Ch 34
Viewers 3k

အပိုင်း (34.1)


မင်း တစ်ကြိမ်ဘဲ ငိုရသေးတယ် မလုံလောက်သေးဘူး။


ဝေ့ရှောင်းသည် အလွန်စိတ်ဝင်စားနေသည်။ သူသည် Offseason ကာလသည် ကြာလွန်းသည်ဟု ခံစားနေခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် ကစားရန်ပင် မစောင့် နိုင်တော့ချေ။ ယခုအခါ ထိုအကြောင်းအရာကို ကြားလိုက်သည့် အခိုက်အတန့်သည် အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ 


“ချန်းကော ဒီတစ်ခု မဟုတ်လား”


ချန်းဖုန်း “.....”


“ တကယ်တော့ အဲတစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ ..... အရမ်းကိုတူလွန်းတဲ့ တစ်ခုဘဲ”


ထန်ချန်းက ကျယ်လောင်စွာ အော်ရယ်သည်။ 


“ ဒါက ၁၅ရက်တာလုံးလုံး ပြင်းပြင်းထန်ထန် ကြိုးစားရတယ်ဆိုတဲ့ အနေအထားအတိုင်းပါဘဲ”


ဝေ့ရှောင်းက ထန်ချန်းကို ကြည့်သည်။


“ နတ်ဘုရားထန် မင်း အရင်က ဝင်ပါဘူးတယ်မလား။ ဘယ်လိုလဲ စိတ်လှုပ်ရှားစရာ ကောင်းလား”


ထန်ချန်းက ထိုသို့ အမေးခံရသောအခါ အနည်းငယ် ကြောင်သွားသည်။ 


FTW သည် မနှစ်က ဝင်ပြိုင်ခဲ့သည်။ သို့သော် သူတို့သည် လွန်ခဲ့သော ၂နှစ်ခန့်က သွားခဲ့သည်။


ထိုနှစ်တွင် FTW သည် အလွန်အမင်း ဆိုးရွားစွာ ထုရိုက်ခံခဲ့ရသည်။ Close ကလွဲပြီး လူတိုင်းနီးပါး၏ စိတ်ပိုင်းဆိုင်ရာက ပြိုလဲကျသွားသည်။ အိမ်သို့ ပြန်ရောက်လာပြီးနောက် သူတို့သည် ဆိုးဆိုးရွားရွား ကစားပြီး ပြည်တွင်းချန်ပီယံကိုပင် မရနိုင်လောက်အောင် ရှုံးနိမ့်ခဲ့သည်။.


ချန်းဖုန်းက စကားပြောခန်းကို ဉီးဆောင်ယူလိုက်ပြီး ဝေ့ရှောင်း၏ ခေါင်းပေါ်လို့ အေးစက်လွန်းသော ရေများ လောင်းချလိုက်သည်။ 


“ အရင်တစ်ခေါက် FTW ဝင်ပြိုင်ခဲ့တုန်းက ငါတို့က တရုတ်ကို ပြန်လာပြီးတာနဲ့ ၆ပွဲဆက်တိုက် ရှုံးသွားတယ်”


ထိုစကား ထွက်လာပြီးပြီးချင်း အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။


ပိုင်ချိုင်က မျက်လွှာချရင်း သူ၏အရှေ့မှ မဲနက်နေသော Desktop ကိုသာကြည့်သည်။ သူ၏အတွေးကို မူမသိနိုင်ချေ။ 


နင်ကျယ်ဟန်၏ ကျောက မတ်သွားသည်။


ယွဲ့ဝမ်လဲ့က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်သည်။ 


ချန်းဖုန်းသည် သူတို့ကို တမင်ခြောက်ရန် မရည်ရွယ်ချေ ။ သို့သော် သူတို့ကသာ ကြိုတင်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး မလုံလောက်ခဲ့လျှင် ရောက်သွားပြီး ပြန်လာရုံနှင့် လဲပြိုကျသွားပေလိမ့်မယ်


ပြိုင်ပွဲ၏ ရက်စက်မှုသည် ခြားနားသော ကစားသများ အကြားမှ တိုင်းတာရန်ခက်ခဲ့သော ကွာဟချက်ကို မြင်ရုံနှင့်ပင် သိသာထင်ရှားသွားနိုင်သည်။.


ထိုကဲ့သို့သော. အခြေအနေမျိုးကို ပြင်းထန်သောကြိုးစားအားထုတ်မှု ရုန်းကန်မှုနှင့် မလျော့သော


ဇွဲလုံ့လတို့က မဖာထေးပေးနိုင်ချေ။ 


အခြားလူသစ်များသည် ပို၍ပါရမီကြီးသည်။ ထို့ကြောင့် ပို၍ ကြိုးစားအားထုတ်ပြီး ပိုပို၍ မလျှော့သော ဇွဲဖြင့် လုပ်ဆောင်မည်ဆိုလျှင်ပင် နည်းနည်းပိုကြာကြာ တိုက်ခိုက်နိုင်ရုံသာ ရှိနေပေလိမ့်မည်။ ကောင်ကင်တမျှ ကျယ်နေသော ကွာဟချက်မျိုး၏အရှေ့တွင် သူတို့သည် အခြားသောသူများ လက်ခံနိုင်စွမ်းရည် မရှိပါချေ။ 


ချန်းဖုန်းက လေ့ကျင့်ရေးစာရင်းကို ပြရင်းပြောသည်။ 


“ လွန်ခဲ့သော ၂နှစ်က FTWက ဆောင်းတွင်းလေ့ကျင့်ရေးမှာဝင်ပါခဲ့တယ် အသင်းအများစုကလည်း လေ့ကျင့်ရေးပွဲစဉ်တွေ အတွက် လာပြီးစီစဉ်ကြတယ်။ နောက်ပြီး ဘာပဲ ဖြစ်ဖြစ် နတ်ဘုရားတွေရဲ့ အသင်းဆိုတော့ FTW ကလည်း အရမ်းကို ကျော်ကြာလွန်းနေတော့ လူတိုင်းက သိချင်ကြတာပေါ့ “ 


ဝေ့ရှောင်း ကလည်း လွန်ခဲ့သော ၂ နှစ်ခန့်က အကြောင်းကိုကြားရုံနဲ့ တုန်လှုပ်သွား သည်။ 


ချန်းဖုန်းက ဆက်ပြောသည်။


“ မင်းတို့တွေ လူတွေအများကြီးက လေ့ကျင့်ရေးပွဲစဉ်တွေအတွက် လာခေါ်တာက ကောင်းတဲ့ကိစ္စလို့ထင်လား ။ သူက လောင်သည်”


“ ကောင်းတယ်လို့ ခံစားချင်ရင် မင်းတို့က သူတို့အားလုံးကို ကိုင်တွယ်ဖြေရှင်း ဖိနင်းနိုင်တဲ့ စွမ်းရည် မျိုးရှိနေမှ ဖြစ်ပေလိမ့်မယ်။ “


ထိုအချိန်က FTW တွင် Close နှင့် ထန်ချန်းကလွဲပြီး လူတိုင်းက Resent Team မှ လွှဲပြောင်းထားခဲ့ခြင်း ဖြစ်သည်။ မောင်နှမ အသစ်များသည် ထန်ချန်းကိုသာ လိုက်မမီလေရာ Close ဆိုလျှင်ပို၍ဆိုး လေသည်။ 


သို့ရာတွင် FTWသည် ကျော်ကြားမှုကြီးသည်။ Close သည် Individual Championship ကို နိုင်ခါစဖြစ်ပြီး Closeက Global  professional ကစားသမားများ၏ မျက်လုံးထဲတွင် သံတစ်ချောင်း အလားဖြစ်နေခဲ့သည်။ 


လူတိုင်းက FTW ကို လေ့ကျင့်ရေးပွဲစဉ် အတွက်ဖိတ်ခေါ်ကြသည်။


ပထမဉီးဆုံးအနေဖြင့် သူတို့သည် သက်တမ်းရှိပြီး အင်အားကြီးမားသော အသင်းကို တန်ဖိုးထား၍ဖြစ်သလို ဒုတိယ အချက်အနေဖြင့် သူတို့သည်  ငယ်ရွယ်သော ခေါင်းဆောင်သစ်ကို အသိမှတ်ပြု၍ ဖြစ်သည်။


သို့ရာတွင်...... 


5v5 match  ပွဲများသည် 1v1 matchပွဲများနှင့် မတူချေ ။  FTWနှင့်  ချိန်းဆိုမှုပြုလုပ်ထားသော အသင်းတိုင်းက စိတ်ပျက်သွားရလေသည်။ 


Championship ဖြစ်ခဲ့ဖူးသောအသင်းတစ်သင်းက သဲများအကြားမှ ကျို့တို့ကြဲတဲရှိနေသော ဆန်စေ့များအလား အခြေအနေတိုင်းမှာမူ ပူးပေါင်းမှုမရှိ ဖြစ်နေခဲ့သည်။ Close က အင်အားကြီးမားသည့်တိုင်အောင်.....


“အဲဒီတော့ ဘာဖြစ်လဲ......”

34.1 02

သူတို့ကသာ Close ကိုသေသည်အထိ ပစ်မှတ်ထားလိုက်ပြီဆိုလျှင် အသင်းက စိုးစိုးရွားရွား ထိုးဖောက်ခံရပေလိမ့်မည် ဖြစ်သည်။ 


လေ့ကျင့်ရေးပွဲများက ၁၀ပွဲကျော်သည် ထို၁၀ပွဲကျော် ပြီးသွားချိန်တွင် FTW သည် ရှုပ်ထွေးလွန်းသည်အထိ ရှုံးသွားသည်။ 


ချန်းဖုန်းသည် အတတ်နိုင်ဆုံးကြိုးစားပြီး လူသစ် များ၏စိတ်ပိုင်းဆိုင်ရာအခြေအနေကို ထောက်ပံ့ပေးရင်း သူတို့ဟာ အားပေးလျက် ပြင်းထန်သောဖိအားအောက်တွင် အလျင်အမြန် ကြီးထွားနိုင်ရန်မျှော် လင့်ပေးခဲ့သည်။ 


သို့သော် Mid Laner တစ်ယောက်က သူ့ကို ပြောသည်။


“ အသုံးမဝင်ဘူး ၊ ငါတို့ သူတို့ကိုမှ မနိုင်တာ ကွာခြားချက်က တအားကြီးတယ်”


Game ပွဲတွင် ကြောက်စရာအကောင်းဆုံးကိစ္စက အမှားလုပ်သည့် ကိစ္စမျိုးမဟုတ်ချေ။ ကွာဟချက်ကြီးသည်မှာလည်း ပြဿနာမရှိသေးသလို Line up က အခြားသောသူများကို ဖိနှပ်ထားလျှင်ပင် ပြဿနာမရှိချေ။ သို့သော် ကစားသမားများ ကိုယ်တိုင်က လက်လျှော့လိုက်လျှင်မူ ကိစ္စကြီးသွားလေသည်။ Game ကိုလက်လျှော့လိုက်တယ်။ ဒါက ကိုယ့်ကိုကိုယ် လက်လျှော့လိုက်တာဘဲ ။ 


ဒီလိုဆိုရင် ဘယ်လိုများ နိုင်မှာလဲ ။ 


နှစ်တွေကြာလာပြီးနောက် အသင်းပေါင်းများစွာသည် ဆောင်းတွင်းလေ့ကျင့်ရေးပွဲတွင် ရှုံးသွားကြသည်။ 


လွန်ခဲ့သော ၂နှစ်ခန့်က FTW သည် ထိုအသင်းများထဲမှ တစ်သင်းဖြစ်သည်။ 


ယခုအခါ သူတို့သည် စာရင်းသွင်းလိုက်ပြန်သည်။ ချန်းဖုန်းကမူ ဘာကိုမှ ဖုံးကွယ်ထားရန် မစီစဥ်ထားပေ။


သူသည် FTW ၏ လွန်ခဲ့သော ၂နှစ်ခန့်က အတွေ့အကြုံကိုပင် တည်ငြိမ်သော လေသံဖြင့် ဖော်ပြပေးနိုင်သည်။


“ အဆုံးသတ်မှာတော့ Close က လူတိုင်းနဲ့ individual Game ပွဲ ချိန်းဆိုမှုတွေကိုဘဲ ဆက်လုပ်လိုက်ရတယ်။ 


လေ့ကျင့်ရေးသည် ၁၅ရက်ကြာသည် ပထမအပတ်တွင် လူတိုင်းက FTW နှင့် လေ့ကျင့်ရေးပွဲစဥ်များအတွက် ချိန်းဆိုချင်ကြသည်။ သို့သော် သူတို့သည် ဆက်တက်ရှုံးနေပြီးနောက် ဘယ်အသင်းကမှ သူတို့နှင့် match ပွဲ မကစားချင်တော့ ချေ။ 


ဒါပေမဲ့ သူတို့က ရောက်နေပြီလေ။ ဒီတော့လမ်းတစ်ဝက်မှာ လှည့်ထွက်လာရမယ်ဆို ဘာနဲ့တူမှာလဲ ။


အိမ်မှ ပရိတ်သတ်များက FTW ကို အဖွဲ့ဖျက်သိမ်း ရသည်အထိ လောင်စာထည့် မီးမြိုက်ပေလိမ့်မည်။သူတို့က မထွက်သွားနိုင်ချေ။ ထို့ကြောင့် ဒီတိုင်းသာဆက်သွားရန် ကိုယ့်ကိုကိုယ် တွန်းအားပေးခဲ့ကြသည်။ 


သင့်တော်သော ပြိုင်ပွဲသည်လည်း သိပ်မကြာခင် စတင်တော့မည်ဖြစ်သည်။ လေ့ကျင့်ရေးပွဲ၏ နောက်ဆုံးအပတ်က ဒီအတိုင်းဖြုန်းတီး ၍မရချေ။ 


ထိုအချိန်တွင် လူအများစုက Close နှင့် Individual match ပွဲများချိန်းဆိုချင်သည်။ အစပိုင်းတွင်မူ Close ကလည်း အချိန်မဖြုန်းလို၍ လူတိုင်းကို ငြင်းထားသည်။ 


ယခုမူ မည်သူကမှသူတို့နှင့် 5v5 မကစားချင်ကြတော့ချေ။


ဘာလုပ်ရမှာလဲ။


ထိုသို့ဖြင့် 5 v 5 လေ့ကျင့်ရေး ပွဲစဉ်များအတွက် solo match ပွဲများနှင့် လဲရတော့သည်။ 


ချန်းဖုန်းကလည်း သက်ပြင်းသာ ချသည်။ 


“ Solo match ပွဲ ၁၀ ပွဲနဲ့ 5v5 ၁ပွဲ “


ချန်းဖုန်းက ဒီစကားကို ကြားသောအခါ စိတ်ဓာတ်ကျပြီးပေါ က်ကွဲလုနီးပါးဖြစ်သွားသည်။ 


“ဖာ့ခ်” 


Solo တစ်ပွဲသည် နာရီဝက်ကြာသည် ၁၀ ပွဲဆိုလျှင် ၅နာရီဖြစ်သည်။ 5v5 လေ့ကျင့်ရေး ၁ပွဲအတွက် ၅နာရီ အချိန်ပေးရခြင်းက Closeကို သေအောင် ကြိုးစားနေသည်နှင့် တူသည်။ 


ချန်းဖုန်းက မျက်လုံးကို မှိတ်သည်။ 


“ သူတို့က ဒီလိုနည်းလမ်းနဲ့ ရလာတဲ့ လေ့ကျင့်ရေးပွဲစဉ်တွေကို အလေးအနက် မထားဘူး” 


သူတို့ဆိုသည်မှာ ထိုအချိန်က Close ၏အသင်းဖော်ဟောင်းများဖြစ်သည်။


သူတို့သည် လေ့ကျင့်ရေးပွဲစဉ်များဟာ မည်သည့်နေရာမှ ရလာကြောင်း ဂရုမစိုက်ကြချေ။ သူတို့သည် သူတို့ဟာ ပြိုလဲကျတော့မည်ဟုသာ ခံစားနေရပြီး မကစားချင်ကြတော့ချေ။ ထို့ကြောင့် ထွက်ပြေး ချင်နေကြသည်။ 


ခက်ခက်ခဲခဲ ကြိုးစားပြီးရလာသော လေ့ကျင့်ရေး အခွင့်အရေးများသည် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်သွားရသည်။ သူတို့အတွက်မူ အိမ်မက်ဆိုးနှင့် ဖိအား ဖြစ်နေသည်။ 


ထိုသို့ ဖြင့်အစည်းဝေးခန်းမက တိတ်ဆိတ်သွားသည်။ 


ချန်းဖုန်းကဘေးဘီကိုကြည့်သည်။


“ မင်းတို့အားလုံးက စာရင်းသွင်းပြီးကြပြီ ဆိုပေမဲ့လည်း စိတ်ပြောင်းရင် အချိန်မီ သေးတယ် မင်းတို့ မသွားချင်ရင် ငါ့ကိုပြောလို့ရတယ် “


ဝေ့ရှောင်းက ချက်ချင်းပြောသည်။


“ သွားမှာပေါ့ ၊ငါတို့သွားရမယ် ၊  ငါတို့သွားကို သွားရမယ် “


သေစမ်း Close ကို အနိုင်ကျင့်ထားတဲ့ ခွေးတစ်အုပ်


သူဒီကောင်တွေကိုမှ လွင့်ထွက်သွားအောင် မလုပ်ရင် သူဝေ့ရှောင်း ဆိုတဲ့နာမည်ကို နောက်ပြန် ပြန်ရေးလိုက်မယ်။ 


ချန်းဖုန်းကမူ သူ၏တုန့်ပြန်မှုကို မအံ့သြချေ ။သူသည် အခြားသောသူများကိုသာ စိုးရိမ်သည်။ 

34.1 03

ပိုင်ချိုင်၏ နှုတ်ခမ်းထောင့်စွန်းများက အသာကော့တက်သွားသည်။ လွန်ခဲ့သော ၂ နှစ်ခန့်က ဝေ့ရှောင်း၏ အနောက်သို့ လိုက်ခဲ့သောအချိန်က ပွက်ပွက်ဆူခဲ့သောသွေးများကပင် ပြန်ပူတက်လာသည်။ 


“ ငါက ခေါင်းဆောင် ပြောသလိုပဲလုပ်မယ်”


 သူ၏ စကား ကအဓိပ္ပါယ် နှစ်ခွနှင့် ဖြစ်ငည်။ FTW မှခေါင်းဆောင်သည် လုဖုန်းဖြစ်ပြီး ယခင်ခေါင်းဆောင်ကမူ ဝေ့ရှောင်းဖြစ်သည်။ 


နှစ်ယောက်လုံးကသွားမည်ဖြစ်ပြီး သူသည်လည်း လိုက်မည်ဖြစ်သည်။ 


နင်ကျယ်ဟန်က လက်သီးဆုပ်ပြီး သူ၏ပါးပြင်က အနည်းငယ်နီနေပြီး သူ၏အသံကလည်း အနည်းငယ် တုန်နေသည်။ သို့သော် သူပြောသောစကားကမူ အလွန်သိသာထင်ရှားသည်။


“ ငါသွားမယ် ငါကရှုံးမှာ မကြောက်ပါဘူး။ ငါလူတိုင်းကို သေချာပေါက် နောက်ပြန် ဆွဲထားမှာမဟုတ်ဘူး “


ချန်းဖုန်းက ခေါင်းညှိမ့်ပြပြီး ယွဲ့ဝမ်လဲ့ကို ကြည့်သည်။ ယွဲ့ဝမ်လဲ့က ဝေ့ရှောင်းကို ကြည့်ပြီး ခပ်တိုးတိုးပြောသည်။ 


“အရှုံး နဲ့ပတ်သတ်ပြီး ဘာကြောက်စရာရှိလဲ ၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ငါ မီးအိမ်ဆရာသခင် ရဲ့ ၃ရက်နဲ့ ၃ည တိုင်တိုင် အနိုင်ကျင့်နှိပ်စက်တာကို ခံရပြီး မျက်ရည်တောင် ထွက်ခဲ့ရတယ် ဒါတောင်မှ ငါ professional အဖြစ်ကစားတာကို လက်မလျော့ခဲ့ဘူး “


ချန်းဖုန်းက ထိုစကားကို ကြားသောအခါ အံ့ဩသွားသည်။ 


နင်ကျယ်ဟန်၏ မျက်လုံးက တောက်ပသွားပြီး ပြောသည်။ 


“ ဟုတ်တယ် ဟုတ်တယ်။ ငါလဲငိုခဲ့ဖူးတာဘဲ။ ဒါပေမဲ့ ငိုပြီးတဲ့နောက် ပျော်သွားတယ်။ ငါ ခပ်မြန်မြန် အင်အား ကြီးလာချင်တယ် ။ “ 


ယွဲ့ဝမ်လဲ့က သူ့ကို တန်ဖိုးဖြတ်သည်။ 


“ မင်းက တစ်ကြိမ်ဘဲ ငိုရသေးတာ မလုံလောက်သေးဘူး”


နင်ကျယ်ဟန် “အာ ငါက လုံလောက်အောင်တော့ အတွေ့ကြုံ မရှိသေးတာ အမှန်ဘဲ ။ ငါ လဲ့ကောဆီကနေ သင်ယူရမယ်”


ယွဲ့ဝမ်လဲ့က တစ်ခဏမျှ ရပ်တန့်သွားပြီး သူ့ကို ကြည့်သည်။ 


“ မင်း ဘယ်လိုဖြစ်ပြီး ငါ့ကို လှောင်နေသလိုခံစားရတာလဲ “


နင်ကျယ်ဟန်က မျက်တောင် ခတ်သည်။ 


“ ငါကလား “


ယွဲ့ဝမ်လဲ့က ပို၍ပင် ဖိနှိပ်လာ၏ 


“ မင်းက ငါ့ဆီကနေ ဘာသင်မှာလဲ ၊ ဘယ်လိုငိုသလဲဆိုတာကို သင်မှာလား ၊ ၃ရက် ၃ည လုံးလုံး ငိုဖို့သင်မှာလား “


နင်ကျယ်ဟန် “ အဟွတ်”


ဝေ့ရှောင်းက ကိစ္စများကို ချောမွှေ့အောင်လုပ်ပေး ရန် ကြိုးစားသည်။ 


“ ရှောင်နင် မင်းဒါတွေကိုတော့ သင်ယူလို့မရဘူးလေ ၊ ဒါပေမဲ့ ငါ ကူညီပေးနိုင်တယ်။ ဒီတိုင်းငိုရုံပဲ မဟုတ်ဘူးလား ၊ ငါကလူတွေကို ငိုအောင် လုပ်တဲ့နေရာမှာ အတော်ဆုံးဘဲ”


ထန်ချန်းက အော်ရယ်လိုက်သည် 


ချန်းဖုန်း.”.......” 


ကြိုတင်ပြီး ကာကွယ်ဆေးထိုးခြင်းက အလဟဿဖြစ်သွားသည်ဟုပင် အမြဲတစေ ခံစားနေရသည်။.မျှော်လင့်ထားသည့်အတိုင်း ထိုအရူးလေးဝေ့က ဝင်လာသည်နှင့် အသင်း၏ Style ကပင် ထူးဆန်းသွားသည်။ 


နည်းပြချန်က စားပွဲကို ခေါက်သည်။


“ မင်းတို့ အခြားသူတွေထက်ငိုတာ ပိုတော်ဖို့ ကြိုးစားမဲ့အချိန်ရှိသေးတယ်ဆိုရင် ဘာလို့နောက်ထပ် ၃နာရီလောက် စစ်သားတွေကို ထုရိုက်ဖို့ မလေ့ကျင့်တာလဲ “


နေ့စဉ်လေ့ကျင့်ရေး course များအတွင်းမှ ပျင်းစရာအကောင်းဆုံး အပိုင်းကို   နာမည်တပ် ပြောရမည်ဆိုလျှင် စစ်သားများကို ထုရိုက်ရခြင်း အပိုင်းဖြစ်လောက်သည်။  ထိုလေ့ကျင့်ရေးက တစ်ဖြည်းဖြည်းချင်းစီ လုပ်ရပြီး ပျင်းရိကာ ထိုင်းမှိုင်းသေးသည်။ လူတိုင်းကလည်း ထိုတာဝန်ကို ကြောက်သည်။ အရူးလေးဝေ့ကပင် ပါသည်။ 


ဆောင်းတွင်းလေ့ကျင့်ရေးသည် အတည်ပြုပြီးသွားလေသည်။ လူတိုင်းကလည်း နည်းပြချန်းက သူတို့အား ထိုထုရိုက်သည့် လေ့ကျင့်ရေးကို ၃နာရီမှ ၆နာရီအထိ မြှင့်တင်လိုက်မည့်အခြေအနေကို ကြောင်လန့်သောအားဖြင့် သူနဲ့ ခပ်ဝေးဝေးနေသည်။ 


ဝေ့ရှောင်းက လုဖုန်း၏ နောက်မှလိုက်ပြီး သူ ဘယ်သွားသွား လျှောက်သွားနေသည်။ လုဖုန်းက နောက်လှည့်ကာ ကြည့်သည်။ 


“ ဘာလဲ “


ဝေ့ရှောင်းက တုံ့ဆိုင်းသွားသည်။ ထို့နောက် သိသိသာသာ ရှက်သွားသော မျက်နှာမျိုးကို ချိတ်ဆွဲလိုက်သည်။ 


လုဖုန်းက တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် သူ၏နှလုံးသားကို မာကြောအောင် ထိန်းညှိလျက်ပြောလိုက်သည်။


“ မနက်ဖြန် မနက်လျှင် ထွက်မှာဆိုတော့ ဒီည စောစောအိပ်ရမယ်” 


ဆောင်းတွင်းလေ့ကျင့်ရေးစခန်း၏ တည်နေရာသည် အရှေ့တောင်ပိုင်း အာရှမှ ကျွန်းတစ်ကျွန်းတွင်ဖြစ်သည်။.S မြို့မှ ထိုနေရာသို့သွားရန် ၅နာရီကြာသည်။ ဝေ့ရှောင်းကမူ ဆက်လက်ပြီး ယိုင်နဲ့ရန် ကြိုးစားလွန်းနေသည်။ လုဖုန်း၏ မာလွန်းသော နှလုံးသားက နူးညံ့သွား၏ ။ 


“ ၂ နာရီဘဲ “


ဝေ့ရှောင်းက ကြောင်သွားသည်။


“ အာ “


လုဖုန်း “ ငါတို့ လေ့ကျင့်ရေးခန်းမထဲကို ရောက်သွားရင် အချိန်က အရမ်းတင်းကြပ် သွားလိမ့်မယ် ဒီတော့ ငါဒီည ငါမင်းကို ၂နာရီ solo ပေးမယ်”


“ဖာ့ခ် “

34.1 04

ဝေ့ရှောင်းက မမျှော်လင့်ထားသောပျော်ရွှင်မှုကြောင့် အံ့ဩသွားသည်။ 


“ မင်း ရဲ့စကားလုံးတွေက အတည်နော်”


လုဖုန်း “ ငါဘယ်တုန်းက မင်းကို လိမ်ဖူးလဲ “


ဝေ့ရှောင်းက ပျော်ရွှင်လွန်းသဖြင့် သေပင်သေနိုင်သည်။ 


“ မဟုတ်ဘူး တစ်ချိန်မှ မလိမ်ဖူးပါဘူး “ 


လုဖုန်း၏ နှုတ်ခမ်းများက အသာကော့တက်သွားသည်။ 


“ သွား ပိုင်ချိုင်နဲ့ အရင်ဆုံး Double နေလိုက် ငါဒီနေရာမှာ ပြီးရင် မင်းဆီ လာခေါ်မယ်”


ဝေ့ရှောင်းက မသွားချေ။


လုဖုန်း “ ဘာကိစ္စရှိသေးလို့လဲ “


Solo တာအပြင်  ဒီကလေးက သူ့ကို ရှာစရာ ဘာအကြောင်းရှိလို့လဲ 


ဝေ့ရှောင်းက ရှင်းပြသည် 


“ ငါမင်းနဲ့ solo ဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး ဒါပေါ့ ရမယ်ဆိုလဲ solo ချင်တာပေါ့ ဒါပေမဲ့ ဒါက လိုရင်းမဟုတ်သေးဘူး။ မင်းငါ့ကို ၂နာရီလို့ ကတိပေးပြီးပြီ ဆိုမှတော့ နောင်တမရနဲ့တော့ “


လုဖုန်း “ အင်း” 


လုဖုန်းသည်လည်း သူ၏ မြန်ဆန်လွန်းသော ပါးစပ်ကြောင့်ပင် စွံ့အသွားသည်။ 


သူက ရယ်ရင်းပြောလိုက်၏။


“ ငါ ကတိပေးပြီးကတည်းက သေချာပေါက် လုပ်မှာပါ “


ကံကောင်းသည်မှာ ဒီနေရာတွင် တတိယလူမရှိချေ။သို့ဟုတ်လျှင် ထိုစကားကို ကြားကတည်းက သူတို့၏ ဦးနှောက်၏ အတွင်းအရည်ကြောက ရှည်လျားသွားနိုင်သည်။ 


ဝေ့ရှောင်းက အသက်ပြင်းပြင်းရှုလျက် ပြောလိုသည့်စကားကို ပြောလိုက်သည်။


“ ငါ တောင်းပန်ပါတယ်”


လုဖုန်းက မူအံ့ဩသွားသည်။ 


ဝေ့ရှောင်းက အပြစ်မကင်းစိတ်အပြည့်နှင့် သူ့အားလေးလံစွာဂါဝရပြု၍ပြောသည်။


“ လွန်ခဲ့တဲ့ ၂နှစ်က ငါ တောင်းပန်ပါတယ်”


 လွန်ခဲ့သော ၂နှစ်ခန့်က FTWက ဝေ့ရှောင်းကို ဖိတ်ခေါ်ခဲ့သောအခါ ဒီလိုအချိန်မျိုးပင် ဖြစ်သည်။ သူကသာ လက်မှတ်ထိုးခဲ့လျှင် သူသည်လည်း လေ့ကျင့်ရေးအခန်းသို့ Close နှင့် အတူသွားနိုင်သည်။အထူးသဖြင့် Close တစ်ယောက်တည်း သည်းခံရန် အကြောင်းမရှိတော့ချေ။


လွန်ခဲ့သော ၂နှစ်ခန့်က closeသည် သူ၏ အသင်းဖော်များကို အလိုအပ်ဆုံး ဖြစ်ခဲ့သောအခါ သူဟာ ထွက်ပြေးခဲ့သည်။ ဝေ့ရှောင်းက ထိုအကြောင်းကို တွေးမိလေလေ ဆိုးရွားမှုကို ခံစားရလေလေ ဖြစ်သည်။ လုဖုန်းက အရှေ့က လူငယ်ကိုကြည့်ပြီး သူ၏ရင်ဘတ်က နွေးသွားသလို ခံစားလိုက်ရသည်။ 


“ မင်းရဲ့ အမှားမှ မဟုတ်တာ “


ဝေ့ရှောင်း လွန်ခဲ့သော ၂နှစ်ခန့်က ကြုံတွေ့ရင်ဆိုင်ခဲ့ရသောကိစ္စသည် သူ့အား ဒီစင်မြင့်ကို စွန့်ပစ်သွားစေခဲ့သည်။ သူ၏အရင်းနှီးဆုံး မိသားစုဝင် တစ်ယောက်က သေသွားသည်။ သူသည်လည်း ကစားရန် စိတ်အခြေနေ ကောင်းနေလိမ့်မည် မဟုတ်ပေ ။ ထိုအပြင် လုဖုန်းကိုယ်တိုင်ကလည်း ထိုအချိန်က ပြော .....


လုဖုန်းသည် နူးညံ့ကာ နွေးထွေးသော အနက်ရောင်ဆံပင်များကို အသာထိတွေ့လိုက်ရင်း ပြောလိုက်သည်။ 


“ လွန်ခဲ့တဲ့ ၂နှစ်က ငါက မင်းနဲ့ မတန်ဘူး”


******


34.2 01

အပိုင်း (34.2)


မင်း အခုပြောလိုက်တဲ့ ဒီစကားတွေကို Weibo မှာသာ တင်လိုက်ရင် ငါတို့နှစ်ယောက်လုံး CP ကို အတည်ပြုနိုင်တယ်။ 


ဝေ့ရှောင်းက ခေါင်းကိုမော့လျက် လုဖုန်း၏ နက်ရှိုင်းသော အနက်ရောင်မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ 


ပရိတ်သတ်များ၏ Close၏ မျက်လုံးများဟာ အလွန်အေးကြောင်း အမြဲတစေ ပြောလေ့ရှိသည်။ ထိုမျက်လုံးများသည် နှစ်ပေါင်းထောင်ကျော် ခဲနေသော အနက်ရောင်ကျောက်စိမ်းနှင့် တူသည်။ ဘယ်သောအခါမှ ခံစားချက်များကို ပြသလေ့မရှိချေ။ 


သို့ရာတွင် ဝေ့ရှောင်းကမူ.ယခုအခိုက်အတန့်တွင် ထိုမျက်လုံးသည် သူမြင်ဖူးသမျှထဲတွင် လူသားအဆန်ဆုံး မျက်လုံးဟုပင် ခံစားလိုက်ရသည်။ 


နေရောင်ခြည်က ပင်လယ်ပြင်ပေါ်ဖြာကျပြီး လွှမ်းခြုံထားသလိုမျိုးဘဲ သူရဲ့ နှလုံးသားထဲအထိတောက် လျှောက်နွေးသွားစေတယ်။


“ ခေါင်းဆောင်”


လုဖုန်း “ အင်း”


ဝေ့ရှောင်း” မင်းအခု ပြောလိုက်တဲ့ စကားလုံးတွေကိုသာ Weibo မှာ တင်လိုက်ရင် ငါတို့နှစ်ယောက်လုံး CP က အတည်ပြုပြီးသား ဖြစ်သွား လောက်တယ် “


လုဖုန်း “......”


လေထု အခြေအနေက ဘယ်လောက်ကောင်းကောင်းအရေးမကြီးဘူး ၊ ပန်းရောင်ပူဖောင်းတွေက ဘယ်လောက်များများ အရေးမကြီးသေးပြန်ဘူး ၊ ဝေ့ရှောင်း ပါးစပ်ဟလိုက်တာနဲ့ အားလုံးက ပေါက်ကွဲသွားတာပဲ။


လုဖုန်း၏ မျက်နှာက အေးသွားသည်။


“ ၁ နာရီ “ 


သူဘာ ဆိုလိုတာလည်းဆိုတာကို ဝေ့ရှောင်းက ဘယ်လိုများ နားမလည်ဘဲ နေမှာလဲ 


သူက ထိတ်လန့်သွားသည်။ 


“ မင်း ၂နာရီလို့ပြောထားတာလေ ၊ မင်းပဲ မလိမ်ဘူးဆို ခေါင်းဆောင် ၊ ဒါက ဘယ်လိုဖြစ်တာလဲ “


လုဖုန်း “ နာရီဝက်”


ဝေ့ရှောင်းက အသနားခံသည်။ 


“ ငါမှားပါတယ် ငါမှားပါတယ် CP လဲ မဖွဲ့တော့ပါဘူး။ တစ်ဘဝလုံး CP လဲမဖွဲ့တော့ပါဘူး”


လုဖုန်းက လမ်းလျှောက်နေခြင်းကိုပင် ရပ်တန့်လိုက်ပြီး သူ့ကို လှည့်ကြည့်သည်။ 


“ ဝေ့ရှောင်း”


ဝေ့ရှောင်ရှောင်းက သေးငယ်ပြီး နာခံကာ ချစ်စရာကောင်းသောပုံစံလေး ပြုမူပြီး 


“ ငါ နားထောင်နေတယ်လေ”


လုဖုန်းက မျက်နှာသေနှင့် ပြောသည်။


“ အိပ်ယာ စောစောဝင်”


ဝေ့ရှောင်း “ …..”


ဘာကို ဆိုလိုတာလဲ ငါနာရီဝက်တောင် မရတော့ဘူးလို့ ဆိုလိုတာလား ။


“ သေစမ်း “


ဝေ့ရှောင်းက စိုးရိမ်စိတ် များသွားသည်။ 


“ မဟုတ်ဘူး မဟုတ်ဘူး ခေါင်းဆောင် ငါ မှားပါတယ် “


လုဖုန်းက သူ့ကိုကြည့်သည် 


“ ဘာမှားတာလဲ”


ဝေ့ရှောင်း၏ အမူအရာက ခပ်ထိုင်းထိုင်း ဖြစ်သွားသည်။ သူ ဘာမှားတာလဲ ။


သူ ဘာမှားလဲ သူလဲ သိချင်တယ်လေ။


အမျိုးသား တစ်ယောက်အတွက် ရှင်သန်လိုစိတ်သည် အလိုလျောက် သိသောခံစားချက် ဖြစ်သည်။ ဝေ့ရှောင်းက နည်းဗျူဟာကျကျ နိုးဆွကြည့်ရန် ကြိုးစားကြည့်လေသည်။ 


“ အင်း CP ဖွဲ့တာလား “


လုဖုန်းက နှာခေါင်း ရှုံ့သည်။


ဝေ့ရှောင်းက စိုးရိမ်စိတ််များလွန်းသဖြင့် သေချင်နေသည်။


“ မင်း ဆုံးဖြတ်ရင် ဘယ်လိုလဲ”


လုဖုန်း “ ငါက ဘာကို ဆုံးဖြတ်ရမှာလဲ”


ဝေ့ရှောင်း “ ဒီအတိုင်း CP CP ဖွဲ့တဲ့အကြောင်းလေ”


လုဖုန်းက အပေါ်ထပ်သို့ တက်သွားသည်။ အနောက်ဘက်မှ တံခါးကို ပိတ်သွား၏ ။ ဝေ့ရှောင်းကမူ သူ၏နှာခေါင်းနှင့် ရိုက်လုနီးပါး ပုံစံမျိုးနှင့် ကျန်ရစ်ခဲ့လေသည်။


ပိုင်ချိုင်က ဖရဲသီးဖျော်ရည်ခွက် တစ်ခွက်နှင့် ထွက်လာကာစ အချိန်တွင် ရပ်နေသော ဝေ့ရှောင်းကို မြင်လိုက်သည်။ 


“ ဘာဖြစ်တာလဲ “


မသိရင် သူ့ကောင်လေးက တံခါးအပြင်ဘက်မှ ပိတ်ထားခဲ့တဲ့ ပုံစံမျိုးနဲ့။


ဝေ့ရှောင်း ကဖရဲသီးဖျော်ရည်ကို လုယူလိုက်ပြီး ဖိအားအပြည့်နှင့် ပြောသည်။


“ ခေါင်းဆောင်ရဲ့ စကားလုံးတွေကို ယုံကြည်လို့မရဘူး “


သေချာပေါက်ကိုဘဲ ဒီကောင်လေးဆိုတာနဲ့ ပတ်သက်နေတယ်။

34.2 02

ပိုင်ချိုင်က မျက်လုံးလှန်သည်။ 


“ ငါ့ရဲ့ဖျော်ရည်ကို ပြန်ပေး ဒီလောင်ဇီက အခုလေးတင် လုပ်လာတာ”


ဝေ့ရှောင်းက တစ်ငုံ ခပ်ကြမ်းကြမ်း သောက်သည်။ 


“ မင်းက ဖရဲသီးတော င်မကြိုက်ဘဲနဲ့”


ပိုင်ချိုင် “ ဒီစခန်းတစ်ခုလုံး ဖရဲသီးတွေဘဲ ပြည့်နေတာ ငါက ရွေးချယ်စရာ ရှိလို့လား”


ဝေ့ရှောင်းက လိုရင်းကိုပြောသည်။ 


“ ပန်းသီးနဲ့ လိမ္မော်သီး လည်းရှိပါတယ်။ မင်းငါ့အတွက် ဖျော်ရည် ဖျော်ပေးလေ”


ပိုင်ချိုင် “.....” 


သေစမ်း ဒီသားရဲကောင်လေးက ကောင်းကောင်း ဆက်ဆံတာနဲ့တောင် မတန်ဘူး။


သူတို့ နှစ်ယောက်က လေ့ကျင့်ရေးအခန်းထဲသို့ ဝင်လိုက်ကြသည်။ ပိုင်ချိုင်က မေးသည် ။ 


“ ဆိုတော့ ဒီတစ်ကြိမ် ခေါင်းဆောင်ကို မင်း ဘယ်လို ရန်စခဲ့တာလဲ”


ဝေ့ရှောင်းက သက်ပြင်းချသည်။ 


“ ငါ မသိဘူး ၊ ခေါင်းဆောင်ရဲ့ နှလုံးသားက ပင်လယ်အောက်ခြေက အပ်လိုဘဲ ငါဖောက်မမြင်နိုင်ဘူး “


ပိုင်ချိုင်သည် ဆောင်းတွင်းလေ့ကျင့်ရေးနှင့် ပတ်သတ်ပြီး အနည်းငယ်စိုးရိမ်နေလေ သည်။ ထို့ကြောင့် သူက မေးလိုက်၏။


“ ပြင်းထန်တဲ့ လေ့ကျင့်ရေးနဲ့များ ဆက်စပ်နေလား”


ဝေ့ရှောင်းက ခေါင်းညိတ်သည် ။ 


ပိုင်ချိုင်က မျက်မှောင်ကြုတ်၏။


“ ဘယ်လိုမျိုးလဲ”


ချန်းဖုန်းက လွန်ခဲ့သော ၂နှစ်ခန့်က လေ့ကျင့်ရေးနှင့်ပတ်သက်ပြီး ပြောသွားသည် ။ ထိုအကြောင်းအရာသည် အလွန်တစ်ကယ်ပင် ရက်စက်လွန်းသည်။ ပိုင်ချိုင်သည်လည်း ခေါင်းဆောင်နှင့် ၂နှစ်နီးပါး အတူရှိနေခဲ့သည့်အလျောက် ထိုအကြောင်းအရာနှင့် ပတ်သက်၍ ရင်နာမိလေသည်။


ဝေ့ရှောင်းက သူ၏ညီအစ်ကိုကောင်းနှင့် ပတ်သက်လာသော် အမြဲတစေ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောတတ်သည်။ သူက ရှင်းပြ ၍ပြီးသွားပြီးနောက် ပြောလာသည်။ 


“ ငါ့ကိုပြောစမ်းပါ။ မင်း ဘယ်လိုထင်လဲ ငါ့ကို ပြော ၊ ခေါင်းဆောင်ပြောတဲ့ ဘယ်စကားတွေကများ နားလည်မှု မလွဲစေလို့လဲ”


ပိုင်ချိုင် “.....” 


ဝေ့ရှောင်းတွင် ပြောစရာ ကျန်သေးသည်။ 


 “ ပြော၊  ငါပြောတာ ဘာမှားလို့လဲ ဒီစကားလုံးတွေကိုသာ Weibo ပေါ်တင်လိုက်ရင် တစ်လောက်လုံးကလည်း ငါတို့ ချစ်နေကြပြီလို့ မထင်လောက်ဖူးလား “


ပိုင်ချိုင်သည် Expression pack ကို အရေးတကြီး လိုအပ်လာသည်။ 


“ဟုတ်တယ် နောင်တရတယ်  ဒီလူက အရမ်းကိုနောင်တရတယ် “ လို့ပြောနေလိုက် Expression pack လေး….


သူ မမေးခဲ့သင့်ဘူး။ သောက်ကျိုးနည်း ဘာလို့ သွားမေးတာလဲ။ 


ဝေ့ရှောင်းကမူ သေသည်အထိ ယူကျုံးမ ရဖြစ်နေသည်


“ ငါ CP ဖွဲ့ဖို့ မပြောရင် အဆင်ပြေသေးတယ်။ ဒါပေမဲ့ ငါCP မဖွဲ့ဘူးလို့ ပြောတာကလည်း အဆင်မပြေသေးပြန်ဘူး။ 2 နာရီကြီးတောင် solo ရမဲ့ အခြေအနေက ရုတ်တရက် ဒီလို လွင့်ပြယ်သွားတယ်။ ငါရဲ့မျက်စိရှေ့ကနေ ပျံထွက်သွားသလိုဘဲ”


ပိုင်ချိုသည် ရေအေးများကို ပါးစပ်နှင့် ငုံသောက်ရင်း သူ၏အံ့ဩသင့်မှုကို ဖိချလိုက်သည်။ 


“ လောင်ဝေ့”


ဝေ့ရှောင်း “ ဟင်”


ပိုင်ချိုင် “ မင်းရဲ့ညီအစ်ကိုက ပေးတဲ့အကြံကိုနားထောင် မင်းဒီည အပေါ်တက်ပြီး ခေါင်းဆောင်ကို သွားရန်မစနဲ့ “


ဝေ့ရှောင်းက လက်သင့်မခံလိုသေးချေ။


ဒါပေမဲ့ သူငါ့ကို ကတိပေးထားတယ်လေ ။


ပိုင်ချိုင်က သူ၏ ပုခုံးကိုပုတ်ပြီး ဖြောင်းဖျဟန်ဖြင့်ပြောသည်။ 


“ ငါပြောတာကို နားထောင် ၊ မင်းရဲ့ ညီအစ်ကိုက ဘယ်တော့မှ မင်းကို ထိခိုက်အောင် မလုပ်ဘူး”


မင်းသောက်ကျိုးနည်း အပေါ်တက်သွားပြီး ရှုပ်ရှုပ်ထွေးထွေးသွားလုပ်ရင် ခေါင်းဆောင်က ဒေါသအပြည့်နဲ့ မင်းကို အမှန်တကယ် ကိုင်တွယ်လောက်တယ်။


သေစမ်း ။


ဒါက ကိုယ့်ကိုကိုယ် အနိုင်ကျင့် နှိပ်စက်နေသလိုဘဲ တစ်ဖက်သတ်အချစ်က မဆိုးရွားသေးဘူး။ လျို့ဝှက် အချစ်ကလည်း ဒီထက်ပိုပြီး မဆိုးရွားနိုင်ဘူး။


ဆိုးရွားသည်မှာ နှလုံးမဲ့ ဘာကိုမှနားမလည်ဘဲ ကန်းနေသော ထိုသားရဲကောင်လေးက ကောင်းကင်ထိ ရောက်နိုင်သော အမျိုးအစားဖြစ်သည်။ 


ပိုင်ချိုင်သည် FTW က championship နိုင်သော အခြေအနေကို မြင်ချင်သေးသည်။ ထိုသားရဲကောင်လေးက အိပ်ယာထဲတွင် သေသွားလျှင်ပင် ကိစ္စကြီး မဟုတ်သေးချေ ။ သို့သော် သူတို့၏ အသင်းကသာ လူလိုသဖြင့် ၄ယောက်တည်းနဲ့ အဆုံးသတ်သွားခဲ့လျှင်မူ ကပ်ဘေးစိုက်မည် ဖြစ်သည်။ 


ဝေ့ရှောင်း အပေါ်ထပ်သို့တက်ပြီး ကိုယ့်ကိုကိုယ် အသေသတ်ရန် အလို့ငှာ ပိုင်ချိုင်က ရှောင်နင် နှင့်လောင်ယွဲ့ တို့ကို ဆွဲခေါ်ပြီးသူတို့ကို အသီးသီး အဖော်ပြုခိုင်းရသည်။ 


သူတို့ချထားသော စည်းမျဉ်းများက ယခုလိုဖြစ်သည်။

34.2 03

သူတို့သည် အဆင့်တက် Game ပွဲ ၃ပွဲကို အတူဝင်တိုးမည် ဖြစ်ပြီး ဝေ့ရှောင်းကို အဖော်ပြုလျက် Solo တစ်ပွဲစီ တိုက်ခိုက် ပေးရပေမည်။ တစ်နည်းအားဖြင့် ဝေ့ရှောင်းသည် ဖြုန်းတီရန် အချိန်တစ်ခဏပင် မရှိဘဲ ခေါင်းဆောင်ကို သွှားမရှာနိုင်ရန် မျှော်လင့်ကြသည်။ 


လေ့ကျင့်ရေးခန်းသည် အင်အားတက်ကြပြီး အပူတက်နေသည်။ ၁၀ နာရီထိုးတွင် လုဖုန်းက အောက်ထပ်သို့ ဆင်းလာသည်။ 


ဝေ့ရှောင်းသည် ညနေပိုင်းက ကိစ္စကိုမေ့နေပြီ ဖြစ်သည်။ ယခုအခါ လုဖုန်းကို မြင်သောအခါ သူ၏ မျက်လုံးက တစ်ဖက်သူ၏ ကိုယ်ထံ ကပ်သွားပြန်သည်။ သူ့ကိုဆွဲခေါ်သည့်တိုင်အောင် မျက်လုံးက မရွေ့လာချေ။


လုဖုန်းက သူ့ကို မကြည့်ဘဲ Projector ထံသို့ သွားသည်။ 


“ ဒီနှစ်ရဲ့ လေ့ကျင့်ရေးက ယခင်နှစ်တွေနဲ့ မတူဘူး “


ပိုင်ချိုင်က စိတ်အေးစွာ သက်ပြင်းချသည်။ ကံကောင်းသည်မှာ လုဖုန်းသည် လေးလံသော ကိစ္စအတွက် လာခြင်းဖြစ်ပြီး ထိုသားရဲလေးကို အပေါ်ထပ်သို့ ခေါ်သွားရန် မဟုတ်ချေ။ 


ချန်းဖုန်းက လည်းဘေးဘက်မှ ဝင်လာသည်။ သူသည် လူတိုင်းအား အသေးစိတ်အခြေနေများကို ရှင်းပြပေးသည်။ 


ဒီနှစ်၏ ဆောင်းတွင်းလေ့ကျင့်ရေးက ယခင်နှစ်များနှင့် ခြားနားသည်။ ချန်းဖုန်း ယခင်က ပြောထားသလိုမျိုး အတိတ်မှ ဆောင်းတွင်းလေ့ကျင့်ရေး များသည် အင်အားကြီးမားသော အသင်းများအတွက် သီးသန့် ဖြစ်လာသည်။ သာမာန် အသင်းများက ဝင်မပြိုင်ကြတော့ချေ ။ သာမာန်အားဖြင့် ပြိုင်ပွဲ ကော်မတီကလည်း ပြိုင်ပွဲနယ်မြေ အသီးသီးမှ အဆင့်အသီးသီးအတွက် လေ့ကျင့်ရေးကဏ္ဍများကို ဟန်ချက်ညီအောင် ချထားပေးလေ့ရှိပြီး တရားဝင်ပွဲစဉ်များက စတင်သောအခါ ထိုပြိုင်ပွဲများကို ပို၍ပင် ကြည့်ပျော်ရှုပျော် ကောင်းစေရန်မျှော်လင့်ထားသည်။ 


ကံဆိုးသည်မှာ အင်အားကြီးမားသောအသင်းများနှင့် အင်အားနည်းသော အသင်းများကြားမှ ကွာခြားချက်သည် အလွန်ကြီးမားလွန်းသည်။ ၁၅ ရက်က မကြာရှည်ချေ ။ အသင်းများအားလုံးကို တစ်နေရာတည်းတွင် စွဲထည့်ထားပြီး အင်အားကြီးမားသော အသင်းများက အခြားသော အင်အားကြီးမားသော အသင်းများနှင့် လေ့ကျင့်ရန်ကိုသာ ပို၍အာရုံစိုက်နေသည်။ 


ပြိုင်ပွဲရေးကော်မတီကလည်း မဲနှိုက်ရန် အကြံအစည် ထုတ်လိုက်ကြသည်။ သို့သော် ထိုအခြေနေက ပို၍ပင် ဆိုးသွားစေသေးသည်။ 


အင်းအားကြီးမားသော အသင်းများ၏ မဲနှိုက်ခြင်းကို ခံလိုက်ရသော အင်အားနည်းသည့် အသင်းများက Game 10 ပွဲကျော်ခန့်အထိ အနိုင်ကျင့် နှိပ်စက်ခံလိုက်ရပြီး သူတို့၏ စိတ်ပိုင်းဆိုင်ရာက ပြိုလဲကျသွားပြီး သူတို့သည် နောက်နှစ် လေးကျင့်ရေးပွဲကိုပင် မတက်ကြတော့ချေ။


ထိုသို့ဖြင် သူတို့သည် ဒီစည်းမျဉ်းများကို ထပ်ခါတလဲလဲ ပြောင်းနေရသည်။ ထိုသို့ဖြင့် သင့်လျော်သော ဖြေရှင်းချက်ကို မတွေ့နေသေးပေ။ ဒီနှစ်တွင်မူ ပြိုင်ပွဲရေး ကော်မတီက အကြံအသစ်ကြီး တစ်ခုရလိုက်၏ 


ဒီနှစ်ဆောင်းတွင်း လေ့ကျင့်ရေးအတွက် ၁၈သင်းသာ စာရင်းသွင်းထားသည်။ သို့သော် ပြိုင်ပွဲရေးကော်မတီက နောက်ထပ် ၁၈ သင်းကို အနိုင်ကျင့်ဖြားယောင်းပြီး ပါဝင်ခိုင်းထားသည်။ 


ပြိုင်ပွဲရေးကော်မတီသည် အထူးဆောင်းတွင်းလေ့ကျင့်ရေး server ကို တည်ဆောက်လျက် လေ့ကျင့်ရေးကို တက်သော မည်သည့် ကစားသမားကိုမဆို အသုံးပြုချိတ်ဆက်ခွင့်ပြုထားသည်။ 


သူတို့သည် Login ဝင်လိုက်ပြီးနောက် သူတို့၏အသင်းဖော်များနှင့် အသင်းဖွဲ့နိုင်ရုံသာ မကသေးလေဘဲ အဆင့်တက်ပွဲစဉ်များတွင် လွဎ်လပ်းစွာ match လုပ်နိုင်ပြီး လှေကားပေါ်လို့ တစ်ဆင့်ချင်းစီ တက်နိုင်လေသည်။ 


ထိုအခြေအနေက ဟာသကြီးနှင့်တူသည်။ သူတို့သည် အသင်းဖော်များထံမှ ခွဲထွက်ပြီး တခြားသော အသင်းများနှင့် ပူးပေါင်းရန် မဖြစ်နိူင်ပေ။


နောက်ပြီး ဒီ Free matching က ဘာကိုဆိုလိုတာလဲ ။


ပြောရမည်ဆိုလျှင် ထိုအခြေအနေက အားနည်းသော အသင်းများကို ကူညီနေခြင်း ဖြစ်သည်။ 


အသင်းအပြည့်ဖွဲ့ခြင်းက အရေးကြီးသည်။ သို့သော် အသင်းများ ကြားထဲမှ ကွာဟချက်ကြီးမားလွန်းနေသည်။ အင်အားကြီးမားသော အသင်းများ ကလည်း အင်အားနည်းပါသော အသင်းများနှင့် ကစားရန်စိတ်မဝင်စားကြသလို အင်အားနည်းပါးသောအသင်းများကလည်း မတိုက်ခိုက်ရဲကြပေ။ သို့ရာတွင် Individual ability နှင့်ပတ်သတ်လာသော်  ထိုအခြေအနေကို လျစ်လျူရှု၍ရသည်။ 


အားနည်းသောအသင်းများက ဒီဆောင်းတွင်းလေ့ကျင့်ရေး အတွင်း သူတို့၏အသင်းများကို မလေ့ကျင့်ပေးနိင်ချေ။ ထိုအတွက်ကြောင့် ကစားသမား တစ်ယောက်ချင်းစီတိုင်း၏ အင်အားကို တိုးတက်အောင်လုပ်ခြင်းက အဆင်ပြေနေသေးသည်။ 

34.2 04

ထိုအကြောင်းအရာကို တွေးကြည့်ပြီးနောက် မဟာမိစ္ဆာဘုရင် ၏ ပြိုင်ဘက် ဖြစ်ရခြင်း ကြောက်စရာကောင်းသော အခြေအနေမျိုး ဖြစ်နေပြန်သည်။ 


သို့သော် သူ၏ အသင်းဖော် ဖြစ်သွားလျှင်မူ ခြားနားသွားပြန်သည်။ 


လူတိုင်းသည် ထိုကဲ့သို့သော ခံစားချက်မျိုးကို ခံစားရန် အခွင့်အရေး မရှိဖူးချေ။ သူတို့က ခံစားကြည့်ဖူးရုံနှင့် ပြိုင်ပွဲစင်မြင့်ပေါ်တွင် ပြန်တွေ့သောအခါ ထင်သလောက် ဖိအားများတော့မည် မဟုတ်ချေ။


ထိုအခြေအနေက ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာ ဖိအားအတွက်လည်း ကောင်းသည်။ 


ပို၍ ဆိုးသည်မှာ Free matching များသည် အစပိုင်းသာဖြစ်သည်။ ဆောင်းတွင်းလေ့ကျင့်ရေးသည် အသင်းလေ့ကျင့်ရေးကို ပို၍ပင် အာရုံစိုက်ထားခြင်း ဖြစ်သည်။ 


Free matchingသည် ကစားသမားတစ်ယောက်ချင်းစီတိုင်း၏ လမ်းကြောင်းကို ခြေရာခံကောက်ခြင်းသာဖြစ်သည်။ 


တစ်နေ့တာအတွင်း Ranking သတ်မှတ်ချက်တွင် Point အမြင့်ဆုံး ကစားသမားက နောက်တစ်ရက်လေ့ကျင့်ရေး Match ပွဲတွင် အသင်းတစ်သင်းကို လွတ်လွတ်လပ်လပ်  ရွေးချယ်နိုင်သည်။ ရွေးချယ်ခံကသော အသင်းက မငြင်းနိုင်ပေ။


ဒီနည်းအားဖြင့် လူသစ်များကို ခက်ခက်ခဲခဲ ထည့်သွင်းထားသည့် အားနည်းသောအသင်းများ ကိုကူညီသည်ဟု ပြော၍ရသည် ။ သို့သော် သူတို့၏အသင်းကို မွမ်းမံရန်အတွက် လေ့ကျင့်ရေးပွဲစဉ်များကို ရှာဖွေရန်ခက်ခဲသော အသင်းများ အတွက်လည်း အကူအညီ ဖြစ်လောက်စေသည်။ 


Free Matching အပြင် အသင်းများက သူတိူ့အချင်းချင်း လေ့ကျင့်ရေးပွဲစဉ်များကို လေးနက်စွာ စီစဉ်နိုင်သေးသည်။ ထိုအတွက်ကြောင့် အင်အားကြီးမားသော အသင်းများအတွက် ခြားနားချက်မရှိတော့ချေ။ 


Free Matching သည်အခွင့်ရေးတစ် ခုရရန်အတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ရသည့် အားနည်းသောအသင်းများအတွက် လွတ်လမ်းတစ်ခု ပေးထားခြင်းသာဖြစ်သည်။ ထိုအားသာချက်ကိုအသုံးပြု၍ ပြိုင်ပွဲရေးကော်မတီ သည် အသင်းများစွာကို ပါဝင်ရန် လာဘ်ထိုးထားကြသည်။ 


အသင်းက 36 သင်းဖြစ်ပြီး ပမာဏက အလွန်များသည်။ 


ပြိုင်ပွဲရေးကော်မတီသည် တစ်ချို့ကိစ္စကို ဖြေရှင်ပေးထားသည်။ မဲအရ သူသည် အသင်းများကို နှစ်ဖွဲ့ခွဲထားသည်။ ဥပမာအနေဖြင့် Group A တွင် ခေါင်းဆောင်သည် 2010 မှChampionship Runner up L&P ဖြစ်ပြီး တတိယနေရာက Pro ဖြစ်သည်။ Group B ခေါင်းဆောင်နေရာက မှာ Champion Y1 နှင့် နံပါတ်လေး နေရာမှာမူ EVE ဖြစ်သည်။ 


Group Aအတွက် လေ့ကျင့်ရေးနေရာသည် အရှေ့တောင်အာရှမှ ကျွန်းဖြစ်သည်။ Group Bအတွက် လေ့ကျင့်ရေးနေရာကမူ မြောက်အမေရိကားမှ ကျော်ကြားသော ကျွန်းဖြစ်သည်။ နှစ်ဖွဲ့လုံးသည် သီးသန့်လေ့ကျင့်ကြရမည် ဖြစ်သည်။ 


တရုတ်ပြိုင်ပွဲဝင်ဇုန်သည် ဒီတစ်ကြိမ်တွင်လုံလောက်အောင် မာကြော ထားသည်။ တက်ရောက်သော အသင်းတိုင်းက သူတို့၏ လက်နှင့် စာရင်းသွင်းထားကြခြင်းဖြစ်ပြိး အထူးတစ်လည် ဖိတ်ကြားထားခြင်းမရှိချေ။ FTW နှင့် 3U သည် Group A တွင်ဖြစ်သည် ။ RR နှင့် TPTက Group B တွင်ဖြစ်သည်။ Group A ကပို၍ ကြမ်းတမ်းသည်သော် Group B က ပို၍ ကြမ်းတမ်းသည်လောဆိုသော အချက်ကိုမူ လဝက်ခန့်ကြာပြီးနောက် ပြည်တွင်း ပြိုင်ပွဲများတွင် တွေ့ရမည်ဖြစ်သည်။ 


ထိုအခြေအနေကိုကြားရပြီးနောက် ဝေ့ရှောင်းက ဆောင်းတွင်းလေ့ကျင့်ရေးက စိတ်လှုပ်ရှားစရာ ကောင်းလွန်းသည်ဟု ခံစားရသည်။ 


ထိုအခြေအနေတွင် သူ၏ ၂နာရီ Solo ချိန်က ပျောက်ကွယ်သွားသော အချက်နှင့်ပတ်သတ်ပြီး ဆိုးရွားသည်ဟုပင် မခံစားရချေ။ 


ချန်းဖုန်းက ထပ်ဖြည့် ပြောသည်။ 


“ Hotel အခန်းတွေအားလုံးကို ပြိုင်ပွဲရေးကော်မတီက Double ခန်းတွေအဖြစ် စီစဉ်ပေးထားတယ် ၊ ငါတို့နေထိုင်တဲ့ ပုံစံ ကိုကြိုတင် ပြင်ဆင်ထားလို့ရတယ်”


ဝေ့ရှောင်းက လေထဲသို့ လက်မြောက်သည်။ 


ချန်းဖုန်း “ ပြော”


ဝေ့ရှောင်း “ ငါတို့ အခန်းဖော်ကို ကိုယ့်ဘာသာ ရွေးရမှာလား”


ချန်းဖုန်း “အင်း”


ပိုင်ချိုင် ကလည်း တစ်ခုခု ဆိုးရွားလာတော့မည်ဟု ခံစားလိုက်ရသည်။.


သေချာပေါက်ဘဲ......


ဝေ့ရှောင်းက ကျယ်လောင်စွာအော်ပြောသည်။ 


“ ငါ ခေါင်းဆောင်နဲ့ အခန်းမျှ သုံးလို့ရမလား”


ပိုင်ချိုင်: FUCK


******