Ch 48
Viewers 3k

အပိုင်း(48) အပြင်လူတွေ မြင်ရတဲ့ မဟာမိစ္ဆာဘုရင်


ခေါင်းဆောင်က ဝင်လာပြီးပြီးချင်း သူ့ရဲ့ mADCh ပွဲကို cancel ပေးတာ မအံ့ဩတော့ပါဘူး။ 


ဝေ့ရှောင်းက နောက်ဆုံးတွင် နားလည်သွားသည်။


“ဆောင်းတွင်း လေ့ကျင့်ရေး ဆာဗာမှာ လူအယောက်တစ်ရာတောင် မရှိဘူးပဲ”


သူတို့သည် အော်ဖစ်ရှယ်ဆာဗာတွင် ဂိမ်းများအတွက် ဝင်တိုးနေကျ ဖြစ်သည်။ ကစားသမား သန်းရာပေါင်းများစွာရှိနေသောကြောင့် ထိပ်ပိုင်းအဆင့်မျိုးတွင် ရှိနေသော လူအချင်းချင်း ဝင်တိုးမိသော အခြေအနေဟာ အလွန်နည်းပါးသည်။


သို့ရာတွင် ဆောင်းတွင်း လေ့ကျင့်ရေး ဆာဗာတွင်မူ ထိုသို့မဟုတ်ချေ။ အသင်းက ၁၈သင်းသာ ရှိပြီး Starter ကစားသမားများ အားလုံးပေါင်းမှ ၉၀သာလျှင် ရှိသည်။ အမှတ်များ ထည့်ထွက်ခြင်း ခံရမည်မဟုတ်သော အစားထိုးကစားသမားများ အချို့ ပါဝင်ခဲ့မည်ဆိုလျှင်ပင် အရေအတွက်ဟာ ၁၀၀သာ ရှိလောက်သည်။ 


ထိုကဲ့သို့သော နည်းပါးလွန်းသော ပမာဏနှင့်ဆိုလျှင် သူတို့သည် တစ်ချိန်တည်းတွင် mADCh ခလုပ်ကို နှိပ်ရဲခြင်းက  ရိုးရှင်းစွာပင်…


နည်းပြချန်းဖုန်း “ငါ ခဏလေးပဲ ထွက်သွားတာပါ။ မင်းတို့ နှစ်ပွဲကို ဘယ်လိုကြောင့် အလကား ဖြုန်းတီးလိုက်တာလဲ”


ကလေး လေးယောက် .. “ကျွန်တော် ဘာမှမပြောရဲဘူး”


လုဖုန်းက သူ၏စက်ရှေ့တွင် ဝင်ထိုင်ပြီးနောက် ‌မောက်စ်ခလုပ်များကို ချိန်ညှိသည်။


“ရပါတယ် မိနစ်လေးဆယ်တည်းပါ”


ချန်းဖုန်း “ဒါက အားလုံးပေါင်းမှ ငါးနာရီတည်း အချိန်ရှိတာ”


လုဖုန်း “သူတို့ အမှတ်တွေလည်း မဆုံးရှုံးထားဘူးလေ”


မိခင်ကြက်မကြီးချန်းကမူ အလွယ်ဒေါသထွက်နေသည်။ 


“သောက်ကျိုးနည်း မင်း သူတို့ကို မြောက်ပေးနေတာ”


အသက်ပင် ပြင်းပြင်း မရှူရဲသော ကလေး လေးကောင်_ _ _ 


အပြင်ဘက်မှ မဟာမိစ္ဆာဘုရင်သည် မိစ္ဆာများ မြင်ရသော မဟာမိစ္ဆာဘုရင်ဖြစ်သည်။ အသင်းထဲမှ မဟာမိစ္ဆဘုရင်ကမူ ဘုရင်မချန်း ဖြစ်သည်။ 


လုဖုန်းက သူတို့ကို ခုခံပေးသော်လည်း ချန်းဖုန်းကမူ score board ကို လက်ညိုးထိုးပြီး လေးယောက်လုံးကို ဆက်တိုက် ဆူပူနေသေးသည်။ 


မိနစ်လေးဆယ် အချိန်က တိုတောင်းသော်လည်း  score boardတွင် ကွာဟချက် ကြီးမားနေပြီ ဖြစ်သည်။ 


ပထမနေရာကို pro နှင့်L&P တို့က ၁၅မှတ်ဖြင့် အသာစီးရထားသည်။ အခြားစကားဖြင့် ဆိုရသော် သူတို့သည် ပထမပွဲတိုင်းကို နိုင်ထားသည်။ 


ဒုတိယနေရမှ ပူးတွဲအသင်းများကမူ ၉မှတ်နှင့် ဖြစ်သည်။ ဥပမာအားဖြင့် 3U  ဖြစ်သည်။


သူတို့ကော၏ အသင်း scoreကို မြင်ပြီးနောက် ချန်းဖုန်းက သံမဏိကိုပင် ထုရိုက်ချင်စိတ် မရှိတော့ချေ။


“ 3Uကို ကြည့်စမ်း။ သူတို့က မင်းတို့လိုမျိုး ဘာလို့ ကိုယ်ကိုယ်ကို ပြန်မရိုက်တာလဲ”


Asleep နှင့် ခုန်းယီသည် Doubleပွဲတွင် နိုင်သွားပြီး ခြောက်မှတ်ရသည်။ သူတို့၏ mid laneနှင့် Top laneက ခြောက်မှတ်စီ ရထားသည်။ Button laneကမူ တစ်ယောက်တည်း ဝင်တိုးပြီး ရှုံးသွားသည်။ သူတို့က ရှုံးသွား၏။


FTW တွင် ထူးခြားသော သုည ဆိုသည့် အမှတ်နှင့် နံပါတ်ရှစ်နေရာတွင် ရှိနေသည်။ အပေါင်းအမှတ်များ ရထားသော အသင်းများက အပေါ်တွင်ဖြစ်ပြီး အနုတ်မှတ် ရထားသော အသင်းများက အောက်ဘက်တွင် ဖြစ်သောကြောင့် သူတို့သည် အလယ်တွင် ဖြစ်သည်။ FTWကသာ မည်သူ့ကိုမှ ဘက်မလိုက် မည်သူ့ကိုမှ စိတ်မဝင်စားဘဲ လုံးဝိုင်းနေသော သုညကြီးနှင့် လူအုပ်၏ အလယ်နေရာတွင် ထင်းကာ ရပ်တည်နေ၏ ။


ပြိုင်ပွဲကော်မတီသည် အလွန်ဉာဏ်များသည်။ သူတို့သည် အသင်းတစ်ခုချင်းစီတိုင်း၏ လေ့ကျင့်ရေးခန်းများတွင် သောက်ကျိုးနည်း score boardကို ထည့်ထားသည်။ ဒီနည်းအားဖြင့် မော့ကြည့်လိုက်ရုံနှင့် အမှတ်များကို မြင်နေရသည်။


အခြားသော ၁၈သင်းသည်လည်း အံ့ဩနေလောက်သည်။


FTWက ဘာဖြစ်တာလဲ။ ဘာလို့ ဘာပွဲမှ ဝင်မပြိုင်သေးတာလဲ။


ထို့နောက် သူတို့သည် မှတ်တမ်းများကို ကြည့်မည်ဆိုပါက “ အိုး အံ့ဩစရာပဲ”


သူတို့က အချင်းချင်းစားတဲ့ ဝံပုလွေအဖွဲ့ကို။


ချန်းဖုန်းသည် ဒေါသ ထွက်ကောင်း ထွက်လောက်သည်။ သို့သော် သူသည်လည်း အချိန်ဖြုန်းရန် တွန့်ဆုတ်နေမိသည်။ ထိုအကောင်ငယ်လေးများကို အနည်းငယ် ရိုက်နှက်ပြီးနောက် ဗျူဟာကို စချသည်။


Free mADChingသည် ကျပန်းဖြစ်ဟန် ပေါ်သည်။ သို့သော် ကောင်းကောင်းစဉ်းစားတွေးတော၍ ရသည်။


ဥပမာ အနေဖြင့် အမှတ်ပေးသော စနစ်တွင် အနိုင်ရလျှင် သုံးမှတ်ရပြီး ရှုံးလျှင် သုံးမှတ်နုတ်သည်။ ကစားသမား ငါးယောက်ကသာ တူညီသော အဆင့်မျိုးတွင် မဟုတ်နိုင်သလို၊ အခြားသူများ ရှုံးနေချိန်တွင် အမှတ်ရသော သူများကလည်း ရှိနိုင်နေသေးသည်။ 


ထို့ကြောင့် အမှတ်ပိုရရန် အလို့ငှာ ကစားသမားများကို မည်သို့ တွဲပေးသင့်ကြောင်း စဉ်းစားဆင်ခြင်ရပေမည်။ 


Free mADChing များသည် သူတို့ဘာသာ နှစ်ယောက်တွဲ သို့မဟုတ် တစ်ယောက်ချင်းစီ ကစား၍ ရနိုင်လေသည်။


လေ့ကျင့်ရင်းနှင့်် အမှတ်အများကြီး ရရန်အလို့ငှာ ပိုင်ချိုင်က တစ်ယောက်ဝင်တိုးသည်။ 


ဆိုလိုသည်မှာ ထိုအထောက်အပံ့သည် ကိုယ့်ကိုယ်ကို မှီခိုရပေလိမ့်မည်။ 


ထို့အပြင် ပိုင်ချိုင်၏ သဘောသဘာဝသည် ရုတ်ရင်းကြမ်းတမ်းစွာ တိုက်ခိုက်တတ်ခြင်းမျိုး မဟုတ်ချေ။ ထို့ကြောင့် သူသည် သွားသတ်ခဲပေလိမ့်မည်။ solo ဝင်သော အရွက်လေးက ဖြတ်လျှောက်ကပင် ကျိန်ဆဲခြင်းကို ခံရပေလိမ့်မည်။ 

48 02

ထိုအချက်အပြင် တစ်ခြားတစ်ဖက်ခြမ်းကို ကိုယ်ပိုင်အမှတ်များ အလကား  သွားပေးခိုင်းခြင်းထက် တစ်ယောက်ယောက်နှင့်ပေါင်းပြီး double ပေးခိုင်းသင့်သည်။


ဒါဆိုရင် ဘယ်လို double date ပေါင်းပေးရမှာလဲ။


ချန်းဖုန်းက အချိန်အတန်ကြာ ဆုံးဖြတ်ပြီးနောက် ပြောလိုက်သည်။


“အလှည့်ကျသွား ဒါပဲ”


ဝေ့ရှောင်းက ရူးကြောင်ကြောင် ရယ်သည်။


“ချိုင်ကော မင်း ပျော်လား။ လူတိုင်းက မင်းကို အလှည့်ကျ သယ်သွားပေးတော့မှာ”


ပိုင်ချိုင် “_ _ _ ပါးစပ် ပိတ်စမ်း”


ချန်းဖုန်းက ထိုအရူးလေးဝေ့၏ ဆံပင်ကို ဖြတ်ရိုက်ရင်း ပြောသည်။


“ကောင်းကောင်းနေ”


ဝေ့ရှောင်းက ခပ်မတ်မတ် ထိုင်သည်။


“ဟုတ်ကဲ့ ဆရာ”


ချန်းဖုန်းကလည်း ယုံကြည်သွားမိသည်။


ဝေ့ရှောင်းက ပြဿနာအရှာဆုံးပဲ။ နောက်ပြီး အကောင်းဆုံး ချော့လို့ ကောင်းတဲ့ကောင်ပဲ”


“ငါတို့က အသင်းလေ။ ဒီတော့ အကြိမ်အနည်းငယ် ခြားပြီး ဝင်တိုးရမယ်”


ထိုသို့ဖြင့် သူသည် အရူးလေး လေးကောင်ကို ကြည့်လိုက်ပြန်သည်။


ထိုအရူးများက ခေါင်းကိုငုံံ့ပြီး ခရုဖြစ်ချင်ဟန် ဆောင်နေသည်။


ချန်းဖုန်းက ဆက်ပြောသည်။


“ငါတို့ကသာ ဝင်တိုးတဲ့အကြိမ် ခြားထားပေးမယ်ဆိုရင် တစ်ချိန်တည်းမှာ mADCh ဖြစ်ဖို့ အခွင့်အရေးကတောင် နည်းတယ်။ ဒီတော့ နေ့တိုင်းအလှည့်ကျ တွက်ချက်ထားရတယ်။ ဥပမာအနေနဲ့ ဝေ့ရှောင်းနဲ့ ပိုင်ချိုင်ဆိုရင် သူတို့က ငါးနာရီဆက်တိုက် အတူဝင်တိုးတာ” 


ဝေ့ရှောင်းက လက်မြှောက်သည်။ ချန်းဖုန်းကလည်း သူပြောသည့် စကားကို သိသည်။ 


“မစိုးရိမ်နဲ့ ငါတို့ မဲနှိုက်မှာ။ နိုင်တဲ့သူက double ရမယ်”


ချန်းဖုန်းက အရာအားလုံးကို ရှင်းပြပြီးသောအခါ မေးလိုက်သည်။ 


“ဒီထက် နားမလည်တာ ရှိလား”


နှစ်‌ယောက်လုံးက ခေါင်းကို ပြိုင်တူခါသည်။ ချန်းဖုန်းက ဆဲလ်ဖုန်းကို ထုတ်လိုက်သည်။


“မင်း ချန်ကောအတွက် မဲနှိုက်မယ်”


ဝေ့ရှောင်းက ရှေ့ခုံနားတွင် ထိုင်နေသည်။


ချန်းဖုန်းက ဆဲလ်ဖုန်း အရင်ပေးလိုက်သည်။


ဖုန်း၏ အင်တာဖေ့တွင် ရိုးရှင်းသော မဲနှိုက်သည့် ‌APP လေးက ပေါ်နေသည်။ ချန်းဖုန်းက setting ကို  ချိန်ပြီးသား ဖြစ်သည်။ လေးမဲထဲက တစ်မဲက ချန်ကော၏ နာမည်ပါသည်။


ဝေ့ရှောင်းက လက်ကို ပွတ်ပြီးနောက် ခပ်တိုးတိုး ရေရွတ်သည်။


“ငါ မဖြစ်ပါစေနဲ့။ ကျေးဇူးပြုပြီး ငါ မဖြစ်ပါစေနဲ့”


သူ ခေါင်းဆောင်နဲ့ နှစ်ယောက်အတူ ဝင်တိုးချင်တယ်။ သူ ဒီအလေးချိန် စီးနေတဲ့ အသေကောင်ကြီးနဲ့ ဝင်မတိုးချင်ပါဘူး။


ပိုင်ချိုင်ကလည်း သူ၏စကားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်သည်။


“ငါလည်း သောက်ကျိုးနည်း မင်းနဲ့အတူ ဝင်မတိုးချင်ပါဘူး ဟုတ်ပြီလား”


ဝေ့ရှောင်းက ပိုင်ချိုင်ကို ကြည့်သည်။


ငါ မင်းရဲ့ ရွှေစကားတွေကို လက်ခံလိုက်မယ်”


သူသည် မဲနှိုက်သော ခလုပ်လေးကို နှိပ်လိုက်ပြီး စာမျက်နှာက စတင်ကာ လည်ပတ်သည်။ ထို့နောက် _ _ _


ဖန်သားပြင်တွင် ပိုင်ချိုင်ဆိုသော စကားလုံးက ပြူးနေအောင် ပေါ်လာသည်။ 


ဝေ့ရှောင်း “ ဖာခ့်” 


ပိုင်ချိုင် “_ _ _”


ဝေ့ရှောင်း “လောင်ပိုင် မင်းမှာ ကျီးကန်းပါးစပ် ရှိတာပဲ”


ပိုင်ချိုင်က ချန်းဖုန်းကို ငိုကြည့်သည်။


“ခေါင်းဆောင် သူ ဘယ်လိုပြုမူနေလဲ ကြည့်ပါဦး။ သူ ငါ နဲ့ သေသေချာချာ ကစားမှာ မဟုတ်ဘူး”


ချန်းဖုန်းက မျက်နှာသေနှင့် ပြောသည်။


“မင်းတို့ နှစ်ကောင်သာ အမှတ်တွေ အနုတ်ခံရပြီး negative နဲ့ အဆုံးသတ်မယ်ဆိုရင်တော့ ငါ မင်းတို့လစာကို ဖြတ်မယ်”


ပိုင်ချိုင်က အံ့ဩသွားသည်။


“ဘယ်လောက် ဖြတ်မှာလဲ”


 ချန်းဖုန်း “ တစ်မှတ်ကို ငါးထောင်”


ဒီတော့ သူတို့ လုံးဝကို အနုတ်လက္ခဏာ ရလို့မဖြစ်ဘူးပဲ။ သူတို့ ရှုံးတိုင်း သုံးမှတ်ရှုံးမှာပဲ။ ဒါဆိုရင် တစ်သောင်းခွဲပေါ့။ 


ပိုက်ဆံများကို သူ၏ဘဝကဲ့သို့ တန်ဖိုးထားသော ချိုင်ကောကမူ ရူးသွားလောက်သည်။


ဝေ့ရှောင်းက ဂရုမစိုက်ပေ။ ပိုက်ဆံနှင့် ပတ်သက်လာသောအခါ _ _ _


ချန်းဖုန်းက သူ၏အတွေးကို နားမလည်ဘဲ မနေပေ။ နည်းပြချန်းသည် ကျောင်းသားများ၏ အခြေအနေအရ သင်ကြားသော နည်းလမ်းများကို ပိုင်ဆိုင်ထားသော သူတစ်ယောက် ဖြစ်သည်။ ဝေ့ရှောင်းကို ကြည့်ကာ ပြောလိုက်သည်။

48 03

“မင်းကိုတော့ ပိုက်ဆံ မနုတ်ဘူး”


ဝေ့ရှောင်း “?”


ချန်းဖုန်း “မင်း ဒီနေ့ အမှတ်တွေ ရှုံးရင် အသင်းကို ပြန်ပြီး ၁၅ရက်လောက် ကြာတဲ့အထိ ခေါင်းဆောင်နဲ့ soloဖို့ မစဉ်းစားနဲ့”


ဝေ့ရှောင်း “…”


“ပိုင်ချိုင်” ဝေ့ရှောင်းက စိုးရိမ်တကြီး ဖြစ်သွားသည်။


“ငါတို့ ကစားတဲ့အခါ လေးလေးနက်နက် ကစားစမ်းပါ။ ငါ့ကို မဆွဲချနဲ့။ ဒီလောင်ဇီက မင်းနဲ့အတူ တိုက်ခိုက်မယ်”


ပိုင်ချိုင်သည် ပို၍ပင် စိုးရိမ်နေသေးသည်။ 


“မင်းက ငါ့ကို အမှတ်တစ်သောင်းခွဲ အနုတ်ခံရအောင် လုပ်ရင် ငါ သောက်ကျိုးနည်း ငါ မင်းကိုပါ ဆွဲချမှာ”


နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့ “_ _ _”


သူတို့ ဘာမှမပြောတော့ဘူးနော်။ သူတို့ ဒီအတိုင်း သိုသိုသိပ်သိပ်လေး နေပြီး အမှတ်တွေရ‌အောင် အာရုံစိုက်‌တော့မယ်။


ဆိုတော့ ဒီနေ့ line up ကို ဆုံးဖြတ်ပြီးသား ဖြစ်သွားပြီ။ 


ဝေ့ရှောင်းနှင့် ပိုင်ချိုင်သည် နှစ်ယောက်အတူ ဝင်တိုးသည်။ နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့က အတူဝင်တိုးပြီး လုဖုန်းက တစ်ယောက်တည်း သွားသည်။


သူတို့၏ စီမံခန့်ခွဲမှုသည် အလွန်‌ကောင်းသည်။ 


ဝေ့ရှောင်းက ပိုင်ချိုင်ကို သယ်နိုင်သည်။ နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့တို့ကလည်း သူတို့ကသာ သားရဲအိုကြီးများနှင့် မဆုံလျှင် အမှတ်ရနိုင်သည်။  လုဖုန်းအတွက်ကမူ_ _ အား… အခြားအသင်းတွေကိုပဲ သူတို့ရဲ့ကံကြမ္မာအတွက် ဆုတောင်း ခိုင်းလိုက်ရအောင်။


တစ်နေ့လျှင် ငါးနာရီ အချိန်ရသည်။ သူတို့သည် တစ်ချိန်လုံး ကစားမည်ဆိုလျှင်ပင် ၇ပွဲ၊ ၈ပွဲသာ ပြီးနိုင်မည်။ 


ကံကောင်းမှုကလည်း လိုအပ်သေး၏။ သူတို့ကသာ individual mADChပွဲများထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် ၂မိနစ်၊ ၃မိနစ်ခန့်နှင့် အဆုံးသတ်သွားနိုင်သည်။ သို့သော် ကျပန်းဂိမ်း သို့မဟုတ် အသင်းဂိမ်းဆိုလျှင်မူ ပိုကြာနိုင်သည်။ ပုံမှန်အားဖြင့် အသင်းဂိမ်းတစ်ပွဲက မိနစ်လေးဆယ်ခန့် ကြာသည်။


သို့ရာတွင် single mADCh ပွဲတွင် အရင်းအနှီးက ပို၍ပင် မြင့်သေးသည်။ 


အသင်းတစ်သင်းချင်းစီတိုင်းမှာ single ဝင်တိုးရဲသည့် သူများကလည်း သေချာပေါက် အားနည်းလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့၏ အနိုင်ရနိုင်ချေကို ဆုံးဖြတ်ရန် ခက်ခဲသည်။


ထို့ကြောင့် FTWဘက်တွင် သူတို့က တစ်ချိန်လုံး ကစားမည်ဆိုလျှင်ပင် ၆ပွဲ၊ ၇ပွဲသာ ရနိုင်သည်။ အမှတ်ပိုရရန် အလို့ငှာ ဝေ့ရှောင်းနှင့် ပိုင်ချိုင်တို့က ချက်ချင်းလိုလို mADChing ဝင်လိုက်ကြသည်။


ထို့ကြောင့် ဒီတစ်ကြိမ်တွင် ပွဲထဲသို့ အလွန်လျင်မြန်စွာ ဝင်ရောက်သွားပြီး ငါးယောက်အသင်းထဲသို့ ရောက်သွားသည်။


ဝေ့ရှောင်း “လောင်ပိုင် ငါ Top Laneကို သွားမယ်။ တည်တည်ငြိမ်ငြိမ် ကစားနေ”


ပိုင်ချိုင်၏ ဦးနှောက်က နာလာသည်။


“မင်း သောက်ကျိုးနည်း ငါ့ကို ပစ်ထားခဲ့ပြန်ပြီ”


ဝေ့ရှောင်းက Top laneတွင် ကောင်းကောင်း မကစားနိုင်သောကြောင့် မဟုတ်ချေ။ သို့သော် Top Laneနေရာကမူ Teamဂိမ်း၏ အထောက်အပံ့နေရာနှင့် ပတ်သက်မှု အနည်းငယ် ဖြစ်နေသောကြောင့် ဖြစ်သည်။


တစ်ယောက်က သူတို့၏ အချိန်အများစုကို Top Laneတွင် နေနေရသလို အခြားတစ်ယောက်ကမူ ADCကို ကာကွယ်ရန် အာရုံစိုက်ထားရမည် ဖြစ်သည်။ 


ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် အဝေးဆုံး နေရာချထားပေးခံရသူများကို ပြပါဆိုလျှင် Top Laneနှင့် Button laneဖြစ်လောက်သည်။ လက်ရှိအင်တာဖေ့သို့ ဝင်ရောက်ပြီးကာစ လုဖုန်းသည် ထိုစကားများကို ကြားသောအခါ ဝေ့ရှောင်းကို တစ်ချက်ကြည့်လိုက်သည်။ ယခုတစ်လော ဝေ့ရှောင်းသည် နတ်စစ်သည်တော်ကို အထူးတလည် အာရုံစိုက်နေသည်။ ဂိမ်းထဲသို့ ဝင်ရောက်ပြီးပြီးချင်း ထိုဟီးရိုးကိုသာ ကောက်လေ့ရှိသည်။ 


ပိုင်ချိုင်ကလည်း ဘာမှမတတ်နိုင်ချေ။ ထို့ကြောင့် သူသည် ကံကြမ္မာကိုသာ လွှဲထားလိုက်ရသည်။ 


 “ငါ့ရဲ့  ADC ကသာ healing လုပ်ဖို့ မတန်ဘူးဆိုရင် ငါ မင်းနောက်ကို လိုက်မယ်”


အထောက်အပံ့က Top laneနောက်သို့ လိုက်ခြင်းက ဗျူဟာများထဲတွင် အဆိုးဆုံး ဖြစ်လောက်သည်။ 


ထိုဂိမ်းပွဲတွင် သူတို့နှင့် mADCh ဖြစ်သော ကစားသမားများကလည်း သူတို့သိသော သူများ မဟုတ်ချေ။ ကြည့်ရသည်မှာ တောင်ကိုရီးယားဘက်မှ လူများ သို့မဟုတ် ဘရာဇီးနှင့် အခြားသော လက်တင်အမေရိကားဘက်တို့က ဖြစ်လောက်သည်။ 


သူတို့နှင့် ရင်းနှီးနှီး မနှီးနှီး၊ သူတို့ကို ဖိနှိပ်ခြင်း ရှိရှိမရှိရှိ တတ်နိုင်သမျှ ကြိုးစားရပေမည်။


ဂိမ်းထဲသို့ ဝင်‌ရောက်ပြီး ငါးမိနစ်ခန့် ကြာပြီးနောက် ဝေ့ရှောင်းက အခြားတစ်ဖက်ခြမ်းမှ Top laneကို တစ်ယောက်တည်းအားနှင့် သတ်လိုက်သည်။ ချိုင်ကောက ငိုညည်းကာ အော်ဟစ်သည်။ 


“သေစမ်း။ ဒီသောက်ကျိုးနည်း အသုံးမကျတဲ့ Marksman လောင်ဇီရဲ့ ထိန်းချုပ်စွမ်းရည်က ပြီးပြည့်စုံတယ်။ ဒါတောင်မှ သူက အခြားတစ်ဖက်ခြမ်းကို ချော်ထွက်သွားအောင် လုပ်လိုက်သေးတယ်”


ချိုင်ကော၏ စိုးရိမ်ပူပန်မှုများက အကျိုးအကြောင်း သင့်လျော်သည်။ ထိုADCသည် ငေးငိုင်ပြီး ကစားနေခြင်း ဖြစ်လောက်၏။ သူသည် စစ်သည်တော်များကိုပင် လွတ်သွားရအောင် ဆိုးရွားလွန်းနေခဲ့သည်။ ရှေ့တွင်သို့ လာပေးနေခဲ့သော Killက ပါးစပ်နားသို့ ရောက်သည့်တိုင်အောင် သူသည် ကောင်းကောင်း မကိုက်စားခဲ့ချေ။

48 04

ကျေးဇူးတင်စရာ ကောင်းသည်မှာ တစ်ဖက်ခြမ်းမှ ADCကလည်း အလွန်ဆိုးသည်။ သို့သော် ပိုင်ချိုင်၏ နေရာချထားမှုက ထင်သလောက် မကောင်းနေသည့်တိုင်အောင် တစ်ဖက်ခြမ်းမှ ADCကလည်း အခွင့်အရေး မယူနိုင်ခဲ့ချေ။ လောင်ရွဲ့သာဆိုလျှင် သူတို့သည် ကောင်းကင်ဘုံသို့ ရောက်နေပြီးလောက်လေပြီ။ 


ဝေ့ရှောင်းနှင့် ပိုင်ချိုင်တို့က အတူကစားနေသည်မှာ ရှင်းလင်းသည်။ သို့သော် သူတို့သည် ခြားနားသော ဂိမ်းကို ကစားနေရသလို ဖြစ်နေသည်။


Top laneတွင် ဝေ့ရှောင်းက ပြိုင်ဘက်ကို အဆုံးအစမဲ့အောင် လိုက်ဖမ်းနေပြီး အခြားတစ်ဖက်ခြမ်းက သူတို့၏ ပထမမျှော်စင်ကို ဆုံးရှုံးသွားသည်။ သူတို့၏ ဒုတိယမျှော်စင်ကလည်း ထပ်မံဆုံးရှုံးပြီး ပြိုလဲကျသွားသည်။


Button laneတွင်မူ မကျွမ်းကျင်သော ကစားသမားအချင်းချင်း ကစားနေသလို ဖြစ်နေသည်။ ပိုင်ချိုင်က စိုးရိမ်စိတ် များလွန်းသဖြင့် Marksman၏ မြှားများကိုပင် ခိုးပြီး အခြမ်းတစ်ဖက်ခြမ်းသို့ ပစ်ချင်သွားသည်။ 


ကံကောင်းသည်မှာ သူတို့က Top laneတွင် ရထားသော အားသာချက်က အလွန်ကြီးမားလွန်းနေခဲ့သည်။ သူတို့၏ အသင်းဖော်များကလည်း သာမာန်ကစားသမားများ ဖြစ်နေသောကြောင့် ဖြစ်လောက်သည်။ နေ့တစ်နေ့တာ၏ အဆုံးသတ်တွင်မူ သူတို့သည် ပ‌ရောက်ဖက်ရှင်နယ်များ ဖြစ်နေသည့်အလျောက် အခွင့်အရေးကို အရယူလိုက်နိုင်သည်။ 


သူတို့၏ ပြိုင်ဘက်များထက် ရွှေ၈၀၀၀ အားသာချက်နှင့်အတူ အသင်းလိုက် တိုက်ပွဲတွင် အဓိက အနိုင်ကြီးကို ရရှိလိုက်ရင်း ပြိုင်ဘက်၏ ရှင်သန်ရေး သတင်းတုံး တောက်လျောက် တိုးသွားရင်း တိုက်ပွဲကို အနိုင်ရအောင် ယူလိုက်သည်။ 


ဝေ့ရှောင်းက လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော ပုံစံမျိုးနှင့်  ဂိမ်းထဲမှ ထွက်လာသည်။ လုဖုန်းဘက်တွင်မူ သူသည် တစ်ပွဲပြီးကာစ ဖြစ်သည်။ score board တွင်မူ FTW၏ အမှတ်များက နောက်ဆုံးတွင် ရွေ့သွားသည်။ ဝေ့ရှောင်း၊ ပိုင်ချိုင် ၆မှတ်


လုဖုန်း ၆မှတ်


ဝေ့ရှောင်းက မျက်တောင်ခတ်သည်။


“ငါတို့အတွက် တစ်ပွဲတည်း ပြီးသေးတာပါ။ ခေါင်းဆောင်က နှစ်ပွဲ ပြီးသွားပြီလား”


လုဖုန်း “soloလေ”


သူသည် soloနှစ်ပွဲ နိုင်ထားသည်။


ဝေ့ရှောင်း၏ တစ်ကိုယ်လုံးက ချဉ်စုပ်သွားပြန်သည်။ ချဉ်စုပ်သော အရသာနှင့် သဝန်တိုစိတ်များက ပြင်းထန်လာ၏။ လုဖုန်းနှင့် soloနိုင်သူများကို သဝန်တိုသလို လုဖုန်းနှင့် singleပွဲ ကစားနိုင်သူများကို မနာလိုဖြစ်သည်။ 


အား သူ အားပိုင်ကို ဆွဲမိတာ ဘယ်လောက်တောင် ကံဆိုးလိုက်တဲ့ လက်လဲ။ 


“နောက်တစ်ပွဲ”


ဝေ့ရှောင်းက အချိန်ဖြုန်းမနေ‌ပေ။


ပိုင်ချိုင်ကလည်း ဝင်တိုးရန် ခလုပ်နှိပ်သည်။ 


လုဖုန်းက ဂိမ်းထဲသို့ ဝင်ရောက်ရန် စောင့်နေချိန်တွင် နားကြပ်ကို ဖြုတ်ရင်း သူ့ကို လှမ်းပြောသည်။


“မင်း နတ်စည်သည်တော်ကို ကစားချင်တုန်းပဲလား”


ဝေ့ရှောင်းက ‌ခေါင်းညိတ်သည်။


“ငါ ဒါကို ကောင်းကောင်းလေ့ကျင့်ဖို့  လိုအပ်တယ်လေ”


သူတို့ကသာ နတ်စစ်သည်တော်ကို ကောင်းကောင်း မကစားနိုင်ဘူးဆိုရင် Top Lanerကို ဘယ်လိုလုပ် Top Lanerလို့ သတ်မှတ်မှာလဲ။


လုဖုန်းက တခဏခန့် တိတ်ဆိတ်သွားသည်။ 


“ဘာလို့ Junglerနေရာကို မကစားကြည့်တာလဲ”


ဝေ့ရှောင်းက အံ့ဩသွားသည်။ 


“ငါက Top Lanerလေ။ ဘယ်လိုလုပ် တစ်ချိန်လုံး Jungler ကစားနေရမှာလဲ”


လုဖုန်းနှင့် ချန်းဖုန်းတို့က မိနစ်လေးဆယ်တောက်လျောက် ရောက်လာခဲ့သော အကြောင်းပြချက်ကမူ လေ့ကျင့်ရေး အစီအစဉ်နှင့် ပတ်သက်ပြီး အစည်းအဝေး ပွဲတိုလေးကို ဝင်ထိုင်ခဲ့သောကြောင့် ဖြစ်သည်။ 


ဝေ့ရှောင်း၏ နေရာနှင့် ပတ်သက်ပြီး


သူတို့သည် ဝေ့ရှောင်းကို Junglerနေရာကို ကစားခိုင်းရန် သေချာပေါက် လိုအပ်သည်။ သို့သော် ထိုသတင်းအချက်အလက်မျိုးကို မည်သည့်အချိန်တွင် အများကြီး လုပ်သင့်ကြောင်း မဆုံးဖြတ်ရသေးချေ။ အဓိက အကြောင်းပြချက်ကမူ Close၏ နေရာရွှေ့ပြောင်းသော ကိစ္စက သာမာန်သေးငယ်သော ကိစ္စမဟုတ်ချေ။ ထိုအကြောင်းကို ကြေငြာလိုက်ရုံနှင့် FTW မှ စီမံလည်ပတ်မှုတိုင်းနှင့် ပတ်သက်သော လူတိုင်း၊ PRဌာနမှ လူတိုင်းက ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ သို့မဟုတ်လျှင် အဆုံးအစမဲ့သော အတွင်းပိုင်း တိုက်ခိုက်မှုများနှင့် ပြဿနာများက ရှိလာလောက်သည်။ 

48 05

Closeက Top laneကို ပြောင်းသွားသော ကိစ္စက ဖန်များကို လက်မခံနိုင်သော ကိစ္စဖြစ်လောက်သည်။ လက်ရှိ FTW၏ Starterများကလည်း ခပ်မြန်မြန် ကျင့်သားမရလောက်ချေ။


လေးနှစ်လုံးလုံး ထိုအသင်းသည် Close၏ အမြုတေအဖြစ် သတ်မှတ်ခဲ့ကြသည်။ နှစ်တွေဟာ ကြာလွန်ခဲ့လေပြီ။


လူတိုင်းကလည်း သူတို့၏ နှလုံးသားတွင် လက်ခံထားပြီးသား ကိစ္စများကိုမူ မပြောင်းလဲနိုင်လောက်ချေ။ 


Closeသည် Junglerဆိုသော အချက်ကမူ မပြောင်းလဲနိုင်လောက်ချေ။ 


ပြောင်းလဲသွားခဲ့မည်ဆိုလျှင် သူတို့ကို အရိုးအသဲထဲ ရောက်သည်အထိ လှုပ်ခါနိုင်လောက်သည်။


သို့သော် ဆက်တိုက်တရွတ်ဆွဲနေသော ကိစ္စကလည်း ဖြေရှင်းချက် မဟုတ်သေးချေ။ လေ့ကျင့်ရေးစခန်းသည် ကောင်းမွန်သော အချိန်ဖြစ်သည်။ သူတို့ကသာ ဒီလိုအခြေအနေမျိုးတွင် ပြီးပြည့်စုံစွာ ပြောင်းလဲလိုက်ပြီး အိမ်ပြန်ရောက်သွားရုံနှင့် နေရှင်နယ် Championshipအတောအတွင်း line upကို ခပ်မြန်မြန် ပြေးလွှားနိုင်သေးသည်။ 


ပုံမှန် seasonသည် လအနည်းငယ် ကြာနိုင်သည်။ ထို့ကြောင့် ထိုကာလအတောအတွင်း FTWအသစ်ကို ဖန်တီးနိုင်သည်။


Play off နေရှယ်နယ် ဖိုင်နယ်နှင့် Globalဂိမ်းပွဲများအားလုံးတွင် မျှော်လင့်ချက်များ ရှိလာပေလိမ့်မည်။


လုဖုန်းက ခပ်စောစော ထုတ်ပြောရန် အကြံပြုထားသည်။ စောလေလေ ပိုကောင်းလေလေ ဖြစ်သည်။ 


နင်ကျယ်ဟန်ကလည်း သူတို့နှင့် မရင်းနှီးသေးချေ။


သို့ရာတွင် ချန်းဖုန်းကမူ ဖြည်းဖြည်းချင်းသာ လုပ်သင့်ကြောင်း အကြံပေးသည်။ 


အချိန်အတန်ကြာအောင် ဆွေးနွေးပြီးနောက် ချန်းဖုန်းက လုဖုန်းကို ကိစ္စတစ်ရပ်နှင့် ဖြောင်းဖြလိုက်သည်။ 


မင်း အရင်ဆုံး ဝေ့ရှောင်းကို အချိန်ပေးရမယ်။ 


ဒီကောင်လေးက ကောင်းကင်နဲ့ မြေပြင်ကို မကြောက်ဘူး။ ဒါပေမဲ့ သူက ဘယ်တော့မှ အစစ်အမှန် ဂိမ်းပွဲကို ကစားဖူးသေးတာ မဟုတ်ဘူး။ သူ့ကိုသာ အသင်းကို ဝင်ပြီး ကြီးမားတဲ့ တိုင်လုံးကြီးကို ထောက်ခိုင်းလိုက်မယ်ဆိုရင် ရုတ်တရက် သူ့ကို ခြေမွမိသွားရင် ဘယ်လိုလုပ်မလဲ။


လုဖုန်းကလည်း ဝေ့ရှောင်းသည် ပြိုလဲကျမည် မဟုတ်မှန်း သိသည်။ သို့သော် _ _ _


သူ့ကို ကျင့်သားရသွားအောင် အချိန်နည်းနည်းပေးတာကလည်း ဆိုးတော့မဆိုးပါဘူး။


သူတို့က ဆုံးဖြတ်ပြီးသော်လည်း လုဖုန်းကမူ ဝေ့‌ရှောင်းအား Junglerနေရာကိုသာ ကစားစေလိုသေးသည်။  ထို့ကြောင့် ယခုလို ပြောလာခြင်း ဖြစ်သည်။


ပိုင်ချိုင်ကမူ အကြောင်းအရာကို မသိချေ။ သူ ဂရုစိုက်သည်မှာ “ရှောင်းကော ရှောင်းကော ငါ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး Jungler ကစားစမ်းပါ။ ဒီလိုဆိုရင် ငါတို့ ပိုလွယ်သွားလိမ့်မယ်”


ယခင်ပွဲသည် သူတို့အတွက် ခက်ခဲလွန်းလေသည်။ အစောပိုင်းအဆင့်တွင် Marksmanဟာ အားနည်းပြီးသား ဖြစ်သည်။ Junglerကလည်း လူအများကို ကူညီပြီး မgank ပေးချေ။ သူသည် ပြီးပြည့်စုံသော မြင်ကွင်းကို ထောက်ပံ့ပေးထားသည့်တိုင်အောင် ထိုအကောင်များသည် သူ၏ဟန်ချက်နောက် မလိုက်နိုင်ကြချေ။ 


ဒါဆိုရင် ချိုင်ကောက healerအနေနဲ့ ဘာလုပ်ရမှာလဲ။ သူက သူ့ရဲ့မှော်တုတ်တံကို ယမ်းပြီး လူတွေကို လိုက်သတ်ဖို့ ဆုတောင်းနေရမှာလား။ 


ဝေ့ရှောင်းသည်လည်း သူသည် ယခုအခါ Top laneတွင် ကောင်းမွန်စွာ ကိုင်တွယ်ရန် စဉ်းစားထားသောကြောင့် Top laneကိုသာ ချစ်သည်ဟု ပြောချင်သည်။ သို့သော် ထိုအချိန်တွင် လုဖုန်းက ထပ်ပြောသည်။


“မင်း မြန်မြန်နိုင်ရင် အမှတ်များများ ပိုရလိမ့်မယ်”


ဝေ့ရှောင်း “!”


ချန်းဖုန်းသည်လည်း တစ်စုံတစ်ယောက်ကို အမှန်တကယ်ပင် လေးစားမိသွားသည်။ သူသည် မဟာမိစ္ဆာဘုရင်ဆိုသော ဂုဏ်ပုဒ်နှင့် ထိုက်တန်သည်။ သူသည် ကလေးကို သေအောင် လှည့်စားသေးသည်။ 


နည်းပြချန်းက သူ့ကို boost  လုပ်ပေးသည်။


“မင်း မိနစ်လေးဆယ်တောင် ဖြုန်းပြီးသွားပြီ။ မင်း မြန်မြန်လေး အမှတ်ယူ‌တော့”


ဝေ့ရှောင်း၏ လက်က အနည်းငယ် ယားလာသည်။ သူက တက်တက်ကြွကြွ မေးသည်။


“ဒါဆိုရင် ငါ Jungler ကစားရမလား”

48 06

ပိုင်ချိုင်သည် ပထမဦးဆုံး pick ကဏ္ဍသို့ နေရာရသွားသော သူဖြစ်သည့်အလား သူ့ကို ကူညီပြီး ဟီးရိုးရွေးပေးသည်။ 


“အရိပ်သူခိုးက မဘန်းထားဘူး။ ငါ မင်းကို ယူပေးမယ်”


ဝေ့ရှောင်းက တွန့်ဆုတ်စွာ ပြောသည်။


“ကောင်းပြီလေ ကောင်းတာပေါ့။ အရင်ဆုံး အမှတ်တွေ ယူဖို့က အရေးကြီးပါတယ်”


နတ်စစ်သည်တော်သည် ကစားရကောင်းသည်။ သို့သော် အရိပ်သူခိုးကမူ ပို၍ပင် ဆွဲဆောင်မှု ရှိသေးသည်။ 


ပိုင်ချိုင်က‌ နောက်ဆုံးတွင် စိတ်အေးသွားသည်။


“လာ လာ လာ Button laneကို အမြန်လာစမ်းပါ”


ဝေ့ရှောင်း “မစိုးရိမ်ပါနဲ့”


Junglerနေရာနှင့် Top laneနေရာကို ကစားသော ခြားနားချက်သည် Top Lanerကမူ သူတို့၏ laneနှင့် ချည်နှောင်ထားသလို ဖြစ်နေလေပြီး Junglerကမူ လွပ်လပ်သော နေရာပိုင်ဆိုင်ထားသည့်‌အလျောက် တောထဲသို့ ဝင်ရောက်နိုင်သလို လမ်းကျဉ်းတိုင်းသို့ သွားလျက် အသင်းဖော်များကို ထောက်ပံ့ ကူညီပေးနိုင်သည်။ 


ပိုင်ချိုင်သည် သူတို့၏ Marksmanကို ကာကွယ်ပေးရန် လိုအပ်ပြီး အသင်းတစ်ခုလုံးအတွက် ပြီးပြည့်စုံသော မြင်နိုင်စွမ်းအားကို ထောက်ပံ့ပေးရန် လိုအပ်ထားသော်လည်း ဝေ့ရှောင်း၏ ဂိမ်း၏ ဟန်ချက်ကို ဖမ်းဆုပ်ထားပြီး လမ်းကြောင်းပေးသော အခြေအနေကို မှီခိုခြင်းအားဖြင့် သူသည် အခြားတစ်ဖက်ခြမ်းကို ပေါက်ကွဲသွားသည်အထိ gank လုပ်နိုင်သည်။


သူတို့က ဂိမ်းထဲသို့ ဝင်ရောက်သွားပြီး ပြိုင်ဘက်များကို တွေ့သောအခါ သူတို့၏ ကံဆိုးမှုအတွက်သာ အပြစ်တင်မိလောက်သည်။ 


အနီဘက်ခြမ်းမှ Junglerသည် FTWမှ Quiet ဖြစ်ပြီ အထောက်အပံ့သည် FTW ၏ white ဖြစ်သည်။ အပြာဘက်ခြမ်းမှ Junglerသည် 3U ၏ asleep  ဖြစ်ပြီး အထောက်အပံ့သည် 3U၏  ခုံးယီဖြစ်သည်။


ကြီးမြတ်သော FTWသည် သူတို့၏ ကိုယ်ပိုင်အသင်းဖော်များနှင့် ပြိုလဲကျစေသော ဂိမ်းပွဲများကို စတင်ပြီးနောက်ပိုင်းတွင်မူ တစ်ဖက်လှည့်ကာ သူတို့၏ ညီအစ်ကိုအသင်းနှင့် သွားတိုးသည်။ 


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ပရိတ်သတ်များအားလုံးသည် စိတ်လှုပ်ရှား သွားကြသည်။


“မြန်မြန်လေး မြန်မြန်လေး FTWရဲ့ နံပါတ်သုံး တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယိုကို ပြောင်းလွှင့်လိုက်”


“သောက်ကျိုးနည်း FTW နဲ့ 3Uလား”


“နေပါဦး ဘာလို့ Quiet က Jungler ကစားနေတာလဲ”


“မင်းက ဘာတွေ ဖိအားများနေတာလဲ။ free match ပွဲတွေမှာ ဘယ်သူနဲ့မဆို match up ဖြစ်နေဦးမှာပဲလေ။ ဒီတော့ အသင်းက Top Laner ရှိပြီးတာလည်း ဖြစ်လောက်တယ်”


“လောင်းရအောင် လောင်းရအောင်။ ငါကတော့ ငါ့ရဲ့ညအိပ်ဝတ်စုံ CPက နိုင်မယ်လို့ထင်တယ်”


“3Uကတော့ သေချာပေါက် နိုင်လောက်တယ်။ asleep ရဲ့ လူရမ်းကား သူခိုးနဲ့ ခုန်းယီရဲ့ အလင်းဘုန်းတော်ကြီးက အနိုင်ရနိုင်ချေ ၈၀ရာခိုင်နူန်းပဲလေ”


“FTW ရဲ့ Quietက အရမ်းသန်မာတာ။ ဒါပေမဲ့ သူက အသင်းထဲကို ဝင်ထားတာ သိပ်မကြာဘူးဆိုတော့ သူ့ရဲ့အသင်းဖော်တွေနဲ့ ကောင်းကောင်း မကစားနိုင်လောက်သေးဘူး။ သူ လုပ်နိုင်ပ့ါမလား”


ချိုင်ကော၏ ပရိတ်သတ်တစ်ယောက်က ဝင်ပြောသည်။


“ မင်းတို့တွေ မသိလောက်ဘူး”


“ငါ့ရဲ့နတ်ဘုရားပိုင် သူနဲ့အတူ ပူးပေါင်းခဲ့တဲ့ အကြိမ်အရေအတွက်က နတ်ဘုရားလဲ့ထက်တောင် များလောက်သေးတယ်”


“ဟုတ်တယ် ဟုတ်တယ် ငါတို့ရဲ့ ရှောင်းချိုင် cpက သမိုင်းရှည်တယ်”


“ပြောရမယ်ဆိုရင် မဟာဆရာသခင် ပရော်ဖက်ဆာနဲ့ ချိုင်နတ်ဘုရားတို့က သုံးနှစ်ဆက်တိုက် အတူကစားခဲ့ကြတာ”


“သောက်ကျိုးနည်း”


ကွန့်မန့်များက ပေါက်ကွဲသည်။


“ဒီJungler နှစ်ယောက်လုံးက တအားကြမ်းတာပဲ”

48 07

ဂိမ်းက စတင်ကာစသာ ရှိသေးသည်။ စစ်သည်တော် နှစ်သန်းကလည်း စဆုံကာစသာ ရှိသေးသည်။ သို့သော် ထိုအချိန်တွင် asleep နှင့် ဝေ့ရှောင်းတို့က မြေများအနှံ့ တိုက်ခိုက်ရင်း တောင်ကြားတစ်ခုလုံးကို ဖောက်ဖျက်လာခဲ့လေသည်။


ဝေ့ရှောင်းသည် ဆူးတစ်ချောင်းဟု ပြောရန် မလိုအပ်ချေ။ သို့သော် asleepကမူ မအိပ်နေသောအခါ ပို၍ပင် ကြောက်စရာ ကောင်းသေးသည်။ ထို့ကြောင့် ဆူးအချင်းချင်း ရင်ဆိုင်သလို ဖြစ်သွားသည်။


“စိတ်လှုပ်ရှားစရာပဲ”


ယွဲ့ဝမ်လဲ့၏ ဘေးနားတွင် ရပ်ကြည့်နေသည့် ချန်းဖုန်းကပင် ဝေ့ရှောင်း၏အနားသို့ ရောက်လာသည်။ 


သူသည် ကွင်းကိုတစ်ချက်သာ ကြည့်ပြီး မျက်ခုံးပင့်သွားသည်။ 


လုဖုန်း၏ မျက်လုံးများဟာ အမှန်တကယ် တိကျသည်။ ဝေ့ရှောင်းသည် ဒီနေရာအတွက် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ 


သူသည် တိုက်ခိုက်ရဲသည်။ ချီတက်ရဲသည်။ အချိန်ကိုက် ဖမ်းဆုပ်နိုင်သည်။ ခက်ခဲသော အပိုင်းကမူ သူ၏အရှိန်အဟုန်က ကျန်သော အသင်းဖော်များ၏ စိတ်ဆန္ဒကို လှုံ့ဆော်ပေးပြီး မြှောက်တက်လာ‌အောင် ဆွဲမြှောက်ပစ်နိုင်သည်။ 


အင်း…..


နည်းပြချန်း၏ နူတ်ခမ်းထောင့်စွန်းများကပင် တစ်ချက်တွန့်သွားသည်။


“အား….ဒါလည်း မကောင်းတဲ့ သက်ရောက်မှုပဲ”


ထိုအရူးလေးဝေ့သည် အသင်းဖော်များကို အမြင့်သို့ရောက်အောင် မြှောက်ပေးနိုင်ရုံသာ မကသေးလေပဲ ရန်သူကိုလည်း လှုံ့ဆော်နိုင်သည်။ 


“ဒါက ဘာလဲ”


Asleepသည် သူ၏ကြမ်းတမ်းမှုကြောင့် ကျော်ကြားသော်လည်း ထိုမျှထိ မကြမ်းတမ်း ဖူးသေး‌ချေ။ 


******