Ch 31
Viewers 3k

အပိုင်း (31.1)


Closeက သူ့ကိုတကယ်ကြီး ဒီလောက်ထိ အလိုလိုက်ထားတာဘဲ။


TPT အခြေစိုက်စခန်း


Eurostarသည် e sport ကုလားထိုင်ပေါ်သို့ နောက်ပြန် မှီချလိုက်ပြီး ဖန်သားပြင်တွင် ပေါ်လာသော အရှုံးဆိုသော စကားလုံးကို ကြည့်လိုက်သည်။


သူသည်  solo match ပွဲများအတွက် မုန်တိုင်းမုဆိုးကို အသုံးပြုသောအခါ သူ၏အနိုင်ရနိုင်ခြေသည် 95% ကို ကျော်သည်။


ဒီပွဲတွင် _ __ သူက တကယ်ကို ရှက်စရာကောင်းလွန်းတဲ့ ပုံစံနဲ့ရှုံးသွားတယ်။ သူ၏နောက်ဖက်မှ တိုးလျသော်လည်း တည်ငြိမ်သည့် အမျိုးသားတစ်ယောက်ရဲ့ အသံက ထွက်လာသည်။


“ ၅မိနစ်နဲ့ ၃၆စက္ကန့်မှာ မင်းရဲ့ Q skill ကမင်းရဲ့ auto တိုက်ကွက်နဲ့အမီမလိုက်နိုင်ခဲ့ဘူး ဒီလိုနဲ့ DPS အခွင့်အရေးကို ဖြုန်းသလိုဖြစ်သွားတယ်။ ၈မိနစ်နဲ့၂၃ စက္ကန့်မှာ မင်းရဲ့မိုးစက်အမှတ်အသားက ကျရှုံးသွားပြီး မင်းလိုသလို shift မရွှေ့ပြောင်းနိုင်တော့ဘူး။ ၁၂ မိနစ်နဲ့၄၄  စက္ကန့်မှာ မင်းကအနီးကပ်တိုက်ခိုက်ဖို့ကို တုန့်ဆိုင်းသွားတော့ တစ်ဖက်ကအခွင့်အရေးကို အရယူသွားတာပေါ့ ”


Eurostarက ခေါင်းဆောင်ကို မော့ကြည့်သည်။


“ ကောင်းပါပြီ၊ ငါ့မျက်ရည်တွေ ကျတော့မယ်”


သူ၏ပါးစပ်က ထိုစကားလုံးများကို ပြောသော်လည်း သူ၏မျက်လုံးကမူ အလွန်ပင် ခြောက်သွေ့နေသည်။


ဖုလီက စားပွဲပေါ်မှ မျက်ရည်တုပုလင်းကို ကောက်ယူလိုက်ပြီး သူ့ကိုကမ်းပေးသည်။ Eurostar ကလည်း အမှန်တကယ်ပင် နှစ်စက်ခန့် ညှစ်ထည့်လိုက်ပြီး သူ၏ မျက်လုံးတွင် မျက်ရည်များ ပြည့်သွားလေသည်။


ဖုလီ ; “ ဒီလူက မင်းကို လမ်းချင်း ပြောင်းစေခဲ့တဲ့လူလား”


Eurostarက မျက်တောင် ခတ်လိုက်သည်။သူ၏မျက်ရည်များ စီးကျလာသည်။


“ဟုတ်တယ်၊ ကြည့်ပါအုံး ငါ တအား ဝမ်းနည်းလွန်းလို့ ငိုနေပြီ”


ဖုလီက သူ၏အခြေအနေကို အနှစ်ချုပ်ပြသည်။


“ Closeက တကယ်ကြီးကို သူ့ကိုလုံလုံလောက်လောက် အလိုလိုက်ထားတာပဲ”


Eurostarသည်လည်း ထိုစကားကတစ်ဆင့် သူ၏ဆိုလိုရင်းကို နားလည်လိုက်သည်။ သူနှင့် Quiet၏ ပွဲစဉ်အတောအတွင်းတွင် သူသည်လည်း ခံစားခဲ့ရသည်။ ထိုကလေးသည် သူ၏ကစားဟန်နှင့်ပင် ရင်းနှီးလွန်းနေပြီး အလွန်ပင်တည်ငြိမ်စွာ ကစားနိုင်ခဲ့သလို သူက အမှားလုပ်လေ့လုပ်ထရှိသော သေးငယ်သည့် အသေးစိတ်အချက်အလက် အချို့ကိုပင် အထူးတလည် အာရုံစိုက်ထားသည်။ ဝေ့ရှောင်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် သူ၏အင်အားများကို ရှောင်ရှားပြီး သူ၏လိုအပ်ချက်များကို အထူးတလည် တိုက်ရိုက်ပစ်မှတ်ထားသည်။ ဒီလိုခံစားချက်က _ __


Individual ပြိုင်ပွဲမှာ မဟာမိစ္ဆာဘုရင်နှင့် တွေ့နေရသလိုမျိုးပဲ။ 


သူသည် လမ်းချင်းပြောင်းပြီးနောက်ပိုင်း မဟာဆရာသခင်နှင့် ထပ်ပြီးမsolo ဖြစ်တော့ချေ။ ထို့ကြောင့် ဝေ့ရှောင်းက သူ့ကို ထိုမျှထိ ကောင်းစွာသိနေခဲ့သည်မှာ လုဖုန်းက သူ့ကို ညွှန်ပြချက် ပေးထားသောကြောင့်သာ ဖြစ်ပေလိမ့်မည်။


မည်သို့ပင်ဆိုစေ Glory Professional အသိုင်းဝိုင်းအတွင်းတွင် မဟာမိစ္ဆာဘုရင်ကြီး၏ copy နိုင်သော စွမ်းရည်ကို မသိသူမရှိပေ။


Eurostarက သက်ပြင်း ချသည်။


“ ဒီလိုပါရမီရှင်မျိုး Closeက ဘယ်လိုများ အလိုမလိုက်ဘဲ နေရမှာလဲ”


ဖုလီသည် အမြဲတစေ အကြောသေနေသလို မျက်နှာထားမျိုးနှင့် မွေးဖွားလာသူ ဖြစ်သည်။ သူသည် ဘယ်သောအခါမှ ပြုံးရယ်လေ့ မရှိချေ။ သူ၏ မပြုံးမရယ်သောမျက်နှာက လုဖုန်းနှင့် ခြားနားသည်။ လုဖုန်းသည် တစ်နှစ်ပတ်လုံး အေးစက်နေလေ့ရှိပြီး သူ၏ထိုမျက်နှာနှင့် ပေါင်းစပ်လိုက်သော် ပရိတ်သတ်များက ကွယ်ရာတွင်သာ ခိုး၍အော် ဟစ်ရဲလေသည်။


ဖုလီကမူ လေးနက်တည်ကြည်ပြီး ခိုင်မြဲပုံပေါ်သည်။ သူသည် သူ၏စာပေလေ့လာမှုကိုပင် ဆိုင်းငံ့ထားသည့် တောင်းပိုင်းတက္ကသိုလ်မှ ထိပ်တန်းအဆင့်ကျောင်းသား ဖြစ်သည်။Glory အသိုင်းအဝိုင်းအတွင်းတွင်မူ ကျော်ကြားသော Data ဧကရာဇ်လည်းဖြစ်သည်။


သူ၏စီမံလည်ပတ်ပုံများသည် အထူးချွန်ဆုံး မဟုတ်ချေ။ သူ၏နည်းပညာပိုင်းဆိုင်ရာ စွမ်းရည်သည်လည်း အင်အားအကြီးဆုံး မဟုတ်ပြန်ပေ။ သို့သော်သူ၏ ဗျူဟာကမူ ကောင်းကင်ကိုပင် အံတုနိုင်သည်အထိ လုံလောက်အောင် အင်အားကြီးနေသည်။


TPT၏ နည်းပြလောင်ဝမ်သည် မန်နေဂျာနှင့်ပင် ပိုတူသည်။ ခေါင်းဆောင်ဖုလီကသာ နည်းပြ၏အလုပ်အများစုကို တာဝန်ခံထားသူဖြစ်သည်။

31.1 02

Stater team မှပြိုင်ပွဲဝင်သည် တရုတ်နည်းပြအများစုထက်ပင် ခွဲခြမ်းစိတ်ဖြာမှု ပိုကောင်သေးသည်။


ဖုလီ ; “ မင်း Quiet ရဲ့အကြောင်းတွေ ဘာသိထားသေးလဲ ငါ့ကိုပြော”


Eurostarသည် ခေါင်းဆောင်၏ စိတ်နေသဘောထားကို နားလည်သဖြင့် သူ သိထားသမျှအရာအားလုံးကို အသေးစိတ် ပြန်ပြောပြလိုက်သည်။ 


မီးအိမ် မဟာဆရာသခင်တစ်ပါးဆိုသည်မှာ လွန်ခဲ့သော၂နှစ်လုံးလုံး  Glory အသိုင်းအဝိုင်းတွင် ဒဏ္ဏာရီ ဖြစ်လာသည်။ သို့သော် ထိုဒဏ္ဍာရီသည် Club အသီးသီးမှာ ဒုတိယအသင်းများ အတွက်သာ အကန့်သတ် ရှိနေခဲ့သည်။ အထူးသဖြင့် ပြိုင်ပွဲဝင်မျိုးဆက်သစ်များကသာ သိလောက်၏။ ကစားသမားဟောင်းများကမူ အထူးတလည် မသိပေ။


ပိုင်ချိုင်သည်လည်း အနည်းငယ်သာ လူသိများသော Club အသေးစားများ သို့မဟုတ် ဒုတိယအသင်းများမှ ကစားသမားများကိုသာ ပစ်မှတ်ထားနိုင်လေသည်။ သူသည် အသင်းများမှ ထောက်တိုင် သို့မဟုတ် ကျောရိုးကစားသမားမျိုးကို ဆက်သွယ်နိုင်လေ့မည် မဟုတ်ပေ။


ဒါပေါ့ သူဆက်သွယ်ခဲ့ရင်တောင်မှ သူတို့က လာဖို့သဘောတူမှာမှမဟုတ်တာ ။ 


ဒုတိယအချက်အနေနှင့် မဟာဆရာသခင်၏ အနိုင်ကျင့်မှုကို ခံနေရသော ကစားသမားများသည် ငယ်ရွယ်ပြီး အင်အားအပြည့်နှင့်ဖြစ်သည်။ ထိုအသက်ရွယ်တွင် သူတို့၏ နှလုံးသားနှင့်ဂုဏ်သိက္ခာက အရာအားလုံးထက်အရေးကြီးသည်။ သူတို့သည် အပြင်လူက သူတို့အား သေဆုံးပြီးသည်အထိ ပိတ်လှောင် ခံရသွားအောင် အနိုင်ကျင့်နှိပ်စက်ခဲ့သော အကြောင်းအရာကို အကြီးအကဲများတွင်  ငိုယိုပြီးတိုင်ပြောလိမ့်မည်မဟုတ်ချေ။


အို သူတို့က ဒီလိုအနိုင်ကျင့်ခံရဖို့အတွက် ယွမ်သောင်းကျော်ပေးပြီး ဝယ်ရသေးတယ်။


အသက် ၁၈ နှစ် ၊ ၁၉ နှစ်အရွယ် ဆယ်ကျော်သက်လေးတွေက ဘယ်လိုများ ခပ်ကျယ်ကျယ် ထုတ်ပြောရဲမှာလဲ 


ထို့ကြောင့် ဖုလီနှင့် Money တို့သည်လည်း မဟာဆရာသခင်နှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို မသိရုံမျှမကသေးဘဲ လုဖုန်းကသာ ပိုင်ချိုင်နှင့် ဝေ့ရှောင်း၏ စီးပွားရေးကိုမထောက်လှမ်းနိုင်ခဲ့လေ သူကိုယ်တိုင်လဲ မဟာဆရာသခင်၏ တည်ရှိမှုကိုမသိလောက်ချေ။ ထိုသို့ဖြင့် ဝေ့ရှောင်းသည်လည်း professional စင်မြင့်အကြောင်းတွေးနိုင်လိမ့်မည် မဟုတ်ပေ ။ Eurostar၏ ဇာတ်ကြောင်းပြန်ပြောမှုကို နားထောင်ပြီးနောက် ဖုလီက မျက်မှောင်ကြုပ်သည်။ 


" သူက သူခိုးတွေနဲ့ အတော်ဆုံးဟုတ်လား " 


Eurostar:" တိတိကျကျပြောရရင် Jungler နေရာ "


ဖုလီက လက်ထဲတွင် ခပ်သွယ်သွယ် ဘောပင်လေးကို ကိုင်ထားပြီး စာရွက်ပေါ်တွင် တစ်စုံတစ်ရာကို ခပ်ပါးပါးရေးခြစ်နေသည်


Eurostar သည်လည်း ခေါင်းဆောင်၏ ထိုလက္ခဏာဟာ သူတွေးတောနေသော လက္ခဏာဖြစ်ကြောင်းနားလည်သဖြင့် ဆက်ပြောပြလိုက်သည်။


" ငါသိထားတဲ့ အတိုင်းဆိုလျှင် သူက Closeကို တကယ်သဘောကျတာ သူClose ရဲ့ match ပွဲတွေကိုကြည့်ပြီးတိုင်း စိတ်လွတ်သွားလေ့ရှိတယ် ဒီတော့ Close ကတော်သမျှ Hero တိုင်းကို အရမ်းတော်တယ် " 


ဖုလီ၏ ဘောပင်ထိပ်က ရပ်တန့်သွားသည်။ သူဟာ အသာရယ်မောလိုက်သည်။ သူ၏ မျက်လုံးကပင် ဝင်းလက်သွားသည်။ 


" ကောင်းလိုက်တာ ၊ လုဖုန်းက နောက်ဆုံး လွှတ်လိုက်နိုင်ပြီ။ "


Eurostar "ဟင် "


ဖုလီက မတ်တပ် ထရပ်သည်။ 


" ပြင်ဆင်ထား ၊  FTW ရဲ့ Jungler နေရာကပြောင်းလဲတော့မယ် " 


သူ၏ စကားလုံးများက ပေါ့ပါးပြီး သာမာန်ဆန်သည်။ သို့သော် Eurostar ကို အံ့သြသွားရန် လုံလောက်သည်။


" ဘာ "


မဟာမီးအိမ် ဆရာသခင်ကို သိသော Eurostarလို လူပေါင်းများစွာ ရှိသည်။ မည်သူကမှလည်း မဟာဆရာသခင်က FTWကို ဝင်ပြီးနောက် FTW၏ Junglerဟာ ပြောင်းလိမ့်မည်ဟု မတွေးလောက် ချေ။ 


မဟာဆရာသခင်သည် Jungler နေရာတွင် အလွန်အင်အားကြီးသည်မှာ မှန်ကန်သည်။ သို့သော် သူသည် Close ထက်ပို၍ အင်အားမကြီးနိုင်ပေ ။



တရုတ်ပြိုင်ပွဲဝင်ဇုန်အတွင်း မျိုးဆက်သစ်များအကြားတွင် Close၏ Jungler သည် ယုံကြည်သက်ဝင်မှု တစ်မျိုးနှင့်ပင် တန်ဖိုး တူနေသည်။


FTWကသာ အများကောင်းရန်အတွက် ပိတ်ချရမည်ဆိုလျှင်ပင် Junglerကို အခြားသူ အားပေးလိမ့်မည်  မဟုတ်ပေ။ 



ဒါဟာမရေတွက်နိုင်သော ပရိသတ်ပေါင်းများစွာ၊ ကစားသမားပေါင်းများစွာ ယုံကြည်ထားသော အရာဖြစ်သည်။ 


ယခုမူ - - - 


Eurostarသည်လည်း ခေါင်းဆောင်၏ ခန့်မှန်းချက်ကို အမြဲတစေ ယုံကြည်သောသူ ဖြစ်သည့်အလျောက် ချက်ချင်းဆိုသလို ခုန်ထလိုက်ပြီး ရုတ်တရက် ပြောသည် 


"သေစမ်း Close က Top lane ကို ပြောင်းတော့မှာလား ။ သေစမ်း သူ့ကို ဘယ်သူထိန်းထားနိုင်မှာလဲ" 


သူသည် မူလကမူ TPTဟာ ဒီနှစ် Global ပြိုင်ပွဲတွင် FTW၏ နေရာကို ယူရန် အသင့်ပြင်ထားနိုင်ပြီး Championship ကိုရလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့သော် မမျှော်လင့်ထားစွာဖြင့် FTWကပို၍ပင် ကြမ်းတမ်းလာသည်။


သူတို့သည် မဟာမိစ္ဆာဘုရင်ကြီးကို ကြိုးလျော့သွားအောင် ဖြတ်တောက်နိုင်သည်။


 ဒါပေမဲ့ အခုလိုမျိုး လမ်းကြောင်း ပြောင်းလိုက်တာက လူတိုင်းရဲ့ ရှေ့ဆက်သွားမဲ့ လမ်းကြောင်းတိုင်းကို ဖြတ်တောက် လိုက်သလို မဖြစ်သွားဘူးလား 


4 ပွဲမြောက်သည် 3U၏ Asleepနှင့် ဖြစ်သည်။.

31.1 03

ဝေ့ရှောင်းသည် Asleepအပေါ် အလွန်လေးနက်သော ထင်မြင်ချက် ရှိသည်။.လွန်ခဲ့သော 1နှစ်ခန့်က သူတို့သည် match ပွဲရာကျော် soloခဲ့သည်။ အဆုံးသတ်တွင် နှစ်ယောက်၏ အနိုင်ရနိုင်ခြေက 50 - 50 ဖြစ်သည်။


Asleepသည် လုပ်ကြံသတ်ဖြတ်သူ Hero များကိုသာ သုံးပြီး ကစားသည်။ သူသည် လုပ်ကြံသတ်ဖြတ်ခြင်း သူခိုးတွင် အတော်ဆုံးဖြစ်သည်။.


လုပ်ကြံသတ်ဖြတ်ခြင်းသူခိုးနှင့် အရိပ်သူခိုးတို့သည် အလွန် ခြားနားသည်။ ပထမတစ်ခုသည် အလွန်ပင် အကြမ်းပတမ်းဆန်သည် ။ Game၏ ဟန်ချက်ကိုပင် ဦးဆောင်နိုင်ပြီး အရှိန်အဝါကို အရယူလိုက်နိုင်သည်နှင့် တစ်ဖက်ခြမ်းကို အသက်မရှုနိုင်သည်အထိ ဖိနှိပ်နိုင်သည်။ 


ပြောရမည်ဆိုလျှင် လွန်ခဲ့သော ၄နစ်ခန့်က အရိပ်သူခိုးသည် မရေမတွက်နိုင်သော Junglerကစားသမားများအတွက် သဘောအကျဆုံး Heroဖြစ်ခဲ့သည်။ သူတို့သည် သေသည်အထိ ချစ်ကြ၏ 


နောက်ပိုင်းတွင် Closeက ပေါ်လာ၏။ သူသည် အရိပ်သူခိုးကို အသုံးပြုပြီး ခမ်းနားသော လှည်ကျင်းမှုတစ်သုတ်တည်းနှင့် ကမ္ဘာ့သရဖူကို အရယူလိုက်ကာ အရိပ်သူခိုးအား စတင်ကာ ဆုတ်ယုတ်သွားစေသည်။


မည်သူကမှ သဘောမကျတော့၍ မဟုတ်ချေ။ သူတို့သည် သဘောကျ လွန်းသွားသောကြောင့် ဖြစ်သည်။ 


Gameကို စီမံခန့်ခွဲသူများကပင် ထိုHeroသည် အင်အားကြီးမားလွန်းသောကြောင့် Game၏ ဟန်ချက်ကို သက်ရောက်နိုင်သည်ဟု ထင်ကြသဖြင့် ဖြတ်တောက်မှုအချို့နှင့် အနည်းငယ် ဟန်ချက်လျှော့ပေးလိုက်ကြသည်။


ထိုပထမ ၊ ဒုတိယ ၊ တတိယ ဖြတ်တောက်မှု ၃ချက်နှင့်ဆိုလျှင် ယခုအခါ Closeကဲ့သို့ မှင်သက်ဖွယ် ကောင်းသော အကွက်များကို ထုတ်သုံးနိုင်သော လူကလွဲပြီး  သာမာန် professional ကစားသမားများက သုံးရန်ပင် ကြောက်ရွံ့ရိုသေနေရသော Heroပင်ဖြစ်လာသည်။


လုပ်ကြံသတ်ဖြတ်ခြင်းHeroသည် အရိပ်သူခိုးပြီးနောက် Jungler များကအလွန်သဘောကျသော Hero ဖြစ်လာသည်။.


လုပ်ကြံသတ်ဖြတ်ခြင်း Hero၏လက်နက်သည် ပါးလျသောသေဆုံးခြင်း မြက်ရိတ်ဓားဖြစ်သည်။ ထိုဓားသည် ဓားပြားအမျိုးစားမျိုးတွင် အလွန်ရှည်သော ပုံစံမျိုးရှိပြီး ပတ်ဝန်းကျင်ရှိ မည်သူ့ကိုမဆို သေရမည်ဟု ကြုံးဝါးနေသည်နှင့်ပင်တူသေးသည်။ 


ခုခံသော စွမ်းရည်သည်လည်း သူ၏နာမည်နှင့် ထိုက်တန်လောက်အောင် လုပ်ကြံသတ်ဖြတ်ခြင်းသူခိုးက ကစားသမားတစ်ယောက်ကို သတ်ပြီးသည်နှင့် ထို talent specသည် အမြန်ဒေါသထွက်ပြီး အခြေနေသို့ ဝင်ရောက်သွားပေလိမ့်မည်။ သူတို့၏ Stats ကပင် 2ဆမျှဖြစ်သွားနိုင်ပြီး သူတို့သည် ဖရုံသီးလှီးသလို ဟင်းရွက်ကန်စွန်းများ ခုတ်သင်လှီးဖြတ်သလိုမျိုး လူများကို သတ်နိုင်လာပေလိမ့်မည်။ ထိုခံစားချက်က ခံနိုင်လွန်းသဖြင့် အသုံးပြုသူများအား ကောင်းကင်ပေါ်သို့ ပျံတက်ရသည်ဆိုသော ခံစားချက်မျိုးပင် ရစေလောက်လေသည်။ 


Asleepသည် အစားသောက်စားသောက်နေခြင်းမရှိလျှင် သို့မဟုတ် Gameကစားနေခြင်း မရှိလျှင် အမြဲတစေ zzzz..... အိပ်ပျော်နေသော ကစားသမားဖြစ်သည်။ သို့သော် သူသည်ဖြူဖျော့ပြီး ညှင်သာ သိမ်မွေ့သောရုပ်ရည်မျိုးဖြင့် မွေးဖွားလာကာ သူ၏အမြဲတစေ အိပ်ချင်နေသော မျက်လုံးများနှင့် ထိုင်းထိုင်းမှိုင်းမှိုင်း ပုံစံကပင် ထူးခြားသော ပျင်းရိလေးတွဲနိုင်သည့် ချောမောမှု တစ်မျိုးကို ပေးစွမ်းနေပြန်သည်။ သူက ပြိုင်ပွဲစင်မြင့်အတွင်း သန်းနေသော screenshotက သူ၏ပရိတ်သတ်များအား ပို၍ချစ်သွားစေသည်။ ထိုသို့ဖြင့်ပို၍ပင် သဘောကျသွားစေပြန်၏။ 


သူသည်နေ့စဥ်ဘဝတွင် နေထိုင်ပုံအရ Koala သတ္တဝါလေး ပြန်လည်ဝင်စားလာပုံနှင့်ပင် တူနေသည်။သို့သော် ပြိုင်ပွဲအတွင်းတွင်မူ သူသည် အလွန်အမင်း ကြမ်းတမ်းပြီး ရူးသွပ်သွားတတ်သည်။ 



အထူးသဖြင့် သူသည် လုပ်ကြံသတ်ဖြတ်ခြင်းသူခိုးကို အသုံးပြုချိန်တွင် ဖြစ်သည်။ သူ၏လိမ့်တက်လာသော ရက်စက်ကြမ်းတမ်းသည့် အရှိန်အဝါက တောင်ကြားတစ်ခုလုံးကို လောင်ကျွမ်းသွားစေရန် လုံလောက်သည်။


3U teamသည် သူနှင့် လက်မှတ် မထိုးခင်ကဆိုလျှင် ညှင်သာသိမ်မွေ့ပြီး အနုစိတ်ကျသော ကစားပုံစံကြောင့် ကျော်ကြားပြီးသား ဖြစ်သည်။ သို့သော် သူကအသင်းသို့ဝင်ရောက်ပြီးနောက် သူတို့၏ကစားပုံစံက အများကြီး ပြောင်းလဲသွားသည်။ သူတို့၏ကစားပုံစံသည် ညှင်သာပြီး အနုစိတ်ကျသော ပုံစံမျိုးမဟုတ်တော့ဘဲ ဒေါသအမျက်အချောင်းချောင်းထလျှက် ခပ်ကြမ်းကြမ်း ဝင်တိုးတတ်သော ပုံစံမျိုး ဖြစ်သွားသည်။ 


" ဟေး Asleep " 


ဝေ့ရှောင်းက ခပ်မတ်မတ်ထိုင်သည်။


သူ၏client များထဲတွင် သူ့အားsolo ချင်စိတ် အပြင်းထန်ဆုံးပေးနိုင်သူက Asleep ဖြစ်သည်။ 


သူသည်လည်း Jungler နေရာတွင် ကစားသောကြောင့် သူခိုးများတွင် အထူးတလည်တော်သည်။ ထို့အပြင် သူသည် close၏ ပြိုင်ပွဲကို ကြည့်ပြီးနောက် ဒီအသိုင်းဝိုင်းထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်နေသေးလေရာ Close ကိုအနိုင်ယူချင်နေ သေးသည်။ 

31.1 04

သူတို့သည် Hero ရွေးချယ်သော interfaceသို့ ဝင်ရောက်လိုက်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် စစ်ပွဲ၏ရနံ့နှင့် မီးခိုးများ ပြည့်နှက်နေပြီ ဖြစ်သည်။ 


"အာ အိပ်စက်ခြင်းနတ်ဘုရား "


" ငါ့ရဲ့ အိပ်စက်ခြင်းနတ်ဘရားက နိုးလာတဲ့အခါ ပြိုင်ဘက်ကင်းသွားတယ် "


" ညီနောင်တို့ လောင်းကြေး ညှိရအောင် ငါစုဆောင်းထားသမျှ အားလုံးဒီမှာဘဲ ၊ Asleep နိုင်မယ်လို့ ငါလောင်းတယ်။ "


" ညီအစ်မတို့ ငါတို့ရဲ့ဓားတွေကို ဆွဲထုတ်ကြရအောင် အိပ်စက်ခြင်းနတ်ဘုရားက ငါတစ်ယောက်တည်း အပိုင်ဘဲ "


လိမ့်တက်လာသော commentများသည် စည်ကားလွန်းနေသည်။ တရုတ်ပြိုင်ပွဲဝင်ဇုန်မှ မြင့်တက်နေသော ကြယ်စင်တစ်ပွင့်ဖြစ်သည့်အလျောက် Asleep၏ ကျော်ကြားမှုအဆင့်သည် ကြောက်စရာပင်ဖြစ်သည်။ 


ဝေ့ရှောင်းက မေးသည်။ 


" လုပ်ကြံသတ်ဖြတ်ခြင်းသူခိုးလား "


Asleep " အရိပ် "


ဝေ့ရှောင်း၏ နှုတ်ခမ်းက ကော့တက်သွားသည်။ 


" မင်း သေချာလား "


Asleep " စတော့ "


ဝေ့ရှောင်းသည် လက်ချောင်းများကို မြှောက်လိုက်ပြီး match ပွဲကိုစတင်သည်။


လုပ်ကြံသတ်ဖြတ်ခြင်းသူခိုးသည် Asleep သဘောအကျဆုံး Hero ဖြစ်သည်။ သို့သော် အရိပ်သူခိုးကမူ ဝေ့ရှောင်း သဘောအကျဆုံး Hero ဖြစ်ပြန်သည်။ 


ဝေ့ရှောင်းကသာ လုပ်ကြံသတ်ဖြတ်ခြင်းသူခိုးကိုသုံးပြီး Asleep နှင့် Solo ခဲ့လျှင် ဝေ့ရှောင်းအနေဖြင့် ရှုံးနိုင်ချေက 60% အထိရှိသည်။ သို့သော် သူတို့ကသာ အရိပ်သူခိုးကိုသုံးခဲ့သော် - - - 


စိတ်မရှိပါနဲ့ Glory အသိုင်းဝိုင်းတစ်ခုလုံးကို လိုက်ကြည့်မည်ဆိုရင်တောင်မှ  Close ကလွဲပြီး ဘယ်သူကမှနိုင်ဖို့ စဥ်းတောင်မစဥ်းစားနဲ့ 


3U အခြေစိုက်စခန်း 


မန်နေဂျာကျိုးက အလွန်ထိတ်လန့်နေသည်။


"Asleepက ဘာလို့လုပ်ကြံသတ်ဖြတ်ခြင်း သူခိုးကို မသုံးတာလဲ "


Moonlit နှင့် Eurostar တို့နှစ်ယောက်လုံး ရှုံးသွားသည်။ Asleep ကသာ ဒီတစ်ပွဲ နိုင်သွားခဲ့လျှင် ပရိသတ်များကို ကောက်ယူရန် အခွင့်ရေးကြီး ဖြစ်သည်။ 


FTW သို့ဝင်လာသော ထိုလူသစ်သည် အမှန်တကယ်ပင် အင်အားကြီးသည်။သူက တစ်ရက်တည်း အားစိုက်ထုတ်လိုက်ပြီး ဖန်တီးလိုက်သော တန်ကြေးက အရင်ရှင်များ အားလုံး၏မျက်လုံးများကို မနာလိုမှုအပြည့်နဲ့ နီရဲသွားစေရန် လုံလောက်သည်။ မန်နေဂျာကျိုးသည်လည်း စီးပွားရေးစိတ် အပြည့်ရှိသော မန်နေဂျာတစ်ယောက်ဖြစ်သည့်အလျောက် ဝေစုခွဲဝေယူချင်သေးသည့်အ ကြောင်းလည်း ဒုခေါင်းဆောင်က ဖြေပေးသည်။ 


" မဖြစ်နိုင်ဘူး " 


မန်နေဂျာကျိုးက ခဏကြာတိတ်ဆိတ်သွားသည်။


" သူ နိုင်သွားရင်တော့ ခြားနားတာပေါ့ "


မဖြစ်နိုင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ သူကသာ ဒီမောက်မာထောင်လွှားပြီး လွှမ်းမိုးနိုင်စွမ်းပြ င်းထန်လွန်းတဲ့ FTW က လူသစ်ခေါင်းကို အမှန်တကယ်နိုင် နိုင်မယ်ဆိုရင် Asleepက - - 


ဒုခေါင်းဆောင်က ရပ်တန့်သွားပြီး မန်နေဂျာကျိုးကို ပြုံးလျက်ကြည့်သည် 


" သူက လုပ်ကြံသတ်ဖြတ်ခြင်းသူခိုးနဲ့ ရှုံးသွားရင်ဘာဖြစ်မလဲ "


မန်နေဂျာကျိုး:" ! "


ဒုခေါင်းဆောင်က ညှင်သာစွာပြုံးလိုက်သည်။ သို့သော် ထိုအပြုံးသည် မျက်လုံးအထိ မရောက်ချေ။ 


"Asleepရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းသူခိုးက ဆိုင်းဘုတ်တစ်ခုလိုဘဲ Top laner တစ်ယောက်ကို ရှုံးတာက အရမ်းတော့ မသင့်တော်ဘူး "


မန်နေဂျာကျိုးက ထိုလူကို အနည်းငယ် ကြောက်နေလျက် နာခံလွန်းတဲ့ Asleep နဲ့ယှဥ်သော သူ နားမလည်နိုင်ဆုံးက Asleepနှင့်အတူ ကြီးပြင်းလာသည့် ဒုခေါင်းဆောင်ခုံးယီ ဖြစ်သည်။သူသည် Gameကစားနေသောအခါ Asleepကို ကောင်းကောင်း  နားလည်သဘောပေါက်နိုင်သည်။


မန်နေဂျာကျိုးက သက်ပြင်းချသည်။


" ထားလိုက်ပါတော့ အရိပ်သူခိုးနှင့်ရှုံးလဲ ကိစ္စကြီးတော့မဟုတ်ပါဘူး ။ RR နှင့် TPTတို့လိုမျိုး သူတို့အင်အားအကြီးဆုံး Heroတွေနှင့် ရှုံးတာထက် စာရင် တော်သေးတာပေါ့ "


ခုံးယီက ဆက်မပြောတော့ချေ။သူသည်ဖန်သားပြင်ကို သာ အေးအေးဆေးဆေး စိုက်ကြည့်နေလိုက်သည်။ ထိုသို့ဖြင့် တောင်ကြားအတွင်းတွင် အရိပ်သူခိုးနှစ်ယောက် ပေါ်လာသည်။ 


ပြောရမည်ဆိုလျှင် Asleep၏ သဘောအကျဆုံးသူခိုး Talent က အရိပ်သူခိုး ဖြစ်သည်။ 


Glory အသိုင်းအဝိုင်းမှ အများစုက Asleep၏ လုပ်ကြံသတ်ဖြတ်ခြင်း သူခိုးကို ချီးကျူးကြသည်။ သို့သော် ခုံးယီကသာ အရိပ်သူခိုးက Close အပိုင် ဖြစ်နေသောကြောင့် 3Uက Asleepအား လုပ်ကြံသတ်ဖြတ်ခြင်းသူခိုးကို ယူခိုင်းခြင်းအားဖြင့် ကြော်ငြာကပ်ရပ်တစ်ခုလိုမျိုး ချည်နှောင် ခိုင်းထားခြင်းဖြစ်သည်။ ထိုသိုဖြင့် သူသည် လုပ်ကြံသတ်ဖြတ်ခြင်း သူခိုးကို သဘောအကျဆုံးဆိုပြီး တံဆိပ်ကပ်ခိုင်းထားခြင်း ဖြစ်သည်။


 ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး။ဘာပဲ ဖြစ်ဖြစ် Asleepက လုပ်ကြံသတ်ဖြတ်ခြင်းအမျိုးအစား Hero တိုင်းကို ကြိုက်တယ်လေ ။ 


31.1 05

ဒါပေမဲ့ သူက မဟာဆရာသခင်နှင့် solo တဲ့အခါ အရိပ်သူခိုးကို သုံးပြီး သူ့ကိုယ်သူ သက်သေပြချင်တယ်။ 


သူ၏လုပ်ကြံသတ်ဖြတ်ခြင်းသူခိုးကို တစ်နှစ်ကျော် လေ့ကျင့်ခဲ့ပြီးနောက် သူသည်လည်း မဟာဆရာသခင်ကို နိုင်ရန် ယုံကြည်မှု ရှိလာသည် ။


သို့ရာတွင် Asleepသည် အတိတ်ကို လက်လွှတ်ပြီးရှေ့သို့ ဆက်မသွားနိုင်သေးသည်မှာ မဟာဆရာသခင်၏ အရိပ်သူခိုး ဖြစ်နေသည်။ 


အရိပ်သူခိုးကို တစ်စုံတစ်ယောက်က အသုံးပြုသောအခါ Close ထက် သေချာပေါက် နိမ့်ကျပေလိမ့်မည်။သို့တိုင်အောင် Close၏ အရိပ်လွှမ်းခြုံခံရခြင်းမရှိ မှသာ လုံလောက်အောင် မောက်မာနိုင်ပေလိမ့်မည်။


ထိုသည်ကား Asleep တောင်းတလွန်းသော အရိပ်သူခိုးဖြစ်သည်။


******

31.2 01

အပိုင်း(31.2)


မိတ်ဆွေလေး ငါ့ကိုကြည့်ပါအုံး


သူခိုးများအကြားမှ solo game ပွဲများသည် အလွန်ကြည့်ကောင်းလေသည်။ အထူးသဖြင့် အရိပ်သူခိုးများနှင့် ပတ်သက်လာလျှင် ပို၍ပင် ကြည့်ကောင်းလေသည်။စီစဉ်သူများကပင် မကြာခဏဆိုသလို ဖျက်ချခြင်းကို ခံရသော Hero ဖြစ်ပြီး skill လိုအပ်ချက်ကလည်း သာမာန်ကစားသမားများအတွက်ပင် မြင့်လွန်းသောအတိုင်းအတာထိ ရောက်ရှိနေပြီ  ဖြစ်သည်။ 


သေစေနိုင်သော ပြိုင်ဆိုင်ခြင်းအကွက်ကို ထုတ်သုံးသောအချိန်တွင်ပင် ပို၍ပင် သိသာတတ်သည်။ အထူးသဖြင့် ထိုအကွက်သည် အလင်းစက်ကွင်းများ ဖြစ်သည်။ ဆက်တိုက် တိုက်ခိုက်ရသည်ဆိုသော ကန့်သတ်မှုရှိသည့် လိုအပ်ချက်မျိုးကြောင့် သုံးစွဲသူကြားမှ ခြားနားချက်ဟာ ကောင်းကင်နှင့်မြေပြင်နှင့်  ခြားနားချက် အလားပင် ဖြစ်သွားတတ်သေးသည်။


လက်အရှိန်နှုန်းသည် ကဏ္ဍတစ်ရပ် ဖြစ်သည်။ တိုက်ခိုက်သည့် အရှိန်နှုန်းသည် ပစ္စည်းမှရရှိသည့် Bonus က စကားပြောသောကြောင့် အခြားသော ကဏ္ဍတစ်ရပ် ဖြစ်ပြန်သည်။ကစားသမားသည် အလင်းစက်ကွင်း ၆ကွင်းကျော်ကို ထုတ်သုံးနိုင်လိုလျှင် အလွန်ပင်တိကျသည့် တွက်ချက်မှုမျိုးကို ပိုင်ဆိုင်ထားရန် လိုအပ်ပြီး ပို၍ပင်မြင့်မားသော နည်းပညာ skill နှင့် ပြင်းထန်သည့် အာရုံစူးစိုက်စွမ်းအားကလည်း လိုအပ်သေးပြန်သည်။


Comment များ : “ မဟာဆရာသခင်က နတ်ဘုရားလဲ့နှင့် soloသွားတဲ့အချိန်က အလင်းစက်ကွင်း ၇ကွင်းကို ဖန်တီးနိုင်ခဲ့တယ်။ ဟုတ်တယ်မလား ”


“ ဟုတ်တယ်။ အလင်းစက်ကွင်း ၇ကွင်းက တကယ်ကို မှင်သက်ဖို့ကောင်းတယ် ။ ဒါဟာဖောက်ခွဲခြင်းစွမ်းအားဘဲ” 


“ အထူးသဖြင့် close ရဲ့ကောင်းကင်နီဓား skinလေ အဲ့ဒီ skin ရဲ့ special effect တွေက အလင်းစက်ကွင်း အပိုတစ်ကွင်း ထပ်ပေါ်လာတဲ့ အချိန်တိုင်း ပြောင်းသွားလေ့ရှိတော့ တော်တော်လေးကို အသေးစိတ်ကျလွန်းတယ်”


“ အဲ့ဒီလိုဆိုမှ ကောင်းကင်နီဓားသွား skin ပေါ်လာပြီးတဲ့အချိန်ကတည်းက ဘယ်သူကမှ အလင်းစက်ကွင်း ၉ကွင်းကို ထုတ်ပြီး မကြွားနိုင်တော့ဘူးနော်”


 “နိုးထတော့ ညီအစ်ကို ၊ Closeက လွဲပြီးဘယ်သူကမှ အလင်းစက်ကွင်း ၉ ကွင်း မသုံးနိုင်ဘူး ”


“ အာ Closeက ဘာလို့ တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်တာလဲ။ သူ ဘာမှလုပ်ဖို့ မလိုပါဘူး၊ ဒီအတိုင်းငါတို့ကို  special effect လေးကြည့်ခွင့်ပေးတဲ့အနေနဲ့ အလင်းစက်ကွင်း ၉ကွင်းလေး ထုတ်ကြွားရုံပဲ လိုအပ်တာလေ”


“ စောင့်နေလိုက်ပေါ့ ၊ ပြိုင်ပွဲပြီးတဲ့နောက် ပြိုင်ပွဲမှာ သူသေချာပေါက် သုံးလိမ့်မည်”


“ ငါဒါကို အကြာကြီးစောင့်နေခဲ့ရတာ ၊ အာ”


တောင်ကြားထဲတွင် ဝေ့ရှောင်းနှင့် Asleep တို့နှစ်ယောက်လုံးသည် ကောင်းကင်နီဓားသွား skin ကို အသုံးပြုလိုက်ကြသည်။ အရိပ်သူခိုးများသည် တစ်ကိုယ်လုံး အနက် ဝတ်ဆင်ထားတတ်ပြီး  သယ်ဆောင်လာသော ဓားတိုကသာ သွေးဆာသော အလင်းကို လွှတ်ထုတ်ထားသည်မှာ အချိန်းမရွေး တိုက်ခိုက်ရ န်အသင့်ပြင်ထားသော ကြမ်းတမ်းလွန်းသော တိရိစ္ဆာန်တစ်ကောင်နှင့်တူသည်။


သူတို့က တိုက်ခိုက်ကြသည်၊ သူတို့က ရိုင်းစိုင်းကြသည်၊သူတို့က သွေးချင်း လဲကြသည်။


ဝေ့ရှောင်းပင် ဖြစ်စေ၊ Asleep ပင် ဖြစ်စေ ပထမ၁၀ မိနစ်အတွင်း မသေဆုံးကြသေးချေ၊ သို့သော် တိုက်ပွဲသည် ကြမ်းတမ်းလွန်းအားကြီးသည်။ယခင် comment မန့်နေသူများကပင် အသက်ရှု အောင့်ထားမိကြသည်။


အကွက်များသည် တိကျလွန်းသည်။ သူတို့၏စီမံလည်ပတ်ပုံ skill များသည်လည်း အနုစိတ်ကျလွန်းပြီး သန့်စင်လွန်းနေသည်။ ပို၍ဆိုးသည်မှာ သူတို့၏ပြိုင်ဘက်ကို လွှမ်းမိုးရန်ထုတ်လွှတ်ထားသော တောင်ကြားတစ်ခွင်အနှ့ပျံ့နှံ့နေသော အရှိန်အဝါက မည်သူ့ကိုမှ အသက်မရှုရဲအောင် ဖြစ်စေပေသည်။


နောက်ဆုံးတွင် - - - ၁၈မိနစ်ခန့်ကြာပြီးနောက် အရိပ်သူခိုးနှစ်ယောက်လုံးက တစ်ချိန်တည်းတွင် လှုပ်ရှားလိုက်ကြသည်။ 


အရိပ်သူခိုး၏ core skill သည်သေစေနိုင်သော အလင်းစက်ကွင်းဖြစ်သည်။ အလင်းစက်ကွင်းတစ်ကွင်း အပိုထပ်ပေါင်းထွက်လာချိန်တိုင်းအတွက် damage သည် နှစ်ဆဖြစ်သွားလေ့ရှိပြီး တိုက်ခိုက်နိုင်သော range ဝန်းကျင်ကလည်း ကျယ်သွားလေ့ရှိသည်။ ထိုအချိန်တွင် မြေမျက်နှာသွင်ပြင် အနေအထားအရ အရေအတွက် ပိုတိုးသွားသော ပုံစံမျိူးဖြစ်ပြီး အလင်းစက်ကွင်း ၇ကွင်းကြောင့်ထုတ်ပေးနိုင်သော damage သည်အလင်းစက်ကွင်း ၆ကွင်းထက် ၂ဆနည်းပါး မြင့်လေသည်။


၁၈ မိနစ်သည် အချက်အချာကျသော အခိုက်အတန့် ဖြစ်သည်။


အကြောင်းမူကား သူခိုးနှစ်ယောက်လုံးအတွက် လိုအပ်သောပစ္စည်းများအားလုံးကို စုဆောင်း၍ ပြီးသွားသောကြောင့် ဖြစ်သည်။ထိုပစ္စည်းများက သူတို့၏တိုက်ခိုက်သည့် အရှိန်နှုန်းကို အပြည့်ဝဆုံး အထိရောက်အောင် မြင့်တင်ပေးနိုင်သောကြောင့် ထိုပစ္စည်းများ၏ အကူအညီနှင့် သူတို့သည်လည်း မြန်ဆန်သောလက်အရှိန်တို့ကိုပေါင်းသုံးကာ တိုက်ရိုက် တိုက်ခိုက်နိုင်ပေလိမ့်မည်။

31.2 02

“ သေစမ်း ” 


Comment များက လွှင့်ထွက်ပြန်သည်။


“ သောက်ကျိုးနည်း ဒါမသေမျိူးတွေကများ ကိုင်တွယ် အသုံးပြုနေတာလား”


“ အလင်းစက်ကွင်း ၇ကွင်း၊ ငါ့ရဲ့ Asleep ရဲ့သူခိုးကလည်း အလင်းစက်ကွင်း ၇ကွင်းထုတ်နိုင်တယ်”


“မဟုတ်ဘူး၊  မင်းတို့ကောင်ကြည့် Quiet ကို ကြည့်စမ်း အား”


“ အလင်းစက်ကွင်း ၈ကွင်း”


“ကောင်းကင်နီဓားသွား skin ရဲ့ effect က တကယ်ကြီးနော်။ အလင်းစက်ကွင်း ၈ကွင်းကတင် တောင်းကြား တစ်ဝက်လောက်အထိ လင်းထိန်သွားစေဖို့ လုံလောက်နေပြီ”


“ အလင်းစက်ကွင်း ၉ကွင်းကိုသာ မြင်ရရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ မြင်ကွင်း ဖြစ်မလဲဆိုတာကို ငါ တွေးတောင် မတွေးရဲဘူး”


ဒီတစ်သုတ်တိုက်ပွဲပြီးနောက် Asleep ၏အရိပ်သူခိုးသည် မြေပြင်ပေါ်တွင် နင်းချေခံလိုက်ရသည်။


သေစေနိုင်သော အလင်းစက်ကွင်းများသည် damage များကိုသာ immune လုပ်နိုင်ခြင်း မဟုတ်လေဘဲ အရိပ်သူခိုးနှစ်ယောက်က တစ်ချိန်တည်းတွင်တူညီသော အလင်းစက်ကွင်းများကို သုံးပြုသောအခါ အကွာအဝေးကိုစဉ်းစား ဆင်ခြင်သေးရန် လိုအပ်ပြန်သည်။


အလင်းစက်ကွင်း ၇ကွင်းရဲ့ ဝန်းကျင်သည် ၈ကွင်းနှင့် ခြားနားသွားသည်။ ဝေ့ရှောင်းက Asleep ၏ တိုက်ခိုက်နိုင်သော ဝန်းကျင်ထဲမှ ခုန်ထွက်လိုက်သော်လည်း Asleep ကမူ သူ၏ တိုက်ခိုက်နိုင်သော ဝန်းကျင် အတောအတွင်းတွင် ရှိနေသေးသည်။


ထိုကဲ့သို့ ဖောက်ခွဲစွမ်းအား ပြင်းထန်သော damage သည် တိုက်ရိုက်ပင် ထုချေပစ်နိုင်သည်။ထို့ကြောင့် ခုခံခြင်းပစ္စည်းမျိုး မရှိသော Asleep ကမူ သူ၏ hair က လုံးဝ ရှင်းလင်းသွား၍ အဆုံးသတ်သွားရသည်။


Game၏ ဒီလိုနှောင်းပိုင်း အဆင့်မျိုးတွင် သေဆုံးသွားခြင်းက အလွန်ပင် အန္တရာယ်များလေသည်။


ပြန်လည်ရှင်သန်သောအချိန်ကလည်း အလွန်ကြာရှည်သွားသည်။ ဝေ့ရှောင်းသည် Asleep၏မျှော် စင်သို့ သွားသော လမ်းတွင် တွေ့သမျှသော စစ်သည်တော် အသစ်တစ်သုတ်ကို ဉီးဆောင်၍ တောက်လျှောက် ဆင်းချသွားလိုက်သည်။


Asleep သည် ပြန်ရှင်လာပြီးပြီးချင်း skillကို အဆက်လိုက်အသုံးပြုလိုက်ကာ ဝေ့ရှောင်း၏အသက်နှင့် မျှော်စင်ကို လဲလှယ်လိုက်သည်။သို့သော် ကံဆိုးသည်မှာ သူသည် အမြှောက်တပ်စစ်သားများအား မကိုင်တွယ်နိုင်ခဲ့ချေ။


Interface က မဲမှောင်သွားပြီး ဝေ့ရှောင်း၏စစ်သည်တော်များက Asleep ၏ပြန်လည်ရှင်သန်ခြင်း သလင်းတုံးကို ဖျက်ဆီး လိုက်ကြသည်။


အနိုင်။


ဝေ့ရှောင်းက နိုင်သွားပြန်သည်။


Comment များက ၃စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် သက်တန့်ရောင် စကားလုံးများနှင့် ပြည့်နှက်သွားသည်။ (အသားကုန်ချီးမွမ်းသော စကားများ)


သူသည် Moonlit ကိုအနိုင်ယူရန် မသေမျိုးမှော်ဆရာကို အသုံးပြုခဲ့သည်။


သူသည် မုန်တိုင်းမုဆိုးကိုသုံးပြီး Eurostar ကိုနိုင်ခဲ့သည်။


အရိပ်သူခိုးကို  သုံးပြီး Asleep ကို နိုင်သွားပြန်သည်။


သေစမ်း  ၊  ဒါက ဒီတိုင်း တကယ်ဘဲ top laner တစ်ယောက်လား။


FTW ကနောက်ထပ် မဟာမိစ္ဆာဘုရင် တစ်ယောက်ကို လေ့ကျင့်ပေးနေတာများလား ။


FTW က အနာဂတ်မှာ single player ပွဲတွေက ဆုတိုင်းကို ရအောင် ယူတော့မှာများလား။


ဒီလိုနဲ့ Championship နှင့် runner up ကို သိမ်းလိုက်တော့မယ်ပေါ့ ။


ပွဲစဉ် ၁၀ပွဲကျော် ပြီးဆုံးပြီးနောက် - - -


ယွီဖေး၊ ချန်းချောင်၊ ရှတန် နှင့် Blue တို့အားလုံး ကထွက်လာကြပြီးနေပြီ။ သို့သော် သူတို့၏ပြိုင်ပွဲအသီးသီးသည် သာမာန်မျှသာဖြစ်ပြီး အများစုက ဖျော်ဖြေရန်အတွက်သာ ဖြစ်သည်။ 


အထူးသဖြင့် အရှက်မဲ့သော ရှတန်က Blue နှင့်ပေါင်းပြီး နှစ်ယောက်တစ်ယောက်  ရင်ဆိုင်ရန် လုပ်သေးသည်။


Blue သည်လမ်းကြောင်းထက် ရပ်တန့်ပြီးနောက် ပြောသည်။


“ ဒါက မကောင်းဘူး” သို့သော် သူသည် double room ကို စီစဉ်ပြီး ရှတန် ကိုပင် အရင်ခေါ်ပြီးမှသာ ဝေ့ရှောင်းကို ဆွဲသွင်းလိုက်သည်။


ဝေ့ရှောင်းကလည်း မည်သူ့ကိုမျှ မငြင်းပယ်ချေ။ သူသည်လည်း ထိုပြိုင်ပွဲကို အမှန်တကယ်ပင် ရင်ဆိုင်ခဲ့သည် ။ထို့နောက် သူသည် ထိုနှစ်ယောက်အား မြေပြင်သို့ လဲကျသွားသည်အထိ ဖိအားပေးပြီး ပြားကပ်သွားအောင် တူဖြင့် ရိုက်လိုက်သည်။


ရှတန်; “ ငါလူး ” နောက်တစ်ကြိမ် ငါတို့ ၃ယောက် တစ်ယောက်ရင်ဆိုင်မယ်” 


Blue က ဆက်ပြောပြန်သည် ။


 “ ဒါကသိပ်မကောင်းဘူး ၊ ငါတို့ ၅ယောက်တစ်ယောက် ရင်ဆိုင်ဖို့ စဉ်းစားသင့်တယ်”


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ရှိသူများက ရယ်မောရင်း အော်ဟစ် ဆူပူနေကြသည်။ သို့သော် အားလုံးက စနောက်နေခြင်းသာဖြစ်ပြီး မည်သူကမှ အလေးနက်ကြီး သဘောမထားကြချေ။


ဝေ့ရှောင်းက အချိန်ကို ကြည့်လိုက်သောအခါ အချိန်သည်အားဖြင့် လုံလောက်ပြီဖြစ်ကြောင်း သိလိုက်သည်။ သူသည် မပင်ပန်းသေးချေ။ သို့သော်သူသည် ပြိုင်ဘက်စာရင်းကို ရှင်းလင်းပြီလေသည်။

31.2 03

အသိုင်းအဝိုင်း အတွင်းတွင် professional ကစားသမားများ များပြားသောလည်း အနည်းစုကသာ ထိပ်တန်းအဆင့်တွင် ရှိကြသည်။ သူသည် အစမှအဆုံးထိ အားလုံးကို ထုရိုက်နိုင်ခဲ့ပြီး ရပ်တန့်ရန် အချိန်ကြလေသည်။ 


ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ comment များက တောက်ပသော special effect များနှင့် ပြည့်သွားပြန်သည်။ 


L&P. Marshal ကနက်ရှိုင်းတဲ့ ရေပြင်အတွင်းက ငါးခူ x 100 ကိုလက်ဆောင်ပေးလိုက်ပါတယ်။


L&P. Marshal ကနက်ရှိုင်းတဲ့ ရေပြင်အတွင်းက ငါးခူ x 200 ကိုချီးမြှင့်လိုက်ပါတယ်။


L&P. Marshal ကနက်ရှိုင်းတဲ့ ရေပြင်အတွင်းက ငါးခူ x 300 ကို လက်ဆောင် ချီးမြှင့်လိုက်ပါတယ်။


L&P. Marshal ကနက်ရှိုင်းတဲ့ ရေပြင်အတွင်းက ငါးခူ x 400 ကို လက်ဆောင် ချီးမြှင့်လိုက်ပါတယ်။


မိနစ်အနည်းငယ် အတွင်းတွင် Marshal က ငါးခူ အကောင် 1000 နီးပါးလက်ဆောင် ပို့လိုက်သည်။ ငါးခူ တစ်ကောင်သည် ယွမ် 100 တန်သည်။ ထို့ကြောင့် သူသည် သောက်ကျိုးနည်း ယွမ် 1သိန်းကို ပို့လိုက်ခြင်း ဖြစ်သည်။


ကြည့်ရှုသူများအားလုံးက ရူးကြောင်ကြောင်ဖြစ်သည်အထိ  အံ့ဩသွားကြသည်။


ဒါက ဘယ်လို အခြေအနေလဲ။


L&P၏ယွမ်ဇယ်က ထွက်မသွားသေးချေ၊ သူသည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ရှိနေသေးသည်။ သူသည် တစ်ချိန်လုံး စောင့်နေခဲ့ပုံရသည်။


စောင့်ကြည့်ပြီးနောက် သူသည် RMP 1 သောင်းကိုပင် ထုတ်သုံးလျှက် ဝေ့ရှောင်းကို လက်ဆောင်ပေးလိုက်သည်။


ညီအစ်မငယ်တို့ရေ အခုချက်ချင်းတက်လာပြီး တစ်ခုခုပြောကြပါအုံး 


L&P. Marshal ; “ မိတ်ဆွေငယ်လေး ငါ့ကို ကြည့်ပါအုံး”


Comment များ  “ ဖာ့ခ်” 


ဝေ့ရှောင်းက ခပ်တိုးတိုး အသာရယ်ရင်း ပြောသည်။


“ Hello နတ်ဘုရားယွမ်”


L&P. Marshal သည်နောက်ထပ် လက်ဆောင်တစ်ခုနှင့်အတူ စာ ပို့လိုက်သည် ။


“ မင်းငါနဲ့ Solo မကစားချင်ဘူးလား”


ဝေ့ရှောင်း၏ မျက်လုံးများက မှေးကျဉ်းသွားသည်


ကြည့်ရှုသူများက ပို၍စိတ်လှုပ်ရှားလာသည်။ 


ယွမ်ဇယ်၏ စကားလုံးများနှင့်ယှဉ်သော် အစောပိုင်းပွဲများက အဓိကအဆင့်အတန်းမြင့် ပြင်သစ်ဟင်းပွဲ မရောက်လာခင် အစာ‌ပြေဆာ အလားသာဖြစ်သည်။


ယွမ်ဇယ်ကသာ သူတို့၏ဆာလောင်မှု နှင့်ထိုက်တန်သည့် အခုမှရောက်လာသော အဓိက ဟင်းပွဲဖြစ်သည်။


“လက်ခံလိုက် လက်ခံလိုက် လက်ခံလိုက် လက်ခံလိုက် လက်ခံလိုက်”  comment များက ရူးသွပ်သွားကြသည်။


“ ၃နှစ် ငါနတ်ဘုရားယွမ် solo တာကို မမြင်ရတာ ၃နှစ်ရှိပြီ”


“ ဘာဖြစ်တာလဲ၊ နတ်ဘုရားတွေရဲ့အသင်းက single တွေကို လက်လျှော့ပြီး အဖွဲ့လိုက် တိုက်ပွဲတွေကို ပြောင်းသွားတာ မဟုတ်ဘူးလား ၊ ဘာလို့လဲ ---”


“နေပါဦး ၊ နတ်ဘုရားယွမ် come back လုပ်ပြီး ပထမဦးဆုံး solo က ဘာလို့ Close နဲ့ မဟုတ်တာလဲ”


ကြည့်ရှုသူများအနေဖြင့် ရူးသွပ်သွားရန်ပင် လုံလောက်နေပြီ ဖြစ်သည်။ သို့သော် ထိုအခြေနေပြီးနောက် Glory ၏ gamer သန်းပေါင်းများစွာသည်လည်း ဝေ့ရှောင်း၏ Handset ထဲမှတစ်ဆင့် ကြားလိုက်ရသောအသံက ပို၍ပင် ရူးသွပ်သွားစေလေသည်။


“ သူ ပင်ပန်းနေပြီ”


လုဖုန်း၏ အသံက လေးနက်ပြီး ကြည်လင်သည်။


Comment များကို အထူးတလည်ဖတ်ပြရန်ပင် မလိုအပ်ချေ ။ ဇနီး ပရိတ်သတ်များ ၊ ကောင်မလေး ပရိတ်သတ်များ ၊ CP ပရိတ်သတ်များ ၊ နည်းပညာ ပရိတ်သတ်များ အားလုံးက အံဩသင့်သွားကြပြီး စတော်ဘယ်ရီ ပလက်ဖောင်းကပင် သူတို့၏နည်းပညာများကို မြှင့်တင်ရန် ကြိုးစားလိုက်ကြရသည်။


လုဖုန်း; “မင်း solo ချင်ရင် ငါနဲ့ solo နိုင်တယ် ”


ကြည့်ရှုသူများ “ ! ! ! ! ! ! ! ! ! ! ”


“ ဘာ ဘာ၊ ဒါကဘာလဲ”


“Close နဲ့ Marshal ရဲ့ မဟာ ကမ္ဘာ့စစ်လား”


“နတ်ဘုရားအသင်းအတွက် အုတ်မြစ်ချထားတဲ့ ညီအစ်မတို့ ငါကသာ အသက်ရှင်ရင်ဆိုတဲ့ series ကလာပြီလေ ၊ အား”


လူသစ်များ “နတ်ဘုရားအသင်း ဟုတ်လား”


“ မသိချင်နဲ့ ၊ မင်း မသိချင်ပါဘူး မမေးနဲ့။ မေးတာက အနိုင်ကျင့် ခံချင်တာဘဲ”


ဝေ့ရှောင်းက သူ၏ခေါင်းဆောင်ကို ကြည့်ရင်း မျက်တောင်ခတ်သည်။ လုဖုန်းက မိုက်ကို ပိတ်သည်။ 


“ သူမင်းကို အနိုင်ကျင့်နေတာ” 


ဝေ့ရှောင်း “ ငါကလည်း သူ့ကို မကြောက်ပါဘူး”


လုဖုန်း “ ဒါပေမဲ့ မင်းအခု သူ့ကို မနိုင် နိုင်သေးဘူး”


ဝေ့ရှောင်း “ ငါက ….”


လုဖုန်းက မိုက်ကို ဖွင့်သည်။


“ လိမ္မာ”


ဝေ့ရှောင်း “ ….”

31.2 04

Comment များ “ ? ? ? ”


“စိတ်မရှိပါနဲ့ ၊ နတ်ဘုရားအသင်းက ဘာလဲ။ ဒါက အရေးမကြီးသေးဘူး  ။ညီအစ်အမတို့ FTW ကအခု သကြားတွေ အပြည့်ဘဲ”


လုဖုန်းက ပြောပြီးပြီးချင်း ကလေးငယ်များအပေါ် လှည့်ကွက်သုံးရန် ကြိုးစားနေသော ဆာလောင်နေသော ဝံပုလွေကြီးက ဆူညံသံများ မထုတ်လာတော့ချေ 


ခဏခန့်ကြာပြီးနောက် နောက်ထပ်နက်ရှိုင်းသော ရေပြင်အတွင်းမှ ငါးခူတစ်ကောင် နှင့်အတူ တောက်ပလွန်းသော comment ကြီးက ပေါ်လာသည်။


 L&P. Gary ; “ ခေါင်းဆောင်ရဲ့ လိုင်းက ပျက်သွားလို့…..”


လောင်G ၏ ဂြိုလ်သား ဘာသာစကားနှင့်ပင်တူသော တရုတ်စာက ပေါ်လာသည်။


သူတို့သည် တရုတ်ပြည်ပြိုင်ပွဲဝင် နယ်မြေတွင်ရှိနေသော်လည်း Glory မှ အင်အားကြီးသော အသင်းဖြစ်သည့် အလျောက် Gray သည် တရုတ်ပြည်၏ ပရိတ်သတ်များ ရှိနေသည်။


“ နတ်ဘုရားG ငါ တောင်းပန်ပါတယ် နတ်ဘုရားယွမ်ဆီကနေ တရုတ်လို မသင်ပါနဲ့တော့ ”


“အရင်က အရှေ့မြောက်ပိုင်းသား လေသံက တော်တော်လေး အရမ်း အဆင်ပြေနေတာ ဘာလို့ ရုတ်တရက်ကြီး အခု မာထင်ရဲ့အသံဖြစ်သွားတာလဲ”


“ နတ်ဘုရားယွမ်က GG ကို ထပ်ပြီး ကစားနေပြန်ပြီး ဝူး ဝူး ဝူး  GG က တအားချစ်ဖို့ ကောင်းတာဘဲ။ ငါကတော့ မာထင်ရဲ့ အသံလေးကိုဘဲ ချစ်တယ်”


လောင်G၏ ကောက်ကွေးပြီး ဆိုးရွားလွန်းသော တရုတ်ဘာသာစကားကပင် comment များကို နားလည်ရ န်မလုံလောက်ချေ။ သို့သော် သူသည်လည်း သူ၏ခေါင်းဆောင်ကို ဆက်လက်ပြီး ကူညီကာ ပြန်ဖြေပေးသည်။


“ Close ခေါင်းဆောင်က မင်းနဲ့မ solo နိုင်ဘူး ၊ ဒါပေမဲ့ ငါတော့မင်းနဲ့ solo နိုင်တယ်။”


Comment များက သူ့အား ကူညီကာ ဘာသာပြန်ပေးကြသည်။


“ နတ်ဘုရားလု GG က ပြောနေတယ်။ သူ့ရဲ့ခေါင်းဆောင်က မင်းနဲ့ မsolo နိုင်ဘူးတဲ့။ ဒါပေမဲ့ သူကတော့ solo နိုင်တယ်တဲ့”


လုဖုန်းက တစ်စုံတစ်ရာ ပြောရန်ပင် စောင့်ဆိုင်းမနေဘဲ ဝေ့ရှောင်းက ပြောလိုက်သည်။ 


“ငါ ကစားမယ်”


ကြည်လင်ကာ လူငယ်ဆန်သောအသံက တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းမှ တစ်ဆင့် ၁၀သန်းကျော်လောက် ရှိနေသော သူများထံ ဖြတ်သန်း၍ ရောက်ရှိလာသည်။ ထို့နောက် မြောက်အမေရိက စခန်းတွင်ရှိသော ယွမ်ဇယ်၏ နားအတွင်းတွင် ရောက်သွားသော အခါသူ၏ပါးစပ်ကို အသာစောင်းလျက် စီးကရက်ကို မီးညှိလိုက်သည်။


ဝေ့ရှောင်း “ငါ ရှင်းပြပေးမယ်၊ ငါတို့ခေါင်းဆောင်ရဲ့ အင်တာနက်ကတော့ မပျက်သွားဘူး။ နောက်ပြီး သူက ကန္တာရထဲသွားနေတာလဲ မဟုတ်ဘူးလေ သူ့အနေနဲ့ မင်းကို နိုင်ဖို့အတွက်ကြောင့်နဲ့ စင်ပေါ်ထိ တက်လာဖို့က မလိုပါဘူး ငါကတင် လုံလောက်တယ်”


ထို့နောက်မီးခြစ် ခြစ်သံက ကလစ် မြည်သံနဲ့အတူထွက်လာသည် ။ ယွမ်ဇယ်သည် စီးကရက်က တစ်ဆင့်ရှုသွင်းလိုက်ရင်း ရယ်သည် ။ 


“ ဒီကလေးကတော့”


Gary က ချက်ချင်းဆိုသလို ပေါက်ကွဲသည်။ 


“ဖာခ့်”


ယွမ်ဇယ်က မတ်တပ်ထပြီး  Gary ၏အနားသို့ရောက်သွားသည်။ 


“ထ”


လောင်G က သူ့ကို ကြည့်သည် ။


ယွမ်ဇယ်က မီးခိုးငွေ့ အရှိန်အဝါ၏အနောက်တွင် သူ၏အမူအရာကိုမြင်နိုင်သည်။


“ငါ စမ်းကြည့်မယ်”


Gary က ကြောင်သွားသည် ။


“ ဒါက ငါ့ရဲ့ acc လေ”


ယွမ်ဇယ် “အင်”


သို့မဟုတ်လျှင် ထိုအကောင်လေးကို အကာအကွယ်လိုနေသော တစ်စုံတစ်ယောက်က သူ့အား ကူညီပေးနိုင်လိမ့်မည် မဟုတ်ပေ။

******