Ch 41
Viewers 3k

အပိုင်း (41)


ဝေ့ရှောင်း ; ငါ Close ကိုရွေးတယ်


Shit သူ တကယ်ကို ပြောရဲတယ်


ရှိနေသော လူတိုင်းသည် ထိုခံစားချက်နောက် လိုက်ပါခံစားရင်း စိတ်လှုပ်ရှား လာကြသည်။


ခန်းမထဲတွင် ရှိနေသော လူအုပ်သည် professional ကစားသမားများအပြည့် ဖြစ်လေသည်။ အချို့သည် ကျော်ကြားနေပြီးသား ဖြစ်လေသည်။ သူတို့သည်လည်း Marshalကို တွဲဖက်များထက်ပို၍ နားလည်သည်။ Glory၏ ဘုရားကျောင်းမှ တန်ကြေးကို ပို၍နားလည်နိုင်သည်.


Marshalအတွက် Glory ဘုရားကျောင်းအထဲတွင် စာရင်းသွင်းခံရသောကြောင့် သူ၏အင်အားကို သံသယဝင်ရန် မလိုအပ်ချေ


အင်အားကြီးသူကို ရင်ဆိုင်ရသောအခါ လူအများစုက ထိတ်လန့်ပြီး ကြောက်တတ်သည်။


ဒါက သူ့သဘာဝဘဲ နားလည်လို့ရတယ်။ ဒါပေမဲ့ အသိမှတ်ပြုတာမျိုးတော့ မရှိဘူး


ထိုအခြေနေသည် ဝေ့ရှောင်းနှင့် ခြားနားသည်။ သူသည် မကြောက်သလို မထိတ်လန့်ချေ။ ထို့အပြင် သူခိုးအိုကြီး ယွမ်အတွက်ပင် ထောင်ချောက် တစ်တွင်း တူးပေးပြီး ပြီးပြည့်စုံသော နှုတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကိုပင် လွှတ်လိုက်သေးသည်.


အင်အားကြီးတယ်။


သူရဲ့နည်းပညာပိုင်းဆိုင်ရာ စွမ်းရည်က ဘယ်လိုပဲ ဖြစ်ဖြစ် သူရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်က တကယ်ကို သန်မာတာပဲ။


ယွမ်ဇယ်သည် သိသာစွာပင် satist ဖြစ်လေသည် သူ၏ပြိုင်ဘက်က အင်အားကြီးမားလေလေ သူသည် ပို၍စိတ်ဝင်စားလေလေ ဖြစ်သည်။ ဝေ့ရှောင်းက ထိုသို့ တုန့်ပြန်လေလေ သူသည် ထိုလူကို မမေ့နိုင်တော့လေလေ ဖြစ်သည်။


ဝေ့ရှောင်းကသာ ကြောက်ရွံ့ပြီး နောက်ဆုတ်သွားမယ်ဆိုလျှင် သူသည် အချိန်မရွေး မေ့သွားနိုင်သည်။ သို့သော် ဝေ့ရှောင်းကမူ ထိုသို့မလုပ်ခဲ့ချေ၊ သူ့အား ပြန်လည်ပြီးတိုက်ခိုက်ကာ အံ့ဩသင့်စေသည်။ ထို့ကြောင့် ယွမ်ဇယ်သည် ထိုကလေးကို သဘောကျသည်။ ထိုကလေးအတွက် အရိုးသားဆုံး စိတ်ရင်းဖြင့် အမှန်တကယ် အသိအမှတ် ပြုဖြစ်သည်။


Host ကမူ အမှန်တကယ် ဝမ်းနည်းနေပြီ ဖြစ်သည်။


မင်းတို့ E sports အသိုင်းအဝိုင်းက အရမ်းကို အပြောင်းအလဲ မြန်ဆန် လွန်းကြတာလား။


တစ်ယောက်ပြီး တစ်ယောက် သူတို့ရဲ့ ပါးစပ်မှာ filter တွေတောင် မတပ်ထားကြဘူး။ ဘာကိုမဆို ထုတ်ပြော နေကြတော့တာပဲ။


ကံကောင်းသည်မှာ ဒီတစ်ကြိမ်တွင် သူမ ဘာသာပြန်ရန် မလိုအပ်ခဲ့ချေ၊ လူတိုင်းက နားလည်နေကြသည်။


Hostသည် လေထုအခြေနေကို နူးညံ့သွားစေရန် အလို့ငှာ လျင်မြန်စွာ အင်အားသုံးရန် ကြိုးစားလိုက်သည်၊


“ဒီလိုဆိုရင် ကျေးဇူးပြုပြီး မင်းတို့ပြိုင်ဘက်တွေ ရွေးကြပါ။ Marshalက ရွေးမှာလား”


Professional ပြိုင်ပွဲထဲတွင် စာရင်းသွင်းထားသော မည်သည့် Double teamကိုမဆို ကောက်နုတ် ရွေးချယ်၍ ရသည်။ ယွမ်ဇယ်က လူကြီးလူကောင်းဆန်ချင် ပြန်သည် 


“ဒီကလေးကို ရွေးခိုင်းလိုက်ပါ”


ဝေ့ရှောင်းကလည်း ငြိမ်၍မနေဘဲ Hostက ပေးလာသော ခလုတ်ကလေးကို လက်ခံလိုက်သည်။


ဒီDouble ဖျော်ဖြေမှုသည် Drama အပြည့် ရှိနှင့်နေပြီးသား ဖြစ်သည်။ ပထမဉီးဆုံးအနေဖြင့် ယွမ်ဇယ်သည် အသင်းဖော် တစ်ယောက် ရွေးချယ်သည်။ ထို့နောက် ဝေ့ရှောင်းက ပြိုင်ဘက်ကို ရွေးချယ်ကြသည်။


ထိုသို့ မမျှော်လင့်ထားသော အဖြစ်ပျက်များက တစ်လွှာပြီး တစ်လွှာ ဖြစ်ပေါ်လာပြီးနောက်တွင် လူတိုင်း၏ မျှော်လင့်စောင့်စားမှုက အထွတ်အထိပ်ပင် ရောက်ရှိသွားလေပြီ 


ဖွင့်ပွဲ game ပွဲသည် ဖောက်ခွဲမှုစွမ်းအားပြင်းထန်သော 5v5 game ပွဲဖြစ်ပြီး နောက်ပိုင်းတွင် dramatic အလွန်များသော double match ကစတင်သည် ။


အဖွင့် game ပွဲများအားလုံးက အမှန်ပင် ကြီးကျယ်နေပြီ ဖြစ်သည်၊။


သိပ်မကြာခင် ဖန်သားပြင်တွင် တောက်လျှောက် ဖြတ်ပြေးနေသော နာမည်များက ရပ်တန့်သွားပြီး ရွေးချယ်ခံရသော ပြိုင်ဘက်က ပေါ်လာသည်။


ရွေးချယ်ခံရသူသည် ကင်ဆန်းဟွန်းနှင့် လီဟယ်ရန် မဟုတ်သလို Asleep နှင့် ခုံးယီ လဲမဟုတ်ချေ။


 သိုရာတွင် ဖန်သားပြင်တွင်ပေါ်လာသော နာမည်နှစ်ခုက မရင်းနှီးပေ။ Sk. အားလီ၊ Sk.အားယူ 


ဒီ carb comboသည် double ပြိုင်ပွဲများတွင် middle ပြိုင်ပွဲများတွင် မြင့်တက်နေသော ကြယ်စင်များ ဖြစ်နေသည်၊


Skသည် တောင်ကိုရီးယားဘက်မှ အသင်းသစ်ဖြစ်သည်။ သူတို့သည် double ပြိုင်ပွဲကိုသာ အဓိကထားပြီး ရလာဒ်များ ရောက်ရှိရန် မျှော်လင့်စောင့်စားနေသည်။ ထိုအဖွဲ့သည် global ပြိုင်ပွဲတွင် တရားဝင် မပါဝင်ရသေးသော်လည်း သူတို့သည် ကင်ဆန်းဟွန်းနှင့် လီဟယ်ရန်ကဲ့သို့ သူတို့ ပြည်တွင်းနယ်မြေဇုန်မှ အမတများကို ပိုင်ဆိုင်ထားသည့်အလျောက် သူတို့၏ skill အသစ်များကို ထိုလူများအောက်တွင် မွန်းမံနိုင်သေးလေသည်။ Proသည် ဒီနှစ်အသင်းပြိုင်ပွဲတွင် ထိပ်ဆုံးနေရာကို အရယူရန်သာ အဓိက အားစိုက်ထုတ်မည် ဖြစ်သည်။ထိုအတွက်ကြောင့် သူတို့သည်လည်း double  အတွက် အာရုံ လျှော့ထားပေးနိုင်သည်။


SKသည် တူညီသော ပြိုင်ပွဲနယ်မြေဇုန်မှ ညီအစ်ကို အသင်းတစ်သင်း ဖြစ်နေသည့်အလျောက် Double ပြိုင်ပွဲများတွင် အသိအမှတ်ပြုခံရရန် တိုက်ခိုက်ချင် ကတည်းက Proကလည်း ကူညီရန် ဆန္ဒရှိလေသည်။


ထို့ကြောင့် အားလီနှင့် အားယီတို့သည် ပြိုင်ပွဲကြီးများတွင် လုံလောက်သည့် အတွေ့အကြုံ မရှိသေးသည့်တိုင်အောင် သူတို့သည် အလွန်သန်မာသည်ဆိုသော အချက်ကို သံသယဝင်စရာ မလိုချေ၊


သူတို့၏အင်အားသည် မနှစ်က double runner up ထက်ပင် သာကောင်း သာလောက်သည်။ 


ယွမ်ဇယ်က ရယ်သည်။

41 02

“မင်းက တကယ်ကံကောင်းတာပဲ”


ကင်ဆန်းဟွန်းနှင့် လီဟယ်ယန်တို့နှင့် ညီလုနီးပါး ဖြစ်လောက်သော အတွဲကိုပင် မဲနှိုက်နိုင်သည်၊။


ဝေ့ရှောင်းက သူ့ကို တစ်ချက်ကြည့်သည်။


“ကြောက်လို့လား”


ယွမ်ဇယ်; “ ……………”


ဝေ့ရှောင်းသည် သူ့အားပါးစပ် ဟရန် အခွင့်အရေးမပေးဘဲ ဝင်ပြောလိုက်သည်၊


“ကြောက်ရင် စင်ပေါ်က ဆင်းသွားလေ ငါ partner ပြောင်းလိုက်မယ်”


ယွမ်ဇယ်က သူ၏မျက်ဝန်းထောင့်မှ စင်အောက်ဖက်တွင် ထိုင်နေသော လုဖုန်းကိုကြည့်ရင်း လေသံကို တိုးကာ ပြောလိုက်သည်၊


“ မင်းရဲ့ခေါင်းဆောင်က Double မတော်ဘူး”


ဝေ့ရှောင်း ကျွစ် စုတ်သတ်သည်။


“ ငါ့ရဲ့ခေါင်းဆောင် မတော်တာ မရှိဘူး”


ယွမ်ဇယ်က ထိုစကား မပြောတော့ဘဲ ခေါင်းကိုခါကာ ပြောသည်။


“ လာ လာ လာ Gameက စတော့မယ်”


သူတို့သည် 4ယောက်သည်  ထိုင်ခုံနေရာအသီးသီး ယူလိုက်ကြပြီး Ban & Pick ကဏ္ဍသို့ ဝင်ရောက်လိုက်ကြသည်။


Double ပြိုင်ပွဲတွင် Ban နေရာ6 ခုရှိပြန်သည်။ ထိုအခြေအနေသည် ပြိုင်ဘက်ကို ပစ်မှတ် ထားရုံအတွက်ကြောင့်သာ မဟုတ်တော့ချေ ။ ထို့အပြင် အချို့သော Talent များသည်လည်း လက်ရှိ game version အလျောက် over power ဖြစ်သော အနေအထားမျိူးတွင် အ Ban ခံရနိုင်သေးသည်။ တစ်နည်းအားဖြင့် အခြားသော သူများက မလုနိုင်သောအခါ လူတိုင်းကို ဒုက္ခခံရခြင်း မရှိစေရန် ကယ်ဆယ်နိုင်သည်။


ထင်မြင် သုံးသပ်ချက်ပေးသူက နောက်ဆုံးတွင် ပြဿနာတစ်ခုကို သုံးသပ်မိသွားသည်။ 


“ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် Quiet က Top lane က မဟုတ်လား “


“ ဟုတ်တယ် တရုတ်ပြိုက်ပွဲဝင်နယ်မြေမှ FTW ရဲ့ Top laner အသစ်လေ” 


“ ငါတို့ သိထားတဲ့ အတိုင်းဆို Marshal က Top lane Hero ဘဲကစားတာ “


အသင်းပြိုင်ပွဲပင် ဖြစ်စေ Doubleပင် ဖြစ်စေ single ပြိုင်ပွဲများတွင်ပင် ဖြစ်စေ သူသည် Top lane hero များကိုသာ အသုံးပြုတတ်သည်။


ယွမ်ဇယ်သည် ကျော်ကြားသော ဆောင်ပုဒ်ကိုပင် ကိုင်ဆောင်ထားသေးသည်။ 


“ Top laneက ယုံကြည်သက်ဝင်မှုရှိတယ်၊ အခြား Talentတွေကို သုံးတာက မရိုးသားရာ ရောက်တယ်။ ဒါက လှည့်စားနေသလိုပဲ “


နောက်ပိုင်းတွင် Garyက မူးရူးသွားပြီးနောက် အမှန်တရားကို ထုတ်ပြောသည်။ 


“ ငါတို့ရဲ့ ခေါင်းဆောင်က အခြားနေရာတွေ မကစားတတ်ဘူး။ ရိုးရိုးသားသားပြောရရင် သူ အရိပ်သူခိုး တစ်ကြိမ် သုံးတာ။ ငါတွေ့ ဖူးတယ် ကျွတ် ကျွတ် ကျွတ် လှည့်စားတာတော့ မဟုတ်ပါဘူး။ ဒါက အိမ်တွင်းအကြမ်းဖက်နေသလိုပဲ။ ဟုတ်တယ် ဟုတ်တယ်။ အဆုံးသတ် တစ်ခုရသွားတာပေါ့ “


မည်သို့ပင် ဆိုစေ အမှန်တရားက မည်သို့ပင် ဖြစ်နေစေကာမူ Marshalသည် Top lane hero ကိုသာ သုံးသည်။ ခွေးအိုကြီးယွမ်သည် သူ၏ သိက္ခာကို လိုချင်သည်။ သူသည် သူ၏ လုပ်ဖော်ကိုင်ဖက် အယောက် ၁၀၀ ကျော်၏ ရှေ့တွင် ကိုယ့်ကိုကိုယ် အရှက်မခွဲလိုပေ။ ထို့ကြောင့် သူသည် Top lane ကိုသာ ယူပေလိမ့်မည်။ ဒီနည်းအားဖြင့် ပြဿနာက တက်လောက်သည်။


ထင်မြင်သုံးသပ်ချက်ပေးသူ; “ မင်းတို့က Top laner နှစ်ယောက်နဲ့ Double game ကစားလို့ မရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အနိုင်ရနိုင်နှုန်းက အဲ့ဒီလောက်မမြင့်ဘူး”


Double match ပွဲများသည် ပူးပေါင်းဆောင်ရွက်မှုကို မူတည်သည်။ မတူညီသော နေရာတွင်ရှိသော Hero များကို သုံးကာ ကစားသောအခါ ကောင်းမွန်သောရလာဒ်ကို ရနိုင်သည်။


ထင်မြင်သုံးသပ်ချက်ပေးသူ; “ ဘာပဲ ဖြစ်ဖြစ် ဒါက ဖျော်ဖြေမှု match ပွဲပဲလေ။ နိုင်တာရှုံးတာက ပျော်ဖို့ကောင်းတာထက် ပိုပြီးအရေးမကြီးပါဘူး “


ထိုစကားများ ထွက်လာပြီးပြီချင်း တရုတ်ပြိုင်ပွဲဝင်ဇုန်မှ အမှန်တရားကို နားလည်သော လူတိုင်းက ရယ်ကြသည်။


“ ဟား ဟား နိုင်တာ ရှုံးတာက အရေးမကြီးဘူး ဟုတ်လား “


စင်ပေါ်မှာ ဘယ်သူထိုင်နေလဲ ကြည့်လိုက်ပါအုံး။


အဲဒီမှာ ထိုင်နေတာက Glory အသိုင်းအဝိုင်း တစ်ဝက်လောက်ကို တိုက်ပွဲတွေ ရွေးထုတ်သွားတဲ့ သားရဲကောင်လေး။ သူရဲ့နဖူးမှာ အနိုင်ဆိုတာကို ကပ်ထပ်ရတာကို သဘောကျတဲ့ကောင်မျိူး။ 


သူက ဘယ်လိုများ အရှုံးကို လက်ခံမှာလဲ။


ထင်မြင်သုံးသပ်ချက်ပေးသူA; “ ........ကောင်းပြီ Quietက အရိပ်သူခိုးကို ယူလိုက်သည်။ “


ထင်မြင်သုံးသပ်ချက်ပေးသူB: “ သူက နတ်ဘုရားယွမ်အတွက် ကစားပေးတာတော့ မဟုတ်ဘူးမလား “


ထင်မြင်သုံးသပ်ချက်ပေးသူA  “ နတ်ဘုရားယွမ်ရဲ့ အရိပ်သူခိုးက .......”


လောင်G၏ မူးနေသော စကားများက လူတိုင်း၏ အတွေးတွင် လတ်ဆတ်နေသေးသည်။ 


ထင်မြင်သုံးသပ်ချက်ပေးသူ A” သူယူလိုက်ပြီ FTW ရဲ့ Top Laner သုံးမှာ ထင်တယ် “


ထင်မြင်သုံးသပ်ချက်ပေးသူများကသာ အံ့ဩသွားရုံသာမကသေးလေဘဲ ခန်းမထဲရှိ ကစားသမားများ အများစုက အံဩသွားကြသည်။


အရိပ်သူခိုးသည် Close နှင့် လက်တွေ့ကျကျ ချိတ်ဆက်နေသော Hero ဖြစ်သည်။


Individual ပြိုင်ပွဲက ပွဲစဉ်တွေက ခမ်းနားထည်ဝါတဲ့ အခန်းတွေကို ဘယ်သူကများ မေ့သွားလို့လဲ 


သို့ရာတွင်....... ဒါပေမဲ့ ဒါကို ဘယ်သူက သုံးဖို့တွေးရဲမှာလဲ။

41 03

အထွတ်အထိပ်တွင် ရပ်နေသော မဟာမိစ္ဆာဘုရင်ကို ကြည့်လိုက်ရုံနှင့် သောက်ကျိုးနည်း သွေးလန့်သွားမည် မဟုတ်ပေ။ 


မရေမတွက်နိုင်သော ထိပ်တန်းအဆင့်ကစားသမားများသည် အရိပ်သူခိုးကို သဘောကျသည်။ အခြားသော အကြောင်းပြချက် မရှိလျှင်ပင် ထိုHero ၏ upper limitသည် မြင့်လွန်းသောကြောင့် ဖြစ်သည်။ကစားသမား တစ်ယောက်ချင်းစီအတိုင်း ကိုယ်ပိုင်အဆင့်အရ မြင့်မားလွန်းသော အတိုင်းအတာတစ်ခါထိ ရောက်ရှိနိုင်သည်။


အရိပ်သူခိုး၏ ကစားပုံသည် ကစားသမား၏ အဆုံးမဲ့အင်အားကို ဖော်ပြနိုင်သည်။ ရိုးရှင်းလွန်းသလို ကြမ်းတမ်းလွန်းသည်။ 


ဘယ်သူက ဒါကို သုံးပြီး ကိုယ့်ကိုကိုယ် သက်သေ မပြချင်ကြလို့လဲ ။ 


ကံဆိုးသည်မှာ သူတို့၏အရှေ့မှ မဟာမိစ္ဆာဘုရင်ကြီးသည် အလွန်ကြမ်းတမ်းလွန်းသည်။ အရိပ်သူခိုးသည် လူတိုင်၏နှလုံးသားထဲတွင် လရောင်ဖြူသာ ဖြစ်သွားနိုင်သည် ထိုအပြင် မြင့်မြတ်ပြီး ကြမ်းတမ်း၍ မရချေ။ 


စင်အောက်ဖက်မှ ကြည့်ရှုသူများ ထဲက တစ်ယောက်က ဉီးနှောက်မရှိစွာ ပြောသည်။ 


“ ဘဲကိုစီးပြီး အိပ်တန်း တက်မှာလား “


“ Marshalက နတ်စစ်သည်တော်ကို သုံးဖို့စီစဉ်ထားတာ ဖြစ်လောက်တယ်။ ငါတို့အားလုံး သိထားတဲ့ အတိုင်းပဲ။ နတ်စစ်သည်တော်နဲ့ အရိပ်သူခိုးက အမတစုံတွဲလေ “


“ဒါပေမဲ့ Quietက နည်းနည်းတော့ ဆိုးရွားတော့မယ်။ သူစင်ပေါ်မှာ ခြင်ဆေးခွေ သွားလုပ်တော့မလို့လား “


“ ဒါလည်း မတတ်နိုင်ဘူးလေ။ ဘယ်သူက သူ့ကို Marshalနဲ့ ဆုံပါစေလို့ ပြောထားလို့လဲ “ 


“ ကျွတ် ကျွတ် မင်း ဒီတိုင်းတော့ သွားရှုပ်လို့ရတယ်။ ဒါပေမဲ့ ခွေးအိုကြီးနဲ့တော့ သွားမရှုပ်နဲ့”


“ Quiet အတွက် ရင်နာလာပြီ “


အရာအားလုံးကိုကြားထားသော 3U Team ....... တကယ်တော့ ရင်နာစရာ မလိုပါဘူး။ 


ဝေ့ရှောင်း စင်ပေါ် တက်သွားပြီးကတည်းက လုဖုန်းသည် စကားတစ်ခွန်းမှ မဆိုတော့ချေ။ 


ချန်းဖုန်းက သူ့ကို မကြာခဏ ဆိုသလိုကြည့်သည်။ သူသည် တစ်စုံတရာကို ပြောလိုသည်။ သို့သော် မည်သည့်နေရာက စသင့်ကြောင်း မသိပေ။


ထန်ချန်းသည် ပို၍ပင် သတိမဲ့သဖြင့် ပါးစပ်ကို ပင်စဖွင့်နေပြီ ဖြစ်သည်။ 


“အဲ့ဒီလိုဆိုမှ လောင်ယွမ်ရဲ့ နတ်စစ်သည်တော်က လောင်လုနဲ့ အတူလေ့ကျင့်ခဲ့တာ မဟုတ်လား “ 


ချန်းဖုန်း “.......”


သောက်ကျိုးနည်း မင်း စကားလျော့ပြောရင် သေမှာမိုလို့လား။ 


အတင်းဖျင်းများကို ချစ်မြတ်နိုးသော ဂေါ်ဖီထုတ်ဖြူသည် မည်သည်အချိန်ကမှန်းမသိ သူ၏နားကို စွင့်ထားပြီးသား ဖြစ်သည်။ 


ဒါက အကြောင်းအရာပဲ။


ရှေးဟောင်း အတင်းအဖျင်း အပိုင်းစကြီးတစ်ခုပဲ။ 


အတင်းအဖျင်းဧကရာဇ်၏ နှလုံးသားက စတင်ကာကြီးမားလာပြီး ပြဿနာရှာရန် အဆင်သင့် ဖြစ်နေသည်။ 


သို့ရာတွင် ချန်းဖုန်းက အကြောင်းအရာကို အရေးတကြီးနှင့် ရှောင်လိုက်ပြီး အလွန်ပင် တည်ငြိမ်ပြနေသော ပါဝင်ပတ်သတ်သူ၏ အခြေအနေကို မဆွေးနွေးရဲချေ။ လုဖုန်းက ထိုအချိန်တွင် ဝင်ပြောလိုက်သည်။ 


“ အဲဒီလို မဟုတ်ဘူး “


သူသည် အမှန်တကယ်ပင် ပြောလိုစိတ်ရှိနေသည်။ 


Top lane ကလည်း ချက်ချင်း ဆိုသလို စိတ်ဝင်စားပြီးမေးလိုက်သည်။ 


“ တကယ်လား။ ယွမ်ဇယ်က အဲဒီလို ပြောတာလေ။ သူပြောတာတော့ အသင်းက မင်းတို့ နှစ်ယောက်ကို Double ကစားစေချင်တာတဲ့။ အဲဒီအချိန်က နတ်စစ်သည်တော်နှင့် အရိပ်သူခိုး ပေါင်းထားတဲ့ Combo ကလည်း တော်တော်လေးကို သန်မာနေတာကို နောက်ပြီး မင်းက အသင်းထဲမှာ အရိပ်သူခိုးသုံးတာ အရမ်းတော်တာဆိုတော့ ယွမ်ဇယ်က.......”


အသင်း၏ Top laner ဖြစ်သည့်အလျောက် နတ်စစ်သည်တော်ကို ကျွမ်းကျင်ထားခြင်းသည်  သူ၏နေရာအတွက် လိုအပ်သောအချက်ဖြစ်နေသည် 


ယွမ်ဇယ်၏ နတ်စစ်သည်တော်က အားမနည်းသော်လည်း ထိုအချိန်က သူသည် သေဆုံးခြင်း သူရဲကောင်းနှင့် အရိပ်အမြှောက်တပ်သားကဲ့သို့သော Hero မျိုးကို ပို၍ကျွမ်းကျင်တော့နှင့် လေသည်။ တည်ငြိမ်သော နတ်စစ်သည်တော်က သူ တော်သောအရာမျိုး မဟုတ်ချေ။ 


လုဖုန်ယက ရပ်တန့်သွားပြီးနောက် ပြောသည်။ 


“ သူနဲ့ငါက Double အတူကစားလို့ မရဘူး “


ထန်ချန်းသည် ဆက်မေးလိုသေးသည်။ သို့သော် ချန်းဖုန်းကမူ ထိုအရူးကောင်ကို ခပ်ကြမ်းကြမ်းတွန်းရင်း ပြောလိုက်၏ 


“ Double ဆိုတာက ကစားသမားရဲ့ Charater အပေါ် အမှန်တကယ် မှီခိုနေတာလေ။ မင်းတို့နှစ်ယောက် က အတူကစားဖို့ မသင့်တော်တာတော့ ဖြစ်မှာပေါ့ “


စကားလုံးများသည် ကိစ္စများကို ချောမောသွားစေရန်သာရ ည်ရွယ်သည်။ 


ပြောရမည်ဆိုလျှင် အတိတ်ကနတ်ဘုရားTeam အသင်းထဲတွင် Double ကစားနိုင်သောသူ တစ်ယောက်မှ မရှိပေ။


Doubleသည် Individual ပြိုင်ပွဲများကဲ့သို့ ချက်ချင်းအလိုလို ပြေလျော့ပြီး ကိုင်တွယ်လိုက်ရုံနှင့် အဆုံးသတ်နိုင်ခြင်း မဟုတ်ချေ။


Double match ပွဲ တစ်ပွဲသည် အသင်းပြိုင်ပွဲကဲ့သို့ အတူပူးပေါင်းကြရမည့် နေရာအများကြီးလည်း မလိုအပ်ပေသည်။ 


သူသည် ထူးခြားသည်။ ထူးခြားလွန်းသဖြင့် Individual ထက်ပင်ပို၍ သိသာထင်ရှားလေသည်။

41 04

အကြောင်းမူကာ ကွင်းတစ်ကွင်းထဲတွင် ဖော်ပြရန်ခက်ခဲလောက်အောင် နားလည်နိုင်စွမ်း ရှိသောသူ နှစ်ဖက်ညီသောသူနှင့် ပူးပေါင်းနိုင်စွမ်း ရှိသောသူ နှစ်ယောက်ကို လိုအပ်သည်။ ထိုနှစ်ယောက်သည် အချင်းချင်း ယုံကြည်ရသလို တစ်ယောက်ဒဏ် တစ်ယောက် ခံနိုင်ရပေလိမ့်မည်။ 


2020တွင် Double ပြိုင်ပွဲများ၏ Championသည် ကင်ဆန်းဟွန်း နှင့် လီဟယ်ရန်ဖြစ်ပြီး သူတို့ နှစ်ယောက်သည် Junior အထက်တန်းကျောင်းကတည်းက တစ်ခန်းတည်း အိပ်ခဲ့ကြသူများဖြစ်သည်။


Asleep နှင့် ခုံးယီသည် တရုတ်ပြည် Double ပြိုင်ပွဲများအတွက် ကစားသမားကောင်းများ ဖြစ်လာသည် ။


သူတို့သည် ငယ်စဉ်ကတည်းက အတူ ကြီးပြင်း လာကြ၏ ။ ခုံးယီက လွဲပြီး မည်သူကမှ Asleep ၏ စကားလုံးများကို နားမလည် နိုင်ကြချေ။


ထို့အပြင် ယွမ်ဇယ်နှင့် ဝေ့ရှောင်းတို့ကို ရင်ဆိုင်နေသော Carb combo ကို ကြည့်ခြင်းအားဖြင့် ထို ၁၇ နှစ်အရွယ် လူငယ် နှစ်ယောက်သည်အချင်းချင်း နားလည် သဘောပေါက်မှုကို လုံလောက်အောင် ရှိနိုင်ရန် အလို့ငှာ ၁နှစ်ကျော်ခန့်နီးပါး အတူအိပ်ကာ အတူစားသောက်ခဲ့ကြသည်။ ထိုနည်းအားဖြင့်သူတို့သည် Dluble ပြိုင်ပွဲများတွင် အမှတ်အသား ချန်နိုင်မည်ဖြစ်သည်။


Double match ပွဲများသည် ကစားသမားများ စိတ်ရှိတိုင်း အောင်အောင်မြင်မြင် အတူကစားနိုင်မည် မဟုတ်ချေ။


ဒါပေါ့ ဒါက လူတိုင်းက တွေးတာပေါ့ .....


“ သောက်ကျိုးနည်း သူ့အမေ အင်အားကြီးလိုက်တာ “


“ ဒီနှစ်ကောင် အရင်တုန်းက သီးသန့်လေ့ကျင့်ဖူးတာလား “


“ ဒီကလေးရဲ့ အရိပ်သူခိုးက တအားအင်အားကြီးတာဘဲ “


Game ပွဲကစသည်နှင့် ယွမ်ဇယ်သည် နတ်စစ်သည်တော်ကို ယူပြီး ဝေ့ရှောင်းက အရိပ်သူခိုးကို ယူသည်။ သူတို့နှစ်ယောက်သည် ကွင်းထဲသို့ ဝင်သွားသည်နှင့် သူတို့ရဲ့အရှိန်အဝါက သက်တန့်အရောင်များအလား တောက်ပထင်ရှားလာသည်။ 


လူတိုင်းက ဝေ့ရှောင်း၏ အရိပ်သူခိုးဟာ ခြင်ဆေးခွေသာ ဖြစ်တော့မည်ဟု တွေးထားသောအချိန်တွင် သူသည် မိုက်ရူးရဲဆန်စွာဖြင့် First kill ကို စယူလိုက်သည်။


Double match ပွဲများအတွက် မြေမျက်နှာသွင်ပြင်အနေအထားအရာ single များနှင့်တူသည်သို့သော် မြေပုံတွင် single ထက်ပို၍ထောင့်နှစ်ခု ပိုများသည်။ ထောင့်များတွင် ရှေးဟောင်း သတ္တဝါ ၂ ကောင်ရှိပြီး အပိုဗျူဟာများကိုလည်း ထပ်ထည့်ထားသေးသည်။ Double match ပွဲအတွက် အလျင်းသင့်စေသည်။


ထို့ကြောင့် စံချိန် စံညွှန်းအရ Top laner နှင့် Jungler ပါသော double match ပွဲများ ၊ Double match ပွဲများတွင် Top laner က စစ်သည်တော်များကို ရှင်းလင်းရန် တာဝန်ယူပြီး Junglerကမူ နဂါးကို ထိန်းချုပ်ရန် တာဝန်ယူရသည်။ တခဏခန့် တိုးတက်အောင် လုပ်ပြီးနောက် သူတို့ နှစ်ယောက်က ပြဿနာ စရှာနိုင်သည်။ 


သို့သော် ထိုနှစ်ယောက်ကမူ ထိုသို့မဟုတ်ချေ သိသာစွာပင် နှစ်ယောက်လုံးက အဆိပ်ပြင်းနေသည်။


Game အစပွဲတွင် နတ်စစ်သည်တော်က သူ၏ BOF ဒိုင်းကို အပြည့်အဝမြှင့်တင်ကာ သိမ်းယူလိုက်ပြီး အားလီ ထံမှ skill အဆက်လိုက်ရယူနိုင်ရန် အလို့ငှာ မျှော်စင်သို့ တိုက်ရိုက် ချီတက်သွားသည်။ 


အားလီသည် အလွန်သတိကြီးပြီး နည်းပညာကျကျ နောက်ဆုတ်ရန် ကြိုးစားလိုသည်။ဒီနည်းအားဖြင့် သူသည် တိုက်ခိုက်လိုသော အခြေအနေမှ ရှောင်ရှားလိုသည်။ သို့သော် နတ်စစ်သည်တော်က နောက်မဆုတ်ဘဲနေလိမ့်မည်ဟု မည်သူကမှ မထင်ထားလောက်ချေ။ ထို့အစားသူသည် ရှေ့သို့ပင် တက်လာလေပြီး တစ်ဖက်ခြမ်း၏ ခုခံခြင်း မျှော်စင်ထံမှ Damage ကိုပဲ တိုက်ရိုက် စုပ်ယူလိုက်သေးသည်။ သူကမျှော်စင်အောက်တွင် သေဆုံးရန်အတွက် ကိုယ့်ကိုကိုယ် ပို့ဆောင်လိုက်သည့်အခါတွင် ရုတ်တရက် အနီရောင်အလင်းက ဖြတ်ခနဲ လက်သွားသည်။ အရိပ်သူခိုး၏ ခိုးကြောင်ခိုးဝှက်နိုင်သော ရုတ်တရက် Skill အဆက်လိုက်နှင့် တိုက်ကွက်များက ရောက်လာရုံနှင့် အားလီ၏ အသက်က ပါသွားသည်။


ထိုသို့ဖြင့် first blood ကပေါ်လာသည်။ နတ်စစ်သည်တော်နှင့် အရိပ်သူခိုးသည် တစ်ချိန်တည်းတွင်ပင် ခုခံခြင်းမျှော်စင်မှ ပြန်ထွက်သွားကြသည်။သူတို့သည် တိုက်ခိုက်သောအခါ ကြမ်းတမ်းသလို စွန့်ခွာသောအခါတွင်လည်း တိတ်ဆိတ်သည်။ ဒုက္ခိတ ဖြစ်လျက် သေဆုံးသွားရသူမှာ SK ရဲ့ အားလီ ဖြစ်သည်။ 


ဒီတစ်လှည့် ပူးပေါင်းဆောင်ရွက်မှုက ကြည့်ရှုသူများကို ကြောင်အ သွားစေသည်။


ထင်မြင်သုံးသပ်ချက်ပေးသူက တစ်ခဏခန့် ကြည့်ပြီးနောက်မှသာပြောနိုင်သည်။ 


“အရမ်း နားလည်မှု ရှိတာပဲ” 


ထင်မြင်သုံးသပ်ချက်ပေးသူ B “ နတ်စစ်သည်တော်က မျှော်စင်အောက်မှာ ခုခံတာကို အကန့်အသတ်ထိ လုပ်ပေးလိုက်တယ်။ အရိပ်သူခိုးကသာ ၁စက္ကန့်လောက်နှေးသွားခဲ့ရင် သူ မျှော်စင်အောက်မှာ သေသွားမှာ “

41 05

ထင်မြင်သုံးသပ်ချက်ပေးသူ A “ မျှော်စင်ပေါ်က ကျလာတဲ့ နောက်ဆုံး hit က အရိပ်သူခိုးရဲ့ကိုယ်ပေါ် ရောက်လာတာဆိုတော့ သူရဲ့တွက်ချက်မှုက တိကျတယ်”


ထို့နောက် ပို၍ပင်စိတ်လှုပ်ရှားစရာ ကောင်းတာက လူတိုင်းကမူ မှားယွင်းစွာ တွေးလိုက်မိသလို ခံစားလိုက်ရသည်။ 


ဒီ အရိပ်သူခိုးက ဘယ်လိုများ ခြင်ဆေးခွေ ဖြစ်မှာလဲ။


သိသိသာသာပင် ဒါက သူ့ရဲ့အိမ်ကွင်းပဲ။


အစစ်မှန် ခြင်ဆေးခွေကမူ ယွမ်ဇယ်၏ နတ်စစ်သည်တော် ဖြစ်သွားသည်။ သူသည် အင်အားကြီးပြီး ခပ်ကြမ်းကြမ်း တိုက်ခိုက်တတ်သော ကစားသမား ဖြစ်သည်။သို့သော် သူ၏ပုံစံကို ပြောင်းလဲလိုက်ရုံနှင့်သူက တည်ငြိမ်မှုကိုသာ အသားပေးသော နတ်စစ်သည်တော်နှင့် အလားလာများကိုသာ ဆက်တိုက်ဖန်တီးပေးနိုင်သူ ဖြစ်သွားသည်။


နတ်စစ်သည်တော်နဲ့ အရိပ်သူခိုးက double ပြိုင်ပွဲမှာ အမတ စုံတွဲ ဘာလို့ မဖြစ်နိုင်ရမှာလဲ


သူတို့နှစ်ယောက်အကြားတွင် သဘာဝ Fit က ရှိနေသည်။ ဒါတောင်မှ သူတို့၏ ပါရမီနှင့်ဆိုင်သည်။


အရိပ်သူခိုးသည် ရုတ်တရက် တိုက်ခိုက်တတ်သည်မှာ သူ၏ လှုပ်ရှားလိုက်သော လှုပ်ရှားမှုများအောက်တွင် ထက်ရှသော ဓားသွားက ထွက်ထွက်သွားသလို ထင်ရသည်။ 


နတ်စစ်သည်တော်ကမူ မြင့်မားသောနှိပ်စက်မှုအား ခံနိုင်နှုန်းက မြင့်မားနေပြီး ထိုထက်ရှသောဓားသွားအတွင်း နောက်ထပ် ဒိုင်းကို ရှင်းပေးနိုင်သည်။ 


တစ်ယောက်က ရုတ်ချည်းတိုက်ခိုက်လိုက်ရုံနှင့် တစ်ယောက်က နောက်တန်းတွင် စောင့်ကြပ်ပေးရန် တာဝန်ယူထားသည် ဖြစ်ပြီး နှစ်ယောက်အကြားတွင် အချင်းချင်းနားလည်မှုက အလိုလျောက် ဖြစ်ပေါ်လာသည်။


သိပ်မကြာခင် တစ်စုံတစ်ယောက်က မနေနိုင်ဘဲ ထုတ်ပြောလိုက်သည်။ 


“ဒီအရိပ်သူခိုးက...... closeက ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးထားတာလား “


“ မဟုတ်သလိုဘဲ တစ်ခုခုက ခြားနားတယ်လို့ ငါခံစားနေရတယ် “ 


သူတို့ မမြင်နိုင်ချေ။ သို့သော် Close နှင့် ရင်းနှီးသူများက ခြားနားမှုကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။


Pro ၏ ဘက်ခြမ်း 


ကင်ဆန်းဟွန်း ကဘေးဘက်ရှိအမျိုးသားကိုပြောသည်။


“ ယွမ်ဇယ်က ဒီကောင်လေးကို ခေါ်ထုတ်ဖို့ ကြိုးစားနေတာ မအံ့ဩတော့ပါဘူး “


သူ၏ ဘယ်ဘက်ခုံတွင် ထိုင်နေသောသူက အေးစက်ပြီး ထီမထင်သော မျက်လုံးနှင့် အမျိုးသားဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူ၏ ရုပ်ရည်သွင်ပြင်က ပြားနေသည်ဟု ထင်ရနိုင်သည်။ သို့သော် သူကို အချိန်ကြာကြာ ကြည့်ပြီးနောက် သူ့တွင်လည်း တိကျသော စွဲဆောင်မှုရှိကြောင်း သိရမည် ဖြစ်သည်။ သူသည် သိုသိပ်စွာ နေတတ်ပြီး တည်ငြိမ်သော စိတ်နေသဘောထားကို ပိုင်ဆိုင် ထားသောကြောင့် သူ့ကို အလွယ်တကူ မေ့နိုင်သည်။ သို့သော် သူ့ကို ထင်သလောက် လျစ်လျူ မရှုသင့်ပေ။


အကြောင်းမူကား သူသည် Pro ၏ခေါင်းဆောင်ဖြစ်ပြီး အထောက်အပံ့နေရာကို ယူထားသော လီဟယ်ယန် ဖြစ်လေသည်။


လီဟယ်ယန်က ပြောသည်။ 


“ သူကတော်တော်လေးကို လိုက်ဖက်ညီတဲ့ ကစားသမားဘဲ “


ကင်ဆန်းဟွန်း “ ဒီလို အင်အားကြီးတဲ့ တစ်ယောက်ကို တွေ့ရဖို့ရှားတယ် “ 


ကစားသမားများကို အကဲဖြတ်သုံးသပ်သော စက္ကြာဝဋ္ဌာ လုံးဆိုင်ရာ စံနမူနာသည် ထိုလူ၏ အင်အားကို မူတည်သည်။ အခြားသော အင်အားကမူ သူတို့၏ လိုက်ဖက်ညီမှု အဆင့်ကို ကြည့်နိုင်၏ ထိုအရာကသာ အင်အား ကြီးမားသော အသင်းတိုင်းက တောင်းတသော အရာဖြစ်သည်။


အထောက်အပံ့ကစားသမားအများစုသည် မြင့်မားသောတိုက်ခိုက်ရည် စွမ်းရည်ကို ပိုင်ဆိုင်ထားကြပြီး သူတို့၏ အသင်းဖော်များတွင် လုပ်နိုင်စွမ်းရည် ရှိကြသည်။  ဒီနည်းအားဖြင့် အသင်းဖော် များနှင့်ပူးပေါင်းပြီး အခြေအနေအများစုတွင် အသင်းတစ်ခုလုံးကို ကာကွယ် ပေးနိုင်သင့်သည်။


သို့ရာတွင် အထောက်အပံ့နေရာသည် သူတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအင်အားနှင့် ပတ်သတ်လာသောအခါ ယေဘုယျကျကျ အားနည်းနေတတ်သည်။


သူတို့ဟာ မတော်သည်မဟုတ်ချေ ထိုအစား ခြားနားသော ကျွမ်းကျင်မှုကို ပိုင်ဆိုင်ထားရုံသာဖြစ်သည်။ 


အင်အားနှင့် လိုက်ဖက်ညီမှုသည် မတူညီသော လမ်းကြောင်းများနှင့် ခွဲထွက်နေခဲ့ပြီးသားဖြစ်သည်။


အင်အားကြီးသော ကစားသမားများသည် အခြားသောသူများနှင့် လိုက်ဖက်ညီနိုင်စွမ်းရည် မရှိကြသလို အခြားသောသူများနှင့် လိုက်ဖက်ညီစွာ ပြီးပြည့်စုံသော သူများသည်လည်း ယေဘုယျအားဖြင့် အင်အားမကြီးကြချေ။


Global Glory အသိုင်းအဝိုင်း တစ်ခုလုံးကို ကြည့်မယ်ဆိုလျှင် ထိုကဏ္ဍနှစ်ခုလုံးနှင့် ကိုက်ညီပြီး ထိပ်ဆုံးတွင် ရောက်နေသောသူ တစ်ယောက်တည်းသာရှိသည်။ ထိုသူသည် FTW ၏ ယခင်ခေါင်းဆောင်ဖြစ်သည်။ ထိုအမျိုးသားသည် Glory ၏ ဘုရားကျောင်းသို့ ဆင်းသက်ခဲ့ပြီး အထောက်အပံ့နေရာများကို အရယူလျက် မရုန်းထွက်နိုင်သော ဒဏ္ဍာရီများကို ဖန်တီးခဲ့သူ ဖြစ်သည်။ 


ယခုမူ နောက်ထပ် တစ်ယောက်က ပေါ်လာသည်......... FTW ရဲ့ Quiet 


ထိုအရူးလေးသည် professional အသိုင်းအဝိုင်းသို့ ဝင်ကာစသာ ရှိသေးသည်။ သို့တိုင်အောင် တောင်ကြားအတွင်းတွင်မူ သူ၏ ရူးသွပ်မှု အနည်းငယ်ကို ထုတ်ပြ၍ကစားနေပြီ ဖြစ်သည်။ 


အစီအစဉ်မကျ ကစားတတ်တယ် ကြုံရာ တစ်နေရာကနေ ကြုံသလို ပေါ်ပေါ်လာတယ်။ နောက်ပြီး မိုက်ရူးရဲဆန်သလို ကစားသေးတယ်။ 


သို့ရာတွင် သူ၏ ခြေလှမ်းတိုင်းကို သေချာတွက်ချက်ထားပြီးသား ဖြစ်ပြီး သူ၏လှုပ်ရှားမှုတိုင်းက နေရာတိုင်း၏ ခုခံမှုအပြည့်နှင့် ဖြစ်သည်။


ထို့ကြောင့် လွန်ကဲလွန်းနေသော်လည်း လိုက်ဖက်ညီမှု ရှိနေသေးပြန်သည်။

41 06

ထိုအခြေအနေက လူတိုင်းကို မှင်သက်စေသည်။ 


ထိုအရာသည် Quiet နှင့် Close အကြားမှ ခြားနားချက် ဖြစ်သည်။ တစ်ယောက်သည် အိမ်အသင်းကို ဟန်ချက် အရှိန်အဝါပေးစွမ်းနိုင်ပြီး အခြားသော တစ်ယောက်ကမူ အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းရည် ရှိသည်။ ဒီနှစ်ခုက မတူဘူး။


ထို့ကြောင့် Game ၏ ရလာဒ်က သံသယဝင်စရာ မရှိချေ။ ယွမ်ဇယ်နှင့်ဝေ့ရှောင်းတို့ နိုင်သွားသည်။ 


အားလီနှင့် အားယီတို့ မသန်မာသောကြောင့်မဟုတ်လေဘဲ သူတို့သည် အစမှ အဆုံးအထိ သူတို့၏ အင်အားအစစ်အမှန်ကို မထုတ်ပြနိုင်ခဲ့ချေ။


ယွမ်ဇယ်နှင့်ဝေ့ရှောင်း တို့၏ ပူးပေါင်းဆောင်ရွက်မှုက သူတို့ မျှော်လင့်ထားသည်ထက် ပိုလွန်းအားကြီးနေသည်။ အရိပ်သူခိုး၏ စီမံလည်ပတ်ပုံများက သူတို့၏ ကြိုးစားအားထုတ်မှုများကို တစ်ကြိမ်ပြီး တစ်ကြိမ် ဖောက်ဖျက်နေခဲ့သည်။ 


အစောပိုင်းအဆင့်များတွင် သူတို့၏စိတ်ပိုင်းဆိုင်ရာ အခြေအနေက မတည်ငြိမ် ခဲ့ချေ။ ထို့ကြောင့် နောက်ပိုင်းအဆင့်များတွင် အမှန်တကယ်အားဖြင့် ကွဲအက်သွားသည်။ ကင်ဆန်းဟွန်း ကလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ 


“ ဒီကလေးနှစ်ယောက်က အတွေ့အကြုံ မရှိသေးဘူး “


သူတို့က မနိုင်သောကြောင့် မဟုတ်လေဘဲ မှင်သက်သွားသည်အထိ အရိုက်ခံရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုအရ ယွမ်ဇယ်နှင့် ဝေ့ရှောင်းတို့သည် ယာယီအသင်းသာ ဖြစ်သည်။ သူတို့နှစ်ယောက်သည် အချင်းချင်းလဲ ကြိုတင်ရင်းနှီးမှု ရယူခြင်းမျိုး မရှိချေ။ သူတို့ ကိုယ်တိုင်ကပင် ပါဝင်ခြင်းစေကာမူ မည်မျှပင် လွယ်ကူလွန်း စွာမနိုင်သင့်ပေ။ သူတို့၏ အနိုင်ကို ရသွားစေသော အဓိအကြောင်းပြချက်ကမူ carb combo ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေက ပြိုကျသွားပြီး မထိန်းနိုင်သောကြောင့် ဖြစ်သည်။ ကင်ဆန်းဟွန်း သာရှိနေခဲ့မယ်ဆိုရင်.......အိုး Asleep နှင့် ခုံးယီသာ ရှိနေခဲ့မယ်ဆိုလျှင် သူတို့သည် ယာယီအသင်းကို ရှုံးစရာအကြောင်း မရှိချေ။


အကြောင်းပြချက်က မည်သို့ဖြစ်နေစေကာမှု အနိုင်ရခြင်းက သိသာထင်ရှားသည်။


လူအများကို ပို၍ ယုံကြည်စေသည်မှာ Quietက သူ၏စွမ်းရည်အချို့ အမှန်တကယ် ရှိသည်ဆိုသော အချက်ဖြစ်သည်။ 


Double match ပွဲတွင် အရိပ်သူခိုးသည် ကောင်းကင်သို့ တက်သည်အထိ ကြွားဝါပြလိုက်ပြီး လူတိုင်းကို အနိုင်သိမ်းလိုက်သည် ။


အခြားသော ကိစ္စများအကြားတွင် သူသည် Marshal ၏ ဖိတ်ခေါ်မှုကို ရရှိလိုက်ပြီး ငြင်းဆန်ရန် အခွင့်အရေးပင် ရရှိလိုက်သည်။ 


သူတို့အားလုံးသည် မူလကမူ FTWသည် ဒီနှစ် နှစ်ဆိုးတစ်နှစ်ကို ပိုင်ဆိုင်ရအုံးလေမည်ဟု ထင်ထားသည်။ သို့သော် မျှော်လင်မထားစွာပင် သူတို့သည် ထိုမျှ လတ်ဆတ်သော သွေးကို ရရှိထားသည်။ ထိုသွေးသည် လတ်ဆတ်လွန်းသဖြင့် Close ၏ ကျော်ကြားမှုများ အောက်တွင်ပင် မတိမ်မြုပ်သွားချေ။


ဒါက ဖျော်ဖြေမှု Match ပွဲတွေရဲ့အဆုံးသတ်လား သေချာပေါက် မဟုတ်ဘူး။


Hostက စင်ပေါ်သို့ပြန်တက်လာပြန်သည်။ အနိုင်ရသော သူများကို ချီးကျူးပြီး ရှုံးသွားသော သူများကို နှစ်သိမ့်ပေးသည်။ ထို့နောက် သူမက ပြော၏။.


“ နောက်တစ်ပွဲကတော့ ဒီ program ရဲ့နောက်ဆုံးအပိုင်းပါပဲ။ သေချာပေါက်ကိုပဲ.......”


သူတို့မှာ 5v5 ပြီးပြီ သူတို့ individual match ကိုလည်း ချန်ထားခဲ့လို့ မရဘူး။ သို့သော် ဒီတစ်ကြိမ်တွင် ပြိုင်ပွဲကော်မတီက အားလုံးကို အဆုံးသတ်အထိ အံ့ဩသွားအောင် လုပ်မည်ဟု ဆုံးဖြတ်ထားပုံရသည်။ ထိုသို့ဖြင့် Host က ထပ်ပြောလာသည်။ 


“ Double match ရဲ့ အနိုင်ရသူက နောက်တစ်ပွဲကို ရွေးလို့ရတယ်”


ထိုအခွင့်အရေးက ဝေ့ရှောင်း၏ လက်ထဲသို့ ရောက်လာသည်။ အကြောင်းမူကား ယွမ်ဇယ်က တစ်ကြိမ် ရွေးချယ်ခဲ့ပြီးသောကြောင့် ဖြစ်သည်။ 


ဝေ့ရှောင်းသည် အသင်းဖော်ကို ရွေးချယ်ခွင့်လည်းရသည်။ double ဆက်ကစား၍လည်းရသည် သို့မဟုတ် ပြိုင်ဘက်ကို ရွေးချယ်ပြီး တောက်ပသော solo match win ရ၏။ 


ထိုစည်းမျဉ်းကို ကြားပြီးနောက် အရူးလေးဝေ့က သိသောသူများက တိတ်ဆိတ်သွားသည်။ 


အာ သိပ်မဝေးတော့ဘူးပဲ။ 


အရူးလေးဝေ့က လုဖုန်းနဲ့ အိမ်မက်ထဲမှာတောင် solo ချင်နေတာ။ သူက ဒီလို တစ်ဘဝမှာ တစ်ခါဘဲရတဲ့ အခွင့်အရေးကို ဘယ်လိုများ လက်လွတ်ခံမှာလဲ။


ဝေ့ရှောင်းသည် microphoneကို ကိုင်ပြီး အခြားသောစကားတစ်ခွန်းကို ပြောလိုက်သည်ဟု မည်သူကမှ မထင်ထားကြချေ။ 


“ Colseကို ရွေးတယ်။ ငါသူ့ကို ငါ့ရဲ့အသင်းဖော်အဖြစ် ခေါ်တယ် “


သူသည် solo match ပွဲ၏ အခွင့်အရေးကို လက်လျော့လိုက်ပြီး နောက်ထပ် double matchကို ရွေးချယ်လိုက်သည်။ ဒီတစ်ချိန်တွင် Closeနှင့် ဖြစ်သည်။

******