Ch 45
Viewers 3k

အပိုင်း(45) နောက်လှည့်မကြည့်နဲ့ ရှေ့ဆက်သွား 


အရင် FTW ဟုတ်လား။


ချန်းဖုန်း၏ မေးခွန်းသည် မလိုအပ်သော မေးခွန်းဖြစ်သည်။ Gloryအသိုင်းအဝိုင်း တစ်ခုလုံးတွင် အတိတ်က FTW အကြောင်း မသိသော လူဟူ၍ မရှိပေ။ 


လွန်ခဲ့သော လေးနှစ်ခန့်က FTWသည် လှပပြီး အကန့်အသတ်မဲ့ခဲ့သည်။ တရုတ်ပြိုင်ပွဲနယ်မြေတွင်သာ ထိုသို့ဖြစ်ခဲ့ရုံ မကသေးလေဘဲ တစ်ကမ္ဘာလုံးအနှံ့တွင် ရှိသော ပြိုင်ပွဲနယ်မြေ ၁၆ နယ်မြေတစ်ခုလုံးတွင်မှာ လူသိများ ကျော်ကြားခဲ့သည်။ FTW အကြောင်း ကြားထားဖူးသော လူတိုင်းက သူတို့ကို အာရုံစိုက်ပေလိမ့်မည်။


 E sport အသိုင်းအဝိုင်းတွင် နှစ်တိုင်းလိုလို မဟာအထွတ်အထိပ်အဆင့် ကစားသမားများ ရှိတတ်ပြီး ထူးချွန်လွန်းသော ပါရမီရှင် အသစ်များနှင့် သူတို့၏ အသင်းကို ဒဏ္ဍာရီတွင်အောင် လုပ်ပေးသော ဒဏ္ဍာရီလာ ကစားသမားများကလည်း ရှိတတ်သည်။


နှစ်တိုင်းတွင် ထိုသို့တစ်ယောက်ချင်းစီကို ပိုင်ဆိုင်ထားခြင်းက အံ့အားသင့်စရာ မဟုတ်သေးချေ။ သို့သော် တစ်နှစ်တည်းတွင် ငါးယောက်ကို ပိုင်ဆိုင်ထားပြီး ငါးယောက်လုံးက တစ်သင်းတည်းတွင် ရှိနေသော ကိစ္စက အလွန်အမင်း ချဲ့ကားလွန်းရာ ‌ရောက်သည်။


Glory၏ အသိုင်းအဝိုင်း တစ်ခုလုံးတွင် ထိုကဲ့သို့ တစ်ကြိမ်သာ ဖြစ်ပျက်ခဲ့ဖူးသည်။ 


FTWသည် အရည်အချင်း ပြည့်မှီသော ထူးချွန်ပြောင်မြောက်သည့် ကစားသမားပေါင်း များစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး ပါဝါဟောက်စ်ကြီး ဖြစ်ခဲ့သည်။


ထိုနှစ်က ပထမဦးဆုံး ဝင်‌ရောက်ခဲ့သည်မှာ သူတို့၏ ခေါင်းဆောင်အထောက်အပံ့ ရန်ကျန်းဖြစ်သည်။ ထို့နောက် ADC ကင်ဆွန်းဟွန်းက ကိုရီးယားမှ ရောက်လာ၏။


ထို့နောက် ရောက်လာခဲ့သူမှာ ရှဲ့ဟယ်ဆိုသော လက်ရွေးစင် ပြည်တွင်း team နှင့် စာချုပ်ဖျက်ပြီး ရောက်လာခဲ့သည့် mix lanerတစ်ယောက် ဖြစ်သည်။ နောက်ဆုံးတွင် ဒုတိယအသင်းတွင် ထင်းထွက်နေသော ယွမ်ဇယ်ဖြစ်သည်။ သူသည် လူအများကို မြေပြင်တွင်ဖောက်ခွဲရခြင်းအား သဘောကျသည်။


ထို FTW သည် Close မဝင်ခင်က ဖြစ်သည်။ ထိုအချိန်က ချန်ဖုန်းသည် Junglerနေရာက ကစားသည်။


ချန်ဖုန်းသည်  သူတို့နှင့် season တစ်ခု ကစားပြီးနောက် အနားယူရန် ကြေငြာခဲ့သည်။ ထိုက season သူ့အား ယခင် season ငါးခုလုံးထက်ပင် ပို၍ ပင်ပန်းစေခဲ့သည်။ နည်းပြချန်းသည် အသက်ကြီးနေလေပြီ။ သူသည် ထိုသို့ဆက်ပြီး ရှုပ်ထွေးရန် မတတ်နိုင်တော့ချေ။


ထိုအတွက်ကြောင့် FTW က Closeကို ရှာတွေ့သွားသည်။ Closeသည် ထိုအချိန်က လူသစ်လေ့ကျင့်‌ရေး စခန်းတွင် ဖြစ်သည်။ အသက်၁၆နှစ်သာ ရှိသေးပြီး စတားနှင့်တူသော ထိုလူငယ်က ကောင်းကောင်းမွေးမြူခံထားရသည်မှာ ရှင်းလင်းနေသည်။ 


အမှန်ပင်_ _ _


Closeသည် အသင်းထဲသို့ ဝင်ရောက်ခဲ့ချိန်က ၁၇နှစ်သို့ပင် မရောက်သေးချေ။ ပြိုင်ပွဲစတင်ပြီးနောက်မှသာ ၁၇နှစ်သို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့မျှ ငယ်ရွယ်သော အသက်တွင် FTWသည် သူ့အား မိဘများ၏ အသိအမှတ်ပြုခြင်း မရှိလေဘဲ လက်မှတ်မထိုးနိုင်ခဲ့ပေ။ သို့ရာတွင် ထိုအချိန်က Closeကမူ တောက်ပလွန်းနေခဲ့သည်။


သူ၏ စီမံလည်ပတ်ပုံကမူ မှင်သက်ဖွယ် ကောင်းသည်။ သူ၏ ဂိမ်းအသိစိတ်သည်လည်း သန်မာပြီး ဦးနှောက်ကလည်း မြန်ဆန်သည်။ သူသည် ဗဟုသုတလည်း ကြွယ်ဝ လွန်းပြန်သည်။


သူ၏မျက်နှာကို ထည့်ပြောရန်ပင် မလိုအပ်ချေ။ သူ့ကို ဟန်ပြအနေဖြင့် လက်မှတ်ထိုးလိုက်မည် ဆိုလျှင်ပင် ကြေငြာကြေးက အလွန်မြင့်နိုင်လေသည်။


ထိုအချိန်က FTW သည် စည်းမျဉ်းများကို အတိုက်အခံ လုပ်လိုက်ရသည်။ သူတို့သည် Closeအတွက် ကိစ္စများကို အတုဖန်တီးပေးခဲ့ပြီး မိဘများ၏ လက်မှတ်များကို အရယူနိုင်ခဲ့သည်။ ထိုနည်းအားဖြင့် သူသည် အသင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ 


ခြောက်လဆိုသော တိုတောင်းသော ကာလအတောအတွင်း FTWက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ 


သူတို့သည် ပုံမှန် season ကို grand လမ်းနှင့် ခြေမွခဲ့ပြီး ရှုံးသော play offများတွင်လည်း အနိုင်အပြည့် ယူနိုင်ခဲ့သည်။ ဒီနည်းအားဖြင့် ပြည်တွင်း fianlရှိ runner upများအား စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားသည်အထိ ခြေမွနိုင်ခဲ့သည်။


ကြုံရာအဖွဲ့နိမ်းကို ကောက်ယူလိုက်လျှင်ပင် သင့်တော်သော ဖိုင်နယ်ပြိုင်ပွဲက ကစား၍ ရသေးသည်။


Runner up သည် 3:0ဖြင့် ရှုံးသွားခဲ့ပြီး seasonကြီး တစ်ခုလုံး စိတ်ဓာတ်ကျသွားခဲ့ကာ standing line up ပြောင်းလဲသွားသည့် အချိန်အထိ မတ်တပ် မရပ်နိုင်ခဲ့တော့ချေ။


သူတို့သည် အိမ်တွင်းတွင် လွှမ်းမိုးနိုင်လျှင် လုံလောက်သေးသည်။ သို့သော် ပြည်ပသို့ ရောက်ရှိသွားပြီးနောက် သူတို့ငါးယောက်က ကောင်းကင်ကိုပင် ပြောင်းပြန်လှန်လျက် မြေကမ္ဘာကြီးတစ်ခုလုံးကို ထိုးဖောက်ပစ်လိုက်သည်။

45 02

Global ပြိုင်ပွဲသည် အရည်အချင်း ပြည့်မှီသူ ဖယ်ထုတ်အလှည့်နှင့် ဖိုင်နယ်ဆိုပြီး ခွဲထားသည်။ 


Round roping အတွင်းတွင် ပါဝင်ယှဉ်ပြိုင်ရသော ‌ရေတိုစာရင်း အပေးခံရသူများလည်း ရှိတတ်သည်။ သို့သော် ပြိုင်ပွဲ၏ နယ်မြေ ၁၆နယ်မြေမှ မျိုးဆင့် အသင်းသုံးသင်း ထပ်ပေါင်း ထည့်လိုက်သော အားလုံးပေါင်း ၄၈သင်းရှိပြီး ထိပ်ဆုံး ၁၆နေရာအတွင်းသို့ ဝင်ရောက်ရန်အတွက် အသင်းတိုင်းက ဖယ်ထုတ်ခံရဦးမည် ဖြစ်သည်။


ထိုအချိန်က FTW သည် အရည်အချင်း ပြည့်မှီသူဆိုသော ကာလအတော်အတွင်း Gloryသမိုင်းတစ်ခုလုံးအတွက် အမြင့်ဆုံးသော အမှတ်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ဒီနည်းအားဖြင့် သူတို့သည် ပွဲ၂၀ကို ဆက်တိုက်နိုင်သွားပြီး အမှတ်၃၀အပြည့်နှင့် ဖယ်ထုတ်ခြင်း match ပွဲစဉ်သို့ ဝင်ရောက်သွားခဲ့ကာ ပထမအဆင့် ရခဲ့သည်။  


ထိုအချိန်က အမှတ်အသာစီးရသော နံပါတ်တစ်အသင်းသည် ပြိုင်ဘက်များကို‌ ရွေးချယ်နိုင်စွမ်းရည် ရှိသည်။ ဖယ်ထုတ်ခြင်း ပွဲစဉ်များတွင် FTW က ကျွတ်စုပ်ပြီး လူတိုင်းကို သတ်ဖြတ်ခဲ့ပြီး ထိပ်ဆုံးလေးနေရာသို့ ဦးဆောင် တက်သွားသည်။


Global Finalတွင် FTWသည် အရှိန်အဟုန် အပြည့်နှင့် ရှိနေသေးသည်။  သူတို့သည် အိမ်ဝေးကွင်းဂိမ်းပွဲစဉ်ကို အထူးတလည် ဂရုစိုက်မနေခဲ့ပေ။ ဒီအတိုင်း ချန်ပီယံကိုသာ ရအောင် ထုရိုက်ယူပြီး မနှစ်က runner upကိုလည်း နှလုံးတုန်ခါ သွားစေသည်အထိ ဖယ်ထုတ်နိုင်ခဲ့သည်။


၂၀၁၇နှစ်သည် FTW အပိုင်းနှစ်ဖြစ်သည်။


FTWသည် ချန်ပီယံရှစ်ကို နိုင်သော teamဖြစ်သလို individual ချန်ပီယံရှစ်များကိုလည်း နိုင်သည်။ သို့သော် double ချန်ပီယံတွင်သာ လွဲချော်ခဲ့ခြင်း ဖြစ်သည်။ အကြောင်းမူကား သူတို့က စာရင်းမပေးသွင်းခဲ့သောကြောင့် ဖြစ်သည်။


ပို၍ ရယ်စရာ ကောင်းသည်မှာ Individual Finalသည် ဖြစ်သည်။ TOP LANEက ယွမ်ဇယ်ဖြစ်ပြီး မစ်ဒယ်လိန်းက ရှဲ့ဟယ်ဖြစ်သည်။


အဆုံးသတ်တွင် ယွမ်ဇယ်က ချန်ပီယံရှစ်ရသွားပြီး ရှဲ့ဟယ်က ဖြစ်သွားသည်။


ထို့အပြင် ထိုနှစ်က ပြိုင်ပွဲကော်မတီသည်လည်း စာရင်းသွင်းသည့် စည်းမျဉ်းများကို ပြောင်းလဲပေးခဲ့ရင်း နောက်ပိုင်းတွင် စင်ဂယ်ပြိုင်ပွဲအတွက် individual အသင်းတွင် တစ်သင်းလျှင် တစ်ယောက်သာ ပြိုင်ပွဲဝင်ခွင့်ပေးသည်ဟု ပြောင်းလဲသတ်မှတ် ပေးလိုက်ရသည်။


Global Final အတွက် အကြိတ်အနယ် တိုက်ခိုက်တာကို ကြည့်ရတာက ပျော်ဖို့ ကောင်းတယ်။ 


ထိုအရာသည် ထိုနှစ်က FTW ဖြစ်သည်။ ခမ်းနားကာ တောက်ပလွန်းပြီး လွန်ခဲ့သော လေးနှစ်ခန့်က နတ်ဘုရားအသင်းက ယခု Gloryအသိုင်းအဝိုင်းတစ်ခုလုံးကို ခြောက်လန့် နေသေးသည်။


နမြောစရာကောင်းသည်မှာ ထိုအသင်းဟာ တစ်စစီကွဲလျက် အဆုံးသတ်သွားရသည်။


ထိုမျှ ဂုဏ်ယူဖွယ်ကောင်းသော  ရလဒ်များကို ရရှိပြီးနောက် ကင်ဆွန်းဟွန်း၏ စာချုပ်က ပြည့်သွားသည်။ သူသည် တောင်ကိုရီယားသို့ ပြန်သွားသည်။ 


ဒါဟာ ကိစ္စမဟုတ်သေးချေ။ လူငါးယောက်သည် လုံလောက်အောင် အင်အားကြီးမားလေရာ သူတို့ထဲမှ တစ်ယောက်ချင်းစီတိုင်းက အခြားသော အသင်းများကို ရှင်သန်ရန် နည်းလမ်းမရှိအောင်ပင် ရိုက်ချနိုင်အောင်ပင် လုံလောက်လေသည်။


သို့ရာတွင် နောက်တစ်လတွင် ကိစ္စများက ဆိုးရွားလာမည်ဟု မည်သူကမှ မထင်ထားချေ။ ရန်ကျန်းကလည်း လဲလှယ်လိုက်သည်။ ရှဲ့ဟယ်ကလည်း ထွက်သွား၏။


ယွမ်ဇယ်ကလည်း မြောက်အမေရိကန် ပြိုင်ပွဲနယ်မြေသို့ သွားသည်။


အမြင့်မားဆုံး ဂုဏ်အဆင့်အတန်းကို ကိုယ်စားပြုသည့် ကမ္ဘာ့ချန်ပီရှစ်ဖလားကို ထားသော FTW ၏လော်ဘီတွင် Close တစ်ယောက်တည်းကသာ ကျန်ရစ်သည်။


နတ်ဘုရားအသင်းက အဖွဲ့ကွဲသွားသည်။ FTWက အဆုံးသတ်သို့ ထိုးကျသွားသည်။


ထိုသို့အသင်းပျက်သွားသည့်အတွက် အမျိုးမျိုးသော အကြောင်းပြချက်၊ အမျိုးမျိုးသော ထင်မြင်ချက်များစွာ ရှိသည်။


ထိုအချိန်က ပထမဦးဆုံး သတင်းထွက်လာသောအခါ အကြောင်းအရာများနှင့် ဆွေးနွေးမှု ပို့စ်များက စာလုံးရေ သန်းပေါင်းများစွာထိ များပြားလေသည်။ 


ထိုအချိန်က ပထမဦးဆုံး သတင်းထွက်လာသောအခါ ဆွေးနွေးမှု ပို့စ်များက စာလုံးရေ သန်းပေါင်းများစွာအထိ များပြားလေသည်။ 


ကျန်သောသူများက အသင်းက အင်အားကြီးမားလွန်းသောကြောင့် လုပ်ကွက်မရှိတော့ဟု ဆိုကြသည်။ ဂူဘုရားကျောင်းထဲတွင်ပင် စာရင်းသွင်းခြင်း ခံထားရသော သူများက တောက်ပလွန်းသော မှတ်တမ်း အရယူပြီး ကိုယ်ပိုင် အရှုံးကို ရှာနေကြသည်ဟု ပြောကြသည်။ 

45 03

အခြားသော သူများကမူ အတွင်းမှ ရန်ပွဲဖြစ်သည်ဟု ဆိုကြသည်။ ထိုလူများသည် မကြာခဏဆိုသလို ပြဿနာ တက်လေ့ရှိကြသည်။ သူတို့အားလုံးသည် နတ်ဘုရားအဆင့် ကစားသမားများ ဖြစ်သည့်အလျောက် မည်သူကမှ မည်သူ့ကိုမှ အလျော့မပေးလိုကြချေ။


ပုံမှန်အားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လျှင်ပင် စိတ်ရှုပ်နေလောက်သည်။ ယခုအခါ တတ်နိုင်သမျှ ဝေးဝေး ရှောင်လိုကြသည်ဟု ပြောကြသည်။ အခြားသော သူများသည် Closeကြောင့်ဟု ဆိုကြသည်။ FTW သည် လူသစ်အပေါ် ဘက်လိုက်လွန်းသည်။ သူ့အား အရေးပါသော ကွင်းနေရာကို ပေးထားပြီး အခြားသော ကစားသမားများက မကျေနပ်ကြချေ။ ထိုသို့ဖြင့် ရန်ပွဲများ၏ မျိုးစေ့က ထိုနေရာမှ စတင်သည်ဟု ပြောကြသည်။


..နောက်ပိုင်းတွင် Closeက FTW ကို ဝယ်လိုက်ပြီး သူဌေးဖြစ်လာသောအခါ ပို၍ပင် ရန်လိုသော တွက်ချက်မှုက ရှိလာသည်။ 


Closeက မည်သို့အကာအကွယ် ယူခဲ့ပုံ၊ သူ့နောက်ခံပါရမီက အစစ်အမှန် လှည့်စားကူဲ စသဖြင့် ပြောကြသည်။


Closeနှင့် ပက်သက်ပြီး သိသိသာသာ မှားယွင်းနေသော အကြောင်းအရာများလည်း  ပြောကြသလို တစ်စုံတစ်ယောက်က သူ့အား သဘောကျနေသောကြောင့် စပွန်ဆာပေးထားသည် မတရားပြောကြသည့် ပုံစံမျိုးလည်း ရှိလေသည်။


ကြွယ်ဝသော ပိုင်ရှင်အချို့က Closeကစားရန် အလို့ငှာ သူ့ကို team   ဝယ်ပေးသည်ဟုလည်း‌ ပြောကြသည်။ ထိုအတွက်ကြောင့် ကစားသမားများက ရွံ့ရှာမိပြီး ထွက်သွားကြသည်ဟု ပြောကြသည်။ 


ထို့နှစ်များမှ မှတ်ချက်များက ချန်းဖုန်းက ဒေါသထွက်မိလွန်းသဖြင့် သုံးရက်၊ သုံးညတိုင်အောင် မအိပ်နိုင်အောင် ဖြစ်ခဲ့သေးသည်။ 


ကိစ္စကို ထဲထဲဝင်ဝင်မသိသော ထိုလူများသည် ဘာကိုမှ နားမလည်ကြပေ။


ဒါကို ဘယ်လိုဖြစ်ပြီး သူတို့ရဲ့တွက်ချက်မှုနဲ့ ဒီလိုရန်လိုတဲ့ စကားလုံးမျိုးကို ပြောရတာလဲ။


သူတို့ ဘာမှမသိဘူး။ ဘယ်သူက သူတို့ကို Closeကို ဒီလိုအရှက်ခွဲခွင့် ပေးလိုက်လို့လဲ။


အသင်းအတွက် အများဆုံး လုပ်ပေးထားတဲ့လူ။ အဲဒီလူငယ်လေးက ၁၈နှစ်ပဲ ရောက်သေးတာ ဟုတ်ပြီလား။


ချန်ဖုန်းသည် ထိုကိစ္စကို ထုတ်ပြောလိုစိတ် မရှိခဲ့ပေ။ အကြောင်းမူကား သူသည် ထိုအချိန်က သူ၏ရင်ဘတ်ထဲတွင် ပျံ့နှံ့လာသည့် နာကျင်မှုကို မဖိနှိပ်နိုင်ခဲ့၍ ဖြစ်သည်။ လိမ့်တက်လာသော အန်ချင်စိတ်က တွေးမိချိန်တိုင်း အလိုလို ပျို့တက်လာတက်သည်။


သူသည် တုံတိဘာသာနေတတ်သော Closeအတွက်  ရင်နာပြီး ရွံ့ရှာလာတတ်သည်။ 


သို့ရာတွင် သူသည် ဒီနေ့ ပြောရတော့ပေမည်။ အကြောင်းမူကား ဝေ့ရှောင်း သိသင့်သောကြောင့် ဖြစ်သည်။


ချန်းဖုန်းက မျက်လုံးမှိတ်လိုက်သည်။


“FTW ရဲ့ စီမံခန့်ခွဲမှုမှာ ပြဿနာရှိတယ်”


သူသည် လူအများ မသိသော အမှန်တရားကို ပြောချင်သည်။ အတွင်းပိုင်းတွင် ဖုံးကွယ်ထားသော အရာကိုလည်း ပြောချင်၏။ FTW ၏ အဖွဲ့ပျက်ရသွားသည့် အစစ်အမှန် အကြောင်းပြချက်ကို ပြောလိုက်သည်။


“ကင်ဆွန်းဟွန်းက ထွက်သွားဖို ဆုံးဖြတ်ထားတာ ကြာပြီ”


ချန်းဖုန်းက ပြောသည်။


“အဲဒီအချိန်က ကင်ဆွန်းဟွန်းက FTW ကို ရောက်လာခဲ့တာက အိမ်ပြန်ချင်လို့_ _ _  ကောင်းပြီ အတိုချုပ်ပြောရရင် သူက အိမ်ကို အမြဲတမ်း ပြန်ချင်နေခဲ့တာ။ လူတိုင်းကလည်း သူ့ကို မြန်မြန်ပြန်နိုင်လေလေ ပိုပျော်လေလေပဲ”


 E sport ကလပ်များတွင် နိုင်ငံနယ်နိမိတ်ဘောင် မရှိသော်လည်း ကိုယ်ပိုင်မွေးရပ်မြေ တိုင်းပြည်သို့ ပြန်နိုင်ခြင်းက သူတို့၏နှလုံးသားကို ပို၍ တည်ငြိမ်စေပေလိမ့်မည်။ လူတိုင်းကလည်း ကင်ဆွန်းဟွန်း၏ ရွေးချယ်မှုကို နားလည်နိုင်သည်။


ချန်းဖုန်းက ငြိမ်သက်စွာ သက်ပြင်းရှူထုတ်ပြီး ဆက်ပြောပြသည်။


“အဲဒီအချိန်က FTWရဲ့ စီမံခန့်ခွဲမှုအရ သူတို့က အသိုင်းအဝိုင်းထဲက ထွက်ခွာသွားချင်ကြတာ”


ဝေ့ရှောင်းနှင့် ပိုင်ချိုင်တို့က မှင်သက်သွားကြသည်။


ပိုင်ချိုင်က မေးသည်။


“အထွတ်အထိပ်ကာလမှာ နောက်ဆုတ်တာလား”


ချန်ဖုန်းက တည်ငြိမ်နေသည်။


“အထွတ်အထိပ်ကတော့ ရောက်ပြီးပြီ။ ဒီတော့ တောင်ကုန်းကနေ ဆင်းကျသွားတဲ့ လမ်းတစ်လမ်းပဲ ကျန်တယ်”

45 04

ဝေ့ရှောင်က အလွန်ဉာဏ်ကောင်းလွန်းသဖြင့် ချက်ချင်းလိုလို ခန့်မှန်းမိလိုက်သည်။


“သူတို့က အဲဒီအချိန်က စတက်တာတွေ အားလုံးကို ရောင်းချင်တာလား”


ချန်ဖုန်းက မျက်လုံးမှိတ်သည်။


“ဟုတ်တယ်”


နတ်ဘုရား၏ အသင်းသည် တောက်ပလွန်းနေသည်။ ကစားသမားတိုင်း၏ စွမ်းရည်က ထိပ်တန်းအဆင့်ဖြစ်လွန်းသည်။


သာမာန် season မှ စတင်ပြီး global ချန်ပီယံရှစ်အထိ ပွဲစဉ်တိုင်းကို နိုင်သွားသော အသင်း၏ ချိတ်ဆက်မှုက သိသာထင်ရှားလွန်းသည်။ 


ထို့သို့ဖြင့် မူလတန်းအဆင့် စာမေးပွဲမှ ဒေါက်တာဘွဲ့ရသည်အထိ စာမေးပွဲတိုင်းတွင် အမှတ်ပြည့် တောက်လျောက် ရသွားသော ကျောင်းသားနှင့် မခြားတော့ချေ။ မည်သို့ပင်ဆိုစေ လက်တွေ့မဆန်ချေ။ ထိုအတွက်ကြောင့် စနစ်တစ်ခုလုံး၏ ဟန်ချက်ကိုလည်း တိုက်ရိုက် သက်ရောက်သွားသည်။ 


ပြိုင်ပွဲကော်မတီသည် FTWကိုပင် စုံစမ်းစစ်ဆေးခဲ့သည်။  သူတို့၏ FTW မှ ကစားသမားများအားလုံး နှင့် သူတို့နှင့် အစစ်အမှန် အင်အားအစစ်ကို ပိုင်ဆိုင်ထားပြီး ထိုရလဒ်များက မှန်ကန်စေရန် လိုအပ်သည်။ သို့သော် သူတို့၏ စီမံလည်ပတ်မှုကို အဓိကတာဝန်ယူထားသော သူများကမူ စုံစမ်းစစ်ဆေးမှုကို လက်မခံလိုပေ။ အထူးသဖြင့် ဒါဟာ သူတို့၏ စီမံခန့်ခွဲမှုများကို စုံစမ်းစစ်ဆေးရန် ဖြစ်လာသည်။ 


အချို့သော ဟာကွက်များကို မဖုံးကွယ်ထားနိုင်သောကြောင့် စီမံခန့်ခွဲမှုအသင်းသည် လျင်မြန်စွာ နောက်ဆုတ်မည့် ကိစ္စကို လုပ်ချင်လာသည်။ 


သူတို့သည် အထွတ်အထိပ်သို့ ရောက်နှင့်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် လက်ရှိလုပ်ဆောင်မှုတွင် ထိုးချနိုင်ရန် မဖြစ်နိုင်တော့ပေ။   


ဒီလိုမျိုး ထိုးချခံမဲ့အစား ဘာလို့_ _ _


မရေမတွက်နိုင်သော အသင်းများက မြင့်မားလွန်းသော တန်ကြေးများကို ပေးကြသည်။ FTW က ခေါင်းညိတ်သမျှ အဖွဲ့ဝင်များကို အချိန်မရွေး ခေါ်သွားပေလိမ့်မည်။ 


နတ်ဘုရားအသင်းထဲမှာ ဘယ်သူက မာနမကြီးလို့လဲ။


သူတို့သည် ကလပ်၏ ထိုကဲ့သို့ ရောင်းကုန်ကဲ့သို့ သဘောထားသော အခြေအနေမျိုးကို လက်မခံနိုင်ကြပေ။


ယွမ်ဇယ်က အရင်ဦးဆုံး ကလပ်အတွင်းမှ ဆက်ဆံရေးကို ဖြတ်တောက် သွားခဲ့သည်။ ထို့နောက် ရှဲ့ဟယ်က လိုက်သည်။ ထို့နောက် ယန်ကျင်းက လိုက်၏။ Closeတစ်ယောက်တည်းသာ သူတို့ကို ပြောသူဖြစ်သည်။


“အရမ်း မစိုးရိမ်ကြနဲ့။ ငါ့ကို အချိန်ပေးဦး”


၁၈နှစ်အရွယ် ကလေးတစ်ယောက်က ဘာလုပ်နိုင်မှာလဲ။


ထိုအသက်ကြီးသော အစ်ကိုကြီးများက သူ့ကို နာကျင်အောင် မလုပ်ရက်ချေ။ သူတို့သည် နောက်ဆုံး၌ သူ့အား ကောင်းကောင်း ချော့မြူလိုက်သည်။ နောက်ဆုံးတွင်_ _ _


ချန်ဖုန်း၏ လေသံက ဩရှသွားသည်။


“Closeက FTWကို တကယ် ဝယ်လိမ့်မယ်လို့ တကယ် ဘယ်သူမှ မထင်ထားဘူး”


ပိုင်ချိုင်က အေးခဲသွားသည်။ 


ဝေ့ရှောင်း၏ မျက်လုံးက နီလာသည်။


“ဒါပေမဲ့ သူတို့အားလုံး ထွက်သွားကြတယ်”


ချန်ဖုန်း၏ နှာခေါင်းထိပ်ကပင် ချဉ်စုတ်လာသလို ဖြစ်လာသည်။ 


“ဟုတ်တယ်”


မည်သူကမှလည်း Close မည်သို့လုပ်ခဲ့ကြောင်း မသိခဲ့ကြသလို Closeသည် သူ၏မိသားစုကို မည်သည့်ကတိများ ပေးခဲ့ကြောင်း မသိချေ။ အတိုချုပ်ဆိုရသော် သူသည် FTW ကို ဝယ်ပြီး အသင်း၏ ပိုင်ဆိုင်ခွင့်ကို အရယူခဲ့သည်။


သူသည် အသင်းဖော်များကို ထိန်းထားလိုသည်။ ဒီနည်းအားဖြင့် သူတို့ကို လွပ်လပ်သော FTW ကို ပေးလိုခဲ့သည်။


သို့ရာတွင် ယွမ်ဇယ်တို့ အားလုံးက စာချုပ်၌ လက်မှတ်ထိုးပြီးသောကြောင့် အသင်းမှ ထွက်ခွာရန် ဖြစ်ကို ဖြစ်လာသည်။


ကပ်ဘေးကို ရင်ဆိုင်ကြရသောအခါ လူတိုင်းက စိတ်ဓာတ်ကျကြသည်။ 


နတ်ဘုရားအသင်းသည် စင်မြင့်ပေါ်သို့ ရဲရင့်စွာ တက်ခဲ့သည်။ FTW အသင်းသည် ချန်ပီယံရှစ်စင်မြင့်တွင် ပြိုင်ဘက် ကင်းခဲ့သည်။ သို့ရာတွင် အနိုင်ရယူပြီးနောက် ကပ်ဘေးကို ရင်ဆိုင်ရသောအခါ သူတို့သည် FTW လက်လျော့ရန် ရွေးချယ်ခဲ့ကြသည်။

45 05

သူတို့သည် FTWကို လက်လျော့လိုက်သည်။ သူတို့က အရယူထားသော မြင့်မားလွန်းသော အနိုင်ကို လက်လျော့လိုက်ပြီး တစ်သင်းလုံးကို လက်လျော့ခဲ့သည်။


နောက်ဆုံးအချိန်အထိ ထိန်းထားရန် ဆွဲသူမှာ Close ဖြစ်သည်။ သူတစ်ယောက်တည်းကသာ ကပ်ဘေးကို ထိပ်တိုက်ရင်ဆိုင်ခဲ့သူ ဖြစ်ပြီး Closeသည် ထိုအချိန်က အသက်၁၈နှစ် ပြည့်ကာစသာ  ဖြစ်သည်။


အရင်က နတ်ဘုရားအသင်းက အသင်းအဖွဲ့ဝင်တွေက FTWကို မဝယ်နိုင်ခဲ့လို့လား။


ထိုထဲမှ တစ်ယောက်တည်းက မလုပ်ကောင်း မလုပ်နိုင်လောက်ချေ။ သို့သော် သုံးယောက်ခန့် ပေါင်းမည်ဆိုလျှင်မူ သူတို့၏ ကိုယ်ပိုင်ကျော်ကြားမှုကြောင့် အရင်းရှင်ကို ကျော်လွန်ပြီး အောင်မြင်ကာ ဝယ်ယူရန် အခွင့်အရေး ရလောက်သည်။ သို့သော် သူတို့သည် ထိုသို့ မစဉ်းစားခဲ့ကြချေ။


သူတို့သည် FTW ကို ကာကွယ်ရန် မစဉ်းစားခဲ့ကြချေ။ သူတို့၏အသင်းဖော်ကို ကာကွယ်ရန် မကြိုးစားခဲ့ကြသလို သူတို့အား ယုံကြည်ထားသည့် မရေမတွက်နိုင်သော ပရိတ်သတ်များကိုလည်း ကာကွယ်ရန် မကြိုးစားခဲ့ကြချေ။


သူတို့က Closeသည် FTW ၏ ပိုင်ရှင်အသစ်ဖြစ်သွားကြောင်း သိသောအခါ _ _ _


ယွမ်ဇယ်က မြောက်အမေရိက ရောက်သွားပြီဖြစ်ပြီး ယဲ့ကျင်းနှင့် ရှဲ့ဟယ်တို့ကမူ ဥရောပသို့ ရောက်နေလေပြီ။


နတ်ဘုရားအသင်းက လူကွဲသွားသည်။ အသင်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ မည်သူကမှလည်း စကားမပြောကြချေ။


ထန်ချန်းက ချန်းဖုန်းအား တိတ်တဆိတ်သာ တစ်ရူးတစ်ရွက် ကမ်းပေးလိုက်သည်။


ချန်းဖုန်း အတတ်နိုင်ဆုံး ဖိနှိပ်လိုသေးသည်။ သူသည် ခက်ခဲလွန်းသော အတိတ်ကို ပြန်မခေါ်မိရန် ကြိုးစားသေးသည်။ သူက မျက်မြင်သက်သေဖြစ်သည်။ သူတစ်ယောက်တည်းကသာ Closeက ရှင်းလင်းသွားသော FTWကို ရင်ဆိုင်ခဲ့ရသော မြင်ကွင်းကို မြင်ခဲ့ရသည်။ သူတစ်ယောက်တည်းကသာ Closeက တစ်လှမ်းချင်းစီ‌ ကျော်ဖြတ်ခဲ့ပုံကို မြင်ခဲ့ရသည်။ 


အဲဒီအချိန်က Close ဘယ်လိုခံစားရမလဲ ဆိုတာကို ဘယ်သူက တွေးကြည့်နိုင်မှာလဲ။ 


သူသည် အသင်းဖော်များကို ထိန်းထားနိုင်ရန် အလို့ငှာ အများထက် အများကြီး အင်အားစိုက်ထုတ် ထားခဲ့သည်။ သို့သော် အရာအားလုံးက အလဟဿ ဖြစ်လာသည်။


သူ၏အသင်းဖော်များက ထွက်သွားသည်။ သူတို့အားလုံးတွင် အဖွဲ့အသစ်များ ပိုင်ဆိုင်သွားသည်။ သူတစ်ယောက်တည်းကသာ နဂိုနေရာတွင် ရပ်ပြီး ဘယ်မှမသွားနိုင်ဘဲ ရှိနေသည်။ 


သူတစ်ယောက်တည်းက ပြိုကျနေသော FTW နှင့် သူ့ကိုယ်သူ ကိုယ်တိုင်ကိုယ်ကျ ချည်နှောင်ခဲ့ခြင်း ဖြစ်သည်။ 


အဲဒီအချိန်က FTW မှာ ဘာများကျန်သေးလို့လဲ။


ထိုးကျနေသော အခြေစိုက်စခန်းတစ်ခု၊ ဝန်ထမ်းရေးရာအသင်းရဲ့ အမှုန်အမွှားတွေ၊ ဘယ်သွားရမယ်မှန်း မသိတဲ့ ကစားသမားဟောင်း တစ်ဖွဲ့နဲ့ တစ်ချိန်က တောက်ပမှု_ _ _


ယခုအခါ ထိုချန်ပီယံရှစ်ဖလားများကပင် ဖုန်တက်နေပြီ ဖြစ်သည်။


ယခုလိုမျိုး ရှင်းလင်းသော FTW တွင် ရပ်နေသော Closeက လဲကျမသွားခဲ့ချေ။ 


သူသည် အသင်း အသစ်ကို ဖွဲ့ခဲ့ပြီး အတွေ့အကြုံမရှိသော လူသစ်များကို ဦးဆောင်လျက် တရုတ်ဖိုင်နယ်ထိ တက်ခဲ့ကာ ၂၀၁၈ တွင် runner up များကို အရယူခဲ့သေးသည်။ 


ထိုအခြေအနေကတင် အံ့အားသင့်ဖွယ်ကောင်းသော ဒဏ္ဍာရီဖြစ်လေသည်။


ထိုနှစ်က လူတိုင်းကလည်း FTWက အလုံးစုံ ကြွေမွသွားပြီဟု တွေးခဲ့သည်။ Closeကမူ မဖြစ်နိုင်ချေ တစ်ခုကို ဖန်တီးခဲ့ပြန်သည်။ 


ထိုနှစ်တွင် Closeက global final သို့ ဝင်ရောက်ခဲ့ပြီး single ချန်ပီယံ ရသည်အထိ တောက်လျောက် အနိုင်ယူခဲ့သည်။ 


၂၀၁၉တွင် FTWက ရင်းနှီးမြှပ်နှံမှုအသစ်များ ရရှိခဲ့ကာ ပြိုကျနေသော FTW ထံမှ အလားအလာအသစ်များ ပေါ်လာသည်။


ထိုနှစ်က FTWသည် တရုတ်ပြည်တွင် မှတ်တမ်းကောင်း ရသေးသည်။ Closeသည်လည်း အရာအားလုံးကို ခြွေမွနိုင်သော အရှိန်အဝါ အပြည့်နှင့်  single ချန်ပီယံရှစ် ရခဲ့သေးသည်။ 


Closeက သူ့အား နှစ်ကြိမ်ဆက်တိုက် ချန်ပီယံရှစ်ရထားသောသူအဖြစ် တံဆိပ်ကပ်သောအခါ အချို့သော သူများက အမှန်မြင်ပေးကြသည်။


တကယ်တမ်း သုံးကြိမ် ဆက်တိုက်ပါ။


ထို၁၈နှစ်သာ ရှိသေးသော လူငယ်လေးက ၂၀၁၇နှစ်တွင် နတ်ဘုရားများအသင်းတွင် စတက်တာအဖြစ် စတင်ခဲ့ပြီး FTW၏ Junglerအဖြစ် အသင်းပြိုင်ပွဲများကို အနိုင်ယူခဲ့သည်။


ထိုနှစ်က Closeသည် လူသစ်လေ့ကျင့်ရေးစခန်းမှ ဝေ့ရှောင်းနှင့် ဆုံခဲ့သည်။


လူတိုင်းက လူသစ်ဘုရင်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေကြစဉ် FTWက မြင့်မားလွန်းသော တန်ကြေး နှစ်သန်းကို ပေးခဲ့သည်။ မည်သူကမှလည်း နှစ်သန်း၏ ဆိုလိုရင်းကို မသိကြသေးချေ။ 


ထိုပိုက်ဆံသည် Close ထိုအချိန်က ထုတ်နိုင်သမျှ ပိုက်ဆံအားလုံးဖြစ်သည်။ သူသည် ဝေ့ရှောင်းကို လိုချင်ခဲ့သည်။


သူသည် ထိုပါရမီကြီးသော ကလေးအား FTW၏ မျှော်လင့်ချက် အသစ် ပေးစေလိုခဲ့သည်။ သို့သော် ကံဆိုးသည်မှာ_ _ _ 


ဝေ့ရှောင်း၏မျက်နှာက ဖြူဖျော့သွားသည်။ 


အဲဒီအချိန်က ငါက_ _ _


ချန်းဖုန်းကလည်း သူ၏ကိစ္စများကို သိထားသဖြင့် သူ့ကို နှစ်သိမ့်ပေးသည်။


“ငါ ဒီကိစ္စတွေ မင်းကို ပြောပြတယ် ဆိုတာက မင်းကိုယ်မင်း အပြစ်တင်ဖို့ မဟုတ်ဘူး။ အဲဒီအချိန်က မင်းရဲ့အခြေအနေနဲ့ မင်း မကစားနိုင်ဘူး”


ဝေ့ရှောင်းက မျက်လွှာချရင်း လက်သီးကို ဆုပ်သည်။


ချန်းဖုန်းက ပြောသည်။


“အဲ့ဒီအချိန်က Closeက ငါ့ကို ခဏခဏပြောတယ်။ အတိတ်ကို မကြည့်နဲ့။ ရှေ့ဆက်သွားတဲ့”

45 06

ဝေ့ရှောင်း၏ နှလုံးသားက လှုပ်ခါသွားသည်။


“ချန်းဖုန်းက ဆက်ပြောသည်။


“ဆိုတော့ ဝေ့ရှောင်း လွန်ခဲ့တဲ့ နှစ်နှစ်အကြောင်း မတွေးနဲ့တော့။ ရှေ့ကို ဆက်သွားတော့”


သူသည် ဝေ့ရှောင်းကို ၏ အတိတ်အကြောင်း ပြောပြသည်မှာ သူ၏အရှေ့မှ ရေခဲလို ‌အေးစက်သော Closeကို နားလည်စေရန် အတွက်ကြောင့် ဖြစ်သည်။ ထိုကမ္ဘာ့နံပါတ်တစ်က ဘာကိုမှ မခံစားဟု ထင်ရသော်လည်း ထိုလူသည် ပရိတ်သတ်များက မဟာမိစ္ဆာဘုရင်ဟုပင် ခေါ်နေသေးကြသော်လည်း သူသည် လူတိုင်းထက် နူးညံ့သော နှလုံးသားကို ပိုင်ဆိုင်ထားသည်။ 


အစမှ အဆုံးအထိ သူသည် အသင်းကို ဘယ်သောအခါမှ လက်မလျော့ခဲ့ချေ။ လူအများက ထွက်သွားပြီး အဆောက်အဦးက ရှင်းလင်းသွားခဲ့သည့် တို င်အောင်၊ အရာအားလုံးက ရှုပ်ထွေးနေခဲ့သည့် တိုင်အောင်၊ ဘာမှမကျန်ခဲ့တော့သည့်တိုင်အောင် သူသည် လက်မလျော့ခဲ့ချေ။


ထိုကဲ့သို့သော သူတစ်ယောက်က သူ့အပိုင် အသင်းဖော်ကို ပိုင်ဆိုင်သင့်သည်။ သူအပိုင် အသင်းတစ်သင်းကို ပိုင်ဆိုင်သင့်သည်။ အရာအားလုံးသော အောင်မြင်မှုများကို ပိုင်ဆိုင်သင့်သည်။ အရင်က ချန်းဖုန်းသည် လုဖုန်းက မည်သည့်အတွက်ကြောင့် ဝေ့ရှောင်းကို အထူးတလည် အာရုံစိုက်နေကြောင်း နားမလည်နိုင်ခဲ့ပေ။ 


ဒီနေ့ double match ပွဲက သူ့ကို နားလည်အောင် ကူညီပေးလိုက်သည်။ ဝေ့ရှောင်းက Closeလေးစားသော တစ်စုံတစ်ယောက် ဖြစ်သည်။ 


နေမင်းလိုမျိုး လူငယ်တစ်ယောက်၊ ရဲရင့်သော လူငယ်တစ်ယောက်၊ နောက်ပြီး ဘယ်သောအခါမှ နောက်မဆုတ်တဲ့ စစ်သည်တော်တစ်ယောက်၊ လူတိုင်းကို အတူစုစည်းပြီး တိုက်ခိုက်လိုစိတ်ကို လှောင်မြိုက်ပေးနိုင်တဲ့ ဝိညာဉ်ကိုလည်း ပိုင်ဆိုင်ထားတယ်။ 


ဝေ့ရှောင်းက ချက်ချင်းလိုလို ခုန်ပေါက်သည်။


“ငါ ပြန်တော့မယ်”


ချန်းဖုန်းကလည်း လှမ်းခေါ်သည်။


ဝေ့ရှောင်း “ ..”


ချန်းဖုန်းက ခပ်တိုးတိုးပြောသည်။


“လုဖုန်းက ဘယ်သူ့ကိုမှ အထွန့်မတက်ဖူးဘူး”


ဝေ့ရှောင်း၏ ကျောက တင်းကြပ်သွားသည်။


“ငါ သိပါတယ်”


သေစမ်း ဟမ် ဘယ်လိုဖြစ်ပြီး ခေါင်းဆောင်လို ဒီလောက်ကောင်းတဲ့ လူမျိုးက လောကမှာ ရှိနေတာလဲ။ 


ဝေ့ရှောင်းက နောက်ထပ် တစ်မိနစ်၊ တစ်စက္ကန့်ပင် မစောင့်နိုင်တော့ပေ။ သူသည် အခန်းထဲသို့ ချက်ချင်းပြန်ချင်နေသည်။ သူသည် လုဖုန်းကို သွားတွေ့ရပေမည်။ သူသည် လုဖုန်းကို ပြောလိုသည်။


သူက အခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ဝေ့ရှောင်းက တောင့်ခဲသွားသည်။ အခန်းတွင် တစ်စုံတစ်ယောက် ရှိနေသည်။ 


စကားပြောနေသော လူနှစ်ယောက်က ရပ်သွား၏။ ဝေ့ရှောင်းကို ကျောပေးထားသော တစ်ယောက်က ခေါင်းလှည့်ကြည့်လာသည်။ သူ၏အနက်ရောင်ဆံပင်များအောက်တွင် ရှည်လျားကျဉ်းမြောင်းသော ဖီးနစ်လို မျက်ဝန်းတစ်စုံက ရှိနေပြီး သူ၏မျက်ဝန်းထောင့်နားတွင် သေးငယ်သော မျက်ရည်ခံ အမှတ်လေး ပါသည်။ ထိုလူသည် ကင်ဆွန်းဟွန်းဖြစ်သည်။ ကင်ဆွန်းဟွန်းက အနည်းငယ် အံ့ဩသွားသည်။


“ရီဗျူးလုပ်တာ ပြီးသွားပြီလား”


သူတို့ ရီဗျူးလုပ်နေတာ ပြီးသွားပြီ။ ဒါပေမဲ့ ရီဗျူးတာက မင်းတို့ FTWရဲ့ ခွေးအသင်းအကြောင်းပေါ့။


ဝေ့ရှောင်း၏ အရှိန်အဝါက ရက်စက်ရန်လိုစိတ်ဖြင့် ပြည့်နှက်ကာ တစီစီမြည်လာသည်။ 


ကင်ဆွန်းဟွန်းက တစ်စုံတစ်ရာက မှားယွင်းကြောင်း ခံစားမိသည်။


“အဟွတ် Quiet ပြန်လာပြီဆိုတော့ ငါလည်း ပြန်တော့မယ်”


လုဖုန်းက စကားပြောခြင်း မပြီးသေးသဖြင့် ဝေ့ရှောင်းကို ရှောင်ရန် မကြိုးစားဘဲ တိုက်ရိုက်ပြောလိုက်သည်။


“တိုက်ခိုက်တာကို ရှောင်ရှားပေးတာက တကယ်လေးစားပေးတာ မဟုတ်ဘူး”


ကင်ဆွန်းဟွန်း “_ _ _”


သူ၏ စကားတစ်ဝက်မှတဆင့် ဝေ့ရှောင်းသည်လည်း သူတို့ပြောနေသည့် အကြောင်းကို နားလည်လိုက်သည်။ 


မူလက သူ လုဖုန်းတစ်ယောက်တည်းကို ပြောချင်သော စကားလုံးများကို သူက တိုက်ရိုက် ပြောလိုက်သည်။


“ကောင်းတယ် ငါတို့ FTW က Singalချန်ပီယံရှစ်၊ Doubleချန်ပီယံရှစ်နဲ့ အသင်းချန်ပီယံရှစ် အားလုံးကို ယူမှာ”


ကင်ဆွန်းဟွန်းက အံ့ဩသွားသည်။ ဝေ့ရှောင်းက သူ့ကို ကြည့်ရင်း ပြောသည်။


“ FTW အဟောင်းက မလုပ်နိုင်ဘူး။ ဒါပေမဲ့ လက်ရှိ FTW ကတော့ လုပ်နိုင်တယ်”


  

******