Ch 42
Viewers 3k

အပိုင်း (42) 


Double ပြိုင်ပွဲ 


ခန်းမရှိ လူတိုင်းက စိတ်လှုပ်ရှားမှုနှင့် ပွက်ပွက်ဆူလာသည်။ 


“ ဟုတ်တယ် ဟုတ်တယ်။ Quietက တကယ်ကြမ်းတာ “


“ သူသည် Marshalကို လက်မခံကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာ “


ဝေ့ရှောင်းနှင့် ယွမ်ဇယ်၏ ယခင်စကားပြောခန်းကို လူတိုင်းနီးပါးက သိထားပြီးသား ဖြစ်သည်။ 


ယွမ်ဇယ်သည် သူ၏ခေါင်းဆောင်က Double မကစားနိုင်ကြောင်းကို ပြောထားသည်။ သို့သော် ဝေ့ရှောင်းကမူ သူ့ခေါင်းဆောင် မတော်သော အရာမရှိဟု ပြန်ပြောထားသည်။


ထိုအခိုက်တန့်တွင် သူသည် အခွင့်အရေးကို အရယူပြီး ချက်ချင်းသက်သေပြခြင်း ဖြစ်သည်။ 


နောက်ပြီး အဲဒီလို မငြင်းနိုင်တဲ့ ထိပ်တိုက်တွေ့ဆုံနေတဲ့ လေသံနှင့်ဆိုရင် ဒီလူငယ်က တကယ် ကျောရိုးနဲ့ စိတ်ဓာတ်အင်အား ခိုင်မာတာပဲ။ 


Closeနှင့် ပတ်သက်လာသော် လူအများက သူ့ကို ချစ်လဲ ချစ်သလို မုန်းလဲ မုန်းကြသည်။ သူတို့သည် သူ့အား single ပွဲများတွင် တွေ့ရခြင်းအား သဘောမကျချေ။ သို့သော် သူ ကစားသည်အား သဘောကျလေသည်။


သူ့ကိုသာ စင်ပေါ် တက်စေမည်ဆိုလျှင် Soloပင် ဖြစ်စေ doubleပင် ဖြစ်စေ လူတိုင်းကို ပျော်အောင်လုပ်ရန် လုံလောက်သည်။


တိုက်တိုက်ဆိုင်ဆိုင် ကင်ဆန်းဟွန်း နှင့် လီဟယ်ယန်တို့ကလည်း double match ပွဲအတွက် ရွေးချယ်လိုက်ကြသည်။


အားးးး အသင်းဖော်အသစ်က အသင်းဖော်ဟောင်းကို ချေမွတာက အကောင်းဆုံးပဲ။ ယွမ်ဇယ် စင်ပေါ်က မဆင်းခင် ဝေ့ရှောင်းကို ခပ်တိုးတိုး ပြောသွားပြန်သည်။


“ မင်း နောင်တ ရလိမ့်မယ်”


ဝေ့ရှောင်းက ပြန်ဖြေမည့်အချိန်တွင် ယွမ်ဇယ် ထွက်သွားပြီ ဖြစ်သည်။ သူက သူ၏ စိတ်ထဲတွင် သူ့ကိုယ်သူ ပြောလိုက်သည်။ ငါ ဘယ်တော့မှ နောင်တမရဘူး။


စင်အောက်ဘက်တွင် ချန်းဖုန်းက လုဖုန်းကို အသာတွန်းသည်။


“ ဒီအရူးလေးဝေ့က မင်းကို စောင့်နေတယ် “


လုဖုန်းက ထိုအခါမှ အသိပြန်ဝင်ပြီး မျက်မှောင် ကြုတ်သည်။ 


ချန်းဖုန်းသည် စိုးရိမ်နေသဖြင့် ပြောလိုက်သည်။


“ ရပါတယ် ဒါက ဒီတိုင်း ဖျော်ဖြေမှု match ပွဲပဲ “


လုဖုန်း “ အင်း “


သူက မတ်တပ် ထရပ်လိုက်ပြီး လူအုပ်ကို ဖြတ်ကျော်လျက် တောက်ပစွာ ထိန်လင်းနေသော စင်ပေါ်သို့ တက်သည်။ 


သူ၏ ပထမဦးဆုံး matchပွဲသည် အသက် ၁၇ နှစ်အရွယ်မှ စတင်ပြီး ယခုအချိန်အထိ ဖြစ်ခဲ့သည်။ သူသည် ထိုအလင်းရောင် အောက်တွင် မရေမတွက်နိုင်အောင် ရပ်ပေးဖူးသည်။ 


Global Finalတွင် အသင်းပြိုင်ပွဲများလည်း ရှိခဲ့ဖူးသည်။ Global final တွင် Individual ပြိုင်ပွဲများလည်း ရခဲ့ဖူး၏ သူသည် အထွတ်အထိပ်ပွဲတိုင်းကို အတွေ့အကြုံ အများကြီး ရှိခဲ့ဖူးပြီးသားသူ ဖြစ်သည်။ Professional ကစားသမားများ အနေနှင့် အသင်းထက် များပြားလွန်းသော အတွေ့အကြုံများကြောင့် သူတို့၏ လက်များနှင့် ခြေထောက်များကပင် လှုပ်ရှားလာလောက်သည်။ သူသည် ယခင်က စိုးရိမ်ခဲ့ဖူးသည်။ စိတ်လှုပ်ရှားခဲ့ဖူး၏။ သို့သော် မထိတ်လန့်ခဲ့ဖူးချေ။


ဒီတစ်ကြိမ်တွင်မူ ချိနဲ့စွာပင် Double ဖျော်ဖြေမှု match ပွဲသာ ဖြစ်သော်လည်း လုဖုန်းက သိသိသာသာပင် မသက်မသာဖြစ်နေသော ခံစားချက်မျိုးကို ရလိုက်သည်။


ချန်းဖုန်း၏ ဘယ်လက်က သူ၏နှုတ်ခမ်းများနှင့် ကပ်ရင်း လက်သည်းကို ကိုက်နေသည်။ 


ထန်ချန်းကလည်း သူသည် စိုးရိမ်ထိတ်လန့်သောအခါ လက်သည်း ကိုက်တတ်သည့် အကျင့်ဆိုးရှိကြောင်း သိသဖြင့် ပြောလိုက်သည်။


“ ဒီတိုင်းဖျော်ဖြေမှု match ပွဲပါပဲ “


ချန်းဖုန်းကလည်း သူ၏တာဝန်သိစိတ်ကြောင့် အလဲထိုး ခံလိုက်ရသည်။ 


“Closeက ဝေ့ရှောင်းကို အရမ်းကြီး ဂရုစိုက်လွန်းတယ် “


ထန်ချန်း “ ဒီကလေးကို သူ ခက်ခက်ခဲခဲနဲ့ ပြန်ခေါ်လာခဲ့ရတာလေ။ သေချာပေါက် ဂရုစိုက်ပေးရမှာပေါ့ “


ချန်းဖုန်းက သူ၏ခေါင်းများကို ရိုက်လိုက်သည်။


“ မင်း ဦးနှောက် နည်းနည်းများ မထွက်လာဘူးလား “


ပိုင်ချိုင်၏ နားက အသားကုန် မြှင့်လျက် စွင့်ထားသည်။သူက သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။ 


“အဲဒီလိုမှ ခေါင်းဆောင်က အရင်က Double match ပွဲ တစ်ခါမှ မကစားဖူးသလိုပဲ “


ချန်းဖုန်းက မျက်လုံးကိုပိတ်သည်။ 


“ 5 v 5 အတွက်တောင် အဲ့ဒီလိုဖြစ်နေတာ သူဘယ္လိုမ်ား double game ကို ကစားရမွာလဲ “


ပိုင်ချိုင်က ကြောင်သွားသည်။ 


နင်ကျယ်ဟန်က လူသစ်ဖြစ်သဖြင့် ပို၍ပင်နားမလည်သေးချေ။


“ ဘာကို ဆိုလိုတာလဲ...... “


ယွဲ့ဝမ်လဲ့က  သက်ပြင်းချပြီး ရှောင်နင်ကို ရှင်းပြသည်။


“ မင်း Teamကို စဝင်တုန်းက ကစားရတဲ့ လေ့ကျင့်ရေး match ပွဲကို ပြန်တွေးကြည့်လိုက် “


42 02

ရှောင်နင်က ပြန်တွေးမိပြီးနောက် တခဏခန့် ပိတ်လှောင် ချင်မိသွားသည်။ 


“ငါက အမှိုက်ပဲ ဟုတ်တယ်”


လေ့ကျင့်ရေး match ပွဲများတွင် သူ၏ မျက်လုံးထဲတွင် ခေါင်ဆောင်၏ စာထဲမှ အမှိုက်ဆိုသော စကားလုံးက ပြည့်နက်နေခဲ့ကာ သိပ်သည်းစွာ မြင့်တက်လာသော comment များနှင့်ပင် တူသေးသည်။


ချန်းဖုန်းက သက်ပြင်း ချသည်။


“ Double match ပွဲက 5v5 ထက်ပိုပြီး ပူးပေါင်းဆောင်ရွက်မှုကို အားကိုးရတယ်”


ထန်ချန်းက မစိုးရိမ်ပေ ။


“ ရပါတယ် အရူးလေးဝေ့က ပြဿနာ မရှိဘူး”


ချန်းဖုန်းက သူ့လောက် စိတ်မအေးနိုင်ပေ။


Solo နှင့် Doubleသည် ခြားနားသောအရာ ဖြစ်သည်။


Double နှင့် 5v5 သည်လည်း သေချာပေါက် ခြားနားသည်။သို့သော် နှစ်ခုအကြားတွက် ဆက်ဆံရေး အမြောက်အများ ရှိနေသေးသည်။


ဉပမာ အနေဖြင့် သူတို့ကသာ Double match ပွဲတွင် ကောင်းကောင်း ပူးပေါင်း ဆောက်ရွက်နိုင်မည်ဆိုလျှင် သူတို့သည် 5v5တွင် သေချာပေါက် ပြဿနာ မရှိနိုင်ချေ။ 


အခြားသောဉပမာအရ သူတို့ကသာ Double match ပွဲတွင် အချင်းချင်း မပူးပေါင်းနိုင်ခဲ့လျှင် 5 v 5 တွင် ပုန်းအောင်းနိုင်သော အန္တရာယ်များ ရှိနေသည်။ 


ချန်းဖုန်းသည် အသင်းထဲမှ အခြားသောသူများနှင့် double မကစားစေချင်ခဲ့ချေ။ သို့သော် ဝေ့ရှောင်း ကမူ ထိုအကြောင်းအရာကို မပြောပြခဲ့ရချေ။ 


ဒါပေါ့…..ပြောပြလဲ အသုံးမဝင်တဲ့ အခွင့်အရေးက ပိုမြင့်တာကို…


သို့ရာတွင် သူသည် ထိုနှစ်ယောက်အား ဒီလိုအခြေအနေမျိုးတွင် Double မကစားစေချင်ပေ။ အထူးသဖြင့် လူပေါင်းများစွာက အာရုံစိုက်နေချိန်တွင် ဖြစ်သည်။ 


L&P 


Gary” ဒီလိုဆိုမွ ငါ Close double ကစားတာကို မမြင်ဖူးဘူး”


ယွမ်ဇယ် စင်ပေါ်မှ လူနှစ်ယောက်ကို ကြည့်သည်။ 


“ သူက Double မကစားနိုင်ဘူး”


လောင်Gကလည်း သိချင်လာသည်။ 


“ ဘာလို့လဲ မင်းတို့အရင်က ကစားဖူးလို့လား “


ယွမ်ဇယ်” အင်း”


သူသည် ပြုံးချင်သည့် နှုတ်ခမ်းထောင့်စွန်းများကို ထိန်းထားရသည်။ 


Pro၏ ဘက်တွင်လည်း အတူတူသော မေးခွန်းကို မေးသောသူရှိသည်။


ကင်ဆန်းဟွန်းက သက်ပြင်း ချသည်။ 


“ ကျေးဇူးပြုပြီး ငါတို့ကို မနှိုက်မိပါစေနဲ့”


လီဟယ်ယန်” ............”


ကင်ဆန်းဟွန်း” ငါ close နဲ့ တကယ် double မကစားချင်ဘူး”


အသင်းဖော်ဖြစ်စေ ပြိုင်ဘက်ဖြစ်စေ........ 


ထိုနှစ်က FTW တွင်၊ FTW တွင် နေမင်းများဖြစ်နေခဲ့ပြီး ပတ်ဝန်းကျင်ရှိ အသင်းတိုင်းက double ပြိုင်ပွဲ များ ရရန်အတွက် စိတ်အားထက်သန် နေခဲ့ကြသည်။ အသင်းပြိုင်ပွဲနှင့် Individual ပြိုင်ပွဲများကိုလဲ အသဲအသန် လိုချင်နေကြသည်။ 


ထိုအချိန်တွင် နည်းပြအသင်းက starting line up တွင် မှန်ကန်သော match ပွဲကို စီစဉ်ပေးရန် ရှာဖွေရန် ကြိုစားလိုခဲ့သည်။  ရလာဒ်အနေဖြင့် ........


သူတို့က မည်မျှပင် တွဲခဲ့စေကာမူ အားလုံးက ပုပ်ပွနေကြသည်။ အထောက်အပံ့ နေရာကပင် ADC နှင့် တိုက်ခိုက်ရင်း အဆုံးသတ် သွားရသည်။ သူတို့သည် မည်သည့်နည်းနှင့်မျှ Double ပွဲများ ကို ဝင်မပြိုင်နိုင်ပါပေ။.


နောက်ပိုင်းတွင် Closeက အသင်းသို့ ဝင်ရောက်လာသည်။ ၁၇ နှစ်အရွယ် ပါရမီကြီးသော လူငယ်လေးက အေးစက်ပုံပေါ် သည်။ သို့သော် မည်သို့ပင်ဆိုစေ သူသည် လူသစ် ဖြစ်လေသည်။ မည်သည့်နေရာကိုမဆို ကစားနိုင်သော ပါရမီရှင် ဖြစ်နေသေးသည်။


နည်းပြအသင်းက စိတ်လှုပ်ရှားသွားပြီး ထိုလူသစ်ကတော့ဖြင့် သူ၏ အသင်းတွင်ရှိနေသော ခွေးအိုကြီး ၄ ကောင်ထဲမှ တစ်ကောင်ကောင် သို့မဟုတ် တစ်ယောက်ယောက်နှင့် Double တွဲနိုင်လောက်သည်ဟု ထင်ထားသည်။


ထို့ကြောင့် ထိုသို့တွဲပေးသည့် ကိစ္စက ပြန်စပြန်သည်။


တစ်ပတ်ခန့် ကြာပြီးနောက် နည်းပြအသင်းကပင် ကိုယ့်ကိုကိုယ် ပိတ်လှောင် သွားကြသည်။


သောက်ကျိုးနည်း သောက်ကျိုးနည်းကို  Double


 FTW က ဒီ bonus လေးလောက်ကို ဂရုမစိုက်ဘူး။


ယွမ်ဇယ် Garyကို ပြောသည်။


“ Closeနဲ့ ငါ double ကစားတဲ့အချိန်မှာ သူက အသက် ၁၇ နှစ်ပဲ ရှိသေးတာ။ ပထမပွဲမှာတင် ငါ ငါ့ကိုယ်ငါ ထင်ခဲ့တာ။ ဒါက ဘာလဲ။ ဒီအဆင့်မှာရှိတဲ့ တစ်ယောက်ယောက်က FTWကို ဝင်နိုင်လို့လား။ နည်းပြအသင်းက ရူးနေတာလားလို့ပေါ့”


Garyက အံ့ဩသွားသည်။


“ Close က Double မတော်ဘူးလား”


ယွမ်ဇယ် လှောင်ရယ်သည်။ 


“သူက ရည်ရွယ်ချက်ရှိရှိ လုပ်တာ”


Gary က မျက်တောင် ခတ်သည်။


“ ဘာလို့လဲ… ဘာအတွက်ကြောင့်လဲ”


42 03

ယွမ်ဇယ်က အချက်အလက်များကို ထိန်ချန်ရင်း ပြောသည်။ 


“ ကြည့်လိုက် မင်း သိလိမ့်မယ်”


လုဖုန်း တက်လာပြီး သိပ်မကြာခင် ဝေ့ရှောင်း၏ စိတ်အခြေအနေတစ်ခုလုံးက ထိုးတက်သွားသည်။ သူသည် လုဖုန်းကို ပြိုင်ဘက်ကို ရွေးချယ်ခွင့် ပေးသည်။လုဖုန်းက သူ့ကို ကြည့်သည်။


“ မင်းလုပ်လိုက်”


ယွမ်ဇယ်နှင့်ဆိုရင် မျက်နှာသာပေးရန် ငြင်းဆန်သော Quiet က ယခုအခါ အလွန်ပင် နှိမ့်ချနေသည်။


“ မင်းက ငါ့ထက် ကံကောင်းတယ်”


ထိုသို့ပြောပြီးပြီးခြင်း စင်အောက်ဖက်တွင်ရှိသော ကစားသမားများ အားလုံးက အနည်းငယ် ပဟေဠိ ဖြစ်သွားသည်။ Quiet၏ကံသည် အရင်တစ်ခေါက်တွင် အလွန်ကောင်းခဲ့သည်။ သူသည် အားလီ နှင့် အားယီကိုရ၏။ သူတို့သည် လုံလောက်အောင် အင်အားကြီးမားသည်။ သို့သော် သူတို့၏ အတွေ့အကြုံ မလုံလောက်ခဲ့ချေ ။ ထိုအတွက်ကြောင့် သူနှင့်ယွမ်ဇယ်တို့က နိုင်ရန် အခွင့်အရေး ရသွားခဲ့ခြင်း ဖြစ်သည်။ 


ဝေ့ရှောင်း၏ စကားက ထပ်ထွက်လာသည်။ 


“ မင်းလုပ် မယ်ဆိုရင် ငါတို့တွေ မနှစ်က Double championကို ရရင် ရမှာပေါ့”


လူတိုင်း”.......” 


ကောင်းပြီ။ မင်းရဲ့ ကံကောင်းတယ်ဆိုတဲ့ ဖော်ပြချက်က ငါတို့နဲ့ မတူဘူးဘဲ။ 


လုဖုန်းက ဘာစကားမှ မပြောတော့ချေ။ သူသည် ခလုတ်ကို ယူလိုက်ပြီး စနှိပ်သည်။


ဝေ့ရှောင်းက ဖန်သားပြင်ဆီကို စိတ်အားထက်သန်စွာ ကြည့်သည်။ ကင်ဆန်းဟွန်းက လီဟယ်ယန်၏ လက်မောင်းကို ဆွဲထားသည်။


“ ငါ မဖြစ်ပါစေနဲ့ ငါ မဖြစ်ပါစေနဲ့ ငါ မဟုတ်ပါစေနဲ့”


လီဟယ်ယန်”........”


ကင်ဆန်းဟွန်း”FUCK”


ဖန်သားပြင်တွင် ပေါ်လာသော နာမည် ၂ခုက Pro.ကင်ဆန်းဟွန်း ၊ Pro.လီဟယ်ယန် ဖြစ်သည်


ဝေ့ရှောင်းက အံ့ဩတကြီး ပြောသည်။ 


“မင်းက တကယ် ကံကောင်းတာပဲ”


သူက မနှစ်က double champion ကိုတောင် တကယ်ရလိုက်တယ်။ 


စင်အောက်ဖက်မှ ချန်းဖုန်းက ထန်ချန်း၏ ခြေထောက်ကို ရိုက်သည်။


ထန်ချန်း”အား...”


ချန်းဖုန်း” မြန်မြန်လေး network cabalကို သွားရှာပြီး ငါအတွက် ဆွဲဖြုတ်ပေးစမ်း”


FTWက လူတိုင်း”...........”


လိုအပ်လို့လား 


အရူးလေးဝေ့က မဟာမိစ္ဆာဘုရင်ကြီးနဲ့ soloတာကိုတောင် မကြောက်တာ ခေါင်းဆောင်နဲ့ double game ကစားတာကို ကြောက်စရာ ရှိလို့လား။


ကင်ဆန်းဟွန်းက သူ၏ကိုယ်ပိုင် နို့အဖေ၏ အထောက်အပံ့နှင့်အတူ စင်ပေါ်သို့ တွဲတက်လာရသည်။ Pro၏ အသင်းဖော် များကလည်း အံ့ဩနေကြရ၏ 


“ Closeက doubleရင် တအားသန်မာလို့လား။ ငါတို့ရဲ့ဒုခေါင်းဆောင်......သူက သူခိုးတွေကို အနိုင်ကျင့်ရတာကို သဘောမကျဘူးလား”


“ နိုးထတော့ ဒါက close ရဲ့သူခိုး”


ပြောရမည်ဆိုလျှင် သူတို့သည် မှားယွင်းစွာ တွေးမိခြင်းသာဖြစ်သည်။ ကင်ဆန်းဟွန်းက အရိပ်သူခိုးကိုမကြောက်ပေ။ သူသည် closeရဲ့ အရိပ်သူခိုးကိုလဲ မကြောက်ပါပေ။ သူသည် ဒီအတိုင်း ဒီပွဲကို မကစားချင်ရုံသာ ဖြစ်သည်။ဒါဟာ သူ၏ စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးကြောင့် ဖြစ်သည်။


Computer ရှေ့တွင် ထိုင်ပြီး microphone မတပ်ရသေးခင် ဝေ့ရှောင်းက လုဖုန်းကို လှမ်းပြောလိုက်သည်။


“ ခေါင်းဆောင် ခေါင်းဆောင် အရိပ်သူခိုးယူလေ”


လုဖုန်းက ဘာစကားမှမပြောလေဘဲ သူ၏ ကိုယ်ပိုင်ပစ္စည်းများကိုသာ တိတ်တဆိတ် စစ်နေလေသည်။


ဝေ့ရှောင်းက ဆက်ပြောသည်။ 


“ ယွမ်ဇယ်က ပြောတယ်။ မင်းက double မကစားနိုင်ဘူးတဲ့”


လုဖုန်း၏ Keyboard ပေါ် တင်ထားသော လက်က ရပ်တန့်သွားသည်။


ဝေ့ရှောင်းက ဒေါသတကြီး ပြောသည်။ 


“ ငါက နတ်စစ်သည်တော် ကစားမယ်။ မစိုးရိမ်ပါနဲ့။ ငါမင်းကို ကာကွယ်ပေးမယ်”


သူသည် ယခင်ပွဲတွင် အတွေ့အကြုံရှိပြီးသား ဖြစ်သည်။ Double ပွဲသည် အလွန်ပင် စိတ်လှုပ်ရှားစရာကောင်း၏ သူနှင့်ယွမ်ဇယ်သည် သူတို့၏ ခေါင်းပေါ်မှ help set များကို ဆွဲဖြတ်လိုက်သည့်တိုင်အောင် အနိုင်ရသေးသည်။ ထို့ကြောင့် သူနှင့်ခေါင်းဆောင်ဆိုလျှင် ပို၍ပင် ပူးပေါင်းဆောင်ရွက် နိုင်ပေလိမ့်မည်။ 


သူသည်လည်း Closeကို အကောင်းဆုံးသိသောလူ ဖြစ်ကြောင်း နားလည်သိထားပြီးသား ဖြစ်သည်။ ထို့ကြောင့် နတ်စစ်သည်တော်နှင့် ပတ်သက်ပြီး ကောင်းကောင်း ပူးပေါင်းဆောင်နိုင်ပေလိမ့်မည်။ 


ထိုသို့ဖြင့် ပွဲမစခင်တောက်လျှောက် ဝေ့ရှောင်းဟာ အလွန်ယုံကြည်မှု ရှိနေခဲ့သည်။


သူသည် လုဖုန်းနှင့် ဘယ်သောအခါမှ double မကစားဖူးသော်လည်း လုဖုန်း၏ အရိပ်သူခိုးကို အလွန်ပင် ရင်းနှီးနေပြီးသား ဖြစ်သည်။ထို့ကြောင့် နတ်စစ်သည်တော်နှင့် ပတ်သက်ပြီး အလွန်ယုံကြည်မှု ရှိသည်။ ထပ်ပေါင်းဆိုရသော သူသည် 5v5 လေ့ကျင့်ရေးပွဲတွင် အတွေ့ကြုံရှိခဲ့ပြီးသား ဖြစ်သည်။ထို့ကြောင့် သူသည် လုဖုန်းနှင့် ပြီးပြည့်စုံစွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ထားသည်။


42 04

ပြိုင်ဘက်က ကင်ဆန်းဟွန်း နှင့် လီဟယ်ယန်တို့ ဖြစ်နေတော့လဲ ဘာဖြစ်လဲ။


သူတို့က တစ်ခန်းတည်း အိပ်တော့ရော ဘာဖြစ်လဲ။


သူတို့က အတူဖက်အိပ်နေလို့လား။ သူတို့က ၂၄ နာရီလုံး အိပ်ဖူးလို့လား။


ဟား အမှိုက်


ဝေ့ရှောင်း၏ ဦးနှောက်ဆားကစ်က သိသာစွာပင် ထင်ရှားလွန်းနေသည်။


သူတို့က Hero များကို ရွေးသောအခါ လုဖုန်းက နောက်ဆုံးတွင် ပြောလာ၏ 


“ မင်းက အရိပ်သူခိုး ကစားလိုက်။ ငါနတ်ဘုရားစစ်သည်တော် သုံးမယ်”


ဝေ့ရှောင်းက ချက်ချင်းပြန်ဖြေသည်။


“ ဒါလည်း အလုပ်မဖြစ်ဘူး။ မင်းက Jungler လေ။ ငါက Top laner ငါတို့က အနာဂတ်မှာ အကြိမ်အရေအတွက် အများကြီး ပူပေါင်းဆောင်ရွက်ဖို့ လိုအပ်သေးတယ်”


လုဖုန်း”.......”


ဝေ့ရှောင်းသည် ထိုအခိုက်အတန့်တွင် အမိအရ ဖမ်းယူလိုက်သော်လည်း လုဖုန်း၏ စိတ်အခြေအနေမှာ ထိုးကြနေကြောင်းကို ခံစားမိလိုက်သေးသည်။


“ ခေါင်းဆောင်”


လုဖုန်းက အရိပ်သူခိုးကို ယူလိုက်သည် ။ 


“ဒါဆိုရင်လည်း မင်း နတ်ဘုရားစစ်သည်တော် ယူပေါ့”


ဝေ့ရှောင်း” ကောင်းပြီ”


လုဖုန်းက သူ၏ မျက်ဝန်းဘေးဘက်မှတဆင့် လူငယ်လေးကို တစ်ချက် ကြည့်လိုက်သေးသည်။ သူ၏ လက်ချောင်းကပင် တုန်ယင်သွားပြီး Keyboard ကိုပင် မကိုင်နိုင်လုနီးပါး ဖြစ်သွားသည်။ သူသည် ဝေ့ရှောင်းအား အရိပ်သူခိုးကို ယူစေလိုခဲ့သည်။ ယခုအခါ အချိန်ကောင်း မဟုတ်သေးချေ။ 


သူသည်လည်း အသင်းကို နေရာအပြောင်းအလဲကြောင်း အကြောင်း မကြားရသေးချေ။ သူ၏အကြံပြုချက်ဟာ အလျင်စလို နိုင်သွားလျှင် FTW အသင်းအတွက် စိတ်ရှုပ်ထွေးမှုများ ဖြစ်သွားစေနိုင်သည်။ ဒါက ဒီတိုင်း ဖျော်ဖြေမှု match ပွဲပဲ ရပါတယ်။


ထိုအတွေးနှင့်အတူ လုဖုန်းက အတိတ်ကို ပြန်တွေးကြည့်လိုက်မိသည်။


“ မလုပ်တော့ဘူး မလုပ်တော့ဘူး။ ငါ့ကို close နဲ့ double ကစားဖို့ လာမပြောနဲ့”


“ နည်းပြ ငါ တောင်းပန်ပါတယ်။ ငါ သူနဲ့ double ကစားမဲ့အစား shit ပဲ သွားစားလိုက်မယ် ဟုတ်ပြီလား”


“ ငါ နတ်ဘုရားစစ်သည်တော်ကို လေ့ကျင့်လိုက်မယ်၊ ဒါက လုံလောက်အောင် လေ့ကျင့်တာပဲ မဟုတ်ဘူးလား။ ဒီအတိုင်း Double ပွဲအတွက် close လေးနဲ့ အသင်း မဖွဲ့ခိုင်းပါနဲ့တော့”


“ ကစားဖို့ နည်းလမ်းကို မရှိတာ” 


လုဖုန်းသည် double ပြိုင်ပွဲများနှင့် ပတ်သက်ပြီး အလွန်ပင် ငြင်းဆန်လေ့ရှိသည်။ ယွမ်ဇယ်က မှန်ကန်စွာ ပြောသွားခဲ့ခြင်း ဖြစ်သည်။ သူသည် အမှန်တကယ် Double မကစားနိုင်ချေ။ အကြောင်းမူကာ.......


ဝေ့ရှောင်း”ခေါင်းဆောင် ငါတို့ စနေပြီ”


“အင်း” 


လုဖုန်းက တောင်ကြားကိုသာ အာရုံစူးစိုက်လိုက်သည်။


ခြားနားချင်လည်း ခြားနားမှာပေါ့။


Match ပွဲက စတင်သည်။ Line upနှင့် ပတ်သက်ပြီး အံ့ဩသင့်စရာ မရှိချေ။ 


ဝေ့ရှောင်းက နတ်ဘုရားစစ်သည်တော် ယူသည်။ လုဖုန်းက အရိပ်သူခိုးကို ယူသည်။ Line up က ယခင်ပွဲနှင့် တစ်ထေရာတည်း တူသည်။ သို့သော် Heroကို သုံးသောသူကမူ ခြားနားသွားသည်။


ကင်ဆန်းဟွန်းက အေးခဲမုဆိုးကို ယူသည်။ လီဟယ်ယန်ကမူ သူ၏အခြေပြု မှော်ဆရာကို ယူလိုက်သည်။ 


လူတိုင်းသည်လည်း ဒီပွဲကို အလွန်ပင် မျှော်လင့်စောင့်စား နေကြသည်။ 


ဝေ့ရှောင်းက အပြင်လူများနှင့် ကစားသောအခါ အလွန်လေကျယ်သည်။


သူက သူ့ရဲ့ကိုယ်ပိုင် ခေါင်ဆောင်းနဲ့ ကစားတဲ့အခါ ဘယ်လိုများ ကောင်းကင်ကို ရောက်တဲ့အထိ ဘယ်လိုများ ကြွားရမှာလဲ။ 


ဒီနှစ်ရဲ့ Doubleက လူပြောင်းသွားတာလဲ ဖြစ်နိုင်တာပဲ။ 


ထိုအတွေးနှင့်အတူ သူသည် အလွန်ပင် စိတ်လှုပ်ရှားလာသည်။ သို့ရာတွင်.......


Game ထဲသို့ ဝင်ရောက်ပြီး 10 မိနစ်ခန့်ကြာပြီးနောက် လူအုပ်က အလွန်စိတ်ပျက်သွားသည်။ 


မဟုတ်ဘူး။ တစ်ခုခုတော့ မဟုတ်တော့ဘူး…


ထင်မြင်သုံးသပ်ချက်ပေးသူများကပင် ချီးကျူးရန် ဘာမှမရှာနိုင်ပေ ။ 


ထင်မြင်သုံးသပ်ချက်ပေးသူ A;” ဒါက...... သူတို့ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်နေတာ မဟုတ်လား”


ခင်မြင်သုံးသပ်ချက်ပေးသူ B;” နတ်စစ်သည်တော်က ကောင်းကောင်း ကစားနေတာပါပဲ။ ဒါပေမဲ့ close ရဲ့ အရိပ်သူခိုးက နည်းနည်း.......”


လုံလောက်အောင် မကြမ်းတမ်းဟု သူ မပြောရဲချေ။ အကြောင်းမူကာ Close၏ အရိပ်သူခိုးသည် ကြမ်းတမ်းမှုကြောင့် ကျော်ကြားလေသည်။ 


ဘယ်လို မကြမ်းတမ်းရမှာလဲ ။


ပြိုင်ဘက်က အရိပ်သူခိုးကိုမြင်ရုံနဲ့ တိုက်ရိုက် အညံ့ခံတဲ့အထိတောင် ကြမ်းတာလေ။ 


ဒါပေမဲ့ ယခုမူ.........


လောင်Gက စိတ်လွှင့်သွားသည်။


42 05

“ လူသစ်လေးကတောင် ဖောက်ပြန်နိုင်တဲ့ ပုံစံမျိုးနဲ့ ကစားနေတာပဲ”


ယွမ်ဇယ်” ကြည့်လိုက်”


FTW ဘက်ခြမ်းက ပို၍တိတ်ဆိတ် နေသည်။ ချန်းဖုန်းက ဖန်သားပြင်ကို စိုက်ကြည့်နေပြီး စိုးရိမ်တကြီး လက်သည်း ကိုက်နေသည်။ 


ထန်ချန်းကပင် လေထုအခြေအနေကြောင့် အနည်းငယ် မသက်မသာ ဖြစ်လာသည်။ 


“ဟေ့ လောင်လုက ဒီနေ့........”


ချန်းဖုန်း” ပါးစပ်ပိတ်”


ထန်ချန်း” ......”


ကွင်းထဲတွင် ကင်ဆန်းဟွန်းက လီဟယ်ယန်ကို ပြောသည်။ 


“ အား မြန်မြန်လေး အနိုင်ယူဖို့ လုပ်လိုက်ပါတော့။ ငါဒါကို ဆက်မကြည့်နိုင်တော့ဘူး”


လီဟယ်ယန်က သူ၏ကြာပွတ်ကို တဝင်းဝင်းမြည်အောင် ရိုက်လိုက်ပြီး သူ့ထံ အရုပ်ကလေး ၄ ရုပ်ကို ထုတ်ပေးလိုက်သည်။ ထိုသို့ဖြင့် သူသည် မည်သူကမှ လာရောက် ရန်မစရဲသည့် ပစုတ်ကောင် အသိုက်ကဲ့သို့ ခန့်ညာလွန်းသော အေးခဲမုဆိုး ဖြစ်သွားသည်။


“သွား”


ကင်ဆန်းဟွန်းက သက်ပြင်းချသည်။ 


“ ဆိုတော့ ဒါကြောင့်ငါပြောတာ ငါ close နဲ့ double မကစားချင်ပါဘူးဆို”


သူ၏စကားမဆုံးသေးခင် ရုတ်တရက် ဆဲသည်။


“သေစမ်း ငါတော့ သွားပြီ”


အပြင်လူများကပင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ 


ဝေ့ရှောင်းလိုမျိုး လုဖုန်းနဲ့ အသင်းဖွဲ့ထားတဲ့ လူဆို ဘာကြောင့် အာရုံ မခံမိရမှာလဲ။


သူသည် ၇ မိနစ်ပတ်လုံး တောက်လျောက် တင်းခံခဲ့ပြီးနောက် မနေနိုင်ဘဲ ပြောလိုက်သည်။ 


“ခေါင်းဆောင် နေမကောင်းဘူးလား”


ထူးဆန်းလွန်းတယ် 


ဒီနေ့ အရိပ်သူခိုးက တော်တော်လေးကို ထူးဆန်းတယ် 


အံ့ဩသင့်ဖွယ် ကောင်းနေသောကြောင့် မဟုတ်လေသလို အင်အားကြီးမား လွန်းသောကြောင့်လဲ မဟုတ်လေဘဲ မကြမ်းတမ်းသောကြောင့် ဖြစ်နေသည်။


Close အပိုင်အရှိန်အဝါကပင် နည်းနည်းလေးပင် မထွက်လာချေ။ လုဖုန်းက ဘာစကားမှမပြောချေ။ ဝေ့ရှောင်းက မနေနိုင်ဘဲ ပြောလိုက်သည်။ 


“ နေမကောင်းဘူးဆိုရင်လဲ........”


လုဖုန်းက ပြောသည်။ သူ၏အသံက သြရှနေသည်။ 


“ မဟုတ်ဘူး”


ဝေ့ရှောင်း” ဒါဆိုရင်.....”


လုဖုန်းက ရပ်တန့်သွားပြီးနောက် ခပ်တိုးတိုး ပြောသည်။


“ ယွမ်ဇယ်က ငါ double မကစားနိုင်ဘူးလို့ ဘာလို့ ပြောသွားလဲ သိလား”


ဝေ့ရှောင်းက ရပ်တန့်သွားသည်။ 


လုဖုန်း” ကြည့်”


ထို့နောက် တခဏပင် ခန်းမကြီး တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ လီဟယ်ယန်၏ ခေါင်းအုပ် နားကြပ်ထဲတွင် ကင်ဆန်းဟွန်း၏ ဆူးရှသောအသံများက ပြည့်လာသည်။


“ Fuck fuck fuck ခေါင်းဆောင် ငါ့ကို ကယ်။ ငါ့ကို ကယ်။ ခေါင်းဆောင် မြန်မြန်လေးငါ့ကို ကယ် အား.....”


Match ပွဲ၏ ပထမပိုင်းက ကြည့်ရှုသူများကို ငိုက်မြည်းစေလျက် ဒုတိယပိုင်းကမူ ကြည့်ရှုသူများကို စိုးရိမ် ထိတ်လန့်လွန်းသဖြင့် သူတို့ကိုယ်တိုင် တောင်ကြားထဲ ပိတ်မိနေသလိုပင် ခံစားရလေသည်။


ထင်မြင်သုံးသပ်ချက်ပေးသူ A” ဒါက”


ထင်မြင်သုံးသပ်ချက်ပေးသူ B ၏ ပါးစပ်ကမူ အဟောင်းသား ပွင့်နေသည်။


“......”


ဆိုးရွားလိုက်တာ…


ဖန်သားပြင်တွင် ပေါ်လာသော မြင်ကွင်းတိုင်းက ဆိုးရွားသည်ဟုပင် ဖော်ပြ၍ ရလောက်သည်။


အရိပ်သူခိုးသည် တိတ်ဆိတ်လွန်းသဖြင့် ပထမ တစ်ပိုင်းက ကျွတ်ယွ နေခဲ့သေးသည်။ ထို့နောက်ပိုင်းတွင်မူ ချက်ချင်းဆိုသလိုပင် ပြိုင်ဘက်ကင်းသော ထိန်းချုပ်မှုကို ချက်ချင်းဆိုသလိုပင် ပိုင်ဆိုင်သွားပြန်သည်။ 


သူသည် မည်သည့်အသင်းဖော်မှ မပိုင်ဆိုင်ထားသလိုမျိူး ရှင်းလင်းသော တောင်ကြားအတွင်း ရှိနေသလိုမျိုး ဖြစ်နေသည်။ သွေးနီရောင်တောက်ပနေသော ဓားသွားက ရန်သူ၏ အသက်ကိုသာ အနီးကပ် ချိန်ရွယ်ထားပြီး ဘာကိုမှ ဂရုမစိုက်တော့ချေ။


စင်အောက်ဖက်မှ ယွမ်ဇယ်က လှောင်သည်။ 


“ မြင်လား ဒါက closeရဲ့ doubleပဲ”


ကွင်းတစ်ခုလုံးကို လုံးဝထိန်းချုပ်ထားတာ ကြောက်စရာကောင်းတဲ့ ဖိနှိပ်နိုင်စွမ်းအားက ပြိုင်ဘက်ကိုတင် မဟုတ်ဘဲ အသင်းဖော်ကိုပါ ဖိနှိပ်တယ်။


Garyက ကြောင်သွားသည်။


“ Shit ငါ Quiet အတွက် ခေါင်းကိုက်လာပြီ”


ယခင်က Gloryသည်လည်း ထိုအရိပ်သူခိုးသည် အလွန်အံ့ဩသင့် စရာကောင်းလွန်းသည် ဟုသာ တွေးကောင်းတွေးနိုင်လောက်သည်။ အံ့ဩသင့်ဖွယ် ကောင်းလွန်းသဖြင့် လူ၄ယောက် နှင့် ပြည့်နေသော တောင်ကြားထဲတွင် သူတစ်ယောက်တည်းကသာ ရှိသလို ထင်ရသည်။


42 06

ယခုမူ Glory မှ ဒီအကြောင်းအရာကို သိသောသူများသည် ဖန်သားပြင်ထက်မှသည် ပြင်းထန်လွန်းသော ဖိနှိပ်ဒဏ်ကို ခံစားလိုက်ရသည်။ 


ပြိုင်ဘက်တစ်ယောက်အနေဖြင့် အခုလို ရန်သူမျိုးနှင့် မတွေ့ချင်တော့ပေ။ အသင်းဖော်တစ်ယောက်အနေနှင့် ဒီလိုအသင်းဖော်မျိုးကို မလိုချင်လောက်ပေ။


Closeက double အတွက် မသင့်တော်ပေ။ သူသည် ကောင်းကောင်း မကစားနိုင်သောကြောင့် မဟုတ်လေဘဲ ကောင်းလွန်းစွာ ကစားသောကြောင့်ဖြစ်သည်။ 


ယခင်က နတ်ဘုရား team ၏ Starting line up တွင် ယခုအခါ Glory ၏ ဘုရားကျောင်းထဲတွင် စာရင်းသွင်းခံရသော လူ ၄ယောက်လုံးကပင် မပူးပေါင်းနိုင်ခဲ့သလို သူ့နောက်သို့ မလိုက်နိုင်ခဲ့ကြချေ။


ယခု အခြားသောသူများဆိုလျှင် ပို၍ဆိုး ပေလိမ့်မည်။


******