတွက်ကြောင့်နဲ့ ငါက လူတိုင်း ငါ့ကို solo ရင်ဆိုင်ဖို့ သုံးလာတဲ့ တူညီတဲ့ဟီရိုးနဲ့ တူညီတဲ့ talentကို သုံးပေးမယ်”
ထိုစကားများထွက်လာပြီးပြီးခြင်း ကြည့်ရှုသူများက ပို၍ပင် ရူးသွပ်သွားသလို ခံစားလိုက်ရသည်။
မျှတမှုအတွက် ဟုတ်လား။
သောက်ကျိုးနည်း ဘာကိုမျှတတယ်လို့ ခေါ်တာလဲ။
တစ်ခြားသောသူများက သူတို့၏ ကျော်ကြားသော ဟီးရိုးများကိုခေါ်ပြီး သူနှင့် ထိပ်တိုက် ရင်ဆိုင်ကြသည်။
ဒါဆိုရင် သူကဒူးထောက်ပြီး ဒယ်ဒီလို့ ခေါ်ရမှာမဟုတ်ဘူးလား။
သူက သူ့ကိုယ်သူ Closeလို့ ထင်နေတာလား။ ဆိုလိုတာက အားလုံးလုပ်နိုင်တယ်လို့ ထင်နေတာလား။ နိုးထတော့ glory ရဲ့ အသိုင်းဝိုင်းမှာ နောက်ထပ် နှစ်တစ်ရာကြာတဲ့အထိ နောက်ထပ် Closeတစ်ယောက်က မရှိလာနိုင်ဘူး။
******
30.2 01
အပိုင်း(၃၀.၂) အိုး နောက်ပြီး ငါက ခေါင်းဆောင်နဲ့တောင် သွားပြီး အိပ်ခဲ့သေးတယ်။
နောက်လာသည့် ကစားသမားက RR ၏ moonlit ဖြစ်သည်။ သူသည် တရုတ်ပြိုင်ပွဲရေး နယ်မြေဇုန်၏ ပထမတန်းစား Mid Laner ဖြစ်သည်။ သူ၏ လုပ်ကြံသတ်ဖြတ်သူ အမျိုးအစား မှော်ဆရာများသည် နတ်ဘုရားဆန်သည်။ သူသည် RR ၏ အဓိက ကစားသမားအဖြစ် ကျော်ကြားရန် ထိုက်တန်သည်။
တရုတ်ပြည်ရှိ အခြားသော အသင်းများသည်လည်း Mid Lanerကို သူတို့၏ အဓိကအဖြစ် အသုံးမပြုကြသည်တော့ မဟုတ်ပေ။ သို့သော် သူတို့သည်လည်း ၂၀၂၀ ပြိုင်ပွဲရေး စင်မြင့်ပေါ်မှ RRလောက် မလွှမ်းမိုးနိုင်ခဲ့ရုံသာဖြစ်သည်။
သူသည် လုပ်ကြံသတ်ဖြတ်သူ junglerနှင့် တူညီသော အရှိန်အဝါကို အားနည်းသော မှော်ဆရာကို သုံးရုံနှင့် ထုတ်ပြနိုင်သည်။ ထို့ကြောင့် moonlit ၏ စကေးအဆင့်ကို သံသယဝင်ရန် မလိုအပ်ပေ။
ကြည့်ရှုသူများသည်လည်းကို မြင်ရုံနှင့် ပျော်ရွှင်သွားကြသည်။
“မဟာဆရာသခင် ပေါက်ကရ မပြောနဲ့တော့။ လနတ်ဘုရားကို ဘာသုံးမလဲဆိုတာကို သိတယ်မဟုတ်လား”
“လနတ်ဘုရားက မှော်ဆရာကို သုံးမယ်လို့တော့ မထင်ဘူး။ ဒီလိုဆိုရင် နိုင်ဖို့က တအားလွယ်တယ်”
“မသေမျိုးမှော်ဆရာ လနတ်ဘုရား မသေမျိုး မှော်ဆရာကို သုံးဖို့ တောင်းပန်ပါတယ်။ မဟာဆရာသခင်ရဲ့ ခွေးခေါင်းကို ဖောက်ခွဲလိုက်”
မှော်ပညာရှင်များသည် မှော်ဆရာ လုပ်ကြံသတ်ဖြတ်သူ အမျိုးအစားတွင်မှ Talent specs နည်းပါးလေသည်။ ထို့ကြောင့် Middle laneတွင် လုပ်ကြံသတ်ဖြတ်ရန် အလွန်အမင်း သင့်တော်သည်။ ထို့အပြင် solo match ပွဲများတွင်လည်း အလွန်အမင်း အားကိုး၍ ရလောက်သေးပြန်သည်။ မသေမျိုး မှော်ဆရာဆိုလျှင်လည်း အလားတူ ဖြစ်သည်။ သူသည် တိမ်စိုင်သို့ ရောက်သည်အထိ ပျံသန်းနိုင်သော ပြိုင်ဘက်ကင်း အကွက်မျိုး ရှိလေသည်။ ထိုအကွက်သည် ကစားသမား၏ စကေးအဆင့်ပေါ် တိုက်ရိုက် မှီခိုနေသည်။ ထို့ကြောင့် ပျံသန်းသွားပြီးနောက် ဖောက်ခွဲသော damageကို အပြည့်အဝ ထုတ်ပေးနိုင်ရုံသာ မကသေးလေပဲ ဟီးရိုး၏ inmunt စွမ်းရည်က damage၏ ၇၀ရာခိုင်နူန်းနီးပါး ဖြစ်လေသည်။ ထို့ကြောင့် ဖောက်ခွဲခြင်း damageကို ပိုင်ဆိုင်ထားသော ဟီးရိုးနှင့်ပင် တူသေးသည်။ ထို့အပြင် စကေး၏ လိုအပ်ချက်ကလည်း အလွန်မြင့်သည်။
သာမာန်ကစားများဆိုလျှင် damageကို ပေါက်ကွဲ သွားရုံလောက်သာ အသုံးပြုနိုင်ကြသည်။ သို့သော် သူတို့အနေဖြင့် စိတ်ကြိုက် မည်သည့်နေရာတွင်၊ မည်သည့်အချိန်တွင်မဆို ဆန္ဒရှိသလိုမျိုး ပျံတက်သွားနိုင်စွမ်းရည် မရှိကြချေ။
Moonlit၏ မသေမျိုး မှော်ဆရာကမူ အသိုင်းအဝိုင်းအတွင်းမှ သိသာထင်ရှားသော အမှတ်အသား တစ်ခုကဲ့သို့ ဖြစ်နေသည်။ တစ်ချိန်ကဆိုလျှင် သူသည် အလင်းတိုက်ပွဲ အတောအတွင်း ရုတ်တရက် ပျံတက်သွားပြီး ဘယ်သောအခါမှ ပြန်မဆင်းလာခဲ့ပဲ တစ်ဖက်အသင်းမှ ကစားသမား ငါးယောက်လုံး ပိတ်လှောင်သွားသည်အထိ ပြိုင်ဘက်ကင်းသော အကွက်များကိုပင် ထုတ်ပြရင်း ကစားခဲ့ဖူးလေသည်။
“လက်လျော့လိုက်တော့ လနတ်ဘုရားကသာ မသေမျိုး မှော်ဆရာကို သုံးမယ်ဆိုရင် ဒါက ကလေးကို အနိုင်ကျင့်သလို မဖြစ်သွားဘူးလား”
“ငါတော့ သူ မသုံးလောက်ဘူး ထင်တာပဲ။ Quietက Top lanerလေ… သူကသာ မသေမျိုး မှော်ဆရာကို သုံးမယ်ဆိုရင် ပျံတတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် မသေမျိုးမှော်ဆရာ နှစ်ယောက်ကြားက solo matchကို ငါ ကြည့်ချင်တယ်။ တော်တော်လေးကို အံ့အားသင့်ဖို့ ကောင်းပြီး လှမှာပဲ။ ငါတော့ ငါ့ရဲ့တစ်ဘဝလုံး မသေမျိုးမှော်ဆရာကို ချစ်သွားမှာ”
Moonlit၏ စိတ်နေသဘောထားက အမြဲတစေ တိုက်ရိုက်ဆန်သည်။ သူသည် စကားမပြောဘဲ ဂိမ်းထဲသို့ တိုက်ရိုက်ဝင်ကာ မသေမျိုးမှော်ဆရာကို ရွေးသည်။
ဖာ့ခ် သူ တကယ်ပဲ မသေမျိုးမှော်ဆရာကို ရွေးလိုက်တယ်”
“သူက တကယ်ကြီးကို အလေးအနက် ထားနေတာပဲ”
“မဟုတ်တာ _ _ _ Moonlitက မဟာဆရာသခင်ရဲ့ အရူးစကားတွေကို ကြားနိုင်လို့လား။ သူ မသေမျိုး မှော်ဆရာကိုသုံးပြီး ကလဲ့စားချေတော့မှာလား”
“ဒီကလဲ့စားချေမှုက ရဖို့ လွယ်လွန်းနေတယ် မဟုတ်ဘူးလား”
“ရိုးရှင်းတယ် ဟုတ်လား
အမှန်တရားကို သိသော ကစားသမားများ .. ဟား ဟား ငယ်သေးတယ်။
ဝေ့ရှောင်းသည်လည်း မသေမျိုးမှော်ဆရာကို ရွေးရင်း ပြောလိုက်သည်။
“ကံကောင်းတာက ငါ အရင်ညက နည်းနည်းလောက် ကစားခဲ့မိလို့ပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ ငါ ဒါရဲ့ခံစားချက်ကို ရှာနိုင်မှာ မဟုတ်ဘူး”
ယခုလို ဖောက်ခွဲခြင်း ပြင်းထန်သော ဟီးရိုးမျိုးသည် ခံစားချက်ပေါ် အများကြီး မှီခိုလေသည်။ Moonlit အတွက် သူကသာ မသေမျိုး မှော်ဆရာကို ရက်အနည်းငယ် ဆက်တိုက်အသုံးမပြုလျှင် အလွန်အမင်း ပြင်းထန်လွန်းသော အကွက်များကို မထုတ်နိုင်လောက်ချေ။
30.2 02
သို့ရာတွင် ဝေ့ရှောင်းကမူ ထိုစကားများကို ပြောရန်အတွက်_ _ _
စိတ်မရှိပါနဲ့ ကွန့်မန့်ကဏ္ဍက လူများကမူ သူ့ကို ဒီအတိုင်း လှောင်ချင်ရုံသာ ဖြစ်သည်။
“ခဏလောက် ကစားထားတယ် ဟုတ်လား။ ညီငယ်လေး မင်း နှစ်နှစ်ဆက်တိုက် ကစားမယ်ဆိုရင်တောင်မှ ဒီခံစားချက်ကို ရှာနိုင်မှာ မဟုတ်ဘူး”
“ဒီမှာ ဒီမှာ လနတ်ဘုရားရဲ့ မျက်နှာဖြတ်ရိုက်မဲ့အကွက်ကို စောင့်နေတယ်”
“သူ့ကို ဘာက ဘာလဲဆိုတာကို ပြလိုက်။ လနတ်ဘုရားရဲ့ မသေမျိုး မှော်ဆရာကို ငါယုံတယ်”
“ငါကတော့ ဒီဂိမ်းပွဲမှာ လနတ်ဘုရားပေါ် လောင်းကြေးထပ်တယ်။ သူရှုံးရင် ငါ ဒုံးပျံ၁၀ခု ဆုချမယ်”
“ဖွင့်ပြီ ဖွင့်ပြီ ဒီလောင်ဇီက အရိပ်ရေပုံး ၁၀ခု ဆုချမယ်”
ဝေ့ရှောင်းက စိတ်အားထက်သန်လွန်းသော၊ ဆုချမည်ဆိုသော စစ်တပ်များကို ကြည့်လိုက်ရင်း ပြောလိုက်သည်။
“အိုး ဟုတ်သားပဲ ပထမဦးဆုံး တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ဘောနပ်ရှိတယ်။ မဟုတ်လား။ ငါ ရှုံးရင် အားလုံးအတွက် ယွမ်ငါးသောင်းတန် စာအိတ်နီ ပေးမယ်”
ကြည့်ရှုသူများ “_ _ _”
FTWက တကယ်ချမ်းသာတာပဲ။
ပွဲက စတင်သည်။
ဒီ matchပွဲသည် ယခင်ပွဲထက်ပင် ပို၍စိတ်လှုပ်ရှားဖွယ် ကောင်းသေးသည်။
မသေမျိုး မှော်ဆရာသည် ဖွံ့ဖြိုးတိုးတက်ရန် မလိုချေ။ ထို့ကြောင့် ပွဲစဉ်အစပိုင်းကတည်းက တိုက်ခိုက်၍ ရသည်။ သူတို့၏ ပြိုင်ဘက်ကင်း အကွက်မရှိပဲ အနည်းငယ် ခက်ခဲလောက်သည်။ သို့သော် ထိုဟီးရိုးသည် Qစကေး ပိုင်ဆိုင်ထားရုံနှင့် ထိုသားငယ်လေးများအကြားတွင် ရှေ့ပြန်နောက်ပြန် လျှောက်သွားပြီး ရလေသည်။
ပြိုင်ဘက်ကင်းအကွက်၏ ဘောနပ်မရှိရုံသာ ဖြစ်သည်။ ထိုအတွက်ကြောင့် damage Outputက အလွန်နည်းသည်။ သို့ရာတွင် ပတ်ပတ်လည်ဆက်တိုက် ခုန်ပျံနေခဲ့မည် ဆိုလျှင်လည်း တွက်ချက်ပေးပြီး ထုတ်ပေးသည့် damageကလည်း အမှန်ပင် ကြောက်စရာကောင်းလေသည်။
သီဟိုရီကျကျ ပြောရသော် qစကေးသည် နေရာချထားမှု မှန်ကန်ကောင်းနေရုံနှင့် ဆက်တိုက် အသုံးပြု၍ ရလေသည်။
ဒါပေါ့ ဒါကို သာမာန်ကစားသမားတွေက မလုပ်နိုင်ဘူး။
ထို့အပြင် ထိုကဲ့သို့ စကေးကို ကောင်းကောင်းသုံးနိုင်သော ပရော်ဖက်ရှင်နယ် ကစားသမားလည်း မများပေ။
ဂိမ်း၏ Upper limitက လုံလောက်အောင် မြင့်သည်။ သို့သော် မည်မျှအထိ သွားနိုင်မည်ဆိုသော ကိစ္စကမူ ကစားသမား၏ စကေးပေါ် မူတည်လေသည်။
နှစ်မိနစ်တည်းနှင့် ကွန့်မန့်များက သန့်စင်ခံရသလို ဖြစ်သွားသည်။
မဟာဆရာသခင်ကို လှောင်ပြောင်နေသော အသံများကပင် ပျောက်သွားသည်။
အံ့ဩစရာပဲ တကယ်ကို လန်းတယ်။ တော်တော်လေးကို လန်းတယ်။
မသေမျိုး မှော်ဆရာနှစ်ယောက်သည် ဟိုပျံဒီပျံ လုပ်နေကြသော မြင်ကွင်းက_ _ _ သောက်ကျိုးနည်း မှင်သက်ဖို့ ကောင်းတာပဲ။
“ငါ့ရဲ့လနတ်ဘုရားက ဒီလောက်ထိ ပျံနိုင်တာလား”
“လနတ်ဘုရားရဲ့ အမြင့်ဆုံး မှတ်တမ်းက ကွန်ဘို၆၇ မဟုတ်လား။ အခုက _ _ _”
“သူက မှတ်တမ်းကို ချိုးလိုက်ပြီ။ မှတ်တမ်းကို ချိုးဖျက်လိုက်ပြီ။ လနတ်ဘုရားက သူ့ရဲ့ ကိုယ်ပိုင် မှတ်တမ်းကို ချိုးလိုက်ပြီ”
“ဒါပေမယ့် ပြဿနာက မဟာဆရာသခင်ကလည်း မရပ်သေးတာပဲ”
“ကြောက်စရာပဲ။ တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်။ နတ်ဘုရားတွေ တိုက်ခိုက်နေကြပြီ”
“ဒီsoloကတော့ တန်တယ်။ Moonlit က အထူးတလည် ကောင်းကောင်း ကစားနေတာပဲ”
“တကယ်ပါ Moonlit ပွဲတွေမှာတောင် သူ့ရဲ့ဟီးရိုးကို ဒီလောက်ထိ မသုံးထားဘူး”
ဒါသည် ပြိုင်ပွဲ၏ ဆွဲဆောင်မှုဖြစ်သည်။ တစ်စုံတစ်ယောက်ကသာ လက်ရည်တူသော ပြိုင်ဘက်မျိုးကို တွေ့ဆုံနိုင်မည်ဆိုလျှင် ကိုယ်ပိုင်အင်အားကို ၂၀ရာခိုင်နူန်းအထိ လွှင့်ထုတ်နိုင်ပေလိမ့်မည်။
ဒီနှစ်များအတွင်း ဝေ့ရှောင်းသည် လေ့ကျင့်ရေး ပါတနာ ဖြစ်နေခဲ့သည်။ ကစားသမားများဟာ အချိန်ကာလများစွာ ကြာသည်အထိ သူ့ကို မမေ့နိုင်သော အကြောင်းပြချက်ကမူ သူနှင့် soloခြင်းက သူ့ကို အင်အားကြီးစေသောကြောင့် ဖြစ်သည်။
30.2 03
ထိုသို့ အင်အားကြီးစေသော နူန်းထားက သာမာန်မျက်စိဖြင့်ပင် မြင်နိုင်သည်။
နာတော့ နာကျင်လိမ့်မည်။ ငိုချင်လည်း ငိုရလောက်တယ်။ ဒါပေမယ့် မဟာဆရာသခင်ရဲ့ လက်ကနေ ကျော်ဖြတ်သွားပြီးတာနဲ့ အဲ့ဒီကစားသမားတွေ အားလုံးက ပရော်ဖက်ရှင်နယ် e sport စင်မြင့်က ရှေ့တန်းမှာ အဆုံးသတ်သွားရမှာပဲ။
လနတ်ဘုရား ,Eurostar, Asleep _ _ _
သူတို့သည် သူ၏တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယိုတွင် ဝေ့ရှောင်းနှင့် ကစားရန် အတင်းစိတ်အား ထက်သန်နေသော အကြောင်းပြချက်ကမူ ထိုအရာဖြစ်သည်။
သူတို့၏ အရှက်တရားကို ရှင်းလင်းရန်ဆိုသော ကိစ္စက အမှားအယွင်း ဖြစ်သည်။ သူတို့သည် ဒီအတိုင်း ကိုယ့်ကိုယ်သာ အစစ်အမှန် ဖြစ်ကြောင်း ပြသလိုခဲ့ခြင်းဖြစ်သည်။
အဆုံးသတ်တွင် ဝေ့ရှောင်းကသာ ကပ်သီးလေး နိုင်သွားသည်။
ကြည့်ရှုသူများကမူ အံ့အားသင့်မှု အပြည့်နှင့် ပါးစပ်အဟောင်းသား ဖြစ်ရင်း ကျန်ရစ်ခဲ့သည်။ သို့သော် တစ်ချိန်တည်းတွင်ပင် သူတို့သည် အမှန်တကယ် ယုံသွားသည်။
ကြွားဝါနေတာက တော်တော်လေး စိတ်ရှုပ်ဖို့ကောင်းပေမဲ့လည်း ထိုကြွားဝါမှုဟာ မည်သို့နည်းပင် ကြည့်ကြည့် မှန်ကန်နေခဲ့လေသည်။ ထို့နောက်_ _ _
တော်တော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်။
အင်အားကြီးတယ်။ သူက တကယ်ကို အင်အားကြီးတာပဲ။
“ဒီအဆင့်မှာရှိတဲ့ မသေမျိုး မှော်ဆရာနဲ့ဆိုရင် သူဘာလို့ Mid laneကို မသွားတာလဲ”
“FTWရဲ့ Mid laneအသစ်က နင်ကျယ်ဟန် မဟုတ်လား။ သူက မဟာဆရာသခင်လောက် တော်ရဲ့လား”
“အလျင်မလိုဘူး အလျင်မလိုဘူး နောက်ပွဲက နဲ့ Eurostarမဟုတ်လား။ ငါ့ရဲ့ နတ်ဘုရားက မက်စ်မန်းလေ။ မဟာဆရာသခင်ရဲ့ မက်စ်မန်းက အင်အားကြီးနိုင်မှာလား”
“မင်း သူပြောတာ မကြားဘူးလား။ သူ့ရဲ့ ရေခဲမုဆိုးက အရိပ်သူခိုးကို သတ်နိုင်တယ်တဲ့”
“ဖာ့ခ်”
“ FTWက ဒီရတနာကြီးကို ဘယ်နေရာက တူးထုတ်လာတာလဲ”
“မီးကို လာသတ်ပေးသည်မှာ RR.moneyဟု ခေါ်သော အိုင်ဒီက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ပိုက်ဆံများ အထုပ်လိုက် သယ်လျက်ရောက်လာခြင်း ဖြစ်သည်။ သူသည် မျက်တောင်တစ်ခတ် အချိန်အတွင်း ယွမ်ငါးသောင်းတန် လက်ဆောင်များကို ပို့ပြီးလေပြီ။
moneyက ဘယ်သူလဲ ဟုတ်လား။
သူသည် RR၏ ကြွယ်ဝသော ခေါင်းဆောင် ဖြစ်သည်။ RRတွင် မသေမျိုး ကစားသမား နှစ်ယောက်ရှိသည်။ တစ်ယောက်သည် အသက်၁၉နှစ်အဆုံးနားတွင် ပွဲဦးထွက်ခဲ့သော moonlit ဖြစ်ပြီး သူသည် တောက်လျောက် ကျော်ကြားသွားခဲ့ရာ အခြားတစ်ယောက်က သူတို့၏ ခေါင်းဆောင် money ဖြစ်သည်။
money၏ နာမည်အရင်းသည့် မော့ဟွေ့ဖြစ်ပြီး သူ၏ ဂိမ်းအိုင်ဒီသည် ပိုက်ဆံဖြစ်သည်။ လူတိုင်းက moneyသူ့ကို ဟုသာ ခေါ်ကြသည်။
ဘာလို့လဲ ဘာလို့လဲဆိုတော့ သူက တအားချမ်းသာလို့။ လက်ရှိအချိန်တွင် သူသည် မည်သည့်စီးပွားရေး အုပ်စုကြီး၏ မင်းသားလေး ဖြစ်ကြောင်း မသိသေးသော်လည်း သူသည် အလွန်ချမ်းသာသည်ဆိုသည်ဆိုသော အချက်က အလွန်သေချာသည်။ သူကသာ သူ၏အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို ရွေးချယ်မှုကြောင့် မိသားစုနှင့် ကတောက်ကဆဖြစ်ခဲ့သည့်တိုင်အောင် သူ၏ ငယ်ရွယ်သော ရက်များအတွင်း သိမ်းထားသော မုန့်ဖိုးများကတင် သုံးဖြုန်း၍ မကုန်နိုင်အောင် လုံလောက်လေသည်။
Moneyသည် ယွမ်ငါးသောင်းတန် လက်ဆောင်များကို ဝယ်လိုက်ပြီးနောက် စာတစ်ကြောင်းကို ပို့လိုက်သည်။
“မဟာဆရာသခင် ငါ့ရဲ့မိသားစုက လလေးကို နောက်ထပ်တစ်ပွဲလောက် ပေးကစားလို့ ရမလား”
သူ ဒီလောက် ပိုက်ဆံအများကြီး သုံးထားတာက သူ့ရဲ့ကွန့်မန့်လေးကို စပရှယ်အဖက် ရစေချင်လို့ပဲ။ တောက်တောက်ပပ ဖြစ်တာပေါ့။
ဝေ့ရှောင်းကလည်း ထိုလူဟာ မည်သူဖြစ်ကြောင်း သိသဖြင့် ယဉ်ယဉ်ကျေးကျေး နူတ်ဆက်သည်။
“ဟယ်လို စီနီယာ”
မည်သို့ပင်ဖြစ်စေ တစ်ဖက်သူသည် Closeနှင့် ခေတ်တူသည်။ ထို့ကြောင့် ယဉ်ကျေးရန် လိုအပ်သည်။
30.2 04
Money “မင်းက တအားယဉ်ကျေးနေတာပဲ”
ထိုလူချမ်းသာကြီးက ပျော်သွားပြီး သူ့ကို နောက်ထပ်နှစ်သောင်း ထပ်ပေးသည်။
ဝေ့ရှောင်း “ငါလည်း လနတ်ဘုရားနဲ့ soloချင်ပါသေးတယ်။ ဒါပေမယ့် တန်းစီနေရတာ လူတအားများတာဆိုတော့ ဘာလို့ နောက်ရက်မှ မစီစဉ်တာလဲ”
Moneyသည်လည်း တွေးကြည့်လိုက်ပြီး သဘောတူသည်။
“ကောင်းပြီလေ ငါတို့ off line ဖြစ်တော့မှ ဆက်သွယ်တာပေါ့”
ဝေ့ရှောင်း “ကောင်းပြီ”
ထို့နောက် သူသည်လည်း သူဟာ မဟာဆရာသခင် မဟုတ်ဘဲ ပရော်ဖက်ရှင်နယ် ကစားသမား ဖြစ်ကြောင်း သိလိုက်သဖြင့် ဆက်ပြောသည်။
“အိုး ဟုတ်သားပဲ ငါ့ အရင်ဆုံး ခေါင်းဆောင်ကို မေးရဦးမယ်”
“ ဘာလို့လဲ”
ဝေ့ရှောင်းက နှစ်နှစ်ခြိုက်ခြိုက် ပြောသည်။
“ငါ အခု ခေါင်းဆောင်ကို မှီခိုပြီး စားဖို့၊သောက်ဖို့၊ ဝတ်ဖို့ အိုး ဟုတ်သားပဲ ငါ ခေါင်းဆောင်နဲ့တောင် အိပ်သေးတာဆိုတော့ သူ့ကို မေးရမှာပေါ့”
မည်သို့ပင်ဆိုစေ သူသည် Closeကို ရန်စ၍ မရချေ။ သူသည် လအတွက်ကြောင့်နှင့် သူ၏အိမ်တွင်ရှိသော စကြာဝဠာကြီးကို လက်လျော့၍ မရနိုင်ပေ။
ကွန့်မန့်များ “_ _ _”
“ငါ သောက်ကျိုးနည်း ကန်းသွားတာလား”
“sleep _ _ _ အိပ်_ _ _ ခေါင်းဆောင်နဲ့ အိပ်တယ်_ _ _”
“နတ်ဘုရားဈ စကားလုံးတွေကို ရှုပ်ထွေးအောင် မပြောလို့ ရမလား အား ငါသေပြီ”
“doubleဖုန်း ညီမတို့ရေ ငါတောင်းပန်ပါတယ်။ ငါတော့ ဒီကျိန်စာ CP ကို တစ်စက္ကန့်လောက် သွားပြီး ထောက်ပံ့လိုက်ဦးမယ်”
ရှင်းလျိုသည် သက်ရောက်မှု မြန်ဆန်သည့် နှလုံးဆေးကို တစ်လုံးထုတ်ပြီး ခပ်မြန်မြန် သောက်လိုက်သည်။ ထို့နောက် ချန်းဖုန်းကလည်း အကိုက်အခဲပျောက်ဆေးကို ခပ်မြန်မြန် သောက်၏။ ခေါင်းမာသော ထန်ချန်းကသာ ထရယ်လေသည်။
“ဒီအရူးလေးဝေ့ကတော့ တကယ်ကို အကန့်အသတ် မရှိတာပဲ”
အကန့်အသတ်...
သောက်ကျိုးနည်း အကန့်အသတ်လား။
ဒါက အင်တာနက်တစ်ခုလုံးကို အမှန်တကယ် မွှေနှောက်နိုင်တဲ့ ပထမဦးဆုံး တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်လောက်တယ်။ အခြားကိစ္စများကို ထည့်ပြောရန် မလိုအပ်ချေ။ FTWတိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ မဝင်လာသော လူများက ရူးနေကြလိမ့်မည်။
ဒီတစ်ကြိမ် ထိုအရူးလေးဝေ့၏ လုပ်ဆောင်မှုများအရ သူတို့၏ FTWသည် နောက်နှစ်တွင် ပို၍ကြွယ်ဝလာလောက်သည်။
Live stream feeများသည် ကောင်းကင်သို့ ထိုးတက်သွားလောက်၏။
တတိယပွဲစဉ်ကမူ Eurostar နှင့်ဖြစ်သည်။
မက်စ်မန်းသည် သူတို့အား ကောင်းကင်ဘုံသို့ တက်သွားရန် လမ်းကြောင်း တောက်လျောက်တွင် ကြွားဝါပြနိုင်ရန် လုံလောက်လောက်အောင် Talent specs များသည်။ ဥပမာအားဖြင့် မုန်တိုင်းမုဆိုးဆိုလျှင် ကြောက်ရွံ့ ရိုသေဖွယ်ကောင်းသော ကစားကွက်များက တဆင့် ဦးခေါင်းခွံကို ထုံထိုင်းကြိမ်းတက်သွားစေလောက်သော talent specs မျိုး ဖြစ်သည်။
Glory၏ Button lane ကစားသမားများ အားလုံးနီးပါးက ရေခဲမုဆိုးနှင့် ပတ်သက်ပြီး ကျွမ်းကျင်ရန် မလိုအပ်ချေ။ ထိုအစား သူတို့သည် မုန်တိုင်းမုဆိုးနှင့် ကျွမ်းကျင်ရန် လိုအပ်သည်။
သူခိုးနှင့် ရင်ဆိုင်ရသောအခါ မုန်တိုင်းမုဆိုးသည် မတ်တပ်ရပ်ပြီး တိုက်ခိုက်နိုင်စွမ်းရည် ရှိသည်။
မုန်တိုင်းမုဆိုးသည် မိုးမြှားကို သုံးသည်။ ထိုမြှားကို ပစ်လိုက်သောအခါ မိုးစက်များ ကျ၏။ မိုးစက်က ထိခိုက်မှုမရှိလောက်ဟု ထင်ရလောက်သည်။ သို့သော် team power အလွန်များပြီး အလွန်လျင်မြန်ဖြတ်လတ်စွာ အသုံးပြုနိုင်စွမ်းရှိသည်။
မိုးစက်များသည် ရန်သူကို အမှတ်အသား ပြုနိင်သည်။ မုန်တိုင်းမုဆိုး၏ အဓိက Coolစကေးသည် W skillဖြစ်ပြီး အနီးဆုံးသော အမှတ်အသားပြုထားသော ပစ်မှတ်ထံသို့ ချက်ချင်းလိုလို ရောက်သွားနိုင်သည်။ ထို့နောက် သူတို့သည် Q skillကို ပေါင်းသုံးလျက် သူတို့က ခံရမည့် Damageကို မှေးကျသွားအောင် လုပ်နိုင်ပြီး တပြိုင်တည်းတွင်ပင် သူတို့၏ ပြိုင်ဘက်ကင်းအကွက်ကို ထုတ်သုံးလျက် ဖြစ်စဉ်ကို နှစ်ကြိမ်ထက် သုံးကာလှုပ်ရှားရင်း ကောင်းကင်သို့ တောက်လျောက် ထိုးတက်သွားနိုင်စွမ်းရည် ရှိသည်။
30.2 05
Eurostarသည် မုန်တိုင်းမုဆိုးကို ရွေးသည်။ ဝေ့ရှောင်းကလည်း သဘာဝအလျောက်ပင် မုန်တိုင်းမုဆိုးကို ရွေးသည်။
ချန်းဖုန်းက တစ်ခဏခန့် ကြည့်လိုက်ရင်း လုဖုန်းကို ပြောသည်။
“အထူးလေ့ကျင့် ပေးထားသေးတာလား”
လုဖုန်း “အင်း”
ချန်းဖုန်း “သူက တစ်ညတည်းနဲ့ ဒီလောက်ထိ နားလည်သွားနိုင်တယ်”
ဒါက ချဲ့ကားလွန်းရာ ရောက်တယ်။ တော်တော်လေးလည်း ကြောက်ဖို့ကောင်းတယ်။ ဒီလိုပါရမီအဆင့်မျိုးက တော်တော်လေးကို မှင်သက်ဖို့ ကောင်းတယ်။
ချန်းဖုန်းသည်လည်း မသေမျိုး မှော်ဆရာနှင့် matchကို ကြည့်နေချိန်ကတည်းက ထိုသို့ ခံစားနေရခဲ့ပြီးသား ဖြစ်သည်။
သီအိုရီကျကျ ပြောရသော် Moonlirနှင့်Eurostar မရှုံးနိုင်သော အခွင့်အရေးက ၅၀ရာခိုင်နူန်း အပြည့်ရှိသည်။ မည်သို့ပင်ဆိုစေ သူတို့သည် တရုတ်ပြိုင်ပွဲရေးနယ်မြေတွင် မြင့်တက်နေသော ကြယ်စင်များ ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာ ပွဲစင်မြင့်တွင်ပင် လုံလောက်အောင် မရှုံးနိုင်လောက်သေးချေ။ ထို့ကြောင့် ပြိုင်ပွဲနယ်မြေ ၁၆နယ်မြေတွင် Glory၏ ဘုရားကျောင်းထဲတွင် ထွင်းထုထားခံရသော နာမည်ပိုင်ရှင် သားရဲအိုကြီးတွေလောက်ကသာ သူတို့ကို ဖိနှိပ်နိုင်သူများ ဖြစ်လောက်သည်။
အရူးလေးဝေ့ကမူ အလွန်ကြမ်းတမ်းသည်။ သို့သော် သူအနေဖြင့် သူခိုးကိုသာ မသုံးလျှင် ထိုနှစ်ယောက်ကို နိုင်ချင်မှ နိုင်နိုင်ပေလိမ့်မည်။ နိုင်လျှင်ပင် မလွယ်ကူလောက်ချေ။
ဆိုလိုသည်မှာ Closeက သူ့ကို လေ့ကျင့်ပေးထားခဲ့သောကြောင့် ဖြစ်မည်။ လုဖုန်း၏ Soloစွမ်းရည်က အလွန် အင်အားကြီးသည်။ ထိုသို့အင်အားကြီးသည်ဟု ပြောရသည့် အကြောင်းပြချက် တစ်ခုကမူ သူသည် လေ့လာရာတွင် အလွန်တော်သည်။ လေ့လာရာတွင် အလွန်တော်သည်ဟု ဆိုခြင်းထက် လေ့လာသည်ဆိုသော စကားလုံးက သူ၏စကားလုံးကို ဖော်ပြရန်ပင် မလုံလောက်ချေ။ သူသည် တောက်လျောက် ကော်ပီနိုင်စွမ်းရည် ရှိနေခြင်း ဖြစ်သည်။
သူသည် သူက ကြုံဖူးပြီးသော ပြိုင်ဘက်တိုင်း၏ အင်အားနှင့် အားနည်းချက်များကို တောက်လျောက် အတိအကျ အမိဖမ်းနိုင်စွမ်းရည် ရှိသည်။ ထို့အပြင် သူတို့၏ အားသာချက်များကို ကော်ပီကူးယူပြီး အားနည်းချက်များကို ရှောင်နိုင်သည်။
ဒီလိုလူမျိုးကို ဘယ်သူက နိုင်နိုင်မှာလဲ။
မနေ့ညက Closeသည် မသေမျိုးမှော်ဆရာနှင့် မုန်တိုင်းမုဆိုးကို သုံးပြီး ဝေ့ရှောင်းနှင့် soloရင်ဆိုင်ပေးခဲ့သေးသည်။ ဒီနည်းအားဖြင့် ဝေ့ရှောင်းအား moonlitနှင့်Eurostar တိုက်ခိုက်ပုံကို အတွေ့အကြုံ ရသွားစေသည်။
ချန်းဖုန်းသည်လည်း အဘွားအိုကြီးတစ်ယောက်၏ လေသံမျိုးကိုပင် ထုတ်ကာ သုံးလိုက်မိသည်။
“မင်း သူ့ကို အလိုမလိုက်သင့်ဘူး။ သူ ရှုံးသွားတော့ရော ဘာဖြစ်လဲ”
ဒီကောင်လေးရဲ့ တိုက်ခိုက်လိုစိတ်ကို ပိုပြီး မွန်းမံပေးနိုင်လိမ့်မယ်။ အခုကြည့်ပါဦး သူ တော်တော်လေးကို ထောင်လွှားလွန်းနေပြီ။
လုဖုန်းက ခပ်တိုးတိုးပြောသည်။
“ငါက သူရှုံးမှာကို စိုးရိမ်တာ မဟုတ်ဘူး”
ချန်းဖုန်း “??”
လုဖုန်းက စကားကို အဆုံးသတ်သည်။
“ဒီအတိုင်း သူ နိုင်သွားတာကို မြင်ချင်ရုံပဲ”
ချန်းဖုန်း “_ _ _”
မင်း သောက်ကျိုးနည်း သူ့ကို အလိုလိုက်နေတာ မဟုတ်ဘူးလား။
******