အပိုင်း(43)
ဝေ့ရှောင်း .. မင်းက ပေါက်ကွဲလောက်အောင် အင်အားကြီးတာပဲ ကောင်းပြီ
တောင်ကြားထဲတွင် အလင်းစက်ကွင်း ၉ကွင်းက ပေါက်ထွက်လာပြီး ခမ်းနားထည်ဝါသော အလင်းက ရှိနေသမျှ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
ဒီနေရာတွင် ရှိနေသော လူတိုင်းသည်လည်း ကိုးကွင်းအတွက် special effectက အထူးတလည် ထူးခြားကြောင်း မြင်ထားပြီးသည့်တိုင်အောင် ယခုလို အမှန်တကယ် မြင်ရသောအခါ လေအေးများကို ရူရှိုက်မိစေသေးသည်။
Glory၏ ဖွံ့ဖြိုးတိုးတက်အသင်းသည် Close၏ ပရိတ်သတ် ဖြစ်ရပေမည်။ သူ၏ Championship Skinက အလွန်လှသည်။
ထင်မြင်သုံးသပ်ချက် ပေးသူက ဒီကွင်းကို အရယူပြီး ခပ်မြန်မြန် ချီးကျူးလျက် အလွန်အမင်း ချဲ့ကားပေးလိုက်ရင်းအားဖြင့် အစောပိုင်းက double match တစ်ခုလုံးကို လွှမ်းခြုံထားသည့် ထူးခြားသော လေထုအခြေအနေကို ကယ်တင်လိုက်သည်။
တောင်ကြားထဲတွင် ကင်ဆွန်းဟွန်း၏ အားနည်းသော အေးခဲမုဆိုးလေးက သေဆုံးခြင်း မျက်ရည်ဓားကို မြင်လိုက်ရပုံပေါ်သည်။
အလင်းစက်ကွင်းများ၏ ဝန်းကျင်သည် ကျယ်လွန်းသည်။ ကင်ဆွန်းဟွန်းသည် ပုန်းစရာနေရာ မရှိပေ။ ကံကောင်းသည်မှာ လီဟယ်ရန်က ကျောက်သားတုံးလို ခိုင်မာသည်။ သူသည် အရုပ်တစ်စုံလုံး ပေါက်ကွဲပြီးနောက်တွင် ကင်ဆွန်းဟွန်းကို လုံလောက်ရုံလောက်လေး ကုသပေးလိုက်နိုင်သည်။
ပြိုင်ပွဲဝင်တိုင်းက ထိုမြင်ကွင်းကိုသာ အထူးတလည် စိုက်ကြည့်နေကြသည်။ သူတို့၏အတွေးများသည် သေချာပေါက် အာရုံစိုက်ထားကြသည်။
သူတို့သာ အရိပ်သူခိုးကို သုံးမယ်ဆိုရင် သူတို့ ဒီလိုလုပ်နိုင်မှာလား။
သူတို့သာ အေးခဲမုဆိုးဆိုရင် Damageနည်းပါးအောင် အချိန်နောက်ဆုတ်နိုင်မှာလား။
သူတို့သာ မှော်ဆရာဆိုရင် ဒီလောက်မြန်ဆန်တဲ့ လက်အရှိန်နူန်းနဲ့ ဦးနှောက်ကို အမြန်သုံးပြီး ဒီလိုရှုပ်ထွေးတဲ့ အရုပ်အကွက်တွေကို အဆက်လိုက်သုံးလို့ အေးခဲမုဆိုးကို ကယ်တင်ပေးနိုင်မှာလား။
အိုး ကြည့်ရတာ သူတို့သာ နတ်ဘုရားစစ်သည်တော်ဆိုရင် အခုလိုမျိုး မှင်သက် နေလောက်မှာပေါ့။
ထင်မြင်ချက်သုံးသပ်ချက် ပေးသူများ အနေဖြင့် စကားအများကြီး ဝင်ပြောရန် ခက်ခဲသည်။ သို့သော် တစ်သင်းချင်းစီတိုင်းက သူတို့ဘာသာ လေသံတိုးတိုးနှင့် ခွဲခြား သုံးသပ်နေကြသည်။
L&P ဘက်တွင် ယွမ်ဇယ်က ပြောသည်။
“ဒီတော့ လုဖုန်းက double နဲ့ မသင့်တော်ဘူးလို့ ဘာလို့ပြောလဲ ဆိုတာကို သိပြီထင်တယ်”
ထိုအချိန်တွင် လူတိုင်းကလည်း သူ၏စကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သိသွားကြသည်။
ပွဲ၏ double match နောက်ကွယ်မှ mechanismသည် လုဖုန်းက သူတို့နှင့် မသင့်တော်သောကြောင့် အဆုံးသတ် သွားလောက်သည်။
ယခင်က ဖော်ပြခဲ့ဖူးသည့်တိုင်း doubleသည် single 5v5 နှင့် ကွာခြားသည်။
သူသည် သီးသန့်ထူးခြားလွန်းသည်။ ထိုကဲ့သို့သော ခိုင်မာသော တည်ရှိမှုက လူနှစ်ယောက်က ကြိုးတစ်ချောင်း ဖြစ်လောက်အောင် အချင်းချင်း လိမ်တွန့်လျက် အချင်းချင်းပေါင်းစပ်နိုင်စွမ်းရည် ရှိရမည်ဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်း၏ တော်လွန်မှုနှင့် မသက်ဆိုင်တော့ချေ။
5v5 တွင် တစ်ချို့သော ကစားသမားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အင်အားများက အသင်း၏ သာမာန်အဆင့်ထက် မြင့်ကောင်းမြင်လောက်သည်။ သို့သော် ထိုယေဘုယျ အခြေအနေက ပြဿနာ မရှိချေ။ ထိုအစား ထိုပုဂ္ဂိုလ်သည် အမြုတေပင် ဖြစ်သွားနိုင်သေးပြီး အသင်းတစ်ခုလုံးက မှီခိုအားထားရသည့် ဝှက်ဖဲနှင့် ထောက်တိုင်ကြီး ဖြစ်ပေလိမ့်မည်။
ဥပမာအနေဖြင့် PRO ၏ ကင်ဆွန်းဟွန်းဖြစ်သည်။ သူ၏သန်မာသော ပုဂ္ဂိုလ်ရေးဆိုင်ရာ အင်အားကြောင့် အသင်းသည် လေးယောက်က တစ်ယောက်ကို ကာကွယ်သော လမ်းကြောင်းကို လျှောက်ပြီး လူတိုင်းကလည်း ဂိမ်းပွဲ ခပ်အေးအေးနိုင်ရန် အလို့ငှာ သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြလေသည်။
သို့သော် doubleဆိုလျှင် ခြားနားသွားလေသည်။ doubleတွင် လူနှစ်ယောက်တည်းသာ ပါသည်။ တစ်ယောက်က ထူးချွန်လွန်းနေခဲ့လျှင် အခြားတစ်ယောက်ကမူ ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာများကို ခံစားရပေလိမ့်မည်။
double match ပွဲများသည် 5v5လောက် တာဝန်ယူမှု အရာတွင် ရှင်းလင်းခွဲခြားထားခြင်း မရှိချေ။ ထို့အပြင် မည့်သည့်ဟီးရိုးက မည်သည့် Laneပေါ်တွင်သာ နေရမည်ဆိုသော နေရာမျိုး မရှိသလို ဝင်ဖြည့်ရမည့် နေရာလည်း မရှိနေခဲ့ချေ။ 5v5ကမူ ကိုယ့်အလုပ်ကို ခွဲခြားထားပြီးသား ဖြစ်ပြီး လူတိုင်းက ကိုယ့်တာဝန်ကို လုပ်ရုံနှင့် ဂိမ်း၏တစ်ဝက်ခန့်က အသာလေး နိုင်သေးသည်။
43 02
ပွဲdouble match တွင်မူ ထိုမျှထိ မရှင်းလင်းတော့ချေ။ doubleနောက်မှ mechanismသည် မြန်ဆန်စွာ ပြေးလွှားနေခဲ့လေပြီး နှစ်ဖက်လုံးကလည်း healthများကို လဲလှယ်နေရသည်။ နှစ်ဖက်ခြမ်းလုံးတွင် တောတွင်းမှ သေးငယ်သော နေရာလေးကပင် တိုက်ပွဲတစ်ခု ဖြစ်လာနိုင်သေး၏။ Single ပွဲစဉ်အတိုင်း သူတို့၏ အင်္ကျီလက်များကို ခေါက်တင်လျက် တိုက်ခိုက်နိုင်ပြီး နိုင်သောသူက ဘုရင် ဖြစ်ပေလိမ့်မည်။
Single ဂိမ်းများတွင်လည်း ခြားနားမှုက ရှိနေသေးသည်။ single ဂိမ်းများတွင် တစ်ယောက်ယောက်က တစ်ယောက်တည်း ဖြစ်သောကြောင့် ကိုယ်နည်းကိုယ့်ဟန်ဖြင့် ရှေ့သို့ ပြေးသွားနိုင်ပြီး doule တွင်မူ လူနှစ်ယောက် ဖြစ်နေသည်။
ယခုလိုမျိုး ပူးပေါင်းဆောင်ရွက်မှု ရှိနေသည့် အခြေအနေမျိုးတွင် နှစ်ယောက်တစ်ယောက် တိုက်ခိုက်သလို ဖြစ်နေပေလိမ့်မည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ double match များတွင် နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရုံဖြင့် ဂိမ်းပွဲကို မနိုင်နိုင်ပေ။
ထိုအတွက်ကြောင့် တစ်ယောက်က အမှီမလိုက်နိုင်လျှင် ပြင်းထန်သော ဖိအားကို ခံစားရမည်ဆိုလျှင် သူတို့သည် ခြေထောက်ကို တရွတ်တိုက်ဆွဲသလို ဖြစ်သွား လိမ့်ပေလိမ့်မည်။ ထိုသို့ဖြင့် ဂိမ်းပွဲကို ရှုံးစေသည့် အမြစ် ဖြစ်လာပေမည်။
ထိုကဲ့သို့သော် စိတ်ပိုင်းဆိုင်ရာ ဖိအားက ရက်စက်သော နယ်ပယ်အတွင်းတွင် ဖိအားသာ ဖြစ်သည်။
သူတို့သည် နောက်တစ်ကြိမ် နေကြောင်း မြင်သောအခါ နောက်မှ အသားကုန် မှီလိုက်နိုင်ရန် အကောင်းဆုံး ကြိုးစားပေလိမ့်မည်။ သို့သော် ထိုသို့ အမှီလိုက်နိုင်လိုလေလေ ပို၍ မလုပ်နိုင်လေလေ ဖြစ်သည်။
ထိုအခြေအနေက နားကြပ်ထဲမှ ညွှန်ကြားချက်အတိုင်း လုပ်နိုင်သော အခြေအနေမျိုး မဟုတ်ချေ။
အရိပ်သူခိုးသည် လှုပ်ရှားမှုများကို ချုပ်နိုင်ရန် အလို့ငှာ အခွင့်အရေးကို ရှာရန်သာ အာရုံစိုက်ထားသည်။ သို့သော် ထိုသို့ဟာကွက် ဖွင့်ထားခြင်းက ၀.၁စက္ကန့်သာလျှင် ကြာသည်။ အသံဖြင့် ဆက်သွယ်ပြောဆိုနိုင်ခြင်းကပင် အချင်းချင်း နားလည်သဘောပေါက်မှုလောက် မမြန်ဆန်နိုင်ချေ။
ယခုလိုမျိုး သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက တဖြည်းဖြည်းချင်း ပြိုကျလာလောက်သည်။
ယွမ်ဇယ်သည် ဖန်သားပြင်ပေါ်မှ နတ်စစ်သည်တော်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒါကြောင့် ငါ ပြောခဲ့တာ။ Closeနဲ့ မကစားပါနဲ့လို့”
လွန်ခဲ့သော လေးနှစ်ခန့်က သူတို့သည်လည်း သူတို့၏ ပထမဦးဆုံး double match ပွဲ ရှိခဲ့ဖူးသည်။
ယွမ်ဇယ်သည်လည်း Close၏ အင်အားကို မြင်ထားသည်။ ထို့ကြောင့် ပါရမီကြီးသော ကလေးကို ဖိနှိပ်ချင်ခဲ့၏။ သို့သော် ထို့အစား သူကသာ ဖိနှိပ်ခံခဲ့ရသည်။ ထိုအချိန်က သူသည် သေဆုံးခြင်း သူရဲကောင်းကို အသုံးပြုခဲ့ပြီး Closeကမူ လူရမ်းကားသူခိုးကို အသုံးပြုခဲ့သည်။
ယေဘုယျကျကျ ပြောရသော် လူရမ်းကားသူခိုးသည် ပူးပေါင်းဆောင်ရွက်ရာတွင် တော်သည်။ သို့သော် ရလဒ်အနေဖြင့် ယွမ်ဇယ်၏ သေဆုံးခြင်း သူရဲကောင်းကသာ တစ်ချိန်လုံး နောက်တွင် ကျန်ရစ်ခဲ့သည်။ သူဟာ နောက်ဆုံးတွင် အမှီလိုက်သွားသောအခါ Closeသည် ရန်သူကို ခုတ်ဖြတ်ပြီးနှင့်လျက်သား သို့မဟုတ် ရန်သူက ထွက်ပြေးခဲ့လျက်သား ဖြစ်နေခဲ့ပြီးလေပြီ။ သေဆုံးခြင်း သူရဲကောင်း၏ DPS လိုအပ်ချက်ကြောင့် ဂိမ်း၏ဟန်ချက်ဟာ ပျက်သွားသည်။
တစ်ပွဲကစားပြီးနောက် ယွမ်ဇယ်က ဆဲသည်။
“Close မင်း သောက်ကျိုးနည်း ဘယ်လိုပူးပေါင်းရမလဲ ဆိုတာကို နားမလည်ဘူးလား”
အသက် ၁၆နှစ်၊ ၁၇နှစ်အရွယ် လူငယ်လေးက မျက်လွှာချလိုက်သည်။
“တောင်းပန်ပါတယ်”
ယွမ်ဇယ်သည် ထိုအချိန်က ယခုလိုမျိုး မျိုးမစစ်အိုကြီး မဖြစ်သေးချေ။ သူ့ကို ဆူပူပြီးနောက် သူသည်လည်း လွန်လွန်းသည်ဟု ခံစားလိုက်ရပြီး လေသံကို လျော့လိုက်သည်။
“တစ်ယောက်တည်း အလျင်စလို မပြေးသွားနဲ့။ ငါ့ကိုစောင့်”
Close “ကောင်းပြီ”
ထို့ကြောင့် ဒုတိယပွဲတွင် လူရမ်းကား သူခိုးက သိသာစွာပင် နှေးသွားသည်။ သိသာစွာပင် သေဆုံးခြင်း သူရဲကောင်းကို စောင့်ပေးသည်။ တစ်ဖက်သူက နေရာတစ်ခုကို ရောက်အောင်စောင့်ပြီး ရှေ့ဆက်သွားသည်။
43 03
သို့ရာတွင် သူသည် သေဆုံးခြင်း သူရဲကောင်း စောင့်ကောင်း စောင့်ပေလိမ့်မည်။ သို့သော် သူတို့၏ ပြိုင်ဘက်ကမူ မစောင့်နိုင်ပေ။
ထိုအခြေအနေက ထွက်ပြေးရန် အခွင့်အရေးကောင်းဖြစ်သည်။ တစ်ဖက်သူက မရူးသမျှ အသေခံရန် မစောင့်နိုင်ပေ။ ထို့ကြောင့် _ _ _
ယွမ်ဇယ် “ဖာ့ခ်”
ဒီအတိုင်းသာဆိုလျှင် သူတို့သည် မပူးပေါင်းလျှင် ပိုကောင်းပေလိမ့်မည်။
ပါးစပ်ဖြင့် ထုတ်ပြော၍ မရသော ဖိနှိပ်ခံရသော အခြေအနေမျိုး ဖြစ်လေပြီး ထုတ်ပြော၍ မရသည့် နာကျင်မှုမျိုးက သူတို့က မြေပြင်ပေါ်သို့ ဖိချပြီး တက်နင်းလျက် လှောင်ရယ်သည်နှင့်ပင် တူလေသည်။
ဒီဘဝတွင် ယွမ်ဇယ်သည် ပါရမီရှင်များကို အမုန်းဆုံး ဖြစ်လာသည်။ ထိုကိစ္စပြီးနောက် သူသည် ပါရမီရှင်များကို ပို၍ပင် မုန်းသေးသည်။
ထိုကဲ့သို့သော သတ္တဝါမျိုး မွေးဖွားလာခြင်းက သာမာန်လူသားများကို လှောင်ရယ်ရန်အတွက်သာ ဖြစ်လောက်သည်။
ယွမ်ဇယ်သည် မည်သည့်နည်းနှင့်မဆို သူနှင့်တိုက်ခိုက်ရန် ငြင်းဆန်သည်။ နောက်ပိုင်းတွင် အသင်းထဲမှ အခြားသော သုံးယောက်က လက်လျော့သွားကြပြီး သူ၏စိတ်ပိုင်းဆိုင်ရာ အခြေအနေက ထိုအခါမှသာ ပြန်လည်ငြိမ်သွားသည်။
သူတို့အမှား မဟုတ်ဘူးဘဲ။ ဒီအတိုင်း Closeက တအားထူးခြားလွန်းတာ။
သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ပွဲဝင်စွမ်းရည်ဟာ BUG တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ အသင်းဖော်များနှင့် မည်သည့်ပူးပေါင်းမှုမှ မသင့်တော်ပေ။
နည်းပြအသင်းက သက်ပြင်း ချသည်။
“ဒီလိုပါရမီရှင်မျိုး_ _ _နှစ်တစ်ရာမှာ တစ်ယောက်တောင် ရှာဖို့ခက်တယ်။ ထားလိုက်တော့ ငါတို့ single နဲ့ 5v5 ကို အာရုံစိုက်ရအောင်”
5v5ကို ဘယ်သူက တွေးရဲမှာလဲ။ FTW က စတက်တာတွေ အားလုံးက မာနကြီးပြီး မောက်မာထောင်လွှားကြတာ။ သူတို့က ကောင်းကင်ဘုံကိုတောင် ဖိဆန်အန်တု စိန်ခေါ်ချင်ကြတာ။ သူတို့က အတတ်နိုင်ဆုံး ကြိုးစားပြီး Closeနဲ့ ပူးပေါင်းရမယ် ဟုတ်လား။
အစောပိုင်းအဆင့်များတွင် ကစားရန် သဘောကျလောက်သေးသည်။ ထိုကဲ့သို့သော ဟန်ချက်မျိုးနှင့် သူတို့သည် ရွေးချယ်စရာ မရှိတော့ချေ။
သူတို့သည် အားလုံးက 5v5 လုပ်နိုင်ရုံလောက်သာ တတ်နိုင်ခဲ့သည်။ သို့သော် doubleအတွက်မူ တအားခက်လွန်းသည်။
Closeကို အနည်းငယ် ပူးပေါင်းရန် တောင်းဆိုခြင်းက သူ့တို့ကို အရှက်ရစေသည်။
လူသစ်လေးကို သူတို့ကို စောင့်ဖို့တောင်းဆိုတာ မဟုတ်ဘူးလား။ သူတို့ရဲ့ ဂုဏ်သိက္ခာက ဘယ်မှာလဲ။
သို့သော် Closeကို လွှတ်ပေးလိုက်ပြီး လုပ်ချင်ရာ လုပ်ခိုင်းပြန်လျှင်လည်း မတတ်နိုင်သေးပြန်ချေ။ double match များတွင် သူတို့ကသာ ဖိနှိပ်ခံရမည့်သူ ဖြစ်ပြီး ပို၍ပင် အရှက်ရပေလိမ့်မည်။ ထိုအတွက်ကြောင့် _ _ _
သောက်ကျိုးနည်းကို double…
ဒီအတိုင်း Closeက မသင့်တော်တာပဲ ဖြစ်မယ်။
သူတို့သည် သူနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိလျှင်ပင် Gloryအသိုင်းအဝိုင်းထဲမှ မည်သူကမှ မလုပ်နိုင်လောက်တော့ချေ။
အဆုံးသတ်တွင် ယွမ်ဇယ်က တင်ပြချက် တစ်ခုကို ထုတ်လိုက်သည်။
Closeနဲ့ doubleမှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့သူ ရှိရင် ငါ shit စားရင်း နှစ်ကြိမ်တောင် လွှင့်ပြမယ်”
အခုကြည့်ဦး ဝေ့ရှောင်းတောင် မလုပ်နိုင်ဘူး။
ထိုအတွက်ကြောင့်လည်း FTWက doubleကို လက်လျော့ထားခြင်း ဖြစ်သည်။
သူတို့ နိုင်မှ မနိုင်နိုင်တာ။
Closeက ဘယ်လောက်တော်တော် ဘယ်လောက်ပဲ လွှမ်းမိုးနိုင် လွှမ်းမိုးနိုင် သူ မနိုင်နိုင်ဘူး။
doubleပြိုင်ပွဲများအတွက် mechanismသည် အလွန်မျှတသည်။
ဥပမာအနေဖြင့် ကင်ဆွန်းဟွန်းနှင့် လီဟယ်ယန်တို့သည် အတွဲဖြစ်သည်။ အေးခဲမုဆိုးက Damageကို ကိုင်တွယ်ပြီး မှော်ဆရာကမူ သူ့ကို ကုသဆေးများ ကျွေးသည်။ နောက်ပိုင်းအဆင့်တွင် အရိပ်သူခိုး၏ Skillအဆက်လိုက်က သူတို့ကို တိုက်ခိုက်သောအခါ သူတို့ကို အေးခဲမုဆိုးက Healthမရှိ၍ အဆုံးသတ် သွားသည့်တိုင်အောင် မြေပြင်ပေါ်သို့ မလဲကျသွားချေ။
43 04
မှော်ဆရာကလည်း နောက်ဆုံးအခိုက်အတန့်တွင် ပြန်လည်ရှင်သန်ခြင်း အရုပ်ကို ကောက်ပစ်ကာ ဖောက်ခွဲရုံနှင့် နှစ်ယောက်လုံးက မတ်တပ်ပြန်ရပ်နိုင်မည် ဖြစ်သည်။
ထိုအရုပ်များကသာ ကောင်းကောင်း စီမံခန့်ခွဲထားနိုင်သလို ထိုအရုပ်များက တိုက်ခိုက်သည့် အရှိန်နူန်းကိုလည်း နှစ်ဆခန့် ထိုးကျသွားနိုင်သေးသည်။ ဒီနည်းအားဖြင့် Cool down မပယ်သေးသည့် အရိပ်သူခိုးကိုပင် သတ်နိုင်သည်။
သာမာန်အခြေအနေမျိုးတွင် နတ်စစ်သည်တော်နောက်မှ အပြေးလိုက်ပြီး လိုအပ်သည့် အခိုက်အတန့်မျိုးတွင် စကေးနဲ့ ချိတ်ဆက်လျက် Damageကို ခွဲယူသင့်သည်။ ဒီနည်းအားဖြင့် ပြန်လည်ရှင်သန်ခြင်း အရုပ်၏ အခြေအနေကို နှောက်ယှက်ရင်းဖြင့် တစ်ဖက်သော သူများအား အပြည့်အဝ သေဆုံးသွားအောင် လုပ်၍ရသည်။ ထိုသို့ဖြင့် စားပွဲကို ပြောင်းပြန်လှန်ခွင့် မပြုတော့သင့်ချေ။
ကံဆိုးသည်မှာ နတ်စစ်သည်တော်သည် အတတ်နိုင်ဆုံး ကြိုးစားပြီး အပြေးလာသောအခါ Healthအပြည့်နှင့် အေးခဲမုဆိုးက သေစေနိုင်သော မြှားများနှင့် တွေ့ဆုံးသွားသော မြင်ကွင်းကိုသာ တွေ့လိုက်ရသည်။
ထို့သို့ဖြင့် disconnected ဖြစ်သွားသည်။
ပူးပေါင်းဆောင်ရွက်မှု ရှိသော ပွဲတွင် သူတို့ သေချာပေါက် ရှုံးပေလိမ့်မည်။
ကစားသမား နှစ်ယောက်လုံးက သူတို့ သဘောအကျဆုံးအကွက်များကို ကြွားဝါ ပြခဲ့သည်။ သို့သော် သူတို့၏ ခေါင်းကိုသာ ခွဲပေးလိုက်ရသည်။
ထိုအခြေအနေကြောင့်လည်း ကင်ဆွန်းဟွန်းက Closeနှင့် ပြန်လည်ကစားချင်ခြင်း ဖြစ်သည်။
သောက်ကျိုးနည်း အနိမ့်အမြင့် အတက်အကျက သူ့ရဲ့နှလုံးအတွက် မကောင်းဘူး။
သူသည် သူ၏ Health buffက ရှင်းလင်းသွားသော မြင်ကွင်းကို ကြည့်နေရသည်။ ဒီနည်းအားဖြင့် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြောပြီး Damageကို ခပ်မြန်မြန် ကိုင်တွယ်နေရသည်။
တစ်ကြိမ်ဆိုရင် အဆင်ပြေနေသေးတယ်။ ဒါပေမယ့် အချိန်တိုင်းဆိုရင်တော့ သူ နိုင်တောင် သူ ပျော်နိုင်မှာ မဟုတ်ဘူး။
သူ၏ အင်အားက ထိုဂိမ်းကို နိုင်အောင် လုပ်ပေးသည်အထိ မလုံလောက်သောကြောင့် မဟုတ်လေဘဲ double mechanismကိုယ်တိုင်ကိုက ထိုသို့ဖြစ်နေသောကြောင့် ဖြစ်သည်။
တွေးကြည့်စမ်းပါ တွေးကြည့်ရုံနဲ့ ရွံ့ဖို့ ကောင်းတယ်။
အရှုံး…
သံသယဝင်စရာ မရှိချေ။ ဝေ့ရှောင်းနှင့် လုဖုန်းတို့က double match ပွဲတွင် ရှုံးသွားသည်။
လုဖုန်းက ခေါင်းတပ် နားကြပ်ကို ကြည့်ပြီး ဝေ့ရှောင်းကို ကြည့်သည်။ ဝေ့ရှောင်းက မှင်သက်နေသေး၏။
လုဖုန်းက ခပ်တိုးတိုးပြောသည်။
“အသင်းပွဲစဉ်ကတော့ ဒီလို မဟုတ်ပါဘူး။ အနာဂတ်မှာ ငါတို့ မကစား_ _ _”
ဝေ့ရှောင်းက နားကြပ်ကို ပစ်ချလိုက်ပြီးနောက် သူ့ကို လှမ်းကြည့်သည်။ သူ၏မျက်လုံးများက တောက်လောင်နေပုံ ပေါ်သည်။
“ယွမ်ဇယ် ပြောတဲ့ မင်း double မကစားနိုင်ဘူးဆိုတာ ဒါကိုပြောတာလား”
လုဖုန်း “_ _ _”
ဝေ့ရှောင်းက သူ၏အသံကို ဖိနှိပ်ထားသည်။
“မင်းက ဖောက်ခွဲနိုင်စွမ်း ပြင်းလောက်အောင် တော်တယ် ဟုတ်ပြီလား”
ယခုလေးတင် ဂိမ်းနိုင်ပြီးသဖြင့် သနားစရာကောင်းသော FTWမှ လူသစ်လေးကို နှစ်သိမ့်ပေးရန် အလို့ငှာ လာသော ကင်ဆွန်းဟွန်းက စကားကို တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရသည်။ “???”
ဝေ့ရှောင်းက စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။
“အဲဒီခွေးအိုကြီးယွမ်ရဲ့ စကားလုံးတွေကိုပဲ အပြည့်အဝ ယုံလို့မရဘူးဘဲ။ သူက မင်းနဲ့ငါ့ကို ရည်ရွယ်ချက် ရှိရှိနဲ့ မကစားခိုင်းတာ ဖြစ်မယ်။ သူက ဘယ်လိုတောင် ခွေးဆန်နေရတာလဲ။ ဟွန့်.. အခြားသူတွေ ပျော်တာကို မလိုချင်တာ ဖြစ်မယ်”
ခွေးအိုကြီးယွမ်ဆိုသော စကားလုံးများက ကင်ဆွန်းဟွန်း၏ စာနာသနားမှုကို အလွန်လေးနက်သွားစေသည်။ သို့သော် နောက်ပိုင်းထွက်လာစေသော စကားလုံးများကမူ _ _ _
ကင်ဆွန်းဟွန်းသည်လည်း ခွေးအိုကြီးအစား ကူညီကာ ရှင်းပြပေးစေချင်သည်။
မင်း သူ့ကို နားလည်မှု လွဲနေပြီ။ ဒီလောင်ယွမ့်က နားလည်မှုလွဲအောင် လုပ်တတ်တာ များတယ်ဆိုပေမယ့်လည်း ဒီတစ်ကြိမ်တော့ မင်း မှားသွားပြီ။
43 05
ဝေ့ရှောင်းသည် အမှန်တကယ်ပင် စိတ်လှုပ်ရှားနေသည်။ ယခင်ကမူ သူသည် လုဖုန်းနှင့် solo ရခြင်းက အလွန်စိတ်လှုပ်ရှားစရာ ကောင်းသည်ဟုသာ ထင်ထားသည်။ သို့သော် double match က ထိုမျှအထိ ထိတ်လန့်သဲဖို ဆန်လိမ့်မည်ဟု မထင်ထားမိပေ။
လတ်စသတ်တော့ ပြိုင်ဘက်နဲ့တွေ့တဲ့အခါ သူ့ရဲ့ဦးခေါင်းခွံက ကြိမ်းတက်သွားစေပြီး ဒီအရိပ်သူခိုးက…သူ့ရဲ့အသင်းဖော်ကိုတောင် တုန်ယင်အောင် လုပ်စေနိုင်တာပဲ_ _ _ ဒါက လုံးဝကို လှုံ့ဆော်ပေးနိုင်တာ အရမ်းကို လှုံ့ဆော်မှုပြင်းတယ်။
ဒီလိုသိသာထင်ရှားတဲ့ အင်အားချင်း ကွာခြားချက်။ ဒီလိုသိသာထင်ရှားတဲ့အင်အား ဒီလိုသဘာဝကျတဲ့ ကွာခြားချက်က သူ့ရဲ့ရှေ့မှာ ရှိနေတာ။
ထိုသို့ဖြင့် သူရဲ့နှလုံးသားထဲမှ အမှီလိုက်ချင်သော အကြောတိုင်းကို တောက်လျောက် နိူးဆွလိုက်နိုင်သည်။
အရမ်းကို အံ့ဩဖို့ ကောင်းတယ်။
သေချာပေါက်ကိုပဲ Closeက သူ့ကို အမြဲတမ်း အံ့ဩစေနိုင်တယ်။
5v5တွင် ထင်သလောက် စိတ်မဝင်စားသော ဝေ့ရှောင်းသည် ယခုအခါ double match ပွဲကို အလွန်အမင်း စိတ်အား ထက်သန် သွားပြန်သည်။
သူသည် 5v5ပွဲ ကစားချင်သည်။ သူသည် Closeနှင့် အသင်းဖော် ဖြစ်ချင်သည်။ သူသည် သူ၏ဓားကို အရပ်မျက်နှာထက် လွှဲယမ်းသော မြင်ကွင်းကိုလည်း ကြည့်ချင်သည်။ ထို့အပြင် Closeနှင့်အတူ သူတို့၏လမ်းကြောင်းတွင် တွေ့သမျှ အရာအားလုံးကိုလည်း ခုတ်ထွင် ရှင်းလင်းသွားချင်သည်။
မဟုတ်သေးဘူး။ သူ ဒါကို သည်းမခံနိုင်တော့ဘူး။
ယခုလေးတင် တွေ့ကြုံခဲ့ရသော double match ပွဲစဉ်တောက်လျောက် သူသည် အံ့ဩနေခဲ့ရပြီး အပြည့်အဝပင် မခံစားလိုက်ရသေးချေ။
ဝေ့ရှောင်းသည်လည်း ကင်ဆွန်းဟွန်းကို သတိထားမိသဖြင့် ချက်ချင်းလိုလို ပြောလိုက်သည်။
“နောက်တစ်ပွဲ”
သူ၏ မြင့်မားသော တောင်တန်းတစ်နေရာမှ အေးစက်စွာ ပွင့်လန်းနေသော အရှိန်အဝါကိုပင် မထိန်းနိုင်လောက်အောင် ဖြစ်သွားသော နတ်ဘုရားကင် “!”
ဝေ့ရှောင်းက အချိန်ကို ကြည့်ပြီးပြောသည်။
“အချိန်ရှိသေးတာပဲ နတ်ဘုရားကင် နောက်တစ်ပွဲလောက် စရအောင်။ အခုလေးတင်_ _ _”
တစ်စုံတစ်ယောက်က သူ၏အင်္ကျီကော်လံကို ဆွဲသည်။ ဝေ့ရှောင်း “အာ”
သူဟာ လှည့်ကြည့်လိုက်သောအခါ သူ၏ခေါင်းဆောင်ကို တွေ့ရသည်။
လုဖုန်း၏ မျက်နှာတွင် မည်သည့်အမူအယာမှ မရှိချေ။ သို့သော် သူ၏မျက်လုံးထဲတွင်မူ တောက်ပသော အလင်းက ရှိနေသည်။ ထိုအလင်းက အေးစက်သော ဆောင်းတွင်းမှ မီးပုံမီးနှင့် တူသည်။
“သွားရအောင်”
သူ၏လေသံထဲတွင် အနည်းငယ် ထစ်ဟမှုပင် ပါသည်။
ဝေ့ရှောင်းဟာ ဘယ်လိုများ လက်ခံနိုင်မှာလဲ။ သူဟာ တောင်းပန်လိုက်သည်။
“ solo မဟုတ်ဘူးလေ ဒီအတိုင်းdouble match ပဲ။ နတ်ဘုရားကင်နဲ့ နတ်ဘုရားယန်တို့နဲ့ပဲ ထပ်ပြီး double match ပွဲ စမယ်လေ”
လုဖုန်း “ပြီးသွားပြီ”
ဝေ့ရှောင်း “နောက်တစ်ပွဲ စလို့ရတာပဲ။ အားလုံးလဲ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူးလေ။ နတ်ဘုရားကင်က လုံလောက်အောင် မတိုက်ခိုက်ရသေးဘူး။ ဟုတ်တယ်မလား နတ်ဘုရားကင်”
သူသည် ကင်ဆွန်းဟွန်းအား အတတ်နိုင်ဆုံး ကြိုးစားပြီး မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည်။
ကင်ဆွန်းဟွန်း “_ _ _ “
စိတ်မရှိပါနဲ့။ သူ လုံလောက်အောင် တိုက်ခိုက်ပြီးပြီ။ သေချာပေါက်ကို လုံလောက်သွားပြီ။
“ဟုတ်”
နည်းပြကပင် မည်သည့် အချိန်ကမှန်းမသိ အပြေးအလွှား ရောက်လာသည်။
“ဂုဏ်ယူပါတယ် _ _ _”
ကင်ဆွန်းဟွန်းက မိုက်ခရိုဖုန်းကို အလျင်အမြန် ယူလိုက်ပြီး ပြိုင်ဘက်များကို ကျေးဇူးတင်သည်။ အသင်းကို ကျေးဇူးတင်သည်။ ပြိုင်ပွဲကော်မတီကို ကျေးဇူးတင်မှုအား တစ်သုတ်တည်း ပြောသွားသည်။ ထိုသို့အားလုံး ပြောပြီးနောက် သူသည် တင်ဆက်သူက သူမ၏ အနှစ်ချုပ် ပြောစကား ပြောမည့်အချိန်ကို မစောင့်တော့လေဘဲ လီဟယ်ယန်ကို ဆွဲခေါ်လျက် ချက်ချင်းဆင်းပြေးသည်။
ဝေ့ရှောင်း “ဟူး”
မသွားပါနဲ့။
တင်ဆက်သူကလည်း ကစားသမားက ပုံမှန်အတိုင်း မကစားမည့် အခြေအနေကို ကြောက်လွန်းသဖြင့် အလျင်အမြန် ပြောလိုက်သည်။
“PROနဲ့ FTWကို အံ့အားသင့်ဖွယ်ကောင်းတဲ့ match ပွဲအတွက် ကျေးဇူးတင်ပါတယ်။ နောက်ပြီး အခု Gloryရဲ့ ၂၀၂၁ ဆောင်းတွင်းလေ့ကျင့်ရေးက တရားဝင်စတင်ပါပြီ”
ထိုစကားလုံးများနှင့်အတူ ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ချေ။
ဝေ့ရှောင်းကလည်း စင်ပေါ်မှ ခေါင်းဆောင်၏ ဆွဲချသွားမှုကို ခံရသည့်တိုင်အောင် လက်မခံလိုသေးချေ။
သူတို့သည် ထိုင်ခုံသို့ ပြန်ရာလမ်းကြောင်းတွင် L&P နားမှ ဖြတ်သွားသောအခါ ဝေ့ရှောင်းက လှမ်းပြောလိုက်သေးသည်။
“ငါ နောင်တ မရဘူး”
ယွမ်ဇယ် “_ _ _ “
ဝေ့ရှောင်းက အသံကို တိုးပြီး ခိုင်မာစွာ ပြောသည်။
43 06
“ငါ သူနဲအမှီလိုက်မှာ ဟွန့် သူ ရပ်ပြီး ငါ့ကို စောင့်စရာ မလိုဘူး”
ထိုစကားက ရိုးရှင်းသည်။ သို့သော် ယွမ်ဇယ်ကို တိုက်ရိုက် ထိုးပစ်လိုက်သည်။
ယွမ်ဇယ်က တစ်ခဏခန့် တောင့်ခဲသွားပြီးနောက် နူတ်ခမ်းများ ကော့တက်ကာ ပြုံးသည်။
သူနဲ့အတူ အမှီလိုက်မယ်။
ရပ်စောင့်စရာ မလိုဘူး။
ဟွန့်…ဘယ်လောက် မောက်မာတဲ့ မျိုးမစစ်ကောင်လဲ။
သူတို့ထဲက ဘယ်သူမှ မလုပ်နိုင်တော့ဘူး။ မင်းက လုပ်နိုင်တယ်လို့ ထင်တာလား။
Garyက ဝေဝေဝါးဝါး နားလည်သွားလိုက်ပုံပေါ်သည်။
“ဝါး အမှီ_ _ _ ဘယ်သူ့ကိုစောင့်”
ယွမ်ဇယ်က ခေါင်းကို လှည့်လျက် သူ၏ကိုယ်ပိုင်အရူးကောင်ကို ကြည့်သည်။
“Gary”
လောင်ချီ “ဟင်”
ယွမ်ဇယ် “မင်း Championship လိုချင်လား”
လောင်ချီ “အင်း”
ယွမ်ဇယ်က သူ၏ပုခုံးကို ပုတ်ပြီး မြေခွေးလို ပြောသည်။
“သွား FTWက Quietကို ငါ့တို့အသင်းထဲကို ပြောင်းပြီး သွားလဲလိုက်။ ဒီလိုဆိုရင် ငါတို့အနိုင်က သေချာတယ်”
အလဲခံရသော ကစားသမား မဖြစ်ချင်သော Gary “???”
ယွမ်ဇယ်က FTWအဖွဲ့ကို လှမ်းကြည့်လိုက်သည်။
ဝေ့ရှောင်း၏ မျက်နှာက ဖော်ပြရန် ခက်ခဲလောက်အောင် စိတ်လှုပ်ရှားနေသည်။ သူသည် အသင်းဖော်များနှင့် ဘာအကြောင်း ပြောနေမှန်း မရှင်းလင်းသော်လည်း အလွန်အူမြူးနေပုံပေါ်သည်။
စင်ပေါ်သို့ မတက်ခင်ကတည်းက စိတ်အခြေအနေ ဆိုးရွားနေသော လုဖုန်းက မျက်မှောင် ကြုတ်ထားခြင်း မရှိတော့ချေ။ သူ၏အေးစက်သော မျက်လုံးက အလင်းဖွားများဖြင့် တောက်ပနေသည်။
ယွမ်ဇယ်က သက်ပြင်းချသည်။
သူတို့ ဒီနှစ်ရဲ့ Global Finalကို တကယ်ကို လိုချင်တာ။
ချန်းဖုန်း၏ ပူပန်မှုများက အလွန်အမင်း ချဲ့ကားလွန်းခြင်းသာ ဖြစ်ကြောင်း အချက်အလက်များက သက်သေပြပြန်သည်။ သေချာစွာပင် သူသည် အရူးလေးဝေ့ကို လုံလောက်အောင် နားမလည်သေးချေ။ သူသည် သာမာန်ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အကဲဖြတ် သုံးသပ်သော နည်းလမ်းများအတိုင်း ထိုအရူးလေးဝေ့အပေါ် သုံးသပ်၍ မရချေ။
double match ပွဲတွင် ရှုံးသွားခဲ့ပြီး ကိုယ်ပိုင်အသင်းဖော်က ဖြစ်စဉ်တောက်လျောက် ဖိနှိပ်မှုကို ခံခဲ့ရသည့်တိုင်အောင် ကြည့်ရှုသူများအားလုံးကလည်း ဆိုးရွားမည်ဟု ထင်ထားသည့် Quietကမူ ထင်သလောက် စိတ်ဓာတ်ကျသွားခြင်း မရှိပေ။ ထို့အစား_ _ _
ဝေ့ရှောင်း “နည်းပြ ငါတို့ ပြန်ရောက်ရင် ငါ့ကို ကူညီပြီး ဂိမ်းကို သုံးသပ်ပေးပါဦး”
ချန်းဖုန်း “_ _ _”
သောက်ကျိုးနည်း မင်းက လူလား။
ဝေ့ရှောင်း “ ငါ နောက်ဆုံးတစ်သုတ်မှာ နည်းနည်လေးတော့ ရလိုက်သလို ခံစားလိုက်ရတယ်။ ဒါပေမယ့် ငါ့ရဲ့လက်အရှိန်က ငါဦးနှောက်နောက်ကို အမှီမလိုက်နိုင်ဘူး။ သေချာပေါက်ကိုပဲ ငါက နတ်စစ်သည်တော်ကို လုံလောက်အောင် မရင်းနှီးသေးဘူး”
နည်းပြတစ်ယောက်ဖြစ်သော ချန်းဖုန်းအနေဖြင့် match၏ ဒုတိယပိုင်းကိုပင် သေချာမကြည့်ခဲ့ချေ။
ဝေ့ရှောင်း “ဒီနတ်ဘုရားစစ်သည်တော်မှာလည်း အားသာချက်တွေ ရှိတယ်။ ငါကသာ နတ်ဘုရားစစ်သည်တော်ကို ခေါင်းဆောင်ရဲ့combo မသုံးခင် အရင်ရွေ့နိုင်ခဲ့ရင်_ _ _ “
သူ၏စကားက မဆုံးသေးခင် လုဖုန်းက သူ၏ခေါင်းကို ဖိချလိုက်သည်။
“ငါတို့ ပြန်တော့မှာ”
ဝေ့ရှောင်း၏ အာရုံက သူ့ဆီ ရောက်သွားသည်။
“ငါတို့ ပြန်ရောက်ရင် အရင်_ _ _ “
လုဖုန်းက ရှေ့သို့ သွားသည်။
“အနားယူမယ်”
ဝေ့ရှောင်းက နောက်မှ လိုက်သည်။
“ solo မဟုတ်ဘူးလေ။ doubleလေ double။ နတ်ဘုရားကင်က မတိုက်ချင်ဘူးဆိုရင် ငါတို့တွေ Asleepကို သွားရှာလို့ ရတယ်။ သူတို့တွေ_ _ _”
လုဖုန်းက ရပ်တန့်သွားသည်။ ဝေ့ရှောင်းကလည်း ရပ်တန့်သွားသည်။
“ခေါင်းဆောင်”
လုဖုန်းက သူ့ကို ကြည့်သည်။
“မင်း”
ဝေ့ရှောင်းက အနည်းငယ် အကြည့်မလွှဲသွားချေ။ သူ၏မျက်လုံးတစ်စုံက တောက်ပပြီး နွေးထွေးကာ လူတစ်ယောက်၏ နှလုံးကို တိုက်ရိုက် ဖောက်ဝင်သွားနိုင်သော စိတ်အားထက်သန်မှု အပူနူန်းက ရှိနေသည်။
လုဖုန်း၏ နှလုံးသားကပင် အပူလောင်သွားသလို ခံစားလိုက်ရပြီး မျက်လွှာ ချလိုက်သည်။
“လက်မခံနိုင်သလို မဖြစ်ပါနဲ့”
ထိုအရာသည် လုဖုန်း၏ နှလုံးသားထဲမှ အထုံးဖြစ်သည်။ ထိုအတွက်ကြောင့်လည်း သူသည် double ကစားရန် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်သည်။
ယူကြုံးမရ ဖြစ်တာ။
သူနှင့် Double ကစားရန် ပူးပေါင်းသော လူတိုင်းက ထိုသို့ ခံစားသွားရသည်။
သူသည်လည်း ထိုလူများနှင့် ပူးပေါင်းချင်သည်။ သို့သော် သူတို့က ထိုသို့ခံစားနေရ၏။ သူသည်လည်း ဂိမ်းပွဲကို နိုင်ချင်သည်။ သို့သော် သူတို့က ပို၍သာ သည်းမခံနိုင်သလို ဖြစ်သွားကြသည်။
သူတို့သည် ရှင်းလင်းစွာပင် အသင်းဖော်များ ဖြစ်သည်။ ရှင်းလင်းစွာပင် လူနှစ်ယောက်၏ တိုက်ပွဲနယ်မြေ ဖြစ်သည်။ သို့သော် လုဖုန်းကမူ သူ၏ဘေးနားတွင် တစ်စုံတစ်ယောက်ရှိသည်ဟု ဘယ်သောအခါမှ မခံစားခဲ့ရဖူးချေ။
သူသည်လည်း မည်သူ့ကိုမှ မတွန်းထုတ် ချင်ခဲ့ဖူးချေ။ သူသည်လည်း မည်သူ့ကိုမှ နောက်တွင် မချန်ထားလိုခဲ့ချေ။
သို့သော် သူ နောက်လှည့်ကြည့်လိုက်သောအခါ သူ၏အနောက်တွင် မည်သူကမှ ရှိမနေခဲ့ပေ။
Gloryသည် teamဂိမ်း ဖြစ်သည်။ Closeသည် FTWကိုပင် ဝယ်ရန်အတွက် ဘာမဆို လုပ်ခဲ့သည်။ သို့ရာတွင် ထိုအသင်းသည် ဘယ်သောအခါမှ သူ့အပိုင် မဖြစ်ခဲ့ချေ။
ဝေ့ရှောင်းက မျက်တောင် ခတ်သည်။
“သည်းမခံနိုင်သလို ဖြစ်တာလား”
43 07
လုဖုန်းက ဝေ့ရှောင်းကို ကြည့်လိုက်သည်။ တစ်ဖက်သူက ထိုသို့ခံစားရပုံ မရချေ။ သို့သော် သူဟာ မေးလိုက်သေးသည်။
သူအနေဖြင့် လေးနှစ်ကာလအတွင်း ပထမဦးဆုံးအကြိမ် အနေဖြင့် ထုတ်မေးဖြစ်ခြင်း ဖြစ်သည်။ သူရရှိသော အဖြေကမူ လူငယ်၏ တောက်ပသော အပြုံးဖြစ်သည်။
“ငါ တော်တော်လေးတော့ သည်းမခံနိုင်အောင် ဖြစ်မိတယ်”
ဝေ့ရှောင်းက သူ့ကို အရူးလိုမျိုး သဲလွန်စ ပေးနေသည်။
“ဘာလို့လဲဆိုတော့ မင်းက ငါ့ကို အဖော်ပြုပြီး ဒုတိယပွဲ မကစားပေးဘူးလေ”
အာ…Closeက နောက်မှာ ချန်ထားခဲ့ရတာ တအားတော်တာပဲ။ သူ ဘယ်တော့မှ လုံလောက်မှာ မဟုတ်ဘူး။
******