Ch 32
Viewers 3k

အပိုင်း 32.1 - - ခေါင်းဆောင် ဒီလောက်လေးနက်လွန်းတဲ့ဝန်ခံချက်ကို  အလွယ်တစ်ကူကြီးမပေးပါနဲ့ ငါတစ်ကယ် တောင့်မခံနိုင်လောက်ဘူး 


Gary သည် အလွန်တွန့်ဆုတ်သွား၏။


“ဒါက မကောင်းဘူးထင်တယ်နော်”


အာ , ဒီကလေးက အရမ်းအင်အားကြီးတာ ၊ သူတောင်မှ ဒီကလေးရဲ့ နတ်စစ်သည်တော်ကြောင့် ထုရိုက်ခံခဲ့ရသေးတယ် အခု သူဒါကို ပြန်ပြီး ကလဲ့စားချေလိုတယ်လေ။


ယွမ်ဇယ်က သူ့ကိုဘယ်လိုများ နားမလည်ဘဲနေမှာလဲ။


ထို့ကြောင့်သူက ရယ်ကာ တစ်ချက်ကျိန်ဆဲလိုက်သည်။


“ ဖယ် ”


Garyက လက်မခံလိုသေးချေ။ သူသည် လူကောင်ထွားသော သန်သန်မာမာနှင့် အမျိုးသားတစ်ယောက်ဖြစ်သော်လည်း e sport ကုလားထိုင်ပေါ်မှ လေးတိလေးပင် နှင့်ထလာလေသည်။


ယွမ်ဇယ်က ငါးစာချသည်။


“ သဘက်ခါဆိုရင် Pro နဲ့လေ့ကျင့်ရေးပွဲစဉ် ရှိတယ် ။ ပွဲစဉ် ပြီးတဲ့နောက်မှာ ငါမင်းကို ကူညီပြီး ဆန်းဟွန်း နဲ့ ချိန်းဆိုမှု ယူပေးမယ်။”


Gary ကချက်ချင်း ဒီလိုခုန်ပေါက်သည်။


“ တကယ်လား”


Pro သည်ကိုရီးယား ပြိုင်ပွဲနယ်မြေဘက်မှ မျိုးစေ့ အသင်းဖြစ်သည်။ ယခုနှစ်များအတွင်း သူတို့သည် ရလာဒ်ကောင်းများရနိုင် ခဲ့သည်။ ကင်ဆန်းဟွန်းသည် Team ၏ bottom lane မှ Glory ဘုရားကျောင်းအတွင်းတွင် ADC အဖြစ်သတ်မှတ်ခြင်းခံရသော ထိပ်တန်းအဆင့်တစ်ယောက်ဖြစ်သလို FTW မှ starting ကစားသမားဖြစ်ခဲ့ဖူးသူလည်း ဖြစ်သည်။ သူသည် ယွမ်ဇယ်နှင့် လုဖုန်းတို့၏ အသင်းဖော်ဖြစ်ခဲ့ဖူးသည်။


ကင်ဆန်းဟွန်း ကိုရီးယားလူမျိုး သူကလွန်ခဲ့တဲ့ ၃နှစ်က FTW ကထွက်သွားပြီး သူ့ရဲ့မွေးရပ်မြေကို ပြန်လို့ Pro အသင်းမှာ ကစားနေတာ။


Pro သည် ယခုနှစ်များအတွင်း ကမ္ဘာ့ချန်ပီယံကို မရနိုင်ခဲ့သေးသော်လည်း ကင်ဆန်းဟွန်းသည် Double ပြိုင်ပွဲတွင် Championship ၂ခုရထားပြီး အသင်းပြိုင်ပွဲတွင်လည်း Final အထိအကြိမ်ပေါင်းများစွာ ဝင်အောင်လုပ်ပေးနိုင်ခဲ့သည်။


Pro သည် အရှိန်အဝါကို ဆက်တိုက်ထိန်းညှိလာနေပြီး 2021 Championship အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။


ထို့ကြောင့် Gary ၏သဘောအကျဆုံးသော solo ပြိုင်ဘက်က Close ဖြစ်သည်မှာ သံသယဝင်စရာ မရှိသော်လည်း Close နှင့် ချိန်းဆိုမှုလုပ်ရန် အလွန်ပင်ခက်ခဲသည်။ထိုလူသည် အသင်းလိုက် game ပွဲများကို ကစားရသည်မှာ စွဲလန်းနေသူဖြစ်ပြီး သူအားလပ်သော အချိန်တိုင်းလိုလို 5v5 သာကစားနေလေ့ရှိသည်။ သူသည်လည်း solo ကိုစွဲလန်းနေခြင်း မရှိပေ။ သို့တိုင်အောင် Individual Championship ကိုတစ်ပွဲပြီး တစ်ပွဲ အရယူနိုင်ခဲ့သောကြောင့် အခြားသော သူများကို အသည်းနာလာသည်အထိ ဒေါသထွက်စေသည်။


Close အပြင် Gary ၏နောက်ထပ် သဘောအကျဆုံးပစ်မှတ်သည် သံသယဝင်စရာ မလိုလောက်အောင် ကင်ဆန်းဟွန်း ဖြစ်သည်။ သူနဲ့ ကင်ဆန်းဟွန်းတို့သည် မsoloဖူးကြချေ၊ သို့သော်သူတို့သည် Double match ပွဲများဝင်ပြိုင်ဖူးကြသည်။


ယွမ်ဇယ်သည် သူနှင့် အသင်းဖွဲ့ပေလိမ့်မည်။ ထိုနည်းအားဖြင့် ကင်ဆန်းဟွန်းနှင့် အထောက်အပံ့က သူတို့ကိုရင်ဆိုင်ပေလိမ့်မည်။


Gary သည် ယွမ်ဇယ်နှင့် နှစ်ယောက်အတူ ဝင်တိုက်ရခြင်းကို အလွန်သဘောကျသည်။အကြောင်းမှုကား ယွမ်ဇယ်က ထိုနေရာတွင်ရှိနေသောကြောင့် သူသည်လာဘ်ထိုးခံရသလို ဖြစ်သွားလေပြီး ခပ်ကြမ်းကြမ်း ကစားနိုင်သလို တစ်စိတ်တစ်ဝန်းတည်း အဖြစ်ပူးပေါင်းရင်း ဖော်ပြရန်ခက်ခဲလွန်းသော ကောင်းမွန်သည့်ခံစားချက်ကို ရရှိစေပေလိမ့်မည်။


ငါးစာသည် အလွန်ပင်ဆွဲဆောင်မှုပြင်းသည်။ ထို့ကြောင့် လောင်G သည်လည်း ချက်ချင်းဆိုသလို မတ်တပ် ထရပ်လိုက်လျက် လမ်းဖယ်ပေးလိုက်သည်။


“ လာ လာ လာ ၊ Quiet ကမင်းအပိုင်ဘဲ။”


ယွမ်ဇယ်က ထိုင်ခုံတွင်ဝင်ထိုင်ပြီး သူ၏တစ်ဝက်ခန့်သာ သောက်ရသေးသော စီးကရက်အား ပြာခွက်ထဲသို့ ထည့်လျက် လက်ချောင်းများကို စရွှေ့သည်။


Comment များကိုရှင်းရှင်းလင်းလင်း မမြင်နိုင်တော့လောက်အောင်ဖြစ်နေသည်။ အကြောင်းမူကား အဓိကပွဲများက တစ်ပွဲပြီး တစ်ပွဲဖြစ်နေ၍ ယခုကသာ ပို၍ပင်အဓိကကျသောပွဲဖြစ်လာသည်။ထို့ကြောင့် Glory ၏အသိုင်းအဝိုင်းအတွင်းရှိ ပရိတ်သတ်တစ်ဝက်နီးပါးက  အပြေးရောက်ရှိလာပြီဖြစ်သည်။ 

32.1 02

ပြည်တွင်းအသင်းမှ ပရိတ်သတ်များ ၊ Individual ကစားသမားများ၏ ပရိတ်သတ်များ ၊ လောင်စာထည့်ရခြင်းအား ပျော်မွှေ့သော ပရိတ်သတ်များ နှင့် Keyboard တိုက်ခိုက်ရေးသမားများ အားလုံးက တစ်ပြိုင်နက်ဝင်ရောက်လာကြသောကြောင့် မြင်ကွင်းတစ်ခုလုံးသည် ကောင်းကင်သို့ရောက်မတတ် ခမ်းနားထည်ဝါနေလေသည်။


တိုက်ပွဲ အခြေအနေကို ခွဲခြမ်းစိတ်ဖြာရာတွင် တော်သောသူများ ၊ အနိုင်ရနိုင်ခြေကို တွက်ချက်ရာတွင်တော်သော သူများ၊ အလောင်းအစားလုပ်ရာတွင် တော်သောသူများနှင့် CPကိုသာ စိတ်ဝင်စားကြသောကောင်မလေးများအားလုံးက ထိုပြိုင်ပွဲကို အထူးတလည် စိတ်ဝင်စားနေကြသည်။


Comment မြောက်များလွန်းသော အခြေအနေနှင့်ပတ်သတ်ပြီး ကောင်းသောအချက်တစ်ချက်ရှိသည်။ ထို့ကြောင့် မည်သူက မည်သို့လုပ်လုပ် မည်သူကမှ ဂရုမစိုက်နိုင်။


 မည်သို့ပင်ဆိုစေ သူတို့တွင်လည်း ကိုယ်ပိုင်ထင်မြင်ချက်များ အသီးသီးရှိသည်။ ထို့ကြောင့်သူတို့ ဆန္ဒရှိလျှင်ပင် သူတို့အားစတင်တိုက်ခိုက်ခိုင်း၍ မရချေ ။ ယခုလိုမျိုး အခွင့်အရေးကရှားပါးသည်။


ဝေ့ရှောင်းသည်လည်း အမှန်တစ်ကယ် မျှော်လင့်စောင့်စားနေသည်။ဒီနေ့သည် အလွန်ကောင်းမွန်သောနေ့ ဖြစ်လောက်သည် သူသည် တရုတ်ပြည်မှ professional ကစားသမားအမြောက်အများနှင့် solo ပြီးသွားလေပြီ ။ ထို့အပြင် သူသည်မနှစ်က runner up နှင့် solo နိုင်လာသည်။


ဘယ်လိုဘဲဖြစ်ဖြစ်တဲ့ - 


 သူ killing တွေရအောင်ယူရမယ်


Professional အဖြစ်ကစားတာက တော်တော်လေးကောင်းလိုက်တာ ၊ professional အဖြစ်ကစားတာက တော်တော်လေး ကိုပျော်စရာကောင်းတဲ့ ကိစ္စဘဲ။


ဝေ့ရှောင်းရှောင် ၏စိတ်အခြေအနေဟာ အံ့ဩသဖွယ် ကောင်းလာက်အောင်ကောင်းမွန်နေသည်


သူ၏ခေါင်းဆောင်က microphone ကိုပိတ်သည်။ဝေ့ရှောင်းက မော့ကြည့်လိုက်သည်။


“ ခေါင်းဆောင် ဘာဖြစ်တာလဲ”


လုဖုန်း “ ငါကစားမယ်”


ဝေ့ရှောင်း “ ? ? ? ”


လုဖုန်းက ပြောသည်။ 


“ ငါသူနဲ့ solo လိုက်မယ်”


ဝေ့ရှောင်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အံ့ဩတကြီးပြောသည်။


“ ခေါင်းဆောင် ၊ ခေါင်းဆောင်ဘယ်လိုများ ဒီလိုလုပ်ရတာလဲ၊ ခေါင်းဆောင်က လွန်ခဲ့တဲ့ရက်အနည်းငယ်ကပင် လောင်G နဲ့ အကြိမ်အများကြီး solo ပေးထားတာ မဟုတ်ဘူးလား၊ ခေါင်းဆောင်က သူနဲ့တောင် မsolo ချင်ဘူးဆိုပြီး အထင်သေးပြီး ပြောသေးတာဘဲ၊ ဘာလို့အခုမှလဲ- - - ”


ဒီလို solo ပေးတယ်ဆိုတာက သူခက်ခက်ခဲခဲ ရတဲ့အခွင့်ရေးတစ်ခုလေ ၊ သူclose ဆိုရင်တောင်မှ သူလက်မလွှတ်ချင်ပါဘူး


လုဖုန်းက တိုက်ရိုက်သာပြောသည်။


“တစ်ဖက်မှာ ယွမ်ဇယ်”


ဝေ့ရှောင်း ; “ …..”


လေ့ကျင့်ရေးအခန်းထဲတွင် လူများစွာရှိသည်၊ လူတိုင်းနီးပါးက ပွဲလာကြည့်ကြ၏ ချန်းဖုန်းသည်လည်း လုဖုန်းကို မျက်လုံးဝေ့လျက် ကြည့်လိုက်သည်။ ထန်ချန်းကပင် သူ၏ တခစ်ခစ်ရယ်နေသော အခြေအနေကိုရပ်လိုက်သည်။


ဝေ့ရှောင်းက ဘောင်ကိုဖြန်းခနဲ ရိုက်သည်။


“ဒီလူက ဒီလိုခွေးလားသူက အခြားလူအတွက်တောင်တိုက်ခိုက်ပေးသေးတယ်”


လူတိုင်း “ …..”


အရူးလေးဝေ့ ---- မင်းက တကယ်ကို အဓိကသော့ချက်ကို ဖမ်းမိလိုက်တာဘဲ


ဝေ့ရှောင်းသည် ထိုင်ခုံမှ ဖယ်ခွာရန် ပို၍ပင်တွန့်ဆုတ်သွားသည်။


“သူက ကြင်နာမှုမဲ့နေတော့ ငါ့ကိုလည်း အပြစ်တင်လို့မရဘူးလေ ငါ သူပေါက်ကွဲသွားတဲ့အထိ ရိုက်နှက်ရမှာဘဲ”

32.1 03

ဝေ့ရှောင်းသည် ယွမ်ဇယ်နှင့် ရင်ဆိုင်သည့် ယခင်လေ့ကျင့်ရေး match ပွဲတွင်ရှုံးသွားသည့် ပွဲကိုအလွန် ဝမ်းနည်း နေခဲ့သောကြောင့် ပြန်လည်တိုက်ခိုက်လိုနေသည်။


လုဖုန်းက သူ့ကိုကြည့်သည်။


“သူက မင်းကိုဟာသ လုပ်မှာ”


ဝေ့ရှောင်းက ဂရုမစိုက်ချေ။


“ငါက အရှုံးကို မကြောက်ပါဘူး ၊ ဒါ့အပြင် ငါကမှဒါကို မထိန်းနိုင်ရင် ကစားခံရဖို့ တန်တယ် ရှုံးသွားတယ်ဆိုကတည်းက ငါဒါကို ပြင်းပြင်းထန်ထန် လေ့ကျင့်ရန်လိုအပ်တာကို ဖော်ပြတာ မဟုတ်ဘူးလား”


အခန်းထဲရှိလူတိုင်းကလည်း သူ၏ထိုအပြုမူကြောင့် ကူကယ်ရာမဲ့လျက် ယုံကြည်လက်ခံသွားကြသည်။


သူသည် Close ကို solo match ပွဲများအတွက်ချိန်ရွယ်ထားသော အချက်ကိုမူတည်ခြင်းအားဖြင့် ထိုကလေးသည် အရှုံးကိုအမှန်တစ်ကယ် မကြောက်သည်မှာ တစ်ကယ်ဘဲဖြစ်နိုင်လောက်သည်။ အခြားသောသူများသည် ရှုံးသွားခဲ့ပြီးနောက် ပိတ်လှောင်သွားကောင်း ပိတ်လှောင်သွားလောက်၏ သို့သော် သူကမူ ပို၍သာ စိတ်လှုပ်ရှားလာတတ်သည်။


လုဖုန်း “ငါက အဲ့ဒီလိုမဖြစ်စေချင်ဘူး”


ဝေ့ရှောင်းက ရပ်တန့်သွားသည်။


လုဖုန်းက ဖန်းသားပြင်ပေါ်မှ ID ကိုကြည့်သည် “မင်းက FTW ရဲ့ Quiet မင်းဟာငါတို့ရဲ့ မှင်သက်ဖွယ်ကောင်းတဲ့ စစ်သည်တော် တစ်ယောက် ဘာလို့သူက မင်းကိုလာပြီးစမ်းသပ်ရမှာလဲ”


ထိုစကားလုံးများက လေ့ကျင့်ရေးအခန်းထဲသို့ ဆင်းသက်သွားသောအခါ လူတိုင်း၏မျက်လုံးများက ပူတက်လာသည်။


လောင်ပိုင်ကပင် သဘောတကျရယ်လေသည် ၊ နင်ကျယ်ဟန်၏ မျက်နှာအမူအရာကလည်းပြောင်းလဲသွား၏ ယွဲ့ဝမ်လဲ့သည် ခေါင်းကိုသာငုံ့ပြီး သူ၏အာလူးကြော်များကိုသာ စားနေလိုက်သည်။ချန်ဖုန်းကမူ နဖူးကိုကိုင်ထားသည်။ ထန်ချန်းကမူ အရူးလိုရယ်နေပြန်သည်။ အရူးလေးဝေ့ကမူ - - 


“ဟေး”


ဝေ့ရှောင်းက ကို့ရို့ကားယားပုံစံနှင့် ရှက်သွားပုံရသည်။


“ ခေါင်းဆောင် ဒီလောက်လေးနက်တဲ့ ဖွင့်ဟဝန်ခံချက်ကို အလွယ်တစ်ကူကြီး မပေးပါနဲ့ ငါတောင့်မခံနိုင်လောက်ဘူး။ ဒီတိုင်း solo ပွဲဘဲမဟုတ်ဘူးလား ခေါင်းဆောင်ဘဲ solo ပါရပါတယ် ၊ ခေါင်းဆောင်ယူပါ”


လူတိုင်း “…..”


လောင်ယွဲ့က သူ၏အာလူးကြော်ကို သင့်လျှော်စွာမဝါးလိုက်နိုင်သဖြင့် ချောင်းတစ်ဟွတ်ဟွတ် ဆိုး၍အဆုံးသတ်သွားသည်။


ဝေ့ရှောင်းက သူ့ကိုတစ်ချက်ကြည့်ကြည့်သည်။


“နတ်ဘုရားလဲ့ မနာလိုမဖြစ်နဲ့ ငါလဲမတတ်နိုင်ဘူးလေ ဘယ်သူက ငါ့ကိုအသင်းကိုနောက်ကျမှဝင်ပြီး  မှင်သက်ဖွယ်ကောင်းတဲ့ စစ်သည်တော်ကို ငါတစ်ယောက်တည်းဘဲ ဖြစ်နိုင်အောင်လုပ်ခိုင်းလို့လဲ”


ယွဲ့ဝမ်လဲ့ - - - Fuck 


သူသည်ချောင်းဆိုးလွန်းလျက် နားများပင်ရဲတက်လာ၏


အနာဂတ်မှာ ဝေ့ရှောင်းသာဒီမှာရှိနေရင် သူဘယ်တော့မှ အာလူးကြော်မစားရဲတော့ဘူး 


သောက်ကျိုးနည်း သူသာသတိမထားမိရင် သေသွားနိုင်တယ်


ဝေ့ရှောင်းက သူ့အတွက်ရေတစ်ခွက် အမြန်ခပ်ပေးသည်။


“ဖြေးဖြေး ဖြေးဖြေး အရမ်းကြီး စိတ်မလှုပ်ရှားနဲ့”


ယွဲ့ဝမ်လဲ့ ကထိုရေကို မသောက်ရဲပေ သူသောက်လိုက်မိလျှင် လေ့ကျင့်ရေးအခန်းထဲတွင် သေသွားမည့် အခြေအနေကိုစိုးရိမ်သွားသည်။


ဝေ့ရှောင်းသည် တွေးလေလေ ပျော်လေလေ ဖြစ်လာသည်။ သူကချန်းလျိုကို ကြည့်ရင်းမေးလိုက်သည်။


“ လျိုကော ငါ ID ပြောင်းလို့ရသေးလား”


သူက အသင်းကို ဝင်ကာစဘဲလေ ဒီတော့ gaming ကော်မတီမှာလည်း စာရင်းမသွင်းရသေးလောက်ဘူး 

32.1 04

ချန်းလျိုက သူ၏လက်ထဲတွင် အမြန်သက်သာသည့် နှလုံးဆေးကို ကိုင်လျက်မေးလိုက်သည်


“Quiet ဆိုတဲ့ ID ကမကောင်းလို့လား”


ဝေ့ရှောင်းက အလွန်ပျော်နေသည်။ 


“ ငါ့အထင် မှင်သက်ဖွယ်စစ်သည်တော် ဆိုတာကလည်းပိုကောင်းနေသလိုဘဲ ၊ ဘယ်လိုထင်ကြလဲ”


လူတိုင်း “…..”


ထွက်သွားစမ်း 


လေ့ကျင့်ခန်းတစ်ခုလုံးက  သူ့ကိုရိုက်ချင်နေကြသည်၊ သို့သော် လုဖုန်းကသာ ထိုကိစ္စကို ဖြေရှင်းပေးလိုက်သည်။


“ မှင်သက်ဖွယ်စစ်သည်တော်က မကောင်းဘူး ရှည်လွန်းတယ်”


ဝေ့ရှောင်းက စိတ်အေးသွားသည်။


“ဟုတ်တာဘဲ ဒါဆိုရင်လဲ Quiet ဘဲလုပ်တာပေါ့”


 သူကရပ်တန့်လိုက်ပြီး စိတ်လှုပ်ရှားဖွယ် ထပ်ပြောပြန်သည်။


“နောက်ပြီး  Quiet နဲ့ပတ်သတ်ပြီး တရုတ်လိုနောက်ထပ် ထင်ဖြေရှင်းချက် ပေးလို့ရသေးတယ်၊ ဒီတော့ သူတို့က Quiet ကိုမြင်တဲ့ အခါ မှင်သက်ဖွယ်စစ်သည်တော် ကိုတွေ့မိလောက်တယ်လေ FTW .Quiet ကFTW ရဲ့ မှင်သက်ဖွယ်စစ်သည်တော် ဟုတ်တယ်မလား”


လုဖုန်း၏ နှုတ်ခမ်းများကပင် ကော့တက်သွားသည်


“အင်း”


တစ်ခန်းလုံးက စွံ့အ ကုန်သည်။


လူတိုင်းက စကားမပြောနိုင်တော့အောင် ဖြစ်သွားသော်လည်း ထူးဆန်းစွာပင် သူ၏ပိုတက်နေသော စိတ်အားထက်သန်မှုက  သူ၏နှလုံသားထဲသို့ ပစ်ဝင်သွားလေသည်။


ဒီအရူးလေးဝေ့က ပါးစပ်မှာ တံခါးမရှိဘူးဘဲ ၊ သူကသူ့ရဲ့ အတွေးကိုလည်း ကောင်းကောင်း မစဉ်းစားဘူး သူ့ရဲ့စိတ်ထဲမှာ ဘာပေါ်လာပေါ်လာ ထုတ်ပြောလိုက်တာဘဲ ဒါတောင်မှ အနားဝန်းကျင်က လူတွေရဲ့ ခံစားချက်ကိုလှုံ့ဆော်ပေး နိုင်သေးတယ် 


သူကဆူညံပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေသောအချိန်တွင် ကောင်းကင်သို့ထိုးတက်သွား နိုင်လောက်သည့် အင်အားမျိုးကိုထုတ်ပေးနိုင်လေသည်။


ထိုအခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှု Studio အတွင်းမှကြည့်ရှုသူများကမူ သူတို့ကြည့်ရမည့် အကြောင်းကိုပင် မသိလိုက်ချေိ


သူတို့သည်ဒါဟာ Quiet နှင့် Gary အကြားမှ ပွဲဟုထင်လောက်သည်။ FTW၏လွှမ်းမိုးမှုပြင်းထန်သော လူသစ်နှင့် မနှစ်က single ပြိုင်ပွဲမှ runner up တို့၏ တိုက်ပွဲဟုသာ တွေးကောင်းတွေးနိုင်သည် 


ထိုအခြေနေကပင်အားလုံးကို စိတ်လှုပ်ရှားမှုကြောင့် ပေါက်ကွဲထွက်စေရန် လုံလောက်နေပြီဖြစ်သည်.


သူတို့ကသာ လုဖုန်းသည် Quiet ရဲ့ acc ကိုသုံးပြီးကစားနေသလို ယွမ်ဇယ်က Gary ၏ aac ကိုသုံးပြီး ကစားနေကြောင်းသာ သိသွားခဲ့မယ်ဆိုလျှင်  စတော်ဘယ်ရီ ပလက်ဖောင်း၏ server က ကြောက်စရာကောင်းသော Traffic level ကိုမကိုင်တွယ်နိုင်လောက်ချေ


အခန်း၏ စကားပြောခန်း - - -  - - 


Gary “ ဘာသုံးမှာလဲ”


လောင်G ကို မာထန်း စာ သင်ပေးသောသူဖြစ်သည့်အလျောက် ယွမ်ဇယ်သည်လည်း အလွန်အမင်းအလွယ်တကူ ရင်းနှီးလွန်းစွာ သုံးနိုင်သည်။


Quiet ကနားမလည်မည်ကို စိုးရိမ်သောအားဖြင့် comment များက ဝိုင်း၍ဘာသာပြန်ပေးသေးသည်


“လောင်G ကမင်းကိုဘာသုံးမှာလဲလို့ မေးချင်နေတာ”


Quiet “ စွမ်းအားသူခိုး”


Gary “ အရိပ်သူခိုး မဟုတ်” အရိပ်သူခိုးကို မသုံးတော့ဘူးလား 


Quiet “ ငါက Top laner”


စွမ်းအားသူခိုး Talent  SPEC သည် Top lane အတွက်ဖြစ်သည်။ သာမာန်ကစားများသည် စွမ်းအားသူခိုးကို Jungling အတွက်သုံးသော်လည်း ယှဥ်ပြိုင်တိုက်ခိုက်ရသည့် match ပွဲမျိုးတွင် မည်သူကမှ စွမ်းအားသူခိုးကို သုံးပြီးတောထဲသို့မထွက်တတ်ချေ။ မည်သို့ပင်ဆိုစေ ဒါဟာ Top Lane ဘက်မှ Standard Hero ဖြစ်သည်။ 

32.1 05

လုဖုန်းသည်လည်း Quiet ၏ acc နှင့် ထိုစကားကိုပြောလိုက်သည်။ သို့သော် ချဖုန်းနှင့် ထန်းချန်း တို့ကဲ့သို့ သွေဖယ်တရားကို သိသောသူများသည် သူသည် သူ့ကိုယ်သူပြောနေကြောင်း နားလည်သည်။


Gary သည် Jungler ဖြစ်သည် ထိုအခိုက်အတန့်တွင် သူ၏ ID ကိုသုံးနေသော သူက ယွမ်ဇယ် ဖြစ်သည်။ ယွမ်ဇယ်ကလည်း Top laner ဖြစ်သည်။ 


Quiet သည်လည်း Top laner ဖြစ်ပေါ်ပေလိမ့်မည်။ ပြောရမည်ဆိုလျှင် လုဖုန်းသည်သူ့အား Jungler ဖြစ်စေလို၍ FTW ရဲ့ အစစ်မှန် Top Laner က လုဖုန်း ဖြစ်ပေလိမ့်မည်။


ထို့ကြောင့် ဒီတိုက်ပွဲတွင် စွမ်းအားသူခိုးကို အသုံးပြုခြင်းက မှန်ကန်သောရွေးချယ်မှုဖြစ်ပြန်သည်။


အချင်းချင်း တိုက်ခိုက်ရန်ဆန္ဒရှိကြသော Top laner နှစ်ယောက်က အချိန်ကိုကြိုတင်ပြီး ပိုပြီး သိနေကြသည်။ 


သူသည် မ soloနိုင်သော်လည်း ဝေ့ရှောင်းအနေနှင့် လုဖုန်း၏ solo ပွဲအား ကြည့်ရခြင်းကို အထူးတစ်လည် စိတ်ဝင်စားသည်။


အရင်ကဆိုလျှင် လုဖုန်းနှင့် လောင်G အကြားမှ လေ့ကျင့်ရေး video ကိုပြန်ကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားလာတတ်သည်။ထို့ကြောင့် လုဖုန်းက ယွမ်ဇယ်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ကြည့်သောအခါ ခံစားရသည့် သူ၏ခံစားချက်ကို စကားလုံးနှင့် ထုတ်ပြောရန်ပင် မလိုအပ်ချေ။ 


ပြောရမည်ဆိုလျှင် ယွမ်ဇယ်သည် Individual ပွဲတွေ ဝင်မပြိုင်ခဲ့သည်မှာ ၃နှစ်ဆက်တိုက်ကြာသွားပြီ မည်သူကမှလည်း ယခင် solo king ၏ အဆင့်က မည်သည့်အဆင့်တွင် ရှိကြောင်း မသိကြချေ။ 


နတ်ဘုရားအသင်း၏ အခြားသော အဖွဲ့ဝင် ၄ယောက်က မည်သို့ဖြစ်နေစေကာမူ သူတို့သည် လုဖုန်းနှင့် solo သည် ဆိုသောသတင်းကသည် Glory အသိုင်းဝိုင်းကြီး တစ်ခုလုံးကို လှုပ်ခါသွားစေရန် လုံလောက်နေပြီဖြစ်သည်။


ဒါမတတ်နိုင်ဘူးလေ ၊ FTW ရဲ့ နတ်ဘုရားအသင်းက တစ်ကယ်ကို နတ်ဘုရားတွေ ပြည့်နက်နေတဲ့အသင်းဖြစ်နေတာကို ဒါတောင်မှ သူတို့ကကိုယ့်နည်းကိုယ့်လမ်းနဲ့ ဖြေရှင်းပြီး လမ်းခွဲထွက်သွားတဲ့နောက်မှာ  ပိုပြီးနတ်ဘုရားဆန်တဲ့ ပုဂ္ဂိုလ် ကြီးတွေဖြစ်လို့ ပရိတ်သတ် သောင်းပေါင်းများစွာကို ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး အဆုံးစမဲ့အောင်ဆွေးနွေးစေသည်တဲ့။


Glory ၏ ဘုရားကျောင်းအတွင်းတွင်ပင် နာမည်များကို ချန်ထားရစ်နိုင်သော အဖွဲ့ဝင် ၅ယောက်လုံးပါသော အသင်းတစ်သင်း ဖြစ်ခဲ့သည်။ ထို့ကြောင့် Glory ၏ သမိုင်းတွင် အတောက်ပဆုံးသော စုပ်ချက်ဖြစ်ခဲ့သည်။ 


Match ပွဲကစတင်သည်။ 


စွမ်းအား သူခိုးသည် သူခိုး Talents များအားလုံးထဲတွင် 1 to 1 တိုက်ခိုက်ရန်အတွက် အလွန်ပင်သင့်လျော်လေသည်။ Top lane hero ဖြစ်သည့်အလျောက် ထိုလမ်းကျဉ်းတစ်ခုလုံး၏ ဖိအားကို အမြဲတစ်စေ တောင့်ခံရန်လည်းရည်ရွယ်သည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် ကစားသမားတစ်ယောက်က သူတို့၏အသင်းဖော်များအတွက် အခွင့်အရေးဖန်တီးပေးရန် အလို့ငှာ ပြိုင်ဘက်နှစ်ယောက်ကိုပင် ထိန်းထားပေးရန်လိုအပ်ပေသည်။ 


ထိုအတွက်ကြောင့် ယွမ်ဇယ်ကသာ Individual solo ပြိုင်ပွဲမျိုးတွင် နှစ်ပေါင်းများစွာ မဝင်ပြိုင်သေး ခဲ့လျှင်ပင် သူ၏ solo level ကလည်း အလွန်မြင့်မားနိုင်သေးသည်။ထိုအခြေအနေကို အသင်းပြိုင်ပွဲများအတွင်းမှ သူ၏လက်ရည်ကို ကြည့်ယုံနှင့်သိနိုင်သည်။ 


ဝေ့ရှောင်းသည် လုဖုန်းကို နှောင့်ယှက်မိမည့်အခြေနေကိုစိုးရိမ်သဖြင့် ယွဲ့ဝမ်လဲ့အနားသို့ကပ်သွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်သည်။ 


လောင်ယွဲ့က သီးသွားပြီးနောက် အာလူးကြော်မစားရဲတော့ချေ။ ဝေ့ရှောင်း ကမေးသည်။


" အရသာရှိလား " 


ယွဲ့ဝမ်လဲ့ "......" 


ဝေ့ရှောင် " ငါနည်းနည်းလောက်စားလို့ရလား "


လောင်ယွဲ့က သူ့ကိုအာလူးကြော်ထုတ် ပေးသည်။ သူ၏ခံစားချက်များကမူ နွမ်းနယ်နေပေသည်။ ဝေ့ရှောင်းက အာလူးကြော်တစ်ခုကို ဂျွတ် ဂျွတ် ဂျွတ် ဝါးလိုက်သည် ။ 


" တစ်ကယ်ကောင်းတာဘဲ" 


ယွဲ့ဝမ်လဲ့က စိတ်ထဲတွင်ပျော်ရွှင်နေသာ်လည်း ချုပ်ထိန်းထားသော လေသံမျိုးနှင့်ပြောသည်။ 


" ဒါက ငါအာလူးကြော် အမျိုးအစားအမြောက်အများထဲက သေချာရွေးချယ်ထားတဲ့  အကောင်းဆုံးတွေဘဲ ကျွတ်ယွတယ် ၊ အရသာရှိတယ် နောက်ပြီး - - - " 

32.1 06

ဝေ့ရှောင်း " မြန်မြန် ခေါင်းဆောင်ကို ကြည့်အုံး ၊ သူက အမှန်တကယ် ကောင်းကောင်း သင်ကြားနိုင်တာဘဲ ငါကစားတဲ့ စွမ်းအားသူခိုး ပုံစံအတိုင်းဘဲ"


ယွဲ့ဝမ်လဲ့က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်သည်။ သူသည် အာလူးကြော်နှင့် ပတ်သတ်ပြီး မချီးမွမ်း ဖြစ်တော့ချေ။


++++++


32.2 01

အပိုင်း (32.2)


ခေါင်းဆောင် ငါထပ်လိုချင်သေးတယ်။


လုဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်က ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံမရှိဘဲ အမှန်တစ်ကယ် ခံစားနိုင်သော အနေအထားမျိုးဖြစ်သည်။ 


သူသည် မိမိနှင့်တူညီသော ပုံစံအတိုင်း Hero ကို ကိုင်တွယ်အသုံးပြုနေပုံကို ကြည့်ခြင်းအားဖြင့် ထိုခံစားချက်က အလွန်ပင်ပြင်းထန်လာသည် ။.


ဝေ့ရှောင်း “ ကြည့်ရတာ ငါမှန်ကြည့်နေရသလိုဘဲ” 


သူနှင် ယွဲ့ဝမ်လဲ့သည် အကြိမ်များစွာ solo ဖူးသည် ။ ယွဲ့ဝမ်လဲ့သည်လည်း သူ၏စွမ်းအားသူခိုးကို အလွန်လေးလေးနက်နက် ထင်မြင်ချက်တစ်မျိုးရှိထားသည် ။ ယခု Game ပွဲမှ စွမ်းအားသူခိုးက ဝေ့ရှောင်းနှင့်တူပြီး အရိုးထဲသို့ တောက်လျှောက်ဆင်းချသွားခြင်းဖြသ်သည်။ 


လုဖုန်းက Game ၏ အစပိုင်းတွင် ဝေ့ရှောင်း၏ ဗျူဟာများကို တုပထားသောကြောင့် ယွမ်ဇယ်သည်လည်း ကစားသမားပြောင်းနေကြောင်းကိုပင် မသိချေ။ 


လောင်G ကဘေးဘက်မှ မှတ်ချက်ပေးသည်။ 


“ ဒီကလေးက တစ်ကယ်တော်တာဘဲ ။ သူက မင်းကဖိနှိပ်ထားတာတောင်မှ အရင်းအမြသ်တွေကို လုနိုင်တယ်” 


ယွမ်ဇယ် “ တော်တော်လေးကို အသေးစိတ်ကျတဲ့ လှုပ်ရှားမူတွေ” 


လောင်G “ အသေးစိတ်ကျရုံတင် မဟုတ်သေးဘဲ သူ့ရဲ့ သတ္တိကလဲ ခေါင်းမာပြီးတော့ ဝတယ်” 


ယွမ်ဇယ် “ ဒီကလေးက တော်တော်လေးထူးချွန်တယ်။ ဒါပေမဲ့ ဒီလိုအမျိုးစားမျိုးက - - - - “ 


ရင်းနှီးသည်ဆိုသော စကားလုံးကို ထုတ်မပြောရသေးခင် တစ်ဖက်ခြမ်းမှ စွမ်းအားသူခိုးကြောင့် သူသည် အင်အားသုံးပြီး မြေပြင်တွင် ထိုးစိုက်ခံလိုက်ရသည်။


လောင်G “- - - - “ 


ယွမ်ဇယ် “ Fuck “ 


စွမ်းအားသူခိုးသည် skill ၈မျိုးပါသော Hero ဖြစ်သည်။ ပုံသဏ္ဍာန် ၂မျိုးရှိပြီး လှုပ်ရှားကွက် အစုံလိုက်အသုံးပြုလိုက်သည်နှင့် damage က အတန်းလိုက် စတင်ပေလိမ့်မည်။ ထို့ကြောင့် Hero ကသာ သတိမေ့စွာ ရွှေ့လျား လိုက်မိလျှင် တိကျသော damage တစ်လွှာကို ထပ်ဖြည့်လိုက်ရုံနှင့် damage ကပို၍ပင်မြင့်မားသွားပေသည်။ ထို့ကြောင့် တစ်ဖက်၏ တိုက်ခိုက်ကာကွယ်မှုနှင့် ခုခံမှု အားလုံးကိုပင် လျစ်လျူရှုပြီး ပြိုင်ဘက်ကို တိုက်ရိုက်ပင် ဒုက္ခိတ ဖြစ်သွားအောင်လုပ်နိုင်သည်။ 


ယွမ်ဇယ်သည် ထိုစွမ်းအားသူခိုးကို ရင်းနှီးသည်ထက် မပိုနိုင်တော့ချေ။ သူသည်ဒီအတိုင်း သတိမဲ့သွားခြင်းဖြစ်သည်။ 


သူကမှု professional အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို စတင်ယူကာသ ထိုအသစ်လေးက အစ်အမှန်ပြိုင်ဘက်အဖြစ် မသတ်မှတ်ဖူးချေ။ သူသည် အလေးအနက်ထားပြီးမကစားခဲ့ဘဲ စနောက်ကာ လက်ရည်ကို သိချင်ရုံလောက်သာ ကြိုးစားလိုက်ခြင်းဖြစ်သည်။ထို့ကြောင့်....... 


လောင်G က တအံ့တဩပြောသည်။


“ FTWက တကယ်ကို ဝှက်ဖဲကို ဝှက်ထားတာဘဲ ၊ သူအသင်းကို ဝင်ရုံဆိုတာကိုတောင် မယုံနိုင်ဘူး ၊ သူ့ရဲ့ damage ကိုပစ်ထုတ်လိုက်တဲ့ နည်းလမ်းက Close သုံးနေကျ အတိုင်းဘဲ “ 


Gary သည် Close နှင့် တစ်နှစ်ပတ်လုံး ကစားခဲ့သောကြောင့် ယွမ်ဇယ်ထက်ပင် လက်ရှိ Close ကို ပိုရင်းနှီးသေး သည်။ ယွမ်ဇယ်သည် လွန်ခဲ့သော ၃နှစ်ခန့် က အသင်းမှ ထွက်ခွာခဲ့လေသည်။ 


ယွမ်ဇယ် ကတစ်ခဏမျှ တောင့်ခဲ့သွားသည်။ 


“ မအေ - - - ဒါက Close ကွ “ 


သူက တစ်ဖက်သူကို လှည့်စားချင်ခဲ့သည်။ သို့သော် သူက ထဲသို့ ကျသွားသည်။ လွန်ခဲ့သော ၃နှစ်ခန့်က လုဖုန်းလေးနှင့် ဘယ်တော့မှ မ solo တော့ဟု ကျန်ဆိုခဲ့သည်။ 


“ Fuck သေလိုက်စမ်း “ 


လောင်G  က ကြောင်သွားသည် ။ 


“ Close ဟုတ်လား “


သူက ထိုအခါမှသာ အသိပြန်ဝင်သွားသည် ။ ဒါလည်း ဟုတ်တတ်တာဘဲ လုဖုန်း ရဲ့ ကောင်းကင်ကို အံတုနိုင်တဲ့ Copy နိုင်တဲ့စွမ်းရည်မျိုးနှင့်ဆိုရင် Quiet ကို တုပဖို့က တအားလွယ်တာပေါ့ 


လောင်G “ သူက Quiet အတွက် ဘာလို့ကစားပေးတာလဲ “ 


ယွမ်ဇယ်က ကတုံး တုံးခံရသလိုပင် ခံစားလိုက်ရ၏ ။ သူသည် Keyboard နှင့် mouse ကို လွှတ်ပစ်လိုက်ရင်းပြောသည်။ 


“ သူက အကာကွယ်လွန် လွန်းတယ်လို့ ငါပြောထားသားဘဲ၊ ဒါပေမဲ့ ဒီလောက်အထိကြီးတော့ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး “


လောင်G ကလည်း သိသွားသည်။ 


“ မင်း ကစားနေတယ်ဆိုတာကို သူသိသွားတာလား “ 


ယွမ်ဇယ်က အမှန်ပင် အားအင်မဲ့သွားသည်။ 


“ မင်းသွား မင်းသွား မင်းဘဲ သူနဲ့ solo တော့ “ 


Gary က e sports ကုလားထိုင်ပေါ်သို့ အတင်းဖိချခြင်းခံရသည်။ သူသည် အလွန်ပင် ရင်ကျုံးမရဖြစ်သွားသည်။ 


“ မင်းကဘဲ အရင်တိုက်ခိုက်ချင်တာလေ ၊ အခု မင်းကဘဲ မတိုက်ခိုက်ချင်တော့ပြန်ဘူး “


ယွမ်ဇယ်က အခြေအနေကို မြင်ရုံနှင့် ချက်ချင်းဆိုသလိုပင် စက်ကို ပိတ်ချလိုက်သည်။ 


လောင်G “? ? ? “ 


ယွမ်ဇယ် “ ဒါမှမဟုတ် မင်းကငါ့ကို အညံ့ခံစေချင်တာလား” 

32.2 02

လောင်G ကခေါင်းကို အရူးလိုခါသည်။


“ ပါစီမွန်ကို သတ်လို့ရတယ် ဒါမဲ့ဝင်လို့တော့မရဘူး”


သူ့အား တရုတ်ဘာသာစကားသင်ပေးထားသော ဆရာယွမ်ကပင်တစ်ခဏတာ  စိတ်ရှုပ်သွား


“ ? “ 


အို့ သူသိပြီ အရှက်ကွဲခံရမယ့်အစား အသေခံမယ်လို့ ပြောတာ ထင်တယ် ။ 


ထိုသို့ စက်ကို Shutdown ချလိုက်ခြင်းက offline ဖြစ်သွားသည်နှင့်တူသည်။ Game ထဲမှ Gary ဆိုသော သလင်းနားတွင် ရပ်နေသော ကာရိုက်တာလေးက မထွက်လာတော့ချေ 


Studio ထဲမှ ကြည့်ရှုသူများ “ ? ? ? “ 


“ ဘာဖြစ်သွားတာလဲ “ 


“ မတိုက်ခိုက်ဘဲ ရှုံးသွားတာလား” 


“ မဟုတ်တာ - - - Quiet က အင်အားကြီးတယ်ဆိုပင်မဲ့လည်း လောင်G ကလည်း မဆိုးပါဘူး “ 


“ လောင်G က မစရသေးဘူးလေ၊ ဘယ်လိုဖြစ်ပြီး သူက - - - “ 


ချန်းလျို ကလည်း L&P ၏ မန်နေဂျာထံမှ oversea call ကို လက်ခံရရှိသည်။ 


“ စိတ်မရှိပါနဲ့ ၊ အခြေစိုက်စခန်းရဲ့ network က မတည်ငြိမ်တော့ internet က ပြတ်သွားတာ Gary က မင်းတို့ကောင်တွေနဲ့ solo နေတယ်လို့ငါကြားတယ်” 


မန်နေဂျာ လျှပ်စီးအလား မြန်ဆန်သည့် English စကားလုံးများဖြင့်ပြောသည်။ ကံကောင်းသည်မှာ လျိုကောရဲ့ English စွမ်းရည်က ကောင်းနေခဲ့သည် ။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုနားလည်နိုင်လိုက်သည်။ 


သူသည် ဖုန်းကိုချပြီး လက်ဖြန့်ပြသည်။ 


“ L&P က လိုင်းပြတ်သွားတာ “


လူတိုင်းက “ .....” 


လုဖုန်းက မတ်တပ်ထရပ်ပြီး နေရာကိုလွှတ်ပေးသည်။


ဝေ့ရှောင်း က စိတ်ရှုပ်သွားသည် ။


“ ယွမ်ဇယ်က သိသွားတာလား “ 


လုဖုန်း “ အင်း” 


ဝေ့ရှောင်းက အလွန် ပဟေဋိ ဖြစ်သွားသည်။


“ သူက မင်းနဲ့ ဘာလို့ မsolo တာလဲ “ 


လုဖုန်း ကမဖြေချေ။ သူသည် Headset ကိုသာပေးသည်။ 


“ Mice ကိုဖွင့်ပြီး အားလုံးကို ရှင်းပြလိုက်”


Microphone ကို ဖွင့်လိုက်ကတည်းက ဝေ့ရှောင်းသည်ဘာကိုမှ ဆက်မမေးတော့ချေ ။ သူသည်သာ ဝင်ထိုင်လိုက်ပြီး L&P ၏ လိုင်းပြတ်သွားသည်ဆိုသော လျို့ဝှက်ဆန်းကြယ်မှုကို ရှင်းပြပေးလိုက်သည်။ 


ထိုသို့ဖြင့် comment များတွင် အမျိုးမျိုးသော အကြောင်းအရာများစွားက တက်လာသည်။ လေထုအခြေနေကလည်း အလွန်ပင်ကောင်းမွန်နေသည်။ မည်သို့ပင်ဆိုစေ L&P က လိုင်းပြတ်သွားပြီး သူတို့၏ FTWက ပြတ်သွားခြင်း မဟုတ်ချေ။


မတိုက်ခိုက်ဘဲ နောက်ဆုတ်သွားသောသူက လောင်G ဖြစ်ပြီး Quiet မဟုတ်ချေ။ 


ကြည့်ရှုသူများထဲမှ တစ်စုံတစ်ယောက်က မေးသည်။


“ နတ်ဘုရားQ မင်းဆက်ပြီး တိုက်ရိုက်ထုတ်လွှင့်အုံးမှာလား ၊ ငါတို့ လုံလောက်အောင် မကြည့်ရသေးဘူး” 


ဒီနေ့က အတက်အကျ အလွန်များခဲ့သည်။ ထို့အပြင် ယစ်မူးဖွယ်လည်းကောင်းသောကြောင့် လူတိုင်းက အဆုံးသတ်သွားမည့် အခြေအနေကို တွန့်ဆုတ်နေသည်။ 


သူတို့သည် ထို FTW ၏ လူသစ် ၏ ကြောက်ရွံ့ရိုသေဖွယ်ကောင်းသော စီမံလည်ပတ်ပုံ skill ကိုဆက်လက်ပြီး ကြည့်ချင်သေးသည်။ နောက်ဆက်ဖြစ်မည့်အကြောင်းအရာကို မခန့်မှန်းနိုင်သော ခံစားချက်မျိုးက အလွန်ကောင်းမွန်လွန်းသည်။ 


ဝေ့ရှောင်းသည်လည်း solo မည့်သူမျိုးကို မရှာနိုင်တော့သဖြင့် မနက်ဖြန်မှ တွေ့မည်ဟု ပြောလိုက်သည့်အချိန်တွင် - - - 


လုဖုန်း၏ အသံက ထွက်လာသည်။ 


“ ငါ့ကို invite လိုက် “ 


ဝေ့ရှောင်း ကရပ်တန့်သွားသည်။ 


ထို့ကြောင့် comment ကဏ္ဍမှ သခင်မ  ပရိတ်သတ်များနှင့် ကောင်မလေး ပရိတ်သတ်များက အလွန်ပင်ဆူးရှသော နားများကို ပိုင်ဆိုင်ထားသည့် အလျောက်လုဖုန်း၏ အသံကို ဖမ်းမိလိုက်ကြပြီး နေရာတွင်ပငမီးပန်းများ ဖောက်တော့သည်။ 


ဝေ့ရှောင်းက လုဖုန်းကို ခေါင်းညိတ်လျက်ကြည့်သည် ။ 


“ Solo လား “ 


လုဖုန်း “ အင်း” 


ဝေ့ရှောင်းက ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားသည်။ 


“ ငါနဲ့လား “ 


လုဖုန်း “ ဘယ်သူရှိသေးလို့လဲ”


ဝေ့ရှောင်း က အလွန်ပျော်သွားသဖြင့် ကောင်းကင်ပေါ်သို့ပင် မြောက်တက်သွားသည်။ 


“ လာ လာ လာ “ 

32.2 03

သူသည်တိုက်ရိုက် ထုတ်လွှင့်မှု Studio အတွင်းမှ ကြည့်ရှုသူများကို စကားပြော၍ လုဖုန်းအားအခန်းထဲသို့  invite လိုက်သည်။ 


“နောက်ထပ် solo က Close နှင့် Quiet အကြားကလေ အားလုံးဘဲ ကျေးဇူးပြုပြီး သေချာကြည့်ကြနော် Screen ကို record လုပ်ထားဖို့ မမေ့နဲ့အုံး “


သူသည်လည်း သူ၏ Headset ထဲမှ အသံကို ဖုံးကွယ် မကြိုးစားတော့ချေ ။ ဒါကြောင့် ပရိတ်သတ်များကလဲ ရှင်းရှင်းလင်းလင်း ကြားကြသည်။ 


ပရိတ်သတ်များအားလုံးကလည်း စိတ်လှုပ်ရှားနေကြသည် ။ ထိုသို့ဖြင့် comment များကချက်ချင်းဆိုသလို ပေါ်လာလျက် မျက်လုံးကိုပင် ဆူးစေလောက်သည်။ 


ဝေ့ရှောင်းသည် comment များကို အာရုံမစိုက်တော့ချေ။ သူသည် လုဖုန်းကို မေးသည်။


“ မင်း ဘာကစားမှာလဲ “ 


ဖုန်း “ မင်း ဘာကစားချင်လဲ”   


“ အရိပ်သူခိုး” 


လုဖုန်း “ ကောင်းပြီ” 


ဝေ့ရှောင်းသည် ပေါက်ကွဲသွားလောက်အောင် ပျော်ရွှင်နေသည်။ 


သူဒီနေ့ Killing လုပ်န်ုင်ခဲ့တာဘဲ ၊ တစ်ကယ်ကို ကြီးမားတဲ့ Killing ကြီးတစ်ခု အရင်ထက်တောင် ပိုကောင်းသေးတယ်


ဝေ့ရှောင်းသည် ဒီနေ့ အရိပ်သူခိုးကို လေးကြိမ်ဆက်တိုက် အသုံးပြုနိုင်ခဲ့သည်။ 


ပထမဦးဆုံး တစ်ကြိမ်က ယွဲ့ဝမ်လဲ့ နှင့် ဖြစ်ပြီး ဒုတိယ တစ်ကြိမ်က Asleep နှင့်ဖြစ်သည်။ တတိယတစ်ကြိမ်က အရှက်မဲ့သော နှစ်ယောက်တွဲအသင်း ရှတန် နှင့် Blue ကို ရင်ဆိုင်ချိန်က ဖြစ်ပြီး အရိပ်သူခိုးကြောင့်သာ မဟုတ်လျှင် သူသည် ထိုအရှက်မဲ့သော နှစ်ကောင်ကို သတ်နိုင်ခဲ့လိမ့်မည်မဟုတ်ချေ။ မည်သို့ပင် ဆိုစေ ထိုနှစ်ကောင်က  တစ်ယောက်တည်းကိုပေါင်းမှ တိုင်ခိုက်သောအခါ DPS၏ Hero များက မြင့်လေသည်။ 


လေးကြိမ်မြောက်က မူ Close နှင့်ဖြစ်သည်။ သူကိုပို၍ စိတ်လှုပ်ရှားစေသည်မှာ Close က အရိပ်သူခိုးကိုရွေးပေးသောကြောင့်ဖြစ်သည်။


တိုက်ရိုက်ထုတ်လွှင့်မှု Studio အတွင်းမှ ကြည့်ရှုသူများ၏ အရေအတွက်ကလည်ယ နောက်ထပ် အဆင့်တစ်ခုထိ မြင့်တက်သွားပြန်သည်။


ဒီနေ့သည် အမှန်တစ်ကယ်ပင် အံ့ဩသင့်ဖွယ်ကောင်း သည်။ အနာဂတ်မျိုးဆက်သစ်များသည် ဝေ့ရှောင်း၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြုံလာလေ့မယ်မဟုတ်ချေ။


ပြည်တွင်းပြိုင်ပွဲဝင်ဇုန်အတွင်းမှ အဓိက star ကစားသမားများ၊  Individual match ပွဲ များစီစဉ်ခြင်း မနှစ်က Individual runner up နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် Close ကပေါ်ပေါက်လာခြင်းက အားလုံးကို စိတ်လှုပ်ရှားစေသည်။ 


ဒါသည် effect ပေါင်းစုံထပ်ထားသလိုဖြစ်နေပြီး Glory ၏ ပရိတ်သတ်များအနေဖြင့် နှစ်သစ်ကူးရောက်နေပြီဟုပင် ခံစားလိုက်ရသည်။


“ အလင်းစက် ကွင်း ခု ၊ ငါကောင်းကင်နီဓားသွားရဲ့ ထူးခြားတဲ့ special effect ကိုကြည့်ချင်တယ်”


“ ဒီမှာ ဒီမှာ သူက သူ့ရဲ့ကောင်းကင်နီဓားသွားနှင့်လာပြီ”


“ ငါက အရမ်းကျေနပ်တယ် ဒီနေ့က တစ်ကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတာဘဲ “


အရိပ်သူခိုး၏ ကောင်းကင်နီဓားသွားသည် အစီစဥ်တစ်ခုအတွက် Championship skin ဖြစ်သည်။ အထူးတစ်လည်ပင် close အတွက် ဖြစ်သည်။ သေစေနိုင်သော အလင်းစက်ကွင်းများ၏ ခြားနားသော effect များကအားလုံးက သူ့အတွက် ကိုယ်တိုင်းချုပ်ပေးထားခြင်းဖြစ်သည်။ ဘာဘဲဖြစ်ဖြစ် အလင်းစက်ကွင်း၉ ခုလေ....


သူကလွဲ ပြီးဘယ်သူကမှ ထို ၉ကွင်ူအထိရောက်အောင် ဘယ်သူကမှ ထုတ်မသုံးနိုင် ချေ။


ပွဲစဥ်၏ အစတွင် ကြည့်ရှုသူများကလည်း လေထု၏ ခံစားမှု ကို ခံစားမိလိုက်သည်။ ထိုနှစ်ယောက်သည် မကြာခဏ solo ပုံရသည်။ 


သိသာစွာပင် Quiet နှင့် Close သည် တစ်ချက်ကြည့်လိုက်ရုံနှင့် ရင်းနှီးသည်ထက်မပိုနိုင်လောက်အောင် ရင်းနှီးလွန်းနေကြသည်။ 


ထိုပွဲသည် အလွန်ဘဲ စိတ်လှုပ်ရှားစရာကောင်းပြီး ကြည့်ပျော်ရှုပျော်ရှိသည်။ သို့တိုင်အောင် ထူးဆန်းသော လိုက်ဖက်သည့် ခံစားချက်များကို ရပြန်သေးပြန်သည်။ 


 Quiet ၏ အရိပ်သူခိုးက အနည်းငယ်အရူးဆန်ပြီး ကြမ်းတမ်းကာ ခပ်ကြမ်းကြမ်းဆန်သည် ။ သူသည် မိုက်ရူးရဲဆန်စွာ ပေါ်လာခဲ့သည့်တိုင်အောင် အမှားမလုပ်ခဲ့ချေ။ သူ၏ အသေးစိတ်ကို အာရုံစိုက်ထားမှုကလည်း မှင်သက်ဖွယ်ကောင်းလှသည်။


ပရိတ်သတ်အများစု၏ နှလုံးသားထဲတွင် Close ၏ အရိပ်သူခိုးကသာ မြင်ကွင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် မဟာမိစ္ဆာ ဘုရင်ကြီးဖြစ်သည်။ သူသည် solo ပင်ဖြစ်စေ 5v5 တွင်ဖြစ်စေ သူကရှိနေသာတောင်ကြားက အမြဲတစ်စေပြင်းထန်လွန်းသော ဖိအားနှင့်ပြည့်နှက်နေတတ်ပြီး သာမာန်မျက်စိနှင့် ကြည့်ယုံနှင့်ပင်မြင်နိုင်လောက်သည်။ 


ထို့အပြင် သူက တိကျမြန်ဆန်သော ကစားသမားများပင် မဆိုထားနှင့် ကြည့်ရှုသူများကပင် ထိတ်လန့်မှုကို ခံစားကြရသည်။ 


သို့ရာတွင် ဒီပွဲကမူခြားနား၏ 


လုဖုန်းသည် ဝေ့ရှောင်းကို ဘယ်သောအခါမှပင် ပေါ့သေးသေး မထားတတ်ချေ သူ၏စီမွခန့်ခွဲပုံနှင့် လုပ်ဆောင်မှုများက အမြဲတစေလေးနက်သည်။ သို့သော်ခြားနားသော ခံစားချက်မျိုးကပေးစွမ်းနေသေးပြန်၏ 


Close ၏ အရိပ်သူခိုးက တောင်ကြားတစ်ခုလုံးကို ထူထဲသောမြူခိုးများနှင့် ဖုံးထားသည်နှင့်တူသည်။ 


Quiet ၏ အရိပ်သူခိုးက မူ သိပ်သည်းလွန်းသော မြူထုကို ကျော်ဖြတ်၍လာသည့် တောက်ပသောအလင်းဓားကဲ့သို့ အကြောက်အလန့်မဲ့ကာ studio ကြီးတစ်ခုလုံးကို အဆုံးစမဲ့သည့် အလင်းကို ပေးစွမ်းနေသေးပြန်သည်။ ၁၈မိနစ်


သူခိုးနှစ်ယောက်လုံးက သူတို့၏ ပစ္စည်းအစုံရသွားကြသည်။ လူတိုင်းက အသက်ရှုအောင့်လိုက်ကြသည်။ 


လာပြီ 

32.2 04


ကောင်းကင်နီဓားသွားရဲ့ အလင်းစက်ကွင်း၉ ခု 


ဒါကတစ်ကယ်ဘဲ ဘာနဲ့တူမှာလဲ 


အရိပ်သူခိုး နှစ်ယောက်လုံးက တစ်ချိန်တည်းတူတူ လှုပ်ရှားလိုက်ကြသည်


ထိုမြင်ကွင်းက Quiet နှင့် Asleep ကြားမှ ပြိုင်ပွဲနှင့်အလွန်တူသည် ။ သို့သော် ရလာဒ်ကမူ ပြောင်းပြန်ဖြစ်သည်။ 


အလင်းစက်ကွင်း ၈ကွင်းက တောင်ကြား တစ်ဝက်ခန့်ကို လင်းထိန်စေသည်။ သို့သော် ထိုမှင်သက်ဖွယ်ကောင်းသော တောက်ပမှုက အလင်းစက်ကွင်း ၉ ကွင်း၏ အောက်တွင် မှေးမိန်သွားသည်။


လူတိုင်းကလည်း နေရာတွင်ဘဲ ပေါက်ကွဲသွားသည်ဆိုသော မြင်ကွင်းမျိူးကို နားလည်လိုက်ကြသည်။


ပုန်းနေသော အရိပ်သူခိုး ၊ သွေးအေးရက်သော သတ်ဖြတ်သူ သူသည် ကောင်းကင် တစ်ခုလုံးအနှံ့ အပူစက်ကွင်းများကို တစ်ခုပြီး တစ်ခုလွှတ်ထုတ်လိုက်သည်။ မီးတောင်ပေါက်ကွဲသည်နှင့်ပင် တူလေသည်။ 


အလင်းစက်ကွင်း 8 ကွင်း၏ special effect များ နှင့် အလင်းစက်ကွင်း ၉ကွင်၏ special effect များက လူအများအား သူတို့၏ ကွန်ပျူတာများ ကွဲသွားပြီလားဟု ထင်ရလောက်အောင် ဖြစ်စေသည်။ ထိုမြင်ကွင်းက အဆုံးစမဲ့သောတောက်ပမှူများ အဆုံးတွင် အဆုံးသတ်သွားသည်။


ကြည့်ရှုသူများသည်လည်း Game ဟာ မည်သို့ အဆုံးသတ်သွားသည်လည်းပင် ဂရုမစိုက်မိချေ။


အနိုင်အရှုံးကလည်း အရေးမကြီးချေ။ ထိုအံ့ဩသင့်ဖွယ်ကောင်းသော match က လူတိုင်း၏ခေါင်းများကို ထုံထိုင်းသွားစေသည်။ 


ဒီလိုပြိုင်တဲ့ Game ပွဲတွေမှာဘာက ပျော်စရာကောင်းလဲ 


အင်အားခြင်းပြိုင်တာလား ၊ စွမ်းအားချင်း ဟန်ချက်ညီမညီပြိုင်တာလား ၊ လက်ရည်တူကြောင်းပြိုင်တာလား ။


ပိုပြီးအရေးကြီးသည်မှာ ထိုအရာနှင့်ပင် မဟုတ်သေးခြင်းဖြစ်သည်။ 


လိုက်ဖမ်းရတာကလည်း ပိုပြီးပျော်စရာကောင်းတယ် မျှော်လင့်ချက်ရှိတာပေါ့ ။


ပြိုင်ဘက်၏ အင်အားသည်ပြိုင်ဘက်ကင်းနေသည့်တိုင်အောင် တစ်ဖက်သူကို ဆက်တိုင်တွန်းနိုင်ခြင်းကပင် သွေးများကို ဆူပွက်စေရန် လုံလောက်သည်။ အညံ့မခံတာ အကြောက်အလန့်မဲ့တာ အရှုံးမပေးတာ 


ထိုသို့ ပြိုင်ပွဲဝင် စိတ်ဆန္ဒသည် သန်မာသော ပြိုင်ဘက်၏ မျက်နှာကိုမြင်မှသာ ပေါ်လာတတ်သည်။


Quiet သည်လည်း ခေါင်းမာလွန်းစွာ တောက်လောင်နေသော မီးတောက်နှင့်ပင်တူသည်။ သူသည်လည်း အရှိန်ပြင်းစွာတောက်လောင်နေသော မီးတောက်နှင့် အလှမ်းကွာဝေးသေးပုံရသည်။ သို့တိုင်အောင် သူ့ကိုလဲ အချိန်နှင့် အခွင့်အရေး အတွေ့အကြုံတို့ကိုသာ ပေးလိုက်မည်ဆိုလျှင် သူသည်လည်း အရှိန်ကြီးကြီး တောက်လောင်နေသော မီးတောက်နှင့်တူသည်။ 


ကြည့်ရှုသူများ ၏ အာရုံကို အစစ်မှန်သို့ ပြန်လည်ဆွဲခေါ်ခဲ့သောအရာမှာ လူငယ်၏ လှုပ်ရှားနေသောအသံ ဖြစ်သည်။ 


“ နောက်ထပ်”


ထိုနောက် ဆုံးစကားသည် တိုက်ရိုက်ထုတ်လွှင့်မှု မပိတ်ခင် ဝေ့ရှောင်း၏ အသံနှင့် ထွက်ပေါ်လာသည်။ 


“ခေါင်းဆောင် ငါ ထပ်လိုချင်သေးတယ် “


“အိုး “ စက်ကို ရုတ်တရက် ပိတ်လိုက်သောကြောင့် solo ဆိုသော စကားလုံး က မပါသွားခဲ့ချေ။ ထိုသို့ဖြင့် ကြည့်ရှုနေကြသော ကြည့်ရှုသူ 10သန်း ကျော်က “ ? “ များကိုသာ အတန်းလိုက်ပို့ကြတော့လေသည်။


******