အပိုင်း (35.1)
ခေါင်းဆောင် ငါမင်းရဲ့အိပ်ယာထဲကို အိပ်နေရင်း လမ်းထလျှောက်ရောက်လာရင် စိတ်ထဲထားမှာလား
ပိုင်ချိုင်က အခြေအနေကိုကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။
“ Hotel ခန်းထဲမှာ ဘာပစ္စည်းမှမရှိဘူးမဟုတ်ဘူး “
ချန်းလျိုက ဖြေသည်
“ Computer တွေတော့သေချာပေါက်ရှိမှာဘဲ ဒါပေမဲ့ ငါတို့ ကိုယ်ပိုင် ပစ္စည်းတွေတော့ ယူသွားရမယ် “
ပိုင်ချိုင် “.....”
လျိုကော အသိဝင်အုံး ဆီတွေ ရှာလကာရည်တွေ လောင်းမထည့်ပါနဲ့။
ပိုင်ချိုင်က ပြင်းပြင်းထန်ထန် ကြိုးစားသည်။
“ဒါဆိုရင်လဲ လောင်ဝေ့နဲ့ ခေါင်းဆောင်ကို အတူမျှမသုံးခိုင်းနဲ့လေ။ သူက အခန်းထဲ ကမထွက်နိုင်တဲ့အထိ ခေါင်းဆောင်ကို ကြိုက်နေတာလား”
ထိုသို့ပြောပြီးနောက် ချိုင်ကောသည်လည်း သူ မကောင်းသောအရာများကို အကြံပေးလိုက်မိသည်ကို ခံစားလိုက်ရသည် ။ သို့သော် သူကိုယ်တိုင်လဲ ထိုကဲ့သို့ မပြောချင်ပါပေ ။
ဝေ့ရှောင်းက မကျေနပ်သေးချေ ။
“ လောင်ပိုင် မင်းငါ့ကို သိက္ခာချနေတာဘဲ “
ပိုင်ချိုင်၏ နှလုံးသားက Championship အတွက် နာကျင်သွားသည် ။
“ ခေါင်းဆောင်နှင့် solo ဖို့ အတွက်ကြောင့်နဲ့ ဒီလိုအကြံပြုတာမျိုး မဟုတ်ဘူးလို့ မင်းပြောရဲလား “
ဝေ့ရှောင်းက ထိန်းထိန်းသိမ်းသိမ်း နေသည် ။
“ လူတွေက သူတို့နှစ်သက်တဲ့ အရာကို လိုချင်ကြတာ ပုံမှန်သဘာဝဘဲ မဟုတ်ဘူးလား။ ဒါပေမဲ့ ငါက ဘာက ပိုအရေးကြီးလဲဆိုတာ သိပါတယ် ခေါင်းဆောင်ကို ဒီလောက်ကြီးအထိ ပင်ပန်းအော င်မလုပ်ပါဘူး “
ပိုင်ချိုင်က ငရဲကို ယုံကြည်ပေလိမ့်မည်။ သူသည် လက်ကို မြောက်ရင်း အခိုင်အမာပြောသည်။
“ နည်းပြ ဝေ့ရှောင်းက အကွက်ချပြီး အပြုမူ လွဲမှားတာတွေ လုပ်နေပါတယ်။ သူ့ကို ဘယ်နည်းနဲ့မှ ခေါင်းဆောင်နှင့် အတူနေ ခွင့်မပြုသင့်ပါဘူး “
ဝေ့ရှောင်းကလည်း ပြင်းပြင်းထန်ထန် ပြန်ငြင်းသည်။
“ လောင်ပိုင် ငါရဲ့ကိစ္စကို လာရှုပ်နေတာ “
ငါလူး မင်းရဲ့ သောက်ကျိုးနည်းကိစ္စ။
ပိုင်ချိုင်သည် သားရဲလေး၏အပြစ်ကို ခုခံပေးရန် ကြိုးစားနေသည်မှာ ရှင်းနေသည်။ သို့သော် ယခု အခြေအနေအရ ပြောင်းပြန်ဖြစ်သွားပုံ ရသည်။
ကောင်းသည်လား ဆိုးသည်လားမသိ ချန်းလျိုက နောက်ဆုံးတွင် နားလည်သွားပြီး အလျင်စလို ဝင်ပြောသည်။
အဲဒါကတော့ ဒီအချိန်.....
ဒီတစ်ကြိမ် လူ ၉ယောက် သွားမည် ဖြစ်သည်။ မဂဏန်း အရေအတွက် ဖြစ်နေသောကြောင့် ခေါင်းဆောင်သည် တစ်ယောက်ခန်း ရသည်။
သူ၏ စကားမဆုံးသေးခင် လုဖုန်းက ပြောသည်။
“ ငါ ဝေ့ရှောင်းနှင့် နေလိုက်မယ် “
ပိုင်ချိုင် “ “
ဝေ့ရှောင်း ၏မျက်နှာတွင် အပြုံးကြီးက ပေါ်လာသည်။ သူက ပိုင်ချိုင်ကိုကြွားဝါ၏။
“ မင်းကြားလား ၊ ခေါင်းဆောင်က ငါနဲ့ နေချင်တာ “
ပိုင်ချိုင်က သေသွားသည်။ ငါ တကယ် သေသွားပြီ
ချန်းဖုန်းက ခဏမျှ တုန့်ဆိုင်းသွားပြီး နောက် ဘာမှမတွေးရန် ဆုံးဖြတ်လိုက်သည်။
“ ထားလိုက်တော့ “
လုဖုန်းလဲ သူ ဘာလုပ်နေတယ်ဆိုတာကို သိမှာပဲ။ ဒီတော့ သူစိုးရိမ်စရာတော့ မရှိပါဘူး။
အရူးလေးဝေ့ကို စောင့်ကြည့် နေတာလည်း ကောင်းတာပဲ။ ဒီလိုနည်းလမ်းနဲ့ သူ တခြားလူတွေကို ပြဿနာ မရှာနိုင်တော့ဘူးပေါ့။
နည်းပြချန်းသည်လည်း ဒီကိစ္စနှင့် ပတ်သတ်ပြီး သံသယ မဝင်ချေ။ သူတို့ကသာ ဝေ့ရှောင်းကို မျက်စိထောင့်ထောက် မကြည့်နေခဲ့လျှင် ထိုကလေးက ထိုနေရာတွင်ရှိသော ၁၈ သင်းနှင့် ပြိုင်ပွဲဝင် အယောက် ၉၀ ကျော်ကို သွားရှုပ်ပေလိမ့်မည်။
ထိုသို့ဖြင့် အခန်းခွဲဝေမှုက ချောချောမွေ့မွေ့ ပြီးဆုံးသွားသည်။
ရှောင်နင်သည် လောင်ယွဲ့နှင့် အတူနေမည်ဖြစ်ပြီး ချန်းဖုန်းကမူ ထန်ချန်းနှင့် နေပေလိမ့်မည်။ ချန်းလျိုက လက်ထောက်နှင့် တစ်ခန်းရသည်။ ပိုင်ချိုင်ကမူ....
သူသည် တစ်လလုံး ပြင်းပြင်းထန်ထန် ကြိုးစားပြီးနောက် ကောင်းကင်တမျှကြီးသော အတွေးပင်လယ်ကြီးကို ရရှိလိုက်သည်။
ငါတို့ရဲ့ နတ်ဘုရားပိုင် ၊ ငါတို့ရဲ့ ကြွယ်ဝခြင်း နတ်ဘုရားက တစ်ယောက်အခန်းကို ပျော်မွေ့နိုင်တော့မယ် ။
ထိုသို့ဖြင့် ချိုင်ကော၏ ပျော်ရွှင်မှု အပြည့်နှင့် ဖြစ်သည်။
ဝေ့ရှောင်းသည် အခန်းကို မည်သို့ မည်သူခွဲကြောင်း သေချာနားမလည်သေးချေ။ အကြောင်းမူကာ သူ၏ ကိုယ်ပိုင်အခန်းကို ဆုံးဖြတ်ပြီးသောကြောင့် လုဖုန်းက သူ့ကိုကြည့်ပြီး ပြောသည်။
35.1 02
“ ၁၀ နာရီ ထိုးပြီ”
ထိုစကားလုံးများကို တစ်ခြားသောသူများက နားမလည်ချေ။ သို့သော် ဝေ့ရှောင်းကမူ ချက်ချင်းဆိုသလို နားလည်သည်။ ယခင်ကမူ လုဖုန်းသည် သူနှင့် ၂နာရီ ကစားပေးမည်ဟု ပြောထားသည်။ လုဖုန်း၏ အချိန်ဇယားအရ ၁၀နါရီမှ 12 နာရီ ဖြစ်လောက်သည်။
အဝေးသို့ လွင့်ထွက်သွားသော ဝတုတ်နေသည့်ဘဲ တစ်ကောင်က ချက်ချင်း ပြန်ရောက်လာသည်။
ဝေ့ရှောင်းက အခန်းများကိုပင် ဂရုမစိုက်တော့ဘဲ ချက်ချင်း ဒီလိုပြောသည်။
“မြန်မြန် မြန်မြန် “
သူသည် မတ်တပ်ထရပ်လိုက်ပြီး လုဖုန်း၏ နောက်မှ လိုက်ကာ Double Training Roomထဲ သို့ ဝင်သွားလိုက်သည်။
အချိန်က အံကိုက် ဖြစ်သည်။ သန်းခေါင်သို့ရောက်သည်နှင့် လုဖုန်းက Game ထဲမှ ထွက်သည်။
ဝေ့ရှောင်းက မလုံလောက်သေးဟု ခံစားနေရသေးသည်။
အခုမှ 12 နာရီဘဲ ရှိသေးတာ။
လုဖုန်း “ အိပ်ယာ စောစောဝင် “
ဝေ့ရှောင်းသည် အနာဂတ်မှာ ရှည်လျားသည်ဟု တွေးလိုက်ပြီး သည်းခံလိုက်သည်။
လုဖုန်က မတ်တပ်ထရပ်ရင်း သူ့ကို လှမ်းမေးသည်။
“မင်း ဘာလို့ ငါနဲ့ တစ်ခန်းတည်းနေချင်တာလဲ “
ဝေ့ရှောင်းက ချက်ချင်း အလျင်စလို ဖြေသည်။
“ ဒါက solo ဖို့အတွက် မဟုတ်ဘူးနော် “
သူ၏ ထိုစကားလုံးများကို FTW ရှိ မည်သူကမှ မယုံလောက်ချေ”
ဝေ့ရှောင်းက ရှင်းပြသည် ။
“ ငါတကယ်ကို မင်းကို solo match ပွဲတွေအတွက် အတင်းကပ်တွယ်နေဖို့ စဉ်းစားထားတာ မဟုတ်ပါဘူး။ ငါတို့ လေ့ကျင့်ရေးစခန်းကို သွားတဲ့အချိန်မှာ တကယ်ကို အလုပ်များနေမှာဘဲလေ။ နောက်ပြီး လေ့ကျင်းရေးပွဲစဉ်တွေကိုတောင် အဆုံးသတ်ဖို့ လွယ်ကူမှာမှ မဟုတ်တာ။ ငါက မင်းကို ဘာလို့ အတင်း ကပ်တွယ်နေရမှာလဲ”
အထူးသဖြင့် Closeသည် လွန်ခဲ့သော၂နှစ်ခန့်က လေ့ကျင့်ရေးပွဲစဉ်များနှ င့်လဲရန် Solo ပွဲများကို အသုံးပြုခဲ့ရကြောင်း တွေးမိသောအခါ ဝေ့ရှောင်းသည်လည်း ထိုအကောင်များကိုသာ သတ်ချင်လာသည်။
“ ဘယ်လိုကြောင့်များ သူက ဒီကောင်တွေလိုမျိုး ခေါင်းဆောင်ကို အနိုင်ကျင့်ရမှာလဲ”
လုဖုန်းက သူ့ကို ကြည့်သည်။
“ ဒါဆိုရင် ဘာလို့လဲ “
ဝေ့ရှောင်းက တစ်ချက် ဖနောင့်ပေါက်ရင်း ပြောသည်။
“ ဒီတိုင်း........ဒီတိုင်းမင်းနဲ့ တစ်ခန်း နေချင်လို့လေ မရဘူးလား”
သူသည် ထိုစကားကို ပြောရန် အမှန်တကယ် ရှက်နေပုံရပြီး သူ၏သရုပ်ဆောင်မှုကလည်း ပီးပြည့်စုံသည်။
လုဖုန်းက သူ့အကြောင်း ဖော်လိုက်သည်။
“ မင်း အိပ်နေရင်း လမ်းလျှောက်တာကြောင့်လား”
ဝေ့ရှောင်း “......”
ယခုအခါ လုဖုန်းက ခန့်မှန်းနိုင်သွားသဖြင့် သူသည်လည်း ဖုန်းကွယ်ရန် မကြိုးစားတော့ချေ။
“ ဟုတ်တယ် မင်းလွန်ခဲ့ တဲ့၂ နှစ်က မှတ်မိသေးတယ် မဟုတ်လား။ ငါ တံခါးကို ကိုယ့်ဘာသာ ဘယ်လို ဖွင့်လိုက်လဲတော့ မသိပါဘူး။ မင်းရဲ့ အခန်းထဲကို ရောက်သွားပြီး မင်းကို ဖက်ရင်း အိပ်ပျော်သွားတာပဲ”
ဝေ့ရှောင်းသည် ထိုအကြောင်းအရာကို တွေးမိရုံနှင့် ဖိအားများလာသည်။
သူတွင် အမြဲတစေ အိပ်နေရင်း လမ်းထလျှောက်တတ်တဲ့ ပြဿနာ ရှိသည်။ ထို့ကြောင့် သူသည် တခြားသောသူများနှင့် အိပ်ခဲသည် ။ ပုံမှန်အားဖြင့် သူသည်လည်း သူ၏ အိမ်မှ အိပ်ခန်းတံခါးကို ပိတ်ထားလေ့ရှိသည်။ တစ်နည်းအားဖြင့် သူသည် လမ်းလျှောက်ရင်း အပြင်သို့ ထွက်သွားလျက် ပြန်မလာတတ်မည့် အခြေအနေကို စိုးရိမ်၍ ဖြစ်သည်။ သို့ရာတွင် နှစ်ပေါင်း များစွာကြာလာပြီးသည့်နောက်တွင် တံခါးမဖွင်နိုင်ခဲ့ပါချေ လွန်ခဲ့သော ၂ နှစ်ခန့်ကမူ မည်သည်ကြောင့် လုပ်တတ် သွားကြောင်းကို မသိတော့ချေ။
ထိုသို့ တစ်ကြိမ်ဖြစ်ဖူးသည် ဆိုကတည်းက နောက်တစ်ကြိမ် ထပ်ဖြစ်မည့် အခြေအနေကို ကြောက်နေသည်။ ထို့အတွက်ကြောင့် သူသည် လုဖုန်းနှင့် တစ်ခန်းနေလိုခြ င်းဖြစ်သည်။
“ ငါ တံခါးဖွင့်လိုက်တဲ့အခါ မင်းကတော့ သေချာပေါက်တားမှာပဲ”
လုဖုန်း “......”
ဝေ့ရှောင်းက သူ့ကို အလွန်ပင် တည်ငြိမ်စွာ သတိပေးသည်။
“တကယ်ပါ မင်းစဉ်းစားကြည့်ပါအုံး။ လွန်ခဲ့တဲ့ ၂နှစ်ခန့်ကလေ ငါက ငါ့ရဲ့ကိုယ်ပိုင်တံခါးကို ဖွင့်ခဲ့ရုံမျှ မဟုတ်သေးဘဲ မင်းရဲ့အခန်းတံခါးကိုလဲ ဖွင့်သွားသေးတယ်။ ဒါကတော်တော်လေးကို အံ့ဩဖို့ကောင်းတယ်
လုဖုန်း “ .....”
တကယ်တော့ အဲဒီလောက်ထိ အံ့ဩဖို့ မကောင်းပါဘူး ။
လွန်ခဲ့သော ၂နှစ်က ပိတ်ထားသော တံခါးနှစ်ချက်လုံးကို လုဖုန်းကသာ ဖွင့်ခြင်းဖြစ်သည်။ ဝေ့ရှောင်းကမူ သူ၏လက်မောင်းအတွင်းသို့ ပစ်ဝင်လာပြီး ရေဘဝဲတစ်ကောင်လို ကပ်တွယ်နေခဲ့ကာ လွှတ်ပေးရန် ငြင်ဆန်ခဲ့သည်။
ဝေ့ရှောင်းက ခေါင်းကိုခါ၍ သက်ပြင်းချကာ ပြောသည်။ “အိပ်နေရင်း လမ်းထလျှောက်တဲ့ skill က update ဖြစ်သွားမယ်လို့ မထင်ထားဘူး။ အချိန်ကလည်း ယှဉ်ကြည့်ရင် ၂နှစ်လောက် ကြာသွားပြီဆိုတော့ အိပ်နေရင်း လမ်းထလျှောက်တာ ဘယ်အတိုင်းအတာထိ update ဖြစ်သွားမလဲ မသိဘူး။ ဒီတော့ ခေါင်းဆောင် မင်းငါ့ကို ဂရုစိုက်ပေးရမယ်”
35.1 03
လုဖုန်းက အကြည့်ကို ရွှေ့သည်။
“ အင်း”
ရှင်းပြလို့လဲ နည်းလမ်း မရှိဘူးလေ။ ဒီတိုင်းဘဲထားလိုက်ပါတော့။
ဝေ့ရှောင်းသည် သူဟာ နှလုံးသားမဲ့ပြီး ပေါ့ပျက်သည်ဟု ထင်ရသည်။ သို့သော် ပြောရမည်ဆိုလျှင်သသည် အလွန်နာခံသည်။
“ခေါင်းဆောင် ငါ ခေါင်းဆောင်၏ အိမ်ထဲကို အိပ်နေရင်း လမ်းထလျှောက် ရောက်လာခဲ့ရင် စိတ်ထဲထားမှာလား”
သူသည် လုဖုန်းနှင့် အခန်းအတူ မျှသုံးလိုသည်မှာ လုဖုန်းသည် အမှန်တကယ် ဂရုစိုက်ပေးတတ်သည်။
လုဖုန်းသည် သူ၏ အိပ်နေရင်း လမ်းထလျှောက်သည့် ပြဿနာကို သိထားသည်။မည်သို့ပင်ဆိုစေ သူသည် မျက်နှာပျက်ထားပြီးသား ဖြစ်လေရာ ဒီတစ်ယောက်တည်းထံတွင် ဆက်၍ မျက်နှာပျက်လိုက်တော့မည်။
ထို့ပြင် လွန်ခဲ့သော ၂နှစ်ခန့်က လုဖုန်းသည် သူ့အား အိပ်ယာပေါ်သို့ ကုန်းတက်လာသည့်အတွက် စိတ်ထဲ မထားခဲ့ချေ။ ၂နှစ်ခန့်ကြာပြီးနောက်တွင် သူတို့နှစ်ယောက်သည် တစ်သင်းတည်း ဖြစ်သွားလေပြီ။ ထို့ကြောင့် ပို၍စိတ်ထဲ မထားပေလိမ့်မည်။
လုဖုန်း “.....”
ပြောရမယ်ဆိုရင် သူနည်းနည်းတော့ စိတ်ထဲထားတယ်။
ဝေ့ရှောင်းသည် ချက်ချင်းဆိုသလို မေးလိုက်ပြန်သည်။
“ ကောင်းပြီ ကောင်းပြီ။ ဒါဆိုရင် ငါလောင်ပိုင်ကိုပဲ သွားရှာပြီး သူနဲ့နေ....”
မည်သို့ပင်ဆိုစေ လောင်ပိုင်သည်လည်း သိလေသည်။ ထိုအကောင်သည် ရက်စက်သော်လည်း သူ့ကို အိပ်ယာထဲမှ ကန်ချရုံသာ လုပ်လောက်သည်။
ပထမဦးဆုံး အနေနှင့် လုဖုန်းသည်လည်း သူ၏ပါးစပ်က သူ၏ အကျိုးအကြောင်း ရှင်းပြနိုင်စွမ်းထက်ပင် မြန်ဆန်သည်ဟု ခံစားလိုက်ရ၏
“ မလိုပါဘူး”
ဝေ့ရှောင်း “ ဟင်”
လုဖုန်း “ ငါတို့ တစ်ခန်းတည်းနေလို့ရတယ်”
ဝေ့ရှောင်း “ဒါက ကိုယ့်ကိုကိုယ် ဖိအားမပေးပါနဲ့”
သူ Close မတရား ခံရတာကို မမြင်ချင်ပါဘူး ။
လုဖုန်းက မျက်မှောင် ကြုတ်သည်။
“ ငါ ကငါ့ကိုယ်ငါ ဖိအားပေးနေတာ မဟုတ်ဘူး”
ဝေ့ရှောင်း “ မင်း တကယ်ပဲ ငါနဲ့ နေချင်တာလား”
လုဖုန်း “ အင်း”
ဝေ့ရှောင်း “ ငါအိပ်နေရင်း မင်းကို ဖက်ထားမှာမစိုးရိမ်ဘူးလား”
လုဖုန်း “....”
ဝေ့ရှောင်း “ ငါက......”
လုဖုန်း “ ငါ စိတ်ထဲမထားဘူး “
ဝေ့ရှောင်းက သဘောကျသွားသည်။
“ခေါင်းဆောင် ခေါင်းဆောင်ရဲ့ပုံစံက အားလုံးကောင်းဖို့အတွက် ကတိတွေပေး နေတဲ့ တစ်စုံတစ်ယောက်လိုပဲ”
နတ်ဘုရားလုသည် ဆက်လက်ပြီး နားမထောင်နိုင်တော့သဖြင့် ဖြတ်ပြီး ပြောလိုက်သည်။
“ဝေ့ရှောင်း”
ဝေ့ရှောင်းက ကြောင်သွားရင်း အခြေအနေက မူမမှန်သလို ခံစားလိုက်ရသည်။ သေချာပေါက်ပင် မိစ္ဆာဘုရင်ကြီး၏ နတ်စကားများက ......
“ ငါတို့ တစ်ခန်းတည်း နေလို့ရတယ်။ ဒါပေမဲ့ ဒီ ၁၅ရက်လုံးလုံး မင်းငါ့ဆီ လာပြီး solo match ပွဲတွေအတွက် မရှာနဲ့ “
ဝေ့ရှောင်း “.......”
Shit ဒါက လွန်လွန်းအားကြီးသွားပြီ ။
“ မဖြစ်နိုင်တာ”
ဝေ့ရှောင်းက အမှီလိုက်ပြောသည်။ “ ခေါင်းဆောင် ငါတို့ ဘယ်လိုကြောင့် အခန်းခွဲရမှာလဲ”
လုဖုန်းသည် ခေါင်းပင် လှည့်မကြည့်ချေ။
“တအား နောက်ကျသွားပြီ”
ဝေ့ရှောင်း “ ဟူး “
သူတို့သည် 15 ရက်နေမှသာ ထွက်ခွာမည် ဖြစ်သည်။ ဝေ့ရှောင်းကမူ ပဲပိစပ်လေးအတွက် စိုးရိမ်နေရ၏ ။
လေ့ကျင့်ရေး match ပွဲစဉ်များသည် online တွင်သာ စီစဉ်လေ့ရှိသည်။ သူတို့က ယခုကဲ့သို့ တစ်နေရာတွည်းတွင် ဆွဲခေါ်နိုင်သော အကြောင်းပြချက်ကမူ အရင်းရှင်များ၏ ဝင်ရောက်စွက်ဖက်မူကြောင့် ဖြစ်သည်။ ထိုလူမျာသည် match ပွဲများကို ဖန်တီးရန်အတွက် လိုအပ်သမျှနည်းလမ်းတိုင်းကို အသုံးပြုကြပေလိမ့်မည်။
ဆိုတော့ ဘာလဲ အရာအားလုံးက ပိုက်ဆံအတွက်ပဲ။
သင့်လျော်သောပြိုင်ပွဲတိုင်းက မလုံလောက်သေးချေ။ သူတို့သည် season တစ်ခုပြီးတိုင်း ပြိုင်ပွဲဝင်များကို မထုတ်လုပ်သေးချေ။ ထိုအတွက်ကြောင့် ဆောင်းတွင်းလေ့ကျင့်ရေးစခန်းကို ထုတ်ပြပေးအုံးမည်။
35.1 04
ပြိုင်ပွဲကော်မတီ၏ မူလရည်ရွယ်ချက်က ခြားနားသော ပြိုင်ပွဲဝင်နယ်မြေဇုန်များအကြားမှ ကွာဟချက်ကို ကျဉ်းမြောင်းသွားစေရန် ဖြစ်သည်။ တစ်နည်းအားဖြင့် Global ပြိုင်ပွဲများသည်လည်း အင်အား ကြီးမားသောအသင်းများ၏ လွှမ်းမိုးမှုကိုသာ ခံရတော့မည် မဟုတ်ချေ။ထိုသို့ဖြင့် အခွင့်ရေးအသစ်များ ရလာနိုင်သည်။
သို့ရာတွင်....သူတို့က အမှန်တကယ် စီမံခန့်ခွဲလိုက်သောအခါ နည်းလမ်းက မတူညီသလို ပိုက်ဆံအချို့ကိုသာ လမ်းကြောင်းပြ ကြွားဝါနိုင်ခဲ့သည် ဖြစ်သည်။
ဆောင်းတွင်း လေ့ကျင့်ရေးပြိုင်ပွဲများသည် တိုက်ရိုက်ထုတ်လွှင့်မည် မဟုတ်ချေ။ မည်သို့ပင် ဆိုစေ အမှတ်ကိုလဲ ထည့်မတွက်ချေ အနိုင်အရှုံးကလည်း အဓိပ္ပါယ် အပြည့်မပါပေ။ ထို့ကြောင့် ကြည့်ရှူသူများ၏ အာရုံစူးစိုက်မှုက ထင်သလောက်မကြီးချေ။ သို့သော် သူတိူ့သည်လည်း နေ့စဉ်အကြောင်းအရာများကို တိုက်ရိုက် ထုတ်လွှင့် နိုင်သည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာလာပြီးနောက် Glory သည် အလွန်ပင် စောလွန်းသော အကြည့်တစ်ချက်ကတင် မြောက်များ လောက်စွာသော Star ကစားသမားများကို ကမ္ဘာ့ star များ ဖြစ်သွားစေရန် လုံလောက်သည်အထိ ပျိုးထုတ်ပေးနိုင်သည်။
သူတို့သည် ထိပ်တန်းအဆင့် ကစားသမားများကြားမှ ပြောဆိုဆက်ဆံမှုများကို ဖမ်းယူထားနိုင်သည် ။ တစ်နည်းအားဖြင့် နေစဉ် Activity များကို စီစဉ်ပေးမည်။ တစ်စုံတစ်ယောက်ကမူ မိနစ်ပိုင်းအတွင်း အပြောများသော အကြောင်းအရာ တစ်ခုအဖြစ် ပါဝင်လာနိုင်သည်။
Traffic ရှိသမျှ sponsor များသည် သေချာပေါက် ပိုက်ဆံပေးနေခြင်း ရှိပေလိမ့်မည် ။ ထိုအခြေအနေက အင်အားမလုံလောက်သော အသင်းများအတွက် အလွန်အရေးကြီးသည်။
Offseason အတော်အတွင်း ကစားပွဲများကို မြင်နိုင်ခြင်းနှင့် ကစားသမား များစွာကို မြင်လာရခြင်း ပရိတ်သတ်များကို အလွန်ပင် ပျော်စေလောက်လေသည်။
ထို့ကြောင့် ပြိုင်ပွဲရေးကော်မတီကလည်း လူတိုင်းကို ဆွဲခေါ်ရန် လေ့ကျင့်ရေး လုပ်ကြသည်။ မည်သို့ပင် ဆိုစေ sponsor များသည် Hote fees နှင့် ခရီးစဉ်အတွက် ပေးချေပေးလိမ့်မည်။
မနက်အစောပိုင်းတွင် ဝေ့ရှောင်းက ပဲပိစပ်လေးနဲ့အတူ ပြင်ဆင်မှုများ ပြုလုပ်သည်။
“ သား လိမ္မာတယ်။ မင်းရဲ့ အဖေက မင်းအတွက် အရသာရှိတာ တွေဝယ်လာခဲ့မယ်”
ပဲပိစပ် “ အာဝူးး”
ဝေ့ရှောင်းက သူ၏ခွေးခေါင်းကို ပွတ်သည်။
“ အရုပ်တွေလဲ ဝယ်လာမယ်”
ပဲပိစပ် “ အာဝူး”
ဝေ့ရှောင်းသည်လည်း သူနှင့် ခွဲရမည့် အခြေအနေကို တွန့်ဆုတ်နေသည်နှင့် ဆက်ပြီးချော့သည်။
“ Daddy က မင်းကို နေ့တိုင်း video call ခေါ်မယ်”
ပဲပိစပ် လေးက နားမလည်ချေ။
“ အာဝူး”
ချန်းလျိုက လက်ထောက် မိန်းမငယ်လေးတစ်ယောက်ကို ခေါ်လာသည်။
“ မစိုးရိမ်နဲ့ အခြေစိုက်စခန်းမှာ သူ့ကို စောင့်ကြည့်ဖို့ လူတွေ လွတ်ထားပေးမယ်”
အမျိုးသားနှင့် ခွေးတစ်ကောင်က နက်ရှိုင်းသော ရင်နှီးသော ခံစားမှုများ ရှိကြသည်။
သို့သော် ထိုသို့သော အခြေအနေမှာ အတင်းဆွဲခွဲခံရသည်။ ပဲပိစပ်လေးက ပျော်ရွှင်သော အော်ဟစ်သံနှင့်အတူ ကောင်မလေးကို ခုန်အုပ်သည်။ ကောင်မလေးကလည်း မကြောက်ချေ ။ သူ၏ မျက်နှာက ပို၍ပင်လှသွားသေးသည်။
“အို တအားကို စိတ်အားထက်သန်တာပဲ”
ပဲပိစပ်လေးက သူ၏ အဖေဖြစ်သူက သူဟာ အလှတရားကို မြင်ရုံနှင့် ထိုသို့ အပြေးအလွှားသွားတတ်သည်ဟု ပြောတတ်သောအကြောင်းအရာကို မေ့သွားသည်။ ယခုအခါ လှပသော လက်ထောက်ကောင်မလေးကို မြင်ရုံနှင့် ပျော်ရွှင်စွာ အော်ဟစ်နေလေသည်။
ဝေ့ရှောင်း “......”
“သူဘယ်လိုများ ဒီလိုခွေးကို ပျိုးထောင်ခဲ့တာလဲ”
လုဖုန်းက အောက်ထပ်သို့ ဆင်းလာကာစအချိန်တွင် သူ၏ သုန်မှုန်နေသော ဝေ့ရှောင်းကို တွေ့သွားသည်။
“ ဘာဖြစ်တာလဲ” လုဖုန်းက မေးသည်။
ဝေ့ရှောင်း၏ အသံက မပျော်ပေ။
“ ချွေးမကို ရှာတွေ့သွားတဲ့ နောက်မှာ စွန့်ပစ်ခံရတဲ့ ယောက္ခမလို ခံစားချက်မျိုးပဲ”
လုဖုန်းကလည်း ပဲပိစပ်လေးဟာ လက်ထောက်နှင့် ပျော်နေကြောင်း မြင်လိုက်သည် ။ ပဲပိစပ်သည် လုဖုန်းကို မြင်ပြီးပြီးချင်း ထိုညီမလေး၏အနားမှ ချက်ချင်းဆိုသလို ထွက်လာသည်။ လုဖုန်းက မေးစေ့ကို ပွတ်ပေးရင်း သူ၏မျက်လုံးကလည်း နူးညံ့သွားသည်။
“ နေရာကို သေချာကြည့်ထား”
ပဲပိစပ်လေးက သူ၏ကြီးမားသော ခေါင်းကြီးဖြင့် ပွတ်သည်။ ထိုသို့ဖြင့် နီးကပ်မှုကို ပြသသည်။
ပိုင်ချိုင်က အောက်ထပ်သို့ ဆင်းလာကာစအချိန်တွင် ဝေ့ရှောင်းက အချဥ်ပေါက်နေသော လေသံနှင့် ပြောသည်။
“ ဒီခွေးက ဒါကိုပြပြီးဘာကိုဆိုလိုတာလဲ”
ပိုင်ချိုင်က ပုခုံးတွန့်ပြသည် ။ “ဟင်”
ဝေ့ရှောင်းက ဒေါသတကြီး ပြောပြန်သည် ။
“ ငါနဲ့ခေါင်းဆောင်အကြား မှာ ဘယ်သူကပိုပြီး ဆွဲဆောင်မှုရှိလဲ”
ပိုင်ချိုင် “ .”
မနက်က ဒီလောက်စောသေးတာ ဘယ်လိုကြောင့်ငါ ဒီလောက် အန္တရယ်များတဲ့ မေးခွန်းမျိုး အမေးခံရတာလဲ ။
******
35.2 01
အပိုင်း(35.2)
ပိုင်ချိုင်: သောက်ကျိုးနည်း အဖြောင့်လား
ဝေ့ရှောင်း၏ လှုပ်ရှားမှုက သေးငယ်ခြင်း မရှိချေ။ လုဖုန်းကလည်း ကြားလိုက်ရသည်။ သူကပင် ဘေးတိုက်ကြည့်ရင်း ပြောလိုက်သည်။
“မင်းက ကြည့်ကောင်းတယ် “
ပိုင်ချိုင် “ “
သူ၏လက်က ချော်သွားသည်။ ချိုင်ကောအနေဖြင့် သူ၏ ယွမ် 66000 တန် ခရီးဆောင်အိတ်အား လှေကားပေါ်မှ လိမ့်ကျသွားသည်။
ဝေ့ရှောင်းက ပဲပိစပ်လေးကို ကြည့်လိုက်သည်။
“ မင်းက ငါ့ကို ဒီအတိုင်း ချော့နေတာပဲ။ ကြည့်ပါအုံး သူက မင်းနဲ့ ဒီတိုင်းနီးနေတာ ရှင်းနေတာပဲကို “
ဒီခွေးက အလှစံချိန်စံနှုန်း စမ်းသပ်သူလိုဘဲ ဖော်ပြရန် ခက်ခဲလောက်အောင် တိကျတယ်။
လုဖုန်းသည် ပဲပိစပ်လေးအား အလွန်ညှင်သာစွာ ပြုံးပြသည်။
“ မင်းသာ သူနဲ့ အချိန်များများ အတူရှိနေပေးမယ်ဆို သူကလည်း မင်းနဲ့ အရမ်းကို နီးကပ်လာမှာပါ “
သူကသာ ဝေ့ရှောင်းကို မနက်၇နာရီ ထလိုလျှင် ဒီတိုင်း သတ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
“ ထားလိုက်ပါတော့ ထားလိုက်ပါတော့ “
ဝေ့ရှောင်းက ချက်ချင်းဆိုသလို လိုလိုချင်ချင်နှင့် လက်လျော့သည်။
“ မင်းက ပိုပြီး ကြည့်ကောင်းပါတယ်။ ငါတို့ရဲ့ Clos က Glory ရဲ့ ပထမတန်းစား အမျိုးသားနတ်ဘုရားပဲ။ လုံလောက်အောင်လဲ ချောမောလွန်းလို့ ကောင်းကင်ကိုတောင် ချိုးဖောက် တက်သွားနိုင်တယ် “
သူ၏ ခရီဆောင်အိတ်လေးကို ဂရုတစိုက် ကာကွယ် စောင့်ရှောက်နေသော ပိုင်ချိုင်။
“.....”
“သောက်ကျိုးနည်း သူ ဘာလို့ ဒီမှာရှိနေတာလဲ “
လုဖုန်းသည် အရာအားလုံးကို အစီစဉ်ကျကျ စီစဉ်ပြီးလေပြီ။ လက်ထောက်ငယ်လေး၏ ပုံပန်းသွင်ပြင်အရ ဟက်စကီးသည်လည်း နောက်ထပ် 15 ရက်လုံးလုံး အချိန်ကောင်းကို ပိုင်ဆိုင်ရလိမ့်ပေမည်။
ရုပ်ရည်ချစ်သော ခွေးဖြစ်ရခြင်းကလည်း ကောင်းမွန်လေသည်။ ပျော်ရွှင်မှုက ထိုမျှထိ တိုက်ရိုက်ကြပြီး ရိုးရှင်းသော နည်းလမ်းမျိုးဖြင့် ရောက်လာသည်။
လေယာဥ်ကို 11 နာရီတွင် Booking ယူထားသည် သူတို့သည်လည်း သူတို့၏ bussiness တန်းမှ လက်မှတ်များကြောင့် အချိန်အများကြီး ဘေးဖယ်ထားရန် မလိုအပ်သည့်တိုင်အောင် စခန်းက လေဆိပ်နှင့် အနည်းငယ်ဝေးသောကြောင့် ၉နာရီတည်းက ထွက်လိုက်ကြသည်။
ဝေ့ရှောင်းက နန်နီ ကားပေါ်တွင် ပိုင်ချိုင်၏ဘေးနားတွင် ဝင်ထိုင်သည်။
ဝေ့ရှောင်း “ ခေါင်းဆောင်ဖြစ်ရတာ တကယ်ကို မလွယ်ဘူးဘဲ “
ပိုင်ချိုင်ကလည်း တွေးလိုက်သည်။
ခေါင်းဆောင်က လုပ်စရာ အလုပ်ရှိနေတာ ပိုပြီးကံကောင်းတယ် ။ အဲဒီလိုမှ မဟုတ်ရင် မင်းက သူ့ရဲ့အနားကိုဘဲ ကပ်နေတော့မှာလေ။ မင်း နည်းနည်းများပိုပြီး ထိန်းထိန်းသိမ်းသိမ်း နေတတ်ပါအုံးမလား။
ဝေ့ရှောင်းက လေသံကို တိုးကာဆက်ပြောသည်။
“ ပြော မတူညီတဲ့ လူတွေကြားက ကွာဟချက်က ဘာလို့ ဒီလောက်ထိ ကြီးရတာလဲ။ ခေါင်းဆောင်က ငါ့ထက် ၂နှစ်ပဲ ကြီးတာ။ သူက ဘယ်လိုလုပ်ပြီး Championship လေးဆုနဲ့ Club ကိုတောင် ဝယ်ပြီးသား ဖြစ်နေရတာလဲ “
ပိုင်ချိုင်က မျက်လုံး လှန်လိုက်သည်။
ဝေ့ရှောင်းသည် Close၏ cheerleader ဖြစ်သည်။ သူသည် ထိုအလုပ်အတွက် အလွန်ပင် အရည်အချင်း ပြည့်မီသည်။ သူက Professional အဖြစ် ကစားနေတဲ့ချိန်မှာ Clubကို စီမံခန့်ခွဲနေသည်။အဓိက သော့ချက်က သူ့ရဲ့ skill တွေက သောက်ရောက်ခံရခြင်း မရှိတာဘဲ။ ဒီလောကမှာ Close ကို ဒုက္ခပေးနိုင်တဲ့အရာတွေ ရှိလားမရှိဘူးလားဆိုတာ ငါ မကြာခဏ ပဟေဋိ ဖြစ်သေးတယ်
ပိုင်ချိုင်က သူ့ကို တစ်ချက်ကြည့်ပြီး တွေးလိုက်သည်။
ကောင်းပြီ။ ငါ ဘယ်လောက်မြင့်လဲဆိုတာနဲ့ သူ့ရဲ့ရှေ့မှာပင် ရှိနေတယ်ဆိုတာက တူညီတဲ့ကိစ္စ နှစ်ခုလိုဘဲ။
ဝေ့ရှောင်းက ဆက်လက်ပြီး ချီးမွမ်းသည်။ “သူက ချောတယ်။ ပဲပိစပ်လေးကနေ တစ်ဆင့် ဒါကို သိနိုင်တာပဲ။ ဒီသောက်ကျိုးနည်း ခွေးက မျက်လုံး တကယ်ကောင်းတယ် ။ ငါတို့ရဲ့ ခေါင်းဆောင်က ငါ့ထက်ပိုပြီး ကြည့်ကောင်းတယ်”
ပိုင်ချိုင်က သည်းမခံနိုင်တော့ချေ။
“ လောင်ဝေ့”
ဝေ့ရှောင်း “ ဟင်”
ပိုင်ချိုင်က သူ့ကို စိုက်ကြည့်သည်။
“ မင်း သောက်ကျိုးနည်း အဖြောင့်လား”
ဝေ့ရှောင်းက နားမလည်ချေ။
“ အဖြောင့် ဟုတ်လား “
ပိုင်ချိုင်က ပါးစပ်လှုပ်လိုက်သည်။
“ .......Gay”
ဝေ့ရှောင်းကလည်း ပိုင်ချိုင်၏ ဆိုလိုရင်းကို နားလည်ပြီး ကျိန်ဆဲသည်။
“ ထွက်သွားစမ်း”
35.2 02
ပိုင်ချိုင်က သူ့ကို သေချာအာရုံစိုက်ကြည့်သည်။
ဝေ့ရှောင်းက အလွန်တည်ငြိမ်သည်။
“ ငါ့အတွက် မေးခွန်းအနည်းငယ်ဖြေပေး”
ပိုင်ချိုင် “ မေး”
ဝေ့ရှောင်း “ ခေါင်းဆောင်က သန်မာလား မသန်မာဘူးလား”
ပိုင်ချိုင် “ သန်မာတယ်”
“ ခေါင်းဆောင်က တော်လား မတော်ဘူးလား”
“ တော်တယ်”
“ ခေါင်းဆောင်က ချောလား မချောဘူးလား”
“ ချောတယ်”
ဝေ့ရှောင်းက ပိုင်ချိုင်၏ ပုခုံးကို ပုတ်သည်။
“ လောင်ဝေ့ မင်းအဖြောင့်လား “
ပိုင်ချိုင် “.....”
FUCK….
သူတို့ အခု ပြောင်းဖူးခင်းထဲကို ရောက်နေတာလေ။ ဘယ်လိုဖြစ်ပြီး လမ်းကြောင်း ချော်ထွက်သွားတာလဲ ။
ကားက တစ်နာရီ မောင်းရသည်။ ဝေ့ရှောင်းသည် မနေ့ညက နောက်ကျမှ အိပ်ထားသည်။ ထို့ကြောင့် ထိုအချိန်တွင် ပြတင်းပေါက်ကိုမှီပြီး ခပ်မြန်မြန် အိပ်ပျော်သွားသည်။
သူနိုးလာသော အခါပိုင်ချိုင်က Weiboကို ကြည့်နေတာ မြင်လိုက်ရသည်။ ပိုင်ချိုင်သည် သူ၏အတင်းအဖျင်း ဧကရာဇ် acc ထဲကို ဝင်ထားပြီး ဓာတ်ပုံတစ်ပုံကို တည်းဖြတ်နေသည်။
ဝေ့ရှောင်း၏ မျက်လုံးများက နိုးခါစ ဖြစ်သောကြောင့် ဝေဝါးနေသည်။
“ Asleep လား “
ပိုင်ချိုင်၏ လက်ချောင်းများဟာ ပျံသန်းနေသလိုမျိုး လှုပ်ရှားနေ၏။ သူသည် ချက်ချင်းဆိုသလို ခပ်တိုတို post တစ်ခုကို တင်လိုက်သည်။
“ဟုတ်တယ် 3U ရဲ့ လေယာဥ်က ငါတို့ထက် ၁နာရီစောတယ်”
ဆောင်းတွင်း အထူးလေ့ကျင့်ရေးနှင့် ပတ်သတ်သောအသင်းများက internet တွင် ပျံ့နှံနေပြီးသား ဖြစ်သည်။
အသင်းက ထွက်ခွာမည့်အချိန်ကို သိရှိပြီးနောက် ပရိတ်သတ်ပေါင်းများစွာကလည်း ဓာတ်ပုံရိုက်ရန် လက်မှတ်ထိုးရန်အတွက် လေဆိပ်တွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
ဝေ့ရှောင်းက အနားကို မှီကပ်လာရင်း ဓာတ်ပုံကို ကြည့်သည်။
“ ကျွတ် ကျွတ် “
ပိုင်ချိုင်က “ အဲဒီလောက်ထိ စိုက်မကြည့်နဲ့ “
ဝေ့ရှောင်း “ ဒါက မင်းရဲ့ ဓာတ်ပုံမှ မဟုတ်တာ။ ငါ ကစိုက်ကြည့်တော့ ဘာဖြစ်လဲ”
ပိုင်ချိုင် “ မင်း တောက်လျှောက် စိုက်ကြည့်နေရင် ကောက်သွားမှာကို စိုးရိမ်လို့ “
ဝေ့ရှောင်းက ကျွတ်စုတ်သက်ရင်း သူ၏ ဖုန်းကိုထုတ်ကာ အတင်းအဖျင်းဧကရာဇ်ကို ရှာဖွေလျက် post ကို ဖတ်ကြည့်သည်။
ပိုင်ချိုင်က အသုံပြုသောဓာတ်ပုံကို ပရိတ်သတ်များက ရိုက်ထားခြင်း ဖြစ်သည်။ ထိုညီမငယ်လေးများက အင်အားကြီးမားသော skill မျိုးကို ပိုင်ဆိုင်ထားကာ ဓာတ်ပုံသည် အလွန်ကိုလှသည်။
ခရီးဆောင်အိတ်များကို စစ်ပြီးနောက် 3U ခေါင်းဆောင်က သူ့ခေါင်းဆောင်၏ ပုခုံးကို မှီလျက် အိပ်ပျော် နေပြန်သည်။ 3U၏ ဒုခေါင်းဆောင် ခုံးယီ၏ မျက်နှာထားက ပုံမှန်ဖြစ်ပြီး ပရိတ်သတ်များအတွက် လက်မှတ် ထိုးပေးနေလေသည်။ သူသည် ထိုအခြေအနေကို ကျင့်သားရနေသည်မှာ ကြာလှနေပြီဖြစ်သည်။
ထို့အပြင် အတန်းလိုက် အတန်းလိုက်ဓာတ်ပုံရိုက်ခံလိုက်ရသည့် ဓာတ်ပုံ ၅ပုံ ၆ပုံခန့်ရှိပြီး ထို ဓာတ်ပုံများသည် ဉီးတည်ရာဘက်အစုံ ရှုထောင့်အစုံမှ ဖြစ်သည်။
ဝေ့ရှောင်း၏ professional မကျသော စုံစမ်းစစ်ဆေးမှုမှတစ်ဆင့် Filter တစ်ခုပင် ဖွင့်ရန်ရသည်။
ညီမငယ်တို့ မင်းတို့ တော်တော်ကြိုးစားထားတာပဲ။
သူသည် comment များနှင့် Fowarding များက တိုးထိုးတက်နေကြောင်းသာ မြင်နိုင်၏ ။ ထိုမိန်းကလေး အပြုံလိုက်က ပျော်ရွှင်စွာနှင့် နောက်ဆက်တွဲကိစ္စများကိုပင် ရွေ့ကာ စဉ်းစားနေကြသည်။ သူတို့သည် သကြားဖြူး စားထားရသလိုမျိုး ပျော်ရွှင်နေကြသည်။
ဝေ့ရှောင်းက ပိတ်တော့မည့်အချိန်တွင် comment တစ်ခုက တက်လာသည်။
“ ငါတို့ ရဲ့ညအိပ်ဝတ်စုံ CP ကလည်း စစ်မှန်ပါတယ်နော်။ 3Uက တကယ်ကို တအားကိုချိုတယ်။ ငါတို့ရဲ့ မသေမျိုး CP က အမတတွေ ရဲ့အသွင်ပြင်နဲ့ CP မျိုးတွေဘဲရှိတာ 3U ကောင်မလေးဖြစ်ရတာလဲ ပျော်ရွှင်စရာကောင်းတဲ့ ကိစ္စပါဘဲ။ FTWကို သဘောကျတဲ့အတွက်လည်း နောင်တ ရစရာအကြောင်း မရှိဘူး။ မဟာမိစ္ဆာဘုရင်ရဲ့ CP မဟာမြို့ရိုးတွေအားလုံးက အတုတွေ တစ်ခုချင်းစီတိုင်းက အဆိပ်ရှိတယ်။ ဒီမိန်းမအိုကြီးက သကြားလုံးဘဲ စားချင်တာ ဓား မမျိုချင်ဘူး.”
ဝေ့ရှောင်းက တစ်ခဏမျှ စိုက်ကြည့်လိုက်မိသည်။
ထို Comment သည် များစွာသော comment များအကြားလျှင်မြန်စွာ လှုပ်သွားသည်။ အားလုံးက မြင့်မားသော ကောင်းကင်အထိ အထွန့်တက်နေမည် သို့မဟုတ် ဝမ်းနည်းမှုများနှင့် ပျံ့နှံ့နေခြင်းတို့သာဖြစ်သည်။
“ မင်းတို့တွေ FTW ရဲ့ CP အသစ်ကို မ Ship ဘူးလား”
“Close နဲ့ Quiet လား”
35.2 03
“ မဟုတ်ဘူး မဟုတ်ဘူး။ ဒီ သင်္ဘောက ရွက်လွှင့်နိုင်မှာ မဟုတ်ဘူး။ ဒီသင်္ဘောက နိုင်မှာမဟုတ်ဘူး။ မဟာမိစ္ဆာဘုရင်ကြီးက ခံစားချက်မှ မရှိတာ။ ရှောင်Q က နောက်ထပ် စွန့်ပစ်ခံရတဲ့ ဇနီးပဲ ဖြစ်မှာ”
“ နိုးထတော့ ညီအစ်မတို့ ၊ Close ရဲ့ အဆိပ်ပရိတ်သတ် ဖြစ်တာပဲ ကောင်းပါတယ်။ CP တွေနဲ့ ဒီလောက်အထိ နှိပ်စက်မခံသင့်ဘူး “
ထို Comment များသည် အလင်းအရှိန်နှုန်း နှင့် ဖြတ်ပြေးသွားခြင်း ဖြစ်သော်လည်း ဝေ့ရှောင်း၏ professional နှလုံးသားကို ဉာဏ်အလင်း ပွင့်သွားစေသည်။
“ ဘာဖြစ်တာလဲ”
Close နဲ့ Quiet က ဆွဲဆောင်မှုမရှိလို့လား။
မင်းတို့ ကောင်တွေက မShip ချင်ကြဘူးပေါ့။
ညအိပ်ဝတ်စုံ CP က ဘာကောင်းနေလို့လဲ။ ဒါက ဒီအတိုင်းသက်သက် တစ်ယောက်ပခုံးပေါ် တစ်ယောက်အိပ်ရုံဘဲ မဟုတ်ဘူးလား။
ဝေ့ရှောင်းက သူ၏ Cellphone ကို ချပြီး ပိုင်ချိုင်ကို မေးသည်။
“ ငါတို့ လေဆိပ်ကို ရောက်ရင် Fan တွေနဲ့ တွေ့မှာလား “
ပိုင်ချိုင်က တစ်စုံတစ်ရာ လုပ်နေလက် စဖြစ်သည်။
“ တွေ့မှာပေါ့ ၊ ငါတို့ရဲ့ FTWက ဘယ်လောက် နာမည်ကြီးလိုက်သလဲ”
ဝေ့ရှောင်းက ခေါင်းညိတ်သည်။
“ ကောင်းပြီ”
ဒီပရိတ်သတ်တွေက လုံလောက်အောင် မတော်ဘူး။ သူတို့မှန်ကန်တဲ့ အပြုအမှုရအောင် သူ ကူညီပေးလိုက်မယ်။
ညအိပ်ဝတ်စုံ CP ကို Shipတာ ဘာများအကျိုးရှိလို့လဲ။ Asleep နဲ့ ခုံးယီက အမှန်တကယ် Gay နေရင် သူတို့ရဲ့ကလေးတွေက ပဲငံပြာရည် ချက်နေလောက်အောင် ကြီးနေလောက်ပြီ။
CP တွေ အားလုံးက အလားတူ အတုတွေဘဲ။ ဘာလို့ သူနဲ့ Close ကို မship တာလဲ။
ပိုင်ချိုင်ပြောသကဲ့သို့ FTWသည် အမှန်တကယ်ကျော်ကြားသည်။ ဓာတ်ပုံ ရိုက်ယူရန် စောင့်နေကြသော ပရိတ်သတ်များက လေဆိပ်သို့ ရောက်သည်နှင့် အုံလာသည်။ ကောင်မလေး တစ်ယောက်က အမြင်စူးရှသဖြင့် ဝေ့ရှောင်းကို သတိထားမိသွားပြီး သူမ၏မျက်လုံးက တောက်ပသွားသည်။
“ Hello”
ဝေ့ရှောင်းက အသာပြုံးသည်။
“ Hello”
ကောင်မလေး၏ပါးက နီသွားသည်။
“ တစ်စိတ်လောက် နင်က Quiet လား”
ဝေ့ရှောင်း “ အင်း”
ထိုသို့ဖြင့် ပတ်ပတ်လည်မှ အသက်ရှုသွင်းသံများက ထွက်ပေါ်လာသည်။ မည်သည့် အကြောင်းပြချက်မှ မရှိလျှင်ပင် ဝေ့ရှောင်း၏ မျက်နှာက အမှန်တကယ်ပင် ဆွဲဆောင်မှုရှိနေသည်။
အထူးသဖြင့် သူ၏မျက်နှာပေါ်တွင်ရှိနေသော ပျင်းရိနေသော အပြုံးမျိုးနှင့် ဆိုရင် လူအများကို ရှက်သွေးကြွယ်လျှက် အလိုလျောက် နှလုံးခုန်မြန်ဆန်လာပေနိုင်သည်။
ပရိတ်သတ်များ ရှိသော်လည်း အဆုံးသတ်တွင်မူ ကစားသမားများက star များ မဟုတ်ကြပေ မည်သူကမှ ပြိုင်ပွဲဝင်တိုင်း၏ အချိန်ဇယားကို ရည်ရွယ်ချက်ရှိရှိနှင့် နှောင့်နှေးအောင် လုပ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် လက်မှတ်ထိုး ပြီးနောက် မည်သူကမှ ဝိုင်းမနေတော့ချေ။ သို့သော် ပရိတ်သတ်များက တစ်ဖက်သူက လုံခြုံရေးစစ်ဆေးမှုမှ ကျော်ဖြတ်သွားပြီသည်အထိ စောင့်ကြည့်နေကြပေလိမ့်မည်။
လုံခြုံရေးစစ်ဆေးမှု ပြီးနောက် ဝေ့ရှောင်းက ရုတ်တရက်ခေါ်သည်။
“ ခေါင်းဆောင်”
လုဖုန်းက လက်ထောက်နှင့် စကားပြောနေချိန် ဖြစ်သည်။ သူသည် လှည့်ကြည့်လိုက်သည် ။
“ ဟင်”
ဝေ့ရှောင်းက အနားကပ်သွားသည်။
“ ငါပြောချင်တာရှိလို့ “
လုဖုန်းက ရပ်တန့်လိုက်သည်။
“ ဘာ...”
သူ၏ မေးခွန်းက မဆုံးသေးခင် လူငယ်လေးသည်ရုတ်တရက် နီးကပ်လာသည်။ သူ၏နွေးထွေးသော ဝင်သက်က သူ၏ နားသို့ ပုတ်ခတ်ကျီစယ်သွား၏ ထိုသို့ဖြင့် သူတို့ နှစ်ယောက်ကြားအသံက နားထဲ တိုက်ရိုက်ဝင်လာသည်။
“ မလှုပ်နဲ့”
လုဖုန်း “.....”
ဝေ့ရှောင်း ၏ နှုတ်ခမ်းများက ကော့တက်သွားပြီး ခပ်တိုးတိုး ပြောသည်။
“ ခဏနေရင် ပြီးသွားလိမ့်မယ်”
လုဖုန်းက ဘာစကားမှမပြောနိုင်သေးခင် ဝေ့ရှောင်းက နောက်ပြန်ဆုတ်သွားသည်။ ထို့နောက် လုဖုန်းကို မျက်လုံးမှိတ်ပြသည်။
“ ပြီးပြီ”
လုဖုန်းက သူ့ကို စိုက်ကြည့်သည်။ ဝေ့ရှောင်းက အနောက်ဖက်မှ သူ့ကိုတွန်းသည်။
“ သွားမယ် သွားမယ် လုံခြုံရေးကို ဖြတ်မယ်”
“ လာလာ ညီမလေးတို့ ငါမင်းတို့ရဲ့ ဓာတ်ပုံတွေကို စောင့်နေတယ်”
သူတို့က နားနေခန်းထဲသို့ ဖြတ်ပြီးမှသာ လုဖုန်းကို ဖြေရှင်းချက် ပေးနိုင်သည်။
35.2 04
“ မင်း မြင်လား။ ငါက အသင်းကို ဝင်ကာစဆိုတော့ ကျော်ကြားမှု မရှိဘူးလေ။ ဒါကြောင့် ခေါင်းဆောင်ရဲ့ ကျော်ကြားမှု နည်းနည်း လေးကို တစ်ကိုက်လောက် ကိုက်ချင်တာ”
ဖြစ်စဉ် တစ်ခုလုံးကို မြင်လိုက်သော FTW မှလူအုပ်
“ ....... “
ဝေ့ရှောင်းက ချန်းလျိုကို ကြည့်သည်။
“ လျိုကော ငါမှန်တယ် မဟုတ်လား။ တစ်ခြားအသင်းတွေက သူတို့ရဲ့ Fan တွေ အသီးသီးရှိတယ်လေ။ ငါတို့လည်း သင့်တော်သလို လုပ်ဆောင်သင့်တာပေါ့ “
မန်နေဂျာ၏ ခေါင်းက ချွေးပြိုက်ပြိုက် ထွက်နေလေပြီ။
“ အင်း ဟုတ်ပါတယ် “
ဒီအသင်းဖော်က အရမ်းဆိုးရွားလွန်းတယ်။ လျိုကော အနေနဲ့ Glory အသိုင်းအဝိုင်းတစ်ခုလုံးမှာ ဒီလို သောက်ကျိုးနည်း ပူးပေါင်းပေးတဲ့သူ ပထမဦးဆုံး မြင်ဖူးတာပဲ။
လုဖုန်းက ဝေ့ရှောင်းကို ကြည့်သည်။
ဝေ့ရှောင်းက အလွန်ပူးပေါင်းပေးသည်။
“ ဟုတ်တယ်မလား ခေါင်းဆောင် “
လုဖုန်းက သူ့ကို အင်္ကျီ အရှေ့ဘက်မှ လှမ်းဆွဲလျက် အနားသို့ ဆွဲခေါ်လိုက်သည်။
ဝေ့ရှောင်း “ …”
သူသည် နီးကပ်သော မျက်နှာကို ကြည့်လိုက်သည်။ သက်ရောက်မှုက အမှန်တကယ် ပြင်း၏။
လုဖုန်း “ ဓာတ်ပုံရိုက်”
လောင်ပိုင် “......”
FUCK
ထို့နောက် click အသံက ထွက်လာ၏ လုဖုန်းက ဝေ့ရှောင်းကို လွှတ်ပေးသည်။
ဝေ့ရှောင်းက သူ့ရင်ဘတ်သူ ရိုက်သည်။
“ ဝိုး တော်လိုက်တာ ခေါင်းဆောင်”
သူက ကောင်မလေး မဟုတ်တာ ကံကောင်းတာပဲ။ သူသာ ကောင်မလေးဆိုရင် ခေါင်းဆောင်ကို လိုချင်ရင်းနဲ့ အဆုံးသတ်သွားမှာ။
၁၀ မိနစ်ခန့်ကြာပြီးနောက် Weibo က ပေါက်ကွဲသည်။
ပထမဉီးဆုံး အနေဖြင့် အတင်းအဖျင်း ဧကရာဇ်၏ Weibo ဖြစ်သည်။ သူသည် ပရိတ်သတ်များက ရိုက်ထားသော ဓာတ်ပုံတစ်ပုံကို Forward လုပ်ပေးလိုက်သည်။
ဓာတ်ပုံကို အသေးစိတ် ကြည့်လိုက်သည်။ မျက်နှာအေး မဟာမိစ္ဆာဘုရင်က နောက်လှည့်ကြည့်နေချိန်တွင် အနက်ရောင်ဆံပင် ဖြူဖျော့သော အသားအရည်နှင့် လူငယ်လေးက သူ၏နား အနားကပ်ကာ တစ်စုံတစ်ရာကို ပြောနေသည်။
ထိုလူငယ်၏ မျက်လုံးက လှပသည်။ ရုပ်ရည်အသွင်အပြင်ကလည်း ကြည့်ကောင်းသည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းက ကော့တက်လျက် အပြုံးတစ်ဝက်က ပေါ်နေ၏ ။ သူ၏ ရှည်လျားသော မျက်တောင်များက သိပ်သည်းလွန်းနေပြန်သည်။
Close ၏ မျက်နှာကိုလည်း ဘေးတိုက်ပုံစံမျိုးနှင့် ဖမ်းယူ ရိုက်ကူးမိထားခြင်း ဖြစ်သည်။ သူ၏ သွယ်လျသော လည်တံက အင်္ကျီ ကော်လံထဲမှ ဆန့်ထွက်နေပြီး ဖြူဖျော့သော အသားအရည်က အနက်ရောင်အသင်း ယူနီဖောင်းနှင့် ယှဥ်သော် ပို၍ပင်အေးစက်သွားပုံ ပေါ်သည်။ သို့သော် သူ၏ နားလေးများကမူ အနည်းငယ် နီနေ၏
Weiboမှ အကြောင်းအရာများက သူ့ကိုယ်သူ့ ပိတ်လှောင်စေရင်း တစ်ဝက် ခန့်ဖောက်ခွဲထားသည့် ချိုင်ကော၏ စာသားဖြစ်သည်။
ပိတ်လှောင်ခြင်း CP အားလုံးပဲ သိပြီးကြပြီလား။
******