Ch 40
Viewers 3k

အပိုင်း(40)


Hello အားလုံးပဲ ငါက FTW.Quiet ပါ


Host “.....”


ဘာသာပြန်ရမယ်ဟုတ်လား 


သောက်ကျိုးနည်းကို ဘာသာပြန်ရမှာလား။ ဟေး… ဒီအပိုင်းကို တိုက်ရိုက် ဖျက်လို့ရမလား။


Hostသည် ပြောင်မြောက်သော ပညာရှင်ဆန်သည့် အပြုအမှုမျိုးနှင့်အတူ ယွမ်ဇယ်ကို သာစတင် interview နေလိုက်သည်။ 


ယွမ်ဇယ်က အသာပြုံးသည်။ သူ၏အမှုအရာကလည်း ယခင်အတိုင်း ယဥ်ကျေးသည်။ 


သူသည် Privateတွင် မည်မျှနေထိုင်စေကာမူ ပြဿနာမရှိချေ။ အပေါ်ယံတွင်မူ နတ်ဘုရားယွမ်သည် ကျော့ရှင်း ကြည့်ကောင်းပြီး အလွန်အမင်း လူကြီးလူကောင်း ဆန်သည်။ သို့သော် တစ်ကမ္ဘာလုံးတွင်ရှိသော အကျိုးအကြောင်း သိသည့် ပရိတ်သတ်များကမူ သူ့ကို အမှိုက်ကောင် ဟုသာခေါ် ကြသည်။ 


ဘာလို့အမှိုက်ကောင်လဲ။ 


ချောတယ်။ စကားပြောခန်းတွေကို ထိန်းသိမ်းရာမှာ တော်တယ်။ တော်တော်လေးလည်း ယဥ်ကျေးတယ်။ ဒါပေမဲ့ သူက လူသားဝတ်စုံ ဝတ်ထားတဲ့ သားရဲကောင်ဘဲ။ 


ကောင်းသည်လား ဆိုးသည်လားမသိ။ နတ်ဘုရားယွမ်၏ ထိုစကားများနှင့် လိုက်ဖက်ညီမှုသည် 99% ခန့်အထိ မြင့်မားနေသည်။


Hostက သူ၏ အပြုံးလေးအောက်တွင် သတ္တကြီးသွားပြီး စတင်ကာပင် အကြံပြု ရဲတော့သည်။


“ Marshal က နတ်ဘုရားကင်နှင့် ဆက်ဆံရေး ကောင်းတဲ့ပုံပဲ “


ယွမ်ဇယ်၏ အပြုံးက ပို၍ပင်ဆွဲဆောင်မှု ပြင်းသွားသည်။


 “ဟုတ်တယ်။ ငါတို့က မကြာခဏဆိုသလို လေ့ကျင့်ရေးပွဲစဉ်တွေ ကစားနေကြ”


Host ကလည်း တစ်ဖက်သူသည် စကားပြောရန် လွယ်သူဟု ထင်လိုက်ပြီး ဆက်လက်ပြီး interview ရန် ကြိုးစားသည်။


 “L&Pနဲ့Pro က မနှစ်က Global Final မှာ တော်တော်လေးကို သဘောကျဖို့ ကောင်းတဲ့ matchပွဲ ပိုင်ဆိုင်ခဲ့တာပဲ။ နှစ်ဖက်လုံးက ဒီ offseason အတောအတွင်း ဗျူဟာအသစ်တွေ များရထားသေးလား “


ယွမ်ဇယ် “ ငါတို့မှာ ရှိတာပေါ့ “


Hostက မေးပြန်သည်။ 


“ ဒါကိုထုတ်ပြောဖို့များ အဆင်မပြေလောက်ဘူး မဟုတ်လား။ ဒါဆိုရင် ငါတို့တွေ .........”


ယွမ်ဇယ်က ဆက်လက်ပြီး တိုက်ရိုက် ပြောသည်။


“ထုတ်ပြောလို့ အဆင်မပြေတာ ဘာမှမရှိဘူး။ ငါ လူတိုင်းကို ဝေမျှပေးနိုင်တယ် “


Host “......”


သူမသည်လည်း တစ်စုံတစ်ရာဟာ မကောင်းတော့ဟု ခပ်ရေးရေး ခံစားလာမိသည်။ 


ယွမ်ဇယ်က သူ၏ လူကြီးလူကောင်းဆန်သော အပြုံးမျိုးကို ထိန်းသိမ်းထားရင်း ဆန့်ကျင်ဘက် စကားလုံးများကို ပြောသည်။


“ မာနကြီးတဲ့ပန်းကင်ကို ရင်ဆိုင်ရတဲ့အခါ သူ့ကို ဖောက်ခွဲ ထုတ်လိုက်တာက ပိုပြီးအလုပ် ဖြစ်လိမ့်မယ်”


Host “......”


ဘာလို့ ဒီသခင်မကြီးက တရုတ်ဘာသာစကားကို မသင်ခဲ့သင့်ဘူးဟု ခံစားနေရတာလဲ။


သူ သောက်ကျိုးနည်း ဒီစကားလုံးတွေကို ဘယ်လို ဘာသာပြန်ရမှာလဲ။ 


“ မာနကြီးတဲ့ပန်းကင် “ဆိုသောစကား ထွက်လာသည်နှင့် ကင်ဆန်းဟွန်းက ချက်ချင်းဆိုသလိုပင် ရန်လိုသော အရှိန်အဝါများကို လွှင့်ထုတ်လိုက်သည်။


စင်အောက်တွင် ရယ်ချင်နေသော ကစားသမားအမြောက်အများ ရှိသည်။.သို့သော် မရယ်ရဲကြချေ။


မာနကြီးသောပန်းကင် ဆိုသောနာမည်၏ အဓိပ္ပါယ်ကမူ နတ်ဘုရားကင်၏ နှလုံးသားအောက်ခြေတွင်ပင် နာကျင်မှုကို ခံစားရလေသည်။


ကြီးမားသောလူထွား Hero များကိုသာ ကစားသည့် ADC တစ်ယောက်အနေနှင့် ကင်ဆန်းဟွန်းသည် DPS သန်းပေါင်းများစွာ ထုတ်နိုင်ရန်အလို့ငှာ အသင်း၏ကာကွယ်မှု အပြည့်အဝ လိုအပ်သည်။ ထိုမှသာ သူသည် game ၏အခြေအနေကို ပြောင်းပြန်လှန်နိုင်မည် ဖြစ်သည်။


သို့ရာတွင် ထိုနှစ်က FTW တွင် အသင်းဖော်များအားလုံးက BUG ကဲ့သို့သော ရိုးရှင်းမှုများ ဖြစ်နေကြပြီး maskmanက နောက်ပိုင်းတွင် တိုးတက်ရမည်အချိန်ကို မစောင့်ပေးလေဘဲ အနိုင်ကို ရအောင် ယူလိုက်သည်။


ကင်ဆန်းဟွန်းအနေဖြင့် သူ၏အင်အားများကို မထုတ်နိုင်ခဲ့ဘဲ အလွန်ပင်ဒေါ သထွက်ခဲ့ရသည်။ယွမ်ဇယ်က သူ့အတွက် စိတ်မကောင်းဖြစ်လွန်းသဖြင့် ဖြေရှင်းချက်တစ်ခု တွေးပေမည်ဟု ကတိပေးခဲ့သည်။ ထို့ကြောင့် game ပွဲမတိုင်မီ အမှိုက်လို စကားပြောသော ကဏ္ဍကို ရောက်ရှိလာသောအခါ နတ်ဘုရားယွမ်က ထိုစကားလုံးများကို အလွန်ပင်အကျိုးအကြောင်းသင့်စွာ ပြောလာသည်။


“အားလုံးပဲ ကျေးဇူးပြုပြီး ငါတို့အသင်းရဲ့ မာနကြီးတဲ့ ပန်းကလေးပေါ် မသနားကြပါနဲ့။ မင်းတို့ရဲ့ နှလုံးသား ထိခိုက်နာကျင်ခံ ပြီးသူ့အပေါ် မသနားပေးကြနဲ့”


“ဘယ်သူက မာနကြီးတဲ့ပန်းလဲ။ ငါတို့ရဲ့ ADCဟေ့”


“ဟုတ်တယ် ဟုတ်တယ်။  ပန်းနဲ့အတူဆုံး တစ်ယောက်လေ”


“Closeက မာနကြီးတဲ့ပန်း မဟုတ်ဘူး။ သူ့ကို သွားမရှုပ်နဲ့။ စားပွဲလာပိလိမ့်မယ်”


ထို Game ပွဲသည် မေ့လျော့ခံရသင့်သည်မှာကြာပြီ ဖြစ်သည်။ သို့သော် ထိုအမှိုက်လို စကားပြောခန်းက ဝင်လာပြီး လူတိုင်း မှတ်မိနေသော အကြောင်းအရာဖြစ်သည်။ 

40 02

ယွမ်ဇယ်နှင့် ကင်ဆန်းဟွန်းတို့သည် ဖျော်ဖြေမှုmatch ပွဲတွင် ထိုမျှအတိုင်းအတာအထိ အချင်းချင်း ရန်စ စကား ပြောထားကြသည်။ ထို့ကြောင့် လုံလောက်စွာပင် သူတို့အကြားမှ ယမ်းမှုန့်များ၏ကြမ်းတမ်းသော အနံ့များဟာ မည်မျှပြင်းထန်နေကြောင်း ဖော်ပြရန် လုံလောက်သည်။


ယမ်းမှုန့်ရနံ့သည် ကိစ္စမဟုတ်သေးချေ matchပွဲ ကမူ ထိုသို့ဆိုလျင် ပို၍ပင် ပျော်စရာ ကောင်းသွား ပေလိမ့်မည်။ 


လူတိုင်း၏စိတ်အခြေအနေက မြင့်မားနေသည်။ဒါသည် ဖျော်ဖြေမှု Game ပွဲဖြစ်နေသော်လည်း Global Final နှင့်ပင်တူသည်။


BP ကလျှင်မြန်စွာ အဆုံးသတ်သွားသည်။ နှစ်သင်းလုံးက အချင်းချင်းရင်းနှီးနေပြီးသား ဖြစ်သည်အလျောက် ပြိုင်ဘက်၏ ACE talent များကို ban နေရာထဲသို့ ထည့်သွင်းရာတွင် ယဉ်ကျေးမနေတော့ချေ။ဒီနည်းအားဖြင့် ပွဲစဉ်တောက်လျောက် လွှမ်းမိုးနိုင်စွမ်းမရှိအောင် တားမြစ်လိုက်သည်။


မည်သို့ပင်ဆိုစေ ကင်ဆန်းဟွန်းနှင့် ယွမ်ဇယ်တို့သည် ထင်သလောက်အထိ ပစ်မှတ်ထားခံရခြင်း မရှိချေ


အင်အားကြီးမားသော ကစားသမားများမှ ACE ကစားသမားများသည် ပစ်မှတ်ထားခံရမည့် အခြေအနေကို မကြောက်ကြချေ။ နေရာက၆ နေရာရှိသည်။ ban နေရာအားလုံးတွင် သူတို့ အသန်မာဆုံးသော Talent များကို ထည့်လိုက်မည်ဆိုလျှင်ပင် ကျန်နေသေးသော အရာများကိုလည်း သုံးပြီး ကာကွယ်ကစားလို့ ရသေးသည်။


ပို၍ဆိုးသည်မှာ သူတို့ရဲ့ အသင်းဖော်များကလည်း ပစ်မှတ်ထားရန် မလွယ်ကူချေ။


Garyကို ဥပမာထားကြည့်နိုင်၏။ အရူးလောင်Gဟု ခေါ်ကြခြင်းမှာ ချဲ့ကားနေခြင်း မဟုတ်ချေ။ လမ်းနေရာတိုင်းကိုသာ ယွမ်ဇယ်အတွက် အသုံးပြုလိုက်မည်ဆိုလျှင် သူ၏ သူခိုးက ပြိုင်ဘက်ကို ပိတ်လှောင်သွားသည်အထိ ခုတ်ဖြတ် သတ်ပေလိမ့်မည်။


Close နှင့် ယွမ်ဇယ် ၊ ကင်ဆန်းဟွန်းတို့ အကြားမှ ကွာဟချက်သည် ထိုအရာဖြစ်သည်။ နောက်မှ နှစ်ယောက်သည် အသင်းဖော်များဖြစ်ပြီး ပထမ တစ်ယောက်ကမူ Team game တွင် တစ်ယောက်တည်း ဖြစ်သွားသည်။


သူတို့သည် game မဆော့ခင် အမှိုက်လို စကားတွေအများကြီး ပြောလွန်းအားကြီးသောကြောင့် game ထဲသို့ ဝင်ပြီး ၂ မိနစ်ခန့် ကြာသွားသည့် အခါ middle lane တိုက်ပွဲက စဖြစ်သည်။


Garyသည် လုပ်ကြံသတ်ဖြတ်သည့် သူခိုးကို ယူထားပြီး game အစောပိုင်းမှသူ၏ ဟန်ချက်က မြန်ဆန်လွန်းသဖြင့် သူသည် Proကိုပင် ယွမ်ဇယ် နောက်သို့ ဆုတ်ခွာလျက် စစ်သည်တော်နှစ်ယောက် ရှုံးသွားအောင် လုပ်လိုက်နိုင်သည်။


Pro ၏ mid line သည် ဖိအားပေးခံထားရသည်။ သို့သော် သူတို့၏ jungler ကလည်း မစိုးရိမ်ချေ။ Berserker  သူခိုး၏ မောက်မာထောင်လွှားမူကို အခွင့်ကောင်းယူပြီး L&P၏ တောနေရာထဲသို့ ဖောက်ဝင်ကာ Jungle monster ၂ကောင်ကို ခိုးလိုက်သည်။


ထိုနေရာသည် Top lane နှင့်အလွန်နီးသည် ထို့ကြောင့် ယွမ်ဇယ်၏ အနံ့ခံနိုင်စွမ်းကလည်း အကင်းပါးပြန်သည် သူသည် စိမ်းလန်းနေသော နေရာအနှံ တောက်လျောက် ကျော်လွှား ရှာဖွေလိုက်ပြီး Pro ၏ jungler ကိုတိုက်ရိုက် hit လုပ်လိုက်သည်။


“ Awesome” ဝေ့ရှောင်းက တိတ်တဆိတ် အော်လိုက်သည်။


သူသည် ယွမ်ဇယ်ကို သဘောမကျသော်လည်း ယွမ်ဇယ်၏ အင်အားကို လေးစားသည်။ အထူးသဖြင့် ယခင်က training match တွင် တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းတွင် ဖြစ်သည်။ ဝေ့ရှောင်းအနေဖြင့် အင်အားကြီးမားကာ ဖိနှိပ်ထားသော အင်အားကို မှတ်မိနေသေးသည်။


First Blood 


ယွမ်ဇယ်က Pro ၏ junglerကို တစ်ယောက်တည်း အင်အားဖြင့်သတ်လိုက်ပြီး ပထမသွေးကို ယူလိုက်သည်။ 


ချန်းဖုန်းသည် သူတို့၏အနောက်ဘက်ထိုင်ခုံမှ လှမ်းလှောင်လာသည်။


“သူက Marshal ရဲ့နေရာကိုသာ သွားရဲတာ  Pro ရဲ့  Jungler တအား နူးညံ့သေးတယ်”


ထန်ချန်းက ရယ်သည်။


“ အလျင်မလိုနဲ့။ Pro  ကနောက်ပိုင်းအဆင့်တွေမှာ အမြဲတမ်းတော်ပြီးသား”


ဟုတ်ပြီ။ maskmanကို အဓိက ထားသောအသင်းက အစောပိုင်းအဆင့်တွင် အားနည်းရန် ကံကြမ္မာဖန်လာပြီးသား ဖြစ်သည်။ Pro ၏ Jungler သည် အရင်းအမြစ် မလုသော နာမည်ကျော် အရံဇာတ်ကောင်ဖြစ်သည်။ သူသည်အသင်း၏ ဟန်ချက်ကို သွားမရှုပ်ချေ။ထို့အပြင် အလွန်ပင် တည်ငြိမ်သည်။ Top lanerက ယွမ်ဇယ်ကို ဖိနှိပ်နိုင်သော်လည်း ယွမ်ဇယ်က မျှော်စင်ထဲသို့ ဒိုင်ပင်ထိုးချသော အဆင့်ထိ မရောက်သွားစေသေးပင်၊


သူသည် အနည်းငယ် နောက်ဆုတ်သွားအောင် လုပ်နိုင်သေးသည်။


Middle laneက ဆုံးရှုံးမူ အမြောက်အများ ခံစားလိုက်ရသည်။သို့သော် bottom lane ကမူ အခြေအနေ ကောင်းသည်။


ကင်ဆန်းဟွန်း၏ ADCသည် နောက်ပိုင်းအဆင့်ကို သီးသန့် မှီခိုသော maskman အမျိုးအစားမျိုး မဟုတ်ချေ။ သူ၏ FTWမှ အတွေ့အကြုံများက သူ့ကို အစောပိုင်းအဆင့်တွင် အထူး အာရုံစိုက်စေသည်။


လာနောက်နေတာလား။ 


သူက အစောပိုင်းအဆင့်မှာ စမသတ်ဘူးဆိုရင် သူရဲ့သားရဲကောင်လို အသင်းဖော်တွေက နောက်ပိုင်းအဆင့်မှာ သူ့ကို တိုက်ခိုက်ခွင့်တောင် ပေးမှာတောင် မဟုတ်ဘူး။ ကောင်းပြီလား။


ထို့ကြောင့် ကင်ဆန်းဟွန်း သည်သူ၏အထောက်အပံ့ကို တောက်လျောက် ခေါ်လျက် L&P ၏ maskman ကို ပုဇွန်ဆိတ်လေး ဖြစ်သွားအောင် ထုရိုက် ပစ်လိုက်သည်။


ထင်မြင်သုံးသပ်ချက်ပေးသူက ကင်ဆန်းဟွန်းကို အလွန်ပင်ချဲ့ကားစွာ ချီးကျူးနေသည်။


 “ လောင်Gက သွားမကူညီဘူး L&Pက မျှော်စင်တစ်ခု ရှုံးလိမ့်မယ်။”

40 03

သူ ပြောသည့်အတိုင်း ဖြစ်လာသည်။ ၁ မိနစ်ခန့်ကြာပြီးနောက် L&P ၏bottom lane မှ ပထမမျှော်စင်က ပေါက်ကွဲသွားသည်၊ ထိုသို့ဖြင့် ရုတ်တရက်တောင်ကြားအကြားမှ ဟာကွက် ပေါ်လာသည်။


ဝေ့ရှောင်းသည် ဖန်သားပြင်ကို ကြည့်ရင်း ပြောသည်။


“ယွမ်ဇယ်က လမ်းကြောင်း ပြောင်းလိုက်ပြီ”


ချန်းဖုန်း “ဒီလို အချိန်မှာ လမ်းပြောင်းတာက အကျိုးကြောင်းသင့်ဘူး”


မျှော်စင်သည် ရှုံးထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ယွမ်ဇယ်သည် ယခုအခါ အသုံးမဝင် ဖြစ်သွားလေသည်။ တစ်နည်းအားဖြင့် top lane သို့ သွားပြီး တိုးတက်အောင် လုပ်သင့်သည်။


ဝေ့ရှောင်းက ခေါင်းခါသည်။


“ ဒါပေမဲ့ သူက ကင်ဆန်းဟွန်းနဲ့ လီဟယ်ယန်ကို ထိန်းနိုင်တယ်”


ချန်းဖုန်းက ကြောင်သွားသည်။ လုဖုန်းက ဝေ့ရှောင်းကို မျက်ဝန်းထောင့်စွန်းမှ တစ်ချက် ကြည့်လိုက်သည်။


တောင်ကြားမှ အခြေအနေက ရုတ်တရက် ပြောင်းသွားသည်။ 


ယွမ်ဇယ်သည် top lane မှ bottom lane သို့ ဆင်းချသွားပြီး ကင်ဆန်းဟွန်းနှင့် လီဟယ်ယန်တို့ အတူရှိနေသော အခြေအနေကို တွေ့သည့် တိုင်အောင် နောက်မဆုတ်သွားချေ။ သူကမျှော်စင်၏ အကာအကွယ်မရှိသော နေရာကို ရောက်နေသောအခါ ထိုနှစ်ယောက်လုံးကို ကိုယ်ပိုင်အင်အားနှင့် တိုက်ခိုက်လိုက်သည်။


စင်မြင့်တစ်ခုလုံးက ပေါက်ကွဲသည်။


“ သောက်ကျိုးနည်း ဒီ Marshal က ရူးသွားပြီလား”


များပြားစွာသော Professional ကစားသမာများ၏အမြင် တွင်ထိုလုပ်ရပ်က အသေခံခြင်း ဖြစ်သည်။


လာနောက်နေတာလား။


ကင်ဆန်းဟွန်းသည် ပါလာတင်၏ အနောက်တွင် အကာအကွယ် ပေးထားခြင်း ခံရသည်။ ထို့ကြောင့် သူ့ကို မြှား ၃ ၄ ချက်နှင့် သတ်နိုင်သည်။


ဝေ့ရှောင်းက မျက်တောင် မခတ်ချေ၊


“ ကင်ဆန်းဟွန်းက နောက်ဆုတ်နေတာ”


သူ၏အသံက ထွက်ပြီးရုံသာ ရှိသေးသည် ယွမ်ဇယ်က skill အဆက်လိုက်ကို သုံးပြီး ကင်ဆန်းဟွန်းနှင့် လီဟယ်ယန်တို့ကို မျှော်စင်သို့ ပြန်ပို့လိုက်သည်။


ကင်ဆန်းဟွန်းက ဒီလိုအချိန်မျိုးတွင် ထွက်လာခဲ့လျင် skill အဆက်လိုက်ကို သုံး၍ကုန်သွားသော ယွမ်ဇယ်က သူ့ကို အသာအယာ ဆွဲချနိုင်သည်။ သို့သော် ကင်ဆန်းဟွန်းက မထွက်လာခဲ့ချေ။


ယွမ်ဇယ်၏ လုပ်ဆောင်မှုများက တွက်ချက်မှုအပြည့် ပါသည်။


သူသည် နှစ်ယောက်တစ်ယောက် တိုက်ခိုက်သောကြောင့် ရူးနှမ်းလွန်းသည်ဟု ထင်ရသည်။ သူသည် သူ၏နောက်ဘက်တွင် ကျောကပ် ထောင်ပေါင်းများစွာ ရှိနေသလိုပြုမူ သွားခဲ့သည်။ ဒီနည်းအားဖြင့် ကင်ဆန်းဟွန်းကို နောက်ဆုတ် သွားစေသည်။


ကင်ဆန်းဟွန်းသည် အမှန်ပင် တွက်ချက်နေရသေးသည်။ သူသည် မြေပုံတွင် လောင်Gကို ရှာမတွေ့ချေ။ ထို့အပြင် ယွမ်ဇယ်ကလည်း ကြမ်းတမ်း နေသေးသည်။L&P၏ styleအရ Garyသည် အနောက်ဖက်တစ်နေရာတွင် ပုန်းနေလောက်သည်။ ထို့နောက် ကင်ဆန်းဟွန်းက ရှေ့သို့ အနည်းငယ်တိုး လိုက်မိရုံနှင့် သေသွားသောကင် ဖြစ်ပေလိမ့်မည်။


သို့ရာတွင် ယွမ်ဇယ်၏ အနောက်တွင် မည်သူမှ ရှိမနေချေ။Garyက သူနှင့်အတူ mid lanerကို ခေါ်ပြီး top laneသို့ ရောက်သွားလျက် pro၏ top laner ကို ၃ယောက် ၁ယောက်သွား သတ်လေခြင်း ဖြစ်သည်။ ဒီနည်းအားဖြင့် တစ်ချိန်တည်းတွင် top laner က မျှော်စင်ကို ကာကွယ်ထားလိုက်သည်။


ထိုစီမံကိန်းက ခန်းမတစ်ခုလုံး၏ လက်ခုပ်သံများကို ရရှိစေသည်။


“လှတယ်”


ကြည့်ရှုသူများသည်လည်း နတ်ဘုရား၏ရှုထောင့်များမှ ကြည့်ရှုနိုင်သည့်အလျောက် ပို၍ပင်မြင်နိုင်သည်။ သို့သော် သူတို့က မြင်နိုင်သည့် တိုင်အောင် လုပ်နိုင်သည့်ယုံကြည်မှုမျိူး မရှိကြချေ။ 


ယွမ်ဇယ်၏ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ရဲရင့်မှု ပြီးပြည့်စုံသောပူးပေါင်းမှုများက L&P ကို pro၏ top lanerကို ချေမွသွားရန် အခွင့်အရေးပေး လိုက်နိုင်သည်။ထို့အပြင် ယွမ်ဇယ်ကိုယ်တိုင်က အမှားတစ်ခုမှပင် မလုပ်ခဲ့ချေ။


သေးငယ်သော ကွာခြားမှုက မိုင်ထောင်ချီ ကွာဝေးသည်။


ညီမျှမှုကြားရှိ အနီးကပ်တိုက်ပွဲတွင် 0.00001 စက္ကန့်ကပင် အရာအားလုံးကို ဖြေရှင်းပေးနိုင်သည်။


ဒါသည် ဖျော်ဖြေမှု match ပွဲ ဖြစ်သည်။ သို့သော် နှစ်သင်းလုံးက အင်အား ထုတ်သုံးထားကြသည်။


ကင်ဆန်းဟွန်းသည် ယွမ်ဇယ်ထံ တစ်ကြိမ် လှည့်စားခံလိုက်ရသည်။သို့သော် သူသည် သိပ်မကြာခင် ခပ်မြန်မြန်ပြန်လည် တိုက်ခိုက်ပြီး L&P ၏ mid laner ကို ဆွဲချသလို mid lane မျှော်စင်ကိုပါ တစ်ခါတည်း ဖြိုချလျက်မြို့ကို ပြန်ပြေးသည်။ မိနစ်၄၀နည်းပါး ကြာလာသည်။ ဝေ့ရှောင်းဆိုလျှင်မျက်တောင် ခတ်ရန်ပင် မေ့နေသည်

40 04

သူ၏နှုတ်ခမ်းထောင့်စွန်းတွင် အမြဲတစ်စေ အပြုံးကို ချိတ်ဆွဲထားသော လူငယ်က ဖန်သားပြင်ပေါ်တွင်ပေါ်နေသော ပြိုင်ပွဲတွင် စိတ်ကို နှစ်မြုပ်ထားသည်။ 


ထိုစစ်ပွဲသည် ယမ်းမှုန့်များ နှင့် မီးခိုးမျာပါသော စစ်ပွဲ ဖြစ်သည်။ သွေးပင် မထွက်သော နှစ်ဖက်တိုက်ပွဲ ဖြစ်သည်။ သို့သော် တောင်ကြားမှ အခြေအနေက လူတိုင်း၏ အင်အားကြီးမားသော အခိုက်တန့်ကို လှုံ့ဆော်ပေးနိုင်သည်။


ဓားတစ်လက်ချင်းစီတိုင်း ပစ်ချက်တစ်ချက်ချင်းစီတိုင်း…


ထိုးနက်ချက်တစ်ခုချင်းစီတိုင်း မြှားတစ်ချောင်းချင်းစီတိုင်း… 


တောက်ပစွာ ထည်ဝါမှုက လူတိုင်း၏သွေးကို စိတ်လှုပ်ရှားမှုနှင့် ဆူပွက်စေသည်။


အစစ်အမှန် အသင်းဖော်များက တစ်ယောက်ကို တစ်ယောက် ကျောပေးထားပြီး  ယုံကြည်မှုအပြည့်နှင့် လှုပ်ရှားနေကြကာ ယုံကြည်မှုကို ဖလှယ်ထားကြသည်။


အသင်းအတွင်းတွင် ကြီးမားသော အချင်းချင်း နားလည်စိတ်က 5vs5 တွင် ဖျော်ဖြေမှုပြိုင်ပွဲသည် အလွန်ပင် တောက်ပပေသည်။လူတိုင်းကလည်း ကြည့်နေရင်း အလွန်ပင် စိတ်အား ထက်သန်လာကြသည်။ သူတို့သည် တစ်ပွဲက မလုံလောက်ဟု ထင်ကြ၍ နောက်တစ်ပွဲ လိုချင်ကြသေးသည်။ 


ပြိုင်ပွဲဝင်ကော်မတီက ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ Hostက စင်ပေါ်သို့ တက်လာပြီး ပြောသည်။ 


“ နောက်ထပ် လာမှာကတော့ Double ဖျော်ဖြေမှုပွဲပါ “


လူတိုင်းက အော်ဟစ် အားပေးကြသည်။ သို့သော် သိသာစွာပင်။ ဒါသည် ထင်သလောက် စိတ်လှုပ်ရှားစရာ မကောင်းပေ။ 


Host က လှို့ဝှက် ဆန်းကြယ်စွာ ပြုံးပြီးထပ်ပြောသည်။ 


“ Double match မှာ ပါဝင်မဲ့သူတွေကို 5v5 gameပွဲမှာ အနိုင်ရသွားတဲ့လူတွေက ရွေးချယ်ပိုင်ခွင့် ရှိတယ်”


ထိုစကား တစ်ခွန်း တည်းက လူတိုင်း၏ စိတ်အခြေအနေကို လှုပ်ရှားစေရန် လုံလောက်သည်။ “ဒါက ဘာကို ဆိုလိုတာလဲ “


အများကြီး ရှင်းပြရန်ပင် မလိုအပ်ချေ။ ယွမ်ဇယ်က စင်ပေါ်သို့ တက်သွားသည့်အချိန်တွင် Host ကမေးသည်။ 


“ နတ်ဘုရားယွမ်က Double match ပွဲအတွက် အသင်းဖော်အဖြစ် ဘယ်သူ့ကို ရွေးမှာလဲ “


ဟုတ်တယ်။ လာမဲ့ Double match ပွဲတွင် L&P သည် 5V5 ပွဲကို နိုင်သွားသည့်အလျောက် စိန်ခေါ်သူ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အားလုံးကလည်း MVPယွမ်ဇယ်ကို ပေးလိုက်ကြသည်။


သူသည် သူတို့ အသင်းဖော်များထဲမှ   တစ်ယောက်ယောက်ကို ရွေးချယ်ကာ အသင်းဖွဲ့နိုင်သည်။ သို့မဟုတ်လျှင် အခြားသောအသင်းမှ အသင်းဖော်ကို ရွေးနိုင်သည်။ 


ထိုအချိန်တွင် ဖန်သားပြင် တစ်ခုလုံးက ပွက်လောရိုက်နေသည်။ ပြိုင်ပွဲကော်မတီကလည်း ကိစ္စများကို မည်သို့စီစဉ်သင့်ကြောင်း အမှန်တကယ် နားလည်လေသည်။


လှည့်ကွက်မျိုးကို သုံးကာ ဖျော်ဖြေမှု match ပွဲကို ဖန်တီးလိုက်ရုံဖြင့် ကိစ္စများကို ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသွားပေလိမ့်မည်။


ယွမ်ဇယ်က microphone ကိုယူပြီးနောက် ခန်းမတစ်ခုလုံးကိုကြည့်သည် ။ ထို့နောက် နာမည်တစ်ခုကို ခေါ်၏


“ Quiet “


ခန်းမ တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ထိုနောက် ပွက်လောရိုက်သွားပြန်၏ 


ဒါက ဘယ်သူလဲ။


ဘယ်သူက Quiet လဲ။


လူတိုင်းက ယွမ်ဇယ် မည်သူ့ကို ရွေးချယ်မည်ဟု တွေးထားကြသည်။ ဥပမာအနေနှင့် Close ဖြစ်လောက်သည်။ သို့မဟုတ်လျှင်လည်း ကင်ဆန်းဟွန်း ဖြစ်နိုင်သည်။ သို့မဟုတ် လျှင်လည်း သူ၏ လောင်Gကိုခေါ်နိုင်သည်။ သို့သော်......


Quiet က ဘယ်သူလဲ


လူတိုင်းက စိတ်ရှုပ်ထွေးစေရုံမျှ မကသေးလေဘဲ FTWမှ လူများက ကြောင်သွားကြသည်။ လုဖုန်းက ဝေ့ရှောင်းကို ကြည့်သည်။ 


ဝေ့ရှောင်းကမူ မထိတ်လန့်သလို မစိုးရိမ်ပေ ။ 


သူက မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် ခြေလှမ်း အနည်းငယ်ဖြင့် သူစင်ပေါ်သို့ တက်သည်။ 

40 05

လူငယ်သည် ခြေတံရှည်များကို ပိုင်ဆိုင်သည်။ သူက အနက်ရောင် FTW team uniform ကို ဝတ်ထားပြီး သူ၏ဖျော့တော့သော မျက်နှာထားက တောက်ပသော အလင်းများအောက်တွင် ကျော့ရှင်းကြည့်ကောင်း နေသည်။ သို့ရာတွင် သူ၏ မျက်လုံးကမူ Quiet ဆိုသော စကားလုံးနှင့် သွေဖယ်နေပြီး အလွန်အမင်း ကလူတက်ပုံ ရသည်။ 


“ Hello အားလုံးဘဲ ကျွန်တော်ကတော့ FTW.Quiet ပါ “


စင်မကြောက်သော လူသစ်က တိုက်ခိုက်ရန် အခွင့်အရေးကိုပင် လိုချင်နေပုံရသည်။ 


သူဟာ မည်သူမှန်း မသိသောလူများက ထိုအခိုက်အတန့်ကို သူ့ကို လတ်ဆတ်သော အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။


ဒီလို ဆူးရှတဲ့ မျက်လုံးတွေကို မြင်ရတာက.....


“ ဒီကလေး က marshal ဝင်လာပြီးပြီးချင်း ဖိတ်ခေါ်တဲ့ ကောင်လေး မဟုတ်လား “


“ အား ဒါက FTW ရဲ့ Top Laner ပေါ့”


“Marshalက တကယ်ကြီး ပြောနေတာလား။ သူက ဒီတစ်ယောက်နဲ့ အရမ်းကို အသင်းဖော် ဖြစ်ချင်နေတာ ထင်တယ် “


ဝေ့ရှောင်းက ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီးနောက်တွင် ယွမ်ဇယ်ကို ကြည့်ကာ English လိုပြောသည်။ 


“ နတ်ဘုရားယွမ် ငါမင်းကို ဖောက်ခွဲပစ်လိုက်မှာ မကြောက်ဘူးလား “


နှစ်ယောက်အကြားမှ ယခင်စကားပြောခန်းကို သိသွားသူများအားလုံးက စိတ်လှုပ်ရှား လာကြသည်။


ဒီကလေးက တစ်ခုခုတော့ တစ်ခုခုဘဲ။ 


ယွမ်ဇယ်က မြေခွေးလိုပြုံး သည်။ 


“ မင်းက ငါ့ကို ဖောက်ခွဲမှာလား “


မဟုတ်ပါဘူး။


ဝေ့ရှောင်း၏ အသံက မတိုးချေ။ သို့သော် မပေါ့ချေ။ ထို့အပြင် မလေးလံ ပြန်ချေ။


“ ငါက ငါ့ရဲ့ အသင်းဖော်တွေကို ဘယ်တော့မှ မဖောက်ခွဲဘူး၊ ငါ့ရဲ့အသင်းဖော်က လူ မဟုတ်ဘူး ဆိုရင်တောင်မှပေါ့ “


******