အပိုင်း (38)
ငါက closeရဲ့ လူတွေထဲက တစ်ယောက်ဖြစ်ဖို့ မွေးလာတာ ၊ ငါက Close ရဲ့ သရဲအဖြစ်နဲ့သေမှာ
ဝေ့ရှောင်း၏ နှုတ်ခမ်းထောင့်စွန်းများက အပေါ်ကို တက်သထက် တက် တက် တက် တက် တက်သွားသည်။သူသည် နေမင်း၏ အနားသို့ပင် ရောက်လုနီးပါး ဖြစ်သွား၏။
FTWရှိ လူတိုင်းက ဆက်မကြည့်နိုင်တော့ချေ။ သူတို့သည် သူတို့၏ ခေါင်းများကို လှည့်ကာ ကိုယ့်ကိစ္စကိုယ် လုပ်လိုက်ကြသည်။ ကံကောင်းသည်မှာ သူတို့၏ အနားတွင် တရုတ်စကားကို နားမလည်သော သူများ နိုင်ငံခြားသားများက ဝိုင်းနေခဲ့၍ ဖြစ်သည်။ သို့မဟုတ်လျှင်...............
သောက်ကျိုးနည်း အဲဒီလိုမှ မဟုတ်ရင် ဘာတွေဖြစ်လာမလဲ ဘယ်သူကမှ မသိတာ။
ဝေ့ရှောင်းကလည်း အလွန် ရှက်သွားသည်။
“ မင်းငါ့ကို တန်ဖိုးထားတယ်ဆိုတာ သိပေမဲ့လည်း ဒီလောက်ထိ တန်ဖိုးထားလိမ့်မယ်လို့ မထင်ထားဘူး “
သူဟာ ရှက်နေပုံ ပေါ်သည်။ သို့သော် သူ၏ စကားလုံးများကမူ ထိုကဲ့သို့ မဟုတ်ချေ။
လုဖုန်းက ဖြေတော့မည့် အခိုက်အတန့်တွင် သူ့ကို မေးသည့်စကားကို ကြားလိုက်ရပြန်သည်။
“ ဒါပေမဲ့ ငါလည်း မင်းရဲ့ လက်မှာ ရှုံးထားတာပဲ မဟုတ်ဘူးလား “
မင်းရဲ့လက်မှာ ရှုံးထားတဲ့သူတွေနဲ့ Soloတာ မတန်ဘူးဆိုရင် ဝေ့ရှောင်ရှောင်းက အကြိမ်မရေတွက်နိုင်အောင် ရှုံးထားတာ ဒါဆိုပိုပြီး အဓိပ္ပါယ် မဲ့မသွားဘူးလား
လုဖုန်း “ မင်းက နိုင်မှာ “
ဝေ့ရှောင်း၏ အမြှီးက မြောက်တက် သွားပြန်သည်။
“ ဟုတ်တယ် ဘာဘဲ ဖြစ်ဖြစ် ငါကလူသစ်လေ”
သူသည် လုဖုန်း၏ သူ့အပေါ်တန်ဖိုးထားမှုကို တွေးတော့မိသွားပြီး ခပ်မြန်မြန် ထပ်ဖြည့်ပြောသည်။
“ ငါက အလားလာ ကောင်းတဲ့ အနာဂတ်ရှိတာ မဟုတ်လား “
လုဖုန်းက ဖြေသည်။
“ အင်း အနာဂတ်က အလားအလာ ရှိတယ် “
ဝေ့ရှောင်းသည် ထိုစကားလုံးများကို အမှန်တကယ် သဘောကျသည်။ သူ၏ နှလုံးသားဟာ ပူတက်သွားပြီးနောက် သူသည် လှေကားပေါ်သို့ စတက်ပြန်သည်။
“ ငါတို့တွေ အနာဂတ်မှာ ဒီလို........... နည်းနည်းလေး ပိုမြန်မြန် ဖြစ်အောင် လုပ်လိုက်ရင် ဘယ်လိုလဲ “
သူတို့ မြန်မြန် solo လေလေ သူမြန်မြန် အရွယ်ရောက်လေလေ ဒီလိုဆိုရင် Close ကို နိုင်ချင် လေလေပဲ။
လုဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများက ပြန်ကျသွားသည်။
“ မင်းက solo ချင်တာလား “
ဝေ့ရှောင်းက ကြက် ဆန် ကောက်စားသလို ခပ်မြန်မြန် ခေါင်းညိတ်သည်။သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်မှုများကို မြင်နိုင်သည်။
လုဖုန်းက မျက်နှာကို တည်အောင် ကြိုးစားလိုက်သည်။
“ ပုံမှန် season ........”
သူ၏ စကားမဆုံးသေးခင် ဝေ့ရှောင်းက ကုလားထိုင်ပေါ်သို့ နောက်ပြန် လဲကျသွားပြီး တိုက်ရိုက်ပင် ဖြေသည်။
“ငါ သိပြီ ငါ သိပြီ”
သူက လုဖုန်း၏ လေသံကို တုပပြီး ပြောသည်။
“ ပုံမှန် season မှာ Grand select ရပြီးလို့လား။ Playoff တွေ အားလုံးကို အနိုင်ယူပြီးပြီလား။ အိမ်ကို ကမ္ဘာ့ဖလား ပြန်သယ် လာပြီးပြီလား။ ဒါတွေ တစ်ခုမှ မရှိသေးဘူးဆိုရင် ဒါကို ဘယ်လိုလုပ်ပြီး..........”
လုဖုန်း “ ......”
ခန်းမထဲမှ လူတိုင်း “........”
ဝေ့ရှောင်း၏ မောက်မာသော စကားလုံးများက ပြောပြီးကာစသာ ရှိသေးသည်။
မူလက ဆူညံနေသော ခန်းမက တိတ်ဆိတ်သွားသည်။ လူတိုင်းက ဝေ့ရှောင်း၏ စကားလုံးများကို ကြားလိုက်ရသည်။
ဝေ့ရှောင်းက အလေးအနက် မထားချေ။ ဒီနေရာတွင် လူ၁၀၀ ကျော် ရှိသည်။ တရုတ်စကားကို နားလည်သူက အယောက် ၂၀ မပြည့်ပေ။
“ ဒါကို သူတို့က ဘာကြားမှာလဲ “
ထို့အပြင်.....
သူတို့ နားလည်တော့ရော ဘာဖြစ်လဲ.......။
ဒီဒယ်ဒီရှောင်းက ပြောရဲသလို လုပ်ရဲတယ်။ ဘာမှကြောက်စရာမရှိဘူး။
အနောက်နားတွင် ထိုင်နေသော ပိုင်ချိုင်ကလည်း ခန်းမဟာ မည်သည့်အတွက်ကြောင့် ရုတ်တရက် တိတ်သွားကြောင်း သိလေသည်။
ဒါကဝေ့ရှောင်းရဲ့ အဲ့ဒီသောက်ကျိုးနည်း ကြွားဝါတဲ့ စကားတွေကြောင့်မဟုတ်ဘူး
အကြောင်းမူကာ ဝင်ပေါက် နံပါတ် 2 မှ လူတစ်ဖွဲ့ ဝင်လာ၍ ဖြစ်သည်။
တစ်ဝက်ခန့်က L&P ၏ မီးခိုးရောင် နှင့်ငွေရောင်စပ်ထားသော Team uniform ကို ဝတ်ထားပြီး အခြားသော တစ်ဝက်ခန့်က Pro ၏ အပြာအဖြူ Team uniform ကို ဝတ်ထားသည်။ ဦးဆောင်လာသော လူနှစ်ယောက်က အလွန်ဆွဲဆောင်မှု ရှိသည်။
38 02
ငွေဖြူရောင် Team uniform ကို ဝတ်ထားသော ဘယ်ဘက်ခြမ်းမှ အမျိုးသားတွင် အနက်ရောင် ဆံပင်တိုနှင့် အနက်ရောင် မျက်လုံးများ ရှိသည်။ သူသည် ဘေးဘက်မှ လူကို စကားပြောနေသည် သူ၏ အဖြူရောင် မဟူရောင် နားထက်က အလင်းစက်များ တဖွားဖွား လက်နေသေးပြီး သူ၏ ကပျက်ကချော်နိုင်ကာ ထောင်လွှားသော ပုံစံကို ပို၍ထင်းထွက်နေစေသည်။ သူသည် L&P ၏ Team ခေါင်းဆောင် ယွမ်ဇယ် ဖြစ်သည်။ သူသည် မြောက်အမေရိက ပြိုင်ပွဲဝင်နယ်မြေ ဇုန်တွင်ပင် ဖြစ်စေ တရုတ်ပြိုင်ပွဲဝင် နယ်မြေဇုန်တွင်ပင် ဖြစ်စေ တူညီသော အကဲဖြတ်သုံးသပ်မှုကို ရရှိထားသည်။......Marshal......အမှိုက်လူ ဖြစ်သည်။
အပြာအဖြူ Team uniform ကို ဝတ်ထားသောလူကမူ အနည်းငယ် အရပ်ပိုရှည်ပြီး အနက်ရောင် ဆံပင်ကောက်များကို ပိုင်ဆိုင်ထားသည်။ သူ့တွင် ဖီးနစ်မျက်လုံးတစ်စုံ ရှိကာ မျက်ခုံးများကလည်း ရှည်သည်။ သူ၏ ဘယ်ဘက်မျက်လုံး အောက်တွင်လည်း မျက်ရည်ခံမှည့်လေး ရှိသည်။ သူက မပြုံးနေသောအခါ အေးစက်ပြီး မာနကြီးပုံ ပေါ်သည်။ သို့သော် သူ၏ အမူအရာကမူ ပြုံးလိုက်သည်နှင့် အနည်းငယ် ရည်မှန်းချက်ကြီးပြီး ရင်းနှီးလိုဟန် ပေါက်စေသည်။
Pro ၏ leading ADC ကင်ဆန်းဟွန်းတွင် သူ၏ အသက်မွေးဝမ်းကြောင်း အစောပိုင်းကာလ အတောအတွင်း တရုတ်တွင် ပရိတ်သတ် အမြောက်အများကို ပိုင်ဆိုင်ထားသည်။ သူ၏မွေးရပ်မြေသို့ ပြန်ရောက်သွားပြီး နောက်တွင်လည်း ကျော်ကြားလာပြီး တရုတ်ပြည်မှ မရေမတွက်နိုင်သော ပရိတ်သတ်များကို ပိုင်ဆိုင်ထားလေသည်။
ထိုအကြောင်းပြချက်ကမူ သူသည် အတိတ်က FTW၏ နတ်ဘုရားအသင်းများမှ တစ်ယောက်ဖြစ်ခဲ့ပြီး ထွက်သွားရန် အကြောင်းပြချက် အများဆုံးတစ်ယောက် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေ စာချုပ်က ပြည့်သွားသောအခါ သူသည် ကိုယ်ပိုင်တိုင်းပြည်ကို ပြန်ပြီး လမ်းကြောင်းပြောင်းခြင်းက ပြဿနာမရှိပေ။
ခန်းမထဲမှ လူများကလည်း သူတို့၏ ရုပ်ရည်ဟာ မည်သည့်ပုံစံနှင့်တူတူ ဂရုမစိုက်ချေ သူတို့သည် အင်အားကြီး မကြီးဟူသော အချက်ကိုသာ ဂရုစိုက်သည်။
Close ဝင်လာချိန်ကကဲ့သို့ အားလုံးသည်လည်း ထိုအုပ်စုကို အာရုံစိုက်ကြသည်။
သူတို့က ဒီအသင်း ၂သင်း ရောက်လာတာကို ဘယ်လိုများ မကြည့်ဘဲ နေရမှာလဲ ။
L&Pသည် မနှစ်က ကမ္ဘာ့ Championshipတွင် runner up ဖြစ်ပြီး Gray က individual ပြိုင်ပွဲတွင် ဒုတိယ နေရာကို ရထားသည်။
Pro အတွက်မူ Team ပြိုင်ပွဲတွင် တတိယနေရာကို အရယူခဲ့ရုံသာ မကသေးဘဲ ကင်ဆန်းဟွန်းနဲ့ သူတို့အသင်းဖော် လီဟယ်ရန် တို့သည် Double Championship နိုင်ထားသည်။
ပသင်း ၂သင်း ကစားသမား ၁၀ယောက် တစ်ယောက်ချင်းစီ တိုင်းသည် ဂုဏ်ယူဖွယ် ရလာဒ်များကို ပိုင်ဆိုင်ထားကြသည်။
ထို့ကြောင့် လူတိုင်းက ထိုလူများကို မြင်သောအခါ သူတို့၏မျက်လုံးများက အပူတက်လာသည်။
ထိုအချက်အပြင် သူတို့အားလုံးသည် အတူ ရောက်လာကြသည်။ ယွမ်ဇယ်နှင့် ကင်ဆန်းဟွန်းတို့ ပြောနေသော အကြောင်းအကြာကိုလဲ မသိနိုင်ချေ ။ သို့သော် ထိုနှစ်ယောက်က Glory၏ လေးစားဖွယ် ဂူဘုရားကျောင်းထဲမှ လူနှစ်ယောက်ဖြစ်သည့်အ လျောက် တစ်ခန်းလုံး၏သွေးများကို ဆူပွက်စေရန် လုံလောက်သည်။
သူတို့ဝင်လာသော အခါခန်းမတစ်ခုလုံးက တိတ်သွား၏။ ပုံမှန်ဆိုလျှင် နောက်ခံ ဆူညံသံများကိုပင် မကျော်နိုင်သည့် ဝေ့ရှောင်း၏အသံက ပုံမှန်မဟုတ်လောက်အောင် တိတ်နေသော အသံအတွင်း ရှင်းလင်းပြတ်သားစွာ ပေါ်လာသည်။
“ ပုံမှန် season မှာ Grand stand ရပြီးပြီလား။ Playoff တွေ အားလုံး နိုင်ပြီးပြီလား။ အိမ်ကို ကမ္ဘာ့ဖလား ပြန်သယ်လာနိုင်ပြီးပြီလား။ ဒါတွေ တစ်ခုမှမရသေးဘူးဆိုရင် ဘယ်လိုလုပ်..........”
နားမလည်နိုင်သောသူများ “ ? ? ? “
နားလည်သောသူများ “.........”
Garyသည် FTW ၏ Team uniform ကို တစ်ချက်ကြည့်လိုက်ရုံနှင့် မှတ်မိသည်။ ဝေ့ရှောင်းက မည်သို့သော ပုံစံနှင့် တူကြောင်းကိုသာ မသိရုံ ဖြစ်သည်။ သို့သော် ထိုအသံက ရင်းနှီးလွန်းနေ၏ ရည်ရွယ်ချက်ရှိရှိနှင့် ဖိနှိပ်ထားသောအသံသာ မဟုတ်လျှင် သူသည် ရှင်းလင်းစွာပင် ခွဲခြားနိုင်သည်။
ဒါက ခွေးသားပဲ။
အိမ်က ထွက်ပြီးတာတောင်မှ လာရူးရဲသေးတယ် ဟုတ်လား။
ကမ္ဘာ့ Championship ဟုတ်လား ။
အိမ်မက် မက်နေလိုက်။
လောင်Gက ကြားနိုင်သောကြောင့် ယွမ်ဇယ်နှင့် ကင်ဆန်းဟွန်းတို့ သေချာပေါက် ကြားလေသည်။ယွမ်ဇယ်၏ နှုတ်ခမ်းများက ကွေးသွားသည်။
“ငါ ဒီကလေးနဲ့ သွားတွေ့လိုက်အုံးမယ်”
ကင်ဆန်းဟွန်းကလည်း လုဖုန်းကို သတိထားမိသည်။ ထို့ကြောင့် ယွမ်ဇယ်ကို လှမ်းပြောသည်။ “ ကော”
38 03
ကင်ဆန်းဟွန်းက တရုတ်လို ကောဟု အခေါ်ခံရသောသူများက နောက်ပိုင်းတွင်......အာ နောက်ပိုင်းတွင် မရှိတော့ဘူးဘဲ။
ယွမ်ဇယ်က မကြားချင်ယောင်သာ ဆောင်နေလိုက်သည်။
ကင်ဆန်းဟွန်းက ပြုံးစိစိဖြင့် အနားကပ်လာပြီး ပြောသည်။
“ တိုက်ရိုက် ထုတ်လွှင့်ဖို့ကို မမေ့နဲ့ “
ယွမ်ဇယ် “.......”
ယွမ်ဇယ်သည် ခြေလှမ်းကြဲကြီးများနှင့် လျှောက်သွားရင်း FTW အသင်းထိုင်နေသော နေရာသို့ သွားလိုက်သည်။
မြေခွေးအိုကြီးနှင့် ယှဉ်သော် သွားနှင့် အစွယ်လေးများပါသော ထိုကလေးများက ချစ်စရာ ကောင်းလွန်းသည်။
ဝေ့ရှောင်းသည် နောက်ပိုင်းမှသာ L&P ကို သတိထားမိသည်။.
ယွမ်ဇယ်နှင့် လောင်Gသည် ဝေ့ရှောင်းနှင့် ပထမဉီးဆုံးအကြိမ် တွေ့ခြင်းဖြစ်သည်။သို့သော် ဝေ့ရှောင်းကမူ သူတို့အပေါ် အလွန်ကောင်းစွာ နားလည်သည်။ မည်သို့ပင်ဆိုစေ သူတို့သည် Game ၏ လူဟောင်း ကစားသမားများ ဖြစ်သည်။ ပြိုင်ပွဲကို နှစ်တိုင်းလိုလို ကြည့်ထားသူ ဖြစ်သည့်အလျောက် သူတို့နှင့် ရင်းနှီးနေပြီမှာ ကြာပြီဖြစ်သည်။
ယွမ်ဇယ်က အသာပြုံးသည်။
“ Quiet လား “
ပြုံးနေတဲ့လူကို ပါးဖြတ်ရိုက်ဖို့ ခက်တယ် ။
ဝေ့ရှောင်းသည်လည်း အလားတူ အပြုံးတုပေးရင်း နှုတ်ဆက်လိုက်သည်။
လောင်G၏ ဆိုးရွားသော တရုတ်ဘာသာစကားက အမှန်တကယ်အားဖြင့် မာထန် ရဲ့ဘာသာစကားထပ် မသာပေ။
“ 2021 championship ဖလားက ငါတို့ L&P ရဲ့အပိုင်ဘဲ “
FTW မှလူတိုင်း. “........”
မင်း အင်္ဂလိပ်လိုပဲ ပြောသင့်တယ်။ ဝေ့ရှောင်းက သဘောကျသွားသည်။
“ ကောင်းပြီ ကောင်းပြီ ချန်ပီယံ Shit ဖလားက မင်းတို့အပိုင် “
လောင်Gသည် ကွာဟချက်ကို မပြောနိုင်ချေ။ သို့သော် ယွမ်ဇယ်က အသင်းဖော်အတွက်ပင် ပြောပေးခြင်း မရှိဘဲ တိုက်ရိုက်သာ အော်ရယ်သည်။
Gary ? ? ?
ဘာက မှားတာလဲ။
နတ်ဘုရားယွမ်က ရယ်ကောင်း ရယ်လောက်သည်။ သို့သော် သူသည် မျှတစွာ ပြောပေးသေးသည်။
“ မိတ်ဆွေလေး မင်းကမ္ဘာ့ဖလားကို လိုချင်ရင် FTW မှာ ဆိုရင်တော့ ဖြစ်မှာ မဟုတ်ဘူး။ ဘာလို့ ငါတို့ရဲ့ L&P ကို မလာတာလဲ “
ယခင်ကမူ သီးသန့်ဖိတ်ခေါ်မှု ဖြစ်သည်။ ဒီတစ်ကြိမ်တွင်မူ သူသည် ပြိုင်ပွဲဝင်နယ်မြေဇုန်တွင် ရှိသော ပြိုင်ပွဲဝင်နယ်မြေ ၁၆ နယ်မြေမှ အသင်း ၁၈သင်း၏ Professional ကစားသမားပေါင်းများ စွာ၏ရှေ့တွင် ပေါ်တင် ခေါ်လိုက်ခြင်းဖြစ်သည်။
ရှိနေသော သူအများစုက တရုတ်လို နားမလည်ချေ။ နားလည်သော သူများကလည်း မြင်ရသော အခြေအနေကြောင့်နားမလည်နိုင်ကြချေ။
ယွမ်ဇယ်နှင့် FTW သည် သူတို့ကြား မရုန်းထွက်နိုင်သော ရန်ငြိုးများရှိသည်။ ယခုမူ သူက FTW ၏ လူသစ်ကို ရန်စနေသည်။
FTWက ဆိုးရွားသည်ဟု ပြောရမည်ဖြစ်သည်။ သူတို့သည် ဒီနှစ်တွင်လည်း ပိတ်လှောင်သွားသည်အထိ ရိုက်နက်ခံရနိုင်သော အခွင့်အရေးက 90 % ရှိနေသည်။
အချို့သော တရုတ် ဘာသာစကားကို နားလည်သည့်
နိုင်ငံခြား အသင်းများက စိတ်ရှပ်ထွေး သွားကြသည်။
သောက်ကျိုးနည်း ဒါကဘာလဲ ။
Marshalက FTW ရဲ့ အဲဒီမောက်မာတဲ့ ကောင်လေးကို…..ကို L&P ကို ခေါ်နေတယ် ဟုတ်လား။
နောက်ပြီး အဲ့ဒီကောင်လေးက ဘာလဲ
Quiet........
သူတို့ ဒီနာမည်ကို မကြားဖူးပါဘူး။
ယွမ်ဇယ်သည် လူပေါင်းများစွာ၏ အရှေ့တွင် ဝေ့ရှောင်းကို ဖိတ်ခေါ်ရဲသည်။ ဝေ့ရှောင်းကလည်း လူပေါင်းများစွာ၏ အရှေ့တွင် သူ့ကို ငြင်းရဲသည်။
“ မလာဘူး “
ယွမ်ဇယ်က မအံ့ဩချေ။
“တွေးကြည့်ပါအုံး ၊ ၁၅ ရက် အချိန် ရှိသေးတယ် “
ဝေ့ရှောင်းက လိုရင်းကို တိုက်ရိုက် ပြောသည်။
“တွေးကြည့်ဖို့ မလိုဘူး။ ငါ ဘယ်မှ မသွားဘူး။ ငါက FTW ရဲ့ လူဖြစ်ဖို့ မွေးလာတာ။ ငါက FTW ရဲ့ သရဲအဖြစ်နဲ့ သေမှာ။”
ချန်းဖုန်း “.......”
သူ၏ တစိတ်တစ်ပိုင်းက ရယ်ချင်နေသော်လည်း သူသည် ရှင်းပြရန် ခက်ခဲလောက်အောင် အနည်းငယ် ခံစားသွားရသည်။
ဒါကို ဘယ်လို ကိုင်တွယ်ရမှာလဲ။
ထန်ချန်းက တိုက်ရိုက် အော်ရယ်သည်။
“ ဟား ဟား ဟား ရှောင်ဝေ့ မင်းဟာတော့......”
38 04
ဝေ့ရှောင်း၏ ဦးနှောက်လေးက အမှန်တကယ်ပင် အကန့်အသတ်မရှိချေ။ FTW ၏သူဋ္ဌေးဟာ လုဖုန်းဖြစ်ကြောင်း တွေးမိသောအခါ သူ၏ အသံက ပိုကျယ်လာသည်။
“ဟုတ်တယ် ငါက Close ရဲ့လူတွေထဲက တစ်ယောက်ဖြစ်ဖို့ မွေးလာတာ။ ငါက Close ရဲ့ သရဲအဖြစ်နဲ့ပဲ သေမှာ”
တရုတ်လို နားလည်သော ခန်းမထဲမှလူတိုင်း “......”
ပိုင်ချိုင်; .. FUCK
ခန်းမမှာ အပ်ကြောင်းရာလေးများ မရှိဘူးလား။ ဒီလောင်ဇီက အထဲကိုပဲ တိုးဝင်လိုက်ချင်တယ်
******