Ch 36
Viewers 3k

အပိုင်း (36)


ခေါင်းဆောင်က တအားကြမ်းတယ် 


အတင်းအဖျင်းဧကရာဇ်၏ Weiboသည် အထွတ်အထိပ်တစ်ခုသို့ ရောက်ရှိသွားသည့်အတွက် traffic ဖြစ်လာသည်မှာ သံသယဝင်ဖွယ်ရာ မရှိပေ။ 


ရိုးရှင်းသော စကားသာ ဖြစ်သည်။ သို့သော် ဓာတ်ပုံကမူ အင်အားကြီးမားလွန်း၏။ Comment များက ထို post အား ဒုန်းပျံအလား မြောက်တက်သွားစေသည်။ 


“ ဘယ်သူလဲ ။ ငါ့ရဲ့ လောင်ကုန်းကို ကပ်နေတာ ဘယ်သူလဲ”


“ သူ့ရဲ့နားထိပ်တွေတောင် နီနေပြီ ။ မဟာမိစ္ဆာဘုရင်ကြီး၏ နားတွေတောင် နီနေပြီ”


“ ပိတ်လှောင်ခြင်း ဟုတ်လား ။ ပိတ်လှောင်ခြင်း CP ကဘယ်သူတွေလဲ ။ ငါသွားအိပ်ရုံလေးတင်ပါ ဘာလို့ရုတ်တရက် နိုးလာတော့ ကောင်းကင်က ပြိုကျသွားရတာလဲ”


“ ဒီညီငယ်လေးက FTW ရဲ့ အသင်းဝတ်စုံကို ဝတ်ဆင်ထားတယ်။ နောက်ပြီး လေ့ကျင့်ဖို့ သွားနေတဲ့လမ်းမှာလဲ ဖြစ်နေသေးတယ်။ FTW ရဲ့ Starting libe up မှာ မျက်နှာ မပြရသေးတာ ဘယ်သူ ရှိသေးလို့လဲ”


“ Quiet”


“ဆိုတော့ နတ်ဘုရားQ က ဒီလောက်ထိ သောက်ကျိုးနည်း ကြည့်ကောင်းတယ်ပေါ့”


“ ငါတော့ ချစ်မိသွားပြီ ။ ငါတော့ ချစ်မိသွားပြီ ဒီမျက်နှာလေးနဲ့ နတ်ဆိုးလိုအပြုံး နဲ့ဆိုရင် ဒီမိန်းမအိုကြီးရဲ့ ငယ်ရွယ်တဲ့ မိန်းမပျို နှလုံးသားက ပြိုလဲကျသွားပြီ” 


“ ငါတော့ အဆုံးသတ်ပြီ ။ မင်းတို့ရဲ့ FTWက stater တွေကို ရုပ်ရည်ကြည့်ပြီးများ ရွေးနေတာလား။ ဘာလို့ ခေါင်းဆောင်ကနေ စပြီး လူသစ်အထိ ဘာလို့ သောက်ကျိုးနည်း ချောနေရတာလဲ” 


“ ငါက e sports ပြိုင်ပွဲဝင်တွေရဲ့ ပရိတ်သတ်တစ်ယောက်ရော ဟုတ်သေးရဲ့လား ။ ဘာလို့ သူတို့က Idol တွေနဲ့ တူနေတာလဲ”


“ ငါက ပေပီနင်ကို ချောတယ်လို့ တွေးနေတာ ။ မမျှော်လင့်ထားဘဲ ဒီ Top Laner အသစ်က ငါ့အကြိုက်နဲ့ အရသာ နဲ့ ကွက်တိ ဖြစ်နေတယ် 


“ သူက နတ်ဘုရားလုကို အစတည်းက အား ။ သူက နတ်ဘုရားလုကို စ ရဲတယ်”


“ ညီအစ်မတို့ ငါတော့ အဆင်ပြေတယ်လို့ ထင်တယ် ။ ဒီစုံတွဲက နည်းနည်းတော့ ဆွဲဆောင်နိုင်တယ်။ ငါတကယ်ကို စပြီး Ship ချင်နေပြီ”


“ရုတ်တရက်ကြီးပါလား ငါလည်း ချိုင်ကောအတွက် နည်းနည်းတော့ ရင်နာသွားတယ်”


“ ရင်နာတယ် + 1”


“ ရင်နာတယ် + infinity........”


ဆားစိမ် အရွက် CPအတွက်လည်း ရင်နာတယ်။ ညီအစ်မတို့ရေ သူတို့ရဲ့အိမ်က သူတို့ရဲ့ မျက်စိရှေ့တွင် ပြိုကျသွားပြီ 


“ ဟား ဟား ဟား”


“ ဘာကို ပြိုကြတာလဲ။ ကောင်းကောင်းဆိုးဆိုး ငါရဲ့ နတ်ဘုရားပိုင်က E sports အသိုင်းအဝိုင်းထဲမှာ လှလည်းလှတယ်။ ချောလဲ ချောတယ်လို့ စဥ်းစားနိုင်တဲ့သူပဲ။ ဒါတောင်မှ သူက FTW ကို ရောက်သွားတော့ Fallen ဖြစ်သွားရတယ်။ သူတကယ်ကို အသီးအရွက်တွေနဲ့ ယှဥ်လို့ရတယ်”


“ ချိုင်ကောက မှ အစစ်အမှန် တောင်ဝှေးတစ်ချောင်းနဲ့ တူတယ်”


“ ချိုင်ကောက တည်ငြိမ်တယ်”


ပိုင်ချိုင်သည် ထို post များကို လိုက်ကြည့်ရင်း သူ၏ ပါးစပ်က ရွဲ့လာသည်။ 


ဒီကောင်မလေးတွေ ဘာဖြစ်တာလဲ။ 


သူတို့က သူတို့ကို နေတိုင်းပျော်ရွှင်မှု ပေးနေတာ ဘယ်သူမှန်း သိလို့လား။


သူတို့ သူ့ကို မချီးကျူးရင် အဆင်ပြေတယ် ။ ဒါပေမဲ့ သူကိုတောင် ဝိုင်းပြီး မြုပ်ဖို့ ကြိုးစားနေတယ်။ အား…..


အတင်းအဖျင်းဧကရာဇ်သည် သူ၏Acc ကို နေ့တိုင်းလိုလို ဖျက်ချင်နေလေသည်။


ဝေ့ရှောင်းကလည်း Weibo ကို ကြည့်နေခြင်း ဖြစ်သည်။ 


သူသည် ကြည့်ပြီးနောက် မျက်မှောင် ကြုတ်ကာ ပြောသည်။


“လောင်ပိုင် မင်း ဘာလုပ်နေတာလဲ”

36 02

ပိုင်ချိုင်က သူ့ကို အာရုံမစိုက်ချင်တော့ဘဲ သေချင်ယောင် ဆောင်နေသည်။ 


ဝေ့ရှောင်းကလည်း သူ့ကို လက်မလွှတ်ချေပေ။


“ ပိတ်လှောင်ခြင်း CP ဆိုတာက ကံမကောင်းတဲ့ နာမည်လို့ ငါ ပြောထားပြီးသားလေ။ ဘာလို့ မင်းက ဒါကို အသိမှတ်ပြုတဲ့အနေနဲ့ တံဆိပ်တုံး ခတ်လိုက်တာလဲ။ ငါက ဉီးနှောက်မုန်တိုင်း ထန်လောက်တဲ့အထိ မနည်းကြိုးစားပြီး နောက်ဆုံးမှာ ပြီးပြည့်စုံတဲ့ CP Name ကို ရလာတာ”


ပိုင်ချိုင်က သူ၏ဆိုဖာပေါ်တွင် ကျောခိုင်းလျက် လှဲနေသည်။ သူသည် အဝါရောင်ပင် သန်းနေသာ ဂေါ်ဖီထုပ်ဖြူလေး မြေပြင်ပေါ်သို့ ပစ်ချထားသည်နှင့်ပင်တူသည်။ 


ပိတ်လှောင်ခြင်း CP က မည်သို့ဖြစ်စေကာမူ ပိုင်ချိုင်ကမူ မရှင်းပြတော့ချေ။ သို့သော် Comment များကမူပုံပြင်ဇာတ်ကြောင်းကိုပါ ဖြေရှင်းပြီးသား ဖြစ်သည်။ 


“ ဘာလို့ ပိတ်လှောင်ခြင်း CP လဲ”


“ ဘာလို့လဲဆိုတော့ Close နဲ့ Quiet ဖြစ်နေလို့လား”


“ ငါကတော့ သူတို့က အခြားတစ်ဖက်ခြမ်းကို ပိတ်လှောင် သွားလောက်အောင်  ထုရိုက်နိုင်တာကြောင့်လို့ ထင်တာဘဲ”


“ မဟာမိစ္ဆာဘုရင်ကြီးရဲ့ CP မဟာနံရံကြီးနဲ့သာဆိုရင် သူတို့နဲ့ ဘယ်သူတွေ့တွေ့ သေချာပေါက် အနိုင်ကျင့်ခံရပြီး ပိတ်လှောင်သွားရမှာပဲ။ မဟုတ်ဘူးလား”


“ သူတို့အားလုံးက အဆင်ပြေပါတယ်။ အားလုံးက အလုပ်ဖြစ်တယ်။ ပြဿနာလဲ မရှိဘူး ။ ဒီတိုင်း ဓားတစ်လက်သာ ပို့ပြီး ပိတ်လှောင်သွားအောင် မလုပ်နဲ့”


ဝေ့ရှောင်း မပျော်မရွှင် ဖြစ်နေသေးသည်။ 


“ ဟူး ဘယ် CP နာမည်ကမှ သဘောကျစရာ မရှိဘူး။ CP name ကို တွေးရတာက ဒီလောက်ထိ ဒုက္ခများတာလား”


ပိုင်ချိုင်က မျက်လုံး မှိတ်လိုက်သည်။ 


“ .....”


ငါလည်း တံခါးပိတ် ကျင့်ကြံနေတယ်။ မနှောင့်ယှက်နဲ့ 


ဝေ့ရှောင်းက သက်ပြင်း အရှည်ကြီးကို ချသည်။ 


“ ငါတို့မှာ သင့်တော်တဲ့ CP နာမည်တောင် မရှိဘူး ။ ငါ့အတွက် မသင့်တော်တာလား ။ ငါနဲ့အသင်းခေါင်းဆောင်က CP အဖြစ် ကြိုးစားဖို့ မသင့်တော်တာလား”


ပိုင်ချိုင် “......”


မင်းတို့နှစ်ယောက်က CP အတွက်တကယ်ကို မသင့်တော်တာ ။ မင်းတို့နှစ်ယောက်က သောက်ကျိုးနည်း စုံတွဲ ဖြစ်ဖို့ပဲ သင့်တော်တယ် ။


 ထားလိုက်တော့ ထားလိုက်တော့။ သူကိုယ့်အပေါ် အနိုင်ကျင့်ခံရဖို့အတွက်နဲ့ အသည်းအသန်ကြီး မကြိုးစားနေသင့်ဘူး ။ 


ချိုင်ကောက ချက်ချင်းဆိုသလို တိတ်သွားပြန်သည်။ 


ပိုင်ချိုင်ဟာ သူ့ကို လျစ်လျူရှုနေတာကို မြင်သောအခါ ဝေ့ရှောင်းက သူ၏ Cellphone ကိုသာ ကြည့်နေရင်းရုတ်တရက် အတွေးသစ်တစ်ခု ရသွားသည်။ 


ဟုတ်သားပဲ။ 


ဝေ့ရှောင်း နောက်ထပ် လုပ်နိုင်သော ကိစ္စကမူ Weibo တစ်ခုလုံးကို အမှန်တကယ်ပင် ပြောင်းပြန်လှ န်သွားစေသည်။ 


အတင်းအဖျင်းဧကရာဇ် ၏ Weibo Postသည် အိုးကို ပူအောင်လုပ်သည်ဟုဆိုရမည်ဟုလျှင်Quiet ကမူအိုးကို ပေါက်ကွဲသွားစေနိုင်သည်။ 


ဝေ့ရှောင်းက post တစ်ခုတင်လိုက်သည်။ အကြောင်းအရာကမူ ;” ခေါင်းဆောင်က တအား ကြမ်းတမ်းတယ်”


အတူပါလာသော ဓာတ်ပုံကမူ Closeက သူ၏အင်္ကျီအရှေ့ပိုင်းကို ကိုင်ထားရင်း သူတို့မျက်လုံးချင်း စုံနေကြသောပုံ ဖြစ်သည်။ 


ပိုင်ချိုင်က ဓာတ်ပုံကို ရိုက်ပေးသောသူ ဖြစ်သည်။ အတင်းအဖျင်းဧကရာဇ်ဆိုသည့်အတိုင်း သူရိုက်သော ဓာတ်ပုံတိုင်းက ထိုကဲ့သို့သော ခံစားချက်မျိုးကို လှုံ့ဆော်ပေးနိုင်သည်။ 


Close ၏ လက်ချောင်းရှည်များက Quiet ၏ Team uniform ကိုဖမ်းဆုပ်ထားသည်။ ဖျော့တော့သော အဖြူရောင်လက်ချောင်းနှင့် အနက်ပေါင်းစပ်မှုက ပြင်းထန်လွန်းသော visual inpact ဖြစ်စေသည်။ သူတို့နှစ်ယောက်လုံးသည် ဘေးတိုက် အနေအထားနှင့် မြင်နိုင်လေပြီး တစ်ယောက်ကမူ မျက်လွှာချထား၍ တစ်ယောက်ကမူ အံ့ဩသင့်နေပုံ ပေါ်သည်။ မမြင်ရသော အတွင်းအားအလွှာတစ်ခုက ဓာတ်ပုံတစ်ခုလုံးကို ဆေးခြယ်ထားသည်မှာ အချိန်မရွေး သူတို့နှစ်ယောက်က သေချာပေါက်......


“ ကျို့ ကျို့....”

36 03

“ ခေါင်းဖီးရဲ့ Teamက ဘယ်မှာလဲ ။ ဒီနှစ်ယောက်က အထောက်အပံ့ကို သေချာပေါက် လိုတယ်နော်”


“ အို မားရေ နတ်ဘုရားလုက Alpha အတိုင်းပဲ”


“ နောက်ဆက်တွဲက ဘယ်မှာလဲ။ ရှောင်Qက မဟာမိစ္ဆာဘုရင်ကြီးကို စနောက်ပြီးတဲ့နောက်မှာ စားပွဲပေါ် ဖိချခံရတဲ့ အပိုင်းက ဘယ်မှာလဲ”


“ နေအုံး..... Weiboကို ဘယ်သူ တင်လိုက်တာလဲ”


“ Quiet လေ”


“ နတ်ဘုရားQ က တအား...... Wild နေပြီလား”.


“ လွန်ခဲ့တဲ့ နှစ်ရက်က တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်း ပြန်တွေးအုံး”


“ သူကလှိုင်းတွေ လုပ်နိုင်ရုံတင် မဟုတ်သေးဘဲ။ အံ့ဩသင့်ဖွယ် အားလှိုင်းတွေကိုလည်း ထုတ်နိုင်တယ်”


ဝေ့ရှောင်းသည် စာပို့ပြီးနောက် သူ၏ ဖုန်းကို မကြည့်တော့ချေ။ အကြောင်းမူကာ သူတို့သည် လေယာဉ်ပေါ်သို့ ကြိုတက်ရသောကြောင့် ဖြစ်သည်။


 Glory ပြိုင်ပွဲရေးကော်မတီက သူတို့အား Economi class လက်မှတ်များကို စီစဉ်ပေးထားခြင်း ဖြစ်သည်။သို့သော် FTW ကမူ တစ်သင်းလုံးကို Bussiness အတန်းသို့ ပြောင်းရွှေ့လိုက်ခြင်းအားဖြင့် လူတိုင်းကို ၅နာရီကြာခရီးတွင် ကောင်းကောင်း အိပ်စက်နိုင်ရန် ဖန်တီးပေးလေသည်။ 


“ Boarding pass ကလည်း အတူဖြတ်သန်းခြင်း ဖြစ်သည်။ ဝေ့ရှောင်းလက်ထဲမှ ထိုင်ခုံသည် ပိုင်ချိုင်နားတွင်ဖြစ်သည် ။ သို့သော် သူသည် ချိုင်ကော၏နားတွင် မထိုင်ချင်ပေ။ 


ပိုင်ချိုင်သည် သေးသည်လည်းမဟုတ် ကြီးသည်လည်းမဆိုသာသည့် ပြဿနာလေးတစ်ခု ရှိသည်။ သူသည် လေယာဉ်က မည်မျှကြာစေကာမူ မည်မျှတိုစေကာမူ မအိပ်တတ်ချေ။ 


သူက မအိပ်နိုင်သော်လည်း အိပ်ချင်တတ်သည်။သူ့ကိုယ်သူ အနည်းငယ် ပိုပြီးသက်တောင့်သက်သာ ရှိစေနိုင်ရန်အလို့ငှာ စာအုပ် ဖတ်တတ်သည်။  ထို့နောက် coffee ဆက်တိုက် သောက်တတ်သေးသည်။


သူသည် အသောက်များသွားလျှင် အိမ်သာသို့ ပြေးရပေလိမ်မည်။ ထိုသို့ဖြင့် ရှေ့ပြန်နောက်ပြန် သွားလိုက်ပြန်လိုက် ဖြစ်တတ်သည်။ ထိုသို့ဖြင့် လေယာဉ်ပေါ် တတ်သည်နှင့် အိပ်ပျော်တတ်သည့် ဝေ့ရှောင်းသည် ပိုင်ချိုင်ကြောင့် သေသည်အထိ ဒေါသထွက်ရလောက်သည်။ 


ဝေ့ရှောင်းက လုဖုန်း၏ အနားသို့ကပ်ကာမေးလိုက်သည်။


“ ခေါင်းဆောင်”


လုဖုန်း “ အင်း”


သူသည် တစ်ဖက်သူက သူ၏နား အနားကွက်တိ ခုန်လာမည့်အခြေအနေကို ကြောက်လန့်သဖြင့် နောက်သို့ပင် အနည်းငယ် ဆုတ်လိုက်သေးသည်။ 


ဝေ့ရှောင်း ကမေးသည်။ 


“ လေယာဉ်ပေါ် တက်ပြီးရင် လုပ်စရာရှိသေးလား”


minivan ထဲတွင် လုဖုန်းနှင့် လက်ထောက်တို့သည် အချိန်အတန်ကြာအောင် အလုပ်များနေခဲ့သည်။ ဝေ့ရှောင်းသည်လည်း လေယာဉ်ပေါ်တွင် ကြာမည့် ၅နာရီအတောအတွင်း အလုပ်ရှိမရှိ မသေချာချေ။ 


လုဖုန်းက လုပ်စရာရှိသည့် ကိစ္စများ မပြီးသေးချေ။ သို့သော်......


လုဖုန်း “အင်း”


ဝေ့ရှောင်းက မျက်တောင်ခတ်သည်။ 


“ မင်း အလုပ်မများဘူးဆိုရင် ငါမင်းရဲ့ဘေးနားမှာ လာထိုင်လို့ရလား” 


စကား၏ ဆုံးနားက အနည်းငယ် သံရှည်ဆွဲသံ ဖြစ်သွားပြီး အလိုလိုက်ခံရသော အသံတုန်းက အများကြီး ပေါင်းစပ်လျက် ပါဝင်နေသည်။ လုဖုန်း၏ နားကပင် တုန်သွားသည်။


“.......”


ဝေ့ရှောင်း “ရလား”


........


လုဖုန်း “ရတယ်” 


ဝေ့ရှောင်း၏ အပြုံးက ပေါက်ဖွားလာသည်။ 


လုဖုန်းက မနေနိုင်ဘဲ မေးလိုက်သည်။ 


“ ဘာလို့ ငါရဲ့ဘေးမှာ ထိုင်ချင်တာလဲ”


ဝေ့ရှောင်းသည် ချိုင်ကောကို အလွန်အထင်သေးသော်လည်း ဒီလိုကိစ္စကို အသံကျယ်ကျယ် ထုတ်မပြောသင့်ပေ ထို့ကြောင့် ဝေဝေဝါးဝါးသာ ဖြေလိုက်သည်။ 


“ ဘာရယ် မဟုတ်ပါဘူး။ ဒီလိုပါဘဲ”


လုဖုန်းက သူ့ကိုကြည့်သည်။


ဝေ့ရှောင်းသည် ချက်ချင်းဆိုသလို အကြောင်းပြချက်တစ်ခုကို ပေးလိုက်သည်။ 


“ ငါမင်းရဲ့နားမှာမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာ”


လုဖုန်း”......”


သူတို့၏ နောက်မှ ပိုင်ချိုင်ဆိုလျှင် ခလုတ်တိုက်ပြီး ဒူးထောက်လျှက်သား လဲကျလုနီးပါး ဖြစ်သွားသည်။


ဝေ့ရှောင်း၏ အတွေးကို သူသိသည်။ 


ဒီအတိုင်း သူ အိပ်တာကို နှောင့်ယှက်မှာဆိုးလို့ မဟုတ်ဘူးလား ။ 


ဒီလောင်ဇီကလည်း မင်းသောက်ကျိုးနည်း အမှန်တရားကို ပြောရင် ကိုက်မှာ မဟုတ်ပါဘူး။


မင်းက ဒီလောက်ထိ ဒီလောက်ထိ.....

36 04

ငါလူး…..


ကောင်းကင်ဘုံ ကမင်းကို လာရှုပ်ရင် အသက်ရှင်ဖို့ အခွင့်အရေးရှိသေးတယ် ။ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် ပြဿနာသွားရှာရင်တော့ ဘယ်သူမှ လာမကယ်နိုင်တော့ဘူးနော်။


ဝေ့ရှောင်ရှောင်း မင်းထိုက်နဲ့ မင်းကံပဲ။ 


ထိုသို့ဖြင့် ဝေ့ရှောင်းသည် လုဖုန်း၏ ဘေးနားတွင်ထိုင်ရန် ဆုံးဖြတ်လိုက်သည်။ 


ပြောရမည်ဆိုလျှင် တစ်ယောက်နှင့် တစ်ယောက်ကပ်ထိုင်ခြင်းက ပြဿနာမရှိပေ။ နိုင်ငံတကာလေကြောင်းလမ်းတွင် လေယာဉ်ကြီးများကိုသာ အသုံးပြုပြီး Bussiness class မှ ထိုင်ခုံများက အလွန်ကျယ်သည်။ ထို့ကြောင့် အချင်းချင်း ပြုံတိုးကပ်နေမည့် အနေအထားမျိုးလည်း မဖြစ်နိုင်ချေ။ 


ဝေ့ရှောင်းသည် အမှန်တကယ်ပင် အိပ်ချင်နေသည်။ သူသည် မနေ့ညက လုဖုန်းထံမှ ထွက်လာပြီးနောက် တစ်ယောက်တည်း အဆင့်တက်ပွဲစဥ် အနည်းငယ် သွားကစားသေးသည်။ ထို့ကြောင့် မနက် ၄နာရီ မှအိပ်ထားခြင်း ဖြစ်သည်။ 


သူသည် minivan ထဲတွင်လည်း မိနစ် ၃၀ - ၄၀ ခန့် အထိသာ အိပ်ထားရသေးသဖြင့် အိပ်ရေး မဝသေးချေ။


လေယာဉ်ထွက်ခွာပြီးနောက် သူသည် သူ၏ Lemon အအေးကိုပင် တစ်ငုံတောင် မသောက်နိုင်သေးခင် ချက်ချင်းဆိုသလိုအိပ်ပျော်သွားသည်။


လုဖုန်းက ဝေ့ရှောင်းကို ကြည့်သည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းက အသာကော့တက် သွားသည် ။...သူ တကယ်ကို နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတာဘဲ။


သူဟာ ပင်ပန်းနေသောကြောင့်လော သို့မဟုတ် တစ်စုံတစ်ရာကြောင့်လော မသိရသော်လည်း လေယာဉ်ပေါ်တွင် အိပ်လေ့အိပ်ထ မရှိသော လုဖုန်းကပင် စတင် အိပ်ချင်လာသည်။ လုဖုန်းက သူ၏ နှဖူးကို ပွတ်သည်။ သူ၏ Computer ကို ပိတ်လိုက်ပြီး ခေါင်းကို စောင်းလျက် အိပ်မောကျသွားသည်။ 


ပိုင်ချိုင်က အမှန်တကယ် မအိပ်နိုင်ချေ။ သူ့ကိုသေသည်အထိ ရိုက်သတ်မည် ဆိုလျှင်ပင် အသက်ရှင်ရန် အလို့ငှာ coffeeကို မှီခိုရသည်။ မည်သို့ပင်ဆိုစေ သူသည် အိပ်မပျော်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် coffeeကို တစ်ခွက်ပြီးတစ်ခွက် သောက်သည်။ ရလာဒ်အနေဖြင့် အိမ်သာသွားရခြင်းက စွဲလန်း လာပြန်သည်။


ခရီးလမ်းတစ်ဝက်တွင် ပိုင်ချိုင်က အိမ်သာထဲမှ ပြန်လာကာစ အချိန်အတန့်မျိုးတွင် ဝေ့ရှောင်းနှင့် လုဖုန်းတို့၏ ထိုင်ခုံနားက ဖြတ်သည်နှင့် ကြုံသည်။ 


ထိုမြင်ကွင်းကို မြင်သောအခါ သူ၏လက်ကပင် ယားယံသွားသည်။ သူသည် သူ၏ Cellphone ကို ထုတ်ပြီး ဓာတ်ပုံကို ဟိုတစ်ပုံ ဒီတစ်ပုံ ရိုက်လုနီးပါး ဖြစ်သွားသည်။ 


ကျယ်သော ထိုင်ခုံများတွင် ဝေ့ရှောင်းက လုဖုန်းကို မျက်နှာမူကာ ဘေးတစ်စောင်း လှဲနေသည်။ သူ၏ ခြေတံရှည်များက ကွေးနေပြီး။ ဆံပင်ကလည်း နဖူးကို အုပ်နေသည်။သူ၏မျက်လုံးကမူ ပုံမှန်အခြေနေများတွင် မောက်မာ ထောင်လွှားမူ အပြည့်ရှိတတ်သော မျက်လုံးများက ပိတ်နေ၏ ။သူသည် တိတ်ဆိတ်နေသောအခါ အလွန်ချစ်စရာကောင်း ပြီးနာနာခံခံ ရှိသည်။


လုဖုန်းကမူ သူ၏ဘေးဖက်တွင် နောက်သို ပြန်လှန်လှဲလျက် အိပ်နေသည်။ နတ်၏လက်များဟု ပရိတ်သတ်များက ကောင်းကင်ပေါ်တက် ချီးကျူးလေ့ရှိသော လက်များကိုမူ သူ၏ ဝမ်းဗိုက်ပေါ်တွင် တင်ထား၏။ သူ၏ ကုတ်ကလည်း ခြေထောက်ပေါ်သို့ ကပိုကရို ကျနေသေးသည်။ သူ၏ကော်လံက အနည်းငယ် ပွင့်နေပြီး သူ၏ ခေါင်းစောင်းထားသော လမ်းကြောင်းအတိုင်း ညှပ်ရိုးတစ်ဝက်က လာပေါ်နေသည်။ ရှည်လျားသွယ်လျသော လည်တိုင်က သူ၏သက်တောင့်သက်သာရှိပြီး ငြိမ်းချမ်းတိတ်ဆိတ်ကာ အိပ်ပျော်နေသည့် မျက်နှာအထိတိုင် ထင်းထွက်နေသည်။


သူသည် ခေါင်းကို ဘေးဘက်သို့ အနည်းငယ် စောင်းထား၏ ။ စောင်းထားသောဘက်က ဝေ့ရှောင်း၏ဘက် ဖြစ်သည်။ 


ထိုနှစ်ယောက်သည် အချင်းချင်း နီးကပ်လွန်းစွာ မှီကပ်ထားခြင်း မဟုတ်ချေ။ သို့သော် ထိုမြင်ကွင်းက ရှုမြင်ရန်  ခက်ခဲလွန်းသော အချင်းချင်းမှီခိုစိတ်ကို ဖော်ပြနေသည်။ 


ပိုင်ချိုင်;......


ကံဆိုးသည်မှာ ပိတ်လှောင်ခြင်း ကောင်မလေးများသည် ထိုဂန္တဝင် မြင်ကွင်းကို မမြင်နိုင်ကြချေ။


ဝေ့ရှောင်းသည် အလွန်ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး လေယာဉ်ပေါ်က ဆင်းသောအခါ လန်းဆန်း တက်ကြွနေသည်။ 


သူတို့၏ ခရီးဆောင်အိတ်များကို ယူပြီး minivan ထဲသို့ တက်လိုက်ပြီးနောက် ဝေ့ရှောင်းက Weibo ကို ပြန်ဖွင့်သည်။ 


ဖွင့်ပြီးပြီးချင်း လေအေးများကို ရှုရှိုက်လိုက်ပြီး လူတိုင်းက သူ့ကိုပင် လှည့်ကြည့်သည်။ 


ဝေ့ရှောင်းက ပြန်စာ ရေးလိုက်သည်။ ထို့နောက် နင်ကျယ်ဟန်ကို မေးလိုက်၏


“ မင်းရဲ့ weibo မှာ ပရိတ်သတ် ဘယ်လောက်ရှိလဲ”


နင်ကျယ်ဟန်က လေ့ကျင့်ရေးစခန်းတွင်ကတည်းက စတင်ကာ နာမည်ကြီးလာခဲ့ ခြင်းဖြစ်သည်။ သူသည် FTWသို့ ဝင်ရောက်ပြီးနောက် နောက်ထပ် နာမည်ကြီး သွားပြန်၏ ။ ရှောင်နင်က   သူ၏ Fan accကို အလွန်ပင် အလေးအနက်ထားကာ ကြည့်ပြီးနောက် ပြောသည်။ 

36 05

“ 1.5 သန်း ဝန်းကျင်ပေါ့”


ဝေ့ရှောင်းက သက်ပြင်းချသည်။ 


“ ငါက 2 သန်း”


သူ့ရဲ့ acc ဖွင့်ထားတာ ဘယ်နှစ်ရက် ကြာသေးလို့လဲ။


FTWသည်လည်း အလေးအနက်ကြီး မကြေငြာရသေးချေ။ ထို့အပြင် offical  marketing poster များကို ပင် မတင်ရသေးချေ။ ထို Fan account က......


Club မန်နေဂျာဖြစ်သော ချန်းလျိုကပင် အံ့ဩသွားသည်။ 


“ ငါမနေ့က စစ်ထားတော့ 1 သန်းတောင် မရှိသေးပါဘူး”


Club ၏ စီမံခန့်ခွဲရေး ဋ္ဌာနက Teams ၏ weibo acc တိုင်းကို အထူးတလည် အာရုံစိုက်တတ်သည် ။ မည်သို့ပင် ဆိုစေ ဒါသည် ရေးကြီးလေသည်။ ဝေ့ရှောင်းက ခေါင်းခါသည်။ 


“ ဆက်တက်နေတုန်းဘဲ ။ ညနေလောက်ဆိုရင်  ပိုင်ချိုင်ကို ကျော်လောက်တယ်”


ပိုင်ချိုင်၏ အဓိက acc သည် 2.5 သန်းသာ ရှိသည်။ အတင်းဧကရာဇ် acc က သာ 7 သန်းရှိသည်။


ရှောင်နင်ကလည်း အလွန်ပင် ထောက်ပံ့ပေးတတ်သလို ဖားလိုက်သည်။


“ ရှောင်းကော ရှောင်းကောက တအား တော်တာပဲ”


ဝေ့ရှောင်း၏ အမြှီးလေးက ဂုဏ်ယူမှုအပြည့်ဖြင့် မြောက်တက်နေပြီးသားဖြစ်သည်။ အခုအခါ သူသည် ပို၍ပင် ဂုဏ်ယူသွားသေး၏ ။သို့သော် သူ၏ အသံကမူ လှုပ်ရှားမှု အပြည့်ဖြင့် ပြောလိုက်၏ 


“ ဒါတွေအားလုံးက CP Fan တွေကိုဘဲ ကျေးဇူးတင်ရမှာဘဲ” 


ရှောင်နင်က ရပ်တန့်သွားသည် ။ သူ၏မသိစိတ်အရ အခြေအနေ မကောင်းတော့ဟု ခံစားနေရသည်။ သေချာစွာပင် ဝေ့ရှောင်းက ထပ်ပြောလာသော စကားလုံးများက သူ၏ ထိုမသိစိတ်ကို ဖော်ပြသည်။ 


“ မစိုးရိမ်နဲ့။ ငါတို့လည်း CP ဖွဲ့လို့ ရတယ်လေ။ မင်းရဲ့ Fan acc ကလည်း  သေချာပေါက် ကောင်းကင်အထိ ထိုးတက်သွားမှာပဲ။


နင်ကျယ်ဟန် “…”


******