Ch 37
Viewers 3k

အပိုင်း 37


ချိုပြီး ချဉ်တယ် ရှာလကာရည် နည်းနည်းပေါ့......။


ဘယ်ဘက်ခြမ်းတွင်ထိုင်နေသော လုဖုန်းက ဝေ့ရှောင်းကို တစ်ချက်ကြည့်သည်။ 


ဝေ့ရှောင်းသည် ဒါကို သတိမထားမိသေးဘဲ စိတ်အားထက်သန်စွာ ညီအစ်ကို တစ်ယောက်ကို ကူညီချင်နေသည်။ 


“ ခဏလောက်နေရင် ငါ လောင်ပိုင်ကို ငါတို့ကို ကူညီပြီး ဓာတ်ပုံ ရိုက်ခိုင်းလိုက်မယ်။ ခေါင်းဆောင်နဲ့ လုပ်သလိုပေါ့ ။ဒါက သေချာပေါက်.......”


သူ၏ စကားကပင် မဆုံးလိုက်ချေ နင်ကျယ်ဟန်က တစ်ကိုယ်လုံး စိမ့်တက် နေပြီဖြစ်သည်။ သူက ခပ်မြန်မြန် လက်ကာသည်။


“ မလိုပါဘူး မလိုပါဘူး”


ဝေ့ရှောင်း” မရှက်ပါနဲ့ ကောင်မလေးတွေအများစုက Game ကစားကြတာ မဟုတ်ဘူး။ ဒါပေမဲ့သူတို့က  အချိန်အားနေလို့ ပွဲဆီလာပြီး ငါတို့ကို အားပေးကြတယ်။  ဒါပေမဲ့ ဘာကြောင့်လို့ထင်လဲ”


နင်ကျယ်ဟန်”.....”


သူ မသိဘူး။ သူမသိချင်ဘူး။ သူ မကြားလို့ရမလား ။


ဝေ့ရှောင်းသည် ကိစ္စများကို အနည်းငယ် ရှင်းလင်းလွန်းစွာ အမှန်တကယ် မြင်နိုင်သည်။ 


“ငါတို့ရဲ့အချစ်နဲ့ ပြသတဲ့ ချစ်ခြင်းတွေကို လာကြည့်တာပေါ့”


နင်ကျယ်ဟန်”.......”


သနားစရာ ကောင်းသော မီးခိုးရောင်အဖွားသည် သူ၏အသင်းဖော်များအား အကူအညီ တောင်းသော အကြည့်မျိုး ကြည့်လိုက်သည်။ သို့သော် လောင်ယွဲ့ကမူ အာလူးကြော်ကိုသာ ခပ်တင်းတင်း ဖိကိုက်ထားသည်။ လောင်ပိုင်ကမူ မျက်လုံးကို ပိတ်ထားရင်း သူ၏ energy ကို ချွေတာနေသည်။ ခေါင်းဆောင်ကမူ.........


လုဖုန်းက သူ၏ Tablet ကို ပိတ်ရင်း တစ်ချက်လှမ်းကြည့်လိုက်သည်


“ မင်း လုပ်နိုင်လား”


ထိုစကားလုံးများသည် ဝေ့ရှောင်းကို ရည်ရွယ်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။ 


ဝေ့ရှောင်း”ဟင်”


လုဖုန်း” 2 သန်းက 1.5 သန်းကို သက်ရောက်စေဖို့ လုံလောက်လို့လား”


ဝေ့ရှောင်းက ခဏခန့် ကြောင်သွားသည်။ ထို့နောက် အလင်းရောင်ကို မြင်လိုက်သည်။ 


“အို ဟုတ်သားဘဲ ။ ငါ့မှာလဲ Fan တွေ မလောက်သေးဘူး မျှော်လင့်ထားတဲ့အတိုင်း....”


သူက စကားစပြောသည်နှင့် နင်ကျယ်ဟန်က ကြောက်သွားသည်။ 


ခေါင်းဆောင်ကြီးရေ ကျေးဇူးပြုပြီး ငါ့ရဲ့ Fan ကို များအောင်လို့ ခေါင်းဆောင်ကိုတော့ မကူညီခိုင်းပါနဲ့။ အားးးး ငါလေ့ကျင့်ရေးစခန်းကို ရောက်ရင် အသက် ရှင်ချင်သေးတယ်။ အား…..


ဝေ့ရှောင်း၏ ဉီးနှောက် ဆားကစ်ကမူ တစ်ခြားသော သူများနှင့် ခြားနားရန် ကံကြမ္မာ ပါလာပြီးသား ဖြစ်သည်။ ထို့နောက် သူ ပြောသော စကားကို ကြားလိုက်ရသည်။


“မျှော်လင့်ထားတဲ့ အတိုင်းဘဲ။ အချို့သူတွေက ညအရင်ဆုံး အောင်မြင်ဖို့ လိုအပ်သေးတာဘဲ။ ဒီလိုဆိုရင် ငါအရင်ဆုံး ခေါင်းဆောင်ရဲ့ ကျော်ကြားမှုကို အခွင့်အရေး ယူလိုက်အုံးမယ်လေ ။ အာ… ခေါင်းဆောင်နဲ့ ငါ့ရဲ့ CP က internet တစ်ခွင်လုံး ပေါက်ကွဲသွားပြီးပြီဆိုမှ မင်းကို ပြန်ဆွဲတင်ပေးမယ်”


ရှောင်နင်”......”


သူ၏နှလုံးသား နိမ့်လိုက်မြင့်လိုက် အခြေအနေသည် သူငယ်လေ့ကျင့်ရေးစခန်း Final မှ အတွေ့အကြုံထက်ပင် လှုံ့ဆော်မှု ပြင်းထန်လေသည်။ 


လုဖုန်းက သူ၏ နာမည် လှမ်းခေါ်လေသည်။” ဝေ့ရှောင်း”


ဝေ့ရှောင်းက ချက်ချင်းဆိုသလိုကြည့်သည် ။


“ ဒီမှာပါ”


လုဖုန်း” မင်းရဲ့အလုပ်ကို အာရုံစိုက်”


ဝေ့ရှောင်းက နားမလည်ချေ။


“ အာ”


ထိုနောက် သူသည် နားလည်သွားပြီး ခေါင်းညိတ်လိုက်သည်။ 


“ ငါ နားလည်သွားပြီ။ ငါ အနာဂတ်မှာ သေချာ အာရုံစိုက်ထားမယ်။ ငါ ခေါင်းဆောင်နဲ့ပဲ အလုပ်လုပ်မှာ”


လုဖုန်းက တည်ငြိမ်စွာ ပြောသည်။ 


“ အင်း”


ကားထဲမှ လူတိုင်း” ? ? ?”


ကားမောင်းသူမှာ တရုတ်ဘာသာစကားကို နားမလည်သည်မှာ ကံကောင်းသည်။ သို့မဟုတ်လျှင် တစ်စီးလုံး လမ်းကြားထဲ ထိုးကျရင်း အဆုံးသတ် သွားလောက်သည်။


ဝေ့ရှောင်းက တစ်ယောက် အောင်မြင်လျှင် ပိုရရန်အတွက် အခွင့်အရေး ယူသည်ဆိုသော အခြေအနေအတိုင်း ကြိုးစားသည်။ 


“ ခေါင်းဆောင်”


လုဖုန်း” …”


ဝေ့ရှောင်း”တွေ့လား ငါက အရမ်းကို နာခံ သိတတ်ပြီး နားလည်မှု အပြည့်ရှိတယ်ဆိုတော့ ခေါင်းဆောင် နောက် ၁၅ရက်အတွင်း ငါနဲ့ နည်းနည်းလေး solo ပေးလို့ ရမလား”


လုဖုန်းက စကားကို ဖိပြောသည်။ 

37 02

“ အာရုံစိုက်”


ဝေ့ရှောင်းက အံ့ဩသွား၏ 


“ အလုပ်ကိုဘဲ အာရုံစိုက်တာလေ။ အလုပ်ကိုဘဲ အာရုံစိုက်ပြီး solo လို့ မရဘူးလား” 


လုဖုန်း”.....”


ဝေ့ရှောင်းက ယခုအခါ နောင်တရသွားသည်။ 


“ ခေါင်းဆောင် ၊ ခေါင်းဆောင် ဒါကို ဘယ်လိုထင်လဲ ငါ ခေါင်းဆောင်နဲ့ အလုပ် မလုပ်တော့ဘူး။ Solo ဖို့ဘဲ အာရုံစိုက်မယ်လေ”


လုဖုန်းက လက်ထောက်ကို ကြည့်သည်။


“ မင်း စာချုပ်ကို ပြောင်းလို့ပြီလား”


တစ်ချိန်လုံးလည်း အိပ်နေသည့် အပြစ်ကင်းစင်သော လက်ထောက်” ? ? ?”


လွန်ခဲ့တဲ့ ၅ မိနစ်ကပင် အသိအမှတ်ပြုပြီးသွားပြီလေ။ ငါ့မှာလက် ၁၀ဖက် ရှိရင်တောင် ဒါကိုပြောင်းလို့ ဘယ်လို ပြီးမှာလဲ။ 


လေ့ကျင်းရေးကွင်းတွင် minivan က ရပ်သွားသည်အထိ ဝေ့ရှောင်းသည် လုဖုန်းနှင့် စကားပြောရန် အခွင့်အရေးမရှိတော့ချေ။ 


ပြိုင်ပွဲရေးကော်မတီသည် sponsorship ရန်ပုံငွေ အမြောက်အများကို ရထားလောက်သည်။ ထို့ကြောင့် သူတို့သည် အပန်းဖြေ Hotelကြီး တစ်ခုလုံးကို တိုက်ရိုက် ငှားထားနိုင်သည်။ ဝန်းကျင်နှင့် အခြေအနေကလည်း ဖော်ပြရန် ကောင်းလောက်အောင် ကောင်းမွန်သည်။  


သူတို့က Check in ဝင်သောအခါ ဆောင်းတွင်းလေ့ကျင့်ရေး sever နှင့် တိုက်ရိုက် ချိတ်ဆက်ထားသော game acc များကိုပင်ပေးသည်။ 


ID များကို ကြိုတင်ကာ စာရင်းသွင်း အသိအမှတ် ပြုထားခြင်းဖြစ်ပြီး ပြောင်းလဲ၍ မရနိုင်ချေ။


ဒါပေါ့ ပြောင်းလဲစရာလဲ မလိုဘူးလေ ။


FTWသည် စောစောရောက်သည်ဟု သတ်မှတ်၍ မရချေ ။ အခြားသော အသင်းများသည်လည်း ဆက်တိုက်ဆိုသလို ရောက်လာ။၏ သို့သော် သူတို့သည် အချင်းချင်း မရင်းနှီးကြသဖြင့် မနှုတ်ဆက်ကြချေ။ 


3U သည် FTW ထက် စောစော ထွက်ခွာသွားသည်။ 


သို့သော် နှမြောစရာ ကောင်းသည်မှာ သူတို့၏ လေကြောင်းက delay ဖြစ်သွားသော ကြောင့် ၂နာရီခန့် နောက်ကျသွားပြီး ယခုအချိန်အထိ မရောက်သေးချေ။


ဧည့်ကြိုကောင်တာက ချန်းလျိုကို ဒီနေ့ယေဘုယျ အစီစဉ်များနှင့် ပတ်သတ်ပြီး ရေးသားထားသည့် အစီအစဉ်ကို ပေးသည်။


ညနေဆိုရင် အသင်းတိုင်း ရောက်လောက်နေပြီ။ အကြိုလေ့ကျင့်ရေး အစည်းဝေးပွဲလည်းရှိပြီး ၉နာရီဆိုလျှင် ဖျော်ဖြေမှု အစီအစဉ် match ပွဲလည်း ရှိသည်။ ထို match ပွဲပြီးမှသာ ဆောင်းတွင်းလေ့ကျင့်ရေးသည် အမှန်တကယ် စတင်ပြီ ဖြစ်သည်။ 


ဝေ့ရှောင်းက ဖျော်ဖြေမှု match အကြောင်း သိချင်နေသည်။


“ဘယ်သူက ဘယ်သူနဲ့ ရင်ဆိုင်မှာလဲ”


ပိုင်ချိုင်က အစီစဉ်ကို ကြည့်သည်။


“ မင်း စဉ်းစားဖို့ လိုသေးလို့လား L&P နဲ့Pro ပေါ့”


ဖျော်ဖြေမှု match ဆိုသည်မှာ ယခင်အစီစဉ်မှ အင်အားအကြီးဆုံးအသင်းက စင်ပေါ်တက်သော နည်းလမ်းတစ်ခုသာ ဖြစ်သည်။ ဒီနည်းအားဖြင့် လူတိုင်း၏ စိတ်အားထက်သန်မှုကို လှုံ့ဆော်ပြီးအချိန်ကြိုစောလျှက် သွေးပူအောင် လေ့ကျင့်ပေးရန် ဖြစ်သည်။


L&Pသည် ယခင်အစီအစဉ်မှ runner up ဖြစ်သည် Pro ကမူ တတိယနေရာကို ယူထား၏ ။ တွေးကြည့်ရုံနှင့်ပင် သူတို့ကို စိတ်လှုပ်ရှားပြီး သွေးပူစေသည်။ 


L&P ၏ ခေါင်းဆောင် ယွမ်ဇယ်နှင့် Pro ၏ starting ADC ကင်ဆန်းဟွန်း တို့သည်လည်း အသင်းဖော်များ ဖြစ်သော အချက်ကရှိသည်။


ထိုနှစ်ယောက်သည် နတ်ဘုရားများအသင်းတွင် အတူကစားနေကြ ဖြစ်ခဲ့လောက်သည်။ သူတို့နှင့် ပတ်သတ်ပြီး ဒဏ္ဍာရီများကို ဒီနေ့ဒီအချိန်အထိ မမေ့နိုင်သေးချေ။ 


ယွမ်ဇယ်သည် မြောက်အမေရိကတွင် လူသိများသည်။ အနောက်ပိုင်းသားများက တရုတ်လူမျိုးကို ထိုမျှထိ လေးစားသည့်အလို့ငှာ သူဟာ မည်မျှအင်အား ကြီးမားကြောင်း ပြောရန်ပင် မလိုအပ်တော့ချေ။ 


တောင်ကိုရီးယားသို့ ပြန်ပြီးနောက် ကင်ဆန်းဟွန်းသည်လည်း သူ၏ စီနီယာများ အားလုံးကို ချေမွလျက် သွေးအလိမ်းလိမ်း လမ်းတစ်လျှောက် လျှောက်ပြီး တောင်ကိုရီးယား ပြိုင်ပွဲဝင်နယ်မြေဇုန်၏ ထိပ်ဆုံးသို့ တက်ရောက်ခဲ့ကာ မကြာခဏဆိုသလို  မသေမျိုး ADCများ  ဖန်တီးခြင်းနှင့် ကျော်ကြားလာသည်။ 


ယွမ်ဇယ်နှင့် ကင်ဆန်းဟွန်း တို့သည် အာရုံစိုက်မှု အမြောက်အများ ကျော်ကြားမှု အမြောက်အများကို ပိုင်ဆိုင်ထားကြသည်။


အနှစ်ချုပ်ဆိုရသော သူတို့၏ အိမ်ဟောင်း FTWကမူ အနည်းငယ် သနားစရာ ကောင်းသည်။


Closeကို ချွင်းချက် အဖြစ်ဖယ်လိုက်လျှင် ဒီနှစ် FTWသည် သူတို့အတွက် ဘာမှမဟုတ်ချေ။ 


လူသစ်နှစ်ယောက်ကိုလည်း တစ်ချက် ကြည့်နိုင်သည်။ သူတို့သည် အလွန်ချောသည် သို့သော် ချောမောခြင်းကလည်း အသုံးမဝင်သေးချေ။


သူတို့ရှိနေသည်မှ E sports ဖြစ်သည်။ အင်အားခြင်းသာ.တိုက်ခိုက်ရ၏။ အနည်းငယ် ကြည့်ကောင်းသော ရုပ်ရည်က လုပ်ဆောင်နိုင်မှု မရှိလျှင် အသုံးမဝင်ပေ။


ယွမ်ဇယ်နှင့် ကင်ဆန်းဟွန်း အပြင်အခြား ပြိုင်ပွဲဝင်နယ်မြေဇုန်မှ အသင်းများကလည်း ဝေ့ရှောင်း၏ တရုတ်ပြည်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို အာရုံမစိုက်ခဲ့ကြချေ


တရုတ်နိုင်ငံ ပြိုင်ပွဲဝင်ဇုန်လိုမျိုး တောက်လျှောက် downtown ဖြစ်နေတဲ့နေရာက ဘယ်လိုမျိုးစေ့ကောင်းများ ရှိနိုင်မှာလဲ။


သူတို့၏ အဓိက ပြိုင်ဘက်က မြောက်အမေရိက ဥရောပနှင့် ကိုရီးယားများ ဖြစ်နေသေးသည်။

37 03

အကြိုလေ့ကျင့်ရေးအစည်းအဝေးသည် ၈နာရီတွင် စသည်။ ထိုနေရာသည် Hotel ၏ခန်းမကြီးတွင် ဖြစ်သည်။ 


ပြိုင်ပွဲကော်မတီက ကြိုတင်စီစဉ်ပြီး ကြိုတင်ကာ စီစဉ်မှုများကို လုပ်ထားပြီးသား ဖြစ်သည်။ပွဲခန်းမကြီးသည် လူ အယောက် ၁၀၀ မှ ၂၀၀ အထိ ဆံ့သည်။ စင်၏ အလည်တွင်လည်း ပစ္စည်းများကို ချခင်းထားပြီးသား ဖြစ်သည်။ 


ဆောင်းတွင်း လေ့ကျင့်ရေးတွင် ပါဝင်မည့် ဖျော်ဖြေမှုပြိုင်ပွဲအတွက်လဲ ပြင်ဆင်ပြီးသား ဖြစ်လေသည်။


ကပွဲခန်းမကြီးသည် အလွန်ကျယ်သောကြောင့် မည်သည်ခုံမှ တရားသေအဖြစ် မရှိချေ။ ကြိုက်ရာ နေရာတွင် ဝင်ထိုင်နိုင်သည်။


အသင်း ယူနီဖောင်းများကို ဝတ်ထားသောသူများ ခန်းမထဲ ဝင်လာသောအခါ သူတို့ကို နားလည်ရန်လွယ်သည်။ တူညီသော ပြိုင်ပွဲဝင်နယ်မြေဇုန်မှ လာသောအသင်းများ သို့မဟုတ် အင်အားစုများက အချင်းချင်း နှုတ်ဆက်ကြသည်။


FTWက ခန်းမထဲသို့ဝင်လာသောအခါ ခန်းမတိတ်ဆိတ်သွားသည်။ လူအများစုက closeကို ကြည့်သည်။ အချို့က အပူထွက်နေသောအကြည့်မျိုးဖြစ်ပြီး အချို့ကမူ ဝမ်းနည်းသော အကြည့်မျိုးဖြစ်ပြီး တစ်ချို့ကမူ လှောင်ချင်ကြသည်။


ကမ္ဘာနံပါတ် ၁..... Championship ကို ၃နှစ်ဆက်တိုက်ရထားတဲ့သူ တစ်ယောက် ထိုကျော်ကြားမှုက အတုအယောင် မဟုတ်ပေ ။.သို့တိုင်အောင် ထင်သလောက်လဲ မမှန်ကန်သေးပေ 


Close ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအင်အားက မည်မျှသန်မာနေစေကာမူ Close က FTW မှ မထွက်နိုင်သည်နှင့် အဆုံးသတ် သွားလေပြီ ။ FTWသည် ကိုယ့်ကိုကိုယ်ပင် မထောက်ပံ့နိူင်သော အသုံးမကျသည့် Team ဖြစ်နေသည်။


အိုဟောင်းဆွေးမြေ့နေသော မြို့အတွင်းတွင် ရွှေဖီးငှက်က ရှိနေသည်။ ထိုအကြည့်များသည် အလွန်တိုက်ရိုက် ကြလွန်းသည်။ ထို့ကြောင့် ပို၍ပင် အထိမခံဖြစိနေသော နင်ကျယ်ဟန်က မသက်မသာဖြစ်လာသည်။ 


ယွဲ့ဝမ်လဲ့ က တိတ်ဆိတ်နေသည်။ ပိုင်ချိုင်က သူ၏ မျက်လွှာကို ချလိုက်ရင်း ကပ်လိုက်လာသည် ။ မည်သူနှင့်မျှ  အကြည့်ချင်း မဆုံပေ ။


ဝေ့ရှောင်းက မျက်မှောင် ကြုတ်သည်။ သူ့၏နှလုံးသားအတွင်း တွင် မပျော်ရွှင်သော ပူပေါင်းက သောင်းကျော်လာသည်။


လုဖုန်း၏ အမှုအရာက အေးစက်သည်။ သူသည် ရှေ့ဆုံးမှ တိုက်ရိုက်လျှော က်သွားသည်။ FTW တစ်သင်းလုံး ဝန်းကျင်ရှိ လေထုဖိအားက ကျောက်သွားအောက်ခြေကို လာရောက် ထိမှန်လေသည်။


ချန်းဖုန်းသည်လည်း စိုးရိမ်လာမိသည်။ သူသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှာကို အတွင်တွင် လုပ်ပေးထားသည့်တိုင်အောင် အရာအားလုံးက အစစ်အမှန် ဖိအားနှင့် တွေ့ကြုံသောအခါ အလဟဿပင် ဖြစ်လာသည်။ 


ဝေ့ရှောင်း၏ မျက်နှာကမူ တောင့်တင်းနေသည် ။ အခြားသော သူများကမူ.....


သူတို့က ထိုင်ပြီးကာစသာရှိသေးသည်။ဝေ့ရှောင်းကမူ ခပ်တိုးတိုး ပြောလိုက်သည်။ 


“သေစမ်း သူတို့အား လုံးက Close ကိုပဲ စိုက်ကြည့်နေကြတယ်။ ဘာလို့ကြည့်တာလဲ”


ချန်းဖုန်း”......”


ဝေ့ရှောင်းက ဆက်ပြောသည်။ 


“ ငါတောင်မှ ဒီ 15 ရက်လုံးလုံး သူနဲ့ solo နိုင်တာ မဟုတ်ဘူး။ သူတို့ဆိုရင် တွေးတောင်မတွေးနဲ့”


FTW မှလူတိုင်း”.......”


ဆိုတော့ မင်းမျက်မှောင် ကြုတ်ပြီး မျက်နှာတင်းနေတာ။ မင်းရဲ့အမူအရာက အရမ်းကို လေးနက်နေတာက ဒါကို ဒေါသထွက်နေတာပေါ့ ဟုတ်လား ။


ဝေ့ရှောင်းက စိတ်မအေးသေးချေ။ သူသည် Close အနားသို့ မှီလိုက်ရင်း ခေါ်သည်။ 


“ ခေါင်းဆောင်.”


လုဖုန်းက သူ့ကိုကြည့်သည်။ 


ဝေ့ရှောင်းက သူ့ကို ပြန်ကြည့်သည်။


“ ၁၅ရက် လုံးလုံး မင်း ဘယ်သူနဲ့မှ မ solo နဲ့”


လုဖုန်းကပင် အနည်းငယ် အံ့ဩသွားသည်။ ဝေ့ရှောင်းက စကားကို ဖိပြောသည်။ 


“ မင်းသာ ဘယ်သူနဲ့မှ မsolo ဘူးဆိုရင် ငါကလည်း solo game ပွဲ တွေအတွက် မကပ်နေတော့ဘူး”


Closeသည် လွန်ခဲ့သော ၂နှစ်ခန့်က လေ့ကျင့်ရေးပွဲများ ရရှိလိုခြင်းအလို့ငှာ လူတိုင်းနှင့် Solo ပေးရကြောင်းတွေး ကြည့်ရုံနှင့်ပင် သူသည် အမှန်တကယ် မပျော်မရွှင် ဖြစ်လာသည်။ ထိုသို့ပြောပြီးနောက် ဝေ့ရှောင်းက သူသည် လွှမ်းမိုးလွန်းသည်ဟု ခံစားလိုက်ရသဖြင့် ပြန်လည် ရှင်းပြပေးသည်။ 


“ ငါဆိုလိုတာက မင်း ကို မတရား ခံစရာမလိုပါဘူး။ တစ်ယောက်ယောက်ကသာ မင်းနဲ့လာပြီး solo ချင်တယ်ဆိုရင် မင်းအနေနဲ့......”


သေစမ်း သူ ဒါကို မပြောနိုင်တော့ဘူး


တစ်ကိုယ်လုံးကို ချဉ်စုတ်လာသလိုပဲ။ 


သူသည် လုဖုန်းဟာ အခြားသောသူများနှင့် ရိုးသားစွာ solo ချင်ကြောင်း တွေးမိလိုက်ရုံနှင့် ချဉ်စုတ်နေသော ပူဖောင်းများအလားပင် အချဉ်ဓာတ်ကို ခံစားလိုက်ရသည်။ 


လုဖုန်း၏ မျက်နှာက အေးစက်နေရာက နောက်ဆုံးတွင် နွေးထွေးမှုကို ပြန်ရရှိသွားသည်


“ မရှိဘူး”


ဝေ့ရှောင်းက ရပ်တန့်သွားသည်။ လုဖုန်းက ပြောသည်။


“ဒီနေရာမှာ ငါsolo ချင်တာ ဘယ်သူမှ မရှိဘူး”


ဝေ့ရှောင်း၏ ရင်ဘတ်ထဲမှ ချဉ်စုတ်နေသော.ရှာလကာရည် များချက်ချင်းဆိုသလို ပေါက်ထွက်သွားသည်။.ထို့နောက်သူ၏ မျက်နှာက အနည်းငယ် အပူ ပြန်တက်သွားသည်။ 

37 04

“တကယ်လား”


လုဖုန်း” သူတို့အားလုံး.ငါ့လက်အောက်က အရှုံးသမားတွေဘဲ သူတို့နဲ့ solo ရတာ ဘာအဓိပ္ပါယ်မှ မရှိဘူး”


ဝေ့ရှောင်း” ..” 


Close ကလွှဲပြီး ဒီလိုစကားမျိူးကိူပြောဖို့ ဘယ်သူကမှ အရည်အချင်း မပြည့်မီနိုင်ဘူး။ ခန်းမကြီးတစ်ခုလုံးတွင် ပြိုင်ပွဲရေးနယ်မြေ ၁၆ နယ်မြေမှ လက်ရွေးစင်အသင်း 18 သင်းရှိနေသည်။ သူတို့အားလုံး ပေါင်းလိုက်သော starting line up တွင် ကစားသမား ၉၀ ကျော် လောက်ရှိနေသည်။ သို့သော် သူတို့အားလုံးသည် Close ထံတွင် ရှုံးထားသည်။ 


ဝေ့ရှောင်း၏ မျက်ဝန်းက တောက်ပသွားရုံမှ မကသေးဘဲ နင်ကျယ်ဟန်ကပင် ခပ်မတ်မတ် ထိုင်သည်။ 


ဟုတ်တယ် သူတို့ ဘာကြောက်စရာရှိလဲ။ သူတို့ ဘာများ ကြောက်စရာရှိလဲ။


လောကမှ အင်အား အကြီးဆုံးသူက သူတို့ရဲ့ FTW မှာလေဆိုတော့  သူတို့ ဘာများ ကြောက်စရာရှိမှာလဲ ။ 


ဝေ့ရှောင်း၏ နှလုံးသားက ယားယံလာသည် ။ ယားယံလွန်းသဖြင့်သူသည် computer ကိုပင်ဖွင့်ပြီး လုဖုန်းနှင့် အခုချက်ချင်း ပြင်းထန်တဲ့တိုက်ပွဲကြီး တိုက်ခိုက်ရန် မစောင့်နိုင်လောက်တဲ့အထိ ဖြစ်သည်။ 


အင်အား ကြီးမားသော Close 


တောက်ပသော Close 


ဒီကမ္ဘာပေါ်မှာ Close မနိုင်တာ ဘယ်သူမှမရှိဘူး 


ဒါက သူ၂ နှစ်ကျော်လောက် လိုက်နေခဲ့တဲ့ကမ္ဘာ့ နံပါတ် ၁ဘဲ 


လုဖုန်းက ခဏခန့်ရပ်ပြီး ရုတ်တရက် ထပ်ဖြည့်ပြောသည်။


“ အို ဒါက မဟုတ်သေးဘူး”


ဝေ့ရှောင်းက ခဏခန့် မှင်သက်သွားသည်။ 


လုဖုန်း” တစ်ယောက်တော့ ရှိတယ်”


အခုလေးတင်ကောင်းကင်သို့ မြောက်တက်သွားတဲ့ ဝေ့ရှောင်း၏ အခြေအနေက ပြန်လည် ပြုတ်ကျလာသည်။ 


“ ဘယ်သူလဲ”


“ အဲဒီ ယွမ်ဇယ်ဆိုတဲ့ကောင်လား ၊ ဒါမှမဟုတ် အဲ့ဒီ ကင်ဆန်းဟွန်း ဆိုတဲ့ကောင်လား”


လုဖုန်းက ပြုံးသည်။


“ မင်းလေ” 


ဝေ့ရှောင်းက မျက်တောင် ခတ်သည်။ 


လုဖုန်းက သူ၏ စကားကို ကူညီကာ ဖြည့်ပြောပြန်သည်။


“ မင်းကလွဲ ပြီး ဒီနေရာမှာ ငါ solo ချင်တဲ့သူ ဘယ်သူမှ မရှိဘူး”


******