Ch 46
Viewers 3k

အပိုင်း (46)


သူတို့က အသင်းဖော်တွေဆိုတာထက် ပြိုင်ဘက်တွေဖြစ်ဖို့ ပိုပြီးသင့်လျော်တယ်။


ထိုစကားများသည် အမှန်ပင်ထောင်လွှားသည်။ 


FTWသည် Glory အသိုင်းဝိုင်း အတွင်းတွင် မှတ်တန်းကျောက်တုံး ဖြစ်ခဲ့ဖူးသည်။ သူတို့သည် သူတို့ကိုယ်တိုင်ကပင် မချိုးဖြတ်နိုင်ခဲ့သော မှတ်တမ်း အရေအတွက် အမြောက်အများကို ချမှတ်ခဲ့သည်။


ဒါကို ဒီလိုမျိုးလတ်လတ်ဆတ်ဆတ် ကလေးတစ်ယောက်က ဘယ်လိုများ လုပ်နိုင်မှာလဲ ။


မွေးကာစ နွားသားပေါက်များသည် ကျားများအား မကြောက်ကြချေ။ 


သူသည်လည်း E sports ၏ ပြိုင်ပွဲကွင်းပြင်က အမှန်တကယ် မည်မျှရက်စက်ကြောင်း မသိသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။.


ကင်ဆန်းဟွန်းသည် သူသည် လူငယ်မျိုးဆက်များနှင့် စကားမများနေသင့်ဟု ခံစားရသည်။ သို့သော်........


သူသည် အနည်းငယ် မခံနိုင်သလို ခံစားလိုက်ရသည်။


“ မင်းသေချာလား မင်းက ပုံမှန် season ရဲ့ grand stand ကိုရအောင်ယူမယ်။ playoff တိုင်းအတွက် အနိုင်အပြည့်ယူပြီး နိုင်ငံအဆင့် championshipကို ရအောင်ယူမယ်။ အဲဒီနောက်.............”


ဝေ့ရှောင်း ကလည်း နောက်မတွန့်သွားခဲ့ဘဲ ထိပ်တိုက်ရင်ဆိုင်သည်။ 


“ ငါတို့က Global final က FTW ရထားတဲ့ အမြင့်ဆုံး မှတ်တမ်းကို ချိုးမှာ ၊ ငါတို့က Global final မှာ championship ၃ခုလုံး ရအောင်ယူပြမယ်”


ထိုအရာသည် ယခင် FTWက မလုပ်နိုင်ခဲ့သော အရာဖြစ်သည်။


ကင်ဆန်းဟွန်းက သဘောကျသွားသည်။


“ကောင်လေး “


ဝေ့ရှောင်းကလည်း နောက်မတွန့်သွားချေ။ သူ၏မျက်လုံးက ဖော်ပြရန် ခက်ခဲလောက်အောင် လေးနက်သည် တည်ကြည်သည်။ 


ကင်ဆန်းဟွန်းသည် ထိုသို့ပြုမူနေခြင်းက ကလေးဆန်လွန်းသည်ဟု ခံစားရသည်။ သို့သော် သူသည် ထိုကောင်စုတ်လေးနှင့် တိုက်ခိုက်ချင်သေးသည်။ 


“ ဒီ သာ့ကောက မင်းကို သတိမပေးဘူးလို့ မပြောနဲ့နော်။ ဒီ professional ကွင်းဆိုတာက အရင်က ကစားဖူးတဲ့ကွင်းတွေနဲ့ အရမ်းခြားနားတယ်။ မနှစ်က Champion Y1 ပဲ ဖြစ်ဖြစ် EvE ပဲ ဖြစ်ဖြစ် ငါတို့ရဲ့ Pro နဲ့ L&P ပဲ ဖြစ်ဖြစ် ဘယ်သူကမှ လွယ်ကူတဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး”


Y1 ၏ခေါင်းဆောင်သည် ယန်ကျင်းဖြစ်ပြီး ယခင်က FTW ၏ခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။ 


EvE ၏ mid lane အမြုအတေသည် FTW၏ မှော်ဘုရင်ဖြစ်ခဲ့ဖူးသော ရှဲ့ဟယ် ဖြစ်သည်။


L&Pနဲ့Pro တို့သည်လည်း ထည့်ပြောရန် မလိုအပ်ချေ။ သူတို့သည် ယွမ်ဇယ်နှင့် ကင်ဆန်းဟွန်းကို ပိုင်ဆိုင်ထားကြသည်။ သူတို့အားလုံးသည် လုဖုန်း၏ ယခင်ပြိုင်ဘက်ဟောင်းများ ဖြစ်သည်။ သို့သော် ယခုအခါ လွန်ခဲ့သော ၂ နှစ်အတွင်း ကမ္ဘာ့စင်မြင့်တွင် ခါးသီးသော အဆုံးသတ်ရရန်အတွက် တိုက်ခိုက်ရသော အသင်းများ ဖြစ်သွားသည်။ 


သူတို့၏ လက်ထဲမှ Championship 3 ခုလုံးကို ရအောင်လုမည်ဆိုသော ကိစ္စက အလွန်ပင် မဖြစ်နိုင်သည်။သို့ရာတွင်........


ဝေ့ရှောင်း; “ မင်းတို့က ငါတို့ အနိုင်ယူတာကို ခံရမဲ့လူတွေလေ”


သူသည် ထိုလူများကို အနိုင်ယူပြီး လုဖုန်းအား သူကသာ အစစ်အမှန် အသင်းဖော်ဖြစ်ကြောင်း၊ သူကသာ ယခင်က သူနှင့် တွေ့ဖူးသော လူတိုင်းထက် အင်အားကြီးမားကြောင်း သက်သေပြလိုသည်။ 


အနာဂတ်မှ FTWသည် အတိတ်က FTWထက် သေချာပေါက် အင်အားကြီးပေလိမ့်မည်။ 

46 02

ကင်ဆန်းဟွန်းက စိတ်လွှတ်သွားသည်။


“ မင်းတို့က ပြည်တွင်းက ပွဲတွေတောင် မကစားရသေးဘဲနဲ့ ဒါတောင်မှ မင်းက အနိုင်ရယူချင်တယ်......”


လုဖုန်းက သူ၏စကားမဆုံးခင် ဖြတ်ပြောလိုက်သည်။ 


“ နောက်ကျနေပြီ “


ကင်ဆန်းဟွန်း “ .......”


လုဖုန်းက ပြောသည်။ 


“ ငါတို့ အိပ်တော့မှာ “


ကင်ဆန်းဟွန်းသည် ထိုကောင်စုတ်လေးနှင့် တိုက်ခိုက်၍ မပြီးသေးချေ။ သူသည်လည်း ကောင်းကင်ဟာ မည်မျှမြင့်ကြောင်း Shitက မည်မျှနံကြောင်း ပြောချင်သေးသည်။


အို တကယ်တော့ ဆိုရိုးစကားက ကောင်းကင်က မည်မျှမြင့်ကြောင်း မြေကမ္ဘာက ဘယ်လောက်နက်ကြောင်း မဟုတ်ဘူးလား။


ဒါက အရေးမကြီးပါဘူး။


ဝေ့ရှောင်း၏ နှလုံးသားက ၁၈နှစ် အရွယ် close ၏သိမ်းပိုက်မှုကို အပြည့်အဝ ခံထားရသည်။ သူ၏ခေါင်းဆောင်က ထိုအချိန်က မည်မျှသနားစဖွယ်ဖြစ်ခဲ့ကြောင်း ခံစားရသောအခါ ယခုသူ၏အရှေ့မှခေါင်းဆောင်ကို ကြည့်ရုံနှင့် သူ၏နှလုံးသားက အထူးတလည် နာကျင်လာသည်။ 


အချိန်က မနက် ၁နာရီခွဲနေလေပြီ။ သူ၏ခေါင်းဆောင်က အိပ်ယာဝင်သင့်သည်မှာကြာပြီ ဖြစ်သည်။


ဝေ့ရှောင်း” ဟုတ်တယ် ငါတို့အခုပဲ အိပ်တော့မှာ “


ကင်ဆန်းဟွန်း “? ? ? “


ဝေ့ရှောင်း “နှုတ်ဆက်ပါတယ် “


ထို့နောက် ဘန်းခနဲ မြည်သံနှင့်အတူ နတ်ဘုရားကင်ဟာ စုံတွဲတစ်တွဲက မောင်းထုတ်ခြင်းကို ခံလိုက်ရသော မီးသီးလုံးလိုမျိုး တံခါးအပြင်ဘက်တွင် အပိတ်ခံလိုက်ရသည်။ 


ဘာဖြစ်သွားတာလဲ။ သူတို့ တိုက်ခိုက်လို့ မပြီးသေးဘူးလေ။


လီဟယ်ယန်က ကင်ဆန်းဟွန်းကို သူတို့၏အခန်းထဲ ပြန်ဆွဲခေါ်သွားပေးရသည်။ ပြန်သည့်လမ်းတွင် ကင်ဆန်းဟွန်းက မအိပ်ပျော်နိုင်သေးဘဲ ပြောသည်။


“ ကော ငါနဲ့အတူ အဆင့်တက်စမ်းပါ “


လီဟယ်ယန် “ ? “


ကင်ဆန်းဟွန်းသည် သူ၏နှလုံးသားထဲမှ မီးတောက်ကို မညှိမ်းနိုင်သေးချေ။ 


“ အဲဒီကောင်စုတ်လေးကသာ ငါ့ဆီက championshipကို လုသွားခဲ့မယ်ဆိုရင် ငါ ခွေးအိုကြီးယွမ်ကို အဖော်ပြုပြီး တိုက်ရိုက်ထုတ်လွှင့်ရင်းနဲ့ shit စားပြလိုက်မယ် “


သူသည်လည်း ထိုကောင်လေးသည် စကားကြီးစကားကျယ် ပြောနေခြင်းသာ ဖြစ်ကြောင်းသိနေခဲ့သည် တိုင်အောင်၊ FTWသည် သူပြောထားသလိုမျိုး မလုပ်နိုင်ကြောင်း သိနေခဲ့သည့်တိုင်အောင်......


ဒါပေမဲ့ ထိုအခြေအနေဟာ ကင်ဆန်းဟွန်း၏ တိုက်ခိုက်လိုစိတ်ဆန္ဒကို လောင်မြိုက်နိုင်သေးသည်။ တိုက်လိုက်လိုစိတ်ဆန္ဒသည် အချိန်အတန်ကြာ ပျောက်ဆုံးနေခဲ့သောအရာဖြစ်၏။ ထိုဆန္ဒသည် အနိုင်ရယူလိုသည့် ဆန္ဒဖြစ်သည်။ 


တိုက်ခိုက်တာကို ရှောင်နေတာက တကယ်လေးစားပေးတာ မဟုတ်ဘူး။


ကင်ဆန်းဟွန်းက သူ၏ cellphoneကို ထုတ်ပြီး ယွမ်ဇယ်ထံ စာပို့သည်။


“ လောင်ချီ “


ယွမ်ဇယ် “ လောင်ရှီးကွ သေစမ်း “


“ အေးပါ အေးပါ လောင်ရှီ”

46 03

ကင်ဆန်းဟွန်းက သူ၏နှလုံးသားထံမှ စကားလုံးများကို ထုတ်ပြောသည်။ 


“ ငါဒီနှစ် single ပွဲအတွက် စာရင်းသွင်းလိုက်တော့မယ် “


ယခင်လေးတင် သူ့ကိုဆူပူရန် ကြံစည်ထားသော ယွမ်ဇယ်က မှင်သက်သွားသည်။


ကင်ဆန်းဟွန်းက ထိုသို့ပြောပြီးပြီးချင်း ဖုန်းကို ဘယ်ဘက်သို့ ပစ်ထုတ်လိုက်ကာ အင်္ကျီလက်များကို လှန်တင်လိုက်သည်။ 


“လာ နှစ်ယောက်အတူ ဝင်တိုးမယ် “


3 နှစ်ကြာသွားပြီ။ ဘာကများ သူတို့ကို Closeကို ဒီလိုမျိူး အနိုင်ကျင့်ခွင့် ပေးလိုက်တာလဲ။


Closeက အရွယ်မရောက်သေးတဲ့ ကလေးလည်း မဟုတ်တော့ဘူး။ သူက အခုဆိုရင် လွန်ခဲ့တဲ့ ၃နှစ် ကတည်းက ကောင်းကင်၏ တစ်စိတ်တစ်ပိုင်းကို ကိုင်ထားနိုင်ခဲ့တဲ့သူ ဖြစ်နေပြီ။


သူက သူတို့ နောက်ဆုတ်ပေးဖို့ အရှုံးပေးဖို့ မလိုတော့ဘူး။ သူက သူတို့ရဲ့ အပြစ်မကင်းစိတ်ကြောင့်အတွက်နဲ့ တိုက်ခိုက်ဖို့ ရှောင်ရှားပေးဖို့ မလိုတော့ဘူး။ သူ လိုချင်တာက လေစားမှုပဲ ။


အမျိုးသားတွေနဲ့ ပတ်သက်လာရင် သူတို့ကွင်းထဲမှာပဲ စကားပြောသင့်တယ်။ 


အပြင်လူများကို မောင်းထုတ်ပြီးနောက် ဝေ့ရှောင်းက လုဖုန်းကို မျက်လုံးပြူးကာ ကြည့်သည်။ 


လုဖုန်း “..........”


ဝေ့ရှောင်းသည် အတတ်နိုင်ဆုံး ကိုယ့်ကိုကိုယ် ချုပ်ထိန်းထားပြီး အပြေးသွားလျက် မဖက်မိအောင် ကြိုးစားထားသည်။


“ နည်းပြက ငါ့ကို အားလုံးပြောပြလိုက်တယ်”


အရူးလေးသည် ကင်ဆန်းဟွန်း၏ ရှေ့တွင်ကဲ့သို့ မောက်မာထောင်လွှားပြီး အမွှေးများ ထောင်တက်နေခြင်း မရှိတော့ဘဲ သူ၏အမွှေးလေးများကို အသာပွတ်သပ်ပေးရန် လိုအပ်နေသော ကြောင်ပေါက်လေးအသွင် ပြောင်းသွားသည်။ 


လုဖုန်း၏ လက်ကပင် အနည်းငယ် ယားယံလာသည်။ သူသည်လည်း သူ၏နူးညံ့သော အနက်ရောင်ဆံပင်များကို ပွတ်သပ်ချင်လာသည်။ သို့ရာတွင် သူသည် ကိုယ့်ကိုကိုယ် ထိန်းထားသည်။


လုဖုန်းက အကြည့်ကို လွှဲလိုက်သည်။


“ ဒါက တော်တော်ကြာခဲ့ပါပြီ “


ဝေ့ရှောင်း၏ နှလုံးသားက ဖျစ်ညှစ်ခံရသလို ခံစားလိုက်ရသည်။ 


“ အဲဒီအချိန်က မင်း အရမ်းဝမ်းနည်းခဲ့မှာပဲ”


သူ ဘယ်လိုပဲ တွေးတွေး အရမ်းကို နာကျင်ရတယ်။ အသင်းက အငယ်ဆုံးဖြစ်တဲ့ Close အဲဒီအချိန်က အရွယ်ရောက်ကာစဘဲ ရှိသေးတဲ့ Close......။


သူက ၁၈ နှစ်ဘဲ ရှိသေးတာ။ လူအများစုက အဲဒီအသက်အရွယ်က အချိန်တွေကို ဘယ်သူမှ တကယ် မသိလောက်ဘူး။


သို့ရာတွင် Closeကမူ ကိစ္စအများကြီး လုပ်ပေးခဲ့သည်။လူကြီးများကပင် မလုပ်နိုင်သော ကိစ္စအများကြီး လုပ်ပေးခဲ့သည်။ 


လုဖုန်းသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ သူ၏ခေါင်းထိပ်ကို အသာပုတ်လိုက်သည်။ 


“ ဝမ်းနည်းစရာ မရှိပါဘူး “


ဝေ့ရှောင်းက သူ့ကို ကြည့်သည်။ 


“ဘယ်လိုလုပ် ဝမ်းမနည်း ရမှာလဲ။ မင်းက FTWကို ဝယ်ခဲ့တယ်။ ဒါပေမဲ့ သူတို့က ထွက်သွားတယ်။ ဘာလို့သူတို့က မစောင့်ပေးတာလဲ။ သူတို့က မင်းကိုတောင် မယုံပေးဘူး “


လုဖုန်းက အတိတ်အကြောင်းပြောသောအခါ သူ၏အသံက ခပ်ပြတ်ပြတ် နိုင်သည်။


“  ငါက FTWကို စောစောဝယ်ခဲ့ရင်တောင်မှ သူတို့ကို မထိန်းထားနိုင်လောက်ဘူး “


ဝေ့ရှောင်းက ရပ်တန့်သွားသည်။


၁၈ နှစ်အရွယ် Closeက နားမလည်ခဲချေ။ သို့သော် လက်ရှိလုဖုန်းကမူ မမြင်နိုင်စရာ အကြောင်းမရှိချေ။ ထိုအချိန်က Closeသည်လည်း တရားခံက FTW ၏ စီမံခန့်ခွဲမှုများဟုသာ တွေးမိခဲ့သည်။ ထိုအတွက်ကြောင့် သူတို့သည် အသင်းဖော်များကို ရောင်းပစ် ခဲ့ချင်သည်ဟု ထင်ခဲ့သည်။ 

46 04

ထိုအတွက်ကြောင့်သူသည် အတတ်နိုင်ဆုံး Clubကို ဝယ်ခဲ့သည်။ တစ်နည်းအားဖြင့် လူတိုင်းကို အသင်းထဲတွင်သာ ထားလိုခဲ့သည်။ သို့တိုင်အောင် သူလုပ်ခဲ့သမျှက အလဟာဿ ဖြစ်သွားရ၏ ။


FTW၏ စီမံခန့်ခွဲမှုသည် သူတို့ စိတ်ကျေနပ်သလို လုပ်နိုင်သည်။ သို့သော် ဒါကအဓိကပြဿနာ မဟုတ်ချေ။ 


နတ်ဘုရားများ၏အသင်းဟာ တောက်ပလွန်းသည် နေ့လည်ခင်းမှ နေရောင်အလားဖြစ်နေခဲ့ပြီး ပါရမီကြီးသော ကစားသမားများကမည်သူ့ထံမှ ဦးမညွှတ်လိုခဲ့ကြချေ။သူတို့က အမြင့်ဆုံးသော အောင်မြင်မှုကြီးကို အရယူပြီးနောက် ပိုပို၍ပင် လက်သင့်မခံလိုကြတော့ချေ။ 


FTWက ဘာလို့ Double ပြိုင်ပွဲတွေမှာ မကစားနိုင်တာလဲ။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ ဘယ်သူနဲ့မှ စိတ်နှစ်ပြီး မပူးပေါင်းချင်ကြလို့ဘဲ။


5 v 5 game ပွဲမှ ကစားသမားများသည် ကိုယ့်ကဏ္ဍနဲ့ကို ရှင်းလင်းထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ကစားသမားများအကြားမှ ဟာကွက်က အကန့်အသတ်နဲ့ရှိသမျှ လူတိုင်းက ကိုယ့်တာဝန်ကိုယ် ကောင်းကောင်းလုပ်နိုင်သမျှ အနိုင်ကို မြင်နိုင်သည်။


သို့ရာတွင် Double ကမူ ခြားနားသည်။ Doubleတွင် ပူးပေါင်းဆောင်ရွက်မှု ယုံကြည်မှုနှင့် မှီခိုအားကိုးမှုများ လိုအပ်သည်။


သူတို့သည် အချင်းအချင်း အမြဲတစေ ယှဉ်ပြိုင်နေခဲ့ကြပြီး ကိုယ့်စွမ်းရည်ကိုယ်သာ ပြချင်နေကြ၏။ ထို့ကြောင့် သူတို့သည် အခြားသောလူတိုင်းထက် မိမိကသာ ပိုတော်ကြောင်း ပြောလိုကြသည်။ 


ဒါကို သူတိူ့က ဘယ်လိုများ ပူးပေါင်းမယ်ဆိုတဲ့စိတ် အခြေအနေမျိုး ရှိနေမှာလဲ ။


ဘယ်သူကမှ Closeနဲ့ မပူးပေါင်းချင်ကြဘူးဟုတ်လား ။ ဒီအတိုင်း သူတို့ မလုပ်ချင်ကြတာ။


သူတို့သည် ဘေးချင်းယှဉ်လျက် မတိုက်ခိုက် လိုကြသောကြောင့် တစ်ယောက်ထပ်တစ်ယောက်သာ သာလွန်လိုသောကြောင့် ဖြစ်သည်။ လုဖုန်းက အစောပိုင်းကတည်းက နားလည်ခဲ့သည်။ ထို့ကြောင့် အဖွဲ့ပျက်သွားခြင်းကလည်း မှန်ကန်သောကိစ္စ ဖြစ်လောက်၏။ 


ယခင် FTW အဟောင်းတွင် အသင်းဖော်များက အသင်းဖော်ဆိုသည်ထက် ပြိုင်ဘက်များသာဖြစ်ရန်ပို၍ သင့်လျော်နေသည်။ Glory၏ ပြင်းထန်လွန်းသော ပွဲစဉ်များရှိခဲ့ရာ ၂ နှစ်အတောအတွင်း အရာအားလုံးဟာ ထိုသို့သာဖြစ်ကြောင်း သက်သေပြခဲ့ပြီးသား ဖြစ်သည်။ 


သူတို့က ဒီတိုင်း close ကိ ပြိုင်ဘက်လို့ အမည်ပေးခဲ့ရုံပဲ။ 


သူတို့သည် အပြစ်မကင်းစိတ်ဆိုသော အကြောင်းအရာကို သုံးပြီး သူ့ကို ရှောင်ခဲ့သည်။ သို့သော် အမှန်အတိုင်းကမူ ဒါဟာ အရှက်ခွဲခြင်း ဖြစ်သည်။ သူတို့က အသင်းပြိုင်ပွဲများကို ပို၍ အာရုံစိုက်ရန် အလို့ငှာ single ပွဲများတွင် စာရင်းမသွင်ခဲ့ကြချေ။ သူတို့၏ အကြောင်းပြချက်ကမူ သူတို့သည် သူ့အပေါ် အကြွေးတင်ထားသည်ဟု ပြောကြသည်။ အမှန်တကယ်အားဖြင့် သူတို့က သူ့ကို အထင်သေးနေခြင်း ဖြစ်သည်။ 


သူတို့သည် အသင်းဟောင်းကို အထင်သေးသည်။ FTW၏အရှုံးကို အထင်သေး၏။ သနားစိတ်သည် အကြီးမားဆုံးသော အရှက်ခွဲခြင်း ဖြစ်သည်။ 


ဝေ့ရှောင်းက ထိုစကားကို ကြားရုံနှင့် ဒေါသထွက်သွားသည်။ 


“ သူတို့က တန်မှမတန်တာ။ သူတို့က မင်း လုပ်ခဲ့တာတွေနဲ့ မတန်ဘူး။ မင်း သူတို့ကို ထိန်းသိမ်းထားဖို့ ကြိုးစားတာတွေနဲ့လည်း မတန်ဘူး “


ငယ်ရွယ်ပြီး ဖြောင့်မတ်မှန်ကန်စွာ ထွက်လာသော စကားလုံးများက လုဖုန်း၏ မျက်လုံးထဲတွင် ပေါ်လာသော အပြုံးကို ဖုံးကွယ်ထားရန် ခက်စေသည်။ ထိုစကားလုံးများက သူ၏ နှလုံးသားထဲသို့ တိုက်ရိုက်ဝင်သွားသည်။ 


ဒီ ၃ နှစ်ကျော်အတွင်း သူသည် မည်မျှနားလည်စေခဲ့ စေကာမူမည်မျှပင် လွတ်ချနိုင်ခဲ့စေရန် ကြိုးစားစေခဲ့စေရာမူ သူသည် အတိတ်သို့ ပြန်သွားပြီး ပြောင်းလဲ ရန်မဖြစ်နိုင်တော့မှန်း နားလည်ထားစေကာမူ ထိုအကြောင်းအရာကို တွေးလိုက်မိချိန်တိုင်းတွင် လုဖုန်း၏ နှလုံးသားက သူ မဖယ်ရှားနိုင်သော အနက်ရောင် မြူထုများနှင့် ဖုံးနလေေ့ရှိသည်။ ထိုမြူဟာထူပြီး လေးလံသိပ်သည်း လွန်းသဖြင့် အသက်ရှုရန်ပင် ခက်စေသည်။ သို့ရာတွင် ဒီနေ့တွင်မူ သူ ထိုသို့မခံစားရချေ။


ဝေဝါးမှုက ရှင်းလင်းသွားအောင် မောင်းထုတ် ဖယ်ရှားခံရပြီးနောက် မြူကလည်း ပျက်ပြယ်သွားသည်။ထို့ကြောင့် ထိုနေရာတွင် တွဲလျောင်းကြနေသော နေအသေးစားလေးပင် ရှိသည်။.ထိုနေအသေးစားလေးက အရာအားလုံးကို မျက်စိ ကျိန်းသွားစေသောအလင်း တန်းများလွှတ်ထုတ်ကာ တောက်ပထိန်လင်း ပေးနေသည်။ ဝေ့ရှောင်းက သူ့ကို ကြည့်သည်။


“ သူတို့ကမင်းရဲ့ အသင်းဖော်တွေ ဖြစ်ဖို့ မတန်ဘူး “


လုဖုန်းက ဖြေပေးသည်။


“ အင်း “


ဝေ့ရှောင်း၏ မျက်ဝန်းက တောက်ပသွားသည်။


“ ငါကတော့......”


သူက သူ၏ အစစ်မှန်အသင်းဖော် သေချာပေါက် ဖြစ်နိုင်သည်ဟုပြောရန် ကျန်သေးသည်။ ထို့နောက်......


ဝေ့ရှောင်းက ရုတ်တရက် သည်းမခံနိုင်သလို ခံစားလိုက်ရသည်။ 


“ ငါလည်း မတန်ပါဘူး။ ငါက အားနည်းလွန်းသေးတယ် “

46 05

နတ်ဘုရားအသင်းဟောင်း၏ သားရဲအိုကြီးများသည် လုဖုန်း၏အသင်းဖော် ဖြစ်ရန်မတန်သော်လည်း သူတို့သည် အမှန်တကယ်ပင် အင်အားကြီးမားလွန်းသည်။ ထိုသူများသည် ငြင်းဆန်ရန် ခက်လောက်အောင် အင်အားကြီးသည်။


သူတို့နှင့်ဒီနေ့ ဝေ့ရှောင်းအကြား ကွာဟချက်က ကြီးမားနေသေးသည်။.


သို့ရာတွင် ထိုအခြေအနေက ဝေ့ရှောင်းကို နောက်မတွန့်သွားစေဘဲ သူသည် တစ်ဖန်ပြန်လည်ပြီး အားအင်တက်ကြွ သွားပြန်သည်။


“မစိုးရိမ်ပါနဲ့ ငါ့ကိုယ်ငါ သက်သေထားပြီး ငါမြန်မြန်ကြီးပြင်း လာအောင်လုပ်မှာပါ အဲဒီနောက်........”


လုဖုန်းက ခပ်တိုးတိုး ဝင်ပြောသည်။ 


“ မင်းက အတော်ဆုံးပါ “


ဝေ့ရှောင်း ၏မျက်လုံးက ပြူးပြီး အသားကုန် ပြူးကျယ်သွားသည်။ လုဖုန်းက သူ့ကိုကြည့်ပြီး သူ၏စကားကို ပြီးအောင် ပြောပေးသည်။ 


“ လူတိုင်းထက် သာတယ်။ ငါက မင်းနဲ့ အသင်းဖော် ဖြစ်ရတာကို အရမ်းပျော်တယ် “


ဝေ့ရှောင်း၏ နှုတ်ခမ်းထောင့်စွန်းများက ကော့ပြီး မြောက်တက်သွားသည်။ မြောက်တက်လွန်းသဖြင့် သူ၏အမြှီးလေးကပင် ထောင်တက်ပြီး မြေကိုပင် ရိုက်ခတ်လုမတတ် ဖြစ်သွားသည်။ 


“ ဟေး “


သူက ရှက်သွားသည်။


“ မင်း အဲလိုပြောတော့ ငါ့ရဲ့နှလုံးသားတောင် အခုန်မြန်လာသလိုဘဲ “


လုဖုန်း “!”


ဝေ့ရှောင်း၏ ပါးက အနည်းငယ် ရဲသွားသည်။ သို့သော် သူသည်အကြည့်ကို မရှောင်လေဘဲ လုဖုန်းကို စိုက်ကြည့်ပြီး ကတိပေးသည်။


“ မင်းကို ဘယ်တော့မှ စိတ်မပျက်စေရဘူး “


လုဖုန်း “ ......”


ဝေ့ရှောင်း “ ငါမင်းကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး “


လုဖုန်းသည်လည်း သူ၏နောက်ပြောလာမည့် စကားလုံးများကို ခပ်ရေးရေးပင် ခန့်မှန်းနိုင်သည်။ သေချာစွာပင်.......


ဝေ့ရှောင်း၏ သွေးများသည် ဆူပွက်သွားပြီး စိတ်အားထက်သန်စွာပြော လာသည်။ “ငါ သေချာပေါက် သူတို့ကို ကျော်မှာ”


လုဖုန်းက သူ့ကို စိတ်အေးအောင် ပြောသည်။


“ အိပ်တော့ “


ဝေ့ရှောင်း “ ? ? ? “


လုဖုန်းက သူ့ကို တစ်ချက်ကြည့်သည်။ 


“သန့်ရှင်းရေး သွားလုပ်တော့ “


ဝေ့ရှောင်းက သူ၏ စကားလုံးများကို စုပုံလိုက်သည်။ 


“ ဟေး ဟေး ခေါင်းဆောင် ငါ့ကို မယုံဘူးလား။ ငါအိပ်နေရင်း လမ်းထလျှောက်ပြီး ပြောနေတာမဟုတ်ဘူးနော်။ ငါအနာဂတ်မှာ သူတို့ထပ် ပိုပြီး သေချာပေါက် အင်အား ကြီးလာမှာ “


လုဖုန်းက သူ့အား ရေချိူးဝတ်ရုံ ပစ်ပေးသည်။


ဝေ့ရှောင်းက အင်္ကျီကို ကောက်ဖက်လိုက်ပြီး သည်းမခံနိုင်သလို ဖြစ်နေသေးသည်။


“ မင်းဘဲ ငါက လူတိုင်းထက် သာတယ်ပြောတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ အခု မယုံတော့ပြန်တာလဲ “


လုဖုန်းက စောင်ကို မရင်း အိပ်ယာထဲသို့ ဝင်သည်။ ထို့နောက် လဲချလိုက်သည်။ 

46 06

ဝေ့ရှောင်း  “ငါ တကယ်ကို........”


လုဖုန်းက အိပ်မပျော်ခင် ထိုစကားကိုသာ ကြားလိုက်ရပြီး မျက်လုံးကို မှိတ်လိုက်သည်။


ဝေ့ရှောင်း “..........”


ခေါင်းဆောင်ကို မည်သို့မည်ပုံစံ ရန်စရမည်မသိသော ဝေ့ရှောင်ရှောင်းလေးက မူရေချိုးခန်းထဲကိုသာ ဝင်လိုက်ရသည်။ သူသည် ရေချိုးနေရင်းနှင့်ပင် သက်ပြင်းချနေသည်။


ခေါင်းဆောင်ရဲ့ နှလုံးသားက သမုန္ဒရာကြမ်းခင်းပြင်အောက်က အပ်လိုပဲ ရှာဖို့ခက်တယ်။


သူသာ ကောင်းမွန်ပြီး ဂရုစိုက်တတ်တဲ့ အသင်းဖော် တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ပြင်းပြင်းထန်ထန် ကြိုးစားရအုံးမယ်။ 


ဝေ့ရှောင်းက ထွက်လာသည့် အချိန်တွင် လုဖုန်းက အိပ်ပျော်နေလေပြီ။ သူသည် ခြေလှမ်းများကို နှေးအောင်လုပ်ပြီး ဖြေးဖြေးချင်းစီ ဝင်သွားလိုက်သည်။


လုဖုန်းက အိပ်ယာ၏ ဘေးဘက်ခြမ်းတွင် လဲနေသည်။ သူ၏ မျက်နှာကမူ ဝေ့ရှောင်း၏ ကုတင်ဘက်သို့ လှည့်ထား၏


လျှော်ထားပြီး အခြောက်ခံပြီးသားဖြစ်သည့် သူ၏အနက်ရောင် ဆံပင်များကလည်း နူးညံ့သောပိုးသားများအလား ခေါင်းအုံးတစ်ခွင် ဖြာကျနေသည်။ သူ၏မျက်လုံးက လူအများကို မိုင်ထောင်သောင်းအကွာသို့ တွန်းပို့ပြီး အမြဲတစေ အကွာအဝေးထားထားတတ်တဲ့ ထိုမျက်လုံးများက ပိတ်ထားပြီး သူ၏ဘေးတိုက်မျက်နှာထားက ညှင်သာလွန်းသဖြင့် ဝေ့ရှောင်းကိုပင် ရှုပ်ထွေးသွားစေသည်။


ဝေ့ရှောင်းကို ပြုံးပြီး မျက်လုံးများကို ဝဲခါသွားစေသည်မှာ Glory ၏မဟာမိစ္ဆာဘုရင်ကြီးသည် လက်နှစ်ဖက်လုံးကို ခေါင်းအုံးအောက်ကို ထည့်ပြီး ချစ်စရာကောင်းသောပုံစံမျိုးနှင့် အိပ်နေသောကြောင့် ဖြစ်သည်။


သူသာ ဓာတ်ပုံရိုက်ထားနိုင်မည်ဆိုလျှင်.......


Weiboပေါ် တင်လိုက်ရင် သူရဲ့ ပရိတ်သတ်အရေအတွက်က 2.5 သန်းကနေ 5 သန်းအထိ ညတွင်းချင်း ရောက်သွားမယ် ထင်တယ်။


မဖြစ်နိုင်တာ


ဝေ့ရှောင်းက ကိုယ့်ကိုကိုယ် ကတိပေးလိုက်ရင်း သူ၏ကိုယ်ပိုင် အိပ်ယာထဲသို့ ကုန်းတက်လိုက်သည်။


ဒီလောက် ချစ်စရာကောင်းတဲ့ ခေါင်းဆောင် ဘယ်သူ့ကိုမှ မပြချင်ပါဘူး…။


******