အပိုင်း (39)
မင်းကငါ့ကို ဖျက်စီးချင်တယ် ဟုတ်လား တန်းစီလိုက်
FTWမှ လူတိုင်းအား ကြမ်းပြင်ရှိ အကြောင်းထဲသို့ ဝင်အောင် လုပ်လိုက်မှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ၉၈၅ မှတ်ရခဲ့ပြီး English တွင် ၁၀၃ မှတ်ရထားသော ဝေ့ရှောင်းက ထိုစကားကို english လို ဘာသာပြန်၍ ထပ်ပြောသည်။
“ I was born in Close man and will die Close ghost !”
ပြီးသွားပြီ။ ခန်းမတစ်ခုလုံးက ရှုပ်ထွေးသွားကြသည်။
တရုတ်လို နားမလည်သောသူများက အခြေအနေကို ခန့်မှန်းပြီး အတည်ပြုရန် တောင်းဆိုနေကြသလို တရုတ်လို နားလည်သော သူများကလည်း အကြောင်းအရာကို ရှင်းပြပေးလိုက်ကြသည်။ထိုသို့ ဆက်ဖြစ်သွားရင်း……….ပုံပြင်တစ်ခုလုံးသည် နှင်းမုန်တိုင်းအဖြစ် ပြောင်းသွားသည်။
အစပိုင်းတွင် ပုံမှန်ဖြစ်နေသေးသည်။
“ Marshalက FTWက လူသစ်ကို L&Pကို ဖိတ်ခေါ်တယ်။ ထို့နောက် အဆင်ပြေသေးပြန်သည်”
“လူသစ်က သေတောင် အညံ့မခံဘူးလို့ ငြင်းလိုက်တယ်”
ထို့နောက် စတင်ကာ ကို့ရိုကားယားနိုင်လာသည်။
“Marshalက အင်အားသုံးပြီး လူလုဖို့ ကြိုးစားတယ်”
နောက်ဆုံးတွင်ပို၍ ရူးသွပ်သွားပြီ FTWရဲ့ လူသစ်က ယောကျ်ားလေးဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေးတဲ့။
နောက်ဆုံးတွင် တစ်လောကလုံးက မုန်တိုင်း ထန်သွားသည်။
Marshal နှင့်Closeက ယောကျ်ားလေးဝတ်စုံ ဝတ်ထားတဲ့ အဲဒီမိန်းကလေးကို တစ်ချိန်တည်းမှာတွေ့ပြီး မြင်မြင်ချင်း ချစ်သွားကြတယ်။
နောက်ပိုင်းတွင် အတင်းအဖျင်းကို ပါးစပ်အပြည့် အကျွေးခံလိုက်ရသော ပိုင်ချိုင်
“………….”
သောက်ကျိုးနည်း တအား ရယ်ရတာပဲ။
ဝေ့ရှောင်း၏ စကားကို ကြားသော ယွမ်ဇယ်ကပင် ကြောင်သွားသည်။ သို့ရာတွင် ဥတုရာသီပေါင်းများစွာကို အတွေ့အကြုံရှိသော ခွေးအိုကြီး တစ်ယောက်ဖြစ်သည့်အနေနှင့် နတ်ဘုရားယွမ်သည် ဆက်လက်ပြီး လူလုရန် ကြိုးစားပြန်သည်။
“ မင်းက ၁၉ နှစ်ပဲ ရှိသေးတာ ငယ်သေးတယ်။ အရမ်းအကြီးကြီးမတွေး” သူ၏ စကားမဆုံးသေးခင်ပင် လုဖုန်းက ရုတ်တရက် မတ်တပ်ထရပ်ပြီး သူ၏စကားကို ဖြတ်ပြောသည်။
“ခုံလဲမယ်”
သူသည် ဝေ့ရှောင်းကို ပြောခြင်း ဖြစ်သည်။
လုဖုန်းသည် ဝေ့ရှောင်း၏ညာဘက်ခြမ်းတွင် ထိုင်နေပြီး သူ၏ဘယ်ဘက်ခြမ်းနေရာက လွတ်နေသည်။ထိုအတွက်ကြောင့် ယွမ်ဇယ်က ထိုမျှအထိ ရှင်းရှင်းလင်းလင်း ပြောနိုင်နေခြင်း ဖြစ်သည်။
ထိုအချိန်တွင် လုဖုန်းက ရုတ်တရက် ထိုင်ခုံနေရာ ပြောင်းချင်သည်။သူသည် ဝေ့ရှောင်းအား အတွင်းဘက်သို့ ပို့လိုက်သည်။
ဝေ့ရှောင်းက သဘော မတူချင်ပေ။ သူသည် ယွမ်ဇယ်ကို ပြန်ထေ့ငေါ့ လိုသေးသည်။လုဖုန်းက သူ့ကို ကြည့်သည်။
ဝေ့ရှောင်း “………”
ကောင်းပြီ ကောင်းပြီ။ ဘယ်သူကမှ ခေါင်းဆောင်ရဲ့လမ်းထဲ မရှုပ်ရဘူး။
အရူးလေးဝေ့က နာခံလွန်းစွာနှင့် မတ်တပ်ထရပ်လိုက်ပြီး လုဖုန်းနှင့် ခုံပြောင်းလိုက်သည်။
လုဖုန်းက ယွမ်ဇယ်ကို ကြည့်သည်။
“ ကိစ္စရှိသေးလား” သူ၏အသံက အလွန်အေးစက်သည်။
ယွမ်ဇယ် “………”
လုဖုန်း၏မျက်နှာက ခံစားချက် မဲ့သည်။
“ ဒါမှမဟုတ် မင်း ဒီမှာ ထိုင်ချင်လား”
ခွေးအိုကြီးယွမ်၏ နှလုံးသားက ဗလာ ဖြစ်သွားသည်။သူက ပြောသည်။
39 02
“မထိုင်ပါဘူး။ ငါတို့ ခဏနေရင် ဖျော်ဖြေမှု Match ပွဲစရတော့မှာ ငါတို့ အရင်သွေးပူအောင် လုပ်ရမယ်”
လုဖုန်း “အင်း”
နောက်ဆုံးတွင် L&Pက ထွက်သွားသည်။ခန်းမတစ်ခုလုံးက စိတ်လှုပ်ရှားမှုနှင့် ပွက်ပွက်ဆူသွားပြန်သည်။
ဒီတစ်ကြိမ်တွင် လူတိုင်းက အကြောင်းအရာတစ်ခုတည်းကိုသာ အာရုံစိုက်တော့သည်။
FTW လူသစ်က ဘယ်သူလဲ ။
ဒီ Quietက ဘယ်သူလဲ။
သူက ပွဲဉီးမထွက်ခင်တည်းက ဒီအတင်းအဖျင်းတွေ အများကြီးကို ပိုင်ဆိုင်နေပြီလား။
ထို့နောက် Hostက ထွက်လာပြီး ဆောင်းတွင်း လေ့ကျင့်ရေးအကြောင်းကို စတင်ကာ ရှင်းပြသည်။ ပထမဉီးဆုံးအနေဖြင့် ပြိုင်ပွဲကော်မတီမှ တာဝန်ခံပုဂ္ဂိုလ်မှ မိန့်ခွန်းပြောကြားသည်။ထို့နောက် sponsor ဒယ်ဒီကြီးကလည်း တက်လာပြီး မိန့်ခွန်း ပြောပြန်သည်။ ထို့နောက် Hostက စည်းမျဉ်းများနှင့် လိုက်နာရမည့် အချက်များကို ပြောပြကာ အရေးပါသော အချက်များကို ထုတ်နှုတ်ပြောပြသည်။Club manager နှင့် ဝန်ထမ်းများအားလုံးကလည်း ဂရုတစိုက် မှတ်သားထားကြသည်။
ဝေ့ရှောင်းက လုဖုန်းနှင့် ကပ်လျက်ထိုင်နေသောကြောင့် သူ၏စိတ်အခြေနေက ဆိုးရွားနေကြောင်းကို အာရုံခံနိုင်သည်။
တစ်စုံတစ်ယောက်သည် ရှေ့တွင် စကားပြောနေသည်။ ထို့ကြောင့် ဝေ့ရှောင်းသည် ပင်စကားပြောရန် မသင့်လျော်ပေ။ ဘောပင်နှင့် စာရွက်ကိုသာ စားပွဲပေါ်မှ လှမ်းယူလိုက်ပြီး သူသည် လုဖုန်းဆီ စာရေးသည်။
လုဖုန်းက message စာရွက်ကလေးကို ယူပြီးနောက် ခဏခန့် ကြောင်သွားသည်။
လက်ရေးသည် လူအတိုင်း ဖြစ်သည်။ ဝေ့ရှောင်း၏ ပျံတက်နေသောနဂါးနှင့် ကခုန်နေသော ဖီးနစ်ကဲ့သို့ ရေးဆွဲထားသော စုတ်ချက်များက အလွန်ပင် ထောင်လွှားလွန်းပုံ ပေါ်သည်။
စာပါ အကြောင်းအရာများကမူ ပို၍ပင် တိုက်ရိုက်ဆန်ပြီး ရိုးရှင်းလေသည်။ ခေါင်းဆောင် ငါFTW က မထွက်ဘူး။
“ ငါ FTWက မထွက်ဘူး”
လုဖုန်း၏ ဦးနှောက်အတွင်း ထိုအသံက ရုတ်တရက်ပေါ်လာသည်။သူမျက်လုံးများက အုပ်ဆိုင်းသွားပြီး မျက်လွှာချလျက် မှတ်စုစာရွက်ကိုသာ ငုံ့ကြည့်လိုက်သည်။
“ လောကမှာ ဘယ်တော့မှ အဆုံးမသတ်တဲ့ စားသောက်ပွဲဆိုတာ မရှိဘူး “
လုဖုန်းသည် ထိုအရာကို ရေးပြီးနောက် နောင်တနည်းနည်း ရသွားသည်။ သို့သော် စာရွက်တွင်ရေးသော စကားလုံးများက Keyboard တွင် ရေးသကဲ့သို့ ဖျက်၍မရချေ။
ဝေ့ရှောင်းက သူ့အား မျက်လုံးပြူးကာ ကြည့်လာသည်။
လုဖုန်းက စာရွက်လေးကို ခေါက်ပြီး အိပ်ကပ်ထဲသို့ ထည့်သည်။
“ အင်း “
သူ၏အဖြေက နူးညံ့သည်။ စင်ပေါ်တွင် ပြောနေသော မွန့်ခွန်းအောက်တွင် ရောက်သွားမတတ်ပင် ထင်ရ၏။ ထို့ကြောင့် ဝေ့ရှောင်းက ရပ်လိုက်ရသည်။ သူ၏မျက်လုံးက တောက်ပသွားပြီး နှုတ်ခမ်းက ကော့တက်သွားသည်။
“ ငါသေချာပေါက် ဘယ်တော့မှ မထွက်သွားဘူး “
FTW ရဲ့ Close
သူကClose ရဲ့နောက်ကိုပဲ လိုက်ချင်တာ
လေ့ကျင့်ရေး 15 ရက်က သိပ်မကြာချေ။ထို့ကြောင့် အချိန်ဇယားများက ပြည့်ကြပ်နေသည်။ ဆောင်းတွင်းလေ့ကျင့်ရေး severသည် စတင်သည်နှင့်ပင် ဖြစ်သည်။ သို့သော် လွတ်လပ်သော matchingများ စတင်ရန်ပင် အချိန်တချို့ ကျန်သေးသည်။
နေ့စဉ် ၁နာရီမှ ၆နာရီအထိ ကစားသမားတိုင်းက Free matching ထဲတွင် ဝင်ရောက်ရန် လိုအပ်ပြီး personal point များ ကို စုဆောင်းရပေမည်။
ညနေ ၆နာရီ ပြီးနောက် အမှတ်အများဆုံးရထားသော ထိပ်ဆုံးအသင်း ၃သင်းက သူတို့၏ အမှတ်များအတိုင်း training match partnerကို စိတ်ကြိုက် ရွေးချယ်နိုင်သည်။ ဖိတ်ခေါ်ခံရသော အသင်းက ငြင်းပိုင်ခွင့် မရှိချေ။ အခြားသော အသင်းများကမူ မဲနှိုက်ပြီး ပြိုင်ဘက်ကို ရွေးချယ်နိုင်လေသည်။
Sponsor ရွှေဒယ်ဒီများ အတွက်ကြောင့် ထို Game ပွဲများကို တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်သည်။ အနိုင်ရသောအသင်းများက အခြားတစ်ဖက်ခြမ်း၏ Price pool ကို ယူနိုင်မည် ဖြစ်သည်။
တစ်နေ့တာအတွက် bonus pool ကို Free matching မှရမည့် individual point အလိုက် ခွဲဝေမည်ဖြစ်သည်။
၁ မှတ်လျှင် ယွမ် ၁၀၀၀ ဖြစ်သည်။ ဥပမာအနေဖြင့် အသင်းတစ်သင်းမှ အသင်းဖော် ၅ယောက်က အမှတ် ၁၀၀ ရထားလျှင် သူတို့Team ၏ price pool သည် ယွမ် ၁သိန်းဖြစ်သည်။
Individual point များကို နေ့စဉ်ပြန်လည် တွက်ချက်မည်ဖြစ်ပြီး Bonus pool ကမူ တဖြည်းဖြည်း တိုးလာမည် ဖြစ်သည်။ ဥပမာအနေဖြင့် အသင်းတစ်သင်းက ပထမရက်တွင် Bonus 2သိန်း နိုင်ထားခဲ့လျှင်ပင် သူတို့၏ individual score များက နောက်တစ်ရက်တွင် သုည ဖြစ်သွားခဲ့သည့်တိုင်အောင် သူတို့တွင် Bonus pool. 2 သိန်းက ဆက်ရှိနေအုံးမည်ဖြစ်ပြီး ပြိုင်ဘက်အဖြစ် အရွေးခံရနိုင်ချေ များနေသေးသည် ဖြစ်သည်။
ထိုအတွက်ကြောင့် အနိုင်ရသောသူများက ဆက်လက်ပြီး အနိုင်ရရန် ခက်ခက်ခဲခဲ ကြိုးစားရမည် ဖြစ်သည်။ ရှုံးနိမ့်သူများကလည်း Free matching များတွင် အမှတ်များကို စုဆောင်းထားခြင်းအားဖြင့် အနိုင်ရယူရန် ကြိုးစားရမည်ဖြစ်သည်။
Bonus poolသည် ကြီးသထက်သာ ကြီးလာမည် ဖြစ်သည်။ ထို့ကြောင့် ၁၅ ရက်နေ့မြောက်နေ့တွင် ရှိသွားမည့် ပမာဏကို ပြောပြရန်ပင် ခက်သည်။
ဝေ့ရှောင်း၏ ဉီးနှောက်က လျှင်မြန်စွာ လည်ပတ်သွား၏ ။ သူသည် သိပ်မကြာခင် စည်းမျဉ်းများကို ဖြန့်ထုတ်လိုက်နိုင်သည်။
39 03
“ ငါတို့သာ ဆက်တိုက် နိုင်နေမယ်ဆိုရင်..... ဒါဆိုရင် ငါတို့တွေ လူတိုင်း ခက်ခက်ခဲခဲကြိုးစားပြီး ရှာထားတဲ့ ပိုက်ဆံတွေ အားလုံးသိမ်းပိုက်နိုင်မယ် မဟုတ်ဘူးလား “
ဟုတ်တယ် ကစားသမားအယောက် ၁၀၀ သည် Free matching တွင် လုံလောက်သော အမှတ်များကို ရှာဖွေထားနိုင်ပေလိမ့်မည်။ ထို Point များသည် အသင်း၏ bonus poolကို မြှင့်ရန်အတွက် အသုံးပြု၍ရသည်။ တစ်သင်းကရှုံးသွားသည်နှင့် Bonus အားလုံးက အယူခံရပေလိမ့်မည်။
အခြားတစ်ဖက်ခြမ်းတွင် အသင်းက နိုင်သွားသည်နှင့် သူတို့၏ သူတို့ကိုယ်တိုင် ရှာထားသော point များက ရှိရုံသာမကသေးဘဲ ပြိုင်ဘက်၏ point များအား ရရှိပေလိမ့်မည်။ချန်းဖုန်းက သူ၏အတွေးများအပေါ်ရေအေးများ လောင်းချသည်။
“ ရှုံးဖို့ အခွင့်အရေးက ပိုကြီးတယ် “
သူက ဘာတွေ တွေးနေတာလဲ။
ဒီအသင်း ၁၈ သင်းလုံးက ပြိုင်ပွဲဝင်နယ်မြေအသီးသီးက လက်ရွေးစင်တွေကြည့်ပဲ။
FTW လို Global ပြိုင်ပွဲတစ်ခုချင်းစီတိုင်းမှာ round တိုးလှည့်နေရတဲ့ အသင်းတစ်သင်းအနေနဲ့ သူတို့က ဘယ်လိုများနိုင် နိုင်မှာလဲ
ဝေ့ရှောင်းကလည်း ဒါကို ရှင်းရှင်းလင်းလင်း သိထားပြီးပုံ ရသည်။
“ အဆင်ပြေပါတယ် ငါတို့ ၁၅ ရက်နေ့မှာ နိုင်လိုက်ရုံနဲ့ နိုင်မှာပဲ “
ဟုတ််တယ် ထိုအရာသည် ပြိုင်ပွဲစနစ်၏ အဓိက အနှစ်သာရ ဖြစ်သည်။
အစပိုင်းတွင် မည်မျှရှုံးထားစေကာမူ အရေးမကြီးချေ။ သူတို့၏ Bonus pool တစ်ခုလုံး သုည ဖြစ်နေခဲ့လျှင်လည်း ပြဿနာမရှိသေးပေ။.သူတို့ကသာ ၁၅ရက်နေ့ Free matching တွင် ပထမဆုကို ရသွားခဲ့ပြီး အသင်းတစ်သင်းက တိုက်ခိုက်ရန် အခွင့်ရေးတစ်ခု ရသွားရုံနှင့် အနိုင်အားလုံးကို ပြန်ယူနိုင်သည်။ မည်သို့ပင်ဆိုစေ သူတို့သည် လေ့ကျင့်ရေးMatch ပွဲများ ကစားနေကြသည် ဖြစ်သည်။ အရေးအကြီးဆုံး တစ်ချက်ကမူ အသင်းများအကြားမှ တိုက်ပွဲဖြစ်သည်။ အဓိက ပန်းတိုင်က ကစားသမားများ၏ စိတ်အားထက်သန်မှုကို လှုံ့ဆော်ပြီး လေ့ကျင့်ရေး၏ သက်ရောက်မှုကို မြှင့်တင်ရန်ဖြစ်ကာ အဓိက ပြိုင်ပွဲကြီး၏ ဖယ်ထုတ် စနစ်အတိုင်း မဟုတ်သေးချေ။
စည်းမျဉ်းအကြောင်း ပြောပြီးနောက် သူတို့အားလုံးက စည်းမျဉ်းဟောင်းများအကြောင်း ပြောသည်။ အထူးသဖြင့် အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု မရှိရန် partner မဖွဲ့ရန် မသောက်စားရန်များ ပါဝင်လေသည်။
ကစားသမားများသည် postive ဖြစ်ကြသည်။ သူတို့အားလုံးသည် ပြိုင်ပွဲကိုသာ အာရုံစိုက်ထားကြပြီး သာယာဝပြောဖွယ် ကောင်းသော လူထုအသိုင်းအဝိုင်း၏ ပုံရိပ်ကိုသာ ဖန်တီးတည်ဆောက်ကြ၏
ည၉နာရီတွင် လေ့ကျင့်ရေးခန်းမကြီး တစ်ခုလုံးက စကားများကို နားထောင်၍ အိပ်ချင်လာကြသည်။ ထို့အခါမှသာ အစစ်မှန် ကစားပွဲက စတင်သည်။
Hostက ကြေငြာသည်။
“နောက်ထပ် L&P နဲ့ Pro ကို ငါတို့ Gloryရဲ့ ဆောင်းတွင်းလေ့ကျင့်ရေး Group A 2021 ကို ဖွင့်လှစ်ပေးဖို့အတွက် ဖိတ်ခေါ်လိုက်ကြရအောင်”
အစည်းအဝေးပွဲက အဆုံးသတ်သွားသည်။ ဖျော်ဖြေမှု match ပွဲကမူ စတင်တော့မည် ဖြစ်သည်။
ခန်းမကြီးက ရုတ်တရက် မဲမှောင်သွားသည်။ ထို့နောက် L&P ၏ မီးခိုးငွေရောင် uniform များကို ဝတ်ဆင်ထားသည့် လူ ၅ယောက်က ပြိုင်ပွဲဝင်သံစဉ်နှင့်အတူ စည်းချက်ကျကျ နောက်ခံထဲမှ ထွက်ပြီး ဖျော်ဖြေမှု စင်မြင့်ပေါ်သို့ တက်သည့် မြင်ကွင်းက ပေါ်လာသည်။
ထို့နောက် Pro ၏ Championship အသင်းက လာပြန်သည်။ ဒါသည် Champion များကသာ ခံစားခွင့်ရှိသည့် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းဖြစ်သည်။
အသင်းများ ထွက်လာပြီးသည်နှင့် သီချင်းသံများက ထွက်လာကာ ပြိုင်ပွဲက စတင်ပြီ ဖြစ်သည်။ ကစားသမားများ အားလုံးက စိတ်ဓာတ်များ တက်ကြွသွားကြသည်။
ဖျော်ဖြေမှု ပွဲစဉ်သာဖြစ်သော်လည်း မည်သူကမှ ဒီလို အဆင့်တန်းမြင့်မြင့် နေရမည့် အနေထားမျိုးတွင် မရှုံးချင်ကြချေ ။ ပြိုင်ဘက်ဟောင်းများတွင် ပို၍ပင်ဆိုးသေးသည်။
ဒါသည် ယွမ်ဇယ်နှင့် ကင်ဆန်းဟွန်း တို့၏ “ ကျေးဇူးတရားများနှင့် ရန်ငြိုးများ “ သည် ဆောင်းတွင်းလေ့ကျင့်ရေး ခန်းမကြီးကို ဝိုင်းပတ်မည်ဆိုလျှင်ပင် ၃ကြိမ်ခန့်ပတ်၍ ရလောက်အောင် လုံလောက်သည်။
နှစ်သင်းလုံးက တက်လာကြသည်။ Host ကလည်း စီစဉ်ထားသည့်အတိုင်း interview သည့်အကြောင်းကို စတင်သည်။ ကင်ဆန်းဟွန်းက microphone ကို လက်ခံရယူလိုက်ရင်း ကျွမ်းကျင်သော တရုတ်ဘာသာစကားနှင့် ပြောသည်။
“ငါတော့ ဂရုမစိုက်ဘူး။ ဒါပေမဲ့ Marshal ကိုတော့ နိုင်ချင်နေတယ် “
Host က သူ၏ စကားလုံးများကို ခပ်မြန်မြန် ဘာသာပြန်ပြီးနောက်မေးသည်။
“ ဘာလို့ Marshalကို နိုင်ချင်တာလဲ။ “
ကင်ဆန်းဟွန်းက ယွမ်ဇယ်ထံ microphoneကို မပေးသေးဘဲ တရုတ်ဘာသာစကားနှင့် ဆက်ပြောသည်။
39 04
“ ဒီလိုလေ marshalက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကတိတစ်ခုကို ဖောက်ဖျက်ထားတာ။ ဒီတော့ သူက Shit စားပြီး Live လွှင့်ပြရမှာလေ။ ငါ ဒါကိုကြည့်ဖို့တော့ စိတ်မဝင်စားပါဘူး။ ဒါကြောင့် ငါက သူသာ ဒီပွဲမှာ နိုင်မယ်ဆိုရင် Live လွှင့်စရာ မလိုဘူးလို့ ပြောထားတယ်”
FTW ၊ 3U နှင့် ဖရဲသီးစားနေသော အတင်းအဖျင်း ပြောလိုသူ၊ ကြည့်ရှုသူများ “.......”
ယွမ်ဇယ် “......”
L&P နှင့် Pro stater များ “ ? ? ? “
တစ်ဝက်လောက် နားလည်လိုက်သည့် လောင်G “ shet လား sit လား “
အသံထွက်များက အလွန်လူမဆန်ပေ။
Host ၏ မျက်နှာကပင် ရှုံ့မဲ့သွားသည်။ သူတို့ ဒါကို ဘယ်လို ဘာသာပြန်ရမှာလဲ ။
ယွမ်ဇယ်က ကင်ဆန်းဟွန်းကို ကြည့်သည်။
“ လောင်ကင် မင်းတော့ သေပြီ”
Toplaner များသည် match ပွဲများနှင့်ယှဉ်သော သဘာဝအားသာချက် ရှိသည်။ ယွမ်ဇယ်သည် ကင်ဆန်းဟွန်းကို ဒီပွဲတွင် ပေါက်ကွဲသွားသည်အထိ ထုရိုက်ရပေမည်။
ကင်ဆန်းဟွန်း တောင်ပေါ်မှ အေးစက်သော ပန်းတစ်ပွင့်အလား သဘောတကျ ရယ်သည်။ သူ၏စကားလုံးများကမူ နားထောင်၍ မကောင်းချေ။
“ မင်းက ငါ့ကို ဖျက်စီးချင်တယ် ဟုတ်လား တန်းစီလိုက် “
******