အပိုင်း(44) သူ ငါ့ကို လိုက်ချင်တယ်လို့ ခံစားနေရတယ်။
သူတို့သည် ကိုယ်စီအခန်း အသီးသီးသို့ ပြန်ရောက်သွားချိန်တွင် ၁၂နာရီပင် ထိုးနေလေပြီ။
ဝေ့ရှောင်းက လုဖုန်း၏ အခန်းထဲသို့ လိုက်ပါသွားသည်။ လုဖုန်းက သူ့ကို ကြည့်သည်။
“မင်း ရေအရင်ချိုးမလား”
ဝေ့ရှောင်းသည် တက်ကြွသော ကြက်ဖဖြစ်နေခြင်း ဖြစ်သဖြင့် ရေချိုးပြီး မအိပ်နိုင်သေးချေ။
“ခေါင်းဆောင်_ _ _၁၂နာရီပဲ ရှိသေးတာ”
ဝေ့ရှောင်းသည် သူ့အား သဲလွန်စပေးရန် ပြင်းပြင်းထန်ထန် ကြိုးစားပြန်သည်။
လုဖုန်း .. “အင်း အိပ်ဖို့ အချိန်ကျပြီ”
ဝေ့ရှောင်းက လက်သင့် မခံလိုသေးပေ။
“ e sprot မှာ ညဆိုတာ မရှိဘူး”
လုဖုန်းက စိတ်အခြေအနေ ကောင်းမွန်နေပြီး သူ့အား အဖော်ပြုကာ ပေါက်ကရစကား လိုက်ပြောပေးသည်။
“ဒါဆိုရင်လည်း ဒီည မအိပ်နဲ့”
ဝေ့ရှောင်း .. “မအိပ်ဘူး။ ဒါဆိုလည်း မအိပ်ဘူးလေ”
တစ်ညလုံး မအိပ်ဘဲ နေတာက ထမင်းစားရသလို ပုံမှန်ပဲ။
လုဖုန်း .. “ အင်း မင်း နေ့ခင်းဘက် ပြန်အိပ်ပေါ့။ ဒီလိုဆိုရင် ဆောင်းတွင်ဆာဗာဖွင့်ပွဲကို လွတ်သွားတော့မှာပဲ”
ဝေ့ရှောင်း “!”
ဟုတ်သားပဲ။ ဆောင်းတွင်းဆာဗာက မနက်ဖြန် နေ့လည်တစ်နာရီမှာ ဖွင့်မှာ။ သူ အဲဒီကို သွားပြီးတော့ အမှတ်တွေကို တိုက်ခိုက်ရမယ်လေ”
လုဖုန်းက သူ့ကို ကြည့်သည်။
“အိပ်မှာလား”
ဝေ့ရှောင်းက ငိုသည်။
“အာ… အိပ်မယ် အိပ်မယ်။ ငါ အိပ်မယ် ဟုတ်ပြီလား”
သူသည် ကုတင်ပေါ်တွင် ပက်လက်လှန် လှဲချလိုက်ပြီး နေရာတိုင်းတွင် တွန့်လိမ်နေသည်။
လုဖုန်းက အကြည့်ကို ရှင်းလိုက်သည်။
“ရေချိုး”
ဝေ့ရှောင်းက ပြန်ထရန် ပျင်းလွန်းသွားသည်။
“မင်း အရင်ချိုး။ ငါ လုပ်စရာ ရှိသေးတယ်”
လုဖုန်း “ ဟင်”
ဝေ့ရှောင်း “မစိုးရိမ်ပါနဲ့။ ငါက ဂိမ်း မကစားဘူး။ ငါက_ _ _ “
အကြည့်က ပြောင်းသွားပြီး တစ်စုံတစ်ရာကို တွေးမိသွားသည်။
“ငါ ငါ့ရဲ့ကောင်မလေးကို ငါ လုံလုံခြုံခြုံ ရောက်တယ်လို့ ပြောရဦးမယ်”
လုဖုန်း .. “_ _ _”
ဝေ့ရှောင်း၏ သရုပ်ဆောင်မှုသည် ပြစ်ချက်ကင်းသည်။
“ငါ တစ်နေ့လုံး လျှောက်ရှုပ်နေတာ။ သူမကို ဆက်သွယ်ဖို့တောင် အချိန်မရှိသေးဘူး။ သူမက ငါ့ကို စာတွေ အများကြီး ပို့ထားတယ်”
အို့ သူဌေးရေ သူဌေးက အလုပ်များတာ။ သူ တစ်နေ့လုံး သူ့ကိုတောင် လာမရှာဘူး။
လုဖုန်းက သူ၏ဖုန်းကို တိတ်တဆိတ် ကောက်ယူလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားလိုက်ရသည်။
“ဒါဆိုရင်လည်း မင်း လုပ်ချင်တာလုပ်လေ”
ဝေ့ရှောင်းကလည်း အမှန်တကယ် လုပ်စရာမရှိပါချေ။
“ကောင်းပြီ”
လုဖုန်းက ရေသွားချိုးသည်။
လုဖုန်းက သူ၏ဆဲလ်ဖုန်းကို ထုတ်ပြီး သူ၏သူဌေးဖြစ်သူ၏ ဆက်သွယ်ရမည့် အချက်အလက်ကို ရှာဖွေသည်။ သူသည် အချိန်အတန်ကြာအောင် စောင့်နေခဲ့ပြီးသည့်တိုင်အောင် စာတစ်စောင်ပင် မပို့ဖြစ်ခဲ့ချေ။
သူသည် လေ့ကျင့်ရေးနှင့် အလွန်အလုပ်များနေပြီး သူဌေးအတွက် တစ်နာရီပင် မချန်ပေးနိုင်လောက်ချေ။
သူဌေးက ဒီနေ့ သူ့ကို မဆက်သွယ်တာလည်း ကောင်းတာပဲ။ သူသာ တကယ်လာရှာမယ် ဆိုရင် အဲဒီနောက် _ _ _
ဝေ့ရှောင်းသည် ပိုက်ဆံ ပြန်ပေးလာချင် ပြန်သည်။ သူသည် သူဌေး၏လုပ်ရပ်ဟာ အမြဲတစေ မမှန်ကန်သည်ဟု ခံစားနေခဲ့ရသည်။
သူက ဖုန်းပြန်ချတော့မည့် အချိန်တွင် ဗြိကနဲ မြည်လာသည်။
ဝေ့ရှောင်းက တစ်ချက်ဖွင့်ကာ ကြည့်လိုက်ပြီးပြီးချင်း မတ်တပ်ထရပ်မိသွားသည်။
သူ့အကြောင်းပြောမှ သူက ရောက်လာပြီ။
သူ့ရဲ့သူဌေးပဲ။
ဘာလုပ်ရမလဲ။
ဝေ့ရှောင်းက ဖွင့်ကြည့်ရမည့် အရေးကိုပင် ကြောက်နေမိ၏။
44 02
သူဌေးက သူ့ကို ဂိမ်းကစားရန် လာရှာမည့် အခြေအနေကို စိုးရိမ်မိသွားသည်။
လု “အိပ်နေပြီလား”
ဝေ့ရှောင်း “တစ်ခဏခန့် တွေးတောပြီး ပြန်ဖြေလိုက်သည်။
“မအိပ်သေးပါဘူး”
သူဌေးက ဂိမ်းကစားချင်လျှင် သူသည် လောင်ပိုင်၏ အခန်းသို့ သွားပြီး ကွန်ပျူတာ ငှားရပေမည်။
လု “ငါ ဒီရက်တွေအတွင်း ခရီးသွားနေတာဆိုတော့ ကစားနိုင်မှာ မဟုတ်ဘူး”
ဝေ့ရှောင်းက ချက်ချင်းလိုလိုပင် ပျော်သွားသည်။ သူသည် အမှန်တကယ်ပင် မဟာကံကောင်းလွန်းသည်ဟု ခံစားရသည်။ သူက အလုပ်များနေသည်။ သူဌေးကလည်း အလုပ်များနေသည်။
ကောင်းလိုက်တာ။
“ကောင်းပြီ ကောင်းပြီ”
ဝေ့ရှောင်းက ခပ်မြန်မြန် ပြန်သည်။
“မင်း ပြန်လာမှ ငါ မင်းကို အမှတ်တွေယူဖို့ ခေါ်သွားပေးမယ်”
လု “ကောင်းပြီ”
ဝေ့ရှောင်းက တက်တက်ကြွကြွ မေးမြန်းရန် ကြိုးစားလိုက်သည်။
“ဆိုတော့ သူဌေး သူဌေး ဘယ်လောက်ကြာကြာ ခရီးသွားမှာလဲ”
လု “နှစ်ရက်၊ သုံးရက်”
ဝေ့ရှောင်း “ _ _ _”
ဒါလည်းကောင်းတာပဲ။ ဒါကလည်း ကောင်းတယ်။ သူ အနည်းဆုံး နှစ်ရက်၊ သုံးရက်လောက်တော့ ဒီမှာ အခြေကျအောင် လုပ်နိုင်သေးတယ်။ အဲဒီနောက်မှ ဒီနေရာက အခြေအနေနဲ့ အခြေကျအောင် လုပ်ပြီး သူဌေးကို တစ်နေ့တစ်နာရီလောက် အဖော်ပြု ပေးလိုက်မယ်လေ။
အကျိုးအကြောင်းကျကျ စကားပြောရာတွင် သူတို့သည် ပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရည် ရှိသည်။ သူတို့နှစ်ယောက်လုံးက စကားပြော ရပ်လိုက်ကြသည်။
သူတို့နှစ်ယောက်လုံးသည် အရွယ်ရောက်ပြီးသူများသာ ဖြစ်သည်။ ဂိမ်းအကြောင်း မပါလျှင် ပြောစရာ စကားများ မရှိတော့ချေ။
သို့သော် လုသည် စာထပ်ပို့မည်ဟု မည်သူကမှ မထင်ထားပါချေ။
“ငါ မင်းနဲ့ စကားခဏလောက် ပြောလို့ရမလား”
ဝေ့ရှောင်း “!”
သူသည် ခပ်မြန်မြန် စခရင်ရှုရိုက်ပြီး ပိုင်ချိုင်ကို တစ်စက္ကန့်အတွင်း ပို့လိုက်သည်။ ပိုင်ချိုင်က စာမပြန်ချေ။
ဝေ့ရှောင်းက သူ၏အာရုံကို အသံမက်ဆေ့ချ်နှင့် စာရိုက်ရင်း ရူးသွပ်စွာ ဖမ်းစားပြန်သည်။
“လောင်ပိုင် လောင်ပိုင် ငါ့ကို ကယ် ငါ့ကို ကယ်”
ပိုင်ချိုင်သည် သူ၏အဖိုးတန် ခရီးဆောင်အိတ်လေးကို ဖွင့်ပြီး သူ၏အသစ်စက်စက် ဝယ်ထားသော LV ညအိပ်ဝတ်စုံကို ထုတ်ပြီးကာစ ဖြစ်သည်။ သူသည် ရေပူချိုးရန် အသင့်ပြင်နေ၏။
“ဘာလဲ”
ပိုင်ချိုင်က ဖုန်းကို ကောက်ယူလိုက်ပြီး သူ၏ပုခုံးနှင့် တစ်ချက် ဖိကပ်ထားလိုက်သည်။
ဝေ့ရှောင်းက အသံကို တိုးရင်း ပြောသည်။
“မင်းရဲ့ဝိချက်စာကို ကြည့်စမ်း”
သူသည် လုဖုန်းက ကြားသွားမည့် အခြေအနေကို စိုးရိမ်မိသည်။
ပိုင်ချိုင်ကမူ အလေးအနက် မထားပေ။ သူသည် သူ၏ညအိပ်အင်္ကျီအသစ်ပေါ်မှ tagကို ညှပ်ပင်မညှပ်ရသေးသဖြင့် ဖယ်ထုတ်ရန် ကြိုးစားနေလိုက်သည်။
“ညလယ်ခေါင်ကြီး မင်းက ဘာအရှုပ်အထွေးတွေ လုပ်ပြန်ပြီလဲ”
ဝေ့ရှောင်းက အလွန်စိုးရိမ်နေသည်။
“မြန်မြန်လေး ကြည့်စမ်းပါ။ ဒါက တစ်သောင်းရာခိုင်နူန်း အရေးပေါ်နော်”
ပိုင်ချိုင်က ဖုန်းကို ဆွဲကြည့်နေရင်း သူ၏လေဘယ်ကို ဖြတ်နေလိုက်သည်။ ထို့နောက်_ _ _
“ shit “
သူ၏လက်က တွန့်သွားပြီး ထိုလေဘယ်ကို သေချာမညှပ်နိုင်ပဲ အင်္ကျီကို အပေါက်ဖြစ်အောင် ညှပ်မိသွားသည်။ သေစမ်း သူ အသစ်စက်စက် ဝယ်ထားတဲ့ ညအိပ်ဝတ်စုံလေး။
သေစမ်း။ သူ့ရဲ့ယွမ်တစ်သောင်းသုံးထောင်။
ထို့နောက် သူ၏မိုဘိုလ်ဖုန်းတွင် စခရင်ရှုက ပေါ်နေ၏။ ထို့နောက် ဝေ့ရှောင်း၏ ချဲ့ကားလွန်းသော စကားများက ပါလာသည်။
“သွားပြီ သွားပြီ လောင်ပိုင်။ ငါတော့ သွားပြီ ထင်တယ်။ ငါ့ရဲ့သူဌေးက ဂေးဖြစ်လောက်မယ်။ သူ ငါ့ကို ကြိုက်နေတာ”
သူ့ရဲ့နှစ်သန်းက အဖော်ပြု ကစားသမားကို ရှာတာ မဟုတ်လောက်ဘူး။ သူ ကောင်လေး ရှာတာပဲ ဖြစ်မယ်”
ဒါမှမဟုတ် တစ်ဖက်သတ်များလား။
“မဟုတ်သေးပါဘူး။ မဟုတ်သေးပါဘူး။ မဟုတ်သေးပါဘူး။ သူရဲ့သူဌေးက ဒီလိုမျိုး မဟုတ်လောက်ဘူး။ သူက စင်ဂယ်ပဲ ဖြစ်ရမယ်။ သူ င့ါကို လိုက်ချင်တာ ဖြစ်ရမယ်”
“လောင်ပိုင် ငါ ဘယ်လိုလုပ်ရမလဲ။ ငါ သူ့ကို ဘယ်လိုငြင်းရမလဲ”
44 03
အမှန်တိုင်းပြောရသော် စခရင်ရှုကို နှိပ်မဖွင့်ခင်ကတည်းက စာပါ အကြောင်းအရာများကို ကြည့်ရုံနှင့် ပိုင်ချိုင်က လုဖုန်းက ဝေ့ရှောင်းကို သူသည် လုဖြစ်ကြောင်းကို ဝန်ခံလိုက်ကြောင်းကို တွေးမိလိုက်သေးသည်။
ထိုအတွေးကြောင့် သူ၏လက်က တုန်ယင်သွားပြီး အဝတ်ကို အပေါက်ဖြစ်အောင် ညှပ်လိုက်မိခြင်း ဖြစ်သည်။
သူသည် သူ၏အဝတ်ကိုပင် စိုးရိမ်ရန် အချိန်မရှိသေးချေ။ ဝေ့ရှောင်း၏ ပါးစပ်မှ စကားလုံးများက သူ့အား အိပ်ယာတွင်ပင် သေဆုံးသွားအောင် လုပ်လိုက်မည့် အခြေအနေကိုပင် ကြောက်လန့်နေမိသည်။ သူသည် ခပ်မြန်မြန်ပင် ဖုန်းကို ကောက်ယူလိုက်ပြီး ဂရုတစိုက်ကြည့်သည်။
စာကိုဖတ်ပြီးနောက်_ _ _
“မအေ_ _ _ ဝေ့ရှောင်း ငါ့ရဲ့သောက်ကျိုးနည်း အင်္ကျီဖိုး ပြန်ပေးရမယ်”
ပိုင်ချိုင်၏ နူတ်ခမ်းထောင့်များက တွန့်သွားသည်။
“သူက ဒီအတိုင်း မင်းနဲ့ စကားပြောဖို့ ရှာတာ။ မင်းရဲ့ဦးနှောက်က အတွေးလွန်နေတာ”
ရှုပ်လိုက်တာ။
ဝေ့ရှောင်း၏ ဦးနှောက်က ကြည်လင်နေသည်။ သူသည် အလွန်အမင်း အကင်းပါးသည်။
“နိုးထစမ်း သူနဲ့ငါ နှစ်ယောက်လုံးက အမျိုးသားတွေပဲ။ ဂိမ်းကစားတာအပြင် ဘာပြောစရာ ရှိမှာလဲ”
ပိုင်ချိုင် “_ _ _”
သောက်ကျိုးနည်း ငါက ဘယ်လိုလုပ် သိမှာလဲ။
ဝေ့ရှောင်းက ခွဲခြမ်းစိပ်ဖြာကြည့်သည်။
“အခု ငါတို့နှစ်ယောက်ကို ကြည့်စမ်းပါ။ ဂိမ်းအပြင် မင်း ငါနဲ့ ဘာပြောစရာရှိလဲ”
ပိုင်ချိုင် “ဒါက_ _ _”
ဝေ့ရှောင်းက အံ့ဩသွားသည်။
“မင်းလည်း ငါ့ကို ကြိုက်နေတာတော့ မဟုတ်ပါဘူးနော်။ ဟုတ်တယ်မလား”
ပိုင်ချိုင် “အား သွားစမ်း”
င့ါရဲ့သောက်ကျိုးနည်း အင်္ကျီဖိုး ပေးစမ်းပါ။
ဝေ့ရှောင်းကမူ ထွက်သွားသည်။
“မင်းနဲ့တွေ့တာနဲ့ ပြောစရာ မရှိဘူး”
ပိုင်ချိုင်၏ ဦးနှောက်က နာလာသည်။ သို့သော် သူသည် ခေါင်းဆောင်၏ အကြံအစည်ကို မရှုပ်ရဲသဖြင့် ဝေ့ရှောင်းကိုသာ လှည့်စားရသည်။
“မင်း အတွေး များလွန်းနေတာ။ မင်းရဲ့သူဌေးက ဒီလောက် ချမ်းသာနေတာ။ သူသာ ကောင်လေးရှာချင်တယ်ဆိုရင် ဘာလို့ တစ်ယောက်ယောက်ကို မရှာနိုင်ရမှာလဲ”
ဝေ့ရှောင်း “သူက ဂိမ်းကစားတတ်တဲ့သူကို ရှာချင်တာဆိုရင်ရော”
ပိုင်ချိုင် “ _ _ _”
ဝေ့ရှောင်း “ငါ့ကို ကြည့်စမ်းပါ။ ငါက တအားတော်တယ်။ ဆွဲဆောင်မှုလည်း ရှိတယ်။ ငါက စကားလည်း ပြောတတ်တယ်။ လူကိုလည်း ချော့တတ်တယ်။ နောက်ပြီး ‘ဒီပန်ဒါလေးက မင်းအပိုင်ပဲ။ နောက်ပြီး မင်းက ငါ့အပိုင်’ဆိုပြီး အချစ်စကားတွေကိုလည်း ပြောတတ်သေးတာလေ။ အင်း _ _ _ “
ပိုင်ချိုင်သည် အလွန်စိတ်သောက ရောက်နေပြီ ဖြစ်သည်။
“ဒါဆိုရင်လည်း ဘာလို့ သူ့ကို တိုက်ရိုက် မမေးလိုက်တာလဲ”
ဝေ့ရှောင်း၏ ဦးနှောက်ကွန်ပျူတာက အေးခဲသွားပြီး ချက်ချင်းပြန်မဖြေတော့ချေ။
ပိုင်ချိုင်က အချိန်အတန်ကြာအောင် စောင့်သည်။ သူသည် စိုးရိမ်လွန်းသဖြင့် ? ပင် ပို့လိုက်သေးသည်။
အချိန်တစ်မိနစ်ခန့် ကြာပြီးနောက် ဝေ့ရှောင်းက ပြန်ဖြေသည်။
“ငါ အဆင်ပြေတယ်။ ငါ အဆင်ပြေတယ်”
ပိုင်ချိုင် “???”
ဝေ့ရှောင်း “ ဘာမှမဟုတ်ဘူး။ ဘာမှမဟုတ်ဘူး။ ငါက ဒီအတိုင်း အတွေးများသွားလို့။ စောစောအိပ်ယာဝင်တော့”
ပိုင်ချိုင်က ပေါက်ကွဲသည်။
“အခုချက်ချင်း လာပြီး ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်း”
ဒီလိုမျိုး လူကို တန်းလန်းထားတတ်တဲ့ အကျင့်ဆိုးကို ဘယ်နေရာက သင်လာတာလဲ။
ဝေ့ရှောင်းသည် ပိုင်ချိုင်ကို နောက်ထပ် စခရင်ရှော့တစ်ခု ပို့သည်။
“လတ်စသတ်တော့ ငါ့ရဲ့သူဌေးက e sprot အသိုင်းအဝိုင်းအကြောင်း သိချင်ရုံပဲ”
ပိုင်ချိုင်က ဓာတ်ပုံကို နှိပ်ဖွင့်လိုက်ပြီးနောက် စာပါအကြောင်းအရာများကို ဖတ်လိုက်သည်။
လု .. ” ငါက အသိုင်းအဝိုင်းကို အရမ်းစိတ်ဝင်စားတယ်။ မင်းက ပရော်ဖက်ရှင်နယ် ကစားသမားဆိုကတည်းက ငါတို့တွေ အခွင့်အရေး ရတဲ့အခါ စကားများများ ပြောသင့်တယ်”
ပိုင်ချိုင် “..”
ဝေ့ရှောင်း “ ငါ့ရဲ့သူဌေးက e sprot ကလပ် တစ်ခုခုမှာ ရင်းနှီးမြှပ်နှံချင်တယ်လို့ ငါ ခန့်မှန်းမိတာပဲ။ ကျွတ် ကျွတ် သူက တကယ်ကို အောင်မြင်နေတဲ့ အမျိုးသားပဲ”
ပိုင်ချိုင်သည် တခဏခန့် တိတ်ဆိတ်သွားသည်။
“မင်းရဲ့သူဌေးက တကယ်ကို အသက်မွေးဝမ်းကြောင်းမှာ အောင်မြင်နေတယ်။ ဒါပေမဲ့ သူက ကလပ်မှာ ရင်းနှီးမြှပ်နှံထားတာ မဟုတ်ဘူး။ တစ်ခု ပိုင်ထားတာ”
ဝေ့ရှောင်း “ငါ မင်းနဲ့စကား ပြောမနေတော့ဘူး။ ငါ ငါ့ရဲ့သူဌေးကိုပဲ အကြောင်း e sport မိတ်ဆက်ပေးတော့မယ်”
44 04
ပိုင်ချိုင် “အင်း”
သူသည် Closeဟာ တစ်ရက်တွင် e sprt အကြောင်းအရာများကို မိတ်ဆက်ပေးရန်အတွက် လူသစ်တစ်ယောက်ကို မည်ဟု မတွေးရဲခဲ့ချေ။
ပိုင်ချိုင်က ရှေ့ပြန်၊နောက်ပြန် ကြည့်သည်။ သို့သော် နားမလည်နိုင်သေးချေ။
သူသည် ခေါင်းဆောင်အား ဒီလိုအခြေအနေမျိုးအတွက်ပင် ကူညီပေးရန် လိုအပ်နေသေးသည်။ ဝေ့ရှောင်း ပြောခဲ့သလိုမျိုး သူ့ကို တကယ်လိုက်နေခြင်းပင် ဖြစ်နိုင်၏။
ဝေ့ရှောင်းက အိပ်ယာပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ မသိလိုက်မသိဘာသာပင် လုနှင့် နာရီဝက်ခန့်နီးပါး စကားပြောဖြစ်သွားသည်။
သူသည် e sport အသိုင်းအဝိုင်းကို အလေးအနက် အနှစ်ချုပ်ကာ ပြောပြလိုက်သေးသည်။ ထို့အပြင် လက်ရှိလေ့ကျင့်ရေး ပွဲစဉ်များအကြောင်းကိုပင် မိတ်ဆက်ပေးလေသည်။
လု၏ ကြုံသလို လမ်းညွှန်ပေးမှုအောက်တွင် သူသည် သူ၏ကိုယ်ပိုင် အံ့အားသင့်ဖွယ် ကောင်းသော ကစားဖော်များကိုပင် အကျယ်ချဲ့ကာ ပြောမိသွားသေးသည်။
သူက ထိုသို့ပြောနေသည့် အခိုက်အတန့်တွင် Closeနှင့် ပတ်သက်သည့် အကြောင်းအရာများကလည်း သေချာပေါက် ပေါ်လာသည်။
လု .. “double matchပွဲမှာ ရှုံးသွားတော့ ခံစားချက်ဆိုးလား”
ဝေ့ရှောင်း..“ဘာများခံစားချက် ဆိုးမှာလဲ။ သူဌေး မင်း နားမလည်ပါဘူး။ စစ်သူကြီးတွေအတွက် နိုင်တယ်၊ ရှုံးတယ်ဆိုတာက သာမန်ကိစ္စပဲ။ ဘယ်လိုလုပ် တစ်ချိန်လုံး နိုင်နေမှာလဲ”
လု .. “ငါ့ကို သူဌေးလို့ မခေါ်နဲ့။ ငါ့ကို_ _ _ ကောင်းပြီ ငါ့ရဲ့မျိုးရိုးနာမည်အတိုင်း လုလို့ပဲခေါ်”
ဝေ့ရှောင်းက ရေချိုးခန်းထဲသို့ ချောင်းကြည့်လိုက်ရင်း စာရိုက်သည်။
“မင်း မသိလောက်ဘူး။ ငါ့ရဲ့ခေါင်းဆောင်ရဲ့ မျိုးရိုးနာမည်ကလည်း လုပဲ”
နာရီဝက်ခန့်နီးပါး ရေချိုးခန်းထဲ နံရံကို မှီကာနေရသော တစ်ယောက်သော ခေါင်းဆောင် .. “ငါ တကယ်သိတယ်”
လု “လက်ခံလိုက်တော့”
ဝေ့ရှောင်းသည် သူတို့နှစ်ယောက်သည် ယခုအခါ ရင်းနှီးနေပြီဟု တွေးလိုက်သည်။ ထို့ကြောင့် သူဌေးဟု တစ်ချိန်လုံး ခေါ်နေခြင်းကလည်း အနည်းငယ် ကို့ရိုကားယားနိုင်သည်။ ထို့ကြောင့် သာမာန်ကာလျှံကာ ဖြစ်သလို ပြောလိုက်သည်။
“ဒီလိုဆိုရင်လည်း ငါမင်းကို လုကောလို့ ခေါ်မယ်”
လုဖုန်း “_ _ _”
ဝေ့ရှောင်းက ဆက်ပြောသည်။
“မင်းကသာ အနာဂတ်မှာ ကလပ် တစ်ခုခုမှာ ရင်းနှီးမြှပ်နှံချင်တယ်ဆိုရင် ရှုံးမှာကို မကြောက်နဲ့။ အထူးသဖြင့် လေ့ကျင့်ရေးအချိန်တွေနဲ့ သာမာန်ပွဲစဉ်တွေမှာပေါ့။ မင်း ရှုံးသွားရင် ပြဿနာကို ရှာတွေ့နိုင်တာပဲ။ ပြဿနာရှာတွေ့တာနဲ့ ဖြေရှင်းလို့ ရပြီ။ ဖြေရှင်းလိုက်ပြီဆိုတာနဲ့ play off တွေမှာ ဘယ်လိုမျိုး ပြင်းပြင်းထန်ထန် ကြိုးစားမလဲဆိုတာကို တွေးလို့ရပြီ”
သာမာန် season သည် point စနစ်ကို ကျင့်သုံးသည်။ ဂိမ်းအနည်းငယ် ရှုံးခြင်းကလည်း သာမာန်ဖြစ်နေသေးသည်။ တရုတ်ပြိုင်ပွဲနယ်မြေတွင် grand slanဟု ခေါ်သော အရာသည် FTW၏ နတ်ဘုရားများ အသင်းကသာ ရအောင်လုပ်နိုင်ခဲ့သော အရာဖြစ်နေသေးသည်။
Play off များသည် ရှုံးထွက်စနစ်ကို အခြေခံအားဖြင့် ကျင့်သုံးခဲ့သည်ဖြစ်ပြီး အသင်းက ရှုံး၍ မရချေ။
သို့သော် မနေနိုင်ဘဲ မေးလိုက်သည်။
“ဒါဆိုရင် မင်းဒီနေ့ ပြဿနာကို ရှာတွေ့လား”
ဝေ့ရှောင်း “ငါ တွေ့တာပေါ့”
လု “ဟင်”
ဝေ့ရှောင်း” ငါ အရမ်းကို အမှိုက်ဆန်လွန်းတယ်။ ငါက လုံလောက်အောင် မတော်ဘူး။ ခေါင်းဆောင်နောက် အမှီမလိုက်နိုင်ဘူး_ _ _ သူဌေး အို လုကော မင်းတော့ သိမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ခေါင်းဆောင်က တကယ်တော်တာ။ ငါ အရင်ကသူနဲ့ solo ရတာကို အလွန်သဘောကျတာလေ။ သူ့ကို ပြိုင်ဘက်တစ်ယောက် အနေနဲ့ ရိုက်နှက်ရတာက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့ ထင်နေတာ။ ငါ အမြဲတမ်း သူ့ကို နိုင်ချင်နေတာ။ ဒါပေမဲ့ ဒီနေ့ ငါ သူ့ရဲ့အသင်းဖော် ဖြစ်တာက ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတာ သိလိုက်ရတယ်။ မင်း မသိဘူးနော်။ ငါ သူ့နားမှာ ရှိနေတဲ့အချိန်မှာ အင်အားချင်း ကွာခြားချက် ကြီးတာမျိုးကို နက်နက်ရှိုင်းရှိုင်း ခံစားမိလိုက်တာပဲ”
44 05
အချိန်က ၁၂နာရီ ၄၀ ဖြစ်နေလေပြီ။ လုဖုန်း၏ အိပ်ယာဝင်ချိန် ကျော်နေလေပြီ။ သို့သော် _ _ _
လုဖုန်း၏ လက်ချောင်းထိပ်များက မိုဘိုင်းလ်ဖုန်း၏ မျက်နှာပြင်ပေါက် တစ်တောက်တောက် ရိုက်နေသေးသည်။
“ဆိုတော့ မင်းက အခု သူ့ကို နာကျင်စေရုံတင် မဟုတ်သေးဘဲ သူနဲ့အတူတူ တိုက်ခိုက်ချင်နေတာပေါ့”
ဝေ့ရှောင်းပေါင်ကို ဖြောင်းကနဲ ရိုက်သည်။
“ဟုတ်တယ်။ လုကော မင်းရဲ့စကားလုံးတွေက အရမ်းကို သိသာလွန်းတယ်။ ငါ သူနဲ့ဘေးချင်းယှဉ်ရက် တိုက်ခိုက်ချင်တာ။ သူရဲ့ဘေးနားမှာနေပြီး အရပ်မျက်နှာအနှံ့ သတ်စွမ်းရည်ရှိတယ် ဆိုတာက တအားလန်းတာပဲ”
လု “မင်း လုပ်နိုင်ပါတယ်”
ဝေ့ရှောင်း၏ အမြှီးက မြှောက်တက်ကာ ခါရမ်းသွားသည်။
ဒါပေါ့ ငါက အင်အားကြီးတယ်။
ယခင်က Closeသည်လည်း ဝေ့ရှောင်းက သူကို နိုင်နိုင်သည်ဟု ပြောထားသည်။ ယခုအခါ သူသည် Closeအား သူ၏အသင်းဖော် အစစ်အမှန်အသင်းဖော် ဖြစ်နိုင်သည်ဟု ပြောသော စကားကို လိုချင်ပြန်သည်။
အဲဒီလိုဆိုမှ_ _ _
ဝေ့ရှောင်းက ပြောသည်။
“ခေါင်းဆောင် ရေချိုးလို့ ပြီးပြီလား”
လုဖုန်း “_ _ _”
အချိန်က မိနစ်၄၀ကြာသွားလေပြီ။ ခေါင်းဆောင်က ဘယ်လိုရေကို ချိုးနေတာလဲ။
သူက ပဲစေ့မင်းသမီးလား။
မဟုတ်သေးပါဘူး။ ရေသံလည်း မကြားသလိုပဲ။
ဝေ့ရှောင်း၏အသံက သိချင်စိတ် ပြင်းပြလာသည်။
“ခေါင်းဆောင်”
လုဖုန်းက ထွက်လာသည်။
“ငါ ပြီးပြီ”
ပြောရမည်ဆိုလျှင် သူသည် ညအိပ်ဝတ်စုံသာ လဲရန်ဖြစ်သည်။
ဝေ့ရှောင်း “ဘာလို့ ရေသံမကြားတာလဲ”
လုဖုန်းက တိတ်ဆိတ်သွားသည်။
“အသံလုံတာကိုး”
ဝေ့ရှောင်းကမူ မယုံနိုင်သလို ခံစားလိုက်ရသည်။
“အဆင့်မြင့် အပန်းဖြေဟော်တယ် ဆိုတဲ့အတိုင်းပဲ တကယ်ခြားနားတာကိုး”
လုဖုန်းသည် ခြောက်ကပ်နေသော ရေချိုးခန်းအကြောင်း ပြန်တွေးမိပြီး ပေါက်ကရ ပြောမိသည့်အတွက် နောင်တရသွားသည်။ ကံကောင်းသည်မှာ ဝေ့ရှောင်းကလည်း ရေချိုးချင်စိတ် မရှိပေ။ သူက အိပ်ယာပေါ်မှ ခုန်ထွက်လိုက်ရင်း ပြောသည်။
ခေါင်းဆောင် အရင်အိပ်လိုက်ဦး။ ငါ အပြင် ထွက်လိုက်ဦးမယ်”
လုဖုန်း.. “_ _ _”
ဝေ့ရှောင်းက သူ့ကိုယ်သူ ရှင်းပြသည်။
“မစိုးရိမ်ပါနဲ့။ ငါ ၂နာရီဆိုရင် ပြန်လာမယ်။ မနက်ဖြန် အမှတ်ယူတဲ့နေရာမှာ မနှောင့်နှေးစေရဘူး”
သူသည်လည်း မတတ်နိုင်ပေ။ သူသည် သူဌေးနှင့် စကားပြောပြီး စိတ်လှုပ်ရှားသောကြောင့် မအိပ်နိုင်တော့ပေ။ ထို့ကြောင့် နည်းပြကို သွားရှာပြီး ဂိမ်းကို ရီဗျူးလုပ်ခိုင်းရမည်။ ဒီနေ့ doubleပွဲတွင် အကြောင်းအရာကိစ္စများသည်။ ထို့ကြောင့် သူသည်လည်း ကောင်းကောင်း သိချင်နေသည်။
အမှန်တကယ် လေ့ကျင့်မှု အတွင်းသာ စိတ်လွှင့်ခြင်းမရှိဘဲ လျှောက်ပြောနေလျှင် အမှိုက်စကားသာ ဖြစ်ပေလိမ့်မည်။ သူသည် ခေါင်းဆောင်နှင့် ပူးပေါင်းချင်သည်ဟု ဒီအတိုင်း ထိုင်ပြော၍ မရချေ။ အမှန်ကတယ် လှုပ်ရှားရန် လိုအပ်လေသည်။
သူသည် ဂိမ်းကို စတင်ကာ ရီဗျူး လုပ်ရပေမည်။
လုဖုန်းက သူ့ကို မေးချင်သည်။
“ဘယ်နေရာကို သွားမှာလဲ”
ဝေ့ရှောင်းက ရိုးရိုးသားသား ဝန်ခံသည်။
“နည်းပြကို သွားရှာပြီး ရီဗျူးလုပ်မလို့”
လုဖုန်းက သူ့ကို တားမည့်အခြေအနေကို စိုးရိမ်သဖြင့် ဝေ့ရှောင်းက ခပ်မြန်မြန် ပြေးထွက်သွားသည်။
လုဖုန်း၏ မိုဘိုင်းလ်ဖုန်းက အသံတုန်ခါလာသေးသည်။
ရှောင်ရှောင်း.. “လုကော ငါ လုပ်စရာတစ်ခုရှိလို့ အရင်သွားတော့မယ်”
လုဖုန်း” အင်း”
“ငါလည်း ရေချိုးတော့မှာ”
ရှောင်ရှောင်း “နောက်တစ်ကြိမ်မှ ထပ်ပြောတာပေါ့”
လုဖုန်း “ကောင်းပြီ”
ဝေ့ရှောင်းက ချန်ဖုန်း၏ တံခါးကို သွားခေါက်သည်။ တံခါးဖွင့်လာသောသူက ထန်ချန်းဖြစ်သည်။
44 06
“မအိပ်သေးဘူးလား”
ဝေ့ရှောင်းက ဝင်လာသည်။
“နည်းပြ”
ချန်းဖုန်းသည် ကွန်ပျူတာ၏ရှေ့တွင် ဗီဒီယို ရီပလေးကို ပြန်ကြည့်နေခြင်း ဖြစ်သည်။
သူသည် FTW ၏ လေ့ကျင့်ရေး match ပွဲကိုလည်း ကြည့်ခဲ့ဖူးသည်။ နည်းပြတစ်ယောက် ဖြစ်ခြင်းက စကားပြောရုံနှင့် ပြီးသော ကိစ္စမျိုးမဟုတ်ချေ။ သူသည် ကစားသမားများကဲ့သို့ အချိန်အတန်ကြာအောင် လေ့ကျင့်ရန် မလိုအပ်သော်လည်း ကစားသမားများနည်းတူ ပင်ပန်းတတ်သည်။ ယခုလိုမျိုး ရီဗျူးလုပ်ပေးသော ကဏ္ဍသည် နာရီပေါင်းများစွာ ကြာတတ်သည်။ နည်းပြတစ်ယောက် အနေနှင့် ဆယ်နာရီနည်းပါး ကြိုတင်ပြီး ပြင်ဆင်ထားရသေးသည်။ ထိုအခါမှသာ ပို၍ကောင်းမွန်လွန်းသော ရီဗျူးပေးသည့် ဖြစ်စဉ်ကို လုပ်ပေးနိုင်မည် ဖြစ်သည်။
ချန်ဖုန်းက သူ့ကို လှည့်ကြည့်သည်။
“ဘာလဲ”
ဝေ့ရှောင်းက ပါးများ မို့တက်သွားသည်အထိ ရယ်သည်။
ချန်းဖုန်းသည် မကောင်းသော ခံစားချက်ကို ရလိုက်ပြီဖြစ်သည်။
“သွား ပြန်အိပ်တော့။ ပွဲအတွက် double ပွဲအတွက် ရီဗျူးလုပ်စရာ မလိုဘူး”
သူသည်လည်း ထိုကောင်လေး၏ မျက်လုံးကို ကြည့်လိုက်ရုံဖြင့် ဘာလုပ်ချင်မှန်း နားလည်သည်။
ဝေ့ရှောင်းက ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။
“ငါ့မှာ ရီပလေး ရှိတယ်”
ချန်းဖုန်းက အံ့ဩသွားသည်။
“မင်း ဘယ်နေရာက ရလာတာလဲ”
ပြိုင်ပွဲကော်မတီတွင် သေချာပေါက် ရှိပေလိမ့်မည်။ သို့သော် အချိန်ဟာ နောက်ကျလွန်းနေသောကြောင့် သွားတောင်း၍ မရလောက်ချေ။
ဝေ့ရှောင်းက ပိုင်ချိုင်ကို ဖုန်းလှမ်းဆက်လိုက်သည်။
“လောင်ပိုင်”
ပိုင်ချိုင်က သူ၏ညအိပ်ဝတ်စုံလေးကို ချုပ်ပြီးကာစ ဖြစ်သည်။
“ဘာလဲ”
သောက်ကျိုးနည်း ခွင့်လွှတ်ပေးဖို့ မတန်တဲ့မိတ်ဆွေ။
လွန်ခဲ့တဲ့ နှစ်နှစ်ကိုသာ ပြန်သွားလိုက်မယ်ဆိုရင် သူ သေတဲ့အထိ ရိုက်ခံရမယ်ဆိုရင်တောင်မှ ဒီသားရဲကောင်နဲ့ မရင်းနှီးချင်ပါဘူး။
ဝေ့ရှောင်း .. “မင်း ဖျော်ဖြေမှု match ပွဲကို မှတ်တမ်းတင်ထားတယ် မဟုတ်လား”
ပိုင်ချိုင် “_ _ _”
ဝေ့ရှောင်း .. “ရူးချင်ယောင် ဆောင်မနေနဲ့။ မင်း မှတ်တမ်းတင်ထားမှန်း ငါသိတယ်။ မြန်မြန်လေး ယူလာခဲ့။ ငါ နည်းပြချန်းရဲ့ အခန်းထဲမှာ ရှိတယ်။ ငါ သူ့ကို ရီဗျူးလုပ်ခိုင်းမလို့”
ချန်းဖုန်း “ .. ငါ မလုပ်ဘူး။ ငါ တကယ်ကို မလုပ်ချင်ဘူး”
ပိုင်ချိုင်က တခဏခန့် တုန့်ဆိုင်းသွားသည်။
“ကျေးဇူးပြုပြီး ချိုင်ကော ငါ မင်းကို ပိုက်ဆံပေးမယ်”
ပိုင်ချိုင်က ညီအစ်ကိုချင်းပင် စာရင်းများကို ကောင်းကောင်း တွက်ချက်ထားသည်။
“ဘယ်လောက် ပေးမှာလဲ”
ဝေ့ရှောင်းက ပိုက်ဆံ မပျက်ပေ။
“တစ်သောင်း”
ပိုင်ချိုင်က သူ၏လက်ထဲမှ ညအိပ်ဝတ်စုံကို တစ်ချက်ကြည့်သည်။
“သဘောတူတယ်”
ပိုင်ချိုင်က ဘေးကပ်ရပ်တွင် နေသောကြောင့် ချက်ချင်းလိုလို ရောက်လာသည်။
ချန်းဖုန်းက သံသယ ဝင်သွားသည်။
“မင်း ရိုက်ထားတာလား”
“ဒါပေါ့ ပိုင်ချိုင်က ရိုက်ထားတာပေါ့။ ဒီလောက် ဂန္တဝင်တွင်တဲ့ အဖြစ်အပျက်ကို ဘယ်လိုများ မရိုက်ထားရမှာလဲ”
ကင်ဆွန်းဟွန်းနှင့် လီဟယ်ရန်တို့၏ double matchလည်း ပါဝင်သည်။ မည်သည့် ဖြတ်ညှပ်ကပ်ကမဆို Trafficရနိုင်၏။
ဒါပေါ့။ ချိုင်ကောကမူ ထိုသို့တွေး၍ မရသဖြင့် ရှင်းပြပေးလိုက်သည်။
“ငါ ဘယ်ဂိမ်းကိုမှ လစ်လျူရှုလို့ မရဘူးလေ။ အထူးသဖြင့် ဒီနေ့ရဲ့ double match ပေါ့။ ဒါက ငါ့ကို နက်နက်ရှိုင်းရှိုင်း ခံစားသွားရစေလို့ မှတ်တမ်းတင်ထားဖို့ ထိုက်တန်တယ်လေ”
နောက်ပြီး ဖြည်းဖြည်းချင်း ကြည့်တာပေါ့။
နည်းပြချန်းကမူ ထိုလေသံသည် ရင်းနှီးလွန်းနေသလို ခံစားလိုက်ရသည်။
ဝေ့ရှောင်းက သူ၏ညီကို ကူညီကာ လွတ်အောင် လုပ်ပေးသည်။
“လာ လာ လာ နည်းပြ။ မြန်မြန်လေး ငါနဲ့ ခေါင်းဆောင်အကြားက ကွာဟချက်က ဘယ်နေရာမှာလဲ ဆိုတာကို ပြပေးပါဦး”
ဝေ့ရှောင်း၏ စိတ်အားထက်သန်မှုက လိမ်ညာနေခြင်း မဟုတ်ချေ။ ချန်းဖုန်းက သူ့ကို တခဏခန့် စိုက်ကြည့်နေပြီး ရုတ်တရက် ပြောသည်။
“ယွမ်ဇယ်တို့ Closeကို ဘာလို့ အမြဲတမ်းရှောင်လဲ သိလား”
ဝေ့ရှောင်း၏ အတွေးများက match ပွဲကို ရီဗျူးလုပ်ရန်သာ အာရုံစိုက်ထားခြင်း ဖြစ်သည်။ သူသည် ရုတ်တရက် ကြောင်သွား၏။ ပိုင်ချိုင်၏ နားရွက်ကလည်း ချက်ချင်း စွင့်သွားသည်။
ထန်ချန်းက ချန်းဖုန်းကို အံ့အားတကြီး ကြည့်သည်။ ချန်းဖုန်းက မေးသည်။
“မင်း အရင် FTWအကြောင်း သိချင်လား”
******