Ch 33
Viewers 3k

အပိုင်း (33.1)


မင်း အိပ်မပျော်သေးခင် အိမ်မက် စမက်နေပြီလား 


ဝေ့ရှောင်းသည် comment များတွင် ဘာဖြစ်မှန်း ဂရုမစိုက်တော့ချေ။ သူသည် လုဖုန်းကိုသာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးက အရိုးမြင်သည့် ပဲပိစပ်၏ မျက်လုံးများနှင့်ပင် တူလာသည်။ 


ဝေ့ရှောင်း “ တစ်ပွဲ တည်းဘဲလေ ။ ဒီတိုင်း သွေးပူရုံဘဲရှိသေးတာ “


လုဖုန်းက မလှုပ်ရှားချေ။


“ ဘယ်အချိန်ရှိပြီလဲ “


တိုက်ရိုက်ထုတ်လွှင့်မှုသည် ၈နာရီခွဲတွင် စသည် ။ ဝေ့ရှောင်းသည် solo ပွဲအများကြီး ကစားထားသည်။ ယခုအခါ 12 နာရီ ထိုးလုနီးပါး ဖြစ်နေလေပြီ။


ဝေ့ရှောင်းက အချိန်ကိုကြင်နာစွာပြောရင်း ထပ်ဖြည့်ပြောလိုက်သည် ။


“ လာ လာ ညတာက ရှည်တယ် “ 


ပိုင်ချိုင် “ ......”


ခေါင်းဆောင်က ဉာဏ်ကောင်းတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်မီ ပိတ်လိုက်တာ တော်သေးတာပေါ့ အဲ့ဒီလိုမှမဟုတ်ရင် ဒီဝေ့ရှောင်းရဲ့ ဒီပါးစပ်က တိုက်ရိုက်ထုတ်လွှင့်မှုကိုတောင် အချိန်မရွေး အဘန်းခံရစေနိုင်တယ်။


လုဖုန်းက မတ်တပ်ထရပ်ရင်း ပြောလိုက်သည် ။


“ လုံလောက်ပြီ ။ မင်း အခြေခံအားဖြင့် ဒီမှာပြီးသွားပြီဆိုရင် စောစောအနားယူတော့” 


ဝေ့ရှောင်းက နောက်မှလိုက်သွားသည်။ 


“ ခေါင်းဆောင် “


သူက လက်မခံလိုသေးချေ။ လုဖုန်းက သူ့ကိုကြည့်သည်။ 


“ မင်း Championship နိုင်ပြီလား “


ဝေ့ရှောင်း” .....” 


 “ စောစောနား “ 


လုဖုန်းက ထိုစကားကိုပြောခဲ့ပြီးနောက် လေ့ကျင်းရေးခန်းထဲမှထွက်သွားသည်။ 


ဝေ့ရှောင်းက ထိုင်ခုံပေါ်လို့ ညှိုးငယ် နွမ်းလျစွာ ပြန်ပစ်ကျသွားသည်။ သူသည် သူ၏စိတ် ဝိညာဥ်နှင့် အသိစိတ်များ အားလုံး အလှည်းကျင်းခံလိုက်ရသလိုမျိုးပင် ဖြစ်သွားသည်။ 


ရှောင်နင်က ငယ်ရွယ်ပြီးရိုးရှင်းသည်။ သူသည် ဝေ့ရှောင်း၏ အနားသို့ မှီလာရင်းပြောလာသည်။ 


“ ဝေ့ကော ခေါင်းဆောင်က ဘာကိုဆိုလိုတာလဲ “


Game အတူ ကစားတာနဲ့ Championship နိုင်တာက ဘာများ ဆက်စပ်မှုရှိလို့လဲ 


သူတောင် အနည်းငယ် ထိပ်လန့်လာသည်။


ဝေ့ရှောင်းက အားနည်စွာပြောသည်။


“ခေါင်းဆောင်က ငါ့ကို ကတိပေးထားတယ်”


နင်ကျယ်ဟန် “ ဟင်” 


“ ငါတို့သာ ကမ္ဘာ့ Championship ရရင်သူက ငါလိုချင်တာနဲ့ ငါ့အပိုင်ပဲ ဖြစ်မှာတဲ့” 


ဒီမုန်လာဥ ကကြီးပြီးမွှေးတယ် ။ ဒါပေမဲ့ နည်းနည်းတော့ ဝေးနေသေးတယ်


အခန်းထဲမှ အချိန်မီ မထွက်ပြေးနိုင်ခဲ့သောလူများ “ ဖာ့ခ်” 


ရှောင်နင်၏ သိချင်စိတ်က ချက်ချင်းဆိုသလို သေသွားသည်။ သူသည် အံ့ဩသွားသည်။


“ ဘာ. ဘ ဘာ “


ဝေ့ရှောင်းက ချက်ချင်းထထိုင်လိုက်ပြီး ပြက္ခဒိန်ကို လှန်သည်။ 


“ ပုံမှန်အစီအစဉ်က ဘယ်တော့စမှာလဲ။ ဘာလို့ မစသေးတာလဲ။ ပုံမှန်အစီစဉ် တစ်ပွဲတိုင်းအတွက် ၃နာရီ ။ နောက်ပြီး ငါမှတ်မိထားတဲ့အတိုင်းဆိုရင် ငါတို့က Double cycle division မှာမဟုတ်လား။ ဒီတော့ FTW က လွန်ခဲ့တဲ့ ၃နှစ်က ၁၆ပွဲ ဆက်တိုက်နိုင်ခဲ့သေးတာ မဟုတ်လား ။ ဒီတစ်ကြိမ် ပြင်းပြင်းထန်ထန် ကြိုးစားပြီး ပုံမှန် season မှာ 16 ပွဲဆက်တိုက် နိုင်အောင် လုပ်ရအောင် ။ တစ်ပွဲနိုင်ရင် 3နာရီ ၁၆ ပွဲဆက်တိုက်နိုင်မယ်ဆို ရင် ၄၈နာရီ နောက်ပြီး Playoff တွေကလည်းရှိသေးတယ်”


ဝေ့ရှောင်ရှောင်းသည် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် 134 မှတ်ရခဲ့သောသူ ဖြစ်ထိုက်ပေသည်။ သူသည် အလွန်ပင် လျှင်မြန်စွာ တွက်ချက်နိုင်သလို ချက်ချင်းဆိုသလို အဖြေရသွားသည်။ 


“ ငါတို့သာ ပြည်တွင်း Game ပွဲတွေ အားလုံးနိုင်မယ်ဆိုရင် ငါ ခေါင်းဆောင်နဲ့ 178 နာရီ Solo နိုင်မှာဘဲ”


FTW မှလူတိုင်း  “........”


“ နိုးထတော့ ကောင်လေး မင်းဘာကို ဆိုလိုတာလဲ ။ ငါတို့က ပြည်တွင်းပွဲစဉ်တွေ အားလုံးနိုင်ရမယ် ဟုတ်လား။ မအိပ်မပျော်သေးခင် အိမ်မက် စမက်နေပြီလား”


ပိုင်ချိုင်က ထိုခွေးအိုကြီးကို ကြောက်သည်။


“ မင်းဟာ ကမ္ဘာ့ Championship နိုင်မယ်ဆိုရင် ခေါင်းဆောင်က မင်းစိတ်ကျေနပ်သလောက် solo ပေးမယ်လို့ ပြောချင်တာလား” 


ဝေ့ရှောင်းက ခေါင်းညိတ်သည်။ 


“ ဟုတ်တယ်”


ပိုင်ချိုင်၏ နှလုံးသားက ကွဲအက်သွားလေတဲ့......


“ မင်း သောက်ကျိုးနည်း စကားကို ရှင်းရှင်းပြောလို့ မရဘူးလား”

33.1 02

ချန်းလျိုက အမှန်တရားကို သိသည် သူကသာ လက်မှတ်ထိုးသည့် ဖြစ်စဉ်တွင် မျက်မြင်သက်သေအဖြစ် ရှိခဲ့သူဖြစ်ပြီး ဝေ့ရှောင်းဟာ မည်မျှပင် သေစေနိုင်လောက်အောင် အန္တာရယ်များကြောင်း တွေ့ကြုံခဲ့ဖူးပြီဖြစ်သည်။ ထို့ကြောင့် သူသည် ထွက်သွားရန် အလျင်လိုနေသည်။


“ အချိန်ကလည်း မစောတော့ဘူးဆိုတော့ မင်းတို့တွေ နောက်ကျတဲ့အထိ မလေ့ကျင့်ကြနဲ့တော့ ရက်အနည်းငယ်လောက်နေမှ ပုံမှန်အတိုင်းလေ့ကျင့်ပေါ့”


ချန်းဖုန်းကလည်း ဤနေရာတွင် ဆက်မနေလိုတော့ချေ။


“ ငါလည်း သွားအိပ်တော့မယ်” 


ထန်ချန်းက အလျင်စလိုလိုက်သွားသည်။ 


“ ငါလည်း လိုက်မယ် “ 


ယွဲ့ဝမ်လဲ့က အာလူးကြော်ထုတ်များကို ကောင်ကိုင်ပြီး နင်ကျယ်ဟန်ကို မေးသည်။


“ Double မလား”


ရှောင်နင်က မှင်သက်နေသေးသည်။


“ အို အိုး သေချာတာပေါ့”


သူတို့နှစ်ယောက်က တိတ်ဆိတ်ပြီး သက်တောင့်သက်သာ ရှိသော Double လေ့ကျင့်ရေးအခန်းသို့သွားလိုက်သည်။ သူတို့၏ နားများက အပူလောင်၍မရချေ။ 


ထိုသို့ဖြင့် ပိုင်ချိုင် နှင့် ဝေ့ရှောင်းကသာ လေ့ကျင့်ရေးအခန်းထဲတွင် ကျန်ရစ်ခဲ့ပြီး ဝေ့ရှောင်း၏ နှလုံးသားက ယားယံနေသည်။ 


လောင်ပိုင် ပြောပါအုံး ငါအခုချိန် အပေါ်တက်သွားပြီး ခေါင်းဆောင်ကို ရှာမယ်ဆိုရင် သူက........


ပိုင်ချိုင်သည် အလွန်မုန်းတီးနေသည်။သူသည်  သူ၏ နူးညံ့သော ကိုယ်ပိုင်နှလုံးသားကို မုန်းတီး၏ ။ သူထွက်ပြေးသင့်သည် သူ ထိုသားရဲကောင်ကို ဂရုမစိုက် သင့်ပေ ။


“ မင်းက ပှံမှန်Season ကို နိုင်ပြီလား ။ Playoff တွေကဘယ်လိုလဲ ။ Championship က ဘယ်မှာလဲ “


ဝေ့ရှောင် “......”


ပိုင်ချိုင်သည် သူ၏ အားနည်းချက်ကို ဖမ်းမိလိုက်သည်ဟု အမှန်တကယ်ပင် စဉ်းစား၍ရသည်။ 


“ မင်းက ရလာဒ်ကိုတောင် မရသေးဘဲနဲ့ ဘယ်လို့ကြောင့်များ ခေါင်းဆောင်ကို solo game ပွဲတွေအတွက် သွားရှာနိုင်တာလဲ “


“ အာ..”


ဝေ့ရှောင်းက နှလုံးသားတည့်တည့် တိုက်ရိုက် အထိုးခံလိုက်ရပြီး ကုလားထိုင်ပေါ်သို့ ပြန်လဲကျသွားသည် ။


ဝေ့ရှောင်းပြောသလို ညတာက အမှန်တကယ် ရှည်သည်။ သူတို့သည် Close ကဲ့သို့ စောစောအိပ်ပြီး စောစောမထနိုင်ချေ။ 


ပိုင်ချိုင် “ Double မလား”


ဝေ့ရှောင်း၏ လေသံကပျင်းရိကာ စိတ်မဝင်စားပုံရသည်။


“ ကောင်းပြီလေ “


သူ၏ လေသံအရ ဒုတိယမြောက် အကောင်းဆုံးကို လက်ခံပေးလိုက်ရသလိုမျိုးပင် မဟုတ်သေးချေ။ သူတို့နှစ်ယောက် ၂နာရီ ဆက်တိုက် ကစားလိုက်ကြသည်။ ထို့နောက် ဝေ့ရှောင်းက ပြောသည်။ 


“ လောင်ပိုင် ငါမင်းကို အဖော်ပြုပြီး အဆင့်မတက်ပေးချင်တာတော့ မဟုတ်ပါဘူး ။ ပြောရမယ်ဆိုရင် “


ပိုင်ချိုင် “....”


ဝေ့ရှောင်း “ ဇိမ်ခံစားပွဲ ကို စားပြီးတဲ့နောက်မှာ ငါမင်းရဲ့ ကြည်လင်နေတဲ့ ဂေါ်ဖီထုပ် ဟင်းရည်ကို မသောက်နိုင်တော့သလိုပေါ့ “


ပိုင်ချိုင်က ဒေါသထွက်လွန်းသဖြင့် Keyboard ကို ရိုက်ခွဲချင်သွားသည်။ သူ၏ Keyboardက အကန့်သတ်နှင့် ထုတ်ထားသော အချက်ကို စဉ်းစားဆင်ခြင် ကြည့်လိုက်ခြင်းအားဖြင့် စားပွဲကိုသာ ရိုက်လိုက်သည်။ 


“ ဝေ့ရှောင်း” 


ဝေ့ရှောင်းက သန်းသည်။ 


ပိုင်ချိုင်သည်လည်း ထို မျိုးမစစ်ကောင်ကို အာရုံမစိုက်ချင်တော့ချေ။


“ ဒီနေရာက  ထွက်သွားစမ်း အား” 


ဝေ့ရှောင်းက သူ၏ လက်မောင်းထဲတွင် ပဲပိစပ်လေးအား ဖက်ထားရင်းအိပ်သွားသည်။


ဒါက ထူးဆန်းတယ် ဒါကသူရဲ့ FTW မှာ ပထမဦးဆုံး လာနေတဲ့ အကြိမ်ဘဲ ။ ဒါပေမဲ့ထူးဆန်းတဲ့ အိပ်ယာအပေါ် ပထမဦးဆုံးအိပ်နေတာ လည်း ဖြစ်နေသေးတယ်။ သူ ကျင့်သားမရသင့်ဘူး ။ သို့ရာတွင် သူသည်အိပ်ယာပေါ်ကို ရောက်သည်နှင့် ချက်ချင်းဆိုသလို အိပ်ပျော်သွားသည်။


ဝေ့ရှောင်းသည် အရာအားလုံးသည် အဆင်ပြေရုံလောက်ဟုသာ ခံစားနေရသည်။


အိပ်ယာကလည်း အဆင်ပြေတယ်။ ကုတင်ကလည်း အဆင်ပြေတာဘဲ  ။ လေက လည်းအဆင်ပြေတယ်။ နောက်ပြီး သူက FTW ကို သဘောကျတယ် ။ ဒီနေရာက အရာအားလုံးကို ကြိုက်တယ်။


ထိုညက အိပ်မက် မမက်ချေ။ သို့သော် လူငယ်၏ ပါးစပ်ကမူ အပြုံးတစ်ခုဖြင့် တွန့်ကွေးနေသည်။ 


နောက်တစ်ရက်တွင် အတင်းဖျင်းဧကရာဇ်၏ သီးသန့် စာInbox တစ်ခုလုံးက ပေါက်ကွဲမတတ် ပွက်လောရိုက်သွားလေသည်။ 


ပိုင်ချိုင်သည် ပုံမှန်ထက် ၂နာရီ စောစောနိုးလာသည်။ သူသည် သူ၏ cellphone ကို ကိုင်ထားရင်း အိပ်ယာထဲတွင် လှဲလျက် စာများကို ဆက်တိုက်ဖက်သော်လည်း နေ့လည်မှသာ ပြီးသွားသည်။ 


ဝေ့ရှောင်း၏ ပထမဦးဆုံး တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့်ဖြစ်စဥ်က Glory အသိုင်းအဝိုင်း တစ်ခုလုံးကိုပင် ပေါက်ကွဲသွားစေခဲ့ပြီး အသိုင်းအဝိုင်းတွင်း မီးမြိုက်နိုင်ခဲ့သည်ဟု ဆိုရသေးပြန်မည်။ 


ကောင်မလေးများသည်လည်း လွန်ခဲ့သော ၂နှစ်အတွင်း အဆုံးအစမဲ့သော CP များကို ကြိတ်ဝါးနေကြဖြစ်သည်။ ယခုအခါ ဝေ့ရှောင်းက ကောင်းကင်ပေါ်မှ ရုတ်တရက်ပြုတ်ကျလာသော အခါလူတိုင်းအတွက် ရူးသွပ်စွာ နှပ်စား၍ပင်စား၍ ရလောက်သည့် အိုးဖြင့်ပါသော အသားကို ရလိုက်သလို ပင်ဖြစ်သွားသည်။ 

33.1 03

ဒါမှမဟုတ်.....


လုပ်ဆောင်မှုများထဲတွင် Close x  Quiet သည်  အတွေ့အများဆုံးဖြစ်ပြီး သူတို့သည် အရေအသွေးအမြင့်ဆုံးလည်းဖြစ်သလို standard အမြင့်ဆုံးလည်း ဖြစ်ပေသည်။


Glory အသိုင်းအဝိုင်းအတွင်းမှ အရှင်သခင်ကုန်းဖြစ်သော Close အနေဖြင့် ကမ္ဘာကို 3.5 ပတ်ခန့်ပတ်၍ရသော CP Fan များကိုပိုင်ဆိုင်ထားသည်။ Quiet သည် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုတည်းနှင့် သွေးလွှမ်းသော လမ်းကြောင်း ဖောက်ရင်း အားလုံးကိုသတ်ဖြတ်နိုင်ခဲ့သည်။ ဒါကတကယ်ကို လက်ဆောင်ဘဲ ။


ပိုင်ချိုင်သည် ဖတ်နေရင်း ပို၍ပင် ဖိအားများလာကာ သူ၏ acc ကို ဖျက်သင့်မဖျက်သင့်ပေ စဉ်းစားနေသည်။ 


သူသည် အကျိုးအကြောင်းနားလည်ပြီး အတုအယောင် CP များကိုသာ သုံးလေ့ရှိသည့် အတင်းအဖျင်းဧကရာဇ်ပင် ဖြစ်သည်။ အမှန်တကယ်သာ တစ်စုံတစ်ရာရှိနေခဲ့လျှင် သူသည် သေရမှာဆိုလျှင်ပင် မထိရဲပါ။ 


ဖြောင့်ကောင် တစ်ယောက်၏ တာဝန်က ကောင်မလေးများကို ချော့မြူပြီး သူတို့အား ပျော့ရွှင်မှု နည်းနည်းပေးရန်သာ ဖြစ်သည်။ သူသည် အစစ်မှန်ခံစားချက်များနှင် မရှုပ်ထွေးရချေ။အကြောင်းမူကားတစ်စုံတစ်ရာ ဖောက်ဖျက်လာခဲ့လျှင် ကိုင်တွယ်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။


သို့ရာတွင် ပိုင်ချိုင်က ဒီအသိုင်းအဝိုင်းအတွင်းတွင် အချိန်အကြာကြီး ရှိနေခဲ့သည့်တိုင်အောင် အစစ်အမှန်ခံစားချက်များကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသေးချေ။


Close x Quiet ....


ပိုင်ချိုင်၏ ဝေ့ရှောင်းအပေါ် နားလည်သဘောပေါက်မူအရ ထိုသားရဲကောင်သည် အမှန်တကယ်ပင် ဘာကိုမှမသိသည့် ရာခိုင်နှုန်းက ၈၀ မှ ၉၀ အထိ ပင် ရှိသည်။


ထိုအကောင်သည် ယောကျာ်းလေးနှင့် မိန်းကလေး နှစ်မျိုးစလုံး သဘောကျသူ မဟုတ်လောက်သလို ။ ယောကျာ်းလေး အချင်းချင်း သဘောကျသော အမျိုးအစားမျိုးတွင်လည်း မပါဝင်ချေ။ ဒီအတိုင်း ဘာကိုမှ အသိမဝင်သေးသော အမျိူးအစားပင်ဖြစ်သည် ။ ထိုကလေး၏ အသိစိတ်က ချစ်ကျွမ်းဝင်ရန် ဆိုသော အကြောင်းအရာမျိုးကိုပင်မသိလောက်ချေ။ သူသည် ၁၉ နှစ် အရွယ်ကောင်လေး တစ်ယောက်ဖြစ်ပြီး သူ၏ အတွေးများကမူ အချစ်နှင့် ပတ်သတ်လာလျှင် 5 နှစ် 6 နှစ် အရွယ်သာဖြစ်သည်။


အချစ်က ဘာလဲ။ 


Solo တာလောက် ပျော်စရာကောင်းလား ။


ဝေ့ရှောင်း၏ ဦးနှောက်က ထိုစာကြောင်းနှင့်သာ ပြည့်နေလောက်သည်။


Quiet က လုံခြုံတယ်။ ဒါပေမဲ့ ခေါင်းဆောင်က ဘယ်လိုလဲ။


ပိုင်ချိုင်က မသေချာတော့ချေ။


သူသည် အသင်းတွင် အချိန်အကြာကြီး နေခဲ့သည်။ ထို့ကြောင့် လုဖုန်းအကြောင်း သိလာလေလေ ပြောရန်ခက်လာလေလေ ဖြစ်သည်။


E sports အသိုင်းအဝိုင်းအတွင်းတွင် ချစ်ကျွမ်းဝင်ရန် ခက်သည်ဟု ပြောကြသော်လည်း လုဖုန်း၏ အရည်အချင်းက လူပေါင်းများစွာအား တစ်ဖက်သူက လက်တွဲဖော်ရှာလိုလျှင် အလိုလျောက်ပင် ဆက်သလိုလောက်အောင် ဖြစ်စေသည်။


သူတွင် မရှိသော အရာမျိုးပင် မရှိချေ။ 


သို့ရာတွင် လုဖုန်းသည် 21 နှစ်ဖြစ်ပြီး သူသည် မည်သူနှင့်မျှ နီးကပ်လွန်းသည့် ဆက်ဆံရေးမျိုး မရှိခဲ့ဖူးချေ။


အိုး .....


အတင်းအဖျင်းဧကရာဇ်က webio ရဲ့CP တွေနဲ့တော့ မထည့်တွက်နဲ့ပေါ့


Close ၏ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုက အမျိုးသားများဆိုလျှင် သူ၏ ပတ်ပတ်လည်တွင် ထူးချွန်သောအမျိုးသားများ ဝိုင်းနေသည်။ သို့တိုင်အောင် သူသည် မည်သူ့ကိုမှ မကြည့်ခဲ့ဘူးပေ။


ဒါပေမဲ့ ဝေ့ရှောင်းတော့ ရှိတယ်။ လွန်ခဲ့သော ၂ နှစ်ခန့်ကသူသည် ရအောင် ဆွဲသွင်းလိုခဲ့သည်။ ၂ နှစ်ခန့်ကြာပြီးနောက် အလိုလိုက်ပြန်သည်။ 


ထိုအရူးလေးဝေ့သည် FTW သို့ ဝင်ရောက်ပြီးနောက် ပို၍ပင် ရူးသွားလောက်သော ခန့်မှန်းချက်မျိုးပင်ရှိနေသည်။ 


ဒီကောင်က ဘယ်သူမှဂရုမစိုက်တာတောင် ကောင်းကင်သို့ ပျံတက်နိုင်အောင် ရူးနေတာ တစ်ယောက်ယောက်ကသာ ကာကွယ်ပေးလိုက်ရင် သူကောင်းကင်ကို မထိုးဖောက် သွားလောက်ဘူးလား။ 

33.1 04

သို့ရာတွင် လောင်ဝေ့နှင့် ခေါင်းဆောင်အကြားတွင် တစ်စုံတစ်ရာရှိပါသည်ဟု အခိုင်အမာ ပြောရန် ခက်ခဲနေသေး သည်။ အကြောင်းမူကား ထိုသို့ မဟုတ်ပုံရသလိုလို ဖြစ်နေသည်။ 


ဝေ့ရှောင်းသည်ကား အလွန်ထူးချွန်သည်။ သူသည် အသိမှတ်ပြုလောက်အောင် အလွန်ထိုက်တန်လွန်းနေသည်။


သူကဲ့သို့ ပါရမီရှင် ကစားသမားတစ်ယောက်အတွက် ခေါင်းဆောင်၏ ရှုထောင့်မှ ကြည့်ကြည့် အသင်း၏ ရှုထောင့်မှ ကြည်ကြည့် သို့မဟုတ်  စီနီယာတစ်ယောက်၏ ရှုထောင့်မှကြည့်ကြည့် မွန်းမံပေးရန် လုံလောက်ပေသည်။ 


အား…..


ပိုင်ချိုင်သည် သူ၏ ခေါင်းကို ခါလိုက်ရင်း သူသည် ဝေ့ရှောင်းကြောင့် လမ်းလွှဲနေကုန်ပြီဟုပင် တွေးလိုက်မိသည်။


ဒီကြမ်းတမ်းပြီး ဓားပြဆန်တဲ့ သူ့ရဲ့ စကားလုံးတွေကိုကြည်ရမယ်ဆိုလျှင် ကောင်းမွန်ပြီးသင့်တော်တဲ့ ညီအစ်ကို ခံစားချက်တွေတောင်ပျောက်ကုန်တယ် ။ ပိူဆိုးသည်မှာ လောင်ပိုင်သည် တစ်နှစ်ပတ်လုံး ဒီယဥ်ကျေးမှုအတွင်း နစ်မြုပ်နေခဲ့ခြင်းဖြစ်သည်။ သူ၏မျက်လုံးများက အချိန်အတန်ကြာအောင် မကြည်လင်နိုင်ခဲ့တော့ချေ။ ထို့ကြောင့်သူ၏ မျက်လုံးများသည်လည်း ပုပ်နေသည်မှာ ကြာလောက်ပေသည်။ 


ဒီတော့ သူပုံပြင်ချိတ်ဆက်မှု တင်ရမှာလား မတင်ရဘူးလား။


သူသာမတင်ဘူးဆိုရင် မြက်ကို ရိုက်ပြီး မြွေကို ခြောက်လွှတ်သလို ဖြစ်သွားမှာဘဲ။သူသာ တင်လိုက်ရင်.....


အတင်းအဖျင်းဧကရာဇ် ၏နှလုံးသားက အပြစ်မကင်းစိတ် ခံစားရလိမ့်မယ်။


“ လောင်ပိုင် “


တံခါးခေါက်သံက ထွက်လာသည်။


ပိုင်ချိုင်က တံခါးကို ဖွင့်လိုက်သောအခါ ဝေ့ရှောင်းက အချိုရည်သောက်ရင်း ရပ်နေကြောင်း မြင်လိုက်ရ၏ 


“ မင်း မနက် စောစောစီးစီး ဘာတွေ အူနေတာလဲ”


ဝေ့ရှောင်းက စောစောထထားပုံရ၏ ။ သူသည်ပိူင်ချိုင်ကို အတင်းတိုက်တွန်းနေ၏ 


“ မြန်မြန်လေးစား နေ့လည်စာ ဒါက တကယ်များတယ် ။ နောက်ပြီး လက်ဆတ်တဲ့ အချိုရည်လည်း ရှိတယ်။ ဖရဲသီးက တကယ်အရသာရှိတာဘဲ ။ ဘယ်လိုကြောင့်များ ဒီလောကမှာ ဒီလောက်အရသာရှိတဲ့ အသီးကရှိနေတာလဲ “


ပိုင်ချိုင်က သူ၏နောက်မှလိုက်ပြီး တံခါးဆီလာသည်။


 “မင်းက အစောကြီး ထနေပါလား “


နေ့လည် ရောက်နေပြီ ဖြစ်သော်လည်း ဝေ့ရှောင်း၏ ဇီဝဗေဒနာရီကို အခြေခံခြင်းအားဖြင့် သူသည် နေ့လည် ၂နာရီ အထိ မထသင့်ချေ။


ဝေ့ရှောင်းက သက်ပြင်းချသည်။


“ စောစောထတဲ့ ငှက်က ကစားဖို့ solo ဖမ်းမိနိုင်တယ်လို့ ငါတွေးမိရုံဘဲ။ ဒါပေမဲ့ ခေါင်းဆောင်က သောက်ကျိုးနည်း သူ့ရဲ့မျက်လုံးထဲမှာ ခွေးဘဲရှိတယ်”


လုဖုန်း၏ ဇီဝဗေဒ နာရီသည် သူတို့နှင့်ခြားနားသည်။ သူသည် မနက် ၇နာရီခွဲတွင်ထပြီး မနက်ပိုင်း အပြေးလေ့ကျင့်ခန်း လုပ်လေ့ရှိသည်။ သူ၏ အချိန်ဇယားက မိုးကြိုးပစ်ခံရလျှင်ပင် ပြောင်းလေ့မည် မဟုတ်ချေ။ 


ဝေ့ရှောင်းသည် မည်သူမျှ မရှိသေးခင် အချိန်တွင် နောက်ထပ် တစ်ကြိမ်ကြိုးစားကြည့်သေးသည်။ သို့သော် ရလာဒ် အနေဖြင့် လုဖုန်းက ပဲပိစပ်လေးကိုသာ အာရုံစိုက်ပြီး သူ့ကိုပင် လှည့်ပင် မကြည့်ချေ။ 


သူသည် တစ်မနက်ခင်းလုံး ခေါင်းဆောင်နှင့် အကြည့်ချင်းဆုံပြီး အရူးလို သဲလွန်စများ ပေးနေသော်လည်း တစ်ဖက်လူကမူ မတုံ့ပြန်လာချေ။ 


ပဲပိစပ်က လမ်းမှာ လာရှုပ်နေတယ်။


ပိုင်ချိုင်က သူ့အားမျက်လုံး လှန်ပြသည်။ 


“ မင်းက သောက်ကျိုးနည်း အရမ်းကို ကပ်တွယ်လွန်းတာဘဲ”


ဝေ့ရှောင်း 


“ စောင့်နေတဲ့သူဆီဘဲ အရာအားလုံး ရောက်လာတတ်တာလေ ။ ခေါင်းဆောင် ကသာ ငါ့ရဲ့ အတင်းကပ်တွယ်မှု အပေါ် စိတ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ “


ဘာပဲ ဖြစ်ဖြစ် ပြိုင်ပွဲတွေစဖို့က အချိန်အများကြီး လိုအပ်သေးတာ။ ငါတကယ် စိုးရိမ်နေပြီ ။


******


33.2 01

အပိုင်း (33.2)


ငါနဲ့ Close ကိုချီးကျူးနေတဲ့သူတွေအများကြီး ရှိလား။ CP name ပေါ်လာပြီလား


ပိုင်ချိုင်၏ စိတ်သည် တစ်ခြားသော ကိစ္စများအပေါ်တွင် ရှိနေသေးသဖြင့် ပါဝင်ပတ်သတ်သူထဲမှ တစ်ယောက်ကိုသာ ရိုးရိုးရှင်းရှင်းမေးလိုက်သည်။ 


“ မနေ့က မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မူ ပေါက်ကွဲသွားတယ်”


ဝေ့ရှောင်းသည် သူ၏ ဖရဲသီးဖျော်ရည်ကို စုပ်သောက်နေချိန်ဖြစ်သည်။ သူသည် မအံ့ဩသွားချေ ။ 


“ ဒါပေါ့”


ပိုင်ချိုင်က သူ့ကို ဘေးတစ်စောင်းကြည့်သည်။ 


“ ငါရဲ့ သီးသန့် message တွေဆိုရင် လည်းပေါက်ကွဲကုန်ပြီ”


ဝေ့ရှောင်း သည်လည်း သူ၏ဆိုလိုရင်းကို နားလည်ပြီး သူ၏ မျက်လုံးက တောက်ပသွားသည်။ 


“ ဘယ်လိုလဲ ၊ ငါနဲ့ Close ကို ချီးကျုးနေတဲ့သူတွေ အများကြီးရှိလား၊ CP name ကရော ပေါ်လာပြီလား ။ ငါ့ကို ပြော ငါ့ကို ပြောစမ်းပါအုံး “


ပိုင်ချိုင် “ .....”


သူသည်လည်း နောင်တရသွားသည်။ 


ဘာလို့ ပါဝင်ပတ်သတ်သူတွေထဲ တစ်ယောက်ကို မင်းကို တွေးမိတာလဲ 


ပိုင်ချိုင်သည် cellphoneကို ပေးလိုက်ပြီး ကိုယ့်ဘာသာကိုယ်သာ ကြည့်ခိုင်းလိုက်သည်။ 


ဝေ့ရှောင်းက ဆက်တိုက် ဆွဲကြည့်နေပြီးနောက် CP name အချို့ကို တွေ့လိုက်သည်။ 


 “ ဒီ CP လိုချင်တယ်ဆိုတာက ဘယ်လို သောက်ကျိုးနည်း နာမည်လဲ”


ထို့နောက် ဝေ့ရှောင်းသည် အောက်ဘက်တွင် video clip အတိုလေးကို တွေ့လိုက်သဖြင့် ထိုအရာသည် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှု ၏ နောက်ဆုံး ကဏ္ဍဖြစ်ကြောင်း တွေးလိုက်သည်။ သူပြောခဲ့သောစကားအရ ခေါင်းစဉ် ထိုးထားခြင်းဖြစ်သည်။


ထပ်ပြီးလိုချင်သေးတယ် “ ခေါင်းဆောင် ငါထပ်လိုချင်သေးတယ်” 


ဝေ့ရှောင်းက တွေးကာ မျက်တောင်ခတ်၍ “ solo မဟုတ်ဘူးလား “ 


ပိုင်ချိုင် “တိုက်ရိုက် ထုတ်လွှင့်မှုက အချိန်ကိုက် ဖျက်ချခံလိုက် ရတာလေ “


ဝေ့ရှောင်းကလည်း အသိအမှတ်ပြုသည် ။


“ ခေါင်းဆောင်က တကယ်ဉာဏ်ကောင်းတာဘဲ ဒီလိုနည်းလမ်းနဲ့ အကြောင်းအရာက ပို Hot သွားတယ် “


ပိုင်ချိုင် “....” 


ကောင်းပြီ ၊ မင်းဒါကို သိနေတာဘဲ။


ဝေ့ရှောင်းက CP name များကို နှိပ်ကြည့်လိုက်သည်။ CP name က 8 ခု 9 ခုလောက်ရှိတာဘဲ 


“ နောက်ပြီး ပါးကျို CP က ဘာလဲ “


ပိုင်ချိုင်က သူ့ကိုရှင်းပြသည်။ 


“ မင်းရဲ့ အလင်းစက်ကွင်း 8 ကွင်း ၊ ခေါင်းဆောင်ရဲ့ အလင်းစက်ကွင်း 9 ကွင်းလေ “ 


ဝေ့ရှောင်းက နားလည်သွားသည်။


“ အို အို အိုး ဒါကတော့ မကောင်းဘူး၊ဒါက အရမ်းကို ကန့်သတ်ချက် များလွန်းတယ်၊ အနာဂတ်မှာငါက အလင်းစက်ကွင်း ၉ ခု ထုတ်နိုင်မှာလေ “ 


ပိုင်ချိုင်.....


“ကောင်းပြီ ကောင်းပြီ။ မင်း ပြောတာမှန်တယ် “


ဝေ့ရှောင်း “ အရိပ်နှစ်သွယ် CP ကရော ဘာလဲ “


ပိုင်ချိုင် “ မင်းတို့ နှစ်ယောက်ရဲ့ အရိပ်သူခိုးတွေပေါ့”


ဝေ့ရှောင်းက ငြင်းသည်။ 


“ ဒါလည်း နားထောင်လို့  မကောင်းဘူး “ 


ပိုင်ချိုင်က မျက်လုံး လှန်သည်။


ဝေ့ရှောင်း “ မိစ္ဆာဘုရင် CP လည်းရှိတာလား “


ပိုင်ချိုင် “ ဟုတ်တယ် ငါတို့ FTW ရဲ့ မိစ္ဆာဘုရင် နဲ့ မိစ္ဆာဘုရင်လေးပေါ့ “


ရိုးရိုးသားသားပြောရသော ချိုင်ကောသည် ထို CP name ဟာ အလွန်ကောင်းသည်ဟု ထင်သည်။ အာ… နေပါအုံး သူသည် အရူးလေးဝေ့ကြောင့် ဒီလိုအကြောင်းအရာတွေကိုပါ တွေးရလောက်တဲ့အထိ ဦးနှောက် ပျက်သွားပြီလား။ 


ဝေ့ရှောင်းက မကျေနပ်သေးချေ။


“ ငါကဘာလို့ မိစ္ဆာ ဘုရင်လေးလဲ ငါက ဒီလောက် လူကောင်ကြီးတာ “ 


ပိုင်ချိုင် “..... “


သောက်ကျိုးနည်း မင်းက ကြီးတာလား.... ..။


လူစကားတွေပြောရင် သေသွားမှာဆိုးလို့လား...။


CP name များအားလုံး ဖတ်ပြီးနောက် ဝေ့ရှောင်းက အနှစ်ချုပ်လိုက်သည် ။ 


“ အလျင်မလိုပါဘူး၊ ငါ စျာန်ဝင်စားဖို့ အတွက် လှုံ့ဆော်မှု နည်းနည်းလေးလောက်တော့ ပေးနိုင်တယ် “


ပိုင်ချိုင်က ခြေချော်သွားပြီး လှေကားပေါ်မှ လိမ့်ကျလုနီးပါး ဖြစ်သွားသည်။ 


“အား. “

33.2 02

ဝေ့ရှောင်း “ ငါ့ကိုယုံ “ 


စိတ်ကူးယဉ် ဉာဏ်ကွန့်မြူးမှုတွေ အားလုံးက လှုံဆော်မှုကနေ လာတာ။


ပိုင်ချိုင်က သေချင်သွားသည်။


“ ညီအစ်မတို့ နိုးထတော့ ၊ မင်းတို့ စားနေတဲ့ သကြားလုံးက အဆိပ်ရှိတယ်” 


ဝေ့ရှောင်း နှင့် ထိုဟာသပြဇာတ်ပြီးနောက် ပိုင်ချိုင်က သေသေချာချာတွေးလိုက်သည်  ။ “ သောက်ကျိုးနည်း ဘယ်သူက ဂရုစိုက်နေလဲ”


ဒီအရူးလေးလိုမျိုး ကိစ္စတွေကို သေချာ နားလည်သွားတဲ့နောက်မှာ တွေးလာတဲ့ အတွေးကို ကြည့်ရမယ်ဆိုရင်.....


သူသည် အမှန်တကယ် ဉာဏ်အလင်း ပွင့်သွားသော အခါ ထိုအပိုင်းကဏ္ဏအတိုလေးများက သူ၏မျက်နှာကို ဖြတ်ရိုက်ပေလိမ့်မည်။


အဲ့ဒီအခါမှ ဒီကောင် video တွေ ပြန်ကြည့်ပြီး ငိုတာကို ကြည့်ရအုံးမှာပေါ့။


သေစမ်း တွေးကြည့်ရုံနဲ့တင် ခံစားချက် ကောင်းနေပြီ။


ပိုင်ချိုင်သည် ထို Video အတိုလေးကိုလဲ တင်ရ န်ဆုံးဖြတ်လိုက်သည်။ မည်သည်ကိစ္စမှမရှိလျှင် 


“ စစ်မှန်မှု တစ်ခုကို ပြသသလိုမျိုး အတုအယောင်တွေကို ရောထွေးပြီး စိတ်ရှုပ်ထွေးဖို့ကောင်းတဲ့ အရာကိုဖန်တီး လုပ်ခြင်းကလည်း အဆင်ပြေသည်ဟု ထင်လေသည်”


ကြောက်လန့်မှုသည် video ထဲသို့ ရောက်နေသောအခါ ပို၍ပင် ပြင်းထန်တတ်လေသည်။ သူသည် ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သွားသင့်၏။ ထိုအတွက်ကြောင့် သူတို့နှစ်ယောက်သည် video ထဲမှ အမှန်တကယ် ထွက်လာသောအခါ လူအများသည်ပင် ကျေနပ်ရသွားပြီး အံဩသင့်မှုကို ခံစားရလိမ်မည် မဟုတ်ပေ ။


မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုက internet တစ်ခွင်လုံး အနှံ့ ကြီးမားသည့် ရိုက်ခိုက်မှုကြီးဖြစ်ခဲ့ယုံမှ မကသေးလေဘဲ အဓိကအသင်း  တစ်သင်းစီတိုင်းကလည်း ဒီနေ့ညနေမှာ အချိန်သီးသန့်ဖယ်လျက် ထိုပွဲများ၏ Replay များကို ပြန်ကြည့်ပြီး ပြန်လည် ခွဲခြမ်းစိတ်ဖြာ ကြသည်။


ပြောရမည်ဆိုလျှင် solo Match ပွဲတွင် ပါဝင်ခဲ့သော ကစားသမားများအားလုံးက နည်းပြများ၏ ဖမ်းချုပ်မှုကို ခံစားရင်း ၃နာရီကျော်ခန့်အထိ review ဝင်လိုက် ရကြလေသည်။ 


Closeက သူတစ်ယောက်တည်းနှင့် ကျော်ကြားအောင်မြင်မှု အားလုံးကို ယူဆောင်ခဲ့သော single ပြိုင်ပွဲ စင်မြင့်များတွင် Club အများစုက solo ပွဲများကို ဂရုမစိုက်ကြချေ။ အသင်းများကလည်း Program ကို စွန့်ပစ်ပြီး Double Game နှင့် Team game များကိုသာ အချိန်ပို ပေးရန်ရင်းနှီးမြုပ်နှံထား ခဲ့ကြသည်။ 


3U သည်လည်း အလားတူပင်ဖြစ်သည်။ 


Double အစီအစဥ်တွင် Asleep နှင့် ခုံးယီသည် ကမ္ဘာ့ပြိုင်ပွဲတွင် တတိယနေရာကို ရခဲ့ပြီး 3U ကို ကျော်ကြားစေခဲ့သည်။ ဒီနှစ် ကြော်ငြာစျေးကပင် ၃ဆခန့် ကျော်သွားသည်။ 


Star ကစားသမားများသည် ထိုကဲ့သို့ကြော်ငြာ တန်ဖိုးရှိတတ်သည် ။ ဆိုလိုသည်မှာ သူတို့သည် ချော့မြူပြီး ခိုးယူ၍ရသည်။ 


ဝေ့ရှောင်း ကဲ့သို့ ပါရမီရှင်မျိုးကို လွဲချော်သွားကြသည့်အတွက် Club ပေါင်းစုံက နောင်တ ရနေလောက်သည်။ 


ထို Quiet သည် star ကစားသမားထက်ပိုသည်။ သူသည် စီးပွားရေး စုန်းထီးဖြစ်သည်။ သူက တစ်ရက်တည်းနှင့် ထုတ်ပေးလိုက်သော အကျိုးအမြတ်က သူ၏စာချုပ် နှစ်တစ်ဝက်စာ တန်ကြေးကိုပင် ကာပေးနိုင်သည်။ 


ထို့ကြောင့် ပြည်တွင်းမှ အဓိက Club များက Game ပွဲများကို Replay ပြန်လုပ်နေရုံမျှ မကသေးဘဲ ပြင်ပ ပြိုင်ပွဲဝင်နယ်မြေများကလည်း အကြိတ်အနယ် အာရုံစိုက်နေကြသည်။


မြောက်အမေရိက…..


L&P base 


လောင်G သည်သူ၏ ကုလားထိုင်ပေါ်လို့ ပစ်လဲကျသွားရင်း ခေါင်းဆောင်က သူ၏ယခင်အသင်းဖော်နှင့် ကိုရီးယားလို ပြောနေသောစကားများကို နားထောင် နေလိုက်သည်။ 


Marshalသည် အမှန်တကယ်ပင် တော်သည် သူသည်ဘာသာစကား ၈မျိုးကျွမ်းကျင်ပြီး အားလုံးကို ချောချောချူချူ ပြောနိုင်သည်။ 


သူတို့သည် Proနှင့် လေ့ကျင့်ရေးပြီးကာစဖြစ်သလို Game 3 ပွဲတွင် 2ပွဲအသာလေး နိုင်ထားသည် ဖြစ်သည်။ 

33.2 03

L&P ၏ တစ်ပွဲရှုံးသည်ဆိုသော အချက်ကို ခြုံကြည့်ပြီး မဆုံးဖြတ်သင့်သေးချေ။ လောင်Gကမူ .Pro သည် အင်အားအပြည့်သုံးကာ မကစားထားဘူးဟု ခံစားနေရသည်။ 


ကင်ဆန်းဟွန်းသည် အသင်းကို လေ့ကျင်ံရန်အတွက်သာ သူတို့ကို အသုံးပြုခဲ့ခြင်း ဖြစ်လောက်သည်။ နောက်ဆုံးပွဲတွင် ဆိုလျှင် Proကသာ နည်းနည်းလေး ပိုပြင်းမည်ဆိုလျှင် သူတို့ဘက်က နိုင်မနိုင် ပြောရန်ခက်သည်။


ယွမ်ဇယ်နှင့် ကင်ဆန်းဟွန်းတို့က Double လေ့ကျင့်ရေးပွဲအတွက် အချိန်ကို ညှိနေကြသည့်အချိန်တွင် ယွမ်ဇယ်က ပြောလိုက်သည်။


“FTW က တော်တော်လေးကို စိတ်ဝင်စားစရာကာင်းတဲ့ ကလေးတစ်ယောက်ကို လက်မှတ် ထိုးထားတယ်” 


ကင်ဆန်းဟွန်းကလည်း တိုက်ရိုက်ပင် တရုတ်လို ပြန်ပြောင်းပြောသည်။ 


“နင်ကျယ်ဟန်လား “


ယွမ်ဇယ် “ မဟုတ်ဘူး နောက်ထပ် တစ်ယောက်”


ကင်ဆန်းဟွန်းက တွေးလိုက်သည်။


“ လောင်ထန်က အနားယူသွားပြီ။ သူတို့က နောက်ထပ် Top laner တစ်ယောက်ကို အစားထိုးမှာလား “


ယွမ်ဇယ်က ရယ်သည်။ 


“ အတိုခြုံ့ပြောရရင် ငါတို့ သိပ်မကြာခင်တွေ့ရမှာပဲ”


ကင်ဆန်းဟွန်းက အလွန်စိတ်ဝင်စားသွားသည်။ 


“ သူရဲ့ နာမည်က ဘာလဲ ငါကြည့်လိုက်မယ်”


ယွမ်ဇယ်က တိုက်ရိုက်ပင်ပြောလိုက်သည်။


“နေအုံး ငါ Video ပို့လိုက်မယ်” 


သူသည် ဝေ့ရှောင်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို record ယူထားသည့် ထို recording အား ကင်ဆန်းဟွန်းထံ ပို့လိုက်သည်။ ကင်ဆန်းဟွန်းက ၂နာရီခန့် ကြာပြီးနောက် ပြန်လာပြီးစာပို့သည်။ 


“ ဟား ဟား “


ယွမ်ဇယ်၏ နှလုံးက ခုန်သွားသည်။ 


ကင်ဆန်းဟွန်း “ နောက်ဆုံးပွဲက မင်းနဲ့ Close မဟုတ်လား “ 


ယွမ်ဇယ် က Gary ကိုကြည့်သည်။ လောင်G က စိတ်ရှုပ်သွားသည်။ 


“ဘာလဲ “


သူ ဒီကောင်နှင့်ပတ်သတ်ပြီး ဘာမျှော်လင့်ချက်မှ မရှိသင့်ဘူး


Video ကို တည်းဖြတ်ခိုင်းတာကို ဒီအတိုင်း ထားခဲ့သေးတာလား။


ကင်ဆန်းဟွန်းကလည်း ရယ်ချင်မနေပေ။ လွန်ခဲ့တဲ့ ၃နှစ်က တစ်စုံတစ်ယောက်ကပြောတယ်။ သူတို့သာ ဒီလုဖုန်းလေးနဲ့ Solo ရမယ်ဆိုရင် Shit ကို စားပြီး တိုက်ရိုက်ထုတ်လွှင့် ပြမယ်တဲ့လေ 


ယွမ်ဇယ် “ ..... “


“ ဖာ့ခ် “


ကင်ဆန်းဟွန်းက Gary ကို လှမ်းမေးသည်။ 


“ GG မင်းရဲ့ L&P က ရက်အနည်းငယ်လောက်နေရင် Special training ကို ရမှာ မဟုတ်လား “


Gary က ကင်ဆန်းဟွန်း၏ Fan တစ်ဝက်ဖြစ်သဖြင့် သူ့အသံကိုကြားသောအခါ ချက်ချင်းဆိုသလို လှမ်းပြောလိုက်သည်။ 


“ဟုတ်တယ်”


ကင်ဆန်းဟွန်းက ယွမ်ဇယ်ကို ပြန်ပြောသည်။


“ ကော special train တွေမှာ ငါတို့တွေ့မယ်နော် ၊ မင်း shit စားတာကို ငါစောင့်နေမယ်”


ယွမ်ဇယ် “ ထွက်သွားစမ်း”


ဖုန်းကို ချပြီးနောက် ကင်ဆန်းဟွန်းက ဖန်သားပြင်မှ အရိပ်သူခိုး နှစ်ယောက်ကို ကြည့်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုမှ နောက်ဆုံးပွဲသည် Close နှင့် Quiet ဖြစ်သည်။


သူက အသာပြုံးလိုက်သည်။ သူ၏မျက်ဝန်းထောင့်နားမှ မျက်ရည်ခံ မှည့်လေးက ဖန်သားပြင်၏ အလင်းစက်ကွင်း ၉ကွင်းကြောင့် တောက်ပသွားသည်။ 


“ စိတ်ဝင်စားစရာဘဲ “


Glory ၏ နတ်ဘုရားကျောင်းအတွင်း ရေးထိုးခြင်းခံရလောက်သည့် ADC နံပါတ် တစ် တစ်ယောက်အနေနှင့် Jungler နေရာကို အကြိုက်ဆုံးဖြစ်သည်။ 


သူသည် Jungle ဝင်ရခြင်းအား သဘောကျခြင်း မဟုတ်လေဘဲ Jungler များကို အနိုင်ကျင့်ရခြင်းအား နှစ်ချိုက်လေသည်။ 


Game၏ စက်ပိုင်းဆိုင်ရာအရ ဟန်ချက်ညီမှု ပေးထားရာတွင် သူခိုးများသည် maskman များအပေါ်တွင် သဘာဝအလျောက် အားသာချက်ရှိသည်။ သို့သော် ကင်ဆန်းဟွန်း၏ Maskmanကမူ သူခိုးများနှင့်ရင်ဆိုင်ရာတွင် အထူးတလည် သန်မာသည်။


FTW Base 


ချန်းဖုန်း က တုံ့ဆိုင်းစွာနှင့် ပြောလိုက်သည်။


“ အသင်းက မပျက်သေးပါဘူး။ ဒီလိုမျိုးနဲ့ special train တွေကို တက်လို့ အဆင်ပြေပါ့မလား”


ထန်ချန်းက အလွန်သာမာန်ဆန်သည်။ 


“ ဘာကြောက်စရာရှိလဲ။ special trainingက ဒီတိုင်း လေ့ကျင့်ရေး ပွဲစဉ်တွေပဲ မဟုတ်ဘူးလား “

33.2 04

ချန်းဖုန်းက သူ့ကို အေးစက်စွာ ကြည့်သည်။ 


“ ဟ သူတို့ကသာ ပိတ်လှောင်သွားတဲ့ အထိ ထုရိုက်ခံရမည်ဆိုရင်  ပြည်တွင်းပွဲတွေ စတဲ့အခါ ပြန်လာပြီး အသေခံရုံပဲ မရှိတော့ဘူးလား “


ထန်ချန်းက သူ၏ ခေါင်းနောက် ကိုကုတ်၏။ 


“ ဒါလည်း မဆိုးပါဘူး။” 


ချန်းဖုန်းက သူ၏အရှေ့သို့ File ကို ပစ်ပေးလိုက်သည်။


“ ဒီနှစ်စာရင်းကို ကြည့်”


Glory ၏ ဆောင်းတွင်းလေ့ကျင့်ရေးသည် ယခုနှစ်များအတွင်းမှ သာရလာသည့် Project တစ်ခုဖြစ်သည်။ 


ထိုပွဲကို ပြိုင်ပွဲရေး ကော်မတီကစီစဉ်ထား ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်နယ်မြေ ၁၆ နယ်မြေမှ မျိုးစေ့အသင်းများအားလုံးကို ထိုနေရာသို့ လာရောက်၍ ၁၅ရက်ခန့် လေ့ကျင့်ရေး ဝင်ရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် အစစ်မှန်ပြိုင်ပွဲများ မစတင်ခင် သွေးပူအောင် လုပ်ပေးရာရောက်သည်။ 


ထိုအရာသည် အမှန်တကယ်ကောင်းမွန်သည့် လေ့ကျင့်ရေး အခွင့်အရေးကြီးဖြစ်သည်။ အထူးသဖြင့် ဆုတ်ယုတ်နေသော ပြိုင်ပွဲဝင်နယ်မြေများ သို့မဟုတ် Team လောက် အင်အားမကြီးသော နေရာများအတွက် ဖြစ်သည်။ 


တရားဝင်ထုတ်ပြန်ကြေညာချက်အရ ၁၆နယ်မြေမှ Stater အသင်းတိုင်းက စာရင်းသွင်းနိုင်သည်။ 


ပထမနှစစ်တွင် အသင်း ၁၀၀ နီးပါး စာရင်းသွင်းခဲ့ကြပြီးအားလုံးကလည်း တိုးတက်ချင်ကြသည်။ ရလာဒ်အနေဖြင့် လေ့ကျင့်ရေးအခြေအနေက အလွန်ပင်ဆိုးရွားခဲ့သည်။ တစ်ချို့သော မရင်ကျက်သောအသင်းများဆိုလျှင် သူ့တို့၏စိတ်ပိုင်းဆိုင်ရာ များပျက်သွားကြပြီး သူတို့၏စိတ်အားထက်သန်မှု ပျက်စီးသွားသည်အထိ နှိပ်စက်ခံခဲ့ရသည်။ အိမ်သို့ပြန်ရောက်ပြီးနောက် သူတို့သည် အဓိက ပြိုင်ပွဲများတွင်ပင် ဖရိုဖရဲ ဖြစ်ကာ လဲကျလျက် ဆိုးရွားသောရလာဒ်များကိုသာရရှိခဲ့ပြီး အထီးကျန်ဆန်စွာနဲ့ အဆုံးသတ်သွားရသည်။


နောက်တစ်နှစ် တွင် လူတိုင်းကပို၍ အကျိုးအကြောင်းသင့် နားလည်နိုင်လာသည်။ ထိုသို့ဖြင့် ကစားသမားအများစုကို လက်မှတ်ထိုးထားခြင်းမရှိသော အသင်းများကတောင် စာရင်းသွင်းကြသည်။ မည်သို့ပင်ဆိုစေ ကစားသမားအသစ်များ ၏ စွမ်းရည်က မတည်ငြိမ်ချေ။  ထို့ကြောင့် professional အသိုင်းအဝိုင်းအတွင်းမှ ထိပ်တန်းအဆင့်ကစားသမားများကြောင့် ပိတ်လှောင်သွားသည်အထိ ထုရိုက်ခံရခြင်း မရှိစေရန်အလို့ငှာ အခြေအနေကောင်းတစ်ခု ကိုထိန်းထားစေလိုကြသည်။


ယခုအခါ ဆောင်းတွင်းလေ့ကျင့်ရေးကို အင်အားကြီးမားသော အသင်းများကသာ အသုံးပြုလေ့ရှိကြတော့သည်။ 


မည်သို့ပင်ဆိုသေ ဒါဟာလေ့ကျင့်ရင်း နှင့်ယှဥ်ပြိုင်ခြင်းဖြစ်လေသည်။ အမှောင်ထဲတွင် ကိစ္စများကိုစီစဉ်ခြင်းထက် အတူတကွပေါင်းပြီး သက်ရောက်မှုရှိသောပုံစံများနှင့် အလုပ်လုပ်ခြင်းက ပို၍ ကောင်းမွန်စေသည်။


FTW က မနှစ် ကဝင်ပြိုင်ခဲ့သည်။ ဒီနှစ်......


လုဖုန်း “ငါတို့ သွားမယ်”


ချန်းဖုန်းကလည်း သူ၏ စိတ်ပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ သို့သော် သူကစိုးရိမ်နေသေး၏ ။ 


“ ဒါပေမဲ့ အရူးလေးဝေ့က ဇက်မကျိုးသွားလောက်ပေမဲ့လည်း ရှောင်နင် နဲ့ လောင်ယွဲ့က “


ယွဲ့ဝမ်လဲ့သည် season တစ်ခုကို ကျော်ဖြတ်ခဲ့ပြီးလေပြီ။ သို့သော် သူသည်လည်း မြေခွေးအိုကြီး တစ်သုတ်၏ အရှေ့တွင် ဉီးမော့ နိုင်လောက်အောင် လုံလောက်သည့် စွမ်းရည်မျိုးကို မပိုင်ဆိုင်သေးချေ။ ပြိုင်ပွဲအတွက်ကမူ ကင်ဆန်းဟွန်းကပင် ပါဝင်မည်ဖြစ်သည်။ 


သူတို့သည် professional ကစားသမားများ ဖြစ်သော်လည်း နှစ်ယောက်လုံးသည် ADC များဖြစ်သည့်တိုင် ချန်းဖုန်းက အလွန်သေချာနေသည်။ ...


ဆန်းဟွန်း၏ ရှေ့တွင် ယွဲ့ဝမ်လဲ့၏ မြှားက သစ်သားချောင်းမျှ ဖြစ်သွားလောက်ပြီး ထိခိုက်နစ်နာ မှု မရှိလောက်ချေ။ 


လုဖုန်းက ပြောသည်။ “ ငါတို့ ပုန်းနေလို့မရဘူး”


ချန်းဖုန်းက အကြံပေးသည် ။


“ကောင်းကောင်းဆိုးဆိုး မင်းသူတို့ကို အချိန်နည်းနည်းပေးလိုက် ရင်”


သူတို့သည် အိမ်တွင်နေပြီး နိုးနိုးကြားကြားလေ့ကျင့်လို့ရသည်။.ပြည်တွင်းပြိုင်ပွဲများ အပြီးနောက် အသင်းကလည်းကောင်းကောင်း အချိုးကျသွားနိုင်သည်။ထိုကိစ္စပြီးမှ သာ ထိုသားရဲကောင်များကိုရင်ဆိုင်နိုင်သည်။ အနည်းဆုံး ထိုသားရဲကောင်များကို ဒူးထောက် ရင်းကျန်ရစ်လိမ့်မည်မဟုတ်။ လုဖုန်းက ချန်းဖုန်းကို ကြည့်သည်။ 


“ သူတို့ကသာ ဒီဆောင်းတွင်း အထူးလေ့ကျင့်ရေးမှာ ရှင်သန်နိုင်ခဲ့ရင် ပြည်တွင်းပြိုင်ပွဲက ပြဿနာရှိအုံးမှာလား”

33.2 05

ချန်းဖုန်း “ ..” 


လုဖုန်းက ဘုတ်ပြားကို တတောက်တောက် ခေါက်သည်။


“စာရင်းသွင်းလိုက်”


Glory ၏ဆောင်းတွင်း အထူးလေ့ကျင့်ရေးအတွက် စာရင်းသွင်းခဲ့ကြသော18 သင်းတွင် တစ်သင်းချင်းစီတိုင်းက မိမိကိုယ်ပိုင်ပြိုင်ပွဲဝင်နယ်မြေ အသီးသီးတွင် Championship များ သို့မဟုတ် runner up နေရာများတွင် ရှိခဲ့ဖူးခဲ့ကြသည်။.သူတို့အားလုံးသည် ကောင်းမွန်သည့်အသင်းကြီးများ ဖြစ်ကြသည်။ 


မနှစ်က ကမ္ဘာ့ထိပ်တန်း နံပါတ် ၄ အသင်း၄သင်းဆိုလျှင် ထည့်ပြောစရာပင် မလိုအပ်တော့ ချေ။ သူတို့သည် ၏စာရင်းတွင်ပင် ပါဝင်ကြသည်။


ဝေ့ရှောင်းသည်လည်း အထူးလေ့ကျင့်ရေးအကြောင်း ကြားသောအခါ သူ၏မျက်လုံးများကပင် တောက်ပသွားသည်။


“ ဒါက..... တစ်ကမ္ဘာလုံးက ကစားသမားတွေ လာစုပြီး 15 ရက်လုံး နေ့ရောညပါ လေ့ကျင့်ကြတယ်ဆိုတဲ့ နေရာမဟုတ်ဘူးလား “


FTW က လူတိုင်း “........”


သူတို့သည် အထူးလေ့ကျင့်ရေး စာရင်းကို မြင်သောအခါ ဖိအားများသွားကြသည်။ ယခုမူ.......


သူတို့ပိုပြီး စိုးရိမ်လာသည်။


သို့သော် စိုးရိမ်သင့်သူများသည် ဒီအထူးလေ့ကျင့်ရေးတွင် ဝင်ပါကြပြီး ပြည်ပအသင်းများ ဖြစ်လောက်သည်။ သူတို့သည်လည်း ဒီနှစ် လေ့ကျင့်ရေးကို တက်ရောက်ရာတွင် ကြောက်စရာကောင်းသော သားရဲကောင် တစ်ကောင် ပါလာသည်ကို မသိကြချေ။


******